Unicode
အပိုင်း၄၀၉: တစ်ဦးနှင့်တစ်ဦးကြံစည်ခြင်း
သူကရုတ်တရက်ထွက်ပြေးသွားလိမ့်မည်ဟု
မည်သူကမျှထင်မထားခဲ့ချေ။ လူတိုင်းက
အချိန်မှီမတုံ့ပြန်နိုင်ခဲ့ကြပဲ သူကအပျက်အယွင်း
နယ်မြေမှ ထွက်ခွာသွားသည့်အချိန်မှသာလျှင်
သူတို့အာရုံပြန်ရတော့၏။ လူတိုင်းရဲ့အမြင်မှာတော့
သူ့အပြုအမူက ရင်မဆိုင်ရဲပုံပေါက်နေသည်။
ယူချင်ရှန်းစကားများကိုသံသယဝင်နေကြသည့်
လူများက စိတ်အားထက်သန်စွာ နောက်မှလိုက်သွား
ကြတော့သည်။
မှောင်မိုက်နေတဲ့ထောင့်တစ်နေရာမှာ ပုန်းနေခဲ့တဲ့
ရှဲ့ချုံးနဲ့ကျန်လေးယောက်က လင်းရှောင်ညွှန်ကြားခဲ့
သည့်အတိုင်း မြေအောက်နန်းတော်မှထွက်မသွားခဲ့
ကြချေ။ သူတို့ကတစ်ယောက်နဲ့တစ်ယောက်
အကြည့်ချင်းဖလှယ်လိုက်ပြီး လင်းရှောင်ကို
လိုက်ဖမ်းချင်နေတဲ့လူများကဲ့သို့ ဟန်ဆောင်ကာ
လူအုပ်ထဲသို့ ရောနှောလိုက်တော့သည်။
ငှက်ပေါက်လေးအပါအဝင် သူတို့ငါးယောက်လုံးက
ဧကရာဇ်အဆင့်နှင့်အထက်များ ဖြစ်ကြရာ
ရှာတွေ့ခံရမှာ ပူစရာမလိုပေ။
"အကြီးအကဲက ဘာလို့ထွက်သွားရတာလဲ?
ဟိုလူပြောလိုက်တဲ့ဟာကို မှန်ကြောင်းပြလိုက်သလို
ဖြစ်မသွားဘူးလား?" မောင်ချုံးက နားမလည်သော
အသံဖြင့်မေးလိုက်သည်။ သူမအမြင်မှာတော့
လှည့်ဖျားဖို့ခက်တဲ့လူလက်တစ်ဆုပ်စာလောက်က
လွဲလို့ ကျန်တဲ့သူတွေက ခိုင်မာတဲ့ရပ်တည်ချက်
မရှိကြချေ။ သတ္တုဒြပ်စင်အဆီအနှစ်နဲ့
သတ္တုစားသားရဲအကြောင်းကို တစ်ခြားတစ်ယောက်
ပေါ် အပြစ်လွှဲချလိုက်လျှင် ဤလူများ၏နှလုံးသား
က သေချာပေါက်ယိမ်းယိုင်သွားမည်ဖြစ်သည်။
"ငါလဲနားမလည်ဘူး။" အမူအရာကင်းမဲ့သောမျက်နှာ
နဲ့ ရှောင်ဟိန်က တော်ဝင်ဆန်သောလေသံနှင့်
ပြောလိုက်၏။
"Chirp?" ငှက်ပေါက်လေးက လန်ချုံးခေါင်းပေါ်မှ
ထွက်လာပြီး ဘယ်သူကမှသူ့ကိုအရေးမလုပ်သော်
လည်း နားမလည်သည့်အသံပြုလိုက်သည်၊
"နားမလည်စရာဘာရှိလို့လဲ? တစ်ခြားလူတွေ
သိသည်ဖြစ်စေ မသိသည်ဖြစ်စေ
အကြီးအကဲအတွက်တော့ ခြားနားချက်မရှိဘူး။
လန်ချုံး၊ မင်းရောဘယ်လိုထင်လဲ?"
ရှဲ့ချုံးက ရိုးရိုးရှင်းရှင်းပြောလိုက်သည်။
"ရှဲ့ချုံးပြောတာနဲ့ သဘောတူတယ်။
အကြောင်းပြချက်တစ်ခုရှိခဲ့မယ်ဆိုရင် အဲ့ဒါက
အပျက်အယွင်းနယ်မြေက သေးလွန်းနေပြီးတော့
တိုက်ခိုက်ဖို့ခက်ခဲလို့ပဲဖြစ်လိမ့်မယ်။ ဒါ့ကြောင့်
အကြီးအကဲလင်းရှောင်က ပိုကြီးတဲ့
နေရာလွတ်တစ်ခု ရှာမလို့ဖြစ်မယ်။ ဒါ့အပြင်
ဒီနေရာကမြေအောက်နန်းတော်လေ။ ဒီဟာက
ပြိုကျသွားနိုင်မလားဆိုတာ ဘယ်သူသိမလဲ။"
လန်ချုံးက ပြန်ပြောသည်။
"ငါ့ကိုရှဲ့ချုံးလို့ မခေါ်ပါနဲ့။ ကျေးဇူးပဲ!"
"ဒါဆို ငါ့ကိုလဲနောင်ကျရင်လန်ချုံးလို့မခေါ်နဲ့။"
လန်ချုံးက အေးဆေးစွာပြန်ဖြေလိုက်သည်။
"ငါနားလည်ပြီ၊ လန်ချုံး။" ရှောင်ဟိန်က
အမူအရာမရှိပြောလိုက်သည်။
"....."
ထိုစဉ်တွင် လိုက်ဖမ်းပွဲကရလဒ်ထွက်ပေါ်လာပြီ
ဖြစ်သည်။ လင်းရှောင်၏အမြန်နှုန်းနှင့် မှီအောင်
လိုက်နိုင်သူများမှာ နတ်ဒေဝါအဆင့်ကျင့်ကြံသူများ
သာဖြစ်ပြီး သူတို့ကသူနှင့်သိပ်မဝေးတော့ချေ။
ကျန်လူများကတော့ သူ့နောက်အဝေးကြီးတွင်
ကျန်ခဲ့ပြီဖြစ်သည်။
"လင်းမော့၊ မင်းမှာပြေးစရာနေရာမရှိတော့ပါဘူးကွာ။
မင်းဘယ်လိုအခြေအနေထဲရောက်နေလဲဆိုတာ
သိပါတယ်၊ ဒါ့ကြောင့် ဒြပ်စင်အဆီအနှစ်နှစ်ခုနဲ့
သတ္တုစားသားရဲကိုပေးလိုက်။ မင်းကို
အသက်ရှင်ခွင့်ပေးမယ်။" ယူမင်းက
လင်းရှောင်နောက်ကျောကို သတ်ဖြတ်လိုစိတ်ဖြင့်
စိုက်ကြည့်လိုက်သည်။
သူဘာမှမကြားလိုက်သကဲ့သို့ လင်းရှောင်က
သူလာခဲ့တဲ့လမ်းအတိုင်း ရှေ့ဆက်ပျံနေ၏။
ဝင်ပေါက်ကထိုက်ချိယင်ယန်ဖွဲ့စည်းပုံ၏ အပြောင်းအလဲများနှင့်လိုက်၍ ပြောင်းလဲသော်လည်း
သူသွားခဲ့သည့်မူလလမ်းအတိုင်းလိုက်သွားလျှင်
ထွက်ပေါက်ကို သေချာပေါက်ရှာတွေ့မည်ဖြစ်သည်။
ယူမင်းကလဲ ထိုအကြောင်းကိုတိတိကျကျသိသည်။
ထို့ကြောင့်သာ လင်းရှောင်လွတ်မြောက်သွားလျှင်
သူ့ကိုဖမ်းဖို့နည်းလမ်းရှိတော့မှာမဟုတ်တာကြောင့်
သူကစိုးရိမ်နေခြင်းဖြစ်သည်။ ထို့အပြင် သူက
သူတို့ကြားမှာ အကွာအဝေးတစ်ခုရည်ရွယ်ချက်ရှိရှိ ထားထားပုံပေါ်သည်။ သူအရှိန်တင်လိုက်သည့်အချိန်
တိုင်း လင်းရှောင်က ချက်ချင်းဝေးဝေးသွား၏။
နာရီဝက်မပြည့်ခင်မှာပဲ ထွက်ပေါက်က လင်းရှောင်
မျက်လုံးရှေ့တည့်တည့်တွင် ပေါ်လာသည်။
ဒီမြင်ကွင်းကိုတွေ့လိုက်တော့ ယူမင်းက
မျှော်လင့်ချက်ကင်းမဲ့နေတဲ့အချိန်မှာနည်းလမ်းတစ်ခု
ကို ရုတ်တရက်စဉ်းစားမိသွားပြီး
ခေါင်းမော့လိုက်သည်။ လင်းရှောင်ထွက်သွားတော့
မယ့်အချိန်မှာပဲ သူ့အင်္ကျီလက်ထဲကနေ အစိမ်းရောင်
အလင်းတန်းတစ်ခုက လျင်မြန်စွာပျံထွက်သွားသည်။
ထိုအစိမ်းရောင်အလင်းတန်းက သူ့ကိုမီသွားပြီး
လက်ဖမိုးကိုကိုက်လိုက်၏။
သူကရပ်တန့်သွားသင့်ပေမယ့် လင်းရှောင်က
ဂရုမစိုက်ပေ။ သူကထွက်ပေါက်ဆီသို့သာ
တဟုန်ထိုးသွားလိုက်သည်။
မြေအောက်နန်းတော်ဝင်ပေါက်နှင့်ထွက်ပေါက်၏
တည်နေရာက ပြောင်းလဲသွားပြီဖြစ်သည်။
ထိုနေရာက ထူးဆန်းသောပုံသဏ္ဍာန်ရှိသည့်
ကျောက်စွန်းများနှင့်ဖွဲ့စည်းထားသော
ကျောက်တောင်များရှိရာ စွန့်ပစ်မြေတစ်ခုဖြစ်သည်။
သူတို့ဂျွန်တောင်တန်းထဲမှာပဲ ရှိနေသေးပုံရသည်။
သူထွက်လာပြီးတဲ့နောက် လင်းရှောင်ကချက်ချင်း
ထွက်ခွာမသွားချေ။ ထိုအစားသူက ကျောက်တုံးကြီး
တစ်ခုပေါ်၌ မတ်တပ်ရပ်လိုက်၏။
သူအကိုက်ခံလိုက်ရသည့်နေရာကိုကြည့်ရန်
သူ့လက်ကိုမြှောက်လိုက်သည်။ သူ့လက်ပေါ်တွင်
အစိမ်းရောင်ရှိသည့် အပေါက်လေးနှစ်ခုရှိနေသည်။
ယူမင်းပုခုံးပေါ်သို့ ပြန်လည်ပျံသန်းသွားသည့်
အရာကိုကြည့်လိုက်သည့်အခါ ထိုအစိမ်းရောင်
အလင်း၏ ပုံစံအမှန်ကိုမြင်လိုက်ရသည်-
အစိမ်းရင့်ရောင်မြွေသေးသေးလေးတစ်ကောင်။
မြွေလေးက သူ့တစ်ကိုယ်လုံးတွင် အစိမ်းရင့်ရောင်
အကြေးခွံများရှိပြီး ၎င်း၏ပါးစပ်ကိုအနဲငယ်ဟလိုက်
သည့်အခါ အစိမ်းရောင်အရည်များသုတ်လိမ်းထား
သည့် အစွယ်တစ်စုံကိုမြင်နိုင်သည်။ တစ်ချက်ကြည့်
ရုံနှင့် ဤမြွေကအလွန်အဆိပ်ပြင်းကြောင်း
ထင်ရှားနေသည်။
"ဟားဟားဟား!" သူ့မြွေကသူ့လက်ကို အမှန်တကယ်
ကိုက်ခဲ့တာကိုတွေ့လိုက်တော့ ယူမင်းက
အလွန်အမင်းကျေနပ်စွာအော်ရယ်လိုက်၏။
"မင်းဘယ်ပြေးနိုင်ဦးမလဲဆိုတာ ကြည့်အုံးမယ်!
ငါ့အဆိပ်နဲ့ဆိုရင် မင်းရဲ့စိတ်စွမ်းအားအကုန်လုံး
တဖြေးဖြေးဆုံးရှုံးသွားဖို့ ကြာမှာမဟုတ်ဘူး။
ငါ့ကိုအခုတောင်းပန်ရင်တောင် မင်းကို
လွှတ်ပေးမှာမဟုတ်ဘူးကွ။"
ယူမင်းပြောနေသည့်အချိန်တွင် ရှဲ့ချုံးနှင့်ကျန်သူများ
အပါအဝင် တစ်ခြားလူများကလိုက်မီလာပြီး
မြေကြီးထဲမှထွက်လာကြ၏။ သူပြောတာကို
သူတို့ကြားလိုက်တဲ့အခါ ငှက်ပေါက်လေးကလွဲလို့
သူတို့လေးယောက်စလုံးမျက်မှောင်ကြုတ်
လိုက်ကြသည်။
အကြီးအကဲလင်းရှောင်က အဆိပ်မိသွားတယ်?
အဓိပ္ပါယ်မရှိလိုက်တာ!
ချီလင်၏အထွတ်အမြတ်မီးနှင့်
နတ်ဆိုးဖီးနစ်၏မီးတောက်တို့မှာ အရာရာတိုင်းကို
ဖျက်စီးနိုင်သည့် လောကတွင်အဆင့်မြင့်ဆုံးသော
နတ်ဘုရားမီးတောက်နှစ်ခုဖြစ်သည်။ မြွေဆိပ်က
ဘယ်လောက်ပဲအစွမ်းထက်ထက်
အကြီးအကဲလင်းရှောင်ကို ဘယ်လိုလုပ်ပြီး
အနှောင့်အယှက်ဖြစ်နိုင်မှာလဲ။
လင်းရှောင်ကတကယ်ပဲ မလှုပ်ရှားတော့ချေ။
ထိုအစား သူက ကိုယ့်ကိုကိုယ်ကျေနပ်လွန်နေသည့်
ယူမင်းကိုစိုက်ကြည့်ရင်း လေးလေးနက်နက်
စဉ်းစားနေသည်။ သူ့ပုခုံးပေါ်ရှိမြွေသေးသေးလေးမှာ
အစိမ်းရောင်နတ်ဆိုးမြွေဟုခေါ်သော နတ်ဆိုးသားရဲ
တစ်ကောင်ဖြစ်သည်။ ထိုမြွေက ရိုးရိုးသာမာန်
အဆင့်မြင့်နတ်ဆိုးသားရဲဖြစ်သည်။ ၎င်း၏
တိုက်ခိုက်နိုင်စွမ်းမှာ အမျိုးတူသားရဲဖြစ်သော
ခေါင်းကိုးလုံးဧကရာဇ်မြွေနှင့်ယှဉ်လျှင်
တော်တော်လေးနိမ့်ကျသော်လည်း
အလွန်ဂုဏ်ယူနိုင်သည့် စွမ်းရည်တစ်ခုရှိသည်။
ထိုစွမ်းရည်မှာ ၎င်း၏အဆိပ်ဖြစ်သည်။
ထိုအဆိပ်ကိုအဆင့်သတ်မှတ်လျှင် သေချာပေါက်
ထိပ်ဆုံးသုံးခုအတွင်းဝင်သည်။ ထိုအဆိပ်အနဲငယ်
မျှနှင့် ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို
သတ်နိုင်ပြီး နတ်ဒေဝါအဆင့်ကျင့်ကြံသူများကို
အကြီးအကျယ်ဒဏ်ရာရစေနိုင်သည်။
လူအများစုမှာ ယူမင်းနှင့်အဆင့်တူအတွင်းရှိကြပြီး
ဒီဟာက သူ့ကိုကြောက်ကြသည့်အကြောင်းအရင်း
ဖြစ်ပေသည်။
ဒါပေမယ့်လည်း အစိမ်းရောင်နတ်ဆိုးမြွေမှာ များစွာ
မရှိချေ။ ယူမင်းကကံအားလျော်စွာတွေ့ရှိခဲ့ခြင်း
ဖြစ်ပြီး ၎င်းအဆိပ်၏အစွမ်းထက်မှုကို
သူနားလည်သွားကတည်းက သူ့ကံကြမ္မာကို
အစိမ်းရောင်နတ်ဆိုးမြွေနှင့် ချည်နှောင်ခဲ့ခြင်း
ဖြစ်သည်။
ပျမ်းမျှအားဖြင့် အစိမ်းရောင်နတ်ဆိုးမြွေ၏အဆိပ်မှာ
စွမ်းအားကြီးသူများအတွက် ပြဿနာများပြီး
သေစေနိုင်လောက်သော်လည်း လင်းရှောင်
အတွက်တော့မတူပါချေ။ ဒါကရှဲ့ချုံးနှင့်
ကျန်သည့်ဘောလုံးအသင်းသားများ ခန့်မှန်းထား
သည့်အတိုင်းဖြစ်သည်။ နတ်ဘုရားမီးတောက်ရှိသည့်
လင်းရှောင်အတွက်တော့ အစိမ်းရောင်နတ်ဆိုးမြွေက
သူ့လက်ကို ကိုက်ကိုက်လိုက်ချင်း အဆိပ်မှာ
အလိုအလျောက်လောင်ကျွမ်းခံလိုက်ရပြီဖြစ်၏။
လင်းရှောင်က အစိမ်းရောင်နတ်ဆိုးမြွေကို
အာရုံမထားခဲ့ခြင်းမှာလဲ ထိုအကြောင်းအရင်းကြောင့်
ပင်ဖြစ်သည်။
ယူချင်ရှန်းက သူမြေအောက်နန်းတော်မှ
ထွက်လာလာချင်းမှာပဲ ယူမင်းပြောတာကို
ကြားလိုက်ရသည်။ ပထမတော့ သူကြားလိုက်ရ
သည့်အရာအတွက် ဝမ်းမြောက်သွား၏။
ဒါပေမယ့်လည်း လင်းရှောင်ရဲ့ပုံမှန်မဟုတ်တဲ့
တုံ့ပြန်ချက်ကိုမြင်လိုက်ရတဲ့အခါ သူက
စိတ်လျော့သွားရသည်။
ဒီအချိန်တွင် သူ့မှာရွေးချယ်စရာနှစ်ခုသာရှိသည်။
တစ်: သူ့အသက်အတွက်ချက်ချင်းပြေးတာ
ဒါမှမဟုတ်ရင် နှစ်: ပစ္စည်းသုံးခုကိုပေးပြီးပြေးတာ။
သို့သော်လည်း လင်းရှောင်ကဒီလိုတစ်ခုမှမလုပ်ချေ။
သူ့အမူအရာက တကယ်ကိုထူးဆန်းနေသည်။
"လူအိုကြီးမင်း၊ တစ်ခုခုတော့မှားနေပြီ။"
ယူချင်ရှန်းက ယူမင်းဘက်လျှောက်သွားလိုက်ပြီး
အသံတိုးတိုးပြောလိုက်သည်။
ယူမင်းရယ်သံက ချက်ချင်းရပ်သွား၏။
သူ့အကြည့်ကလင်းရှောင်ဆီရွေ့သွားပြီး
သူ့မှာအဆိပ်မိနေတဲ့လက္ခဏာမရှိတာ
တွေ့လိုက်ရသည်။ သူကကျောက်တုံးပေါ်မှာ
ဘာမှဂရုမစိုက်ဘဲ ရပ်နေပြီးတော့ သူ့ကို
အထင်သေးသည့်အကြည့်ဖြင့်ပင် ကြည့်နေ၏။
သူအံ့ဩထိတ်လန့်နေတုန်းမှာပဲ လင်းရှောင်က
စကားပြောဖို့ ပါးစပ်ဖွင့်လိုက်သည်။
"ယူမင်း၊ မင်းဟန်ဆောင်နေတာကို အခုရပ်လို့ရပြီ
ထင်တယ်။ အမှန်တရားကတော့၊ ငါ့ထက်မင်းက
ပိုသိတယ်ဆိုတာ သေချာပါတယ်။ မင်းလုပ်ခဲ့တာကို
မလုပ်ထားသလိုဘာလို့ ဟန်ဆောင်နေတာလဲ?"
"ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ?"
သူ့ရဲ့အဓိပ္ပါယ်မရှိတဲ့စကားကို ကြားရတော့
ယူမင်းကဒေါသထွက်သွား၏။ သူဘာပြောဖို့
ကြိုးစားနေလဲဆိုတာ သူခန့်မှန်းနိုင်သည်။
လင်းရှောင်က သွေးစွေးနီကလန်က သတ္တုစားသားရဲ
နဲ့သတ္တုဒြပ်စင်အဆီအနှစ်ကို ခိုးသွားတယ်လို့
ပြောချင်နေတာပဲ!
"ငါအလကားပြောနေတာဟုတ်မဟုတ်၊
မင်းတစ်ယောက်ပဲသိမှာပေါ့။ ဒီလိုမှမဟုတ်ရင်
လူတွေကို သတ်ပြီးနှုတ်ပိတ်ဖို့အတွက် မင်းဘာလို့
အလျင်လိုနေမှာလဲ? ငါသာကံမကောင်းခဲ့ရင်၊
မင်းသတ်တာခံရပြီးလောက်ပြီ။" လင်းရှောင်က
တိတ်တဆိတ်ရယ်လိုက်သည်။
သူကရှင်းရှင်းလင်းလင်းမဆိုသော်ငြားလည်း
သူ့စကားထဲမှ သွယ်ဝိုက်မှုများက လူအုပ်ကြီးကို
တွေးဆကြည့်စေဖို့လုံလောက်လေသည်။ ထို့အပြင်
လူစိမ်းတစ်ယောက်ဖြစ်သည့် လင်းရှောင်နှင့်ယှဉ်လျှင်
ယူမင်း၏စဉ်းလဲသည့်နည်းလမ်းများက
လူအုပ်နှင့်မစိမ်းပေ။ ထို့ကြောင့် အများစုမှာ
ဇဝေဇဝါဖြစ်နေသေးသော်လည်း သူတို့ထင်မြင်ချက်
များကတော့ ပြောင်းလဲသွားပြီဖြစ်သည်။
ယူချင်ရှန်းက ယူမင်းနောက်မှထွက်လာပြီး
မဲမှောင်စွာပြောလိုက်၏၊
"မင်းကဒီမှာရှိနေတဲ့လူတွေကို အရူးတွေလိုဆက်ဆံ
နေတယ်ထင်တယ်။ ငါတို့ကကြံရာပါတွေဆိုရင်
ဂျွန်မြို့တုန်းက ပဋိပက္ခအကြောင်း မင်းဘယ်လို
ရှင်းပြမလဲ? မင်းကအပြစ်လွှဲချပြီးတော့
သွေးစွေးနီကလန်ကိုဆွဲချချင်နေတာပဲ။"
လင်းရှောင်က မတုန်လှုပ်သွားရုံမက၊ ထိုအစား
သူကပြုံးပြီးခေါင်းညိတ်လိုက်၏။
"မင်းမှန်တယ်။
ငါတို့တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းကြံစည်
နေဖို့ မဖြစ်နိုင်ဘူးဆိုတာ ဒီမှာရှိတဲ့လူတိုင်း သိတယ်။"
ယူချင်ရှန်းမျက်နှာထားက ချက်ချင်းအိုသွား၏။
နောက်ထပ်စောင်းပါးရိပ်ချည်တစ်ခု။
လူသားအားလုံးတွင် အကျင့်ဆိုးတစ်ခုရှိသည်။
လူတစ်ယောက်က အခြားတစ်ယောက်ကို
သံသယဝင်လျှင် ထိုတစ်ယောက်ကဘာပြောပြော၊
သူတွေးချင်သည့်အတိုင်းပဲ တွေးလေ့ရှိပြီး
ထိုတစ်ယောက်ကသူ့ကို ရှင်းပြခြင်းကို မလိုအပ်ချေ။
ထို့ကြောင့် လင်းရှောင်ကသူ့ကို
ပြန်ဖြေနေပုံပေါက်သော်လည်း အမှန်တကယ်တွင်
သူ့ကိုကျန်လူများက တစ်မျိုးတွေးအောင်
လုပ်နေတာဖြစ်သည်။ သူတို့အတွက် ပူးပေါင်းဖို့
မဖြစ်နိုင်မှတော့ သူ့(lx)ကိုထိုကဲ့သို့တွေးကြတော့မည်
မဟုတ်ပေ။ တစ်နည်းအားဖြင့် သူတို့လည်း
ဒီအချက်ကိုအသုံးပြုနိုင်သည်။
"သွေးစွေးနီကလန်ကလူတွေက ဘယ်တော့မှ
မကျေနပ်နိုင်ကြဘူးပဲ။ ငါဒါကိုအရင်ကလဲ
ပြောခဲ့တယ်၊ မင်းတို့ရဲ့အတောမသတ်နိုင်တဲ့လောဘ
ကြောင့် အပြစ်ပေးခံရလိမ့်မယ်။ မင်းတို့မလုပ်ခဲ့သင့်
တာက မင်းတို့လိုချင်တာရပြီးမှငါ့ကိုနှုတ်ပိတ်ဖို့
ကြိုးစားခဲ့တာပဲ။ ဒီလိုဆိုမှတော့ မင်းတို့အားလုံးနဲ့
တူတူအောက်ဆင်းသွားရလဲ စိတ်မရှိပါဘူး။"
လင်းရှောင်က ဆက်ပြောလိုက်သည်။
"ငါမင်းကိုသတ်မယ်!" ယူမင်းက အော်လိုက်သည်။
လင်းရှောင်ကအလွန်အချက်ကျစွာပြောခဲ့တာကြောင့်
သူတို့မလုပ်ခဲ့ရင်တောင်မှ တစ်ခြားသူများ၏
သံသယများကိုမဖယ်ရှားနိုင်တော့ပေ။
သူပြောတာကို လူအများစုကယုံကြည်ကြတာကြောင့်
ချောင်ဝူရွှမ်းပင်လျှင် သူတို့ကိုသံသယဖြစ်စွာ
ကြည့်နေ၏။
ယူမင်းက အမှန်တကယ်ကို
သွေးအန်ချင်နေပြီဖြစ်သည်။ အခြေအနေကယခုလို
အဆုံးသတ်သွားလိမ့်မယ်လို့ သူမထင်ထားခဲ့ချေ။
သတ္တုစားသားရဲနဲ့ ဒြပ်စင်အဆီအနှစ်ကို မထိလိုက်ရ
ရုံမက သူကစွပ်စွဲခံရသေး၏။ ဒါက တကယ်ကို၊
တကယ်ကိုဆိုးဝါးတယ်!
သူတို့မကောင်းမှုအတွက် ဒဏ်ခတ်ခံရတာပဲ!
ယူမင်းက သားရဲသဏ္ဍာန်ပြောင်းလဲခြင်းအဖွဲ့အစည်း
နှင့် ချန်မဟာမိတ်ကို ဒီမတိုင်မီက တူညီသောနည်းလမ်းဖြင့် စွပ်စွဲခဲ့သည်။
သူတို့ဝဋ်လည်တာက ဒီလောက်မြန်လိမ့်မယ်လို့
ဘယ်သူထင်မှာလဲ။
လူတစ်ချို့က လင်းရှောင်ပြောတာကို ယုံကြည်နှင့်ပြီး
ဖြစ်သည်။
ရှဲ့ချုံးနှင့်ကျန်သူများကတော့ ပြောစရာမရှိတော့ချေ။
သူတို့သခင်ကို အမြဲလိုလိုစနောက်နေတတ်တာကို
တွေ့ပြီးဖြစ်တာကြောင့် လင်းရှောင်စကားပြော
ကောင်းမှန်းသိသော်လည်း သူတို့သခင်မှာက
ဉာဏ်ရည်အကန့်အသတ်ရှိတာကြောင့် အဲ့တာက
ကြီးကျယ်လောက်တဲ့အောင်မြင်မှုတော့ မဟုတ်ခဲ့ပေ။
ဒါပေမယ့်လည်း နတ်ဘုရားပဲသိမယ့်နှစ်ပေါင်းများ
စွာနေထိုင်လာခဲ့တဲ့သူတွေကို သိမ်းသွင်းလိုက်တာ
မြင်လိုက်ရတော့ အံ့ဩတုန်လှုပ်သွားရ၏။
____________
Zawgyi
အပိုင္း၄၀၉: တစ္ဦးႏွင့္တစ္ဦးႀကံစည္ျခင္း
သူကရုတ္တရက္ထြက္ေျပးသြားလိမ့္မည္ဟု
မည္သူကမ်ွထင္မထားခဲ့ေခ်။ လူတိုင္းက
အခ်ိန္မွီမတံု႔ျပန္ႏိုင္ခဲ့ၾကပဲ သူကအပ်က္အယြင္း
နယ္ေျမမွ ထြက္ခြာသြားသၫ့္အခ်ိန္မွသာလ်ွင္
သူတို႔အာရံုျပန္ရေတာ့၏။ လူတိုင္းရဲ့အျမင္မွာေတာ့
သူ႔အျပဳအမူက ရင္မဆိုင္ရဲပံုေပါက္ေနသည္။
ယူခ်င္ရွန္းစကားမ်ားကိုသံသယဝင္ေနၾကသၫ့္
လူမ်ားက စိတ္အားထက္သန္စြာ ေနာက္မွလိုက္သြား
ၾကေတာ့သည္။
ေမွာင္မိုက္ေနတဲ့ေထာင့္တစ္ေနရာမွာ ပုန္းေနခဲ့တဲ့
ရွဲ႔ခ်ဳံးနဲ႔က်န္ေလးေယာက္က လင္းေရွာင္ၫႊန္ၾကားခဲ့
သၫ့္အတိုင္း ေျမေအာက္နန္းေတာ္မွထြက္မသြားခဲ့
ၾကေခ်။ သူတို႔ကတစ္ေယာက္နဲ႔တစ္ေယာက္
အၾကၫ့္ခ်င္းဖလွယ္လိုက္ၿပီး လင္းေရွာင္ကို
လိုက္ဖမ္းခ်င္ေနတဲ့လူမ်ားကဲ့သို႔ ဟန္ေဆာင္ကာ
လူအုပ္ထဲသို႔ ေရာေနွာလိုက္ေတာ့သည္။
ငွက္ေပါက္ေလးအပါအဝင္ သူတို႔ငါးေယာက္လံုးက
ဧကရာဇ္အဆင့္ႏွင့္အထက္မ်ား ျဖစ္ၾကရာ
ရွာေတြ့ခံရမွာ ပူစရာမလိုေပ။
"အႀကီးအကဲက ဘာလို႔ထြက္သြားရတာလဲ?
ဟိုလူေျပာလိုက္တဲ့ဟာကို မွန္ေၾကာင္းျပလိုက္သလို
ျဖစ္မသြားဘူးလား?" ေမာင္ခ်ဳံးက နားမလည္ေသာ
အသံျဖင့္ေမးလိုက္သည္။ သူမအျမင္မွာေတာ့
လွၫ့္ဖ်ားဖို႔ခက္တဲ့လူလက္တစ္ဆုပ္စာေလာက္က
လဲြလို႔ က်န္တဲ့သူေတြက ခိုင္မာတဲ့ရပ္တည္ခ်က္
မရိွၾကေခ်။ သတၲုျဒပ္စင္အဆီအႏွစ္နဲ႔
သတၲုစားသားရဲအေၾကာင္းကို တစ္ျခားတစ္ေယာက္
ေပၚ အျပစ္လႊဲခ်လိုက္လ်ွင္ ဤလူမ်ား၏ႏွလံုးသား
က ေသခ်ာေပါက္ယိမ္းယိုင္သြားမည္ျဖစ္သည္။
"ငါလဲနားမလည္ဘူး။" အမူအရာကင္းမဲ့ေသာမ်က္ႏွာ
နဲ႔ ေရွာင္ဟိန္က ေတာ္ဝင္ဆန္ေသာေလသံႏွင့္
ေျပာလိုက္၏။
"Chirp?" ငွက္ေပါက္ေလးက လန္ခ်ဳံးေခါင္းေပၚမွ
ထြက္လာၿပီး ဘယ္သူကမွသူ႔ကိုအေရးမလုပ္ေသာ္
လည္း နားမလည္သၫ့္အသံျပဳလိုက္သည္၊
"နားမလည္စရာဘာရိွလို႔လဲ? တစ္ျခားလူေတြ
သိသည္ျဖစ္ေစ မသိသည္ျဖစ္ေစ
အႀကီးအကဲအတြက္ေတာ့ ျခားနားခ်က္မရိွဘူး။
လန္ခ်ဳံး၊ မင္းေရာဘယ္လိုထင္လဲ?"
ရွဲ႔ခ်ဳံးက ရိုးရိုးရွင္းရွင္းေျပာလိုက္သည္။
"ရွဲ႔ခ်ဳံးေျပာတာနဲ႔ သေဘာတူတယ္။
အေၾကာင္းျပခ်က္တစ္ခုရိွခဲ့မယ္ဆိုရင္ အဲ့ဒါက
အပ်က္အယြင္းနယ္ေျမက ေသးလြန္းေနၿပီးေတာ့
တိုက္ခိုက္ဖို႔ခက္ခဲလို႔ပဲျဖစ္လိမ့္မယ္။ ဒါ့ေၾကာင့္
အႀကီးအကဲလင္းေရွာင္က ပိုႀကီးတဲ့
ေနရာလြတ္တစ္ခု ရွာမလို႔ျဖစ္မယ္။ ဒါ့အျပင္
ဒီေနရာကေျမေအာက္နန္းေတာ္ေလ။ ဒီဟာက
ၿပိဳက်သြားႏိုင္မလားဆိုတာ ဘယ္သူသိမလဲ။"
လန္ခ်ဳံးက ျပန္ေျပာသည္။
"ငါ့ကိုရွဲ႔ခ်ဳံးလို႔ မေခၚပါနဲ႔။ ေက်းဇူးပဲ!"
"ဒါဆို ငါ့ကိုလဲေနာင္က်ရင္လန္ခ်ဳံးလို႔မေခၚနဲ႔။"
လန္ခ်ဳံးက ေအးေဆးစြာျပန္ေျဖလိုက္သည္။
"ငါနားလည္ၿပီ၊ လန္ခ်ဳံး။" ေရွာင္ဟိန္က
အမူအရာမရိွေျပာလိုက္သည္။
"....."
ထိုစဉ္တြင္ လိုက္ဖမ္းပဲြကရလဒ္ထြက္ေပၚလာၿပီ
ျဖစ္သည္။ လင္းေရွာင္၏အျမန္ႏႈန္းႏွင့္ မွီေအာင္
လိုက္ႏိုင္သူမ်ားမွာ နတ္ေဒဝါအဆင့္က်င့္ႀကံသူမ်ား
သာျဖစ္ၿပီး သူတို႔ကသူႏွင့္သိပ္မေဝးေတာ့ေခ်။
က်န္လူမ်ားကေတာ့ သူ႔ေနာက္အေဝးႀကီးတြင္
က်န္ခဲ့ၿပီျဖစ္သည္။
"လင္းေမာ့၊ မင္းမွာေျပးစရာေနရာမရိွေတာ့ပါဘူးကြာ။
မင္းဘယ္လိုအေျခအေနထဲေရာက္ေနလဲဆိုတာ
သိပါတယ္၊ ဒါ့ေၾကာင့္ ျဒပ္စင္အဆီအႏွစ္ႏွစ္ခုနဲ႔
သတၲုစားသားရဲကိုေပးလိုက္။ မင္းကို
အသက္ရွင္ခြင့္ေပးမယ္။" ယူမင္းက
လင္းေရွာင္ေနာက္ေက်ာကို သတ္ျဖတ္လိုစိတ္ျဖင့္
စိုက္ၾကၫ့္လိုက္သည္။
သူဘာမွမၾကားလိုက္သကဲ့သို႔ လင္းေရွာင္က
သူလာခဲ့တဲ့လမ္းအတိုင္း ေရ႔ွဆက္ပ်ံေန၏။
ဝင္ေပါက္ကထိုက္ခ်ိယင္ယန္ဖဲြ႔စည္းပံု၏ အေျပာင္းအလဲမ်ားႏွင့္လိုက္၍ ေျပာင္းလဲေသာ္လည္း
သူသြားခဲ့သၫ့္မူလလမ္းအတိုင္းလိုက္သြားလ်ွင္
ထြက္ေပါက္ကို ေသခ်ာေပါက္ရွာေတြ့မည္ျဖစ္သည္။
ယူမင္းကလဲ ထိုအေၾကာင္းကိုတိတိက်က်သိသည္။
ထို႔ေၾကာင့္သာ လင္းေရွာင္လြတ္ေျမာက္သြားလ်ွင္
သူ႔ကိုဖမ္းဖို႔နည္းလမ္းရိွေတာ့မွာမဟုတ္တာေၾကာင့္
သူကစိုးရိမ္ေနျခင္းျဖစ္သည္။ ထို႔အျပင္ သူက
သူတို႔ၾကားမွာ အကြာအေဝးတစ္ခုရည္ရြယ္ခ်က္ရိွရိွ ထားထားပံုေပၚသည္။ သူအရိွန္တင္လိုက္သၫ့္အခ်ိန္
တိုင္း လင္းေရွာင္က ခ်က္ခ်င္းေဝးေဝးသြား၏။
နာရီဝက္မျပၫ့္ခင္မွာပဲ ထြက္ေပါက္က လင္းေရွာင္
မ်က္လံုးေရ႔ွတၫ့္တၫ့္တြင္ ေပၚလာသည္။
ဒီျမင္ကြင္းကိုေတြ့လိုက္ေတာ့ ယူမင္းက
ေမ်ွာ္လင့္ခ်က္ကင္းမဲ့ေနတဲ့အခ်ိန္မွာနည္းလမ္းတစ္ခု
ကို ရုတ္တရက္စဉ္းစားမိသြားၿပီး
ေခါင္းေမာ့လိုက္သည္။ လင္းေရွာင္ထြက္သြားေတာ့
မယ့္အခ်ိန္မွာပဲ သူ႔အက်ႌလက္ထဲကေန အစိမ္းေရာင္
အလင္းတန္းတစ္ခုက လ်င္ျမန္စြာပ်ံထြက္သြားသည္။
ထိုအစိမ္းေရာင္အလင္းတန္းက သူ႔ကိုမီသြားၿပီး
လက္ဖမိုးကိုကိုက္လိုက္၏။
သူကရပ္တန႔္သြားသင့္ေပမယ့္ လင္းေရွာင္က
ဂရုမစိုက္ေပ။ သူကထြက္ေပါက္ဆီသို႔သာ
တဟုန္ထိုးသြားလိုက္သည္။
ေျမေအာက္နန္းေတာ္ဝင္ေပါက္ႏွင့္ထြက္ေပါက္၏
တည္ေနရာက ေျပာင္းလဲသြားၿပီျဖစ္သည္။
ထိုေနရာက ထူးဆန္းေသာပံုသ႑ာန္ရိွသၫ့္
ေက်ာက္စြန္းမ်ားႏွင့္ဖဲြ႔စည္းထားေသာ
ေက်ာက္ေတာင္မ်ားရိွရာ စြန႔္ပစ္ေျမတစ္ခုျဖစ္သည္။
သူတို႔ဂၽြန္ေတာင္တန္းထဲမွာပဲ ရိွေနေသးပံုရသည္။
သူထြက္လာၿပီးတဲ့ေနာက္ လင္းေရွာင္ကခ်က္ခ်င္း
ထြက္ခြာမသြားေခ်။ ထိုအစားသူက ေက်ာက္တံုးႀကီး
တစ္ခုေပၚ၌ မတ္တပ္ရပ္လိုက္၏။
သူအကိုက္ခံလိုက္ရသၫ့္ေနရာကိုၾကၫ့္ရန္
သူ႔လက္ကိုၿမွောက္လိုက္သည္။ သူ႔လက္ေပၚတြင္
အစိမ္းေရာင္ရိွသၫ့္ အေပါက္ေလးႏွစ္ခုရိွေနသည္။
ယူမင္းပုခံုးေပၚသို႔ ျပန္လည္ပ်ံသန္းသြားသၫ့္
အရာကိုၾကၫ့္လိုက္သၫ့္အခါ ထိုအစိမ္းေရာင္
အလင္း၏ ပံုစံအမွန္ကိုျမင္လိုက္ရသည္-
အစိမ္းရင့္ေရာင္ႁမြေသးေသးေလးတစ္ေကာင္။
ႁမြေလးက သူ႔တစ္ကိုယ္လံုးတြင္ အစိမ္းရင့္ေရာင္
အေၾကးခြံမ်ားရိွၿပီး ၄၏ပါးစပ္ကိုအနဲငယ္ဟလိုက္
သၫ့္အခါ အစိမ္းေရာင္အရည္မ်ားသုတ္လိမ္းထား
သၫ့္ အစြယ္တစ္စံုကိုျမင္ႏိုင္သည္။ တစ္ခ်က္ၾကၫ့္
ရံုႏွင့္ ဤႁမြေကအလြန္အဆိပ္ျပင္းေၾကာင္း
ထင္ရွားေနသည္။
"ဟားဟားဟား!" သူ႔ႁမြေကသူ႔လက္ကို အမွန္တကယ္
ကိုက္ခဲ့တာကိုေတြ့လိုက္ေတာ့ ယူမင္းက
အလြန္အမင္းေက်နပ္စြာေအာ္ရယ္လိုက္၏။
"မင္းဘယ္ေျပးႏိုင္ဦးမလဲဆိုတာ ၾကၫ့္အံုးမယ္!
ငါ့အဆိပ္နဲ႔ဆိုရင္ မင္းရဲ့စိတ္စြမ္းအားအကုန္လံုး
တေျဖးေျဖးဆံုးရႈံးသြားဖို႔ ၾကာမွာမဟုတ္ဘူး။
ငါ့ကိုအခုေတာင္းပန္ရင္ေတာင္ မင္းကို
လႊတ္ေပးမွာမဟုတ္ဘူးကြ။"
ယူမင္းေျပာေနသၫ့္အခ်ိန္တြင္ ရွဲ႔ခ်ဳံးႏွင့္က်န္သူမ်ား
အပါအဝင္ တစ္ျခားလူမ်ားကလိုက္မီလာၿပီး
ေျမၾကီးထဲမွထြက္လာၾက၏။ သူေျပာတာကို
သူတို႔ၾကားလိုက္တဲ့အခါ ငွက္ေပါက္ေလးကလဲြလို႔
သူတို႔ေလးေယာက္စလံုးမ်က္ေမွာင္ၾကဳတ္
လိုက္ၾကသည္။
အႀကီးအကဲလင္းေရွာင္က အဆိပ္မိသြားတယ္?
အဓိပၸါယ္မရိွလိုက္တာ!
ခ်ီလင္၏အထြတ္အျမတ္မီးႏွင့္
နတ္ဆိုးဖီးနစ္၏မီးေတာက္တို႔မွာ အရာရာတိုင္းကို
ဖ်က္စီးႏိုင္သၫ့္ ေလာကတြင္အဆင့္ျမင့္ဆံုးေသာ
နတ္ဘုရားမီးေတာက္ႏွစ္ခုျဖစ္သည္။ ႁမြေဆိပ္က
ဘယ္ေလာက္ပဲအစြမ္းထက္ထက္
အႀကီးအကဲလင္းေရွာင္ကို ဘယ္လိုလုပ္ၿပီး
အေနွာင့္အယွက္ျဖစ္ႏိုင္မွာလဲ။
လင္းေရွာင္ကတကယ္ပဲ မလႈပ္ရွားေတာ့ေခ်။
ထိုအစား သူက ကိုယ့္ကိုကိုယ္ေက်နပ္လြန္ေနသၫ့္
ယူမင္းကိုစိုက္ၾကၫ့္ရင္း ေလးေလးနက္နက္
စဉ္းစားေနသည္။ သူ႔ပုခံုးေပၚရိွႁမြေသးေသးေလးမွာ
အစိမ္းေရာင္နတ္ဆိုးႁမြေဟုေခၚေသာ နတ္ဆိုးသားရဲ
တစ္ေကာင္ျဖစ္သည္။ ထိုႁမြေက ရိုးရိုးသာမာန္
အဆင့္ျမင့္နတ္ဆိုးသားရဲျဖစ္သည္။ ၄၏
တိုက္ခိုက္ႏိုင္စြမ္းမွာ အမ်ိဳးတူသားရဲျဖစ္ေသာ
ေခါင္းကိုးလံုးဧကရာဇ္ႁမြေႏွင့္ယွဉ္လ်ွင္
ေတာ္ေတာ္ေလးနိမ့္က်ေသာ္လည္း
အလြန္ဂုဏ္ယူႏိုင္သၫ့္ စြမ္းရည္တစ္ခုရိွသည္။
ထိုစြမ္းရည္မွာ ၄၏အဆိပ္ျဖစ္သည္။
ထိုအဆိပ္ကိုအဆင့္သတ္မွတ္လ်ွင္ ေသခ်ာေပါက္
ထိပ္ဆံုးသံုးခုအတြင္းဝင္သည္။ ထိုအဆိပ္အနဲငယ္
မ်ွႏွင့္ ဧကရာဇ္အဆင့္က်င့္ႀကံသူတစ္ေယာက္ကို
သတ္ႏိုင္ၿပီး နတ္ေဒဝါအဆင့္က်င့္ႀကံသူမ်ားကို
အႀကီးအက်ယ္ဒဏ္ရာရေစႏိုင္သည္။
လူအမ်ားစုမွာ ယူမင္းႏွင့္အဆင့္တူအတြင္းရိွၾကၿပီး
ဒီဟာက သူ႔ကိုေၾကာက္ၾကသၫ့္အေၾကာင္းအရင္း
ျဖစ္ေပသည္။
ဒါေပမယ့္လည္း အစိမ္းေရာင္နတ္ဆိုးႁမြေမွာ မ်ားစြာ
မရိွေခ်။ ယူမင္းကကံအားေလ်ာ္စြာေတြ့ရိွခဲ့ျခင္း
ျဖစ္ၿပီး ၄အဆိပ္၏အစြမ္းထက္မႈကို
သူနားလည္သြားကတည္းက သူ႔ကံၾကမၼာကို
အစိမ္းေရာင္နတ္ဆိုးႁမြေႏွင့္ ခ်ည္ေနွာင္ခဲ့ျခင္း
ျဖစ္သည္။
ပ်မ္းမ်ွအားျဖင့္ အစိမ္းေရာင္နတ္ဆိုးႁမြေ၏အဆိပ္မွာ
စြမ္းအားႀကီးသူမ်ားအတြက္ ျပႆနာမ်ားၿပီး
ေသေစႏိုင္ေလာက္ေသာ္လည္း လင္းေရွာင္
အတြက္ေတာ့မတူပါေခ်။ ဒါကရွဲ႔ခ်ဳံးႏွင့္
က်န္သၫ့္ေဘာလံုးအသင္းသားမ်ား ခန႔္မွန္းထား
သၫ့္အတိုင္းျဖစ္သည္။ နတ္ဘုရားမီးေတာက္ရိွသၫ့္
လင္းေရွာင္အတြက္ေတာ့ အစိမ္းေရာင္နတ္ဆိုးႁမြေက
သူ႔လက္ကို ကိုက္ကိုက္လိုက္ခ်င္း အဆိပ္မွာ
အလိုအေလ်ာက္ေလာင္ကၽြမ္းခံလိုက္ရၿပီျဖစ္၏။
လင္းေရွာင္က အစိမ္းေရာင္နတ္ဆိုးႁမြေကို
အာရံုမထားခဲ့ျခင္းမွာလဲ ထိုအေၾကာင္းအရင္းေၾကာင့္
ပင္ျဖစ္သည္။
ယူခ်င္ရွန္းက သူေျမေအာက္နန္းေတာ္မွ
ထြက္လာလာခ်င္းမွာပဲ ယူမင္းေျပာတာကို
ၾကားလိုက္ရသည္။ ပထမေတာ့ သူၾကားလိုက္ရ
သၫ့္အရာအတြက္ ဝမ္းေျမာက္သြား၏။
ဒါေပမယ့္လည္း လင္းေရွာင္ရဲ့ပံုမွန္မဟုတ္တဲ့
တံု႔ျပန္ခ်က္ကိုျမင္လိုက္ရတဲ့အခါ သူက
စိတ္ေလ်ာ့သြားရသည္။
ဒီအခ်ိန္တြင္ သူ႔မွာေရြးခ်ယ္စရာႏွစ္ခုသာရိွသည္။
တစ္: သူ႔အသက္အတြက္ခ်က္ခ်င္းေျပးတာ
ဒါမွမဟုတ္ရင္ ႏွစ္: ပစၥည္းသံုးခုကိုေပးၿပီးေျပးတာ။
သို႔ေသာ္လည္း လင္းေရွာင္ကဒီလိုတစ္ခုမွမလုပ္ေခ်။
သူ႔အမူအရာက တကယ္ကိုထူးဆန္းေနသည္။
"လူအိုႀကီးမင္း၊ တစ္ခုခုေတာ့မွားေနၿပီ။"
ယူခ်င္ရွန္းက ယူမင္းဘက္ေလ်ွာက္သြားလိုက္ၿပီး
အသံတိုးတိုးေျပာလိုက္သည္။
ယူမင္းရယ္သံက ခ်က္ခ်င္းရပ္သြား၏။
သူ႔အၾကၫ့္ကလင္းေရွာင္ဆီေရြ့သြားၿပီး
သူ႔မွာအဆိပ္မိေနတဲ့လကၡဏာမရိွတာ
ေတြ့လိုက္ရသည္။ သူကေက်ာက္တံုးေပၚမွာ
ဘာမွဂရုမစိုက္ဘဲ ရပ္ေနၿပီးေတာ့ သူ႔ကို
အထင္ေသးသၫ့္အၾကၫ့္ျဖင့္ပင္ ၾကၫ့္ေန၏။
သူအံ့ဩထိတ္လန႔္ေနတုန္းမွာပဲ လင္းေရွာင္က
စကားေျပာဖို႔ ပါးစပ္ဖြင့္လိုက္သည္။
"ယူမင္း၊ မင္းဟန္ေဆာင္ေနတာကို အခုရပ္လို႔ရၿပီ
ထင္တယ္။ အမွန္တရားကေတာ့၊ ငါ့ထက္မင္းက
ပိုသိတယ္ဆိုတာ ေသခ်ာပါတယ္။ မင္းလုပ္ခဲ့တာကို
မလုပ္ထားသလိုဘာလို႔ ဟန္ေဆာင္ေနတာလဲ?"
"ဘာအဓိပၸါယ္မရိွတာေတြ ေျပာေနတာလဲ?"
သူ႔ရဲ့အဓိပၸါယ္မရိွတဲ့စကားကို ၾကားရေတာ့
ယူမင္းကေဒါသထြက္သြား၏။ သူဘာေျပာဖို႔
ႀကိဳးစားေနလဲဆိုတာ သူခန႔္မွန္းႏိုင္သည္။
လင္းေရွာင္က ေသြးေစြးနီကလန္က သတၲုစားသားရဲ
နဲ႔သတၲုျဒပ္စင္အဆီအႏွစ္ကို ခိုးသြားတယ္လို႔
ေျပာခ်င္ေနတာပဲ!
"ငါအလကားေျပာေနတာဟုတ္မဟုတ္၊
မင္းတစ္ေယာက္ပဲသိမွာေပါ့။ ဒီလိုမွမဟုတ္ရင္
လူေတြကို သတ္ၿပီးႏႈတ္ပိတ္ဖို႔အတြက္ မင္းဘာလို႔
အလ်င္လိုေနမွာလဲ? ငါသာကံမေကာင္းခဲ့ရင္၊
မင္းသတ္တာခံရၿပီးေလာက္ၿပီ။" လင္းေရွာင္က
တိတ္တဆိတ္ရယ္လိုက္သည္။
သူကရွင္းရွင္းလင္းလင္းမဆိုေသာ္ျငားလည္း
သူ႔စကားထဲမွ သြယ္ဝိုက္မႈမ်ားက လူအုပ္ႀကီးကို
ေတြးဆၾကၫ့္ေစဖို႔လံုေလာက္ေလသည္။ ထို႔အျပင္
လူစိမ္းတစ္ေယာက္ျဖစ္သၫ့္ လင္းေရွာင္ႏွင့္ယွဉ္လ်ွင္
ယူမင္း၏စဉ္းလဲသၫ့္နည္းလမ္းမ်ားက
လူအုပ္ႏွင့္မစိမ္းေပ။ ထို႔ေၾကာင့္ အမ်ားစုမွာ
ဇေဝဇဝါျဖစ္ေနေသးေသာ္လည္း သူတို႔ထင္ျမင္ခ်က္
မ်ားကေတာ့ ေျပာင္းလဲသြားၿပီျဖစ္သည္။
ယူခ်င္ရွန္းက ယူမင္းေနာက္မွထြက္လာၿပီး
မဲေမွာင္စြာေျပာလိုက္၏၊
"မင္းကဒီမွာရိွေနတဲ့လူေတြကို အရူးေတြလိုဆက္ဆံ
ေနတယ္ထင္တယ္။ ငါတို႔ကႀကံရာပါေတြဆိုရင္
ဂၽြန္ၿမိဳ႔တုန္းက ပဋိပကၡအေၾကာင္း မင္းဘယ္လို
ရွင္းျပမလဲ? မင္းကအျပစ္လႊဲခ်ၿပီးေတာ့
ေသြးေစြးနီကလန္ကိုဆဲြခ်ခ်င္ေနတာပဲ။"
လင္းေရွာင္က မတုန္လႈပ္သြားရံုမက၊ ထိုအစား
သူကႃပံုးၿပီးေခါင္းညိတ္လိုက္၏။
"မင္းမွန္တယ္။
ငါတို႔တစ္ေယာက္နဲ႔တစ္ေယာက္ ပူးေပါင္းႀကံစည္
ေနဖို႔ မျဖစ္ႏိုင္ဘူးဆိုတာ ဒီမွာရိွတဲ့လူတိုင္း သိတယ္။"
ယူခ်င္ရွန္းမ်က္ႏွာထားက ခ်က္ခ်င္းအိုသြား၏။
ေနာက္ထပ္ေစာင္းပါးရိပ္ခ်ည္တစ္ခု။
လူသားအားလံုးတြင္ အက်င့္ဆိုးတစ္ခုရိွသည္။
လူတစ္ေယာက္က အျခားတစ္ေယာက္ကို
သံသယဝင္လ်ွင္ ထိုတစ္ေယာက္ကဘာေျပာေျပာ၊
သူေတြးခ်င္သၫ့္အတိုင္းပဲ ေတြးေလ့ရိွၿပီး
ထိုတစ္ေယာက္ကသူ႔ကို ရွင္းျပျခင္းကို မလိုအပ္ေခ်။
ထို႔ေၾကာင့္ လင္းေရွာင္ကသူ႔ကို
ျပန္ေျဖေနပံုေပါက္ေသာ္လည္း အမွန္တကယ္တြင္
သူ႔ကိုက်န္လူမ်ားက တစ္မ်ိဳးေတြးေအာင္
လုပ္ေနတာျဖစ္သည္။ သူတို႔အတြက္ ပူးေပါင္းဖို႔
မျဖစ္ႏိုင္မွေတာ့ သူ႔(lx)ကိုထိုကဲ့သို႔ေတြးၾကေတာ့မည္
မဟုတ္ေပ။ တစ္နည္းအားျဖင့္ သူတို႔လည္း
ဒီအခ်က္ကိုအသံုးျပဳႏိုင္သည္။
"ေသြးေစြးနီကလန္ကလူေတြက ဘယ္ေတာ့မွ
မေက်နပ္ႏိုင္ၾကဘူးပဲ။ ငါဒါကိုအရင္ကလဲ
ေျပာခဲ့တယ္၊ မင္းတို႔ရဲ့အေတာမသတ္ႏိုင္တဲ့ေလာဘ
ေၾကာင့္ အျပစ္ေပးခံရလိမ့္မယ္။ မင္းတို႔မလုပ္ခဲ့သင့္
တာက မင္းတို႔လိုခ်င္တာရၿပီးမွငါ့ကိုႏႈတ္ပိတ္ဖို႔
ႀကိဳးစားခဲ့တာပဲ။ ဒီလိုဆိုမွေတာ့ မင္းတို႔အားလံုးနဲ႔
တူတူေအာက္ဆင္းသြားရလဲ စိတ္မရိွပါဘူး။"
လင္းေရွာင္က ဆက္ေျပာလိုက္သည္။
"ငါမင္းကိုသတ္မယ္!" ယူမင္းက ေအာ္လိုက္သည္။
လင္းေရွာင္ကအလြန္အခ်က္က်စြာေျပာခဲ့တာေၾကာင့္
သူတို႔မလုပ္ခဲ့ရင္ေတာင္မွ တစ္ျခားသူမ်ား၏
သံသယမ်ားကိုမဖယ္ရွားႏိုင္ေတာ့ေပ။
သူေျပာတာကို လူအမ်ားစုကယံုၾကည္ၾကတာေၾကာင့္
ေခ်ာင္ဝူရႊမ္းပင္လ်ွင္ သူတို႔ကိုသံသယျဖစ္စြာ
ၾကၫ့္ေန၏။
ယူမင္းက အမွန္တကယ္ကို
ေသြးအန္ခ်င္ေနၿပီျဖစ္သည္။ အေျခအေနကယခုလို
အဆံုးသတ္သြားလိမ့္မယ္လို႔ သူမထင္ထားခဲ့ေခ်။
သတၲုစားသားရဲနဲ႔ ျဒပ္စင္အဆီအႏွစ္ကို မထိလိုက္ရ
ရံုမက သူကစြပ္စဲြခံရေသး၏။ ဒါက တကယ္ကို၊
တကယ္ကိုဆိုးဝါးတယ္!
သူတို႔မေကာင္းမႈအတြက္ ဒဏ္ခတ္ခံရတာပဲ!
ယူမင္းက သားရဲသ႑ာန္ေျပာင္းလဲျခင္းအဖဲြ႔အစည္း
ႏွင့္ ခ်န္မဟာမိတ္ကို ဒီမတိုင္မီက တူညီေသာနည္းလမ္းျဖင့္ စြပ္စဲြခဲ့သည္။
သူတို႔ဝဋ္လည္တာက ဒီေလာက္ျမန္လိမ့္မယ္လို႔
ဘယ္သူထင္မွာလဲ။
လူတစ္ခ်ိဳ႕က လင္းေရွာင္ေျပာတာကို ယံုၾကည္ႏွင့္ၿပီး
ျဖစ္သည္။
ရွဲ႔ခ်ဳံးႏွင့္က်န္သူမ်ားကေတာ့ ေျပာစရာမရိွေတာ့ေခ်။
သူတို႔သခင္ကို အၿမဲလိုလိုစေနာက္ေနတတ္တာကို
ေတြ့ၿပီးျဖစ္တာေၾကာင့္ လင္းေရွာင္စကားေျပာ
ေကာင္းမွန္းသိေသာ္လည္း သူတို႔သခင္မွာက
ဉာဏ္ရည္အကန႔္အသတ္ရိွတာေၾကာင့္ အဲ့တာက
ႀကီးက်ယ္ေလာက္တဲ့ေအာင္ျမင္မႈေတာ့ မဟုတ္ခဲ့ေပ။
ဒါေပမယ့္လည္း နတ္ဘုရားပဲသိမယ့္ႏွစ္ေပါင္းမ်ား
စြာေနထိုင္လာခဲ့တဲ့သူေတြကို သိမ္းသြင္းလိုက္တာ
ျမင္လိုက္ရေတာ့ အံ့ဩတုန္လႈပ္သြားရ၏။
____________