The Legendary Master's Wife [...

By melon_rays

1.3M 243K 9.6K

Original Author- Yin Ya English Translators- Exiled Rebels Scanlations [Chapter(400)- (590)] (If you want t... More

Chapter-400
Chapter-401
Chapter-402
Chapter-403
Chapter-404
Chapter-405
Chapter-406
Chapter-407
Chapter-408
Chapter-409
Chapter-410
Chapter-411
Chapter-412
Chapter-413
Chapter-415
Chapter-416
Chapter-417
Chapter-418
Chapter-419
Chapter-420
Chapter-421
Chapter-422
Chapter-423
Chapter-424
Chapter-425
Chapter-426
Chapter-427
Chapter-428
Chapter-429
Chapter-430⚠️
Chapter-431
Chapter-432
Chapter-433
Chapter-434
Chapter-435
Chapter-436
Chapter-437
Chapter-438
Chapter-439
Chapter-440
Chapter-441
Chapter-442
Chapter-443
Chapter-444
Chapter-445
Chapter-446
Chapter-447
Chapter-448⚠️
Chapter-449
Chapter-450
Chapter-451
Chapter-452
Chapter-453
Chapter-454
Chapter-455
Chapter-456
Chapter-457
Chapter-458
Chapter-459
Chapter-460
Chapter-461
Chapter-462
Chapter-463
Chapter-464
Chapter-465
Chapter-466
Chapter-467
Chapter-468
Chapter-469
Chapter-470
Chapter-471
Chapter-472
Chapter-473
Chapter-474
Chapter-475
Chapter-476
Chapter-477
Chapter-478
Chapter-479
Chapter-480
Chapter-481
Chapter-482
Chapter-483
Chapter-484
Chapter-485
Chapter-486
Chapter-487
Chapter-488
Chapter-489
Chapter-490
Chapter-491
Chapter-492
Chapter-493
Chapter-494
Chapter-495
Chapter-496
Chapter-497
Chapter-498
Chapter-499
Chapter-500
Chapter-501
Chapter-502
Chapter-503
Chapter-504
Chapter-505
Chapter-506
Chapter-507
Chapter-508
Chapter-509
Chapter-510
Chapter-511(Unicode)
Chapter-511(Zawgyi)
Chapter-512
Chapter-513(part-1)
Chapter-513(part-2)
Chapter-514
Chapter-515
Chapter-516
Chapter-517
Chapter-518
Chapter-519
Chapter-520
Chapter-521
Chapter-522
Chapter-523
Chapter-524
Chapter-525
Chapter-526
Chapter-527
Chapter-528
Chapter-529
Chapter-530
Chapter-531
Chapter-532
Chapter-533
Chapter-534(part-1)
Chapter-534(part-2)
Chapter-535
Chapter-536
Chapter-537
Chapter-538
Chapter-539
Chapter-540
Chapter-541
Chapter-542
Chapter-543
Chapter-544
Chapter-545
Chapter-546
Chapter-547
Chapter-548
Chapter-549
Chapter-550
Chapter-551
Chapter-552
Chapter-553
Chapter-554
Chapter-555
Chapter-556
Chapter-557
Chapter-558
Chapter-559
Chapter-560
Chapter-561
Chapter-562
Chapter-563
Chapter-564
Chapter-565
Chapter-566
Chapter-567
Chapter-568
Chapter-569
Chapter-570
Chapter-571
Chapter-572
Chapter-573
Chapter-574
Chapter-575
Chapter-576
Chapter-577
Chapter-578
Chapter-579
Chapter-580
Chapter-581
Chapter-582
Chapter-583
Chapter-584
Chapter-585
Chapter-586
Chapter-587
Chapter-588
Chapter-589
Chapter-590
Book ခဲြျခင္း / Book ခွဲခြင်း

Chapter-414

7.2K 1.3K 5
By melon_rays

Unicode
အပိုင်း၄၁၄-ထောက်ခံကတ်ပြား

"နန်ရှန်းက သွေးစွေးနီကလန်ရဲ့စစ်ပွဲနတ်ဘုရား
လေးပါးထဲကတစ်ယောက်ပဲ၊ သူ့ကိုယူထျန်းနန်လို့
ခေါ်ပြီး တောင်ပိုင်းစစ်တပ်ကိုထိန်းချုပ်တယ်၊
သူ့စစ်တပ်က သွေးစွေးနီကလန်အတွက်
နေရာတိုင်းကိုကင်းထောက်ပေးတာဖြစ်ပြီး
အောင်မြင်မှုတွေအများကြီးရထားတယ်၊
ဆိုမှပဲ အခြားသတင်းတစ်ခုလဲရှိသေးတယ်၊
စစ်ပွဲနတ်ဘုရားလေးပါးရဲ့တုံရှန်းက ဘယ်သူမှန်း
မသိရတဲ့လူတစ်ယောက်ရဲ့လက်ထဲမှာ
သေသွားတယ်တဲ့၊ သူ့နေရာကို တစ်ခြားတစ်ယောက်
နဲ့အစားထိုးပြီးသွားပြီ"

"ရှုန်းတကော၊ ကျွန်တော်တို့ဒီကိစ္စအကြောင်း
သိလို့ရနိုင်၊မရနိုင် အရင်ပြောပါလား"
ယူရှောင်းမိုက သူ့စကားကိုကြားဖြတ်လိုက်ရသည့်
အတွက်ရှက်သွားသည်။

"တောင်းပန်ပါတယ်၊ငါ့ပင်ကိုယ်စရိုက်ကအဲ့လိုပဲ၊
ဒီကိစ္စတွေပြောပြီဆိုရင် ကရားရေလွှတ်ဖြစ်သွား
တော့တာပဲ" ရှုန်းရှောင်က ရှက်ရှက်နဲ့ရယ်လိုက်သည်၊
ထို့နောက်သူကခိုင်မာစွာပြောလိုက်သည်၊
"မင်းပြောတဲ့ဟာကို စုံစမ်းလို့မရတာတော့
မဟုတ်ဘူး၊ အရမ်းခက်ခဲလွန်းတော့ အချိန်တစ်ချို့
တော့ကြာလိမ့်မယ်"

"ဘယ်လောက်ကြာမှာလဲ?" လင်းရှောင်ကမေးသည်။

ရှုန်းရှောင်က လက်ချောင်းတစ်ချောင်း
မြှောက်လိုက်ပြီး "အကြမ်းဖျင်း အနဲဆုံးသုံးလပဲ"

"အဲ့လောက်ကြာတယ်?" ယူရှောင်းမိုကပြောလိုက်၏၊

ရှုန်းရှောင်ကဆို၏၊ "ဒီအချိန်က တိုတောင်းအောင်
စဉ်းစားထားတာပဲ၊ လွန်ခဲ့တဲ့နှစ်အနဲငယ်တုန်းက
သွေးစွေးနီကလန်က ကလန်တွင်းသုတ်သင်ရှင်းလင်း
မှုတစ်ခုကို ရုတ်တရက်လုပ်ခဲ့တယ်၊ အတိအကျပြော
ရရင် အဓိကမိသားစုကိုဦးတည်တာပဲ၊ ချန်မဟာမိတ်
ရဲ့သူလျှိုတွေက အထုတ်ဖော်ခံလိုက်ရတာဖြစ်ဖြစ်
ကြုံရာအကြောင်းပြချက်တစ်ခုကြောင့်
အဝေးကိုပဲဖြစ်ဖြစ် ပို့ခံလိုက်ရတယ်၊ ဒါ့ကြောင့်အခု
သွေးစွေးနီကလန်အကြောင်း သတင်းရချင်ရင်
အရင်ကထက် သုံးလေးဆလောက်ခက်သွားတယ်"

ယူရှောင်းမိုက ထိုအချက်ကိုသိသည်၊ သူလျှိုများ
မရှိတော့လျှင် အသစ်များအစားထိုးထည့်ရမှာ
ဖြစ်ပြီး ထိုအရာမှာအချိန်အကြာကြီးလိုသည့်
အလွန်ခက်ခဲသောအလုပ်ဖြစ်၏၊
"ရှုန်းတကော၊ ဒါကအရမ်းကြာအုံးမှာဆိုတော့
တလက်စတည်း လူနှစ်ယောက်အကြောင်း
ကျွန်တော့်ကို ကူစုံစမ်းပေးပါလား?"

"ရတယ်လေ၊ ဘယ်သူတွေလဲ?"

"တစ်ယောက်က ယင်းကောလို့ခေါ်ပြီး
နောက်တစ်ယောက်က ကျန့်ယွီရွှမ်းလို့ခေါ်တယ်"

ရှုန်းရှောင်က ချီတုံချတုံဖြစ်ရင်း ရေရွတ်လိုက်သည်၊
"သူတို့နာမည်အပြင် တစ်ခြားထူးခြားတဲ့ပုံစံတွေ
ရှိသေးလား?"

"ရှိတယ်၊ ယင်းကောမှာ ငွေရောင်တောက်တောက်
ဆံပင်တွေရှိတယ်၊ ကျန့်ယွီရွှမ်းက ဆံပင်အနက်ရောင်
ရှိတယ်၊ တစ်ယောက်ကအေးစက်ပြီး
နောက်တစ်ယောက်က သိမ်မွေ့တယ်၊ သူတို့က
မှတ်မိဖို့ အရမ်းလွယ်တယ်"

ရှုန်းရှောင်ကပြုံးရင်း "ဒီလိုထင်ရှားတဲ့အသွင်တွေနဲ့
ဆိုရင် ကိုင်တွယ်ရပိုလွယ်လိမ့်မယ်၊ ဒါပေမယ့်
ငါကစီးပွားရေးသမားတစ်ယောက်ပဲ၊ ငါတို့က
မိတ်ဆွေတွေဖြစ်နေရင်တောင်မှ အလကားတော့
မကူညီနိုင်ဘူး"

ယူရှောင်းမိုကလဲ ဤကဲ့သို့စျေးပေါပေါရသည့်
ကိစ္စမရှိကြောင်းသိလေသည်၊ သူကချက်ချင်း
ပြောလိုက်သည်၊ "ကောင်းပြီလေ၊ ဘယ်လို
အခကျေးငွေလိုချင်လဲ? သတ္တုစားသားရဲနဲ့
ဒြပ်စင်အဆီအနှစ်အကြောင်းကတော့ မေ့ထား
လိုက်ပါ"

ရှုန်းရှောင်က အော်ရယ်မိသွားသည်၊
"မင်းပြောတာက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ၊
တစ်ခြားသူတစ်ယောက်ရဲ့အခက်အခဲကို
အခွင့်ကောင်းယူတာမျိုး ငါမလုပ်တတ်တာမလို့
စိတ်ချလို့ရပါတယ်၊ ဒုတိယသတင်းအတွက်က
လက်ဆောင်လို့သဘောထားလိုက်ပါ၊ ပထမသတင်း
အတွက်ကတော့ အခက်အခဲကြီးတာကြောင့်
ချန်မဟာမိတ်က စွမ်းအင်ကျောက်တုံးတွေကို
ပေးချေမှုအဖြစ်လက်ခံမှာမဟုတ်ဘူး၊ အဲ့ဒီအစား
တန်ဖိုးရှိတာတစ်ခုခုနဲ့ သတင်းကိုလဲလှယ်လို့ရမယ်၊
ပစ္စည်းတန်ဖိုးကမလုံလောက်ဘူးဆိုရင်
စွမ်းအင်ကျောက်တုံးထပ်ပေါင်းပေးလို့ရမယ်"

ယူရှောင်းမိုက ကြောင်အအစိုက်ကြည့်နေတယ်၊
သူ့နယ်မြေထဲမှာ ရတနာများစွာရှိပြီး အများစုက
ထုတ်လို့မရပေ။

လင်းရှောင်ကမှီလိုက်ပြီး သူ့နားနားကိုတိုးတိုးပြော
လိုက်သည်၊

ယူရှောင်းမိုကမျက်လုံးများတောက်သွားသည်၊
"အိုး ဟုတ်သားပဲ၊ အဲ့ဒီ့ပစ္စည်းရှိတာပဲ"

ပြောရင်းနဲ့ သူ့နယ်မြေထဲမှာ မသုံးရသေးဘဲ
ကျန်နေတဲ့ ရေခဲပန်းပုသေးတစ်ခုကိုထုတ်လိုက်ပြီး
ရှုန်းရှောင်ကိုပေးလိုက်သည်၊
"ဒီဟာဆိုရလား?"

ရှုန်းရှောင်က ချက်ချင်းလက်ခံလိုက်ပြီး ထိုအရာမှ
အေးစက်မှုတစ်ခုခံစားလိုက်ရသည်၊
သူကတစ်ခဏမျှအံ့အားသင့်သွား၏၊
"ဒီဟာကနေ စိတ်ဝိဉာဉ်အရည်သန့်စင်လို့ရတယ်၊
မင်းမှာဘယ်လောက်များများရှိလဲ?"

ယူရှောင်းမို-"ခင်ဗျားဘယ်လောက်လိုချင်လဲ?"

ရှုန်းရှောင်ကခဏစဉ်းစားလိုက်ပြီး၊
"တစ်မီတာကနေနှစ်မီတာရှည်တဲ့ ရေခဲပန်းပု
အနဲဆုံးအခုနှစ်ဆယ်၊ ဒီဟာကနေ စိတ်ဝိဉာဉ်
အရည်ထုတ်ယူလို့ရပေမယ့် တစ်ရာရာခိုင်နှုန်း
သန့်စင်တဲ့စိတ်ဝိဉာဉ်အရည်ရဖို့ကျတော့
ပန်းပုရုပ်တစ်ခုမှ သုံးစက်ပဲထုတ်ယူလို့ရမယ်"

ယူရှောင်းမိုက အံ့အားသင့်သွား၏၊ စိတ်ဝိဉာဉ်အရည်ကို
ပထမဆုံးအကြိမ် သူလေလံတင်တုန်းက
ရေခဲပန်းပုတစ်ခုကနေ စိတ်ဝိဉာဉ်အရည်
ဆယ့်လေးစက်ကနေဆယ့်ငါးစက်ထိထုတ်လို့ရတာကို
သူမှတ်မိသေးတယ်၊ သူဒီရောက်တော့
သုံးစက်ပဲရတော့တယ်။

ရှုန်းရှောင်ကသူ့ကိုလိမ်မှာကို ယူရှောင်းမိုက
မပူပေ။ တစ်ရာရာခိုင်နှုန်းနီးပါးသန့်စင်သည့်
စိတ်ဝိဉာဉ်အရည်က သူ့နယ်မြေထဲရှိစိတ်ဝိဉာဉ်ရေ
နှင့်အတူတူပင်ဖြစ်သည်။ ဤအဆင့်ထိရရှိရန်
အကြိမ်များစွာသန်စင်ဖို့လိုအပ်မည်ဖြစ်ပြီး
အဆုံးမှာရလာမယ့်စိတ်ဝိဉာဉ်အရည်က
အစက်အနဲငယ်ထက်ပိုမည်မဟုတ်ပေ။ ထို့ပြင်
ရေခဲပန်းပုများက ထိုနေရာတွင်ဒီတိုင်းထား
ထားတာဖြစ်ပြီး သူ့အတွက်များများစားစား
အသုံးမဝင်ပေ။

နှစ်ဖက်စလုံးက သဘောတူညီချက်တစ်ခုရသွား၏၊
ယူရှောင်းမိုက သူ့ကို ရေခဲပန်းပုရုပ်ဆယ်ခု
ချက်ချင်းပေးမည်ဖြစ်ပြီး ကျန်တာကိုတော့
ချန်မဟာမိတ်ကသတင်းရသည့်အခါတွင်
ပေးချေမည်ဖြစ်သည်။

ရှုန်းရှောင်က သူ့ဆရာတူညီလေးအတွက်
မွေးနေ့လက်ဆောင်ရှာဖို့ လိုသေးတာကြောင့်
သူတို့ကိုနှုတ်ဆက်လိုက်ပြီး ချန်မဟာမိတ်မှလူများနှင့်
အရင်ထွက်ခွာသွားတော့သည်။ ကိစ္စများက
ဖြေရှင်းပြီးသွားတာကိုတွေ့တော့ ကြည့်ရှုနေသည့်
လူများကလဲတစ်ယောက်ပြီးတစ်ယောက်
အဝေးသို့လျှောက်သွားကြတော့သည်။

သားရဲသဏ္ဍာန်ပြောင်းလဲခြင်းအဖွဲ့အစည်းမှ
လူများကတော့ ယူရှောင်းမိုနှင့်လင်းရှောင်ကို
စောင့်နေဆဲဖြစ်သည်။

သူတို့ဆွေးနွေးပြီးသွားတာကို မြင်တော့
ချောင်ဝူရွှမ်းကမေးလိုက်သည်၊
"မင်းတို့နှစ်ယောက် ငါတို့နဲ့ဘာများဆွေးနွေးဖို့ရှိတာလဲ
ဆိုတာသိလို့ရမလား?"

လင်းရှောင်က အေးအေးဆေးဆေးပြန်ဖြေသည်၊
"သားရဲသဏ္ဍာန်ပြောင်းလဲခြင်းအဖွဲ့အစည်းက
သားရဲအသွင်ပြောင်းခြင်းကျင့်စဉ်တွေကြောင့်
ကျော်ကြားတယ်လို့ ကြားတယ်၊ အဲ့တာတွေကို
ဘယ်လိုသင်လို့ရမလဲ?"

သူတို့မေးချင်တဲ့အကြောင်းအရာက ထိုအကြောင်း
ဖြစ်နေမယ်လို့ ချောင်ဝူရွှမ်းကမထင်ခဲ့ပေ၊
သူတို့စကားအရ သားရဲအသွင်ပြောင်းခြင်း
ကျင့်စဉ်များကို စိတ်ဝင်စားနေပုံရပြီး
သူ့အကြည့်က ယူရှောင်းမိုဆီသို့ရွေ့လျားသွားသည်၊
သင်ချင်တဲ့တစ်ယောက်က သူဖြစ်မယ်ထင်တယ်။

ဟွမ်ဖူလီက မုတ်ဆိတ်ကိုသပ်ရင်း
"သားရဲသဏ္ဍာန်ပြောင်းလဲခြင်းအဖွဲ့အစည်းရဲ့
သားရဲအသွင်ပြောင်းခြင်းကျင့်စဉ်တွေကို
သင်နိုင်ဖို့နည်းသုံးမျိုးရှိတယ်၊ ပထမက
သားရဲသဏ္ဍာန်ပြောင်းလဲခြင်းအဖွဲ့အစည်းက
ကြေညာထားတဲ့မစ်ရှင်တစ်ခုလက်ခံဖို့ပဲ၊
မစ်ရှင်တစ်ချို့အတွက်ဆုကြေးက သားရဲအသွင်
ပြောင်းခြင်းကျင့်စဉ်နဲ့ ပတ်သတ်နေတယ်၊
ဘယ်လိုကျင့်စဉ်အမျိုးအစားကိုပေးမလဲဆိုတာ
တော့ မစ်ရှင်ရဲ့ခက်ခဲမှုပေါ်အခြေခံပြီး အဖွဲ့အစည်း
က ဆုံးဖြတ်လိမ့်မယ်"

ဤအဓိပ္ပါယ်အရ မစ်ရှင်တစ်ခုအတွက်
ကျင့်စဉ်အနဲငယ်သာ ရပုံပေါ်သည်၊
သို့သော် သားရဲအသွင်ပြောင်းခြင်းကျင့်စဉ်တွေက
အများကြီးရှိတာဖြစ်ပြီး သူတို့အားလုံးကိုရဖို့ဆိုရင်
မစ်ရှင်များဆက်တိုက်လုပ်ဆောင်နေရမည်ဖြစ်သည်။

"ဒါဆို ဒုတိယနည်းကဘာလဲ?"

"ဒုတိယနည်းက သားရဲသဏ္ဍာန်ပြောင်းလဲခြင်း
အဖွဲ့အစည်းကိုဝင်ပြီးတော့ တပည့်တစ်ယောက်
ဒါမှမဟုတ် ဂုဏ်သရေရှိအထူးဧည့်သည်တစ်ယောက်
ဖြစ်လာရမယ်၊ ဒါပေမယ့် တင်းကြပ်တဲ့လိုအပ်ချက်
တွေ ရှိပြီး သားရဲသဏ္ဍာန်ပြောင်းလဲခြင်းအဖွဲ့အစည်း
ကိုသစ္စာရှိကြောင်း ကျမ်းကျန်ဆိုရမယ်၊ ဒီလိုလုပ်မှ
သာလျှင် အဆင့်မြင့်ကျင့်စဉ်တွေကိုရနိုင်မယ်"

"ဒါကလဲ တော်တော်လေးပြဿနာရှုပ်တယ်၊
တတိယနည်းကရောဘာလဲ?"

ချောင်ဝူရွှမ်းကပြုံးလိုက်သည်၊ "အကြီးအကဲဟွမ်ဖူ၊
ဒီဟာကိုကျွန်တော့်ကိုရှင်းပြခွင့်ပေးပါ။
တတိယနည်းကပိုထူးခြားတယ်၊ ဒါကိုလုပ်ဖို့အတွက်
မင်းတို့ ကျုံထျန်းကိုသွားဖို့လိုတယ်၊ ဆိုလိုတာက
ထုံထျန်းနန်းတော်ခန်းမက တည်ထောင်ထားတဲ့
ရှောင်ယောင်တက္ကသိုလ်ကို နာမည်စာရင်းသွင်းပြီး
ရှောင်ယောင်တက္ကသိုလ်ကျောင်းသားတစ်ယောက်
ဖြစ်လာရမယ်"

ယူရှောင်းမိုကမျက်လုံးများကို ပုတ်ခတ်ပုတ်ခက်
လုပ်လိုက်သည်၊ ထုံထျန်းနန်းတော်ခန်းမက
တည်ထောင်ထားတဲ့ ရှောင်ယောင်တက္ကသိုလ်?

ချောင်ဝူရွှမ်းကခေါင်းညိမ့်သည်၊ "ဟုတ်တယ်၊
မှော်ဆရာအစည်းအရုံးနဲ့ သားရဲသဏ္ဍာန်ပြောင်းလဲ
ခြင်းအဖွဲ့အစည်းကိုတည်ထောင်ခဲ့တဲ့ ပါမောက္ခချုပ်
နှစ်ယောက်က ထုံထျန်းနန်းတော်ခန်းမကလို့
အဆိုရှိတယ်၊ ရှောင်ယောင်တက္ကသိုလ်ကို
လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းတုန်းက တည်ထောင်
ခဲ့တာ၊ အပေါ်ယံမှာတော့ အဲ့ဒီတက္ကသိုလ်က
ပါမောက္ခချုပ်နှစ်ယောက်တည်ထောင်ထားတာပဲ၊
ဒါပေမယ့် တကယ်က ထုံထျန်းနန်းတော်ခန်းမက
ပါမောက္ခချုပ်နှစ်ယောက်ရဲ့လက်ကိုငှားထားရုံ
သက်သက်ပဲ"

"ရှောင်ယောင်တက္ကသိုလ်ရဲ့အခန်းကဏ္ဍက
ပါရမီရှိတဲ့လူတွေကို ပျိုးထောင်ပေးဖို့ပဲ။
ဒါပေမယ့်လည်း သူတို့က​မှော်ဆရာတွေပဲ
လက်ခံတယ်၊ ဘာလို့လဲဆိုတော့ မှော်ဆရာအစည်း
အရုံးပဲဖြစ်ဖြစ် သားရဲသဏ္ဍာန်ပြောင်းလဲခြင်း
အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ သူတို့အတွက်အရေးကြီး
ဆုံးက ဝိဉာဉ်စွမ်းအားဖြစ်နေလို့ပဲ၊ ဒါ့ကြောင့်
ရှောင်ယောင်တက္ကသိုလ်က နှစ်စဉ်နှစ်တိုင်း
ကျောင်းသားတစ်သုတ်လက်ခံပြီး သူတို့စမ်းသပ်မှု
ကိုအောင်သွားတဲ့သူတွေကို ဆေးလုံးသန့်စင်တာနဲ့
သင့်တော်လား၊ သားရဲယဉ်ပါးစေခြင်းနဲ့သင့်တော်လား
ဆိုတာ စစ်ဆေးတယ်။ ဒါပေါ့၊ ဆေးလုံးသန့်စင်တာ
ရော သားရဲယဉ်ပါးစေတာမှာပါ ပါရမီပါတဲ့
ဉာဏ်ကြီးရှင်တစ်ချို့လဲရှိသေးတယ်၊ ဒါပေမယ့်
အဲ့လိုပါရမီမျိုးက တော်တော်လေးရှားတယ်"

ယူရှောင်းမိုကဆက်လိုက်၏၊ "ဒါဆို ရှောင်ယောင်တက္ကသိုလ်မှာ
သားရဲအသွင်ပြောင်းခြင်းကျင့်စဉ်အကုန်လုံး
သင်လို့ရတယ်ဆိုတဲ့ သဘောပေါ့?"

ချောင်ဝူရွှမ်းက ခေါင်းညိမ့်သည်၊
"ဒါကအယူအဆအားဖြင့်တော့မှန်တယ်၊ ဒါပေမယ့်
အလကားသင်လို့တော့မရဘူး၊ သားရဲအသွင်ပြောင်း
ခြင်းကျင့်စဉ်တွေမှာ အဆင့်တွေအများကြီိး
ရှိပြီးတော့ အဲ့ဒါကိုရဖို့ မင်းရဲ့ကိုယ်ပိုင်ခွန်အားပေါ်ပဲ
မှီခိုရမယ်"

ယူရှောင်းမို-"ဒါကပုံမှန်ပါပဲ"

ဒီကမ္ဘာမှာအလကားရတဲ့နေ့လည်စာဆိုတာမရှိဘူး!

"မင်းရွေးမယ့်နည်းကို သေသေချာချာစဉ်းစားပါ"
ဟွမ်ဖူလီက အကြံပေးသည်၊

ယူရှောင်းမိုက လင်းရှောင်ကိုကြည့်လိုက်သည်၊
တကယ်တော့၊ သူ့အလိုဆိုရင် တတိယနည်းကို
ပိုနှစ်သက်သည်၊ ပထမတစ်ခုက မစ်ရှင်များ
ဆက်တိုက်လုပ်နေရမည်ဖြစ်သောကြောင့်
အလုပ်ရှုပ်သည်၊ ဒုတိယတစ်ခုက သူတို့ကို
ထိန်းချုပ်ထားမည်ဖြစ်သည်၊ ထို့ကြောင့်
တတိယနည်းတစ်ခုသာကျန်တော့၏။

လင်းရှောင်ကမျက်မှောင်ကြုတ်လိုက်သည်၊
ထိုတက္ကသိုလ်ကလွန်ခဲ့တဲ့နှစ်တစ်သောင်းက
တည်ထောင်ခဲ့ခြင်းဖြစ်တာကြောင့် ထိုအချိန်မှာ
သူထုံထျန်းတိုက်မကြီးမှထွက်ခွာခဲ့ချိန်ဖြစ်ရာ
ရှောင်ယောင်တက္ကသိုလ်အကြောင်းသူက
တစ်ခုမှမသိပေ။ အနဲငယ်စဉ်းစားပြီးနောက်
မေးလိုက်သည်၊
"ရှောင်ယောင်တက္ကသိုလ်ကို ဝင်ရင်၊ နောင်ကျရင်
မှော်ဆရာအစည်းအရုံးဒါမှမဟုတ် သားရဲသဏ္ဍာန်
ပြောင်းလဲခြင်းအဖွဲ့အစည်းကို ဝင်ရမှာလား?"

သူ့မေးခွန်းကို ချောင်ဝူရွှမ်းကမအံ့ဩပေ၊
အမှန်တွင် ရှောင်ယောင်တက္ကသိုလ်သို့ဝင်ခဲ့ကြသည့်
လူအများစုကလဲ တူညီစွာမေးခဲ့ကြသည်လေ၊
"မလိုဘူး၊ ရှောင်ယောင်တက္ကသိုလ်က အရမ်း
လွတ်လပ်တယ်၊ မင်းအဖွဲ့အစည်းနှစ်ခုကို
မဝင်ချင်ရင် သူတို့ကမင်းကိုဖိအားပေးမှာမဟုတ်ဘူး၊
ဒါပေမယ့် မင်းတို့မှတ်ထားရမယ့် အချက်တစ်ခုရှိ
တယ်၊ မင်းတို့မှာထုံထျန်းနန်းတော်ခန်းမကို
ဘာသာရေးဆိုင်ရာယုံကြည်မှု ရှိရမယ်"

ဒါကယုံကြည်မှုတစ်ခုသာဖြစ်တာကြောင့်
ယူရှောင်းမိုကဒီအချက်နဲ့ပတ်သတ်ပြီး စိတ်မပူပေ။
သူ့စိတ်က သူ့အပိုင်ဖြစ်သည်၊ သူ့မှာထိုကဲ့သို့
ယုံကြည်မှုမရှိခဲ့ရင်တောင် ဘယ်သူကမှသိမည်
မဟုတ်။

"ရှောင်ယောင်တက္ကသိုလ်က ဘယ်တော့ကျောင်းသား
လက်ခံမလဲ?" လင်းရှောင်က သာမာန်ပဲမေးလိုက်၏။

ချောင်ဝူရွှမ်းကအချိန်ကိုတွက်ကြည့်လိုက်သည်၊
"နောက်တစ်လကြာပြီးရင် ဖြစ်လိမ့်မယ်၊
ဒါပေမယ့် မင်းတို့အခုထွက်ခွာရင်အကောင်းဆုံးပဲ၊
တောင်ပိုင်းတိုက်မကြီးကနေ ကျုံထျန်းကိုသွားဖို့
နှစ်လနီးပါးလောက်ကြာတယ်၊ မင်းတို့မှာ
သစ်ရွက်လှေတစ်ခုရှိရင်တော့ ကြာချိန်ကို
တစ်ဝက်လောက်လျှော့ချနိုင်လိမ့်မယ်"

ယူရှောင်းမိုက
ရှားအာကလန်ကနေ ထိုသစ်ရွက်ဝယ်ဖို့
ဆုံးဖြတ်ခဲ့ခြင်းကိုပျော်ရွှင်သွား၏။

ခဏကြာတော့ ဟွမ်ဖူလီက ကတ်ပြားတစ်ခုနှင့်
တူသည့်အရာတစ်ခုကိုထုတ်လိုက်ပြီး သူတို့ကို
ကမ်းလိုက်၏၊ "ဒီဟာက ဒီလူအိုကြီးပိုင်တဲ့
ထောက်ခံကတ်ပြားပဲ၊ ဒါနဲ့ဆိုရင် ကျန်တဲ့လုပ်ငန်းစဉ်
တွေကိုကျော်ပြီးတော့ ရှောင်ယောင်တက္ကသိုလ်ကို
တိုက်ရိုက်စာရင်းသွင်းလို့ရတယ်၊ ဒါပေမယ့်
ဒီလူအိုကြီးက မင်းကိုထောက်ခံပေးထားပေမယ့်
ရှောင်ယောင်တက္ကသိုလ်မှာ ကျောင်းသားတစ်ယောက်
ဖြစ်လာဖို့ စမ်းသပ်မှုအဆင့်
နဲနဲလောက်တော့ ဖြတ်ရလိမ့်အုံးမယ်"

ယူရှောင်းမိုက ထောက်ခံကတ်ပြားကို
လက်ခံလိုက်တယ်၊ ဟုတ်နေတာပဲ၊ဟွမ်ဖူလီရဲ့နာမည်
ကို ထိုပေါ်မှာရေးထားတယ်၊
"ခင်ဗျားတို့နှစ်ယောက်ရဲ့ ကြင်နာမှုကို
နောင်ကျမှပဲ ပြန်ဆပ်ပါတော့မယ်"

ဟွမ်ဖူလီက ပြုံးဖြဲဖြဲလုပ်နေသည်၊
"ဒီလိုလုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နေစရာမလိုပါဘူး၊
ဒါက လက်လေးမြှောက်ရုံလောက်
အားစိုက်ထုတ်မှုလေးပါပဲ"
(အနဲငယ်သာအားထုတ်ရသည်ကိုဆိုလိုသည်)

ယူရှောင်းမိုက အော်ရယ်လိုက်၏၊
"ဒါဆိုလည်း ကိန်းကြီးခန်းကြီးလုပ်မနေဘဲ
ဒီလက်ကို လက်ခံလိုက်ပါမယ်"

ဟွမ်ဖူလီ၏ပြုံးနေသောအမူအရာက တစ်ခဏမျှ
အေးခဲသွား၏။ ဒီစကားတွေက ဘာလို့ တစ်ခုခု
ထူးဆန်းနေသလိုဖြစ်နေတာလဲ?

ချောင်ဝူရွှမ်းက
ဒီယူရှောင်းဟာက တကယ်ပဲခေါင်းမရှိတဲ့
လူတစ်ယောက်ဆိုတာ နောက်ဆုံးတော့
အဖြေထုတ်လိုက်နိုင်သည်၊ သူပြောတာတွေက
အလွန်ရွှင်မြူးဖွယ်ကောင်းသည်၊
ဒါပေမယ့်ယူရှောင်းဟာကစနောက်နေခြင်းသာ
ဖြစ်သည်ကိုလဲ ပြောနိုင်၏၊ သူက
စိတ်ဝင်စားစရာကောင်းသည့်လူတစ်ယောက်
ဖြစ်သည်။

ထို့နောက်တွင် သားရဲသဏ္ဍာန်ပြောင်းလဲခြင်း
အဖွဲ့အစည်းမှလူများလဲ ထွက်ခွာသွားကြတော့သည်၊
ထိုနေရာတွင်ရှိနေဆဲဖြစ်သည့်သူများမှာ
ယူရှောင်းမိုနှင့်ကျန်လူများပင်။ ထို့အပြင်
တိတ်တိတ်လေးထွက်သွားပြီးပေမယ့် ရွေးချယ်စရာမ
ရှိဘဲ နောက်တစ်ခေါက်ပြန်ပြေးလာရသည့်
ရှဲ့ချုံးနှင့်အပေါင်းအပါတစ်သိုက်
လဲရှိသေးသည်......
____________

Zawgyi
အပိုင္း၄၁၄-ေထာက္ခံကတ္ျပား

"နန္ရွန္းက ေသြးေစြးနီကလန္ရဲ့စစ္ပဲြနတ္ဘုရား
ေလးပါးထဲကတစ္ေယာက္ပဲ၊ သူ႔ကိုယူထ်န္းနန္လို႔
ေခၚၿပီး ေတာင္ပိုင္းစစ္တပ္ကိုထိန္းခ်ဳပ္တယ္၊
သူ႔စစ္တပ္က ေသြးေစြးနီကလန္အတြက္
ေနရာတိုင္းကိုကင္းေထာက္ေပးတာျဖစ္ၿပီး
ေအာင္ျမင္မႈေတြအမ်ားႀကီးရထားတယ္၊
ဆိုမွပဲ အျခားသတင္းတစ္ခုလဲရိွေသးတယ္၊
စစ္ပဲြနတ္ဘုရားေလးပါးရဲ့တံုရွန္းက ဘယ္သူမွန္း
မသိရတဲ့လူတစ္ေယာက္ရဲ့လက္ထဲမွာ
ေသသြားတယ္တဲ့၊ သူ႔ေနရာကို တစ္ျခားတစ္ေယာက္
နဲ႔အစားထိုးၿပီးသြားၿပီ"

"ရႈန္းတေကာ၊ ကၽြန္ေတာ္တို႔ဒီကိစၥအေၾကာင္း
သိလို႔ရႏိုင္၊မရႏိုင္ အရင္ေျပာပါလား"
ယူေရွာင္းမိုက သူ႔စကားကိုၾကားျဖတ္လိုက္ရသၫ့္
အတြက္ရွက္သြားသည္။

"ေတာင္းပန္ပါတယ္၊ငါ့ပင္ကိုယ္စရိုက္ကအဲ့လိုပဲ၊
ဒီကိစၥေတြေျပာၿပီဆိုရင္ ကရားေရလႊတ္ျဖစ္သြား
ေတာ့တာပဲ" ရႈန္းေရွာင္က ရွက္ရွက္နဲ႔ရယ္လိုက္သည္၊
ထို႔ေနာက္သူကခိုင္မာစြာေျပာလိုက္သည္၊
"မင္းေျပာတဲ့ဟာကို စံုစမ္းလို႔မရတာေတာ့
မဟုတ္ဘူး၊ အရမ္းခက္ခဲလြန္းေတာ့ အခ်ိန္တစ္ခ်ိဳ႕
ေတာ့ၾကာလိမ့္မယ္"

"ဘယ္ေလာက္ၾကာမွာလဲ?" လင္းေရွာင္ကေမးသည္။

ရႈန္းေရွာင္က လက္ေခ်ာင္းတစ္ေခ်ာင္း
ၿမွောက္လိုက္ၿပီး "အၾကမ္းဖ်င္း အနဲဆံုးသံုးလပဲ"

"အဲ့ေလာက္ၾကာတယ္?" ယူေရွာင္းမိုကေျပာလိုက္၏၊

ရႈန္းေရွာင္ကဆို၏၊ "ဒီအခ်ိန္က တိုေတာင္းေအာင္
စဉ္းစားထားတာပဲ၊ လြန္ခဲ့တဲ့ႏွစ္အနဲငယ္တုန္းက
ေသြးေစြးနီကလန္က ကလန္တြင္းသုတ္သင္ရွင္းလင္း
မႈတစ္ခုကို ရုတ္တရက္လုပ္ခဲ့တယ္၊ အတိအက်ေျပာ
ရရင္ အဓိကမိသားစုကိုဦးတည္တာပဲ၊ ခ်န္မဟာမိတ္
ရဲ့သူလ်ိႈေတြက အထုတ္ေဖာ္ခံလိုက္ရတာျဖစ္ျဖစ္
ႄကံုရာအေၾကာင္းျပခ်က္တစ္ခုေၾကာင့္
အေဝးကိုပဲျဖစ္ျဖစ္ ပို႔ခံလိုက္ရတယ္၊ ဒါ့ေၾကာင့္အခု
ေသြးေစြးနီကလန္အေၾကာင္း သတင္းရခ်င္ရင္
အရင္ကထက္ သံုးေလးဆေလာက္ခက္သြားတယ္"

ယူေရွာင္းမိုက ထိုအခ်က္ကိုသိသည္၊ သူလ်ိႈမ်ား
မရိွေတာ့လ်ွင္ အသစ္မ်ားအစားထိုးထၫ့္ရမွာ
ျဖစ္ၿပီး ထိုအရာမွာအခ်ိန္အၾကာႀကီးလိုသၫ့္
အလြန္ခက္ခဲေသာအလုပ္ျဖစ္၏၊
"ရႈန္းတေကာ၊ ဒါကအရမ္းၾကာအံုးမွာဆိုေတာ့
တလက္စတည္း လူႏွစ္ေယာက္အေၾကာင္း
ကၽြန္ေတာ့္ကို ကူစံုစမ္းေပးပါလား?"

"ရတယ္ေလ၊ ဘယ္သူေတြလဲ?"

"တစ္ေယာက္က ယင္းေကာလို႔ေခၚၿပီး
ေနာက္တစ္ေယာက္က က်န္႔ယီြရႊမ္းလို႔ေခၚတယ္"

ရႈန္းေရွာင္က ခ်ီတံုခ်တံုျဖစ္ရင္း ေရရြတ္လိုက္သည္၊
"သူတို႔နာမည္အျပင္ တစ္ျခားထူးျခားတဲ့ပံုစံေတြ
ရိွေသးလား?"

"ရိွတယ္၊ ယင္းေကာမွာ ေငြေရာင္ေတာက္ေတာက္
ဆံပင္ေတြရိွတယ္၊ က်န႔္ယီြရႊမ္းက ဆံပင္အနက္ေရာင္
ရိွတယ္၊ တစ္ေယာက္ကေအးစက္ၿပီး
ေနာက္တစ္ေယာက္က သိမ္ေမြ့တယ္၊ သူတို႔က
မွတ္မိဖို႔ အရမ္းလြယ္တယ္"

ရႈန္းေရွာင္ကႃပံုးရင္း "ဒီလိုထင္ရွားတဲ့အသြင္ေတြနဲ႔
ဆိုရင္ ကိုင္တြယ္ရပိုလြယ္လိမ့္မယ္၊ ဒါေပမယ့္
ငါကစီးပြားေရးသမားတစ္ေယာက္ပဲ၊ ငါတို႔က
မိတ္ေဆြေတျြဖစ္ေနရင္ေတာင္မွ အလကားေတာ့
မကူညီႏိုင္ဘူး"

ယူေရွာင္းမိုကလဲ ဤကဲ့သို႔ေစ်းေပါေပါရသၫ့္
ကိစၥမရိွေၾကာင္းသိေလသည္၊ သူကခ်က္ခ်င္း
ေျပာလိုက္သည္၊ "ေကာင္းၿပီေလ၊ ဘယ္လို
အခေက်းေငြလိုခ်င္လဲ? သတၲုစားသားရဲနဲ႔
ျဒပ္စင္အဆီအႏွစ္အေၾကာင္းကေတာ့ ေမ့ထား
လိုက္ပါ"

ရႈန္းေရွာင္က ေအာ္ရယ္မိသြားသည္၊
"မင္းေျပာတာက တကယ္စိတ္ဝင္စားဖို႔ေကာင္းတာပဲ၊
တစ္ျခားသူတစ္ေယာက္ရဲ့အခက္အခဲကို
အခြင့္ေကာင္းယူတာမ်ိဳး ငါမလုပ္တတ္တာမလို႔
စိတ္ခ်လို႔ရပါတယ္၊ ဒုတိယသတင္းအတြက္က
လက္ေဆာင္လို႔သေဘာထားလိုက္ပါ၊ ပထမသတင္း
အတြက္ကေတာ့ အခက္အခဲႀကီးတာေၾကာင့္
ခ်န္မဟာမိတ္က စြမ္းအင္ေက်ာက္တံုးေတြကို
ေပးေခ်မႈအျဖစ္လက္ခံမွာမဟုတ္ဘူး၊ အဲ့ဒီအစား
တန္ဖိုးရိွတာတစ္ခုခုနဲ႔ သတင္းကိုလဲလွယ္လို႔ရမယ္၊
ပစၥည္းတန္ဖိုးကမလံုေလာက္ဘူးဆိုရင္
စြမ္းအင္ေက်ာက္တံုးထပ္ေပါင္းေပးလို႔ရမယ္"

ယူေရွာင္းမိုက ေၾကာင္အအစိုက္ၾကၫ့္ေနတယ္၊
သူ႔နယ္ေျမထဲမွာ ရတနာမ်ားစြာရိွၿပီး အမ်ားစုက
ထုတ္လို႔မရေပ။

လင္းေရွာင္ကမွီလိုက္ၿပီး သူ႔နားနားကိုတိုးတိုးေျပာ
လိုက္သည္၊

ယူေရွာင္းမိုကမ်က္လံုးမ်ားေတာက္သြားသည္၊
"အိုး ဟုတ္သားပဲ၊ အဲ့ဒီ့ပစၥည္းရိွတာပဲ"

ေျပာရင္းနဲ႔ သူ႔နယ္ေျမထဲမွာ မသံုးရေသးဘဲ
က်န္ေနတဲ့ ေရခဲပန္းပုေသးတစ္ခုကိုထုတ္လိုက္ၿပီး
ရႈန္းေရွာင္ကိုေပးလိုက္သည္၊
"ဒီဟာဆိုရလား?"

ရႈန္းေရွာင္က ခ်က္ခ်င္းလက္ခံလိုက္ၿပီး ထိုအရာမွ
ေအးစက္မႈတစ္ခုခံစားလိုက္ရသည္၊
သူကတစ္ခဏမ်ွအံ့အားသင့္သြား၏၊
"ဒီဟာကေန စိတ္ဝိဉာဉ္အရည္သန႔္စင္လို႔ရတယ္၊
မင္းမွာဘယ္ေလာက္မ်ားမ်ားရိွလဲ?"

ယူေရွာင္းမို-"ခင္ဗ်ားဘယ္ေလာက္လိုခ်င္လဲ?"

ရႈန္းေရွာင္ကခဏစဉ္းစားလိုက္ၿပီး၊
"တစ္မီတာကေနႏွစ္မီတာရွည္တဲ့ ေရခဲပန္းပု
အနဲဆံုးအခုႏွစ္ဆယ္၊ ဒီဟာကေန စိတ္ဝိဉာဉ္
အရည္ထုတ္ယူလို႔ရေပမယ့္ တစ္ရာရာခိုင္ႏႈန္း
သန႔္စင္တဲ့စိတ္ဝိဉာဉ္အရည္ရဖို႔က်ေတာ့
ပန္းပုရုပ္တစ္ခုမွ သံုးစက္ပဲထုတ္ယူလို႔ရမယ္"

ယူေရွာင္းမိုက အံ့အားသင့္သြား၏၊ စိတ္ဝိဉာဉ္အရည္ကို
ပထမဆံုးအႀကိမ္ သူေလလံတင္တုန္းက
ေရခဲပန္းပုတစ္ခုကေန စိတ္ဝိဉာဉ္အရည္
ဆယ့္ေလးစက္ကေနဆယ့္ငါးစက္ထိထုတ္လို႔ရတာကို
သူမွတ္မိေသးတယ္၊ သူဒီေရာက္ေတာ့
သံုးစက္ပဲရေတာ့တယ္။

ရႈန္းေရွာင္ကသူ႔ကိုလိမ္မွာကို ယူေရွာင္းမိုက
မပူေပ။ တစ္ရာရာခိုင္ႏႈန္းနီးပါးသန႔္စင္သၫ့္
စိတ္ဝိဉာဉ္အရည္က သူ႔နယ္ေျမထဲရိွစိတ္ဝိဉာဉ္ေရ
ႏွင့္အတူတူပင္ျဖစ္သည္။ ဤအဆင့္ထိရရိွရန္
အႀကိမ္မ်ားစြာသန္စင္ဖို႔လိုအပ္မည္ျဖစ္ၿပီး
အဆံုးမွာရလာမယ့္စိတ္ဝိဉာဉ္အရည္က
အစက္အနဲငယ္ထက္ပိုမည္မဟုတ္ေပ။ ထို႔ျပင္
ေရခဲပန္းပုမ်ားက ထိုေနရာတြင္ဒီတိုင္းထား
ထားတာျဖစ္ၿပီး သူ႔အတြက္မ်ားမ်ားစားစား
အသံုးမဝင္ေပ။

ႏွစ္ဖက္စလံုးက သေဘာတူညီခ်က္တစ္ခုရသြား၏၊
ယူေရွာင္းမိုက သူ႔ကို ေရခဲပန္းပုရုပ္ဆယ္ခု
ခ်က္ခ်င္းေပးမည္ျဖစ္ၿပီး က်န္တာကိုေတာ့
ခ်န္မဟာမိတ္ကသတင္းရသၫ့္အခါတြင္
ေပးေခ်မည္ျဖစ္သည္။

ရႈန္းေရွာင္က သူ႔ဆရာတူညီေလးအတြက္
ေမြးေန့လက္ေဆာင္ရွာဖို႔ လိုေသးတာေၾကာင့္
သူတို႔ကိုႏႈတ္ဆက္လိုက္ၿပီး ခ်န္မဟာမိတ္မွလူမ်ားႏွင့္
အရင္ထြက္ခြာသြားေတာ့သည္။ ကိစၥမ်ားက
ေျဖရွင္းၿပီးသြားတာကိုေတြ့ေတာ့ ၾကၫ့္ရႈေနသၫ့္
လူမ်ားကလဲတစ္ေယာက္ၿပီးတစ္ေယာက္
အေဝးသို႔ေလ်ွာက္သြားၾကေတာ့သည္။

သားရဲသ႑ာန္ေျပာင္းလဲျခင္းအဖဲြ႔အစည္းမွ
လူမ်ားကေတာ့ ယူေရွာင္းမိုႏွင့္လင္းေရွာင္ကို
ေစာင့္ေနဆဲျဖစ္သည္။

သူတို႔ေဆြးေနြးၿပီးသြားတာကို ျမင္ေတာ့
ေခ်ာင္ဝူရႊမ္းကေမးလိုက္သည္၊
"မင္းတို႔ႏွစ္ေယာက္ ငါတို႔နဲ႔ဘာမ်ားေဆြးေနြးဖို႔ရိွတာလဲ
ဆိုတာသိလို႔ရမလား?"

လင္းေရွာင္က ေအးေအးေဆးေဆးျပန္ေျဖသည္၊
"သားရဲသ႑ာန္ေျပာင္းလဲျခင္းအဖဲြ႔အစည္းက
သားရဲအသြင္ေျပာင္းျခင္းက်င့္စဉ္ေတြေၾကာင့္
ေက်ာ္ၾကားတယ္လို႔ ၾကားတယ္၊ အဲ့တာေတြကို
ဘယ္လိုသင္လို႔ရမလဲ?"

သူတို႔ေမးခ်င္တဲ့အေၾကာင္းအရာက ထိုအေၾကာင္း
ျဖစ္ေနမယ္လို႔ ေခ်ာင္ဝူရႊမ္းကမထင္ခဲ့ေပ၊
သူတို႔စကားအရ သားရဲအသြင္ေျပာင္းျခင္း
က်င့္စဉ္မ်ားကို စိတ္ဝင္စားေနပံုရၿပီး
သူ႔အၾကၫ့္က ယူေရွာင္းမိုဆီသို႔ေရြ့လ်ားသြားသည္၊
သင္ခ်င္တဲ့တစ္ေယာက္က သူျဖစ္မယ္ထင္တယ္။

ဟြမ္ဖူလီက မုတ္ဆိတ္ကိုသပ္ရင္း
"သားရဲသ႑ာန္ေျပာင္းလဲျခင္းအဖဲြ႔အစည္းရဲ့
သားရဲအသြင္ေျပာင္းျခင္းက်င့္စဉ္ေတြကို
သင္ႏိုင္ဖို႔နည္းသံုးမ်ိဳးရိွတယ္၊ ပထမက
သားရဲသ႑ာန္ေျပာင္းလဲျခင္းအဖဲြ႔အစည္းက
ေၾကညာထားတဲ့မစ္ရွင္တစ္ခုလက္ခံဖို႔ပဲ၊
မစ္ရွင္တစ္ခ်ိဳ႕အတြက္ဆုေၾကးက သားရဲအသြင္
ေျပာင္းျခင္းက်င့္စဉ္နဲ႔ ပတ္သတ္ေနတယ္၊
ဘယ္လိုက်င့္စဉ္အမ်ိဳးအစားကိုေပးမလဲဆိုတာ
ေတာ့ မစ္ရွင္ရဲ့ခက္ခဲမႈေပၚအေျခခံၿပီး အဖဲြ႔အစည္း
က ဆံုးျဖတ္လိမ့္မယ္"

ဤအဓိပၸါယ္အရ မစ္ရွင္တစ္ခုအတြက္
က်င့္စဉ္အနဲငယ္သာ ရပံုေပၚသည္၊
သို႔ေသာ္ သားရဲအသြင္ေျပာင္းျခင္းက်င့္စဉ္ေတြက
အမ်ားႀကီးရိွတာျဖစ္ၿပီး သူတို႔အားလံုးကိုရဖို႔ဆိုရင္
မစ္ရွင္မ်ားဆက္တိုက္လုပ္ေဆာင္ေနရမည္ျဖစ္သည္။

"ဒါဆို ဒုတိယနည္းကဘာလဲ?"

"ဒုတိယနည္းက သားရဲသ႑ာန္ေျပာင္းလဲျခင္း
အဖဲြ႔အစည္းကိုဝင္ၿပီးေတာ့ တပၫ့္တစ္ေယာက္
ဒါမွမဟုတ္ ဂုဏ္သေရရိွအထူးဧၫ့္သည္တစ္ေယာက္
ျဖစ္လာရမယ္၊ ဒါေပမယ့္ တင္းၾကပ္တဲ့လိုအပ္ခ်က္
ေတြ ရိွၿပီး သားရဲသ႑ာန္ေျပာင္းလဲျခင္းအဖဲြ႔အစည္း
ကိုသစၥာရိွေၾကာင္း က်မ္းက်န္ဆိုရမယ္၊ ဒီလိုလုပ္မွ
သာလ်ွင္ အဆင့္ျမင့္က်င့္စဉ္ေတြကိုရႏိုင္မယ္"

"ဒါကလဲ ေတာ္ေတာ္ေလးျပႆနာရႈပ္တယ္၊
တတိယနည္းကေရာဘာလဲ?"

ေခ်ာင္ဝူရႊမ္းကႃပံုးလိုက္သည္၊ "အႀကီးအကဲဟြမ္ဖူ၊
ဒီဟာကိုကၽြန္ေတာ့္ကိုရွင္းျပခြင့္ေပးပါ။
တတိယနည္းကပိုထူးျခားတယ္၊ ဒါကိုလုပ္ဖို႔အတြက္
မင္းတို႔ က်ဳံထ်န္းကိုသြားဖို႔လိုတယ္၊ ဆိုလိုတာက
ထံုထ်န္းနန္းေတာ္ခန္းမက တည္ေထာင္ထားတဲ့
ေရွာင္ေယာင္တကၠသိုလ္ကို နာမည္စာရင္းသြင္းၿပီး
ေရွာင္ေယာင္တကၠသိုလ္ေက်ာင္းသားတစ္ေယာက္
ျဖစ္လာရမယ္"

ယူေရွာင္းမိုကမ်က္လံုးမ်ားကို ပုတ္ခတ္ပုတ္ခက္
လုပ္လိုက္သည္၊ ထံုထ်န္းနန္းေတာ္ခန္းမက
တည္ေထာင္ထားတဲ့ ေရွာင္ေယာင္တကၠသိုလ္?

ေခ်ာင္ဝူရႊမ္းကေခါင္းညိမ့္သည္၊ "ဟုတ္တယ္၊
ေမွာ္ဆရာအစည္းအရံုးနဲ႔ သားရဲသ႑ာန္ေျပာင္းလဲ
ျခင္းအဖဲြ႔အစည္းကိုတည္ေထာင္ခဲ့တဲ့ ပါေမာကၡခ်ဳပ္
ႏွစ္ေယာက္က ထံုထ်န္းနန္းေတာ္ခန္းမကလို႔
အဆိုရိွတယ္၊ ေရွာင္ေယာင္တကၠသိုလ္ကို
လြန္ခဲ့တဲ့ႏွစ္ေပါင္းတစ္ေသာင္းတုန္းက တည္ေထာင္
ခဲ့တာ၊ အေပၚယံမွာေတာ့ အဲ့ဒီတကၠသိုလ္က
ပါေမာကၡခ်ဳပ္ႏွစ္ေယာက္တည္ေထာင္ထားတာပဲ၊
ဒါေပမယ့္ တကယ္က ထံုထ်န္းနန္းေတာ္ခန္းမက
ပါေမာကၡခ်ဳပ္ႏွစ္ေယာက္ရဲ့လက္ကိုငွားထားရံု
သက္သက္ပဲ"

"ေရွာင္ေယာင္တကၠသိုလ္ရဲ့အခန္းက႑က
ပါရမီရိွတဲ့လူေတြကို ပ်ိဳးေထာင္ေပးဖို႔ပဲ။
ဒါေပမယ့္လည္း သူတို႔က​ေမွာ္ဆရာေတြပဲ
လက္ခံတယ္၊ ဘာလို႔လဲဆိုေတာ့ ေမွာ္ဆရာအစည္း
အရံုးပဲျဖစ္ျဖစ္ သားရဲသ႑ာန္ေျပာင္းလဲျခင္း
အဖဲြ႔အစည္းပဲျဖစ္ျဖစ္၊ သူတို႔အတြက္အေရးႀကီး
ဆံုးက ဝိဉာဉ္စြမ္းအားျဖစ္ေနလို႔ပဲ၊ ဒါ့ေၾကာင့္
ေရွာင္ေယာင္တကၠသိုလ္က ႏွစ္စဉ္ႏွစ္တိုင္း
ေက်ာင္းသားတစ္သုတ္လက္ခံၿပီး သူတို႔စမ္းသပ္မႈ
ကိုေအာင္သြားတဲ့သူေတြကို ေဆးလံုးသန႔္စင္တာနဲ႔
သင့္ေတာ္လား၊ သားရဲယဉ္ပါးေစျခင္းနဲ႔သင့္ေတာ္လား
ဆိုတာ စစ္ေဆးတယ္။ ဒါေပါ့၊ ေဆးလံုးသန႔္စင္တာ
ေရာ သားရဲယဉ္ပါးေစတာမွာပါ ပါရမီပါတဲ့
ဉာဏ္ႀကီးရွင္တစ္ခ်ိဳ႕လဲရိွေသးတယ္၊ ဒါေပမယ့္
အဲ့လိုပါရမီမ်ိဳးက ေတာ္ေတာ္ေလးရွားတယ္"

ယူေရွာင္းမိုကဆက္လိုက္၏၊ "ဒါဆို ေရွာင္ေယာင္တကၠသိုလ္မွာ
သားရဲအသြင္ေျပာင္းျခင္းက်င့္စဉ္အကုန္လံုး
သင္လို႔ရတယ္ဆိုတဲ့ သေဘာေပါ့?"

ေခ်ာင္ဝူရႊမ္းက ေခါင္းညိမ့္သည္၊
"ဒါကအယူအဆအားျဖင့္ေတာ့မွန္တယ္၊ ဒါေပမယ့္
အလကားသင္လို႔ေတာ့မရဘူး၊ သားရဲအသြင္ေျပာင္း
ျခင္းက်င့္စဉ္ေတြမွာ အဆင့္ေတြအမ်ားႀကီိး
ရိွၿပီးေတာ့ အဲ့ဒါကိုရဖို႔ မင္းရဲ့ကိုယ္ပိုင္ခြန္အားေပၚပဲ
မွီခိုရမယ္"

ယူေရွာင္းမို-"ဒါကပံုမွန္ပါပဲ"

ဒီကမ႓ာမွာအလကားရတဲ့ေန့လည္စာဆိုတာမရိွဘူး!

"မင္းေရြးမယ့္နည္းကို ေသေသခ်ာခ်ာစဉ္းစားပါ"
ဟြမ္ဖူလီက အႀကံေပးသည္၊

ယူေရွာင္းမိုက လင္းေရွာင္ကိုၾကၫ့္လိုက္သည္၊
တကယ္ေတာ့၊ သူ႔အလိုဆိုရင္ တတိယနည္းကို
ပိုႏွစ္သက္သည္၊ ပထမတစ္ခုက မစ္ရွင္မ်ား
ဆက္တိုက္လုပ္ေနရမည္ျဖစ္ေသာေၾကာင့္
အလုပ္ရႈပ္သည္၊ ဒုတိယတစ္ခုက သူတို႔ကို
ထိန္းခ်ဳပ္ထားမည္ျဖစ္သည္၊ ထို႔ေၾကာင့္
တတိယနည္းတစ္ခုသာက်န္ေတာ့၏။

လင္းေရွာင္ကမ်က္ေမွာင္ၾကဳတ္လိုက္သည္၊
ထိုတကၠသိုလ္ကလြန္ခဲ့တဲ့ႏွစ္တစ္ေသာင္းက
တည္ေထာင္ခဲ့ျခင္းျဖစ္တာေၾကာင့္ ထိုအခ်ိန္မွာ
သူထံုထ်န္းတိုက္မႀကီးမွထြက္ခြာခဲ့ခ်ိန္ျဖစ္ရာ
ေရွာင္ေယာင္တကၠသိုလ္အေၾကာင္းသူက
တစ္ခုမွမသိေပ။ အနဲငယ္စဉ္းစားၿပီးေနာက္
ေမးလိုက္သည္၊
"ေရွာင္ေယာင္တကၠသိုလ္ကို ဝင္ရင္၊ ေနာင္က်ရင္
ေမွာ္ဆရာအစည္းအရံုးဒါမွမဟုတ္ သားရဲသ႑ာန္
ေျပာင္းလဲျခင္းအဖဲြ႔အစည္းကို ဝင္ရမွာလား?"

သူ႔ေမးခြန္းကို ေခ်ာင္ဝူရႊမ္းကမအံ့ဩေပ၊
အမွန္တြင္ ေရွာင္ေယာင္တကၠသိုလ္သို႔ဝင္ခဲ့ၾကသၫ့္
လူအမ်ားစုကလဲ တူညီစြာေမးခဲ့ၾကသည္ေလ၊
"မလိုဘူး၊ ေရွာင္ေယာင္တကၠသိုလ္က အရမ္း
လြတ္လပ္တယ္၊ မင္းအဖဲြ႔အစည္းႏွစ္ခုကို
မဝင္ခ်င္ရင္ သူတို႔ကမင္းကိုဖိအားေပးမွာမဟုတ္ဘူး၊
ဒါေပမယ့္ မင္းတို႔မွတ္ထားရမယ့္ အခ်က္တစ္ခုရိွ
တယ္၊ မင္းတို႔မွာထံုထ်န္းနန္းေတာ္ခန္းမကို
ဘာသာေရးဆိုင္ရာယံုၾကည္မႈ ရိွရမယ္"

ဒါကယံုၾကည္မႈတစ္ခုသာျဖစ္တာေၾကာင့္
ယူေရွာင္းမိုကဒီအခ်က္နဲ႔ပတ္သတ္ၿပီး စိတ္မပူေပ။
သူ႔စိတ္က သူ႔အပိုင္ျဖစ္သည္၊ သူ႔မွာထိုကဲ့သို႔
ယံုၾကည္မႈမရိွခဲ့ရင္ေတာင္ ဘယ္သူကမွသိမည္
မဟုတ္။

"ေရွာင္ေယာင္တကၠသိုလ္က ဘယ္ေတာ့ေက်ာင္းသား
လက္ခံမလဲ?" လင္းေရွာင္က သာမာန္ပဲေမးလိုက္၏။

ေခ်ာင္ဝူရႊမ္းကအခ်ိန္ကိုတြက္ၾကၫ့္လိုက္သည္၊
"ေနာက္တစ္လၾကာၿပီးရင္ ျဖစ္လိမ့္မယ္၊
ဒါေပမယ့္ မင္းတို႔အခုထြက္ခြာရင္အေကာင္းဆံုးပဲ၊
ေတာင္ပိုင္းတိုက္မႀကီးကေန က်ဳံထ်န္းကိုသြားဖို႔
ႏွစ္လနီးပါးေလာက္ၾကာတယ္၊ မင္းတို႔မွာ
သစ္ရြက္ေလွတစ္ခုရိွရင္ေတာ့ ၾကာခ်ိန္ကို
တစ္ဝက္ေလာက္ေလ်ွာ့ခ်ႏိုင္လိမ့္မယ္"

ယူေရွာင္းမိုက
ရွားအာကလန္ကေန ထိုသစ္ရြက္ဝယ္ဖို႔
ဆံုးျဖတ္ခဲ့ျခင္းကိုေပ်ာ္ရႊင္သြား၏။

ခဏၾကာေတာ့ ဟြမ္ဖူလီက ကတ္ျပားတစ္ခုႏွင့္
တူသၫ့္အရာတစ္ခုကိုထုတ္လိုက္ၿပီး သူတို႔ကို
ကမ္းလိုက္၏၊ "ဒီဟာက ဒီလူအိုႀကီးပိုင္တဲ့
ေထာက္ခံကတ္ျပားပဲ၊ ဒါနဲ႔ဆိုရင္ က်န္တဲ့လုပ္ငန္းစဉ္
ေတြကိုေက်ာ္ၿပီးေတာ့ ေရွာင္ေယာင္တကၠသိုလ္ကို
တိုက္ရိုက္စာရင္းသြင္းလို႔ရတယ္၊ ဒါေပမယ့္
ဒီလူအိုႀကီးက မင္းကိုေထာက္ခံေပးထားေပမယ့္
ေရွာင္ေယာင္တကၠသိုလ္မွာ ေက်ာင္းသားတစ္ေယာက္
ျဖစ္လာဖို႔ စမ္းသပ္မႈအဆင့္
နဲနဲေလာက္ေတာ့ ျဖတ္ရလိမ့္အံုးမယ္"

ယူေရွာင္းမိုက ေထာက္ခံကတ္ျပားကို
လက္ခံလိုက္တယ္၊ ဟုတ္ေနတာပဲ၊ဟြမ္ဖူလီရဲ့နာမည္
ကို ထိုေပၚမွာေရးထားတယ္၊
"ခင္ဗ်ားတို႔ႏွစ္ေယာက္ရဲ့ ၾကင္နာမႈကို
ေနာင္က်မွပဲ ျပန္ဆပ္ပါေတာ့မယ္"

ဟြမ္ဖူလီက ႃပံုးၿဖဲျဖဲလုပ္ေနသည္၊
"ဒီလိုလုပ္ရိုးလုပ္စဉ္အတိုင္း လုပ္ေနစရာမလိုပါဘူး၊
ဒါက လက္ေလးၿမွောက္ရံုေလာက္
အားစိုက္ထုတ္မႈေလးပါပဲ"
(အနဲငယ္သာအားထုတ္ရသည္ကိုဆိုလိုသည္)

ယူေရွာင္းမိုက ေအာ္ရယ္လိုက္၏၊
"ဒါဆိုလည္း ကိန္းႀကီးခန္းႀကီးလုပ္မေနဘဲ
ဒီလက္ကို လက္ခံလိုက္ပါမယ္"

ဟြမ္ဖူလီ၏ႃပံုးေနေသာအမူအရာက တစ္ခဏမ်ွ
ေအးခဲသြား၏။ ဒီစကားေတြက ဘာလို႔ တစ္ခုခု
ထူးဆန္းေနသလိုျဖစ္ေနတာလဲ?

ေခ်ာင္ဝူရႊမ္းက
ဒီယူေရွာင္းဟာက တကယ္ပဲေခါင္းမရိွတဲ့
လူတစ္ေယာက္ဆိုတာ ေနာက္ဆံုးေတာ့
အေျဖထုတ္လိုက္ႏိုင္သည္၊ သူေျပာတာေတြက
အလြန္ရႊင္ျမဴးဖြယ္ေကာင္းသည္၊
ဒါေပမယ့္ယူေရွာင္းဟာကစေနာက္ေနျခင္းသာ
ျဖစ္သည္ကိုလဲ ေျပာႏိုင္၏၊ သူက
စိတ္ဝင္စားစရာေကာင္းသၫ့္လူတစ္ေယာက္
ျဖစ္သည္။

ထို႔ေနာက္တြင္ သားရဲသ႑ာန္ေျပာင္းလဲျခင္း
အဖဲြ႔အစည္းမွလူမ်ားလဲ ထြက္ခြာသြားၾကေတာ့သည္၊
ထိုေနရာတြင္ရိွေနဆဲျဖစ္သၫ့္သူမ်ားမွာ
ယူေရွာင္းမိုႏွင့္က်န္လူမ်ားပင္။ ထို႔အျပင္
တိတ္တိတ္ေလးထြက္သြားၿပီးေပမယ့္ ေရြးခ်ယ္စရာမ
ရိွဘဲ ေနာက္တစ္ေခါက္ျပန္ေျပးလာရသၫ့္
ရွဲ႔ခ်ဳံးႏွင့္အေပါင္းအပါတစ္သိုက္
လဲရိွေသးသည္......
____________


















Continue Reading

You'll Also Like

341K 33.8K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
693K 89.8K 91
Title - Accompany by a Fool To Do Farming [种田之傻傻相陪] Author(s) - 锦绣云燃 English Translator - LittleYen Status in COO - 90 chapters (completed) Type - We...
360K 53.2K 122
Myanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are available. Genres : Horror Love Stroy W...
1.2M 166K 64
传说之主的夫人 by 尹琊 Chuanshuo Zhi Zhu De Furen by Yin Ya Genres: Action, Adventure, Fantasy, Comedy, Historical, Martial Art, Romance, WuxiaWorld, BL (Cha...