Unicode
အပိုင်း၄၂၁: အရပ်အမြင့်ကသေစေနိုင်လောက်တဲ့
ထိုးနှက်ချက်
ယူရှောင်းမိုနဲ့လင်းရှောင် ကျုံထျန်းကိုရောက်လာတာ
ရက်အနဲငယ်ပဲရှိသေးတာကြောင့် သူတို့နှစ်ယောက်
ကြားက ရန်ငြိုးတွေကိုမသိဘူး။ ဒါပေမယ့်
လေထဲမှာတိုက်မိနေတဲ့ မီးပွားတွေက မလိမ်ကြဘူး
လေ။ သူတို့လိုအပြင်လူတွေတောင်မှ
တင်းမာနေတဲ့လေထုကိုခံစားနိုင်သည်။
"ဒီလူက အရမ်းစွမ်းအားကြီးပုံပေါ်တယ်၊
ငါအရမ်းစိတ်လှုပ်ရှားနေပြီ!"
"ဟုတ်တယ်!"
ယူရှောင်းမိုက သူ့နားဘေးကအသံကို မသိစိတ်ကနေ
ပြန်ဖြေလိုက်သည်၊ သူဘာလုပ်လိုက်လဲဆိုတာကို
နောက်မှ သိသွားတယ်။ သူခေါင်းလှည့်လိုက်တော့
ဒုတိယမြောက်စမ်းသပ်ခဲ့တဲ့လူငယ်လေးက
ဘယ်ချိန်ကတည်းကမသိ သူ့နောက်မှာ
မတ်တပ်ရပ်နေတာကို တွေ့လိုက်ရသည်။
သူ့အကြည့်ကိုဖမ်းမိသွားတော့ လူငယ်လေးက
ပြုံးလိုက်သည်။
"ဟယ်လို၊ ငါကယန်ဟွေ့ပါ"
"...."ယူရှောင်းမိုရဲ့ဦးနှောက်က အလုပ်လုပ်နေတာ
ခဏလောက်ရပ်တန့်သွားတော့၏။
သူ့ကိုပြန်မဖြေတာကိုမြင်တော့ ယန်ဟွေ့က
ခေါင်းကုတ်လိုက်ပြီး ရှက်ကိုးရှက်ကန်းရယ်နေတယ်၊
"ငါက တုံကျိုးကပါ၊ ရှောင်ယောင်တက္ကသိုလ်
ဝင်ခွင့်စာမေးပွဲဖြေဖို့အတွက် ကျုံထျန်းကိုလာခဲ့တာ၊
မင်းကရော?"
မဖြစ်နိုင်ပါဘူး..... သူကလဲတစ်ယောက်တည်းဖြစ်
နေလို့ ဒီကောင်က 'ရဲဘော်ရဲဘက်' တွေ့သွားပြီလို့
ထင်လိုက်တာ?
ယူရှောင်းမိုက သူအမှန်တရားကိုဖော်ထုတ်လိုက်ပြီ
လို့ခံစားရတယ်။ ဒါပေမယ့်သူကအရမ်း
စိတ်အားထက်သန်နေတာကိုတွေ့ရတော့ သူ့ကို
ပြန်မဖြေဘဲလျစ်လျူရှုလိုက်ဖို့နှလုံးသားမရှိဘူး။
"ငါကယူရှောင်းဟာပါ၊ တောင်ပိုင်းတိုက်မကြီးက
လာတာ"
"တောင်ပိုင်းတိုက်မကြီး?"
ယန်ဟွေ့က ခဏမျှရပ်တန့်သွားပြီးနောက်
အံ့အားသင့်စွာမေးလိုက်၏၊ "မင်းရဲ့မျိုးရိုးကယူပေါ့?
မင်းကသွေးစွေးနီကလန်ကလား? သူတို့မျိုးရိုးနာမည်
ကလဲ ယူ လို့ငါကြားတယ်"
"မဟုတ်ဘူး၊ ငါကသွေးစွေးနီကလန်နဲ့မရင်းနှီးဘူး"
ယူရှောင်းမိုက ချက်ချင်းပင်ငြင်းဆိုလိုက်တယ်။
သူကသွေးရင်းဖြစ်ပေမယ့်လည်း ဖုန်းချီယွင်ကို
ကယ်ပြီး သူ့ရဲ့အဖေဆိုတဲ့သူကိုတွေ့ပြီးရင်
နောက်ထပ်ဆက်နွယ်မှုရှိမှာ မဟုတ်တော့ဘူး။
"အိုး" ယန်ဟွေ့က သနားသွားတယ်။
"စမ်းသပ်မှုကိုကြည့်၊ စနေပြီ" ယူရှောင်းမိုက
မြန်မြန်ညွှန်ပြလိုက်သည်။
ယန်ဟွေ့ရဲ့အာရုံက ချက်ချင်းပင်ပြောင်းသွား
တော့သည်။
ကျုံးယဲ့ကအရမ်းအရပ်ရှည်တယ်။ အရောင်တန်း
ထွက်ပေါ်လာတဲ့နေရာက သူ့မျက်လုံးအထက်နား
လေးတင်ပဲဖြစ်ကာ မျက်လုံးပင့်လိုက်ရုံနဲ့
မြင်နိုင်သည်။ သူ့ရဲ့အရောင်တန်းက ချောင်ဝူရှင်းနှင့်
ဆင်တူသည်။ ၎င်းက ပန်းရောင်မှစိမ်းပြာရောင်သို့
တိုက်ရိုက်ခုန်တက်သွားကာ ချောင်ဝူရှင်းနောက်ဆုံး
ရပ်တန့်ခဲ့သည့်နေရာဆီသို့ ဆန့်ထွက်သွား၏၊
၎င်းက ဖြေးဖြေးခြင်းမြင့်တက်နေတုန်းပဲ။
သုံးမိနစ်ကြာပြီးနောက်၊ အရောင်တန်းက
လေးခုမြောက်အကွက်ကိုချိုးဖျက်သွားပြီး
အပြာဖျော့ရောင်သို့ စတင်ပြောင်းလဲလာကာ
၎င်းအကွက်၏လေးပုံတစ်ပုံကို ရောက်မှသာ
ရပ်တန့်သွား၏။
သက်တန့်ရောင်အဆင့်ငါး၊ အမြင့်အဆင့်။
အခုလောလောဆယ်တွင် ၎င်းမှာအမြင့်ဆုံးအဆင့်
ဖြစ်သည်။ ၎င်းက အဆင့်ခုနစ်မှ နှစ်ဆင့်ဝေးကွာ
သေးသော်လည်း ထိုဟာမှာအချိန်တစ်ခုမျှသာ
ဖြစ်သည်။
ကျုံးယဲ့ကအရောင်တန်းကိုစိုက်ကြည့်နေပြီး
မျက်မှောင်ကြုံ့ထားသည်။ အရောင်တန်းက
တကယ်ပဲရပ်တန့်သွားပြီဖြစ်တာကို မြင်တဲ့အခါ
သူ့ရဲ့စိတ်အားတင်းထားတာကို လွှတ်ချလိုက်တော့
တယ်။ သူကအခုနံပါတ်တစ်ပဲ၊ ဒါပေမယ့်
သူ့ရလဒ်နဲ့ပတ်သတ်ပြီး မကျေနပ်သေးပေ။
"ဂုဏ်ပြုပါတယ် ကျုံးယဲ့!" ချောင်ဝူရှင်းက
သူ့ရှေ့လျှောက်လာပြီး သူ့ကိုဂုဏ်ပြုရန်အတွက်
လက်နှစ်ဖက်ကိုယှက်လိုက်သည်။
သူ့မျက်နှာပေါ်ရှိပါးချိုင့်များက ထင်းနေ၏၊
ဒါဆို သူ့ကိုစစ်စစ်မှန်မှန်ဂုဏ်ပြုနေတာပေါ့?
"ကျေးဇူး!" ကျုံးယဲ့ကခေါင်းလှည့်လိုက်ပြီး သူ့ကို
ကြည့်ရင်း ကျေးဇူးတင်မှုကိုအေးစက်စက်
ရေရွတ်လိုက်၏။ ထို့နောက်၊ အဝေးကိုလျှောက်သွား
တော့သည်။
"ဘယ်လောက်တောင်မုန်းဖို့ကောင်းလိုက်တဲ့
လူလဲ! ဝူရှင်းကောကောက နင့်ကိုလူကိုယ်တိုင်
ဂုဏ်ပြုပေးတာကို နင်ကသူ့ကိုဒီလိုသဘောထား
တယ်ပေါ့! အဆင့်ငါးကဘာတွေများ ကောင်းနေလို့
လဲ! ဟမ့်!" ကောင်မလေးက သူ့ကိုလျှာထုတ်ပြ
လိုက်၏။
"ထျန်ရှင်း၊ အရမ်းမရိုင်းနဲ့!" ချောင်ဝူရှင်းက
သူမကိုအပြစ်တင်လိုက်သည်။
"အိုး၊ ကောင်းပါပြီ၊ကောင်းပါပြီ" ကောင်မလေးက
ရယ်လိုက်တယ်။
အကြီးအကဲချင်ရဲ့မျက်နှာက အပြုံးတွေဝေဆာနေ
တယ်။
"မဆိုးဘူး၊ သက်တန့်ရောင်အဆင့်ငါးက
နှစ်တစ်ထောင်အတွင်းမှာ အမြင့်ဆုံးအဆင့်ပဲ။
မင်းဆက်ကြိုးစားပြီး အဆင့်ငါးကိုချိုးဖောက်နိုင်ဖို့
ရုန်းကန်မယ်လို့ မျှော်လင့်ပါတယ်"
"အကြီးအကဲရဲ့ကြင်နာတဲ့စကားတွေအတွက်
ကျေးဇူးတင်ပါတယ်" ကျုံးယဲ့မျက်နှာတွင်
ခပ်မှိန်မှိန်အပြုံးတစ်ခုဖြတ်ပြေးသွားပြီး
သူ့ရဲ့ကောင်းချီးပေးတာကိုလက်ခံဖို့ သူ့လက်များကို
အတူတူယှက်ထားလိုက်တယ်။
အကြီးအကဲချင်က မုတ်ဆိတ်ကိုသပ်နေရင်း
ခေါင်းညိမ့်လိုက်သည်။ သူ့အကြည့်က သူ့ပေါ်ကနေ
ရွေ့သွားကာ နောက်ဆုံးလူဖြစ်တဲ့ယူရှောင်းမိုပေါ်တွင်
ရပ်တန့်သွားပြီး သူ့ကိုခေါ်လိုက်၏။
"မင်းကနောက်ဆုံးတစ်ယောက် ဖြစ်ရမယ်၊
ဒီကိုလာ"
သူကအမိန့်ပေးခံလိုက်ရတာနဲ့ ဝမ်ယနှင့်အခြား
သုံးယောက်က ယူရှောင်းမိုကိုတစ်ပြိုင်တည်း
လှည့်ကြည့်လိုက်ကြသည်။ ကျောက်ပြားစံချိန်ကို
ချိုးခဲ့တဲ့ဒီလူငယ်လေး၊ ကျုံးယဲ့ရဲ့စံချိန်ကိုတောင်
အပြတ်အသတ်နိုင်ခဲ့တဲ့သူ၊ သူ့အဆင့်က
ဘယ်လောက်မြင့်မလဲ? ကျုံးယဲ့အဆင့်ထက်
မြင့်နိုင်လောက်လား?
"သူ့အဆင့်က သေချာပေါက်ကိုကျုံးယဲ့အဆင့်ထက်
မြင့်မှာမဟုတ်ဘူး " အန်းချောင်က အံကြိတ်
ပြောလိုက်၏။ ဝိဉာဉ်အဆင့်က မှော်ဆရာအဆင့်လို အဆင့်မြှင့်ဖို့အတွက်မလွယ်ကူတာကြောင့်
သူပြောတာက အခြေအမြစ်မရှိတာတော့မဟုတ်၊
ဝိဉာဉ်ရဲ့အဆင့်ကိုမြှင့်တဲ့ တစ်ဆင့်ချင်းစီက
ကောင်းကင်ဘုံကိုတက်လှမ်းရတာလောက်
ခက်ခဲ၏။
"ငါတို့တွေ့ရမှာပေါ့" ကျန်းလန်ယွီကပြောလိုက်တယ်။
လူတိုင်းရဲ့အကြည့်အောက်မှာ ယူရှောင်းမိုက
စမ်းသပ်ကျောက်တုံးဆီလျှောက်သွားလိုက်သည်။
နောက်ဆုံးလူဖြစ်ခြင်းက ဖိအားအများဆုံးပဲဆိုတာ
သူသိလိုက်ရတယ်၊ အထူးသဖြင့် ကျုံးယဲ့က
အဆင့်ငါးဖြစ်နေတဲ့အခါမှာပေါ့။ သူ့ရဲ့စိတ်ဖိစ်ီးမှု
အဆင့်က တောင်တွေလောက်မြင့်နေတယ်!
စမ်းသပ်ကျောက်တုံးကိုထိဖို့ ယူရှောင်းမိုက
လက်ဆန့်လိုက်သည်။ အဆင့်မြင့်လေလေ၊
ကောင်းလေလေ။ ငါအရမ်းကြီးမဆိုးဝါးလောက်
ပါဘူး၊ သူကသူ့ကိုယ်သူတွေးနေတယ်။
လုံရှန်းတိုက်မကြီးကနေ ထုံထျန်းတိုက်မကြီးထိ
သူ့ရဲ့ခရီးစဉ်တစ်ခုလုံးက အရမ်းကိုချောမွေ့နေခဲ့တာ။
သူ့ရဲ့မူလပန်းတိုင်က သူ့ကိုယ်သူရှင်သန်နိုင်ဖို့အတွက်
ပိုက်ဆံလုံလုံလောက်လောက်ဝင်ဖို့ ဖြစ်ခဲ့တယ်၊
ဒါပေမယ့် နောက်ပိုင်းမှာတော့ ပိုက်ဆံက
လွယ်လွယ်ကူကူပဲဝင်လာတယ်။ ဒါ့ကြောင့်
သူ့ရဲ့ပန်းတိုင်ကိုပြောင်းလဲခဲ့တယ်။ သူကတစ်ကြိမ်ကို
ခြေတစ်လှမ်းပဲလှမ်းမယ်လို့ တွေးထားခဲ့တယ်။
လင်းရှောင်နဲ့သူဆုံခဲ့ရတော့မှ ပိုသန်မာလာချင်ခဲ့ပြီး
ပိုမြင့်တဲ့နေရာတွေဆီကိုတက်ချင်လာခဲ့တာ။
သူလုပ်နိုင်တာက ဆေးလုံးသန့်စင်တာပဲဆိုတာကို
ယူရှောင်းမိုသိတယ်၊ လင်းရှောင်ကိုကူညီပေးနိုင်တဲ့
အဆင့်ပိုမြင့်တဲ့မှော်ဆေးလုံးတွေကို သူသန့်စင်
ပေးချင်တယ်။ ဒါ့ကြောင့်သူ့အဆင့်က
အရမ်းနိမ့်နေခဲ့မယ်ဆိုရင် နောင်ကျအသုံးမဝင်တော့
မှာကို ကြောက်တယ်။ အဲ့ဒီ့အတွေးက သူ့စိတ်ထဲ
ရောက်လာတဲ့အခါ စိတ်မသက်မသာမဖြစ်ဘဲ
မနေနိုင်ဘူး။
"ဘာဖြစ်လို့လဲ?" သူကလုံးဝမလှုပ်ရှားတာကို
မြင်တော့ အကြီးအကဲချင်ကမေးလိုက်သည်။
"တောင်းပန်ပါတယ်ဗျ!" ယူရှောင်းမိုက
ထပ်အချိန်မဆွဲရဲတော့ဘူး။ သူ့လက်ကို
စမ်းသပ်ကျောက်တုံးပေါ် ချက်ချင်းပင်တင်လိုက်ပြီး
သူ့ရဲ့ဝိဉာဉ်စွမ်းအားကိုထည့်သွင်းလိုက်သည်။
ထိုကဲ့သို့လုပ်ပြီးနောက် ခေါင်းမော့လိုက်ပြီး
အရောင်တန်းထွက်လာတော့မယ့် အထက်က
လေးထောင့်ကွက်ကိုစိုက်ကြည့်လိုက်တယ်။
ခေါင်းမော့စရာမလိုဘဲမြင်နိုင်တဲ့ အခြားသူတွေနဲ့
မတူတာက သူကတော့ခေါင်းမော့နေရတာပဲ။
သူ့ရဲ့အရပ်အမြင့်က သူ့နှလုံးသားထဲကထာဝရ
နာကျင်မှုဖြစ်သည်။ ယူရှောင်းမိုက တွေးရင်းနဲ့
ခါးသီးနေ၏။
အရောင်တန်းက စတင်ရှည်ထွက်လာကာ ၎င်းက
အဝါရောင်မှ အစိမ်းရောင်သို့ပြောင်းလဲသွားပြီး
စတင်မြင့်တက်လာတဲ့အခါ ဝမ်ယမျက်လုံးများတွင်
တစ်စုံတစ်ခုလင်းလက်သွား၏။
ထင်ထားတဲ့အတိုင်းပဲ၊ သူ့အဆင့်ကသူမထက်
မြင့်နေတာပဲ။
လူများရဲ့မျက်နှာအမူအရာက ထိတ်လန့်အံ့အားသင့်
မှုဘက်သို့ပြောင်းသွား၏။ အရောင်တန်းရဲ့ဆက်
ရှည်ထွက်နေတဲ့အမြန်နှုန်းက နှေးသွားမယ့်လက္ခဏာ
မရှိပေ။ စက္ကန့်အနဲငယ်ပြီးနောက်တွင် ၎င်းက
အစိမ်းရောင်အကွက်ကို ပျော်ရွှင်စွာ
ဖြတ်သန်းသွားတော့သည်.....
ယူရှောင်းမိုက အရောင်များကိုပြင်းပြင်းထန်ထန်
စိုက်ကြည့်နေရင်း တံတွေးမျိုချလိုက်သည်။
အဆင့်ခြောက်၊ဒါမှမဟုတ် အဆင့်ခုနစ်မဖြစ်ရင်
တောင်မှ အဆင့်ငါးဆိုလဲအဆင်ပြေပါတယ်၊
အလွန်ဆုံး၊ သူကဖြေးဖြေးချင်းကျင့်ကြံလို့
ရသေးတာပဲ။ ဒါပေမယ့် အဆင့်လေးနဲ့အောက်တော့
ကျေးဇူးပြုပြီးမဖြစ်လိုက်ပါနဲ့၊ မဟုတ်ရင် ဒါက
တကယ်ကိုထိုက်တန်မှာမဟုတ်လို့ပါ၊
ယူရှောင်းမိုကဆုတောင်းနေတယ်။
သူ့ဆုတောင်းတွေကို ကြားသွားတဲ့အလား၊
အစိမ်းရောင်အကွက်က ပြည့်သွားပြီး
အပြာကွက်ကတဖြည်းဖြည်းပြည့်လာနေသည်။
၎င်းကရှေ့ကိုဆက်ရွေ့သွားနေတဲ့အတိုင်း
ယူရှောင်းမိုရဲ့မျှော်လင့်ချက်လေးကို သယ်ဆောင်
ထားတော့တယ်။ သူကကျုံးယဲ့ရဲ့အဆင့်ကို
သာသာယာယာဖြတ်ကျော်သွားပြီး ရှေ့ဆက်
ရွေ့နေတုန်းပဲ!
လူတိုင်းက အသက်တောင်မရှူကြတော့ပေ။
အပြာကွက်ကပြည့်သွားပြီး နောက်တစ်ခုမှာ
ခရမ်းရောင်အကွက်ဖြစ်၏။ ဒီအခိုက်အတန့်ဟာ
အရမ်းကြာနေတယ်လို့ ယူရှောင်းမိုခံစားနေရတယ်။
အရောင်တန်းကိုမျက်တောင်မခတ်စိုက်ကြည့်နေတာ
ကြောင့် သူ့မျက်လုံးတွေပင်ပန်းလာပြီး
ကြည့်ဖို့အတွက် လည်ဆန့်ထားရတာကြောင့်
သူ့လည်ပင်းလဲ နာလာတော့သည်။ အဆုံးမှာတော့၊
သူမျက်တောင်မခတ်ဘဲမနေနိုင်တော့ဘူး၊
မျက်ရည်တွေလဲကျလာတော့တယ်။ အခြားသူတွေ
မြင်မှာကြောက်တာကြောင့် သူ့မျက်လုံးထောင့်မှာပင်
မျက်ရည်များကိုသုတ်လိုက်သည်။ ထို့နောက်
ခေါင်းထပ်မော့လိုက်၏။ huh?
ရပ်သွားပြီ?
"အဆင့်ခြောက်ပဲ? ဘာလို့ခုနစ်မဟုတ်တာလဲ?"
ယူရှောင်းမိုက စိတ်ပျက်စွာနဲ့သူ့အောက်နှုတ်ခမ်းကို
သပ်လိုက်တယ်။
အခန်းက အသေကောင်လိုပဲတိတ်ဆိတ်သွား၏။
ယူရှောင်းမိုကတစ်ခုခုမှားနေတယ်ဆိုတာ
သိလိုက်ရပြီး၊ လူတိုင်းကသူ့ကိုစိုက်ကြည့်နေတာကို
တွေ့လိုက်သည်။ မသက်မသာခံစားနေရရင်း
သူက အထစ်ထစ်အငေါ့ငေါ့နဲ့ပြောလိုက်တယ်၊
"ဘာ....ဘာလို့ငါ့ကိုကြည့်နေကြတာလဲ?"
"မိတ်ဆွေလေးယူ၊ အဆင့်ခြောက်ကကောင်းနေပါပြီ"
သူ့စကားကို ချောင်ဝူရှင်းက ရယ်ရမလား
ငိုရမလားပင်မသိတော့ချေ။
သူ့စကားများကိုကြားတော့၊ ယူရှောင်းမိုက
သူ့နှာခေါင်းသူပွတ်လိုက်တယ်။ ဒါပေါ့၊
သူရဲ့နောက်ဆုံးပန်းတိုင်ကအဆင့်ခုနစ်၊
အမြင့်ဆုံးတစ်ခုပဲကို!
"ဒါပေမယ့် ငါပြောချင်တာအဲ့တာမဟုတ်ဘူး"
ဘာဖြစ်နေလဲဆိုတာသူအခုထိမသိသေးတာကို
မြင်တော့ ချောင်ဝူရှင်းက
သက်ပြင်းမချဘဲမနေနိုင်ချေ။
ယူရှောင်းမိုက လုံးဝကိုနားမလည်ပေ။
"စမ်းသပ်တာမပြီးသေးဘူးလေ၊ ဘာလို့လက်ဖယ်
လိုက်တာလဲ?" ချောင်ဝူရှင်းကခက်ခဲပင်ပန်းစွာ
မေးလိုက်၏။
ရိုးရိုးသားသားဆိုရရင်၊ အရောင်တန်းကခရမ်းရောင်
ပြောင်းသွားတာကို ချောင်ဝူရှင်းမြင်လိုက်ရတဲ့အခါ
သူ့နှလုံးသားတောင်ရပ်တန့်သွားခါနီးပဲ။
ယူရှောင်းမိုရဲ့အရောင်တန်းအကန့်အသတ်က
ဘယ်လောက်ဖြစ်မလဲလို့ သူတွေးနေတုန်းမှာပဲ
အရောင်တန်းက ဘာသတိပေးခြင်းမှမရှိဘဲ
ရပ်တန့်သွား၏။
တစ်ခဏလောက်၊ သူကသက်ပြင်းချလိုက်နိုင်တယ်။
ဘာလို့လဲဆိုတော့ သူ့ရဲ့အရောင်တန်းက
ဒဏ္ဍာရီလာအဆင့်ခုနစ်ကို ရောက်ခဲ့မယ်ဆိုရင်၊
သူကပုံဖော်ကြည့်၍ပင်မရချေ။ ဒါပေမယ့်
အဲ့ဒီ့အချိန်မှာပဲ ယူရှောင်းမိုက သူ့မျက်လုံးထောင့်က
မျက်ရည်ကိုသုတ်ဖို့အတွက်နဲ့
စမ်းသပ်ကျောက်တုံးကနေ လက်ဖယ်လိုက်ခြင်း
ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူတစ်ခြား
လက်တစ်ဖက်ကိုသုံးလို့မရဘူးလား?
သူကသူ့ညာဘက်လက်ကို စိုက်ကြည့်နေတာမြင်တော့
ယူရှောင်းမိုကလျှပ်စစ်ရှော့တစ်ခုရသွားသကဲ့သို့
ထိုလက်ကိုသူ့ကျောနောက်ဘက်မှာ ဖွက်လိုက်တယ်။
သူက သူ့ညာလက်ကိုသုံးတာ အရမ်းအသားကျနေ
ခဲ့တာဖြစ်သည်။
"ဆောရီိး၊ ငါသေချာလုပ်တာမဟုတ်ပါဘူး"
သူကရှက်ကိုးရှက်ကန်းနဲ့ဖြေလိုက်တယ်။
သူ့စကားဆုံးတဲ့အချိန်မှာပဲ လူအုပ်အနောက်က
အနီရောင်လိုက်ကာက မြှောက်သွားတယ်။
အသက်သုံးဆယ်ဝန်းကျင်ရှိတဲ့
ယောက်ျားတစ်ယောက်က လျှောက်ဝင်လာပြီးတော့
အရာရာတိုင်းကရပ်ဆိုင်းသွားသလို
ဖြစ်နေတာကိုသူတွေ့လိုက်ရသည်။ သူကနဲနဲလေး
လွှမ်းမိုးခံလိုက်ရပြီးတော့ ဘာလုပ်ရမလဲ
မသိတော့ချေ၊ သူရောက်နေတဲ့နေရာက
မှန်ရောမှန်ရဲ့လားဆိုတာ သံသယဝင်လာ၏။
သူရောက်လာတာကို အကြီးအကဲချင်က
အရင်ဆုံးသတိထားမိသူဖြစ်သည်။
"ဒီလာခဲ့၊ မင်းအလှည့်အတွက်အချိန်ကွက်တိပဲ"
သူကနက်ရှိုင်းသောအသံဖြင့်ခေါ်လိုက်သည်။
ယူရှောင်းမိုက ထပ်စမ်းသပ်လို့ရမလားဆိုတာ
မေးချင်ခဲ့တာဖြစ်သည်၊ ဒါပေမယ့် အကြီးအကဲချင်က
ပြောပြီးနေနှင့်တာကြောင့် သူကလက်လျှော့လိုက်ရုံပဲ
တတ်နိုင်တယ်။ သူကစိတ်ညှိုးငယ်စွာနဲ့ ဘေးဘက်ကို
ပြန်ဆုတ်သွားလိုက်တော့သည်။
ထိုနောက်လူက စမ်းသပ်သည့်အခါ သူ့မှာ
အနိမ့်ဆုံးအဆင့်ပဲရှိတာကိုဖော်ပြသည်။
၎င်းကပထမအဆင့်သာဖြစ်သော်လည်း
သူကအရမ်းခံစားလိုက်ရတာကြောင့် မျက်ရည်တွေ
တောင်စီးကျလာတော့မတတ်ပင်။ သူ့မှာ
ဒဏ္ဍာရီိလာဝိဉာဉ်ပိုင်ဆိုင်နေလိမ့်မယ်လို့ တစ်ခါမှ
မထင်ထားခဲ့ပုံပင်။
ထို့နောက်တွင် သူတို့ကိုပြန်မလွှတ်ခင်
အကြီးအကဲချင်က တတိယမြောက်အကဲဖြတ်ခြင်း
အချိန်ကိုပြောပြသည်။
ချောင်ဝူရှင်းက ယူရှောင်းမိုကို အတူပြန်ရန်
ဖိတ်ခေါ်၏။
"မိတ်ဆွေယူ၊မင်းက စာအုပ်တစ်အုပ်ကိုအဖုံးကြည့်ပြီး
ဆုံးဖြတ်လို့မရဘူးဆိုတဲ့ စကားရဲ့အကောင်းဆုံး
ဥပမာပဲ။ ဒီနေ့တော့ တကယ်ပဲသင်ယူလိုက်ရပါတယ်"
ယူရှောင်းမိုက ခြောက်ကပ်ကပ်ရယ်လိုက်တယ်။
"ရှောင်ယောင်တက္ကသိုလ်ကိုဝင်ပြီးရင်
ဘာအစီအစဉ်တွေရှိလဲ? မင်းကဒီကို
သားရဲအသွင်ပြောင်းခြင်းအကြောင်းလာသင်တာလို့
ဝူရွှမ်းဆီက ကြားတယ်" ချောင်ဝူရှင်းကဆက်၏။
ဝမ်ယနဲ့သူမရဲ့အဖွဲ့က ချက်ချင်းပင်
နားစွင့်လိုက်ကြသည်။
"ဟုတ်တယ်" ယူရှောင်းမိုက သူ့ခေါင်းပေါ်မှာ
လက်တစ်ဖက်တင်ထားလိုက်သည်။
"သားရဲအသွင်ပြောင်းခြင်းကျင့်စဉ်နဲ့
သားရဲထိန်းချုပ်ခြင်းက မတူဘူး၊
ဒါပေမယ့် ရလဒ်ကတော့တူတယ်။
မင်းကသင်ဖို့စိတ်ဝင်စားလား?" ချောင်ဝူရှင်းရဲ့
ပါးချိုင့်များက ပိုလို့တောင်နစ်ဝင်သွား၏။
"သားရဲထိန်းချုပ်ခြင်းက လူတိုင်းသင်ယူနိုင်တဲ့ဟာ
မဟုတ်ဘူး။ မင်းကဆေးလုံးသန့်စင်တာကို
အထူးပြုထားတယ်ဆိုရင် ဒီလိုအသုံးမဝင်တဲ့အရာ
တွေကြောင့် မင်းကိုယ်မင်းစိတ်မပျံ့လွင့်စေတာ
အကောင်းဆုံးပဲ။ အဲ့လိုမှမဟုတ်ရင် အဲ့တာက
မင်းရဲ့အဆင့်ကိုသက်ရောက်စေလိမ့်မယ်"
ကျုံးယဲ့အသံက ရုတ်တရက်ထွက်ပေါ်လာ၏။
"သားရဲထိန်းချုပ်ခြင်းက ဘယ်လိုလုပ်
အသုံးမဝင်တဲ့ဟာဖြစ်မှာလဲ?" ချောင်ဝူရှင်းက
မျက်ခုံးပင့်လိုက်သည်။
ကျုံးယဲ့က သူ့အောက်နှုတ်ခမ်းကိုပင့်လိုက်၏။
ယူရှောင်းမိုက သူတို့နှစ်ယောက်ကိုကြည့်လိုက်တယ်၊
လေထဲကတင်းမာမှုတွေကို တစ်နည်နည်းနဲ့
သူခံစားလို့ရနေတယ်။ သူကမြန်မြန်ပြောလိုက်၏၊
"ဆောရီး၊ ငါ့သူငယ်ချင်းက ငါ့ကိုအပြင်မှာ
စောင့်နေတယ်။ အရင်သွားနှင့်တော့မယ်"
ထို့နောက် သူကထွက်ပြေးသွားတော့သည်။
__________
Zawgyi
အပိုင္း၄၂၁: အရပ္အျမင့္ကေသေစႏိုင္ေလာက္တဲ့
ထိုးႏွက္ခ်က္
ယူေရွာင္းမိုနဲ႔လင္းေရွာင္ က်ဳံထ်န္းကိုေရာက္လာတာ
ရက္အနဲငယ္ပဲရိွေသးတာေၾကာင့္ သူတို႔ႏွစ္ေယာက္
ၾကားက ရန္ၿငိဳးေတြကိုမသိဘူး။ ဒါေပမယ့္
ေလထဲမွာတိုက္မိေနတဲ့ မီးပြားေတြက မလိမ္ၾကဘူး
ေလ။ သူတို႔လိုအျပင္လူေတြေတာင္မွ
တင္းမာေနတဲ့ေလထုကိုခံစားႏိုင္သည္။
"ဒီလူက အရမ္းစြမ္းအားႀကီးပံုေပၚတယ္၊
ငါအရမ္းစိတ္လႈပ္ရွားေနၿပီ!"
"ဟုတ္တယ္!"
ယူေရွာင္းမိုက သူ႔နားေဘးကအသံကို မသိစိတ္ကေန
ျပန္ေျဖလိုက္သည္၊ သူဘာလုပ္လိုက္လဲဆိုတာကို
ေနာက္မွ သိသြားတယ္။ သူေခါင္းလွၫ့္လိုက္ေတာ့
ဒုတိယေျမာက္စမ္းသပ္ခဲ့တဲ့လူငယ္ေလးက
ဘယ္ခ်ိန္ကတည္းကမသိ သူ႔ေနာက္မွာ
မတ္တပ္ရပ္ေနတာကို ေတြ့လိုက္ရသည္။
သူ႔အၾကၫ့္ကိုဖမ္းမိသြားေတာ့ လူငယ္ေလးက
ႃပံုးလိုက္သည္။
"ဟယ္လို၊ ငါကယန္ေဟြ့ပါ"
"...."ယူေရွာင္းမိုရဲ့ဦးေနွာက္က အလုပ္လုပ္ေနတာ
ခဏေလာက္ရပ္တန႔္သြားေတာ့၏။
သူ႔ကိုျပန္မေျဖတာကိုျမင္ေတာ့ ယန္ေဟြ့က
ေခါင္းကုတ္လိုက္ၿပီး ရွက္ကိုးရွက္ကန္းရယ္ေနတယ္၊
"ငါက တံုက်ိဳးကပါ၊ ေရွာင္ေယာင္တကၠသိုလ္
ဝင္ခြင့္စာေမးပဲြေျဖဖို႔အတြက္ က်ဳံထ်န္းကိုလာခဲ့တာ၊
မင္းကေရာ?"
မျဖစ္ႏိုင္ပါဘူး..... သူကလဲတစ္ေယာက္တည္းျဖစ္
ေနလို႔ ဒီေကာင္က 'ရဲေဘာ္ရဲဘက္' ေတြ့သြားၿပီလို႔
ထင္လိုက္တာ?
ယူေရွာင္းမိုက သူအမွန္တရားကိုေဖာ္ထုတ္လိုက္ၿပီ
လို႔ခံစားရတယ္။ ဒါေပမယ့္သူကအရမ္း
စိတ္အားထက္သန္ေနတာကိုေတြ့ရေတာ့ သူ႔ကို
ျပန္မေျဖဘဲလ်စ္လ်ူရႈလိုက္ဖို႔ႏွလံုးသားမရိွဘူး။
"ငါကယူေရွာင္းဟာပါ၊ ေတာင္ပိုင္းတိုက္မႀကီးက
လာတာ"
"ေတာင္ပိုင္းတိုက္မႀကီး?"
ယန္ေဟြ့က ခဏမ်ွရပ္တန႔္သြားၿပီးေနာက္
အံ့အားသင့္စြာေမးလိုက္၏၊ "မင္းရဲ့မ်ိဳးရိုးကယူေပါ့?
မင္းကေသြးေစြးနီကလန္ကလား? သူတို႔မ်ိဳးရိုးနာမည္
ကလဲ ယူ လို႔ငါၾကားတယ္"
"မဟုတ္ဘူး၊ ငါကေသြးေစြးနီကလန္နဲ႔မရင္းႏွီးဘူး"
ယူေရွာင္းမိုက ခ်က္ခ်င္းပင္ျငင္းဆိုလိုက္တယ္။
သူကေသြးရင္းျဖစ္ေပမယ့္လည္း ဖုန္းခ်ီယြင္ကို
ကယ္ၿပီး သူ႔ရဲ့အေဖဆိုတဲ့သူကိုေတြ့ၿပီးရင္
ေနာက္ထပ္ဆက္ႏြယ္မႈရိွမွာ မဟုတ္ေတာ့ဘူး။
"အိုး" ယန္ေဟြ့က သနားသြားတယ္။
"စမ္းသပ္မႈကိုၾကၫ့္၊ စေနၿပီ" ယူေရွာင္းမိုက
ျမန္ျမန္ၫႊန္ျပလိုက္သည္။
ယန္ေဟြ့ရဲ့အာရံုက ခ်က္ခ်င္းပင္ေျပာင္းသြား
ေတာ့သည္။
က်ဳံးယဲ့ကအရမ္းအရပ္ရွည္တယ္။ အေရာင္တန္း
ထြက္ေပၚလာတဲ့ေနရာက သူ႔မ်က္လံုးအထက္နား
ေလးတင္ပဲျဖစ္ကာ မ်က္လံုးပင့္လိုက္ရံုနဲ႔
ျမင္ႏိုင္သည္။ သူ႔ရဲ့အေရာင္တန္းက ေခ်ာင္ဝူရွင္းႏွင့္
ဆင္တူသည္။ ၄က ပန္းေရာင္မွစိမ္းျပာေရာင္သို႔
တိုက္ရိုက္ခုန္တက္သြားကာ ေခ်ာင္ဝူရွင္းေနာက္ဆံုး
ရပ္တန႔္ခဲ့သၫ့္ေနရာဆီသို႔ ဆန႔္ထြက္သြား၏၊
၄က ေျဖးေျဖးျခင္းျမင့္တက္ေနတုန္းပဲ။
သံုးမိနစ္ၾကာၿပီးေနာက္၊ အေရာင္တန္းက
ေလးခုေျမာက္အကြက္ကိုခ်ိဳးဖ်က္သြားၿပီး
အျပာေဖ်ာ့ေရာင္သို႔ စတင္ေျပာင္းလဲလာကာ
၄အကြက္၏ေလးပံုတစ္ပံုကို ေရာက္မွသာ
ရပ္တန႔္သြား၏။
သက္တန႔္ေရာင္အဆင့္ငါး၊ အျမင့္အဆင့္။
အခုေလာေလာဆယ္တြင္ ၄မွာအျမင့္ဆံုးအဆင့္
ျဖစ္သည္။ ၄က အဆင့္ခုနစ္မွ ႏွစ္ဆင့္ေဝးကြာ
ေသးေသာ္လည္း ထိုဟာမွာအခ်ိန္တစ္ခုမ်ွသာ
ျဖစ္သည္။
က်ဳံးယဲ့ကအေရာင္တန္းကိုစိုက္ၾကၫ့္ေနၿပီး
မ်က္ေမွာင္ႄကံု႔ထားသည္။ အေရာင္တန္းက
တကယ္ပဲရပ္တန႔္သြားၿပီျဖစ္တာကို ျမင္တဲ့အခါ
သူ႔ရဲ့စိတ္အားတင္းထားတာကို လႊတ္ခ်လိုက္ေတာ့
တယ္။ သူကအခုနံပါတ္တစ္ပဲ၊ ဒါေပမယ့္
သူ႔ရလဒ္နဲ႔ပတ္သတ္ၿပီး မေက်နပ္ေသးေပ။
"ဂုဏ္ျပဳပါတယ္ က်ဳံးယဲ့!" ေခ်ာင္ဝူရွင္းက
သူ႔ေရ႔ွေလ်ွာက္လာၿပီး သူ႔ကိုဂုဏ္ျပဳရန္အတြက္
လက္ႏွစ္ဖက္ကိုယွက္လိုက္သည္။
သူ႔မ်က္ႏွာေပၚရိွပါးခ်ိဳင့္မ်ားက ထင္းေန၏၊
ဒါဆို သူ႔ကိုစစ္စစ္မွန္မွန္ဂုဏ္ျပဳေနတာေပါ့?
"ေက်းဇူး!" က်ဳံးယဲ့ကေခါင္းလွၫ့္လိုက္ၿပီး သူ႔ကို
ၾကၫ့္ရင္း ေက်းဇူးတင္မႈကိုေအးစက္စက္
ေရရြတ္လိုက္၏။ ထို႔ေနာက္၊ အေဝးကိုေလ်ွာက္သြား
ေတာ့သည္။
"ဘယ္ေလာက္ေတာင္မုန္းဖို႔ေကာင္းလိုက္တဲ့
လူလဲ! ဝူရွင္းေကာေကာက နင့္ကိုလူကိုယ္တိုင္
ဂုဏ္ျပဳေပးတာကို နင္ကသူ႔ကိုဒီလိုသေဘာထား
တယ္ေပါ့! အဆင့္ငါးကဘာေတြမ်ား ေကာင္းေနလို႔
လဲ! ဟမ့္!" ေကာင္မေလးက သူ႔ကိုလ်ွာထုတ္ျပ
လိုက္၏။
"ထ်န္ရွင္း၊ အရမ္းမရိုင္းနဲ႔!" ေခ်ာင္ဝူရွင္းက
သူမကိုအျပစ္တင္လိုက္သည္။
"အိုး၊ ေကာင္းပါၿပီ၊ေကာင္းပါၿပီ" ေကာင္မေလးက
ရယ္လိုက္တယ္။
အႀကီးအကဲခ်င္ရဲ့မ်က္ႏွာက အႃပံုးေတြေဝဆာေန
တယ္။
"မဆိုးဘူး၊ သက္တန႔္ေရာင္အဆင့္ငါးက
ႏွစ္တစ္ေထာင္အတြင္းမွာ အျမင့္ဆံုးအဆင့္ပဲ။
မင္းဆက္ႀကိဳးစားၿပီး အဆင့္ငါးကိုခ်ိဳးေဖာက္ႏိုင္ဖို႔
ရုန္းကန္မယ္လို႔ ေမ်ွာ္လင့္ပါတယ္"
"အႀကီးအကဲရဲ့ၾကင္နာတဲ့စကားေတြအတြက္
ေက်းဇူးတင္ပါတယ္" က်ဳံးယဲ့မ်က္ႏွာတြင္
ခပ္မိွန္မိွန္အႃပံုးတစ္ခုျဖတ္ေျပးသြားၿပီး
သူ႔ရဲ့ေကာင္းခ်ီးေပးတာကိုလက္ခံဖို႔ သူ႔လက္မ်ားကို
အတူတူယွက္ထားလိုက္တယ္။
အႀကီးအကဲခ်င္က မုတ္ဆိတ္ကိုသပ္ေနရင္း
ေခါင္းညိမ့္လိုက္သည္။ သူ႔အၾကၫ့္က သူ႔ေပၚကေန
ေရြ့သြားကာ ေနာက္ဆံုးလူျဖစ္တဲ့ယူေရွာင္းမိုေပၚတြင္
ရပ္တန႔္သြားၿပီး သူ႔ကိုေခၚလိုက္၏။
"မင္းကေနာက္ဆံုးတစ္ေယာက္ ျဖစ္ရမယ္၊
ဒီကိုလာ"
သူကအမိန႔္ေပးခံလိုက္ရတာနဲ႔ ဝမ္ယႏွင့္အျခား
သံုးေယာက္က ယူေရွာင္းမိုကိုတစ္ၿပိဳင္တည္း
လွၫ့္ၾကၫ့္လိုက္ၾကသည္။ ေက်ာက္ျပားစံခ်ိန္ကို
ခ်ိဳးခဲ့တဲ့ဒီလူငယ္ေလး၊ က်ဳံးယဲ့ရဲ့စံခ်ိန္ကိုေတာင္
အျပတ္အသတ္ႏိုင္ခဲ့တဲ့သူ၊ သူ႔အဆင့္က
ဘယ္ေလာက္ျမင့္မလဲ? က်ဳံးယဲ့အဆင့္ထက္
ျမင့္ႏိုင္ေလာက္လား?
"သူ႔အဆင့္က ေသခ်ာေပါက္ကိုက်ဳံးယဲ့အဆင့္ထက္
ျမင့္မွာမဟုတ္ဘူး " အန္းေခ်ာင္က အံႀကိတ္
ေျပာလိုက္၏။ ဝိဉာဉ္အဆင့္က ေမွာ္ဆရာအဆင့္လို အဆင့္ၿမွင့္ဖို႔အတြက္မလြယ္ကူတာေၾကာင့္
သူေျပာတာက အေျခအျမစ္မရိွတာေတာ့မဟုတ္၊
ဝိဉာဉ္ရဲ့အဆင့္ကိုၿမွင့္တဲ့ တစ္ဆင့္ခ်င္းစီက
ေကာင္းကင္ဘံုကိုတက္လွမ္းရတာေလာက္
ခက္ခဲ၏။
"ငါတို႔ေတြ့ရမွာေပါ့" က်န္းလန္ယီြကေျပာလိုက္တယ္။
လူတိုင္းရဲ့အၾကၫ့္ေအာက္မွာ ယူေရွာင္းမိုက
စမ္းသပ္ေက်ာက္တံုးဆီေလ်ွာက္သြားလိုက္သည္။
ေနာက္ဆံုးလူျဖစ္ျခင္းက ဖိအားအမ်ားဆံုးပဲဆိုတာ
သူသိလိုက္ရတယ္၊ အထူးသျဖင့္ က်ဳံးယဲ့က
အဆင့္ငါးျဖစ္ေနတဲ့အခါမွာေပါ့။ သူ႔ရဲ့စိတ္ဖိစ္ီးမႈ
အဆင့္က ေတာင္ေတြေလာက္ျမင့္ေနတယ္!
စမ္းသပ္ေက်ာက္တံုးကိုထိဖို႔ ယူေရွာင္းမိုက
လက္ဆန႔္လိုက္သည္။ အဆင့္ျမင့္ေလေလ၊
ေကာင္းေလေလ။ ငါအရမ္းႀကီးမဆိုးဝါးေလာက္
ပါဘူး၊ သူကသူ႔ကိုယ္သူေတြးေနတယ္။
လံုရွန္းတိုက္မႀကီးကေန ထံုထ်န္းတိုက္မႀကီးထိ
သူ႔ရဲ့ခရီးစဉ္တစ္ခုလံုးက အရမ္းကိုေခ်ာေမြ့ေနခဲ့တာ။
သူ႔ရဲ့မူလပန္းတိုင္က သူ႔ကိုယ္သူရွင္သန္ႏိုင္ဖို႔အတြက္
ပိုက္ဆံလံုလံုေလာက္ေလာက္ဝင္ဖို႔ ျဖစ္ခဲ့တယ္၊
ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ ပိုက္ဆံက
လြယ္လြယ္ကူကူပဲဝင္လာတယ္။ ဒါ့ေၾကာင့္
သူ႔ရဲ့ပန္းတိုင္ကိုေျပာင္းလဲခဲ့တယ္။ သူကတစ္ႀကိမ္ကို
ေျခတစ္လွမ္းပဲလွမ္းမယ္လို႔ ေတြးထားခဲ့တယ္။
လင္းေရွာင္နဲ႔သူဆံုခဲ့ရေတာ့မွ ပိုသန္မာလာခ်င္ခဲ့ၿပီး
ပိုျမင့္တဲ့ေနရာေတြဆီကိုတက္ခ်င္လာခဲ့တာ။
သူလုပ္ႏိုင္တာက ေဆးလံုးသန႔္စင္တာပဲဆိုတာကို
ယူေရွာင္းမိုသိတယ္၊ လင္းေရွာင္ကိုကူညီေပးႏိုင္တဲ့
အဆင့္ပိုျမင့္တဲ့ေမွာ္ေဆးလံုးေတြကို သူသန႔္စင္
ေပးခ်င္တယ္။ ဒါ့ေၾကာင့္သူ႔အဆင့္က
အရမ္းနိမ့္ေနခဲ့မယ္ဆိုရင္ ေနာင္က်အသံုးမဝင္ေတာ့
မွာကို ေၾကာက္တယ္။ အဲ့ဒီ့အေတြးက သူ႔စိတ္ထဲ
ေရာက္လာတဲ့အခါ စိတ္မသက္မသာမျဖစ္ဘဲ
မေနႏိုင္ဘူး။
"ဘာျဖစ္လို႔လဲ?" သူကလံုးဝမလႈပ္ရွားတာကို
ျမင္ေတာ့ အႀကီးအကဲခ်င္ကေမးလိုက္သည္။
"ေတာင္းပန္ပါတယ္ဗ်!" ယူေရွာင္းမိုက
ထပ္အခ်ိန္မဆဲြရဲေတာ့ဘူး။ သူ႔လက္ကို
စမ္းသပ္ေက်ာက္တံုးေပၚ ခ်က္ခ်င္းပင္တင္လိုက္ၿပီး
သူ႔ရဲ့ဝိဉာဉ္စြမ္းအားကိုထၫ့္သြင္းလိုက္သည္။
ထိုကဲ့သို႔လုပ္ၿပီးေနာက္ ေခါင္းေမာ့လိုက္ၿပီး
အေရာင္တန္းထြက္လာေတာ့မယ့္ အထက္က
ေလးေထာင့္ကြက္ကိုစိုက္ၾကၫ့္လိုက္တယ္။
ေခါင္းေမာ့စရာမလိုဘဲျမင္ႏိုင္တဲ့ အျခားသူေတြနဲ႔
မတူတာက သူကေတာ့ေခါင္းေမာ့ေနရတာပဲ။
သူ႔ရဲ့အရပ္အျမင့္က သူ႔ႏွလံုးသားထဲကထာဝရ
နာက်င္မႈျဖစ္သည္။ ယူေရွာင္းမိုက ေတြးရင္းနဲ႔
ခါးသီးေန၏။
အေရာင္တန္းက စတင္ရွည္ထြက္လာကာ ၄က
အဝါေရာင္မွ အစိမ္းေရာင္သို႔ေျပာင္းလဲသြားၿပီး
စတင္ျမင့္တက္လာတဲ့အခါ ဝမ္ယမ်က္လံုးမ်ားတြင္
တစ္စံုတစ္ခုလင္းလက္သြား၏။
ထင္ထားတဲ့အတိုင္းပဲ၊ သူ႔အဆင့္ကသူမထက္
ျမင့္ေနတာပဲ။
လူမ်ားရဲ့မ်က္ႏွာအမူအရာက ထိတ္လန႔္အံ့အားသင့္
မႈဘက္သို႔ေျပာင္းသြား၏။ အေရာင္တန္းရဲ့ဆက္
ရွည္ထြက္ေနတဲ့အျမန္ႏႈန္းက ေနွးသြားမယ့္လကၡဏာ
မရိွေပ။ စကၠန႔္အနဲငယ္ၿပီးေနာက္တြင္ ၄က
အစိမ္းေရာင္အကြက္ကို ေပ်ာ္ရႊင္စြာ
ျဖတ္သန္းသြားေတာ့သည္.....
ယူေရွာင္းမိုက အေရာင္မ်ားကိုျပင္းျပင္းထန္ထန္
စိုက္ၾကၫ့္ေနရင္း တံေတြးမ်ိဳခ်လိုက္သည္။
အဆင့္ေျခာက္၊ဒါမွမဟုတ္ အဆင့္ခုနစ္မျဖစ္ရင္
ေတာင္မွ အဆင့္ငါးဆိုလဲအဆင္ေျပပါတယ္၊
အလြန္ဆံုး၊ သူကေျဖးေျဖးခ်င္းက်င့္ႀကံလို႔
ရေသးတာပဲ။ ဒါေပမယ့္ အဆင့္ေလးနဲ႔ေအာက္ေတာ့
ေက်းဇူးျပဳျပီးမျဖစ္လိုက္ပါနဲ႔၊ မဟုတ္ရင္ ဒါက
တကယ္ကိုထိုက္တန္မွာမဟုတ္လို႔ပါ၊
ယူေရွာင္းမိုကဆုေတာင္းေနတယ္။
သူ႔ဆုေတာင္းေတြကို ၾကားသြားတဲ့အလား၊
အစိမ္းေရာင္အကြက္က ျပၫ့္သြားၿပီး
အျပာကြက္ကတျဖည္းျဖည္းျပၫ့္လာေနသည္။
၄ကေရ႔ွကိုဆက္ေရြ့သြားေနတဲ့အတိုင္း
ယူေရွာင္းမိုရဲ့ေမ်ွာ္လင့္ခ်က္ေလးကို သယ္ေဆာင္
ထားေတာ့တယ္။ သူကက်ဳံးယဲ့ရဲ့အဆင့္ကို
သာသာယာယာျဖတ္ေက်ာ္သြားၿပီး ေရ႔ွဆက္
ေရြ့ေနတုန္းပဲ!
လူတိုင္းက အသက္ေတာင္မရႉၾကေတာ့ေပ။
အျပာကြက္ကျပၫ့္သြားၿပီး ေနာက္တစ္ခုမွာ
ခရမ္းေရာင္အကြက္ျဖစ္၏။ ဒီအခိုက္အတန႔္ဟာ
အရမ္းၾကာေနတယ္လို႔ ယူေရွာင္းမိုခံစားေနရတယ္။
အေရာင္တန္းကိုမ်က္ေတာင္မခတ္စိုက္ၾကၫ့္ေနတာ
ေၾကာင့္ သူ႔မ်က္လံုးေတြပင္ပန္းလာၿပီး
ၾကၫ့္ဖို႔အတြက္ လည္ဆန႔္ထားရတာေၾကာင့္
သူ႔လည္ပင္းလဲ နာလာေတာ့သည္။ အဆံုးမွာေတာ့၊
သူမ်က္ေတာင္မခတ္ဘဲမေနႏိုင္ေတာ့ဘူး၊
မ်က္ရည္ေတြလဲက်လာေတာ့တယ္။ အျခားသူေတြ
ျမင္မွာေၾကာက္တာေၾကာင့္ သူ႔မ်က္လံုးေထာင့္မွာပင္
မ်က္ရည္မ်ားကိုသုတ္လိုက္သည္။ ထို႔ေနာက္
ေခါင္းထပ္ေမာ့လိုက္၏။ huh?
ရပ္သြားၿပီ?
"အဆင့္ေျခာက္ပဲ? ဘာလို႔ခုနစ္မဟုတ္တာလဲ?"
ယူေရွာင္းမိုက စိတ္ပ်က္စြာနဲ႔သူ႔ေအာက္ႏႈတ္ခမ္းကို
သပ္လိုက္တယ္။
အခန္းက အေသေကာင္လိုပဲတိတ္ဆိတ္သြား၏။
ယူေရွာင္းမိုကတစ္ခုခုမွားေနတယ္ဆိုတာ
သိလိုက္ရၿပီး၊ လူတိုင္းကသူ႔ကိုစိုက္ၾကၫ့္ေနတာကို
ေတြ့လိုက္သည္။ မသက္မသာခံစားေနရရင္း
သူက အထစ္ထစ္အေငါ့ေငါ့နဲ႔ေျပာလိုက္တယ္၊
"ဘာ....ဘာလို႔ငါ့ကိုၾကၫ့္ေနၾကတာလဲ?"
"မိတ္ေဆြေလးယူ၊ အဆင့္ေျခာက္ကေကာင္းေနပါၿပီ"
သူ႔စကားကို ေခ်ာင္ဝူရွင္းက ရယ္ရမလား
ငိုရမလားပင္မသိေတာ့ေခ်။
သူ႔စကားမ်ားကိုၾကားေတာ့၊ ယူေရွာင္းမိုက
သူ႔ႏွာေခါင္းသူပြတ္လိုက္တယ္။ ဒါေပါ့၊
သူရဲ့ေနာက္ဆံုးပန္းတိုင္ကအဆင့္ခုနစ္၊
အျမင့္ဆံုးတစ္ခုပဲကို!
"ဒါေပမယ့္ ငါေျပာခ်င္တာအဲ့တာမဟုတ္ဘူး"
ဘာျဖစ္ေနလဲဆိုတာသူအခုထိမသိေသးတာကို
ျမင္ေတာ့ ေခ်ာင္ဝူရွင္းက
သက္ျပင္းမခ်ဘဲမေနႏိုင္ေခ်။
ယူေရွာင္းမိုက လံုးဝကိုနားမလည္ေပ။
"စမ္းသပ္တာမၿပီးေသးဘူးေလ၊ ဘာလို႔လက္ဖယ္
လိုက္တာလဲ?" ေခ်ာင္ဝူရွင္းကခက္ခဲပင္ပန္းစြာ
ေမးလိုက္၏။
ရိုးရိုးသားသားဆိုရရင္၊ အေရာင္တန္းကခရမ္းေရာင္
ေျပာင္းသြားတာကို ေခ်ာင္ဝူရွင္းျမင္လိုက္ရတဲ့အခါ
သူ႔ႏွလံုးသားေတာင္ရပ္တန႔္သြားခါနီးပဲ။
ယူေရွာင္းမိုရဲ့အေရာင္တန္းအကန႔္အသတ္က
ဘယ္ေလာက္ျဖစ္မလဲလို႔ သူေတြးေနတုန္းမွာပဲ
အေရာင္တန္းက ဘာသတိေပးျခင္းမွမရိွဘဲ
ရပ္တန႔္သြား၏။
တစ္ခဏေလာက္၊ သူကသက္ျပင္းခ်လိုက္ႏိုင္တယ္။
ဘာလို႔လဲဆိုေတာ့ သူ႔ရဲ့အေရာင္တန္းက
ဒ႑ာရီလာအဆင့္ခုနစ္ကို ေရာက္ခဲ့မယ္ဆိုရင္၊
သူကပံုေဖာ္ၾကၫ့္၍ပင္မရေခ်။ ဒါေပမယ့္
အဲ့ဒီ့အခ်ိန္မွာပဲ ယူေရွာင္းမိုက သူ႔မ်က္လံုးေထာင့္က
မ်က္ရည္ကိုသုတ္ဖို႔အတြက္နဲ႔
စမ္းသပ္ေက်ာက္တံုးကေန လက္ဖယ္လိုက္ျခင္း
ျဖစ္ေၾကာင္း ေတြ့လိုက္ရသည္။ သူတစ္ျခား
လက္တစ္ဖက္ကိုသံုးလို႔မရဘူးလား?
သူကသူ႔ညာဘက္လက္ကို စိုက္ၾကၫ့္ေနတာျမင္ေတာ့
ယူေရွာင္းမိုကလ်ွပ္စစ္ေရွာ့တစ္ခုရသြားသကဲ့သို႔
ထိုလက္ကိုသူ႔ေက်ာေနာက္ဘက္မွာ ဖြက္လိုက္တယ္။
သူက သူ႔ညာလက္ကိုသံုးတာ အရမ္းအသားက်ေန
ခဲ့တာျဖစ္သည္။
"ေဆာရီိး၊ ငါေသခ်ာလုပ္တာမဟုတ္ပါဘူး"
သူကရွက္ကိုးရွက္ကန္းနဲ႔ေျဖလိုက္တယ္။
သူ႔စကားဆံုးတဲ့အခ်ိန္မွာပဲ လူအုပ္အေနာက္က
အနီေရာင္လိုက္ကာက ၿမွောက္သြားတယ္။
အသက္သံုးဆယ္ဝန္းက်င္ရိွတဲ့
ေယာက္်ားတစ္ေယာက္က ေလ်ွာက္ဝင္လာၿပီးေတာ့
အရာရာတိုင္းကရပ္ဆိုင္းသြားသလို
ျဖစ္ေနတာကိုသူေတြ့လိုက္ရသည္။ သူကနဲနဲေလး
လႊမ္းမိုးခံလိုက္ရၿပီးေတာ့ ဘာလုပ္ရမလဲ
မသိေတာ့ေခ်၊ သူေရာက္ေနတဲ့ေနရာက
မွန္ေရာမွန္ရဲ့လားဆိုတာ သံသယဝင္လာ၏။
သူေရာက္လာတာကို အႀကီးအကဲခ်င္က
အရင္ဆံုးသတိထားမိသူျဖစ္သည္။
"ဒီလာခဲ့၊ မင္းအလွၫ့္အတြက္အခ်ိန္ကြက္တိပဲ"
သူကနက္ရိႈင္းေသာအသံျဖင့္ေခၚလိုက္သည္။
ယူေရွာင္းမိုက ထပ္စမ္းသပ္လို႔ရမလားဆိုတာ
ေမးခ်င္ခဲ့တာျဖစ္သည္၊ ဒါေပမယ့္ အႀကီးအကဲခ်င္က
ေျပာၿပီးေနႏွင့္တာေၾကာင့္ သူကလက္ေလ်ွာ့လိုက္ရံုပဲ
တတ္ႏိုင္တယ္။ သူကစိတ္ၫွိုးငယ္စြာနဲ႔ ေဘးဘက္ကို
ျပန္ဆုတ္သြားလိုက္ေတာ့သည္။
ထိုေနာက္လူက စမ္းသပ္သၫ့္အခါ သူ႔မွာ
အနိမ့္ဆံုးအဆင့္ပဲရိွတာကိုေဖာ္ျပသည္။
၄ကပထမအဆင့္သာျဖစ္ေသာ္လည္း
သူကအရမ္းခံစားလိုက္ရတာေၾကာင့္ မ်က္ရည္ေတြ
ေတာင္စီးက်လာေတာ့မတတ္ပင္။ သူ႔မွာ
ဒ႑ာရီိလာဝိဉာဉ္ပိုင္ဆိုင္ေနလိမ့္မယ္လို႔ တစ္ခါမွ
မထင္ထားခဲ့ပံုပင္။
ထို႔ေနာက္တြင္ သူတို႔ကိုျပန္မလႊတ္ခင္
အႀကီးအကဲခ်င္က တတိယေျမာက္အကဲျဖတ္ျခင္း
အခ်ိန္ကိုေျပာျပသည္။
ေခ်ာင္ဝူရွင္းက ယူေရွာင္းမိုကို အတူျပန္ရန္
ဖိတ္ေခၚ၏။
"မိတ္ေဆြယူ၊မင္းက စာအုပ္တစ္အုပ္ကိုအဖံုးၾကၫ့္ၿပီး
ဆံုးျဖတ္လို႔မရဘူးဆိုတဲ့ စကားရဲ့အေကာင္းဆံုး
ဥပမာပဲ။ ဒီေန့ေတာ့ တကယ္ပဲသင္ယူလိုက္ရပါတယ္"
ယူေရွာင္းမိုက ေျခာက္ကပ္ကပ္ရယ္လိုက္တယ္။
"ေရွာင္ေယာင္တကၠသိုလ္ကိုဝင္ၿပီးရင္
ဘာအစီအစဉ္ေတြရိွလဲ? မင္းကဒီကို
သားရဲအသြင္ေျပာင္းျခင္းအေၾကာင္းလာသင္တာလို႔
ဝူရႊမ္းဆီက ၾကားတယ္" ေခ်ာင္ဝူရွင္းကဆက္၏။
ဝမ္ယနဲ႔သူမရဲ့အဖဲြ႔က ခ်က္ခ်င္းပင္
နားစြင့္လိုက္ၾကသည္။
"ဟုတ္တယ္" ယူေရွာင္းမိုက သူ႔ေခါင္းေပၚမွာ
လက္တစ္ဖက္တင္ထားလိုက္သည္။
"သားရဲအသြင္ေျပာင္းျခင္းက်င့္စဉ္နဲ႔
သားရဲထိန္းခ်ဳပ္ျခင္းက မတူဘူး၊
ဒါေပမယ့္ ရလဒ္ကေတာ့တူတယ္။
မင္းကသင္ဖို႔စိတ္ဝင္စားလား?" ေခ်ာင္ဝူရွင္းရဲ့
ပါးခ်ိဳင့္မ်ားက ပိုလို႔ေတာင္နစ္ဝင္သြား၏။
"သားရဲထိန္းခ်ဳပ္ျခင္းက လူတိုင္းသင္ယူႏိုင္တဲ့ဟာ
မဟုတ္ဘူး။ မင္းကေဆးလံုးသန႔္စင္တာကို
အထူးျပဳထားတယ္ဆိုရင္ ဒီလိုအသံုးမဝင္တဲ့အရာ
ေတြေၾကာင့္ မင္းကိုယ္မင္းစိတ္မပ်ံ႔လြင့္ေစတာ
အေကာင္းဆံုးပဲ။ အဲ့လိုမွမဟုတ္ရင္ အဲ့တာက
မင္းရဲ့အဆင့္ကိုသက္ေရာက္ေစလိမ့္မယ္"
က်ဳံးယဲ့အသံက ရုတ္တရက္ထြက္ေပၚလာ၏။
"သားရဲထိန္းခ်ဳပ္ျခင္းက ဘယ္လိုလုပ္
အသံုးမဝင္တဲ့ဟာျဖစ္မွာလဲ?" ေခ်ာင္ဝူရွင္းက
မ်က္ခံုးပင့္လိုက္သည္။
က်ဳံးယဲ့က သူ႔ေအာက္ႏႈတ္ခမ္းကိုပင့္လိုက္၏။
ယူေရွာင္းမိုက သူတို႔ႏွစ္ေယာက္ကိုၾကၫ့္လိုက္တယ္၊
ေလထဲကတင္းမာမႈေတြကို တစ္နည္နည္းနဲ႔
သူခံစားလို႔ရေနတယ္။ သူကျမန္ျမန္ေျပာလိုက္၏၊
"ေဆာရီး၊ ငါ့သူငယ္ခ်င္းက ငါ့ကိုအျပင္မွာ
ေစာင့္ေနတယ္။ အရင္သြားႏွင့္ေတာ့မယ္"
ထို႔ေနာက္ သူကထြက္ေျပးသြားေတာ့သည္။
__________