The Legendary Master's Wife [...

By melon_rays

1.3M 243K 9.6K

Original Author- Yin Ya English Translators- Exiled Rebels Scanlations [Chapter(400)- (590)] (If you want t... More

Chapter-400
Chapter-401
Chapter-402
Chapter-403
Chapter-404
Chapter-405
Chapter-406
Chapter-407
Chapter-409
Chapter-410
Chapter-411
Chapter-412
Chapter-413
Chapter-414
Chapter-415
Chapter-416
Chapter-417
Chapter-418
Chapter-419
Chapter-420
Chapter-421
Chapter-422
Chapter-423
Chapter-424
Chapter-425
Chapter-426
Chapter-427
Chapter-428
Chapter-429
Chapter-430⚠️
Chapter-431
Chapter-432
Chapter-433
Chapter-434
Chapter-435
Chapter-436
Chapter-437
Chapter-438
Chapter-439
Chapter-440
Chapter-441
Chapter-442
Chapter-443
Chapter-444
Chapter-445
Chapter-446
Chapter-447
Chapter-448⚠️
Chapter-449
Chapter-450
Chapter-451
Chapter-452
Chapter-453
Chapter-454
Chapter-455
Chapter-456
Chapter-457
Chapter-458
Chapter-459
Chapter-460
Chapter-461
Chapter-462
Chapter-463
Chapter-464
Chapter-465
Chapter-466
Chapter-467
Chapter-468
Chapter-469
Chapter-470
Chapter-471
Chapter-472
Chapter-473
Chapter-474
Chapter-475
Chapter-476
Chapter-477
Chapter-478
Chapter-479
Chapter-480
Chapter-481
Chapter-482
Chapter-483
Chapter-484
Chapter-485
Chapter-486
Chapter-487
Chapter-488
Chapter-489
Chapter-490
Chapter-491
Chapter-492
Chapter-493
Chapter-494
Chapter-495
Chapter-496
Chapter-497
Chapter-498
Chapter-499
Chapter-500
Chapter-501
Chapter-502
Chapter-503
Chapter-504
Chapter-505
Chapter-506
Chapter-507
Chapter-508
Chapter-509
Chapter-510
Chapter-511(Unicode)
Chapter-511(Zawgyi)
Chapter-512
Chapter-513(part-1)
Chapter-513(part-2)
Chapter-514
Chapter-515
Chapter-516
Chapter-517
Chapter-518
Chapter-519
Chapter-520
Chapter-521
Chapter-522
Chapter-523
Chapter-524
Chapter-525
Chapter-526
Chapter-527
Chapter-528
Chapter-529
Chapter-530
Chapter-531
Chapter-532
Chapter-533
Chapter-534(part-1)
Chapter-534(part-2)
Chapter-535
Chapter-536
Chapter-537
Chapter-538
Chapter-539
Chapter-540
Chapter-541
Chapter-542
Chapter-543
Chapter-544
Chapter-545
Chapter-546
Chapter-547
Chapter-548
Chapter-549
Chapter-550
Chapter-551
Chapter-552
Chapter-553
Chapter-554
Chapter-555
Chapter-556
Chapter-557
Chapter-558
Chapter-559
Chapter-560
Chapter-561
Chapter-562
Chapter-563
Chapter-564
Chapter-565
Chapter-566
Chapter-567
Chapter-568
Chapter-569
Chapter-570
Chapter-571
Chapter-572
Chapter-573
Chapter-574
Chapter-575
Chapter-576
Chapter-577
Chapter-578
Chapter-579
Chapter-580
Chapter-581
Chapter-582
Chapter-583
Chapter-584
Chapter-585
Chapter-586
Chapter-587
Chapter-588
Chapter-589
Chapter-590
Book ခဲြျခင္း / Book ခွဲခြင်း

Chapter-408

7.1K 1.3K 2
By melon_rays

Unicode
အပိုင်း၄၀၈: ရေတွင်းထဲမှလွတ်မြောက်ခြင်း

တောင်ပိုင်းတိုက်မကြီးတွင် အဓိကအင်အားစုကြီး
လေးခုအပြင် သေးငယ်သောအင်အားစုပေါင်းများစွာ
ရှိသေး၏။

မည်မျှပင်သေးငယ်ပါစေ နတ်ဒေဝါအဆင့်ကျင့်ကြံသူ
အနည်းဆုံးတစ်ယောက်တော့ရှိ၏။ ဥပမာအားဖြင့်
နန်ကျန်းမှာ ကြယ်တစ်ပွင့်အဆင့်ဖြစ်ပြီး ယူမင်းထက်
တစ်ပွင့်နိမ့်သော်လည်း ဒြပ်စင်အဆီအနှစ်အတွက်
သူပါဝင်တိုက်ခိုက်လျှင် သူတို့အခွင့်အရေးက
လျော့နည်းသွားပေလိမ့်မည်။ နန်ကျန်းနောက်တွင်
အတန်အသင့်အားကောင်းသောသူများလဲ ရှိသေး၏။
ဧကရာဇ်အထွတ်အထိပ်အဆင့်တွင်ရှိသူ
အနည်းငယ်ပါဝင်သည်ပင်။

သူတို့အားလုံးက တစ်စိတ်တစ်ပိုင်းမျှရယူရန်အတွက်
ဆုံးဖြတ်ခဲ့လျှင် မြေဒြပ်စင်အဆီအနှစ်ကို
ဘယ်သူရမလဲဆိုတာက မသေချာတော့ချေ။

"နန်ကျန်း၊ မင်းရဲ့အင်အားက တကယ်ပဲနိုင်နိုင်ခြေ
ရှိပါတယ်။ မင်းသာတစ်ခြားသူတွေနဲ့ ပူးပေါင်းရင်
မင်းအခွင့်အရေးက ငါတို့ထက်တောင်သာလိမ့်မယ်။
ဒါပေမယ့်လည်း သွေးစွေးနီကလန်နဲ့ ရန်ဖက်ဖြစ်ချင်
တယ်ဆိုလဲ သေချာစဉ်းစားအုံး။ ဒါပြီးတဲ့နောက်ကျ
မင်းတို့ဓားပြအဖွဲ့ရဲ့ အဆင့်အတန်းက တောင်ပိုင်း
တိုက်မကြီးမှာ အန္တရာယ်ထဲကျရလိမ့်မယ်။"
ယူမင်းက အေးစက်စက်ခြိမ်းခြောက်လိုက်၏။
သူက မှော်ဆေးဆရာအစည်းအရုံးကို နောက်ဆုံးမှာ
သိမ်းသွင်းနိုင်လိုက်ပြီးမှတော့
ပြိုင်ဖက်တွေအများကြီး မလိုချင်ပေ။

နန်ကျန်းမျက်နှာက ချက်ချင်းပဲ ဒေါသထွက်သွား၏။
"သောက်ရေးမပါတာတွေပြောမနေနဲ့။
မင်း မြေဒြပ်စင်အဆီအနှစ်ကို ယူသွားချင်ရင်
ငါ့ကိုအရင်ဖြတ်နိုင်မှရမယ်။"

မာနနဲ့ဂုဏ်သိက္ခာရှိသူတစ်ယောက်အတွက်၊
ယူမင်းစကားနဲနဲလေးကြောင့် နောက်ဆုတ်ခဲ့ရင်
သူတို့ဓားပြအဖွဲ့နဲ့ သူ့ရဲ့ရက်စက်သောဝံပုလွေဆိုတဲ့
နာမည်ကို ဘယ်သွားထားရတော့မှာလဲ?
သူသာ သွေးစွေးနီကလန်ကို အမှန်တကယ်
ကြောက်နေမယ်ဆိုရင် အစကတည်းက လာခဲ့မှာ
မဟုတ်ပေ။

ယူမင်းအမူအရာက မှောင်မည်းသွား၏။ မူလတုန်းက
မှော်ဆေးဆရာအစည်းအရုံးရဲ့ အကူအညီနဲ့ဆိုရင်
သူတို့မှာငါးဆယ်ရာခိုင်နှုန်း အခွင့်အရေးရှိခဲ့သည်။
ဒါပေမယ့် နန်ကျန်းကိုပေါင်းထည့်လိုက်ရင်
သူတို့မှာ အခွင့်အရေးသုံးဆယ်ရာခိုင်နှုန်းခန့်သာ
ရှိတော့သည်။ ဒါကသူလိုချင်ခဲ့တဲ့ ရလဒ်မဟုတ်ပေ။

သူကဒီလိုတွေးပြီးနောက်မှာ ဒေါသထွက်နေတဲ့အသံ
နှင့် မေးလိုက်၏၊ "နန်ကျန်း၊ မင်းလက်လျှော့ဖို့
ဘာပေးရမလဲ?"

နန်ကျန်းက အကြံသမားပြုံး ပြုံးလိုက်သည်၊
"ရှင်းပါတယ်။ မှော်ဆေးဆရာအစည်းအရုံးကို
ပေးတဲ့ကတိ၊ ငါလဲတူညီတဲ့ကတိတစ်ခု လိုချင်တယ်။
ဒါပေါ့၊ ဒါကမျှတတဲ့ကစားပွဲတစ်ခုပဲ၊ တစ်ခြား
တစ်ယောက်က ငါ့ကို ကျေနပ်နိုင်လောက်တဲ့
အခြေအနေတစ်ခုပေးမယ်ဆိုရင် သူတို့ကို
မြေဒြပ်စင်အဆီအနှစ်ယူဖို့ ကူညီပေးမယ်။"

စဉ်းလဲတဲ့မြေခွေးအိုကြ်ီး၊ ယူမင်းက စိတ်ထဲမှ
ကျိန်ဆဲလိုက်၏။ ဒါပေါ့သူလဲမကောင်းပါဘူး။
မြေဒြပ်စင်အဆီအနှစ်အတွက် သူတိုက်ခိုက်တာက
အခွင့်အရေးတစ်ချို့ရဖို့အတွက် သုံးတဲ့လမ်းတစ်ခု
သက်သက်ပဲ။ ဒါပေမယ့်လည်း သူ့ကိုဒီတိုင်းထား
လိုက်ရင် ပြဿနာတစ်ခုဖြစ်နေအုံးမှာပဲ။

မြေဒြပ်စင်အဆီအနှစ်က တစ်ခုတည်းပဲရှိတာကြောင့်
သူကနန်ကျန်းပြောသလိုမလုပ်ချင်ပေမယ့်လည်း
အခြေအနေရ လုပ်ကိုလုပ်ရမည်ဖြစ်၏။
အခုအခွင့်အရေးကို ဆုံးရှုံးသွားရင်
နောက်တစ်ခုရှာဖို့ ခက်ခဲသွားမည်ဖြစ်သည်။

သို့သော်လည်း၊ သူနဲ့ဆန့်ကျင်စွာပဲ၊ ရှုန်းရှောင်နှင့်
ချောင်ဝူရွှမ်းတို့၏ အမူအရာက တွေဝေနေ၏။

သူတို့နှစ်ယောက်စလုံးက လွယ်လွယ်ကူကူ
မဟာမိတ်ပြုမည့်သူများမဟုတ်ကြချေ။
အမှန်စင်စစ်ရင်းနှီးသူများ မဟုတ်ပါလျှင်
လောဘကြောင့် မဟာမိတ်များပင် သစ္စာဖောက်တတ်
ကြသည်။ ထို့ကြောင့် သူတို့က နန်ကျန်း၏စကားများ
ကို မယုံကြပေ။

ဒါပေမယ့် သူတို့သုံးယောက်ကိုသာ အဖွဲ့ဖြစ်ခွင့်
ပေးလိုက်လျှင် သူတို့အတွက် ရုန်းရခက်သည့်
အခြေအနေသို့ရောက်သွားမည်ဖြစ်သည်။

"ကောင်းပြီလေ..." သူတို့တွေဝေနေတာမြင်ပြီးတော့
ယူမင်းက ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆပြီး
ကတိပြုတော့မလို့ဖြစ်၏။

သို့သော်လည်း သူဆုံးအောင်မပြောရသေးခင်
ရေတွင်းကိုပိတ်ထားသည့်ကျောက်တုံးက
ရုတ်တရက်လွင့်စင်ပွင့်ထွက်သွား၏။'ဘုန်း'
ကျောက်တုံးအစအနများက လေထဲသို့လွင့်ကုန်ပြီး
မြေကြီးပေါ်သို့ပြင်းထန်စွာ ပြုတ်ကျလာသည်။
လူတိုင်းက ထိတ်လန့်တုန်လှုပ်စွာ
နောက်ဆုတ်လိုက်ကြ၏။

သူတို့အားလုံး တုန်လှုပ်နေပြီးနောက်မှ
ရေတွင်းအိုကြီးဆီသို့ ထိတ်လန့်စွာ
ကြည့်လိုက်ကြသည်။

ထွက်ပေါက်ကိုပိတ်ထားတဲ့ ကျောက်တုံးကို
တစ်ယောက်ယောက်က ဖောက်ခွဲလိုက်တယ်ဆိုရင်
အတွင်းမှာလူတစ်ယောက်ရှိနေခဲ့တာပေါ့?

လူတိုင်းရဲ့ အကြည့်အောက်မှာပဲ အနက်ရောင်အရိပ်
တစ်ခုက ပေါ့ပါးစွာတစ်ချက်ခုန်လိုက်ပြီး
ရေတွင်းအပြင်သို့ ခုန်ထွက်လိုက်သည်။
ထိုအရာက အနက်ရောင်ဝတ်ထားတဲ့ လူတစ်ယောက်
ဖြစ်ပြီး သူခေါင်းကို  စောင်းလိုက်တဲ့အခါ
ချောမောပေမယ့် ရင်းနှီးနေတဲ့မျက်နှာတစ်ခု
ပေါ်ထွက်လာ၏။

"မင်းပဲ!!!" ရုပ်ကိုမှတ်မိသွားပြီး ယူမင်းက
အရင်ဆုံးအော်လိုက်သူဖြစ်သည်။ သူ့မျက်လုံးများက
မယုံကြည်နိုင်ခြင်းနှင့် အံ့အားသင့်မှုများ
ပြည့်နေသည်။ သူတို့ကိုခန်းမထဲမှာမတွေ့ခဲ့တာကြောင့်
ဒီလူနဲ့သူ့အဖော်က ဒီနေရာကိုရောက်မလာနိုင်ဘူးလို့
တွေးထားခဲ့တာဖြစ်သည်။ ရေတွင်းအိုကြီးကနေ
အပြင်ဘက်ခုန်ထွက်လာတာမြင်ရမယ်လို့
သူမထင်ထားခဲ့ပေ။

ရှုန်းရှောင်နှင့်ချောင်ဝူရွှမ်းတို့၏ မျက်လုံးများလဲ
ပြူးကျယ်သွား၏။ သူတို့ပိုအံ့အားသင့်ရတာက၊
ရေတွင်းအပြင်ဘက်ခုန်ထွက်လာသူက လင်းမော့
ဖြစ်နေခြင်းပင်။ ဒီတစ်ချိန်လုံး၊ သူတို့ကိုမတွေ့ခဲ့
တာကြောင့် ထိုနှစ်ယောက်က တစ်ခြားတစ်နေရာသို့
လှည့်လည်သွားလာနေသည်ဟု ထင်ထားခဲ့ကြသည်။
သို့မဟုတ် သူတို့ကအပြင်မှာရှိနေပြီး ဒီထဲကို
မဝင်ခဲ့ဘူးလို့ ထင်ထားခဲ့သည်။

"လင်းမော့က ဘာလို့ဒီမှာရှိနေတာလဲ?"
ချောင်ဝူရွှမ်းက အံ့အားသင့်နေရင်း မေးလိုက်သည်။

"ငါတို့ သူတို့ကိုအထင်သေးမိသွားတယ်ထင်တယ်။"
ရှုန်းရှောင်က ခေါင်းယမ်းရင်းပြောလိုက်၏။
သူက ထိုနှစ်ယောက်ကို မှားယွင်းဆုံးဖြတ်ခဲ့မိတယ်
ထင်တယ်။

"သူကဘယ်သူလဲ? မင်းသူ့ကိုသိတယ်လား?"
ဟွမ်ဖူလီက လင်းရှောင်ကိုတစ်ခါမှ မမြင်ဖူးပေ။
ထို့ကြောင့် သူက သူ့ရုပ်သွင်ကို မသိချေ။
လူတိုင်းကလင်းရှောင်ကို အံ့ဩစွာနဲ့ကြည့်နေတာကို
မြင်တော့ သူလဲသိချင်သွားသည်။

ချောင်ဝူရွှမ်းက ရှင်းပြလိုက်သည်။
"အကြီးအကဲဟွမ်ဖူ၊ အပြင်မှာတုန်းက
ကျွန်တော်ပြောပြခဲ့တဲ့ နှစ်ယောက်ထဲက
တစ်ယောက်ပဲ။ သူက လင်းမော့လို့ခေါ်တယ်။"

ဟွမ်ဖူလီက မုတ်ဆိတ်မွှေးကိုသပ်ရင်း
ခေါင်းညိတ်လိုက်သည်။ "ငါတို့ထက်အရင်
ဝင်နိုင်ဖို့အတွက် တော်တော်လေးကံကောင်းတာပဲ။
ဒါပေမယ့် သူကမြေဒြပ်စင်အဆီအနှစ်ရှိနေတဲ့
တစ်ယောက်သာဆိုရင် သူကသေရေးရှင်ရေး
အခြေအနေထဲရောက်နေပြီ။"

သူ့အကြည့်က လင်းရှောင်နောက်ကရေတွင်းအိုကြီးဆီ
ရောက်သွားတဲ့အခါ ချောင်ဝူရွှမ်းက
မျက်ခုံးကြုံ့လိုက်သည်။ လင်းမော့က ယူရှောင်းဟာ
နဲ့ဘယ်တုန်းကမှဝေးဝေးမနေတတ်တာကို
သူမှတ်မိသည်။ဒါပေမယ့် အခုချိန်မှာ
ကျန်တစ်ယောက်ကို သူမတွေ့ပေ။
ဘာတွေဖြစ်နေတာလဲ?

ရေတွင်းဘေးတွင်၊ လင်းရှောင်က လူတိုင်းရဲ့အကြည့်
အောက်မှာ နဲနဲလေးတောင်မှမတွန့်သွားချေ။
ယူမင်းနှင့်ယူချင်ရှန်းက သူ့ကိုထသတ်တော့မလို
ကြည့်နေကြတာကို မြင်ရတော့ သူကတကယ်ကို
ပျော်ရွှင်သွားပြီး သူ့နှုတ်ခမ်းများက ကွေးသွားသည်။
မကောင်းဆိုးဝါးအပြုံးနှင့် သူကနှုတ်ဆက်လိုက်၏၊
"ယို့၊ ထပ်တွေ့ရတာ ဝမ်းသာပါတယ်!"

ယူမင်းအကြည့်က သူနှင့်ရေတွင်းကြား စုန်ချည်
ဆန်ချည်ရွေ့လျားနေပြီး တစ်ခြားတစ်ယောက်က
သူနဲ့ဘာလို့ရှိမနေလဲဆိုတာ နားမလည်ပေမယ့်လည်း
ထပ်တွေးနေဖို့အချိန်မရှိချေ။
"မြေဒြပ်စင်အဆီအနှစ်က မင်းဆီမှာမလား?"
ယူမင်းက ရှေ့တစ်လှမ်းတိုးလိုက်ပြီး သူ့ကို
ကြောက်စရာကောင်းစွာ စိုက်ကြည့်လိုက်သည်။

သူ့စကားများကိုကြားတော့ လင်းရှောင်အပေါ်
လူတိုင်း၏အကြည့်များက ပြောင်းလဲသွား၏။

အဲ့တာက သူ့ဆီမှာရှိရှိမရှိရှိ၊ သူကရေတွင်းထဲကနေ
ထွက်လာတာဖြစ်တာကြောင့်
ဆယ်ကြိမ်မှာရှစ်ကြိမ်က သူ့မှာရှိနေတာဖြစ်နိုင်သည်။

မှောင်မိုက်ချောက်ခြားဖွယ်မျက်နှာအမူအရာနှင့်
ယူမင်းကပြောလိုက်၏၊ "မြေဒြပ်စင်အဆီအနှစ်ကို
လက်လွှတ်လိုက်၊ မဟုတ်ရင် ငါမင်းကိုသတိမပေး
ခဲ့ဘူးလို့ မပြောနဲ့။"

သူပြောပြီးတဲ့အချိန်မှာပဲ သူတို့ကလင်းရှောင်နှင့်
ရေတွင်းကို ဝိုင်းထားလိုက်ကြသည်။

လင်းရှောင်က သူ့ကိုဝိုင်းထားတဲ့လူများကို
ကြည့်လိုက်၏။ သူ့အပြုံးကတော့
ပျောက်ကွယ်မသွားချေ။ ယူမင်းစကားများကို
ကြားတော့ သူ့အပြုံးကပိုလို့တောင်နက်ရှိုင်းလာသည်၊
"ငါမပေးရင်၊ မင်းတို့ကောင်တွေဘာလုပ်မှာလဲ?"

ဖြုံလောက်စရာအင်အားတစ်ခုနဲ့၊ သူ့ရှေ့က
အရာရာတိုင်းကိုဖျက်စီးပစ်မယ့်အလား
ဓားရှည်တစ်ချောင်းက လေထုကိုထိုးဖောက်သွားပြီး
ပြင်းထန်သောလေစီးကြောင်းတစ်ခု ဖြစ်ပေါ်သွားစေ
သည်။ လင်းရှောင်ခေါင်းက နှစ်ပိုင်းပြတ်တော့မယ်လို့
ထင်လိုက်ရချိန်မှာပဲ လင်းရှောင်က ယူမင်းကို
အမှုမထားသလိုကြည့်လိုက်၏။ ထိုအကြည့်က
ယူမင်း၏နှလုံးသားကို တစ်ချက်ကျော်
ခုန်သွားစေပြီး စိုးရိမ်စေသောခံစားချက်တစ်ခုက ထွက်ပေါ်လာသည်။

နောက်တစ်စက္ကန့်မှာပဲ သူ့ရဲ့ကြိုတင်သိခြင်းက
အမှန်ဖြစ်လာ၏။

လင်းရှောင်က ခြေထောက်တစ်ဖက်မြှောက်လိုက်ပြီး
ဓားရှည်မတိုက်မိခင်
အစောင့်စစ်သားကို ကန်ထုတ်လိုက်သည်။
မယိမ်းယိုင်သောအားက အစောင့်စစ်သားကို
ထိသွားပြီးသူ့ကိုယ်က လူတိုင်းခေါင်းထက်မှ အနောက်သို့ပျံထွက်သွားပြ်ီး မြေကြီးပေါ်သို့ ကျယ်လောင်သောအသံတစ်ခုနှင့် ပြုတ်ကျသွား၏။

အစောင့်စစ်သား၏ သနားဖွယ်ကောင်းလှသော
အခြေအနေကိုမြင်တော့ သူတို့အားလုံး
ပင့်သက်ရှိုက်လိုက်ကြသည်။ သူ့ရင်ဘတ်က
အတွင်းဘက်သို့ ကျွံဝင်သွားသည်။
ကန်ချက်တစ်ချက်တည်းနဲ့
ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ယောက်က
ထပ်မလှုပ်နိုင်တော့ပေ။

ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို
ဖျက်စီးဖို့ ဒီကန်ချက်က ဘယ်လောက်တောင်
အားပြင်းလိုက်လဲ၊ သူ့စွမ်းအားက နတ်ဒေဝါအဆင့်
အထက်မှာရှိနိုင်တယ်၊ ကြယ်ဘယ်နှပွင့်လဲဆိုတာပဲ
မသိရတာဖြစ်သည်။

"သူက တကယ်တော့ နတ်ဒေဝါအဆင့်ကျင့်ကြံသူ
ဆိုတာ မင်းတကယ်မပြောနိုင်ခဲ့ဘူးပဲ။"
ချောင်ဝူရွှမ်းက အံ့အားသင့်စွာ
မှတ်ချက်ပြုလိုက်သည်။

ရှုန်းရှောင်ကသဘောတူသည့်အနေဖြင့် ခေါင်းညိတ်
လိုက်၏။ "အရင်က သူ့ခွန်အားကိုမတွက်ချက်နိုင်တာ
မဆန်းပါဘူး။ သူကငါ့ထက်ပိုသန်မာပုံရတယ်။
တကယ်ကိုမယုံနိုင်စရာပဲ။"

သက်ပြင်းခပ်ဖွဖွချရင်း ချောင်ဝူရွှမ်းက
ပြောလိုက်သည်၊ "တကယ်တော့ ဒါက ဒီလောက်ထိ
အံ့ဩစရာမကောင်းတော့ပါဘူး။ 
သူက သွေးစွေးနီကလန်နဲ့
မှော်ဆရာအစည်းအရုံးကို ဆန့်ကျင်ရဲမှတော့
သူ့မှာတော်တော်လေး စွမ်းအားရှိလို့ပဲဖြစ်ရမယ်။
ထိုမျှမကသေး၊ လင်းရှောင်၏အင်အားက သူတို့ထင်
ထားတာထက် ပိုအားကောင်းနေတာလဲ ဖြစ်နိုင်သည်။

ယူမင်း၏အမူအရာက ကြောက်စရာကောင်းလောက်
အောင် မှောင်မှိုင်းနေသည်။ သူက လင်းရှောင်၏
အင်အားကို စမ်းသပ်ချင်ခဲ့ရုံသာဖြစ်သည်။

သူအံဩတာထက်ပိုပြီးတော့၊ ကန်ချက်တစ်ချက်
တည်းနဲ့ အပြီးသတ်လိုက်တယ်။ သူကအမှန်စင်စစ်
နတ်ဒေဝါအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေတယ်
ထင်တယ်။

ဒီအခိုက်မှာ ယူချင်ရှန်းက လင်းရှောင်ကို
ရုတ်တရက်စိုက်ကြည့်ပြီး တည်ငြိမ်စွာပြောလိုက်၏၊
"အခြေအနေတွေကို ဆက်စပ်ကြည့်ရရင်
လူကြီးမင်းက သတ္တုစားသားရဲကိုဖမ်းသွားပြီး
နေမျက်လုံးကနေ သတ္တုဒြပ်စင်အဆီအနှစ်ကို
ယူသွားတဲ့သူပဲ၊ မှန်လား?"

လင်းရှောင်က သူ့ကိုအံ့အားသင့်စွာ ကြည့်လိုက်သည်။

တစ်ခြားလူများကတော့ အေးခဲသွား၏။
သတ္တုစားသားရဲနဲ့ဒြပ်စင်အဆီအနှစ် နှစ်ခုက
ဒီလူတစ်ယောက်တည်းမှာပဲ ရှိနေတာ?
ဒါကဖြစ်နိုင်တယ်လား၊ ဖြစ်နိုင်တယ်ဆိုရင်၊ဒါဆို......

တဖြည်းဖြည်းနဲ့ လူတိုင်း၏မျက်လုံးများက
လောဘများဖြင့်ပြည့်နှက်လာတော့သည်။
သူ့မှာတကယ်ပဲရှိနေခဲ့ရင်၊ တစ်ခုလောက်ရရင်ကို ကောင်းနေပြီ။နန်ကျန်းတောင်မှပဲ လင်းရှောင်ကို ပြင်းပြင်းထန်ထန်ကြည့်လိုက်၏။

ဒီဟာကိုထုတ်ဖော်လိုက်တာကို ကြည့်ရင်း
ယူချင်ရှန်းက ရက်စက်ယုတ်မာသောအပြုံးတစ်ခု
ပြုံးလိုက်သည်။

လင်းရှောင်ကသူ့ကို ရုတ်တရက်ကြည့်လိုက်ပြီး
သူတို့မျက်လုံးများက ဆုံသွား၏။ သူ့မျက်လုံးများက
ချောက်ခြားဖွယ်အပြုံးတစ်ခု လင်းလက်သွားပြီး
သူ့ကိုလှောင်နေသကဲ့သို့ရှိသည်။

ယူချင်ရှန်းက ထိတ်လန့်တုန်လှုပ်သွားပြီး
ချွေးအေးများပြန်လာတော့သည်။ သူ့အာရုံပြန်ရတဲ့
အချိန်မှာပဲ သူ့မျက်နှာအမူအရာက အေးစက်သွား
သည်။ သူကရွှေဇွန်းကိုက်ပြီးမွေးလာတာဖြစ်ကာ
ချွေးထွက်လောက်တဲ့ထိ ကြောက်သွားတဲ့သူက
ဘာလို့သူဖြစ်နေတာလဲ? သူ့ခံစားချက်များက
ပို၍နေမထိထိုင်မသာ ဖြစ်လာတော့သည်။

ထိုအခိုက်အတန့်မှာပဲ ခုနကမလှုပ်မယှက်မတ်တပ်ရပ်
နေခဲ့တဲ့ လင်းရှောင်က လှုပ်ရှားလိုက်သည်။

သူ့ကိုယ်က အနက်ရောင်အလင်းတန်းတစ်ခု
ဖြစ်သွားပြီး ယူချင်ရှန်းနှင့်နောက်တစ်ယောက်ဆီ
တည့်တည့်ဦးတည်သွား၏။ သူတို့ကလုံးဝမတုံ့ပြန်
နိုင်လိုက်ဘူး၊ ယူမင်းက ယူချင်ရှန်းအရှေ့မှာ
ခုခံတဲ့အနေအထားနဲ့မြန်မြန်ဝင်လိုက်သည်။

သို့သော်လည်း၊ အနက်ရောင်အလင်းတန်းက
လေထဲတွင် ရုတ်တရက်
လမ်းကြောင်းပြောင်းလိုက်ပြီး ပိုမိုမြန်ဆန်သော
အလျင်ဖြင့် စွန့်ပစ်မြေအပြင်ဘက်သို့ ဦးတည်
သွားတော့သည်။

"မကောင်းတော့ဘူး၊ သူထွက်ပြေးသွားပြီ!"
____________

Zawgyi
အပိုင္း၄၀၈: ေရတြင္းထဲမွလြတ္ေျမာက္ျခင္း

ေတာင္ပိုင္းတိုက္မႀကီးတြင္ အဓိကအင္အားစုႀကီး
ေလးခုအျပင္ ေသးငယ္ေသာအင္အားစုေပါင္းမ်ားစြာ
ရိွေသး၏။

မည္မ်ွပင္ေသးငယ္ပါေစ နတ္ေဒဝါအဆင့္က်င့္ႀကံသူ
အနည္းဆံုးတစ္ေယာက္ေတာ့ရိွ၏။ ဥပမာအားျဖင့္
နန္က်န္းမွာ ၾကယ္တစ္ပြင့္အဆင့္ျဖစ္ၿပီး ယူမင္းထက္
တစ္ပြင့္နိမ့္ေသာ္လည္း ျဒပ္စင္အဆီအႏွစ္အတြက္
သူပါဝင္တိုက္ခိုက္လ်ွင္ သူတို႔အခြင့္အေရးက
ေလ်ာ့နည္းသြားေပလိမ့္မည္။ နန္က်န္းေနာက္တြင္
အတန္အသင့္အားေကာင္းေသာသူမ်ားလဲ ရိွေသး၏။
ဧကရာဇ္အထြတ္အထိပ္အဆင့္တြင္ရိွသူ
အနည္းငယ္ပါဝင္သည္ပင္။

သူတို႔အားလံုးက တစ္စိတ္တစ္ပိုင္းမ်ွရယူရန္အတြက္
ဆံုးျဖတ္ခဲ့လ်ွင္ ေျမျဒပ္စင္အဆီအႏွစ္ကို
ဘယ္သူရမလဲဆိုတာက မေသခ်ာေတာ့ေခ်။

"နန္က်န္း၊ မင္းရဲ့အင္အားက တကယ္ပဲႏိုင္ႏိုင္ေျခ
ရိွပါတယ္။ မင္းသာတစ္ျခားသူေတြနဲ႔ ပူးေပါင္းရင္
မင္းအခြင့္အေရးက ငါတို႔ထက္ေတာင္သာလိမ့္မယ္။
ဒါေပမယ့္လည္း ေသြးေစြးနီကလန္နဲ႔ ရန္ဖက္ျဖစ္ခ်င္
တယ္ဆိုလဲ ေသခ်ာစဉ္းစားအံုး။ ဒါၿပီးတဲ့ေနာက္က်
မင္းတို႔ဓားျပအဖဲြ႔ရဲ့ အဆင့္အတန္းက ေတာင္ပိုင္း
တိုက္မႀကီးမွာ အႏၲရာယ္ထဲက်ရလိမ့္မယ္။"
ယူမင္းက ေအးစက္စက္ၿခိမ္းေျခာက္လိုက္၏။
သူက ေမွာ္ေဆးဆရာအစည္းအရံုးကို ေနာက္ဆံုးမွာ
သိမ္းသြင္းႏိုင္လိုက္ၿပီးမွေတာ့
ၿပိဳင္ဖက္ေတြအမ်ားႀကီး မလိုခ်င္ေပ။

နန္က်န္းမ်က္ႏွာက ခ်က္ခ်င္းပဲ ေဒါသထြက္သြား၏။
"ေသာက္ေရးမပါတာေတြေျပာမေနနဲ႔။
မင္း ေျမျဒပ္စင္အဆီအႏွစ္ကို ယူသြားခ်င္ရင္
ငါ့ကိုအရင္ျဖတ္ႏိုင္မွရမယ္။"

မာနနဲ႔ဂုဏ္သိကၡာရိွသူတစ္ေယာက္အတြက္၊
ယူမင္းစကားနဲနဲေလးေၾကာင့္ ေနာက္ဆုတ္ခဲ့ရင္
သူတို႔ဓားျပအဖဲြ႔နဲ႔ သူ႔ရဲ့ရက္စက္ေသာဝံပုေလြဆိုတဲ့
နာမည္ကို ဘယ္သြားထားရေတာ့မွာလဲ?
သူသာ ေသြးေစြးနီကလန္ကို အမွန္တကယ္
ေၾကာက္ေနမယ္ဆိုရင္ အစကတည္းက လာခဲ့မွာ
မဟုတ္ေပ။

ယူမင္းအမူအရာက ေမွာင္မည္းသြား၏။ မူလတုန္းက
ေမွာ္ေဆးဆရာအစည္းအရံုးရဲ့ အကူအညီနဲ႔ဆိုရင္
သူတို႔မွာငါးဆယ္ရာခိုင္ႏႈန္း အခြင့္အေရးရိွခဲ့သည္။
ဒါေပမယ့္ နန္က်န္းကိုေပါင္းထၫ့္လိုက္ရင္
သူတို႔မွာ အခြင့္အေရးသံုးဆယ္ရာခိုင္ႏႈန္းခန႔္သာ
ရိွေတာ့သည္။ ဒါကသူလိုခ်င္ခဲ့တဲ့ ရလဒ္မဟုတ္ေပ။

သူကဒီလိုေတြးၿပီးေနာက္မွာ ေဒါသထြက္ေနတဲ့အသံ
ႏွင့္ ေမးလိုက္၏၊ "နန္က်န္း၊ မင္းလက္ေလ်ွာ့ဖို႔
ဘာေပးရမလဲ?"

နန္က်န္းက အႀကံသမားႃပံုး ႃပံုးလိုက္သည္၊
"ရွင္းပါတယ္။ ေမွာ္ေဆးဆရာအစည္းအရံုးကို
ေပးတဲ့ကတိ၊ ငါလဲတူညီတဲ့ကတိတစ္ခု လိုခ်င္တယ္။
ဒါေပါ့၊ ဒါကမ်ွတတဲ့ကစားပဲြတစ္ခုပဲ၊ တစ္ျခား
တစ္ေယာက္က ငါ့ကို ေက်နပ္ႏိုင္ေလာက္တဲ့
အေျခအေနတစ္ခုေပးမယ္ဆိုရင္ သူတို႔ကို
ေျမျဒပ္စင္အဆီအႏွစ္ယူဖို႔ ကူညီေပးမယ္။"

စဉ္းလဲတဲ့ေျမေခြးအိုႀက္ီး၊ ယူမင္းက စိတ္ထဲမွ
က်ိန္ဆဲလိုက္၏။ ဒါေပါ့သူလဲမေကာင္းပါဘူး။
ေျမျဒပ္စင္အဆီအႏွစ္အတြက္ သူတိုက္ခိုက္တာက
အခြင့္အေရးတစ္ခ်ိဳ႕ရဖို႔အတြက္ သံုးတဲ့လမ္းတစ္ခု
သက္သက္ပဲ။ ဒါေပမယ့္လည္း သူ႔ကိုဒီတိုင္းထား
လိုက္ရင္ ျပႆနာတစ္ခုျဖစ္ေနအံုးမွာပဲ။

ေျမျဒပ္စင္အဆီအႏွစ္က တစ္ခုတည္းပဲရိွတာေၾကာင့္
သူကနန္က်န္းေျပာသလိုမလုပ္ခ်င္ေပမယ့္လည္း
အေျခအေနရ လုပ္ကိုလုပ္ရမည္ျဖစ္၏။
အခုအခြင့္အေရးကို ဆံုးရႈံးသြားရင္
ေနာက္တစ္ခုရွာဖို႔ ခက္ခဲသြားမည္ျဖစ္သည္။

သို႔ေသာ္လည္း၊ သူနဲ႔ဆန႔္က်င္စြာပဲ၊ ရႈန္းေရွာင္ႏွင့္
ေခ်ာင္ဝူရႊမ္းတို႔၏ အမူအရာက ေတြေဝေန၏။

သူတို႔ႏွစ္ေယာက္စလံုးက လြယ္လြယ္ကူကူ
မဟာမိတ္ျပဳမၫ့္သူမ်ားမဟုတ္ၾကေခ်။
အမွန္စင္စစ္ရင္းႏွီးသူမ်ား မဟုတ္ပါလ်ွင္
ေလာဘေၾကာင့္ မဟာမိတ္မ်ားပင္ သစၥာေဖာက္တတ္
ၾကသည္။ ထို႔ေၾကာင့္ သူတို႔က နန္က်န္း၏စကားမ်ား
ကို မယံုၾကေပ။

ဒါေပမယ့္ သူတို႔သံုးေယာက္ကိုသာ အဖဲြ႔ျဖစ္ခြင့္
ေပးလိုက္လ်ွင္ သူတို႔အတြက္ ရုန္းရခက္သၫ့္
အေျခအေနသို႔ေရာက္သြားမည္ျဖစ္သည္။

"ေကာင္းၿပီေလ..." သူတို႔ေတြေဝေနတာျမင္ၿပီးေတာ့
ယူမင္းက ေကာင္းက်ိဳးဆိုးက်ိဳးမ်ားကို ခ်ိန္ဆၿပီး
ကတိျပဳေတာ့မလို႔ျဖစ္၏။

သို႔ေသာ္လည္း သူဆံုးေအာင္မေျပာရေသးခင္
ေရတြင္းကိုပိတ္ထားသၫ့္ေက်ာက္တံုးက
ရုတ္တရက္လြင့္စင္ပြင့္ထြက္သြား၏။'ဘုန္း'
ေက်ာက္တံုးအစအနမ်ားက ေလထဲသို႔လြင့္ကုန္ၿပီး
ေျမၾကီးေပၚသို႔ျပင္းထန္စြာ ျပဳတ္က်လာသည္။
လူတိုင္းက ထိတ္လန႔္တုန္လႈပ္စြာ
ေနာက္ဆုတ္လိုက္ၾက၏။

သူတို႔အားလံုး တုန္လႈပ္ေနၿပီးေနာက္မွ
ေရတြင္းအိုႀကီးဆီသို႔ ထိတ္လန႔္စြာ
ၾကၫ့္လိုက္ၾကသည္။

ထြက္ေပါက္ကိုပိတ္ထားတဲ့ ေက်ာက္တံုးကို
တစ္ေယာက္ေယာက္က ေဖာက္ခဲြလိုက္တယ္ဆိုရင္
အတြင္းမွာလူတစ္ေယာက္ရိွေနခဲ့တာေပါ့?

လူတိုင္းရဲ့ အၾကၫ့္ေအာက္မွာပဲ အနက္ေရာင္အရိပ္
တစ္ခုက ေပါ့ပါးစြာတစ္ခ်က္ခုန္လိုက္ၿပီး
ေရတြင္းအျပင္သို႔ ခုန္ထြက္လိုက္သည္။
ထိုအရာက အနက္ေရာင္ဝတ္ထားတဲ့ လူတစ္ေယာက္
ျဖစ္ၿပီး သူေခါင္းကို  ေစာင္းလိုက္တဲ့အခါ
ေခ်ာေမာေပမယ့္ ရင္းႏွီးေနတဲ့မ်က္ႏွာတစ္ခု
ေပၚထြက္လာ၏။

"မင္းပဲ!!!" ရုပ္ကိုမွတ္မိသြားၿပီး ယူမင္းက
အရင္ဆံုးေအာ္လိုက္သူျဖစ္သည္။ သူ႔မ်က္လံုးမ်ားက
မယံုၾကည္ႏိုင္ျခင္းႏွင့္ အံ့အားသင့္မႈမ်ား
ျပၫ့္ေနသည္။ သူတို႔ကိုခန္းမထဲမွာမေတြ့ခဲ့တာေၾကာင့္
ဒီလူနဲ႔သူ႔အေဖာ္က ဒီေနရာကိုေရာက္မလာႏိုင္ဘူးလို႔
ေတြးထားခဲ့တာျဖစ္သည္။ ေရတြင္းအိုႀကီးကေန
အျပင္ဘက္ခုန္ထြက္လာတာျမင္ရမယ္လို႔
သူမထင္ထားခဲ့ေပ။

ရႈန္းေရွာင္ႏွင့္ေခ်ာင္ဝူရႊမ္းတို႔၏ မ်က္လံုးမ်ားလဲ
ျပဴးက်ယ္သြား၏။ သူတို႔ပိုအံ့အားသင့္ရတာက၊
ေရတြင္းအျပင္ဘက္ခုန္ထြက္လာသူက လင္းေမာ့
ျဖစ္ေနျခင္းပင္။ ဒီတစ္ခ်ိန္လံုး၊ သူတို႔ကိုမေတြ့ခဲ့
တာေၾကာင့္ ထိုႏွစ္ေယာက္က တစ္ျခားတစ္ေနရာသို႔
လွၫ့္လည္သြားလာေနသည္ဟု ထင္ထားခဲ့ၾကသည္။
သို႔မဟုတ္ သူတို႔ကအျပင္မွာရိွေနၿပီး ဒီထဲကို
မဝင္ခဲ့ဘူးလို႔ ထင္ထားခဲ့သည္။

"လင္းေမာ့က ဘာလို႔ဒီမွာရိွေနတာလဲ?"
ေခ်ာင္ဝူရႊမ္းက အံ့အားသင့္ေနရင္း ေမးလိုက္သည္။

"ငါတို႔ သူတို႔ကိုအထင္ေသးမိသြားတယ္ထင္တယ္။"
ရႈန္းေရွာင္က ေခါင္းယမ္းရင္းေျပာလိုက္၏။
သူက ထိုႏွစ္ေယာက္ကို မွားယြင္းဆံုးျဖတ္ခဲ့မိတယ္
ထင္တယ္။

"သူကဘယ္သူလဲ? မင္းသူ႔ကိုသိတယ္လား?"
ဟြမ္ဖူလီက လင္းေရွာင္ကိုတစ္ခါမွ မျမင္ဖူးေပ။
ထို႔ေၾကာင့္ သူက သူ႔ရုပ္သြင္ကို မသိေခ်။
လူတိုင္းကလင္းေရွာင္ကို အံ့ဩစြာနဲ႔ၾကၫ့္ေနတာကို
ျမင္ေတာ့ သူလဲသိခ်င္သြားသည္။

ေခ်ာင္ဝူရႊမ္းက ရွင္းျပလိုက္သည္။
"အႀကီးအကဲဟြမ္ဖူ၊ အျပင္မွာတုန္းက
ကၽြန္ေတာ္ေျပာျပခဲ့တဲ့ ႏွစ္ေယာက္ထဲက
တစ္ေယာက္ပဲ။ သူက လင္းေမာ့လို႔ေခၚတယ္။"

ဟြမ္ဖူလီက မုတ္ဆိတ္ေမႊးကိုသပ္ရင္း
ေခါင္းညိတ္လိုက္သည္။ "ငါတို႔ထက္အရင္
ဝင္ႏိုင္ဖို႔အတြက္ ေတာ္ေတာ္ေလးကံေကာင္းတာပဲ။
ဒါေပမယ့္ သူကေျမျဒပ္စင္အဆီအႏွစ္ရိွေနတဲ့
တစ္ေယာက္သာဆိုရင္ သူကေသေရးရွင္ေရး
အေျခအေနထဲေရာက္ေနၿပီ။"

သူ႔အၾကၫ့္က လင္းေရွာင္ေနာက္ကေရတြင္းအိုႀကီးဆီ
ေရာက္သြားတဲ့အခါ ေခ်ာင္ဝူရႊမ္းက
မ်က္ခံုးႄကံု႔လိုက္သည္။ လင္းေမာ့က ယူေရွာင္းဟာ
နဲ႔ဘယ္တုန္းကမွေဝးေဝးမေနတတ္တာကို
သူမွတ္မိသည္။ဒါေပမယ့္ အခုခ်ိန္မွာ
က်န္တစ္ေယာက္ကို သူမေတြ့ေပ။
ဘာေတျြဖစ္ေနတာလဲ?

ေရတြင္းေဘးတြင္၊ လင္းေရွာင္က လူတိုင္းရဲ့အၾကၫ့္
ေအာက္မွာ နဲနဲေလးေတာင္မွမတြန႔္သြားေခ်။
ယူမင္းႏွင့္ယူခ်င္ရွန္းက သူ႔ကိုထသတ္ေတာ့မလို
ၾကၫ့္ေနၾကတာကို ျမင္ရေတာ့ သူကတကယ္ကို
ေပ်ာ္ရႊင္သြားၿပီး သူ႔ႏႈတ္ခမ္းမ်ားက ေကြးသြားသည္။
မေကာင္းဆိုးဝါးအႃပံုးႏွင့္ သူကႏႈတ္ဆက္လိုက္၏၊
"ယို႔၊ ထပ္ေတြ့ရတာ ဝမ္းသာပါတယ္!"

ယူမင္းအၾကၫ့္က သူႏွင့္ေရတြင္းၾကား စုန္ခ်ည္
ဆန္ခ်ည္ေရြ့လ်ားေနၿပီး တစ္ျခားတစ္ေယာက္က
သူနဲ႔ဘာလို႔ရိွမေနလဲဆိုတာ နားမလည္ေပမယ့္လည္း
ထပ္ေတြးေနဖို႔အခ်ိန္မရိွေခ်။
"ေျမျဒပ္စင္အဆီအႏွစ္က မင္းဆီမွာမလား?"
ယူမင္းက ေရ႔ွတစ္လွမ္းတိုးလိုက္ၿပီး သူ႔ကို
ေၾကာက္စရာေကာင္းစြာ စိုက္ၾကၫ့္လိုက္သည္။

သူ႔စကားမ်ားကိုၾကားေတာ့ လင္းေရွာင္အေပၚ
လူတိုင္း၏အၾကၫ့္မ်ားက ေျပာင္းလဲသြား၏။

အဲ့တာက သူ႔ဆီမွာရိွရိွမရိွရိွ၊ သူကေရတြင္းထဲကေန
ထြက္လာတာျဖစ္တာေၾကာင့္
ဆယ္ႀကိမ္မွာရွစ္ႀကိမ္က သူ႔မွာရိွေနတာျဖစ္ႏိုင္သည္။

ေမွာင္မိုက္ေခ်ာက္ျခားဖြယ္မ်က္ႏွာအမူအရာႏွင့္
ယူမင္းကေျပာလိုက္၏၊ "ေျမျဒပ္စင္အဆီအႏွစ္ကို
လက္လႊတ္လိုက္၊ မဟုတ္ရင္ ငါမင္းကိုသတိမေပး
ခဲ့ဘူးလို႔ မေျပာနဲ႔။"

သူေျပာၿပီးတဲ့အခ်ိန္မွာပဲ သူတို႔ကလင္းေရွာင္ႏွင့္
ေရတြင္းကို ဝိုင္းထားလိုက္ၾကသည္။

လင္းေရွာင္က သူ႔ကိုဝိုင္းထားတဲ့လူမ်ားကို
ၾကၫ့္လိုက္၏။ သူ႔အႃပံုးကေတာ့
ေပ်ာက္ကြယ္မသြားေခ်။ ယူမင္းစကားမ်ားကို
ၾကားေတာ့ သူ႔အႃပံုးကပိုလို႔ေတာင္နက္ရိႈင္းလာသည္၊
"ငါမေပးရင္၊ မင္းတို႔ေကာင္ေတြဘာလုပ္မွာလဲ?"

ႃဖံုေလာက္စရာအင္အားတစ္ခုနဲ႔၊ သူ႔ေရ႔ွက
အရာရာတိုင္းကိုဖ်က္စီးပစ္မယ့္အလား
ဓားရွည္တစ္ေခ်ာင္းက ေလထုကိုထိုးေဖာက္သြားၿပီး
ျပင္းထန္ေသာေလစီးေၾကာင္းတစ္ခု ျဖစ္ေပၚသြားေစ
သည္။ လင္းေရွာင္ေခါင္းက ႏွစ္ပိုင္းျပတ္ေတာ့မယ္လို႔
ထင္လိုက္ရခ်ိန္မွာပဲ လင္းေရွာင္က ယူမင္းကို
အမႈမထားသလိုၾကၫ့္လိုက္၏။ ထိုအၾကၫ့္က
ယူမင္း၏ႏွလံုးသားကို တစ္ခ်က္ေက်ာ္
ခုန္သြားေစၿပီး စိုးရိမ္ေစေသာခံစားခ်က္တစ္ခုက ထြက္ေပၚလာသည္။

ေနာက္တစ္စကၠန႔္မွာပဲ သူ႔ရဲ့ႀကိဳတင္သိျခင္းက
အမွန္ျဖစ္လာ၏။

လင္းေရွာင္က ေျခေထာက္တစ္ဖက္ၿမွောက္လိုက္ၿပီး
ဓားရွည္မတိုက္မိခင္
အေစာင့္စစ္သားကို ကန္ထုတ္လိုက္သည္။
မယိမ္းယိုင္ေသာအားက အေစာင့္စစ္သားကို
ထိသြားၿပီးသူ႔ကိုယ္က လူတိုင္းေခါင္းထက္မွ အေနာက္သို႔ပ်ံထြက္သြားၿပ္ီး ေျမၾကီးေပၚသို႔ က်ယ္ေလာင္ေသာအသံတစ္ခုႏွင့္ ျပဳတ္က်သြား၏။

အေစာင့္စစ္သား၏ သနားဖြယ္ေကာင္းလွေသာ
အေျခအေနကိုျမင္ေတာ့ သူတို႔အားလံုး
ပင့္သက္ရိႈက္လိုက္ၾကသည္။ သူ႔ရင္ဘတ္က
အတြင္းဘက္သို႔ ကၽြံဝင္သြားသည္။
ကန္ခ်က္တစ္ခ်က္တည္းနဲ႔
ဧကရာဇ္အဆင့္က်င့္ႀကံသူတစ္ေယာက္က
ထပ္မလႈပ္ႏိုင္ေတာ့ေပ။

ဧကရာဇ္အဆင့္က်င့္ႀကံသူတစ္ေယာက္ကို
ဖ်က္စီးဖို႔ ဒီကန္ခ်က္က ဘယ္ေလာက္ေတာင္
အားျပင္းလိုက္လဲ၊ သူ႔စြမ္းအားက နတ္ေဒဝါအဆင့္
အထက္မွာရိွႏိုင္တယ္၊ ၾကယ္ဘယ္ႏွပြင့္လဲဆိုတာပဲ
မသိရတာျဖစ္သည္။

"သူက တကယ္ေတာ့ နတ္ေဒဝါအဆင့္က်င့္ႀကံသူ
ဆိုတာ မင္းတကယ္မေျပာႏိုင္ခဲ့ဘူးပဲ။"
ေခ်ာင္ဝူရႊမ္းက အံ့အားသင့္စြာ
မွတ္ခ်က္ျပဳလိုက္သည္။

ရႈန္းေရွာင္ကသေဘာတူသၫ့္အေနျဖင့္ ေခါင္းညိတ္
လိုက္၏။ "အရင္က သူ႔ခြန္အားကိုမတြက္ခ်က္ႏိုင္တာ
မဆန္းပါဘူး။ သူကငါ့ထက္ပိုသန္မာပံုရတယ္။
တကယ္ကိုမယံုႏိုင္စရာပဲ။"

သက္ျပင္းခပ္ဖြဖြခ်ရင္း ေခ်ာင္ဝူရႊမ္းက
ေျပာလိုက္သည္၊ "တကယ္ေတာ့ ဒါက ဒီေလာက္ထိ
အံ့ဩစရာမေကာင္းေတာ့ပါဘူး။ 
သူက ေသြးေစြးနီကလန္နဲ႔
ေမွာ္ဆရာအစည္းအရံုးကို ဆန႔္က်င္ရဲမွေတာ့
သူ႔မွာေတာ္ေတာ္ေလး စြမ္းအားရိွလို႔ပဲျဖစ္ရမယ္။
ထိုမ်ွမကေသး၊ လင္းေရွာင္၏အင္အားက သူတို႔ထင္
ထားတာထက္ ပိုအားေကာင္းေနတာလဲ ျဖစ္ႏိုင္သည္။

ယူမင္း၏အမူအရာက ေၾကာက္စရာေကာင္းေလာက္
ေအာင္ ေမွာင္မိႈင္းေနသည္။ သူက လင္းေရွာင္၏
အင္အားကို စမ္းသပ္ခ်င္ခဲ့ရံုသာျဖစ္သည္။

သူအံဩတာထက္ပိုၿပီးေတာ့၊ ကန္ခ်က္တစ္ခ်က္
တည္းနဲ႔ အၿပီးသတ္လိုက္တယ္။ သူကအမွန္စင္စစ္
နတ္ေဒဝါအဆင့္က်င့္ႀကံသူတစ္ေယာက္ျဖစ္ေနတယ္
ထင္တယ္။

ဒီအခိုက္မွာ ယူခ်င္ရွန္းက လင္းေရွာင္ကို
ရုတ္တရက္စိုက္ၾကၫ့္ၿပီး တည္ၿငိမ္စြာေျပာလိုက္၏၊
"အေျခအေနေတြကို ဆက္စပ္ၾကၫ့္ရရင္
လူႀကီးမင္းက သတၲုစားသားရဲကိုဖမ္းသြားၿပီး
ေနမ်က္လံုးကေန သတၲုျဒပ္စင္အဆီအႏွစ္ကို
ယူသြားတဲ့သူပဲ၊ မွန္လား?"

လင္းေရွာင္က သူ႔ကိုအံ့အားသင့္စြာ ၾကၫ့္လိုက္သည္။

တစ္ျခားလူမ်ားကေတာ့ ေအးခဲသြား၏။
သတၲုစားသားရဲနဲ႔ျဒပ္စင္အဆီအႏွစ္ ႏွစ္ခုက
ဒီလူတစ္ေယာက္တည္းမွာပဲ ရိွေနတာ?
ဒါကျဖစ္ႏိုင္တယ္လား၊ ျဖစ္ႏိုင္တယ္ဆိုရင္၊ဒါဆို......

တျဖည္းျဖည္းနဲ႔ လူတိုင္း၏မ်က္လံုးမ်ားက
ေလာဘမ်ားျဖင့္ျပၫ့္ႏွက္လာေတာ့သည္။
သူ႔မွာတကယ္ပဲရိွေနခဲ့ရင္၊ တစ္ခုေလာက္ရရင္ကို ေကာင္းေနၿပီ။နန္က်န္းေတာင္မွပဲ လင္းေရွာင္ကို ျပင္းျပင္းထန္ထန္ၾကၫ့္လိုက္၏။

ဒီဟာကိုထုတ္ေဖာ္လိုက္တာကို ၾကၫ့္ရင္း
ယူခ်င္ရွန္းက ရက္စက္ယုတ္မာေသာအႃပံုးတစ္ခု
ႃပံုးလိုက္သည္။

လင္းေရွာင္ကသူ႔ကို ရုတ္တရက္ၾကၫ့္လိုက္ၿပီး
သူတို႔မ်က္လံုးမ်ားက ဆံုသြား၏။ သူ႔မ်က္လံုးမ်ားက
ေခ်ာက္ျခားဖြယ္အႃပံုးတစ္ခု လင္းလက္သြားၿပီး
သူ႔ကိုေလွာင္ေနသကဲ့သို႔ရိွသည္။

ယူခ်င္ရွန္းက ထိတ္လန႔္တုန္လႈပ္သြားၿပီး
ခၽြေးေအးမ်ားျပန္လာေတာ့သည္။ သူ႔အာရံုျပန္ရတဲ့
အခ်ိန္မွာပဲ သူ႔မ်က္ႏွာအမူအရာက ေအးစက္သြား
သည္။ သူကေရႊဇြန္းကိုက္ၿပီးေမြးလာတာျဖစ္ကာ
ခၽြေးထြက္ေလာက္တဲ့ထိ ေၾကာက္သြားတဲ့သူက
ဘာလို႔သူျဖစ္ေနတာလဲ? သူ႔ခံစားခ်က္မ်ားက
ပို၍ေနမထိထိုင္မသာ ျဖစ္လာေတာ့သည္။

ထိုအခိုက္အတန႔္မွာပဲ ခုနကမလႈပ္မယွက္မတ္တပ္ရပ္
ေနခဲ့တဲ့ လင္းေရွာင္က လႈပ္ရွားလိုက္သည္။

သူ႔ကိုယ္က အနက္ေရာင္အလင္းတန္းတစ္ခု
ျဖစ္သြားၿပီး ယူခ်င္ရွန္းႏွင့္ေနာက္တစ္ေယာက္ဆီ
တၫ့္တၫ့္ဦးတည္သြား၏။ သူတို႔ကလံုးဝမတံု႔ျပန္
ႏိုင္လိုက္ဘူး၊ ယူမင္းက ယူခ်င္ရွန္းအေရ႔ွမွာ
ခုခံတဲ့အေနအထားနဲ႔ျမန္ျမန္ဝင္လိုက္သည္။

သို႔ေသာ္လည္း၊ အနက္ေရာင္အလင္းတန္းက
ေလထဲတြင္ ရုတ္တရက္
လမ္းေၾကာင္းေျပာင္းလိုက္ၿပီး ပိုမိုျမန္ဆန္ေသာ
အလ်င္ျဖင့္ စြန႔္ပစ္ေျမအျပင္ဘက္သို႔ ဦးတည္
သြားေတာ့သည္။

"မေကာင္းေတာ့ဘူး၊ သူထြက္ေျပးသြားၿပီ!"
____________







Continue Reading

You'll Also Like

160K 20.2K 70
အနုပညာလောကမှ ပုရိသနတ်ဘုရားနှင့် သာမန်လက်ထောက်လေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ
58.5K 7.3K 30
⚡THIS IS A PURE FUN TRANSLATION.All credits to original authors and English translators. I don't own any part of this novel. I'm just a translator. ⚡...
322K 44.4K 85
Hi everyone ဒါ​လေးက wuzhe သာ့သာ့ရဲ. လက်ရာတွေထဲက တစ်ခုဖြစ်တဲ့ zhu mu lang ma ဆိုတဲ့ novel ​လေးပါ Author - 巫哲 (wuzhe) Status on jjwxc- completed [...
2.3M 319K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...