(Unicode)
Chapter-36 Si Yuhan smiled
ခဲ့ရွမ်၏ နားထဲသို့ နူးညံ့သော ရယ်မောသံက ရုတ်တရက် ထွက်ပေါ်လာသည်။ သူ အံ့ဩသွားပြီး သူကြားလိုက်သမျှကို မယုံနိုင်ဖြစ်မိသည်။ ခေါင်းငုံ့ကာ ကြည့်လိုက်တော့ စစ်ယွိဟန်၏ နူးညံ့သော မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ထင်ရှားစွာ ရှိနေသည်ကို သူတွေ့လိုက်ရသည်။
ခဲ့ရွမ်သည် သူ၏၀တ်စုံကို ဆုပ်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားခြင်းကို ထိန်းထားရန် ကြိုးစားလိုက်သည်။
'အား! သူက ရယ်နေတာပဲ.. ငါ သူရယ်နေတာကို ပထမဆုံး အကြိမ် မြင်ဖူးတာပဲ' ခဲ့ရွမ်က သူ့စိတ်ထဲမှာ အော်ဟစ်လိုက်လေသည်။
သူ အလွန်စိတ်လှုပ်ရှားနေသော်လည်း သူ့ကိုယ်သူ မရယ်မိအောင် ထိန်းထားလိုက်သည်။ ဒီမြင်ကွင်းက စစ်ယွိဟန်ရဲ့ မျက်လုံးထဲကို ရောက်သွားခဲ့၏။
ထိုအခါမှ စစ်ယွိဟန်ဟာ သူဘာလုပ်မိလဲဆိုတာကို သဘောပေါက်သွားပြီး သူ့မျက်နှာပေါ်က အပြုံးက ချက်ချင်းပျောက်ကွယ်သွားတော့သည်။
'ငါဘာလုပ်နေတာလဲ.. ငါပျော်နေလား?' သူ့စိတ်ထဲတွင် သူ့ကိုယ်သူ မေးလိုက်သည်။
ဒီလို ခံစားချက်မျိုး သူ့ဆီမှာ မရှိသင့်ဘူး.. ဒါပေမယ့် အခုရှိလာရုံတင်မကဘူး သူအမုန်းဆုံးလူက သူ့ဆီကို ယူဆောင်လာခဲ့တယ်။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ?
စစ်ယွိဟန်၏ အပြုံးတွင် နှစ်မြုပ်နေသဖြင့် ခဲ့ရွမ်သည် သူ့မျက်နှာပေါ်ရှိ အပြုံးသည် အေးစက်သွားပြီး သူ့အတွင်း၌ ဂနာမငြိမ်ဖြစ်ခြင်းများဖြင့် အစားထိုးလာသည်ကို ခဲ့ရွမ် သတိမထားမိလိုက်ပေ။
"မင်း ဒဏ်ရာရသွားပြီ" ခဲ့ရွမ်က ရုတ်တရက် သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။ စစ်ယွိဟန် မသိစိတ်က သူ့ဆုပ်ကိုင်မှုကနေ လွတ်မြောက်ချင်သော်လည်း ခဲ့ရွမ်က သူ့လက်တွေကို လွှတ်ထားပြီးသား ဖြစ်နေပြီ။ သူက နောက်လှည့်ပြီး အခန်းထဲက ထွက်လာတော့သည်။
သူ၏လက်က အပူချိန်သည် အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရသော စစ်ယွိဟန်သည် ခံစားချက်များ ရောထွေးလာကာ ခဏတာမှင်တက်သွားသည်။
သူက သူ့လက်ကောက်ဝတ်တွေကို စိုက်ကြည့်လိုက်သည်။ အစောပိုင်းက ကြိုးချည်ထားသလို ဟန်ဆောင်ဖို့အတွက် သူ့လက်ကောက်ဝတ်မှာ အနီရောင်အမှတ်အသား တစ်ခုကို လုပ်ခဲ့သည်။
ခဏအကြာတွင် စစ်ယွိဟန် ချဉ်းကပ်လာသော ခြေသံအချို့ကို ကြားလိုက်ရသည်။ ခေါင်းကို မော့ပြီး လာသူကို ကြည့်လိုက်တဲ့အခါ ခဲ့ရွမ် ဖြစ်နေ၏။
ခဲ့ရွမ်သည် သူ့လက်သေးသေးလေးကို ဆုပ်ကိုင်လိုက်ပြီး ပုလင်းဖြူလေးကိုဖွင့်ကာ ဒဏ်ရာများပေါ် ညင်သာစွာ လိမ်းကျံပေးလိုက်သည်။
"မနာပါဘူး.. စိတ်မပူနဲ့"
ဗာလစံစေးက အေးနေပေမယ့် ခဲ့ရွမ်ရဲ့ လက်ချောင်းတွေက ပူနွေးနေသည်။ စစ်ယွိဟန်သည် သူ့အရေပြားအောက်၌ ရေခဲနှင့်မီးများ ပြေးနေသလို ခံစားရသည်။
စစ်ယွိဟန်က ခေါင်းငုံ့ကြည့်လိုက်တဲ့အခါ ခဲ့ရွမ်၏ ဦးခေါင်းကိုသာ မြင်လိုက်ရသည်။ အနက်ရောင်ဆံပင်ကို ဆံညှပ်တစ်ခုတည်းဖြင့် ပေါ့ပေါ့ပါးပါး ချည်နှောင်ထားသည်။ တစ်ရက်ကြာခဲ့ပြီးနောက်မှာတော့ ဆံပင်အချို့သည် ဆံညှပ်မှ ထွက်ကျလာသည်။ ကြေကွဲစရာပုံရိပ်ပင်။
ခဲ့ရွမ်က သူ့ဆံပင်ကို ပေါ့ပေါ့ပါးပါး စည်းရတာ ကြိုက်လို့လား ဒါမှမဟုတ် ပျင်းနေလို့လားဆိုတာ စစ်ယွိဟန် မသိပေ။ ဘာပဲဖြစ်ဖြစ် ပျင်းနေတာ ပိုဖြစ်နိုင်သည်။
ပြီးခဲ့သော ရက်အနည်းငယ်အတွင်း ခဲ့ရွမ်သည် ဒုက္ခများစွာ ခံစားခဲ့ရသည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော် စစ်ယွိဟန် အံ့ဩမိသည်မှာ သူက လုံးဝမညည်းညူခဲ့ခြင်း ဖြစ်ပေသည်။
"ကောင်းပြီ.. အဲဒါက မပြင်းထန်ပါဘူး.. မင်းရဲ့ နူးညံ့ပျော့ပျောင်းတဲ့ အသားအရေမှာ အမာရွတ်ကျန်ခဲ့မှာ မဟုတ်ဘူး" ခဲ့ရွမ်က ပြုံးပြီး ပြောလိုက်သည်။
စစ်ယွိဟန် စကားမပြောမီ တစ်စုံတစ်ယောက်က တံခါးကို လာခေါက်တာကြောင့် ခဲ့ရွမ် မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။
"ဝင်ခဲ့ပါ"
ထို့နောက် လင်ချင်းယဲ့ ဝင်လာပြီး သူ့မျက်လုံးများက စစ်ယွိဟန်ကို အကြည့်နဲ့တင် ထိုးဖောက်ပစ်ချင်သည့် အလား စိုက်ကြည့်လိုက်သည်။
စစ်ယွိဟန်လည်း သူ့ကို ပြန်ကြည့်လိုက်ပြီး စိတ်ထဲကနေ ပြောလိုက်သည်။
'လင်ချင်းယဲ့က တိုင်းပြည်ရဲ့ စစ်သူကြီး ဂုဏ်အသရေနှင့် ထိုက်တန်ပါပေတယ်။ ငါ့မှာ တစ်ခုခုမှားနေတာကို သူ သတိထားမိတယ်လား? သူက ခဲ့ရွမ်နဲ့ ယှဉ်လို့ရတဲ့ သူတစ်ယောက်တော့ မဟုတ်ဘူးပဲ။ ဘာပဲဖြစ်ဖြစ် ခဲ့ရွမ်က အရမ်းငယ်သေးတယ်.. သူ ဘယ်လိုလုပ် လင်ချင်းယဲ့နဲ့ ယှဉ်နိုင်မှာလဲ?'
နောက်အခိုက်အတန့်တွင် လင်ချင်းယဲ့သည် သူ့အကြည့်ကို လွှဲလိုက်ပြီး ခဲ့ရွမ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"သခင်လေး.. ကျွန်တော် သင်နဲ့ ဆွေးနွေးစရာရှိတယ်"
ခဲ့ရွမ်သည် မျက်ခုံးပင့်ကာ တွေးလိုက်၏။
စိတ်ဝင်စားစရာ ကောင်းတယ်။ ပထမတော့ သူက
ငါ့ကို သူနဲ့အတူ လိုက်ခွင့်ပြုဖို့ ဝန်လေးနေတယ်။ လမ်းတစ်လျှောက်လုံးမှာလဲ သူ့သဘောထားက ကောင်းပေမယ့် ငါနဲ့ ဘာမှ မဆွေးနွေးချင်ဘူး။ အခုကျမှ သူဘာတွေ ဆွေးနွေးချင်ရတာလဲ?
"ကောင်းပြီ!" ခဲ့ရွမ်က ပြောလိုက်တယ်။ ထို့နောက် သူက စစ်ယွိဟန်၏ဆံပင်ကို ပွတ်သပ်ကာ ပြောလိုက်၏။ "ကောင်းကောင်းအနားယူပါ.. အားလုံး အဆင်ပြေသွားလိမ့်မယ်"
ခဲ့ရွမ်သည် ကလေးမဟုတ်သောကြောင့် လင်ချင်းယဲ့၏ အတွေးကို မှန်းဆနိုင်ခဲ့သည်။
သူ့အခန်းကို ပြန်ရောက်ပြီးနောက် ခဲ့ရွမ်သည် ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ သူက လင်ချင်းယဲ့ကိုကြည့်ပြီး ပြောလိုက်၏။
"စစ်သူကြီးလင်.. ထိုင်ပါဦး"
အတန်ကြာစဉ်းစားပြီးနောက် လင်ချင်းယဲ့သည် ခဲ့ရွမ်၏ တစ်ဖက်ခြမ်းတွင် ထိုင်လိုက်၏။ ခဲ့ရွမ်က သူ့အတွက် ရေတစ်ခွက် ငှဲ့ပေးပြီး မေးလိုက်သည်။
"အဲဒီမိန်းကလေးကိစ္စ ပြေလည်သွားပြီလား"
လင်ချင်းယဲ့က ခေါင်းညိတ်လိုက်သည်။
"စိတ်ချပါ သခင်လေး.. ကျွန်တော် ဒီကိစ္စကို ခရိုင်မှူးဆီ အပ်ထားပြီးပါပြီ.. သူ မကြာခင် ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်"
_16.11.21
စပွိုင်းပေးလိုက်အုံးမယ် စစ်ယွိဟန်က အပိုင်း ၅၀ ကျော်မှ အရင်က ခဲ့ရွမ်မဟုတ်တော့ကြောင်း သိမှာပါနော်.. စောင့်ပေအုံးတော့ 😝
Thanks for reading ❣️
(Zawgyi)
Chapter-36 Si Yuhan smiled
ခဲ့႐ြမ္၏ နားထဲသို႔ ႏူးညံ့ေသာ ရယ္ေမာသံက ႐ုတ္တရက္ ထြက္ေပၚလာသည္။ သူ အံ့ဩသြားၿပီး သူၾကားလိုက္သမွ်ကို မယုံနိုင္ျဖစ္မိသည္။ ေခါင္းငုံ႕ကာ ၾကည့္လိုက္ေတာ့ စစ္ယြိဟန္၏ ႏူးညံ့ေသာ မ်က္ႏွာေပၚတြင္ အၿပဳံးေဖ်ာ့ေဖ်ာ့ေလးတစ္ခု ထင္ရွားစြာ ရွိေနသည္ကို သူေတြ႕လိုက္ရသည္။
ခဲ့႐ြမ္သည္ သူ၏၀တ္စုံကို ဆုပ္ကိုင္လိုက္ၿပီး စိတ္လႈပ္ရွားျခင္းကို ထိန္းထားရန္ ႀကိဳးစားလိုက္သည္။
'အား! သူက ရယ္ေနတာပဲ.. ငါ သူရယ္ေနတာကို ပထမဆုံး အႀကိမ္ ျမင္ဖူးတာပဲ' ခဲ့႐ြမ္က သူ႕စိတ္ထဲမွာ ေအာ္ဟစ္လိုက္ေလသည္။
သူ အလြန္စိတ္လႈပ္ရွားေနေသာ္လည္း သူ႕ကိုယ္သူ မရယ္မိေအာင္ ထိန္းထားလိုက္သည္။ ဒီျမင္ကြင္းက စစ္ယြိဟန္ရဲ႕ မ်က္လုံးထဲကို ေရာက္သြားခဲ့၏။
ထိုအခါမွ စစ္ယြိဟန္ဟာ သူဘာလုပ္မိလဲဆိုတာကို သေဘာေပါက္သြားၿပီး သူ႕မ်က္ႏွာေပၚက အၿပဳံးက ခ်က္ခ်င္းေပ်ာက္ကြယ္သြားေတာ့သည္။
'ငါဘာလုပ္ေနတာလဲ.. ငါေပ်ာ္ေနလား?' သူ႕စိတ္ထဲတြင္ သူ႕ကိုယ္သူ ေမးလိုက္သည္။
ဒီလို ခံစားခ်က္မ်ိဳး သူ႕ဆီမွာ မရွိသင့္ဘူး.. ဒါေပမယ့္ အခုရွိလာ႐ုံတင္မကဘူး သူအမုန္းဆုံးလူက သူ႕ဆီကို ယူေဆာင္လာခဲ့တယ္။ ဒါ ဘယ္လိုျဖစ္နိုင္မွာလဲ?
စစ္ယြိဟန္၏ အၿပဳံးတြင္ ႏွစ္ျမဳပ္ေနသျဖင့္ ခဲ့႐ြမ္သည္ သူ႕မ်က္ႏွာေပၚရွိ အၿပဳံးသည္ ေအးစက္သြားၿပီး သူ႕အတြင္း၌ ဂနာမၿငိမ္ျဖစ္ျခင္းမ်ားျဖင့္ အစားထိုးလာသည္ကို ခဲ့႐ြမ္ သတိမထားမိလိုက္ေပ။
"မင္း ဒဏ္ရာရသြားၿပီ" ခဲ့႐ြမ္က ႐ုတ္တရက္ သူ႕လက္ကို ဆုပ္ကိုင္လိုက္သည္။ စစ္ယြိဟန္ မသိစိတ္က သူ႕ဆုပ္ကိုင္မႈကေန လြတ္ေျမာက္ခ်င္ေသာ္လည္း ခဲ့႐ြမ္က သူ႕လက္ေတြကို လႊတ္ထားၿပီးသား ျဖစ္ေနၿပီ။ သူက ေနာက္လွည့္ၿပီး အခန္းထဲက ထြက္လာေတာ့သည္။
သူ၏လက္က အပူခ်ိန္သည္ အလြန္လ်င္ျမန္စြာ ေပ်ာက္ကြယ္သြားသည္ဟု ခံစားလိုက္ရေသာ စစ္ယြိဟန္သည္ ခံစားခ်က္မ်ား ေရာေထြးလာကာ ခဏတာမွင္တက္သြားသည္။
သူက သူ႕လက္ေကာက္ဝတ္ေတြကို စိုက္ၾကည့္လိုက္သည္။ အေစာပိုင္းက ႀကိဳးခ်ည္ထားသလို ဟန္ေဆာင္ဖို႔အတြက္ သူ႕လက္ေကာက္ဝတ္မွာ အနီေရာင္အမွတ္အသား တစ္ခုကို လုပ္ခဲ့သည္။
ခဏအၾကာတြင္ စစ္ယြိဟန္ ခ်ဥ္းကပ္လာေသာ ေျခသံအခ်ိဳ႕ကို ၾကားလိုက္ရသည္။ ေခါင္းကို ေမာ့ၿပီး လာသူကို ၾကည့္လိုက္တဲ့အခါ ခဲ့႐ြမ္ ျဖစ္ေန၏။
ခဲ့႐ြမ္သည္ သူ႕လက္ေသးေသးေလးကို ဆုပ္ကိုင္လိုက္ၿပီး ပုလင္းျဖဴေလးကိုဖြင့္ကာ ဒဏ္ရာမ်ားေပၚ ညင္သာစြာ လိမ္းက်ံေပးလိုက္သည္။
"မနာပါဘူး.. စိတ္မပူနဲ႕"
ဗာလစံေစးက ေအးေနေပမယ့္ ခဲ့႐ြမ္ရဲ႕ လက္ေခ်ာင္းေတြက ပူေႏြးေနသည္။ စစ္ယြိဟန္သည္ သူ႕အေရျပားေအာက္၌ ေရခဲႏွင့္မီးမ်ား ေျပးေနသလို ခံစားရသည္။
စစ္ယြိဟန္က ေခါင္းငုံ႕ၾကည့္လိုက္တဲ့အခါ ခဲ့႐ြမ္၏ ဦးေခါင္းကိုသာ ျမင္လိုက္ရသည္။ အနက္ေရာင္ဆံပင္ကို ဆံညွပ္တစ္ခုတည္းျဖင့္ ေပါ့ေပါ့ပါးပါး ခ်ည္ေႏွာင္ထားသည္။ တစ္ရက္ၾကာခဲ့ၿပီးေနာက္မွာေတာ့ ဆံပင္အခ်ိဳ႕သည္ ဆံညွပ္မွ ထြက္က်လာသည္။ ေၾကကြဲစရာပုံရိပ္ပင္။
ခဲ့႐ြမ္က သူ႕ဆံပင္ကို ေပါ့ေပါ့ပါးပါး စည္းရတာ ႀကိဳက္လို႔လား ဒါမွမဟုတ္ ပ်င္းေနလို႔လားဆိုတာ စစ္ယြိဟန္ မသိေပ။ ဘာပဲျဖစ္ျဖစ္ ပ်င္းေနတာ ပိုျဖစ္နိုင္သည္။
ၿပီးခဲ့ေသာ ရက္အနည္းငယ္အတြင္း ခဲ့႐ြမ္သည္ ဒုကၡမ်ားစြာ ခံစားခဲ့ရသည္ဟု ဆိုရမည္ျဖစ္သည္။ သို႔ေသာ္ စစ္ယြိဟန္ အံ့ဩမိသည္မွာ သူက လုံးဝမညည္းၫူခဲ့ျခင္း ျဖစ္ေပသည္။
"ေကာင္းၿပီ.. အဲဒါက မျပင္းထန္ပါဘူး.. မင္းရဲ႕ ႏူးညံ့ေပ်ာ့ေပ်ာင္းတဲ့ အသားအေရမွာ အမာ႐ြတ္က်န္ခဲ့မွာ မဟုတ္ဘူး" ခဲ့႐ြမ္က ၿပဳံးၿပီး ေျပာလိုက္သည္။
စစ္ယြိဟန္ စကားမေျပာမီ တစ္စုံတစ္ေယာက္က တံခါးကို လာေခါက္တာေၾကာင့္ ခဲ့႐ြမ္ မတ္တပ္ထရပ္ၿပီး ေျပာလိုက္သည္။
"ဝင္ခဲ့ပါ"
ထို႔ေနာက္ လင္ခ်င္းယဲ့ ဝင္လာၿပီး သူ႕မ်က္လုံးမ်ားက စစ္ယြိဟန္ကို အၾကည့္နဲ႕တင္ ထိုးေဖာက္ပစ္ခ်င္သည့္ အလား စိုက္ၾကည့္လိုက္သည္။
စစ္ယြိဟန္လည္း သူ႕ကို ျပန္ၾကည့္လိုက္ၿပီး စိတ္ထဲကေန ေျပာလိုက္သည္။
'လင္ခ်င္းယဲ့က တိုင္းျပည္ရဲ႕ စစ္သူႀကီး ဂုဏ္အသေရႏွင့္ ထိုက္တန္ပါေပတယ္။ ငါ့မွာ တစ္ခုခုမွားေနတာကို သူ သတိထားမိတယ္လား? သူက ခဲ့႐ြမ္နဲ႕ ယွဥ္လို႔ရတဲ့ သူတစ္ေယာက္ေတာ့ မဟုတ္ဘူးပဲ။ ဘာပဲျဖစ္ျဖစ္ ခဲ့႐ြမ္က အရမ္းငယ္ေသးတယ္.. သူ ဘယ္လိုလုပ္ လင္ခ်င္းယဲ့နဲ႕ ယွဥ္နိုင္မွာလဲ?'
ေနာက္အခိုက္အတန႔္တြင္ လင္ခ်င္းယဲ့သည္ သူ႕အၾကည့္ကို လႊဲလိုက္ၿပီး ခဲ့႐ြမ္ဘက္သို႔ လွည့္ကာ ေျပာလိုက္သည္။
"သခင္ေလး.. ကြၽန္ေတာ္ သင္နဲ႕ ေဆြးေႏြးစရာရွိတယ္"
ခဲ့႐ြမ္သည္ မ်က္ခုံးပင့္ကာ ေတြးလိုက္၏။
စိတ္ဝင္စားစရာ ေကာင္းတယ္။ ပထမေတာ့ သူက
ငါ့ကို သူနဲ႕အတူ လိုက္ခြင့္ျပဳဖို႔ ဝန္ေလးေနတယ္။ လမ္းတစ္ေလွ်ာက္လုံးမွာလဲ သူ႕သေဘာထားက ေကာင္းေပမယ့္ ငါနဲ႕ ဘာမွ မေဆြးေႏြးခ်င္ဘူး။ အခုက်မွ သူဘာေတြ ေဆြးေႏြးခ်င္ရတာလဲ?
"ေကာင္းၿပီ!" ခဲ့႐ြမ္က ေျပာလိုက္တယ္။ ထို႔ေနာက္ သူက စစ္ယြိဟန္၏ဆံပင္ကို ပြတ္သပ္ကာ ေျပာလိုက္၏။ "ေကာင္းေကာင္းအနားယူပါ.. အားလုံး အဆင္ေျပသြားလိမ့္မယ္"
ခဲ့႐ြမ္သည္ ကေလးမဟုတ္ေသာေၾကာင့္ လင္ခ်င္းယဲ့၏ အေတြးကို မွန္းဆနိုင္ခဲ့သည္။
သူ႕အခန္းကို ျပန္ေရာက္ၿပီးေနာက္ ခဲ့႐ြမ္သည္ ထိုင္ခုံေပၚတြင္ ထိုင္လိုက္သည္။ သူက လင္ခ်င္းယဲ့ကိုၾကည့္ၿပီး ေျပာလိုက္၏။
"စစ္သူႀကီးလင္.. ထိုင္ပါဦး"
အတန္ၾကာစဥ္းစားၿပီးေနာက္ လင္ခ်င္းယဲ့သည္ ခဲ့႐ြမ္၏ တစ္ဖက္ျခမ္းတြင္ ထိုင္လိုက္၏။ ခဲ့႐ြမ္က သူ႕အတြက္ ေရတစ္ခြက္ ငွဲ႕ေပးၿပီး ေမးလိုက္သည္။
"အဲဒီမိန္းကေလးကိစၥ ေျပလည္သြားၿပီလား"
လင္ခ်င္းယဲ့က ေခါင္းညိတ္လိုက္သည္။
"စိတ္ခ်ပါ သခင္ေလး.. ကြၽန္ေတာ္ ဒီကိစၥကို ခရိုင္မႉးဆီ အပ္ထားၿပီးပါၿပီ.. သူ မၾကာခင္ ကိုင္တြယ္ေျဖရွင္းနိုင္မယ္လို႔ ယုံၾကည္ပါတယ္"
_16.11.21
စပြိုင္းေပးလိုက္အုံးမယ္ စစ္ယြိဟန္က အပိုင္း ၅၀ ေက်ာ္မွ အရင္က ခဲ့႐ြမ္မဟုတ္ေတာ့ေၾကာင္း သိမွာပါေနာ္.. ေစာင့္ေပအုံးေတာ့ 😝
Thanks for reading ❣️