ရှီရှန်း ရှီရှန်း Book 1 Ar...
由 Hanpandora
452K 52.6K 552
Unicode သည်းထိတ်ရင်ဖိုဇာတ်လမ်း​တွေကိုနှစ်သက်တဲ့ စာ​ရေးဆရာမရှီရှန်းဟာ ​ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ်... 更多
Intro
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18
Arc 1.19
Arc 1.20 END
Arc 2.0
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 2.21
Arc 2.22
Arc 2.23
Arc 2.24
Arc 2.25
Arc 2.26
Arc 2.27
Arc 2.28
Arc 2.29
Arc 2.30
Arc 2.31 END
Arc 3.0
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 3.16
Arc 3.17
Arc 3.18
Arc 3.19
Arc 3.20
Arc 3.21
Arc 3.22
Arc 3.23
Arc 3.24
Arc 3.25
Arc 3.26
Arc 3.27
Arc 3.28
Arc 3.29
Arc 3.30
Arc 3.31
Arc 3.32
Arc 3.33 END
ဆရာသခင်ယွီ​ရှောင်း (Special Episode)
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.13
Arc 4.14
Arc 4.15
Arc 4.16
Arc 4.17
Arc 4.18
Arc 4.19
Arc 4.20
Arc 4.21
Arc 4.22
Arc 4.23
Arc 4.24
Arc 4.25
Arc 4.26
Arc 4.28
Arc 4.29
Arc 4.30
Arc 4.31
Arc 4.32
Arc 4.33END
Warning
Arc 4.27
2.4K 315 1
由 Hanpandora
Unicode
ရှီရှန်းက မြို့တော်ကထွက်လာပြီး သူရဲ့အုပ်စုကိုခေါ်ကာ Bမြို့ကိုပြန်လာခဲ့တယ်။ သူမက မြို့တော်မှာ ဒီထက်ကြာကြာနေရမယ်လို့ တွက်ထားပေမဲ့ ဒီလောက်မြန်မယ်လို့ မထင်ထားခဲ့ဘူး။ သူမထပ်မထင်ထားခဲ့တာက questကဒီလောက်ကြီးရှုပ်ထွေးမယ်‌လို့ရောပဲလေ။ ဒါကြောင့် သူကအရင်နှစ်တွေကတွေးထားခဲ့တဲ့ ပထမဆုံးအစီအစဥ်ကို အ‌စဖော်တော့တယ် : Zombieအင်ပါယာကြီး တည်ထောင်ခြင်း။
သူBမြို့ဝန်းကျင်ကိုရောက်တော့ သူ့ကောင်လေးတွေ အခြေစိုက်စခန်းအခြေစံစနစ်ကို စီစဥ်ပြီးသွားပြီဆိုတာ သိလိုက်ရတယ်။ သူတို့ရှေ့မှာ ကိုယ်ထင်ပြလိုက်တော့ သူတို့လုံးဝကို အံ့သြသွားကြတော့တယ်။
' ဘောစ့်က တကယ်ကြီးအစောကြီး ပြန်လာတာလား။ ဘောစ့် Bမြို့ကထွက်သွားတော့(ငါတို့ကိုယ်တိုင်မမြင်ရပေမဲ့), အဲ့အကြောင်းကငါတို့ကိုတကယ် တုန်လှုပ်သွားစေတယ်။ အခုလိုရုတ်တရက်ကြီး အစောကြီး ပြန်ရောက်လာမယ်ဆိုတာမျိုးတွေးကြည့်လိုက်ရင် ဖုတ်ကောင်တွေကိုတောင် ထပ်ကြောက်မှာမဟုတ်တော့ဘူး!!! '
စခန်းမှာက လူတွေစရှိနေပြီဖြစ်တယ် ရာဂဏန်းလောက်ပဲ ရှိသေးတယ်ဆိုပေမဲ့လို့ပေါ့။ ရှီရှန်းက သူ့ရဲ့ဖုတ်ကောင်တပ်ကြီးကို စခန်းထဲခေါ်လာတော့ ကျန်တဲ့သူတွေခမျာ အတင်းတောင်မတုတ်ရဲကြတော့ဘူး။ စိတ်ထဲကတော့ ဆန္ဒတွေပြနေကြာပေါ့..,
ဖုတ်ကောင်တွေက လွတ်လွတ်လပ်လပ်အလုပ်ခွင့်ရတဲ့အခါမှာတော့ စခန်းနံရံအကြီးကြီးကို ကြိုးစားပမ်းစားဆောက်ကြတော့တယ်။ လူတွေက အံ့သြရာကနေ ကြောက်ရွံမှု အဲ့ကနေတဖြေဖြေးနဲ့လက်ခံလာနိုင်ကြတော့တယ်။ ဒီရာကျော်လူတွေက ကြာလာတော့ ≤≤Fight Us!!! ≥≥ မှာပဲ အခြေချနေကြတဲ့သူတွေ ဖြစ်လာကြတယ်။
လအနည်းငယ်ကြာပြီးနောက် သူတို့က ရှီရှန်းရဲ့စခန်းမှာနောက်ထပ်လူတွေလက်မခံဘဲ ဖုတ်ကောင်တွေသာများများလာတာတဲ့အချက်ကို သဘောကျလာတော့တယ်။
ချန်းယုတို့ကတော့ သူတို့ဘောစ့်ဘာလုပ်ဖို့ကြံနေလဲဆိုတာ  မသိကြပေမဲ့ သူဆန္ဒအားလုံးကို‌ပဲ ဖြည့်ဆည်းပေးနေကြတယ်။
....................
ရှီရှန်းက Bမြို့နားမှာ ဖုတ်ကောင်တပ်ကြီးကို ပိုကြီးပြီးသန်မာလာအောင် လုပ်နေ‌တဲ့အချိန် ချီမင်ယွဲ့ကတော့ အသုံးကျတာဘာမှဖြစ်မလာခဲ့ဘူး။
သူတို့အဖွဲ့က အဖမ်းခံထားခဲ့ရပြီး ဆောင်းရှီက သူလွတ်မြောက်ဖို့သာ ရုန်းကန်ခဲ့တာကြောင့် ချီမင်ယွဲ့ကိုကယ်ချိန်မရှိခဲ့ဘူး... ကယ်ချင်စိတ်မရှိတာလို့ ပြောရင် ပိုတိကျတယ်။
နိဂုံးချုပ်ရရင် ဆောင်းရှီက ချီမင်ယွဲ့ပေါ်ကြွေမကျခင်မှာ သူ့ခံစားချက်တွေကိုတခြား‌တစ်ယောက်ဆီ လေးနက်စွာပေးဖြစ်သွားခဲ့တာပဲဖြစ်တယ်။
ချီမင်ယွဲ့ကတော့ လူအများထင်နေတဲ့ ""သူ့ရဲ့ကုသစွမ်းအားကြီး""ကြောင့် ထိန်းချုပ်ခံထားရဆဲပဲ။ သူ့ကိုဘယ်လောက်ပဲ ဖိအားပေးပေး သူကအခုထိလူအများရှေ့မှာ သူ့စွမ်းအားတွေထုတ်ပြဖို့ ငြင်းဆန်နေခဲ့တယ်။
" သူအရင်တိုင်းပဲလား "
ဇုန်ခေါင်းဆောင်က ချန်းရှီကိုမေးလိုက်တယ်။
ချန်းရှီကခေါင်းငြိမ့်လိုက်တယ်။
"ဟုတ်ကဲ့ သူကအခုထိ စွမ်းအားအကြောင်းထုတ်ပြောဖို့ ထုတ်သုံးပြဖို့ ငြင်းနေတုန်းပဲ "
ဇုန်ခေါင်းဆောင်က အကြာကြီးတွေးနေပြီးမှ ပြောလိုက်တယ်။
" သွား အမြင်စွမ်းအားပိုင်ရှင်တချို့သွားရှာပြီး သူ့ကိုCctvမရှိတဲ့အခန်းထဲ ထည့်ထားပေးလိုက် "
ချန်းရှီမျက်နှာက ဆိုးဝါးလာတယ်။ ဇုန်ခေါင်းဆောင်က သူ့ကိုမော့ကြည့်ရင်းပြောလိုက်တယ်။
"ချန်းရှီ မင်းစလိုက်ကတည်းက နောက်ပြန်လှည့်မရတော့ဘူး။ ကောင်းကောင်းလုပ်ခဲ့ ...မဟုတ်ရင်မင်းမိသားစုအတွက် အာမ မခံဘူး။  "
" ဟုတ်ကဲ့ "
ချီမင်ယွဲ့က Cctvမရှိတဲ့ အခန်းထဲအပို့ခံလိုက်ရတယ်။ သူ့အတွက် အစာပေးနေသေးပေမဲ့လည်းအရမ်နည်းလွန်းတယ်။ သူစားရတဲ့အစာတွေနဲ့တင် ဗိုက်မပြည့်ဘူး။ စားစရာတွေက တဖြေးဖြေးနည်းနည်းလာတော့တယ်။ နောက်ဆုံးတော့ သူ့အတွက် အစာတောင် မပေး​တော့ဘူး။
ချီမင်ယွဲ့က cctvမရှိကြောင်း သေချာစစ်ဆေးပြီးနောက် spaceထဲက အစာနဲ့ရေတွေကို ထုတ်လိုက်ပြီး ဗိုက်ဝအောင်စားလိုက်တော့တယ်။ နောက်တော့ ဒီကလွတ်ဖို့ရာ ကြံတော့တယ်။
တံခါးပေါက်အပြင် အခန်းထဲကထွက်ဖို့မဖြစ်နိုင်ဘူး။ သူ့အစာတွေက တံခါးအောက်ခြေအပေါက်သေးသေးလေးကနေ ပို့တာကြောင့် ထွက်ချင်ရင် တံခါးကိုဖွင့်မှဖြစ်မယ်။ ချီမင်ယွဲ့က အပြင်ထွက်ဖို့ကြံနေခဲ့တယ်။ ဒါပေမဲ့သူမထွက်နိုင်ခင်မှာပဲ လူတစ်စုဝင်လာပြီး သူ့ကိုမေ့ဆေးအတင်းထိုးပေးလိုက်ကြတယ်။
သူနိုးလာတဲ့အချိန်မှာတော့ သူကခွဲခန်းထဲရောက်နေတာကို သိလိုက်ရပြီး ဝတ်စုံဖြူနဲ့လူတွေကသူအနားမှာ သွားလာနေကြတာကို တွေ့လိုက်ရတယ်။
' ငါဘယ်ရောက်နေတာလဲ '
သူကခေါင်းကိုလှည့်ပြီး ဟိုကြည့်ဒီကြည့်လုပ်လိုက်တော့ သူ့ကိုပြုံးပြနေတဲ့နှုတ်ခမ်းတစ်စုံကို တွေ့လိုက်ရတယ်။
' ဒါက ဇုန်ခေါင်းဆောင်မဟုတ်လား '
ဇုန်ခေါင်းဆောင်က သူနားလျှောက်လာပြီး ဖခင်တစ်ယောက်ရဲ့အသံလိုမျိုး နူးညံ့စွာပြောလိုက်တယ်။
" မိန်းကလေး မင်းနိုးလာပြီပဲ "
" ရှင် ရှင်ဒီမှာ ဘာလုပ်နေတာလဲ "
သူတွေးရင်းကြောက်လာတယ်။ သူမ ကမကြာခင်ကမှ သူ့spaceကိုထုတ်သုံးခဲ့ပြီးနောက် အဖမ်းခံလိုက်ရတာ။ နိုးနိုးချင်း ဇုန်ခေါင်းဆောင်နဲ့တွေ့လိုက်ရတာပဲ။ ဇုန်ခေါင်းဆောင်က ကောင်းတဲ့လူမဟုတ်ဘူးဆိုတာ ဝတ္ထုဖတ်ကတည်းက သူသိနေလေတယ်။
"မကြောက်ပါနဲ့ မိန်းကလေး "
ဇုန်ခေါင်းဆောင်ရဲ့အပြုံးက ပိုတောင်နူးညံ့လာတယ်။
" မိန်းကလေးဆီမှာspaceရှိတယ်မလား။ အဲ့ဒါကဘယ်လောက်ထိကြီးလဲ ပြောပြ။ အတိကျသိရဖို့အတွက် အရမ်း‌အရေးကြီးတယ်။ မိန်းကလေးကနောက်ကျရင်လူသားမျိုးနွယ်ကိုကယ်တင်တဲ့သူတောင် ဖြစ်သွားနိုင်တယ်။  "
ချီမင်ယွဲ့က ပိုတောင်ကြောက်လာတယ်။
' သူ သူဘယ်လိုလုပ်သိသွားတာလဲ '
" ရှင်ဘာတွေ ပြောနေမှန်းကျွန်မမသိဘူး။ ဘာနေရာလဲ။ ဒါကရော ဘယ်နေရာကြီးလဲ "
သူကသဘာဝကျကျပဲ ဘူးခံငြင်းလေတယ်။ မူရင်းဝတ္ထုထဲမှာ MCဖြစ်တဲ့ကုနန်းကတောင် spaceအကြောင်းလွယ်လွယ်မပြောရဲခဲ့ဘူးလေ။
ဇုန်ခေါင်းဆောင်က သု့လက်ကိုယမ်းလိုက်တော့ ဝတ်စုံဖြူနဲ့သူက ဗန်းတစ်ခုကိုသယ်လာခဲ့တယ်။
ဗန်းထဲမှာ ပစ္စည်းမျိုးစုံပါလေတယ်။ ချီမင်ယွဲ့က အစကတည်းကတုန်လှုပ်နေတာ ဗန်းထဲကပစ္စည်းတွေကိုမြင်တော့ ‌မျက်လုံးအရောင်တွေကအစဖျော့တော့သွားတော့တယ်။ ဗန်းပေါ်မှာရှိနေတာက သူ့spaceထဲကပစ္စည်းတွေပဲဖြစ်တယ်။
' ဒါ ဒါတွေက ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ '
" ဒီပစ္စည်းတွေကို ရင်းနှီးတယ်မလား။ဒါတွေကို မင်းဘာသာပဲထုတ်ခဲ့တာ။ ကြည့်ချင်လား"
သူ့ရှေ့မှာ ဖန်သားပြင်တစ်ခုပေါ်လာတော့တယ်။ အဲ့ထဲမှာ သူကြိုးတုပ်ခံထားရပြီး တစ်ယောက်ယောက်က ပစ္စည်းတွေထုတ်လာအောင်စိတ်ညို့ခံနေရတယ်။
" မဟုတ်ဘူး..,,"
သူမက ခေါင်းကိုခါရင်း ဆိုလေတယ်။
ဇုန်ခေါင်းဆောင်က ဆက်ပြုံးထားပေမဲ့ သူ့မျက်လုံးတွေကတော့ သူ့အကြံတွေကို ပြောပြနေတယ်။
' ဟမ့်... ဒီကောင်မမှာ ထူးခြားတဲ့spaceတစ်ခုရှိနေမှန်းမသိရင် ဘာလို့အသက်ရှင်နေဦးမှာလဲ '
အစတုန်းကတော့ ချီမင်ယွဲ့ကနှုတ်ပိတ်ထားတုန်းပဲ။ သူက ဒီကထွက်ပြေးဖို့တောက်လျှောက်တွေးနေခဲ့ပေမဲ့ ဒီနေရာကအရမ်းကျယ်လွန်းတယ်။
နောက်ဆုံးတော့ သူကဇုန်ခေါင်းဆောင်ခိုင်းသမျှလုပ်တဲ့အထိ brainwashလုပ်ခံလိုက်ရတယ်။ သူက spaceဘယ်လောက်ကျယ်ကြောင်းပြောရုံမက စိမ်းရေအိုင်ရှိကြောင်းပါပြောလိုက်တယ်။ သူက ဇုန်ခေါင်းဆောင်တောင်းသမျှ အကုန်ထုတ်ပေးလေတယ်။ အထူးသဖြင့် စမ်းရေတွေပေါ့။
အရင်နေ့ကကုနန်းစကားတွေကြားပြီးကတည်းက သူကစမ်းရေအိုင်ကို လေ့လာတော့တယ်။ စမ်းရေက တခြားသူတွေအသုံးပြုနေရင် သူမဆီမှာသက်ရောက်မှုနည်းနည်းလာတာပဲဖြစ်တယ်။ ပြီးတော့ စမ်းရေသုံးထားတဲ့သူက ဖုတ်ကောင်တွေကို ပိုဆွဲဆောင်နိုင်တယ်။
' သူကလိုချင်နေတာလား!ရတယ် သူအသက်ရှိနေတုန်း ပျော်ပျော်ကြီးပေးပစ်လိုက်မယ် '
ဇုန်ခေါင်းဆောင်က သူ့လူတွေအသေများလာတော့ ဖုတ်ကောင်တွေပိုအားကြီးလာတယ်လို့ပဲ ထင်ခဲ့တာ။ နောက်တော့ သူစမ်းရေပေးခဲ့တဲ့လူတွေက အများဆုံးသေနေကြောင်း သိသွားခဲ့တယ်။
" ချီမင်ယွဲ့! "
ဇုန်ခေါင်းဆောင်က ချီမင်ယွဲ့အခန်းတံခါးကို ကန်ဖွင့်လိုက်တယ်။
ချီမင်ယွဲ့ကအကျီလဲနေခဲ့တာပဲ ဖြစ်တယ်။ သူ့ရဲ့နှင်းလို ဖြူဖွေးနုနေတဲ့အသားရည်တွေက ဇုန်ခေါင်းဆောင်ကို ဆွဲဆောင်လိုက်မိသလိုဖြစ်သွားတယ်။ သူက စကားမပြောခင် အလျင်မြန်ဖုံးအုပ်လိုက်တယ်။
" ဇုန်ခေါင်းဆောင် ဘာလိုလို့လဲ "
ဇုန်ခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်တယ်။
"နင် ငါ့ကိုပေးတဲ့ရေထဲမှာ တစ်ခုခုခတ်ထားသေးလား "
' စမ်းရေသောက်ပြီးတဲ့လူတွေ ဒုက္ခရောက်ကုန်ပြီထင်တယ် '
သူကအတွေးတွေကို မျက်နှာပေါ်မှာ ပေါ်မလာစေခဲ့ပါဘူး။
" ရှင် စမ်းရေမယူခင် စစ်ကြည့်နေတာပဲမလား ပြီးတော့ ကျွန်မကတစ်ခုခုလုပ်ထားရင် အရင်ဆုံးခံရမဲ့သူက ကျွန်မပဲလေ "
စမ်းရေက ချီမင်ယွဲ့spaceထဲမှာ ရှိတာကြောင့် ဇုန်ခေါင်းဆောင်ကိုယ်တိုင်ယူဖို့ မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် ချီမင်ယွဲ့က ‌ထုတ်ပြီးသားစမ်းရေတွေကို အရင်ဆုံးသောက်ပြရတယ်။ အမှားမရှိတော့မှာသာ ဇုန်ခေါင်းဆောင်ကယူသွားတာဖြစ်တယ်။
ဒါ​ပေမယ့်ဇုန်ခေါင်းဆောင်က ဒီလောက်လွယ်လွယ်နဲ့ အရူးလုပ်ခံရမဲ့သူမဟုတ်ဘူး။
" မင်း မနက်ဖြန်ငါနဲ့ အပြင်ထွက်ရမယ်"
Transalated by Anna💚
Zawgyi
....................
" သူအရင်တိုင်းပဲလား "
" ဟုတ်ကဲ့ "
' ငါဘယ်ရောက်နေတာလဲ '
" မဟုတ်ဘူး..,,"
" ချီမင်ယွဲ့! "
Transalated by Anna💚
继续阅读
You'll Also Like
546K 63.9K 183
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
101K 4.3K 29
မိဘ သဘောတူထားတဲ့ လူကို မယူနိုင်ဘူးလို့ တစ်ထစ်ချ ပြောဆိုထားတဲ့ ကောင်လေးတစ်ယောက် မထင်မှတ်ဘဲ ချစ်မိသွားချိန် လယ်လောက်ထိ ဂျေဝင်ပြီး ဆိုးမလဲဆိုတာ ဖတ် ပေးက...
55.9K 7.1K 172
sequel of (1394 to final)
2.5M 244K 64
This story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလိ...