Unicode
အပိုင်း၄၃၉-သောက်ရေးမပါသောအိပ်မက်ဆိုး
ဆရာ့ရဲ့တိုက်တွန်းနေမှုအောက်မှာ
ယူရှောင်းမိုက သူ့ရဲ့စကားပြောချင်တဲ့ဆန္ဒကို
ဖိနှိပ်လိုက်ပြီးရွှေရောင်မျှော်စင်တံခါးထဲ
ဝင်သွားလိုက်တယ်။ သူဝင်သွားပြီးရင်
ဘာလုပ်သင့်လဲဆိုတာမေးချင်ပေမယ့်
နောက်လူကဘာမှမပြောချင်တာကြောင့်
ယူရှောင်းမိုလက်လျှော့လိုက်တော့တယ်။
ရွှေရောင်မျှော်စင်ထဲဝင်သွားလိုက်တော့
မျက်စိကျိန်းတဲ့ရွှေအလင်းရောင်နဲ့တွေ့လိုက်
ရတယ်။ ဒီဟာက မျှော်စင်ကိုယ်တိုင်က
ထွက်ပေါ်နေတဲ့ ရွှေရောင်အလင်းဖြစ်သည်။
အတွင်းပိုင်းက အပြင်နဲ့တစ်ထေရာတည်း
တူပြီး ရွှေသတ္တုတစ်မျိုးနဲ့ပြုလုပ်ထားတယ်။
ဒါကအချိန်နံရံလား?
ယူရှောင်းမို ဒါနဲ့အသားကျသွားဖို့
တော်တော်လေးကြာလိုက်တယ်။
ပထမထပ်ကကွက်လပ်ဖြစ်နေပြီး
ဘာမှရှိပုံမရပေ။ သို့သော်လည်း
နီးနီးကပ်ကပ်ကြည့်ကြည့်ရင်
နံရံတွေပေါ်မှာအသေးစိတ်ကျတဲ့ပန်းပုရုပ်တွေ
အများကြီးရှိနေတယ်။
ယူရှောင်းမိုက အထဲဝင်သွားရင်း
ပန်းပုရုပ်တွေကိုကြည့်နေတယ်။
သူပိုများများကြည့်လေလေ ပိုအံ့ဩရလေပဲ။
ဒီနံရံဆေးရေးပန်းချီတွေက အနေအထား
အမျိုးမျိုးနဲ့လူတစ်ယောက်တည်းရဲ့
ဟာပဲဖြစ်သည်။ သူတို့ကကျင့်ကြံနေပုံပေါ်၏။
ယူရှောင်းမိုရဲ့ကျင့်ကြံဆင့်ကအတော်အတန်
မြင့်သည်။ ခဏလောက်လေ့လာပြီးတဲ့နောက်မှာ
နံရံပေါ်ကပုဂ္ဂိုလ်ကမတူညီတဲ့ကျင့်စဉ်တွေနဲ့
စွမ်းရည်တွေကို သရုပ်ပြနေတယ်ဆိုတာ
ယူရှောင်းမိုသိသွားတယ်၊ ဒါပေမယ့်
အဆင့်ကသိပ်မမြင့်ဘူး။ ဒါကသူအပေါ်တက်သွားရင်
ကျင့်စဉ်တွေနဲ့စွမ်းရည်တွေရဲ့အဆင့်ကလဲ
မြင့်လာမယ်လို့ဆိုလိုတာလား?
သံသယဝင်နေရင်း ယူရှောင်းမိုကလှေကားရှာ
တော့တယ်။ ဒုတိယထပ်ကိုသွားတဲ့လှေကားတွေက
သစ်သားဖြစ်ပြီး အညိုရောင်ထင်းနေတာကြောင့်
ရှာတွေ့ဖို့သိပ်မကြာလိုက်ဘူး။
ဒုတိယထပ်ကရွှေရောင်မဟုတ်တော့ဘဲ
နံရံတွေပေါ်မှာလဲပန်းပုရုပ်တွေမရှိတော့ချေ။
ထိုအစား ဆယ်ချီတဲ့ရုပ်ထုတွေရှိနေတယ်။
ဒီရုပ်ထုတွေအားလုံးကို နံရံမှာမှီရပ်ထားတယ်။
တစ်ချို့ကဝမ်းသာနေတယ်၊ တစ်ချို့ကဒေါသ
ထွက်နေတယ်၊ တစ်ချို့ကပျော်ရွှင်နေတယ်၊
တစ်ချို့ကတော့လောဘတက်နေတယ်၊
တစ်ချို့ကစိတ်ရှုပ်နေပြီး တစ်ချို့ကဝမ်းနည်းနေကာ
တစ်ချို့ကရက်စက်တယ်......
ရုပ်ထုတစ်ခုချင်းစီမှာ မတူညီတဲ့အမူအရာတွေ
ရှိပုံရပြီး အသက်ဝင်ကာကြီးမားတဲ့တည်ရှိမှု
တစ်ခုကိုသယ်ဆောင်ထားတယ်။
ဒီလူတွေကဘယ်သူတွေဖြစ်ခဲ့တာလဲ?
ယူရှောင်းမိုက ပဟေဠိဖြစ်နေရင်း
တတိယထပ်သို့လှေကားကိုမြန်မြန်ရှာတွေ့
သွားတယ်။
သူတက်လာတာနဲ့ အရာအမျိုးမျိုးတွေ့ခဲ့ရတယ်၊
ဒါပေမယ့် ဒဏ္ဍာရီထဲကအချိန်နံရံကိုတော့မတွေ့ဘူး။
သူကထိပ်ဆုံးအထပ်ကိုဦးတည်နေတဲ့
လှေကားရှေ့မှာရပ်နေရင်း သက်ပြင်းမချပဲမနေနိုင်
တော့ချေ။
အချိန်နံရံကဖြစ်နိုင်ခြေတစ်ခုလို့ ထျန်ရှင်းက
ပြောခဲ့တယ်၊ သို့သော် ဖြစ်နိုင်ခြေအတွင်းမှာ
ကံကလဲပါသေး၏။ မင်းရဲ့ကံကြမ္မာက
မင်းဘယ်လောက်ကံကောင်းလဲဆိုတာပေါ်
မူတည်နေတယ်။ သူပထမထပ်ကနေ
ခြောက်ထပ်မြောက်ထိလျှောက်လာခဲ့ပြီးပေမယ့်
ဘာမှမတွေ့ရသေးဘူး။ တစ်ခုတည်းသော
ဖြေရှင်းချက်က သူ့မှာအခွင့်အရေးမရှိဘူးဆိုတာပဲ။
သူကသက်ပြင်းချလိုက်တယ်။ ခါတိုင်းဆို
သူ့ကံကတော်တော်လေးကောင်းပါတယ်။
ယူရှောင်းမိုက ခုနစ်ထပ်မြောက်ရဲ့ဝင်ပေါက်ကို
ငေးကြည့်နေတယ်...သူအဲ့တာကို
ရှာလို့မတွေ့သေးဘူးဆိုလဲ လက်ခံလိုက်ရုံပဲ။
လှေကားထစ်တွေက အိုဟောင်းနေကာ
သူခြေလှမ်းလိုက်ရင်တကျွိကျွိမြည်နေပြီး
အချိန်မရွေးပြိုကျသွားတော့မယောင်ရှိနေသည်။
ယူရှောင်းမိုရဲ့နှလုံးသားလေးက
အားပြင်းပြင်းခုန်သွားတော့၏။
ဒါတွေကိုနောက်ဆုံးတစ်ခေါက်ပြင်ခဲ့တာ
ဘယ်လောက်တောင်ကြာနေခဲ့ပြီလဲ?
ခုနစ်ထပ်မြောက်က ပထမထပ်ထက်တောင်မှ
ပိုပြောင်နေသေးတယ်။ အနဲဆုံးတော့
ပထမထပ်မှာနံရံပန်းပုရုပ်တွေအများကြီး
ရှိနေသေးတယ်...ဒါပေမယ့် ဒီနေရာမှာတော့
ရုပ်ထုတစ်ခုပဲရှိတယ်။ သူ့အမြင်အာရုံက
မချို့ယွင်းသေးဘူး၊ သူဘယ်ဟာကိုမှ
မမြင်ဘဲမရှိနိုင်ဘူး။ သုံးလေးမီတာလောက်
မြင့်တဲ့ရုပ်ထုတစ်ခုပဲရှိနေတာ။ ရုပ်ထုက
အပြစ်အနာအဆာမရှိတဲ့ချောမောသော
ယောက်ျားတစ်ယောက်ဖြစ်သည်။
ရှေ့ကိုအသက်မပါဘဲကြည့်နေတဲ့ရုပ်ထုတစ်ခု
ဖြစ်နေတာတောင်မှပဲ ဒီပုဂ္ဂိုလ်ကစွမ်းအားကြီးတဲ့
ဘုရင်လိုလူဆိုတာထင်ရှားနေတယ်။
ယူရှောင်းမိုမော့ကြည့်လိုက်တော့
ထင်းနေတဲ့စာလုံးနှစ်လုံးကိုမြင်လိုက်ရတယ်-
ထုံထျန်းဧကရာဇ်။
ယူရှောင်းမိုက ရုတ်တရက်ဉာဏ်ပွင့်သွား၏။
ဒါကထုံထျန်းနန်းတော်ရဲ့ သခင်များလား?
သူတွေးတောနေတုန်းမှာပဲ ရုပ်ထုရဲ့မျက်နှာပြင်ကနေ
ကြီးမားတဲ့အလင်းတစ်ခုထွက်လာပြီး
သူတုံ့ပြန်ချိန်မရလိုက်ခင်မှာ အလင်းရောင်က
သူ့ကိုဝါးမြိုသွားတော့သည်။
အလင်းတန်းကပျံ့နှံ့သွားတဲ့အခါ ယူရှောင်းမိုက
ပျောက်ကွယ်သွားပြီဖြစ်၏။
...........
ယူရှောင်းမိုအိပ်မက်တစ်ခုမက်ခဲ့တယ်။
သူသေသွားပြီးတော့ လုံရှန်းတိုက်လို့ခေါ်တဲ့
နေရာတစ်ခုကိုရောက်သွားတယ်လို့
သူအိပ်မက်မက်တယ်။ အဲ့ဒီမှာ...သူက
ယူရှောင်းမိုလို့ပဲအမည်ရပြီး တောင်ပိုင်းမှာရှိတဲ့
အကြီးဆုံးဂိုဏ်းတစ်ခုရဲ့တပည့်တစ်ယောက်
ဖြစ်လာခဲ့တယ်။ အဲ့ဒီ့နောက် သူက
ဂိုဏ်းခေါင်းဆောင်ရဲ့တပည့်ကြီးဖြစ်တဲ့
လင်းရှောင်(Lin xiao) လို့ခေါ်တဲ့လူတစ်ယောက်
နဲ့ဆုံခဲ့တယ်။ သူကအနာဂတ်ဂိုဏ်းခေါင်းဆောင်
ဖြစ်လာလိမ့်မယ်လိုပြောကြတယ်။
လင်းရှောင်ကသူ့အပေါ်အရမ်းကောင်းတယ်။
သူတို့ကဌာနမတူပေမယ့်လဲ သူ့ဆီမကြာခဏ
လာတွေ့တယ်။ သူကဒီကမ္ဘာအသစ်မှာ
တစ်ယောက်တည်းဖြစ်နေပြီးလမ်းပျောက်နေခဲ့တာ
ကြောင့် လင်းရှောင်ရဲ့ရုတ်တရက်ထွက်ပေါ်
လာမှုက လတ်ဆတ်တဲ့မိုးလိုပဲသူ့ရဲ့ဗလာ
ဖြစ်နေတဲ့နှလုံးသားကို စိုပြည်စေခဲ့တယ်။
မကြာခင်မှာပဲ သူကလင်းရှောင်နဲ့
နက်ရှိုင်းစွာမပြောင်းမလဲချစ်ကျွမ်းဝင်သွား
ခဲ့တယ်။
ဒါပေမယ့်လည်း အချစ်ဇာတ်လမ်းတိုင်းမှာ
မကောင်းတဲ့အရံဇာတ်ကောင်တစ်ချို့
ပါတတ်ကြတယ်။
အဲ့ဒီ့နောက် သူကလင်းရှောင်ရဲ့ဂိုဏ်းတူ
ညီမလေးထန်ယွင်းချီနဲ့ဆုံခဲ့တယ်။ ထန်ယွင်းချီက
လင်းရှောင်ကိုကြိုက်နေခဲ့ပြီး သူနဲ့လင်းရှောင်ရဲ့
ဆက်ဆံရေးကိုသိသွားတဲ့အခါ သူတို့ကိုတားဖို့
အကောင်းဆုံးလုပ်တော့တယ်၊
သူမက ဖျက်ဆီးပြီး
လှည့်စားဖို့ဆက်တိုက်ကြိုးစားခဲ့ပြီး
အကြံအစည်တွေလဲပြတ်သွားတယ်ရယ်လို့
မရှိဘဲ နောက်ဆုံးမှာတော့သူ့ကိုသတ်ဖို့တောင်
ကြံစည်ခဲ့တယ်။
ဒါပေမယ့်လည်း သူမကမအောင်မြင်ခဲ့ဘူး။
လင်းရှောင်ကသူ့ကိုကယ်ခဲ့ပြီး ထန်ယွင်းချီကို
သတ်လိုက်တယ်။ အခြားလူတွေရှာတွေ့သွားမှာ
ကြောက်တာကြောင့် သူတို့ကထန်ယွင်းချီရဲ့
ကိုယ်ကိုဖြေရှင်းခဲ့ပြီး ဘာမှမဖြစ်ခဲ့သလိုပဲ
ထျန်ရှင်းဂိုဏ်းကိုပြန်ခဲ့ကြတယ်။
အဲ့ဒီ့နောက် သူတို့ကအဆင့်တွေမြန်မြန်တက်
လာခဲ့တယ်။ လင်းရှောင်ကထျန်ရှင်းဂိုဏ်းရဲ့
ဂိုဏ်းချုပ်ဖြစ်လာခဲ့ပြီး သူက
အဆင့်မြင့်မှော်ဆရာတစ်ယောက်ဖြစ်လာခဲ့တယ်။
နောက်တော့ သူကခုန်းဝမ်နဲ့ဖြေရှင်းခဲ့ပြီး
ပင်မတောင်ထွတ်ရဲ့အကြီးအကဲဖြစ်လာခဲ့တယ်။
ဒါတွေပြီးသွားတဲ့နောက်မှာ သူတို့တွေပျော်ရွှင်ရမယ်
လို့ထင်ခဲ့တယ်၊ ဒါပေမယ့်....မှောင်မိုက်ပြီး
မုန်တိုင်းထန်တဲ့တစ်ညမှာ...သူ့ချစ်သူ
လင်းရှောင်က နတ်ဆိုးတစ်ကောင်အဖြစ်ပြောင်းလဲ
သွားခဲ့ပြီး သူ့ရဲ့ခုန်နေတဲ့နှလုံးကိုဆွဲထုတ်ခဲ့ကာ
သူ့သွေးတွေက မြစ်တစ်စင်းအဖြစ်စီးဆင်း
သွားခဲ့သည်။
ထို့နောက် သူကထိတ်လန့်စွာနိုးလာခဲ့၏။
သူ့ခေါင်းထဲမှာရှိတဲ့တစ်ခုတည်းသောအတွေးက
-ဘယ်လိုတောင်သောက်ရေးမပါလိုက်တဲ့အိပ်မက်လဲ!
(t/n: ဒီနေရာကလင်းရှောင်က ထျန်ရှင်းဂိုဏ်းရဲ့
မူလလင်းရှောင်ပါ၊ အသက်သောင်းကျော်နေတဲ့
အကိုကြီးလင်းရှောင်မဟုတ်ပါဘူး)
.............
မျက်စိကျိန်းတဲ့နေအလင်းရောင်က
ဖွင့်ထားတဲ့လိုက်ကာတွေကြားကနေ
တောက်ပနေပြီး ယူရှောင်းမိုကသူ့မျက်လုံးတွေကို
ကာလိုက်တော့ မျက်ရည်တွေတွေ့လိုက်ရတယ်။
သူငိုနေခဲ့တာလား? ဒါမှမဟုတ်ချွေးတွေလား?
"ငတုံးလေး...မင်းနောက်ထပ်အိပ်မက်ဆိုးမက်
တာတော့မဟုတ်ဘူးမလား?"
အခန်းရဲ့တစ်ခုတည်းသောပြထားတဲ့နေရာက
တံခါးနေရာပဲ။ အရပ်ရှည်ရှည်လူရိပ်တစ်ခုက
ထိုနေရာမှာရပ်နေတယ်။ နောက်လူက
အရိပ်ကျနေတယ်ဆိုပေမယ့် ယူရှောင်းမိုက
ချောမောတဲ့မျက်နှာ၊ မြင့်မားတဲ့နှာတံနဲ့ သေးသွယ်တဲ့
မျက်ခုံးကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။
စွမ်းအားကြီးမားပြီး အထက်စီးဆန်တဲ့အော်ရာ
တစ်ခုက သူ့ပတ်လည်မှာရှိနေတယ်။
ယူရှောင်းမိုကမျက်တောင်ခတ်လိုက်တယ်။
သူအိပ်မက်မက်နေတာလား? ဒါက
ယူပေါ်မဟုတ်ဘူးလား?
ဒါမှားနေတယ်။ သူ့အခန်းထဲမှာယူပေါ်ရှိနေတာ
ပုံမှန်ပဲမဟုတ်ဘူးလား? သူကဘာလို့ထူးဆန်းတယ်
လို့ခံစားရတာလဲ? ထိုအခိုက်တွင်
သူ့ခေါင်းထဲမှာသံသယတွေလွင့်မျောနေတော့
သည်။
ယူရှောင်းမိုက နားထင်ကိုပွတ်လိုက်၏။
တစ်ခုခုမှားနေတယ်လို့သူခံစားရတယ်၊
ဒါပေမယ့်....ဘယ်လိုမှားနေလဲဆိုတာသူမသိဘူး။
တုံ့ပြန်ချက်မရတာကြောင့် ယူပေါ်ကအရိပ်ထဲကနေ
လျှောက်လာပြီး စိတ်မရှည်တဲ့သံနေသံထားနဲ့
မေးလိုက်သည် "ငတုံး..မင်းအဆင်ပြေရဲ့လား?"
ယူရှောင်းမိုက သူ့ခေါင်းကိုအနဲငယ်ခါလိုက်ပြီး
သူ့ရဲ့အကြီးမြန်တဲ့ညီလေးကိုမျက်မှောင်ကြုံ့
ကြည့်လိုက်တယ်။ သူကတစ်နှစ်ပိုငယ်ပေမယ့်
အရပ်အရမ်းရှည်တယ်။ သူ့ရဲ့183cm
ရှိတဲ့အရပ်က သူသတိပြုမိသွားတဲ့အခါတိုင်း
မနာလိုသလိုခံစားရစေသည်။
ဒါတောင်သူ့ရဲ့ချောမောတဲ့မျက်နှာမပါသေးဘူး။
သူတို့ကိုပထမဆုံးအကြိမ်တွေ့ဖူးတဲ့လူတွေက
ယူရှောင်မိုကိုအငယ်လို့ထင်ကြတယ်။
ယူမိသားစုမှာလူငါးယောက်ရှိတယ်....
သူ့ဖေဖေ၊ မေမေ၊ ယူလု၊ ယူပေါ်နဲ့သူပဲ။
ဒီရဲ့သာမာန်လို့ထင်ရတဲ့မိသားစုလေးက
တကယ်တော့တော်တော်လေးထူးဆန်းနေပြီး
အဲ့ဒီ့ထူးဆန်းနေတဲ့အရာက သူပဲ။
သူ့အဖေက ယူရုန်လို့ခေါ်ပြီးထူးချွန်တဲ့သူ
တစ်ယောက်ဖြစ်တယ်။ သူကအရမ်းချောတယ်၊
လူတွေဘယ်လောက်တောင်သူ့ကိုကြွေကြလဲ
ဆိုတာဘယ်သူသိမလဲ? အဆုံးမှာတော့
သူ့မေမေ မင်ကျင့်ကသူ့နှလုံးသားကိုရခဲ့တယ်။
သူ့မေမေကသိမ်မွေ့တဲ့အလှလေးဖြစ်ပြီး
ကျက်သရေရှိပြီးမဟာဆန်တဲ့အငွေ့အသက်
ရှိတယ်။ သူ့အဖေက မေမေ့ရဲ့အမိဖမ်းခြင်းကို
ခံလိုက်ရပြီး မြင်မြင်ချင်းအချစ်ဖြစ်ကာ
မပြောင်းမလဲတော့တဲ့အချစ်ဖြစ်ခဲ့သည်။
ယူလုက သူ့ရဲ့အစ်ကိုကြီးဖြစ်ပြီး
သူလဲအရမ်းချောတယ်။ ကျောင်းမှာ...
သူကအတော်ဆုံးဖြစ်ပြီး ကျောင်းသားကောင်စီ
ဥက္ကဌလဲဖြစ်သည်။ သူကပင်ကိုယ်အစီအစဉ်ချ
တတ်သူဖြစ်ပြီး သူဘွဲ့မရခင်ကပင်
အဖေ့ကုမ္ပဏီကနေ တာဝန်တစ်ချို့ယူဖို့
စလုပ်နေပြီ။ ဆုံးဖြတ်ချက်ချတဲ့အခါ
သူကရဲတင်းပြတ်သားပြီး ပစ်မှတ်ကို
အမြဲတမ်းထိတတ်ကာ သူ့နည်းလမ်းများက
အညှာအတာကင်းမဲ့သည်။ စီးပွားရေးလောကတွင်
သူ့အား 'ငရဲဘုရင်' ဟူသောနာမည်ဖြင့်
ကျော်ကြားသွားဖို့တစ်နှစ်တည်းသာကြာခဲ့၏။
ဒီလိုတောက်ပနေတဲ့မိသားစုမှာ ယူရှောင်းမိုက
သိက္ခာကျစေတဲ့သူဖြစ်လာခဲ့သည်။
အထင်ရှားဆုံးခြားနားချက်ကတော့
သူ့နာမည်တစ်ခုတည်းသာလျှင်
စာလုံးသုံးလုံးပါနေတာပဲ။
အမှန်တော့ သူကလဲရုပ်မဆိုးပါချေ။
သူ့မိသားစုဝင်တွေရဲ့စံညွှန်းတွေနဲ့ မနီးစပ်တာသာ
လျှင်ဖြစ်သည်။ ထို့ပြင် သူ့အဆင့်တွေကလဲ
သာမာန်မျှသာဖြစ်ကာ ထူးထူးခြားခြားထူးချွန်နေတဲ့
ယူလုနဲ့ယူပေါ်တို့လိုမဟုတ်ခဲ့ပေ။ သူတို့က
စာမလုပ်ရင်တောင်မှ ပထမဖြစ်ကြ၏။
သူကဒီညီအစ်ကိုနှစ်ယောက်ရဲ့
အောက်တွန်းချမှုကိုခံခဲ့ရပြီး အခြေအနေတွေကို
ဘယ်တုန်းကမှလဲမပြောင်းနိုင်ခဲ့ပါချေ၊
ထို့ပြင် မိသားစုတော်တော်များတွင်
အလတ်ကအချစ်ခံရခြင်းအနည်းဆုံးဖြစ်ကာ
သူတို့မိသားစုတွင်လည်းအတူတူပင်ဖြစ်ပါ၏။
သူ့အဖေမျက်လုံးထဲတွင် အမေတစ်ယောက်တည်း
သာရှိပြီး သူ့မေမေကယူပေါ်ကိုသာ
ဂရုစိုက်သည်။ ယူပေါ်နဲ့ယူလုအတွက်ကတော့.....
သူတို့မျက်လုံးထဲမှာရှိပေမယ့် သူကတော့
ရှိပုံမရခဲ့ပေ၊ ဘာလို့လဲဆိုတော့
ထိုနှစ်ယောက်က သူ့ကိုအမြဲအနိုင်ကျင့်တတ်တာပဲ
ရှိတာကြောင့်ပင်။
ဥပမာအားဖြင့် အိမ်မှာတစ်ခြားအခန်းတွေ
အများကြီးရှိပေမယ့် ယူပေါ်က
ယူရှောင်းမိုအခန်းကိုပဲလာသည်၊ သူပြောတာက
ယူရှောင်းမိုကဆိုးသွမ်းတဲ့သူဖြစ်လာမှာစိုး၍
သူ့ကိုစောင့်ကြည့်ထားဖို့ဖြစ်သည်ဟုပင်။
ဘယ်လိုတောင်အဓိပ္ပါယ်မရှိတာလဲ!
ယူရှောင်းမိုက အကြိမ်များစွာကန့်ကွက်ခဲ့ဖူးသည်၊
သို့သော်ထိုအခါတွင်မူ ယူပေါ်ကသူ့မေမေရှေ့တွင်
လိမ္မာပြီးသနားစဖွယ်ဖြစ်အောင်သရုပ်ဆောင်မည်
ဖြစ်ကာ သူ့မေမေကညီလေးကိုအနိုင်ကျင့်ရ
ကောင်းလားဟုသူ့ကိုဆူပူတတ်ကာ
သူ့ရဲ့အဆိုတစ်ခုမှနားမထောင်ပေးတတ်ပေ။
ဒီလိုမိသားစုမျိုးမှာ ယူရှောင်းမိုကအလွန်စိတ်
ဖိစီးခဲ့ရ၏။
သူ့ကိုမွေးစားထားတာဖြစ်မယ်လို့သူမကြာခဏ
တွေးမိတတ်ပေမယ့် အမှန်တွင်သူက
ယူမိသားစု၏ကလေးရင်းဖြစ်ပါ၏။
သူက သူ့ရဲ့ကွယ်လွန်ပြီးဖြစ်တဲ့အဘွားနဲ့
တူပြီး သူ့စရိုက်ကလဲသူမနဲ့တူတာကြောင့်
ယူမိသားစုတွင်သူ့ကိုအချစ်ဆုံးသူမှာ
ကျန်းမာရေးပြဿနာကြောင့် အခြားနိုင်ငံတွင်
ရောက်နေသည့်သူ့အဘိုးပင်ဖြစ်သည်။
ကံဆိုးတာက သူတို့ကအလွန်ဝေးကွာနေခြင်း
ဖြစ်၏။ သူတို့တွေတစ်နှစ်တစ်ခါတွေ့နိုင်ရင်
တောင် ကံကောင်းနေပြီဖြစ်သည်။
"ငတုံး...မင်းရဲ့တက္ကသိုလ်ပထမဆုံးနေ့ကို
နောက်ကျချင်လို့လား? မင်းဒီလောက်ထိ
တုံးနေရင် နောက်ကျသွားရင်ငါ့ကိုအပြစ်မတင်နဲ့"
ယူပေါ်ကစိတ်ရှည်ခြင်းကုန်ဆုံးသွားပြီး
အခန်းထဲမှထွက်ရန်လှည့်လိုက်၏
"အိုး...နောက်တစ်ခုရှိသေးတယ်။
မင်းရဲ့ကျောင်းဝတ်စုံကငါ့အခန်းထဲမှာ။
လာယူဖို့မမေ့နဲ့"
ထို့နောက် တံခါးကဒုန်းကနဲပိတ်သွားသည်။
ယူရှောင်းမိုက ကြောင်သွားတယ်။
ဘာမှားနေလဲဆိုတာသူနောက်ဆုံးတော့
နားလည်သွားတော့သည်။
________
Zawgyi
အပိုင္း၄၃၉-ေသာက္ေရးမပါေသာအိပ္မက္ဆိုး
ဆရာ့ရဲ့တိုက္တြန္းေနမႈေအာက္မွာ
ယူေရွာင္းမိုက သူ႔ရဲ့စကားေျပာခ်င္တဲ့ဆႏၵကို
ဖိႏိွပ္လိုက္ၿပီးေရႊေရာင္ေမ်ွာ္စင္တံခါးထဲ
ဝင္သြားလိုက္တယ္။ သူဝင္သြားၿပီးရင္
ဘာလုပ္သင့္လဲဆိုတာေမးခ်င္ေပမယ့္
ေနာက္လူကဘာမွမေျပာခ်င္တာေၾကာင့္
ယူေရွာင္းမိုလက္ေလ်ွာ့လိုက္ေတာ့တယ္။
ေရႊေရာင္ေမ်ွာ္စင္ထဲဝင္သြားလိုက္ေတာ့
မ်က္စိက်ိန္းတဲ့ေရႊအလင္းေရာင္နဲ႔ေတြ့လိုက္
ရတယ္။ ဒီဟာက ေမ်ွာ္စင္ကိုယ္တိုင္က
ထြက္ေပၚေနတဲ့ ေရႊေရာင္အလင္းျဖစ္သည္။
အတြင္းပိုင္းက အျပင္နဲ႔တစ္ေထရာတည္း
တူၿပီး ေရႊသတၲုတစ္မ်ိဳးနဲ႔ျပဳလုပ္ထားတယ္။
ဒါကအခ်ိန္နံရံလား?
ယူေရွာင္းမို ဒါနဲ႔အသားက်သြားဖို႔
ေတာ္ေတာ္ေလးၾကာလိုက္တယ္။
ပထမထပ္ကကြက္လပ္ျဖစ္ေနၿပီး
ဘာမွရိွပံုမရေပ။ သို႔ေသာ္လည္း
နီးနီးကပ္ကပ္ၾကၫ့္ၾကၫ့္ရင္
နံရံေတြေပၚမွာအေသးစိတ္က်တဲ့ပန္းပုရုပ္ေတြ
အမ်ားႀကီးရိွေနတယ္။
ယူေရွာင္းမိုက အထဲဝင္သြားရင္း
ပန္းပုရုပ္ေတြကိုၾကၫ့္ေနတယ္။
သူပိုမ်ားမ်ားၾကၫ့္ေလေလ ပိုအံ့ဩရေလပဲ။
ဒီနံရံေဆးေရးပန္းခ်ီေတြက အေနအထား
အမ်ိဳးမ်ိဳးနဲ႔လူတစ္ေယာက္တည္းရဲ့
ဟာပဲျဖစ္သည္။ သူတို႔ကက်င့္ႀကံေနပံုေပၚ၏။
ယူေရွာင္းမိုရဲ့က်င့္ႀကံဆင့္ကအေတာ္အတန္
ျမင့္သည္။ ခဏေလာက္ေလ့လာၿပီးတဲ့ေနာက္မွာ
နံရံေပၚကပုဂၢိုလ္ကမတူညီတဲ့က်င့္စဉ္ေတြနဲ႔
စြမ္းရည္ေတြကို သရုပ္ျပေနတယ္ဆိုတာ
ယူေရွာင္းမိုသိသြားတယ္၊ ဒါေပမယ့္
အဆင့္ကသိပ္မျမင့္ဘူး။ ဒါကသူအေပၚတက္သြားရင္
က်င့္စဉ္ေတြနဲ႔စြမ္းရည္ေတြရဲ့အဆင့္ကလဲ
ျမင့္လာမယ္လို႔ဆိုလိုတာလား?
သံသယဝင္ေနရင္း ယူေရွာင္းမိုကေလွကားရွာ
ေတာ့တယ္။ ဒုတိယထပ္ကိုသြားတဲ့ေလွကားေတြက
သစ္သားျဖစ္ၿပီး အညိုေရာင္ထင္းေနတာေၾကာင့္
ရွာေတြ့ဖို႔သိပ္မၾကာလိုက္ဘူး။
ဒုတိယထပ္ကေရႊေရာင္မဟုတ္ေတာ့ဘဲ
နံရံေတြေပၚမွာလဲပန္းပုရုပ္ေတြမရိွေတာ့ေခ်။
ထိုအစား ဆယ္ခ်ီတဲ့ရုပ္ထုေတြရိွေနတယ္။
ဒီရုပ္ထုေတြအားလံုးကို နံရံမွာမွီရပ္ထားတယ္။
တစ္ခ်ိဳ႕ကဝမ္းသာေနတယ္၊ တစ္ခ်ိဳ႕ကေဒါသ
ထြက္ေနတယ္၊ တစ္ခ်ိဳ႕ကေပ်ာ္ရႊင္ေနတယ္၊
တစ္ခ်ိဳ႕ကေတာ့ေလာဘတက္ေနတယ္၊
တစ္ခ်ိဳ႕ကစိတ္ရႈပ္ေနၿပီး တစ္ခ်ိဳ႕ကဝမ္းနည္းေနကာ
တစ္ခ်ိဳ႕ကရက္စက္တယ္......
ရုပ္ထုတစ္ခုခ်င္းစီမွာ မတူညီတဲ့အမူအရာေတြ
ရိွပံုရၿပီး အသက္ဝင္ကာႀကီးမားတဲ့တည္ရိွမႈ
တစ္ခုကိုသယ္ေဆာင္ထားတယ္။
ဒီလူေတြကဘယ္သူေတျြဖစ္ခဲ့တာလဲ?
ယူေရွာင္းမိုက ပေဟဠိျဖစ္ေနရင္း
တတိယထပ္သို႔ေလွကားကိုျမန္ျမန္ရွာေတြ့
သြားတယ္။
သူတက္လာတာနဲ႔ အရာအမ်ိဳးမ်ိဳးေတြ့ခဲ့ရတယ္၊
ဒါေပမယ့္ ဒ႑ာရီထဲကအခ်ိန္နံရံကိုေတာ့မေတြ့ဘူး။
သူကထိပ္ဆံုးအထပ္ကိုဦးတည္ေနတဲ့
ေလွကားေရ႔ွမွာရပ္ေနရင္း သက္ျပင္းမခ်ပဲမေနႏိုင္
ေတာ့ေခ်။
အခ်ိန္နံရံကျဖစ္ႏိုင္ေျခတစ္ခုလို႔ ထ်န္ရွင္းက
ေျပာခဲ့တယ္၊ သို႔ေသာ္ ျဖစ္ႏိုင္ေျခအတြင္းမွာ
ကံကလဲပါေသး၏။ မင္းရဲ့ကံၾကမၼာက
မင္းဘယ္ေလာက္ကံေကာင္းလဲဆိုတာေပၚ
မူတည္ေနတယ္။ သူပထမထပ္ကေန
ေျခာက္ထပ္ေျမာက္ထိေလ်ွာက္လာခဲ့ၿပီးေပမယ့္
ဘာမွမေတြ့ရေသးဘူး။ တစ္ခုတည္းေသာ
ေျဖရွင္းခ်က္က သူ႔မွာအခြင့္အေရးမရိွဘူးဆိုတာပဲ။
သူကသက္ျပင္းခ်လိုက္တယ္။ ခါတိုင္းဆို
သူ႔ကံကေတာ္ေတာ္ေလးေကာင္းပါတယ္။
ယူေရွာင္းမိုက ခုနစ္ထပ္ေျမာက္ရဲ့ဝင္ေပါက္ကို
ေငးၾကၫ့္ေနတယ္...သူအဲ့တာကို
ရွာလို႔မေတြ့ေသးဘူးဆိုလဲ လက္ခံလိုက္ရံုပဲ။
ေလွကားထစ္ေတြက အိုေဟာင္းေနကာ
သူေျခလွမ္းလိုက္ရင္တကၽြိကၽြိျမည္ေနၿပီး
အခ်ိန္မေရြးၿပိဳက်သြားေတာ့မေယာင္ရိွေနသည္။
ယူေရွာင္းမိုရဲ့ႏွလံုးသားေလးက
အားျပင္းျပင္းခုန္သြားေတာ့၏။
ဒါေတြကိုေနာက္ဆံုးတစ္ေခါက္ျပင္ခဲ့တာ
ဘယ္ေလာက္ေတာင္ၾကာေနခဲ့ၿပီလဲ?
ခုနစ္ထပ္ေျမာက္က ပထမထပ္ထက္ေတာင္မွ
ပိုေျပာင္ေနေသးတယ္။ အနဲဆံုးေတာ့
ပထမထပ္မွာနံရံပန္းပုရုပ္ေတြအမ်ားႀကီး
ရိွေနေသးတယ္...ဒါေပမယ့္ ဒီေနရာမွာေတာ့
ရုပ္ထုတစ္ခုပဲရိွတယ္။ သူ႔အျမင္အာရံုက
မခ်ိဳ႕ယြင္းေသးဘူး၊ သူဘယ္ဟာကိုမွ
မျမင္ဘဲမရိွႏိုင္ဘူး။ သံုးေလးမီတာေလာက္
ျမင့္တဲ့ရုပ္ထုတစ္ခုပဲရိွေနတာ။ ရုပ္ထုက
အျပစ္အနာအဆာမရိွတဲ့ေခ်ာေမာေသာ
ေယာက္်ားတစ္ေယာက္ျဖစ္သည္။
ေရ႔ွကိုအသက္မပါဘဲၾကၫ့္ေနတဲ့ရုပ္ထုတစ္ခု
ျဖစ္ေနတာေတာင္မွပဲ ဒီပုဂၢိုလ္ကစြမ္းအားႀကီးတဲ့
ဘုရင္လိုလူဆိုတာထင္ရွားေနတယ္။
ယူေရွာင္းမိုေမာ့ၾကၫ့္လိုက္ေတာ့
ထင္းေနတဲ့စာလံုးႏွစ္လံုးကိုျမင္လိုက္ရတယ္-
ထံုထ်န္းဧကရာဇ္။
ယူေရွာင္းမိုက ရုတ္တရက္ဉာဏ္ပြင့္သြား၏။
ဒါကထံုထ်န္းနန္းေတာ္ရဲ့ သခင္မ်ားလား?
သူေတြးေတာေနတုန္းမွာပဲ ရုပ္ထုရဲ့မ်က္ႏွာျပင္ကေန
ႀကီးမားတဲ့အလင္းတစ္ခုထြက္လာၿပီး
သူတံု႔ျပန္ခ်ိန္မရလိုက္ခင္မွာ အလင္းေရာင္က
သူ႔ကိုဝါးၿမိဳသြားေတာ့သည္။
အလင္းတန္းကပ်ံ႔ႏွံ႔သြားတဲ့အခါ ယူေရွာင္းမိုက
ေပ်ာက္ကြယ္သြားၿပီျဖစ္၏။
...........
ယူေရွာင္းမိုအိပ္မက္တစ္ခုမက္ခဲ့တယ္။
သူေသသြားၿပီးေတာ့ လံုရွန္းတိုက္လို႔ေခၚတဲ့
ေနရာတစ္ခုကိုေရာက္သြားတယ္လို႔
သူအိပ္မက္မက္တယ္။ အဲ့ဒီမွာ...သူက
ယူေရွာင္းမိုလို႔ပဲအမည္ရၿပီး ေတာင္ပိုင္းမွာရိွတဲ့
အႀကီးဆံုးဂိုဏ္းတစ္ခုရဲ့တပၫ့္တစ္ေယာက္
ျဖစ္လာခဲ့တယ္။ အဲ့ဒီ့ေနာက္ သူက
ဂိုဏ္းေခါင္းေဆာင္ရဲ့တပၫ့္ႀကီးျဖစ္တဲ့
လင္းေရွာင္(Lin xiao) လို႔ေခၚတဲ့လူတစ္ေယာက္
နဲ႔ဆံုခဲ့တယ္။ သူကအနာဂတ္ဂိုဏ္းေခါင္းေဆာင္
ျဖစ္လာလိမ့္မယ္လိုေျပာၾကတယ္။
လင္းေရွာင္ကသူ႔အေပၚအရမ္းေကာင္းတယ္။
သူတို႔ကဌာနမတူေပမယ့္လဲ သူ႔ဆီမၾကာခဏ
လာေတြ့တယ္။ သူကဒီကမ႓ာအသစ္မွာ
တစ္ေယာက္တည္းျဖစ္ေနၿပီးလမ္းေပ်ာက္ေနခဲ့တာ
ေၾကာင့္ လင္းေရွာင္ရဲ့ရုတ္တရက္ထြက္ေပၚ
လာမႈက လတ္ဆတ္တဲ့မိုးလိုပဲသူ႔ရဲ့ဗလာ
ျဖစ္ေနတဲ့ႏွလံုးသားကို စိုျပည္ေစခဲ့တယ္။
မၾကာခင္မွာပဲ သူကလင္းေရွာင္နဲ႔
နက္ရိႈင္းစြာမေျပာင္းမလဲခ်စ္ကၽြမ္းဝင္သြား
ခဲ့တယ္။
ဒါေပမယ့္လည္း အခ်စ္ဇာတ္လမ္းတိုင္းမွာ
မေကာင္းတဲ့အရံဇာတ္ေကာင္တစ္ခ်ိဳ႕
ပါတတ္ၾကတယ္။
အဲ့ဒီ့ေနာက္ သူကလင္းေရွာင္ရဲ့ဂိုဏ္းတူ
ညီမေလးထန္ယြင္းခ်ီနဲ႔ဆံုခဲ့တယ္။ ထန္ယြင္းခ်ီက
လင္းေရွာင္ကိုႀကိဳက္ေနခဲ့ၿပီး သူနဲ႔လင္းေရွာင္ရဲ့
ဆက္ဆံေရးကိုသိသြားတဲ့အခါ သူတို႔ကိုတားဖို႔
အေကာင္းဆံုးလုပ္ေတာ့တယ္၊
သူမက ဖ်က္ဆီးၿပီး
လွၫ့္စားဖို႔ဆက္တိုက္ႀကိဳးစားခဲ့ၿပီး
အႀကံအစည္ေတြလဲျပတ္သြားတယ္ရယ္လို႔
မရိွဘဲ ေနာက္ဆံုးမွာေတာ့သူ႔ကိုသတ္ဖို႔ေတာင္
ႀကံစည္ခဲ့တယ္။
ဒါေပမယ့္လည္း သူမကမေအာင္ျမင္ခဲ့ဘူး။
လင္းေရွာင္ကသူ႔ကိုကယ္ခဲ့ၿပီး ထန္ယြင္းခ်ီကို
သတ္လိုက္တယ္။ အျခားလူေတြရွာေတြ့သြားမွာ
ေၾကာက္တာေၾကာင့္ သူတို႔ကထန္ယြင္းခ်ီရဲ့
ကိုယ္ကိုေျဖရွင္းခဲ့ၿပီး ဘာမွမျဖစ္ခဲ့သလိုပဲ
ထ်န္ရွင္းဂိုဏ္းကိုျပန္ခဲ့ၾကတယ္။
အဲ့ဒီ့ေနာက္ သူတို႔ကအဆင့္ေတျြမန္ျမန္တက္
လာခဲ့တယ္။ လင္းေရွာင္ကထ်န္ရွင္းဂိုဏ္းရဲ့
ဂိုဏ္းခ်ဳပ္ျဖစ္လာခဲ့ၿပီး သူက
အဆင့္ျမင့္ေမွာ္ဆရာတစ္ေယာက္ျဖစ္လာခဲ့တယ္။
ေနာက္ေတာ့ သူကခုန္းဝမ္နဲ႔ေျဖရွင္းခဲ့ၿပီး
ပင္မေတာင္ထြတ္ရဲ့အႀကီးအကဲျဖစ္လာခဲ့တယ္။
ဒါေတြၿပီးသြားတဲ့ေနာက္မွာ သူတို႔ေတြေပ်ာ္ရႊင္ရမယ္
လို႔ထင္ခဲ့တယ္၊ ဒါေပမယ့္....ေမွာင္မိုက္ၿပီး
မုန္တိုင္းထန္တဲ့တစ္ညမွာ...သူ႔ခ်စ္သူ
လင္းေရွာင္က နတ္ဆိုးတစ္ေကာင္အျဖစ္ေျပာင္းလဲ
သြားခဲ့ၿပီး သူ႔ရဲ့ခုန္ေနတဲ့ႏွလံုးကိုဆဲြထုတ္ခဲ့ကာ
သူ႔ေသြးေတြက ျမစ္တစ္စင္းအျဖစ္စီးဆင္း
သြားခဲ့သည္။
ထို႔ေနာက္ သူကထိတ္လန႔္စြာႏိုးလာခဲ့၏။
သူ႔ေခါင္းထဲမွာရိွတဲ့တစ္ခုတည္းေသာအေတြးက
-ဘယ္လိုေတာင္ေသာက္ေရးမပါလိုက္တဲ့အိပ္မက္လဲ!
(t/n: ဒီေနရာကလင္းေရွာင္က ထ်န္ရွင္းဂိုဏ္းရဲ့
မူလလင္းေရွာင္ပါ၊ အသက္ေသာင္းေက်ာ္ေနတဲ့
အကိုႀကီးလင္းေရွာင္မဟုတ္ပါဘူး)
.............
မ်က္စိက်ိန္းတဲ့ေနအလင္းေရာင္က
ဖြင့္ထားတဲ့လိုက္ကာေတြၾကားကေန
ေတာက္ပေနၿပီး ယူေရွာင္းမိုကသူ႔မ်က္လံုးေတြကို
ကာလိုက္ေတာ့ မ်က္ရည္ေတြေတြ့လိုက္ရတယ္။
သူငိုေနခဲ့တာလား? ဒါမွမဟုတ္ခၽြေးေတြလား?
"ငတံုးေလး...မင္းေနာက္ထပ္အိပ္မက္ဆိုးမက္
တာေတာ့မဟုတ္ဘူးမလား?"
အခန္းရဲ့တစ္ခုတည္းေသာျပထားတဲ့ေနရာက
တံခါးေနရာပဲ။ အရပ္ရွည္ရွည္လူရိပ္တစ္ခုက
ထိုေနရာမွာရပ္ေနတယ္။ ေနာက္လူက
အရိပ္က်ေနတယ္ဆိုေပမယ့္ ယူေရွာင္းမိုက
ေခ်ာေမာတဲ့မ်က္ႏွာ၊ ျမင့္မားတဲ့ႏွာတံနဲ႔ ေသးသြယ္တဲ့
မ်က္ခံုးကို ရွင္းရွင္းလင္းလင္းျမင္ႏိုင္သည္။
စြမ္းအားႀကီးမားၿပီး အထက္စီးဆန္တဲ့ေအာ္ရာ
တစ္ခုက သူ႔ပတ္လည္မွာရိွေနတယ္။
ယူေရွာင္းမိုကမ်က္ေတာင္ခတ္လိုက္တယ္။
သူအိပ္မက္မက္ေနတာလား? ဒါက
ယူေပၚမဟုတ္ဘူးလား?
ဒါမွားေနတယ္။ သူ႔အခန္းထဲမွာယူေပၚရိွေနတာ
ပံုမွန္ပဲမဟုတ္ဘူးလား? သူကဘာလို႔ထူးဆန္းတယ္
လို႔ခံစားရတာလဲ? ထိုအခိုက္တြင္
သူ႔ေခါင္းထဲမွာသံသယေတြလြင့္ေမ်ာေနေတာ့
သည္။
ယူေရွာင္းမိုက နားထင္ကိုပြတ္လိုက္၏။
တစ္ခုခုမွားေနတယ္လို႔သူခံစားရတယ္၊
ဒါေပမယ့္....ဘယ္လိုမွားေနလဲဆိုတာသူမသိဘူး။
တံု႔ျပန္ခ်က္မရတာေၾကာင့္ ယူေပၚကအရိပ္ထဲကေန
ေလ်ွာက္လာၿပီး စိတ္မရွည္တဲ့သံေနသံထားနဲ႔
ေမးလိုက္သည္ "ငတံုး..မင္းအဆင္ေျပရဲ့လား?"
ယူေရွာင္းမိုက သူ႔ေခါင္းကိုအနဲငယ္ခါလိုက္ၿပီး
သူ႔ရဲ့အႀကီးျမန္တဲ့ညီေလးကိုမ်က္ေမွာင္ႄကံု႔
ၾကၫ့္လိုက္တယ္။ သူကတစ္ႏွစ္ပိုငယ္ေပမယ့္
အရပ္အရမ္းရွည္တယ္။ သူ႔ရဲ့183cm
ရိွတဲ့အရပ္က သူသတိျပဳမိသြားတဲ့အခါတိုင္း
မနာလိုသလိုခံစားရေစသည္။
ဒါေတာင္သူ႔ရဲ့ေခ်ာေမာတဲ့မ်က္ႏွာမပါေသးဘူး။
သူတို႔ကိုပထမဆံုးအႀကိမ္ေတြ့ဖူးတဲ့လူေတြက
ယူေရွာင္မိုကိုအငယ္လို႔ထင္ၾကတယ္။
ယူမိသားစုမွာလူငါးေယာက္ရိွတယ္....
သူ႔ေဖေဖ၊ ေမေမ၊ ယူလု၊ ယူေပၚနဲ႔သူပဲ။
ဒီရဲ့သာမာန္လို႔ထင္ရတဲ့မိသားစုေလးက
တကယ္ေတာ့ေတာ္ေတာ္ေလးထူးဆန္းေနၿပီး
အဲ့ဒီ့ထူးဆန္းေနတဲ့အရာက သူပဲ။
သူ႔အေဖက ယူရုန္လို႔ေခၚၿပီးထူးခၽြန္တဲ့သူ
တစ္ေယာက္ျဖစ္တယ္။ သူကအရမ္းေခ်ာတယ္၊
လူေတြဘယ္ေလာက္ေတာင္သူ႔ကိုႂကြေၾကလဲ
ဆိုတာဘယ္သူသိမလဲ? အဆံုးမွာေတာ့
သူ႔ေမေမ မင္က်င့္ကသူ႔ႏွလံုးသားကိုရခဲ့တယ္။
သူ႔ေမေမကသိမ္ေမြ့တဲ့အလွေလးျဖစ္ၿပီး
က်က္သေရရိွၿပီးမဟာဆန္တဲ့အေငြ့အသက္
ရိွတယ္။ သူ႔အေဖက ေမေမ့ရဲ့အမိဖမ္းျခင္းကို
ခံလိုက္ရၿပီး ျမင္ျမင္ခ်င္းအခ်စ္ျဖစ္ကာ
မေျပာင္းမလဲေတာ့တဲ့အခ်စ္ျဖစ္ခဲ့သည္။
ယူလုက သူ႔ရဲ့အစ္ကိုႀကီးျဖစ္ၿပီး
သူလဲအရမ္းေခ်ာတယ္။ ေက်ာင္းမွာ...
သူကအေတာ္ဆံုးျဖစ္ၿပီး ေက်ာင္းသားေကာင္စီ
ဥကၠဌလဲျဖစ္သည္။ သူကပင္ကိုယ္အစီအစဉ္ခ်
တတ္သူျဖစ္ၿပီး သူဘဲြ႔မရခင္ကပင္
အေဖ့ကုမၸဏီကေန တာဝန္တစ္ခ်ိဳ႕ယူဖို႔
စလုပ္ေနၿပီ။ ဆံုးျဖတ္ခ်က္ခ်တဲ့အခါ
သူကရဲတင္းျပတ္သားၿပီး ပစ္မွတ္ကို
အၿမဲတမ္းထိတတ္ကာ သူ႔နည္းလမ္းမ်ားက
အၫွာအတာကင္းမဲ့သည္။ စီးပြားေရးေလာကတြင္
သူ႔အား 'ငရဲဘုရင္' ဟူေသာနာမည္ျဖင့္
ေက်ာ္ၾကားသြားဖို႔တစ္ႏွစ္တည္းသာၾကာခဲ့၏။
ဒီလိုေတာက္ပေနတဲ့မိသားစုမွာ ယူေရွာင္းမိုက
သိကၡာက်ေစတဲ့သူျဖစ္လာခဲ့သည္။
အထင္ရွားဆံုးျခားနားခ်က္ကေတာ့
သူ႔နာမည္တစ္ခုတည္းသာလ်ွင္
စာလံုးသံုးလံုးပါေနတာပဲ။
အမွန္ေတာ့ သူကလဲရုပ္မဆိုးပါေခ်။
သူ႔မိသားစုဝင္ေတြရဲ့စံၫႊန္းေတြနဲ႔ မနီးစပ္တာသာ
လ်ွင္ျဖစ္သည္။ ထို႔ျပင္ သူ႔အဆင့္ေတြကလဲ
သာမာန္မ်ွသာျဖစ္ကာ ထူးထူးျခားျခားထူးခၽြန္ေနတဲ့
ယူလုနဲ႔ယူေပၚတို႔လိုမဟုတ္ခဲ့ေပ။ သူတို႔က
စာမလုပ္ရင္ေတာင္မွ ပထမျဖစ္ၾက၏။
သူကဒီညီအစ္ကိုႏွစ္ေယာက္ရဲ့
ေအာက္တြန္းခ်မႈကိုခံခဲ့ရၿပီး အေျခအေနေတြကို
ဘယ္တုန္းကမွလဲမေျပာင္းႏိုင္ခဲ့ပါေခ်၊
ထို႔ျပင္ မိသားစုေတာ္ေတာ္မ်ားတြင္
အလတ္ကအခ်စ္ခံရျခင္းအနည္းဆံုးျဖစ္ကာ
သူတို႔မိသားစုတြင္လည္းအတူတူပင္ျဖစ္ပါ၏။
သူ႔အေဖမ်က္လံုးထဲတြင္ အေမတစ္ေယာက္တည္း
သာရိွၿပီး သူ႔ေမေမကယူေပၚကိုသာ
ဂရုစိုက္သည္။ ယူေပၚနဲ႔ယူလုအတြက္ကေတာ့.....
သူတို႔မ်က္လံုးထဲမွာရိွေပမယ့္ သူကေတာ့
ရိွပံုမရခဲ့ေပ၊ ဘာလို႔လဲဆိုေတာ့
ထိုႏွစ္ေယာက္က သူ႔ကိုအၿမဲအႏိုင္က်င့္တတ္တာပဲ
ရိွတာေၾကာင့္ပင္။
ဥပမာအားျဖင့္ အိမ္မွာတစ္ျခားအခန္းေတြ
အမ်ားႀကီးရိွေပမယ့္ ယူေပၚက
ယူေရွာင္းမိုအခန္းကိုပဲလာသည္၊ သူေျပာတာက
ယူေရွာင္းမိုကဆိုးသြမ္းတဲ့သူျဖစ္လာမွာစိုး၍
သူ႔ကိုေစာင့္ၾကၫ့္ထားဖို႔ျဖစ္သည္ဟုပင္။
ဘယ္လိုေတာင္အဓိပၸါယ္မရိွတာလဲ!
ယူေရွာင္းမိုက အႀကိမ္မ်ားစြာကန႔္ကြက္ခဲ့ဖူးသည္၊
သို႔ေသာ္ထိုအခါတြင္မူ ယူေပၚကသူ႔ေမေမေရ႔ွတြင္
လိမၼာၿပီးသနားစဖြယ္ျဖစ္ေအာင္သရုပ္ေဆာင္မည္
ျဖစ္ကာ သူ႔ေမေမကညီေလးကိုအႏိုင္က်င့္ရ
ေကာင္းလားဟုသူ႔ကိုဆူပူတတ္ကာ
သူ႔ရဲ့အဆိုတစ္ခုမွနားမေထာင္ေပးတတ္ေပ။
ဒီလိုမိသားစုမ်ိဳးမွာ ယူေရွာင္းမိုကအလြန္စိတ္
ဖိစီးခဲ့ရ၏။
သူ႔ကိုေမြးစားထားတာျဖစ္မယ္လို႔သူမၾကာခဏ
ေတြးမိတတ္ေပမယ့္ အမွန္တြင္သူက
ယူမိသားစု၏ကေလးရင္းျဖစ္ပါ၏။
သူက သူ႔ရဲ့ကြယ္လြန္ၿပီးျဖစ္တဲ့အဘြားနဲ႔
တူၿပီး သူ႔စရိုက္ကလဲသူမနဲ႔တူတာေၾကာင့္
ယူမိသားစုတြင္သူ႔ကိုအခ်စ္ဆံုးသူမွာ
က်န္းမာေရးျပႆနာေၾကာင့္ အျခားႏိုင္ငံတြင္
ေရာက္ေနသၫ့္သူ႔အဘိုးပင္ျဖစ္သည္။
ကံဆိုးတာက သူတို႔ကအလြန္ေဝးကြာေနျခင္း
ျဖစ္၏။ သူတို႔ေတြတစ္ႏွစ္တစ္ခါေတြ့ႏိုင္ရင္
ေတာင္ ကံေကာင္းေနၿပီျဖစ္သည္။
"ငတံုး...မင္းရဲ့တကၠသိုလ္ပထမဆံုးေန့ကို
ေနာက္က်ခ်င္လို႔လား? မင္းဒီေလာက္ထိ
တံုးေနရင္ ေနာက္က်သြားရင္ငါ့ကိုအျပစ္မတင္နဲ႔"
ယူေပၚကစိတ္ရွည္ျခင္းကုန္ဆံုးသြားၿပီး
အခန္းထဲမွထြက္ရန္လွၫ့္လိုက္၏
"အိုး...ေနာက္တစ္ခုရိွေသးတယ္။
မင္းရဲ့ေက်ာင္းဝတ္စံုကငါ့အခန္းထဲမွာ။
လာယူဖို႔မေမ့နဲ႔"
ထို႔ေနာက္ တံခါးကဒုန္းကနဲပိတ္သြားသည္။
ယူေရွာင္းမိုက ေၾကာင္သြားတယ္။
ဘာမွားေနလဲဆိုတာသူေနာက္ဆံုးေတာ့
နားလည္သြားေတာ့သည္။
________