Unicode
အပိုင်း၄၂၇-ရွှမ်းယွီဟိုတယ်
မှော်ဆေးလုံးဆိုင်က အတော်အသင့်သေးငယ်သည်၊
အရောင်းအဝယ်လဲ သိပ်ဖြစ်ပုံမရပေ။ ဆိုင်ထဲမှာ
ကောင်တာပေါ်အိပ်ငိုက်နေတဲ့
လူတစ်ယောက်ပဲရှိနေတယ်။ ခြေသံတွေကြားလိုက်
ရင်း သူ့ခေါင်းကကောင်တာပေါ်ကို
ဘန်းကနဲရိုက်မိသွားပြီး ထိုလူက နာသွားတာကြောင့်
ထခုန်သွားတယ်။
သူတို့ကိုတွေ့တော့ လူကြီးကသူ့ရဲ့ကိုယ်နေဟန်ထားကို
ဝယ်ယူသူတွေကိုကြိုဆိုဖို့ပိုသင့်တော်တဲ့ပုံစံသို့
မြန်မြန်ပြောင်းလိုက်တယ်။ သူတို့ဆီကိုခပ်သွက်သွက်
လျှောက်လာပြီး ပါးစပ်ကနေစက်သေနတ်ပစ်
သလိုပြောတော့တယ်။ "လူကြီးမင်းနှစ်ယောက်က
မှော်ဆေးလုံးတွေအတွက် လာခဲ့တာလားဗျာ?
ဒါဆိုရင်တော့ နေရာမှန်ကိုရောက်လာတာပဲ။
ဒီဆိုင်က ဗဟိုမြို့တော်မှာအကြီးဆုံးဆေးလုံးဆိုင်
မဟုတ်ပေမယ့် မှော်ဆေးလုံးမျိုးစုံရှိပါတယ်။
လူကြီးမင်းတို့ဘာပဲလိုချင်ချင် ရှိပါတယ်။
နောက်ပြီးကျွန်တော်တို့ရဲ့မှော်ဆေးလုံးတွေကလဲ
စျေးချို......"
"ကျောက်စိမ်းပုလင်းရှိလား?"
လင်းရှောင်ရဲ့အေးစက်စက်အသံက သူ့ရဲ့
တရစပ်စကားတွေကို ဖြတ်ချလိုက်တယ်။
လူကြီးက 'ဟာ' လို့သာပြောနိုင်ပြီး ဘယ်လိုတုံ့ပြန်
ရမလဲမသိတော့ချေ။ ဒီဟာက မှော်ဆေးလုံးဆိုင်ကို
ကျောက်စိမ်းပုလင်းဝယ်ဖို့လာတဲ့သူ?
သူစကားမပြောတာကိုမြင်တော့ လင်းရှောင်က
သူ့မှာမရှိဘူးလို့ယူဆလိုက်ပြီး ထွက်သွားဖို့အတွက်
လှည့်လိုက်သည်။
ထိုအခါမှသာ လူကြီးကသတိပြန်ရလာပြီး
သူတို့နောက်ကိုအလျင်စလိုလိုက်ပြောလိုက်သည်၊
"ရှိတယ်၊ရှိတယ်၊ရှိတယ်......ဒီမှာ
ကျောက်စိမ်းပုလင်းမျိုးစုံရှိပါတယ်။ လူကြီးမင်း
နှစ်ယောက်ကနေရာမှန်ကိုလာခဲ့တာပဲ၊
ကျွန်တော်တို့ဆိုင်......"
ယူရှောင်းမိုရဲ့နှုတ်ခမ်းတွေ တွန့်သွားတော့တယ်။
ဒီလူကြီးက တခြားသူတွေဘာပဲကြားချင်ကြားချင်
ပြောပေးဖို့အတွက် သူ့ရဲ့ပါရမီအားလုံးကို
သုံးထားတာဖြစ်မယ်၊ သူ့ရဲ့စကားလုံးအသုံးအနှုန်း
တွေကတောင် အတူတူပဲ။ ဒါပေမယ့် လင်းရှောင်က
ဘာလို့ကျောက်စိမ်းပုလင်းဝယ်ချင်တာလဲ?
"ငါတို့ကြည့်လို့ရအောင် ထုတ်လာခဲ့"
လင်းရှောင်ကနောက်တစ်ကြိမ်ဖြတ်ပြောလိုက်
ပြန်သည်။
"ကောင်းပါပြီ၊ကောင်းပါပြီ၊ ခဏပဲစောင့်ပါ"
သူတို့ထွက်ပြေးသွားမှာကြောက်နေတဲ့အလား
လူကြီးကသွားရင်း သူတို့ကိုခဏခဏ
ပြန်လှည့်ကြည့်နေတယ်။
ယူရှောင်းမိုက သူနားမလည်တာကိုထုတ်ပြော
လိုက်တယ်၊ "ဘာလို့ကျောက်စိမ်းပုလင်းလိုနေ
တာလဲ?"
လင်းရှောင်ကပြန်ဖြေသည်၊ "ဒြပ်စင်အဆီအနှစ်
တွေထည့်ဖို့။ ရိုးရိုးကျောက်စိမ်းပုလင်းတွေက
အလွယ်တကူကွဲတတ်တယ်"
ယူရှောင်းမိုက ကျောက်စိမ်းပုလင်းတွေအကြောင်း
တစ်ခါမှဂရုမထားခဲ့ဖူးဘူး။ အရင်ကသူဝယ်ခဲ့တဲ့
ဟာတွေက အရည်အသွေးမဆိုးလှပေမယ့်
ကောင်းတယ်လို့လဲဆိုလို့မရဘူး။ သတ္တုနဲ့မြေဒြပ်စင်
အဆီအနှစ်တွေက သစ်သားဒြပ်စင်အဆီအနှစ်
နဲ့မတူပေ။ သူတို့က အချိန်တော်တော်ကြာကတည်းက
စိတ်ဝိဉာဉ်သိစိတ်ရထားတာဖြစ်ပြီး သစ်သားဒြပ်စင်
အဆီအနှစ်ထက် ပိုရန်မူတတ်ကြသည်။
ရိုးရိုးကျောက်စိမ်းပုလင်းများက သူတို့ကို
ထိန်းမထားနိုင်ပေ။
သိပ်မကြာလိုက်ခင်မှာပဲ လူကြီးက
ပုံးအကြီးကြီးတစ်ခုနှင့်အတူ ပြန်ရောက်လာသည်။
သူကပုံးကို ကောင်တာပေါ်တင်လိုက်တယ်။
ပုံးအထဲကနေရာကို စင်သုံးခုခွဲထားကာ
တစ်ခုချင်းစီမှာ အရည်အသွေးမတူတဲ့
ကျောက်စိမ်းပုလင်းတစ်ခုစီရှိနေတယ်။
လူကြီးက ကျောက်စိမ်းပုလင်းတွေဘယ်လောက်
ကောင်းကြောင်း စိတ်အားထက်သန်စွာနဲ့
တရစပ်ပြောတော့တယ်၊ စျေးနှုန်းကို များနိုင်သမျှ
များအောင် မြှင့်ဖို့လဲသူမမေ့ဘူး။ သို့သော်လည်း
သူဘယ်လောက်ပဲစျေးမြှင့်မြှင့် ယူရှောင်းမိုက
ပြန်ဆွဲချမယ်ဆိုတာကို သူမသိပေ။
လင်းရှောင်က အနိမ့်ဆုံးစင်ကကျောက်စိမ်းပုလင်း
သုံးခုကို သာမာန်ကာလျှံကာယူလိုက်တယ်၊
လူကြီးပြောတဲ့အတိုင်းဆိုရင် ဒီဟာတွေက
စျေးအကြီးဆုံးပဲ။
လူကြီးက သူ့မျက်လုံးတွေမပေါ်တော့တဲ့ထိအောင်
ပြုံးနေတယ်၊ "အရည်အသွေးကို တကယ်ကြည့်
တတ်တာပဲ။ ဒီကျောက်စိမ်းပုလင်းတွေကို
အထူးပစ္စည်းတစ်ခုကနေ ဖန်တီးထားတာ၊
အရည်အသွေးကိုအသေးစိတ်စစ်ကြည့်နေစရာကို
မလိုဘူး၊ အာ့ကြောင့် စျေးကတော့ နဲနဲကြီးတယ်။
ဒါပေမယ့်လည်း ကျွန်တော်တို့ဆိုင်ကို ပထမဆုံး
လာတဲ့အခေါက်ဖြစ်တာကြောင့် ဆယ်ရာခိုင်နှုန်း
လျှော့စျေးပေးပါ့မယ်"
ယူရှောင်းမိုက လင်းရှောင်လက်ထဲကဖန်ပုလင်း
တွေကို တစ်ချက်ကြည့်လိုက်တယ်။ သူတို့ကို
ကြည့်ရတာတော့ တော်တော်လေးကောင်းပုံရတယ်၊
ထို့ကြောင့်သူကမေးလိုက်သည်၊
"တစ်ခုကို စွမ်းအင်ကျောက်တုံးဘယ်လောက်လဲ?"
လူကြီးက လက်ဟန်ခြေဟန်နဲ့ပြလိုက်တယ်၊
"တစ်ခုကို စွမ်းအင်ကျောက်တုံးတစ်သိန်းဆိုတော့
လျှော့စျေးနဲ့တွက်ရင် ကိုးသောင်းကျသင့်ပါတယ်"
ယူရှောင်းမိုက တစ်ခဏမျှတန့်သွားပြီးနောက်
စိတ်ပျက်စွာမော့ကြည့်လိုက်တယ်။သက်ပြင်းချလိုက်ရင်း သူ့ပုခုံးလေးတွေက
အောက်ကျသွားတယ်၊ "ဒါပေမယ့်ငါတို့မှာ
ကိုးသောင်းပဲရှိတာ။ မင်းက တစ်ခုကို
ကိုးသောင်းလိုချင်တယ်ဆိုရင် ငါတို့မှာမလောက်ဘူး။
ငါကသုံးခုလုံးဝယ်ချင်ခဲ့တာ၊ ဒါကဒီလိုဆိုမှတော့လဲ
ထားလိုက်ပါတော့" ထို့နောက် သူကထွက်သွားဖို့
လုပ်လိုက်တယ်။
လူကြီးက စိုးရိမ်သွားတယ်၊ "ဒါပေမယ့်
ကိုးသောင်းနဲ့ တစ်ခုဝယ်လို့ရတာပဲ"
ယူရှောင်းမိုကခေါင်းယမ်းလိုက်တယ်၊
"ငါကသုံးခုလိုတာ။ တစ်ခုထဲပဲဝယ်နိုင်မယ်ဆိုရင်
ပြဿနာရှုပ်လွန်းတယ်။ တစ်ခုမှမဝယ်တာပဲ
ကောင်းလိမ့်မယ်"
"နေပါဦး၊ ဒါကိုပြောကြည့်လို့ရပါသေးတယ်"
သူတို့ထွက်သွားမှာကို လူကြီးကတကယ်
ကြောက်နေတယ်။
ယူရှောင်းမိုကခေါင်းလှည့်လိုက်တယ်၊
"သုံးခုကို ကိုးသောင်းနဲ့ရောင်းပေးမယ်ဆိုရင်
ဖြစ်တယ်"
လူကြီးရဲ့အမူအရာက လွန်ဆွဲနေပုံပေါ်တယ်၊
ဒါပေမယ့်အဆုံးမှာတော့ သူ့နှလုံးသားကို
မာကြောလိုက်ပြီးပြောလိုက်တော့သည်၊
"သဘောတူတယ်!" စျေးနှုန်းတစ်သိန်းဆိုတာက
သူအဓိပ္ပါယ်မရှိလျှောက်ပြောနေခဲ့တာ။
သူတို့နှစ်ယောက်အင်္ကျီရဲ့အရည်အသွေးကို
ကြည့်ပြီးတော့ သူတို့ကိုချမ်းသာတယ်လို့
ထင်ခဲ့တာကြောင့် အမြတ်ရဖို့အတွက်
တစ်သိန်းထိတမင်သက်သက်စျေးမြှင့်ခဲ့တာဖြစ်
သည်။
ဒီလိုအဆုံးသတ်သွားလိမ့်မယ်လို့ သူမထင်ခဲ့ဘူး။
ဖန်ပုလင်းသုံးခုကို ကိုးသောင်းနဲ့ရောင်းလိုက်ရတာ
အမြတ်သိပ်မရပေမယ့် ဘာမှမရတာထက်စာရင်
ပိုကောင်းတယ်လေ။ ဒါ့အပြင် သူတစ်ပြားမှ
မဝင်ခဲ့ရင်၊ ဆိုင်ရှင်က သူ့က်ို နောက်လကျရင်
အလုပ်ထုတ်တော့မှာ။
ယူရှောင်းမိုနဲ့လင်းရှောင်က ကျေနပ်စွာနဲ့
မှော်ဆေးလုံးဆိုင်ကနေ ထွက်လာခဲ့ကြသည်။
ဆိုင်ရဲ့အရောင်းအဝယ်မရှိတာကနေ ဝန်ထမ်းရဲ့
အခြေအနေကို သူတို့ခန့်မှန်းမိတာကြောင့်
အခွင့်ကောင်းတစ်ခုကို ဖမ်းဆုပ်နိုင်ခဲ့တာပဲ။
သူတို့တည်းခိုခန်းကိုပြန်ရောက်သွားတဲ့အချိန်မှာ
နေတောင်ဝင်တော့မယ်။
သူတို့အထဲဝင်တော့မယ့်အချိန်မှာပဲ မန်နေဂျာက
ရုတ်တရက်ရောက်လာပြီး သူတို့လမ်းကိုပိတ်လိုက်
တော့သည်။
လင်းရှောင်က မျက်ခုံးတစ်ဖက်ပင့်လိုက်၏။
ယူရှောင်းမိုက ယဉ်ယဉ်ကျေးကျေးမေးလိုက်တယ်၊
"တစ်ခုခုမှားနေလို့လား၊ မန်နေဂျာ?"
သူတို့ကိုစွမ်းအင်ကျောက်တုံးအချို့ကမ်းမပေးခင်
မန်နေဂျာက စိတ်ထဲလွန်ဆွဲနေပုံပေါ်ပြီး
တွန့်ဆုတ်တွန့်ဆုတ်နဲ့ပြောလိုက်တယ်၊
"လူကြီးမင်းတို့ရဲ့အခန်းကို ပယ်ဖျက်လိုက်ပါပြီ။
တောင်းပန်တဲ့အနေနဲ့ ဒီဟာကမင်းတို့အစောတုန်းက
ပေးထားတဲ့ အဖိုးခပါ။ အကုန်လုံးပြန်လျော်ပေးပါ့
မယ်။ အာ့ကြောင့်တစ်ခြားတစ်နေရာမှာ
သွားတည်းဖို့တောင်းဆိုပါတယ်"
ယူရှောင်းမိုက ဒီမျှော်လင့်မထားတဲ့အဖြစ်အပျက်ကို
မည်သို့တုံ့ပြန်ရမည်မှန်းမသိတော့ချေ။
လင်းရှောင်က မျက်လုံးတွေကိုမှေးလိုက်တယ်၊
"တစ်ယောက်ယောက်က ငါတို့ကိုမောင်းထုတ်ဖို့
ပြောထားလား?"
မန်နေဂျာကသက်ပြင်းချလိုက်ရင်း
"ငါ့ရဲ့တည်းခိုခန်းက ကိုယ်ပိုင်စီးပွားရေးပါ။
ငါတို့မှာ နောက်ခံပေးမယ့်သူရော ကာကွယ်ပေးမယ့်
သူရောမရှိဘူး။ ဒါနဲ့ပတ်သတ်ပြီးငါလဲဘာမှမလုပ်
နိုင်ဘူး၊ စိတ်မကောင်းပါဘူး"
ဒီစကားတွေက အကြောင်းအရာကိုထင်ရှား
နေစေတယ်၊ သူတို့ကကျိုးကြောင်းမသင့်တာ၊
နှလုံးသားမရှိတာမဟုတ်ပါချေ။ ယူရှောင်းမိုက
မန်နေဂျာပြန်လျော်ပေးတဲ့ စွမ်းအင်ကျောက်တုံးတွေ
ကို မတုန်မလှုပ်လက်ခံလိုက်ပြီး လင်းရှောင်နှင့်အတူ
တည်းခိုခန်းမှထွက်လာခဲ့လိုက်သည်။
"ကျွန်တော်တို့ကို ဘယ်သူကဒီလိုပစ်မှတ်ထားနေတာ
လို့ထင်လဲ?" ယူရှောင်းမိုကစိတ်မကောင်းမဖြစ်ပေ။
သူတို့က စွမ်းအင်ကျောက်တုံးအလကားရတယ်လေ။
ဒါက တည်းခိုခန်းပြောင်းရတာလေးပါပဲ။
ဗဟိုမြို့တော်က ကြီးမားတာကြောင့် နေစရာနေရာ
ရှာလို့မရမှာမပူပေ။ အဆိုးဆုံးဖြစ်လာခဲ့ရင်
သူတို့အိတ်ဆောင်နယ်မြေထဲမှာနေလိုက်ရုံပဲ။
လင်းရှောင်ကပြန်ဖြေလိုက်တယ်၊
"ဟုတ်တာပေါ့၊ မင်းထက်ပိုတုံးတဲ့
တစ်ယောက်ယောက်ပဲ"
ယူရှောင်းမိုရဲ့အားတက်ပျော်ရွှင်နေခြင်းလေးက
ကြမ်းပြင်ပေါ်ကျကွဲသွားတော့တယ်၊
မကျေမနပ်နဲ့ "ဟေး၊ ခင်ဗျားအဲ့လူကို ငတုံးလို့ခေါ်လဲ
ကျွန်တော်ကစိတ်မရှိပါဘူး၊ ဒါပေမယ့်ကျွန်တော့်ကို
တော့ဆွဲမသွင်းနဲ့လေ။ နှိုင်းကြည့်စရာကိုမရှိဘူး"
လင်းရှောင်ရဲ့ ခြေလှမ်းတွေကတန့်သွား၏၊
"မှန်တယ်"
ဒီကောင်က လုံးဝကွဲပြားတဲ့ဦးတည်ရာကို
ပြောနေတယ်ဆိုတာ ယူရှောင်းမိုကျိန်ရဲတယ်။
ထေ့ငေါ့တာက အဆိုးဆုံးပဲ။ သူ့ကိုနားလည်တဲ့
နေရာမှာအရမ်းကောင်းနေတာလဲ ဆိုးတာပဲ။
လူရိပ်နှစ်ခုဟာ ဘေးချင်းကပ်လျှောက်နေကြတယ်၊
သူတို့ရဲ့အရိပ်တွေက ဝင်လုဆဲနေကြောင့်
ရှည်ထွက်နေတယ်။
သူတို့နှစ်ယောက်က နေမဝင်ခင် နေရာသစ်တစ်ခုရှာဖို့
ဆုံးဖြတ်လိုက်တယ်။ ပထမတော့
ဒါကလွယ်လိမ့်မယ်လို့ထင်ခဲ့တယ်၊ ဒါပေမယ့်
တစ်ခြားနေရာတွေကလဲ တစ်ပုံစံတည်းတုံ့ပြန်လိမ့်
မယ်လို့ သူတို့မထင်ထားခဲ့ဘူး။ သူတို့နာမည်ကို
ပြောလိုက်တာနဲ့ အခန်းလွတ်ကမရှိတော့ဘူး။
သူတို့ကိုနောက်တစ်နေရာရှာဖို့ပြောကြတယ်၊
ဒါပေမယ့်တစ်ခြားနေရာတွေကလဲ အတူတူပဲ
ပြောကြပြန်တယ်။
ထပ်ခါထပ်ခါ 'မတ်တပ်ရပ်' နေရင်း၊
နေဝင်သွားတော့သည်။
ယူရှောင်းမိုက လမ်းထောင့်မှာငုတ်တုတ်ထိုင်နေတယ်။
ဒီအန်းချောင်က တော်တော်လွန်တာပဲ။ သူသာ
ဒီလိုလွန်လာရင် လူတွေကိုအာခံမိဖို့လွယ်တယ်ဆိုတာ
သူမသိဘူးလား?,
"ဘာလုပ်ကြမလဲ?"
လင်းရှောင်ကသူ့ကိုဆွဲထူလိုက်တယ်၊
"ဟိုတယ်ကြီးတစ်ခုရှာကြတာပေါ့"
ဟိုတယ်များက တည်းခိုခန်းနှင့်မတူပေ။
တည်းခိုခန်းက နောက်ခံကြီးကြီးမားမားမရှိသည့်
လူများဖွင့်လေ့ရှိကြတဲ့ အသေးစားကိုယ်ပိုင်
စီးပွားရေးဖြစ်သည်။ ဒီလူတွေအတွက်ကတော့
သခင်ငယ်လေးတစ်ယောက်ဖြစ်တဲ့အန်းချောင်ရဲ့
ခြိမ်းခြောက်မှုကို ကြောက်ရတယ်။
သို့သော်လည်း ဟိုတယ်ကြီးများကတော့
ကွဲပြား၏။ ပုံမှန်အားဖြင့် ၎င်းတို့ကို
ငွေကြေးချမ်းသာသူများနှင့် စွမ်းအားကြီးသူများက
ထောက်ပံ့ထားကြသည်၊ အန်းချောင်က
သူတို့ကိုဖိအားပေးလို့မရပေ။
ယူရှောင်းမိုက ဒါကိုနားလည်သွားပြီးတော့
သင်္ကာမကင်းဖြစ်သွားတော့သည်။ သူတို့မှာ
ဟိုတယ်တစ်ခုကိုတတ်နိုင်တဲ့ပိုက်ဆံရှိတယ်လို့
အန်းချောင်ကမတွေးခဲ့ဘူးလား? သူက
ဝမ်းမြောက်ပျော်ရွှင်သွားတော့တယ်။
ဟိုတယ်များက ဗဟိုမြို့တော်၏အစည်ကားဆုံး
ဧရိယာတွင် စုနေ၏။ ညရောက်သည့်အခါတွင်
ထိုနေရာတစ်ဝိုက်မှာ လင်းထိန်နေပြီး
လမ်းသွားလမ်းလာကလဲ နေ့ခင်းထက်မနည်းပေ။
အချို့နေရာများမှ ခွက်ချင်းတိုက်သံများ
ထွက်ပေါ်နေကာ အလွန်ပင်သက်ဝင်လှုပ်ရှားနေသည်။
ရွှမ်းယွီဟိုတယ်မှာ ဗဟိုမြို့တော်တွင်အကြီးဆုံး
ဟိုတယ်ဖြစ်၏။ လက်ရှိမှာ၊ ၎င်းကို
မှော်ဆရာအစည်းအရုံးနှင့်သားရဲသဏ္ဍာန်ပြောင်းလဲ
ခြင်းအဖွဲ့အစည်းများမှ နောက်ခံပေးထားခြင်း
မဟုတ်ပေ၊ ဘယ်သူမှမမြင်ဖူးသည့်
ထူးခြားဆန်းကြယ်သောလူတစ်ယောက်က
ကျောထောက်နောက်ခံပေးထားခြင်းဖြစ်သည်။
ညစဉ်ညတိုင်း၊ ရွှမ်းယွီဟိုတယ်က ဗဟိုမြို့တော်
တစ်ခုလုံးတွင် အစည်ကားဆုံးနေရာဖြစ်သည်။
ချမ်းသာသာ ဆင်းရဲရဲ၊ လူများက ရွှမ်းယွီဟိုတယ်ကို
ဆက်တိုက်ဝင်ထွက်နေကြသည်။
ဘာလို့လဲဆိုတော့ ရွှမ်းယွီဟိုတယ်က
ထုံထျန်းတိုက်မကြီးတစ်ခုလုံး၏အကြီးဆုံး
လောင်းကစားရုံဖြစ်နေတာကြောင့်ပင်။
သို့ပေမယ့် လောင်းကစားရုံကဟိုတယ်အောက်မှာ
ရှိတာဖြစ်သည်။ အထက်တွင်တော့အတော်အသင့်
တိတ်ဆိတ်၏။
သူတို့နှစ်ယောက်ဝင်လာတာမြင်တော့
လောနေပုံပေါ်တဲ့ဝန်ထမ်းတစ်ယောက်က
မြန်မြန်ရောက်လာပြီးတော့ အပြုံးတစ်ခုနဲ့
နှုတ်ဆက်သည်။ သူတို့ကအခန်းတစ်ခန်းယူဖို့
ရောက်လာတယ်ဆိုတာကြားလိုက်ရတော့
သူ့ရဲ့လက်ရှိအလုပ်ကိုလုပ်ဖို့
တစ်ခြားတစ်ယောက်ကိုလှမ်းခေါ်လိုက်ပြီး
သူတို့ကိုအပေါ်ထပ်သို့ခေါ်သွားပေးသည်။
ရွှမ်းယွီဟိုတယ်၏အခန်းများကို သုံးမျိုးခွဲထား၏။
စျေးအပေါဆုံးက တစ်ရက်လျှင်စွမ်းအင်ကျောက်တုံး
တစ်တုံးဖြစ်ကာ စျေးအကြီးဆုံးက တစ်ရက်လျှင်
ဆယ်တုံးကျသင့်သည်။ ဧည့်သည်များက
သူတို့တတ်နိုင်သလိုရွေးချယ်နိုင်သည်၊ သို့သော်
ဤနေရာသို့ လာကြသူအများစုမှာ
အတော်အတန်ပိုက်ဆံရှိကြ၏။
"ဒီဟာက လူကြီးမင်းတို့ရဲ့အခန်းပါ"
ဝန်ထမ်းကသူတို့ကိုအထဲခေါ်သွားတယ်။
ယူရှောင်းမိုက အတွင်းကိုတစ်ပတ်ပတ်ကြည့်
လိုက်ပြီး ကျေနပ်စွာခေါင်းညိမ့်လိုက်သည်။
"ညမှာအိပ်မပျော်ဘဲ တစ်ခုခုလုပ်ချင်တယ်ဆိုရင်
မြေအောက်လောင်းကစားရုံကို စမ်းကြည့်လို့ရ
ပါတယ်။ မင်းတို့ရဲ့စိတ်ပင်ပန်းမှုအားလုံး
ပျောက်စေရမယ်လို့ ကတိပေးနိုင်ပါတယ်"
ဝန်ထမ်းက စိတ်အားထက်သန်စွာမိတ်ဆက်နေသည်။
ယူရှောင်းမိုက မျက်ခုံးတစ်ဖက်ပင့်လိုက်တယ်။
ဟုတ်တာပေါ့၊ မင်းရဲ့စိတ်ပူပင်မှုတွေအကုန်ပျောက်
သွားအောင်လုပ်ပေးလိမ့်မယ်။ လောင်းကစားလို
ဟာက စွဲလမ်းသွားတာနဲ့ ပြန်ထွက်ဖို့ခက်တာကိုး။
သို့သော်ငြားလည်း သူ့နှစ်ဘဝလုံးမှာ တစ်ခါမှ
လောင်းကစားမလုပ်ခဲ့ဖူးပေ။ ဝန်ထမ်းရဲ့စကားတွေကို
ကြားတော့ သူကစပ်စုချင်စိတ်ဖြစ်လာတယ်။
သူကြိုးစားမကြည့်ရင်တောင်မှ အတွေ့အကြုံရဖို့
သွားလို့ရတာပဲ။
ဝန်ထမ်းပြန်သွားပြီးတဲ့နောက် ယူရှောင်းမိုက
အခန်းထဲမှာခေါက်တုံ့ခေါက်ပြန်လျှောက်နေတယ်။
လင်းရှောင်လဲဘာမှလုပ်စရာမရှိတာကိုတွေ့တော့
သူကထိန်းမထားနိုင်တော့ပဲ အကြံပြုလိုက်တယ်၊
"လောင်းကစားရုံကို သွားကြည့်ကြည့်ရင်ရော?"
လင်းရှောင်ကသူ့ကိုကြည့်လိုက်တယ်၊
သူ့သိချင်စိတ်ကိုထိန်းမထားနိုင်တော့ဘူးဆိုတာ
ခန့်မှန်းမိပြီးတော့၊ "ခဏနေရင်သွားမယ်။
ပထမဆုံး ရှဲ့ချုံးနဲ့ကျန်လူတွေကို ထွက်ခွင့်ပေးသင့်
တယ်၊ လျှောက်ပတ်ကြည့်ရအောင် အချိန်နဲနဲပေး
လိုက်။ မတူညီတဲ့မျိုးစိတ်တွေကို ခွဲခြားခွဲခြားလုပ်တာ
မရှိဘူး။ သူတို့ကို နတ်ဆိုးသားရဲဖြစ်တယ်ဆိုတာ
တွေ့သွားကြရင်တောင် အဆင်ပြေတယ်"
သားရဲသဏ္ဍာန်ပြောင်းလဲခြင်းအဖွဲ့အစည်းက
နတ်ဆိုးသားရဲများနှင့် နီးကပ်သည်။
တစ်ယောက်ယောက်က နတ်ဆိုးသားရဲတစ်ကောင်ကို
တစ်ခုခုလုပ်ချင်တယ်ဆိုရင် ထိုနတ်ဆိုးသားရဲကို
သားရဲသဏ္ဍာန်ပြောင်းလဲခြင်းအဖွဲ့အစည်းက
ပိုင်တာ ဟုတ်မဟုတ်ကို အရင်စဉ်စားရမည်
ဖြစ်သည်။ ထို့ကြောင့် ကျုံထျန်းတွင်
တော်တော်လေးဘေးကင်း၏။
_________
Zawgyi
အပိုင္း၄၂၇-ရႊမ္းယီြဟိုတယ္
ေမွာ္ေဆးလံုးဆိုင္က အေတာ္အသင့္ေသးငယ္သည္၊
အေရာင္းအဝယ္လဲ သိပ္ျဖစ္ပံုမရေပ။ ဆိုင္ထဲမွာ
ေကာင္တာေပၚအိပ္ငိုက္ေနတဲ့
လူတစ္ေယာက္ပဲရိွေနတယ္။ ေျခသံေတြၾကားလိုက္
ရင္း သူ႔ေခါင္းကေကာင္တာေပၚကို
ဘန္းကနဲရိုက္မိသြားၿပီး ထိုလူက နာသြားတာေၾကာင့္
ထခုန္သြားတယ္။
သူတို႔ကိုေတြ့ေတာ့ လူႀကီးကသူ႔ရဲ့ကိုယ္ေနဟန္ထားကို
ဝယ္ယူသူေတြကိုႀကိဳဆိုဖို႔ပိုသင့္ေတာ္တဲ့ပံုစံသို႔
ျမန္ျမန္ေျပာင္းလိုက္တယ္။ သူတို႔ဆီကိုခပ္သြက္သြက္
ေလ်ွာက္လာၿပီး ပါးစပ္ကေနစက္ေသနတ္ပစ္
သလိုေျပာေတာ့တယ္။ "လူႀကီးမင္းႏွစ္ေယာက္က
ေမွာ္ေဆးလံုးေတြအတြက္ လာခဲ့တာလားဗ်ာ?
ဒါဆိုရင္ေတာ့ ေနရာမွန္ကိုေရာက္လာတာပဲ။
ဒီဆိုင္က ဗဟိုၿမိဳ႔ေတာ္မွာအႀကီးဆံုးေဆးလံုးဆိုင္
မဟုတ္ေပမယ့္ ေမွာ္ေဆးလံုးမ်ိဳးစံုရိွပါတယ္။
လူႀကီးမင္းတို႔ဘာပဲလိုခ်င္ခ်င္ ရိွပါတယ္။
ေနာက္ၿပီးကၽြန္ေတာ္တို႔ရဲ့ေမွာ္ေဆးလံုးေတြကလဲ
ေစ်းခ်ိဳ......"
"ေက်ာက္စိမ္းပုလင္းရိွလား?"
လင္းေရွာင္ရဲ့ေအးစက္စက္အသံက သူ႔ရဲ့
တရစပ္စကားေတြကို ျဖတ္ခ်လိုက္တယ္။
လူႀကီးက 'ဟာ' လို႔သာေျပာႏိုင္ၿပီး ဘယ္လိုတံု႔ျပန္
ရမလဲမသိေတာ့ေခ်။ ဒီဟာက ေမွာ္ေဆးလံုးဆိုင္ကို
ေက်ာက္စိမ္းပုလင္းဝယ္ဖို႔လာတဲ့သူ?
သူစကားမေျပာတာကိုျမင္ေတာ့ လင္းေရွာင္က
သူ႔မွာမရိွဘူးလို႔ယူဆလိုက္ၿပီး ထြက္သြားဖို႔အတြက္
လွၫ့္လိုက္သည္။
ထိုအခါမွသာ လူႀကီးကသတိျပန္ရလာၿပီး
သူတို႔ေနာက္ကိုအလ်င္စလိုလိုက္ေျပာလိုက္သည္၊
"ရိွတယ္၊ရိွတယ္၊ရိွတယ္......ဒီမွာ
ေက်ာက္စိမ္းပုလင္းမ်ိဳးစံုရိွပါတယ္။ လူႀကီးမင္း
ႏွစ္ေယာက္ကေနရာမွန္ကိုလာခဲ့တာပဲ၊
ကၽြန္ေတာ္တို႔ဆိုင္......"
ယူေရွာင္းမိုရဲ့ႏႈတ္ခမ္းေတြ တြန႔္သြားေတာ့တယ္။
ဒီလူႀကီးက တျခားသူေတြဘာပဲၾကားခ်င္ၾကားခ်င္
ေျပာေပးဖို႔အတြက္ သူ႔ရဲ့ပါရမီအားလံုးကို
သံုးထားတာျဖစ္မယ္၊ သူ႔ရဲ့စကားလံုးအသံုးအႏႈန္း
ေတြကေတာင္ အတူတူပဲ။ ဒါေပမယ့္ လင္းေရွာင္က
ဘာလို႔ေက်ာက္စိမ္းပုလင္းဝယ္ခ်င္တာလဲ?
"ငါတို႔ၾကၫ့္လို႔ရေအာင္ ထုတ္လာခဲ့"
လင္းေရွာင္ကေနာက္တစ္ႀကိမ္ျဖတ္ေျပာလိုက္
ျပန္သည္။
"ေကာင္းပါၿပီ၊ေကာင္းပါၿပီ၊ ခဏပဲေစာင့္ပါ"
သူတို႔ထြက္ေျပးသြားမွာေၾကာက္ေနတဲ့အလား
လူႀကီးကသြားရင္း သူတို႔ကိုခဏခဏ
ျပန္လွၫ့္ၾကၫ့္ေနတယ္။
ယူေရွာင္းမိုက သူနားမလည္တာကိုထုတ္ေျပာ
လိုက္တယ္၊ "ဘာလို႔ေက်ာက္စိမ္းပုလင္းလိုေန
တာလဲ?"
လင္းေရွာင္ကျပန္ေျဖသည္၊ "ျဒပ္စင္အဆီအႏွစ္
ေတြထၫ့္ဖို႔။ ရိုးရိုးေက်ာက္စိမ္းပုလင္းေတြက
အလြယ္တကူကဲြတတ္တယ္"
ယူေရွာင္းမိုက ေက်ာက္စိမ္းပုလင္းေတြအေၾကာင္း
တစ္ခါမွဂရုမထားခဲ့ဖူးဘူး။ အရင္ကသူဝယ္ခဲ့တဲ့
ဟာေတြက အရည္အေသြးမဆိုးလွေပမယ့္
ေကာင္းတယ္လို႔လဲဆိုလို႔မရဘူး။ သတၲုနဲ႔ေျမျဒပ္စင္
အဆီအႏွစ္ေတြက သစ္သားျဒပ္စင္အဆီအႏွစ္
နဲ႔မတူေပ။ သူတို႔က အခ်ိန္ေတာ္ေတာ္ၾကာကတည္းက
စိတ္ဝိဉာဉ္သိစိတ္ရထားတာျဖစ္ၿပီး သစ္သားျဒပ္စင္
အဆီအႏွစ္ထက္ ပိုရန္မူတတ္ၾကသည္။
ရိုးရိုးေက်ာက္စိမ္းပုလင္းမ်ားက သူတို႔ကို
ထိန္းမထားႏိုင္ေပ။
သိပ္မၾကာလိုက္ခင္မွာပဲ လူႀကီးက
ပံုးအႀကီးႀကီးတစ္ခုႏွင့္အတူ ျပန္ေရာက္လာသည္။
သူကပံုးကို ေကာင္တာေပၚတင္လိုက္တယ္။
ပံုးအထဲကေနရာကို စင္သံုးခုခဲြထားကာ
တစ္ခုခ်င္းစီမွာ အရည္အေသြးမတူတဲ့
ေက်ာက္စိမ္းပုလင္းတစ္ခုစီရိွေနတယ္။
လူႀကီးက ေက်ာက္စိမ္းပုလင္းေတြဘယ္ေလာက္
ေကာင္းေၾကာင္း စိတ္အားထက္သန္စြာနဲ႔
တရစပ္ေျပာေတာ့တယ္၊ ေစ်းႏႈန္းကို မ်ားႏိုင္သမ်ွ
မ်ားေအာင္ ၿမွင့္ဖို႔လဲသူမေမ့ဘူး။ သို႔ေသာ္လည္း
သူဘယ္ေလာက္ပဲေစ်းၿမွင့္ၿမွင့္ ယူေရွာင္းမိုက
ျပန္ဆဲြခ်မယ္ဆိုတာကို သူမသိေပ။
လင္းေရွာင္က အနိမ့္ဆံုးစင္ကေက်ာက္စိမ္းပုလင္း
သံုးခုကို သာမာန္ကာလ်ွံကာယူလိုက္တယ္၊
လူႀကီးေျပာတဲ့အတိုင္းဆိုရင္ ဒီဟာေတြက
ေစ်းအႀကီးဆံုးပဲ။
လူႀကီးက သူ႔မ်က္လံုးေတြမေပၚေတာ့တဲ့ထိေအာင္
ႃပံုးေနတယ္၊ "အရည္အေသြးကို တကယ္ၾကၫ့္
တတ္တာပဲ။ ဒီေက်ာက္စိမ္းပုလင္းေတြကို
အထူးပစၥည္းတစ္ခုကေန ဖန္တီးထားတာ၊
အရည္အေသြးကိုအေသးစိတ္စစ္ၾကၫ့္ေနစရာကို
မလိုဘူး၊ အာ့ေၾကာင့္ ေစ်းကေတာ့ နဲနဲႀကီးတယ္။
ဒါေပမယ့္လည္း ကၽြန္ေတာ္တို႔ဆိုင္ကို ပထမဆံုး
လာတဲ့အေခါက္ျဖစ္တာေၾကာင့္ ဆယ္ရာခိုင္ႏႈန္း
ေလ်ွာ့ေစ်းေပးပါ့မယ္"
ယူေရွာင္းမိုက လင္းေရွာင္လက္ထဲကဖန္ပုလင္း
ေတြကို တစ္ခ်က္ၾကၫ့္လိုက္တယ္။ သူတို႔ကို
ၾကၫ့္ရတာေတာ့ ေတာ္ေတာ္ေလးေကာင္းပံုရတယ္၊
ထို႔ေၾကာင့္သူကေမးလိုက္သည္၊
"တစ္ခုကို စြမ္းအင္ေက်ာက္တံုးဘယ္ေလာက္လဲ?"
လူႀကီးက လက္ဟန္ေျခဟန္နဲ႔ျပလိုက္တယ္၊
"တစ္ခုကို စြမ္းအင္ေက်ာက္တံုးတစ္သိန္းဆိုေတာ့
ေလ်ွာ့ေစ်းနဲ႔တြက္ရင္ ကိုးေသာင္းက်သင့္ပါတယ္"
ယူေရွာင္းမိုက တစ္ခဏမ်ွတန႔္သြားၿပီးေနာက္
စိတ္ပ်က္စြာေမာ့ၾကၫ့္လိုက္တယ္။သက္ျပင္းခ်လိုက္ရင္း သူ႔ပုခံုးေလးေတြက
ေအာက္က်သြားတယ္၊ "ဒါေပမယ့္ငါတို႔မွာ
ကိုးေသာင္းပဲရိွတာ။ မင္းက တစ္ခုကို
ကိုးေသာင္းလိုခ်င္တယ္ဆိုရင္ ငါတို႔မွာမေလာက္ဘူး။
ငါကသံုးခုလံုးဝယ္ခ်င္ခဲ့တာ၊ ဒါကဒီလိုဆိုမွေတာ့လဲ
ထားလိုက္ပါေတာ့" ထို႔ေနာက္ သူကထြက္သြားဖို႔
လုပ္လိုက္တယ္။
လူႀကီးက စိုးရိမ္သြားတယ္၊ "ဒါေပမယ့္
ကိုးေသာင္းနဲ႔ တစ္ခုဝယ္လို႔ရတာပဲ"
ယူေရွာင္းမိုကေခါင္းယမ္းလိုက္တယ္၊
"ငါကသံုးခုလိုတာ။ တစ္ခုထဲပဲဝယ္ႏိုင္မယ္ဆိုရင္
ျပႆနာရႈပ္လြန္းတယ္။ တစ္ခုမွမဝယ္တာပဲ
ေကာင္းလိမ့္မယ္"
"ေနပါဦး၊ ဒါကိုေျပာၾကၫ့္လို႔ရပါေသးတယ္"
သူတို႔ထြက္သြားမွာကို လူႀကီးကတကယ္
ေၾကာက္ေနတယ္။
ယူေရွာင္းမိုကေခါင္းလွၫ့္လိုက္တယ္၊
"သံုးခုကို ကိုးေသာင္းနဲ႔ေရာင္းေပးမယ္ဆိုရင္
ျဖစ္တယ္"
လူႀကီးရဲ့အမူအရာက လြန္ဆဲြေနပံုေပၚတယ္၊
ဒါေပမယ့္အဆံုးမွာေတာ့ သူ႔ႏွလံုးသားကို
မာေၾကာလိုက္ၿပီးေျပာလိုက္ေတာ့သည္၊
"သေဘာတူတယ္!" ေစ်းႏႈန္းတစ္သိန္းဆိုတာက
သူအဓိပၸါယ္မရိွေလ်ွာက္ေျပာေနခဲ့တာ။
သူတို႔ႏွစ္ေယာက္အက်ႌရဲ့အရည္အေသြးကို
ၾကၫ့္ၿပီးေတာ့ သူတို႔ကိုခ်မ္းသာတယ္လို႔
ထင္ခဲ့တာေၾကာင့္ အျမတ္ရဖို႔အတြက္
တစ္သိန္းထိတမင္သက္သက္ေစ်းၿမွင့္ခဲ့တာျဖစ္
သည္။
ဒီလိုအဆံုးသတ္သြားလိမ့္မယ္လို႔ သူမထင္ခဲ့ဘူး။
ဖန္ပုလင္းသံုးခုကို ကိုးေသာင္းနဲ႔ေရာင္းလိုက္ရတာ
အျမတ္သိပ္မရေပမယ့္ ဘာမွမရတာထက္စာရင္
ပိုေကာင္းတယ္ေလ။ ဒါ့အျပင္ သူတစ္ျပားမွ
မဝင္ခဲ့ရင္၊ ဆိုင္ရွင္က သူ႔က္ို ေနာက္လက်ရင္
အလုပ္ထုတ္ေတာ့မွာ။
ယူေရွာင္းမိုနဲ႔လင္းေရွာင္က ေက်နပ္စြာနဲ႔
ေမွာ္ေဆးလံုးဆိုင္ကေန ထြက္လာခဲ့ၾကသည္။
ဆိုင္ရဲ့အေရာင္းအဝယ္မရိွတာကေန ဝန္ထမ္းရဲ့
အေျခအေနကို သူတို႔ခန႔္မွန္းမိတာေၾကာင့္
အခြင့္ေကာင္းတစ္ခုကို ဖမ္းဆုပ္ႏိုင္ခဲ့တာပဲ။
သူတို႔တည္းခိုခန္းကိုျပန္ေရာက္သြားတဲ့အခ်ိန္မွာ
ေနေတာင္ဝင္ေတာ့မယ္။
သူတို႔အထဲဝင္ေတာ့မယ့္အခ်ိန္မွာပဲ မန္ေနဂ်ာက
ရုတ္တရက္ေရာက္လာၿပီး သူတို႔လမ္းကိုပိတ္လိုက္
ေတာ့သည္။
လင္းေရွာင္က မ်က္ခံုးတစ္ဖက္ပင့္လိုက္၏။
ယူေရွာင္းမိုက ယဉ္ယဉ္ေက်းေက်းေမးလိုက္တယ္၊
"တစ္ခုခုမွားေနလို႔လား၊ မန္ေနဂ်ာ?"
သူတို႔ကိုစြမ္းအင္ေက်ာက္တံုးအခ်ိဳ႕ကမ္းမေပးခင္
မန္ေနဂ်ာက စိတ္ထဲလြန္ဆဲြေနပံုေပၚၿပီး
တြန႔္ဆုတ္တြန႔္ဆုတ္နဲ႔ေျပာလိုက္တယ္၊
"လူႀကီးမင္းတို႔ရဲ့အခန္းကို ပယ္ဖ်က္လိုက္ပါၿပီ။
ေတာင္းပန္တဲ့အေနနဲ႔ ဒီဟာကမင္းတို႔အေစာတုန္းက
ေပးထားတဲ့ အဖိုးခပါ။ အကုန္လံုးျပန္ေလ်ာ္ေပးပါ့
မယ္။ အာ့ေၾကာင့္တစ္ျခားတစ္ေနရာမွာ
သြားတည္းဖို႔ေတာင္းဆိုပါတယ္"
ယူေရွာင္းမိုက ဒီေမ်ွာ္လင့္မထားတဲ့အျဖစ္အပ်က္ကို
မည္သို႔တံု႔ျပန္ရမည္မွန္းမသိေတာ့ေခ်။
လင္းေရွာင္က မ်က္လံုးေတြကိုေမွးလိုက္တယ္၊
"တစ္ေယာက္ေယာက္က ငါတို႔ကိုေမာင္းထုတ္ဖို႔
ေျပာထားလား?"
မန္ေနဂ်ာကသက္ျပင္းခ်လိုက္ရင္း
"ငါ့ရဲ့တည္းခိုခန္းက ကိုယ္ပိုင္စီးပြားေရးပါ။
ငါတို႔မွာ ေနာက္ခံေပးမယ့္သူေရာ ကာကြယ္ေပးမယ့္
သူေရာမရိွဘူး။ ဒါနဲ႔ပတ္သတ္ၿပီးငါလဲဘာမွမလုပ္
ႏိုင္ဘူး၊ စိတ္မေကာင္းပါဘူး"
ဒီစကားေတြက အေၾကာင္းအရာကိုထင္ရွား
ေနေစတယ္၊ သူတို႔ကက်ိဳးေၾကာင္းမသင့္တာ၊
ႏွလံုးသားမရိွတာမဟုတ္ပါေခ်။ ယူေရွာင္းမိုက
မန္ေနဂ်ာျပန္ေလ်ာ္ေပးတဲ့ စြမ္းအင္ေက်ာက္တံုးေတြ
ကို မတုန္မလႈပ္လက္ခံလိုက္ၿပီး လင္းေရွာင္ႏွင့္အတူ
တည္းခိုခန္းမွထြက္လာခဲ့လိုက္သည္။
"ကၽြန္ေတာ္တို႔ကို ဘယ္သူကဒီလိုပစ္မွတ္ထားေနတာ
လို႔ထင္လဲ?" ယူေရွာင္းမိုကစိတ္မေကာင္းမျဖစ္ေပ။
သူတို႔က စြမ္းအင္ေက်ာက္တံုးအလကားရတယ္ေလ။
ဒါက တည္းခိုခန္းေျပာင္းရတာေလးပါပဲ။
ဗဟိုၿမိဳ႔ေတာ္က ႀကီးမားတာေၾကာင့္ ေနစရာေနရာ
ရွာလို႔မရမွာမပူေပ။ အဆိုးဆံုးျဖစ္လာခဲ့ရင္
သူတို႔အိတ္ေဆာင္နယ္ေျမထဲမွာေနလိုက္ရံုပဲ။
လင္းေရွာင္ကျပန္ေျဖလိုက္တယ္၊
"ဟုတ္တာေပါ့၊ မင္းထက္ပိုတံုးတဲ့
တစ္ေယာက္ေယာက္ပဲ"
ယူေရွာင္းမိုရဲ့အားတက္ေပ်ာ္ရႊင္ေနျခင္းေလးက
ၾကမ္းျပင္ေပၚက်ကဲြသြားေတာ့တယ္၊
မေက်မနပ္နဲ႔ "ေဟး၊ ခင္ဗ်ားအဲ့လူကို ငတံုးလို႔ေခၚလဲ
ကၽြန္ေတာ္ကစိတ္မရိွပါဘူး၊ ဒါေပမယ့္ကၽြန္ေတာ့္ကို
ေတာ့ဆဲြမသြင္းနဲ႔ေလ။ ႏိႈင္းၾကၫ့္စရာကိုမရိွဘူး"
လင္းေရွာင္ရဲ့ ေျခလွမ္းေတြကတန႔္သြား၏၊
"မွန္တယ္"
ဒီေကာင္က လံုးဝကဲြျပားတဲ့ဦးတည္ရာကို
ေျပာေနတယ္ဆိုတာ ယူေရွာင္းမိုက်ိန္ရဲတယ္။
ေထ့ေငါ့တာက အဆိုးဆံုးပဲ။ သူ႔ကိုနားလည္တဲ့
ေနရာမွာအရမ္းေကာင္းေနတာလဲ ဆိုးတာပဲ။
လူရိပ္ႏွစ္ခုဟာ ေဘးခ်င္းကပ္ေလ်ွာက္ေနၾကတယ္၊
သူတို႔ရဲ့အရိပ္ေတြက ဝင္လုဆဲေနေၾကာင့္
ရွည္ထြက္ေနတယ္။
သူတို႔ႏွစ္ေယာက္က ေနမဝင္ခင္ ေနရာသစ္တစ္ခုရွာဖို႔
ဆံုးျဖတ္လိုက္တယ္။ ပထမေတာ့
ဒါကလြယ္လိမ့္မယ္လို႔ထင္ခဲ့တယ္၊ ဒါေပမယ့္
တစ္ျခားေနရာေတြကလဲ တစ္ပံုစံတည္းတံု႔ျပန္လိမ့္
မယ္လို႔ သူတို႔မထင္ထားခဲ့ဘူး။ သူတို႔နာမည္ကို
ေျပာလိုက္တာနဲ႔ အခန္းလြတ္ကမရိွေတာ့ဘူး။
သူတို႔ကိုေနာက္တစ္ေနရာရွာဖို႔ေျပာၾကတယ္၊
ဒါေပမယ့္တစ္ျခားေနရာေတြကလဲ အတူတူပဲ
ေျပာၾကျပန္တယ္။
ထပ္ခါထပ္ခါ 'မတ္တပ္ရပ္' ေနရင္း၊
ေနဝင္သြားေတာ့သည္။
ယူေရွာင္းမိုက လမ္းေထာင့္မွာငုတ္တုတ္ထိုင္ေနတယ္။
ဒီအန္းေခ်ာင္က ေတာ္ေတာ္လြန္တာပဲ။ သူသာ
ဒီလိုလြန္လာရင္ လူေတြကိုအာခံမိဖို႔လြယ္တယ္ဆိုတာ
သူမသိဘူးလား?,
"ဘာလုပ္ၾကမလဲ?"
လင္းေရွာင္ကသူ႔ကိုဆဲြထူလိုက္တယ္၊
"ဟိုတယ္ႀကီးတစ္ခုရွာၾကတာေပါ့"
ဟိုတယ္မ်ားက တည္းခိုခန္းႏွင့္မတူေပ။
တည္းခိုခန္းက ေနာက္ခံႀကီးႀကီးမားမားမရိွသၫ့္
လူမ်ားဖြင့္ေလ့ရိွၾကတဲ့ အေသးစားကိုယ္ပိုင္
စီးပြားေရးျဖစ္သည္။ ဒီလူေတြအတြက္ကေတာ့
သခင္ငယ္ေလးတစ္ေယာက္ျဖစ္တဲ့အန္းေခ်ာင္ရဲ့
ၿခိမ္းေျခာက္မႈကို ေၾကာက္ရတယ္။
သို႔ေသာ္လည္း ဟိုတယ္ႀကီးမ်ားကေတာ့
ကဲြျပား၏။ ပံုမွန္အားျဖင့္ ၄တို႔ကို
ေငြေၾကးခ်မ္းသာသူမ်ားႏွင့္ စြမ္းအားႀကီးသူမ်ားက
ေထာက္ပံ့ထားၾကသည္၊ အန္းေခ်ာင္က
သူတို႔ကိုဖိအားေပးလို႔မရေပ။
ယူေရွာင္းမိုက ဒါကိုနားလည္သြားၿပီးေတာ့
သကၤာမကင္းျဖစ္သြားေတာ့သည္။ သူတို႔မွာ
ဟိုတယ္တစ္ခုကိုတတ္ႏိုင္တဲ့ပိုက္ဆံရိွတယ္လို႔
အန္းေခ်ာင္ကမေတြးခဲ့ဘူးလား? သူက
ဝမ္းေျမာက္ေပ်ာ္ရႊင္သြားေတာ့တယ္။
ဟိုတယ္မ်ားက ဗဟိုၿမိဳ႔ေတာ္၏အစည္ကားဆံုး
ဧရိယာတြင္ စုေန၏။ ညေရာက္သၫ့္အခါတြင္
ထိုေနရာတစ္ဝိုက္မွာ လင္းထိန္ေနၿပီး
လမ္းသြားလမ္းလာကလဲ ေန့ခင္းထက္မနည္းေပ။
အခ်ိဳ႕ေနရာမ်ားမွ ခြက္ခ်င္းတိုက္သံမ်ား
ထြက္ေပၚေနကာ အလြန္ပင္သက္ဝင္လႈပ္ရွားေနသည္။
ရႊမ္းယီြဟိုတယ္မွာ ဗဟိုၿမိဳ႔ေတာ္တြင္အႀကီးဆံုး
ဟိုတယ္ျဖစ္၏။ လက္ရိွမွာ၊ ၄ကို
ေမွာ္ဆရာအစည္းအရံုးႏွင့္သားရဲသ႑ာန္ေျပာင္းလဲ
ျခင္းအဖဲြ႔အစည္းမ်ားမွ ေနာက္ခံေပးထားျခင္း
မဟုတ္ေပ၊ ဘယ္သူမွမျမင္ဖူးသၫ့္
ထူးျခားဆန္းၾကယ္ေသာလူတစ္ေယာက္က
ေက်ာေထာက္ေနာက္ခံေပးထားျခင္းျဖစ္သည္။
ညစဉ္ညတိုင္း၊ ရႊမ္းယီြဟိုတယ္က ဗဟိုၿမိဳ႔ေတာ္
တစ္ခုလံုးတြင္ အစည္ကားဆံုးေနရာျဖစ္သည္။
ခ်မ္းသာသာ ဆင္းရဲရဲ၊ လူမ်ားက ရႊမ္းယီြဟိုတယ္ကို
ဆက္တိုက္ဝင္ထြက္ေနၾကသည္။
ဘာလို႔လဲဆိုေတာ့ ရႊမ္းယီြဟိုတယ္က
ထံုထ်န္းတိုက္မႀကီးတစ္ခုလံုး၏အႀကီးဆံုး
ေလာင္းကစားရံုျဖစ္ေနတာေၾကာင့္ပင္။
သို႔ေပမယ့္ ေလာင္းကစားရံုကဟိုတယ္ေအာက္မွာ
ရိွတာျဖစ္သည္။ အထက္တြင္ေတာ့အေတာ္အသင့္
တိတ္ဆိတ္၏။
သူတို႔ႏွစ္ေယာက္ဝင္လာတာျမင္ေတာ့
ေလာေနပံုေပၚတဲ့ဝန္ထမ္းတစ္ေယာက္က
ျမန္ျမန္ေရာက္လာၿပီးေတာ့ အႃပံုးတစ္ခုနဲ႔
ႏႈတ္ဆက္သည္။ သူတို႔ကအခန္းတစ္ခန္းယူဖို႔
ေရာက္လာတယ္ဆိုတာၾကားလိုက္ရေတာ့
သူ႔ရဲ့လက္ရိွအလုပ္ကိုလုပ္ဖို႔
တစ္ျခားတစ္ေယာက္ကိုလွမ္းေခၚလိုက္ၿပီး
သူတို႔ကိုအေပၚထပ္သို႔ေခၚသြားေပးသည္။
ရႊမ္းယီြဟိုတယ္၏အခန္းမ်ားကို သံုးမ်ိဳးခဲြထား၏။
ေစ်းအေပါဆံုးက တစ္ရက္လ်ွင္စြမ္းအင္ေက်ာက္တံုး
တစ္တံုးျဖစ္ကာ ေစ်းအႀကီးဆံုးက တစ္ရက္လ်ွင္
ဆယ္တံုးက်သင့္သည္။ ဧၫ့္သည္မ်ားက
သူတို႔တတ္ႏိုင္သလိုေရြးခ်ယ္ႏိုင္သည္၊ သို႔ေသာ္
ဤေနရာသို႔ လာၾကသူအမ်ားစုမွာ
အေတာ္အတန္ပိုက္ဆံရိွၾက၏။
"ဒီဟာက လူႀကီးမင္းတို႔ရဲ့အခန္းပါ"
ဝန္ထမ္းကသူတို႔ကိုအထဲေခၚသြားတယ္။
ယူေရွာင္းမိုက အတြင္းကိုတစ္ပတ္ပတ္ၾကၫ့္
လိုက္ၿပီး ေက်နပ္စြာေခါင္းညိမ့္လိုက္သည္။
"ညမွာအိပ္မေပ်ာ္ဘဲ တစ္ခုခုလုပ္ခ်င္တယ္ဆိုရင္
ေျမေအာက္ေလာင္းကစားရံုကို စမ္းၾကၫ့္လို႔ရ
ပါတယ္။ မင္းတို႔ရဲ့စိတ္ပင္ပန္းမႈအားလံုး
ေပ်ာက္ေစရမယ္လို႔ ကတိေပးႏိုင္ပါတယ္"
ဝန္ထမ္းက စိတ္အားထက္သန္စြာမိတ္ဆက္ေနသည္။
ယူေရွာင္းမိုက မ်က္ခံုးတစ္ဖက္ပင့္လိုက္တယ္။
ဟုတ္တာေပါ့၊ မင္းရဲ့စိတ္ပူပင္မႈေတြအကုန္ေပ်ာက္
သြားေအာင္လုပ္ေပးလိမ့္မယ္။ ေလာင္းကစားလို
ဟာက စဲြလမ္းသြားတာနဲ႔ ျပန္ထြက္ဖို႔ခက္တာကိုး။
သို႔ေသာ္ျငားလည္း သူ႔ႏွစ္ဘဝလံုးမွာ တစ္ခါမွ
ေလာင္းကစားမလုပ္ခဲ့ဖူးေပ။ ဝန္ထမ္းရဲ့စကားေတြကို
ၾကားေတာ့ သူကစပ္စုခ်င္စိတ္ျဖစ္လာတယ္။
သူႀကိဳးစားမၾကၫ့္ရင္ေတာင္မွ အေတြ့အႄကံုရဖို႔
သြားလို႔ရတာပဲ။
ဝန္ထမ္းျပန္သြားၿပီးတဲ့ေနာက္ ယူေရွာင္းမိုက
အခန္းထဲမွာေခါက္တံု႔ေခါက္ျပန္ေလ်ွာက္ေနတယ္။
လင္းေရွာင္လဲဘာမွလုပ္စရာမရိွတာကိုေတြ့ေတာ့
သူကထိန္းမထားႏိုင္ေတာ့ပဲ အႀကံျပဳလိုက္တယ္၊
"ေလာင္းကစားရံုကို သြားၾကၫ့္ၾကၫ့္ရင္ေရာ?"
လင္းေရွာင္ကသူ႔ကိုၾကၫ့္လိုက္တယ္၊
သူ႔သိခ်င္စိတ္ကိုထိန္းမထားႏိုင္ေတာ့ဘူးဆိုတာ
ခန႔္မွန္းမိၿပီးေတာ့၊ "ခဏေနရင္သြားမယ္။
ပထမဆံုး ရွဲ႔ခ်ဳံးနဲ႔က်န္လူေတြကို ထြက္ခြင့္ေပးသင့္
တယ္၊ ေလ်ွာက္ပတ္ၾကၫ့္ရေအာင္ အခ်ိန္နဲနဲေပး
လိုက္။ မတူညီတဲ့မ်ိဳးစိတ္ေတြကို ခဲြျခားခဲြျခားလုပ္တာ
မရိွဘူး။ သူတို႔ကို နတ္ဆိုးသားရဲျဖစ္တယ္ဆိုတာ
ေတြ့သြားၾကရင္ေတာင္ အဆင္ေျပတယ္"
သားရဲသ႑ာန္ေျပာင္းလဲျခင္းအဖဲြ႔အစည္းက
နတ္ဆိုးသားရဲမ်ားႏွင့္ နီးကပ္သည္။
တစ္ေယာက္ေယာက္က နတ္ဆိုးသားရဲတစ္ေကာင္ကို
တစ္ခုခုလုပ္ခ်င္တယ္ဆိုရင္ ထိုနတ္ဆိုးသားရဲကို
သားရဲသ႑ာန္ေျပာင္းလဲျခင္းအဖဲြ႔အစည္းက
ပိုင္တာ ဟုတ္မဟုတ္ကို အရင္စဉ္စားရမည္
ျဖစ္သည္။ ထို႔ေၾကာင့္ က်ဳံထ်န္းတြင္
ေတာ္ေတာ္ေလးေဘးကင္း၏။
_________