(Unicode)
Chapter-42 The Peaceful Mountain Qiao
ခဲ့ရွမ်က အဆင်ပြေပြေ ဖြစ်စေရန် အနက်ရောင် ဝတ်ထားသည်။ သူက စစ်ယွိဟန်ကို ကျောပေါ်တင်ပြီး ပြောလိုက်၏။
"ဟန်.. အသံမထွက်နဲ့နော် ဟုတ်ပြီလား"
စစ်ယွိဟန်၏ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာပြီး ပြန်ဖြေလိုက်သည်။
"ကောင်းပါပြီ"
ခဲ့ရွမ် ခေါင်မိုးပေါ်ကို တက်လိုက်သည်။ ဟိုဟိုဒီဒီ ကြည့်လိုက်တော့ ဒီနေရာက သူ စိတ်ကူးထားတဲ့အတိုင်း မဟုတ်ပေ။ ကင်းလှည့်နေတဲ့ ဓားပြတွေ အများကြီးရှိမယ် ထင်ထားသော်လည်း အမှန်မှာ အချို့နေရာများတွင် အစောင့်အကြပ် အနည်းငယ်မျှသာရှိသည်။ ဒီနေရာက တော်တော်အေးပြီး မှောင်နေမယ်ထင်ခဲ့၏။ သို့သော် ဆန့်ကျင်ဘက်အနေနဲ့ ဒီနေရာဟာ တကယ့်ကို ငြိမ်းချမ်းလှပါသည်။ ဟုတ်တယ် ငြိမ်းချမ်းတယ်...
သူ့ရင်ထဲမှာ ထူးဆန်းတဲ့ ခံစားချက်တစ်ခု ပေါ်လာသည်။
"ဘာဖြစ်လို့လဲဟင်" ခဲ့ရွမ် မလှုပ်တာကိုမြင်တော့ စစ်ယွိဟန်က အသံတိုးတိုးနဲ့ မေးလိုက်သည်။
ခဲ့ရွမ်သည် အသိစိတ် ပြန်လည်ရရှိလာပြီး ခေါင်းယမ်းလိုက်သည်။
သူ အတွေးလွန်သွားတာသာ ဖြစ်ရမည်။ သူ ဘယ်တုန်းကမှ ဓားပြတွေရှိတဲ့နေရာကို မရောက်ဖူးပေ။ ဒီလိုခံစားချက်ကြီး ဘယ်နေရာကရလာတာလဲ? သူတစ်နေ့လုံး သေတ္တာထဲမှာ ခေါင်းစောင့်ခံ လာရတဲ့အတွက် ဦးနှောက်ထိခိုက်သွားတာပဲ ဖြစ်ရမည်။
"စစ်သူကြီးလင်ကို သွားရှာရအောင်"
"ဟုတ်!"
အစကတော့ ခဲ့ရွမ်က စစ်ယွိဟန်ကို ဒီနေရာခေါ်လာဖို့ နည်းနည်း ရှုပ်ပြီး အဆင်မပြေဘူးလို့ တွေးမိသည်။ သူ့ကို အရင်ဆုံး ပြေလည်အောင်ဖြေရှင်းဖို့ နည်းလမ်းရှာရပေမည်။
သို့သော် စစ်ယွိဟန်က ဒီကိုရောက်နေပြီဆိုမှတော့ သူ့ကို အခုပြန်ပို့ဖို့က ယုတ္တိမရှိတော့ပေ။ ဒါကြောင့် ခဲ့ရွမ်
စစ်သူကြီးလင်ကို အရင်ဆုံးရှာဖို့ ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ တစ်ခုတည်းသော နည်းလမ်းပင်။
အမှောင်ထဲတွင် ခဲ့ရွမ်သည် စစ်ယွိဟန်ကို ကျောပေါ်တင်ကာ စစ်သူကြီးလင်ကို ရှာရင်း မြေပြင်ပေါ်ကို စူးစမ်းနေသည်။
စစ်ယိဟန်ကို သူ့နောက်ကျောမှာ ထမ်းထားရခြင်းသည် ခဲ့ရွမ်ကို ပိုပိုမောပန်းလာစေကာ စစ်ယွိဟန်အား သူ့ခြေလှမ်းများ ပိုလေးလံလာသည်ကို သံသယဖြစ်စေသည်။ ထိုအချိန်တွင် အဝေးတစ်နေရာမှ ရယ်မောသံတွေကို ကြားလိုက်ရသည်။ ခဲ့ရွမ်သည် အနီးဆုံးသစ်ပင်ပေါ်သို့ ခုန်ကူးပြီးနောက် စစ်ယွိဟန်ကို သစ်ကိုင်းတစ်ခုပေါ်တွင် တင်လိုက်သည်။ ထို့နောက် သူ၏လက်ညှိုးကို စစ်ယွိဟန်၏ နှုတ်ခမ်းပေါ်တင်ကာ "တိတ်တိတ်နေ" ဟု အဓိပ္ပာယ်ပြုလိုက်သည်။
စစ်ယွိဟန်သည် မျက်ခုံးပင့်ကာ မလှုပ်မယှက် နေလိုက်သည်။
ခဲ့ရွမ် ငုံ့ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ မိန်းကလေးတော်တော်များများ သစ်ပင်အောက်ကနေ လမ်းလျှောက်လာကြသည်။ အဲဒီအထဲက တော်တော် များများက ဓားပြတွေရဲ့ ဇနီးတွေလား ဟုတွေးကာ ခဲ့ရွမ် အံ့သြသွားခဲ့သည်။
"အားလန်.. မြန်မြန်လုပ်.. နောက်မကျန်စေနဲ့"
"ငါ မကြာခင်လိုက်ခဲ့ပါ့မယ်.. ကောင်မလေးတွေ နင်တို့အရင်သွားနှင့်"
သူတို့ထွက်သွားပြီးနောက် ဆယ့်လေး၊ ဆယ့်ငါးနှစ်အရွယ် မိန်းကလေးတယောက် ရောက်လာသည်။ ခဲ့ရွမ်က တိုးညှင်းသော အသံဖြင့် ပြောလိုက်၏။
"ဟန်.. မင်းလက်တွေကို တင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်ထားနော်.. မပြုတ်ကျစေနဲ့.. ငါပြောတာကြားရဲ့လား"
စစ်ယွိဟန်က ခေါင်းညိတ်လိုက်သည်။
"သခင်လေးက ဘယ်ကိုသွားမလို့လဲ"
"ဘယ်မှမဟုတ်ဘူး.. စိတ်မပူနဲ့.. ငါ မင်းကို ဘယ်တော့မှ တစ်ယောက်ထဲ မထားခဲ့ဘူး။ စစ်သူကြီးလင် ဘယ်မှာရှိလဲ သူမများ သိမလားလို့ မေးကြည့်ချင်တာပါ"
"ကောင်းပါပြီ" စစ်ယွိဟန်က ပြောလိုက်သည်။
ထိုမိန်းကလေးရောက်လာတာကိုမြင်တော့ ခဲ့ရွမ်က သူမနောက် ခုန်ဆင်းလိုက်ပြီး ပါးစပ်ကို လက်ဖြင့်အုပ်လိုက်သည်။
"စိတ်မပူနဲ့.. ငါမင်းကို မထိခိုက်စေချင်ဘူး.. အဲဒီစစ်သည်တွေကို ဘယ်နေရာမှာ ထားထားလဲဆိုတာကို ငါသိချင်တယ်"
"အာ.. အာ... "
"မိန်းကလေး.. လိမ္မာစမ်းပါ.. ငါတို့လိုလူတွေက ငါတို့လိုချင်တာကိုရဖို့ ဘာမဆိုလုပ်နိုင်ဆိုတာ မင်းသိသင့်တယ်"
ခဲ့ရွမ်သည် သူ့အသံကို နိမ့်ချလိုက်သည်။ မိန်းကလေးကို ကြောက်ဖို့မရည်ရွယ်ပေမယ့် အချိန်က ကန့်သတ်ချက် ရှိသည်။ သူအနားမှာမရှိတုန်း လင်ချင်းယဲ့ တစ်ခုခု ဖြစ်သွားခဲ့ရင် ဘာလိုလုပ်မလဲ။
ထိုမိန်းကလေးက စငိုတော့သည်။
စစ်ယွိဟန်သည် ဤအရာအားလုံးကို အပေါ်စီးမှ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ငါတို့လိုလူတွေ?
ခဲ့ရွမ်၏ မျက်နှာသည် ဆိုးသွမ်းယောင်ဆောင်ရန် ကြိုးစားနေချိန်၌ အူကြောင်ကြောင်လေးဖြစ်နေသဖြင့်
သူ့ကို တကယ် ချစ်စရာကောင်းစေသည်။
စစ်ယွိဟန် အနည်းငယ် ပြုံးလိုက်မိပြီးနောက် တစ်စုံတစ်ခုကို ရိပ်မိသွားကာ ချက်ချင်းပင် သူ့အပြုံးကို ပြန်ရုတ်သိမ်း လိုက်သည်။ သူ့မျက်လုံးတွေကို ကြည့်လိုက်မယ်ဆိုရင် သူဘာတွေတွေးနေမှန်း ဘယ်သူမှသိနိုင်မှာ မဟုတ်ပေ။
_19.11.21
Thanks for reading ❣️
(Zawgyi)
Chapter-42 The Peaceful Mountain Qiao
ခဲ့႐ြမ္က အဆင္ေျပေျပ ျဖစ္ေစရန္ အနက္ေရာင္ ဝတ္ထားသည္။ သူက စစ္ယြိဟန္ကို ေက်ာေပၚတင္ၿပီး ေျပာလိုက္၏။
"ဟန္.. အသံမထြက္နဲ႕ေနာ္ ဟုတ္ၿပီလား"
စစ္ယြိဟန္၏ မ်က္ႏွာေပၚတြင္ အၿပဳံးေလးတစ္ခု ေပၚလာၿပီး ျပန္ေျဖလိုက္သည္။
"ေကာင္းပါၿပီ"
ခဲ့႐ြမ္ ေခါင္မိုးေပၚကို တက္လိုက္သည္။ ဟိုဟိုဒီဒီ ၾကည့္လိုက္ေတာ့ ဒီေနရာက သူ စိတ္ကူးထားတဲ့အတိုင္း မဟုတ္ေပ။ ကင္းလွည့္ေနတဲ့ ဓားျပေတြ အမ်ားႀကီးရွိမယ္ ထင္ထားေသာ္လည္း အမွန္မွာ အခ်ိဳ႕ေနရာမ်ားတြင္ အေစာင့္အၾကပ္ အနည္းငယ္မွ်သာရွိသည္။ ဒီေနရာက ေတာ္ေတာ္ေအးၿပီး ေမွာင္ေနမယ္ထင္ခဲ့၏။ သို႔ေသာ္ ဆန႔္က်င္ဘက္အေနနဲ႕ ဒီေနရာဟာ တကယ့္ကို ၿငိမ္းခ်မ္းလွပါသည္။ ဟုတ္တယ္ ၿငိမ္းခ်မ္းတယ္...
သူ႕ရင္ထဲမွာ ထူးဆန္းတဲ့ ခံစားခ်က္တစ္ခု ေပၚလာသည္။
"ဘာျဖစ္လို႔လဲဟင္" ခဲ့႐ြမ္ မလႈပ္တာကိုျမင္ေတာ့ စစ္ယြိဟန္က အသံတိုးတိုးနဲ႕ ေမးလိုက္သည္။
ခဲ့႐ြမ္သည္ အသိစိတ္ ျပန္လည္ရရွိလာၿပီး ေခါင္းယမ္းလိုက္သည္။
သူ အေတြးလြန္သြားတာသာ ျဖစ္ရမည္။ သူ ဘယ္တုန္းကမွ ဓားျပေတြရွိတဲ့ေနရာကို မေရာက္ဖူးေပ။ ဒီလိုခံစားခ်က္ႀကီး ဘယ္ေနရာကရလာတာလဲ? သူတစ္ေန႕လုံး ေသတၱာထဲမွာ ေခါင္းေစာင့္ခံ လာရတဲ့အတြက္ ဦးေႏွာက္ထိခိုက္သြားတာပဲ ျဖစ္ရမည္။
"စစ္သူႀကီးလင္ကို သြားရွာရေအာင္"
"ဟုတ္!"
အစကေတာ့ ခဲ့႐ြမ္က စစ္ယြိဟန္ကို ဒီေနရာေခၚလာဖို႔ နည္းနည္း ရႈပ္ၿပီး အဆင္မေျပဘူးလို႔ ေတြးမိသည္။ သူ႕ကို အရင္ဆုံး ေျပလည္ေအာင္ေျဖရွင္းဖို႔ နည္းလမ္းရွာရေပမည္။
သို႔ေသာ္ စစ္ယြိဟန္က ဒီကိုေရာက္ေနၿပီဆိုမွေတာ့ သူ႕ကို အခုျပန္ပို႔ဖို႔က ယုတၱိမရွိေတာ့ေပ။ ဒါေၾကာင့္ ခဲ့႐ြမ္
စစ္သူႀကီးလင္ကို အရင္ဆုံးရွာဖို႔ ဆုံးျဖတ္လိုက္သည္။ ဤသည္မွာ တစ္ခုတည္းေသာ နည္းလမ္းပင္။
အေမွာင္ထဲတြင္ ခဲ့႐ြမ္သည္ စစ္ယြိဟန္ကို ေက်ာေပၚတင္ကာ စစ္သူႀကီးလင္ကို ရွာရင္း ေျမျပင္ေပၚကို စူးစမ္းေနသည္။
စစ္ယိဟန္ကို သူ႕ေနာက္ေက်ာမွာ ထမ္းထားရျခင္းသည္ ခဲ့႐ြမ္ကို ပိုပိုေမာပန္းလာေစကာ စစ္ယြိဟန္အား သူ႕ေျခလွမ္းမ်ား ပိုေလးလံလာသည္ကို သံသယျဖစ္ေစသည္။ ထိုအခ်ိန္တြင္ အေဝးတစ္ေနရာမွ ရယ္ေမာသံေတြကို ၾကားလိုက္ရသည္။ ခဲ့႐ြမ္သည္ အနီးဆုံးသစ္ပင္ေပၚသို႔ ခုန္ကူးၿပီးေနာက္ စစ္ယြိဟန္ကို သစ္ကိုင္းတစ္ခုေပၚတြင္ တင္လိုက္သည္။ ထို႔ေနာက္ သူ၏လက္ညွိုးကို စစ္ယြိဟန္၏ ႏႈတ္ခမ္းေပၚတင္ကာ "တိတ္တိတ္ေန" ဟု အဓိပၸာယ္ျပဳလိုက္သည္။
စစ္ယြိဟန္သည္ မ်က္ခုံးပင့္ကာ မလႈပ္မယွက္ ေနလိုက္သည္။
ခဲ့႐ြမ္ ငုံ႕ၾကည့္ၿပီးေနာက္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ မိန္းကေလးေတာ္ေတာ္မ်ားမ်ား သစ္ပင္ေအာက္ကေန လမ္းေလွ်ာက္လာၾကသည္။ အဲဒီအထဲက ေတာ္ေတာ္ မ်ားမ်ားက ဓားျပေတြရဲ႕ ဇနီးေတြလား ဟုေတြးကာ ခဲ့႐ြမ္ အံ့ၾသသြားခဲ့သည္။
"အားလန္.. ျမန္ျမန္လုပ္.. ေနာက္မက်န္ေစနဲ႕"
"ငါ မၾကာခင္လိုက္ခဲ့ပါ့မယ္.. ေကာင္မေလးေတြ နင္တို႔အရင္သြားႏွင့္"
သူတို႔ထြက္သြားၿပီးေနာက္ ဆယ့္ေလး၊ ဆယ့္ငါးႏွစ္အ႐ြယ္ မိန္းကေလးတေယာက္ ေရာက္လာသည္။ ခဲ့႐ြမ္က တိုးညွင္းေသာ အသံျဖင့္ ေျပာလိုက္၏။
"ဟန္.. မင္းလက္ေတြကို တင္းတင္းၾကပ္ၾကပ္
ဆုပ္ကိုင္ထားေနာ္.. မျပဳတ္က်ေစနဲ႕.. ငါေျပာတာၾကားရဲ႕လား"
စစ္ယြိဟန္က ေခါင္းညိတ္လိုက္သည္။
"သခင္ေလးက ဘယ္ကိုသြားမလို႔လဲ"
"ဘယ္မွမဟုတ္ဘူး.. စိတ္မပူနဲ႕.. ငါ မင္းကို ဘယ္ေတာ့မွ တစ္ေယာက္ထဲ မထားခဲ့ဘူး။ စစ္သူႀကီးလင္ ဘယ္မွာရွိလဲ သူမမ်ား သိမလားလို႔ ေမးၾကည့္ခ်င္တာပါ"
"ေကာင္းပါၿပီ" စစ္ယြိဟန္က ေျပာလိုက္သည္။
ထိုမိန္းကေလးေရာက္လာတာကိုျမင္ေတာ့ ခဲ့႐ြမ္က သူမေနာက္ ခုန္ဆင္းလိုက္ၿပီး ပါးစပ္ကို လက္ျဖင့္အုပ္လိုက္သည္။
"စိတ္မပူနဲ႕.. ငါမင္းကို မထိခိုက္ေစခ်င္ဘူး.. အဲဒီစစ္သည္ေတြကို ဘယ္ေနရာမွာ ထားထားလဲဆိုတာကို ငါသိခ်င္တယ္"
"အာ.. အာ... "
"မိန္းကေလး.. လိမၼာစမ္းပါ.. ငါတို႔လိုလူေတြက ငါတို႔လိုခ်င္တာကိုရဖို႔ ဘာမဆိုလုပ္နိုင္ဆိုတာ မင္းသိသင့္တယ္"
ခဲ့႐ြမ္သည္ သူ႕အသံကို နိမ့္ခ်လိဳက္သည္။ မိန္းကေလးကို ေၾကာက္ဖို႔မရည္႐ြယ္ေပမယ့္ အခ်ိန္က ကန႔္သတ္ခ်က္ ရွိသည္။ သူအနားမွာမရွိတုန္း လင္ခ်င္းယဲ့ တစ္ခုခု ျဖစ္သြားခဲ့ရင္ ဘာလိုလုပ္မလဲ။
ထိုမိန္းကေလးက စငိုေတာ့သည္။
စစ္ယြိဟန္သည္ ဤအရာအားလုံးကို အေပၚစီးမွ ရွင္းရွင္းလင္းလင္း ျမင္လိုက္ရသည္။
ငါတို႔လိုလူေတြ?
ခဲ့႐ြမ္၏ မ်က္ႏွာသည္ ဆိုးသြမ္းေယာင္ေဆာင္ရန္ ႀကိဳးစားေနခ်ိန္၌ အူေၾကာင္ေၾကာင္ေလးျဖစ္ေနသျဖင့္
သူ႕ကို တကယ္ ခ်စ္စရာေကာင္းေစသည္။
စစ္ယြိဟန္ အနည္းငယ္ ၿပဳံးလိုက္မိၿပီးေနာက္ တစ္စုံတစ္ခုကို ရိပ္မိသြားကာ ခ်က္ခ်င္းပင္ သူ႕အၿပဳံးကို ျပန္႐ုတ္သိမ္း လိုက္သည္။ သူ႕မ်က္လုံးေတြကို ၾကည့္လိုက္မယ္ဆိုရင္ သူဘာေတြေတြးေနမွန္း ဘယ္သူမွသိနိုင္မွာ မဟုတ္ေပ။
_19.11.21
Thanks for reading ❣️