Unicode
အပိုင်း၄၀၂:သိက္ခာချနေသောနာမည်
စူးစူးရှရှနဲ့အော်မြည်နေတဲ့ငှက်ပေါက်လေးကို ကြည့်ရင်းYou Xiao Mo စကားတောင်မပြောနိုင်တော့ပေ။
မိနစ်အနည်းငယ်လောက်ကြာပြီးတဲ့နောက်
လက်တစ်ဖက်ကငှက်ပေါက်လေးကိုကောက်မလိုက်သည်။လက်ပိုင်ရှင်က ငှက်ပေါက်လေးကိုPiQiuဆီပေါ့ပေါ့ပါးပါးပဲပစ်ပေးလိုက်သည်။PiQiuသူ့ကံကြမ္မာကို လက်ခံလိုက်ပြီးတော့ငှက်ပေါက်လေးရဲ့နှုတ်သီးပေါ်ကရွှံ့တွေကိုဖယ်ပေးလိုက်ရတော့တယ်။ထိုအခါမှသာလျှင်ငှက်ပေါက်လေးကအော်နေတာရပ်သွားတော့သည်။
Ling Xiao ကသူတို့ကိုအထက်စီးဆန်စွာနဲ့ တစ်ချက်ကြည့်လိုက်၏။
"မင်းတို့အားလုံးဘာလို့ကြောင်ကြည့်နေတာလဲ?
မြန်မြန်တူးကြတော့လေ!"
သူတို့ငါးယောက်ကချက်ချင်းထလုပ်ကြတော့သည်။
You Xiao Moသက်ပြင်းချလိုက်တယ်။ထားလိုက်ပါတော့၊Ling Xiao က သခင်ဖြစ်တဲ့သူ့ထက်တောင်အခွင့်အာဏာပိုရှိတာပဲ။
သို့ပေမယ့်လည်းသူကဒီအချက်နဲ့ပတ်သတ်ပြီးထုံနေပြီဖြစ်သည်။
ငှက်ပေါက်လေးကထိုအဖွဲ့နဲ့ထပ်မပူးပေါင်းတော့ချေ။
သူကအစတုန်းကသူ့သခင်ခေါင်းပေါ်မှာနေချင်ခဲ့တာ ဖြစ်သည်။ဒါပေမယ့်သူ့သခင်ဆံပင်မှာ ရွှံ့စေးအဝါတွေကပ်နေတာမြင်ပြီးတော့သူ့သခင်ကို စွန့်ပစ်လိုက်ပြီးPiQiuခေါင်းပေါ်မှာပဲပြန်သွားနေတော့ သည်။သူကသူတို့ရဲ့ခန္ဓာကိုယ်တွေကို
ပေါင်းစပ်ဖို့ကြိုးစားနေသလိုပဲ
သူ့အပေါ်မှာအသေစွဲကပ်ထားတော့၏။
လူငါးယောက်ပါဝင်လာတာကြောင့်အလုပ်ကပိုမြန်လာသည်။
You Xiao Mo ဘေးမှာ
အဝါရောင်သလင်းကျောက်ပုံ ဒါဇင်အနည်းငယ်လောက်ရှိလာဖို့သိပ်မကြာဘူး။အဲ့နောက်တော့သူလူတိုင်းကိုရပ်ခိုင်းလိုက်တော့သည်။
သန့်ရှင်းသပ်ရပ်နေတဲ့Ling Xiao နဲ့
ငှက်ပေါက်လေးကလွဲလို့ ကျန်တဲ့သူတွေအားလုံးက
ရွှံ့လူသားများဖြစ်နေကြသည်။You Xiao Mo ကပိုတောင်ဆိုးသေးတယ်။သူ့မျက်နှာတစ်ခုလုံးနီးပါးရွှံ့စေးတွေနဲ့ဖုံးနေသည်။
အဆုံးမှာတော့Ling Xiao က သူတို့ဆေးကြောဖို့အတွက်
လူတိုင်းကိုသူ့နယ်မြေထဲသွင်းလိုက်တော့သည်။
သူ့နယ်မြေထဲမှာရိုးရိုးရေတွေအပြည့်ရှိတဲ့ ကန်ငယ်လေးတစ်ခုရှိတယ်။
သူတို့နယ်မြေထဲကနေပြန်ထွက်လာတော့
Ling Xiao ကရွှံ့စေးကမ္ဘာကနေအပြင်ဘက်ကို
ရောက်နှင့်နေပြီိးဖြစ်သည်။
သူနဲ့ကျန်ခဲ့တဲ့ငှက်ပေါက်လေးက သူ့ပုခုံးပေါ်မှာကျေနပ်စွာနဲ့မတ်တပ်ရပ်နေသည်။ထိုအကောင်လေးကLing Xiao ခေါင်းထိပ်ကိုအသိုက်အဖြစ် ထားချင်ပေမယ့်လည်းသူမလုပ်ရဲဘူး။
သူမြင်တဲ့အခေါက်တိုင်းထိုအကောင်ကအဆက်မပြတ်အနှောင့်အယှက်ပေးတတ်တာကြောင့်
You Xiao Mo ကဒီလိုရုတ်တရက်ကြီး အမိန့်နာခံနေတဲ့ငှက်ပေါက်ကို မြင်ရတာအသားမကျပေ။
SheQiuနဲ့ကျန်တဲ့သူတွေလဲသူ့နောက်ကနေ လိုက်ထွက်လာကြသည်။ဒီအချိန်တော့
You Xiao Mo ကသူ့နယ်မြေထဲသူတို့ကိုဝင်ခိုင်းဖို့
စိတ်ကူးမရှိဘူး။အခုကစပြီးလူတိုင်းကကိုယ့်အားကိုယ်ကိုးရမယ်။
စကားနည်းတဲ့LanQiuကရုတ်တရက်ပြောလိုက်၏၊
"သခင်၊ကျွန်တော်တို့ထွက်လာပြ်ီးတဲ့နောက် ကျွန်တော့်မှာလုပ်စရာတစ်ခုရှိတယ်။ အချိန်ကာလတစ်ခုလောက်ထိ ကျွန်တော်ထွက်သွားလို့ရမလား?"
"အဲ့ဒါဘာလဲ?" သူ့ကိုပထမဆုံးတုံပြန်တဲ့သူက
LanQiuဖြစ်နေမယ်လို့ You Xiao Mo ထင်မထားခဲ့ဘူး။
LanQiuကပြန်ဖြေသည်၊
"ကျွန်တော့်မွေးရပ်မြေကိုတစ်ချက်လောက်ပြန်သွား ကြည့်ချင်တယ်။"
ပြစ်မျိုးခုနစ်ဖြာသားရဲများက
Tong Tianတိုက်ကြီးပေါ်မှာသာလျှင်
တည်ရှိခြင်းဖြစ်သည်။ထို့ကြောင့်ဒီနေရာက သူ့ရဲ့မွေးရပ်မြေဖြစ်သည်။သူမပြန်တာနှစ်ပေါင်းများစွာကြာနေပြီဖြစ်ပြီး
သူ့ရဲ့အကိုခြောက်ယောက်ဘယ်လိုနေလဲဆိုတာ သိချင်သည်။
You Xiao Moပြန်မဖြေရသေးခင်မှာပဲ
ငှက်ပေါက်လေးကရုတ်တရက်ပျံသန်းလာတယ်။
"Chirp chirp!"
You Xiao Mo က နားမလည်စွာမျက်တောင်ခတ်လိုက်သည်။
ငှက်ပေါက်လေးကစိုးရိမ်တကြီးနဲ့ စက်ဝိုင်းပုံပတ်ပတ်လည်ပျံသန်းနေတော့တယ်။
Ling Xiao ကပါးစပ်ဖွင့်ပြီး ပြောလိုက်၏၊
"မင်းသွားတဲ့အခါကျရင်ဒီငှက်ပေါက်ကိုပါ ခေါ်သွားလိုက်။"
You Xiao Mo နဲ့တစ်ခြားသူတွေက
သူ့ကိုစိုက်ကြည့်လိုက်ကြတယ်။
မင်းကဒီငှက်ပေါက်လေးကိုစွန့်ပစ်ချင်တယ်ပေါ့၊ဟမ်?
Ling Xiao ကတည်တည်ငြိမ်ငြိမ်နဲ့ရှင်းပြသည်၊
"သူ့မွေးရပ်မြေကလည်းXi Jing မှာပဲ။ရှေးဟောင်းနတ်ဆိုးဖီးနစ်တိုင်းကသူတို့ကလန်ကိုပြန်ပြီးအမွေအနှစ်ခံယူရတယ်။ဒီငှက်ပေါက်လေးရဲ့သွေးကအရမ်းသန့်စင်တယ်။သူသာနတ်ဆိုးဖီးနစ်ကလန်ကိုပြန်မယ်ဆိုရင် အနာဂတ်မှာနတ်ဆိုးဖီးနစ်တောင်ကြားထဲကိုပေါင်းစပ်နိုင်လိမ့်မယ်။"
ဒီငှက်ပေါက်..ဒီငှက်ပေါက်...ကတကယ်ပဲ နတ်ဆိုးဖီးနစ်ပေါ့။
You Xiao Mo ပါးစပ်ကြီးဟသွားရတော့သည်။
Ling Xiao ကပေါ့ပေါ့တန်တန်ပဲထပ်ပြောလိုက်၏
"သူကမင်းရဲ့ဆက်နွယ်နတ်ဆိုးသားရဲပဲ။"
You Xiao Mo ကသူပြောတဲ့အဓိပ္ပာယ်ကိုနားလည်သွားပြီး ပိုလို့တောင်မယုံကြည်နိုင်ဖြစ်သွားတော့သည်။
ငှက်ပေါက်လေးကသူ့ရဲ့ဆက်နွယ်သားရဲဖြစ်သည်။
ထိုအကောင်လေးသာအနာဂတ်မှာ
နတ်ဆိုးဖီးနစ်တောင်ကြားကိုဆက်ခံနိုင်ခဲ့မယ်ဆိုရင်
နတ်ဆိုးဖီးနစ်တောင်ကြားတစ်ခုလုံး
သူ့အိတ်ကပ်ထဲရှိနေတာနဲ့ညီမျှသည်။
ထားပါတော့၊ဒီလိုအန္တရာယ်ရှိတဲ့စိတ်ကူးကိုတွေးနိုင်တာ
Ling Xiao တစ်ယောက်ပဲရှိတယ်။
ငှက်ပေါက်လေးကYou Xiao Mo နဲ့
ဆက်နွယ်မှုရှိတယ်။ဒါ့ကြောင့်သူတို့နှစ်ယောက်ကတစ်ကွဲတစ်ပြားစီ
ဖြစ်နေရင်တောင်မှ တစ်ယောက်နဲ့တစ်ယောက်ရဲ့တည်ရှိမှုနဲ့အော်ရာကို
စိတ်ကနေတစ်ဆင့်ခံစားနိုင်ပါတယ်။
ဒီဟာကရင်းနှီးမှုဖြစ်စေရုံမက သူတို့နှစ်ယောက်ဆက်ဆံရေးကိုလည်းပိုနီးကပ်စေနိုင်ပါတယ်။
ငှက်ပေါက်လေးခုနတုန်းကအော်မြည်နေတဲ့အကြောင်းအရင်းကနတ်ဆိုးဖီးနစ်တောင်ကြားကိုပြန်ချင်၍ဖြစ်သည်။သူမွေးလာတာမကြာသေးပေမယ့်
နတ်ဆိုးဖီးနစ်တွေအချင်းချင်းမွေးရာပါဆက်သွယ်မှု
ရှိသည်။နတ်ဆိုးဖီးနစ်တောင်ကြားက သူ့ကိုပြန်ခေါ်နေတာကိုခံစားနေရသည်။
Xi Jingက မြင့်မြတ်မှော်သားရဲဧကရာဇ်လေးမျိုး၊ပြစ်မျိုးခုနစ်ဖြာသားရဲများ၊
Yin Ge၏အဖေခေါင်းကိုးလုံးမြွေဘုရင်နဲ့
တစ်ခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေနေထိုင်ကြရာနေရာဖြစ်သည်။
ငှက်ပေါက်လေး၏မျိုးနွယ်ကိုသိပြီးကတည်းက
သူ့မှာဒီစိတ်ကူးရှိခဲ့တာဖြစ်သည်။
Tong Tian တိုက်ကြီးကိုရောက်လာပြီးတဲ့နောက်
ဒီစိတ်ကူးကထပ်ခါထပ်ခါပေါ်ထွက်လာသည်။
သို့သော်ငြားလည်းငှက်ပေါက်လေးကလုံလုံလောက်လောက်မသန်မာသေးတာကြောင့်
ထိုစိတ်ကူးကိုဘေးဖယ်ထားခဲ့တာဖြစ်သည်။
နောက်ပြီးသူတို့ကအခုလတ်တလောနတ်ဆိုးသားရဲတောင်ကြားကိုအစောင့်အရှောက်အဖြစ်လိုက်မပို့နိုင်သေးဘူး။
LanQiu ကXi Jing ကသူ့မွေးရပ်မြေကိုပြန်ဖို့
ပြောလာတာကြောင့်ဒီဟာကအခွင့်အရေးတစ်ခု
ဖြစ်သွားတယ်။
LanQiuကအရမ်းမသန်မာပေမယ့်လည်း
ငှက်ပေါက်လေးကိုXi Jingရောက်အောင်
ပို့ပေးနိုင်သ၍နတ်ဆိုးဖီးနစ်တောင်ကြားကလူတွေက
ထိုအကောင်လေးကိုရှာတွေ့နိုင်ကြလိမ့်မယ်။
LanQiuကဘာမှထပ်မပြောပဲသဘောတူလိုက်၏။
ဒါကနတ်ဆိုးဖီးနစ်တောင်ကြားရဲ့မျက်နှာသာတစ်ခု
ရဖို့အခွင့်ကောင်းတစ်ခုဖြစ်သည်။
ထို့ကြောင့်ငှက်ပေါက်လေးရဲ့ဦးတည်ရာအဆုံးသတ်ကိုဒီတိုင်းပဲဆုံးဖြတ်လိုက်တော့သည်။
"ငှက်ပေါက်လေးမပြန်ခင်နာမည်တစ်ခုပေးလိုက်မယ်။
ငါတို့ငှက်ပေါက်လေးလို့ပဲအမြဲတမ်းခေါ်နေလို့မရဘူး၊
ဟုတ်တယ်မလား?သူကရှေးဟောင်းနတ်ဆိုးဖီးနစ်လေ။
ဒီလိုခေါ်တာကသိက္ခာချရာရောက်တယ်။"
You Xiao Mo ကကြားဖြတ်ပြောလိုက်၏။
ဒီအဆိုပြုချက်ထွက်ပေါ်လာတာနဲ့မသိနားမလည်တဲ့
ငှက်ပေါက်လေးကလွဲလို့လူတိုင်းက
You Xiao Mo ကိုတစ်ပြိုင်နက်တည်း
လှည့်ကြည့်လိုက်ကြသည်။
လူတိုင်းကကွဲပြားတဲ့မျက်နှာထားတွေ ရှိကြပေမယ့်လည်းတူညီတဲ့အဓိပ္ပာယ်တစ်ခုကို
ဖော်ဆောင်ထားကြပါတယ်။
SheQiu (HeiQiu,MaoQiu,PiQiu,LanQiu)
လို့ခေါ်တာကကျတော့သိက္ခာချရာမရောက်ဘူးပေါ့?
သူတို့ရဲ့တိတ်ဆိတ်နေခြင်းကိုသဘောတူခြင်းလို့
သတ်မှတ်လိုက်တဲ့ငှက်ပေါက်လေးက
ပျော်ရွှင်စွာနဲ့အော်မြည်တော့သည်။
သူက'ငှက်ပေါက်လေး'ဆိုတဲ့နာမည်ကိုမကြိုက်တာ
ကြာပြီဖြစ်ပြီးအသစ်ပြောင်းချင်ခဲ့တာဖြစ်သည်။
ကံဆိုးတာကသူကစကားမပြောတတ်ဘူး။နောက်ပြီး
ငှက်စကားနဲ့ပြောရင်တောင်မှတစ်ခြားသူတွေက
အရေးလုပ်မှာမဟုတ်ပေ။
You Xiao Moဂကသူတို့မျက်နှာထားတွေကို
မမြင်ချင်ယောင်ဆောင်ပြီးပြုံးလိုက်သည်၊
"သူ့ကိုကြည့်လိုက်ဘယ်လောက်တောင်ပျော်နေလိုက်လဲ။"
လူတိုင်းကမျက်စိလှိမ့်လိုက်ကြတော့တယ်။
သူတို့အစတုန်းကအဲ့လိုနည်းနဲ့လှည့်ဖြားခံခဲ့ရတာကို
တွေးနေရင်းသူတို့ရဲ့အတိတ်ကလုပ်ရပ်တွေကိုပဲ
နောင်တရနေရတော့တယ်။
"Chirp!" ပတ်ဝန်းကျင်ကသိပ်မူမမှန်တာကို
ငှက်ပေါက်လေးကတွေ့လိုက်ရသည်။
You Xiao Mo က Ling Xiao ကိုရုတ်တရက်
လှမ်းမေးလိုက်၏။
"ဘယ်နာမည်ကကောင်းမယ်လို့ထင်လဲ?"
ငှက်ပေါက်လေးကLing Xiao ကို
မျှော်လင့်တကြီးကြည့်လိုက်သည်။
Ling Xiao ကချက်ချင်းပဲစကားလုံးနှစ်လုံး
ထုတ်ပြော၏၊"HunQiu"
[T/N: HunQiu- means
bastard,jerk,asshole,etc,]
You Xiao Mo, "..."
ငှက်ပေါက်လေး, "..."
SheQiuနှင့်ကျန်လေးယောက်၏
စိတ်တွင်းမှအသံ-သခင်ရေ၊ကျွန်တော်တို့မှားသွားပါတယ်။သခင်ကသာလျှင်
ကြင်နာတတ်ဆုံးပါ။
ဒီအခိုက်အတန့်မှာ၊ အစတုန်းကသူတို့ကိုနာမည်ပေးခဲ့တဲ့သူက
Boss Ling Xiao မဟုတ်တဲ့အတွက်
ပြောမပြနိုင်လောက်အောင်
ကျေးဇူးတင်နေကြတော့တယ်။
သူတို့ခေါင်းပေါ်မှာသာ အဲ့လိုနာမည်တစ်ခုသယ်ထားရမယ်ဆိုရင်
ဒီဘဝတော့အိမ်ပြင်ထွက်ရဲမှာမဟုတ်တော့ဘူး။
Ling Xiao ကထပ်ပြော၏၊
"ဒီကိစ္စကဒီမှာတင်ပြီးပြီ။တကယ့်အကြောင်းအရာ
ကိုပြောရအောင်..."
လူတိုင်းရဲ့အမူအရာကချက်ချင်းလေးနက်သွားတော့သည်။
..............
မြေအောက်နန်းတော်အနက်ပိုင်းတွင်၊
ရိုးရှင်းပြီးအကြမ်းထည်ဆန်တဲ့ကျောက်တုံးအခန်း
အလယ်တွင်မီတာတစ်ဝက်မြင့်သော
ရှေးဟောင်းကျောက်စင်မြင့်တစ်ခုရှိသည်။
တစ်မီတာအရွယ်အစားရှိကျောက်တုံးတစ်တုံးက
စင်မြင့်အပေါ်မှာတိတ်ဆိတ်စွာရှိနေသည်။
ကျောက်တုံးမျက်နှာပြင်ကအနက်ရောင်၊
အနီရောင်နဲ့ရွှေရောင်တွေရောနှောနေသည်။
ထိုကျောက်တုံးမှထွက်ပေါ်နေသော
တောက်ပသည့်အလင်းရောင်များနှင့်
အရောင်ရင့်ရင့်များကပြင်းထန်သောစိတ်စွမ်းအင်
အတက်အကျများထုတ်လွှတ်နေသည်။
ကျောက်တုံးအခန်းတံခါးကအပြင်ဘက်ကနေ
ရုတ်တရက်တွန်းဖွင့်ခံလိုက်ရပြီး
လူအိုကြီးတစ်ယောက်နဲ့လူငယ်တစ်ယောက်
ဝင်လာသည်။အံ့ဩဖို့ကောင်းစွာနဲ့
ထိုလူနှစ်ယောက်ဟာ You Ming နဲ့
You QingShanဖြစ်နေသည်။
မြေအောက်နန်းတော်ကိုဝင်လာတဲ့လူတွေထဲမှာ
ဒီနေရာကိုရောက်လာတဲ့သူက
ဘာလို့သူတို့နှစ်ယောက်ပဲရှိလဲဆိုတာတော့
ဘယ်သူမှမသိဘူး။
"လူအိုကြီးMing,အဲ့ဟာကဒီနေရာမှာရှိတာသေချာလား?" You QingShan ကကျောက်တုံးအခန်း
ပတ်ပတ်လည်ကိုကြည့်နေသည်။သို့သော်လည်း ကျောက်စင့်မြင့်ပေါ်ကကျောက်တုံးကိုပဲသူတွေ့တယ်။
တစ်ခြားဘာမှမရှိဘူး။
သူသံသယမဝင်ဘဲမနေနိုင်ဘူး။
"အမှားမရှိသင့်ပါဘူး။"
You Ming ကလဲတကယ်တော့
သိပ်မသေချာဘူး။ အထူးသဖြင့်
ဒီရဲ့အရမ်းရိုးရှင်းပြီးအကြမ်းထည်ဆန်တဲ့
ကျောက်တုံးအခန်းကိုမြင်ပြီးနောက်မှာပေါ့။
သတ္ထုစားသားရဲရဲ့အရိပ်တောင်မှမမြင်ရချေ။
You QingShan ကကျောက်တုံးစင်မြင့်ဆီ
လျှောက်သွားလိုက်ပြီးအပေါ်မှာရှိနေတဲ့
ကျောက်တုံးကိုကြည့်ကာမျက်မှောင်ကြုံ့လိုက်သည်။
"လူအိုကြီးMing,ဒီလာပြီးတစ်ချက်လောက်
လာကြည့်ကြည့်။ဒီကျောက်တုံးထဲမှာ
တစ်ခုခုထူးခြားတာရှိလား?"
You Mingက သွက်သွက်လျှောက်သွားလိုက်သည်။
ကျောက်တုံးကရွှေရောင်အရင့်ဖြစ်တာကြောင့်
ရှင်းရှင်းလင်းလင်းမမြင်ရပေ။
သို့သော်လည်းသူ့ရဲ့အမြင်စွမ်းအားနဲ့
မထင်မရှားအရိပ်တစ်ခုကိုမြင်လိုက်ရတယ်။
သူ့သူငယ်အိမ်တွေရုတ်တရက်ကျုံ့သွားပြီး
ထိုအရိပ်ကိုဆယ်စက္ကန့်လောက်မျက်တောင်မခတ်
စိုက်ကြည့်လိုက်သည်၊
ထို့နောက်သူကထစ်အထစ်အနဲ့ပြောလိုက်၏။
"အဲ့..အဲ့ဒါကသတ္ထုစားသားရဲပဲ!မှားစရာမရှိဘူး!
သတ္ထုစားသားရဲကအထဲမှာရှိနေတယ်!"
You QingShan ရဲ့မျက်လုံးထဲမှာ
စိတ်လှုပ်ရှားမှုတစ်စွန်းတစ်စထွက်ပေါ်လာသည်။
သူကစိတ်လှုပ်ရှားလွန်းလို့အပေါ်တက်ပြီး
နီးနီးကပ်ကပ်ကြည့်တော့မယ့်အချိန်မှာပဲ
ကျောက်တုံးပေါ်မှာအက်ကြောင်းတစ်ခု
ရုတ်တရက်ပွင့်ထွက်သွားတော့၏။'ဘန်း'
တုံ့ပြန်ချိန်မရလိုက်ဘဲ You QingShan
ကအနောက်ဘက်ကိုလွင့်သွားတော့သည်။
သို့သော်လည်းသူကခြေတစ်လှမ်းနောက်ကျသွားပြ်ီ
ဖြစ်သည်။ကျောက်တုံးထဲမှာရှိနေတဲ့ သတ္ထုစားသားရဲလေးကအစည်းအနှောင်တွေကို
တစ်ခဏအတွင်းမှာပဲဖျက်စီးလိုက်သည်။ထို့နောက်
လျှပ်စီးလိုအမြန်နှုန်းနဲ့ပြေးထွက်လာကာ
You QingShanရင်ဘတ်ကိုတည့်တည့်
ဝင်တိုက်ချလိုက်တော့၏။
သွေးတွေချက်ချင်းပန်းထွက်လာတော့တယ်။
သူ့ကိုဒဏ်ရာရအောင်လုပ်ပြီးတဲ့နောက်
သတ္ထုစားသားရဲကကျောက်တုံးခန်းမှ
ထွက်ပြေးသွားတော့၏။
"ငါ့ကိုစိတ်မပူနဲ့။အဲ့ဟာနောက်ကိုလိုက်။"
You Ming ကသူ့ဒဏ်ရာကြည့်ပေးမလို့ဖြစ်သည်။
သို့သော်လည်းသူပြောတာကြားပြီးတဲ့နောက်တော့
သတ္ထုစားသားရဲနောက်လိုက်ဖို့တွေဝေမနေတော့ဘဲ
ကျောက်တုံးအခန်းထဲကနေမြန်မြန်ပြေးထွက်သွား
တော့သည်။
You QingShanကသူ့ပါးစပ်ကသွေးတွေကို
သုတ်လိုက်ပြီး ရက်စက်ပြီးအန္တရာယ်ရှိတဲ့အလင်းရောင်တစ်ခုက
သူ့မျက်လုံးထဲမှာဖြတ်ပြေးသွားသည်။
သူကဖြစ်လာနိုင်မယ့်အရာတွေကိုတွက်ချက်ပြီး
သူ့အသက်သွေးကြောအစိတ်အပိုင်းတွေပေါ်မှာ
ခုခံကာကွယ်တဲ့အလွှာတစ်ခုထားခဲ့လို့
တော်သေးတာပေါ့။ မဟုတ်ရင်
အခုလိုသွေးအန်ရုံတင်မဟုတ်ပဲ
ဆိုးဆိုးရွားရွားထိခိုက်ဒဏ်ရာရသွားမှာဖြစ်သည်။
သူ့ကံကောင်းမှုကိုခဏလောက်
ပြန်တွေးနေပြီးတဲ့နောက်၊လမ်းတစ်လျောက်မှာ
You Mingချန်ထားခဲ့တဲ့သင်္ကေတတွေကိုရှာပြီး
နောက်ကနေလိုက်သွားတော့သည်။
သတ္ထုစားသားရဲကချောကျိကျိငါးလိုပဲ။
You Ming လောက်မသန်မာသော်လည်း
ထိုအကောင်လေးကအလွန်လျင်မြန်သည်။
You Ming လိုက်ဖမ်းတဲ့အခါတိုင်း
ထိုအကောင်လေးကကြိုသိနေသကဲ့သို့
စောစောထွက်ခွာသွားပြီး You Ming
ကိုမြေအောက်နန်းတော်ထဲမှာစက်ဝိုင်းပုံ
ခေါ်ဆောင်နေတော့သည်။
အဆုံးမှာတော့ခြေရာခံလိုက်နေတဲ့
လိုက်နေတဲ့လူတစ်ချို့က ထိုအကောင်လေးကို တွေ့သွားတော့၏။
"သတ္ထုစားသားရဲပဲ၊သတ္ထုစားသားရဲကိုတွေ့ပြီဟေ့။"
သတ္ထုစားသားရဲကိုတွေ့တဲ့လူတိုင်းကစိတ်လှုပ်ရှားနေကြသည်။လူတစ်ယောက်ကစပြီး ကျယ်ကျယ်လောင်လောင်အော်ဟစ်လိုက်တော့တယ်။
ရလဒ်တစ်ခုအနေနဲ့ပိုများတဲ့လူတွေက
ဆွဲဆောင်ခံလိုက်ရတော့တယ်။
"သေနာကောင်!" You Ming ကမဲမှောင်နေတဲ့မျက်နှာကြီးနဲ့ကျိန်ဆဲလိုက်သည်။
သူကသတ္ထုစားသားရဲကိုတိတ်တိတ်လေးဖမ်းဖို့
စိတ်ကူးထားတာဖြစ်သည်။ထိုအကောင်လေးရဲ့တည်နေရာကိုလူအများကြီးသိအောင်လုပ်လိုက်တော့အရာအားလုံး
အလကားဖြစ်သွားတော့မယ်။
လူအများကြီးပိုသိလေလေသူ့အတွက်ပိုပြီး
အခွင့်မသာလေဖြစ်သည်။Cangမဟာမိတ်ကလူတွေက
သေချာပေါက်မြန်မြန်လာမှာဖြစ်ပြီး သူတို့ရောက်လာဖို့အချိန်သိပ်ကြာမှာမဟုတ်ဘူး။
အဲ့အချိန်ကျရင်သူ့အတွက်အခွင့်အရေးကပိုတောင်
နည်းသွားဦးမယ်။သူတို့မလာခင်
သတ္ထုစားသားရဲကိုဖမ်းနိုင်ဖို့လိုအပ်တယ်။
You Mingရဲ့အရိပ်ယောင်ပျောက်ကွယ်သွားတာနဲ့
ခုနတုန်းကအော်ဟစ်လိုက်တဲ့လူက
You Ming ထွက်သွားတဲ့ဦးတည်ချက်ကို
ကြည့်လိုက်ပြီးသရော်လိုက်တယ်။
သတ္ထုစားသားရဲကိုမောင်ပိုင်စီးချင်တယ်ပေါ့?
အိမ်မက်မက်နေလိုက်!
ဒီကလောင်ဇီကမရနိုင်ဘူးဆိုရင်
မင်းတို့သွေးစွေးနီကလန်ကလူအားလုံးလဲ
မရစေရဘူး!
[T/N: လောင်ဇီ-ကိုယ့်ကိုကိုယ့်အထက်စီးဆန်တဲ့
ပုံစံနဲ့ဖော်ပြတဲ့စကားလုံး]
Zawgyi
အပိုင္း၄၀၂:သိကၡာခ်ေနေသာနာမည္
စူးစူးရွရွနဲ႔ေအာ္ျမည္ေနတဲ့ငွက္ေပါက္ေလးကို ၾကၫ့္ရင္းYou Xiao Mo စကားေတာင္မေျပာႏိုင္ေတာ့ေပ။
မိနစ္အနည္းငယ္ေလာက္ၾကာၿပီးတဲ့ေနာက္
လက္တစ္ဖက္ကငွက္ေပါက္ေလးကိုေကာက္မလိုက္သည္။လက္ပိုင္ရွင္က ငွက္ေပါက္ေလးကိုPiQiuဆီေပါ့ေပါ့ပါးပါးပဲပစ္ေပးလိုက္သည္။PiQiuသူ႔ကံၾကမၼာကို လက္ခံလိုက္ၿပီးေတာ့ငွက္ေပါက္ေလးရဲ့ႏႈတ္သီးေပၚကရႊံ႔ေတြကိုဖယ္ေပးလိုက္ရေတာ့တယ္။ထိုအခါမွသာလ်ွင္ငွက္ေပါက္ေလးကေအာ္ေနတာရပ္သြားေတာ့သည္။
Ling Xiao ကသူတို႔ကိုအထက္စီးဆန္စြာနဲ႔ တစ္ခ်က္ၾကၫ့္လိုက္၏။
"မင္းတို႔အားလံုးဘာလို႔ေၾကာင္ၾကၫ့္ေနတာလဲ?
ျမန္ျမန္တူးၾကေတာ့ေလ!"
သူတို႔ငါးေယာက္ကခ်က္ခ်င္းထလုပ္ၾကေတာ့သည္။
You Xiao Moသက္ျပင္းခ်လိုက္တယ္။ထားလိုက္ပါေတာ့၊Ling Xiao က သခင္ျဖစ္တဲ့သူ႔ထက္ေတာင္အခြင့္အာဏာပိုရိွတာပဲ။
သို႔ေပမယ့္လည္းသူကဒီအခ်က္နဲ႔ပတ္သတ္ၿပီးထံုေနၿပီျဖစ္သည္။
ငွက္ေပါက္ေလးကထိုအဖဲြ႔နဲ႔ထပ္မပူးေပါင္းေတာ့ေခ်။
သူကအစတုန္းကသူ႔သခင္ေခါင္းေပၚမွာေနခ်င္ခဲ့တာ ျဖစ္သည္။ဒါေပမယ့္သူ႔သခင္ဆံပင္မွာ ရႊံ႔ေစးအဝါေတြကပ္ေနတာျမင္ၿပီးေတာ့သူ႔သခင္ကို စြန႔္ပစ္လိုက္ၿပီးPiQiuေခါင္းေပၚမွာပဲျပန္သြားေနေတာ့ သည္။သူကသူတို႔ရဲ့ခႏၶာကိုယ္ေတြကို
ေပါင္းစပ္ဖို႔ႀကိဳးစားေနသလိုပဲ
သူ႔အေပၚမွာအေသစဲြကပ္ထားေတာ့၏။
လူငါးေယာက္ပါဝင္လာတာေၾကာင့္အလုပ္ကပိုျမန္လာသည္။
You Xiao Mo ေဘးမွာ
အဝါေရာင္သလင္းေက်ာက္ပံု ဒါဇင္အနည္းငယ္ေလာက္ရိွလာဖို႔သိပ္မၾကာဘူး။အဲ့ေနာက္ေတာ့သူလူတိုင္းကိုရပ္ခိုင္းလိုက္ေတာ့သည္။
သန႔္ရွင္းသပ္ရပ္ေနတဲ့Ling Xiao နဲ႔
ငွက္ေပါက္ေလးကလဲြလို႔ က်န္တဲ့သူေတြအားလံုးက
ရႊံ႔လူသားမ်ားျဖစ္ေနၾကသည္။You Xiao Mo ကပိုေတာင္ဆိုးေသးတယ္။သူ႔မ်က္ႏွာတစ္ခုလံုးနီးပါးရႊံ႔ေစးေတြနဲ႔ဖံုးေနသည္။
အဆံုးမွာေတာ့Ling Xiao က သူတို႔ေဆးေၾကာဖို႔အတြက္
လူတိုင္းကိုသူ႔နယ္ေျမထဲသြင္းလိုက္ေတာ့သည္။
သူ႔နယ္ေျမထဲမွာရိုးရိုးေရေတြအျပၫ့္ရိွတဲ့ ကန္ငယ္ေလးတစ္ခုရိွတယ္။
သူတို႔နယ္ေျမထဲကေနျပန္ထြက္လာေတာ့
Ling Xiao ကရႊံ႔ေစးကမ႓ာကေနအျပင္ဘက္ကို
ေရာက္ႏွင့္ေနၿပီိးျဖစ္သည္။
သူနဲ႔က်န္ခဲ့တဲ့ငွက္ေပါက္ေလးက သူ႔ပုခံုးေပၚမွာေက်နပ္စြာနဲ႔မတ္တပ္ရပ္ေနသည္။ထိုအေကာင္ေလးကLing Xiao ေခါင္းထိပ္ကိုအသိုက္အျဖစ္ ထားခ်င္ေပမယ့္လည္းသူမလုပ္ရဲဘူး။
သူျမင္တဲ့အေခါက္တိုင္းထိုအေကာင္ကအဆက္မျပတ္အေနွာင့္အယွက္ေပးတတ္တာေၾကာင့္
You Xiao Mo ကဒီလိုရုတ္တရက္ႀကီး အမိန႔္နာခံေနတဲ့ငွက္ေပါက္ကို ျမင္ရတာအသားမက်ေပ။
SheQiuနဲ႔က်န္တဲ့သူေတြလဲသူ႔ေနာက္ကေန လိုက္ထြက္လာၾကသည္။ဒီအခ်ိန္ေတာ့
You Xiao Mo ကသူ႔နယ္ေျမထဲသူတို႔ကိုဝင္ခိုင္းဖို႔
စိတ္ကူးမရိွဘူး။အခုကစၿပီးလူတိုင္းကကိုယ့္အားကိုယ္ကိုးရမယ္။
စကားနည္းတဲ့LanQiuကရုတ္တရက္ေျပာလိုက္၏၊
"သခင္၊ကၽြန္ေတာ္တို႔ထြက္လာၿပ္ီးတဲ့ေနာက္ ကၽြန္ေတာ့္မွာလုပ္စရာတစ္ခုရိွတယ္။ အခ်ိန္ကာလတစ္ခုေလာက္ထိ ကၽြန္ေတာ္ထြက္သြားလို႔ရမလား?"
"အဲ့ဒါဘာလဲ?" သူ႔ကိုပထမဆံုးတံုျပန္တဲ့သူက
LanQiuျဖစ္ေနမယ္လို႔ You Xiao Mo ထင္မထားခဲ့ဘူး။
LanQiuကျပန္ေျဖသည္၊
"ကၽြန္ေတာ့္ေမြးရပ္ေျမကိုတစ္ခ်က္ေလာက္ျပန္သြား ၾကၫ့္ခ်င္တယ္။"
ျပစ္မ်ိဳးခုနစ္ျဖာသားရဲမ်ားက
Tong Tianတိုက္ႀကီးေပၚမွာသာလ်ွင္
တည္ရိျွခင္းျဖစ္သည္။ထို႔ေၾကာင့္ဒီေနရာက သူ႔ရဲ့ေမြးရပ္ေျမျဖစ္သည္။သူမျပန္တာႏွစ္ေပါင္းမ်ားစြာၾကာေနၿပီျဖစ္ၿပီး
သူ႔ရဲ့အကိုေျခာက္ေယာက္ဘယ္လိုေနလဲဆိုတာ သိခ်င္သည္။
You Xiao Moျပန္မေျဖရေသးခင္မွာပဲ
ငွက္ေပါက္ေလးကရုတ္တရက္ပ်ံသန္းလာတယ္။
"Chirp chirp!"
You Xiao Mo က နားမလည္စြာမ်က္ေတာင္ခတ္လိုက္သည္။
ငွက္ေပါက္ေလးကစိုးရိမ္တႀကီးနဲ႔ စက္ဝိုင္းပံုပတ္ပတ္လည္ပ်ံသန္းေနေတာ့တယ္။
Ling Xiao ကပါးစပ္ဖြင့္ၿပီး ေျပာလိုက္၏၊
"မင္းသြားတဲ့အခါက်ရင္ဒီငွက္ေပါက္ကိုပါ ေခၚသြားလိုက္။"
You Xiao Mo နဲ႔တစ္ျခားသူေတြက
သူ႔ကိုစိုက္ၾကၫ့္လိုက္ၾကတယ္။
မင္းကဒီငွက္ေပါက္ေလးကိုစြန႔္ပစ္ခ်င္တယ္ေပါ့၊ဟမ္?
Ling Xiao ကတည္တည္ၿငိမ္ၿငိမ္နဲ႔ရွင္းျပသည္၊
"သူ႔ေမြးရပ္ေျမကလည္းXi Jing မွာပဲ။ေရွးေဟာင္းနတ္ဆိုးဖီးနစ္တိုင္းကသူတို႔ကလန္ကိုျပန္ၿပီးအေမြအႏွစ္ခံယူရတယ္။ဒီငွက္ေပါက္ေလးရဲ့ေသြးကအရမ္းသန႔္စင္တယ္။သူသာနတ္ဆိုးဖီးနစ္ကလန္ကိုျပန္မယ္ဆိုရင္ အနာဂတ္မွာနတ္ဆိုးဖီးနစ္ေတာင္ၾကားထဲကိုေပါင္းစပ္ႏိုင္လိမ့္မယ္။"
ဒီငွက္ေပါက္..ဒီငွက္ေပါက္...ကတကယ္ပဲ နတ္ဆိုးဖီးနစ္ေပါ့။
You Xiao Mo ပါးစပ္ႀကီးဟသြားရေတာ့သည္။
Ling Xiao ကေပါ့ေပါ့တန္တန္ပဲထပ္ေျပာလိုက္၏
"သူကမင္းရဲ့ဆက္ႏြယ္နတ္ဆိုးသားရဲပဲ။"
You Xiao Mo ကသူေျပာတဲ့အဓိပၸာယ္ကိုနားလည္သြားၿပီး ပိုလို႔ေတာင္မယံုၾကည္ႏိုင္ျဖစ္သြားေတာ့သည္။
ငွက္ေပါက္ေလးကသူ႔ရဲ့ဆက္ႏြယ္သားရဲျဖစ္သည္။
ထိုအေကာင္ေလးသာအနာဂတ္မွာ
နတ္ဆိုးဖီးနစ္ေတာင္ၾကားကိုဆက္ခံႏိုင္ခဲ့မယ္ဆိုရင္
နတ္ဆိုးဖီးနစ္ေတာင္ၾကားတစ္ခုလံုး
သူ႔အိတ္ကပ္ထဲရိွေနတာနဲ႔ညီမ်ွသည္။
ထားပါေတာ့၊ဒီလိုအႏၲရာယ္ရိွတဲ့စိတ္ကူးကိုေတြးႏိုင္တာ
Ling Xiao တစ္ေယာက္ပဲရိွတယ္။
ငွက္ေပါက္ေလးကYou Xiao Mo နဲ႔
ဆက္ႏြယ္မႈရိွတယ္။ဒါ့ေၾကာင့္သူတို႔ႏွစ္ေယာက္ကတစ္ကဲြတစ္ျပားစီ
ျဖစ္ေနရင္ေတာင္မွ တစ္ေယာက္နဲ႔တစ္ေယာက္ရဲ့တည္ရိွမႈနဲ႔ေအာ္ရာကို
စိတ္ကေနတစ္ဆင့္ခံစားႏိုင္ပါတယ္။
ဒီဟာကရင္းႏွီးမႈျဖစ္ေစရံုမက သူတို႔ႏွစ္ေယာက္ဆက္ဆံေရးကိုလည္းပိုနီးကပ္ေစႏိုင္ပါတယ္။
ငွက္ေပါက္ေလးခုနတုန္းကေအာ္ျမည္ေနတဲ့အေၾကာင္းအရင္းကနတ္ဆိုးဖီးနစ္ေတာင္ၾကားကိုျပန္ခ်င္၍ျဖစ္သည္။သူေမြးလာတာမၾကာေသးေပမယ့္
နတ္ဆိုးဖီးနစ္ေတြအခ်င္းခ်င္းေမြးရာပါဆက္သြယ္မႈ
ရိွသည္။နတ္ဆိုးဖီးနစ္ေတာင္ၾကားက သူ႔ကိုျပန္ေခၚေနတာကိုခံစားေနရသည္။
Xi Jingက ျမင့္ျမတ္ေမွာ္သားရဲဧကရာဇ္ေလးမ်ိဳး၊ျပစ္မ်ိဳးခုနစ္ျဖာသားရဲမ်ား၊
Yin Ge၏အေဖေခါင္းကိုးလံုးႁမြေဘုရင္နဲ႔
တစ္ျခားစြမ္းအားႀကီးပုဂၢိုလ္ေတြေနထိုင္ၾကရာေနရာျဖစ္သည္။
ငွက္ေပါက္ေလး၏မ်ိဳးႏြယ္ကိုသိၿပီးကတည္းက
သူ႔မွာဒီစိတ္ကူးရိွခဲ့တာျဖစ္သည္။
Tong Tian တိုက္ႀကီးကိုေရာက္လာၿပီးတဲ့ေနာက္
ဒီစိတ္ကူးကထပ္ခါထပ္ခါေပၚထြက္လာသည္။
သို႔ေသာ္ျငားလည္းငွက္ေပါက္ေလးကလံုလံုေလာက္ေလာက္မသန္မာေသးတာေၾကာင့္
ထိုစိတ္ကူးကိုေဘးဖယ္ထားခဲ့တာျဖစ္သည္။
ေနာက္ၿပီးသူတို႔ကအခုလတ္တေလာနတ္ဆိုးသားရဲေတာင္ၾကားကိုအေစာင့္အေရွာက္အျဖစ္လိုက္မပို႔ႏိုင္ေသးဘူး။
LanQiu ကXi Jing ကသူ႔ေမြးရပ္ေျမကိုျပန္ဖို႔
ေျပာလာတာေၾကာင့္ဒီဟာကအခြင့္အေရးတစ္ခု
ျဖစ္သြားတယ္။
LanQiuကအရမ္းမသန္မာေပမယ့္လည္း
ငွက္ေပါက္ေလးကိုXi Jingေရာက္ေအာင္
ပို႔ေပးႏိုင္သ၍နတ္ဆိုးဖီးနစ္ေတာင္ၾကားကလူေတြက
ထိုအေကာင္ေလးကိုရွာေတြ့ႏိုင္ၾကလိမ့္မယ္။
LanQiuကဘာမွထပ္မေျပာပဲသေဘာတူလိုက္၏။
ဒါကနတ္ဆိုးဖီးနစ္ေတာင္ၾကားရဲ့မ်က္ႏွာသာတစ္ခု
ရဖို႔အခြင့္ေကာင္းတစ္ခုျဖစ္သည္။
ထို႔ေၾကာင့္ငွက္ေပါက္ေလးရဲ့ဦးတည္ရာအဆံုးသတ္ကိုဒီတိုင္းပဲဆံုးျဖတ္လိုက္ေတာ့သည္။
"ငွက္ေပါက္ေလးမျပန္ခင္နာမည္တစ္ခုေပးလိုက္မယ္။
ငါတို႔ငွက္ေပါက္ေလးလို႔ပဲအၿမဲတမ္းေခၚေနလို႔မရဘူး၊
ဟုတ္တယ္မလား?သူကေရွးေဟာင္းနတ္ဆိုးဖီးနစ္ေလ။
ဒီလိုေခၚတာကသိကၡာခ်ရာေရာက္တယ္။"
You Xiao Mo ကၾကားျဖတ္ေျပာလိုက္၏။
ဒီအဆိုျပဳခ်က္ထြက္ေပၚလာတာနဲ႔မသိနားမလည္တဲ့
ငွက္ေပါက္ေလးကလဲြလို႔လူတိုင္းက
You Xiao Mo ကိုတစ္ၿပိဳင္နက္တည္း
လွၫ့္ၾကၫ့္လိုက္ၾကသည္။
လူတိုင္းကကဲြျပားတဲ့မ်က္ႏွာထားေတြ ရိွၾကေပမယ့္လည္းတူညီတဲ့အဓိပၸာယ္တစ္ခုကို
ေဖာ္ေဆာင္ထားၾကပါတယ္။
SheQiu (HeiQiu,MaoQiu,PiQiu,LanQiu)
လို႔ေခၚတာကက်ေတာ့သိကၡာခ်ရာမေရာက္ဘူးေပါ့?
သူတို႔ရဲ့တိတ္ဆိတ္ေနျခင္းကိုသေဘာတူျခင္းလို႔
သတ္မွတ္လိုက္တဲ့ငွက္ေပါက္ေလးက
ေပ်ာ္ရႊင္စြာနဲ႔ေအာ္ျမည္ေတာ့သည္။
သူက'ငွက္ေပါက္ေလး'ဆိုတဲ့နာမည္ကိုမႀကိဳက္တာ
ၾကာၿပီျဖစ္ၿပီးအသစ္ေျပာင္းခ်င္ခဲ့တာျဖစ္သည္။
ကံဆိုးတာကသူကစကားမေျပာတတ္ဘူး။ေနာက္ၿပီး
ငွက္စကားနဲ႔ေျပာရင္ေတာင္မွတစ္ျခားသူေတြက
အေရးလုပ္မွာမဟုတ္ေပ။
You Xiao Moဂကသူတို႔မ်က္ႏွာထားေတြကို
မျမင္ခ်င္ေယာင္ေဆာင္ၿပီးႃပံုးလိုက္သည္၊
"သူ႔ကိုၾကၫ့္လိုက္ဘယ္ေလာက္ေတာင္ေပ်ာ္ေနလိုက္လဲ။"
လူတိုင္းကမ်က္စိလိွမ့္လိုက္ၾကေတာ့တယ္။
သူတို႔အစတုန္းကအဲ့လိုနည္းနဲ႔လွၫ့္ျဖားခံခဲ့ရတာကို
ေတြးေနရင္းသူတို႔ရဲ့အတိတ္ကလုပ္ရပ္ေတြကိုပဲ
ေနာင္တရေနရေတာ့တယ္။
"Chirp!" ပတ္ဝန္းက်င္ကသိပ္မူမမွန္တာကို
ငွက္ေပါက္ေလးကေတြ့လိုက္ရသည္။
You Xiao Mo က Ling Xiao ကိုရုတ္တရက္
လွမ္းေမးလိုက္၏။
"ဘယ္နာမည္ကေကာင္းမယ္လို႔ထင္လဲ?"
ငွက္ေပါက္ေလးကLing Xiao ကို
ေမ်ွာ္လင့္တႀကီးၾကၫ့္လိုက္သည္။
Ling Xiao ကခ်က္ခ်င္းပဲစကားလံုးႏွစ္လံုး
ထုတ္ေျပာ၏၊"HunQiu"
[T/N: HunQiu- means
bastard,jerk,asshole,etc,]
You Xiao Mo, "..."
ငွက္ေပါက္ေလး, "..."
SheQiuႏွင့္က်န္ေလးေယာက္၏
စိတ္တြင္းမွအသံ-သခင္ေရ၊ကၽြန္ေတာ္တို႔မွားသြားပါတယ္။သခင္ကသာလ်ွင္
ၾကင္နာတတ္ဆံုးပါ။
ဒီအခိုက္အတန႔္မွာ၊ အစတုန္းကသူတို႔ကိုနာမည္ေပးခဲ့တဲ့သူက
Boss Ling Xiao မဟုတ္တဲ့အတြက္
ေျပာမျပႏိုင္ေလာက္ေအာင္
ေက်းဇူးတင္ေနၾကေတာ့တယ္။
သူတို႔ေခါင္းေပၚမွာသာ အဲ့လိုနာမည္တစ္ခုသယ္ထားရမယ္ဆိုရင္
ဒီဘဝေတာ့အိမ္ျပင္ထြက္ရဲမွာမဟုတ္ေတာ့ဘူး။
Ling Xiao ကထပ္ေျပာ၏၊
"ဒီကိစၥကဒီမွာတင္ၿပီးၿပီ။တကယ့္အေၾကာင္းအရာ
ကိုေျပာရေအာင္..."
လူတိုင္းရဲ့အမူအရာကခ်က္ခ်င္းေလးနက္သြားေတာ့သည္။
..............
ေျမေအာက္နန္းေတာ္အနက္ပိုင္းတြင္၊
ရိုးရွင္းၿပီးအၾကမ္းထည္ဆန္တဲ့ေက်ာက္တံုးအခန္း
အလယ္တြင္မီတာတစ္ဝက္ျမင့္ေသာ
ေရွးေဟာင္းေက်ာက္စင္ျမင့္တစ္ခုရိွသည္။
တစ္မီတာအရြယ္အစားရိွေက်ာက္တံုးတစ္တံုးက
စင္ျမင့္အေပၚမွာတိတ္ဆိတ္စြာရိွေနသည္။
ေက်ာက္တံုးမ်က္ႏွာျပင္ကအနက္ေရာင္၊
အနီေရာင္နဲ႔ေရႊေရာင္ေတြေရာေနွာေနသည္။
ထိုေက်ာက္တံုးမွထြက္ေပၚေနေသာ
ေတာက္ပသၫ့္အလင္းေရာင္မ်ားႏွင့္
အေရာင္ရင့္ရင့္မ်ားကျပင္းထန္ေသာစိတ္စြမ္းအင္
အတက္အက်မ်ားထုတ္လႊတ္ေနသည္။
ေက်ာက္တံုးအခန္းတံခါးကအျပင္ဘက္ကေန
ရုတ္တရက္တြန္းဖြင့္ခံလိုက္ရၿပီး
လူအိုႀကီးတစ္ေယာက္နဲ႔လူငယ္တစ္ေယာက္
ဝင္လာသည္။အံ့ဩဖို႔ေကာင္းစြာနဲ႔
ထိုလူႏွစ္ေယာက္ဟာ You Ming နဲ႔
You QingShanျဖစ္ေနသည္။
ေျမေအာက္နန္းေတာ္ကိုဝင္လာတဲ့လူေတြထဲမွာ
ဒီေနရာကိုေရာက္လာတဲ့သူက
ဘာလို႔သူတို႔ႏွစ္ေယာက္ပဲရိွလဲဆိုတာေတာ့
ဘယ္သူမွမသိဘူး။
"လူအိုႀကီးMing,အဲ့ဟာကဒီေနရာမွာရိွတာေသခ်ာလား?" You QingShan ကေက်ာက္တံုးအခန္း
ပတ္ပတ္လည္ကိုၾကၫ့္ေနသည္။သို႔ေသာ္လည္း ေက်ာက္စင့္ျမင့္ေပၚကေက်ာက္တံုးကိုပဲသူေတြ့တယ္။
တစ္ျခားဘာမွမရိွဘူး။
သူသံသယမဝင္ဘဲမေနႏိုင္ဘူး။
"အမွားမရိွသင့္ပါဘူး။"
You Ming ကလဲတကယ္ေတာ့
သိပ္မေသခ်ာဘူး။ အထူးသျဖင့္
ဒီရဲ့အရမ္းရိုးရွင္းၿပီးအၾကမ္းထည္ဆန္တဲ့
ေက်ာက္တံုးအခန္းကိုျမင္ၿပီးေနာက္မွာေပါ့။
သတၴုစားသားရဲရဲ့အရိပ္ေတာင္မွမျမင္ရေခ်။
You QingShan ကေက်ာက္တံုးစင္ျမင့္ဆီ
ေလ်ွာက္သြားလိုက္ၿပီးအေပၚမွာရိွေနတဲ့
ေက်ာက္တံုးကိုၾကၫ့္ကာမ်က္ေမွာင္ႄကံု႔လိုက္သည္။
"လူအိုႀကီးMing,ဒီလာၿပီးတစ္ခ်က္ေလာက္
လာၾကၫ့္ၾကၫ့္။ဒီေက်ာက္တံုးထဲမွာ
တစ္ခုခုထူးျခားတာရိွလား?"
You Mingက သြက္သြက္ေလ်ွာက္သြားလိုက္သည္။
ေက်ာက္တံုးကေရႊေရာင္အရင့္ျဖစ္တာေၾကာင့္
ရွင္းရွင္းလင္းလင္းမျမင္ရေပ။
သို႔ေသာ္လည္းသူ႔ရဲ့အျမင္စြမ္းအားနဲ႔
မထင္မရွားအရိပ္တစ္ခုကိုျမင္လိုက္ရတယ္။
သူ႔သူငယ္အိမ္ေတြရုတ္တရက္က်ဳံ႔သြားၿပီး
ထိုအရိပ္ကိုဆယ္စကၠန႔္ေလာက္မ်က္ေတာင္မခတ္
စိုက္ၾကၫ့္လိုက္သည္၊
ထို႔ေနာက္သူကထစ္အထစ္အနဲ႔ေျပာလိုက္၏။
"အဲ့..အဲ့ဒါကသတၴုစားသားရဲပဲ!မွားစရာမရိွဘူး!
သတၴုစားသားရဲကအထဲမွာရိွေနတယ္!"
You QingShan ရဲ့မ်က္လံုးထဲမွာ
စိတ္လႈပ္ရွားမႈတစ္စြန္းတစ္စထြက္ေပၚလာသည္။
သူကစိတ္လႈပ္ရွားလြန္းလို႔အေပၚတက္ၿပီး
နီးနီးကပ္ကပ္ၾကၫ့္ေတာ့မယ့္အခ်ိန္မွာပဲ
ေက်ာက္တံုးေပၚမွာအက္ေၾကာင္းတစ္ခု
ရုတ္တရက္ပြင့္ထြက္သြားေတာ့၏။'ဘန္း'
တံု႔ျပန္ခ်ိန္မရလိုက္ဘဲ You QingShan
ကအေနာက္ဘက္ကိုလြင့္သြားေတာ့သည္။
သို႔ေသာ္လည္းသူကေျခတစ္လွမ္းေနာက္က်သြားၿပ္ီ
ျဖစ္သည္။ေက်ာက္တံုးထဲမွာရိွေနတဲ့ သတၴုစားသားရဲေလးကအစည္းအေနွာင္ေတြကို
တစ္ခဏအတြင္းမွာပဲဖ်က္စီးလိုက္သည္။ထို႔ေနာက္
လ်ွပ္စီးလိုအျမန္ႏႈန္းနဲ႔ေျပးထြက္လာကာ
You QingShanရင္ဘတ္ကိုတၫ့္တၫ့္
ဝင္တိုက္ခ်လိုက္ေတာ့၏။
ေသြးေတြခ်က္ခ်င္းပန္းထြက္လာေတာ့တယ္။
သူ႔ကိုဒဏ္ရာရေအာင္လုပ္ၿပီးတဲ့ေနာက္
သတၴုစားသားရဲကေက်ာက္တံုးခန္းမွ
ထြက္ေျပးသြားေတာ့၏။
"ငါ့ကိုစိတ္မပူနဲ႔။အဲ့ဟာေနာက္ကိုလိုက္။"
You Ming ကသူ႔ဒဏ္ရာၾကၫ့္ေပးမလို႔ျဖစ္သည္။
သို႔ေသာ္လည္းသူေျပာတာၾကားၿပီးတဲ့ေနာက္ေတာ့
သတၴုစားသားရဲေနာက္လိုက္ဖို႔ေတြေဝမေနေတာ့ဘဲ
ေက်ာက္တံုးအခန္းထဲကေနျမန္ျမန္ေျပးထြက္သြား
ေတာ့သည္။
You QingShanကသူ႔ပါးစပ္ကေသြးေတြကို
သုတ္လိုက္ၿပီး ရက္စက္ၿပီးအႏၲရာယ္ရိွတဲ့အလင္းေရာင္တစ္ခုက
သူ႔မ်က္လံုးထဲမွာျဖတ္ေျပးသြားသည္။
သူကျဖစ္လာႏိုင္မယ့္အရာေတြကိုတြက္ခ်က္ၿပီး
သူ႔အသက္ေသြးေၾကာအစိတ္အပိုင္းေတြေပၚမွာ
ခုခံကာကြယ္တဲ့အလႊာတစ္ခုထားခဲ့လို႔
ေတာ္ေသးတာေပါ့။ မဟုတ္ရင္
အခုလိုေသြးအန္ရံုတင္မဟုတ္ပဲ
ဆိုးဆိုးရြားရြားထိခိုက္ဒဏ္ရာရသြားမွာျဖစ္သည္။
သူ႔ကံေကာင္းမႈကိုခဏေလာက္
ျပန္ေတြးေနၿပီးတဲ့ေနာက္၊လမ္းတစ္ေလ်ာက္မွာ
You Mingခ်န္ထားခဲ့တဲ့သေကၤတေတြကိုရွာၿပီး
ေနာက္ကေနလိုက္သြားေတာ့သည္။
သတၴုစားသားရဲကေခ်ာက်ိက်ိငါးလိုပဲ။
You Ming ေလာက္မသန္မာေသာ္လည္း
ထိုအေကာင္ေလးကအလြန္လ်င္ျမန္သည္။
You Ming လိုက္ဖမ္းတဲ့အခါတိုင္း
ထိုအေကာင္ေလးကႀကိဳသိေနသကဲ့သို႔
ေစာေစာထြက္ခြာသြားၿပီး You Ming
ကိုေျမေအာက္နန္းေတာ္ထဲမွာစက္ဝိုင္းပံု
ေခၚေဆာင္ေနေတာ့သည္။
အဆံုးမွာေတာ့ေျခရာခံလိုက္ေနတဲ့
လိုက္ေနတဲ့လူတစ္ခ်ိဳ႕က ထိုအေကာင္ေလးကို ေတြ့သြားေတာ့၏။
"သတၴုစားသားရဲပဲ၊သတၴုစားသားရဲကိုေတြ့ၿပီေဟ့။"
သတၴုစားသားရဲကိုေတြ့တဲ့လူတိုင္းကစိတ္လႈပ္ရွားေနၾကသည္။လူတစ္ေယာက္ကစၿပီး က်ယ္က်ယ္ေလာင္ေလာင္ေအာ္ဟစ္လိုက္ေတာ့တယ္။
ရလဒ္တစ္ခုအေနနဲ႔ပိုမ်ားတဲ့လူေတြက
ဆဲြေဆာင္ခံလိုက္ရေတာ့တယ္။
"ေသနာေကာင္!" You Ming ကမဲေမွာင္ေနတဲ့မ်က္ႏွာႀကီးနဲ႔က်ိန္ဆဲလိုက္သည္။
သူကသတၴုစားသားရဲကိုတိတ္တိတ္ေလးဖမ္းဖို႔
စိတ္ကူးထားတာျဖစ္သည္။ထိုအေကာင္ေလးရဲ့တည္ေနရာကိုလူအမ်ားႀကီးသိေအာင္လုပ္လိုက္ေတာ့အရာအားလံုး
အလကားျဖစ္သြားေတာ့မယ္။
လူအမ်ားႀကီးပိုသိေလေလသူ႔အတြက္ပိုၿပီး
အခြင့္မသာေလျဖစ္သည္။Cangမဟာမိတ္ကလူေတြက
ေသခ်ာေပါက္ျမန္ျမန္လာမွာျဖစ္ၿပီး သူတို႔ေရာက္လာဖို႔အခ်ိန္သိပ္ၾကာမွာမဟုတ္ဘူး။
အဲ့အခ်ိန္က်ရင္သူ႔အတြက္အခြင့္အေရးကပိုေတာင္
နည္းသြားဦးမယ္။သူတို႔မလာခင္
သတၴုစားသားရဲကိုဖမ္းႏိုင္ဖို႔လိုအပ္တယ္။
You Mingရဲ့အရိပ္ေယာင္ေပ်ာက္ကြယ္သြားတာနဲ႔
ခုနတုန္းကေအာ္ဟစ္လိုက္တဲ့လူက
You Ming ထြက္သြားတဲ့ဦးတည္ခ်က္ကို
ၾကၫ့္လိုက္ၿပီးသေရာ္လိုက္တယ္။
သတၴုစားသားရဲကိုေမာင္ပိုင္စီးခ်င္တယ္ေပါ့?
အိမ္မက္မက္ေနလိုက္!
ဒီကေလာင္ဇီကမရႏိုင္ဘူးဆိုရင္
မင္းတို႔ေသြးေစြးနီကလန္ကလူအားလံုးလဲ
မရေစရဘူး!
[T/N: ေလာင္ဇီ-ကိုယ့္ကိုကိုယ့္အထက္စီးဆန္တဲ့
ပံုစံနဲ႔ေဖာ္ျပတဲ့စကားလံုး]