Unicode
အပိုင်း၄၀၀: ရှားပါးသောသတ္ထုအသစ်
"ဒီလိုဏ်ခေါင်းရဲ့နယ်နိမိတ်အဆုံးမှာအသိအမှတ်ပြု ထားခြင်းမရှိတဲ့သတ္ထုဒြပ်စင်တစ်ခုရှိတယ်။ဒီလူအိုကြီးကသတ္ထုစားသားရဲရဲ့အလေ့အထတွေအကြောင်းစာအုပ်နည်းနည်းဖတ်ဖူးထားပါတယ်။အဲ့ဒီ့သားရဲကသတ္ထုဒြပ်စင်တွေရှိတဲ့နေရာမှာနေရတာကိုကြိုက်တယ်။ဒါ့ကြောင့်ဒီနေရာကနေရာအမှန်ဖြစ်နိုင်တယ်။" သားရဲသဏ္ဍာန်ပြောင်းခြင်းအဖွဲ့အစည်းကHuang FuLiကသူ့ရဲ့မုတ်ဆိတ်မွေးကိုသပ်ရင်းပြောလိုက်သည်။
သူပြောပြီးတဲ့အချိန်မှာပဲYou Mingကသွေးစွေးနီ ကလန်သားတွေနဲ့အတူလျှောက်ဝင်လာတယ်။
ဒါကိုတွေ့တော့လူတွေကတိုးတိုးတိတ်တိတ်ကျိန်ဆဲလိုက်ကြတယ်။You Mingကအစကတည်းကဒီလိုဏ်ခေါင်းက နေရာအမှန်ဆိုတာသိနေတာပဲ။ဒါပေမယ့်သူကဘာမှမပြောခဲ့ဘူး။သူမလှုပ်ရှားခင် သားရဲအသွင်ပြောင်းခြင်းအဖွဲ့အစည်းကလူတွေက ပြောလိုက်လို့သာ၊သူ့ရဲ့အကြံအစည်ကနေ့ခင်းဘက်လိုထင်ရှားနေတာပဲ။
ဘယ်သူကမှနောက်ကျန်မနေခဲ့ချင်ကြတာကြောင့် တစ်ယောက်ပြီးတစ်ယောက်ဝင်သွားကြတော့တယ်။
လိုဏ်ခေါင်းအပေါက်နားပတ်ပတ်လည်ကလူအရေအတွက် တစ်ဝက်လောက်လျော့နည်းသွားဖို့အချိန်သိပ်မကြာလိုက်ဘူး။
အချိန်ကန့်သတ်ချက်ကြောင့်ဝင်ပေါက်နဲ့အဝေးကလူတွေတောင်မြန်မြန်ရောက်လာကြတယ်။စိတ်မရှည်တဲ့တစ်ချို့လူတွေကတော့လေပြင်းတွေကြောင့်လှီးဖြတ်ခံရတော့မလိုပဲ။
You Xiao Moနဲ့Ling Xiao ဝင်ပေါက်ကိုရောက်တော့အင်အားစုဝင်တွေတော်တော်များများမရှိတော့ဘူး။
"ဒီအပေါက်ကCatQiuရဲ့ပါးစပ်နဲ့မတူဘူးလား?"
You Xiao Moကသူ့ခေါင်းကိုစောင်းလိုက်ပြီး အပေါက်ဝရဲ့ပုံစံကိုကြည့်လိုက်တယ်။ဒါကရှားရှားပါးပါးစက်ဝိုင်းပုံပဲ၊CatQiuဝါးသမ်းနေတဲ့ပုံနဲ့တူတယ်လို့ခံစားရတယ်။ မည်သို့ပင်ဆိုစေသူတို့ကရတနာရှာဖွေဖို့သွားမှာဆိုတော့ သူနည်းနည်းလေးစိတ်လှုပ်ရှားနေတယ်။
Ling Xiaoသူ့ကိုကြည့်လိုက်ပြီးပြောလိုက်တယ်
"CatQiuကအခုထိပြည့်ပြည့်ဝဝအရွယ်မရောက်သေးဘူး။"
You Xiao Moကတော့ သူ့ကိုလျစ်လျူရှုထားလိုက်တော့သည်။
သူတို့နှစ်ယောက်လည်းတစ်ခြားလူတွေနောက်ကနေလိုက်ဝင်လိုက်တော့တယ်။အတွင်းထဲမှာတော်တော်လေးလင်းနေတုန်းပဲ၊ဒါပေမယ့်ချက်ချင်းကြီးမှိန်သွားဖို့သိပ်မကြာလိုက်ဘူး။လူတိုင်းလှည့်ကြည့်လိုက်တဲ့အခါမှာတော့ ဝင်ပေါက်ကပျောက်ကွယ်သွားပြီဖြစ်သည်။
ဝင်ပေါက်ပျောက်ကွယ်သွားတော့နာရီဝက်တောင်မရှိသေးဘူး။ပျောက်ကွယ်သွားတာနှစ်မိနစ်ပိုစောတယ်။ဒါကအပြင်ကဝင်လာခါနီးလူတွေကိုပြောစရာစကားမရှိဖြစ်သွားစေသည်။
"ကျွန်တော်တို့စောဝင်လာလို့တော်သေးတာပေါ့။"
You Xiao Mo ကစိတ်သက်သာရာရသွားသလို ခံစားလိုက်ရတယ်။
လူတိုင်းကလည်းနည်းနည်းတော့စိတ်ပူသွားကြတယ်။သူတို့အရင်ဝင်ဖို့အမြော်အမြင်ရှိခဲ့တာတော်သေးတာပဲ။ဒါပေမယ့်လည်းဒါက အထဲထဲမှာရှိတဲ့ရတနာက
အပြင်ကလူတွေနဲ့မဆိုင်တော့ဘူးလို့ဆိုလိုပါတယ်။
ပြိုင်ဆိုင်ရဖို့အတွက်လူအရေအတွက်လျော့သွားတာမလို့လူတိုင်းကအနည်းငယ်တော့စိတ်သက်သာသွားကြသည်။မည်သို့ပင်ဆိုစေ ဘယ်အဖွဲ့ကပိုပြီးကံကောင်းမလဲဆိုတာ သူတို့မသိဘူးလေ!
အဲ့နောက်တော့ကံကောင်းထောက်မပြီးဝင်လို့ရခဲ့တဲ့သူတွေဟာအဓိကအဖွဲ့ကိုမီဖို့အတွက်အရှိန်တင်လိုက်ကြသည်။အပြေးအလွှားသွားနေတဲ့ခြေသံတွေ
ဟာပဲ့တင်ထပ်နေတော့တယ်။
You Xiao Mo ကသူတို့လိုအလျင်မလိုဘူး၊သူကLing Xiaoနဲ့တူတူလမ်းလျှောက်နေရင်း ဂူအတွင်းထဲကအခြေအနေတွေကိုအကဲခတ်နေတယ်။
Huang FuLiအစောကပြောသလိုပဲ သတ္ထုစားသားရဲကသတ္ထုဒြပ်စင်တွေရှိတဲ့နေရာတွေမှာ နေရတာကိုကြိုက်တယ်။ဒါကြောင့်ဒီနေရာမှာသတ္ထုအမျိုးမျိုးတွေ့နိုင်ပြီးတော့ အတွင်းထဲနက်လေလေအရောင်ရင့်လေလေဖြစ်သည်။
သူတို့မီတာတစ်ထောင်လောက်ဝင်လာပြီးနောက်တော့လမ်းခွဆုံနေရာကိုရောက်လာသည်။
အဲ့ဒီမှာလမ်းသုံးလမ်းရှိတယ်၊ညာဘက်က သူတို့ခုနကမြင်ခဲ့တဲ့သတ္ထုဒြပ်စင်တွေနဲ့ပြည့်နေတဲ့ လမ်းဖြစ်ပြီးဝိဉာဉ်စွမ်းအားလှုပ်ရှားမှုအနည်းငယ် ထုတ်လွှတ်နေသည်။
ဘယ်ဘက်ကဝါညိုရောင်လမ်းဖြစ်ပြီးအဝင်ဝမှာ အဝါရောင်သဲအညစ်တွေနဲ့ဖုံးလွှမ်းနေသည်။အဲ့ဒီ့မှာရတနာရှိမယ်လို့တော့မထင်ရဘူး။
နောက်ဆုံးကျန်တာကအလယ်လမ်းဖြစ်သည်။ဒီလမ်းကအရှင်းဆုံးဖြစ်ပြီးကတ္တရာစေးရောင်ဖြစ်ကာ ကျန်တာဘာမှမရှိဘူး။
သတ္ထုစားသားရဲကသတ္ထုဒြပ်စင်ကိုစားတာဖြစ်ပြီး ညာဘက်ကလမ်းမှာသာလျှင်သတ္ထုတွေရှိတာကြောင့် လူတိုင်းကညာဘက်လိုဏ်ခေါင်းကိုရွေးတယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး။
You Xiao Moလည်းသူတို့လိုပဲထင်တာ ဖြစ်သည်။အဲ့အချိန်မှာပဲLing Xiao ကသူ့လက်ကိုရုတ်တရက် ဆွဲလိုက်ပြီးတိုးတိုးပြောလိုက်တယ်၊
"ငါတို့အလယ်လမ်းကိုသွားမယ်။"
"ဘာလို့လဲ?" You Xiao Mo ကတိုးတိုးလေး
မေးလိုက်သည်။
Ling Xiao ကပြောလိုက်၏၊ "ဘာလို့လဲဆိုတော့ သွေးစွေးနီကလန်ကလဲဒီလမ်းကသွားတာမလို့။"
You Xiao Mo ကသူ့ခေါင်းကိုမော့လိုက်တယ်၊
"ခင်ဗျားဘယ်လိုသိတာလဲ?"
"ဒီလမ်းမှာသူတို့အနံ့တွေရှိနေတယ်။" Ling Xiao ကပြန်ဖြေတယ်။
You Xiao Mo ကသူ့အောက်နှုတ်ခမ်းကိုကိုက်လိုက်ပြီး 'မင်းခွေးလား' ဆိုတဲ့မှတ်ချက်ကိုအမြော်အမြင်ရှိရှိနဲ့ ကိုယ့်ဘာသာကိုယ်ပဲသိမ်းထားလိုက်ရတယ်။
Ling Xiao ကတစ်ခုခုကိုသတိပြုမိတဲ့ပုံစံနဲ့ ခေါင်းငုံ့ပြီးသူ့ကိုမျက်လုံးနက်နက်တွေနဲ့စိုက်ကြည့် လိုက်တယ်၊
"ခုနတုန်းကဘာပြောချင်လို့လဲ?"
You Xiao Mo ကချောင်းတစ်ချက်ဟန့်လိုက်ပြီး၊
"ဘာမှမဟုတ်ပါဘူး......."
သူတို့ပဲအလယ်လမ်းကိုသွားမယ်လို့ထင်ထားပေမယ့် သူတို့ဝင်သွားပြီးတဲ့နောက်လူနည်းနည်းကသူတို့
နောက်လိုက်လာသည်။သူတို့အားလုံးကတစ်ကိုယ်တည်းကျင့်ကြံသူတွေဖြစ်ပုံရတယ်။သူတို့အားလုံးကခေါင်းကိုငုံ့ထားပြီး မျက်လုံးချင်းမဆုံမိအောင်ကြိုးစားနေကြတယ်။
You Xiao Mo ကဆက်မလျှောက်ခင် မျက်စိတစ်ချက်ဝေ့ကြည့်လိုက်သည်။ခဏလောက်ကြာတော့ သူတို့ရှေ့ကမြင်ကွင်းကရုတ်တရက်ရှင်းလင်းသွား
တယ်။
ဒါကအဆုံးမရှိပုံရတဲ့ကြီးမားတဲ့ထုံးကျောက်ဂူကြ်ီးဖြစ်သည်။ဂူအမိုးနဲ့အောက်ခြေနှစ်နေရာလုံးမှာ ပုံစံအမျိုးမျိုးအရွယ်အမျိုးမျိုးရှိတဲ့ကျောက်စက်ပန်းဆွဲတွေနဲ့ပြည့်နေသည်။အဆုံးသတ်ကိုမမြင်ရဘူး၊ဒီကျောက်စက်ပန်းဆွဲတွေကအနက်ရောင်မြေပြင်ကိုအလင်းရောင်ပေးနေတယ်။
Juneတောင်တန်းတွေကိုမြေအောက်နန်းတော်လို့ခေါ်တဲ့လူတွေရှိတာမဆန်းပါဘူး။တကယ်လို့တောင်တန်းတစ်ခုလုံးကသာဒီလို ထုံးကျောက်ဂူတွေနဲ့ပြည့်နေခဲ့မယ်ဆိုရင်ဒါကတကယ်ပဲသဘာဝနန်းတော်တစ်ခုနဲ့တူတယ်။
ထုံးကျောက်ဂူကြီးရှိနေခဲ့တာနှစ်ပေါင်းတစ်သောင်းကျော်ကြာနေပြီလို့ထင်ရသည်။သူတို့ဘယ်နေရာပဲသွားသွား မတူညီတဲ့ပုံစံနဲ့ အရွယ်အစားတွေအဖြစ်တိုက်စားခံထားရတဲ့ ကျောက်စက်ပန်းဆွဲတွေရှိနေသည်။အကုန်လုံးကလှပတယ်။ဒီမြင်ကွင်းကိုကကြည့်ရတန်တဲ့မြင်ကွင်းပါပဲ။
ဒီလောက်ကြီးတဲ့ထုံးကျောက်ဂူကိုYou Xiao Mo မြင်ဖူးတာဒါပထမဆုံးအကြိမ်ဖြစ်သည်။သိမ်းကြုံးကြည့်ကြည့်ရင်အသေးဆုံးကျောက်စက်ပန်းဆွဲတောင်မှမီတာနှစ်ဆယ်လောက်ရှည်တယ်။
အကြီးဆုံးတွေကမီတာတစ်ရာကျော်ပြီးတော့အထက်ကကျောက်စက်ပန်းဆွဲတွေကအချိန်မှန်မှန်ရေစီးကျနေတယ်။ဒါကမြေပြင်ပေါ်မှာစည်းချက်ကျသံဖြစ်ပေါ်စေသည်။
လူတိုင်းကအလျင်မြန်မြန်နဲ့သွားတာကြောင့် ကျောက်စက်ပန်းဆွဲကွင်းပြင်အဆုံးကနေကျောက်ပန်းပွင့်တွေရှိတဲ့ကို့ယို့ကားရားနေရာကိုရောက်ဖို့တစ်နာရီလောက်ပဲကြာတယ်။နံရံကနေမြေကြီးပေါ်ထိက အနက်ရောင်အနယ်တွေကနေဖြစ်ပေါ်လာတဲ့ကျောက်ကွက်တွေရှိနေသည်။ဒီကျောက်တုံးတွေကပန်းပွင့်ပုံစံ ရှိတာကြောင့်သူတို့ကိုကျောက်ပန်းပွင့်တွေလို့ခေါ်တယ်။
ဒီမြင်ကွင်းကိုမြင်ရတော့You Xiao Mo နဲ့ Ling Xiaoနောက်ကလူတွေကနောက်ဆုံးတော့ သည်းမခံနိုင်ဖြစ်လာကြတော့သည်။
ဒီမှာတန်ဖိုးရှိတာတစ်ခုမှမရှိဘူး။သူတို့ရည်ရွယ်ချက်ကသတ္ထုစားသားရဲပဲ။ဒီနေရာမှာဖြုန်းနေဖို့အချိန်မရှိဘူး။တစ်ချိန်တည်းမှာပဲ သူတို့ဆုံးဖြတ်ချက်ကိုနောင်တရနေကြတော့တယ်။ သူတို့တစ်ခြားသူတွေနဲ့အတူတူညာဘက်လမ်းကို သွားခဲ့သင့်တာ။
သူတို့ထွက်သွားတာနဲ့တစ်ပြိုင်နက်You Xiao Mo ကတစ်မီတာလောက်ရှိတဲ့အမဲရောင်ကျောက်ပန်းတစ်ခုဆီချက်ချင်းသွားလိုက်ပြီးနီးနီးကပ်ကပ်စစ်ဆေးတော့သည်။အတွေးထဲမှာနစ်မြုပ်နေရင်းနဲ့သူပြောလိုက်တယ်၊
"ဒီကျောက်တုံးတွေထဲမှာတစ်ခုခုရှိတယ်ထင်တယ်။"
"ကြည့်ရအောင်၊မင်းရဲ့ဝိဉာဉ်စွမ်းအားကိုသုံးပြီးဖွင့်လိုက်။" Ling Xiaoကလျှောက်လာပြ်ီိးတော့ပြောလိုက်သည်။
You Xiao Mo လည်းဒီစိတ်ကူးရှိနေခဲ့တာဖြစ်သည်။ဒါပေမယ့်ဒီအနက်ရောင်သတ္ထုကထူးထူးခြားခြားမာတာကြောင့်ဒီကျောက်တုံးနောက်ဆုံးကွဲမသွားခင်မှာသူချွေးတွေနဲ့ရွှဲနေတော့တယ်။ဒါတင်မကသေးဘူးဒီဟာက အသေးဆုံးကျောက်တုံးပန်းပွင့်ဖြစ်သည်။
"ဒီအရာသေးသေးလေးကဘာလဲ?" You Xiao Moကကျောက်ပန်းထဲမှာရှိနေတဲ့အနက်ရောင်ပစ္စည်းလေးကိုထုတ်ယူလိုက်တယ်။ဒီဟာကလက်မအရွယ်အစားပဲရှိသည်။အရမ်းသေးတယ်။
Ling Xiao ကသူ့မေးကိုသပ်ရင်း တွေးတွေးဆဆနဲ့ပြောတယ်၊ "ငါထင်တာမှန်မယ်ဆိုရင်ဒါကနှစ်များစွာသန္ဓေပြောင်းလဲပြီးဖြစ်လာတဲ့အနက်ရောင်သတ္ထုဒြပ်စင်အသစ်ပဲ ဖြစ်ရမယ်။"
You Xiao Mo ကအနက်ရောင်ကျောက်တုံးလေး ကိုဖြတ်ကြည့်ဖို့ကြိုးစားပေမယ့်လည်းအဖြူရောင်အစင်းရာလေးပဲကျန်ခဲ့တယ်။ဒါကမာကျောလွန်းလို့သူတောင်ဘာမှမလုပ်နိုင်ဘူး။သူကအံ့ဩရမယ့်အစားပျော်ရွှင်သွားတယ်။
"ကျွန်တော်တို့ဒီလိုအနက်ရောင်ကျောက်တွေနည်းနည်းလောက်ထပ်ရရင်သတ္ထုစားသားရဲကိုမျှားဖို့သုံးလို့ရလောက်မလား?"
"ငါတို့ကြိုးစားကြည့်လို့ရပါတယ်။"
ဒါ့ကြောင့်သူတို့နှစ်ယောက်ပူးပေါင်းဆောင်ရွက်ရင်း သူတို့အလုပ်ကိုခွဲလိုက်ကြတယ်။Ling Xiao က You Xiao Mo ထက်တော်တော်မြန်တယ်။ You Xiao Mo ဒုတိယတစ်ခုကိုဖြတ်ပြီးတဲ့ချိန် Ling Xiao ကဆယ်ခုမြောက်ရောက်နေနှင့်ပြီးဖြစ်သည်။
You Xiao Mo လှည့်ကြည့်လိုက်ပြီးဒါကိုမြင်တော့Ling Xiao ကိုပဲခွဲခိုင်းလိုက်ပြီးသူကတော့ကျောက်တုံးတွေပဲလိုက်ကောက်တော့တယ်။Ling Xiao ရွေးလိုက်တဲ့ကျောက်ပန်းပွင့်တွေကတော်တော်လေးကြီးတယ်။အကြီးဆုံးက ကိန်းဂဏန်းနှစ်လုံးလောက်ရှိမယ်။သူတူးထားတဲ့အကြီးဆုံးကျောက်တုံးကအချင်းနှစ်ဆယ်စင်တီမီတာလောက်ရှိပြီးတော့ကျန်တဲ့ဟာတွေကတော့တစ်ဆယ်စင်တီမီတာဝန်းကျင်လောက်ရှိတယ်။
သူတို့အခုနှစ်ဆယ်လောက်တူးပြီးသွားတော့Ling Xiao ကရပ်လိုက်တော့တယ်။
You Xiao Moလည်း အလေးချိန်ချိန်ဆကြည့်လိုက်ပြီး ဒါကလုံလောက်တယ်လို့ခံစားရသည်။
ရှေ့ဆက်လျှောက်သွားတော့အထဲကကျောက်တုံးနက်တွေတူးထုတ်ထားတဲ့ပျံ့ကြဲနေတဲ့ကျောက်ပန်းပွင့် ပမာဏအများကြီးကိုသတိထားမိလိုက်တယ်။
တစ်ခြားတစ်ယောက်ယောက်ကလဲအထဲမှာပါတာတွေကိုသိနေတယ်ဆိုတာထင်ရှားပါတယ်။
ကျောက်ပန်းပွင့်ဂူကနေထွက်လာတဲဲ့အခါသူတို့ရှေ့မှာရှိနေတာကမတူညီတဲ့ဘက်ငါးဖက်ကိုဦးတည်ထားတဲ့လမ်းကျဉ်းတွေဖြစ်သည်။ဒီတစ်ခေါက်ကရွေးရပိုခက်တယ်။
Ling Xiao က သွေးစွေးနီကလန်သွားတဲ့လမ်းကြောင်းကိုရှာဖို့ သူ့ရဲ့ထက်မြက်တဲ့...အာရုံကိုသုံးလိုက်ပြန်တယ်။အဲ့တာကတတိယမြောက်အလယ်လမ်းဖြစ်တယ်။
ဒါပေမယ့်တစ်ခြားအင်အားစုတွေကမတူညီတဲ့လမ်းကိုရွေးသွားတာကသူ့ကိုအံ့ဩသွားစေသည်။ရှင်းပြချက်ကတစ်ခုပဲရှိတယ်၊သူတို့ကြားထဲမှာမတူညီတဲ့ယူဆချက်တွေရှိခဲ့တာဖြစ်သည်။
ဒါကိုနားလည်သဘောပေါက်ပြီးတော့၊Ling Xiao ကတွေဝေမနေတော့ဘဲလမ်းတစ်ခုကိုကျပန်းရွေးချယ်လိုက်တော့တယ်။
ဆယ်မိနစ်ကျော်လောက်လမ်းလျှောက်လာပြီးတဲ့နောက်တော့ရှေ့ကနေပဲ့တင်သံတစ်ခုထွက်ပေါ်လာသည်။
အဲ့ဒါကလူတွေအများကြီးစကားပြောနေတဲ့အသံဖြစ်ပြီးတော့သူတို့လမ်းဆုံးကိုရောက်တဲ့အခါမှာတော့ ဘာတွေဖြစ်နေလဲဆိုတာမြင်လိုက်ရတော့တယ်။
ဘောလုံးကွင်းသုံးကွင်းစာလောက်ကျယ်တဲ့ကွင်းပြင်ထဲမှာမြေအောက်နန်းတော်ကိုသွားခဲ့တဲ့လူနှစ်ရာလုံးနီးပါးရှိနေတယ်။ဒါပေမယ့်လည်း ဒါကအစတုန်းကထက်နည်းပါးပြီးတော့ မျှော်လင့်ထားသလိုပါပဲသွေးစွေးနီကလန်နဲ့အခြားအင်အားစုတွေလည်းအဲ့ဒီမှာရှိနေတယ်။လမ်းငါးခုကမတူညီတဲ့ဖက်တွေကိုဦးတည်နေတယ်လို့ထင်ရပေမယ့်လည်းတကယ်တော့ထွက်ပေါက်ကတူတူပဲဖြစ်သည်။
"ဘာတွေဖြစ်နေတာလဲ၊လူတိုင်းကဘာလို့ဒီနေရာမှာစုသွားတာလဲ?"
You Xiao Mo က Ling Xiaoကိုတိတ်တိတ်လေးမေးလိုက်သည်။အဲ့တာတင်မကဘူး၊ဒီကွင်းပြင်ကြီးက သဘာဝကြောင့်လို့လုံးဝမထင်ရဘူး။နံရံတွေမှာလူလုပ်ပုံနှိပ်စာလုံးတွေထင်ထင်ရှားရှားရှိနေပြီးတော့မီတာဆယ်ချီမြင့်တဲ့တံခါးတစ်ခု၊သဘာဝကဘယ်လောက်ပဲအံ့ဩဖို့ကောင်းကောင်း တံခါးတစ်ခုပေါ်လာအောင်တော့မလုပ်နိုင်ပါဘူး။
"သူတို့ကအဲ့ဒီ့တံခါးကိုဘယ်လိုဖွင့်ရမလဲလို့စဉ်းစားနေတာဖြစ်နိုင်တယ်။" Ling Xiao ပြန်ဖြေလိုက်တယ်။
ထိုတံခါးကိုအထူးပစ္စည်းတစ်ခုခုနဲ့ပြုလုပ်ထားခြင်းဖြစ်နိုင်သည်။အင်ပါယာအဆင့်ကျင့်ကြံသူတစ်ယောက်ကတွန်းကြည့်ပေမယ့်လည်းတံခါးကရွေ့မသွားဘူး။အဲ့ဒီ့အစား တွန်းအားကြောင့်သူ့မျက်နှာကြီးပဲနီလာတော့တယ်။
အင်အားစုကြီးတွေကဒီတံခါးကိုဘယ်လိုဖွင့်ရမလဲဆိုတာဆွေးနွေးနေကြသည်။Xiong Xiaoနဲ့Qiao WuShuangလည်းပါဝင်တယ်။သူတို့နှစ်ယောက်ကငယ်သေးပေမယ့်လည်း ထုံထျန်းတိုက်မှာတော့မင်းမှာခွန်အားရှိသ၍အသက်အရွယ်ကအရေးမကြီးဘူး။
"Ling Xiao......" You Xiao Mo အသံထွက်လာတယ်၊ယင်ကောင်တစ်ကောင်တဝီဝီလုပ်နေသလိုအသံတိုးတိုးလေးနဲ့။
Ling Xiao လှည့်ကြည့်လိုက်တော့သူကတောက်တဲ့လိုပဲနံရံမှာကပ်နေတာကိုတွေ့လိုက်ရတယ်။Ling Xiao လှည့်ကြည့်တာကိုမြင်တော့သူကတစ်ခစ်ခစ်ရယ်လိုက်ပြီးမျက်လုံးတွေတောက်ပနေရင်းသူ့ကိုလက်ယမ်းပြလိုက်တယ်။
Zawgyi