//Unicode//
(Note- ရှယင်ဟာ holy maidenပါ၊
holy maiden ကိုမြန်မာလိုပြန်ရင်ထောက်လို့
နတ်ဆရာမလို့ပဲရေးပါတော့မယ်၊ သူက holy
maidenဆိုတာလေးပဲမှတ်ထားပေးပါ)
************
အပိုင်း(၅၈၇) ပုံရိပ်ယောင်အစီအရင်
"မင်းကိုပွဲတစ်ခုခေါ်သွားပြရင်ရောဘယ်လိုလဲ"
သူတို့နှစ်ယောက် အခန်းပြန်လာပြီးနောက်
လင်းရှောင်က အစမရှိအဆုံးမရှိထပြောသည်။
ဤ 'ဘယ်လိုလဲ'မှာ လောကွတ်ချော်တာသာဖြစ်ပြီး
တစ်ဖက်လူက ခေါင်းမငြိမ့်ရသေးခင်
ကြောင်တောင်တောင် ယူရှောင်းမိုအား ဆွဲခေါ်သွား
လေသည်။
ပြပွဲ၏သရုပ်ဆောင်များမှာ မော့ရွှယ်၊ မော့ဖေးနှင့်
ရှယင်၏လက်အောက်ငယ်သားနှစ်ယောက်ဖြစ်၏။
လက်အောက်ငယ်သားနှစ်ယောက်သည် မြို့ထဲမှ
ထွက်လာပြီးနောက် ထိုနှစ်ယောက်ကို ထူထပ်သော
တောအုပ်ကြီးထဲ ခေါ်ဆောင်သွားသည်။
တောအုပ်သည် လူသူကင်းမဲ့လျက်ရှိကာ
နတ်ဆိုးသားရဲတစ်ကောင်တစ်လေတောင်မှ
မရှိချေ။ လူသတ်ပြီး မြေမြှုပ်လို့ကောင်းသည့်
နေရာတစ်ခုပင်။
မော့ရွှယ်နှင့်မော့ဖေးမှာမူ မူမမှန်တာတစ်ခုမှ
အာရုံရပုံမပေါ်ဘဲ မော့ဖေးက ကျယ်လောင်စွာ
ဆဲရေးတိုင်းထွာနေသည်။ ထိုထဲတွင် ရှယင်လည်း
ပါဝင်၏။ ဒါက ယူရှောင်းမိုကို အကြီးအကျယ်
အံ့အားသင့်စေသည်။
တည်းခိုခန်းမှာတုန်းက မော့ဖေး ရှယင်ကို
ချိုအီနေသည့်အသံဖြင့် ခေါ်နေသည်ကို
ယူရှောင်းမို နားနဲ့ဆတ်ဆတ်ကြားခဲ့ရသည်။ ယခု
ရှယင်ကလည်း အသုံးမဝင်တော့ရော ချက်ချင်း
အပြစ်တင်ဝေဖန်တော့တာပဲလား။
လင်းရှောင်ခေါ်လာပြသည့် ရှိုးကဘာလဲ သူ
ချက်ချင်းသိသွားသည်။
လက်အောက်ငယ်သားနှစ်ယောက်သည်
ရုတ်တရက် ရပ်တန့်လိုက်ကာ ညီအစ်မနှစ်ယောက်၏
ပြေးပေါက်ကို ရှေ့တစ်ယောက် နောက်တစ်ယောက်
ပိတ်ဆို့၏။ သူတို့အကြည့်များက အလောင်း
နှစ်လောင်းကို ကြည့်နေသည့်နှယ် အေးစက်နေပြီး
လေထုထဲတွင် သတ်ဖြတ်လိုစိတ်များပြည့်နှက်
နေသည်။
"နတ်ဆရာမက ငါတို့ကိုကူမာမျိုးနွယ်စုကို
ပြန်လိုက်ပို့ပေးဖို့ နင်တို့ကိုခိုင်းထားတာ
မဟုတ်ဘူးလား။ နင်တို့ဘာလုပ်နေတယ် ထင်လဲ"
မော့ဖေး ဘယ်လောက်တုံးတုံး လူသတ်ချင်စိတ်က
သူမလိုလူတောင် အာရုံခံမိလောက်သည်အထိ
ပြင်းထန်နေသည်။
သို့ဆိုသော်လည်း လက်အောက်ငယ်သား
နှစ်ယောက်က သူမတို့ကို တကယ်ကြီးသတ်ရဲမည်ဟု
မထင်၍ လုံးဝမကြောက်ပေ။ မော့ရွှယ်က
မော့ဖေးကို တင်းတင်းကျပ်ကျပ်လှမ်းဆွဲလိုက်
သည်။ ဘယ်လိုပဲနေနေ သူမက အကြီးဖြစ်ကာ
တစ်ခါပြီးတစ်ခါ ခံခဲ့ရပြီးနောက်တွင် အရင်ကလို
ငအလေး မဟုတ်တော့။ လက်အောက်ငယ်သား
နှစ်ယောက်က သူမတို့ကို အမှန်တကယ်
သတ်ချင်နေမှန်း သူမ သိသည်။
"ကျဲ မပူနဲ့။ သူတို့ ညီမတို့ကို ဘာမှမလုပ်ရဲဘူး"
မော့ဖေးထင်လိုက်သည်က မော့ရွှယ်က
ဒေါသဖြစ်နေသည်ဟူ၍။
လက်အောက်ငယ်သားနှစ်ယောက်သည်
ဓားရှည်များ ဆွဲထုတ်လိုက်၏။
မော့ဖေးက စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်သည်။
"နင်တို့သေချင်နေလား။ နတ်ဆရာမရဲ့အမိန့်ကို
ဆန့်ကျင်ရဲတယ်ပေါ့။ ငါ့အဖေ သိကိုသိမှာ!
သူမ အပြစ်ပေးခံရစေရမယ်!"
"နတ်ဆရာမရဲ့အမိန့်တဲ့လား"
လက်အောက်ငယ်သား ရှောင်ချိုးသည်
ထေ့ငေါ့၏။
"ငါတို့ နတ်ဆရာမဆီကရတဲ့အမိန့်က နင်တို့ညီအစ်မ
နှစ်ယောက်ကိုသတ်ပစ်ဖို့ပဲ"
"ရှောင်ချိုး လေကုန်ခံမနေနဲ့၊ ထင်မထားတဲ့ကိစ္စမျိုး
မဖြစ်ရစေအောင် မြန်မြန်သာဖြေရှင်းလိုက်"
ကျန်လက်အောက်ငယ်သားက သူမဓားကို
ချက်ချင်းဆိုသလို မြှောက်ပြီး မော့ဖေးကိုထိုးလိုက်
သည်၊ သူမ အကွက်များက ထိလျှင်တန်းသေမည်
ဖြစ်သည်။
မလှမ်းမကမ်းကနေ ကြည့်နေသည့်
ယူရှောင်းမိုမှာ ရှော့ခ်ရလွန်း၍ မေးရိုးတောင်
ပြုတ်ကျသွားပြီထင်သည်။
"ဘာလား"
လင်းရှောင်သည် သူ့ပါးစပ်ကို ကူပိတ်ပေးပြီး
ဂရုမစိုက်စွာပြန်ဖြေသည်။
"မပြောနိုင်ဘူးလား။ အဲ့ဒီနတ်ဆရာမက
မော့ရွှယ်နဲ့ မော့ဖေးကို သတ်ပြီး ကိုယ်တို့ကို
ချောက်ချချင်နေတာ။ ညီအစ်မတွေနဲ့
ကိုယ်တို့ကြားမှာ ရန်ငြှိုးရှိမှန်း လူတိုင်းသိတယ်။
သူတို့သေရင် ကူမာမျိုးနွယ်စုက ကိုယ်တို့ကို
သံသယဝင်မှာပဲ"
"ဒါပေမဲ့ ကျွန်တော်တို့နဲ့ နတ်ဆရာမနဲ့ကြား
ဘာမှမရှိဘူးလေ၊ ဘာလို့ ကျွန်တော်တို့ကို
အပြစ်ပုံချချင်နေရတာလဲ"
ယူရှောင်းမို စိတ်ဓာတ်ကျနေသည်။ ဤနေရာမှ
မိန်းမများက ပိုပိုပြီး ကြောက်ဖို့ကောင်းလာသည်။
"သူမနဲ့ မော့မာက ဆက်ဆံရေးကောင်းပုံမရဘူး။
ကိုယ်တို့နဲ့မော့ရွှယ်ကြားက ရန်ငြှိုးက
အခွင့်အရေးတစ်ခုပဲ၊ အာ့ကြောင့် သူမက
ကိုယ်တို့ကို ပစ်မှတ်ထားနေတာမဟုတ်ဘူး၊
သူပစ်မှတ်ထားနေတာ မော့မာကို"
လင်းရှောင်၏ပါးစပ်ထောင့်စွန်းက ကွေးညွတ်သွား
သည်။ သူ့အပြုံးက အဓိပ္ပါယ်ပါသည်။
ယူရှောင်းမိုက ခေါင်းမော့ကြည့်သည်။
"နတ်ဆရာမက မော့ရွှယ်တို့ညီအစ်မကို
သတ်ချင်နေမှန်း ခင်ဗျားဘယ်လိုသိလဲ"
လင်းရှောင်က ယုံကြည်ချက်အပြည့်ဖြင့်၊
"တည်းခိုခန်းမှာ၊ သူမ ကောင်းကောင်း
သိုဝှက်ထားပေမဲ့ သူတို့ကိုသတ်ချင်နေတာ
ကြာပြီမှန်း ကိုယ် မြင်တယ်။ အဲ့ဒီနောက်ကတော့
သိဖို့မခက်ပါဘူး"
ယူရှောင်းမိုက သူ့ကို ချီးကျူးခြင်းမပြုဖို့
ဆုံးဖြတ်ပြီး တစ်ချက်လှမ်းကြည့်သည်။
"ခင်ဗျားသိနေတယ်ဆိုရင်၊ ကျွန်တော့်ကို
ညီအစ်မတွေအသတ်ခံရတာ ကြည့်ဖို့တင်
ခေါ်လာတာလား"
သွေးထွက်သံယိုတွေကြည့်ဖို့ ဆွဲခေါ်မလာခင်
ယူရှောင်းမိုရဲ့ခံစားချက်ကို သူအရင်တွေးကြည့်
ပေးသင့်တယ်မဟုတ်လား။
ယခု သူ နေသားကျနေပြီဖြစ်သော်လည်း
ဖြစ်နိုင်လျှင် ရှောင်ချင်သေးသည်။
"ဘယ်ဟုတ်မလဲ၊ ကိုယ်က ကိုယ်တို့ကို
ချောက်ချမှာကို ထိုင်ကြည့်နေမယ်ထင်လို့လား"
အံ့ဩဖို့ကောင်းစွာပင် လင်းရှောင်ကငြင်းသည်။
ယူရှောင်းမို တုန်လှုပ်သွားသည်။
"မော့ရွှယ်တို့ကို ကယ်မလို့ပေါ့?"
လင်းရှောင်က သူ့ကို ခေါင်းခေါက်သည်။
"တစ်နေကုန်လုံး မင်းဦးနှောက်ကိုဘယ်မှာ
သုံးနေလဲ ဟမ်။ သူတို့ကိုကယ်မယ်လို့
ပြောမိလို့လား"
"ဒါဆို ဘာပြောချင်တာလဲလို့"
ယူရှောင်းမိုသည် စိတ်ပျက်နေရင်း ခေါင်းကို
ကာလိုက်၏။
"ကိုယ်တို့ကို ချောက်ချချင်နေတာဆိုတော့
ဘာလို့ ပွင့်ပွင့်လင်းလင်းပဲ ချောက်ချခံရမယ့်ဟာကို
အမှန်ဖြစ်အောင် မလုပ်ရမှာလဲ"
လင်းရှောင်မျက်နှာပေါ်တွင် ရက်စက်သော
အပြုံးတစ်ပွင့်ဖြစ်ပေါ်လာသည်။
ယူရှောင်းမိုမှာ တံတွေးမြိုချမိလေသည်။
အရှေ့လှမ်းလှမ်း၌၊ အမျိုးသမီးလေးယောက်
တိုက်ပွဲသည် အဆုံးသတ်ဖို့နီးကပ်လာပြီဖြစ်၏။
မော့ရွှယ်သည် ဒဏ်ရာရထားသော်ငြားလည်း
၎င်းက မျက်နှာသာဖြစ်ပြီး သူမစွမ်းရည်ကို
မသက်ရောက်ပေ။ သို့သော် ညီအစ်မများက
လက်အောက်ငယ်သားနှစ်ယောက်လောက်
မသန်မာ၍ များမကြာမီတွင် အရေးနိမ့်လာတော့
သည်။
သူတို့ ကြာကြာမထိန်းနိုင်တော့တာမြင်တော့
မော့ရွှယ်သည် ရုတ်တရက် ပစ္စည်းတစ်ခု
ထုတ်သည်။
ထိုပစ္စည်းကိုမြင်သော် လက်အောက်ငယ်သား
နှစ်ယောက်မှာ မကောင်းတော့ကြောင်းသိလိုက်၏။
မော့ရွှယ်တို့က မော့မာ၏သမီးများဖြစ်၍
အတိုက်ခိုက်ခံရလျှင် ကယ်တင်နိုင်မည့်
အထူးပစ္စည်းများရှိနေမည်ဖြစ်ကြောင်း သူတို့
မေ့သွားမိလေသည်။ သူတို့သာ လွတ်မြောက်ပြီး
မော့မာကို သတင်းပို့နိုင်ခဲ့လျှင် နတ်ဆရာမ၏
အစီအစဉ် ကျရှုံးမှာအသေအချာပင်။
မော့ရွှယ်က ပြုံးသည်၊ သူမမျက်နှာက
အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလာသည်။
သူမ ဝတ်ဆင်ထားသော ပုဝါစမှာ တိုက်ခိုက်စဉ်က
ကျွတ်ကျသွားပြီဖြစ်သည်။ ရှောင်ချိုး
တဟုန်ထိုးတက်လာသည့်အချိန် သူမက
မှော်ပစ္စည်းကို ချက်ချင်း အသုံးပြုသည်။ ၎င်းက
သူမကို တိုတောင်းသောအကွာအဝေးတစ်ခုကို
လေဟာနယ်စွမ်းအားဖြင့် ပို့ဆောင်ပေးနိုင်သည်။
မတိုင်မီက ယူရှောင်းမိုတို့ရှေ့ ပေါ်လာစဉ်ကလည်း
ဤရတနာကိုပဲ အသုံးပြုခဲ့တာဖြစ်သည်။
"ကျဲ စောင့်ဦး!"
အစ်မဖြစ်သူက မှော်ပစ္စည်းကိုအသုံးပြုလိုက်သည်ကို
မြင်သည့်အခါ မော့ဖေးက အမြန်သွားသည်၊
သို့ပေမဲ့ ဤသို့စိတ်လွင့်မှုကြောင့် သူမကို
ဓားနဲ့ထိုးလိုက်နိုင်သည့် ရှောင်ချိုး၏ဟန့်တားခြင်းကို
ခံလိုက်ရလေသည်။
မော့ရွှယ်သည် တောင်းပန်ကြောင်း တိတ်တဆိတ်
ပြောနေရင်း သူမညီမကို ကြည့်သည်။ သူတို့
နှစ်ယောက်လုံး သေရမှာထက်စာရင် တစ်ယောက်
အသက်ရှင်တာ ပိုကောင်းပေသည်။
ကူမာမျိုးနွယ်စုကို ပြန်ရောက်သည့်အခါ
သူမညီမလေးအတွက် ဖခင်ဖြစ်သူကိုလက်စားချေ
ခိုင်းမည်။ မှော်ပစ္စည်းမှထွက်လာသည့်
လေဟာနယ်စွမ်းအားကို သူမကို လွှမ်းခြုံခွင့်
ပေးလိုက်တော့သည်။
လက်အောက်ငယ်သားများသည် တိတ်တဆိတ်
ကျိန်ဆဲလိုက်ပြီး ဘာပဲဖြစ်ဖြစ်ဟုတွေးလျက်
သူမဆီ သွားတော့မည့်အချိန်တွင် ထူးဆန်းသော
တစ်စုံတစ်ရာ ဖြစ်ပွားသွားသည်။
မော့ရွှယ်ကို လွှမ်းခြုံထားသော
လေဟာနယ်စွမ်းအားသည် ညင်သာရာမှ
ကြမ်းတမ်းလာပြီး ရူးရူးမူးမူးလှည့်ပတ်လာကာ
ဖျက်စီးမှုကို ခါးစည်းခံရသူမှာ မော့ရွှယ်ပင်။
"အားးးးးးးးး!!!!"
ကြမ်းတမ်းလှသော လေဟာနယ်စွမ်းအားက
မော့ရွှယ်၏အသားကို လှီးဖြတ်သွားပြီး
သွေးများပန်းထွက်လာသည်။ တစ်မိနစ်အတွင်းမှာ
သူမသည် သွေးစအသားစများသာ ကျန်တော့ပြီး
လေဟာနယ်စွမ်းအားက သူမကို ထောပတ်
လှီးသလို လှီးဖြတ်သွားခဲ့သည်။ လက်တစ်ဝက်၊
ခြေထောက်တစ်ချောင်း၊ ခေါင်းတစ်ဝက်
စသဖြင့်။ မြင်ကွင်းတစ်ခုလုံးသည် ကြောက်မက်ဖွယ်
ဖြစ်နေ၏။
လူတိုင်း ထိတ်လန့်တုန်လှုပ်စွာဖြင့်
ငေးစိုက်ကြည့်နေမိကြသည်။
သူမ မပါဘဲထွက်ပြေးသဖြင့် ဒေါသထွက်နေသည့်
မော့ဖေးလည်း ရွံရှာမှုကြောင့် ပျို့လာသည်။
လေဟာနယ်စွမ်းအားများ ပျောက်ကွယ်သွား
သည့်အခါ မော့ရွှယ်ကား သေဆုံးသွားလေပြီ။
တစ်ခါက သူမတွင် လူတိုင်းအားကျရသည့်
အဆင့်အတန်းတစ်ခုရှိခဲ့သည်၊ ယခုတော့
သွေးသားအစအန အပုံတစ်ခုထက် မပိုတော့။
ငါးစက္ကန့်လောက်ထိ ကြောင်တောင်တောင်နှင့်
စိုက်ကြည့်နေမိပြီးနောက် ရှောင်ချိုးသည်
အသိပြန်ဝင်လာပြီး ဓားမြှောက်လျက်
ပျို့အန်နေသည့်မော့ဖေးအား ထိုးလိုက်၏။
ဘာဖြစ်သွားမှန်း သူမ မတွေးတတ်သော်လည်း
နတ်ဆရာမဘက်မှာ ရှိနေရခြင်းအတွက်
ကောင်းကင်ဘုံကို ကျေးဇူးတင်သည်။
မော့ဖေးကို သတ်ပြီးနောက် သူမသည်
တစ်စုံတစ်ယောက်နှင့် သူသေကိုယ်သေတိုက်ထား
ရသည့်နှယ် ဒဏ်ရာတစ်ချို့ကိုဖုံးသင့်တန်ဖုံး၊
ထပ်လုပ်သင့်တန်လုပ်ပြီးနောက် မြို့ရှိရာဘက်သို့
ပြန်လှည့်သွားလေတော့သည်။
ယူရှောင်းမိုမှာတော့ မနက်က စားသမျှအကုန်
ပြန်အန်ပြီးလေပြီ။ မနက်က တိုဟူးပူတင်း
နှစ်ပန်းကန်စားခဲ့ပြီး လက်ရှိမြင်ကွင်းကလည်း
တူလွန်းလှသဖြင့် သူ့ကို နေထိုင်မကောင်းဖြစ်စေ
သည်။
လင်းရှောင်သည် သူ့ကို တည်းခိုခန်းသို့
ပြန်ခေါ်လာပြီး ညစ်ကျယ်ကျယ်ဖြင့် တိုဟူးပူတင်း
တစ်ပန်းကန် မှာလေသည်။ ထိုမှစ ယူရှောင်းမိုမှာ
တိုဟူးပူတင်းကို မြင်သည်နှင့် နေထိုင်မကောင်း
ဖြစ်လာတော့၏။
အခြားတည်းခိုခန်းတစ်ခုတွင်။
ရှယင်သည် အဖြစ်ပျက်အလုံးစုံအကြောင်း
အစီရင်ခံစာတစ်စောင် အခုလေးတင်မှ
ရရှိထားသည်။ မော့ရွှယ်၏သေဆုံးမှုအတွက်တော့
ရှယင်သည် လင်းရှောင်လုပ်တာမှန်း
ဘယ်တော့မှ တွေးမိမှာမဟုတ်ဘဲ မှော်ရတနာ
ချို့ယွင်းသွားလို့ဟုသာ ထားလိုက်သည်။
သို့သော်လည်း တိုက်ခိုက်ခံရတာပိုပီပြင်စေရန်
သူမသည် ရှောင်ချိုးအား သေဆုံးပြီဟု
ဟန်ဆောင်ခိုင်းကာ အခြားလက်အောက်ငယ်သား
တစ်ယောက်ဖြစ်လာစေပြီးနောက် ကူမာမျိုးနွယ်စုဆီ
ပြန်အစီရင်ခံရန် လူတစ်ယောက်စေလွှတ်သည်။
မော့မာ၏အသက်မှာ နှစ်ပေါင်းသောင်းချီပြီဖြစ်၏။
သူ့မှာ မော့ရွှယ်နှင့်မော့ဖေးတို့ သမီးနှစ်ယောက်သာ
ရှိကာ သားတစ်ယောက်မှမရှိ၊ ထို့ကြောင့်
ဤမိန်းကလေးနှစ်ယောက်က အကောင်းဆုံး
မဟုတ်လျှင်တောင်မှ သူ သိပ်ချစ်လေသည်။
သူတို့ အသတ်ခံလိုက်ရပြီဖြစ်ကြောင်းကိုသာ
သိပါက သူ ဒေါသပေါက်ကွဲပေလိမ့်မည်။
နေ့လည်ပိုင်းတွင် ယူရှောင်းမိုနှင့်လင်းရှောင်သည်
တုံ့ယွီအတွင်း တစ်ခါပြန်ဝင်ရန်ပြင်ကြသည်။
ဒီတစ်ခါ သေချာခြေရာဖျောက်ပြီး မဟူရာ
ချောက်ကြီးသို့ တန်းသွားသည်။ မြောက်ဘက်ကို
ပတ်ကြည့်သော်လည်း ထင်ထားသလိုပင်
သူတို့ပစ်မှတ်ကို မတွေ့ရပေ။
ထို့ကြောင့် ယူရှောင်းမိုမှာ ကျားဖြူ၏
ညာမျက်လုံးက ချောက်ကြီးအောက်ခြေတွင်
ဖြစ်ကြောင်း သေချာသွားသည်။
ပြင်ဆင်မှုအချို့လုပ်ပြီးနောက် နှစ်ယောက်သား
ချောက်ကြီးထဲခုန်ချသွားသည်။
ချောက်က နှစ်ကီလိုမီတာကျော်ရှည်လျားပြီး
မီတာနှစ်ရာ သုံးရာဝန်းကျင် ကျယ်သည်။
ပြင်းထန်သောလေနှင့် အဆိပ်ငွေ့ရှိနေခြင်းကြောင့်နှင့်
အောက်ရောက်လေလေ ပိုပြင်းထန်လာလေလေ
ဖြစ်သော လေဟာနယ်စွမ်းအားတို့ကြောင့်
လူအများစုမှာ အောက်သို့ ဆင်းရန်မဖြစ်နိုင်၍
ချောက်ကြီးဘယ်လောက်နက်လဲ သိသူ
အနည်းအကျဉ်းသာရှိသည်။
ယူရှောင်းမိုကတော့ လင်းရှောင်ပုခုံးပေါ်မှာ
ဖြစ်၏။ ဤနေရာကို သိသူရှိနေ၍သာမဟုတ်လျှင်
လင်းရှောင် ဒဏ်ရာများ အရှင်းပျောက်မှာသာ
သူလာမည်ဖြစ်သည်။
မီးလျှံတစ်လွှာက သူတို့ကို ဝန်းရံထားပြီး
ကြယ်တစ်လုံးသဖွယ် ထိုးဆင်းလာသည်။
မီတာသုံးထောင်ခန့်မျှ ကျဆင်းလာပြီးနောက်
လေဟာနယ်စွမ်းအားများ ကွယ်ပျောက်သွားပြီး
ကောင်းကင်ပြာပြာ တိမ်ဖြူဖြူနှင့် လေညင်းသဲ့သဲ့
တိုက်ခတ်နေသော ကျယ်ပြန့်လှသည့်လွင်ပြင်ကျယ်
ကမ္ဘာကြီးတစ်ခု အစားထိုးရောက်လာသဖြင့်
အောက်ခြေကိုရောက်ပြီမှန်း ယူရှောင်းမို
သိလိုက်သည်။
ဒီဟာလုပ်တဲ့သူက သူတို့ကို မနေ့ကမွေးလာတဲ့
ကလေးလေးတွေမှတ်နေလား?
သူ့ IQ ကို အထင်သေးခံရသည်ဟု ယူရှောင်းမို
ခံစားရလေသည်။
"ထင်ထားသလိုပဲ၊ လူရှိတယ်။ ပြီးတော့
ကိုယ်တို့ကို ကြိုဆိုဖို့အတွက် ဒီလောက်ကြီးတဲ့
ပုံရိပ်ယောင်အစီအရင်ကြီးတောင် ဖန်တီးပေးထား
သေးတယ်"
လင်းရှောင်က အံ့အားသင့်စွာပြောသည်။
ယူရှောင်းမိုက စိတ်ဆိုးမာန်ဆိုးဖြင့်၊
"ဟုတ်ပ! ကျွန်တော်တို့ကို ငတုံးတွေများမှတ်နေလား!
ကျွန်တော်တို့ မသိလောက်ဘူး ထင်နေတာ၊
အံ့ဩတယ်၊ ဘယ်လောက်တောင်တုံးလိုက်လဲ"
"မဟုတ်ဘူး"
"ဘာကိုလဲ"
"မင်းကငတုံးလေ။ ကိုယ်ကတော့မဟုတ်ဘူး"
"......"
______________________________
//Zawgyi//
(Note- ရွယင္ဟာ holy maidenပါ၊
holy maiden ကိုျမန္မာလိုျပန္ရင္ေထာက္လို႔
နတ္ဆရာမလို႔ပဲေရးပါေတာ့မယ္၊ သူက holy
maidenဆိုတာေလးပဲမွတ္ထားေပးပါ)
************
အပိုင္း(၅၈၇) ပံုရိပ္ေယာင္အစီအရင္
"မင္းကိုပဲြတစ္ခုေခၚသြားျပရင္ေရာဘယ္လိုလဲ"
သူတို႔ႏွစ္ေယာက္ အခန္းျပန္လာၿပီးေနာက္
လင္းေရွာင္က အစမရိွအဆံုးမရိွထေျပာသည္။
ဤ 'ဘယ္လိုလဲ'မွာ ေလာကြတ္ေခ်ာ္တာသာျဖစ္ၿပီး
တစ္ဖက္လူက ေခါင္းမၿငိမ့္ရေသးခင္
ေၾကာင္ေတာင္ေတာင္ ယူေရွာင္းမိုအား ဆဲြေခၚသြား
ေလသည္။
ျပပဲြ၏သရုပ္ေဆာင္မ်ားမွာ ေမာ့ရႊယ္၊ ေမာ့ေဖးႏွင့္
ရွယင္၏လက္ေအာက္ငယ္သားႏွစ္ေယာက္ျဖစ္၏။
လက္ေအာက္ငယ္သားႏွစ္ေယာက္သည္ ၿမိဳ႔ထဲမွ
ထြက္လာၿပီးေနာက္ ထိုႏွစ္ေယာက္ကို ထူထပ္ေသာ
ေတာအုပ္ႀကီးထဲ ေခၚေဆာင္သြားသည္။
ေတာအုပ္သည္ လူသူကင္းမဲ့လ်က္ရိွကာ
နတ္ဆိုးသားရဲတစ္ေကာင္တစ္ေလေတာင္မွ
မရိွေခ်။ လူသတ္ၿပီး ေျမၿမွဳပ္လို႔ေကာင္းသၫ့္
ေနရာတစ္ခုပင္။
ေမာ့ရႊယ္ႏွင့္ေမာ့ေဖးမွာမူ မူမမွန္တာတစ္ခုမွ
အာရံုရပံုမေပၚဘဲ ေမာ့ေဖးက က်ယ္ေလာင္စြာ
ဆဲေရးတိုင္းထြာေနသည္။ ထိုထဲတြင္ ရွယင္လည္း
ပါဝင္၏။ ဒါက ယူေရွာင္းမိုကို အႀကီးအက်ယ္
အံ့အားသင့္ေစသည္။
တည္းခိုခန္းမွာတုန္းက ေမာ့ေဖး ရွယင္ကို
ခ်ိဳအီေနသၫ့္အသံျဖင့္ ေခၚေနသည္ကို
ယူေရွာင္းမို နားနဲ႔ဆတ္ဆတ္ၾကားခဲ့ရသည္။ ယခု
ရွယင္ကလည္း အသံုးမဝင္ေတာ့ေရာ ခ်က္ခ်င္း
အျပစ္တင္ေဝဖန္ေတာ့တာပဲလား။
လင္းေရွာင္ေခၚလာျပသၫ့္ ရိႈးကဘာလဲ သူ
ခ်က္ခ်င္းသိသြားသည္။
လက္ေအာက္ငယ္သားႏွစ္ေယာက္သည္
ရုတ္တရက္ ရပ္တန႔္လိုက္ကာ ညီအစ္မႏွစ္ေယာက္၏
ေျပးေပါက္ကို ေရ႔ွတစ္ေယာက္ ေနာက္တစ္ေယာက္
ပိတ္ဆို႔၏။ သူတို႔အၾကၫ့္မ်ားက အေလာင္း
ႏွစ္ေလာင္းကို ၾကၫ့္ေနသၫ့္ႏွယ္ ေအးစက္ေနၿပီး
ေလထုထဲတြင္ သတ္ျဖတ္လိုစိတ္မ်ားျပၫ့္ႏွက္
ေနသည္။
"နတ္ဆရာမက ငါတို႔ကိုကူမာမ်ိဳးႏြယ္စုကို
ျပန္လိုက္ပို႔ေပးဖို႔ နင္တို႔ကိုခိုင္းထားတာ
မဟုတ္ဘူးလား။ နင္တို႔ဘာလုပ္ေနတယ္ ထင္လဲ"
ေမာ့ေဖး ဘယ္ေလာက္တံုးတံုး လူသတ္ခ်င္စိတ္က
သူမလိုလူေတာင္ အာရံုခံမိေလာက္သည္အထိ
ျပင္းထန္ေနသည္။
သို႔ဆိုေသာ္လည္း လက္ေအာက္ငယ္သား
ႏွစ္ေယာက္က သူမတို႔ကို တကယ္ႀကီးသတ္ရဲမည္ဟု
မထင္၍ လံုးဝမေၾကာက္ေပ။ ေမာ့ရႊယ္က
ေမာ့ေဖးကို တင္းတင္းက်ပ္က်ပ္လွမ္းဆဲြလိုက္
သည္။ ဘယ္လိုပဲေနေန သူမက အႀကီးျဖစ္ကာ
တစ္ခါၿပီးတစ္ခါ ခံခဲ့ရၿပီးေနာက္တြင္ အရင္ကလို
ငအေလး မဟုတ္ေတာ့။ လက္ေအာက္ငယ္သား
ႏွစ္ေယာက္က သူမတို႔ကို အမွန္တကယ္
သတ္ခ်င္ေနမွန္း သူမ သိသည္။
"က်ဲ မပူနဲ႔။ သူတို႔ ညီမတို႔ကို ဘာမွမလုပ္ရဲဘူး"
ေမာ့ေဖးထင္လိုက္သည္က ေမာ့ရႊယ္က
ေဒါသျဖစ္ေနသည္ဟူ၍။
လက္ေအာက္ငယ္သားႏွစ္ေယာက္သည္
ဓားရွည္မ်ား ဆဲြထုတ္လိုက္၏။
ေမာ့ေဖးက စိတ္ဆိုးမာန္ဆိုးျဖင့္ ေအာ္ဟစ္သည္။
"နင္တို႔ေသခ်င္ေနလား။ နတ္ဆရာမရဲ့အမိန႔္ကို
ဆန႔္က်င္ရဲတယ္ေပါ့။ ငါ့အေဖ သိကိုသိမွာ!
သူမ အျပစ္ေပးခံရေစရမယ္!"
"နတ္ဆရာမရဲ့အမိန႔္တဲ့လား"
လက္ေအာက္ငယ္သား ေရွာင္ခ်ိဳးသည္
ေထ့ေငါ့၏။
"ငါတို႔ နတ္ဆရာမဆီကရတဲ့အမိန႔္က နင္တို႔ညီအစ္မ
ႏွစ္ေယာက္ကိုသတ္ပစ္ဖို႔ပဲ"
"ေရွာင္ခ်ိဳး ေလကုန္ခံမေနနဲ႔၊ ထင္မထားတဲ့ကိစၥမ်ိဳး
မျဖစ္ရေစေအာင္ ျမန္ျမန္သာေျဖရွင္းလိုက္"
က်န္လက္ေအာက္ငယ္သားက သူမဓားကို
ခ်က္ခ်င္းဆိုသလို ၿမွောက္ၿပီး ေမာ့ေဖးကိုထိုးလိုက္
သည္၊ သူမ အကြက္မ်ားက ထိလ်ွင္တန္းေသမည္
ျဖစ္သည္။
မလွမ္းမကမ္းကေန ၾကၫ့္ေနသၫ့္
ယူေရွာင္းမိုမွာ ေရွာ့ခ္ရလြန္း၍ ေမးရိုးေတာင္
ျပဳတ္က်သြားၿပီထင္သည္။
"ဘာလား"
လင္းေရွာင္သည္ သူ႔ပါးစပ္ကို ကူပိတ္ေပးၿပီး
ဂရုမစိုက္စြာျပန္ေျဖသည္။
"မေျပာႏိုင္ဘူးလား။ အဲ့ဒီနတ္ဆရာမက
ေမာ့ရႊယ္နဲ႔ ေမာ့ေဖးကို သတ္ၿပီး ကိုယ္တို႔ကို
ေခ်ာက္ခ်ခ်င္ေနတာ။ ညီအစ္မေတြနဲ႔
ကိုယ္တို႔ၾကားမွာ ရန္ႃငွိုးရိွမွန္း လူတိုင္းသိတယ္။
သူတို႔ေသရင္ ကူမာမ်ိဳးႏြယ္စုက ကိုယ္တို႔ကို
သံသယဝင္မွာပဲ"
"ဒါေပမဲ့ ကၽြန္ေတာ္တို႔နဲ႔ နတ္ဆရာမနဲ႔ၾကား
ဘာမွမရိွဘူးေလ၊ ဘာလို႔ ကၽြန္ေတာ္တို႔ကို
အျပစ္ပံုခ်ခ်င္ေနရတာလဲ"
ယူေရွာင္းမို စိတ္ဓာတ္က်ေနသည္။ ဤေနရာမွ
မိန္းမမ်ားက ပိုပိုၿပီး ေၾကာက္ဖို႔ေကာင္းလာသည္။
"သူမနဲ႔ ေမာ့မာက ဆက္ဆံေရးေကာင္းပံုမရဘူး။
ကိုယ္တို႔နဲ႔ေမာ့ရႊယ္ၾကားက ရန္ႃငွိုးက
အခြင့္အေရးတစ္ခုပဲ၊ အာ့ေၾကာင့္ သူမက
ကိုယ္တို႔ကို ပစ္မွတ္ထားေနတာမဟုတ္ဘူး၊
သူပစ္မွတ္ထားေနတာ ေမာ့မာကို"
လင္းေရွာင္၏ပါးစပ္ေထာင့္စြန္းက ေကြးၫြတ္သြား
သည္။ သူ႔အႃပံုးက အဓိပၸါယ္ပါသည္။
ယူေရွာင္းမိုက ေခါင္းေမာ့ၾကၫ့္သည္။
"နတ္ဆရာမက ေမာ့ရႊယ္တို႔ညီအစ္မကို
သတ္ခ်င္ေနမွန္း ခင္ဗ်ားဘယ္လိုသိလဲ"
လင္းေရွာင္က ယံုၾကည္ခ်က္အျပၫ့္ျဖင့္၊
"တည္းခိုခန္းမွာ၊ သူမ ေကာင္းေကာင္း
သိုဝွက္ထားေပမဲ့ သူတို႔ကိုသတ္ခ်င္ေနတာ
ၾကာၿပီမွန္း ကိုယ္ ျမင္တယ္။ အဲ့ဒီေနာက္ကေတာ့
သိဖို႔မခက္ပါဘူး"
ယူေရွာင္းမိုက သူ႔ကို ခ်ီးက်ူးျခင္းမျပဳဖို႔
ဆံုးျဖတ္ၿပီး တစ္ခ်က္လွမ္းၾကၫ့္သည္။
"ခင္ဗ်ားသိေနတယ္ဆိုရင္၊ ကၽြန္ေတာ့္ကို
ညီအစ္မေတြအသတ္ခံရတာ ၾကၫ့္ဖို႔တင္
ေခၚလာတာလား"
ေသြးထြက္သံယိုေတြၾကၫ့္ဖို႔ ဆဲြေခၚမလာခင္
ယူေရွာင္းမိုရဲ့ခံစားခ်က္ကို သူအရင္ေတြးၾကၫ့္
ေပးသင့္တယ္မဟုတ္လား။
ယခု သူ ေနသားက်ေနၿပီျဖစ္ေသာ္လည္း
ျဖစ္ႏိုင္လ်ွင္ ေရွာင္ခ်င္ေသးသည္။
"ဘယ္ဟုတ္မလဲ၊ ကိုယ္က ကိုယ္တို႔ကို
ေခ်ာက္ခ်မွာကို ထိုင္ၾကၫ့္ေနမယ္ထင္လို႔လား"
အံ့ဩဖို႔ေကာင္းစြာပင္ လင္းေရွာင္ကျငင္းသည္။
ယူေရွာင္းမို တုန္လႈပ္သြားသည္။
"ေမာ့ရႊယ္တို႔ကို ကယ္မလို႔ေပါ့?"
လင္းေရွာင္က သူ႔ကို ေခါင္းေခါက္သည္။
"တစ္ေနကုန္လံုး မင္းဦးေနွာက္ကိုဘယ္မွာ
သံုးေနလဲ ဟမ္။ သူတို႔ကိုကယ္မယ္လို႔
ေျပာမိလို႔လား"
"ဒါဆို ဘာေျပာခ်င္တာလဲလို႔"
ယူေရွာင္းမိုသည္ စိတ္ပ်က္ေနရင္း ေခါင္းကို
ကာလိုက္၏။
"ကိုယ္တို႔ကို ေခ်ာက္ခ်ခ်င္ေနတာဆိုေတာ့
ဘာလို႔ ပြင့္ပြင့္လင္းလင္းပဲ ေခ်ာက္ခ်ခံရမယ့္ဟာကို
အမွန္ျဖစ္ေအာင္ မလုပ္ရမွာလဲ"
လင္းေရွာင္မ်က္ႏွာေပၚတြင္ ရက္စက္ေသာ
အႃပံုးတစ္ပြင့္ျဖစ္ေပၚလာသည္။
ယူေရွာင္းမိုမွာ တံေတြးၿမိဳခ်မိေလသည္။
အေရ႔ွလွမ္းလွမ္း၌၊ အမ်ိဳးသမီးေလးေယာက္
တိုက္ပဲြသည္ အဆံုးသတ္ဖို႔နီးကပ္လာၿပီျဖစ္၏။
ေမာ့ရႊယ္သည္ ဒဏ္ရာရထားေသာ္ျငားလည္း
၄က မ်က္ႏွာသာျဖစ္ၿပီး သူမစြမ္းရည္ကို
မသက္ေရာက္ေပ။ သို႔ေသာ္ ညီအစ္မမ်ားက
လက္ေအာက္ငယ္သားႏွစ္ေယာက္ေလာက္
မသန္မာ၍ မ်ားမၾကာမီတြင္ အေရးနိမ့္လာေတာ့
သည္။
သူတို႔ ၾကာၾကာမထိန္းႏိုင္ေတာ့တာျမင္ေတာ့
ေမာ့ရႊယ္သည္ ရုတ္တရက္ ပစၥည္းတစ္ခု
ထုတ္သည္။
ထိုပစၥည္းကိုျမင္ေသာ္ လက္ေအာက္ငယ္သား
ႏွစ္ေယာက္မွာ မေကာင္းေတာ့ေၾကာင္းသိလိုက္၏။
ေမာ့ရႊယ္တို႔က ေမာ့မာ၏သမီးမ်ားျဖစ္၍
အတိုက္ခိုက္ခံရလ်ွင္ ကယ္တင္ႏိုင္မၫ့္
အထူးပစၥည္းမ်ားရိွေနမည္ျဖစ္ေၾကာင္း သူတို႔
ေမ့သြားမိေလသည္။ သူတို႔သာ လြတ္ေျမာက္ၿပီး
ေမာ့မာကို သတင္းပို႔ႏိုင္ခဲ့လ်ွင္ နတ္ဆရာမ၏
အစီအစဉ္ က်ရႈံးမွာအေသအခ်ာပင္။
ေမာ့ရႊယ္က ႃပံုးသည္၊ သူမမ်က္ႏွာက
အလြန္အမင္း ေၾကာက္မက္ဖြယ္ေကာင္းလာသည္။
သူမ ဝတ္ဆင္ထားေသာ ပုဝါစမွာ တိုက္ခိုက္စဉ္က
ကၽြတ္က်သြားၿပီျဖစ္သည္။ ေရွာင္ခ်ိဳး
တဟုန္ထိုးတက္လာသၫ့္အခ်ိန္ သူမက
ေမွာ္ပစၥည္းကို ခ်က္ခ်င္း အသံုးျပဳသည္။ ၄က
သူမကို တိုေတာင္းေသာအကြာအေဝးတစ္ခုကို
ေလဟာနယ္စြမ္းအားျဖင့္ ပို႔ေဆာင္ေပးႏိုင္သည္။
မတိုင္မီက ယူေရွာင္းမိုတို႔ေရ႔ွ ေပၚလာစဉ္ကလည္း
ဤရတနာကိုပဲ အသံုးျပဳခဲ့တာျဖစ္သည္။
"က်ဲ ေစာင့္ဦး!"
အစ္မျဖစ္သူက ေမွာ္ပစၥည္းကိုအသံုးျပဳလိုက္သည္ကို
ျမင္သၫ့္အခါ ေမာ့ေဖးက အျမန္သြားသည္၊
သို႔ေပမဲ့ ဤသို႔စိတ္လြင့္မႈေၾကာင့္ သူမကို
ဓားနဲ႔ထိုးလိုက္ႏိုင္သၫ့္ ေရွာင္ခ်ိဳး၏ဟန႔္တားျခင္းကို
ခံလိုက္ရေလသည္။
ေမာ့ရႊယ္သည္ ေတာင္းပန္ေၾကာင္း တိတ္တဆိတ္
ေျပာေနရင္း သူမညီမကို ၾကၫ့္သည္။ သူတို႔
ႏွစ္ေယာက္လံုး ေသရမွာထက္စာရင္ တစ္ေယာက္
အသက္ရွင္တာ ပိုေကာင္းေပသည္။
ကူမာမ်ိဳးႏြယ္စုကို ျပန္ေရာက္သၫ့္အခါ
သူမညီမေလးအတြက္ ဖခင္ျဖစ္သူကိုလက္စားေခ်
ခိုင္းမည္။ ေမွာ္ပစၥည္းမွထြက္လာသၫ့္
ေလဟာနယ္စြမ္းအားကို သူမကို လႊမ္းႃခံုခြင့္
ေပးလိုက္ေတာ့သည္။
လက္ေအာက္ငယ္သားမ်ားသည္ တိတ္တဆိတ္
က်ိန္ဆဲလိုက္ၿပီး ဘာပဲျဖစ္ျဖစ္ဟုေတြးလ်က္
သူမဆီ သြားေတာ့မၫ့္အခ်ိန္တြင္ ထူးဆန္းေသာ
တစ္စံုတစ္ရာ ျဖစ္ပြားသြားသည္။
ေမာ့ရႊယ္ကို လႊမ္းႃခံုထားေသာ
ေလဟာနယ္စြမ္းအားသည္ ညင္သာရာမွ
ၾကမ္းတမ္းလာၿပီး ရူးရူးမူးမူးလွၫ့္ပတ္လာကာ
ဖ်က္စီးမႈကို ခါးစည္းခံရသူမွာ ေမာ့ရႊယ္ပင္။
"အားးးးးးးးး!!!!"
ၾကမ္းတမ္းလွေသာ ေလဟာနယ္စြမ္းအားက
ေမာ့ရႊယ္၏အသားကို လွီးျဖတ္သြားၿပီး
ေသြးမ်ားပန္းထြက္လာသည္။ တစ္မိနစ္အတြင္းမွာ
သူမသည္ ေသြးစအသားစမ်ားသာ က်န္ေတာ့ၿပီး
ေလဟာနယ္စြမ္းအားက သူမကို ေထာပတ္
လွီးသလို လွီးျဖတ္သြားခဲ့သည္။ လက္တစ္ဝက္၊
ေျခေထာက္တစ္ေခ်ာင္း၊ ေခါင္းတစ္ဝက္
စသျဖင့္။ ျမင္ကြင္းတစ္ခုလံုးသည္ ေၾကာက္မက္ဖြယ္
ျဖစ္ေန၏။
လူတိုင္း ထိတ္လန႔္တုန္လႈပ္စြာျဖင့္
ေငးစိုက္ၾကၫ့္ေနမိၾကသည္။
သူမ မပါဘဲထြက္ေျပးသျဖင့္ ေဒါသထြက္ေနသၫ့္
ေမာ့ေဖးလည္း ရြံရွာမႈေၾကာင့္ ပ်ိဳ႕လာသည္။
ေလဟာနယ္စြမ္းအားမ်ား ေပ်ာက္ကြယ္သြား
သၫ့္အခါ ေမာ့ရႊယ္ကား ေသဆံုးသြားေလၿပီ။
တစ္ခါက သူမတြင္ လူတိုင္းအားက်ရသၫ့္
အဆင့္အတန္းတစ္ခုရိွခဲ့သည္၊ ယခုေတာ့
ေသြးသားအစအန အပံုတစ္ခုထက္ မပိုေတာ့။
ငါးစကၠန႔္ေလာက္ထိ ေၾကာင္ေတာင္ေတာင္ႏွင့္
စိုက္ၾကၫ့္ေနမိၿပီးေနာက္ ေရွာင္ခ်ိဳးသည္
အသိျပန္ဝင္လာၿပီး ဓားၿမွောက္လ်က္
ပ်ိဳ႕အန္ေနသၫ့္ေမာ့ေဖးအား ထိုးလိုက္၏။
ဘာျဖစ္သြားမွန္း သူမ မေတြးတတ္ေသာ္လည္း
နတ္ဆရာမဘက္မွာ ရိွေနရျခင္းအတြက္
ေကာင္းကင္ဘံုကို ေက်းဇူးတင္သည္။
ေမာ့ေဖးကို သတ္ၿပီးေနာက္ သူမသည္
တစ္စံုတစ္ေယာက္ႏွင့္ သူေသကိုယ္ေသတိုက္ထား
ရသၫ့္ႏွယ္ ဒဏ္ရာတစ္ခ်ိဳ႕ကိုဖံုးသင့္တန္ဖံုး၊
ထပ္လုပ္သင့္တန္လုပ္ၿပီးေနာက္ ၿမိဳ႔ရိွရာဘက္သို႔
ျပန္လွၫ့္သြားေလေတာ့သည္။
ယူေရွာင္းမိုမွာေတာ့ မနက္က စားသမ်ွအကုန္
ျပန္အန္ၿပီးေလၿပီ။ မနက္က တိုဟူးပူတင္း
ႏွစ္ပန္းကန္စားခဲ့ၿပီး လက္ရိျွမင္ကြင္းကလည္း
တူလြန္းလွသျဖင့္ သူ႔ကို ေနထိုင္မေကာင္းျဖစ္ေစ
သည္။
လင္းေရွာင္သည္ သူ႔ကို တည္းခိုခန္းသို႔
ျပန္ေခၚလာၿပီး ညစ္က်ယ္က်ယ္ျဖင့္ တိုဟူးပူတင္း
တစ္ပန္းကန္ မွာေလသည္။ ထိုမွစ ယူေရွာင္းမိုမွာ
တိုဟူးပူတင္းကို ျမင္သည္ႏွင့္ ေနထိုင္မေကာင္း
ျဖစ္လာေတာ့၏။
အျခားတည္းခိုခန္းတစ္ခုတြင္။
ရွယင္သည္ အျဖစ္ပ်က္အလံုးစံုအေၾကာင္း
အစီရင္ခံစာတစ္ေစာင္ အခုေလးတင္မွ
ရရိွထားသည္။ ေမာ့ရႊယ္၏ေသဆံုးမႈအတြက္ေတာ့
ရွယင္သည္ လင္းေရွာင္လုပ္တာမွန္း
ဘယ္ေတာ့မွ ေတြးမိမွာမဟုတ္ဘဲ ေမွာ္ရတနာ
ခ်ိဳ႕ယြင္းသြားလို႔ဟုသာ ထားလိုက္သည္။
သို႔ေသာ္လည္း တိုက္ခိုက္ခံရတာပိုပီျပင္ေစရန္
သူမသည္ ေရွာင္ခ်ိဳးအား ေသဆံုးၿပီဟု
ဟန္ေဆာင္ခိုင္းကာ အျခားလက္ေအာက္ငယ္သား
တစ္ေယာက္ျဖစ္လာေစၿပီးေနာက္ ကူမာမ်ိဳးႏြယ္စုဆီ
ျပန္အစီရင္ခံရန္ လူတစ္ေယာက္ေစလႊတ္သည္။
ေမာ့မာ၏အသက္မွာ ႏွစ္ေပါင္းေသာင္းခ်ီၿပီျဖစ္၏။
သူ႔မွာ ေမာ့ရႊယ္ႏွင့္ေမာ့ေဖးတို႔ သမီးႏွစ္ေယာက္သာ
ရိွကာ သားတစ္ေယာက္မွမရိွ၊ ထို႔ေၾကာင့္
ဤမိန္းကေလးႏွစ္ေယာက္က အေကာင္းဆံုး
မဟုတ္လ်ွင္ေတာင္မွ သူ သိပ္ခ်စ္ေလသည္။
သူတို႔ အသတ္ခံလိုက္ရၿပီျဖစ္ေၾကာင္းကိုသာ
သိပါက သူ ေဒါသေပါက္ကဲြေပလိမ့္မည္။
ေန့လည္ပိုင္းတြင္ ယူေရွာင္းမိုႏွင့္လင္းေရွာင္သည္
တံု႔ယီြအတြင္း တစ္ခါျပန္ဝင္ရန္ျပင္ၾကသည္။
ဒီတစ္ခါ ေသခ်ာေျခရာေဖ်ာက္ၿပီး မဟူရာ
ေခ်ာက္ႀကီးသို႔ တန္းသြားသည္။ ေျမာက္ဘက္ကို
ပတ္ၾကၫ့္ေသာ္လည္း ထင္ထားသလိုပင္
သူတို႔ပစ္မွတ္ကို မေတြ့ရေပ။
ထို႔ေၾကာင့္ ယူေရွာင္းမိုမွာ က်ားျဖဴ၏
ညာမ်က္လံုးက ေခ်ာက္ႀကီးေအာက္ေျခတြင္
ျဖစ္ေၾကာင္း ေသခ်ာသြားသည္။
ျပင္ဆင္မႈအခ်ိဳ႕လုပ္ၿပီးေနာက္ ႏွစ္ေယာက္သား
ေခ်ာက္ႀကီးထဲခုန္ခ်သြားသည္။
ေခ်ာက္က ႏွစ္ကီလိုမီတာေက်ာ္ရွည္လ်ားၿပီး
မီတာႏွစ္ရာ သံုးရာဝန္းက်င္ က်ယ္သည္။
ျပင္းထန္ေသာေလႏွင့္ အဆိပ္ေငြ့ရိွေနျခင္းေၾကာင့္ႏွင့္
ေအာက္ေရာက္ေလေလ ပိုျပင္းထန္လာေလေလ
ျဖစ္ေသာ ေလဟာနယ္စြမ္းအားတို႔ေၾကာင့္
လူအမ်ားစုမွာ ေအာက္သို႔ ဆင္းရန္မျဖစ္ႏိုင္၍
ေခ်ာက္ႀကီးဘယ္ေလာက္နက္လဲ သိသူ
အနည္းအက်ဉ္းသာရိွသည္။
ယူေရွာင္းမိုကေတာ့ လင္းေရွာင္ပုခံုးေပၚမွာ
ျဖစ္၏။ ဤေနရာကို သိသူရိွေန၍သာမဟုတ္လ်ွင္
လင္းေရွာင္ ဒဏ္ရာမ်ား အရွင္းေပ်ာက္မွာသာ
သူလာမည္ျဖစ္သည္။
မီးလ်ွံတစ္လႊာက သူတို႔ကို ဝန္းရံထားၿပီး
ၾကယ္တစ္လံုးသဖြယ္ ထိုးဆင္းလာသည္။
မီတာသံုးေထာင္ခန႔္မ်ွ က်ဆင္းလာၿပီးေနာက္
ေလဟာနယ္စြမ္းအားမ်ား ကြယ္ေပ်ာက္သြားၿပီး
ေကာင္းကင္ျပာျပာ တိမ္ျဖဴႁဖူႏွင့္ ေလညင္းသဲ့သဲ့
တိုက္ခတ္ေနေသာ က်ယ္ျပန႔္လွသၫ့္လြင္ျပင္က်ယ္
ကမ႓ာႀကီးတစ္ခု အစားထိုးေရာက္လာသျဖင့္
ေအာက္ေျခကိုေရာက္ၿပီမွန္း ယူေရွာင္းမို
သိလိုက္သည္။
ဒီဟာလုပ္တဲ့သူက သူတို႔ကို မေန့ကေမြးလာတဲ့
ကေလးေလးေတြမွတ္ေနလား?
သူ႔ IQ ကို အထင္ေသးခံရသည္ဟု ယူေရွာင္းမို
ခံစားရေလသည္။
"ထင္ထားသလိုပဲ၊ လူရိွတယ္။ ၿပီးေတာ့
ကိုယ္တို႔ကို ႀကိဳဆိုဖို႔အတြက္ ဒီေလာက္ႀကီးတဲ့
ပံုရိပ္ေယာင္အစီအရင္ႀကီးေတာင္ ဖန္တီးေပးထား
ေသးတယ္"
လင္းေရွာင္က အံ့အားသင့္စြာေျပာသည္။
ယူေရွာင္းမိုက စိတ္ဆိုးမာန္ဆိုးျဖင့္၊
"ဟုတ္ပ! ကၽြန္ေတာ္တို႔ကို ငတံုးေတြမ်ားမွတ္ေနလား!
ကၽြန္ေတာ္တို႔ မသိေလာက္ဘူး ထင္ေနတာ၊
အံ့ဩတယ္၊ ဘယ္ေလာက္ေတာင္တံုးလိုက္လဲ"
"မဟုတ္ဘူး"
"ဘာကိုလဲ"
"မင္းကငတံုးေလ။ ကိုယ္ကေတာ့မဟုတ္ဘူး"
"......"
________________________