Unicode
အပိုင်း၄၄၁- ခင်ဗျားဆီကသင်ထားတာ
ယူရှောင်းမိုရဲ့ပြိုင်ဖက် ချင်ထိုက်က
စင်ပေါ်မှာရပ်နေလိုက်ပြီး သူတကယ်ပဲရှိမနေဘူး
ဆိုတာအတည်ပြုပြီးတဲ့နောက်
သူကအေးအေးဆေးဆေးလက်ပိုက်လိုက်ပြီး
စိတ်ပူပင်မှုတစိုးတစိမှမရှိဘဲ
ယူရှောင်းမိုကိုစောင့်နေတယ်။
သူ့ပြိုင်ဖက်ကဘာဖြစ်သွားလဲတော့မသိပေမယ့်
နတ်ဘုရားကသူ့ဘက်မှာရှိနေတာပဲလေ။
ယန်ဟွေ့နဲ့ကျန်တဲ့သူတွေက ယူရှောင်းမို
ဒီပြိုင်ပွဲကိုလက်လွှတ်ရဖို့များတယ်လို့
သိလိုက်ကြတယ်။ အခုချိန်ထိ သူ့ကိုဘယ်သူမှ
မတွေ့ရသေးဘူး။ သူ့အခန်းကနေသေချာပေါက်
ထွက်မလာခဲ့ဘူး။
ယူရှောင်းမိုက အချိန်အတော်ကြာသည်ထိအောင်
ဆင်းမလာသေးတာကိုတွေ့တော့
ဒိုင်လူကြီးက ပွဲကြည့်ခုံတွေဘက်ကို
သိမ်းကြုံးကြည့်လိုက်သည်။
"ယူရှောင်းဟာရှိလား?"
ချင်ထိုက်ကချက်ချင်းပဲပြုံးလိုက်တယ်။
"ဒိုင်လူကြီးခင်ဗျာ...... သူ့နာမည်ကို
ထပ်ခေါ် စရာမလိုတော့ပါဘူး၊
သူဒီမှာမရှိဘူးလေ....ခင်ဗျားကိုပြန်ဖြေမှာ
မဟုတ်ဘူး"
သူ့စကားတွေကိုကြားတော့ ယူရှောင်းမိုဘာလို့
မလာသေးတာလဲလို့တွေးနေတဲ့လူတစ်ချို့က
ပိုလို့တောင်စိတ်ရှုပ်သွားကြတော့သည်။
ယုတ္တိတန်တန်ပြောရရင် အရင်နှစ်ပွဲတုန်းက
သူ့ရဲ့စွမ်းဆောင်မှုနဲ့ရလဒ်နဲ့ဆိုရင်
ပေါ် မလာဖို့မဖြစ်နိုင်ဘူး။ သို့ပေမယ့်
သူကတကယ်ပဲပေါ် မလာဘဲ
ဒါက စိတ်ကူးကြည့်လို့တောင်မရပေ။
"ဟေး....ဟေး.... ယူရှောင်းဟာက
ကြောက်နေတာများလား?"
"ကြောက်တယ်? အဆင့်ကိုးမှော်ဆရာတစ်ယောက်က
အဆင့်ခုနစ်မှော်ဆရာကိုကြောက်တယ်ပေါ့?"
ထိုထိရောက်သည့်မေးခွန်းမေးခံလိုက်ရသည့်အခါ
ယူရှောင်းမိုကကြောက်နေတယ်လို့ပြောတဲ့
လူက ချက်ချင်းပင်ပါးစပ်ပိတ်သွားတော့၏။
ဒီလိုအကြောင်းမျိုးကို အာကျယ်အာကျယ်
ပြောတာကလူတွေအူတက်အောင်
ရယ်ကြမယ့် ဟာသတစ်ခုဖြစ်သွားစေမှာပဲ။
ဒိုင်လူကြီးက အကြိတ်အနယ်ဆွေးနွေးနေကြတဲ့
လူတွေကိုလျစ်လျူရှုလိုက်ကာ
ထပ်မေး၏ " ယူရှောင်းဟာရှိပါသလား?"
ချင်ထိုက်က ခေါင်းမော့ရင်ကော့လိုက်၏။
စက္ကန့်အနဲငယ်လောက်ကြာပြီးနောက်
ပြန်ကြားတာမရှိသေးတဲ့အခါ သူကပြောလိုက်သည်
"ဒိုင်လူကြီးခင်ဗျာ... သူလာလိမ့်မယ်လို့
ကျွန်တော်မထင်ဘူး။ ကျွန်တော့်ကို
ဒီပြိုင်ပွဲရဲ့အနိုင်ရသူအဖြစ်ကြေညာလိုက်ရင်ရော
ဘယ်လိုလဲ......."
"ဒီမှာပါ........."
အသံဖျော့ဖျော့တစ်သံက ဘယ်နေရာကမှန်းမသိ
ထွက်ပေါ်လာသည်။ ထိုအသံက
မကြားရနိုင်သလောက်ဖြစ်ပြီး
ဆူညံနေတဲ့လူအုပ်ကြီးကြောင့်ပိုတိုးသွားပေမယ်လို့
ဒိုင်လူကြီးကတော့ ကြားလိုက်တယ်။
ဒိုင်လူကြီးရဲ့အကြည့်က ချင်ထိုက်ဆီကို
အေးစက်စွာဖြတ်သွားပြီး
သူ့ရဲ့ မျှော်လင့်နေတဲ့အကြည့်အောက်မှာပဲ
ကြေညာလိုက်တယ် "ပြိုင်ပွဲစ"
ချင်ထိုက်က ကြောင်သွားပြီး
နားမလည်ဖြစ်သွားကာမျက်မှောင်ကြုံ့လိုက်သည်။
"ဒိုင်လူကြီးခင်ဗျ.... ကျွန်တော့်ပြိုင်ဖက်ကဖြင့်
ပေါ်တောင်မလာဘူး။ ကျွန်တော့်ကို
ဘယ်လိုစဖို့မျှော်လင့်တာလဲ...ကျွန်တော်တောင်...."
သူ့စကားဆုံးအောင်မပြောရသေးခင်မှာပဲ
သူနဲ့မျက်နှာချင်းဆိုင်ဝင်ပေါက်ကနေ
လူတစ်ယောက်ဝင်လာတာကိုတွေ့လိုက်ရတော့တယ်။
ထိုသူက အကာကွယ်စည်းပေါ်ကနေ
စွေ့ကနဲခုန်လိုက်ပြီး သူ့ဆီကိုအေးအေးဆေးဆေး
လျှောက်လာတယ်။ မကြာခင်မှာပဲ
သူကစင်မြင့်အစွန်းပေါ် သို့ခြေချလိုက်ကာ
အပြုံးသဲ့သဲ့နဲ့ သူ့ရှေ့မှာရပ်လိုက်တယ်။
သူကစိတ်မကောင်းဖြစ်နေပုံပေါ် နေပြီး
ခေါင်းကို တစ်ချက်သာသာလေးရိုက်လိုက်ကာ
"တောင်းပန်ပါတယ်ဗျာ..... ကိစ္စလေးတစ်ခု
ကြောင့်လာတာနောက်ကျသွားတယ်"
ဒိုင်လူကြီးကခေါင်းညိမ့်လိုက်ပြီး
စင်ပေါ်က ဆင်းသွားလိုက်တယ်။
ရုတ်တရက်ပေါ် လာတဲ့လူငယ်လေးကိုကြည့်ရင်း
ချင်ထိုက်ရဲ့ ခန္ဓာကိုယ်ကတောင့်သွားတယ်။
သူ့ကို နံပါတ်လေးတိုက်ပွဲစင်မြင့်ပေါ်မှာ
တစ်ခါပဲတွေ့ခဲ့ဖူးတယ်။ အဲ့တုန်းက
သူ့မှာလဲ ကိုယ်ပိုင်ပွဲတွေရှိခဲ့တာကြောင့်
သူသွားကြည့်တော့ တော်တော်လေးနောက်ကျ
နေပြီ။ သူပြိုင်ပွဲကွင်းပြင်ကိုရောက်သွားတော့
ယူရှောင်းမိုပြိုင်ပွဲက ပြီးသွားနှင့်နေပြီ၊
အာ့ကြောင့် ပွဲကြည့်ခုံတန်းတွေဆီတိတ်တိတ်
ဆိတ်ဆိတ်ပြန်သွားနေတဲ့ သူ့နောက်ကျောကိုပဲ
မြင်ခဲ့ရတယ်။ ယူရှောင်းမိုရဲ့စွမ်းအားကို
သူ့မျက်လုံးနဲ့သူမမြင်ဘူးတာကြောင့်
နဲနဲလေးလောက်ပဲကြောက်တယ်။
ဒါပေမယ့်ယူရှောင်းမိုရဲ့အသွင်အပြင်ကြောင့်
ထိုကြောက်ရွံ့ကို သိပ်ဂရုမစိုက်ခဲ့ပေ။
သို့သော်လည်း ယူရှောင်းမိုသူ့ရှေ့မှာရပ်နေတဲ့အခါ
သူ့ဆီကဖိအားကိုခံစားနေရ၏။
ဒီဖိအားက စွမ်းအားကြီးတဲ့ပုဂ္ဂိုလ်တစ်ယောက်ရဲ့
တည်ရှိမှုဖြစ်သည်။ တမင်သက်သက်မဟုတ်တာ
တောင်မှ ထိုကဲ့သို့သောကန့်သတ်မှုက
လူတွေကိုတကယ့်ဖိအားတစ်ခုလို
ခံစားချက်ကိုပေးစွမ်းနိုင်သည်။
" ယူရှောင်းဟာပါ... ဂရုစိုက်ပြီးအကြံဉာဏ်လေး
ပေးပါဦး"
ယူရှောင်းမိုက တောင့်တင်းပြီးသတိကြီးကြီးထား
နေတဲ့ချင်ထိုက်ကို တောက်ပတဲ့အပြုံးလေးတစ်ခုနဲ့
ယဉ်ယဉ်ကျေးကျေးပြောလိုက်သည်။
ချင်ထိုက်အမူအရာက တောင့်နေသည်။
ခဏလောက်ကြာပြီးမှပဲ ရှုံ့တွနေတဲ့အပြုံးတစ်ခုကို
ပြုံးပြလိုက်နိုင်တယ်။
ယူရှောင်းမိုက အသက်ပြင်းပြင်းရှူလိုက်ပြီး
ချင်ထိုက်ကိုတောက်ပနေတဲ့မျက်လုံးတွေနဲ့
စိုက်ကြည့်လိုက်ရင်း
" ငါတိုက်တော့မယ်၊ သတိထား"
ပွဲကြည့်ခုံတွင်.... ယူရှောင်းမိုရင်းနှီးတဲ့သူအချို့နဲ့
ချောင်ဝူရှင်းက သူပေါ် လာတဲ့အခါ
မယုံနိုင်စရာကောင်းတဲ့တစ်ခုခုကို တွေ့လိုက်ရသလိုပဲ
ထိတ်လန့်အံ့ဩမှုတွေနဲ့ကြည့်လိုက်ကြတယ်။
ချန်ရှန်းရုန်ကတော့ အခုမှပဲစိတ်ပူနေတာကို
ရပ်နိုင်တော့တယ်။ သူသက်ပြင်းချလိုက်ပြီးတဲ့
နောက်မှ လူတိုင်းရဲ့ ထူးဆန်းတဲ့အပြုအမူတွေကို
သတိထားမိသွားတယ်။
"မင်းတို့ကောင်တွေ ဘာဖြစ်နေတာလဲ?"
" အံ့ဩဖို့ကောင်းလိုက်တာ!"
ထျန်ရှင်းက အသက်ပြင်းပြင်းရှူလိုက်သည်။
သူမမျက်လုံးတွေက တောက်ပနေ၏။
" ဘာဖြစ်နေတာတုန်း?"
"နင်သတိမထားမိဘူးပေါ့? ယူရှောင်းဟာရဲ့
အစွမ်းက အရင်နှစ်ရက်နဲ့ယှဉ်ရင်
ပိုမြင့်လာတယ်။ အချိန်နံရံထဲမှာ အခွင့်ကြုံခဲ့ပုံရတယ်၊
သူ့ကျင့်ကြံခြင်းက တော်တော်လေး
တိုးတက်လာတယ်" ထျန်ရှင်းကပြောလိုက်တယ်။
ချန်ရှန်းရုန်က ချက်ချင်းပဲယူရှောင်းမိုကို
ကြည့်လိုက်သည်။ တကယ်ပဲကိုး၊
သူမနေ့ကခံစားလို့ရခဲ့တဲ့ ထက်ရှတဲ့အော်ရာကို
နောက်ထပ်ခံစားကြည့်လို့မရတော့ဘူး။
အဲ့ဒီအစား သူ့အော်ရာကပိုသီးသန့်ဆန်လာပြီး
ပိုပြီးတော့လဲ တည်ငြိမ်လာတယ်။
တစ်ချက်ကြည့်ရုံနဲ့ ကျင့်ကြံဆင့်မြင့်လာတယ်
ဆိုတာထင်ရှားနေတယ်။
"ကောင်းလိုက်တာ!" ချန်ရှန်းရုန်က သူ့အတွက်
တကယ်ပဲပျော်သွားတယ်။
ချောင်ဝူရှင်းနဲ့ ကျုံးယဲ့ကအကြည့်ခြင်းဖလှယ်လိုက်
ကာ ဘာမှမဖြစ်ခဲ့သလိုမျက်နှာလွှဲလိုက်ကြ၏။
နှစ်ယောက်စလုံးဟာ အတွေးနက်နေကြတယ်။
သူတို့တွေပိုကြိုးစားရတော့မယ်၊ မဟုတ်ရင်
သူတို့ကို ကျော်တက်သွားပြီး
စွမ်းအားကွာဟမှုကပိုကြီးလာလိမ့်မယ်။
ထျန်ရှင်းက မေးကိုလက်ထောက်ထားပြီး
အားကျစွာဖြင့် "ကောင်းလိုက်တာ....
ငါလဲအချိန်နံရံကိုသွားချင်တယ်။
ဒါဆိုရင် ကျင့်ကြံစရာမလိုဘဲနောက်တစ်ဆင့်
တက်သွားမှာပဲ"
" ဘယ်လိုလုပ် ဒီလောက်ထိလွယ်မှာလဲ?
အချိန်နံရံထဲဝင်နိုင်ရင်တောင်
အခွင့်ကြုံမကြုံကလဲ ရှိသေးတယ်။
နောက်ပြီးတော့ မင်းက
ထိုးထွင်းမသိနိုင်ဘူးဆိုရင် အခွင့်ကြုံရင်တောင်
အပြည့်အဝအသုံးချနိုင်မှာမဟုတ်ဘူး။
ပုံမှန်လေးပဲကျင့်ကြံတာပိုကောင်းမယ်"
ချောင်ဝူရှင်းက ရယ်လိုက်၏၊
" ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ!"
ထျန်ရှင်းက စိတ်မပါတပါပြန်ဖြေလိုက်တယ်။
သူမဒါကိုကြားရတာအကြိမ်ပေါင်းများနေပြီးဖြစ်ကာ
ခံနိုင်ရည်ရှိနေပြီဖြစ်သည်။
ချောင်ဝူရှင်းက ခေါင်းခါလိုက်တယ်။
အန်းချောင်က စင်မြင့်ဘက်ကို မုန်းတီးစွာ
ကြည့်နေသည်။ ယူရှောင်းမိုကပဲ ပစ္စည်းကောင်း
တွေအကုန်ရနေတာပဲ! အဲ့ဒီ့သေတ္တာနက်ကို
ဖိလိုက်ပြီး ယူရှောင်းမိုဆီကနေလုခဲ့လိုက်မယ်ဆိုရင်
အခွင့်ရေးက သူ့ဟာတောင်ဖြစ်လာနိုင်ခဲ့တာ။
သူပိုတွေးမိလေလေ ပိုပြီးမကျေနပ်လေလေဖြစ်
လာတော့သည်။ သို့သော်လည်း
ယူရှောင်းမိုရဲ့စွမ်းအားတိုးတက်လာတာနဲ့အမျှ
သူ့ရဲ့လက်စားချေဖို့အခွင့်အရေးက ပိုပိုပါးလာ
တော့၏။
မူလက သူ့ကိုရှင်းထုတ်ဖို့ဝူချန်ကိုအသုံးပြုဖို့
စိတ်ကူးထားခဲ့သည်၊ သို့သော်
အရင်နှစ်ရက်က သူဝူချန်ကိုသွားရှာတော့
သူအလုပ်များနေတယ်လို့ပြောကာသူ့ကို
နှင်လွှတ်၏။ တစ်ခါတစ်ရံတွင် သူ့ကိုတွေ့ပင်
မတွေ့ချေ။ ငတုံးတစ်ယောက်တောင်မှ
တစ်ခုခုမှားနေတယ်ဆိုတာပြောနိုင်တယ်။
သူစုံစမ်းကြည့်လိုက်တော့ ယူရှောင်းမိုနဲ့ သူ့အဖော်တို့
ရွှမ်းယွီဟိုတယ်မှာ တည်းတဲ့နေ့က
မြေအောက်လောင်းကစားရုံမှာ ဝူချန်နဲ့အငြင်းပွားခဲ့
ကြတယ်ဆိုတာ သူတွေ့ခဲ့သည်။
ဒါကပျော်စရာဖြစ်ပေမယ့်လို့ အကြောင်းတစ်ခုခု
ကြောင့် နှစ်ဖက်စလုံးကပြေလည်လိုက်ကြပြီး
ဝူချန်ကသူ့ကိုတောင်အငြှိုးထားနေပုံပေါ်တယ်။
သူ့ဘေးမှာရှိနေတဲ့ ဝမ်ယက သူ့မျက်နှာပေါ်က
အန္တရာယ်ရှိတဲ့အကြည့်ကိုတွေ့လိုက်တယ်။
" အန်းချောင်..... နင့်ဆရာရဲ့မျက်နှာကို
ထောက်ပြီးတစ်ခုပြောပြမယ်။
ယူရှောင်းဟာရဲ့ပါရမီနဲ့ဆိုရင်
နောင်ကျရင်ထုံထျန်းနန်းတော်ရဲ့ရွေးချယ်တာခံရ
နိုင်တယ်။ နင့်ဆရာကမှော်ဆရာအစည်းအရုံးမှာ
အဆင့်မြင့်ကောင်းမြင့်လိမ့်မယ်၊
ဒါပေမယ့် ထုံထျန်းနန်းတော်မှာဆိုရင်
ဖော်ပြဖို့တောင်မတန်ဘူး။ ကိုယ့်ကိုကိုယ်
မဖျက်စီးမိချင်ဘူးဆိုရင်
နင့်ရဲ့အမုန်းတရားတွေကိုလက်လွှတ်လိုက်တာ
ကောင်းမယ်လို့ အကြံပြုတယ်"
ဝမ်ယက ဖြေးဖြေးခြင်းသတိပေးလိုက်သည်။
အန်းချောင်အသားရည်က ဖြူလိုက်စိမ်းလိုက်
ဖြစ်နေသည်၊ သူမပြောသမျှနားထောင်လား
မထောင်လားတော့မသိပါချေ။
ဝမ်ယကသူ့အတွေးတွေကို ခန့်မှန်းကြည့်နေဖို့
စိတ်ကူးမရှိဘူး၊ သူမကဒီအကြောင်းကို
ဒီနေရာမှာတင် ထားလိုက်တော့တယ်။
စင်မြင့်ပေါ်တွင်....
မကြာသေးခင်တုန်းကထိစိတ်ကြီးဝင်နေခဲ့သေးတဲ့
ချင်ထိုက်က ယူရှောင်းမိုရှေ့မှာတော့စက္ကူကျားလို
ဖြစ်နေသည်။ သူကအန္တရာယ်ရှိပုံပေါ်ပေမယ့်
မကိုက်ရဲဘူး။ တစ်ပွဲပဲရှိသေးတယ်၊
သူကစင်မြင့်ပေါ်ကနေနှင်ထုတ်ခံလိုက်ရနှင့်ပြီး
ဖြစ်သည်။ သူကသနားဖို့ကောင်းစွာ
နောက်ဆုတ်ခဲ့ရပြီး လူအုပ်ကြီးကသက်ပြင်းချ
လိုက်ကြတယ်။
ယူရှောင်းမိုက သူ့အဝတ်ပေါ်ကမရှိတဲ့ဖုန်ကို
ခါလိုက်တယ်၊ သူက
အောက်ပြုတ်ကျသွားတဲ့ချင်ထိုက်ကို
စင်ပေါ်ကနေငုံ့ကြည့်လိုက်ပြီးနောက် ပြုံးလိုက်ကာ
ပြောလိုက်သည်
" လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်!"
ချင်ထိုက်က နေရာမှာတင်သွေးအန်လိုက်တော့၏။
ဒိုင်လူကြီးက ပြိုင်ပွဲပြီးဆုံးကြောင်းကြေညာလိုက်
ပြီးတဲ့နောက် ယူရှောင်းမိုက ချောင်ဝူရှင်းတို့အုပ်စုကို
လက်ယမ်းပြလိုက်ပြီးဂိတ်တံခါးအကြီးကနေ
ထွက်ခွာသွားလိုက်တော့တယ်။
ချောင်ဝူရှင်းက ဘာဖြစ်ခဲ့လဲလို့မေးချင်ပေမယ့်
သူထွက်သွားတာကိုမြင်တော့ လင်းရှောင်ကို
သွားရှာတာဖြစ်မယ်လို့ခန့်မှန်းမိလိုက်တယ်။
ကံဆိုးစွာနဲ့ သူတို့ကမပြိုင်ရသေးတာကြောင့်
ထွက်သွားလို့မရသေးဘူး။
ယူရှောင်းမို ပြိုင်ပွဲကွင်းပြင်ကနေထွက်လာလိုက်တော့
ဆူဆူညံညံအသံတွေသိပ်မကြားရတော့ချေ။
လင်းရှောင်က သူနဲ့သိပ်မဝေးတဲ့
လျှောက်လမ်းတစ်လျှောက်မှာ
မတ်တပ်ရပ်နေတယ်၊ ယူရှောင်းမိုသူ့ကို
မြင်လိုက်တော့ သူ့ဆီခုန်ဆွခုန်ဆွ
ပြေးသွားလိုက်တယ်။
" ဒီနေ့တော့တော်တော်လေးမြန်သားပဲ၊
မင်းသူငယ်ချင်းတွေဆီမသွားတော့ဘူးလား?"
လင်းရှောင်က သူပြေးလာတာကိုကြည့်နေတယ်။
"ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်အတွက်
အရေးပါသလောက်၊
ခင်ဗျားကသူတို့ထက်ပိုအရေးပါတယ်။
ဒါတောင် သူတို့ကရိုးရိုးသူငယ်ချင်းတွေပဲဆိုတာ
မပါသေးဘူး။ ကျွန်တော်နဲ့ဆက်ဆံရေး
တိုးတက်ချင်ရင် သူတို့ဘယ်လိုရှိလဲဆိုတာပေါ်
မူတည်သေးတယ်"
ယူရှောင်းမိုက ရဲရဲတင်းတင်းပြောလိုက်သည်။
လင်းရှောင်က သူ့နဖူးလေးကိုသာသာယာယာ
ပုတ်လိုက်တယ် "သွားရအောင်"
ယူရှောင်းမိုက နဖူးကိုကာလိုက်ပြီး
သူ့ခြေလှမ်းနဲ့မီအောင်လိုက်လျှောက်လိုက်တယ်။
"ဟေး.... ကျွန်တော့်စကားတွေကြောင့်
စိတ်မလှုပ်ရှားသွားဘူးလား?"
"ကိုယ်ထိသွားတယ်"
" လူလိမ်....ခင်ဗျားရဲ့ဘယ်အပိုင်းကများ
ထိသွားတယ်လို့ပြောလို့လဲ?" ယူရှောင်းမိုက
ကန့်ကွက်လိုက်တယ်။
"ကိုယ့်နှလုံးသား" လင်းရှောင်က
မျက်နှာသေဖြင့်ပြန်ပြောလိုက်သည်။
ယူရှောင်းမိုက သူ့ကိုရှေ့ကနေဖက်တွယ်တက်လိုက်ပြီး
သူ့ရင်ဘတ်ပေါ်ကအဝတ်ကိုဆွဲလိုက်တယ်။
" ကျွန်တော့်ကိုထုတ်ပြ"
သူက ဒီကိစ္စကိုလွှတ်မပေးချင်သေးဘဲ
တောင်းဆိုလိုက်တယ်။
"ဆော့နေတာတော်တော့၊ အဲ့တာကထုတ်လို့မရဘူး"
လင်းရှောင်က သူ့ခေါင်းကိုတွန်းလိုက်တယ်။
" ဘာလို့လဲ?"
" ဘာလို့လဲဆိုတော့ အဲ့တာကကိုယ့်နှလုံးသား
အနက်ရှိုင်းဆုံးမှာမလို့"
" တကယ်လား?" ယူရှောင်းမိုက ကြိတ်ဝမ်းသာ
သွားတယ်။
" မဟုတ်ဘူး"
သူ့စကားတွေကြောင့်အနှောင့်အယှက်ဖြစ်ရမယ့်
အစား ယူရှောင်းမိုကပျော်သွားတယ်။
သူက သူ့အဝတ်တွေဆွဲထားတာကို
လွှတ်ပေးလိုက်ပြီး လင်းရှောင်ရဲ့ရင်ဘတ်ကို
စမ်းကြည့်လိုက်တယ်
" အိုး...ကောင်းပြီလေ... ခင်ဗျားက
ပြောင်းပြန်ပြောရတာကြိုက်တာဆိုတော့
အပြစ်မတင်တော့ပါဘူး"
လင်းရှောင်က လမ်းလျှောက်နေတာကို
ရုတ်တရက်ရပ်လိုက်ပြီး သူ့ကိုကြည့်လိုက်တယ်
" မင်းဘယ်တုန်းကစပြီးအရေထူသွားတာလဲ?
မျက်တောင်မခတ်ဘဲနဲ့တောင် လိမ်တတ်ဖို့သင်ထား
သေးတယ်ပေါ့"
"ခင်ဗျားဆီကသင်ထားတာလေ"
ယူရှောင်းမိုက ပြန်ပြုံးပြလိုက်တယ်။
"........."
သူတို့နှစ်ယောက်လုံးကပထမထပ်ပြန်သွားရင်း
ဟာသတွေလုပ်ပြီးကျီစယ်နေကြပေမယ့်
ဘယ်သူမှမမြင်ဘူး။ လူတိုင်းက
ပြိုင်ပွဲတွေသွားကြည့်နေကြတာကြောင့်
စင်္ကြံတစ်လျှောက်မှာ လူတစ်ယောက်တစ်လေမှ
မရှိသလောက်ပဲ။
သူတို့တွေအခန်းပြန်ရောက်တော့
လင်းရှောင်က ယူရှောင်းမိုရွှေရောင်မျှော်စင်မှာ
ရှိနေတုန်းက ဘာဖြစ်ခဲ့လဲဆိုတာမေးလိုက်တယ်။
သူထွက်လာကတည်းက ယူရှောင်းမိုအဆင့်တက်
ထားတယ်ဆိုတာ သူသိတယ်။
ဒီ့မတိုင်မီက သူကအဆင့်ကိုးအလယ်ဆင့်မှာ၊
ဒါပေမယ့်အခုသူက အဆင့်တစ်ဆယ်အနိမ့်ဆင့်ကို
ရောက်နေပြီ။ တိုးတက်မှုကတော်တော်မြန်တယ်။
________
Zawgyi
အပိုင္း၄၄၁- ခင္ဗ်ားဆီကသင္ထားတာ
ယူေရွာင္းမိုရဲ့ၿပိဳင္ဖက္ ခ်င္ထိုက္က
စင္ေပၚမွာရပ္ေနလိုက္ၿပီး သူတကယ္ပဲရိွမေနဘူး
ဆိုတာအတည္ျပဳျပီးတဲ့ေနာက္
သူကေအးေအးေဆးေဆးလက္ပိုက္လိုက္ၿပီး
စိတ္ပူပင္မႈတစိုးတစိမွမရိွဘဲ
ယူေရွာင္းမိုကိုေစာင့္ေနတယ္။
သူ႔ၿပိဳင္ဖက္ကဘာျဖစ္သြားလဲေတာ့မသိေပမယ့္
နတ္ဘုရားကသူ႔ဘက္မွာရိွေနတာပဲေလ။
ယန္ေဟြ့နဲ႔က်န္တဲ့သူေတြက ယူေရွာင္းမို
ဒီၿပိဳင္ပဲြကိုလက္လႊတ္ရဖို႔မ်ားတယ္လို႔
သိလိုက္ၾကတယ္။ အခုခ်ိန္ထိ သူ႔ကိုဘယ္သူမွ
မေတြ့ရေသးဘူး။ သူ႔အခန္းကေနေသခ်ာေပါက္
ထြက္မလာခဲ့ဘူး။
ယူေရွာင္းမိုက အခ်ိန္အေတာ္ၾကာသည္ထိေအာင္
ဆင္းမလာေသးတာကိုေတြ့ေတာ့
ဒိုင္လူႀကီးက ပဲြၾကၫ့္ခံုေတြဘက္ကို
သိမ္းႄကံုးၾကၫ့္လိုက္သည္။
"ယူေရွာင္းဟာရိွလား?"
ခ်င္ထိုက္ကခ်က္ခ်င္းပဲႃပံုးလိုက္တယ္။
"ဒိုင္လူႀကီးခင္ဗ်ာ...... သူ႔နာမည္ကို
ထပ္ေခၚ စရာမလိုေတာ့ပါဘူး၊
သူဒီမွာမရိွဘူးေလ....ခင္ဗ်ားကိုျပန္ေျဖမွာ
မဟုတ္ဘူး"
သူ႔စကားေတြကိုၾကားေတာ့ ယူေရွာင္းမိုဘာလို႔
မလာေသးတာလဲလို႔ေတြးေနတဲ့လူတစ္ခ်ိဳ႕က
ပိုလို႔ေတာင္စိတ္ရႈပ္သြားၾကေတာ့သည္။
ယုတၲိတန္တန္ေျပာရရင္ အရင္ႏွစ္ပဲြတုန္းက
သူ႔ရဲ့စြမ္းေဆာင္မႈနဲ႔ရလဒ္နဲ႔ဆိုရင္
ေပၚ မလာဖို႔မျဖစ္ႏိုင္ဘူး။ သို႔ေပမယ့္
သူကတကယ္ပဲေပၚ မလာဘဲ
ဒါက စိတ္ကူးၾကၫ့္လို႔ေတာင္မရေပ။
"ေဟး....ေဟး.... ယူေရွာင္းဟာက
ေၾကာက္ေနတာမ်ားလား?"
"ေၾကာက္တယ္? အဆင့္ကိုးေမွာ္ဆရာတစ္ေယာက္က
အဆင့္ခုနစ္ေမွာ္ဆရာကိုေၾကာက္တယ္ေပါ့?"
ထိုထိေရာက္သၫ့္ေမးခြန္းေမးခံလိုက္ရသၫ့္အခါ
ယူေရွာင္းမိုကေၾကာက္ေနတယ္လို႔ေျပာတဲ့
လူက ခ်က္ခ်င္းပင္ပါးစပ္ပိတ္သြားေတာ့၏။
ဒီလိုအေၾကာင္းမ်ိဳးကို အာက်ယ္အာက်ယ္
ေျပာတာကလူေတြအူတက္ေအာင္
ရယ္ၾကမယ့္ ဟာသတစ္ခုျဖစ္သြားေစမွာပဲ။
ဒိုင္လူႀကီးက အႀကိတ္အနယ္ေဆြးေနြးေနၾကတဲ့
လူေတြကိုလ်စ္လ်ူရႈလိုက္ကာ
ထပ္ေမး၏ " ယူေရွာင္းဟာရိွပါသလား?"
ခ်င္ထိုက္က ေခါင္းေမာ့ရင္ေကာ့လိုက္၏။
စကၠန႔္အနဲငယ္ေလာက္ၾကာၿပီးေနာက္
ျပန္ၾကားတာမရိွေသးတဲ့အခါ သူကေျပာလိုက္သည္
"ဒိုင္လူႀကီးခင္ဗ်ာ... သူလာလိမ့္မယ္လို႔
ကၽြန္ေတာ္မထင္ဘူး။ ကၽြန္ေတာ့္ကို
ဒီၿပိဳင္ပဲြရဲ့အႏိုင္ရသူအျဖစ္ေၾကညာလိုက္ရင္ေရာ
ဘယ္လိုလဲ......."
"ဒီမွာပါ........."
အသံေဖ်ာ့ေဖ်ာ့တစ္သံက ဘယ္ေနရာကမွန္းမသိ
ထြက္ေပၚလာသည္။ ထိုအသံက
မၾကားရႏိုင္သေလာက္ျဖစ္ၿပီး
ဆူညံေနတဲ့လူအုပ္ႀကီးေၾကာင့္ပိုတိုးသြားေပမယ္လို႔
ဒိုင္လူႀကီးကေတာ့ ၾကားလိုက္တယ္။
ဒိုင္လူႀကီးရဲ့အၾကၫ့္က ခ်င္ထိုက္ဆီကို
ေအးစက္စြာျဖတ္သြားၿပီး
သူ႔ရဲ့ ေမ်ွာ္လင့္ေနတဲ့အၾကၫ့္ေအာက္မွာပဲ
ေၾကညာလိုက္တယ္ "ၿပိဳင္ပဲြစ"
ခ်င္ထိုက္က ေၾကာင္သြားၿပီး
နားမလည္ျဖစ္သြားကာမ်က္ေမွာင္ႄကံု႔လိုက္သည္။
"ဒိုင္လူႀကီးခင္ဗ်.... ကၽြန္ေတာ့္ၿပိဳင္ဖက္ကျဖင့္
ေပၚေတာင္မလာဘူး။ ကၽြန္ေတာ့္ကို
ဘယ္လိုစဖို႔ေမ်ွာ္လင့္တာလဲ...ကၽြန္ေတာ္ေတာင္...."
သူ႔စကားဆံုးေအာင္မေျပာရေသးခင္မွာပဲ
သူနဲ႔မ်က္ႏွာခ်င္းဆိုင္ဝင္ေပါက္ကေန
လူတစ္ေယာက္ဝင္လာတာကိုေတြ့လိုက္ရေတာ့တယ္။
ထိုသူက အကာကြယ္စည္းေပၚကေန
ေစြ့ကနဲခုန္လိုက္ၿပီး သူ႔ဆီကိုေအးေအးေဆးေဆး
ေလ်ွာက္လာတယ္။ မၾကာခင္မွာပဲ
သူကစင္ျမင့္အစြန္းေပၚ သို႔ေျခခ်လိုက္ကာ
အႃပံုးသဲ့သဲ့နဲ႔ သူ႔ေရ႔ွမွာရပ္လိုက္တယ္။
သူကစိတ္မေကာင္းျဖစ္ေနပံုေပၚ ေနၿပီး
ေခါင္းကို တစ္ခ်က္သာသာေလးရိုက္လိုက္ကာ
"ေတာင္းပန္ပါတယ္ဗ်ာ..... ကိစၥေလးတစ္ခု
ေၾကာင့္လာတာေနာက္က်သြားတယ္"
ဒိုင္လူႀကီးကေခါင္းညိမ့္လိုက္ၿပီး
စင္ေပၚက ဆင္းသြားလိုက္တယ္။
ရုတ္တရက္ေပၚ လာတဲ့လူငယ္ေလးကိုၾကၫ့္ရင္း
ခ်င္ထိုက္ရဲ့ ခႏၶာကိုယ္ကေတာင့္သြားတယ္။
သူ႔ကို နံပါတ္ေလးတိုက္ပဲြစင္ျမင့္ေပၚမွာ
တစ္ခါပဲေတြ့ခဲ့ဖူးတယ္။ အဲ့တုန္းက
သူ႔မွာလဲ ကိုယ္ပိုင္ပဲြေတြရိွခဲ့တာေၾကာင့္
သူသြားၾကၫ့္ေတာ့ ေတာ္ေတာ္ေလးေနာက္က်
ေနၿပီ။ သူၿပိဳင္ပဲြကြင္းျပင္ကိုေရာက္သြားေတာ့
ယူေရွာင္းမိုၿပိဳင္ပဲြက ၿပီးသြားႏွင့္ေနၿပီ၊
အာ့ေၾကာင့္ ပဲြၾကၫ့္ခံုတန္းေတြဆီတိတ္တိတ္
ဆိတ္ဆိတ္ျပန္သြားေနတဲ့ သူ႔ေနာက္ေက်ာကိုပဲ
ျမင္ခဲ့ရတယ္။ ယူေရွာင္းမိုရဲ့စြမ္းအားကို
သူ႔မ်က္လံုးနဲ႔သူမျမင္ဘူးတာေၾကာင့္
နဲနဲေလးေလာက္ပဲေၾကာက္တယ္။
ဒါေပမယ့္ယူေရွာင္းမိုရဲ့အသြင္အျပင္ေၾကာင့္
ထိုေၾကာက္ရြံ႔ကို သိပ္ဂရုမစိုက္ခဲ့ေပ။
သို႔ေသာ္လည္း ယူေရွာင္းမိုသူ႔ေရ႔ွမွာရပ္ေနတဲ့အခါ
သူ႔ဆီကဖိအားကိုခံစားေနရ၏။
ဒီဖိအားက စြမ္းအားႀကီးတဲ့ပုဂၢိုလ္တစ္ေယာက္ရဲ့
တည္ရိွမႈျဖစ္သည္။ တမင္သက္သက္မဟုတ္တာ
ေတာင္မွ ထိုကဲ့သို႔ေသာကန႔္သတ္မႈက
လူေတြကိုတကယ့္ဖိအားတစ္ခုလို
ခံစားခ်က္ကိုေပးစြမ္းႏိုင္သည္။
" ယူေရွာင္းဟာပါ... ဂရုစိုက္ၿပီးအႀကံဉာဏ္ေလး
ေပးပါဦး"
ယူေရွာင္းမိုက ေတာင့္တင္းၿပီးသတိႀကီးႀကီးထား
ေနတဲ့ခ်င္ထိုက္ကို ေတာက္ပတဲ့အႃပံုးေလးတစ္ခုနဲ႔
ယဉ္ယဉ္ေက်းေက်းေျပာလိုက္သည္။
ခ်င္ထိုက္အမူအရာက ေတာင့္ေနသည္။
ခဏေလာက္ၾကာၿပီးမွပဲ ရႈံ႔တြေနတဲ့အႃပံုးတစ္ခုကို
ႃပံုးျပလိုက္ႏိုင္တယ္။
ယူေရွာင္းမိုက အသက္ျပင္းျပင္းရႉလိုက္ၿပီး
ခ်င္ထိုက္ကိုေတာက္ပေနတဲ့မ်က္လံုးေတြနဲ႔
စိုက္ၾကၫ့္လိုက္ရင္း
" ငါတိုက္ေတာ့မယ္၊ သတိထား"
ပဲြၾကၫ့္ခံုတြင္.... ယူေရွာင္းမိုရင္းႏွီးတဲ့သူအခ်ိဳ႕နဲ႔
ေခ်ာင္ဝူရွင္းက သူေပၚ လာတဲ့အခါ
မယံုႏိုင္စရာေကာင္းတဲ့တစ္ခုခုကို ေတြ့လိုက္ရသလိုပဲ
ထိတ္လန႔္အံ့ဩမႈေတြနဲ႔ၾကၫ့္လိုက္ၾကတယ္။
ခ်န္ရွန္းရုန္ကေတာ့ အခုမွပဲစိတ္ပူေနတာကို
ရပ္ႏိုင္ေတာ့တယ္။ သူသက္ျပင္းခ်လိုက္ၿပီးတဲ့
ေနာက္မွ လူတိုင္းရဲ့ ထူးဆန္းတဲ့အျပဳအမူေတြကို
သတိထားမိသြားတယ္။
"မင္းတို႔ေကာင္ေတြ ဘာျဖစ္ေနတာလဲ?"
" အံ့ဩဖို႔ေကာင္းလိုက္တာ!"
ထ်န္ရွင္းက အသက္ျပင္းျပင္းရႉလိုက္သည္။
သူမမ်က္လံုးေတြက ေတာက္ပေန၏။
" ဘာျဖစ္ေနတာတုန္း?"
"နင္သတိမထားမိဘူးေပါ့? ယူေရွာင္းဟာရဲ့
အစြမ္းက အရင္ႏွစ္ရက္နဲ႔ယွဉ္ရင္
ပိုျမင့္လာတယ္။ အခ်ိန္နံရံထဲမွာ အခြင့္ႄကံုခဲ့ပံုရတယ္၊
သူ႔က်င့္ႀကံျခင္းက ေတာ္ေတာ္ေလး
တိုးတက္လာတယ္" ထ်န္ရွင္းကေျပာလိုက္တယ္။
ခ်န္ရွန္းရုန္က ခ်က္ခ်င္းပဲယူေရွာင္းမိုကို
ၾကၫ့္လိုက္သည္။ တကယ္ပဲကိုး၊
သူမေန့ကခံစားလို႔ရခဲ့တဲ့ ထက္ရွတဲ့ေအာ္ရာကို
ေနာက္ထပ္ခံစားၾကၫ့္လို႔မရေတာ့ဘူး။
အဲ့ဒီအစား သူ႔ေအာ္ရာကပိုသီးသန႔္ဆန္လာၿပီး
ပိုၿပီးေတာ့လဲ တည္ၿငိမ္လာတယ္။
တစ္ခ်က္ၾကၫ့္ရံုနဲ႔ က်င့္ႀကံဆင့္ျမင့္လာတယ္
ဆိုတာထင္ရွားေနတယ္။
"ေကာင္းလိုက္တာ!" ခ်န္ရွန္းရုန္က သူ႔အတြက္
တကယ္ပဲေပ်ာ္သြားတယ္။
ေခ်ာင္ဝူရွင္းနဲ႔ က်ဳံးယဲ့ကအၾကၫ့္ျခင္းဖလွယ္လိုက္
ကာ ဘာမွမျဖစ္ခဲ့သလိုမ်က္ႏွာလႊဲလိုက္ၾက၏။
ႏွစ္ေယာက္စလံုးဟာ အေတြးနက္ေနၾကတယ္။
သူတို႔ေတြပိုႀကိဳးစားရေတာ့မယ္၊ မဟုတ္ရင္
သူတို႔ကို ေက်ာ္တက္သြားၿပီး
စြမ္းအားကြာဟမႈကပိုႀကီးလာလိမ့္မယ္။
ထ်န္ရွင္းက ေမးကိုလက္ေထာက္ထားၿပီး
အားက်စြာျဖင့္ "ေကာင္းလိုက္တာ....
ငါလဲအခ်ိန္နံရံကိုသြားခ်င္တယ္။
ဒါဆိုရင္ က်င့္ႀကံစရာမလိုဘဲေနာက္တစ္ဆင့္
တက္သြားမွာပဲ"
" ဘယ္လိုလုပ္ ဒီေလာက္ထိလြယ္မွာလဲ?
အခ်ိန္နံရံထဲဝင္ႏိုင္ရင္ေတာင္
အခြင့္ႄကံုမႄကံုကလဲ ရိွေသးတယ္။
ေနာက္ၿပီးေတာ့ မင္းက
ထိုးထြင္းမသိႏိုင္ဘူးဆိုရင္ အခြင့္ႄကံုရင္ေတာင္
အျပၫ့္အဝအသံုးခ်ႏိုင္မွာမဟုတ္ဘူး။
ပံုမွန္ေလးပဲက်င့္ႀကံတာပိုေကာင္းမယ္"
ေခ်ာင္ဝူရွင္းက ရယ္လိုက္၏၊
" ဟုတ္ကဲ့ပါ၊ ဟုတ္ကဲ့ပါ၊ ဟုတ္ကဲ့ပါ!"
ထ်န္ရွင္းက စိတ္မပါတပါျပန္ေျဖလိုက္တယ္။
သူမဒါကိုၾကားရတာအႀကိမ္ေပါင္းမ်ားေနၿပီးျဖစ္ကာ
ခံႏိုင္ရည္ရိွေနၿပီျဖစ္သည္။
ေခ်ာင္ဝူရွင္းက ေခါင္းခါလိုက္တယ္။
အန္းေခ်ာင္က စင္ျမင့္ဘက္ကို မုန္းတီးစြာ
ၾကၫ့္ေနသည္။ ယူေရွာင္းမိုကပဲ ပစၥည္းေကာင္း
ေတြအကုန္ရေနတာပဲ! အဲ့ဒီ့ေသတၲာနက္ကို
ဖိလိုက္ၿပီး ယူေရွာင္းမိုဆီကေနလုခဲ့လိုက္မယ္ဆိုရင္
အခြင့္ေရးက သူ႔ဟာေတာင္ျဖစ္လာႏိုင္ခဲ့တာ။
သူပိုေတြးမိေလေလ ပိုၿပီးမေက်နပ္ေလေလျဖစ္
လာေတာ့သည္။ သို႔ေသာ္လည္း
ယူေရွာင္းမိုရဲ့စြမ္းအားတိုးတက္လာတာနဲ႔အမ်ွ
သူ႔ရဲ့လက္စားေခ်ဖို႔အခြင့္အေရးက ပိုပိုပါးလာ
ေတာ့၏။
မူလက သူ႔ကိုရွင္းထုတ္ဖို႔ဝူခ်န္ကိုအသံုးျပဳဖို႔
စိတ္ကူးထားခဲ့သည္၊ သို႔ေသာ္
အရင္ႏွစ္ရက္က သူဝူခ်န္ကိုသြားရွာေတာ့
သူအလုပ္မ်ားေနတယ္လို႔ေျပာကာသူ႔ကို
ႏွင္လႊတ္၏။ တစ္ခါတစ္ရံတြင္ သူ႔ကိုေတြ့ပင္
မေတြ့ေခ်။ ငတံုးတစ္ေယာက္ေတာင္မွ
တစ္ခုခုမွားေနတယ္ဆိုတာေျပာႏိုင္တယ္။
သူစံုစမ္းၾကၫ့္လိုက္ေတာ့ ယူေရွာင္းမိုနဲ႔ သူ႔အေဖာ္တို႔
ရႊမ္းယီြဟိုတယ္မွာ တည္းတဲ့ေန့က
ေျမေအာက္ေလာင္းကစားရံုမွာ ဝူခ်န္နဲ႔အျငင္းပြားခဲ့
ၾကတယ္ဆိုတာ သူေတြ့ခဲ့သည္။
ဒါကေပ်ာ္စရာျဖစ္ေပမယ့္လို႔ အေၾကာင္းတစ္ခုခု
ေၾကာင့္ ႏွစ္ဖက္စလံုးကေျပလည္လိုက္ၾကၿပီး
ဝူခ်န္ကသူ႔ကိုေတာင္အႃငွိုးထားေနပံုေပၚတယ္။
သူ႔ေဘးမွာရိွေနတဲ့ ဝမ္ယက သူ႔မ်က္ႏွာေပၚက
အႏၲရာယ္ရိွတဲ့အၾကၫ့္ကိုေတြ့လိုက္တယ္။
" အန္းေခ်ာင္..... နင့္ဆရာရဲ့မ်က္ႏွာကို
ေထာက္ၿပီးတစ္ခုေျပာျပမယ္။
ယူေရွာင္းဟာရဲ့ပါရမီနဲ႔ဆိုရင္
ေနာင္က်ရင္ထံုထ်န္းနန္းေတာ္ရဲ့ေရြးခ်ယ္တာခံရ
ႏိုင္တယ္။ နင့္ဆရာကေမွာ္ဆရာအစည္းအရံုးမွာ
အဆင့္ျမင့္ေကာင္းျမင့္လိမ့္မယ္၊
ဒါေပမယ့္ ထံုထ်န္းနန္းေတာ္မွာဆိုရင္
ေဖာ္ျပဖို႔ေတာင္မတန္ဘူး။ ကိုယ့္ကိုကိုယ္
မဖ်က္စီးမိခ်င္ဘူးဆိုရင္
နင့္ရဲ့အမုန္းတရားေတြကိုလက္လႊတ္လိုက္တာ
ေကာင္းမယ္လို႔ အႀကံျပဳတယ္"
ဝမ္ယက ေျဖးေျဖးျခင္းသတိေပးလိုက္သည္။
အန္းေခ်ာင္အသားရည္က ျဖဴလိုက္စိမ္းလိုက္
ျဖစ္ေနသည္၊ သူမေျပာသမ်ွနားေထာင္လား
မေထာင္လားေတာ့မသိပါေခ်။
ဝမ္ယကသူ႔အေတြးေတြကို ခန႔္မွန္းၾကၫ့္ေနဖို႔
စိတ္ကူးမရိွဘူး၊ သူမကဒီအေၾကာင္းကို
ဒီေနရာမွာတင္ ထားလိုက္ေတာ့တယ္။
စင္ျမင့္ေပၚတြင္....
မၾကာေသးခင္တုန္းကထိစိတ္ႀကီးဝင္ေနခဲ့ေသးတဲ့
ခ်င္ထိုက္က ယူေရွာင္းမိုေရ႔ွမွာေတာ့စကၠူက်ားလို
ျဖစ္ေနသည္။ သူကအႏၲရာယ္ရိွပံုေပၚေပမယ့္
မကိုက္ရဲဘူး။ တစ္ပဲြပဲရိွေသးတယ္၊
သူကစင္ျမင့္ေပၚကေနႏွင္ထုတ္ခံလိုက္ရႏွင့္ၿပီး
ျဖစ္သည္။ သူကသနားဖို႔ေကာင္းစြာ
ေနာက္ဆုတ္ခဲ့ရၿပီး လူအုပ္ႀကီးကသက္ျပင္းခ်
လိုက္ၾကတယ္။
ယူေရွာင္းမိုက သူ႔အဝတ္ေပၚကမရိွတဲ့ဖုန္ကို
ခါလိုက္တယ္၊ သူက
ေအာက္ျပဳတ္က်သြားတဲ့ခ်င္ထိုက္ကို
စင္ေပၚကေနငံု႔ၾကၫ့္လိုက္ၿပီးေနာက္ ႃပံုးလိုက္ကာ
ေျပာလိုက္သည္
" လမ္းၫႊန္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္!"
ခ်င္ထိုက္က ေနရာမွာတင္ေသြးအန္လိုက္ေတာ့၏။
ဒိုင္လူႀကီးက ၿပိဳင္ပဲြၿပီးဆံုးေၾကာင္းေၾကညာလိုက္
ၿပီးတဲ့ေနာက္ ယူေရွာင္းမိုက ေခ်ာင္ဝူရွင္းတို႔အုပ္စုကို
လက္ယမ္းျပလိုက္ၿပီးဂိတ္တံခါးအႀကီးကေန
ထြက္ခြာသြားလိုက္ေတာ့တယ္။
ေခ်ာင္ဝူရွင္းက ဘာျဖစ္ခဲ့လဲလို႔ေမးခ်င္ေပမယ့္
သူထြက္သြားတာကိုျမင္ေတာ့ လင္းေရွာင္ကို
သြားရွာတာျဖစ္မယ္လို႔ခန႔္မွန္းမိလိုက္တယ္။
ကံဆိုးစြာနဲ႔ သူတို႔ကမၿပိဳင္ရေသးတာေၾကာင့္
ထြက္သြားလို႔မရေသးဘူး။
ယူေရွာင္းမို ၿပိဳင္ပဲြကြင္းျပင္ကေနထြက္လာလိုက္ေတာ့
ဆူဆူညံညံအသံေတြသိပ္မၾကားရေတာ့ေခ်။
လင္းေရွာင္က သူနဲ႔သိပ္မေဝးတဲ့
ေလ်ွာက္လမ္းတစ္ေလ်ွာက္မွာ
မတ္တပ္ရပ္ေနတယ္၊ ယူေရွာင္းမိုသူ႔ကို
ျမင္လိုက္ေတာ့ သူ႔ဆီခုန္ဆြခုန္ဆြ
ေျပးသြားလိုက္တယ္။
" ဒီေန့ေတာ့ေတာ္ေတာ္ေလးျမန္သားပဲ၊
မင္းသူငယ္ခ်င္းေတြဆီမသြားေတာ့ဘူးလား?"
လင္းေရွာင္က သူေျပးလာတာကိုၾကၫ့္ေနတယ္။
"ကၽြန္ေတာ့္သူငယ္ခ်င္းေတြက ကၽြန္ေတာ့္အတြက္
အေရးပါသေလာက္၊
ခင္ဗ်ားကသူတို႔ထက္ပိုအေရးပါတယ္။
ဒါေတာင္ သူတို႔ကရိုးရိုးသူငယ္ခ်င္းေတြပဲဆိုတာ
မပါေသးဘူး။ ကၽြန္ေတာ္နဲ႔ဆက္ဆံေရး
တိုးတက္ခ်င္ရင္ သူတို႔ဘယ္လိုရိွလဲဆိုတာေပၚ
မူတည္ေသးတယ္"
ယူေရွာင္းမိုက ရဲရဲတင္းတင္းေျပာလိုက္သည္။
လင္းေရွာင္က သူ႔နဖူးေလးကိုသာသာယာယာ
ပုတ္လိုက္တယ္ "သြားရေအာင္"
ယူေရွာင္းမိုက နဖူးကိုကာလိုက္ၿပီး
သူ႔ေျခလွမ္းနဲ႔မီေအာင္လိုက္ေလ်ွာက္လိုက္တယ္။
"ေဟး.... ကၽြန္ေတာ့္စကားေတြေၾကာင့္
စိတ္မလႈပ္ရွားသြားဘူးလား?"
"ကိုယ္ထိသြားတယ္"
" လူလိမ္....ခင္ဗ်ားရဲ့ဘယ္အပိုင္းကမ်ား
ထိသြားတယ္လို႔ေျပာလို႔လဲ?" ယူေရွာင္းမိုက
ကန႔္ကြက္လိုက္တယ္။
"ကိုယ့္ႏွလံုးသား" လင္းေရွာင္က
မ်က္ႏွာေသျဖင့္ျပန္ေျပာလိုက္သည္။
ယူေရွာင္းမိုက သူ႔ကိုေရ႔ွကေနဖက္တြယ္တက္လိုက္ၿပီး
သူ႔ရင္ဘတ္ေပၚကအဝတ္ကိုဆဲြလိုက္တယ္။
" ကၽြန္ေတာ့္ကိုထုတ္ျပ"
သူက ဒီကိစၥကိုလႊတ္မေပးခ်င္ေသးဘဲ
ေတာင္းဆိုလိုက္တယ္။
"ေဆာ့ေနတာေတာ္ေတာ့၊ အဲ့တာကထုတ္လို႔မရဘူး"
လင္းေရွာင္က သူ႔ေခါင္းကိုတြန္းလိုက္တယ္။
" ဘာလို႔လဲ?"
" ဘာလို႔လဲဆိုေတာ့ အဲ့တာကကိုယ့္ႏွလံုးသား
အနက္ရိႈင္းဆံုးမွာမလို႔"
" တကယ္လား?" ယူေရွာင္းမိုက ႀကိတ္ဝမ္းသာ
သြားတယ္။
" မဟုတ္ဘူး"
သူ႔စကားေတြေၾကာင့္အေနွာင့္အယွက္ျဖစ္ရမယ့္
အစား ယူေရွာင္းမိုကေပ်ာ္သြားတယ္။
သူက သူ႔အဝတ္ေတြဆဲြထားတာကို
လႊတ္ေပးလိုက္ၿပီး လင္းေရွာင္ရဲ့ရင္ဘတ္ကို
စမ္းၾကၫ့္လိုက္တယ္
" အိုး...ေကာင္းၿပီေလ... ခင္ဗ်ားက
ေျပာင္းျပန္ေျပာရတာႀကိဳက္တာဆိုေတာ့
အျပစ္မတင္ေတာ့ပါဘူး"
လင္းေရွာင္က လမ္းေလ်ွာက္ေနတာကို
ရုတ္တရက္ရပ္လိုက္ၿပီး သူ႔ကိုၾကၫ့္လိုက္တယ္
" မင္းဘယ္တုန္းကစၿပီးအေရထူသြားတာလဲ?
မ်က္ေတာင္မခတ္ဘဲနဲ႔ေတာင္ လိမ္တတ္ဖို႔သင္ထား
ေသးတယ္ေပါ့"
"ခင္ဗ်ားဆီကသင္ထားတာေလ"
ယူေရွာင္းမိုက ျပန္ႃပံုးျပလိုက္တယ္။
"........."
သူတို႔ႏွစ္ေယာက္လံုးကပထမထပ္ျပန္သြားရင္း
ဟာသေတြလုပ္ၿပီးက်ီစယ္ေနၾကေပမယ့္
ဘယ္သူမွမျမင္ဘူး။ လူတိုင္းက
ၿပိဳင္ပဲြေတြသြားၾကၫ့္ေနၾကတာေၾကာင့္
စႀကၤံတစ္ေလ်ွာက္မွာ လူတစ္ေယာက္တစ္ေလမွ
မရိွသေလာက္ပဲ။
သူတို႔ေတြအခန္းျပန္ေရာက္ေတာ့
လင္းေရွာင္က ယူေရွာင္းမိုေရႊေရာင္ေမ်ွာ္စင္မွာ
ရိွေနတုန္းက ဘာျဖစ္ခဲ့လဲဆိုတာေမးလိုက္တယ္။
သူထြက္လာကတည္းက ယူေရွာင္းမိုအဆင့္တက္
ထားတယ္ဆိုတာ သူသိတယ္။
ဒီ့မတိုင္မီက သူကအဆင့္ကိုးအလယ္ဆင့္မွာ၊
ဒါေပမယ့္အခုသူက အဆင့္တစ္ဆယ္အနိမ့္ဆင့္ကို
ေရာက္ေနၿပီ။ တိုးတက္မႈကေတာ္ေတာ္ျမန္တယ္။
________