The Legendary Master's Wife [...

Von melon_rays

1.3M 242K 9.6K

Original Author- Yin Ya English Translators- Exiled Rebels Scanlations [Chapter(400)- (590)] (If you want t... Mehr

Chapter-400
Chapter-401
Chapter-402
Chapter-403
Chapter-404
Chapter-405
Chapter-406
Chapter-407
Chapter-408
Chapter-409
Chapter-410
Chapter-411
Chapter-412
Chapter-413
Chapter-414
Chapter-415
Chapter-416
Chapter-417
Chapter-418
Chapter-419
Chapter-420
Chapter-421
Chapter-422
Chapter-423
Chapter-424
Chapter-425
Chapter-426
Chapter-427
Chapter-428
Chapter-429
Chapter-430⚠️
Chapter-431
Chapter-432
Chapter-433
Chapter-434
Chapter-435
Chapter-437
Chapter-438
Chapter-439
Chapter-440
Chapter-441
Chapter-442
Chapter-443
Chapter-444
Chapter-445
Chapter-446
Chapter-447
Chapter-448⚠️
Chapter-449
Chapter-450
Chapter-451
Chapter-452
Chapter-453
Chapter-454
Chapter-455
Chapter-456
Chapter-457
Chapter-458
Chapter-459
Chapter-460
Chapter-461
Chapter-462
Chapter-463
Chapter-464
Chapter-465
Chapter-466
Chapter-467
Chapter-468
Chapter-469
Chapter-470
Chapter-471
Chapter-472
Chapter-473
Chapter-474
Chapter-475
Chapter-476
Chapter-477
Chapter-478
Chapter-479
Chapter-480
Chapter-481
Chapter-482
Chapter-483
Chapter-484
Chapter-485
Chapter-486
Chapter-487
Chapter-488
Chapter-489
Chapter-490
Chapter-491
Chapter-492
Chapter-493
Chapter-494
Chapter-495
Chapter-496
Chapter-497
Chapter-498
Chapter-499
Chapter-500
Chapter-501
Chapter-502
Chapter-503
Chapter-504
Chapter-505
Chapter-506
Chapter-507
Chapter-508
Chapter-509
Chapter-510
Chapter-511(Unicode)
Chapter-511(Zawgyi)
Chapter-512
Chapter-513(part-1)
Chapter-513(part-2)
Chapter-514
Chapter-515
Chapter-516
Chapter-517
Chapter-518
Chapter-519
Chapter-520
Chapter-521
Chapter-522
Chapter-523
Chapter-524
Chapter-525
Chapter-526
Chapter-527
Chapter-528
Chapter-529
Chapter-530
Chapter-531
Chapter-532
Chapter-533
Chapter-534(part-1)
Chapter-534(part-2)
Chapter-535
Chapter-536
Chapter-537
Chapter-538
Chapter-539
Chapter-540
Chapter-541
Chapter-542
Chapter-543
Chapter-544
Chapter-545
Chapter-546
Chapter-547
Chapter-548
Chapter-549
Chapter-550
Chapter-551
Chapter-552
Chapter-553
Chapter-554
Chapter-555
Chapter-556
Chapter-557
Chapter-558
Chapter-559
Chapter-560
Chapter-561
Chapter-562
Chapter-563
Chapter-564
Chapter-565
Chapter-566
Chapter-567
Chapter-568
Chapter-569
Chapter-570
Chapter-571
Chapter-572
Chapter-573
Chapter-574
Chapter-575
Chapter-576
Chapter-577
Chapter-578
Chapter-579
Chapter-580
Chapter-581
Chapter-582
Chapter-583
Chapter-584
Chapter-585
Chapter-586
Chapter-587
Chapter-588
Chapter-589
Chapter-590
Book ခဲြျခင္း / Book ခွဲခြင်း

Chapter-436

6.8K 1.2K 28
Von melon_rays

Unicode
အပိုင်း၄၃၆- လှည့်စားခြင်းနည်းလမ်း

ရက်အနဲငယ်အတွင်းမှာ ယူရှောင်းမိုတို့အဖွဲ့က
လူသိများလာပြီဖြစ်သည်။ ထို့ကြောင့်
သူတို့ရောက်သွားတဲ့အခိုက်မှာ အာရုံတွေက
သူတို့ပေါ်ရောက်လာကြပြီး အထူးသဖြင့်ကတော့
ဘယ်ဘက်မှာရှိတဲ့ အထပ်ငါးဆယ်ကနေ
ခုနစ်ဆယ်အတန်းကလူတွေပဲ။
အဲ့ဒီ့အခြမ်းဘက်ကလူတွေက အရမ်းစိတ်လှုပ်ရှား
နေကြတာကြောင့် မျက်လုံးထဲကနေမီးတွေပွင့်
နေတယ်လို့တောင်ထင်ရတယ်။

ယန်ဟွေ့နဲ့ချန်ရှန်းရုန်က စောစောလာပြီး
သူတို့အတွက်ခုံဉ်ီးပေးထားကြောင့်
သူတို့လာတာနောက်ကျနေပေမယ့် တစ်ခြားလူတွေ
လို မတ်တပ်ရပ်နေစရာမလိုဘူး။

ယူရှောင်းမိုထိုင်လိုက်တာနဲ့ အဲ့ဒီ့လူတွေက
သူ့ကိုစိုက်ကြည့်နေကြသေးတာကိုမြင်လိုက်ရတော့၊
"အဲ့ဒီ့ကလူတွေက ငါတို့ပြိုင်ဖက်တွေလား?
ဘာလို့ကြည့်နေကြသေးတာလဲ?"
အရင်နေ့က သူ့အခန်းထဲမှာပဲနေနေခဲ့တာမလို့
သူ့ပြိုင်ဖက်ကဘယ်လိုပုံရှိလဲဆိုတာသူမသိဘူး။

ရှေ့မှာထိုင်နေတဲ့ထျန်ရှင်းက လှည့်လိုက်တယ်၊
"သူတို့ပဲ၊ သူတို့အကုန်လုံးကအထပ်လေးဆယ်က
ဆိုပေမယ့် ရက်စက်ပြီးဉာဏ်များတယ်။
ငါတို့စာရင်းသွားပေးကြတော့ သူတို့ကငါတို့
အကြောင်းကြားပြီးနေပြီ၊ ဒါပေမယ့်
နှစ်တိုင်းမှာကြမ်းတမ်းသန်မာတဲ့ကျောင်းသားသစ်
တွေရှိနေကျဆိုတော့ မတတ်နိုင်ဘူးလေ။
အာ့ကြောင့် သူတို့ကိုရွေးလိုက်မှာကနေ
ရှောင်ရှားဖို့ သန်မာတဲ့သူတွေကိုအာရုံစိုက်ကြ
တယ်"

ယူရှောင်းမိုကခေါင်းကုတ်လိုက်ပြီး၊
"ဒီလိုအရာမျိုးကို ဘယ်လိုရှောင်ရှားတာလဲ?"

ထျန်ရှင်းကကျိတ်ရယ်လိုက်တယ်၊
"ရှောင်လို့ရတာပေါ့၊ နင်သာမနေ့ကအခန်းထဲပိတ်မနေ
ရင် ဒီလိုသတင်းမျိုးကရဖို့လွယ်တယ်လေ"

"ဒါဆိုလဲမြန်မြန်ပြောပြလေ"

ထျန်ရှင်းက သူမရဲ့ချောမွေ့ပိန်သွယ်တဲ့မေးကို
ပင့်လိုက်ပြီး "ငါ့ကို အစ်မကြီးလို့ခေါ်ရင်
ပြောပြမယ်"

ယူရှောင်းမိုက ဘာပြောရမလဲမသိတော့ချေ၊
ထျန်ရှင်းက ဆယ့်ကိုးနှစ်ပဲရှိသေးတာကို
သူသိတယ်၊ သူ့လိုနှစ်ဆယ့်နှစ်နှစ်က
သူမကိုအစ်မကြီးလို့ခေါ်ရမယ်ဆိုရင်.....
ကြက်သီးတောင်ထတယ်။

ဒါပေမယ့် အဲ့ဒီ့အခိုက်အတန့်မှာပဲ သူ့ရဲ့ကယ်တင်ရှင်
ကပေါ်လာတော့တယ်၊ သူ့ဘေးမှာထိုင်နေတဲ့
လင်းရှောင်က သူ့မျက်လုံးကိုအနဲငယ်ဖွင့်လိုက်ပြီး
ထျန်ရှင်းကိုမကြည်သည့်အကြည့်တစ်ချက်ပေး
လိုက်ကာ ပြောလိုက်၏၊ "ကံစမ်းမဲစနစ်နဲ့ဆိုင်တာ"

"အာ၊အဲ့လိုကိုး!"

စာတစ်ကြောင်းတည်းနဲ့ ယူရှောင်းမိုသဘောပေါက်
သွားတော့တယ်၊ လူသုံးယောက်က
တူညီတဲ့တစ်ယောက်တည်းကိုပဲစိန်ခေါ်ခဲ့မယ်ဆိုရင်
စင်မြင့်မှာ ကျပန်းမဲနှိုက်မယ်ဆိုတဲ့
စည်းမျဉ်းရှိတယ်လေ။ မဲရွေးခံလိုက်ရတဲ့သူကပဲ
တိုက်ခိုက်ခွင့်ရှိတယ်။

ဒီလူတွေက သူတို့ကိုဘယ်သူစိန်ခေါ်ထားလဲဆိုတာ
သိခဲ့ရင် သူတို့ကိုစိန်ခေါ်ယောင်ဆောင်ဖို့
လူခေါ်လို့ရတယ်လေ။ လူများလေလေ၊
ယူရှောင်းမိုတို့အရွေးခံရဖို့နည်းလေလေပဲ။

ထျန်ရှင်းက နှုတ်ခမ်းစူလိုက်ပြီး လင်းရှောင်ကို
အပြစ်တင်သလိုကြည့်လိုက်သည်၊
"ဒါပေမယ့်လည်း ဒါကစည်းမျဉ်းချိုးဖောက်တာ
ဖြစ်ပြီးတော့ ရှောင်ယောင်တက္ကသိုလ်က
တွေ့သွားရင်ပြင်းပြင်းထန်ထန်အပြစ်ပေးခံရ
မှာကြောင့် သိပ်တော့မလုပ်ကြပါဘူး။
အပြစ်ကအရမ်းကြမ်းတာကြောင့်
သူတို့တွေသဲလွန်စမချန်မိတာ
မသေချာရင် ဘယ်သူကမှချိုးဖောက်မှာ
မဟုတ်ဘူး"

ယူရှောင်းမိုကတွေးနေတယ်၊ သူအဲ့လောက်ထိတော့
ကံမဆိုးလောက်ဘူးမလား?
သူကအထပ်ခြောက်ဆယ်ကိုသွားဖို့
ဒီအခွင့်အရေးသုံးခုကိုသုံးချင်တာလေ။

ခဏကြာတော့ စိန်ခေါ်ပွဲတွေစတော့တယ်။

ကျောက်စိမ်းပြားပေါ်မှာ ပထမပွဲစဉ်အတွက်
ပြိုင်ပွဲဝင်အယောက်နှစ်ရာပေါ်လာတယ်၊
ယှဉ်ပြိုင်သူအရေအတွက်က အထပ်နိမ့်တွေထက်
ပိုနည်းတာကြောင့် ယန်ဟွေ့၊ထျန်ရှင်းနဲ့
ကျန်းလန်ယွီတို့ရဲ့နာမည်အားလုံးလဲ
စာရင်းမှာပါနေတယ်။

ထျန်ရှင်းက အစောကတည်းကစိတ်လှုပ်ရှားမှု
အပြည့်ရှိနေခဲ့တာကြောင့် သူမနာမည်ကို
မြင်လိုက်တာနဲ့ ချက်ချင်းထရပ်လိုက်၏။

ချောင်ဝူရှင်းက"ထျန်ရှင်း၊ ပြိုင်ပွဲစတာနဲ့၊
ပြိုင်ဖက်ကမင်းထက်အားနည်းနေရင်တောင်
သတိလက်လွတ်ဖြစ်လို့မရဘူးနော်၊ နားလည်လား?"

ထျန်ရှင်းက လျှာထုတ်လိုက်၏၊
"သိပါပြီ၊ ဝူရှင်းကောကော"

ယူရှောင်းမိုက မေးထောက်ပြီးတွေးနေတယ်။
ဒီသုံးယောက်ကသူတို့အုပ်စုထဲမှာ အလယ်လတ်ဆင့်
တွေဖြစ်တယ်၊ ဒါပေမယ့် အထပ်လေးဆယ်က
လူအတွက် သူတို့ကအပြည့်အဝလွှမ်းမိုး
နိုင်တယ်။ ထျန်ရှင်းကိုဥပမာကြည့်ရရင်
သူမခွန်အားက အဆင့်ခုနစ်အထက်ဆင့်မှော်ဆရာ
ဖြစ်တယ်၊ အဆင့်ခြောက်မှော်ဆရာတစ်ယောက်နဲ့
ယှဉ်တိုက်ရင် သူမရှုံးစရာအကြောင်းမရှိဘူး။

မမျှော်လင့်ထားစွာနဲ့ ကျန်းလန်ယွီရဲ့ခွန်အားကလဲ
မြင့်တယ်၊ သူကအဆင့်ကိုးအနိမ့်ဆင့်မှော်ဆရာ
ဖြစ်နေတယ်။

ယန်ဟွေ့အတွက်ကတော့ သူတစ်ခါမှမမြင်နိုင်ခဲ့ဘူး၊
ဒီလူကသတိမမူတတ်ဘဲပွင့်လင်းတယ်လို့
ထင်ရပေမယ့် ယူရှောင်းမိုကတော့ သူကနဲနဲ
ထူးဆန်းတယ်လို့ခံစားရတယ်။
သို့ပေမယ့် သူကသေချာပေါက်ကို
အဆင့်ရှစ်အထက်ဆင့်မှော်ဆရာပဲ၊
အထပ်ခုနစ်ဆယ်ကိုတက်ဖို့ပြဿနာမရှိဘူး။

ပြိုင်ဖက်သုံးယောက်က သူတို့အထပ်ရဲ့
အသန်မာဆုံးအဖွဲ့မဟုတ်ပေ၊ ထို့ကြောင့်
သူတို့ရလဒ်ကယူရှောင်းမိုနဲ့ဆင်တူသည်၊
ယန်ဟွေ့နဲ့ကျန်းလန်ယွီရဲ့ပြိုင်ဖက်နှစ်ယောက်စလုံးက
ကြိုတင်အရှုံးပေးလိုက်ကြ၏။ ထျန်ရှင်းရဲ့ပြိုင်ဖက်
ကလွဲရင် သူတို့မှာကနောက်ပြိုင်ပွဲတွေ
ရှိနေသေးတာကြောင့်ပင်။

သူမကမိန်းကလေးတစ်ယောက်ဖြစ်ပြီး
တစ်ဆင့်ပဲကွာတာကြောင့် သူ့မှာအခွင့်ရေး
ရှိသေးတယ်လို့ သူမပြိုင်ဖက်ကတွေးနေတာ
ဖြစ်နိုင်တယ်။ သို့သော်လည်း
ထိုနူးညံ့တဲ့အသွင်အောက်မှာကတော့
ယောက်ျားဆန်တဲ့နှလုံးသားကြီးရှိနေတယ်ဆိုတာ
သူမသိခဲ့ဘူး။ အားသက်သက်နဲ့ပဲ
သူမပြိုင်ဖက်ကလွင့်ပျံသွားတော့သည်။

ဒီကောင်မလေးကသန်မာတယ်လို့ ယူရှောင်းမို
သိပြီးသား၊ ဒါပေမယ့်ဒီလောက်ထိရယ်စရာ
ကောင်းနေမယ်လို့မထင်ခဲ့ဘူး။
သူမလွင့်သွားအောင်လုပ်လိုက်တဲ့သူက
အနဲဆုံးတစ်ရာကီလိုဂရမ်ရှိတာကို
အားတောင်မစိုက်လိုက်ရဘူး။
သူ့ပုခုံးကိုပုတ်လိုက်တဲ့နေ့တုန်းက ပေါ့ပေါ့ပါးပါး
လုပ်ခဲ့တာဖြစ်မယ်။

တိုက်ပွဲနိုင်သွားတဲ့ကောင်မလေးက မြူးတူးစွာနဲ့
ပြေးလာပြီးတော့ ချောင်ဝူရှင်းကိုမျက်စိမှိတ်ပြ
လိုက်တယ်။

ချောင်ဝူရှင်းက ခေါင်းခါနေရင်းရယ်လိုက်တယ်။
သူမကိုသတိထားဖို့ပြောခဲ့တာက
သူမကိုမယုံကြည်လို့မဟုတ်ဘဲ ပြိုင်ဖက်ဖြစ်သူက
တစ်ခုခုညစ်မှာစိုးလို့ဖြစ်သည်။

"လွယ်လိုက်တာ!" ထျန်ရှင်းက
ခုံဆီပြန်လာတယ်၊ ပြုံးနေတဲ့
သူမမျက်နှာလှလှလေးက
ပန်းပွင့်လေးလိုပဲ။

ချောင်ဝူရှင်းက ရယ်ရခက်ငိုရခက်ဖြစ်သွားတယ်၊
"ထျန်ရှင်း..မင်းကမိန်းကလေးလေ၊ ပုံရိပ်ကို
ဂရုစိုက်ဦး"

ထျန်ရှင်းကအာရုံမထားပေ၊ "ဝူရှင်းကောကော...
ပြိုင်ပွဲကိုကြည့်လိုက်၊ ကျောက်စိမ်းပြားက
ထပ်ရွေ့နေပြီ။ နောက်တစ်လှည့်က အကိုဖြစ်နိုင်
တယ်"

ချောင်ဝူရှင်းကခေါင်းယမ်းလိုက်တော့တယ်။

သူမပြောသလိုပဲ၊ ကျောက်စိမ်းပြားပေါ်မှာ
နာမည်အသစ်တွေပေါ်လာနေတယ်။
ယူရှောင်းမိုက သူ့နာမည်ကိုမလွတ်သွားအောင်လို့
သေချာအာရုံစိုက်ထားတယ်၊ အထပ်နှစ်ဆယ်ထက်
စာရင် ပြိုင်ပွဲပိုနည်းတာကြောင့် သူ့နာမည်ပေါ်လာဖို့
အခွင့်ရေးရှိတယ်။ သို့သော်လည်း
နာမည်တွေအားလုံးပြပြီးတဲ့အခါ သူ့ဟာက
မပါသေးဘူး။

"ထူးဆန်းတယ်၊ ယူရှောင်းဟာ၊ နင့်ပြိုင်ဖက်
နာမည်ကအဲ့မှာရှိနေတယ်လေ"
မျက်စိလျင်တဲ့ထျန်ရှင်းက ယူရှောင်းမိုရဲ့
ပြိုင်ဖက် ကျူဟုန်ဆိုတဲ့နာမည်ကိုတွေ့လိုက်တယ်။

သူမစကားကိုကြားတော့ သူတို့အဖွဲ့ကသေချာကြည့်
လိုက်တယ်၊ သူမပြောသလိုပဲ၊
ယူရှောင်းမိုရဲ့စင်မြင့်နေရာသုံးဆယ့်သုံးမှာ
ကျူဟုန်ရဲ့နာမည်ရှိနေတယ်။ ဒါပေမယ့်
သူ့ဘေးမှာတော့စိန်ခေါ်သူနာမည်ရှိမနေဘူး။

"ကံစမ်းမဲပဲ၊ ကျူဟုန်ကိုစိန်ခေါ်တဲ့သူ
သုံးယောက်ထက်များနေတယ်"
ကျုံးယဲ့က ထူးမခြားနားတဲ့အသံနဲ့ပြောလိုက်သည်။

ယူရှောင်းမိုက ကြောင်သွားတော့သည်၊
ကျူဟုန်ကအထပ်လေးဆယ်ရဲ့ စွမ်းအားကြီး
တဲ့သူမဟုတ်ဘူးလား၊ သူ့ကိုစိန်ခေါ်တဲ့သူတွေ
ဘာလို့များနေတာလဲ? နောက်ပြီး သူက
တော်တော်လေးနောက်ကျမှရောက်လာတာဖြစ်ပြီး
အဲ့တုန်းကသူကတစ်ဦးတည်းသော
စိန်ခေါ်သူလေ၊ ဒါမဖြစ်နိုင်ဘူး။

ထျန်ရှင်းက သူမပါးစပ်ကိုကာလိုက်ကာ
ခပ်အုပ်အုပ်ရယ်လိုက်သည်၊
"ယူရှောင်းဟာ၊ ကြည့်ရတာ ဒီကျူဟုန်ဆိုတဲ့လူက
နင်နဲ့မတိုက်ချင်ဘူးထင်တယ်"

ယူရှောင်းမိုက သူမကိုမျက်လုံးလှန်ပြလိုက်တယ်၊
"လူအများစုကစည်းမျဉ်းဖောက်ဖို့ မတရား
ကြောက်ကြတယ်လို့ နင်ပဲမပြောခဲ့ဘူးလား?"
ဒါကစိတ်ရှုပ်ဖို့ကောင်းတယ်၊ ဒီလိုအရာနဲ့ကြုံရအောင်
သူဘယ်လောက်တောင်ကံဆိုးနေတာပါလိမ့်။

ထျန်ရှင်းက ကန့်ကွက်လိုက်၏၊
"ဒါပေမယ့်၊ ဒီကျူဟုန်ကဒီလိုမဟုတ်ဘူး၊
ဆက်တိုက်နိုင်ပွဲအကြောင်းသိလား?
ထားလိုက်ပါတော့၊ နင်သိမှာမဟုတ်ဘူး။
ပင်မအဆောက်အအုံမှာ အဆင့်ပိုမြင့်တဲ့ပြိုင်ဖက်
တွေကိုခြောက်ပွဲဆက်တိုက်အနိုင်ရခဲ့ရင်
တစ်ခါတည်းအထပ်နှစ်ဆယ်ကျော်တက်လို့ရတယ်
ဆိုတဲ့စည်းမျဉ်းရှိတယ်။ ကျူဟုန်က
ဒီစည်းမျဉ်းကိုစိန်ခေါ်ဖို့ပြင်နေတာလို့ ကြားတယ်၊
မနေ့ကသူ့ထက်သန်မာတဲ့တစ်ယောက်ကို
နိုင်ပြီးသွားပြီ၊ ဒီနေရာမှာနင့်ကိုရှုံးသွားခဲ့ရင်
အရင်ကသူ့မှတ်တမ်းကအသုံးမဝင်တော့ဘူး။
သူ နောက်သုံးလကျမှပဲထပ်စိန်ခေါ်လို့
ရတော့မယ်လေ"

ယန်ဟွေ့က ပြုံးဖြဲဖြဲလုပ်နေရင်းဆက်လိုက်၏၊
"မင်းတို့နှစ်ယောက်ကြားကကွာခြားချက်က
ကြီးလွန်းနေတာကြောင့်၊ သူမနေ့တုန်းက
နိုင်ခဲ့ရင်တောင်မှ အခုလောလောဆယ်မှာတော့
မင်းကိုနိုင်ဖို့မဖြစ်နိုင်ဘူး"

ယူရှောင်းမိုက သေချင်သွားတော့တယ်၊
သူသာကြိုသိခဲ့မယ်ဆိုရင် ဒီကောင့်ကို
ရွေးခဲ့မှာမဟုတ်ဘူး။ ချောင်ဝူရှင်းနဲ့လူအတူတူ
စိန်ခေါ်လိုက်ရင်တောင် အဆင်ပြေအုံးမယ်၊
အခုတော့ကံကိုပဲအားကိုးရတော့မယ်။
တစ်ခြားလူတိုင်းကအထပ်ခြောက်ဆယ်ကို
တက်သွားတဲ့အချိန် သူတစ်ယောက်တည်း
အထပ်လေးဆယ်မှာကပ်နေခဲ့ရမှာကို
တွေးကြည့်ရုံနဲ့တင်ရူးတော့မယ်။

"ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ!" ထင်ထားသလိုပဲ
အန်းချောင်ရဲ့ဝမ်းသာနေတဲ့အသံက
ထွက်ပေါ်လာသည်။

သူကအနာပေါ်ဆားသိပ်မယ်ဆိုတာ
ယူရှောင်းမိုမျှော်လင့်ထားပြီးသား၊ ဒါ့ကြောင့်
မျက်လုံးလှန်လိုက်ပြီး မကြားချင်ယောင်
ဆောင်လိုက်တယ်။ အဲ့ဒီ့နောက်
လင်းရှောင်ပုခုံးပေါ်မှီလိုက်ကာ
လေ့ဆယ့်ငါးဒီဂရီဝမ်းနည်းပြလိုက်တယ်။

"လင်း....အယ်၊ ကျွန်တော်အရွေးခံရမယ်လို့
ထင်လား?"

လင်းရှောင်-"မင်းအထက်မှာရောင်ခြည်တော်အဝန်း
လေးရှိနေတယ်လို့ယုံကြည်လိုက်....."

ယူရှောင်းမို-"......"
ဘာလဲ၊ အဓိကဇာတ်ဆောင်ရဲ့အရောင်အဝါလား?

ကံစမ်းမဲကိုလူတိုင်းရှေ့မှာနှိုက်ပေးတယ်၊
ဒါပေမယ့် စိန်ခေါ်သူအများကြီးရှိတာကျူဟုန်
တစ်ယောက်တည်းမဟုတ်ဘူး၊ ဒါ့ကြောင့်
သူ့အလှည့်ရောက်ဖို့ခဏလောက်စောင့်ရတယ်။
ကျူဟုန့်အလှည့်ရောက်တာနဲ့ ပရိသတ်က
ရုတ်ခြည်းတိတ်သွားတော့သည်။
ဒီမှာရှိနေတဲ့လူတွေက အကြောင်းအရာကို
ထျန်ရှင်းထက်ပိုသိကြကာ ယူရှောင်းမိုနဲ့
မတိုက်ရဖို့ သူလှည့်စားထားတယ်ဆိုတာလဲ
သိကြသည်။

ကျူဟုန်က စင်မြင့်သုံးဆယ့်သုံးရဲ့ထိပ်မှာ
မတ်တပ်ရပ်လိုက်တာနဲ့၊ အကွာအဝေးကြောင့်
သူ့အမူအရာကိုပြောဖို့ခက်တယ်ဆိုပေမယ့်လည်း
ဒီလူက ကျေနပ်အေးဆေးနေတယ်ဆိုတာ
ယူရှောင်းမိုခံစားရတယ်။

ယူရှောင်းမိုက ကိုယ့်ဘာကိုယ်တွေးလိုက်တယ်၊
'အကိုကြီး၊ မင်းဆက်တိုက်နိုင်ပွဲရချင်တာနဲ့ပဲ
ငါ့ကိုစတေးလို့မရဘူးလေ၊ ဒါကကျင့်ဝတ်
မကောင်းတာပဲ။ ငါအခုတစ်ကြိမ်အရွေးမခံရရင်
တတိယအခွင့်ရေးတွက် မင်းကိုပဲရွေးမယ်၊
သဘောပေါက်လား? ပေါက်တယ်ဆိုရင်
လူကောင်းလေးလုပ်ပြီး ငါ့ကိုရွေးလိုက်၊
မင်းကိုအရှက်မခွဲပါဘူး၊တကယ်ပါ!'

ခဏကြာတော့ သုံးဆယ့်သုံးရဲ့ဒိုင်လူကြီးက
စက္ကူအထပ်လိုက်နဲ့ရောက်လာတယ်။

ဒိုင်လူကြီးရဲ့လက်ထဲမှာ ကျူဟုန်ရဲ့စိန်ခေါ်သူတွေ
ရှိနေပြီး သူကစက္ကူစတစ်ခုရွေးလိုက်ရုံပဲ။

စက္ကူစစုစုပေါင်းဆယ့်တစ်ခုရှိနေကာ
ယူရှောင်းမိုက 'လူအုပ်ထဲကနေထွက်' ဖို့အတွက်
သူ့မှာဆယ်ပုံတစ်ပုံအခွင့်ရေးရှိတယ်။ ဒါကနိမ့်လွန်း
တာကြောင့် လူအများစုက မဖြစ်နိုင်ဘူးလို့
တွေးကြတယ်၊ သို့သော်လည်း
၎င်းက တင်းမာနေတဲ့အခြေအနေဖြစ်နေတယ်
ဆိုတဲ့အချက်ကိုပယ်လို့မရဘူး။

ပရိသတ်အများစုက ကျူဟုန်ကိုအာရုံစိုက်
ထားကြတော့သည်။

အကောင်းဆုံးအပိုင်းကတော့၊ အနီးနားက
စင်မြင့်ပေါ်မှာ၊ တိုက်ခိုက်သူနှစ်ယောက်ကလဲ
သိချင်ပြီးတော့ သူတို့နောက်မှဆက်တိုက်ရအောင်
ရပ်ခွင့်တောင်းလိုက်ကြတာပဲ။ ဒိုင်လူကြီးက
ဒေါသထွက်လွန်းလို့ထရယ်တော့တယ်။

ဒိုင်လူကြီးက စက္ကူစတွေနဲ့ ကျူဟုန်ဆီလျှောက်
သွားလိုက်ပြီး ကျူဟုန်ကစက္ကူတစ်စကို
သာမာန်ကာလျှံကာဆွဲထုတ်လိုက်တယ်။
___________

Zawgyi
အပိုင္း၄၃၆- လွၫ့္စားျခင္းနည္းလမ္း

ရက္အနဲငယ္အတြင္းမွာ ယူေရွာင္းမိုတို႔အဖဲြ႔က
လူသိမ်ားလာၿပီျဖစ္သည္။ ထို႔ေၾကာင့္
သူတို႔ေရာက္သြားတဲ့အခိုက္မွာ အာရံုေတြက
သူတို႔ေပၚေရာက္လာၾကၿပီး အထူးသျဖင့္ကေတာ့
ဘယ္ဘက္မွာရိွတဲ့ အထပ္ငါးဆယ္ကေန
ခုနစ္ဆယ္အတန္းကလူေတြပဲ။
အဲ့ဒီ့အျခမ္းဘက္ကလူေတြက အရမ္းစိတ္လႈပ္ရွား
ေနၾကတာေၾကာင့္ မ်က္လံုးထဲကေနမီးေတြပြင့္
ေနတယ္လို႔ေတာင္ထင္ရတယ္။

ယန္ေဟြ့နဲ႔ခ်န္ရွန္းရုန္က ေစာေစာလာၿပီး
သူတို႔အတြက္ခံုဉ္ီးေပးထားေၾကာင့္
သူတို႔လာတာေနာက္က်ေနေပမယ့္ တစ္ျခားလူေတြ
လို မတ္တပ္ရပ္ေနစရာမလိုဘူး။

ယူေရွာင္းမိုထိုင္လိုက္တာနဲ႔ အဲ့ဒီ့လူေတြက
သူ႔ကိုစိုက္ၾကၫ့္ေနၾကေသးတာကိုျမင္လိုက္ရေတာ့၊
"အဲ့ဒီ့ကလူေတြက ငါတို႔ၿပိဳင္ဖက္ေတြလား?
ဘာလို႔ၾကၫ့္ေနၾကေသးတာလဲ?"
အရင္ေန့က သူ႔အခန္းထဲမွာပဲေနေနခဲ့တာမလို႔
သူ႔ၿပိဳင္ဖက္ကဘယ္လိုပံုရိွလဲဆိုတာသူမသိဘူး။

ေရ႔ွမွာထိုင္ေနတဲ့ထ်န္ရွင္းက လွၫ့္လိုက္တယ္၊
"သူတို႔ပဲ၊ သူတို႔အကုန္လံုးကအထပ္ေလးဆယ္က
ဆိုေပမယ့္ ရက္စက္ၿပီးဉာဏ္မ်ားတယ္။
ငါတို႔စာရင္းသြားေပးၾကေတာ့ သူတို႔ကငါတို႔
အေၾကာင္းၾကားၿပီးေနၿပီ၊ ဒါေပမယ့္
ႏွစ္တိုင္းမွာၾကမ္းတမ္းသန္မာတဲ့ေက်ာင္းသားသစ္
ေတြရိွေနက်ဆိုေတာ့ မတတ္ႏိုင္ဘူးေလ။
အာ့ေၾကာင့္ သူတို႔ကိုေရြးလိုက္မွာကေန
ေရွာင္ရွားဖို႔ သန္မာတဲ့သူေတြကိုအာရံုစိုက္ၾက
တယ္"

ယူေရွာင္းမိုကေခါင္းကုတ္လိုက္ၿပီး၊
"ဒီလိုအရာမ်ိဳးကို ဘယ္လိုေရွာင္ရွားတာလဲ?"

ထ်န္ရွင္းကက်ိတ္ရယ္လိုက္တယ္၊
"ေရွာင္လို႔ရတာေပါ့၊ နင္သာမေန့ကအခန္းထဲပိတ္မေန
ရင္ ဒီလိုသတင္းမ်ိဳးကရဖို႔လြယ္တယ္ေလ"

"ဒါဆိုလဲျမန္ျမန္ေျပာေျပေလ"

ထ်န္ရွင္းက သူမရဲ့ေခ်ာေမြ့ပိန္သြယ္တဲ့ေမးကို
ပင့္လိုက္ၿပီး "ငါ့ကို အစ္မႀကီးလို႔ေခၚရင္
ေျပာျပမယ္"

ယူေရွာင္းမိုက ဘာေျပာရမလဲမသိေတာ့ေခ်၊
ထ်န္ရွင္းက ဆယ့္ကိုးႏွစ္ပဲရိွေသးတာကို
သူသိတယ္၊ သူ႔လိုႏွစ္ဆယ့္ႏွစ္ႏွစ္က
သူမကိုအစ္မႀကီးလို႔ေခၚရမယ္ဆိုရင္.....
ၾကက္သီးေတာင္ထတယ္။

ဒါေပမယ့္ အဲ့ဒီ့အခိုက္အတန႔္မွာပဲ သူ႔ရဲ့ကယ္တင္ရွင္
ကေပၚလာေတာ့တယ္၊ သူ႔ေဘးမွာထိုင္ေနတဲ့
လင္းေရွာင္က သူ႔မ်က္လံုးကိုအနဲငယ္ဖြင့္လိုက္ၿပီး
ထ်န္ရွင္းကိုမၾကည္သၫ့္အၾကၫ့္တစ္ခ်က္ေပး
လိုက္ကာ ေျပာလိုက္၏၊ "ကံစမ္းမဲစနစ္နဲ႔ဆိုင္တာ"

"အာ၊အဲ့လိုကိုး!"

စာတစ္ေၾကာင္းတည္းနဲ႔ ယူေရွာင္းမိုသေဘာေပါက္
သြားေတာ့တယ္၊ လူသံုးေယာက္က
တူညီတဲ့တစ္ေယာက္တည္းကိုပဲစိန္ေခၚခဲ့မယ္ဆိုရင္
စင္ျမင့္မွာ က်ပန္းမဲႏိႈက္မယ္ဆိုတဲ့
စည္းမ်ဉ္းရိွတယ္ေလ။ မဲေရြးခံလိုက္ရတဲ့သူကပဲ
တိုက္ခိုက္ခြင့္ရိွတယ္။

ဒီလူေတြက သူတို႔ကိုဘယ္သူစိန္ေခၚထားလဲဆိုတာ
သိခဲ့ရင္ သူတို႔ကိုစိန္ေခၚေယာင္ေဆာင္ဖို႔
လူေခၚလို႔ရတယ္ေလ။ လူမ်ားေလေလ၊
ယူေရွာင္းမိုတို႔အေရြးခံရဖို႔နည္းေလေလပဲ။

ထ်န္ရွင္းက ႏႈတ္ခမ္းစူလိုက္ၿပီး လင္းေရွာင္ကို
အျပစ္တင္သလိုၾကၫ့္လိုက္သည္၊
"ဒါေပမယ့္လည္း ဒါကစည္းမ်ဉ္းခ်ိဳးေဖာက္တာ
ျဖစ္ၿပီးေတာ့ ေရွာင္ေယာင္တကၠသိုလ္က
ေတြ့သြားရင္ျပင္းျပင္းထန္ထန္အျပစ္ေပးခံရ
မွာေၾကာင့္ သိပ္ေတာ့မလုပ္ၾကပါဘူး။
အျပစ္ကအရမ္းၾကမ္းတာေၾကာင့္
သူတို႔ေတြသဲလြန္စမခ်န္မိတာ
မေသခ်ာရင္ ဘယ္သူကမွခ်ိဳးေဖာက္မွာ
မဟုတ္ဘူး"

ယူေရွာင္းမိုကေတြးေနတယ္၊ သူအဲ့ေလာက္ထိေတာ့
ကံမဆိုးေလာက္ဘူးမလား?
သူကအထပ္ေျခာက္ဆယ္ကိုသြားဖို႔
ဒီအခြင့္အေရးသံုးခုကိုသံုးခ်င္တာေလ။

ခဏၾကာေတာ့ စိန္ေခၚပဲြေတြစေတာ့တယ္။

ေက်ာက္စိမ္းျပားေပၚမွာ ပထမပဲြစဉ္အတြက္
ၿပိဳင္ပဲြဝင္အေယာက္ႏွစ္ရာေပၚလာတယ္၊
ယွဉ္ၿပိဳင္သူအေရအတြက္က အထပ္နိမ့္ေတြထက္
ပိုနည္းတာေၾကာင့္ ယန္ေဟြ့၊ထ်န္ရွင္းနဲ႔
က်န္းလန္ယီြတို႔ရဲ့နာမည္အားလံုးလဲ
စာရင္းမွာပါေနတယ္။

ထ်န္ရွင္းက အေစာကတည္းကစိတ္လႈပ္ရွားမႈ
အျပၫ့္ရိွေနခဲ့တာေၾကာင့္ သူမနာမည္ကို
ျမင္လိုက္တာနဲ႔ ခ်က္ခ်င္းထရပ္လိုက္၏။

ေခ်ာင္ဝူရွင္းက"ထ်န္ရွင္း၊ ၿပိဳင္ပဲြစတာနဲ႔၊
ၿပိဳင္ဖက္ကမင္းထက္အားနည္းေနရင္ေတာင္
သတိလက္လြတ္ျဖစ္လို႔မရဘူးေနာ္၊ နားလည္လား?"

ထ်န္ရွင္းက လ်ွာထုတ္လိုက္၏၊
"သိပါၿပီ၊ ဝူရွင္းေကာေကာ"

ယူေရွာင္းမိုက ေမးေထာက္ၿပီးေတြးေနတယ္။
ဒီသံုးေယာက္ကသူတို႔အုပ္စုထဲမွာ အလယ္လတ္ဆင့္
ေတျြဖစ္တယ္၊ ဒါေပမယ့္ အထပ္ေလးဆယ္က
လူအတြက္ သူတို႔ကအျပၫ့္အဝလႊမ္းမိုး
ႏိုင္တယ္။ ထ်န္ရွင္းကိုဥပမာၾကၫ့္ရရင္
သူမခြန္အားက အဆင့္ခုနစ္အထက္ဆင့္ေမွာ္ဆရာ
ျဖစ္တယ္၊ အဆင့္ေျခာက္ေမွာ္ဆရာတစ္ေယာက္နဲ႔
ယွဉ္တိုက္ရင္ သူမရႈံးစရာအေၾကာင္းမရိွဘူး။

မေမ်ွာ္လင့္ထားစြာနဲ႔ က်န္းလန္ယီြရဲ့ခြန္အားကလဲ
ျမင့္တယ္၊ သူကအဆင့္ကိုးအနိမ့္ဆင့္ေမွာ္ဆရာ
ျဖစ္ေနတယ္။

ယန္ေဟြ့အတြက္ကေတာ့ သူတစ္ခါမွမျမင္ႏိုင္ခဲ့ဘူး၊
ဒီလူကသတိမမူတတ္ဘဲပြင့္လင္းတယ္လို႔
ထင္ရေပမယ့္ ယူေရွာင္းမိုကေတာ့ သူကနဲနဲ
ထူးဆန္းတယ္လို႔ခံစားရတယ္။
သို႔ေပမယ့္ သူကေသခ်ာေပါက္ကို
အဆင့္ရွစ္အထက္ဆင့္ေမွာ္ဆရာပဲ၊
အထပ္ခုနစ္ဆယ္ကိုတက္ဖို႔ျပႆနာမရိွဘူး။

ၿပိဳင္ဖက္သံုးေယာက္က သူတို႔အထပ္ရဲ့
အသန္မာဆံုးအဖဲြ႔မဟုတ္ေပ၊ ထို႔ေၾကာင့္
သူတို႔ရလဒ္ကယူေရွာင္းမိုနဲ႔ဆင္တူသည္၊
ယန္ေဟြ့နဲ႔က်န္းလန္ယီြရဲ့ၿပိဳင္ဖက္ႏွစ္ေယာက္စလံုးက
ႀကိဳတင္အရႈံးေပးလိုက္ၾက၏။ ထ်န္ရွင္းရဲ့ၿပိဳင္ဖက္
ကလဲြရင္ သူတို႔မွာကေနာက္ၿပိဳင္ပဲြေတြ
ရိွေနေသးတာေၾကာင့္ပင္။

သူမကမိန္းကေလးတစ္ေယာက္ျဖစ္ၿပီး
တစ္ဆင့္ပဲကြာတာေၾကာင့္ သူ႔မွာအခြင့္ေရး
ရိွေသးတယ္လို႔ သူမၿပိဳင္ဖက္ကေတြးေနတာ
ျဖစ္ႏိုင္တယ္။ သို႔ေသာ္လည္း
ထိုႏူးညံ့တဲ့အသြင္ေအာက္မွာကေတာ့
ေယာက္်ားဆန္တဲ့ႏွလံုးသားႀကီးရိွေနတယ္ဆိုတာ
သူမသိခဲ့ဘူး။ အားသက္သက္နဲ႔ပဲ
သူမၿပိဳင္ဖက္ကလြင့္ပ်ံသြားေတာ့သည္။

ဒီေကာင္မေလးကသန္မာတယ္လို႔ ယူေရွာင္းမို
သိၿပီးသား၊ ဒါေပမယ့္ဒီေလာက္ထိရယ္စရာ
ေကာင္းေနမယ္လို႔မထင္ခဲ့ဘူး။
သူမလြင့္သြားေအာင္လုပ္လိုက္တဲ့သူက
အနဲဆံုးတစ္ရာကီလိုဂရမ္ရိွတာကို
အားေတာင္မစိုက္လိုက္ရဘူး။
သူ႔ပုခံုးကိုပုတ္လိုက္တဲ့ေန့တုန္းက ေပါ့ေပါ့ပါးပါး
လုပ္ခဲ့တာျဖစ္မယ္။

တိုက္ပဲြႏိုင္သြားတဲ့ေကာင္မေလးက ျမဴးတူးစြာနဲ႔
ေျပးလာၿပီးေတာ့ ေခ်ာင္ဝူရွင္းကိုမ်က္စိမိွတ္ျပ
လိုက္တယ္။

ေခ်ာင္ဝူရွင္းက ေခါင္းခါေနရင္းရယ္လိုက္တယ္။
သူမကိုသတိထားဖို႔ေျပာခဲ့တာက
သူမကိုမယံုၾကည္လို႔မဟုတ္ဘဲ ၿပိဳင္ဖက္ျဖစ္သူက
တစ္ခုခုညစ္မွာစိုးလို႔ျဖစ္သည္။

"လြယ္လိုက္တာ!" ထ်န္ရွင္းက
ခံုဆီျပန္လာတယ္၊ ႃပံုးေနတဲ့
သူမမ်က္ႏွာလွလွေလးက
ပန္းပြင့္ေလးလိုပဲ။

ေခ်ာင္ဝူရွင္းက ရယ္ရခက္ငိုရခက္ျဖစ္သြားတယ္၊
"ထ်န္ရွင္း..မင္းကမိန္းကေလးေလ၊ ပံုရိပ္ကို
ဂရုစိုက္ဦး"

ထ်န္ရွင္းကအာရံုမထားေပ၊ "ဝူရွင္းေကာေကာ...
ၿပိဳင္ပဲြကိုၾကၫ့္လိုက္၊ ေက်ာက္စိမ္းျပားက
ထပ္ေရြ့ေနၿပီ။ ေနာက္တစ္လွၫ့္က အကိုျဖစ္ႏိုင္
တယ္"

ေခ်ာင္ဝူရွင္းကေခါင္းယမ္းလိုက္ေတာ့တယ္။

သူမေျပာသလိုပဲ၊ ေက်ာက္စိမ္းျပားေပၚမွာ
နာမည္အသစ္ေတြေပၚလာေနတယ္။
ယူေရွာင္းမိုက သူ႔နာမည္ကိုမလြတ္သြားေအာင္လို႔
ေသခ်ာအာရံုစိုက္ထားတယ္၊ အထပ္ႏွစ္ဆယ္ထက္
စာရင္ ၿပိဳင္ပဲြပိုနည္းတာေၾကာင့္ သူ႔နာမည္ေပၚလာဖို႔
အခြင့္ေရးရိွတယ္။ သို႔ေသာ္လည္း
နာမည္ေတြအားလံုးျပၿပီးတဲ့အခါ သူ႔ဟာက
မပါေသးဘူး။

"ထူးဆန္းတယ္၊ ယူေရွာင္းဟာ၊ နင့္ၿပိဳင္ဖက္
နာမည္ကအဲ့မွာရိွေနတယ္ေလ"
မ်က္စိလ်င္တဲ့ထ်န္ရွင္းက ယူေရွာင္းမိုရဲ့
ၿပိဳင္ဖက္ က်ူဟုန္ဆိုတဲ့နာမည္ကိုေတြ့လိုက္တယ္။

သူမစကားကိုၾကားေတာ့ သူတို႔အဖဲြ႔ကေသခ်ာၾကၫ့္
လိုက္တယ္၊ သူမေျပာသလိုပဲ၊
ယူေရွာင္းမိုရဲ့စင္ျမင့္ေနရာသံုးဆယ့္သံုးမွာ
က်ူဟုန္ရဲ့နာမည္ရိွေနတယ္။ ဒါေပမယ့္
သူ႔ေဘးမွာေတာ့စိန္ေခၚသူနာမည္ရိွမေနဘူး။

"ကံစမ္းမဲပဲ၊ က်ူဟုန္ကိုစိန္ေခၚတဲ့သူ
သံုးေယာက္ထက္မ်ားေနတယ္"
က်ဳံးယဲ့က ထူးမျခားနားတဲ့အသံနဲ႔ေျပာလိုက္သည္။

ယူေရွာင္းမိုက ေၾကာင္သြားေတာ့သည္၊
က်ူဟုန္ကအထပ္ေလးဆယ္ရဲ့ စြမ္းအားႀကီး
တဲ့သူမဟုတ္ဘူးလား၊ သူ႔ကိုစိန္ေခၚတဲ့သူေတြ
ဘာလို႔မ်ားေနတာလဲ? ေနာက္ၿပီး သူက
ေတာ္ေတာ္ေလးေနာက္က်မွေရာက္လာတာျဖစ္ၿပီး
အဲ့တုန္းကသူကတစ္ဦးတည္းေသာ
စိန္ေခၚသူေလ၊ ဒါမျဖစ္ႏိုင္ဘူး။

ထ်န္ရွင္းက သူမပါးစပ္ကိုကာလိုက္ကာ
ခပ္အုပ္အုပ္ရယ္လိုက္သည္၊
"ယူေရွာင္းဟာ၊ ၾကၫ့္ရတာ ဒီက်ူဟုန္ဆိုတဲ့လူက
နင္နဲ႔မတိုက္ခ်င္ဘူးထင္တယ္"

ယူေရွာင္းမိုက သူမကိုမ်က္လံုးလွန္ျပလိုက္တယ္၊
"လူအမ်ားစုကစည္းမ်ဉ္းေဖာက္ဖို႔ မတရား
ေၾကာက္ၾကတယ္လို႔ နင္ပဲမေျပာခဲ့ဘူးလား?"
ဒါကစိတ္ရႈပ္ဖို႔ေကာင္းတယ္၊ ဒီလိုအရာနဲ႔ႄကံုရေအာင္
သူဘယ္ေလာက္ေတာင္ကံဆိုးေနတာပါလိမ့္။

ထ်န္ရွင္းက ကန႔္ကြက္လိုက္၏၊
"ဒါေပမယ့္၊ ဒီက်ူဟုန္ကဒီလိုမဟုတ္ဘူး၊
ဆက္တိုက္ႏိုင္ပဲြအေၾကာင္းသိလား?
ထားလိုက္ပါေတာ့၊ နင္သိမွာမဟုတ္ဘူး။
ပင္မအေဆာက္အအံုမွာ အဆင့္ပိုျမင့္တဲ့ၿပိဳင္ဖက္
ေတြကိုေျခာက္ပဲြဆက္တိုက္အႏိုင္ရခဲ့ရင္
တစ္ခါတည္းအထပ္ႏွစ္ဆယ္ေက်ာ္တက္လို႔ရတယ္
ဆိုတဲ့စည္းမ်ဉ္းရိွတယ္။ က်ူဟုန္က
ဒီစည္းမ်ဉ္းကိုစိန္ေခၚဖို႔ျပင္ေနတာလို႔ ၾကားတယ္၊
မေန့ကသူ႔ထက္သန္မာတဲ့တစ္ေယာက္ကို
ႏိုင္ၿပီးသြားၿပီ၊ ဒီေနရာမွာနင့္ကိုရႈံးသြားခဲ့ရင္
အရင္ကသူ႔မွတ္တမ္းကအသံုးမဝင္ေတာ့ဘူး။
သူ ေနာက္သံုးလက်မွပဲထပ္စိန္ေခၚလို႔
ရေတာ့မယ္ေလ"

ယန္ေဟြ့က ႃပံုးၿဖဲျဖဲလုပ္ေနရင္းဆက္လိုက္၏၊
"မင္းတို႔ႏွစ္ေယာက္ၾကားကကြာျခားခ်က္က
ႀကီးလြန္းေနတာေၾကာင့္၊ သူမေန့တုန္းက
ႏိုင္ခဲ့ရင္ေတာင္မွ အခုေလာေလာဆယ္မွာေတာ့
မင္းကိုႏိုင္ဖို႔မျဖစ္ႏိုင္ဘူး"

ယူေရွာင္းမိုက ေသခ်င္သြားေတာ့တယ္၊
သူသာႀကိဳသိခဲ့မယ္ဆိုရင္ ဒီေကာင့္ကို
ေရြးခဲ့မွာမဟုတ္ဘူး။ ေခ်ာင္ဝူရွင္းနဲ႔လူအတူတူ
စိန္ေခၚလိုက္ရင္ေတာင္ အဆင္ေျပအံုးမယ္၊
အခုေတာ့ကံကိုပဲအားကိုးရေတာ့မယ္။
တစ္ျခားလူတိုင္းကအထပ္ေျခာက္ဆယ္ကို
တက္သြားတဲ့အခ်ိန္ သူတစ္ေယာက္တည္း
အထပ္ေလးဆယ္မွာကပ္ေနခဲ့ရမွာကို
ေတြးၾကၫ့္ရံုနဲ႔တင္ရူးေတာ့မယ္။

"ကိုယ့္ထိုက္နဲ႔ကိုယ့္ကံပဲ!" ထင္ထားသလိုပဲ
အန္းေခ်ာင္ရဲ့ဝမ္းသာေနတဲ့အသံက
ထြက္ေပၚလာသည္။

သူကအနာေပၚဆားသိပ္မယ္ဆိုတာ
ယူေရွာင္းမိုေမ်ွာ္လင့္ထားၿပီးသား၊ ဒါ့ေၾကာင့္
မ်က္လံုးလွန္လိုက္ၿပီး မၾကားခ်င္ေယာင္
ေဆာင္လိုက္တယ္။ အဲ့ဒီ့ေနာက္
လင္းေရွာင္ပုခံုးေပၚမွီလိုက္ကာ
ေလ့ဆယ့္ငါးဒီဂရီဝမ္းနည္းျပလိုက္တယ္။

"လင္း....အယ္၊ ကၽြန္ေတာ္အေရြးခံရမယ္လို႔
ထင္လား?"

လင္းေရွာင္-"မင္းအထက္မွာေရာင္ျခည္ေတာ္အဝန္း
ေလးရိွေနတယ္လို႔ယံုၾကည္လိုက္....."

ယူေရွာင္းမို-"......"
ဘာလဲ၊ အဓိကဇာတ္ေဆာင္ရဲ့အေရာင္အဝါလား?

ကံစမ္းမဲကိုလူတိုင္းေရ႔ွမွာႏိႈက္ေပးတယ္၊
ဒါေပမယ့္ စိန္ေခၚသူအမ်ားႀကီးရိွတာက်ူဟုန္
တစ္ေယာက္တည္းမဟုတ္ဘူး၊ ဒါ့ေၾကာင့္
သူ႔အလွၫ့္ေရာက္ဖို႔ခဏေလာက္ေစာင့္ရတယ္။
က်ူဟုန႔္အလွၫ့္ေရာက္တာနဲ႔ ပရိသတ္က
ရုတ္ျခည္းတိတ္သြားေတာ့သည္။
ဒီမွာရိွေနတဲ့လူေတြက အေၾကာင္းအရာကို
ထ်န္ရွင္းထက္ပိုသိၾကကာ ယူေရွာင္းမိုနဲ႔
မတိုက္ရဖို႔ သူလွၫ့္စားထားတယ္ဆိုတာလဲ
သိၾကသည္။

က်ူဟုန္က စင္ျမင့္သံုးဆယ့္သံုးရဲ့ထိပ္မွာ
မတ္တပ္ရပ္လိုက္တာနဲ႔၊ အကြာအေဝးေၾကာင့္
သူ႔အမူအရာကိုေျပာဖို႔ခက္တယ္ဆိုေပမယ့္လည္း
ဒီလူက ေက်နပ္ေအးေဆးေနတယ္ဆိုတာ
ယူေရွာင္းမိုခံစားရတယ္။

ယူေရွာင္းမိုက ကိုယ့္ဘာကိုယ္ေတြးလိုက္တယ္၊
'အကိုႀကီး၊ မင္းဆက္တိုက္ႏိုင္ပဲြရခ်င္တာနဲ႔ပဲ
ငါ့ကိုစေတးလို႔မရဘူးေလ၊ ဒါကက်င့္ဝတ္
မေကာင္းတာပဲ။ ငါအခုတစ္ႀကိမ္အေရြးမခံရရင္
တတိယအခြင့္ေရးတြက္ မင္းကိုပဲေရြးမယ္၊
သေဘာေပါက္လား? ေပါက္တယ္ဆိုရင္
လူေကာင္းေလးလုပ္ၿပီး ငါ့ကိုေရြးလိုက္၊
မင္းကိုအရွက္မခဲြပါဘူး၊တကယ္ပါ!'

ခဏၾကာေတာ့ သံုးဆယ့္သံုးရဲ့ဒိုင္လူႀကီးက
စကၠူအထပ္လိုက္နဲ႔ေရာက္လာတယ္။

ဒိုင္လူႀကီးရဲ့လက္ထဲမွာ က်ူဟုန္ရဲ့စိန္ေခၚသူေတြ
ရိွေနၿပီး သူကစကၠူစတစ္ခုေရြးလိုက္ရံုပဲ။

စကၠူစစုစုေပါင္းဆယ့္တစ္ခုရိွေနကာ
ယူေရွာင္းမိုက 'လူအုပ္ထဲကေနထြက္' ဖို႔အတြက္
သူ႔မွာဆယ္ပံုတစ္ပံုအခြင့္ေရးရိွတယ္။ ဒါကနိမ့္လြန္း
တာေၾကာင့္ လူအမ်ားစုက မျဖစ္ႏိုင္ဘူးလို႔
ေတြးၾကတယ္၊ သို႔ေသာ္လည္း
၄က တင္းမာေနတဲ့အေျခအေနျဖစ္ေနတယ္
ဆိုတဲ့အခ်က္ကိုပယ္လို႔မရဘူး။

ပရိသတ္အမ်ားစုက က်ူဟုန္ကိုအာရံုစိုက္
ထားၾကေတာ့သည္။

အေကာင္းဆံုးအပိုင္းကေတာ့၊ အနီးနားက
စင္ျမင့္ေပၚမွာ၊ တိုက္ခိုက္သူႏွစ္ေယာက္ကလဲ
သိခ်င္ၿပီးေတာ့ သူတို႔ေနာက္မွဆက္တိုက္ရေအာင္
ရပ္ခြင့္ေတာင္းလိုက္ၾကတာပဲ။ ဒိုင္လူႀကီးက
ေဒါသထြက္လြန္းလို႔ထရယ္ေတာ့တယ္။

ဒိုင္လူႀကီးက စကၠူစေတြနဲ႔ က်ူဟုန္ဆီေလ်ွာက္
သြားလိုက္ၿပီး က်ူဟုန္ကစကၠူတစ္စကို
သာမာန္ကာလ်ွံကာဆဲြထုတ္လိုက္တယ္။
___________















Weiterlesen

Das wird dir gefallen

405K 50.8K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
106K 10.3K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
340K 33.8K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
276K 20.4K 130
COMPLETED with 64 Chapters (61 main chapters + Extra 3 Chapters) Artist: Yusa Genres: Webtoon/ Historical/ Drama/ Romance/ Yaoi/ Smut (Uncensored lin...