Unicode
အပိုင်း၄၄၀- ပြိုင်ပွဲချိန်
ယူရှောင်းမိုက ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်ခင်
တစ်လအလို၌ သူ့တိုက်ခန်းတွင်ပေါက်ကွဲမှု
တစ်ခုကြောင့် သေဆုံးခဲ့ရတာကို သတိရသွား
သည်။ သူကစာမေးပွဲတောင်မဖြေရသေးတာ
ဘယ်လိုလုပ်ပြီးကောလိပ်တက်မှာလဲ?
သို့ပေမယ့် ၎င်းကအိပ်မက်တစ်ခုဖြစ်နေတယ်ဆိုတာ
ကို သိသွားစေတဲ့အရာက အခြားအချက်တစ်ချက်
ဖြစ်သည်။
သူငယ်ငယ်လေးကတည်းကရှိခဲ့တဲ့
အကြီးမားဆုံးရန်ငြိုးက ယူပေါ်နဲ့တစ်ခန်းထဲမျှသုံး
ရတာပဲ။ လူတိုင်းမှာသူတို့ရဲ့ကိုယ်ပိုင်
လျှို့ဝှက်ချက်လေးတွေရှိတတ်ကြပြီး
ယူရှောင်းမိုကလဲချွင်းချက်မဟုတ်ပေ၊
သို့သော် တစ်ယောက်ယောက်နဲ့
အခန်းမျှသုံးရတဲ့အခါ ထားစရာလျှို့ဝှက်ချက်
မရှိတော့ချေ။ ဒါတင်မကသေးဘူး..
ယူပေါ်က သူ့ပစ္စည်းတွေကိုမကြာခဏ
လျှောက်ကိုင်တတ်သေးတယ်။
နောက်ကျတော့...သူရဲ့လွတ်လပ်မှုကိုရခဲ့တယ်၊
သူအပြင်ပြောင်းသွားခဲ့ပေမယ့်လည်း
တစ်ခါတစ်ရံမှာ ယူပေါ်နဲ့ယူလုက သူ့တိုက်ခန်းဆီ
တစ်ယောက်ပြီးတစ်ယောက်
ရောက်ချလာတတ်သည်။ ဒါ့ကြောင့်
အဆုံးမှာတော့ သူတို့လက်ထဲကနေမလွတ်မြောက်
နိုင်ဘဲ၊ သူတို့တွေညလုံးပေါက်နေကြတဲ့အခါဆိုရင်
အခန်းမျှသုံးရတာပါပဲ။
ဒါပေမယ့် သူအခုလေးတင်ဘာကြားလိုက်ရတာလဲ?
ယူပေါ်က သူ့ရဲ့ကောလိပ်ယူနီဖောင်းက
သူ့အခန်းထဲမှာလို့ပြောပြီး ကိုယ်တိုင်
လာယူဖို့ပြောနေတယ်။
ဟုတ်ပြီ....အရေးကြီးတဲ့အပိုင်းက
အစပဲ။
ယူပေါ်က တကယ်ပဲအခြားအခန်းတစ်ခန်းမှာ
အိပ်ခဲ့တယ်။ အစကတည်းက...ပြောရမယ်ဆိုရင်
သူမွေးကတည်းက ဘယ်လိုအခြေအနေမျိုးမှာပဲ
ဖြစ်ဖြစ် တစ်ခန်းတည်းတူတူအိပ်ခဲ့ကြတာ။
ယူပေါ် ဘာမှမသိသေးခင်ကတည်းက
သူ့ကို ညခင်းမှာယူရှောင်းမိုနဲ့ခွဲလိုက်တာနဲ့ သူက
အငိုမရပ်တော့ဘူး။ သူ့ငိုသံကကျယ်လွန်းလို့
ပိုင်ရှင်အစအစေခံအဆုံး အိမ်မှာရှိတဲ့ဘယ်သူမှ
အိပ်လို့မရဘူး။ အိမ်နီးချင်းတွေကိုတောင်
နိုးစေတယ်။
ယူလုကလဲ တစ်ခါတစ်ရံ
သူ့ကိုနှောင့်ယှက်တတ်ပေမယ့် ယူပေါ် လိုမဟုတ်ဘူး။
အချိန်အများစုက သူ့ကိုတည်ငြိမ်အောင်
လုပ်ပေးဖို့ကြားဝင်လာတာကြည့်ပဲ။
သူ့ပေါ်မှာ ဒီလိုကြီးမားတဲ့အမြင်ကျန်ခဲ့စေတာကြောင့်
ယူရှောင်းမိုက တစ်ခါမှမမေ့ခဲ့ဖူးဘူး။
ထို့ကြောင့် ယူပေါ် ကထိုစကားများကို
ပြောလိုက်သည့်အခါ သူ့ခေါင်းထဲတွင်
ဤပုံရိပ်များချက်ချင်းပင်ပေါ်လာတော့၏။
သူကအိပ်မက်မက်နေတာ...အိပ်မက်ထဲက
အိပ်မက်ပဲ။ ဘာလင်းရှောင်(Lin Xiao)လဲ
သောက်ရေးမပါတာ.......
ဘာ 'သတ်ဖြတ်ခဲ့တဲ့အချစ်လဲ' -ဒါက
အိပ်မက်ဆိုးသက်သက်ပဲ။
သူကြိုက်တဲ့တစ်ယောက်က လင်းရှောင်
(Ling Xiao) လို့ခေါ်ပြီး လင်းရှောင်(Lin Xiao)
မဟုတ်ဘူး၊ နောက်ပြီးသူ့နှလုံးသားကို
ခပ်ထုတ်တယ်? အဓိပ္ပါယ်မရှိတာ...
နေ့ခင်းမှာ မင်းတွေးနေတဲ့အရာကို
အိပ်မက်ထဲမှာပြန်မက်တယ်တဲ့....ဒါပေမယ့်...
ဒီလင်းရှောင်(Lin Xiao) ဆိုတဲ့လူကို
သူမေ့သွားတာ နှစ်တစ်ရာလောက်တောင်
ရှိနေပေါ့၊ အခုမှဘာလို့သူ့အကြောင်းတွေး
ရမှာလဲ? ဒါတင်မဟုတ်သေးဘဲ
အချစ်အမုန်းဆက်ဆံရေးတောင်ရှိလိုက်သေးတယ်?
ယူပေါ်ကိုတွေ့ရတဲ့အိပ်မက်အတွက်ကတော့
သူသေသွားတုန်းက ဖုန်တောင်မကျန်ခဲ့တာကို
ဘယ်လိုလုပ်ပြန်ရောက်လာပြီး
ကောလိပ်သွားတက်လို့ရမှာလဲ?
တကယ်ကြီးလား… ဒီအိပ်မက်တွေထဲကို
နဲနဲလောက်ပိုအားစိုက်ပေးလို့မရတော့ဘူးလား?
ဒီအတွေးက သူ့စိတ်ထဲပေါ်လာတာနဲ့တစ်ပြိုင်နက်
သူ့ရှေ့က စိတ်ကူးယဉ်ကမ္ဘာက
ပျောက်ကွယ်သွားတော့သည်။
ရင်းနှီးနေတဲ့ခေတ်သစ်အသွင်အပြင်က
ဒါကအိပ်မက်တစ်ခုသာမဟုတ်ခဲ့ရင်
အလွန်ဝေးကွာတဲ့တစ်နေရာလို့ သူထင်မိမှာပဲ။
သူက ယူရှောင်းမိုလို့ခေါ်သေးပေမယ့်
သူ့ခန္ဓာကိုယ်ကမတူတော့ဘူး၊
သူကမတူညီတဲ့ကမ္ဘာတစ်ခုက ဖြစ်နေပြီ။
တစ်ရက်ရက်ကျရင်တော့ သူပြန်သွားရင်
သွားမှာပေါ့...ဒါပေမယ့် အခုတော့မဟုတ်သေးဘူး။
အဖြူရောင်နံရံတွေက ကွာကျသွားပြီး
သူ့အောက်ကရွှေရောင်ထွက်လာတယ်။
၎င်းကတောက်ပတဲ့ရွှေရောင်အဖြစ်လင်းလက်
လာတဲ့အခါ သူကနံရံလေးဘက်ရှိတဲ့
အနက်ရောင်သေတ္တာတစ်ခုထဲမှာ
ပိတ်မိနေပုံပေါ် တယ်။
ယူရှောင်းမိုက နံရံကိုထိလိုက်ရင်း
လျှောက်သွားလိုက်တယ်။ အဲ့ဒီ့နောက်
သူအသံမထွက်လိုက်နိုင်ခင်မှာ
အားပြင်းပြင်းတစ်ခုက သူ့ကိုနံရံထဲစုပ်ယူသွား
တော့သည်။
တစ်ချိန်တည်းမှာပဲ ယန်ဟွေ့နဲ့ ချန်ရှန်းရုန်က
အပြင်ဘက်မှာ သုံးလေးနာရီလောက်
စောင့်ပြီးတဲ့နောက်မှာစိတ်ပူပင်လာကြတော့တယ်။
ယူရှောင်းမိုထွက်မလာသေးဘူးဆိုရင်
ပြိုင်ပွဲလွတ်တော့မယ်၊ ဒါဆိုရင်
သူ့ကိုဒီနေရာခေါ်လာခဲ့တဲ့အတွက် သူတို့အမှားပဲ။
" အကြံပေးခင်ဗျ... ယူရှောင်းဟာ
ဘယ်ချိန်ထွက်လာမှာလဲ?" နောက်ဆုံးမှာတော့
ချန်ရှန်းရုန်က သတ္တိတင်လိုက်ပြီး
အကြံပေးကိုသွားမေးလိုက်သည်။
အကြံပေးက သူတို့ကိုအေးစက်စက်တစ်ချက်
ကြည့်လိုက်ပြီး " လူတိုင်းက အချိန်နံရံထဲမှာ
သူတို့ရဲ့အခွင့်အရေးရကြတယ်.... အချိန်ကတော့
သူတို့ရဲ့ကံပေါ် မှာပဲမူတည်တယ်။
ကံကောင်းရင် သုံရက်လောက်ကြာပြီးတော့
ကံမကောင်းရင်တော့ ချက်ချင်းထွက်လာ
လိမ့်မယ်"
ယူရှောင်းမိုက ကံကောင်းပုံရတာကြောင့်
ယန်ဟွေ့နှင့် ချန်ရှန်းရုန်က ပိုလို့တောင်
ပူပင်လာကြတော့၏။
ယန်ဟွေ့က အပြစ်ရှိသလိုခံစားနေရတယ်၊
သူသာယူရှောင်းမိုကို ဒီနေရာခေါ်လာဖို့
ခေါင်းမာမနေခဲ့ရင် ဒီလိုတွေဖြစ်လာမှာ
မဟုတ်ဘူး။ သူတို့က လာကြည့်ရုံသာ
ဖြစ်ပေမယ့် အကြံပေးကသူ့ကို
ဒီတိုင်းပဲဝင်ခွင့်ပြုလိုက်မယ်လို့ မထင်ခဲ့ဘူး။
သူတို့တွေ အိုးပူပူပေါ် က ပုရွက်ဆိတ်တွေလို
ဖြစ်နေကြတဲ့အချိန်မှာပဲ လင်းရှောင်ရောက်လာ၏။
လင်းရှောင်က ယူရှောင်းမိုကို သူတို့အခန်းမှာ
မတွေ့ဘူး၊ စာတိုလဲရေးမထားခဲ့ဘူး၊
ဒါ့ကြောင့်နေဝင်ခါနီးတော့မယ်ဆိုတော့
သူပြန်လာတော့မယ်လို့ထင်ခဲ့သည်။
ထို့ကြောင့် သူကသွားမရှာခဲ့ပေ၊ ဒါပေမယ့်လည်း
နာရီဝက်ကြာပြီးတဲ့နောက်မှာလဲ သူ့အရိပ်ကိုတောင်
မတွေ့ရဘူး.....သူကနောက်ဆုံးတော့
သံသယဝင်လာခဲ့သည်။
သူ အထပ်ခြောက်ဆယ်ကိုပတ်မေးပြီးတော့မှ
စိတ်သောကကြောင့်ပြာကျတော့မယ့်
ချန်ရှန်းရုန်နဲ့ယန်ဟွေ့ကို တွေ့လိုက်ရတယ်။
နှစ်ယောက်သားက သူ့ကိုမြင်တဲ့အခါ
သူတို့ရဲ့ကယ်တင်ရှင်ကိုတွေ့လိုက်ရတဲ့အလား
ချက်ချင်းပင်အံ့အားသင့်သွားတဲ့မျက်နှာများ
ဖြစ်သွားသည်၊ သို့သော် နောက်စက္ကန့်တွင်
သူတို့ကခြောက်ကပ်သွားပြီး
အပြစ်ရှိစိတ်ဖြစ်သွားကြ၏။
"သူဘယ်မှာလဲ?" လင်းရှောင်က လျှောက်သွား
လိုက်ပြီး တည်တည်ငြိမ်ငြိမ်မေးလိုက်တယ်။
ယန်ဟွေ့က စကားမပြောရဲဘူး။
ချန်ရှန်းရုန်က တစ်ခုခုကိုမထင်မရှားရေရွတ်လိုက်ပြီး
ခက်ခက်ခဲခဲပြောလိုက်သည်
"သူက အချိန်နံရံထဲမှာ၊ သူဘယ်ချိန်ထွက်လာမလဲ
ဆိုတာ ငါတို့မသိဘူး"
သူတို့စိတ်သောကရောက်နေရတဲ့အကြောင်းရင်းကို
လင်းရှောင်က ချက်ချင်းခန့်မှန်းမိလိုက်တယ်၊
သူသိသလောက်ဆိုရင် ယူရှောင်းမိုက
ဒီနေရာကို သူ့ဘာနဲ့သူလာမှာမဟုတ်ဘူး။
အဲ့နေ့မနက်က သူက သူ့မှော်ဆေးပင်တွေကို
ပြန်စီပြီး မနေ့ကအရွေးခံလိုက်ရတာကံကောင်း
တယ်လို့တောင်ပြောနေသေးတယ်၊
သူသာ အချိန်နံရံကနေ
နောက်တစ်နေ့ပြိုင်ပွဲအတွက်အချိန်မီမထွက်
လာနိုင်ခဲ့ရင် နောင်တရနေတော့မှာပဲ။
"မင်းတို့တွေ သူအချိန်မီထွက်လာနိုင်အောင်
ဆုတောင်းနေရင်ကောင်းမယ်"
သူတို့နှစ်ယောက်က တိတ်ဆိတ်နေတယ်၊
သူတို့ဆုတောင်းတာ အကြိမ်ပေါင်းရာချီထောင်ချီ
နေပြီ။
ဒီလိုနဲ့စောင့်နေတဲ့လူက နှစ်ယောက်ကနေသုံးယောက်
ဖြစ်သွားတော့တယ်။
ခဏကြာတော့နေဝင်သွားတယ်။ ကျင့်ကြံသူတွေက
မအိပ်ပဲ လအနဲငယ်လောက်နေနိုင်ပေမယ့်
လူတိုင်းမှာ အရင်ကလိုအိပ်ကျင့်ရှိနေသေးတယ်။
ထို့ကြောင့် စင်္ကြံလမ်းကလူရှင်းသွားပြီး
လူရိပ်သုံးခုပဲကျန်ခဲ့ကာ အလင်းရောင်ကြောင့်
သူတို့အရိပ်ကညှို့မှိုင်းအေးစက်စွာ
ရှည်ထွက်နေသည်။
တစ်ခြားလူတစ်ယောက်သာဆိုရင်
ချန်ရှန်းရုန်နဲ့ ယန်ဟွေ့ကို ပြန်သွားဖို့ပြောလောက်မယ်
ဆိုပေမယ့် လင်းရှောင်ကအဲ့လောက်ထိ
သဘောမကောင်းဘူး။ သူမြင်နေရမှတော့
ကိုယ့်အမှားအတွက်ကိုယ်ပြန်ဆပ်ရမှာက
ပုံမှန်ပဲ။
နေရောင်က ပြတင်းပေါက်က
တစ်ဆင့်ဝင်လာပြီး ကြမ်းပြင်ကိုရွှေရောင်
ခြယ်မှုန်းထား၏၊
နေထွက်လာပြီး နေ့သစ်တစ်ရက်ရဲ့အစကို
ရောက်လာတယ်၊ ဒါပေမယ့် တိတ်ဆိတ်နေတဲ့
ရွှေရောင်မျှော်စင်က ဘာလှုပ်ရှားမှုမှရှိမနေဘူး။
ပြိုင်ပွဲအချိန်ကနီးကပ်လာနေပေမယ့်
ယူရှောင်းမိုက ထွက်မလာသေးပေ။
ခြောက်ခုမြောက်ပြိုင်ပွဲကွင်းက
အထပ်ခြောက်ဆယ်ကနေသိပ်မဝေးတာကြောင့်
ချောင်ဝူရှင်းနဲ့ထျန်ရှင်းက စစ်ဆေးကြည့်ဖို့
တက်လာကြ၏။
"သူထွက်မလာသေးဘူးလား?"
ထျန်ရှင်းက ခပ်လှမ်းလှမ်းကမျှော်စင်ကို
ကြည့်ရင်းမေးလိုက်တယ်။ သူမဒီနေရာကို
အရင်ကရောက်ဖူးတယ်၊ ဒါပေမယ့်
အစွန်အဖျားထိပဲ၊ ဒါ့ကြောင့်
အထဲမှာဘာရှိလဲဆိုတာ သူမတောင်မှမသိဘူး။
ယန်ဟွေ့က တွန့်ဆုတ်တွန့်ဆုတ်နဲ့ ခေါင်းညိမ့်
လိုက်တယ်။
ထျန်ရှင်းက ဗလုံးဗထွေးမေးလိုက်၏
"ဘာမှားနေလို့လဲ? ပြိုင်ပွဲကနောက်နာရီဝက်
နေရင်စတော့မှာ....နင်တို့တွေ မပြင်ကြတော့
ဘူးလား? နင်တို့စိတ်အခြေအနေက
သိပ်ကောင်းမနေသလိုပဲ"
ချောင်ဝူရှင်းက ထျန်ရှင်းကိုဆွဲလိုက်ပြီး
စကားရပ်ဖို့အရိပ်အကဲပြလိုက်သည်
"ငါမြင်တာအရတော့ မင်းတို့နှစ်ယောက်
ဆက်မစောင့်သင့်ဘူး၊ အချိန်ကျရင်
သူထွက်လာပါလိမ့်မယ်။ အရမ်းစိတ်မပူနဲ့၊
ယူရှောင်းဟာရဲ့ပြိုင်ပွဲက မနက်ခင်းမှာ
မဟုတ်တာလဲဖြစ်နိုင်တာပဲ၊ ဒီအတွက်နဲ့
မင်းတို့ရဲ့ပြိုင်ပွဲတွေကို မမေ့နဲ့ဦး"
နေနေလဲ အကျိုးမရှိတာကြောင့်
နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်က
အရင်ထွက်သွားလိုက်ကြတော့တယ်။
ချောင်ဝူရှင်းနဲ့ထျန်ရှင်းမှာလဲ ပြိုင်ပွဲတွေရှိသေး
တာကြောင့် ကျန်ခဲ့တဲ့တစ်ယောက်တည်းသောသူက
လင်းရှောင်ဖြစ်သည်။
လင်းရှောင်ကသူတို့ရဲ့ထွက်ခွာသွားတဲ့ကျောပြင်
တွေကို တစ်ချက်ကြည့်လိုက်ပြီး
သူ့အကြည့်ကို မျှော်စင်အောက်မှာရှိတဲ့
တင်းတင်းကြပ်ကြပ်ပိတ်ထားတဲ့တံခါးလေးဆီ
တိတ်တဆိတ်ပြန်လှည့်လိုက်သည်။
သူ့မျက်လုံးများထဲတွင် နားလည်ဖို့မလွယ်တဲ့
မှောင်မိုက်တဲ့အလင်းတစ်ချက်လက်သွား၏။
အချိန်ကနီးကပ်လာပြီး ပြိုင်ပွဲတွေစတင်တော့သည်။
သွေးပူနေတဲ့ခြောက်ခုမြောက်ပြိုင်ပွဲကွင်းပြင်က
အသံတွေ စိတ်လှုပ်ရှားမှုတွေနဲ့ဆူညံနေပြီး
လူတိုင်းက ပြိုင်ပွဲကောင်းကောင်းအတွက်
စိတ်မရှည်စွာစောင့်မျှော်နေကြသည်။
အခုတော့ ချောင်ဝူရှင်းတို့အုပ်စုရှိနေတဲ့
ပြိုင်ပွဲကွင်းပြင်ဖြစ်နေသရွေ့ လူအပြည့်ရှိတတ်၏။
ခြောက်ခုမြောက်ပြိုင်ပွဲကွင်းပြင်က မူလအားဖြင့်
အဆင့်ခြောက်မှော်ဆရာတွေပါဝင်တာဖြစ်ပေမယ့်
လည်း အဆင့်ခုနစ်၊ ဒါမှမဟုတ် အဆင့်မြင့်
မှော်ဆရာအနဲငယ်လဲ ရှိတတ်သည်။
သူတို့ကပိုမိုသန်မာကြပေမယ့်
အများစုကပိုမြင့်တဲ့ပြိုင်ပွဲကွင်းပြင်ကနေ
ရှုံးနိမ့်ပြီးအောက်ကျလာခဲ့ကြခြင်းဖြစ်၏။
အချိန်ကျလာတဲ့အခါ ကျောက်စိမ်းပြားက
စိန်ခေါ်သူနဲ့ ယှဉ်ပြိုင်သူနာမည်များ
စတင်ပြသတော့သည်။
ယန်ဟွေ့နဲ့ ချန်ရှန်းရုန်က နာမည်တစ်ခုခုကို
လွတ်သွားမှာစိုးသည့်အလား ပိတ်ကားကို
အသေစိုက်ကြည့်နေပြီး နောက်ဆုံးနာမည်
ပေါ်လာတဲ့အခါ သူတို့ကစိတ်သက်သာရာရသွား
ကာ သက်ပြင်းချလိုက်တော့၏။
သို့သော် သူတို့သက်ပြင်းချတာစောလွန်းနေတယ်။
ကျောက်စိမ်းပြားက ပြန်လည်လှည့်ပတ်လိုက်ပြီး
နာမည်စာရင်းအသစ်တစ်ခုပြသသည့်အခါ
အထင်ကြီးဖို့ကောင်းလောက်အောင်
ယူရှောင်းမိုနာမည်ကပါနေ၏။ အမှန်တရားက
ပြနေသလိုပဲ သူ့ကံကအမြဲတမ်းအံ့အားသင့်စရာ
ကောင်းတယ်၊ သူ့ရဲ့ပြိုင်ပွဲသုံးခုလုံးမှာ
သူကပထမပွဲစဉ်မှာမပါရင် ဒုတိယပွဲကျ
ပါတော့တာပဲ။
ယန်ဟွေ့နဲ့ ချန်ရှန်းရုန်ရဲ့အမူအရာက
'ကောင်းကင်ကြီးသူတို့ပေါ်ပြိုကျသွား' သလို
ဖြစ်သွားကြတော့သည်။
"ယူရှောင်းဟာက ဘာလို့မရှိနေတာလဲ?
သူကပေါ်လာဖို့ မတရားကြောက်နေတာများလား?"
အန်းချောင်က ယူရှောင်းဟာဒီမှာမရှိဘူးဆိုတာ
သတိထားမိပြီးဖြစ်ကာ သူ့ကိုလှောင်ဖို့
ရသမျှအခွင့်အရေးကိုသုံးနေသည်။
သူပြောပြီးတဲ့နောက်မှာ မရေမတွက်နိုင်လောက်တဲ့
အေးစက်စက်တွေအကြည့်တွေကိုရလိုက်တော့သည်၊
သွားကြားထဲကနေ ပြောင်ပြောင်တင်းတင်း
လိမ်နိုင်တာကလဲ ပါရမီတစ်ခုပဲ။
ယူရှောင်းမိုရဲ့ပြိုင်ဖက်က ခုနစ်ဆယ့်တစ်ထပ်သ်ို့
အရင်ကရောက်ခဲ့ဖူးသည့် လူသိများသော
စီနီယာတစ်ယောက်ဖြစ်သည်။
နောက်ပိုင်းမှာ ချက်ချင်းနီးပါးအရိုက်ခံခဲ့ရပေမယ့်
လို့လည်းလေ။ ဒါပေမယ့်လည်း
သူ့မှာပြိုင်ပွဲအတွေ့အကြုံတော်တော်များများ
ရှိသေးသည်။
သူ့နာမည်ကိုမြင်ပြီးတဲ့နောက် သူက
မျက်နှာချင်းဆိုင်ကအုပ်စုကိုကြည့်လိုက်တယ်၊
ယူရှောင်းမိုကိုဘယ်မှာမှမတွေ့ရဘူး။
သူကအေးစက်စက်ရယ်လိုက်ပြီး
ကိုယ့်ကိုကိုယ်အထင်ကြီးသွား၏။
တစ်ချိန်တည်းမှာပဲ တစ်ညလုံးစောင့်နေခဲ့တဲ့
လင်းရှောင်က ရွှေရောင်မျှော်စင်ကနေ
လှုပ်ရှားမှုအချို့နဲ့ဆုံလိုက်ရတော့တယ်။
တံခါးငယ်လေးပွင့်သွားတဲ့အခါ
အရိပ်တစ်ခုထွက်လာပြီး တစ်စုံတစ်ခု
လိုက်တာခံနေရသကဲ့သို့ ဖင်မီးလောင်နေသလို
ပြေးထွက်လာသည်။ သူကတံခါးဘေးမှာ
ရပ်နေတဲ့လင်းရှောင်ကိုတောင် သတိမပြုမိဘဲ
ခေါင်းနဲ့ဝင်တိုက်မိသွားတယ်။
သူကရုန်းတော့မယ့်အချိန်မှာပဲ ရင်းနှီးနေတဲ့ရနံ့ကို
ရလိုက်ပြီး ယူရှောင်းမိုကသူ့ကိုဖက်လိုက်တယ်။
သူကအံ့အားသင့်စွာနဲ့ခေါင်းမော့လိုက်ကာ
"ဘာလို့ဒီရောက်နေတာလဲ"
"ဒါပေါ့..မင်းကိုလာကြိုတာလေ"
လင်းရှောင်က သူ့ခါးကိုလက်တစ်ဖက်နဲ့
ဖက်ထားလိုက်တယ်၊
ယူရှောင်းမိုက သူဒီရောက်နေတယ်ဆိုတာ
ဘယ်လိုသိလဲလို့မေးတော့မယ့်အချိန်မှာပဲ
တောက်ပနေတဲ့နေရောင်ကိုတွေ့လိုက်ရတော့သည်။
သူ့အမူအရာက ရုတ်ခြည်းပြောင်းလဲသွားပြီး
"အခုဘယ်ချိန်ရှိပြီလဲ?"
လင်းရှောင်- "ပြိုင်ပွဲချိန်"
ယူရှောင်းမို- "..........."
____________
Zawgyi
အပိုင္း၄၄၀- ၿပိဳင္ပဲြခ်ိန္
ယူေရွာင္းမိုက ေကာလိပ္ဝင္ခြင့္စာေမးပဲြမတိုင္ခင္
တစ္လအလို၌ သူ႔တိုက္ခန္းတြင္ေပါက္ကဲြမႈ
တစ္ခုေၾကာင့္ ေသဆံုးခဲ့ရတာကို သတိရသြား
သည္။ သူကစာေမးပဲြေတာင္မေျဖရေသးတာ
ဘယ္လိုလုပ္ၿပီးေကာလိပ္တက္မွာလဲ?
သို႔ေပမယ့္ ၄ကအိပ္မက္တစ္ခုျဖစ္ေနတယ္ဆိုတာ
ကို သိသြားေစတဲ့အရာက အျခားအခ်က္တစ္ခ်က္
ျဖစ္သည္။
သူငယ္ငယ္ေလးကတည္းကရိွခဲ့တဲ့
အႀကီးမားဆံုးရန္ၿငိဳးက ယူေပၚနဲ႔တစ္ခန္းထဲမ်ွသံုး
ရတာပဲ။ လူတိုင္းမွာသူတို႔ရဲ့ကိုယ္ပိုင္
လ်ိႈ႔ဝွက္ခ်က္ေလးေတြရိွတတ္ၾကၿပီး
ယူေရွာင္းမိုကလဲခၽြင္းခ်က္မဟုတ္ေပ၊
သို႔ေသာ္ တစ္ေယာက္ေယာက္နဲ႔
အခန္းမ်ွသံုးရတဲ့အခါ ထားစရာလ်ိႈ႔ဝွက္ခ်က္
မရိွေတာ့ေခ်။ ဒါတင္မကေသးဘူး..
ယူေပၚက သူ႔ပစၥည္းေတြကိုမၾကာခဏ
ေလ်ွာက္ကိုင္တတ္ေသးတယ္။
ေနာက္က်ေတာ့...သူရဲ့လြတ္လပ္မႈကိုရခဲ့တယ္၊
သူအျပင္ေျပာင္းသြားခဲ့ေပမယ့္လည္း
တစ္ခါတစ္ရံမွာ ယူေပၚနဲ႔ယူလုက သူ႔တိုက္ခန္းဆီ
တစ္ေယာက္ၿပီးတစ္ေယာက္
ေရာက္ခ်လာတတ္သည္။ ဒါ့ေၾကာင့္
အဆံုးမွာေတာ့ သူတို႔လက္ထဲကေနမလြတ္ေျမာက္
ႏိုင္ဘဲ၊ သူတို႔ေတြညလံုးေပါက္ေနၾကတဲ့အခါဆိုရင္
အခန္းမ်ွသံုးရတာပါပဲ။
ဒါေပမယ့္ သူအခုေလးတင္ဘာၾကားလိုက္ရတာလဲ?
ယူေပၚက သူ႔ရဲ့ေကာလိပ္ယူနီေဖာင္းက
သူ႔အခန္းထဲမွာလို႔ေျပာၿပီး ကိုယ္တိုင္
လာယူဖို႔ေျပာေနတယ္။
ဟုတ္ၿပီ....အေရးႀကီးတဲ့အပိုင္းက
အစပဲ။
ယူေပၚက တကယ္ပဲအျခားအခန္းတစ္ခန္းမွာ
အိပ္ခဲ့တယ္။ အစကတည္းက...ေျပာရမယ္ဆိုရင္
သူေမြးကတည္းက ဘယ္လိုအေျခအေနမ်ိဳးမွာပဲ
ျဖစ္ျဖစ္ တစ္ခန္းတည္းတူတူအိပ္ခဲ့ၾကတာ။
ယူေပၚ ဘာမွမသိေသးခင္ကတည္းက
သူ႔ကို ညခင္းမွာယူေရွာင္းမိုနဲ႔ခဲြလိုက္တာနဲ႔ သူက
အငိုမရပ္ေတာ့ဘူး။ သူ႔ငိုသံကက်ယ္လြန္းလို႔
ပိုင္ရွင္အစအေစခံအဆံုး အိမ္မွာရိွတဲ့ဘယ္သူမွ
အိပ္လို႔မရဘူး။ အိမ္နီးခ်င္းေတြကိုေတာင္
ႏိုးေစတယ္။
ယူလုကလဲ တစ္ခါတစ္ရံ
သူ႔ကိုေနွာင့္ယွက္တတ္ေပမယ့္ ယူေပၚ လိုမဟုတ္ဘူး။
အခ်ိန္အမ်ားစုက သူ႔ကိုတည္ၿငိမ္ေအာင္
လုပ္ေပးဖို႔ၾကားဝင္လာတာၾကၫ့္ပဲ။
သူ႔ေပၚမွာ ဒီလိုႀကီးမားတဲ့အျမင္က်န္ခဲ့ေစတာေၾကာင့္
ယူေရွာင္းမိုက တစ္ခါမွမေမ့ခဲ့ဖူးဘူး။
ထို႔ေၾကာင့္ ယူေပၚ ကထိုစကားမ်ားကို
ေျပာလိုက္သၫ့္အခါ သူ႔ေခါင္းထဲတြင္
ဤပံုရိပ္မ်ားခ်က္ခ်င္းပင္ေပၚလာေတာ့၏။
သူကအိပ္မက္မက္ေနတာ...အိပ္မက္ထဲက
အိပ္မက္ပဲ။ ဘာလင္းေရွာင္(Lin Xiao)လဲ
ေသာက္ေရးမပါတာ.......
ဘာ 'သတ္ျဖတ္ခဲ့တဲ့အခ်စ္လဲ' -ဒါက
အိပ္မက္ဆိုးသက္သက္ပဲ။
သူႀကိဳက္တဲ့တစ္ေယာက္က လင္းေရွာင္
(Ling Xiao) လို႔ေခၚၿပီး လင္းေရွာင္(Lin Xiao)
မဟုတ္ဘူး၊ ေနာက္ၿပီးသူ႔ႏွလံုးသားကို
ခပ္ထုတ္တယ္? အဓိပၸါယ္မရိွတာ...
ေန့ခင္းမွာ မင္းေတြးေနတဲ့အရာကို
အိပ္မက္ထဲမွာျပန္မက္တယ္တဲ့....ဒါေပမယ့္...
ဒီလင္းေရွာင္(Lin Xiao) ဆိုတဲ့လူကို
သူေမ့သြားတာ ႏွစ္တစ္ရာေလာက္ေတာင္
ရိွေနေပါ့၊ အခုမွဘာလို႔သူ႔အေၾကာင္းေတြး
ရမွာလဲ? ဒါတင္မဟုတ္ေသးဘဲ
အခ်စ္အမုန္းဆက္ဆံေရးေတာင္ရိွလိုက္ေသးတယ္?
ယူေပၚကိုေတြ့ရတဲ့အိပ္မက္အတြက္ကေတာ့
သူေသသြားတုန္းက ဖုန္ေတာင္မက်န္ခဲ့တာကို
ဘယ္လိုလုပ္ျပန္ေရာက္လာၿပီး
ေကာလိပ္သြားတက္လို႔ရမွာလဲ?
တကယ္ႀကီးလား… ဒီအိပ္မက္ေတြထဲကို
နဲနဲေလာက္ပိုအားစိုက္ေပးလို႔မရေတာ့ဘူးလား?
ဒီအေတြးက သူ႔စိတ္ထဲေပၚလာတာနဲ႔တစ္ၿပိဳင္နက္
သူ႔ေရ႔ွက စိတ္ကူးယဉ္ကမ႓ာက
ေပ်ာက္ကြယ္သြားေတာ့သည္။
ရင္းႏွီးေနတဲ့ေခတ္သစ္အသြင္အျပင္က
ဒါကအိပ္မက္တစ္ခုသာမဟုတ္ခဲ့ရင္
အလြန္ေဝးကြာတဲ့တစ္ေနရာလို႔ သူထင္မိမွာပဲ။
သူက ယူေရွာင္းမိုလို႔ေခၚေသးေပမယ့္
သူ႔ခႏၶာကိုယ္ကမတူေတာ့ဘူး၊
သူကမတူညီတဲ့ကမ႓ာတစ္ခုက ျဖစ္ေနၿပီ။
တစ္ရက္ရက္က်ရင္ေတာ့ သူျပန္သြားရင္
သြားမွာေပါ့...ဒါေပမယ့္ အခုေတာ့မဟုတ္ေသးဘူး။
အျဖဴေရာင္နံရံေတြက ကြာက်သြားၿပီး
သူ႔ေအာက္ကေရႊေရာင္ထြက္လာတယ္။
၄ကေတာက္ပတဲ့ေရႊေရာင္အျဖစ္လင္းလက္
လာတဲ့အခါ သူကနံရံေလးဘက္ရိွတဲ့
အနက္ေရာင္ေသတၲာတစ္ခုထဲမွာ
ပိတ္မိေနပံုေပၚ တယ္။
ယူေရွာင္းမိုက နံရံကိုထိလိုက္ရင္း
ေလ်ွာက္သြားလိုက္တယ္။ အဲ့ဒီ့ေနာက္
သူအသံမထြက္လိုက္ႏိုင္ခင္မွာ
အားျပင္းျပင္းတစ္ခုက သူ႔ကိုနံရံထဲစုပ္ယူသြား
ေတာ့သည္။
တစ္ခ်ိန္တည္းမွာပဲ ယန္ေဟြ့နဲ႔ ခ်န္ရွန္းရုန္က
အျပင္ဘက္မွာ သံုးေလးနာရီေလာက္
ေစာင့္ၿပီးတဲ့ေနာက္မွာစိတ္ပူပင္လာၾကေတာ့တယ္။
ယူေရွာင္းမိုထြက္မလာေသးဘူးဆိုရင္
ၿပိဳင္ပဲြလြတ္ေတာ့မယ္၊ ဒါဆိုရင္
သူ႔ကိုဒီေနရာေခၚလာခဲ့တဲ့အတြက္ သူတို႔အမွားပဲ။
" အႀကံေပးခင္ဗ်... ယူေရွာင္းဟာ
ဘယ္ခ်ိန္ထြက္လာမွာလဲ?" ေနာက္ဆံုးမွာေတာ့
ခ်န္ရွန္းရုန္က သတၲိတင္လိုက္ၿပီး
အႀကံေပးကိုသြားေမးလိုက္သည္။
အႀကံေပးက သူတို႔ကိုေအးစက္စက္တစ္ခ်က္
ၾကၫ့္လိုက္ၿပီး " လူတိုင္းက အခ်ိန္နံရံထဲမွာ
သူတို႔ရဲ့အခြင့္အေရးရၾကတယ္.... အခ်ိန္ကေတာ့
သူတို႔ရဲ့ကံေပၚ မွာပဲမူတည္တယ္။
ကံေကာင္းရင္ သံုရက္ေလာက္ၾကာၿပီးေတာ့
ကံမေကာင္းရင္ေတာ့ ခ်က္ခ်င္းထြက္လာ
လိမ့္မယ္"
ယူေရွာင္းမိုက ကံေကာင္းပံုရတာေၾကာင့္
ယန္ေဟြ့ႏွင့္ ခ်န္ရွန္းရုန္က ပိုလို႔ေတာင္
ပူပင္လာၾကေတာ့၏။
ယန္ေဟြ့က အျပစ္ရိွသလိုခံစားေနရတယ္၊
သူသာယူေရွာင္းမိုကို ဒီေနရာေခၚလာဖို႔
ေခါင္းမာမေနခဲ့ရင္ ဒီလိုေတျြဖစ္လာမွာ
မဟုတ္ဘူး။ သူတို႔က လာၾကၫ့္ရံုသာ
ျဖစ္ေပမယ့္ အႀကံေပးကသူ႔ကို
ဒီတိုင္းပဲဝင္ခြင့္ျပဳလိုက္မယ္လို႔ မထင္ခဲ့ဘူး။
သူတို႔ေတြ အိုးပူပူေပၚ က ပုရြက္ဆိတ္ေတြလို
ျဖစ္ေနၾကတဲ့အခ်ိန္မွာပဲ လင္းေရွာင္ေရာက္လာ၏။
လင္းေရွာင္က ယူေရွာင္းမိုကို သူတို႔အခန္းမွာ
မေတြ့ဘူး၊ စာတိုလဲေရးမထားခဲ့ဘူး၊
ဒါ့ေၾကာင့္ေနဝင္ခါနီးေတာ့မယ္ဆိုေတာ့
သူျပန္လာေတာ့မယ္လို႔ထင္ခဲ့သည္။
ထို႔ေၾကာင့္ သူကသြားမရွာခဲ့ေပ၊ ဒါေပမယ့္လည္း
နာရီဝက္ၾကာၿပီးတဲ့ေနာက္မွာလဲ သူ႔အရိပ္ကိုေတာင္
မေတြ့ရဘူး.....သူကေနာက္ဆံုးေတာ့
သံသယဝင္လာခဲ့သည္။
သူ အထပ္ေျခာက္ဆယ္ကိုပတ္ေမးၿပီးေတာ့မွ
စိတ္ေသာကေၾကာင့္ျပာက်ေတာ့မယ့္
ခ်န္ရွန္းရုန္နဲ႔ယန္ေဟြ့ကို ေတြ့လိုက္ရတယ္။
ႏွစ္ေယာက္သားက သူ႔ကိုျမင္တဲ့အခါ
သူတို႔ရဲ့ကယ္တင္ရွင္ကိုေတြ့လိုက္ရတဲ့အလား
ခ်က္ခ်င္းပင္အံ့အားသင့္သြားတဲ့မ်က္ႏွာမ်ား
ျဖစ္သြားသည္၊ သို႔ေသာ္ ေနာက္စကၠန႔္တြင္
သူတို႔ကေျခာက္ကပ္သြားၿပီး
အျပစ္ရိွစိတ္ျဖစ္သြားၾက၏။
"သူဘယ္မွာလဲ?" လင္းေရွာင္က ေလ်ွာက္သြား
လိုက္ၿပီး တည္တည္ၿငိမ္ၿငိမ္ေမးလိုက္တယ္။
ယန္ေဟြ့က စကားမေျပာရဲဘူး။
ခ်န္ရွန္းရုန္က တစ္ခုခုကိုမထင္မရွားေရရြတ္လိုက္ၿပီး
ခက္ခက္ခဲခဲေျပာလိုက္သည္
"သူက အခ်ိန္နံရံထဲမွာ၊ သူဘယ္ခ်ိန္ထြက္လာမလဲ
ဆိုတာ ငါတို႔မသိဘူး"
သူတို႔စိတ္ေသာကေရာက္ေနရတဲ့အေၾကာင္းရင္းကို
လင္းေရွာင္က ခ်က္ခ်င္းခန႔္မွန္းမိလိုက္တယ္၊
သူသိသေလာက္ဆိုရင္ ယူေရွာင္းမိုက
ဒီေနရာကို သူ႔ဘာနဲ႔သူလာမွာမဟုတ္ဘူး။
အဲ့ေန့မနက္က သူက သူ႔ေမွာ္ေဆးပင္ေတြကို
ျပန္စီၿပီး မေန့ကအေရြးခံလိုက္ရတာကံေကာင္း
တယ္လို႔ေတာင္ေျပာေနေသးတယ္၊
သူသာ အခ်ိန္နံရံကေန
ေနာက္တစ္ေန့ၿပိဳင္ပဲြအတြက္အခ်ိန္မီမထြက္
လာႏိုင္ခဲ့ရင္ ေနာင္တရေနေတာ့မွာပဲ။
"မင္းတို႔ေတြ သူအခ်ိန္မီထြက္လာႏိုင္ေအာင္
ဆုေတာင္းေနရင္ေကာင္းမယ္"
သူတို႔ႏွစ္ေယာက္က တိတ္ဆိတ္ေနတယ္၊
သူတို႔ဆုေတာင္းတာ အႀကိမ္ေပါင္းရာခ်ီေထာင္ခ်ီ
ေနၿပီ။
ဒီလိုနဲ႔ေစာင့္ေနတဲ့လူက ႏွစ္ေယာက္ကေနသံုးေယာက္
ျဖစ္သြားေတာ့တယ္။
ခဏၾကာေတာ့ေနဝင္သြားတယ္။ က်င့္ႀကံသူေတြက
မအိပ္ပဲ လအနဲငယ္ေလာက္ေနႏိုင္ေပမယ့္
လူတိုင္းမွာ အရင္ကလိုအိပ္က်င့္ရိွေနေသးတယ္။
ထို႔ေၾကာင့္ စႀကၤံလမ္းကလူရွင္းသြားၿပီး
လူရိပ္သံုးခုပဲက်န္ခဲ့ကာ အလင္းေရာင္ေၾကာင့္
သူတို႔အရိပ္ကၫွို႔မိႈင္းေအးစက္စြာ
ရွည္ထြက္ေနသည္။
တစ္ျခားလူတစ္ေယာက္သာဆိုရင္
ခ်န္ရွန္းရုန္နဲ႔ ယန္ေဟြ့ကို ျပန္သြားဖို႔ေျပာေလာက္မယ္
ဆိုေပမယ့္ လင္းေရွာင္ကအဲ့ေလာက္ထိ
သေဘာမေကာင္းဘူး။ သူျမင္ေနရမွေတာ့
ကိုယ့္အမွားအတြက္ကိုယ္ျပန္ဆပ္ရမွာက
ပံုမွန္ပဲ။
ေနေရာင္က ျပတင္းေပါက္က
တစ္ဆင့္ဝင္လာၿပီး ၾကမ္းျပင္ကိုေရႊေရာင္
ျခယ္မႈန္းထား၏၊
ေနထြက္လာၿပီး ေန့သစ္တစ္ရက္ရဲ့အစကို
ေရာက္လာတယ္၊ ဒါေပမယ့္ တိတ္ဆိတ္ေနတဲ့
ေရႊေရာင္ေမ်ွာ္စင္က ဘာလႈပ္ရွားမႈမွရိွမေနဘူး။
ၿပိဳင္ပဲြအခ်ိန္ကနီးကပ္လာေနေပမယ့္
ယူေရွာင္းမိုက ထြက္မလာေသးေပ။
ေျခာက္ခုေျမာက္ၿပိဳင္ပဲြကြင္းက
အထပ္ေျခာက္ဆယ္ကေနသိပ္မေဝးတာေၾကာင့္
ေခ်ာင္ဝူရွင္းနဲ႔ထ်န္ရွင္းက စစ္ေဆးၾကၫ့္ဖို႔
တက္လာၾက၏။
"သူထြက္မလာေသးဘူးလား?"
ထ်န္ရွင္းက ခပ္လွမ္းလွမ္းကေမ်ွာ္စင္ကို
ၾကၫ့္ရင္းေမးလိုက္တယ္။ သူမဒီေနရာကို
အရင္ကေရာက္ဖူးတယ္၊ ဒါေပမယ့္
အစြန္အဖ်ားထိပဲ၊ ဒါ့ေၾကာင့္
အထဲမွာဘာရိွလဲဆိုတာ သူမေတာင္မွမသိဘူး။
ယန္ေဟြ့က တြန႔္ဆုတ္တြန႔္ဆုတ္နဲ႔ ေခါင္းညိမ့္
လိုက္တယ္။
ထ်န္ရွင္းက ဗလံုးဗေထြးေမးလိုက္၏
"ဘာမွားေနလို႔လဲ? ၿပိဳင္ပဲြကေနာက္နာရီဝက္
ေနရင္စေတာ့မွာ....နင္တို႔ေတြ မျပင္ၾကေတာ့
ဘူးလား? နင္တို႔စိတ္အေျခအေနက
သိပ္ေကာင္းမေနသလိုပဲ"
ေခ်ာင္ဝူရွင္းက ထ်န္ရွင္းကိုဆဲြလိုက္ၿပီး
စကားရပ္ဖို႔အရိပ္အကဲျပလိုက္သည္
"ငါျမင္တာအရေတာ့ မင္းတို႔ႏွစ္ေယာက္
ဆက္မေစာင့္သင့္ဘူး၊ အခ်ိန္က်ရင္
သူထြက္လာပါလိမ့္မယ္။ အရမ္းစိတ္မပူနဲ႔၊
ယူေရွာင္းဟာရဲ့ၿပိဳင္ပဲြက မနက္ခင္းမွာ
မဟုတ္တာလဲျဖစ္ႏိုင္တာပဲ၊ ဒီအတြက္နဲ႔
မင္းတို႔ရဲ့ၿပိဳင္ပဲြေတြကို မေမ့နဲ႔ဦး"
ေနေနလဲ အက်ိဳးမရိွတာေၾကာင့္
ေနာက္ဆံုးမွာေတာ့ သူတို႔ႏွစ္ေယာက္က
အရင္ထြက္သြားလိုက္ၾကေတာ့တယ္။
ေခ်ာင္ဝူရွင္းနဲ႔ထ်န္ရွင္းမွာလဲ ၿပိဳင္ပဲြေတြရိွေသး
တာေၾကာင့္ က်န္ခဲ့တဲ့တစ္ေယာက္တည္းေသာသူက
လင္းေရွာင္ျဖစ္သည္။
လင္းေရွာင္ကသူတို႔ရဲ့ထြက္ခြာသြားတဲ့ေက်ာျပင္
ေတြကို တစ္ခ်က္ၾကၫ့္လိုက္ၿပီး
သူ႔အၾကၫ့္ကို ေမ်ွာ္စင္ေအာက္မွာရိွတဲ့
တင္းတင္းၾကပ္ၾကပ္ပိတ္ထားတဲ့တံခါးေလးဆီ
တိတ္တဆိတ္ျပန္လွၫ့္လိုက္သည္။
သူ႔မ်က္လံုးမ်ားထဲတြင္ နားလည္ဖို႔မလြယ္တဲ့
ေမွာင္မိုက္တဲ့အလင္းတစ္ခ်က္လက္သြား၏။
အခ်ိန္ကနီးကပ္လာၿပီး ၿပိဳင္ပဲြေတြစတင္ေတာ့သည္။
ေသြးပူေနတဲ့ေျခာက္ခုေျမာက္ၿပိဳင္ပဲြကြင္းျပင္က
အသံေတြ စိတ္လႈပ္ရွားမႈေတြနဲ႔ဆူညံေနၿပီး
လူတိုင္းက ၿပိဳင္ပဲြေကာင္းေကာင္းအတြက္
စိတ္မရွည္စြာေစာင့္ေမ်ွာ္ေနၾကသည္။
အခုေတာ့ ေခ်ာင္ဝူရွင္းတို႔အုပ္စုရိွေနတဲ့
ၿပိဳင္ပဲြကြင္းျပင္ျဖစ္ေနသေရြ့ လူအျပၫ့္ရိွတတ္၏။
ေျခာက္ခုေျမာက္ၿပိဳင္ပဲြကြင္းျပင္က မူလအားျဖင့္
အဆင့္ေျခာက္ေမွာ္ဆရာေတြပါဝင္တာျဖစ္ေပမယ့္
လည္း အဆင့္ခုနစ္၊ ဒါမွမဟုတ္ အဆင့္ျမင့္
ေမွာ္ဆရာအနဲငယ္လဲ ရိွတတ္သည္။
သူတို႔ကပိုမိုသန္မာၾကေပမယ့္
အမ်ားစုကပိုျမင့္တဲ့ၿပိဳင္ပဲြကြင္းျပင္ကေန
ရႈံးနိမ့္ၿပီးေအာက္က်လာခဲ့ၾကျခင္းျဖစ္၏။
အခ်ိန္က်လာတဲ့အခါ ေက်ာက္စိမ္းျပားက
စိန္ေခၚသူနဲ႔ ယွဉ္ၿပိဳင္သူနာမည္မ်ား
စတင္ျပသေတာ့သည္။
ယန္ေဟြ့နဲ႔ ခ်န္ရွန္းရုန္က နာမည္တစ္ခုခုကို
လြတ္သြားမွာစိုးသၫ့္အလား ပိတ္ကားကို
အေသစိုက္ၾကၫ့္ေနၿပီး ေနာက္ဆံုးနာမည္
ေပၚလာတဲ့အခါ သူတို႔ကစိတ္သက္သာရာရသြား
ကာ သက္ျပင္းခ်လိုက္ေတာ့၏။
သို႔ေသာ္ သူတို႔သက္ျပင္းခ်တာေစာလြန္းေနတယ္။
ေက်ာက္စိမ္းျပားက ျပန္လည္လွၫ့္ပတ္လိုက္ၿပီး
နာမည္စာရင္းအသစ္တစ္ခုျပသသၫ့္အခါ
အထင္ႀကီးဖို႔ေကာင္းေလာက္ေအာင္
ယူေရွာင္းမိုနာမည္ကပါေန၏။ အမွန္တရားက
ျပေနသလိုပဲ သူ႔ကံကအၿမဲတမ္းအံ့အားသင့္စရာ
ေကာင္းတယ္၊ သူ႔ရဲ့ၿပိဳင္ပဲြသံုးခုလံုးမွာ
သူကပထမပဲြစဉ္မွာမပါရင္ ဒုတိယပဲြက်
ပါေတာ့တာပဲ။
ယန္ေဟြ့နဲ႔ ခ်န္ရွန္းရုန္ရဲ့အမူအရာက
'ေကာင္းကင္ႀကီးသူတို႔ေပၚၿပိဳက်သြား' သလို
ျဖစ္သြားၾကေတာ့သည္။
"ယူေရွာင္းဟာက ဘာလို႔မရိွေနတာလဲ?
သူကေပၚလာဖို႔ မတရားေၾကာက္ေနတာမ်ားလား?"
အန္းေခ်ာင္က ယူေရွာင္းဟာဒီမွာမရိွဘူးဆိုတာ
သတိထားမိၿပီးျဖစ္ကာ သူ႔ကိုေလွာင္ဖို႔
ရသမ်ွအခြင့္အေရးကိုသံုးေနသည္။
သူေျပာၿပီးတဲ့ေနာက္မွာ မေရမတြက္ႏိုင္ေလာက္တဲ့
ေအးစက္စက္ေတြအၾကၫ့္ေတြကိုရလိုက္ေတာ့သည္၊
သြားၾကားထဲကေန ေျပာင္ေျပာင္တင္းတင္း
လိမ္ႏိုင္တာကလဲ ပါရမီတစ္ခုပဲ။
ယူေရွာင္းမိုရဲ့ၿပိဳင္ဖက္က ခုနစ္ဆယ့္တစ္ထပ္သ္ို႔
အရင္ကေရာက္ခဲ့ဖူးသၫ့္ လူသိမ်ားေသာ
စီနီယာတစ္ေယာက္ျဖစ္သည္။
ေနာက္ပိုင္းမွာ ခ်က္ခ်င္းနီးပါးအရိုက္ခံခဲ့ရေပမယ့္
လို႔လည္းေလ။ ဒါေပမယ့္လည္း
သူ႔မွာၿပိဳင္ပဲြအေတြ့အႄကံုေတာ္ေတာ္မ်ားမ်ား
ရိွေသးသည္။
သူ႔နာမည္ကိုျမင္ၿပီးတဲ့ေနာက္ သူက
မ်က္ႏွာခ်င္းဆိုင္ကအုပ္စုကိုၾကၫ့္လိုက္တယ္၊
ယူေရွာင္းမိုကိုဘယ္မွာမွမေတြ့ရဘူး။
သူကေအးစက္စက္ရယ္လိုက္ၿပီး
ကိုယ့္ကိုကိုယ္အထင္ႀကီးသြား၏။
တစ္ခ်ိန္တည္းမွာပဲ တစ္ညလံုးေစာင့္ေနခဲ့တဲ့
လင္းေရွာင္က ေရႊေရာင္ေမ်ွာ္စင္ကေန
လႈပ္ရွားမႈအခ်ိဳ႕နဲ႔ဆံုလိုက္ရေတာ့တယ္။
တံခါးငယ္ေလးပြင့္သြားတဲ့အခါ
အရိပ္တစ္ခုထြက္လာၿပီး တစ္စံုတစ္ခု
လိုက္တာခံေနရသကဲ့သို႔ ဖင္မီးေလာင္ေနသလို
ေျပးထြက္လာသည္။ သူကတံခါးေဘးမွာ
ရပ္ေနတဲ့လင္းေရွာင္ကိုေတာင္ သတိမျပဳမိဘဲ
ေခါင္းနဲ႔ဝင္တိုက္မိသြားတယ္။
သူကရုန္းေတာ့မယ့္အခ်ိန္မွာပဲ ရင္းႏွီးေနတဲ့ရနံ႔ကို
ရလိုက္ၿပီး ယူေရွာင္းမိုကသူ႔ကိုဖက္လိုက္တယ္။
သူကအံ့အားသင့္စြာနဲ႔ေခါင္းေမာ့လိုက္ကာ
"ဘာလို႔ဒီေရာက္ေနတာလဲ"
"ဒါေပါ့..မင္းကိုလာႀကိဳတာေလ"
လင္းေရွာင္က သူ႔ခါးကိုလက္တစ္ဖက္နဲ႔
ဖက္ထားလိုက္တယ္၊
ယူေရွာင္းမိုက သူဒီေရာက္ေနတယ္ဆိုတာ
ဘယ္လိုသိလဲလို႔ေမးေတာ့မယ့္အခ်ိန္မွာပဲ
ေတာက္ပေနတဲ့ေနေရာင္ကိုေတြ့လိုက္ရေတာ့သည္။
သူ႔အမူအရာက ရုတ္ျခည္းေျပာင္းလဲသြားၿပီး
"အခုဘယ္ခ်ိန္ရိွၿပီလဲ?"
လင္းေရွာင္- "ၿပိဳင္ပဲြခ်ိန္"
ယူေရွာင္းမို- "..........."
____________