Unicode
အပိုင်း၄၁၉: ဒုတိယမြောက်အဆင့်
ဟုတ်တာပေါ့၊ ဘယ်သူကမှ တရားခံဖြစ်ဖို့
ထွက်မလာကြပေ။ အရူးတစ်ယောက်ကပဲ
ထွက်ရပ်ဖို့ကြိုးစားလိမ့်မယ်။ ရှောင်ယောင်တက္ကသိုလ်
က မင်းပြဿနာရှာလို့ရတဲ့နေရာတစ်ခု
မဟုတ်ဘူး၊ နောက်ပြီးဒီလူငယ်လေးက
သဘောကောင်းတဲ့စရိုက်ရှိသူ မဟုတ်ဘူးဆိုတာ
ထင်ရှားနေတာပဲ။ တစ်ယောက်ယောက်က ဒါကို
တာဝန်ယူလိုက်မယ်ဆိုရင် အရှုပ်အထွေးတစ်ခုလုံးက
ပိုဆိုးလာဖို့ပဲရှိတယ်။
ယူရှောင်းမိုက ကိုယ့်အတွေးနဲ့ကိုယ်မသိလိုက်
မသိဘာသာပဲ၊ သူကစမ်းသပ်မှုကိုဖြေဆိုပြီး
မြန်မြန်ထွက်သွားချင်တာပဲရှိတယ်။ လင်းရှောင်က
ယင်းကောနဲ့ကျန်းယွီအကြောင်း သတင်းနဲ့ သူ့ကို
အပြင်မှာစောင့်နေတုန်းပဲ။ ဒီလောက်ကြာပြီးတဲ့နောက်
မှာ ရှုန်းရှောင်မှာသူတို့အတွက် သတင်းအချို့
ရှိနေလောက်ပြီ။
"အဲ့ဒါမင်းလား?" လူငယ်ရဲ့အသံကျယ်ကျယ်က
သူ့အတွေးများကိုဖြတ်တောက်လိုက်တော့သည်။
ယူရှောင်းမိုက လက်ရှိကိုပြန်ရောက်လာပြီးတော့
'အဲ့ဒါကိုလုပ်ခဲ့တာ မင်းပဲဆိုတာငါသိနေတယ်'
လို့ပြောနေတဲ့ပုံနဲ့ လူငယ်ကသူ့ကို စိန်းစိန်းဝါးဝါး
ကြည့်နေတာကိုတွေ့လိုက်ရတယ်။ ထိုအခါမှသာလျှင်
သူ့ဘေးကလူတိုင်းက ပျောက်ကွယ်သွားပြီဖြစ်မှန်း
သူသိလိုက်ရ၏၊ သူတို့အားလုံးက သူနဲ့ဝေးရာကို
ဆုတ်ခွာနေကြသည်။ သူ့ဘေးပတ်လည်မှာ
နေရာလပ်အကျယ်ကြီးရှိနေ၏။ သူက သူ့အတွေး
များနဲ့ အလွန်ပင်စိတ်ပျံ့လွင့်နေခဲ့မိသည်။
"ငါကဘာလဲ?" ယူရှောင်းမိုက ဇဝေဇဝါဖြစ်ပုံပေါ်ရန်
အကောင်းဆုံးကြိုးစားလိုက်၏။
အန်းချောင်ကမေးပင့်လိုက်ပြီး
"ခုနတုန်းက အဲ့တာပြောလိုက်တဲ့သူကမင်းလား?"
"ဘာကိုပြောတာလဲ?"
" 'အရှက်မရှိဘူး' ဆိုတဲ့စကား"
"အိုး၊ မဟုတ်ဘူး!"
"မင်းမဟုတ်ရင် ဘယ်သူလဲ?"
ယူရှောင်းမိုနှုတ်ခမ်းများတွန့်သွား၏၊ ပြောခဲ့တဲ့သူ
က သေချာပေါက်ကိုယူရှောင်းမိုဖြစ်နေသလိုမျိုး
သူကပြောနေတာပဲ။ ဒီစကားဝိုင်းမှာ
သူတို့နှစ်ယောက်ကြား စိတ်အသက်အရွယ်
ကွားခြားမှုကြီးရှိနေတယ်။ သူကအိုနေပြီလို့
ခံစားလိုက်ရတယ်။
"မင်းငါ့ကိုမေးရင်တောင် ငါသိမှာမဟုတ်ဘူး"
အန်းချောင်က သူ့ကိုသင်္ကာမကင်းစိုက်ကြည့်
လိုက်၏၊ "ပြောလိုက်တဲ့လူက မင်းဘေးနားက
တစ်ယောက်ယောက်ပဲ၊ မင်းမသိဘူးဆိုတာ
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? အဲ့ဒီ့လူအတွက်
ဖုံးပေးဖို့ကြိုးစားနေတာလား? သူတို့က
မင်းသူငယ်ချင်းလား?"
ယူရှောင်းမိုက လေးလေးနက်နက်ပြန်ဖြေလိုက်သည်၊
"ဆောရီးပဲ၊ ငါကတစ်ယောက်ထဲလာတာ။
သူငယ်ချင်းတွေဘာဘာတွေကတော့ မင်း
စိတ်ဖောက်နေတာဖြစ်မယ်လို့ ငါထင်တယ်။
ငါ့မှာရှိခဲ့ရင်တောင်မှ သူကအပြင်ဘက်မှာ
ဖြစ်ပြီးတော့ ဝင်လာလို့မရဘူး"
"Pfft......" သူမကရယ်စရာတစ်ခုခုကြားလိုက်ရ
သလိုပဲ အန်းချောင်နဲ့ငြင်းခုံနေခဲ့တဲ့ ကောင်မလေးက
ရုတ်တရက် ရယ်လိုက်၏။
အန်းချောင်က မျက်နှာနီသွားပြီး
ယူရှောင်းမိုကို ရှက်ရွံ့ဒေါသထွက်စွာ
စိုက်ကြည့်လိုက်တယ်။
ယူရှောင်းမိုက ကိစ္စတွေကိုရှင်းရှင်းလင်းလင်းပဲ
ဖြစ်ချင်တယ်၊ ဒီတစ်ခေါက် သူကအပြစ်မရှိတဲ့
ဘေးလူသက်သက်ပဲ။ သူကဘယ်သူ့ကိုမှ
ရန်မစခဲ့ဘူး၊ ဒါပေမယ့်သူကမှတ်ထားခံရတော့မယ့်
ပုံပေါ်တယ်။
ထိုအချိန်မှာပဲ ဒုတိယမြောက်စမ်းသပ်မှု
အဆင့်အတွက်တာဝန်ကျတဲ့ နည်းပြဆရာက
ရောက်ရှိလာတော့သည်။
လူတိုင်းက တိတ်ဆိတ်သွားပြီးတော့
အန်းချောင်ကလဲ မလှုပ်ရှားရဲတော့ပေ၊ သူ့
သူငယ်ချင်းအုပ်စုဆီပြန်မသွားခင် ယူရှောင်းမိုကို
နောက်တစ်ခေါက်စိုက်ကြည့်သွား၏။
ဒုတိယမြောက်စမ်းသပ်မှုက ဝိဉာဉ်ကိုစမ်းသပ်ခြင်း
ဖြစ်သည်။ မှော်ဆရာများအတွက် မင်းရဲ့ဝိဉာဉ်က
ပိုကောင်းလေလေ၊ မင်းရဲ့စွမ်းရည်ပိုကောင်းလေလေ
ဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့အနာဂတ်ကိုရနိုင်မည်
ဖြစ်၏။ သို့သော်ငြားလည်း သားရဲသဏ္ဍာန်ပြောင်းလဲ
ခြင်းအဖွဲ့အစည်းကလူတွေအတွက်ကတော့
သားရဲအသွင်ပြောင်းခြင်းမှာတော်စေတာက
ဝိဉာဉ်တစ်မျိုးတည်းမဟုတ်ပေ။
ဥပမာအားဖြင့် အချို့သောအဆင့်နိမ့်မှော်ဆရာများမှာ
ဆေးလုံးသန့်စင်ခြင်းတွင် မတော်သော်လည်း
သူတို့တွင် နတ်ဆိုးသားရဲများကိုချဉ်းကပ်နိုင်သည့်
ပင်ကိုယ်ပါရမီရှိလျှင် အထူးစွမ်းအားကြီးသည့်
သားရဲများနှင့် ဆက်နွယ်စာချုပ်မချုပ်နိုင်ရင်တောင်မှ
စွမ်းအားကြီးသောသားရဲအသွင်ပြောင်းသူ
တစ်ယောက်ဖြစ်လာနိုင်ရန် စွမ်းရည်ရှိလေသည်။
သို့သော်လည်း သားရဲအသွင်ပြောင်းသူတစ်ယောက်
ဖြစ်လာရန် မင်းရဲ့ဝိဉာဉ်အားကို ကောင်းကောင်း
ထိန်းချုပ်တတ်ရမည်ဖြစ်၏။
ယူရှောင်းမိုက တတိယမြောက်အဆင့်တွင်
ဝိဉာဉ်အားထိန်းချုပ်ပြီး တစ်ခုခုလုပ်ရမည်ကို
သိသော်လည်း ဘာပါဝင်လဲဆိုတာတော့
တိတိကျကျမသိပေ။
နည်းပြဆရာများက သူတို့ကိုတန်းစီခိုင်းထား
ပြီးနောက် သူ့နောက်ရှိအခန်းထဲသို့ တစ်ယောက်ပြီး
တစ်ယောက်ဝင်ခိုင်း၏။
ယူရှောင်းမိုက အတိုဆုံးအတန်းတွင် စီလိုက်သည်။
သူ့ရှေ့တွင်အများဆုံးမှအယောက်နှစ်ဆယ်ပဲရှိတာ
ကြောင့် သူ့အလှည့်ရောက်ဖို့သိပ်မကြာချေ။
သူက ပျင်းပျင်းနဲ့ဘေးပတ်လည်ကို ကြည့်လိုက်ရင်း
အစောက လူငယ်ကသူ့ဘေးကတန်းမှာရှိနေပြီး
ကောင်မလေးကတော့ ထိုလူငယ်ရဲ့ဘေးက
အတန်းမှာရှိနေတယ်ဆိုတာ တွေ့လိုက်ရသည်။
သူတို့အကြည့်တွေက မီးပွားတွေထွက်လာတဲ့အထိ
သူတို့ကမဝင်ကြသေးချေ။ ထိုနှစ်ယောက်က
အချိန်အတူတူလောက်ပင် အခန်းထဲသို့
ဝင်သွားကြ၏။ နှစ်မိနစ်ကြာပြီးနောက်တွင်
ထိုနှစ်ယောက်ကထွက်မလာခဲ့ကြပေ၊ သို့သော်
သူတို့နောက်ကလူများကတော့ ဝင်သွားနှင့်ကြပြီ
ဖြစ်သည်။
သူ့ရဲ့စိတ်လွင့်နေမှုကြောင့် နည်းပြဆရာက
အခန်းထဲကနေထွက်မလာခင်ထိ ယူရှောင်းမိုက
သူ့အလှည့်မှန်း မသိခဲ့ပေ၊ သူကထိုနေရာမှာ
ရပ်နေသေးတာကိုတွေ့တော့ နည်းပြဆရာက
ပေါက်ကွဲတော့မလိုဖြစ်သွား၏။
"အဲ့မှာကြောင်တောင်တောင်နဲ့ရပ်ပြီး
ဘာလုပ်နေတာလဲ?
စမ်းရောစမ်းသပ်ခံချင်သေးလား?"
ယူရှောင်းမိုက ချွေးပြန်သွား၏၊ သူက
မြန်မြန်ပင်ဝင်သွားတော့သည်။
အခန်းက မှော်ဆရာအစည်းအရုံးကတံဆိပ်လျှောက်
ထားရတဲ့အခန်းလိုပဲ ရိုးရှင်းပြီး
အကြမ်းထည်ဆန်၏။ အလယ်ခေါင်တွင်
သလင်းကျောက်တစ်ခုရှိပြီး ထိုသလင်းကျောက်မှာ
နို့နစ်ရောင်ဖြစ်သည်။ ဘယ်ကိုဦးတည်ထားမှန်း
မသိရသည့် တံခါးတစ်ချပ်လဲ ရှိနေသည်။
ဟိုနှစ်ယောက်က ထိုအခြားတံခါးပေါက်ကနေ
ထွက်သွားတာဖြစ်မယ်လို့ ယူရှောင်းမို
တွေးမိသွားသည်။
သူအစောတုန်းက ဝေ့လည်ကြောင်ပတ်လုပ်နေခဲ့တာ
ကို နည်းပြဆရာကစိတ်ဆိုးနေပုံပေါ်ကာ
သူ့ကို ထွေထွေထူးထူးလုပ်မနေဘဲပြောသည်၊
"မင်းလက်ကိုသလင်းကျောက်ပေါ် ထားပြီး
ဝိဉာဉ်အားကိုထည့်လိုက်"
ယူရှောင်းမိုက သူ့ညွှန်ကြားချက်အတိုင်း
တိတ်တိတ်ဆိတ်ဆိတ် လိုက်လုပ်၏။
သလင်းကျောက်ကတော်တော်လေးအေးသည်။
သူ့လက်ကို မျက်နှာပြင်ပေါ်တင်လိုက်တဲ့အခါ
အေးစိမ့်မှုတစ်ခုဝင်ရောက်လာတာကို ခံစားရတယ်၊
ဒီခံစားချက်က သူပထမဆုံးစမ်းသပ်ခဲ့တုန်းကနဲ့
အတူတူပဲ။
ယူရှောင်းမိုက လင်းရှောင်သူ့ကိုပြောပြခဲ့တဲ့ဟာကို
မှတ်မိသွားသည်၊ သက်တန့်ရောင်ဝိဉာဉ်တွေမှာလဲ
အဆင့်တွေရှိတယ်။ အရင်ကကျောက်တုံးက
သူဝိဉာဉ်ဟာသက်တန့်ရောင်ဖြစ်တယ်ဆိုတာကို
ဖော်ပြနိုင်ခဲ့ပေမယ့် ပိုတိကျတဲ့အချက်ကိုပေးနိုင်
ရလောက်အောင် ကျောက်တုံးကအဆင့်မမှီပေ။
ဒီတစ်ခေါက်တော့ စမ်းသပ်လို့ရနိုင်မလားဆိုတာ
ဘယ်သူသိမှာလဲ။ ထုံထျန်းတိုက်မကြီးရဲ့ဝိဉာဉ်
တိုင်းတာခြင်းကျောက်တုံးတွေကသာလျှင်
သူ့ကို ပိုတိကျတဲ့ရလဒ်တစ်ခုထုတ်ပေးနိုင်တယ်လို့
လင်းရှောင်ကပြောဖူးတယ်။
ဒါကိုတွေးမိတော့ ယူရှောင်းမိုကမမျှော်လင့်ဘဲ
မနေနိုင်ဘူး။ အဲ့ဒီ့နောက် သူ့ဝိဉာဉ်အားကို
ထုတ်လိုက်ပြီး သူ့လက်ချောင်းထိပ်များမှတဆင့်
ကျောက်တုံးထဲသို့ ထည့်လိုက်တော့သည်။
တစ်ခဏမျှကြာပြီးတဲ့နောက်မှာ ကျောက်တုံးကနေ
အလွန်ကြီးမားတဲ့အလင်းတစ်ခုထွက်ပေါ်လာ၏။
၎င်းက အရင်ကလိုပဲ အိပ်မက်တွေရဲ့အရောင်
ဖြစ်သည်။
ဒါကိုမြင်တော့ ယူရှောင်းမိုက ချက်ချင်းပင်
စိတ်ပျက်သွားတော့သည်၊ ထုံထျန်းတိုက်မကြီးရဲ့
တိုင်းတာခြင်းကျောက်တုံးတွေက သူ့ဝိဉာဉ်အဆင့်
ကို ဖော်ပြနိုင်တယ်လို့ လင်းရှောင်မပြောခဲ့ဘူးလား?
ဒါက ဘယ်လိုလုပ်ပြီးအလုပ်မဖြစ်တာလဲ?
ယူရှောင်းမိုကသူ့ဘေးကနည်းပြဆရာဆီကို
လှမ်းကြည့်လိုက်ပြီး နောက်လူက ကျောက်တုံးကို
အံ့အားသင့်စွာစိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်။
သူကိုင်ထားတဲ့ ကျောက်စိမ်းပြားက မြေပေါ်ကျနေ
တာကိုတောင် သူသတိမပြုမိဘူး။
ခဏကြာပြီးတဲ့နောက် နည်းပြဆရာက ရုတ်တရက်
ဝှီးကနဲမတ်တပ်ရပ်လိုက်ပြီး ခြေလှမ်းကျယ်ကျယ်
အနဲငယ်လှမ်းပြီး ယူရှောင်းမိုရှေ့သို့ ရောက်လာ
သည်။ သူက ယူရှောင်းမိုကိုမျက်လုံးပြူးကြီးများနဲ့
အထက်အောက်ကြည့်လိုက်သည်၊ ယူရှောင်းမိုက
ထခုန်မိသွား၏။
"နည်း....နည်းပြ၊ ပြဿနာရှိလို့လား?"
ယူရှောင်းမိုက ကိုးယို့ကားယားမေးလိုက်သည်။
နည်းပြဆရာက ရုတ်တရက်ပြုံးဖြဲဖြဲလုပ်လိုက်ပြီး
ဖော်ဖော်ရွေရွေပြုံးနေ၏။ သူက
တိုးတိုးသာသာမေးလိုက်သည်၊
"မင်းနာမည်ဘယ်လိုခေါ်လဲ?"
ယူရှောင်းမိုက ခြောက်ကပ်ကပ်ရယ်လိုက်တယ်၊
"ယူရှောင်း....ဟာ!"
နည်းပြဆရာက ချက်ချင်းပင်ခေါင်းညိမ့်လိုက်ပြီး၊
"အရမ်းတော်တယ်၊ မင်းကဒုတိယအဆင့်ကို
အောင်မြင်သွားပြီ၊ ဒါပေမယ့် မင်းအခြေအနေက
နဲနဲလေးထူခြားတော့ ဒုတိယတစ်ကြိမ်
ထပ်အစစ်ဆေးခံရအုံးမယ်"
ယူရှောင်းမိုက နားမလည်နိုင်ပေ၊ "နည်းပြ၊
ကျွန်တော်အောင်သွားပြီဆို? ဘာလို့
နောက်တစ်ခေါက်ထပ်အစစ်ခံရမှာလဲ?"
နည်းပြဆရာက စိတ်ရှည်လက်ရှည်ရှင်းပြ၏၊
"စိတ်မပူပါနဲ့၊ ဒုတိယတစ်ကြိမ်စစ်ဆေးမှုက
ဒီစမ်းသပ်မှုရဲ့ရလဒ်ကို မသက်ရောက်ပါဘူး၊
အဲ့တာက မင်းရဲ့အစစ်အမှန်အဆင့်ကို
တိုင်းတာဖို့ပဲ"
ယူရှောင်းမိုက သူပြောနေတာကို
နားလည်သွားတော့၏။
နည်းပြဆရာက သူ့ကိုတံခါးသေးသေးလေးဆီ
ကြည့်ရန်ညွှန်ပြလိုက်သည်၊ "အဲ့ဒီ့တံခါးလေးကို
မြင်လား? ဝင်သွားပြီးရင် သင်္ကေတတွေအတိုင်း
ဆက်လျှောက်သွား၊ ပြီးရင်ခုနကစမ်းသပ်ပြီးထား
တဲ့ လူတစ်ချို့ကိုတွေ့လိမ့်မယ်။ နောက်တစ်ကြိမ်
ထပ်အစမ်းသပ်ခံဖို့ သူတို့နဲ့အတူတူစောင့်နေလိုက်"
ယူရှောင်းမိုက နည်းပြဆရာကိုနှုတ်ဆက်ခဲ့လိုက်၏။
တံခါးပိတ်သွားပြီးတဲ့နောက် နည်းပြဆရာက
ရုတ်တရက်သက်ပြင်းချလိုက်သည်၊
"သူဘယ်အဆင့်များရှိပါလိမ့်၊ အဲ့ဒီဒဏ္ဏာရီလာ
အဆင့်က ပေါ်ထွက်မလာခဲ့တာတော်တော်ကြာနေပြီ"
ယူရှောင်းမိုက နံရံမှတွဲလောင်းကျနေသော
တောက်ပပုလဲများရှိနေသည့် စင်္ကြံရှည်တစ်ခုကို
တွေ့လိုက်ရသည်။ တံခါးငယ်လေးများမှ
ဖြတ်ဝင်လာသည့်သူတို့အလင်းရောင်က စင်္ကြံကို
အဖြူရောင်ဖြစ်နေစေသည်။ လေးငါးခါလောက်
ကွေ့ပတ်သွားပြီးတဲ့အခါမှာ
အနီရောင်ပိတ်စနဲ့ဖုံးထားတဲ့
ကျောက်တုံးမုခ်ခုံးတစ်ခုရှိနေတဲ့ လမ်းဆုံးကို
ရောက်သွားတော့သည်။
သူကပိတ်စကိုဘေးတွန်းလိုက်ပြီး အထဲဝင်သွား
တဲ့အခါ လူတိုင်းကသူလာနေတာကြားလိုက်ပြီး
လှည့်ကြည့်လိုက်ကြ၏။
"မင်းပဲ!" နောက်လူကိုတွေ့တော့ အန်းချောင်
မျက်လုံးများက ပြူးကျယ်သွားတော့သည်။
ဒီလူက ဒီနေရာကိုလာနိုင်တယ်ဆိုတော့
သူ့ဝိဉာဉ်ကအဲ့ဒီ့ ထူးခြားတဲ့အဆင့်ထဲကပဲလား?
ယူရှောင်းမိုက ပတ်ပတ်လည်ကိုကြည့်လိုက်တယ်၊
စုစုပေါင်းလူခုနစ်ယောက်ရှိနေ၏။
ဒီနေရာမှာရှိနေတဲ့လူတိုင်းက သက်တန့်ရောင်ဝိဉာဉ်
တွေရှိတယ်လို့ ဆိုလိုတာလား?
အဲ့တာက ဒီလိုပဲထင်ရတယ်၊ ဒါပေမယ့် သူတို့
သုံးယောက်ကတော့မတူဘူး။ အန်းချောင်၊
ကျန်းလန်ယွီနဲ့ ကောင်မလေးက သူ့ကိုထိတ်လန့်
တုန်လှုပ်စွာ ကြည့်နေကြတယ်။ သူတို့ဒီကိုလာနိုင်
ခဲ့တာက သူတို့ဝိဉာဉ်ကသက်တန့်ရောင်ဖြစ်နေလို့
မဟုတ်ဘဲ သူတို့မှာ ထူးခြားတဲ့အဆင့်အတန်းရှိ၍
ဖြစ်သည်။
ဘယ်လိုပဲနေနေ၊ ခုနစ်ယောက်ပဲဖြစ်ဖြစ်
လေးယောက်ပဲဖြစ်ဖြစ်၊
ဒါကအံ့ဩစရာကောင်းတုန်းပဲ။
သူကလုံရှန်းတိုက်မကြီးမှာ တစ်ယောက်တည်းသော
သူဖြစ်ခဲ့သည်၊ သို့သော် ထုံထျန်းတိုက်မကြီး၌
တစ်ခါတည်းနဲ့လေးယောက်ပေါ်ထွက်လာ၏။
ဒါကအမှန်တကယ်ပဲ အဆင့်မြင့်နယ်မြေတစ်ခု
ဖြစ်ပေသည်။ ဘယ်လောက်တောင်
မင်္ဂလာရှိလိုက်တဲ့နယ်မြေလဲ။
"ကြည့်ရတာ နင်ကငါတို့နဲ့အတူတူပဲထင်တယ်၊
နင့်ကိုဘယ်လိုခေါ်ရမလဲ?"
သိမ်မွေ့ပြီးမိန်းမဆန်တဲ့အသံတစ်ခုလွင့်မျောလာ
တဲ့အခါ ယူရှောင်းမိုကသူ့ကိုယ်ပိုင်ကမ္ဘာထဲတွင်
ရှိနေ၏။ သူ့နောက်ကိုလှည့်ကြည့်လိုက်တော့
ပြုံးနေတဲ့သိမ်မွေ့ပုံပေါ်တဲ့အမျိုးသမီးတစ်ယောက်
ကိုတွေ့လိုက်ရသည်။
ဤပုဂ္ဂိုလ်မှာ ဝမ်ယပင်။
သူမကသူ့ကိုစကားလာပြောတာကြောင့်
သူကအံ့ဩသွား၏၊ ဒါပေမယ့်လည်း သူက
ယဉ်ယဉ်ကျေးကျေးပဲ ပြန်ဖြေလိုက်သည်၊
"ငါ့နာမည်က ယူရှောင်းဟာပါ၊ တွေ့ရတာဝမ်းသာ
ပါတယ်"
ဝမ်ယမျက်လုံးများတွင် အလင်းရောင်တစ်ချက်
ဖြတ်ပြေးသွား၏။
သူမတင်မဟုတ်ပေ။ နံရံကိုတိတ်တိတ်ဆိတ်ဆိတ်
မှီနေတဲ့ ကျုံးယဲ့ကလဲ ရုတ်တရက်
မျက်လုံးပွင့်လာပြီး ယူရှောင်းဟာဆိုသူကို
ကြည့်လိုက်၏။
အန်းချောင်က လျှောက်လာပြီး သူ့ကိုအထက်အောက်
ကြည့်နေရင်း၊ "ဒါဆိုမင်းကအဲ့ဒီ့ယူရှောင်းဟာပေါ့!"
သူ့အသံကမနှစ်မြို့ပုံပေါက်နေတာကြောင့်
ယူရှောင်းမိုက စိတ်ရှုပ်သွားတော့၏။
ဒီကောင်ကသူ့ကိုသိနေခဲ့တယ်လား? ဒါပေမယ့်သူက
သူတို့ကိုတစ်ခါမှမတွေ့ဖူးဘူး၊ ဒီလိုမှမဟုတ်ရင်
သူ့မှာ သူတို့အပေါ်အမြင်တစ်ချို့ရှိပေလိမ့်မည်။
သူတို့အသွင်အပြင်က တော်တော်လေးထူးခြားသည်
လေ။
"မှော်ဆရာအစည်းအရုံးကချမှတ်ထားတဲ့ စံချိန်ကို
ချိုးသွားတဲ့သူက မင်းမလား?"
အန်းချောင်က ဒေါသထွက်သွား၏။
"စံချိန်?" ယူရှောင်းမိုက လန့်သွား၏။
စစ်ဆေးသူက သူ့ကိုအဲ့အကြောင်းမပြောခဲ့ဘူး။
သူက နားမလည်သေးတာကိုမြင်တော့
ဝမ်ယကပြုံးလိုက်ပြီး ရှင်းပြ၏၊
"စမ်းသပ်ကျောက်ပြားပေါ်က အမှတ်တွေက
သူတို့ရဲ့ပထမဆုံးစမ်းသပ်မှုကိုလုပ်ခဲ့ကြတဲ့လူတွေ
ချန်ထားခဲ့တာတွေပဲ။ အဲ့ဟာမှာ ရှည်လျားတဲ့
သမိုင်းကြောင်းရှိတယ်။ မနေ့တုန်းက
အဲ့မှာရှိနေခဲ့တဲ့စံချိန်ကို နင်ချိုးခဲ့တာ"
ယူရှောင်းမိုက ဘာပြောရမလဲမသိတော့ချေ။
ဒါဆိုသူက မသိလိုက်ဘဲနဲ့တစ်ယောက်ယောက်ရဲ့
စံချိန်ကိုချိုးခဲ့တာပေါ့။
ဒီလူတွေသူ့ကိုမှတ်ထားနေတာ မဆန်းတော့ဘူး၊
သူကစံချိန်ချိုးနိုင်ခဲ့ပြီး သူတို့ကမချိုးနိုင်လို့များလား?
သူခန့်မှန်းတာမှန်တယ်လို့ ခံစားနေရတယ်!
ဟေး!
__________
Zawgyi
အပိုင္း၄၁၉: ဒုတိယေျမာက္အဆင့္
ဟုတ္တာေပါ့၊ ဘယ္သူကမွ တရားခံျဖစ္ဖို႔
ထြက္မလာၾကေပ။ အရူးတစ္ေယာက္ကပဲ
ထြက္ရပ္ဖို႔ႀကိဳးစားလိမ့္မယ္။ ေရွာင္ေယာင္တကၠသိုလ္
က မင္းျပႆနာရွာလို႔ရတဲ့ေနရာတစ္ခု
မဟုတ္ဘူး၊ ေနာက္ၿပီးဒီလူငယ္ေလးက
သေဘာေကာင္းတဲ့စရိုက္ရိွသူ မဟုတ္ဘူးဆိုတာ
ထင္ရွားေနတာပဲ။ တစ္ေယာက္ေယာက္က ဒါကို
တာဝန္ယူလိုက္မယ္ဆိုရင္ အရႈပ္အေထြးတစ္ခုလံုးက
ပိုဆိုးလာဖို႔ပဲရိွတယ္။
ယူေရွာင္းမိုက ကိုယ့္အေတြးနဲ႔ကိုယ္မသိလိုက္
မသိဘာသာပဲ၊ သူကစမ္းသပ္မႈကိုေျဖဆိုၿပီး
ျမန္ျမန္ထြက္သြားခ်င္တာပဲရိွတယ္။ လင္းေရွာင္က
ယင္းေကာနဲ႔က်န္းယီြအေၾကာင္း သတင္းနဲ႔ သူ႔ကို
အျပင္မွာေစာင့္ေနတုန္းပဲ။ ဒီေလာက္ၾကာၿပီးတဲ့ေနာက္
မွာ ရႈန္းေရွာင္မွာသူတို႔အတြက္ သတင္းအခ်ိဳ႕
ရိွေနေလာက္ၿပီ။
"အဲ့ဒါမင္းလား?" လူငယ္ရဲ့အသံက်ယ္က်ယ္က
သူ႔အေတြးမ်ားကိုျဖတ္ေတာက္လိုက္ေတာ့သည္။
ယူေရွာင္းမိုက လက္ရိွကိုျပန္ေရာက္လာၿပီးေတာ့
'အဲ့ဒါကိုလုပ္ခဲ့တာ မင္းပဲဆိုတာငါသိေနတယ္'
လို႔ေျပာေနတဲ့ပံုနဲ႔ လူငယ္ကသူ႔ကို စိန္းစိန္းဝါးဝါး
ၾကၫ့္ေနတာကိုေတြ့လိုက္ရတယ္။ ထိုအခါမွသာလ်ွင္
သူ႔ေဘးကလူတိုင္းက ေပ်ာက္ကြယ္သြားၿပီျဖစ္မွန္း
သူသိလိုက္ရ၏၊ သူတို႔အားလံုးက သူနဲ႔ေဝးရာကို
ဆုတ္ခြာေနၾကသည္။ သူ႔ေဘးပတ္လည္မွာ
ေနရာလပ္အက်ယ္ႀကီးရိွေန၏။ သူက သူ႔အေတြး
မ်ားနဲ႔ အလြန္ပင္စိတ္ပ်ံ႔လြင့္ေနခဲ့မိသည္။
"ငါကဘာလဲ?" ယူေရွာင္းမိုက ဇေဝဇဝါျဖစ္ပံုေပၚရန္
အေကာင္းဆံုးႀကိဳးစားလိုက္၏။
အန္းေခ်ာင္ကေမးပင့္လိုက္ၿပီး
"ခုနတုန္းက အဲ့တာေျပာလိုက္တဲ့သူကမင္းလား?"
"ဘာကိုေျပာတာလဲ?"
" 'အရွက္မရိွဘူး' ဆိုတဲ့စကား"
"အိုး၊ မဟုတ္ဘူး!"
"မင္းမဟုတ္ရင္ ဘယ္သူလဲ?"
ယူေရွာင္းမိုႏႈတ္ခမ္းမ်ားတြန႔္သြား၏၊ ေျပာခဲ့တဲ့သူ
က ေသခ်ာေပါက္ကိုယူေရွာင္းမိုျဖစ္ေနသလိုမ်ိဳး
သူကေျပာေနတာပဲ။ ဒီစကားဝိုင္းမွာ
သူတို႔ႏွစ္ေယာက္ၾကား စိတ္အသက္အရြယ္
ကြားျခားမႈႀကီးရိွေနတယ္။ သူကအိုေနၿပီလို႔
ခံစားလိုက္ရတယ္။
"မင္းငါ့ကိုေမးရင္ေတာင္ ငါသိမွာမဟုတ္ဘူး"
အန္းေခ်ာင္က သူ႔ကိုသကၤာမကင္းစိုက္ၾကၫ့္
လိုက္၏၊ "ေျပာလိုက္တဲ့လူက မင္းေဘးနားက
တစ္ေယာက္ေယာက္ပဲ၊ မင္းမသိဘူးဆိုတာ
ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ? အဲ့ဒီ့လူအတြက္
ဖံုးေပးဖို႔ႀကိဳးစားေနတာလား? သူတို႔က
မင္းသူငယ္ခ်င္းလား?"
ယူေရွာင္းမိုက ေလးေလးနက္နက္ျပန္ေျဖလိုက္သည္၊
"ေဆာရီးပဲ၊ ငါကတစ္ေယာက္ထဲလာတာ။
သူငယ္ခ်င္းေတြဘာဘာေတြကေတာ့ မင္း
စိတ္ေဖာက္ေနတာျဖစ္မယ္လို႔ ငါထင္တယ္။
ငါ့မွာရိွခဲ့ရင္ေတာင္မွ သူကအျပင္ဘက္မွာ
ျဖစ္ၿပီးေတာ့ ဝင္လာလို႔မရဘူး"
"Pfft......" သူမကရယ္စရာတစ္ခုခုၾကားလိုက္ရ
သလိုပဲ အန္းေခ်ာင္နဲ႔ျငင္းခံုေနခဲ့တဲ့ ေကာင္မေလးက
ရုတ္တရက္ ရယ္လိုက္၏။
အန္းေခ်ာင္က မ်က္ႏွာနီသြားၿပီး
ယူေရွာင္းမိုကို ရွက္ရြံ႔ေဒါသထြက္စြာ
စိုက္ၾကၫ့္လိုက္တယ္။
ယူေရွာင္းမိုက ကိစၥေတြကိုရွင္းရွင္းလင္းလင္းပဲ
ျဖစ္ခ်င္တယ္၊ ဒီတစ္ေခါက္ သူကအျပစ္မရိွတဲ့
ေဘးလူသက္သက္ပဲ။ သူကဘယ္သူ႔ကိုမွ
ရန္မစခဲ့ဘူး၊ ဒါေပမယ့္သူကမွတ္ထားခံရေတာ့မယ့္
ပံုေပၚတယ္။
ထိုအခ်ိန္မွာပဲ ဒုတိယေျမာက္စမ္းသပ္မႈ
အဆင့္အတြက္တာဝန္က်တဲ့ နည္းျပဆရာက
ေရာက္ရိွလာေတာ့သည္။
လူတိုင္းက တိတ္ဆိတ္သြားၿပီးေတာ့
အန္းေခ်ာင္ကလဲ မလႈပ္ရွားရဲေတာ့ေပ၊ သူ႔
သူငယ္ခ်င္းအုပ္စုဆီျပန္မသြားခင္ ယူေရွာင္းမိုကို
ေနာက္တစ္ေခါက္စိုက္ၾကၫ့္သြား၏။
ဒုတိယေျမာက္စမ္းသပ္မႈက ဝိဉာဉ္ကိုစမ္းသပ္ျခင္း
ျဖစ္သည္။ ေမွာ္ဆရာမ်ားအတြက္ မင္းရဲ့ဝိဉာဉ္က
ပိုေကာင္းေလေလ၊ မင္းရဲ့စြမ္းရည္ပိုေကာင္းေလေလ
ျဖစ္ၿပီး ပိုမိုေကာင္းမြန္တဲ့အနာဂတ္ကိုရႏိုင္မည္
ျဖစ္၏။ သို႔ေသာ္ျငားလည္း သားရဲသ႑ာန္ေျပာင္းလဲ
ျခင္းအဖဲြ႔အစည္းကလူေတြအတြက္ကေတာ့
သားရဲအသြင္ေျပာင္းျခင္းမွာေတာ္ေစတာက
ဝိဉာဉ္တစ္မ်ိဳးတည္းမဟုတ္ေပ။
ဥပမာအားျဖင့္ အခ်ိဳ႕ေသာအဆင့္နိမ့္ေမွာ္ဆရာမ်ားမွာ
ေဆးလံုးသန႔္စင္ျခင္းတြင္ မေတာ္ေသာ္လည္း
သူတို႔တြင္ နတ္ဆိုးသားရဲမ်ားကိုခ်ဉ္းကပ္ႏိုင္သၫ့္
ပင္ကိုယ္ပါရမီရိွလ်ွင္ အထူးစြမ္းအားႀကီးသၫ့္
သားရဲမ်ားႏွင့္ ဆက္ႏြယ္စာခ်ဳပ္မခ်ဳပ္ႏိုင္ရင္ေတာင္မွ
စြမ္းအားႀကီးေသာသားရဲအသြင္ေျပာင္းသူ
တစ္ေယာက္ျဖစ္လာႏိုင္ရန္ စြမ္းရည္ရိွေလသည္။
သို႔ေသာ္လည္း သားရဲအသြင္ေျပာင္းသူတစ္ေယာက္
ျဖစ္လာရန္ မင္းရဲ့ဝိဉာဉ္အားကို ေကာင္းေကာင္း
ထိန္းခ်ဳပ္တတ္ရမည္ျဖစ္၏။
ယူေရွာင္းမိုက တတိယေျမာက္အဆင့္တြင္
ဝိဉာဉ္အားထိန္းခ်ဳပ္ၿပီး တစ္ခုခုလုပ္ရမည္ကို
သိေသာ္လည္း ဘာပါဝင္လဲဆိုတာေတာ့
တိတိက်က်မသိေပ။
နည္းျပဆရာမ်ားက သူတို႔ကိုတန္းစီခိုင္းထား
ၿပီးေနာက္ သူ႔ေနာက္ရိွအခန္းထဲသို႔ တစ္ေယာက္ၿပီး
တစ္ေယာက္ဝင္ခိုင္း၏။
ယူေရွာင္းမိုက အတိုဆံုးအတန္းတြင္ စီလိုက္သည္။
သူ႔ေရ႔ွတြင္အမ်ားဆံုးမွအေယာက္ႏွစ္ဆယ္ပဲရိွတာ
ေၾကာင့္ သူ႔အလွၫ့္ေရာက္ဖို႔သိပ္မၾကာေခ်။
သူက ပ်င္းပ်င္းနဲ႔ေဘးပတ္လည္ကို ၾကၫ့္လိုက္ရင္း
အေစာက လူငယ္ကသူ႔ေဘးကတန္းမွာရိွေနၿပီး
ေကာင္မေလးကေတာ့ ထိုလူငယ္ရဲ့ေဘးက
အတန္းမွာရိွေနတယ္ဆိုတာ ေတြ့လိုက္ရသည္။
သူတို႔အၾကၫ့္ေတြက မီးပြားေတြထြက္လာတဲ့အထိ
သူတို႔ကမဝင္ၾကေသးေခ်။ ထိုႏွစ္ေယာက္က
အခ်ိန္အတူတူေလာက္ပင္ အခန္းထဲသို႔
ဝင္သြားၾက၏။ ႏွစ္မိနစ္ၾကာၿပီးေနာက္တြင္
ထိုႏွစ္ေယာက္ကထြက္မလာခဲ့ၾကေပ၊ သို႔ေသာ္
သူတို႔ေနာက္ကလူမ်ားကေတာ့ ဝင္သြားႏွင့္ၾကၿပီ
ျဖစ္သည္။
သူ႔ရဲ့စိတ္လြင့္ေနမႈေၾကာင့္ နည္းျပဆရာက
အခန္းထဲကေနထြက္မလာခင္ထိ ယူေရွာင္းမိုက
သူ႔အလွၫ့္မွန္း မသိခဲ့ေပ၊ သူကထိုေနရာမွာ
ရပ္ေနေသးတာကိုေတြ့ေတာ့ နည္းျပဆရာက
ေပါက္ကဲြေတာ့မလိုျဖစ္သြား၏။
"အဲ့မွာေၾကာင္ေတာင္ေတာင္နဲ႔ရပ္ၿပီး
ဘာလုပ္ေနတာလဲ?
စမ္းေရာစမ္းသပ္ခံခ်င္ေသးလား?"
ယူေရွာင္းမိုက ခၽြေးျပန္သြား၏၊ သူက
ျမန္ျမန္ပင္ဝင္သြားေတာ့သည္။
အခန္းက ေမွာ္ဆရာအစည္းအရံုးကတံဆိပ္ေလ်ွာက္
ထားရတဲ့အခန္းလိုပဲ ရိုးရွင္းၿပီး
အၾကမ္းထည္ဆန္၏။ အလယ္ေခါင္တြင္
သလင္းေက်ာက္တစ္ခုရိွၿပီး ထိုသလင္းေက်ာက္မွာ
ႏို႔နစ္ေရာင္ျဖစ္သည္။ ဘယ္ကိုဦးတည္ထားမွန္း
မသိရသၫ့္ တံခါးတစ္ခ်ပ္လဲ ရိွေနသည္။
ဟိုႏွစ္ေယာက္က ထိုအျခားတံခါးေပါက္ကေန
ထြက္သြားတာျဖစ္မယ္လို႔ ယူေရွာင္းမို
ေတြးမိသြားသည္။
သူအေစာတုန္းက ေဝ့လည္ေၾကာင္ပတ္လုပ္ေနခဲ့တာ
ကို နည္းျပဆရာကစိတ္ဆိုးေနပံုေပၚကာ
သူ႔ကို ေထြေထြထူးထူးလုပ္မေနဘဲေျပာသည္၊
"မင္းလက္ကိုသလင္းေက်ာက္ေပၚ ထားၿပီး
ဝိဉာဉ္အားကိုထၫ့္လိုက္"
ယူေရွာင္းမိုက သူ႔ၫႊန္ၾကားခ်က္အတိုင္း
တိတ္တိတ္ဆိတ္ဆိတ္ လိုက္လုပ္၏။
သလင္းေက်ာက္ကေတာ္ေတာ္ေလးေအးသည္။
သူ႔လက္ကို မ်က္ႏွာျပင္ေပၚတင္လိုက္တဲ့အခါ
ေအးစိမ့္မႈတစ္ခုဝင္ေရာက္လာတာကို ခံစားရတယ္၊
ဒီခံစားခ်က္က သူပထမဆံုးစမ္းသပ္ခဲ့တုန္းကနဲ႔
အတူတူပဲ။
ယူေရွာင္းမိုက လင္းေရွာင္သူ႔ကိုေျပာျပခဲ့တဲ့ဟာကို
မွတ္မိသြားသည္၊ သက္တန႔္ေရာင္ဝိဉာဉ္ေတြမွာလဲ
အဆင့္ေတြရိွတယ္။ အရင္ကေက်ာက္တံုးက
သူဝိဉာဉ္ဟာသက္တန႔္ေရာင္ျဖစ္တယ္ဆိုတာကို
ေဖာ္ျပႏိုင္ခဲ့ေပမယ့္ ပိုတိက်တဲ့အခ်က္ကိုေပးႏိုင္
ရေလာက္ေအာင္ ေက်ာက္တံုးကအဆင့္မမွီေပ။
ဒီတစ္ေခါက္ေတာ့ စမ္းသပ္လို႔ရႏိုင္မလားဆိုတာ
ဘယ္သူသိမွာလဲ။ ထံုထ်န္းတိုက္မႀကီးရဲ့ဝိဉာဉ္
တိုင္းတာျခင္းေက်ာက္တံုးေတြကသာလ်ွင္
သူ႔ကို ပိုတိက်တဲ့ရလဒ္တစ္ခုထုတ္ေပးႏိုင္တယ္လို႔
လင္းေရွာင္ကေျပာဖူးတယ္။
ဒါကိုေတြးမိေတာ့ ယူေရွာင္းမိုကမေမ်ွာ္လင့္ဘဲ
မေနႏိုင္ဘူး။ အဲ့ဒီ့ေနာက္ သူ႔ဝိဉာဉ္အားကို
ထုတ္လိုက္ၿပီး သူ႔လက္ေခ်ာင္းထိပ္မ်ားမွတဆင့္
ေက်ာက္တံုးထဲသို႔ ထၫ့္လိုက္ေတာ့သည္။
တစ္ခဏမ်ွၾကာၿပီးတဲ့ေနာက္မွာ ေက်ာက္တံုးကေန
အလြန္ႀကီးမားတဲ့အလင္းတစ္ခုထြက္ေပၚလာ၏။
၄က အရင္ကလိုပဲ အိပ္မက္ေတြရဲ့အေရာင္
ျဖစ္သည္။
ဒါကိုျမင္ေတာ့ ယူေရွာင္းမိုက ခ်က္ခ်င္းပင္
စိတ္ပ်က္သြားေတာ့သည္၊ ထံုထ်န္းတိုက္မႀကီးရဲ့
တိုင္းတာျခင္းေက်ာက္တံုးေတြက သူ႔ဝိဉာဉ္အဆင့္
ကို ေဖာ္ျပႏိုင္တယ္လို႔ လင္းေရွာင္မေျပာခဲ့ဘူးလား?
ဒါက ဘယ္လိုလုပ္ၿပီးအလုပ္မျဖစ္တာလဲ?
ယူေရွာင္းမိုကသူ႔ေဘးကနည္းျပဆရာဆီကို
လွမ္းၾကၫ့္လိုက္ၿပီး ေနာက္လူက ေက်ာက္တံုးကို
အံ့အားသင့္စြာစိုက္ၾကၫ့္ေနတာကိုျမင္လိုက္ရတယ္။
သူကိုင္ထားတဲ့ ေက်ာက္စိမ္းျပားက ေျမေပၚက်ေန
တာကိုေတာင္ သူသတိမျပဳမိဘူး။
ခဏၾကာၿပီးတဲ့ေနာက္ နည္းျပဆရာက ရုတ္တရက္
ဝွီးကနဲမတ္တပ္ရပ္လိုက္ၿပီး ေျခလွမ္းက်ယ္က်ယ္
အနဲငယ္လွမ္းၿပီး ယူေရွာင္းမိုေရ႔ွသို႔ ေရာက္လာ
သည္။ သူက ယူေရွာင္းမိုကိုမ်က္လံုးျပဴးႀကီးမ်ားနဲ႔
အထက္ေအာက္ၾကၫ့္လိုက္သည္၊ ယူေရွာင္းမိုက
ထခုန္မိသြား၏။
"နည္း....နည္းျပ၊ ျပႆနာရိွလို႔လား?"
ယူေရွာင္းမိုက ကိုးယို႔ကားယားေမးလိုက္သည္။
နည္းျပဆရာက ရုတ္တရက္ႃပံုးၿဖဲျဖဲလုပ္လိုက္ၿပီး
ေဖာ္ေဖာ္ေရြေရြႃပံုးေန၏။ သူက
တိုးတိုးသာသာေမးလိုက္သည္၊
"မင္းနာမည္ဘယ္လိုေခၚလဲ?"
ယူေရွာင္းမိုက ေျခာက္ကပ္ကပ္ရယ္လိုက္တယ္၊
"ယူေရွာင္း....ဟာ!"
နည္းျပဆရာက ခ်က္ခ်င္းပင္ေခါင္းညိမ့္လိုက္ၿပီး၊
"အရမ္းေတာ္တယ္၊ မင္းကဒုတိယအဆင့္ကို
ေအာင္ျမင္သြားၿပီ၊ ဒါေပမယ့္ မင္းအေျခအေနက
နဲနဲေလးထူျခားေတာ့ ဒုတိယတစ္ႀကိမ္
ထပ္အစစ္ေဆးခံရအံုးမယ္"
ယူေရွာင္းမိုက နားမလည္ႏိုင္ေပ၊ "နည္းျပ၊
ကၽြန္ေတာ္ေအာင္သြားၿပီဆို? ဘာလို႔
ေနာက္တစ္ေခါက္ထပ္အစစ္ခံရမွာလဲ?"
နည္းျပဆရာက စိတ္ရွည္လက္ရွည္ရွင္းျပ၏၊
"စိတ္မပူပါနဲ႔၊ ဒုတိယတစ္ႀကိမ္စစ္ေဆးမႈက
ဒီစမ္းသပ္မႈရဲ့ရလဒ္ကို မသက္ေရာက္ပါဘူး၊
အဲ့တာက မင္းရဲ့အစစ္အမွန္အဆင့္ကို
တိုင္းတာဖို႔ပဲ"
ယူေရွာင္းမိုက သူေျပာေနတာကို
နားလည္သြားေတာ့၏။
နည္းျပဆရာက သူ႔ကိုတံခါးေသးေသးေလးဆီ
ၾကၫ့္ရန္ၫႊန္ျပလိုက္သည္၊ "အဲ့ဒီ့တံခါးေလးကို
ျမင္လား? ဝင္သြားၿပီးရင္ သေကၤတေတြအတိုင္း
ဆက္ေလ်ွာက္သြား၊ ၿပီးရင္ခုနကစမ္းသပ္ၿပီးထား
တဲ့ လူတစ္ခ်ိဳ႕ကိုေတြ့လိမ့္မယ္။ ေနာက္တစ္ႀကိမ္
ထပ္အစမ္းသပ္ခံဖို႔ သူတို႔နဲ႔အတူတူေစာင့္ေနလိုက္"
ယူေရွာင္းမိုက နည္းျပဆရာကိုႏႈတ္ဆက္ခဲ့လိုက္၏။
တံခါးပိတ္သြားၿပီးတဲ့ေနာက္ နည္းျပဆရာက
ရုတ္တရက္သက္ျပင္းခ်လိုက္သည္၊
"သူဘယ္အဆင့္မ်ားရိွပါလိမ့္၊ အဲ့ဒီဒဏၰာရီလာ
အဆင့္က ေပၚထြက္မလာခဲ့တာေတာ္ေတာ္ၾကာေနၿပီ"
ယူေရွာင္းမိုက နံရံမွတဲြေလာင္းက်ေနေသာ
ေတာက္ပပုလဲမ်ားရိွေနသၫ့္ စႀကၤံရွည္တစ္ခုကို
ေတြ့လိုက္ရသည္။ တံခါးငယ္ေလးမ်ားမွ
ျဖတ္ဝင္လာသၫ့္သူတို႔အလင္းေရာင္က စႀကၤံကို
အျဖဴေရာင္ျဖစ္ေနေစသည္။ ေလးငါးခါေလာက္
ေကြ့ပတ္သြားၿပီးတဲ့အခါမွာ
အနီေရာင္ပိတ္စနဲ႔ဖံုးထားတဲ့
ေက်ာက္တံုးမုခ္ခံုးတစ္ခုရိွေနတဲ့ လမ္းဆံုးကို
ေရာက္သြားေတာ့သည္။
သူကပိတ္စကိုေဘးတြန္းလိုက္ၿပီး အထဲဝင္သြား
တဲ့အခါ လူတိုင္းကသူလာေနတာၾကားလိုက္ၿပီး
လွၫ့္ၾကၫ့္လိုက္ၾက၏။
"မင္းပဲ!" ေနာက္လူကိုေတြ့ေတာ့ အန္းေခ်ာင္
မ်က္လံုးမ်ားက ျပဴးက်ယ္သြားေတာ့သည္။
ဒီလူက ဒီေနရာကိုလာႏိုင္တယ္ဆိုေတာ့
သူ႔ဝိဉာဉ္ကအဲ့ဒီ့ ထူးျခားတဲ့အဆင့္ထဲကပဲလား?
ယူေရွာင္းမိုက ပတ္ပတ္လည္ကိုၾကၫ့္လိုက္တယ္၊
စုစုေပါင္းလူခုနစ္ေယာက္ရိွေန၏။
ဒီေနရာမွာရိွေနတဲ့လူတိုင္းက သက္တန႔္ေရာင္ဝိဉာဉ္
ေတြရိွတယ္လို႔ ဆိုလိုတာလား?
အဲ့တာက ဒီလိုပဲထင္ရတယ္၊ ဒါေပမယ့္ သူတို႔
သံုးေယာက္ကေတာ့မတူဘူး။ အန္းေခ်ာင္၊
က်န္းလန္ယီြနဲ႔ ေကာင္မေလးက သူ႔ကိုထိတ္လန႔္
တုန္လႈပ္စြာ ၾကၫ့္ေနၾကတယ္။ သူတို႔ဒီကိုလာႏိုင္
ခဲ့တာက သူတို႔ဝိဉာဉ္ကသက္တန႔္ေရာင္ျဖစ္ေနလို႔
မဟုတ္ဘဲ သူတို႔မွာ ထူးျခားတဲ့အဆင့္အတန္းရိွ၍
ျဖစ္သည္။
ဘယ္လိုပဲေနေန၊ ခုနစ္ေယာက္ပဲျဖစ္ျဖစ္
ေလးေယာက္ပဲျဖစ္ျဖစ္၊
ဒါကအံ့ဩစရာေကာင္းတုန္းပဲ။
သူကလံုရွန္းတိုက္မႀကီးမွာ တစ္ေယာက္တည္းေသာ
သူျဖစ္ခဲ့သည္၊ သို႔ေသာ္ ထံုထ်န္းတိုက္မႀကီး၌
တစ္ခါတည္းနဲ႔ေလးေယာက္ေပၚထြက္လာ၏။
ဒါကအမွန္တကယ္ပဲ အဆင့္ျမင့္နယ္ေျမတစ္ခု
ျဖစ္ေပသည္။ ဘယ္ေလာက္ေတာင္
မဂၤလာရိွလိုက္တဲ့နယ္ေျမလဲ။
"ၾကၫ့္ရတာ နင္ကငါတို႔နဲ႔အတူတူပဲထင္တယ္၊
နင့္ကိုဘယ္လိုေခၚရမလဲ?"
သိမ္ေမြ့ၿပီးမိန္းမဆန္တဲ့အသံတစ္ခုလြင့္ေမ်ာလာ
တဲ့အခါ ယူေရွာင္းမိုကသူ႔ကိုယ္ပိုင္ကမ႓ာထဲတြင္
ရိွေန၏။ သူ႔ေနာက္ကိုလွၫ့္ၾကၫ့္လိုက္ေတာ့
ႃပံုးေနတဲ့သိမ္ေမြ့ပံုေပၚတဲ့အမ်ိဳးသမီးတစ္ေယာက္
ကိုေတြ့လိုက္ရသည္။
ဤပုဂၢိုလ္မွာ ဝမ္ယပင္။
သူမကသူ႔ကိုစကားလာေျပာတာေၾကာင့္
သူကအံ့ဩသြား၏၊ ဒါေပမယ့္လည္း သူက
ယဉ္ယဉ္ေက်းေက်းပဲ ျပန္ေျဖလိုက္သည္၊
"ငါ့နာမည္က ယူေရွာင္းဟာပါ၊ ေတြ့ရတာဝမ္းသာ
ပါတယ္"
ဝမ္ယမ်က္လံုးမ်ားတြင္ အလင္းေရာင္တစ္ခ်က္
ျဖတ္ေျပးသြား၏။
သူမတင္မဟုတ္ေပ။ နံရံကိုတိတ္တိတ္ဆိတ္ဆိတ္
မွီေနတဲ့ က်ဳံးယဲ့ကလဲ ရုတ္တရက္
မ်က္လံုးပြင့္လာၿပီး ယူေရွာင္းဟာဆိုသူကို
ၾကၫ့္လိုက္၏။
အန္းေခ်ာင္က ေလ်ွာက္လာၿပီး သူ႔ကိုအထက္ေအာက္
ၾကၫ့္ေနရင္း၊ "ဒါဆိုမင္းကအဲ့ဒီ့ယူေရွာင္းဟာေပါ့!"
သူ႔အသံကမႏွစ္ၿမိဳ႔ပံုေပါက္ေနတာေၾကာင့္
ယူေရွာင္းမိုက စိတ္ရႈပ္သြားေတာ့၏။
ဒီေကာင္ကသူ႔ကိုသိေနခဲ့တယ္လား? ဒါေပမယ့္သူက
သူတို႔ကိုတစ္ခါမွမေတြ့ဖူးဘူး၊ ဒီလိုမွမဟုတ္ရင္
သူ႔မွာ သူတို႔အေပၚအျမင္တစ္ခ်ိဳ႕ရိွေပလိမ့္မည္။
သူတို႔အသြင္အျပင္က ေတာ္ေတာ္ေလးထူးျခားသည္
ေလ။
"ေမွာ္ဆရာအစည္းအရံုးကခ်မွတ္ထားတဲ့ စံခ်ိန္ကို
ခ်ိဳးသြားတဲ့သူက မင္းမလား?"
အန္းေခ်ာင္က ေဒါသထြက္သြား၏။
"စံခ်ိန္?" ယူေရွာင္းမိုက လန႔္သြား၏။
စစ္ေဆးသူက သူ႔ကိုအဲ့အေၾကာင္းမေျပာခဲ့ဘူး။
သူက နားမလည္ေသးတာကိုျမင္ေတာ့
ဝမ္ယကႃပံုးလိုက္ၿပီး ရွင္းျပ၏၊
"စမ္းသပ္ေက်ာက္ျပားေပၚက အမွတ္ေတြက
သူတို႔ရဲ့ပထမဆံုးစမ္းသပ္မႈကိုလုပ္ခဲ့ၾကတဲ့လူေတြ
ခ်န္ထားခဲ့တာေတြပဲ။ အဲ့ဟာမွာ ရွည္လ်ားတဲ့
သမိုင္းေၾကာင္းရိွတယ္။ မေန့တုန္းက
အဲ့မွာရိွေနခဲ့တဲ့စံခ်ိန္ကို နင္ခ်ိဳးခဲ့တာ"
ယူေရွာင္းမိုက ဘာေျပာရမလဲမသိေတာ့ေခ်။
ဒါဆိုသူက မသိလိုက္ဘဲနဲ႔တစ္ေယာက္ေယာက္ရဲ့
စံခ်ိန္ကိုခ်ိဳးခဲ့တာေပါ့။
ဒီလူေတြသူ႔ကိုမွတ္ထားေနတာ မဆန္းေတာ့ဘူး၊
သူကစံခ်ိန္ခ်ိဳးႏိုင္ခဲ့ၿပီး သူတို႔ကမခ်ိဳးႏိုင္လို႔မ်ားလား?
သူခန႔္မွန္းတာမွန္တယ္လို႔ ခံစားေနရတယ္!
ေဟး!
__________