Unicode
အပိုင်း၄၀၁: လာဖားတဲ့ငှက်ပေါက်
Ling Xiao ကလက်ပိုက်ပြီးမျက်ခုံးပင့်ကာ You Xiao Mo ကိုကြည့်လိုက်တယ်။
"မင်းကိုယ်မင်းတောက်တဲ့ထင်နေတာလား?"
You Xiao Mo ကသူဟာသလုပ်နေတာကိုလျစ်လျူရှုလိုက်ပြီးသူ့ကို စကားပြောဖို့အချက်ပေးလိုက်သည်။
"ဘာမှမဖြစ်သလိုလမ်းဆက်လျှောက်နေ။ကျွန်တော်အရေးကြီးတာပြောစရာရှိတယ်။"
Ling Xiao ကသူပြောသလိုလုပ်လိုက်၏။ ဒါပေမယ့်ဘာမှမဖြစ်သလိုနေမယ့်အစားသူ့မှာရည်ရွယ်ချက်တစ်ခုခုရှိနေတဲ့ပုံနဲ့လျှောက်နေတယ်။
"ပြောလိုက်စမ်းပါ။ဘာတွေကစားနေတာလဲ?"
"ဒီမှာလျို့ဝှက်ယန္တရားတစ်ခုခုကျွန်တော်တွေ့တယ်။"You Xiao Mo က တိုးတိုးပြောသည်။
"တကယ်လား?ငါ့ကိုပြကြည့်။"Ling Xiao ကသူ မှီထားတဲ့နံရံကနေYou Xiao Moကို ကလော်ထုတ်လိုက်သည်။သေချာတာပေါ့၊အနံတစ်စင်တီမီတာနဲ့အလျားနှစ်ဆယ်စင်တီမီတာလောက်ပဲရှိတဲ့သေသေသပ်သပ်အက်ကြောင်းလေးတစ်ခုကိုနံရံပေါ်မှာတွေ့လိုက်ရတယ်။အဲ့ဒါကစတုရန်းပုံလေးထောင့်ကွက်ပုံစံဖြစ်ပေါ်နေသည်။
"ဒီဟာကစက်ယန္တရားတစ်ခုဖြစ်နိုင်တယ်လို့ကျွန်တော်ထင်တယ်။ဖိကြည့်လိုက်ရင်တံခါးတစ်ခုခု ပေါ်ရင်ပေါ်လာမှာပေါ့။"ဒီမတိုင်ခင်ကတည်းက ဒီလောက်ကြီးမားတဲ့နေရာကြီးအတွက် လျှို့ဝှက်စက်ယန္တရားတစ်ခုခုတော့ရှိမယ်လို့ You Xiao Mo ခံစားနေခဲ့ရတာဖြစ်သည်။ အဲ့လိုမှမဟုတ်ရင်မြေအောက်နန်းတော်လို့အမည်ခံနေစရာမလိုဘူး။ဒါ့ကြောင့်သူကပတ်ဝန်းကျင်ကိုလိုက်စမ်းကြည့်ခဲ့တာ။ယန္တရားတစ်ခုကိုသူတကယ်ပဲတွေ့ခဲ့တယ်။
"မင်းတစ်ခါလောက်စမ်းကြည့်လိုက်။"Ling Xiao ကပြောသည်။
သူ့လက်တွေကိုစိတ်အားထက်သန်စွာနဲ့ပွတ်သပ်နေရင်းYou Xiao Moကလုပ်ကြည့်ဖို့ လက်ယားနေတော့တယ်။
"ဒါဆိုကျွန်တော်နှိပ်လိုက်တော့မယ်။"သူ့လက်တွေကတော့လှမ်းပြီးနေပြီ။
Ling Xiao ကတစ်စုံတစ်ခုပြောတော့မလို့ပဲ၊ဒါပေမယ့်You Xiao Mo ကနှိပ်ပြ်ီးနေပြီ။
အဲ့ဒီ့နောက်တော့......ဘာမှမရှိတော့ဘူး။
ဒီခဏမှာပဲအမျိုးသမီးကျင့်ကြံသူတစ်ယောက်ကအနောက်ဘက်ကိုရုတ်တရက်လှည့်ကြည့်လိုက်တယ်။သူမနောက်ကဘာမှမရှိတဲ့နေရာကိုမြင်တော့ မရေမရာနဲ့အသံပြုလိုက်သည်။
သူမဘေးကအမျိုးသားကသူမအသံကိုကြားတော့ လှည့်မေးလိုက်တယ်၊"ဆရာတူညီမလေး၊ဘာမှားနေလို့လဲ?"
"အကိုကြီး၊ကျွန်မအနောက်ဘက်ကနေတစ်ခုခုကြား လိုက်တယ်လို့ထင်တယ်။နောက်ပြီးခုနလေးတင်အဲ့နေရာမှာလူနှစ်ယောက်ရှိနေတာတွေ့တယ်။ကျွန်မလှည့်ကြည့်လိုက်တော့ သူတို့မရှိတော့ဘူး။"အမျိုးသမီးကျင့်ကြံသူက သူမအမြင်မှားနေခဲ့တယ်လို့ထင်ပေမယ့် အဲ့လိုလည်းမခံစားရဘူး။သူမတကယ်ကိုတစ်ခုခုကြားလိုက်သေးတယ်။
"လူထူးလူဆန်းနှစ်ယောက်ပဲနေမှာပေါ့။ဒီတစ်ခေါက်မြေအောက်နန်းတော်ကိုဝင်လာတဲ့ အများနဲ့မတူတဲ့လူတွေရှိတယ်။သူတို့ကိုလျစ်လျူရှူထားလိုက်။ငါတို့ဘာငါတို့ပဲဂရုစိုက်ကြည့်ဖို့လိုတယ်။"အမျိုးသားကတစ်ချက်ရယ်လိုက်တယ်။
"အား!!!!"
အနက်ရောင်လိုဏ်ခေါင်းထဲမှာမျက်နှာပြင်အချင်းချင်းပွတ်တိုက်သံနဲ့အတူကျယ်လောင်လှတဲ့အော်သံတစ်ခုကိုကြားနေရတယ်။ထိုအသံက နေရာကျဉ်းကျဉ်းလေးထဲမှာအဆပေါင်းများစွာ ကျယ်လောင်နေသည်။
You Xiao Mo ကLing Xiao ကိုတင်းတင်းကျပ်ကျပ်ဖက်တွယ်ထားပေမယ့် လည်းအရှိန်အဟုန်ကြောင့်သူ့ခန္ဓာကိုယ်ကအောက်ကိုဆက်တိုက်လျောကျနေသည်။ဒီသောက်ပစ္စည်းကတော့!အဲ့ဒါကတကယ့်လျှို့ဝှက်ယန္တရားတစ်ခုလို့သူမထင်ခဲ့ဘူး။သူယန္တရားကိုအသက်ဝင်အောင်လုပ်လိုက်မိပြ်ီးတော့ရှည်လျားကွေ့ကောက်နေတဲ့ဥမင်လိုဏ်ခေါင်းတစ်ခုပေါ်လာတယ်။ဒါကဘယ်ကိုဦးတည်နေလဲဆိုတာသူတို့မသိဘူး။ သူတို့သိတာကသူတို့အောက်ကိုမရပ်မနားလျှောကျနေတယ်ဆိုတာပဲ။
Ling XiaoကYou Xiao Mo ခါးကိုဖက်လိုက်ပြီးတော့သူတို့အနေအထားကိုပြောင်းလိုက်သည်။သူတို့အန္တရာယ်မရှိဘူးဆိုတာသေချာ
သွားတော့မှလျှောကျနေတဲ့လိုဏ်ခေါင်းကိုစေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးတော့တယ်။လိုဏ်ခေါင်းကတစ်မီတာလောက်ကျယ်ပြီးတော့ အနက်ရောင်ရှိတယ်။လိုဏ်ခေါင်းရဲ့မျက်နှာပြင်ကချောနေပြီးတော့ သတ္ထုတစ်မျိုးမျိုးနဲ့လုပ်ထားသလိုပဲအေးစက်နေသည်။
မိနစ်နှစ်ဆယ်လောက်လျှောကျလာပြီးတဲ့နောက်သူတို့ရှေ့မှာအလင်းရောင်တစ်စွန်းတစပေါ်လာသည်။
ဒီအလင်းရောင်ကအနက်ရောင်လိုဏ်ခေါင်းထဲက အချက်ပြမီးတစ်ခုနဲ့တူတယ်။
You Xiao Moကလည်းသတိပြုမိတယ်။ သူကကြောက်ရွံ့စွာနဲ့မေးလိုက်သည်၊
"လိုဏ်ခေါင်းအဆုံးမှာဆူးချွန်တွေမရှိလောက်ပါဘူး၊ဟုတ်တယ်မလား?"
"ကောင်းတာပေါ့။ဒါကလျှို့ဝှက်စက်ယန္တရားတွေအကြောင်းသိချင်နေတဲ့မင်းစိတ်ကိုကျေနပ်စေတာပေါ့။"Ling Xiao ကပြန်ဖြေလိုက်တယ်။
You Xiao MoကLing Xiaoလည်ပင်း ကိုပိုလို့တောင်တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်တော့တယ်။သူ့ကိုအရေးလုပ်မနေတော့ဘူး။သူ့လက်တွေရဲ့ဖိထားတဲ့အင်အားက 'ငါသေရင်မင်းလည်းသေမယ်'လို့Ling Xiao ကိုဖော်ပြနေတယ်။
Ling Xiao ကနှာခေါင်းရှုံ့လိုက်တယ်။
"အား!" သူတို့နှစ်ယောက်လိုဏ်ခေါင်းအဆုံးကို ရောက်ပြီးအောက်ပြုတ်ကျတော့You Xiao Mo ရဲ့ကျယ်လောင်လှတဲ့အော်သံက ထွက်ပေါ်လာပြန်တယ်။ဖြစ်လာမယ့်အကျိုးဆက်တွေအတွက် သူ့ကိုယ်သူအားတင်းထားပေမယ့်လည်းသူတို့ပြုတ်ကျသွားတဲ့အခါမှာတော့ သူကLing Xiaoနဲ့ကွဲသွားသေးတယ်။
You Xiao Mo ကသူ့လက်တွေကိုလေထဲမှာ ထိတ်ထိတ်ပြာပြာနဲ့ယမ်းခါနေပြီးထူးဆန်းတဲ့ကိုယ်နေဟန်ထားတွေလုပ်နေရင်းသူနဲ့မန်ီးမဝေးကLing Xiaoရဲ့အားရပီတိဖြစ်နေတဲ့ပုံကိုစိုက်ကြည့်နေတယ်။
Ling Xiaoကတော်တော်လေးရွှင်မြူးနေတယ်။ You Xiao Moခြေကားယားလက်ကားယားဖြစ် နေတာကိုကြည့်လို့ဝသွားမှသူ့ကိုသွားဖမ်းလိုက်တော့တယ်။
တစ်ချိန်တည်းမှာပဲYou Ming နဲ့ကျန်တဲ့သူတွေကလည်းနောက်ဆုံးတော့တစ်ခုခုကိုမှတ်ချက်ချလိုက်နိုင်သည်။နန်းတော်တံခါးတွေက နည်းနည်းနောနောလေးတာမဟုတ်ဘူး။သူတို့ယူဆချက်အရတံခါးတွေကတန်တစ်ရာကျော်တယ်။ဖောက်ခွဲပစ်တာကနန်းတော်ကိုပြိုကျသွားစေနိုင်တာကြောင့်လုပ်လို့မရဘူး။ဒါ့ကြောင့်တစ်ခုခုလုပ်ကြည့်ဖို့ အဆင့်မြင့်ကျင့်ကြံသူတွေအပေါ်မှာပဲမှီခိုလို့ရမယ်။
ဒါပေမယ့်ပြဿနာတစ်ခုရှိတာကအစစ်အမှန်စွမ်းအားကြီးသူတွေကအများကြီးမရှိဘူး။You Ming နဲ့သူ့အဖွဲ့ကလဲ ဒီလူတွေအတွက် ကြောင်လက်ဖဝါးဖြစ်ဖို့စိတ်ကူးမရှိဘူး။သွေးစွေးနီကလန်နဲ့အခြားအင်အားစုကြီးအနည်းငယ်အပြင်တစ်ခြားအဖွဲ့တွေအများကြီးလဲရှိသေးတယ်။
ဒီကိစ္စအတွက်သူတို့ထပ်ပြီးငြင်းခုံကျပြန်သည်။နောက်ဆုံးတော့အဓိကအင်အားစုကြီးတစ်စုတိုင်းကအဆင့်မြင့်ကျင့်ကြံသူနှစ်ယောက်ဆီထုတ်ပေးဖို့ ဆုံးဖြတ်လိုက်ကြသည်။မည်သည့်အုပ်စုနှင့်မှသက်ဆိုင်ခြင်းမရှိသောကျင့်ကြံသူများကတော့ကိုယ်စားပြုအယောက်နှစ်ဆယ်ထုတ်ပေးရမည်ဖြစ်သည်။ဘယ်သူ့ကိုထုတ်ပေးမလဲဆိုတာကတော့သူတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာဖြစ်သည်။
You Mingက ဆူညံနေတဲ့လူအုပ်ကြီးကိုကြည့်လိုက်ပြီးတော့ရုတ်တရက်မျက်မှောင်ကြုံ့လိုက်တယ်။
သူ့ဘေးမှာရပ်နေတဲ့You QingShanက သူ့အတွေးတွေကိုထုတ်ပြောလိုက်သည်၊
"သူတို့နှစ်ယောက်ဒီမှာရှိပုံမပေါ်ဘူး။"
"အဲ့ဒါက'ရှိပုံမပေါ်တာ' မဟုတ်ဘူး၊သူတို့ဒီမှာရှိကိုမရှိတာ။" You Ming ကပြောသည်။သူကLing Xiaoရဲ့စွမ်းအားကို စမ်းသပ်ဖို့ဒီအခွင့်အရေးကိုသုံးချင်ခဲ့တာဖြစ်သည်။ သို့ပေမယ့်လည်းလူကိုယ်တိုင်ကဒီမှာမရှိနေမှတော့သူလည်းဘာမှမလုပ်နိုင်ဘူး။
သူတို့သေချာပေါက်ထွက်လာလိမ့်မယ်လို့You Mingအစကထင်ထားခဲ့တာဖြစ်သည်။ဒါပေမယ့်အခုတော့သူတို့နှစ်ယောက်ကိုဘယ်နေရာမှာမှမတွေ့ဘူး။သူသံသယတွေဖြစ်လာတော့တယ်။
အဲ့ဒီ့ညတုန်းကလူသတ်ပြီးမီးရှို့သွားတဲ့သူတွေကသူတို့မဟုတ်ဘူးလို့တော့မပြောနဲ့?
ခဏလောက်ကြာပြီးတော့အုပ်စုမရှိတဲ့ကျင့်ကြံသူအဖွဲ့ကကိုယ်စားပြုအယောက်နှစ်ဆယ်ရွေးချယ်ပြီးသွားသည်။
လူတိုင်းရဲ့အားစိုက်မှုနဲ့တင်းကျပ်စွာပိတ်ထားတဲ့ဂိတ်တံခါးကတဂျိန်းဂျိန်းမြည်လာတော့သည်။သူတို့ရဲ့ပြင်းထန်တဲ့အကြည့်အောက်မှာဂိတ်တံခါးကြားအလပ်ကပိုပိုပြီးကြီးလာသည်။လူတစ်ယောက်ဖြတ်သန်းသွားလာနိုင်လောက်တဲ့ထိကျယ်လာတဲ့အခါမှာတော့မြေပြင်ကစတင်တုန်ခါလာပြီးချိန်းကြိုးတွေဆွဲနေတဲ့အသံဖျော့ဖျော့ကိုကြားရသည်။တံခါးကိုတွန်းနေတဲ့လူတွေဘေးဘက်ကိုခုန်မထွက်ခင်ထိဒီဟာကနောက်ထပ်ဆယ်စက္ကန့်ကျော်ကျော်လောက်ထိဆက်ဖြစ်နေတယ်။
ဂိတ်တွေမှာယန္တရားတစ်ခုခုတပ်ဆင်ထားသလိုမျိုးပဲအလိုအလျောက်ပွင့်သွားတယ်။ဂိတ်တံခါးထဲကမြင်ကွင်းကသူတို့ရှေ့ကို ရောက်လာသည်။
............
You Xiao Moကမြေကြီးပေါ်ဖင်ထိုင်ရက်ကျသွားသည်။သူ့တစ်ကိုယ်လုံးညစ်ပတ်နေတယ်။
သူပြုတ်ကျတာဒါပထမဆုံးအကြိမ်မဟုတ်ဘူး။သူပြုတ်ကျတိုင်းတစ်ခေါက်မှကံမကောင်းဘူး။လိုဏ်ခေါင်းအဆုံးမှာကောင်းမွန်တဲ့ပစ္စည်းတွေကသူ့အတွက်စောင့်မျှော်နေမယ်လို့ထင်ခဲ့တာ။ဒါပေမယ့်သူတကယ်တမ်းရတာကအဝါရောင်မြေညစ်တွေနဲ့ပြည့်နေတဲ့မြေအောက်နေရာတစ်ခုပဲဖြစ်သည်။နေရာတိုင်းမှာအဝါရောင်ရွံ့တွေရှိနေပြီးတော့ သူ့ကိုခဏခဏချော်ကျနေစေတယ်။
"ကျွန်တော်တို့ဒီနေရာကနေဘယ်တော့မှထွက်နိုင်မှာလဲ?" You Xiao Moကရွံ့လက်တစ်ဆုပ်ယူပြီး ရှေ့ကိုအားပြင်းပြင်းနဲ့ပစ်ပေါက်လိုက်ရင်း ညည်းညူနေတယ်။ရွံ့နည်းနည်းလောက်ပဲကွာသွား ပြီးတော့အများစုကသူ့လက်မှာကပ်ကျန်နေခဲ့သည်။ဒါကသူအမုန်းဆုံးအကြောင်းပဲ၊ဒါကဘာရွှံ့အမျိုးအစားမှန်းသူမသိပေမယ့်ဒီဟာက
ထူးထူးခြားခြားကိုစေးကပ်နေတယ်။အချိန်တိုင်းခွာချနေရတယ်။
Ling Xiao ကရွှံ့စေးကိုသူ့ဝတ်ရုံပေါ်ကနေ အသာအယာခွာချလိုက်ရင်းပြောလိုက်သည်၊
"ခဏလောက်ထပ်ပြီးသည်းခံလိုက်ဦး။ငါတို့ထွက်ပေါက်နားရောက်နေလောက်ပြီ။"
အဲ့အချိန်မှာပဲYou Xiao Mo ပဟေဠိဖြစ်နေတဲ့ အသံနဲ့မေးလိုက်တယ်၊"အိုး၊ဒါကဘာလဲ?"
Ling Xiao ကသူ့ကိုဘေးတိုက်ကြည့်လိုက်သည်။You Xiao Mo ကသူ့လက်ပေါ်ကရွှံ့တွေမဖယ်ရုံမကပဲ ဒူးထောက်လိုက်ပြီးတွင်းတစ်ခုစတူးတော့သည်။ သိပ်မကြာဘူး၊အဝါရောင်သလင်းကျောက်တစ်ခု သူ့လက်ထဲမှာပါလာတော့တယ်။
သလင်းကျောက်ကရွှံ့ထဲမှာနစ်နေပြီးတော့မမြင်ရသလောက်ပဲ။အဲ့တာကလက်သည်းခွံလောက်ပဲကြီးပြီးတော့ သူသာမတော်တဆရှာတွေ့တာမဟုတ်ရင်ရွှံ့ထဲမှာအဲ့လိုပစ္စည်းတွေရှိနေတယ်ဆိုတာသူတို့သိမှာမဟုတ်ဘူး။
You Xiao Mo ရဲ့အလိုလိုသိစိတ်က ဒီဟာကပစ္စည်းကောင်းတစ်ခုလို့သူ့ကိုပြောနေတယ်။သူကသလင်းကျောက်ကို သိမ်းထားလိုက်ပြီးဆက်တူးတော့တယ်။နောက်ဆုံးတော့အရွယ်အစားတူတဲ့သလင်းကျောက်နောက်တစ်ခုကိုသူတကယ်ပဲတူးထုတ်လိုက်တယ်။
Ling Xiaoကအဝါရောင်သလင်းကျောက်တစ်ခု ကိုကောက်ယူလိုက်ပြီးလေ့လာလိုက်သည်။အဲ့ထဲမှာတဖိတ်ဖိတ်တောက်ပနေတဲ့ရွှေရောင်အစက်အပြောက်လေးတွေတွေ့ရတယ်။
You Xiao Moကခေါင်းမော့ကြည့်ပြီးမေးလိုက် သည်၊"အဲ့တာဘာလဲဆိုတာသိလား?"
"မင်းရဲ့လူကဘက်စုံရနေတာမဟုတ်ဘူး။"
You Xiao Mo ကနှုတ်ခမ်းစူလိုက်ပြီး သူ့ကိုလစ်လျူရှုလိုက်သည်။သူသလင်းကျောက် အကြောင်းမသိလည်းထားလိုက်ပါတော့။ဘယ်လိုပဲနေနေအရေးကြီးတာကဒီဟာက ပစ္စည်းကောင်းတစ်ခုလို့သူထင်တာပဲဖြစ်သည်။ပစ္စည်းကောင်းများလေလေကောင်းလေလေ။ဒါကပစ္စည်းကောင်းတစ်ခုမဟုတ်ရင်တောင်တလက်လက်နဲ့ကြည့်ကောင်းတယ်။SheQiuနဲ့ကျန်တဲ့သူတွေကြိုက်လောက်တယ်။
SheQiuကိုတွေးရင်းYou Xiao Mo မျက်လုံးလေးတွေအရောင်လက်သွားတယ်။ သူတို့ထုံထျန်းတိုက်ကိုရောက်ကတည်းကသူက CatQiuကိုပဲဆင့်ခေါ်ခဲ့တာဖြစ်သည်။အဓိကအကြောင်းအရင်းက ဒီအချိန်အတောအတွင်းကိစ္စတော်တော်များများ ဖြစ်ပျက်နေခဲ့တာကြောင့်ဖြစ်သည်။အခုကသူတို့ကိုအပြင်ထုတ်ပြီးအဝါရောင်သလင်းကျောက်ရှာခိုင်းဖို့အချိန်ကောင်းပဲ။
You Xiao Moဒီလိုတွေးပြီးတဲ့အချိန်မှာပဲ ခုနတုန်းကလစ်လပ်နေတဲ့နေရာဟာလူငါးယောက် သားရဲတစ်ကောင်နဲ့ပြည့်သွားတော့တယ်။သားရဲတစ်ကောင်ကလူအသွင်မပြောင်းနိုင်သေးတဲ့ ငှက်ပေါက်စလေးဖြစ်သည်။
ငှက်ပေါက်စလေးကိုမြင်တော့သူမတော်တဆထုတ်မိသွားကြောင်းသိလိုက်သည်။သူ့နယ်မြေထဲပြန်ထည့်တော့မယ့်အချိန်မှာပဲ ငှက်ပေါက်စလေးကသူ့အတွေးကိုရိပ်မိသွားဟန်နဲ့ PiQiuခေါင်းပေါ်ကိုမြန်မြန်တက်သွားတော့သည်။သူ့ခြေနှစ်ချောင်းကိုသနားစရာကောင်းတဲ့PiQiuရဲ့ကျိုးတို့ကျဲတဲဆံပင်ပေါ်မှာညှပ်ဆွဲထားပြီိးသူ့အတောင်တွေကိုဖြန့်ကာ'လုံးဝပြန်မသွားဘူး'လို့ပြော နေတဲ့အာခံတဲ့အကြည့်နဲ့You Xiao Mo ကိုကြည့်နေပြီးကျည်ကျည်ကြာကြာအော်မြည်နေတယ်။
You Xiao Mo ကအော်ရယ်မိတော့မတတ်ပဲ။ဒါပေမယ့်သူကအနည်းငယ်ဇဝေဇဝါဖြစ်နေတယ်။
အဲ့ဟာလေးကဘာလို့PiQiuကိုရွေးတာလဲ?
သိပ်မကြာခင်မှာပဲသူ့မေးခွန်းရဲ့အဖြေကိုပြန်ရလိုက်တော့တယ်။SheQiuနဲ့ကျန်တဲ့သူတွေက ဒီလိုမြင်ကွင်းကိုမြင်ရတာကျင့်သားရနေပုံရသည်။ဒါကိုမြင်ရတာသူတို့အတွက်ပထမဆုံးအကြိမ်မဟုတ်သလိုပဲ။ရမယ်ရှာဖို့အားနည်းတဲ့သူတွေကို ဘယ်လိုရွေးရမလဲဆိုတာငှက်ပေါက်လေးတောင်မှသိပုံရသည်။You Xiao Mo ကလည်းတစ်ခါ တုန်းကရမယ်ရှာဖို့အတွက်လွယ်ကူတဲ့ပစ်မှတ်တစ်ခုဖြစ်ခဲ့တာပဲလေ။
"သခင်၊ကျွန်မတို့ဘာလုပ်ပေးရမလဲ?" တစ်ယောက်တည်းသောအမျိုးသမီးဖြစ်တဲ့ MaoQiuကသူမဂါဝန်မှာလာကပ်နေတဲ့အဝါရောင်ရွှံ့စေးကိုခေါင်းငုံ့ကြည့်လိုက်ပြီးအနည်းငယ် မျက်မှောင်ကြုံ့လိုက်သည်။သူမကအသန့်ကြိုက်တဲ့သူပါ။
You Xiao Mo ကသူ့ရဲ့ချုပ်ဆိုထားတဲ့သားရဲတွေကသူ့ကိုရွံရှာတဲ့အကြည့်တွေနဲ့ကြည့်နေတာကိုသတိမထားမိဘူး။သူ့လက်ထဲကအဝါရောင်သလင်းကျောက်ကိုပြလိုက်ပြီး၊"ငါ့ကိုဒီပစ္စည်းကူပြီးတူးပေး။"
သားရဲတွေကတစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ပြီးဘယ်သူမှမလှုပ်ရှားကြဘူး။
အဆုံးမှာတော့ပထမဆုံးစတုံ့ပြန်တဲ့သူကPiQiu ခေါင်းပေါ်ကငှက်ပေါက်စလေးဖြစ်သည်။သူ့လက်သည်းတွေကPiQiuဆံပင်ကိုလွှတ်လိုက်ပြီးသူ့ရဲ့အမွှေးပြောင်နေတဲ့အတောင်တွေကိုတဖျပ်ဖျပ်ခတ်လိုက်ကာYou Xiao Moရဲ့ရှေ့ကို ရောက်လာသည်။ထို့နောက်ရွှံ့ထဲကနေထွက်ပေါ်နေတဲ့အဝါရောင် သလင်းကျောက်ကိုစိုက်ကြည့်နေတော့တယ်။ဆယ်စက္ကန့်လောက်ကြာပြီးတဲ့နောက်တော့သူ့ဘာသူနားလည်သွားပြီးသူ့ရဲ့ချွန်ထက်နေတဲ့ငှက်နှုတ်သီးနဲ့ သလင်းကျောက်ကိုတိတိကျကျချိန်လိုက်သည်။ပြီးတော့သလင်းကျောက်ကိုရွှံ့စေးထဲကနေ နှုတ်သီးနဲ့မြန်မြန်ကောက်ထုတ်လိုက်သည်။
ငှက်ပေါက်လေးကဂုဏ်ယူမှုတွေနဲ့ပြည့်နေတော့တယ်။အဝါရောင်သလင်းကျောက်ကိုသူ့နှုတ်သီးမှာ
ကိုက်ချီထားရင်းYou Xiao Mo ဆီကိုသူ့အလုပ်ပြီးမြောက်ကြောင်းသွားပြတော့သည်။
You Xiao Moက
ဘာမှက်ိုပြောစရာမရှိတော့ဘူး။သူကအဲ့သလင်းကျောက်ကိုတူးထားတဲ့သူဖြစ်ပြီးတော့မြေကြီးပေါ်ချထားခဲ့တာဖြစ်သည်။ဒီငှက်ပေါက်ကသူတူးထားတဲ့သလင်းကျောက်ကိုသူ့ရှေ့မှာတင်ယူပြီးသူ့ကိုလာဖားရဲတယ်!ငှက်ပေါက်လေးကိုခဏလောက်စိုက်ကြည့်နေပြီးတော့မှYou Xiao Moက သူ့နှုတ်သီးကနေသလင်းကျောက်ပြန်ယူဖို့ လက်လှမ်းလိုက်တော့တယ်။ဒါပေမယ့်သူ့ရဲ့ပေါ့ဆမှုကြောင့်သူ့လက်ပေါ်ကရွှံ့စေးကငှက်ပေါက်လေးရဲ့နှုတ်သီးမှာကပ်နေတော့သည်။
ငှက်ပေါက်လေးကအေးခဲသွားတယ်။ခဏလောက်ကြာပြီးတဲ့နောက်တော့စူးရှရှအသံတစ်ခုကလေကိုထိုးဖောက်လာတော့တယ်။
Chirp!Chirp!
Zawgyi
အပိုင္း၄၀၁: လာဖားတဲ့ငွက္ေပါက္
Ling Xiao ကလက္ပိုက္ၿပီးမ်က္ခံုးပင့္ကာ You Xiao Mo ကိုၾကၫ့္လိုက္တယ္။
"မင္းကိုယ္မင္းေတာက္တဲ့ထင္ေနတာလား?"
You Xiao Mo ကသူဟာသလုပ္ေနတာကိုလ်စ္လ်ူရႈလိုက္ၿပီးသူ႔ကို စကားေျပာဖို႔အခ်က္ေပးလိုက္သည္။
"ဘာမွမျဖစ္သလိုလမ္းဆက္ေလ်ွာက္ေန။ကၽြန္ေတာ္အေရးႀကီးတာေျပာစရာရိွတယ္။"
Ling Xiao ကသူေျပာသလိုလုပ္လိုက္၏။ ဒါေပမယ့္ဘာမွမျဖစ္သလိုေနမယ့္အစားသူ႔မွာရည္ရြယ္ခ်က္တစ္ခုခုရိွေနတဲ့ပံုနဲ႔ေလ်ွာက္ေနတယ္။
"ေျပာလိုက္စမ္းပါ။ဘာေတြကစားေနတာလဲ?"
"ဒီမွာလ်ိဳ႕ဝွက္ယႏၲရားတစ္ခုခုကၽြန္ေတာ္ေတြ့တယ္။"You Xiao Mo က တိုးတိုးေျပာသည္။
"တကယ္လား?ငါ့ကိုျပၾကၫ့္။"Ling Xiao ကသူ မွီထားတဲ့နံရံကေနYou Xiao Moကို ကေလာ္ထုတ္လိုက္သည္။ေသခ်ာတာေပါ့၊အနံတစ္စင္တီမီတာနဲ႔အလ်ားႏွစ္ဆယ္စင္တီမီတာေလာက္ပဲရိွတဲ့ေသေသသပ္သပ္အက္ေၾကာင္းေလးတစ္ခုကိုနံရံေပၚမွာေတြ့လိုက္ရတယ္။အဲ့ဒါကစတုရန္းပံုေလးေထာင့္ကြက္ပံုစံျဖစ္ေပၚေနသည္။
"ဒီဟာကစက္ယႏၲရားတစ္ခုျဖစ္ႏိုင္တယ္လို႔ကၽြန္ေတာ္ထင္တယ္။ဖိၾကၫ့္လိုက္ရင္တံခါးတစ္ခုခု ေပၚရင္ေပၚလာမွာေပါ့။"ဒီမတိုင္ခင္ကတည္းက ဒီေလာက္ႀကီးမားတဲ့ေနရာႀကီးအတြက္ လ်ိႈ႔ဝွက္စက္ယႏၲရားတစ္ခုခုေတာ့ရိွမယ္လို႔ You Xiao Mo ခံစားေနခဲ့ရတာျဖစ္သည္။ အဲ့လိုမွမဟုတ္ရင္ေျမေအာက္နန္းေတာ္လို႔အမည္ခံေနစရာမလိုဘူး။ဒါ့ေၾကာင့္သူကပတ္ဝန္းက်င္ကိုလိုက္စမ္းၾကၫ့္ခဲ့တာ။ယႏၲရားတစ္ခုကိုသူတကယ္ပဲေတြ့ခဲ့တယ္။
"မင္းတစ္ခါေလာက္စမ္းၾကၫ့္လိုက္။"Ling Xiao ကေျပာသည္။
သူ႔လက္ေတြကိုစိတ္အားထက္သန္စြာနဲ႔ပြတ္သပ္ေနရင္းYou Xiao Moကလုပ္ၾကၫ့္ဖို႔ လက္ယားေနေတာ့တယ္။
"ဒါဆိုကၽြန္ေတာ္ႏိွပ္လိုက္ေတာ့မယ္။"သူ႔လက္ေတြကေတာ့လွမ္းၿပီးေနၿပီ။
Ling Xiao ကတစ္စံုတစ္ခုေျပာေတာ့မလို႔ပဲ၊ဒါေပမယ့္You Xiao Mo ကႏိွပ္ၿပ္ီးေနၿပီ။
အဲ့ဒီ့ေနာက္ေတာ့......ဘာမွမရိွေတာ့ဘူး။
ဒီခဏမွာပဲအမ်ိဳးသမီးက်င့္ႀကံသူတစ္ေယာက္ကအေနာက္ဘက္ကိုရုတ္တရက္လွၫ့္ၾကၫ့္လိုက္တယ္။သူမေနာက္ကဘာမွမရိွတဲ့ေနရာကိုျမင္ေတာ့ မေရမရာနဲ႔အသံျပဳလိုက္သည္။
သူမေဘးကအမ်ိဳးသားကသူမအသံကိုၾကားေတာ့ လွၫ့္ေမးလိုက္တယ္၊"ဆရာတူညီမေလး၊ဘာမွားေနလို႔လဲ?"
"အကိုႀကီး၊ကၽြန္မအေနာက္ဘက္ကေနတစ္ခုခုၾကား လိုက္တယ္လို႔ထင္တယ္။ေနာက္ၿပီးခုနေလးတင္အဲ့ေနရာမွာလူႏွစ္ေယာက္ရိွေနတာေတြ့တယ္။ကၽြန္မလွၫ့္ၾကၫ့္လိုက္ေတာ့ သူတို႔မရိွေတာ့ဘူး။"အမ်ိဳးသမီးက်င့္ႀကံသူက သူမအျမင္မွားေနခဲ့တယ္လို႔ထင္ေပမယ့္ အဲ့လိုလည္းမခံစားရဘူး။သူမတကယ္ကိုတစ္ခုခုၾကားလိုက္ေသးတယ္။
"လူထူးလူဆန္းႏွစ္ေယာက္ပဲေနမွာေပါ့။ဒီတစ္ေခါက္ေျမေအာက္နန္းေတာ္ကိုဝင္လာတဲ့ အမ်ားနဲ႔မတူတဲ့လူေတြရိွတယ္။သူတို႔ကိုလ်စ္လ်ူရႉထားလိုက္။ငါတို႔ဘာငါတို႔ပဲဂရုစိုက္ၾကၫ့္ဖို႔လိုတယ္။"အမ်ိဳးသားကတစ္ခ်က္ရယ္လိုက္တယ္။
"အား!!!!"
အနက္ေရာင္လိုဏ္ေခါင္းထဲမွာမ်က္ႏွာျပင္အခ်င္းခ်င္းပြတ္တိုက္သံနဲ႔အတူက်ယ္ေလာင္လွတဲ့ေအာ္သံတစ္ခုကိုၾကားေနရတယ္။ထိုအသံက ေနရာက်ဉ္းက်ဉ္းေလးထဲမွာအဆေပါင္းမ်ားစြာ က်ယ္ေလာင္ေနသည္။
You Xiao Mo ကLing Xiao ကိုတင္းတင္းက်ပ္က်ပ္ဖက္တြယ္ထားေပမယ့္ လည္းအရိွန္အဟုန္ေၾကာင့္သူ႔ခႏၶာကိုယ္ကေအာက္ကိုဆက္တိုက္ေလ်ာက်ေနသည္။ဒီေသာက္ပစၥည္းကေတာ့!အဲ့ဒါကတကယ့္လ်ိႈ႔ဝွက္ယႏၲရားတစ္ခုလို႔သူမထင္ခဲ့ဘူး။သူယႏၲရားကိုအသက္ဝင္ေအာင္လုပ္လိုက္မိၿပ္ီးေတာ့ရွည္လ်ားေကြ့ေကာက္ေနတဲ့ဥမင္လိုဏ္ေခါင္းတစ္ခုေပၚလာတယ္။ဒါကဘယ္ကိုဦးတည္ေနလဲဆိုတာသူတို႔မသိဘူး။ သူတို႔သိတာကသူတို႔ေအာက္ကိုမရပ္မနားေလ်ွာက်ေနတယ္ဆိုတာပဲ။
Ling XiaoကYou Xiao Mo ခါးကိုဖက္လိုက္ၿပီးေတာ့သူတို႔အေနအထားကိုေျပာင္းလိုက္သည္။သူတို႔အႏၲရာယ္မရိွဘူးဆိုတာေသခ်ာ
သြားေတာ့မွေလ်ွာက်ေနတဲ့လိုဏ္ေခါင္းကိုေစ့ေစ့စပ္စပ္ၾကၫ့္ရႈစစ္ေဆးေတာ့တယ္။လိုဏ္ေခါင္းကတစ္မီတာေလာက္က်ယ္ၿပီးေတာ့ အနက္ေရာင္ရိွတယ္။လိုဏ္ေခါင္းရဲ့မ်က္ႏွာျပင္ကေခ်ာေနၿပီးေတာ့ သတၴုတစ္မ်ိဳးမ်ိဳးနဲ႔လုပ္ထားသလိုပဲေအးစက္ေနသည္။
မိနစ္ႏွစ္ဆယ္ေလာက္ေလ်ွာက်လာၿပီးတဲ့ေနာက္သူတို႔ေရ႔ွမွာအလင္းေရာင္တစ္စြန္းတစေပၚလာသည္။
ဒီအလင္းေရာင္ကအနက္ေရာင္လိုဏ္ေခါင္းထဲက အခ်က္ျပမီးတစ္ခုနဲ႔တူတယ္။
You Xiao Moကလည္းသတိျပဳမိတယ္။ သူကေၾကာက္ရြံ႔စြာနဲ႔ေမးလိုက္သည္၊
"လိုဏ္ေခါင္းအဆံုးမွာဆူးခၽြန္ေတြမရိွေလာက္ပါဘူး၊ဟုတ္တယ္မလား?"
"ေကာင္းတာေပါ့။ဒါကလ်ိႈ႔ဝွက္စက္ယႏၲရားေတြအေၾကာင္းသိခ်င္ေနတဲ့မင္းစိတ္ကိုေက်နပ္ေစတာေပါ့။"Ling Xiao ကျပန္ေျဖလိုက္တယ္။
You Xiao MoကLing Xiaoလည္ပင္း ကိုပိုလို႔ေတာင္တင္းတင္းက်ပ္က်ပ္ဖက္ထားလိုက္ေတာ့တယ္။သူ႔ကိုအေရးလုပ္မေနေတာ့ဘူး။သူ႔လက္ေတြရဲ့ဖိထားတဲ့အင္အားက 'ငါေသရင္မင္းလည္းေသမယ္'လို႔Ling Xiao ကိုေဖာ္ျပေနတယ္။
Ling Xiao ကႏွာေခါင္းရႈံ႔လိုက္တယ္။
"အား!" သူတို႔ႏွစ္ေယာက္လိုဏ္ေခါင္းအဆံုးကို ေရာက္ၿပီးေအာက္ျပဳတ္က်ေတာ့You Xiao Mo ရဲ့က်ယ္ေလာင္လွတဲ့ေအာ္သံက ထြက္ေပၚလာျပန္တယ္။ျဖစ္လာမယ့္အက်ိဳးဆက္ေတြအတြက္ သူ႔ကိုယ္သူအားတင္းထားေပမယ့္လည္းသူတို႔ျပဳတ္က်သြားတဲ့အခါမွာေတာ့ သူကLing Xiaoနဲ႔ကဲြသြားေသးတယ္။
You Xiao Mo ကသူ႔လက္ေတြကိုေလထဲမွာ ထိတ္ထိတ္ျပာျပာနဲ႔ယမ္းခါေနၿပီးထူးဆန္းတဲ့ကိုယ္ေနဟန္ထားေတြလုပ္ေနရင္းသူနဲ႔မန္ီးမေဝးကLing Xiaoရဲ့အားရပီတိျဖစ္ေနတဲ့ပံုကိုစိုက္ၾကၫ့္ေနတယ္။
Ling Xiaoကေတာ္ေတာ္ေလးရႊင္ျမဴးေနတယ္။ You Xiao Moေျခကားယားလက္ကားယားျဖစ္ ေနတာကိုၾကၫ့္လို႔ဝသြားမွသူ႔ကိုသြားဖမ္းလိုက္ေတာ့တယ္။
တစ္ခ်ိန္တည္းမွာပဲYou Ming နဲ႔က်န္တဲ့သူေတြကလည္းေနာက္ဆံုးေတာ့တစ္ခုခုကိုမွတ္ခ်က္ခ်လိုက္ႏိုင္သည္။နန္းေတာ္တံခါးေတြက နည္းနည္းေနာေနာေလးတာမဟုတ္ဘူး။သူတို႔ယူဆခ်က္အရတံခါးေတြကတန္တစ္ရာေက်ာ္တယ္။ေဖာက္ခဲြပစ္တာကနန္းေတာ္ကိုၿပိဳက်သြားေစႏိုင္တာေၾကာင့္လုပ္လို႔မရဘူး။ဒါ့ေၾကာင့္တစ္ခုခုလုပ္ၾကၫ့္ဖို႔ အဆင့္ျမင့္က်င့္ႀကံသူေတြအေပၚမွာပဲမွီခိုလို႔ရမယ္။
ဒါေပမယ့္ျပႆနာတစ္ခုရိွတာကအစစ္အမွန္စြမ္းအားႀကီးသူေတြကအမ်ားႀကီးမရိွဘူး။You Ming နဲ႔သူ႔အဖဲြ႔ကလဲ ဒီလူေတြအတြက္ ေၾကာင္လက္ဖဝါးျဖစ္ဖို႔စိတ္ကူးမရိွဘူး။ေသြးေစြးနီကလန္နဲ႔အျခားအင္အားစုႀကီးအနည္းငယ္အျပင္တစ္ျခားအဖဲြ႔ေတြအမ်ားႀကီးလဲရိွေသးတယ္။
ဒီကိစၥအတြက္သူတို႔ထပ္ၿပီးျငင္းခံုက်ျပန္သည္။ေနာက္ဆံုးေတာ့အဓိကအင္အားစုႀကီးတစ္စုတိုင္းကအဆင့္ျမင့္က်င့္ႀကံသူႏွစ္ေယာက္ဆီထုတ္ေပးဖို႔ ဆံုးျဖတ္လိုက္ၾကသည္။မည္သၫ့္အုပ္စုႏွင့္မွသက္ဆိုင္ျခင္းမရိွေသာက်င့္ႀကံသူမ်ားကေတာ့ကိုယ္စားျပဳအေယာက္ႏွစ္ဆယ္ထုတ္ေပးရမည္ျဖစ္သည္။ဘယ္သူ႔ကိုထုတ္ေပးမလဲဆိုတာကေတာ့သူတို႔ကိုယ္တိုင္ပဲ ဆံုးျဖတ္ရမွာျဖစ္သည္။
You Mingက ဆူညံေနတဲ့လူအုပ္ႀကီးကိုၾကၫ့္လိုက္ၿပီးေတာ့ရုတ္တရက္မ်က္ေမွာင္ႄကံု႔လိုက္တယ္။
သူ႔ေဘးမွာရပ္ေနတဲ့You QingShanက သူ႔အေတြးေတြကိုထုတ္ေျပာလိုက္သည္၊
"သူတို႔ႏွစ္ေယာက္ဒီမွာရိွပံုမေပၚဘူး။"
"အဲ့ဒါက'ရိွပံုမေပၚတာ' မဟုတ္ဘူး၊သူတို႔ဒီမွာရိွကိုမရိွတာ။" You Ming ကေျပာသည္။သူကLing Xiaoရဲ့စြမ္းအားကို စမ္းသပ္ဖို႔ဒီအခြင့္အေရးကိုသံုးခ်င္ခဲ့တာျဖစ္သည္။ သို႔ေပမယ့္လည္းလူကိုယ္တိုင္ကဒီမွာမရိွေနမွေတာ့သူလည္းဘာမွမလုပ္ႏိုင္ဘူး။
သူတို႔ေသခ်ာေပါက္ထြက္လာလိမ့္မယ္လို႔You Mingအစကထင္ထားခဲ့တာျဖစ္သည္။ဒါေပမယ့္အခုေတာ့သူတို႔ႏွစ္ေယာက္ကိုဘယ္ေနရာမွာမွမေတြ့ဘူး။သူသံသယေတျြဖစ္လာေတာ့တယ္။
အဲ့ဒီ့ညတုန္းကလူသတ္ၿပီးမီးရိႈ႔သြားတဲ့သူေတြကသူတို႔မဟုတ္ဘူးလို႔ေတာ့မေျပာနဲ႔?
ခဏေလာက္ၾကာၿပီးေတာ့အုပ္စုမရိွတဲ့က်င့္ႀကံသူအဖဲြ႔ကကိုယ္စားျပဳအေယာက္ႏွစ္ဆယ္ေရြးခ်ယ္ၿပီးသြားသည္။
လူတိုင္းရဲ့အားစိုက္မႈနဲ႔တင္းက်ပ္စြာပိတ္ထားတဲ့ဂိတ္တံခါးကတဂ်ိန္းဂ်ိန္းျမည္လာေတာ့သည္။သူတို႔ရဲ့ျပင္းထန္တဲ့အၾကၫ့္ေအာက္မွာဂိတ္တံခါးၾကားအလပ္ကပိုပိုၿပီးႀကီးလာသည္။လူတစ္ေယာက္ျဖတ္သန္းသြားလာႏိုင္ေလာက္တဲ့ထိက်ယ္လာတဲ့အခါမွာေတာ့ေျမျပင္ကစတင္တုန္ခါလာၿပီးခ်ိန္းႀကိဳးေတြဆဲြေနတဲ့အသံေဖ်ာ့ေဖ်ာ့ကိုၾကားရသည္။တံခါးကိုတြန္းေနတဲ့လူေတြေဘးဘက္ကိုခုန္မထြက္ခင္ထိဒီဟာကေနာက္ထပ္ဆယ္စကၠန႔္ေက်ာ္ေက်ာ္ေလာက္ထိဆက္ျဖစ္ေနတယ္။
ဂိတ္ေတြမွာယႏၲရားတစ္ခုခုတပ္ဆင္ထားသလိုမ်ိဳးပဲအလိုအေလ်ာက္ပြင့္သြားတယ္။ဂိတ္တံခါးထဲကျမင္ကြင္းကသူတို႔ေရ႔ွကို ေရာက္လာသည္။
............
You Xiao Moကေျမၾကီးေပၚဖင္ထိုင္ရက္က်သြားသည္။သူ႔တစ္ကိုယ္လံုးညစ္ပတ္ေနတယ္။
သူျပဳတ္က်တာဒါပထမဆံုးအႀကိမ္မဟုတ္ဘူး။သူျပဳတ္က်တိုင္းတစ္ေခါက္မွကံမေကာင္းဘူး။လိုဏ္ေခါင္းအဆံုးမွာေကာင္းမြန္တဲ့ပစၥည္းေတြကသူ႔အတြက္ေစာင့္ေမ်ွာ္ေနမယ္လို႔ထင္ခဲ့တာ။ဒါေပမယ့္သူတကယ္တမ္းရတာကအဝါေရာင္ေျမညစ္ေတြနဲ႔ျပၫ့္ေနတဲ့ေျမေအာက္ေနရာတစ္ခုပဲျဖစ္သည္။ေနရာတိုင္းမွာအဝါေရာင္ရြံ႔ေတြရိွေနၿပီးေတာ့ သူ႔ကိုခဏခဏေခ်ာ္က်ေနေစတယ္။
"ကၽြန္ေတာ္တို႔ဒီေနရာကေနဘယ္ေတာ့မွထြက္ႏိုင္မွာလဲ?" You Xiao Moကရြံ႔လက္တစ္ဆုပ္ယူၿပီး ေရ႔ွကိုအားျပင္းျပင္းနဲ႔ပစ္ေပါက္လိုက္ရင္း ညည္းၫူေနတယ္။ရြံ႔နည္းနည္းေလာက္ပဲကြာသြား ၿပီးေတာ့အမ်ားစုကသူ႔လက္မွာကပ္က်န္ေနခဲ့သည္။ဒါကသူအမုန္းဆံုးအေၾကာင္းပဲ၊ဒါကဘာရႊံ႔အမ်ိဳးအစားမွန္းသူမသိေပမယ့္ဒီဟာက
ထူးထူးျခားျခားကိုေစးကပ္ေနတယ္။အခ်ိန္တိုင္းခြာခ်ေနရတယ္။
Ling Xiao ကရႊံ႔ေစးကိုသူ႔ဝတ္ရံုေပၚကေန အသာအယာခြာခ်လိုက္ရင္းေျပာလိုက္သည္၊
"ခဏေလာက္ထပ္ၿပီးသည္းခံလိုက္ဦး။ငါတို႔ထြက္ေပါက္နားေရာက္ေနေလာက္ၿပီ။"
အဲ့အခ်ိန္မွာပဲYou Xiao Mo ပေဟဠိျဖစ္ေနတဲ့ အသံနဲ႔ေမးလိုက္တယ္၊"အိုး၊ဒါကဘာလဲ?"
Ling Xiao ကသူ႔ကိုေဘးတိုက္ၾကၫ့္လိုက္သည္။You Xiao Mo ကသူ႔လက္ေပၚကရႊံ႔ေတြမဖယ္ရံုမကပဲ ဒူးေထာက္လိုက္ၿပီးတြင္းတစ္ခုစတူးေတာ့သည္။ သိပ္မၾကာဘူး၊အဝါေရာင္သလင္းေက်ာက္တစ္ခု သူ႔လက္ထဲမွာပါလာေတာ့တယ္။
သလင္းေက်ာက္ကရႊံ႔ထဲမွာနစ္ေနၿပီးေတာ့မျမင္ရသေလာက္ပဲ။အဲ့တာကလက္သည္းခြံေလာက္ပဲႀကီးၿပီးေတာ့ သူသာမေတာ္တဆရွာေတြ့တာမဟုတ္ရင္ရႊံ႔ထဲမွာအဲ့လိုပစၥည္းေတြရိွေနတယ္ဆိုတာသူတို႔သိမွာမဟုတ္ဘူး။
You Xiao Mo ရဲ့အလိုလိုသိစိတ္က ဒီဟာကပစၥည္းေကာင္းတစ္ခုလို႔သူ႔ကိုေျပာေနတယ္။သူကသလင္းေက်ာက္ကို သိမ္းထားလိုက္ၿပီးဆက္တူးေတာ့တယ္။ေနာက္ဆံုးေတာ့အရြယ္အစားတူတဲ့သလင္းေက်ာက္ေနာက္တစ္ခုကိုသူတကယ္ပဲတူးထုတ္လိုက္တယ္။
Ling Xiaoကအဝါေရာင္သလင္းေက်ာက္တစ္ခု ကိုေကာက္ယူလိုက္ၿပီးေလ့လာလိုက္သည္။အဲ့ထဲမွာတဖိတ္ဖိတ္ေတာက္ပေနတဲ့ေရႊေရာင္အစက္အေျပာက္ေလးေတြေတြ့ရတယ္။
You Xiao Moကေခါင္းေမာ့ၾကၫ့္ၿပီးေမးလိုက္ သည္၊"အဲ့တာဘာလဲဆိုတာသိလား?"
"မင္းရဲ့လူကဘက္စံုရေနတာမဟုတ္ဘူး။"
You Xiao Mo ကႏႈတ္ခမ္းစူလိုက္ၿပီး သူ႔ကိုလစ္လ်ူရႈလိုက္သည္။သူသလင္းေက်ာက္ အေၾကာင္းမသိလည္းထားလိုက္ပါေတာ့။ဘယ္လိုပဲေနေနအေရးႀကီးတာကဒီဟာက ပစၥည္းေကာင္းတစ္ခုလို႔သူထင္တာပဲျဖစ္သည္။ပစၥည္းေကာင္းမ်ားေလေလေကာင္းေလေလ။ဒါကပစၥည္းေကာင္းတစ္ခုမဟုတ္ရင္ေတာင္တလက္လက္နဲ႔ၾကၫ့္ေကာင္းတယ္။SheQiuနဲ႔က်န္တဲ့သူေတြႀကိဳက္ေလာက္တယ္။
SheQiuကိုေတြးရင္းYou Xiao Mo မ်က္လံုးေလးေတြအေရာင္လက္သြားတယ္။ သူတို႔ထံုထ်န္းတိုက္ကိုေရာက္ကတည္းကသူက CatQiuကိုပဲဆင့္ေခၚခဲ့တာျဖစ္သည္။အဓိကအေၾကာင္းအရင္းက ဒီအခ်ိန္အေတာအတြင္းကိစၥေတာ္ေတာ္မ်ားမ်ား ျဖစ္ပ်က္ေနခဲ့တာေၾကာင့္ျဖစ္သည္။အခုကသူတို႔ကိုအျပင္ထုတ္ၿပီးအဝါေရာင္သလင္းေက်ာက္ရွာခိုင္းဖို႔အခ်ိန္ေကာင္းပဲ။
You Xiao Moဒီလိုေတြးၿပီးတဲ့အခ်ိန္မွာပဲ ခုနတုန္းကလစ္လပ္ေနတဲ့ေနရာဟာလူငါးေယာက္ သားရဲတစ္ေကာင္နဲ႔ျပၫ့္သြားေတာ့တယ္။သားရဲတစ္ေကာင္ကလူအသြင္မေျပာင္းႏိုင္ေသးတဲ့ ငွက္ေပါက္စေလးျဖစ္သည္။
ငွက္ေပါက္စေလးကိုျမင္ေတာ့သူမေတာ္တဆထုတ္မိသြားေၾကာင္းသိလိုက္သည္။သူ႔နယ္ေျမထဲျပန္ထၫ့္ေတာ့မယ့္အခ်ိန္မွာပဲ ငွက္ေပါက္စေလးကသူ႔အေတြးကိုရိပ္မိသြားဟန္နဲ႔ PiQiuေခါင္းေပၚကိုျမန္ျမန္တက္သြားေတာ့သည္။သူ႔ေျခႏွစ္ေခ်ာင္းကိုသနားစရာေကာင္းတဲ့PiQiuရဲ့က်ိဳးတို႔က်ဲတဲဆံပင္ေပၚမွာၫွပ္ဆဲြထားၿပီိးသူ႔အေတာင္ေတြကိုျဖန႔္ကာ'လံုးဝျပန္မသြားဘူး'လို႔ေျပာ ေနတဲ့အာခံတဲ့အၾကၫ့္နဲ႔You Xiao Mo ကိုၾကၫ့္ေနၿပီးက်ည္က်ည္ၾကာၾကာေအာ္ျမည္ေနတယ္။
You Xiao Mo ကေအာ္ရယ္မိေတာ့မတတ္ပဲ။ဒါေပမယ့္သူကအနည္းငယ္ဇေဝဇဝါျဖစ္ေနတယ္။
အဲ့ဟာေလးကဘာလို႔PiQiuကိုေရြးတာလဲ?
သိပ္မၾကာခင္မွာပဲသူ႔ေမးခြန္းရဲ့အေျဖကိုျပန္ရလိုက္ေတာ့တယ္။SheQiuနဲ႔က်န္တဲ့သူေတြက ဒီလိုျမင္ကြင္းကိုျမင္ရတာက်င့္သားရေနပံုရသည္။ဒါကိုျမင္ရတာသူတို႔အတြက္ပထမဆံုးအႀကိမ္မဟုတ္သလိုပဲ။ရမယ္ရွာဖို႔အားနည္းတဲ့သူေတြကို ဘယ္လိုေရြးရမလဲဆိုတာငွက္ေပါက္ေလးေတာင္မွသိပံုရသည္။You Xiao Mo ကလည္းတစ္ခါ တုန္းကရမယ္ရွာဖို႔အတြက္လြယ္ကူတဲ့ပစ္မွတ္တစ္ခုျဖစ္ခဲ့တာပဲေလ။
"သခင္၊ကၽြန္မတို႔ဘာလုပ္ေပးရမလဲ?" တစ္ေယာက္တည္းေသာအမ်ိဳးသမီးျဖစ္တဲ့ MaoQiuကသူမဂါဝန္မွာလာကပ္ေနတဲ့အဝါေရာင္ရႊံ႔ေစးကိုေခါင္းငံု႔ၾကၫ့္လိုက္ၿပီးအနည္းငယ္ မ်က္ေမွာင္ႄကံု႔လိုက္သည္။သူမကအသန႔္ႀကိဳက္တဲ့သူပါ။
You Xiao Mo ကသူ႔ရဲ့ခ်ဳပ္ဆိုထားတဲ့သားရဲေတြကသူ႔ကိုရြံရွာတဲ့အၾကၫ့္ေတြနဲ႔ၾကၫ့္ေနတာကိုသတိမထားမိဘူး။သူ႔လက္ထဲကအဝါေရာင္သလင္းေက်ာက္ကိုျပလိုက္ၿပီး၊"ငါ့ကိုဒီပစၥည္းကူၿပီးတူးေပး။"
သားရဲေတြကတစ္ေယာက္နဲ႔တစ္ေယာက္ၾကၫ့္လိုက္ၿပီးဘယ္သူမွမလႈပ္ရွားၾကဘူး။
အဆံုးမွာေတာ့ပထမဆံုးစတံု႔ျပန္တဲ့သူကPiQiu ေခါင္းေပၚကငွက္ေပါက္စေလးျဖစ္သည္။သူ႔လက္သည္းေတြကPiQiuဆံပင္ကိုလႊတ္လိုက္ၿပီးသူ႔ရဲ့အေမႊးေျပာင္ေနတဲ့အေတာင္ေတြကိုတဖ်ပ္ဖ်ပ္ခတ္လိုက္ကာYou Xiao Moရဲ့ေရ႔ွကို ေရာက္လာသည္။ထို႔ေနာက္ရႊံ႔ထဲကေနထြက္ေပၚေနတဲ့အဝါေရာင္ သလင္းေက်ာက္ကိုစိုက္ၾကၫ့္ေနေတာ့တယ္။ဆယ္စကၠန႔္ေလာက္ၾကာၿပီးတဲ့ေနာက္ေတာ့သူ႔ဘာသူနားလည္သြားၿပီးသူ႔ရဲ့ခၽြန္ထက္ေနတဲ့ငွက္ႏႈတ္သီးနဲ႔ သလင္းေက်ာက္ကိုတိတိက်က်ခ်ိန္လိုက္သည္။ၿပီးေတာ့သလင္းေက်ာက္ကိုရႊံ႔ေစးထဲကေန ႏႈတ္သီးနဲ႔ျမန္ျမန္ေကာက္ထုတ္လိုက္သည္။
ငွက္ေပါက္ေလးကဂုဏ္ယူမႈေတြနဲ႔ျပၫ့္ေနေတာ့တယ္။အဝါေရာင္သလင္းေက်ာက္ကိုသူ႔ႏႈတ္သီးမွာ
ကိုက္ခ်ီထားရင္းYou Xiao Mo ဆီကိုသူ႔အလုပ္ၿပီးေျမာက္ေၾကာင္းသြားျပေတာ့သည္။
You Xiao Moက
ဘာမွက္ိုေျပာစရာမရိွေတာ့ဘူး။သူကအဲ့သလင္းေက်ာက္ကိုတူးထားတဲ့သူျဖစ္ၿပီးေတာ့ေျမၾကီးေပၚခ်ထားခဲ့တာျဖစ္သည္။ဒီငွက္ေပါက္ကသူတူးထားတဲ့သလင္းေက်ာက္ကိုသူ႔ေရ႔ွမွာတင္ယူၿပီးသူ႔ကိုလာဖားရဲတယ္!ငွက္ေပါက္ေလးကိုခဏေလာက္စိုက္ၾကၫ့္ေနၿပီးေတာ့မွYou Xiao Moက သူ႔ႏႈတ္သီးကေနသလင္းေက်ာက္ျပန္ယူဖို႔ လက္လွမ္းလိုက္ေတာ့တယ္။ဒါေပမယ့္သူ႔ရဲ့ေပါ့ဆမႈေၾကာင့္သူ႔လက္ေပၚကရႊံ႔ေစးကငွက္ေပါက္ေလးရဲ့ႏႈတ္သီးမွာကပ္ေနေတာ့သည္။
ငွက္ေပါက္ေလးကေအးခဲသြားတယ္။ခဏေလာက္ၾကာၿပီးတဲ့ေနာက္ေတာ့စူးရွရွအသံတစ္ခုကေလကိုထိုးေဖာက္လာေတာ့တယ္။
Chirp!Chirp!