Unicode
အပိုင်း၄၂၀: အဆင့်
လူတိုင်းကစိတ်အခြေအနေအမျိုးမျိုးဖြစ်နေကြ
ချိန်မှာပဲ ထူးခြားတဲ့အငွေ့အသက်ရှိတဲ့
အကြီးအကဲတစ်ယောက်က ထွက်လာတယ်၊
သူနဲ့ပါလာတဲ့သူက လူငယ်တစ်ယောက်ဖြစ်သည်။
ထိုလူငယ်မှာ ထန်ကျဲ့ပင်။
အကြီးအကဲက သာမာန်လို့ပဲထင်ရတဲ့ ရိုးရိုးအသွင်
အပြင်ရှိတယ်၊ သို့သော် တစ်ခါတစ်ရံတွင်
သူ့မျက်လုံးထဲမှာခက်ထန်ခြင်းအပြင်
တည်ကြည်လေးနက်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို
တွေ့ရသည်။ သူရောက်လာတဲ့အခိုက်မှာ
ဖိနှိပ်နိုင်တဲ့အော်ရာတစ်ခုပါလာ၏။
သူက ဒုတိယမြောက်အဆင့်အတွက် တာဝန်ရှိသူ
အကြီးအကဲချင်ဖြစ်သည်။
အကြီးအကဲချင်ရဲ့အကြည့်က လူတိုင်းအပေါ်
ဖြတ်ကျော်သွားသည်၊ "မင်းတို့ရောက်မလာခင်
အကြံပေးကမင်းတို့ကိုဒါက ဒုတိယအကြိမ်
စမ်းသပ်မှု၊ စာမေးပွဲအကြောင်းအရာတွေနဲ့
ဘာမှမဆိုင်ဘူးဆိုတာ ပြောပြီးပြီလို့ထင်ပါတယ်"
ထို့နောက် သူက သက်တန့်ရောင်ဝိဉာဉ်များအကြောင်း
အနည်းငယ်မျှ ဆက်ရှင်းပြ၏။
လုံရှန်းတိုက်မကြီးတွင် အဆင့်မြင့်မှော်ဆရာဆိုလျှင်
အဆင့်ခုနစ်မှတစ်ဆယ်ထိဖြစ်ပြီး အဆင့်ဆယ့်တစ်
နှင့် အဆင့်ဆယ့်နှစ်တို့မှာ လူသားလွန်အဆင့်
မှော်ဆရာဖြစ်သည်။ သို့သော်လည်း
သူတို့အတွက်သက်တန့်ရောင်ဝိဉာဉ်တစ်ခု
မွေးထုတ်ပေးရန်မဖြစ်နိုင်သောကြောင့်
ဤနာမည်များမှာ အလယ်လတ်ဆင့်နယ်မြေများက
ခေါ်ဝေါ်သောနာမည်များဖြစ်ကြ၏။
အဆင့်ဆယ့်တစ်မှ အဆင့်ဆယ့်နှစ်ကို
သက်တန့်အဆင့်ဟု ယေဘုယျအားဖြင့်ခေါ်ဝေါ်ကြရာ
လူသားလွန်အဆင့်မှော်ဆရာကို တစ်နည်းအားဖြင့်
သက်တန့်မှော်ဆရာဟုသိကြသည်။
ဤအဆင့်မှ မှော်ဆေးလုံးများကိုလဲ တစ်မှခုနစ်ထိ
အမျိုးအစားခွဲခြားထားကာ ခုနစ်က
အကောင်းဆုံးနှင့် အထင်ကြီးရလောက်ဆုံးဖြစ်၏။
ထန်ကျဲ့က သူ့မှော်အိတ်ထဲမှ စမ်းသပ်ကျောက်တုံး
တစ်ခုထုတ်လိုက်ပြီး အကြီးအကဲချင်ဘေးတွင်
ထားလိုက်သည်။
စမ်းသပ်ကျောက်တုံးက ယူရှောင်းမိုအစောက
မြင်ခဲ့သည့်တစ်ခုနဲ့ မကွာပေ၊ ဒါပေမယ့်
နီးနီးကပ်ကပ်ကြည့်ကြည့်မယ်ဆိုရင်
ဖွဲ့စည်းတည်ဆောက်ပုံတွင် ကွဲပြားမှုကို
တွေ့နိုင်သည်။ ဤစမ်းသပ်ကျောက်တုံးမှာ
အရင်တစ်ခု၏ အဆင့်မြှင့်ထားသောပုံစံဖြစ်သည်။
၎င်းကို သက်တန့်ရောင်ဝိဉာဉ်များအား စမ်းသပ်ရန်
အတွက် အထူးပြုလုပ်ထားခြင်းဖြစ်၏။
"ဒါဆိုအခု၊ ဘယ်သူအရင်သွားချင်လဲ?"
အကြီးအကဲကကျောက်တုံးရှေ့လျှောက်သွားလိုက်ပြီး
လူတိုင်းကို မျက်နှာချင်းဆိုင်ရန်လှည့်လိုက်သည်။
သူ့စကားဆုံးသည့်အခါ အုပ်စုကတိတ်တဆိတ်နဲ့
တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြ၏။
တစ်ခဏကြာသည်အထိ ဘယ်သူကမှ
ထွက်မလာကြချေ၊ သို့သော်
နောက်တစ်ခဏကြာပြီးနောက် ဝမ်ယက
အကြီးအကဲချင်ဆီသို့ ရုတ်တရက်လျှောက်သွား၏၊
ရိုးရိုးတမ်းတမ်းဦးညွတ်လိုက်ပြီး သူမက
ပြောလိုက်သည်၊
"ဒါဆို ဝမ်ယကိုအရင်ဆုံးသွားခွင့်ပြုပါ"
အကြီးအကဲချင်က အသာခေါင်းညိမ့်လိုက်သည်၊
"စလို့ရပါပြီ"
ဝမ်ယက စမ်းသပ်ကျောက်တုံးရှေ့လျှောက်သွား
လိုက်ပြီး လူတိုင်း၏အကြည့်က သူမနဲ့အတူ
ရွေ့လျားနေ၏။ သက်တန့်ရောင်ဝိဉာဉ်ရှိတဲ့
မည်သည့်မှော်ဆရာမဆို၊
အချိန်လုံလုံလောက်လောက်ပေးပြီးရင်၊
ထုံထျန်းတိုက်မကြီး၏ပိရမစ်ထိပ်တွင် သေချာပေါက်
ရပ်တည်နိုင်မည်ဖြစ်သည်။
ဝမ်ယရဲ့လှပတဲ့မျက်နှာပေါ်မှာ အမူအရာမရှိပေ၊
ဒါပေမယ့် သူမကအလွန်လေးနက်နေ၏။
ရလဒ်အတွက် သူမသည်လည်းစိတ်လှုပ်ရှားနေတယ်
ဆိုတာ ပြောနိုင်တယ်။ သူမက
မှော်ဆရာအစည်းအရုံးကဖြစ်ပေမယ့်လည်း
သူမသက်တန့်ရောင်ဝိဉာဉ်ရဲ့အဆင့်ကို တစ်ခါမှ
အမှန်အကန်မစမ်းသပ်ခဲ့ဖူးပေ။ ဘာလို့လဲဆိုတော့
ထုံထျန်းတိုက်မကြီးမှာရှိတဲ့ တစ်ခုတည်းသော
အဆင့်မြှင့်ထားသည့်စမ်းသပ်ကျောက်တုံးမှာ
ရှောင်ယောင်တက္ကသိုလ်က
ဖြစ်နေတာကြောင့်ပင်။
လူတိုင်းရဲ့စိတ်လှုပ်ရှားနေတဲ့အကြည့်အောက်မှာပဲ
ဝမ်ယကသူမလက်ကို စမ်းသပ်ကျောက်တုံးရဲ့
မျက်နှာပြင်ပေါ်တင်လိုက်ပြီး ဝိဉာဉ်အားအမျှင်တန်း
လေးတစ်ခုကို လက်ဝါးမှတစ်ဆင့် ကျောက်တုံးထဲသို့
ထည့်သွင်းလိုက်၏။
အချိန်အနဲငယ်ကြာပြီးနောက်၊
စမ်းသပ်ကျောက်တုံး၏မျက်နှာပြင်က
အဖြူရောင်အလင်းလွှာတစ်ခုထုတ်လွှတ်လိုက်သည်။
ယူရှောင်းမိုက မျက်တောင်မခတ်ဘဲနဲ့ကြည့်နေတယ်၊
သို့သော်လည်း အလင်းထွက်လာပြီးလေးငါးစက္ကန့်
ကြာတဲ့အထိ စမ်းသပ်ကျောက်တုံးမျက်နှာပြင်ပေါ်မှာ
ဘာမှပြောင်းလဲခြင်းမရှိဘူး။ သူနားမလည်နိုင်ဖြစ်နေ
တုန်းမှာပဲ အသံတစ်သံက ရုတ်တရက်ထွက်ပေါ်
လာ၏။
"ကြည့်၊ အဲ့တာပေါ်လာပြီ!"
စကားပြောလိုက်တဲ့သူက ကောင်မလေးဖြစ်တယ်၊
သူမက ဝမ်ယရဲ့အထက်ကို လင်းလက်နေတဲ့
မျက်လုံးများနဲ့ စိုက်ကြည့်နေသည်။
ယူရှောင်းမိုက သူမအကြည့်တိုင်း
လိုက်ကြည့်လိုက်တော့ မေ့မရနိုင်လောက်တဲ့မြင်ကွင်း
တစ်ခုကို မြင်လိုက်ရတော့တယ်။
စမ်းသပ်ကျောက်တုံးက နှစ်မီတာလောက်
ရှည်ပြီးတော့ ထိပ်ဆုံးမှာ
ပန်းရောင်သက်တန့်အတန်းတစ်ခုက တဖြည်းဖြည်း
လျှိုထွက်လာ၏၊ ၎င်းကရှေ့သို့ဆက်တိုးသွားတဲ့အခါ
အရောင်က ရုတ်တရက် အဝါဖျော့ရောင်သို့
ပြောင်းလဲသွားပြီး၊ အဝါရောင်ကရှစ်မီလီမီတာထိရှည်
ထွက်လာတဲ့အခါ အစိမ်းရောင်သို့
ပြောင်းသွားခါနီးတွင် ၎င်းကနှေးသွားကာ ရပ်တန့်
သွားတော့သည်။
ဝမ်ယက သူမလက်ကိုပြန်ရုတ်လိုက်ပြီး
ပျော်ရွှင်မှုမရှိတဲ့မျက်နှာနဲ့ နောက်ပြန်ဆုတ်သွားသည်။
ယူရှောင်းမိုက ကြည့်နေရင်းသူ့အတွေးတွေထဲနစ်နေ
ချိန်မှာ ဒီအရောင်ကမှော်ဆရာရဲ့ဝိဉာဉ်အရောင်ပဲ
ဖြစ်မယ် ဆိုတာ သူသဘောပေါက်သွားတယ်။
သက်တန့်ရောင်ဝိဉာဉ်ရဲ့အဆင့်ကို ဒါနဲ့ဆုံးဖြတ်တာ
များလား? အရောင်ခြယ်ထားတဲ့အတန်းတွေက
ပြတဲ့ အရောင်များလေလေ၊ အဆင့်မြင့်လေလေ
ဆိုတာ မှန်မနေဘူးလား?
လင်းရှောင်သာဒီမှာရှိမယ်ဆိုရင် သူ့ကိုမေးလို့ရမှာပဲ။
ရုတ်တရက်၊ ယူရှောင်းမိုက အထီးကျန်သလို
ခံစားလိုက်ရတယ်။
"ဒီအရောင်တန်းကို လေ့ကျင့်ပေးလို့ရတယ်"
သူတွေးနေတဲ့အချိန်မှာ ခြားနားခြင်းမရှိတဲ့
အသံတစ်သံကသူ့နားဘေးတွင် ထွက်လာသည်၊
ယူရှောင်းမိုကို ခြောက်လိုက်သလိုဖြစ်သွားပြီး
သူက အနဲငယ်ထခုန်မိသွား၏။ သူလှည့်ကြည့်
လိုက်တဲ့အခါ တောက်ပတဲ့အပြုံးနဲ့ လူတစ်ယောက်က
သူ့ကိုစကားလှမ်းပြောနေတာကို သူတွေ့လိုက်ရတယ်၊
ပိုလန့်စရာကောင်းတာက သူ့ရဲ့ပါးချိုင့်နှစ်ဖက်ပဲ။
သူလှမ်းကြည့်လိုက်တာကိုမြင်တော့ ထိုယောက်ျားရဲ့
ပါးချိုင့်များက ပိုလို့တောင်နက်ရှိုင်းလာကာ
ကြင်နာစိတ်ရှိတဲ့အသံနဲ့ ဆိုလာ၏၊
"မင်းကယူရှောင်းဟာမလား?"
သူနဲ့ဝမ်ယရဲ့ စကားဝိုင်းကို သူကြားလိုက်တာ
ဖြစ်မယ်လို့ ယူရှောင်းမိုကယူဆလိုက်ပြီး
ခေါင်းညိမ့်လိုက်တယ်၊ "မင်းဘယ်သူလဲဆိုတာ
မေးလို့ရမလား?"
ရယ်သံသဲ့သဲ့နဲ့သူကပြန်ဖြေသည်၊ "ငါက
ချောင်ဝူရှင်းပါ၊ ချောင်ဝူရွှမ်းရဲ့ဝမ်းကွဲအကို။
ရှောင်ယောင်တက္ကသိုလ်စာမေးပွဲဝင်ဖြေမယ့် ယူရှောင်းဟာလို့ခေါ်တဲ့သူရှိလိမ့်မယ်ဆိုတဲ့ စာကို
ငါ့ညီဝမ်းကွဲဆီကနေ လွန်ခဲ့တဲ့သုံးရက်က ရခဲ့တယ်။
မင်းကို ကြည့်ရှုပေးဖို့ ငါ့ကိုတောင်းဆိုထားတယ်"
ယူရှောင်းမိုက အနဲငယ်အံ့ဩသွား၏၊
"ချောင်ရှုန်းက အရမ်းရက်ရောလွန်းတယ်၊ သူက
မင်းကို အနှောင့်အယှက်ပေးဖို့ မလိုပါဘူး"
"ပြဿနာမရှိပါဘူး" ချောင်ဝူရှင်းကပြုံးလိုက်သည်၊
"တကယ်တော့၊ သူ့ကိုဂရုစိုက်ပေးဖို့
ဘယ်လိုလူမျိုးကများ ငါ့ညီလေးကငါ့ကို
တိုက်တွန်းစေလောက်အောင် ဖြစ်စေလဲဆိုတာကို
မြင်ချင်ခဲ့တာ"
သူက သားရဲသဏ္ဍာန်ပြောင်းလဲခြင်းအဖွဲ့အစည်းမှာ
ဘယ်အခန်းကဏ္ဍကပါဝင်လဲဆိုတာကို
ယူရှောင်းမိုကမသိတာကြောင့် စကားနဲနဲလောက်
ပြောပြီးတဲ့နောက် သူခုနကပြောခဲ့တဲ့အရာအကြောင်း
မေးလိုက်တယ်။
ချောင်ဝူရွှမ်းကရှင်းပြ၏၊ "အဲ့တာကပင်ကိုယ်ပါရမီပဲ၊
ပင်ကိုယ်ပါရမီရှိရင် ကျင့်ကြံရလွယ်ကူပြီးတော့၊
အလုပ်ကြိုးစားဖို့လဲလိုအပ်တယ်။ ငါတို့အတွက်
ကျတော့ သက်တန့်ရောင်ဝိဉာဉ်က အခြေတစ်ခုနဲ့
တူတယ်၊ မင်းမှာအခြေတစ်ခုရှိတာနဲ့ အဲ့တာကို
ဘယ်လိုဘယ်လိုအဆင့်မြှင့်မလဲဆိုတာက
မင်းရဲ့အားစိုက်ထုတ်မှုနဲ့ပဲ ဆိုင်တော့တယ်။
ဒါပေမယ့်လည်း သူတို့လမ်းမှာအနဲနဲ့အများလမ်းလွဲ
သွားတဲ့ လူတွေလဲရှိတာပဲ"
"မင်းခုနကမြင်ခဲ့သလိုပဲ၊ သခင်မလေးဝမ်ယရဲ့
အရောင်တန်းက နှစ်ရောင်ပဲ၊ ဒါပေမယ့်ထိပ်ဖျားမှာ
အစိမ်းရောင်နဲနဲသမ်းနေတယ်၊ အဲ့တာက လေ့ကျင့်
ခြင်းရဲ့ ရလဒ်ပဲ။ ဒါပေမယ့်လည်း သူမကို
သက်တန့်ရောင်အဆင့်နှစ်လို့ပဲ သတ်မှတ်လို့ရမယ်၊
အထက်အနိမ့်ဆင့်ပါရမီပေါ့"
သူမက သူမရလဒ်နဲ့ပတ်သတ်ပြီးဘာလို့မပျော်မရွှင်
ဖြစ်နေလဲဆိုတာ ယူရှောင်းမိုနားလည်သွားတော့
သည်။
အခြေတစ်ခုရှိရင်တောင်မှ သူမပါရမီက
နိမ့်ကျနေတယ်၊ ဒီလိုဆိုရင်ဘယ်သူကမှပျော်ရွှင်နေမှာ
မဟုတ်ဘူး။ အခြေမပါတဲ့လူတွေကတော့
မနာလိုဖြစ်ကြမယ်ဆိုပေမယ့်လည်းလေ။
"ချောင်တကော..ကျေးဇူးပဲ" ယူရှောင်းမိုက
ကျေးဇူးတင်သည့်အနေဖြင့် ဦးညွတ်လိုက်တယ်။
ချောင်ဝူရှင်းက သူ့လက်ကို ခါလိုက်ပြီး၊
"ပြဿနာမရှိပါဘူး"
သူတို့စကားပြောနေတဲ့အချိန်မှာ ဒုတိယတစ်ယောက်
ရဲ့စမ်းသပ်မှုကလဲ စတင်ပြီဖြစ်သည်။ သူက
မှော်ဆရာအစည်းအရုံးနဲ့ သားရဲသဏ္ဍာန်ပြောင်းလဲ
ခြင်းအဖွဲ့အစည်းတစ်ခုကမှ မဟုတ်ပေ။
သူပြောခဲ့တဲ့ 'ပျင်းစရာကောင်းလိုက်တာ' ဆိုတဲ့
စကားကြောင့် ယူရှောင်းမိုကသူ့ကိုသိနေခြင်းဖြစ်၏။
ဒီလူက ငယ်ရွယ်ပုံပေါ်ပြီး ရုပ်ရည်က
နှစ်ဆယ့်ငါးနှစ်လောက်သာရှိသေးသည်၊
သူ့အမူအရာက တင်းနေပြီး ကြည့်ရတာ
အနဲငယ်စိတ်လှုပ်ရှားနေပုံပေါ်သည်။ ထို့နောက်
သူက သူ့လက်ဝါးကို စမ်းသပ်ကျောက်တုံးပေါ်
တင်လိုက်၏။
ခဏကြာပြီးနောက်တွင် အထက်၌ အရောင်တန်း
ပေါ်လာသည်။
အရောင်တန်းရဲ့အရောင်က
ဝမ်ယစမ်းသပ်တုန်းကလိုပဲ။ ပထမတော့ပန်းရောင်၊
အဲ့ဒီ့နောက် အဝါဖျော့ရောင်၊ သို့သော်
၎င်းက ထိုလမ်း၏သုံးပုံခန့်သွားပြီးနောက်တွင်
ရပ်တန့်သွား၏။
အဆင့်နိမ့်ပါရမီ၊ သို့သော်လည်း လူငယ်လေးက
ဒါကိုဆိုးတယ်လို့မထင်ပေ၊ သူကတော်တော်လေး
ကျေနပ်နေတယ်။ သူကပြန်မဆုတ်သွားခင်
အကြီးအကဲချင်ကို အရိုအသေပေးလိုက်သည်။
ထို့နောက်တတိယလူအလှည့်။
ယူရှောင်းမိုက ဟိုကြည့်ဒီကြည့်ကြည့်လိုက်သည်၊
သူတို့ဘယ်သူကမှ မရွေ့တာကိုမြင်တဲ့အခါ
သူက သူ့နှာခေါင်းသူပွတ်လိုက်၏။ သူက
နောက်ဆုံးမှရောက်တဲ့သူဖြစ်တာကြောင့်
အရင်ရောက်အရင်ယူစနစ်ရှိတယ်လို့ ထင်ခဲ့တာ
ဖြစ်သည်။ ဒီလိုမှန်းသိရင် သူကအရင်ဆုံးသွားခဲ့မှာ။
သူကသွားတော့မယ်လို့ တွေးလိုက်တဲ့အချိန်မှာပဲ
သူ့ဘေးက ချောင်ဝူရှင်းက ခြေတစ်လှမ်းသာ
သွား၏။
ယူရှောင်းမိုက တိတ်တိတ်ဆိတ်ဆိတ်နဲ့
သူ့ခြေထောက်သူပြန်ရုတ်လိုက်တော့တယ်။
မင်းတို့ကောင်တွေဘာတွေလုပ်နေကြတာတုန်း?
စမ်းသပ်ဖို့ကို နဲနဲလောက်ပိုပြီးဆုံးဖြတ်ချက်
မပြတ်သားနိုင်ကြဘူးလား!
ချောင်ဝူရှင်းကပြုံးရွှင်နေတာကိုတွေ့တော့
စကားပြောခဲတဲ့အကြီးအကဲချင်က ပြောလိုက်တယ်၊
"ဝူရှင်း၊ ကြည့်ရတာ ယုံကြည်ချက်ရှိနေတာပဲ။
ဒီအခိုက်အတန့်အတွက် လေ့ကျင့်နေခဲ့တာလို့
ငါကြားတယ်၊ဟုတ်ရဲ့လား?"
ချောင်ဝူရှင်းက ပြန်ဖြေရင်းပြုံးလိုက်တယ်၊
"ကျွန်တော်က သားရဲသဏ္ဍာန်ပြောင်းလဲခြင်း
အဖွဲ့အစည်းက သူတို့ရဲ့ယုံကြည်မှုကိုအပ်နှံထားဖို့
ဆုံးဖြတ်ခံထားရတဲ့သူလေ၊ အနဲဆုံးကျွန်တော်
လုပ်နိုင်တာက အဖွဲ့အစည်းကိုမျက်နှာရအောင်
ပဲလေ"
အကြီးအကဲချင်ရဲ့မျက်နှာပေါ်မှာ အပြုံးတစွန်းတစ
ပေါ်လာသည်၊ "မင်းစလို့ရပြီ"
ချောင်ဝူရှင်းက စကားပြောနေတာရပ်လိုက်ပြီး
သူ့ရှေ့က စမ်းသပ်ကျောက်တုံးကို အာရုံစိုက်လိုက်
သည်။ ကျောက်တုံးကနေ အလင်းရောင်ထွက်လာ
တဲ့အခါ လူတိုင်းက ကျောက်တုံးအထက်ရှိ
နေရာလပ်ကိုအာရုံစိုက်လိုက်ကြ၏။
ထိုနေရာတွင် အရောင်တန်းများက လျင်လျင်မြန်မြန်
ပေါ့ပေါ့ပါးပါးထိုးတက်သွား၏၊ ပန်းရောင်၊
အဝါဖျော့ရောင်၊ အစိမ်းရောင်.....ပြီးတော့
တုန်လှုပ်လှုပ်ပုံစံနဲ့ အစိမ်းရောင်အဆင့်ကို
ဖြတ်ကျော်သွားသည်။ ၎င်းက စိမ်းပြာရောင်အထိ
တက်သွားတဲ့အခါ လူတိုင်းနီးပါးက တုန်လှုပ်မှုကြောင့်
ပင့်သက်ရှိုက်လိုက်ကြ၏။
သက်တန့်ရောင်အဆင့်လေး!
၎င်းက အလယ်လတ်ဆင့်ပါရမီသာ
ဖြစ်သော်ငြားလည်း ဝမ်ယနှင့်နောက်လူများ၏
အထက်တွင်ရှိပေသည်။ ဒီကွာဟမှုက လိုက်မှီဖို့ရန်
အားစိုက်ထုတ်မှုနှင့်လေ့ကျင့်မှု အချိန်များစွာကြာမြင့်
မည် ဖြစ်၏။
အခန်းထောင့်မှာ ချောင်ဝူရှင်းကိုကြည့်နေသည့်
ကျုံးယဲ့၏မျက်လုံးများတွင် တဖျတ်ဖျတ်လက်နေ၏၊
သူ့ပြိုင်ဘက်လို့မပြောရဘူး သူကတော်တာပဲ။
ယူရှောင်းမိုက အံ့အားသင့်မှုနဲ့မျက်လုံးပြူးပြူးလေး
များနှင့် ကြည့်နေတယ်၊ ချောင်ဝူရှင်းက
တော်တော်လေးဖြုံလောက်စရာကောင်းမယ်လို့
မထင်ခဲ့ဘူး။
တစ်ခန်းလုံးကတိတ်ဆိတ်နေတဲ့အချိန်မှာ
ထိုကောင်မလေးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး
"ဝူရှင်းကောကော၊ နင်ကအရမ်းအံ့ဩဖို့ကောင်း
တာပဲ!" ဟုအော်နေရင်း ချောင်ဝူရှင်းအပေါ်
ပျော်ရွှင်စွာ ခုန်လိုက်၏။
ချောင်ဝူရှင်းကလဲ ပျော်ရွှင်နေသည်။
အကြီးအကဲချင်က မုတ်ဆိတ်ကိုသပ်ရင်း၊
"နောက်ထပ်က စတုတ္ထမြောက်တစ်ယောက်"
ယူရှောင်းမိုက အသက်ပြင်းပြင်းရှူလိုက်သည်။
"ငါသွားမယ်" ကျုံးယဲ့အသံ ထွက်ပေါ်လာ၏၊အသံက
ရှင်းလင်းပြီး ရိုင်းစိုင်းပုံပေါက်ကာအေးစက်နေသည်။
သူ့ရဲ့သတ္တိမွေးလိုက်တဲ့ အသက်ရှူခြင်းလေးဟာ
ပျောက်ဆုံးသွားရတော့တယ်။
လူတိုင်းရဲ့အာရုံက သူ့ဆီလှည့်သွား၏၊ ကျုံးယဲ့နှင့်
ချောင်ဝူရှင်းကို ပြိုင်ဖက်များအဖြစ် အမြဲတမ်း
နှိုင်းယှဉ်ခဲ့ကြတယ်။ နှစ်ယောက်စလုံးက
နှစ်တစ်ထောင်မှာတစ်ယောက်ပဲရှိတဲ့ ပါရမီရှင်တွေ၊
ဒါပေမယ့်လည်း ကျုံးယဲ့က ချောင်ဝူရှင်းထက်
အနဲငယ်ပိုအားကောင်းသည်ဟုအဆိုရှိ၏။ ဒီဟာက အဲ့အကြောင်းအရာကိုသက်သေပြဖို့အတွက် အကောင်းဆုံးအချိန်ပဲ။
ကျုံးယဲ့က မှော်ဆရာအစည်းအရုံး၏
တပည့်ခေါင်းဆောင်ဖြစ်သည်၊ ရုပ်ရည်နှင့်
ပါရမီနှစ်ခုစလုံးတွင် နတ်ဘုရားများကမျက်နှာသာ
ပေးထားသည့်သူ ဖြစ်၏။ အန်းချောင်ထက်ပင်
သူ့ဂုဏ်သတင်းနှင့်ပိုထိုက်တန်သည်။ သူက
အေးစက်စက်သဘောထားနှင့် အခြားလူများကို
အရေးမလုပ်သော်လည်း သူတို့ကသူ့ကို
လေးစားရိုသေကြဆဲဖြစ်သည်။
သူကလှုပ်ရှားတော့မယ်ဆိုတာမြင်တော့
ချောင်ဝူရှင်းရဲ့ပါးချိုင့်များပင် မှေးမှိန်သွားသည်။
သူက ကျုံးယဲ့၏လှုပ်ရှားမှုတိုင်းကို
မျက်မှောင်ကြုံ့ကာ တင်းမာသောအကြည့်ဖြင့်
စောင့်ကြည့်နေ၏။
ယူရှောင်းမိုကလဲ စိတ်လှုပ်ရှားနေတယ်၊ တစ်ခြားလူ
တွေရဲ့ ဒီလိုအတင်းအဖျင်းတွေကို ကြည့်ရတဲ့
အခါတိုင်း သူဒီလိုပဲခံစားရတယ်။
________
Zawgyi
အပိုင္း၄၂၀: အဆင့္
လူတိုင္းကစိတ္အေျခအေနအမ်ိဳးမ်ိဳးျဖစ္ေနၾက
ခ်ိန္မွာပဲ ထူးျခားတဲ့အေငြ့အသက္ရိွတဲ့
အႀကီးအကဲတစ္ေယာက္က ထြက္လာတယ္၊
သူနဲ႔ပါလာတဲ့သူက လူငယ္တစ္ေယာက္ျဖစ္သည္။
ထိုလူငယ္မွာ ထန္က်ဲ႔ပင္။
အႀကီးအကဲက သာမာန္လို႔ပဲထင္ရတဲ့ ရိုးရိုးအသြင္
အျပင္ရိွတယ္၊ သို႔ေသာ္ တစ္ခါတစ္ရံတြင္
သူ႔မ်က္လံုးထဲမွာခက္ထန္ျခင္းအျပင္
တည္ၾကည္ေလးနက္ျခင္းႏွင့္ ေျဖာင့္မတ္ျခင္းကို
ေတြ့ရသည္။ သူေရာက္လာတဲ့အခိုက္မွာ
ဖိႏိွပ္ႏိုင္တဲ့ေအာ္ရာတစ္ခုပါလာ၏။
သူက ဒုတိယေျမာက္အဆင့္အတြက္ တာဝန္ရိွသူ
အႀကီးအကဲခ်င္ျဖစ္သည္။
အႀကီးအကဲခ်င္ရဲ့အၾကၫ့္က လူတိုင္းအေပၚ
ျဖတ္ေက်ာ္သြားသည္၊ "မင္းတို႔ေရာက္မလာခင္
အႀကံေပးကမင္းတို႔ကိုဒါက ဒုတိယအႀကိမ္
စမ္းသပ္မႈ၊ စာေမးပဲြအေၾကာင္းအရာေတြနဲ႔
ဘာမွမဆိုင္ဘူးဆိုတာ ေျပာၿပီးၿပီလို႔ထင္ပါတယ္"
ထို႔ေနာက္ သူက သက္တန႔္ေရာင္ဝိဉာဉ္မ်ားအေၾကာင္း
အနည္းငယ္မ်ွ ဆက္ရွင္းျပ၏။
လံုရွန္းတိုက္မႀကီးတြင္ အဆင့္ျမင့္ေမွာ္ဆရာဆိုလ်ွင္
အဆင့္ခုနစ္မွတစ္ဆယ္ထိျဖစ္ၿပီး အဆင့္ဆယ့္တစ္
ႏွင့္ အဆင့္ဆယ့္ႏွစ္တို႔မွာ လူသားလြန္အဆင့္
ေမွာ္ဆရာျဖစ္သည္။ သို႔ေသာ္လည္း
သူတို႔အတြက္သက္တန႔္ေရာင္ဝိဉာဉ္တစ္ခု
ေမြးထုတ္ေပးရန္မျဖစ္ႏိုင္ေသာေၾကာင့္
ဤနာမည္မ်ားမွာ အလယ္လတ္ဆင့္နယ္ေျမမ်ားက
ေခၚေဝၚေသာနာမည္မ်ားျဖစ္ၾက၏။
အဆင့္ဆယ့္တစ္မွ အဆင့္ဆယ့္ႏွစ္ကို
သက္တန႔္အဆင့္ဟု ေယဘုယ်အားျဖင့္ေခၚေဝၚၾကရာ
လူသားလြန္အဆင့္ေမွာ္ဆရာကို တစ္နည္းအားျဖင့္
သက္တန႔္ေမွာ္ဆရာဟုသိၾကသည္။
ဤအဆင့္မွ ေမွာ္ေဆးလံုးမ်ားကိုလဲ တစ္မွခုနစ္ထိ
အမ်ိဳးအစားခဲြျခားထားကာ ခုနစ္က
အေကာင္းဆံုးႏွင့္ အထင္ႀကီးရေလာက္ဆံုးျဖစ္၏။
ထန္က်ဲ႔က သူ႔ေမွာ္အိတ္ထဲမွ စမ္းသပ္ေက်ာက္တံုး
တစ္ခုထုတ္လိုက္ၿပီး အႀကီးအကဲခ်င္ေဘးတြင္
ထားလိုက္သည္။
စမ္းသပ္ေက်ာက္တံုးက ယူေရွာင္းမိုအေစာက
ျမင္ခဲ့သၫ့္တစ္ခုနဲ႔ မကြာေပ၊ ဒါေပမယ့္
နီးနီးကပ္ကပ္ၾကၫ့္ၾကၫ့္မယ္ဆိုရင္
ဖဲြ႔စည္းတည္ေဆာက္ပံုတြင္ ကဲြျပားမႈကို
ေတြ့ႏိုင္သည္။ ဤစမ္းသပ္ေက်ာက္တံုးမွာ
အရင္တစ္ခု၏ အဆင့္ၿမွင့္ထားေသာပံုစံျဖစ္သည္။
၄ကို သက္တန႔္ေရာင္ဝိဉာဉ္မ်ားအား စမ္းသပ္ရန္
အတြက္ အထူးျပဳလုပ္ထားျခင္းျဖစ္၏။
"ဒါဆိုအခု၊ ဘယ္သူအရင္သြားခ်င္လဲ?"
အႀကီးအကဲကေက်ာက္တံုးေရ႔ွေလ်ွာက္သြားလိုက္ၿပီး
လူတိုင္းကို မ်က္ႏွာခ်င္းဆိုင္ရန္လွၫ့္လိုက္သည္။
သူ႔စကားဆံုးသၫ့္အခါ အုပ္စုကတိတ္တဆိတ္နဲ႔
တစ္ေယာက္ကိုတစ္ေယာက္ၾကၫ့္ေနၾက၏။
တစ္ခဏၾကာသည္အထိ ဘယ္သူကမွ
ထြက္မလာၾကေခ်၊ သို႔ေသာ္
ေနာက္တစ္ခဏၾကာၿပီးေနာက္ ဝမ္ယက
အႀကီးအကဲခ်င္ဆီသို႔ ရုတ္တရက္ေလ်ွာက္သြား၏၊
ရိုးရိုးတမ္းတမ္းဦးၫြတ္လိုက္ၿပီး သူမက
ေျပာလိုက္သည္၊
"ဒါဆို ဝမ္ယကိုအရင္ဆံုးသြားခြင့္ျပဳပါ"
အႀကီးအကဲခ်င္က အသာေခါင္းညိမ့္လိုက္သည္၊
"စလို႔ရပါၿပီ"
ဝမ္ယက စမ္းသပ္ေက်ာက္တံုးေရ႔ွေလ်ွာက္သြား
လိုက္ၿပီး လူတိုင္း၏အၾကၫ့္က သူမနဲ႔အတူ
ေရြ့လ်ားေန၏။ သက္တန႔္ေရာင္ဝိဉာဉ္ရိွတဲ့
မည္သၫ့္ေမွာ္ဆရာမဆို၊
အခ်ိန္လံုလံုေလာက္ေလာက္ေပးၿပီးရင္၊
ထံုထ်န္းတိုက္မႀကီး၏ပိရမစ္ထိပ္တြင္ ေသခ်ာေပါက္
ရပ္တည္ႏိုင္မည္ျဖစ္သည္။
ဝမ္ယရဲ့လွပတဲ့မ်က္ႏွာေပၚမွာ အမူအရာမရိွေပ၊
ဒါေပမယ့္ သူမကအလြန္ေလးနက္ေန၏။
ရလဒ္အတြက္ သူမသည္လည္းစိတ္လႈပ္ရွားေနတယ္
ဆိုတာ ေျပာႏိုင္တယ္။ သူမက
ေမွာ္ဆရာအစည္းအရံုးကျဖစ္ေပမယ့္လည္း
သူမသက္တန႔္ေရာင္ဝိဉာဉ္ရဲ့အဆင့္ကို တစ္ခါမွ
အမွန္အကန္မစမ္းသပ္ခဲ့ဖူးေပ။ ဘာလို႔လဲဆိုေတာ့
ထံုထ်န္းတိုက္မႀကီးမွာရိွတဲ့ တစ္ခုတည္းေသာ
အဆင့္ၿမွင့္ထားသၫ့္စမ္းသပ္ေက်ာက္တံုးမွာ
ေရွာင္ေယာင္တကၠသိုလ္က
ျဖစ္ေနတာေၾကာင့္ပင္။
လူတိုင္းရဲ့စိတ္လႈပ္ရွားေနတဲ့အၾကၫ့္ေအာက္မွာပဲ
ဝမ္ယကသူမလက္ကို စမ္းသပ္ေက်ာက္တံုးရဲ့
မ်က္ႏွာျပင္ေပၚတင္လိုက္ၿပီး ဝိဉာဉ္အားအမ်ွင္တန္း
ေလးတစ္ခုကို လက္ဝါးမွတစ္ဆင့္ ေက်ာက္တံုးထဲသို႔
ထၫ့္သြင္းလိုက္၏။
အခ်ိန္အနဲငယ္ၾကာၿပီးေနာက္၊
စမ္းသပ္ေက်ာက္တံုး၏မ်က္ႏွာျပင္က
အျဖဴေရာင္အလင္းလႊာတစ္ခုထုတ္လႊတ္လိုက္သည္။
ယူေရွာင္းမိုက မ်က္ေတာင္မခတ္ဘဲနဲ႔ၾကၫ့္ေနတယ္၊
သို႔ေသာ္လည္း အလင္းထြက္လာၿပီးေလးငါးစကၠန႔္
ၾကာတဲ့အထိ စမ္းသပ္ေက်ာက္တံုးမ်က္ႏွာျပင္ေပၚမွာ
ဘာမွေျပာင္းလဲျခင္းမရိွဘူး။ သူနားမလည္ႏိုင္ျဖစ္ေန
တုန္းမွာပဲ အသံတစ္သံက ရုတ္တရက္ထြက္ေပၚ
လာ၏။
"ၾကၫ့္၊ အဲ့တာေပၚလာၿပီ!"
စကားေျပာလိုက္တဲ့သူက ေကာင္မေလးျဖစ္တယ္၊
သူမက ဝမ္ယရဲ့အထက္ကို လင္းလက္ေနတဲ့
မ်က္လံုးမ်ားနဲ႔ စိုက္ၾကၫ့္ေနသည္။
ယူေရွာင္းမိုက သူမအၾကၫ့္တိုင္း
လိုက္ၾကၫ့္လိုက္ေတာ့ ေမ့မရႏိုင္ေလာက္တဲ့ျမင္ကြင္း
တစ္ခုကို ျမင္လိုက္ရေတာ့တယ္။
စမ္းသပ္ေက်ာက္တံုးက ႏွစ္မီတာေလာက္
ရွည္ၿပီးေတာ့ ထိပ္ဆံုးမွာ
ပန္းေရာင္သက္တန႔္အတန္းတစ္ခုက တျဖည္းျဖည္း
လ်ိႈထြက္လာ၏၊ ၄ကေရ႔ွသို႔ဆက္တိုးသြားတဲ့အခါ
အေရာင္က ရုတ္တရက္ အဝါေဖ်ာ့ေရာင္သို႔
ေျပာင္းလဲသြားၿပီး၊ အဝါေရာင္ကရွစ္မီလီမီတာထိရွည္
ထြက္လာတဲ့အခါ အစိမ္းေရာင္သို႔
ေျပာင္းသြားခါနီးတြင္ ၄ကေနွးသြားကာ ရပ္တန႔္
သြားေတာ့သည္။
ဝမ္ယက သူမလက္ကိုျပန္ရုတ္လိုက္ၿပီး
ေပ်ာ္ရႊင္မႈမရိွတဲ့မ်က္ႏွာနဲ႔ ေနာက္ျပန္ဆုတ္သြားသည္။
ယူေရွာင္းမိုက ၾကၫ့္ေနရင္းသူ႔အေတြးေတြထဲနစ္ေန
ခ်ိန္မွာ ဒီအေရာင္ကေမွာ္ဆရာရဲ့ဝိဉာဉ္အေရာင္ပဲ
ျဖစ္မယ္ ဆိုတာ သူသေဘာေပါက္သြားတယ္။
သက္တန႔္ေရာင္ဝိဉာဉ္ရဲ့အဆင့္ကို ဒါနဲ႔ဆံုးျဖတ္တာ
မ်ားလား? အေရာင္ျခယ္ထားတဲ့အတန္းေတြက
ျပတဲ့ အေရာင္မ်ားေလေလ၊ အဆင့္ျမင့္ေလေလ
ဆိုတာ မွန္မေနဘူးလား?
လင္းေရွာင္သာဒီမွာရိွမယ္ဆိုရင္ သူ႔ကိုေမးလို႔ရမွာပဲ။
ရုတ္တရက္၊ ယူေရွာင္းမိုက အထီးက်န္သလို
ခံစားလိုက္ရတယ္။
"ဒီအေရာင္တန္းကို ေလ့က်င့္ေပးလို႔ရတယ္"
သူေတြးေနတဲ့အခ်ိန္မွာ ျခားနားျခင္းမရိွတဲ့
အသံတစ္သံကသူ႔နားေဘးတြင္ ထြက္လာသည္၊
ယူေရွာင္းမိုကို ေျခာက္လိုက္သလိုျဖစ္သြားၿပီး
သူက အနဲငယ္ထခုန္မိသြား၏။ သူလွၫ့္ၾကၫ့္
လိုက္တဲ့အခါ ေတာက္ပတဲ့အႃပံုးနဲ႔ လူတစ္ေယာက္က
သူ႔ကိုစကားလွမ္းေျပာေနတာကို သူေတြ့လိုက္ရတယ္၊
ပိုလန႔္စရာေကာင္းတာက သူ႔ရဲ့ပါးခ်ိဳင့္ႏွစ္ဖက္ပဲ။
သူလွမ္းၾကၫ့္လိုက္တာကိုျမင္ေတာ့ ထိုေယာက္်ားရဲ့
ပါးခ်ိဳင့္မ်ားက ပိုလို႔ေတာင္နက္ရိႈင္းလာကာ
ၾကင္နာစိတ္ရိွတဲ့အသံနဲ႔ ဆိုလာ၏၊
"မင္းကယူေရွာင္းဟာမလား?"
သူနဲ႔ဝမ္ယရဲ့ စကားဝိုင္းကို သူၾကားလိုက္တာ
ျဖစ္မယ္လို႔ ယူေရွာင္းမိုကယူဆလိုက္ၿပီး
ေခါင္းညိမ့္လိုက္တယ္၊ "မင္းဘယ္သူလဲဆိုတာ
ေမးလို႔ရမလား?"
ရယ္သံသဲ့သဲ့နဲ႔သူကျပန္ေျဖသည္၊ "ငါက
ေခ်ာင္ဝူရွင္းပါ၊ ေခ်ာင္ဝူရႊမ္းရဲ့ဝမ္းကဲြအကို။
ေရွာင္ေယာင္တကၠသိုလ္စာေမးပဲြဝင္ေျဖမယ့္ ယူေရွာင္းဟာလို႔ေခၚတဲ့သူရိွလိမ့္မယ္ဆိုတဲ့ စာကို
ငါ့ညီဝမ္းကဲြဆီကေန လြန္ခဲ့တဲ့သံုးရက္က ရခဲ့တယ္။
မင္းကို ၾကၫ့္ရႈေပးဖို႔ ငါ့ကိုေတာင္းဆိုထားတယ္"
ယူေရွာင္းမိုက အနဲငယ္အံ့ဩသြား၏၊
"ေခ်ာင္ရႈန္းက အရမ္းရက္ေရာလြန္းတယ္၊ သူက
မင္းကို အေနွာင့္အယွက္ေပးဖို႔ မလိုပါဘူး"
"ျပႆနာမရိွပါဘူး" ေခ်ာင္ဝူရွင္းကႃပံုးလိုက္သည္၊
"တကယ္ေတာ့၊ သူ႔ကိုဂရုစိုက္ေပးဖို႔
ဘယ္လိုလူမ်ိဳးကမ်ား ငါ့ညီေလးကငါ့ကို
တိုက္တြန္းေစေလာက္ေအာင္ ျဖစ္ေစလဲဆိုတာကို
ျမင္ခ်င္ခဲ့တာ"
သူက သားရဲသ႑ာန္ေျပာင္းလဲျခင္းအဖဲြ႔အစည္းမွာ
ဘယ္အခန္းက႑ကပါဝင္လဲဆိုတာကို
ယူေရွာင္းမိုကမသိတာေၾကာင့္ စကားနဲနဲေလာက္
ေျပာၿပီးတဲ့ေနာက္ သူခုနကေျပာခဲ့တဲ့အရာအေၾကာင္း
ေမးလိုက္တယ္။
ေခ်ာင္ဝူရႊမ္းကရွင္းျပ၏၊ "အဲ့တာကပင္ကိုယ္ပါရမီပဲ၊
ပင္ကိုယ္ပါရမီရိွရင္ က်င့္ႀကံရလြယ္ကူၿပီးေတာ့၊
အလုပ္ႀကိဳးစားဖို႔လဲလိုအပ္တယ္။ ငါတို႔အတြက္
က်ေတာ့ သက္တန႔္ေရာင္ဝိဉာဉ္က အေျခတစ္ခုနဲ႔
တူတယ္၊ မင္းမွာအေျခတစ္ခုရိွတာနဲ႔ အဲ့တာကို
ဘယ္လိုဘယ္လိုအဆင့္ၿမွင့္မလဲဆိုတာက
မင္းရဲ့အားစိုက္ထုတ္မႈနဲ႔ပဲ ဆိုင္ေတာ့တယ္။
ဒါေပမယ့္လည္း သူတို႔လမ္းမွာအနဲနဲ႔အမ်ားလမ္းလဲြ
သြားတဲ့ လူေတြလဲရိွတာပဲ"
"မင္းခုနကျမင္ခဲ့သလိုပဲ၊ သခင္မေလးဝမ္ယရဲ့
အေရာင္တန္းက ႏွစ္ေရာင္ပဲ၊ ဒါေပမယ့္ထိပ္ဖ်ားမွာ
အစိမ္းေရာင္နဲနဲသမ္းေနတယ္၊ အဲ့တာက ေလ့က်င့္
ျခင္းရဲ့ ရလဒ္ပဲ။ ဒါေပမယ့္လည္း သူမကို
သက္တန႔္ေရာင္အဆင့္ႏွစ္လို႔ပဲ သတ္မွတ္လို႔ရမယ္၊
အထက္အနိမ့္ဆင့္ပါရမီေပါ့"
သူမက သူမရလဒ္နဲ႔ပတ္သတ္ၿပီးဘာလို႔မေပ်ာ္မရႊင္
ျဖစ္ေနလဲဆိုတာ ယူေရွာင္းမိုနားလည္သြားေတာ့
သည္။
အေျခတစ္ခုရိွရင္ေတာင္မွ သူမပါရမီက
နိမ့္က်ေနတယ္၊ ဒီလိုဆိုရင္ဘယ္သူကမွေပ်ာ္ရႊင္ေနမွာ
မဟုတ္ဘူး။ အေျခမပါတဲ့လူေတြကေတာ့
မနာလိုျဖစ္ၾကမယ္ဆိုေပမယ့္လည္းေလ။
"ေခ်ာင္တေကာ..ေက်းဇူးပဲ" ယူေရွာင္းမိုက
ေက်းဇူးတင္သၫ့္အေနျဖင့္ ဦးၫြတ္လိုက္တယ္။
ေခ်ာင္ဝူရွင္းက သူ႔လက္ကို ခါလိုက္ၿပီး၊
"ျပႆနာမရိွပါဘူး"
သူတို႔စကားေျပာေနတဲ့အခ်ိန္မွာ ဒုတိယတစ္ေယာက္
ရဲ့စမ္းသပ္မႈကလဲ စတင္ၿပီျဖစ္သည္။ သူက
ေမွာ္ဆရာအစည္းအရံုးနဲ႔ သားရဲသ႑ာန္ေျပာင္းလဲ
ျခင္းအဖဲြ႔အစည္းတစ္ခုကမွ မဟုတ္ေပ။
သူေျပာခဲ့တဲ့ 'ပ်င္းစရာေကာင္းလိုက္တာ' ဆိုတဲ့
စကားေၾကာင့္ ယူေရွာင္းမိုကသူ႔ကိုသိေနျခင္းျဖစ္၏။
ဒီလူက ငယ္ရြယ္ပံုေပၚၿပီး ရုပ္ရည္က
ႏွစ္ဆယ့္ငါးႏွစ္ေလာက္သာရိွေသးသည္၊
သူ႔အမူအရာက တင္းေနၿပီး ၾကၫ့္ရတာ
အနဲငယ္စိတ္လႈပ္ရွားေနပံုေပၚသည္။ ထို႔ေနာက္
သူက သူ႔လက္ဝါးကို စမ္းသပ္ေက်ာက္တံုးေပၚ
တင္လိုက္၏။
ခဏၾကာၿပီးေနာက္တြင္ အထက္၌ အေရာင္တန္း
ေပၚလာသည္။
အေရာင္တန္းရဲ့အေရာင္က
ဝမ္ယစမ္းသပ္တုန္းကလိုပဲ။ ပထမေတာ့ပန္းေရာင္၊
အဲ့ဒီ့ေနာက္ အဝါေဖ်ာ့ေရာင္၊ သို႔ေသာ္
၄က ထိုလမ္း၏သံုးပံုခန႔္သြားၿပီးေနာက္တြင္
ရပ္တန႔္သြား၏။
အဆင့္နိမ့္ပါရမီ၊ သို႔ေသာ္လည္း လူငယ္ေလးက
ဒါကိုဆိုးတယ္လို႔မထင္ေပ၊ သူကေတာ္ေတာ္ေလး
ေက်နပ္ေနတယ္။ သူကျပန္မဆုတ္သြားခင္
အႀကီးအကဲခ်င္ကို အရိုအေသေပးလိုက္သည္။
ထို႔ေနာက္တတိယလူအလွၫ့္။
ယူေရွာင္းမိုက ဟိုၾကၫ့္ဒီၾကၫ့္ၾကၫ့္လိုက္သည္၊
သူတို႔ဘယ္သူကမွ မေရြ့တာကိုျမင္တဲ့အခါ
သူက သူ႔ႏွာေခါင္းသူပြတ္လိုက္၏။ သူက
ေနာက္ဆံုးမွေရာက္တဲ့သူျဖစ္တာေၾကာင့္
အရင္ေရာက္အရင္ယူစနစ္ရိွတယ္လို႔ ထင္ခဲ့တာ
ျဖစ္သည္။ ဒီလိုမွန္းသိရင္ သူကအရင္ဆံုးသြားခဲ့မွာ။
သူကသြားေတာ့မယ္လို႔ ေတြးလိုက္တဲ့အခ်ိန္မွာပဲ
သူ႔ေဘးက ေခ်ာင္ဝူရွင္းက ေျခတစ္လွမ္းသာ
သြား၏။
ယူေရွာင္းမိုက တိတ္တိတ္ဆိတ္ဆိတ္နဲ႔
သူ႔ေျခေထာက္သူျပန္ရုတ္လိုက္ေတာ့တယ္။
မင္းတို႔ေကာင္ေတြဘာေတြလုပ္ေနၾကတာတုန္း?
စမ္းသပ္ဖို႔ကို နဲနဲေလာက္ပိုၿပီးဆံုးျဖတ္ခ်က္
မျပတ္သားႏိုင္ၾကဘူးလား!
ေခ်ာင္ဝူရွင္းကႃပံုးရႊင္ေနတာကိုေတြ့ေတာ့
စကားေျပာခဲတဲ့အႀကီးအကဲခ်င္က ေျပာလိုက္တယ္၊
"ဝူရွင္း၊ ၾကၫ့္ရတာ ယံုၾကည္ခ်က္ရိွေနတာပဲ။
ဒီအခိုက္အတန႔္အတြက္ ေလ့က်င့္ေနခဲ့တာလို႔
ငါၾကားတယ္၊ဟုတ္ရဲ့လား?"
ေခ်ာင္ဝူရွင္းက ျပန္ေျဖရင္းႃပံုးလိုက္တယ္၊
"ကၽြန္ေတာ္က သားရဲသ႑ာန္ေျပာင္းလဲျခင္း
အဖဲြ႔အစည္းက သူတို႔ရဲ့ယံုၾကည္မႈကိုအပ္ႏွံထားဖို႔
ဆံုးျဖတ္ခံထားရတဲ့သူေလ၊ အနဲဆံုးကၽြန္ေတာ္
လုပ္ႏိုင္တာက အဖဲြ႔အစည္းကိုမ်က္ႏွာရေအာင္
ပဲေလ"
အႀကီးအကဲခ်င္ရဲ့မ်က္ႏွာေပၚမွာ အႃပံုးတစြန္းတစ
ေပၚလာသည္၊ "မင္းစလို႔ရၿပီ"
ေခ်ာင္ဝူရွင္းက စကားေျပာေနတာရပ္လိုက္ၿပီး
သူ႔ေရ႔ွက စမ္းသပ္ေက်ာက္တံုးကို အာရံုစိုက္လိုက္
သည္။ ေက်ာက္တံုးကေန အလင္းေရာင္ထြက္လာ
တဲ့အခါ လူတိုင္းက ေက်ာက္တံုးအထက္ရိွ
ေနရာလပ္ကိုအာရံုစိုက္လိုက္ၾက၏။
ထိုေနရာတြင္ အေရာင္တန္းမ်ားက လ်င္လ်င္ျမန္ျမန္
ေပါ့ေပါ့ပါးပါးထိုးတက္သြား၏၊ ပန္းေရာင္၊
အဝါေဖ်ာ့ေရာင္၊ အစိမ္းေရာင္.....ၿပီးေတာ့
တုန္လႈပ္လႈပ္ပံုစံနဲ႔ အစိမ္းေရာင္အဆင့္ကို
ျဖတ္ေက်ာ္သြားသည္။ ၄က စိမ္းျပာေရာင္အထိ
တက္သြားတဲ့အခါ လူတိုင္းနီးပါးက တုန္လႈပ္မႈေၾကာင့္
ပင့္သက္ရိႈက္လိုက္ၾက၏။
သက္တန႔္ေရာင္အဆင့္ေလး!
၄က အလယ္လတ္ဆင့္ပါရမီသာ
ျဖစ္ေသာ္ျငားလည္း ဝမ္ယႏွင့္ေနာက္လူမ်ား၏
အထက္တြင္ရိွေပသည္။ ဒီကြာဟမႈက လိုက္မွီဖို႔ရန္
အားစိုက္ထုတ္မႈႏွင့္ေလ့က်င့္မႈ အခ်ိန္မ်ားစြာၾကာျမင့္
မည္ ျဖစ္၏။
အခန္းေထာင့္မွာ ေခ်ာင္ဝူရွင္းကိုၾကၫ့္ေနသၫ့္
က်ဳံးယဲ့၏မ်က္လံုးမ်ားတြင္ တဖ်တ္ဖ်တ္လက္ေန၏၊
သူ႔ၿပိဳင္ဘက္လို႔မေျပာရဘူး သူကေတာ္တာပဲ။
ယူေရွာင္းမိုက အံ့အားသင့္မႈနဲ႔မ်က္လံုးျပဴးျပဴးေလး
မ်ားႏွင့္ ၾကၫ့္ေနတယ္၊ ေခ်ာင္ဝူရွင္းက
ေတာ္ေတာ္ေလးႃဖံုေလာက္စရာေကာင္းမယ္လို႔
မထင္ခဲ့ဘူး။
တစ္ခန္းလံုးကတိတ္ဆိတ္ေနတဲ့အခ်ိန္မွာ
ထိုေကာင္မေလးက တိတ္ဆိတ္မႈကို ၿဖိဳခြင္းလိုက္ၿပီး
"ဝူရွင္းေကာေကာ၊ နင္ကအရမ္းအံ့ဩဖို႔ေကာင္း
တာပဲ!" ဟုေအာ္ေနရင္း ေခ်ာင္ဝူရွင္းအေပၚ
ေပ်ာ္ရႊင္စြာ ခုန္လိုက္၏။
ေခ်ာင္ဝူရွင္းကလဲ ေပ်ာ္ရႊင္ေနသည္။
အႀကီးအကဲခ်င္က မုတ္ဆိတ္ကိုသပ္ရင္း၊
"ေနာက္ထပ္က စတုတၴေျမာက္တစ္ေယာက္"
ယူေရွာင္းမိုက အသက္ျပင္းျပင္းရႉလိုက္သည္။
"ငါသြားမယ္" က်ဳံးယဲ့အသံ ထြက္ေပၚလာ၏၊အသံက
ရွင္းလင္းၿပီး ရိုင္းစိုင္းပံုေပါက္ကာေအးစက္ေနသည္။
သူ႔ရဲ့သတၲိေမြးလိုက္တဲ့ အသက္ရႉျခင္းေလးဟာ
ေပ်ာက္ဆံုးသြားရေတာ့တယ္။
လူတိုင္းရဲ့အာရံုက သူ႔ဆီလွၫ့္သြား၏၊ က်ဳံးယဲ့ႏွင့္
ေခ်ာင္ဝူရွင္းကို ၿပိဳင္ဖက္မ်ားအျဖစ္ အၿမဲတမ္း
ႏိႈင္းယွဉ္ခဲ့ၾကတယ္။ ႏွစ္ေယာက္စလံုးက
ႏွစ္တစ္ေထာင္မွာတစ္ေယာက္ပဲရိွတဲ့ ပါရမီရွင္ေတြ၊
ဒါေပမယ့္လည္း က်ဳံးယဲ့က ေခ်ာင္ဝူရွင္းထက္
အနဲငယ္ပိုအားေကာင္းသည္ဟုအဆိုရိွ၏။ ဒီဟာက အဲ့အေၾကာင္းအရာကိုသက္ေသျပဖို႔အတြက္ အေကာင္းဆံုးအခ်ိန္ပဲ။
က်ဳံးယဲ့က ေမွာ္ဆရာအစည္းအရံုး၏
တပၫ့္ေခါင္းေဆာင္ျဖစ္သည္၊ ရုပ္ရည္ႏွင့္
ပါရမီႏွစ္ခုစလံုးတြင္ နတ္ဘုရားမ်ားကမ်က္ႏွာသာ
ေပးထားသၫ့္သူ ျဖစ္၏။ အန္းေခ်ာင္ထက္ပင္
သူ႔ဂုဏ္သတင္းႏွင့္ပိုထိုက္တန္သည္။ သူက
ေအးစက္စက္သေဘာထားႏွင့္ အျခားလူမ်ားကို
အေရးမလုပ္ေသာ္လည္း သူတို႔ကသူ႔ကို
ေလးစားရိုေသၾကဆဲျဖစ္သည္။
သူကလႈပ္ရွားေတာ့မယ္ဆိုတာျမင္ေတာ့
ေခ်ာင္ဝူရွင္းရဲ့ပါးခ်ိဳင့္မ်ားပင္ ေမွးမိွန္သြားသည္။
သူက က်ဳံးယဲ့၏လႈပ္ရွားမႈတိုင္းကို
မ်က္ေမွာင္ႄကံု႔ကာ တင္းမာေသာအၾကၫ့္ျဖင့္
ေစာင့္ၾကၫ့္ေန၏။
ယူေရွာင္းမိုကလဲ စိတ္လႈပ္ရွားေနတယ္၊ တစ္ျခားလူ
ေတြရဲ့ ဒီလိုအတင္းအဖ်င္းေတြကို ၾကၫ့္ရတဲ့
အခါတိုင္း သူဒီလိုပဲခံစားရတယ္။
________