Unicode
အပိုင်း၄၂၅-ကြောက်မက်ဖွယ်အရာ
အန်းချောင်ကသူ့ကိုဒေါသထွက်စွာနဲ့အော်လိုက်တာကိုတွေ့လိုက်ရပေမယ့်
ယူရှောင်းမိုကနဲနဲမှပင်အထိတ်တလန့်မဖြစ်ပေ။
သူကမျက်နှာထားတင်းတင်းနဲ့ပြောလိုက်တယ်၊
"အမှန်တိုင်းပြောရရင်၊ မင်းစိုက်ပျိုးခဲ့တဲ့ဟာကို
မင်းရိတ်သိမ်းရတာပဲ၊ မင်းငါ့ပစ္စည်းကိုမလုခဲ့ရင်
မင်းမှာနောက်ထပ်အခွင့်အရေးရှိခဲ့မှာပဲ။
ဒါပေမယ့်..မင်းကျေးဇူးကြောင့်သာမဟုတ်ရင်
သေတ္တာနက်နောက်ကွယ်ကလျှို့ဝှက်ချက်ကို
ဒီလောက်မြန်မြန်ရှာတွေ့မှာမဟုတ်ဘူး"
"ယူရှောင်းဟာ၊ မင်းကိုခွင့်မလွှတ်ဘူး၊ ဒါအတွက်
နောင်တရအောင်လုပ်ပြမယ်!" အန်းချောင်က
သူ့ကို မျက်လုံးအိမ်ထဲကနေကျွတ်ထွက်လာတော့
မတတ်ရှိတဲ့ သွေးဆာနေတဲ့မျက်လုံးတွေနဲ့
စိန်းစိန်းဝါးဝါးကြည့်နေတယ်။ ယူရှောင်းမိုက ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ၊ သူမအောင်အောင်လို့
တမင်သက်သက်တားဆီးခဲ့တာ၊ သူ့ကိုအပြစ်ရအောင်
လုပ်တယ်ဆိုတာ သူသိတယ်။
ဒါကိုကြားတော့ ထျန်ရှင်းက ယူရှောင်းမိုထက်ပင်
စိတ်တိုသွားတော့၏။ သူ့ကိုထေ့ငေါ့စကားဆိုဖို့
အတွက် သူမပါးစပ်ကိုဖွင့်တော့မယ့်အချိန်မှာပဲ
သူမဘေးမှာမတ်တပ်ရပ်နေခဲ့တဲ့ ချောင်ဝူရှင်းက
သူမပါးစပ်ကိုမြန်မြန်ပိတ်လိုက်ပြီး ကြားမဝင်ဖို့
သတိပေးလိုက်သည်။ အန်းချောင်က အခုလောလော
ဆယ် အလွန်စိတ်တိုနေတာကြောင့် သူမအပေါ်မှာ
ဒေါသတွေပုံချနိုင်တယ်။
ဒီလိုကျိုးကြောင်းဆီလျော်မှုမရှိတဲ့လူတစ်ယောက်နဲ့
ဆုံရတာ ယူရှောင်းမိုအတွက်ပထမဆုံးမဟုတ်တော့
ဘူး။ သူ့ရဲ့စကားတွေရော၊ ဒါမှမဟုတ် သူ့မိသားစု
ကိုရော သူကနှလုံးသားထဲမထည့်ဘူး။
ဒီလိုလူမျိုးက၊ တစ်ယောက်ကသူတို့ကို
ရှင်းပြဖို့ကြိုးစားလေလေ၊ သူတို့ကပိုပိုပြီးရန်မူတတ်
လာလေလေဖြစ်သည်။
ထိုရန်ငြိုးစကားကိုပြောပြီးတဲ့နောက်မှာ
အန်းချောင်က သူတစ်ယောက်တည်းထွက်သွားတော့
၏။
ဝမ်ယနဲ့ကျန်လူတွေက သူ့ကိုဖျောင်းဖြဖို့မကြိုးစား
သလို ဘာတခွန်းမှလဲမပြောခဲ့ပေ။ သူထွက်သွားပြီး
တဲ့နောက် သူ့ဘာသူပြန်လာလိမ့်မယ်လို့ပဲ
သူတို့မျှော်လင့်တယ်၊ ဒါကနောက်ထပ် ခေါင်းကိုက်
စရာဖြစ်လာမယ်ဆိုပေမယ့်လည်းလေ။
ကံကောင်းတာက အန်းချောင်ရဲ့ဆရာက
အခုလောလောဆယ်တွင် ကျုံထျန်း၌ရှိမနေပေ၊
သူလက်စားချေချင်ရင်တောင်မှ ကြီးကြီးမားမား
ရိုက်ခတ်မှုများမလုပ်နိုင်ပေ။
"ကျက်သတုံး" ကျုံးယဲ့က အေးစက်စက်ပြောလိုက်
ပြီး လှည့်ထွက်သွားကာ ထောင့်တစ်ထောင့်သို့
လျှောက်သွားတော့သည်။
ဝမ်ယနှင့်ကျန်းလန်ယွီက တစ်ယောက်နဲ့တစ်ယောက်
ကြည့်လိုက်တယ်၊ သူတို့လဲ သက်ပြင်းချရုံကလွဲပြီး
ဘာမှမလုပ်နိုင်ဘူး။
အန်းချောင်ရဲ့စရိုက်ကစောင့်ကြည့်နေဖို့လိုအပ်တယ်၊
မဟုတ်ရင် ဒီလိုပုံနဲ့ဆိုရင် မှော်ဆရာအစည်းအရုံးရဲ့
ဂုဏ်သတင်းကသူ့လက်ထဲမှာ ပျက်စီးသွားတော့
မှာပဲ။
ဝမ်ယက မရင်းနှီးနေတဲ့ယောက်ျားတစ်ယောက်နဲ့
ပျော်ပျော်ရွှင်ရွှင်စကားပြောနေတဲ့ယူရှောင်းမိုဘက်
ကို တစ်ချက်ကြည့်လိုက်တယ်။ ကျုံးယဲ့ထက်
သာတဲ့စွမ်းရည်ရှိတဲ့ သူတစ်ယောက်ကိုအပြစ်ပြုခဲ့တာ
အကျိုးဆက်တွေကတော့ တိုင်းလို့တောင်ရမှာ
မဟုတ်ဘူး။
ယူရှောင်းမိုက လင်းရှောင်နှင့်စကားပြောနေစဉ်တွင်
ယန်ဟွေ့ကဦးလေးကြီးနှင့် ရောက်လာပြန်သည်၊
သို့သော်ဒီတစ်ခေါက်တွင် ချောင်ဝူရှင်းနှင့်
သူ့ရဲ့အမည်ခံညီမလေး၊ထျန်ရှင်းလဲ ပါလာ၏။
"အတန်းဖော်ယူ၊ ဂုဏ်ပြုပါတယ်ကွာ!"
ချောင်ဝူရှင်းက ရောက်လျှင်ရောက်ချင်း သူ့ကို
ဂုဏ်ပြုစကားဆိုသည်။
ယူရှောင်းမိုက ကြောင်သွား၏၊
"ဘာကိုဂုဏ်ပြုတာလဲ?"
ချစ်ဖို့ကောင်းတဲ့ထျန်ရှင်းက ပြောလိုက်တယ်၊
"ငတုံး၊ ဘယ်လိုလုပ်ပြီး ဒါလေးတောင်မသိတာလဲ?
သက်တန့်အဆင့်မှော်ဆေးလုံးက ဒီစမ်းသပ်ပွဲရဲ့
မြှုပ်ထားတဲ့ဆုပဲ၊ အဲ့ဆေးလုံးကိုရှာနိုင်တဲ့
ဘယ်သူမဆို ရှောင်ယောင်တက္ကသိုလ်ရဲ့အချိန်နံရံကို
ဝင်နိုင်တယ်"
"အချိန်နံရံကဘာကြီးလဲ?" ယန်ဟွေ့ကသိချင်သွား
၏။
ထျန်ရှင်းကရှင်းပြတယ်၊ "အချိန်နံရံကို
ဉာဏ်ပညာလောကလို့လဲခေါ် တယ်။
အခုလက်ရှိသားရဲအသွင်ပြောင်းခြင်းကျင့်စဉ်တွေကို
အဲ့နေရာကနေ မှော်ဆရာတစ်ယောက်က
သင်ယူလေ့လာခဲ့တာလို့ပြောကြတယ်။ ဒါပေမယ့်
တစ်ဦးတစ်ယောက်ချင်းစီရဲ့ အတွေ့အကြုံတွေက
မတူကြဘူး။ နင့်အလှည့်ကျရင် နင်သင်ယူနိုင်တဲ့
ဟာတွေက သားရဲအသွင်ပြောင်းခြင်းကျင့်စဉ်ရော
စိတ်ဝိဉာဉ်လေ့ကျင့်ခြင်းကျင့်စဉ်တွေရောပါ
မဟုတ်တာလဲဖြစ်နိုင်တယ်၊ အဲ့တာက
အရံအတားခင်းကျင်းခြင်းစွမ်းရည်တွေနဲ့
တခြားဟာတွေလဲဖြစ်နိုင်တယ်၊ ဒါမှမဟုတ်
လုံးဝဘာမှမတွေ့ရတာလဲဖြစ်နိုင်တယ်။
အတိုချုပ်ရရင် အချိန်နံရံက ဘယ်သူမဆို
အဆင်ပြေသလိုဝင်ထွက်လို့ရတဲ့ နေရာတစ်ခု
မဟုတ်ဘူး"
ယူရှောင်းမိုကသင်္ကာမကင်းမေးလိုက်တယ်၊
"ဒီလိုဆိုရင် အကြီးအကဲချင်ကဘာလို့
ဘာမှမပြောတာလဲ?"
ထျန်ရှင်းက ပုခုံးတွန့်လိုက်၏၊
"အဲ့ဒီ့အဘိုးကြီးရဲ့ခေါင်းထဲ ဘာရှိနေလဲဆိုတာ
ငါကဘယ်လိုလုပ်သိမှာလဲ?"
"ထျန်ရှင်း၊ အကြီးအကဲချင်ကို အဘိုးကြီးလို့
ဘယ်လိုတောင်ခေါ်နိုင်တာလဲ? နောက်တစ်ခေါက်
ဒီလိုထပ်မခေါ်ရဘူး" ချောင်ဝူရှင်းက သူမကို
ခေါင်းခေါက်လိုက်ပြီး ရှင်းပြ၏၊ "သက်တန့်ဆင့်
မှော်ဆေးလုံးက တစ်လုံးပဲရှိတာ၊ ဒါကြောင့်
လူသိရှင်ကြားကြေညာနေဖို့မလိုဘူးလေ။
ငါထင်တာက အကြီးအကဲချင်က
အကဲဖြတ်ခြင်းပြီိးဆုံးတဲ့ချိန်ထိ စောင့်နေတာဖြစ်
မယ်"
ယူရှောင်းမိုက လင်းရှောင်ကိုထောင့်တစ်ထောင့်သို့
တိတ်တဆိတ်ဆွဲခေါ်သွားလိုက်တယ်။
လင်းရှောင်က သူဘာပြောချင်နေလဲဆိုတာသိတယ်၊
"ဝမ်းနည်းစရာပဲ၊ အချိန်နံရံအကြောင်းကို
ကိုယ်တစ်ခါမှမကြားဖူးဘူး"
ယူရှောင်းမို,"......."
ငါးစက္ကန့်ကြာပြီးတဲ့နောက်မှာ ယူရှောင်းမိုက
ခြောက်ကပ်ကပ်ချောင်းဆိုးလိုက်တယ်၊
"ခင်ဗျားကို ဘယ်သူကအချိန်နံရံကြောင်း
မေးချင်နေလို့လဲ၊အာ၊ ကိုယ့်ကိုကိုယ်အထင်ကြီးမနေနဲ့၊
ကျွန်တော်အဲ့တာအကြောင်းမေးချင်တာမဟုတ်ဘူး"
လင်းရှောင်က မျက်ခုံးပင့်လိုက်၏၊
"သေချာလို့လား?"
ယူရှောင်းမိုက ခြောက်ကပ်ကပ်ရယ်လိုက်ပြန်သည်၊
"မသေချာပါဘူး။ အချိန်နံရံက အချိန်မျဉ်းနဲ့
ဆိုင်နေမယ်လို့ထင်လား? အတိတ်နဲ့အနာဂတ်ကို
မြင်ရသလိုမျိုးလေ" ဒီနာမည်ကိုကြားလိုက်ရုံနဲ့
သူကလျှို့ဝှက်ဆန်းကြယ်မှုကို ခံစားရတယ်။
လင်းရှောင်ကသူ့နဖူးကို စမ်းကြည့်လိုက်တယ်၊
"မင်းမှာအဖျားရှိပုံမပေါ်ပါဘူး"
ယူရှောင်းမိုက သူ့လက်ကိုရိုက်ချလိုက်၏၊
"ခင်ဗျားပဲဖျားနေတာ၊ ခင်ဗျားတို့တစ်မိသားစု......."
သူကလဲလင်းရှောင်ရဲ့မိသားစုဝင်တစ်ယောက်ပဲ
ဆိုတာတွေးမိသွားတော့၊ သူ့ရဲ့နောက်စကားလုံးလေး
ကို ပြန်သိမ်းထားလိုက်တော့တယ်။
လင်းရှောင်ကလှောင်လိုက်တယ်၊ "မင်းမှာအဖျား
မရှိဘူးဆိုရင် ဘာလို့အိပ်နေရင်းယောင်နေတာလဲ?
အချိန်နံရံအကြောင်း ကိုယ်မကြားဖူးပေမယ့်
ဘယ်သူကမှ အတိတ်နဲ့အနာဂတ်ကိုမြင်နိုင်မှာ
မဟုတ်ဘူး၊ မဟုတ်ရင်ရှောင်ယောင်တက္ကသိုလ်က
ဘယ်သူ့ကိုမှဝင်ခွင့်ပြုမှာမဟုတ်ဘူးလေ"
ယူရှောင်းမိုက မဖြစ်နိုင်တဲ့အတွေးသက်သက်ပဲ
ဆိုတာသိတယ်၊ ဒါ့ကြောင့်သူကနှုတ်ခမ်းစူလိုက်ပြီး
ဒီအကြောင်းထပ်မပြောတော့ပေ။
နာရီဝက်ကလျင်မြန်စွာကုန်ဆုံးသွား၏၊
အကြီးအကဲချင်က နောက်တစ်ခေါက်ပြန်ရောက်
လာသည်။
ဒီတစ်ခေါက်တွင် အကြီးအကဲချင်ကသူတို့ကို
ဤဝင်ခွင့်စာမေးပွဲ၏နောက်ဆုံးနှင့်အပြီးသတ်ပွဲစဉ်သို့
ခေါ်ဆောင်သွား၏။
ဒီနောက်ဆုံးပွဲစဉ်မှာ စိတ်ဝိဉာဉ်အားထိန်းချုပ်ခြင်း
အပေါ်တွင် အဓိကအာရုံထားထားခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် တစ်ယောက်ရဲ့မှော်ဆေးပင်သန့်စင်
နိုင်တဲ့အကြိမ်အရေအတွက်ဖြင့် စစ်ဆေးခြင်း
ဖြစ်သော်လည်း ဒီတစ်ကြိမ်တွင်တော့ ထိုကဲ့သို့
မဟုတ်ပါချေ။
အကြီးအကဲချင်ရဲ့ညွှန်ကြားမှုအောက်မှာ
ထန်ကျဲ့နဲ့လူတစ်ချို့က သေးငယ်တဲ့သေတ္တာတွေကို
သယ်လာကြသည်။
ယူရှောင်းမိုက မစပ်စုပဲမနေနိုင်တော့ပေ၊ အဆုံးသတ်
ပွဲစဉ်ရဲ့အကြောင်းအရာက ဒီသေတ္တာလေးထဲမှာ?
သူက မှော်ဆေးပင်သန့်စင်ခြင်းလိုဟာမျိုး
ဖြစ်မယ်လို့ထင်ခဲ့တာ။
စာမေးပွဲအကြောင်းအရာက တစ်နှစ်နဲ့တစ်နှစ်
မတူတာကြောင့် ချောင်ဝူရှင်းနှင့်ကျုံးယဲ့ပင်
သေတ္တာထဲမှာဘာပါလဲဆိုတာ မခန့်မှန်းနိုင်ကြဘူး။
ထန်ကျဲ့နဲ့နောက်လူတွေက သေတ္တာလေးတွေကို
အကြီးအကဲချင်ရှေ့မှာချလိုက်ပြီး သူ့နောက်မှာ
သွားရပ်နေကြတယ်။
အကြီးအကဲချင်က သေတ္တာလေးကို အပြုံးသဲ့သဲ့နဲ့
ကြည့်လိုက်တယ်၊ ထို့နောက်သူကလူတိုင်းကို
ကြည့်လိုက်ပြီး၊ "အဆုံးသတ်စာမေးပွဲရဲ့
အကြောင်းအရာကတော့ ဒီသေတ္တာထဲမှာရှိနေတယ်။
အခု၊ မင်းတို့တစ်ယောက်ချင်းဆီက အဲ့ထဲက
တစ်ခုကိုယူလိုက်၊ ပြီးရင် ဒီနောက်ဆုံးပွဲစဉ်ရဲ့
စည်းမျဉ်းတွေကိုရှင်းပြမယ်"
ရှောင်ယောင်တက္ကသိုလ်ရဲ့ရည်ရွယ်ချက်က
ဘာလဲဆိုတာ တွေးနေကြရင်း လူတိုင်းက
တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ကြတယ်။
ပထမတစ်ယောက်ပြီးတော့၊ ဒုတိယတစ်ယောက်၊
တတိယတစ်ယောက်၊ အဲ့လိုနဲ့ လူတိုင်းရဲ့လက်ထဲမှာ
သေတ္တာလေးတစ်ခုစီရသွားတော့တယ်။
လူတိုင်းကသူတို့ရဲ့သေတ္တာကိုရပြီးတာမြင်တော့
အကြီးအကဲချင်ကစကားစလိုက်တယ်၊
"အခု၊ မင်းတို့သေတ္တာတွေကိုဖွင့်လိုက်"
ယူရှောင်မိုက သေတ္တာကိုကြမ်းပြင်ပေါ်ချလိုက်တယ်။
သေတ္တာကိုသော့ခတ်မထားဘူး၊ သူကသိချင်စိတ်
ပြင်းပြစွာနဲ့၊ အဖုံးကိုမတော့မယ့်အချိန်မှာပဲ၊
ရုတ်တရက်.....
"အား!!"
သူကထိုအသံကြောင့်ထိတ်လန့်သွားရင်းနဲ့
တစ်ဝက်တစ်ပျက်ဖွင့်ထားတဲ့အဖုံးက ပြန်ပိတ်သွား
တော့တယ်။ စိတ်ငြိမ်အောင်လုပ်ပြီးတဲ့နောက်၊
အဲ့ဒီ့အော်ဟစ်သံကြောင့်ကြောက်သွားတဲ့သူက
သူတစ်ယောက်တည်းမဟုတ်ဘူးဆိုတာ
သူတွေ့လိုက်ရတယ်။ ဦးလေးကြီးဆိုရင်၊
သူ့မျက်နှာက အလွန်ဖြူဖျော့နေတယ်။
ထျန်ရှင်းက သူ့ဆီပစ်ဝင်လာတာကိုတွေ့ရတော့
ချောင်ဝူရှင်းကရယ်ရမလား၊ငိုရမလားမသိတော့ချေ၊
သူကသူမကိုနှစ်သိမ့်ပေးလိုက်တယ်၊"ထျန်ရှင်း၊
အဲ့တာကအတုကြီးပါ၊ လူအရိုးစုအစစ်
မဟုတ်ပါဘူး" သူကထူးပြီးသိနေတာမဟုတ်ဘဲနဲ့
ဒီအရိုးစုကတကယ့်အစစ်တစ်ခုနဲ့မတူတာကို
ဒီတိုင်းပဲသိတာဖြစ်သည်။
"အ...အတု?" ထျန်ရှင်းရဲ့မျက်နှာသေးသေးလေးက
တစ္ဆေတစ်ကောင်လို ဖြူဖျော့နေတယ်။
ချောင်ဝူရှင်းက ယုံကြည်စွာခေါင်းညိမ့်လိုက်သည်၊
"သေသေချာချာကြည့်ကြည့်ရင်၊ အဲ့တာက
အတုဆိုတာတွေ့ရလိမ့်မယ်"
ထျန်ရှင်းက မယုံတစ်ဝက်ယုံတစ်ဝက်နှင့်
ပြန်လျှောက်သွားတော့သည်။
ယူရှောင်းမိုက သူ့ရဲ့နှလုံးခုန်ချက်ကို တည်ငြိမ်အောင်
လုပ်လိုက်တယ်။ အဲ့တာကအရိုးစုအတုတစ်ခု
ဖြစ်နေတာပဲ၊ သူမအဲ့လိုအော်ဟစ်လိုက်တာက
တော်တော်ဆိုးဝါးတယ်လို့သူတွေးထားခဲ့တာ။
သူကသေတ္တာကိုဖွင့်လိုက်ပြီး အထဲကိုချောင်းကြည့်
လိုက်တယ်၊ အခေါင်းပေါက်မျက်လုံးတွေနဲ့
သူ့ကိုပြုံးပြနေတဲ့အရိုးခေါင်းတစ်ခုကို တွေ့လိုက်
ရတော့တယ်။ ဒါကအတုဆိုရင်တောင်မှ
သေလောက်အောင်ကြောက်ဖို့ကောင်းနေတုန်းပဲ။
ယူရှောင်းမိုက ဆက်ပြီးလေ့လာနေတယ်၊
သူကအရိုးစုရဲ့အခြားအစိတ်အပိုင်းတွေကိုလဲ
တွေ့လိုက်ရတယ်၊ ဒါပေမယ့် သူတို့ကပြန့်ကျဲနေပြီး
ထုခြေခံထားရတယ်၊ တစ်ချို့အရိုးတွေဆိုရင်
ပျောက်တောင်ပျောက်နေတယ်။
"အဲ့ဒီ့အရိုးစုတွေက လူအရိုးစုအစစ်ရဲ့ပုံတူတွေပဲ၊
ဒါတွေကနောက်ဆုံးပွဲစဉ်ရဲ့ စာမေးပွဲလဲဖြစ်တယ်။
လူတိုင်းလုပ်ရမှာက နှစ်နာရီအတွင်းမှာ
အပိုင်းပိုင်းဖြစ်နေတဲ့အဲ့ဒီ့အရိုးတွေကို ပြည့်စုံတဲ့
အရိုးစုတစ်ခုဖြစ်အောင် မင်းတို့ရဲ့ဝိဉာဉ်အားကို
သုံးပြီးကပ်ဖို့ပဲ"
"အကြီးအကဲ၊ ကျွန်တော်တို့နှစ်နာရီအတွင်း
ပြီးအောင်မလုပ်နိုင်ရင် ကျရှုံးမှာလား?"
ကျန်းလန်ယွီက မေးလိုက်သည်။
အကြီးအကဲချင်ကပြန်ဖြေတယ်၊ "မကျဘူး၊
အရိုးစုက ခုနစ်ဆယ်ရာခိုင်နှုန်းအထက်ပြီးစီးနေသရွေ့
အောင်မြင်တယ်"
ကျန်းလန်ယွီက စိတ်သက်သာရာရစွာ
သက်ပြင်းချလိုက်သည်၊ သေတ္တာထဲကအရိုးတွေက
အပိုင်းတွေများလွန်းနေတယ်၊ အဲ့တာတွေကို
ပြည့်ပြည့်စုံစုံပြန်ထားနိုင်ဖို့
သူ့မှာယုံကြည်ချက်မရှိဘူး။
ယူရှောင်းမိုကတွေးနေတယ်၊ ဒီခုနစ်ဆယ်ရာခိုင်နှုန်း
ဆိုတာက နဲနဲတော့ဝေဝေဝါးဝါးဖြစ်နေတယ်။
သူကခေါင်းကနေ ပေါင်ခြံထိပြန်တပ်နိုင်မယ်ဆိုရင်
ဘယ်လောက်ရာခိုင်နှုန်းဖြစ်မှာလဲ? အာ၊
ဒီအန္တရာယ်ကြီးတဲ့အတွေးကို ဘေးခဏဖယ်ထား
လိုက်တာပေါ့ကွာ။
ယူရှောင်းမိုက အနီးဆုံးကျောက်တုံးအခန်းထဲ
လျှောက်ဝင်သွားလိုက်တော့သည်။
ကျောက်တုံးခန်းကတော့ အမြဲတမ်းပဲရိုးရှင်းတာပါပဲ၊
အခန်းအလယ်ခေါင်မှာ အရိုးစုတစ်ခုလုံးတင်လို့ရတဲ့
လူတစ်ဝက်အမြင့်ရှိတဲ့လေးထောင့်စားပွဲရှည်တစ်ခု
ရှိနေတယ်။
ယူရှောင်းမိုက သေတ္တာကိုစားပွဲပေါ်တင်၊ ဖွင့်လိုက်ပြီး
ဦးခေါင်းခွံကိုထုတ်လိုက်ကာ ထိပ်ဆုံးမှာထားလိုက်
တယ်၊ ထို့နောက် ဘာမှန်းမသိရတဲ့တစ်ခြား
အပိုင်းအစတွေကိုထုတ်လိုက်သည်။
ထိုအပိုင်းပိုင်းဖြစ်နေတဲ့အရိုးများကို ကြည့်နေရင်း
သူကကပ်ဆိုက်နေသလိုခံစားရတယ်။
ဒီလိုအခြေအနေဖြစ်လာမယ်မှန်းသူသိခဲ့ရင်၊
ဇီဝဗေဒအတန်းမှာတုန်းက လူ့ခန္ဓာကိုယ်နဲ့အရိုးစု
အကြောင်းသေသေချာချာသင်ခဲ့မှာ။
ယူရှောင်းမိုက သက်ပြင်းကြီးကြီးချလိုက်တယ်၊
ခွဲခြားရလွယ်ကူတဲ့အရိုးတွေကိုရွေးပြီး
စီထားရုံကလွဲလို့ သူ့မှာတခြားရွေးစရာမရှိဘူး။
အရိုးတွေကိုကို့ယို့ကားယားနဲ့ပြန်တပ်ပြီးတဲ့နောက်မှာ
အရိုးစုရဲ့အခြေခံတည်ဆောက်ပုံကို
ပြုလုပ်လိုက်နိုင်တယ်၊ ဒါပေမယ့် သေးငယ်တဲ့
အရိုးပိုင်းလေးတွေက အရမ်းအလုပ်ရှုပ်တယ်။
သူတို့ကိုတစ်ခုချင်းယှဉ်ကြည့်နေရင်တော့
နှစ်နာရီကလုံလောက်မှာမဟုတ်ဘူး၊
ဘာလုပ်ရမလဲ?!
သူဒီကမ္ဘာကိုရောက်လာပြီးနောက်မှာ
ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေနေသလို ခံစားရတာ
ဒါပထမဆုံးအကြိမ်ပဲ။
အခုတော့ ပြန်ထွက်ဖို့ အရမ်းနောက်ကျသွားပြီ!
သူတို့ကိုလက်နဲ့ပြန်တပ်မယ့်နည်းကို ယူရှောင်းမိုက
စွန့်လွှတ်လိုက်တော့သည်။ စိတ်ဝိဉာဉ်အားက
သူ့မျက်ခုံးကြားကနေ ထွက်လာပြီး
စားပွဲပေါ်ကအရိုးတစ်ခုချင်းစီတိုင်းကို
လွှမ်းခြုံသွားတယ်။ ဒီတစ်ခေါက်မှာတော့၊
အရိုးတွေအားလုံးက အဏုကြည့်မှန်ပြောင်း
အောက်မှာရှိနေသလိုပဲ၊ အရိုးတွေရဲ့အပိုင်းတိုင်းက
နေ့ဘက်လိုမျိုးရှင်းလင်းစွာနဲ့ သူ့စိတ်ထဲမှာ
ပုံနှိပ်ထားသလိုဖြစ်သွားတော့တယ်။
_________
Zawgyi
အပိုင္း၄၂၅-ေၾကာက္မက္ဖြယ္အရာ
အန္းေခ်ာင္ကသူ႔ကိုေဒါသထြက္စြာနဲ႔ေအာ္လိုက္တာကိုေတြ့လိုက္ရေပမယ့္
ယူေရွာင္းမိုကနဲနဲမွပင္အထိတ္တလန႔္မျဖစ္ေပ။
သူကမ်က္ႏွာထားတင္းတင္းနဲ႔ေျပာလိုက္တယ္၊
"အမွန္တိုင္းေျပာရရင္၊ မင္းစိုက္ပ်ိဳးခဲ့တဲ့ဟာကို
မင္းရိတ္သိမ္းရတာပဲ၊ မင္းငါ့ပစၥည္းကိုမလုခဲ့ရင္
မင္းမွာေနာက္ထပ္အခြင့္အေရးရိွခဲ့မွာပဲ။
ဒါေပမယ့္..မင္းေက်းဇူးေၾကာင့္သာမဟုတ္ရင္
ေသတၲာနက္ေနာက္ကြယ္ကလ်ိႈ႔ဝွက္ခ်က္ကို
ဒီေလာက္ျမန္ျမန္ရွာေတြ့မွာမဟုတ္ဘူး"
"ယူေရွာင္းဟာ၊ မင္းကိုခြင့္မလႊတ္ဘူး၊ ဒါအတြက္
ေနာင္တရေအာင္လုပ္ျပမယ္!" အန္းေခ်ာင္က
သူ႔ကို မ်က္လံုးအိမ္ထဲကေနကၽြတ္ထြက္လာေတာ့
မတတ္ရိွတဲ့ ေသြးဆာေနတဲ့မ်က္လံုးေတြနဲ႔
စိန္းစိန္းဝါးဝါးၾကၫ့္ေနတယ္။ ယူေရွာင္းမိုက ရည္ရြယ္ခ်က္ရိွရိွလုပ္ခဲ့တာ၊ သူမေအာင္ေအာင္လို႔
တမင္သက္သက္တားဆီးခဲ့တာ၊ သူ႔ကိုအျပစ္ရေအာင္
လုပ္တယ္ဆိုတာ သူသိတယ္။
ဒါကိုၾကားေတာ့ ထ်န္ရွင္းက ယူေရွာင္းမိုထက္ပင္
စိတ္တိုသြားေတာ့၏။ သူ႔ကိုေထ့ေငါ့စကားဆိုဖို႔
အတြက္ သူမပါးစပ္ကိုဖြင့္ေတာ့မယ့္အခ်ိန္မွာပဲ
သူမေဘးမွာမတ္တပ္ရပ္ေနခဲ့တဲ့ ေခ်ာင္ဝူရွင္းက
သူမပါးစပ္ကိုျမန္ျမန္ပိတ္လိုက္ၿပီး ၾကားမဝင္ဖို႔
သတိေပးလိုက္သည္။ အန္းေခ်ာင္က အခုေလာေလာ
ဆယ္ အလြန္စိတ္တိုေနတာေၾကာင့္ သူမအေပၚမွာ
ေဒါသေတြပံုခ်ႏိုင္တယ္။
ဒီလိုက်ိဳးေၾကာင္းဆီေလ်ာ္မႈမရိွတဲ့လူတစ္ေယာက္နဲ႔
ဆံုရတာ ယူေရွာင္းမိုအတြက္ပထမဆံုးမဟုတ္ေတာ့
ဘူး။ သူ႔ရဲ့စကားေတြေရာ၊ ဒါမွမဟုတ္ သူ႔မိသားစု
ကိုေရာ သူကႏွလံုးသားထဲမထၫ့္ဘူး။
ဒီလိုလူမ်ိဳးက၊ တစ္ေယာက္ကသူတို႔ကို
ရွင္းျပဖို႔ႀကိဳးစားေလေလ၊ သူတို႔ကပိုပိုၿပီးရန္မူတတ္
လာေလေလျဖစ္သည္။
ထိုရန္ၿငိဳးစကားကိုေျပာၿပီးတဲ့ေနာက္မွာ
အန္းေခ်ာင္က သူတစ္ေယာက္တည္းထြက္သြားေတာ့
၏။
ဝမ္ယနဲ႔က်န္လူေတြက သူ႔ကိုေဖ်ာင္းျဖဖို႔မႀကိဳးစား
သလို ဘာတခြန္းမွလဲမေျပာခဲ့ေပ။ သူထြက္သြားၿပီး
တဲ့ေနာက္ သူ႔ဘာသူျပန္လာလိမ့္မယ္လို႔ပဲ
သူတို႔ေမ်ွာ္လင့္တယ္၊ ဒါကေနာက္ထပ္ ေခါင္းကိုက္
စရာျဖစ္လာမယ္ဆိုေပမယ့္လည္းေလ။
ကံေကာင္းတာက အန္းေခ်ာင္ရဲ့ဆရာက
အခုေလာေလာဆယ္တြင္ က်ဳံထ်န္း၌ရိွမေနေပ၊
သူလက္စားေခ်ခ်င္ရင္ေတာင္မွ ႀကီးႀကီးမားမား
ရိုက္ခတ္မႈမ်ားမလုပ္ႏိုင္ေပ။
"က်က္သတံုး" က်ဳံးယဲ့က ေအးစက္စက္ေျပာလိုက္
ၿပီး လွၫ့္ထြက္သြားကာ ေထာင့္တစ္ေထာင့္သို႔
ေလ်ွာက္သြားေတာ့သည္။
ဝမ္ယႏွင့္က်န္းလန္ယီြက တစ္ေယာက္နဲ႔တစ္ေယာက္
ၾကၫ့္လိုက္တယ္၊ သူတို႔လဲ သက္ျပင္းခ်ရံုကလဲြၿပီး
ဘာမွမလုပ္ႏိုင္ဘူး။
အန္းေခ်ာင္ရဲ့စရိုက္ကေစာင့္ၾကၫ့္ေနဖို႔လိုအပ္တယ္၊
မဟုတ္ရင္ ဒီလိုပံုနဲ႔ဆိုရင္ ေမွာ္ဆရာအစည္းအရံုးရဲ့
ဂုဏ္သတင္းကသူ႔လက္ထဲမွာ ပ်က္စီးသြားေတာ့
မွာပဲ။
ဝမ္ယက မရင္းႏွီးေနတဲ့ေယာက္်ားတစ္ေယာက္နဲ႔
ေပ်ာ္ေပ်ာ္ရႊင္ရႊင္စကားေျပာေနတဲ့ယူေရွာင္းမိုဘက္
ကို တစ္ခ်က္ၾကၫ့္လိုက္တယ္။ က်ဳံးယဲ့ထက္
သာတဲ့စြမ္းရည္ရိွတဲ့ သူတစ္ေယာက္ကိုအျပစ္ျပဳခဲ့တာ
အက်ိဳးဆက္ေတြကေတာ့ တိုင္းလို႔ေတာင္ရမွာ
မဟုတ္ဘူး။
ယူေရွာင္းမိုက လင္းေရွာင္ႏွင့္စကားေျပာေနစဉ္တြင္
ယန္ေဟြ့ကဦးေလးႀကီးႏွင့္ ေရာက္လာျပန္သည္၊
သို႔ေသာ္ဒီတစ္ေခါက္တြင္ ေခ်ာင္ဝူရွင္းႏွင့္
သူ႔ရဲ့အမည္ခံညီမေလး၊ထ်န္ရွင္းလဲ ပါလာ၏။
"အတန္းေဖာ္ယူ၊ ဂုဏ္ျပဳပါတယ္ကြာ!"
ေခ်ာင္ဝူရွင္းက ေရာက္လ်ွင္ေရာက္ခ်င္း သူ႔ကို
ဂုဏ္ျပဳစကားဆိုသည္။
ယူေရွာင္းမိုက ေၾကာင္သြား၏၊
"ဘာကိုဂုဏ္ျပဳတာလဲ?"
ခ်စ္ဖို႔ေကာင္းတဲ့ထ်န္ရွင္းက ေျပာလိုက္တယ္၊
"ငတံုး၊ ဘယ္လိုလုပ္ၿပီး ဒါေလးေတာင္မသိတာလဲ?
သက္တန႔္အဆင့္ေမွာ္ေဆးလံုးက ဒီစမ္းသပ္ပဲြရဲ့
ၿမွဳပ္ထားတဲ့ဆုပဲ၊ အဲ့ေဆးလံုးကိုရွာႏိုင္တဲ့
ဘယ္သူမဆို ေရွာင္ေယာင္တကၠသိုလ္ရဲ့အခ်ိန္နံရံကို
ဝင္ႏိုင္တယ္"
"အခ်ိန္နံရံကဘာႀကီးလဲ?" ယန္ေဟြ့ကသိခ်င္သြား
၏။
ထ်န္ရွင္းကရွင္းျပတယ္၊ "အခ်ိန္နံရံကို
ဉာဏ္ပညာေလာကလို႔လဲေခၚ တယ္။
အခုလက္ရိွသားရဲအသြင္ေျပာင္းျခင္းက်င့္စဉ္ေတြကို
အဲ့ေနရာကေန ေမွာ္ဆရာတစ္ေယာက္က
သင္ယူေလ့လာခဲ့တာလို႔ေျပာၾကတယ္။ ဒါေပမယ့္
တစ္ဦးတစ္ေယာက္ခ်င္းစီရဲ့ အေတြ့အႄကံုေတြက
မတူၾကဘူး။ နင့္အလွၫ့္က်ရင္ နင္သင္ယူႏိုင္တဲ့
ဟာေတြက သားရဲအသြင္ေျပာင္းျခင္းက်င့္စဉ္ေရာ
စိတ္ဝိဉာဉ္ေလ့က်င့္ျခင္းက်င့္စဉ္ေတြေရာပါ
မဟုတ္တာလဲျဖစ္ႏိုင္တယ္၊ အဲ့တာက
အရံအတားခင္းက်င္းျခင္းစြမ္းရည္ေတြနဲ႔
တျခားဟာေတြလဲျဖစ္ႏိုင္တယ္၊ ဒါမွမဟုတ္
လံုးဝဘာမွမေတြ့ရတာလဲျဖစ္ႏိုင္တယ္။
အတိုခ်ဳပ္ရရင္ အခ်ိန္နံရံက ဘယ္သူမဆို
အဆင္ေျပသလိုဝင္ထြက္လို႔ရတဲ့ ေနရာတစ္ခု
မဟုတ္ဘူး"
ယူေရွာင္းမိုကသကၤာမကင္းေမးလိုက္တယ္၊
"ဒီလိုဆိုရင္ အႀကီးအကဲခ်င္ကဘာလို႔
ဘာမွမေျပာတာလဲ?"
ထ်န္ရွင္းက ပုခံုးတြန႔္လိုက္၏၊
"အဲ့ဒီ့အဘိုးႀကီးရဲ့ေခါင္းထဲ ဘာရိွေနလဲဆိုတာ
ငါကဘယ္လိုလုပ္သိမွာလဲ?"
"ထ်န္ရွင္း၊ အႀကီးအကဲခ်င္ကို အဘိုးႀကီးလို႔
ဘယ္လိုေတာင္ေခၚႏိုင္တာလဲ? ေနာက္တစ္ေခါက္
ဒီလိုထပ္မေခၚရဘူး" ေခ်ာင္ဝူရွင္းက သူမကို
ေခါင္းေခါက္လိုက္ၿပီး ရွင္းျပ၏၊ "သက္တန႔္ဆင့္
ေမွာ္ေဆးလံုးက တစ္လံုးပဲရိွတာ၊ ဒါေၾကာင့္
လူသိရွင္ၾကားေၾကညာေနဖို႔မလိုဘူးေလ။
ငါထင္တာက အႀကီးအကဲခ်င္က
အကဲျဖတ္ျခင္းၿပီိးဆံုးတဲ့ခ်ိန္ထိ ေစာင့္ေနတာျဖစ္
မယ္"
ယူေရွာင္းမိုက လင္းေရွာင္ကိုေထာင့္တစ္ေထာင့္သို႔
တိတ္တဆိတ္ဆဲြေခၚသြားလိုက္တယ္။
လင္းေရွာင္က သူဘာေျပာခ်င္ေနလဲဆိုတာသိတယ္၊
"ဝမ္းနည္းစရာပဲ၊ အခ်ိန္နံရံအေၾကာင္းကို
ကိုယ္တစ္ခါမွမၾကားဖူးဘူး"
ယူေရွာင္းမို,"......."
ငါးစကၠန႔္ၾကာၿပီးတဲ့ေနာက္မွာ ယူေရွာင္းမိုက
ေျခာက္ကပ္ကပ္ေခ်ာင္းဆိုးလိုက္တယ္၊
"ခင္ဗ်ားကို ဘယ္သူကအခ်ိန္နံရံေၾကာင္း
ေမးခ်င္ေနလို႔လဲ၊အာ၊ ကိုယ့္ကိုကိုယ္အထင္ႀကီးမေနနဲ႔၊
ကၽြန္ေတာ္အဲ့တာအေၾကာင္းေမးခ်င္တာမဟုတ္ဘူး"
လင္းေရွာင္က မ်က္ခံုးပင့္လိုက္၏၊
"ေသခ်ာလို႔လား?"
ယူေရွာင္းမိုက ေျခာက္ကပ္ကပ္ရယ္လိုက္ျပန္သည္၊
"မေသခ်ာပါဘူး။ အခ်ိန္နံရံက အခ်ိန္မ်ဉ္းနဲ႔
ဆိုင္ေနမယ္လို႔ထင္လား? အတိတ္နဲ႔အနာဂတ္ကို
ျမင္ရသလိုမ်ိဳးေလ" ဒီနာမည္ကိုၾကားလိုက္ရံုနဲ႔
သူကလ်ိႈ႔ဝွက္ဆန္းၾကယ္မႈကို ခံစားရတယ္။
လင္းေရွာင္ကသူ႔နဖူးကို စမ္းၾကၫ့္လိုက္တယ္၊
"မင္းမွာအဖ်ားရိွပံုမေပၚပါဘူး"
ယူေရွာင္းမိုက သူ႔လက္ကိုရိုက္ခ်လိုက္၏၊
"ခင္ဗ်ားပဲဖ်ားေနတာ၊ ခင္ဗ်ားတို႔တစ္မိသားစု......."
သူကလဲလင္းေရွာင္ရဲ့မိသားစုဝင္တစ္ေယာက္ပဲ
ဆိုတာေတြးမိသြားေတာ့၊ သူ႔ရဲ့ေနာက္စကားလံုးေလး
ကို ျပန္သိမ္းထားလိုက္ေတာ့တယ္။
လင္းေရွာင္ကေလွာင္လိုက္တယ္၊ "မင္းမွာအဖ်ား
မရိွဘူးဆိုရင္ ဘာလို႔အိပ္ေနရင္းေယာင္ေနတာလဲ?
အခ်ိန္နံရံအေၾကာင္း ကိုယ္မၾကားဖူးေပမယ့္
ဘယ္သူကမွ အတိတ္နဲ႔အနာဂတ္ကိုျမင္ႏိုင္မွာ
မဟုတ္ဘူး၊ မဟုတ္ရင္ေရွာင္ေယာင္တကၠသိုလ္က
ဘယ္သူ႔ကိုမွဝင္ခြင့္ျပဳမွာမဟုတ္ဘူးေလ"
ယူေရွာင္းမိုက မျဖစ္ႏိုင္တဲ့အေတြးသက္သက္ပဲ
ဆိုတာသိတယ္၊ ဒါ့ေၾကာင့္သူကႏႈတ္ခမ္းစူလိုက္ၿပီး
ဒီအေၾကာင္းထပ္မေျပာေတာ့ေပ။
နာရီဝက္ကလ်င္ျမန္စြာကုန္ဆံုးသြား၏၊
အႀကီးအကဲခ်င္က ေနာက္တစ္ေခါက္ျပန္ေရာက္
လာသည္။
ဒီတစ္ေခါက္တြင္ အႀကီးအကဲခ်င္ကသူတို႔ကို
ဤဝင္ခြင့္စာေမးပဲြ၏ေနာက္ဆံုးႏွင့္အၿပီးသတ္ပဲြစဉ္သို႔
ေခၚေဆာင္သြား၏။
ဒီေနာက္ဆံုးပဲြစဉ္မွာ စိတ္ဝိဉာဉ္အားထိန္းခ်ဳပ္ျခင္း
အေပၚတြင္ အဓိကအာရံုထားထားျခင္းျဖစ္သည္။
ပံုမွန္အားျဖင့္ တစ္ေယာက္ရဲ့ေမွာ္ေဆးပင္သန႔္စင္
ႏိုင္တဲ့အႀကိမ္အေရအတြက္ျဖင့္ စစ္ေဆးျခင္း
ျဖစ္ေသာ္လည္း ဒီတစ္ႀကိမ္တြင္ေတာ့ ထိုကဲ့သို႔
မဟုတ္ပါေခ်။
အႀကီးအကဲခ်င္ရဲ့ၫႊန္ၾကားမႈေအာက္မွာ
ထန္က်ဲ႔နဲ႔လူတစ္ခ်ိဳ႕က ေသးငယ္တဲ့ေသတၲာေတြကို
သယ္လာၾကသည္။
ယူေရွာင္းမိုက မစပ္စုပဲမေနႏိုင္ေတာ့ေပ၊ အဆံုးသတ္
ပဲြစဉ္ရဲ့အေၾကာင္းအရာက ဒီေသတၲာေလးထဲမွာ?
သူက ေမွာ္ေဆးပင္သန႔္စင္ျခင္းလိုဟာမ်ိဳး
ျဖစ္မယ္လို႔ထင္ခဲ့တာ။
စာေမးပဲြအေၾကာင္းအရာက တစ္ႏွစ္နဲ႔တစ္ႏွစ္
မတူတာေၾကာင့္ ေခ်ာင္ဝူရွင္းႏွင့္က်ဳံးယဲ့ပင္
ေသတၲာထဲမွာဘာပါလဲဆိုတာ မခန႔္မွန္းႏိုင္ၾကဘူး။
ထန္က်ဲ႔နဲ႔ေနာက္လူေတြက ေသတၲာေလးေတြကို
အႀကီးအကဲခ်င္ေရ႔ွမွာခ်လိုက္ၿပီး သူ႔ေနာက္မွာ
သြားရပ္ေနၾကတယ္။
အႀကီးအကဲခ်င္က ေသတၲာေလးကို အႃပံုးသဲ့သဲ့နဲ႔
ၾကၫ့္လိုက္တယ္၊ ထို႔ေနာက္သူကလူတိုင္းကို
ၾကၫ့္လိုက္ၿပီး၊ "အဆံုးသတ္စာေမးပဲြရဲ့
အေၾကာင္းအရာကေတာ့ ဒီေသတၲာထဲမွာရိွေနတယ္။
အခု၊ မင္းတို႔တစ္ေယာက္ခ်င္းဆီက အဲ့ထဲက
တစ္ခုကိုယူလိုက္၊ ၿပီးရင္ ဒီေနာက္ဆံုးပဲြစဉ္ရဲ့
စည္းမ်ဉ္းေတြကိုရွင္းျပမယ္"
ေရွာင္ေယာင္တကၠသိုလ္ရဲ့ရည္ရြယ္ခ်က္က
ဘာလဲဆိုတာ ေတြးေနၾကရင္း လူတိုင္းက
တစ္ေယာက္နဲ႔တစ္ေယာက္ၾကၫ့္လိုက္ၾကတယ္။
ပထမတစ္ေယာက္ၿပီးေတာ့၊ ဒုတိယတစ္ေယာက္၊
တတိယတစ္ေယာက္၊ အဲ့လိုနဲ႔ လူတိုင္းရဲ့လက္ထဲမွာ
ေသတၲာေလးတစ္ခုစီရသြားေတာ့တယ္။
လူတိုင္းကသူတို႔ရဲ့ေသတၲာကိုရၿပီးတာျမင္ေတာ့
အႀကီးအကဲခ်င္ကစကားစလိုက္တယ္၊
"အခု၊ မင္းတို႔ေသတၲာေတြကိုဖြင့္လိုက္"
ယူေရွာင္မိုက ေသတၲာကိုၾကမ္းျပင္ေပၚခ်လိုက္တယ္။
ေသတၲာကိုေသာ့ခတ္မထားဘူး၊ သူကသိခ်င္စိတ္
ျပင္းျပစြာနဲ႔၊ အဖံုးကိုမေတာ့မယ့္အခ်ိန္မွာပဲ၊
ရုတ္တရက္.....
"အား!!"
သူကထိုအသံေၾကာင့္ထိတ္လန႔္သြားရင္းနဲ႔
တစ္ဝက္တစ္ပ်က္ဖြင့္ထားတဲ့အဖံုးက ျပန္ပိတ္သြား
ေတာ့တယ္။ စိတ္ၿငိမ္ေအာင္လုပ္ၿပီးတဲ့ေနာက္၊
အဲ့ဒီ့ေအာ္ဟစ္သံေၾကာင့္ေၾကာက္သြားတဲ့သူက
သူတစ္ေယာက္တည္းမဟုတ္ဘူးဆိုတာ
သူေတြ့လိုက္ရတယ္။ ဦးေလးႀကီးဆိုရင္၊
သူ႔မ်က္ႏွာက အလြန္ျဖဴေဖ်ာ့ေနတယ္။
ထ်န္ရွင္းက သူ႔ဆီပစ္ဝင္လာတာကိုေတြ့ရေတာ့
ေခ်ာင္ဝူရွင္းကရယ္ရမလား၊ငိုရမလားမသိေတာ့ေခ်၊
သူကသူမကိုႏွစ္သိမ့္ေပးလိုက္တယ္၊"ထ်န္ရွင္း၊
အဲ့တာကအတုႀကီးပါ၊ လူအရိုးစုအစစ္
မဟုတ္ပါဘူး" သူကထူးၿပီးသိေနတာမဟုတ္ဘဲနဲ႔
ဒီအရိုးစုကတကယ့္အစစ္တစ္ခုနဲ႔မတူတာကို
ဒီတိုင္းပဲသိတာျဖစ္သည္။
"အ...အတု?" ထ်န္ရွင္းရဲ့မ်က္ႏွာေသးေသးေလးက
တစၧေတစ္ေကာင္လို ျဖဴေဖ်ာ့ေနတယ္။
ေခ်ာင္ဝူရွင္းက ယံုၾကည္စြာေခါင္းညိမ့္လိုက္သည္၊
"ေသေသခ်ာခ်ာၾကၫ့္ၾကၫ့္ရင္၊ အဲ့တာက
အတုဆိုတာေတြ့ရလိမ့္မယ္"
ထ်န္ရွင္းက မယံုတစ္ဝက္ယံုတစ္ဝက္ႏွင့္
ျပန္ေလ်ွာက္သြားေတာ့သည္။
ယူေရွာင္းမိုက သူ႔ရဲ့ႏွလံုးခုန္ခ်က္ကို တည္ၿငိမ္ေအာင္
လုပ္လိုက္တယ္။ အဲ့တာကအရိုးစုအတုတစ္ခု
ျဖစ္ေနတာပဲ၊ သူမအဲ့လိုေအာ္ဟစ္လိုက္တာက
ေတာ္ေတာ္ဆိုးဝါးတယ္လို႔သူေတြးထားခဲ့တာ။
သူကေသတၲာကိုဖြင့္လိုက္ၿပီး အထဲကိုေခ်ာင္းၾကၫ့္
လိုက္တယ္၊ အေခါင္းေပါက္မ်က္လံုးေတြနဲ႔
သူ႔ကိုႃပံုးျပေနတဲ့အရိုးေခါင္းတစ္ခုကို ေတြ့လိုက္
ရေတာ့တယ္။ ဒါကအတုဆိုရင္ေတာင္မွ
ေသေလာက္ေအာင္ေၾကာက္ဖို႔ေကာင္းေနတုန္းပဲ။
ယူေရွာင္းမိုက ဆက္ၿပီးေလ့လာေနတယ္၊
သူကအရိုးစုရဲ့အျခားအစိတ္အပိုင္းေတြကိုလဲ
ေတြ့လိုက္ရတယ္၊ ဒါေပမယ့္ သူတို႔ကျပန႔္က်ဲေနၿပီး
ထုေျခခံထားရတယ္၊ တစ္ခ်ိဳ႕အရိုးေတြဆိုရင္
ေပ်ာက္ေတာင္ေပ်ာက္ေနတယ္။
"အဲ့ဒီ့အရိုးစုေတြက လူအရိုးစုအစစ္ရဲ့ပံုတူေတြပဲ၊
ဒါေတြကေနာက္ဆံုးပဲြစဉ္ရဲ့ စာေမးပဲြလဲျဖစ္တယ္။
လူတိုင္းလုပ္ရမွာက ႏွစ္နာရီအတြင္းမွာ
အပိုင္းပိုင္းျဖစ္ေနတဲ့အဲ့ဒီ့အရိုးေတြကို ျပၫ့္စံုတဲ့
အရိုးစုတစ္ခုျဖစ္ေအာင္ မင္းတို႔ရဲ့ဝိဉာဉ္အားကို
သံုးၿပီးကပ္ဖို႔ပဲ"
"အႀကီးအကဲ၊ ကၽြန္ေတာ္တို႔ႏွစ္နာရီအတြင္း
ၿပီးေအာင္မလုပ္ႏိုင္ရင္ က်ရႈံးမွာလား?"
က်န္းလန္ယီြက ေမးလိုက္သည္။
အႀကီးအကဲခ်င္ကျပန္ေျဖတယ္၊ "မက်ဘူး၊
အရိုးစုက ခုနစ္ဆယ္ရာခိုင္ႏႈန္းအထက္ၿပီးစီးေနသေရြ့
ေအာင္ျမင္တယ္"
က်န္းလန္ယီြက စိတ္သက္သာရာရစြာ
သက္ျပင္းခ်လိုက္သည္၊ ေသတၲာထဲကအရိုးေတြက
အပိုင္းေတြမ်ားလြန္းေနတယ္၊ အဲ့တာေတြကို
ျပၫ့္ျပၫ့္စံုစံုျပန္ထားႏိုင္ဖို႔
သူ႔မွာယံုၾကည္ခ်က္မရိွဘူး။
ယူေရွာင္းမိုကေတြးေနတယ္၊ ဒီခုနစ္ဆယ္ရာခိုင္ႏႈန္း
ဆိုတာက နဲနဲေတာ့ေဝေဝဝါးဝါးျဖစ္ေနတယ္။
သူကေခါင္းကေန ေပါင္ၿခံထိျပန္တပ္ႏိုင္မယ္ဆိုရင္
ဘယ္ေလာက္ရာခိုင္ႏႈန္းျဖစ္မွာလဲ? အာ၊
ဒီအႏၲရာယ္ႀကီးတဲ့အေတြးကို ေဘးခဏဖယ္ထား
လိုက္တာေပါ့ကြာ။
ယူေရွာင္းမိုက အနီးဆံုးေက်ာက္တံုးအခန္းထဲ
ေလ်ွာက္ဝင္သြားလိုက္ေတာ့သည္။
ေက်ာက္တံုးခန္းကေတာ့ အၿမဲတမ္းပဲရိုးရွင္းတာပါပဲ၊
အခန္းအလယ္ေခါင္မွာ အရိုးစုတစ္ခုလံုးတင္လို႔ရတဲ့
လူတစ္ဝက္အျမင့္ရိွတဲ့ေလးေထာင့္စားပဲြရွည္တစ္ခု
ရိွေနတယ္။
ယူေရွာင္းမိုက ေသတၲာကိုစားပဲြေပၚတင္၊ ဖြင့္လိုက္ၿပီး
ဦးေခါင္းခြံကိုထုတ္လိုက္ကာ ထိပ္ဆံုးမွာထားလိုက္
တယ္၊ ထို႔ေနာက္ ဘာမွန္းမသိရတဲ့တစ္ျခား
အပိုင္းအစေတြကိုထုတ္လိုက္သည္။
ထိုအပိုင္းပိုင္းျဖစ္ေနတဲ့အရိုးမ်ားကို ၾကၫ့္ေနရင္း
သူကကပ္ဆိုက္ေနသလိုခံစားရတယ္။
ဒီလိုအေျခအေနျဖစ္လာမယ္မွန္းသူသိခဲ့ရင္၊
ဇီဝေဗဒအတန္းမွာတုန္းက လူ႔ခႏၶာကိုယ္နဲ႔အရိုးစု
အေၾကာင္းေသေသခ်ာခ်ာသင္ခဲ့မွာ။
ယူေရွာင္းမိုက သက္ျပင္းႀကီးႀကီးခ်လိုက္တယ္၊
ခဲြျခားရလြယ္ကူတဲ့အရိုးေတြကိုေရြးၿပီး
စီထားရံုကလဲြလို႔ သူ႔မွာတျခားေရြးစရာမရိွဘူး။
အရိုးေတြကိုကို႔ယို႔ကားယားနဲ႔ျပန္တပ္ၿပီးတဲ့ေနာက္မွာ
အရိုးစုရဲ့အေျခခံတည္ေဆာက္ပံုကို
ျပဳလုပ္လိုက္ႏိုင္တယ္၊ ဒါေပမယ့္ ေသးငယ္တဲ့
အရိုးပိုင္းေလးေတြက အရမ္းအလုပ္ရႈပ္တယ္။
သူတို႔ကိုတစ္ခုခ်င္းယွဉ္ၾကၫ့္ေနရင္ေတာ့
ႏွစ္နာရီကလံုေလာက္မွာမဟုတ္ဘူး၊
ဘာလုပ္ရမလဲ?!
သူဒီကမ႓ာကိုေရာက္လာၿပီးေနာက္မွာ
ေကာလိပ္ဝင္ခြင့္စာေမးပဲြေျဖေနသလို ခံစားရတာ
ဒါပထမဆံုးအႀကိမ္ပဲ။
အခုေတာ့ ျပန္ထြက္ဖို႔ အရမ္းေနာက္က်သြားၿပီ!
သူတို႔ကိုလက္နဲ႔ျပန္တပ္မယ့္နည္းကို ယူေရွာင္းမိုက
စြန႔္လႊတ္လိုက္ေတာ့သည္။ စိတ္ဝိဉာဉ္အားက
သူ႔မ်က္ခံုးၾကားကေန ထြက္လာၿပီး
စားပဲြေပၚကအရိုးတစ္ခုခ်င္းစီတိုင္းကို
လႊမ္းႃခံုသြားတယ္။ ဒီတစ္ေခါက္မွာေတာ့၊
အရိုးေတြအားလံုးက အဏုၾကၫ့္မွန္ေျပာင္း
ေအာက္မွာရိွေနသလိုပဲ၊ အရိုးေတြရဲ့အပိုင္းတိုင္းက
ေန့ဘက္လိုမ်ိဳးရွင္းလင္းစြာနဲ႔ သူ႔စိတ္ထဲမွာ
ပံုႏိွပ္ထားသလိုျဖစ္သြားေတာ့တယ္။
_________