//Unicode//
အပိုင်း(၅၈၅) အဖြူရောင်ဝတ်ရုံနှင့်အမျိုးသမီး
တိတ်ဆိတ်လှသောညခင်းတွင် သရဲမတစ်ကောင်
အော်ဟစ်သံလို တစ်စုံတစ်ရာသည် မကြာခဏ
ဆိုသလို ထွက်ပေါ်လာတတ်၏။ အသံက
အလွန်အမင်းစူးရှကျယ်လောင်လှပြီး
မြို့တစ်ဝက်လုံးနီးပါးပင် ကြားရလေသည်။
တစ်ခဏအတွင်းမှာပင် တည်းခိုခန်းများစွာထံမှ
ကျိန်ဆဲသံများ ထွက်လာကာ မီးအလင်းများ
တောက်ပကုန်၏။ သို့သော် ထူးဆန်းသည်မှာ
အသံလာရာတည်းခိုခန်းကို လူတိုင်း သိချင်နေကြ
စဉ်မှာပဲ အသံကပြန်လည်ပျောက်ကွယ်သွားခဲ့လေ
သည်။
ထိုညမှာ အိပ်မရသူ အများအပြားရှိခဲ့သည်။
သို့သော်လည်း ချွင်းချက်နှစ်ယောက်တော့ရှိ၏၊
ယူရှောင်းမိုနှင့်လင်းရှောင်ပင်။ အကာအရံ
အစီအရင်ကို ထုတ်ပြီးနောက် သရဲမအသံကို
မကြားရတော့ပေ။
ဒုတိယမြောက်နေ့၌ ဤတည်းခိုခန်းမှလူများမှာ
မျက်ကွင်းအမည်းဆုံးဟု ဆိုလို့ရသည်၊ ထို့ကြောင့်
လူအများမှာ ရှဲ့ကျွင်းကို မကျေနပ်ကြပေ။
သို့ပေမဲ့ ရှဲ့ကျွင်း၏ခွန်အားကို ထည့်တွက်ကြည့်ရ
သဖြင့် ဘာတစ်ခွန်းမှမဟရဲကြဘဲ
တိတ်တိတ်လေးသာ ဒေါသထွက်ကြရလေသည်။
မျက်နှာနှင့်လည်ချောင်းကို မီးလောင်ခံရခြင်းသည်
လက်တစ်ဖက်နှင့် မယှဉ်နိုင်ပေ။ နာကျင်မှုက
လက်မောင်းတစ်ဖက်မှ နာကျင်မှုထက်
အဆပေါင်းများစွာပိုသည်။ ထို့အပြင် ကုတ်လျှင်
ပိုဆိုးမည်ဖြစ်၍ ကုတ်ခြစ်၍လည်းမရပေ၊
ထို့ကြောင့် မော့ရွှယ် တစ်ညလုံးနီးပါး
အော်ဟစ်နေသည်မှာ ပုံမှန်ပင်ဖြစ်သည်။
ကျန်ညတစ်ဝက်မှာတော့ ရှဲ့ကျွင်းက နာကျင်မှု
ပျောက်စေသည့် မှော်ဆေးလုံးတစ်မျိုးမျိုး
ကျွေးလိုက်ခြင်းဖြစ်နိုင်သည်။ သို့မဟုတ်
ယူရှောင်းမို၏ခန့်မှန်းချက်ကတော့ ရှဲ့ကျွင်းက
လူများစွာကို ရန်စမိမည်စိုး၍ မော့ရွှယ်ကို
သတိလစ်အောင် လုပ်လိုက်သည်။ ၎င်းက
ပိုရိုးရှင်းပြီး သူမ အော်ဟစ်ချင်လျှင်တောင်
အော်ဟစ်လို့မရတော့ပေ။
မနက်စောစောတွင် နားနေခန်းသည် လွန်စွာမှ
စည်ကားလျက်ရှိ၏။
လူတိုင်းက မနေ့ညက သရဲမအော်သံအကြောင်း
ဆွေးနွေးနေကြသည်။ သူတို့မအိပ်နိုင်လောက်အောင်
ရုတ်ရုတ်ရုတ်ရုတ် ဖြစ်ခဲ့သည်ဆိုသော်လည်း
အတင်းအဖျင်းကို လူတိုင်းစိတ်ဝင်စားနေကြဆဲပင်။
အချို့လူများမှာ လူမဟုတ်သရဲမဟုတ်
ဖြစ်သည်အထိ မီးလောင်ထားသောမော့ရွှယ်၏
မျက်နှာကို မျက်စိနှစ်လုံးနှင့် မြင်ပြီးကြပြီဖြစ်၏။
သူတို့မှာ ညဘက်ပင်အိပ်မပျော်ချေ၊ မျက်လုံး
မှိတ်လိုက်သည်နှင့် သူမ မျက်နှာက ပေါ်လာလေ
သည်။ ၎င်းက တော်တော်လေးကြောက်ဖို့ကောင်း
သည်။
သို့သော်လည်း တုံ့ယွီအကြောင်း ဆွေးနွေးနေကြ
သူများလည်း ရှိနေသည်။
ဒဏ္ဍာရီလာလိုဏ်ဂူအကြောင်း သတင်းက
အခြေအမြစ်မရှိတာတော့ မဟုတ်လောက်၊
မဟုတ်လျှင် ဤမျှလူအများကြီးကို ဆွဲဆောင်
နိုင်မည်မဟုတ်ပေ။ ယနေ့ထက်ထိ ဤနေရာကို
လူအများအပြား အပြေးအလွှားလာရောက်နေကြပြီး
တုံကျိုးက အင်အားစုများပင်ပါသေးသည်။
လူတိုင်းက ပြင်းပြင်းပြပြဆွေးနွေးနေကြတာ
မြင်တော့ ယူရှောင်းမိုလည်း လင်းရှောင်ကို
တိတ်တိတ်လေးမမေးဘဲ မနေနိုင်တော့ချေ။
"သူတို့ မြေပုံအကြောင်းသိနေတာတော့
မဟုတ်လောက်ပါဘူးနော်"
သူတို့ မြေပုံလေးပိုင်းကို ဆက်ပြီးပြီးချင်းမှာ
ဤသို့သောကောလဟလမျိုး ပျံ့နှံ့လာခြင်းက
တွေးကြည့်လျှင် သွေးရိုးသားရိုးမဟုတ်မှန်း
သိနိုင်သည်။
"သဲလွန်စ များများစားစားမရှိဘူး၊ တစ်ဝက်က
အမှန်၊ တစ်ဝက်ကအတု"
လင်းရှောင်က မြေပဲတစ်တောင့် ခွာလိုက်သည်။
သူ မြေပဲကြိုက်တာမြင်တော့ ယူရှောင်းမိုလည်း
ခွာပေးရင်း မေးလိုက်သည်။
"ဒါဆို မဟူရာချောက်တုန်းက အနက်ဝတ်လူက
ဘယ်အင်အားစုကလို့ထင်လဲ"
သူက လေ့ကျင့်သားပြည့်ဝပြီး ကြံရာတစ်ယောက်
လည်းဖြစ်ရာ အဖွဲ့တစ်ခုမှဖြစ်ရပေမည်။
လင်းရှောင်က သူခွာပေးနေတာကိုလက်ခံပြီး
ပြောလိုက်၏။
"အလောင်းကို ဖျက်စီးမပစ်ခဲ့သင့်ဘူး။
မဖျက်စီးပစ်ခင် သူ့ကိုယ်ပေါ်မှာ
သင်္ကေတတစ်ခုခုရှိလား အရင်ကြည့်ခဲ့သင့်တယ်"
"ကျွန်တော့်ကိုအပြစ်မတင်ရဘူးလေ။ မော့ရွှယ်တို့က
ဘေးကနေ ကြည့်နေတာကို၊ ကျွန်တော်လည်း
အလောင်းကို ဖျက်စီးပြီး သက်သေဖျောက်ပစ်ဖို့ပဲ
တွေးမိတာပေါ့။ သေသေချာချာတောင်
စစ်မကြည့်ခဲ့ရဘူး၊ ပြီးတော့ အဲ့တုန်းက
သူ့အဝတ်တွေချွတ်ကြည့်ဖို့ မတွေးမိလိုက်ဘူး"
ယူရှောင်းမို နည်းနည်းနောင်တရမိသည်။
လင်းရှောင်က တန့်သွားပြီး သူ့ကိုစိုက်ကြည့်လာ၏။
"မင်းမှာယောက်ျားရှိတယ်နော်"
ယူရှောင်းမို ပါးစပ်တွန့်သွားသည်။ ရုတ်တရက်၊
နားနေခန်းထဲမှ အသံများအားလုံး တိတ်ကျသွား
သည်။
ယူရှောင်းမိုက လှေကားထစ်များဘက်လှမ်းကြည့်
လိုက်သည်။ မျက်နှာတစ်ခြမ်းမီးလောင်ထားသဖြင့်
ပုဝါစ အုပ်ထားရသည့် မော့ရွှယ်အပါအဝင်
သူ့နှင့် ရေစက်ရှိသူများ ဆင်းလာနေခြင်းပင်။
သူမကြည့်ရသည်မှာ အားနည်းနေပြီး ရှဲ့ကျွင်းပေါ်
မှီထား၏။ သူမ ညီမ မော့ဖေးက တွန့်ဆုတ်နေဟန်
မျက်နှာနှင့် သူတို့နောက်မှလိုက်လာပြီး
ရံဖန်ရံခါတွင် အစ်မဖြစ်သူကို မနာလိုအားကျစွာ
လှမ်းလှမ်းကြည့်နေသည်။
ယူရှောင်းမိုမှာ ဤညီအစ်များက *ထူးဆန်းသော
ပန်းပွင့်များဟု ခံစားမိလေသည်။ ဤဘဝ၌
လူအဖြစ် မမွေးဖွားလာခဲ့ပါက ပိုကောင်းပေလိမ့်
မည်။ မြေခွေးမိစ္ဆာလည်းဖြစ်လို့မရပေ၊
ဘာလို့ဆို ၎င်းက သူတို့အတွက်မြင့်လွန်းနေမည်
ဖြစ်သောကြောင့်ပင်။
*ဒီပန်းတွေက ကောင်းကျိုးမပေးတဲ့ပန်းတွေပါ
သူနှင့်လင်းရှောင်သည် ပြတင်းပေါက်နှင့်နီးသည့်
ထောင့်တစ်ခုမှာ ထိုင်နေခြင်းဖြစ်၏။ ခဏလောက်
ကြာသည်အထိ ရှဲ့ကျွင်းတို့သည် သူတို့ကို
သတိမထားမိကြပေ၊ သို့သော် နျုံ့ရွှီးယန်က
ချက်ချင်းလှမ်းမြင်သည်။ သို့ပေမဲ့လည်း
ဘာအမူအရာမှ ဖြစ်မသွားပေ။ ထိုအစား သူတို့ကို
မမှတ်မိဟန်ဖြင့် တည်ငြိမ်နေပြီး အနှောင့်အယှက်
ဖြစ်ဟန်မရှိပေ။
"ဒီနျုံ့ရွှီးယန်ရဲ့စိတ်နေသဘောထားက မဆိုးဘူး"
လင်းရှောင်က သူစိမ်းတစ်ယောက်အပါ်
ရှားပါးလှစွာချီးကျူးလေသည်။
ယူရှောင်းမိုကလည်း သူ့ကိုသတိထားမိကာ
သဘောမကျစွာပြောလိုက်သည်။
"မော့ရွှယ်ကို သဘောကျတာက ဆိုးတယ်။
စိတ်နေစိတ်ထား ဘယ်လောက်ကောင်းကောင်း
အနှေးနဲ့အမြန် လမ်းလွဲသွားမှာပဲ"
"မင်းမသိသေးဘူးလား"
လင်းရှောင်က ပြန်မေးသည်။
"ဘာကိုလဲ" ယူရှောင်းမို အေးခဲသွား၏။
"သူ လက်လျှော့လိုက်ပြီ၊ မဟုတ်ရင်
မော့ရွှယ် မျက်နှာဖျက်စီးခံရတာကို သူ
မတုန်မလှုပ်ရှိနေမှာမဟုတ်ဘူး။ သူမနဲ့ ရှဲ့နာမည်နဲ့
တစ်ယောက် ဘယ်လောက်ပဲနီးကပ်ပါစေ
အမူအယာတစ်ချက်ပြောင်းမသွားဘူး"
"မော့ရွှယ်မျက်နှာပျက်စီးသွားလို့များလား"
ယူရှောင်းမို သတိတထားပြောလိုက်သည်။
သူ့စိတ်ထဲမှာ ဆန်ကုန်မြေလေးတစ်ကောင်နှင့်
မိန်းမပျက်တစ်ယောက်၏ ဇာတ်လမ်းတစ်ပုဒ်
ရုပ်လုံးပေါ်လာသည်။
"ဘယ်သိမလဲလေ"
သူတို့ စကားပြောနေစဉ်မှာ မော့ရွှယ်က
သူတို့ကို သတိပြုမိနှင့်ပြီးဖြစ်သည်။ သူမသည်
စကားမပြောနိုင်သော်လည်း ပုဝါပါးပါးလေးက
သူမမျက်ဝန်းထဲမှ အငြှိုးအတေးများ၊
အရိုးထိတိုင်မုန်းတီးခြင်းများကို တားဆီးမပေးနိုင်
ချေ။ သူတို့မသိလောက်ဘူး ထင်၍လားမသိ၊
သူမအကြည့်ထဲရှိ အမုန်းတရားကို ဖုံးကွယ်ထား
ခြင်းမရှိပေ။
ယူရှောင်းမိုနှင့် လင်းရှောင်သည် အစကတည်းက
သတိထားမိနှင့်ပြီးသားဖြစ်၏။ ဤမော့ရွှယ်က
အမှတ်သည်းခြေမရှိသည့် လူစားမျိုးပင်။
ပြင်းပြင်းထန်ထန်အပြစ်ပေးခံထားရတာတောင်
သူတို့ကို ထိုကဲ့သို့သော မျက်နှာထားဖြင့်
ကြည့်ရဲသေးသည်။ ကြည့်ရသည်မှာ နှစ်များစွာ
သွေးနားထင်ရောက်ခဲ့ခြင်းက သူမကို
ဤအကျင့်ဆိုးကို ပြင်မရဖြစ်စေပုံပင်။ မနေ့ညကတင်
သေမလိုဖြစ်နေပေမဲ့ ယနေ့မှာတော့ သေရမှာ
မကြောက်တော့ပုံပင်။
ယူရှောင်းမို စုတ်တစ်ချက်သပ်လိုက်သည်။
သို့သော် မော့ရွှယ်၏အပြုအမူ နောက်ကွယ်ရှိ
အကြောင်းအရင်းကို လျှင်မြန်စွာပဲ သူသိလိုက်ရ၏။
ကူမာမျိုးနွယ်စုမှ လူများ ရောက်လာသည်။
သူတို့ကျင့်ကြံဆင့်က ရှဲ့ကျွင်းထက်ပင်ပိုမြင့်ကာ
သူတို့တစ်ကိုယ်လုံးမှ 'ငါကစွမ်းအားကြီး
ကျင့်ကြံသူပဲ' ဟူသော အရှိန်အဝါများ
ထုတ်လွှင့်နေသည်၊ အထူးသဖြင့် ရှေ့ဆုံးမှ
လျှောက်လာသည့် အဖြူရောင်ဝတ်ရုံနှင့်
အမျိုးသမီးပင်။ သူမထံမှ မြင့်မြတ်သန့်စင်သည့်
အရှိန်အဝါတစ်မျိုး ထုတ်လွှင့်နေလျက်
ကမ္ဘာမြေပေါ်ဆင်းသက်လာသည့်
အမတမသေမျိုးနွယ်တစ်ယောက်ကဲ့သို့
မြင့်မြတ်သည့် အငွေ့အသက်တစ်ခု လွှမ်းခြုံနေ
သည်။ ညီအစ်မနှစ်ယောက်ထက်တောင် သူမက
ပိုလှသည်။
သူတို့ကိုမြင်သည့်အခါ မော့ဖေးက အံ့ဩ
ဝမ်းသာစွာဖြင့် အရှေ့ကိုအရင်ဆုံးပြေးသွား၏။
"ရှကျဲ..." (ကျဲ-အစ်မ)
မော့ဖေးသည် အဖြူရောင်ဝတ်ရုံနှင့်အမျိုးသမီးထံ
နာကျင်နေသောအမူအယာဖြင့်သွားကာ
ငိုတော့မည့်နှယ် ရှိလေသည်။
"ကျဲ ညီမလေးနဲ့ ညီမလေး မမဘက်က
ရပ်တည်ပေးရမယ်"
အဖြူရောင်ဝတ်ရုံနှင့်အမျိုးသမီးက မြင့်မြတ်ဟန်
အပြုံးတစ်ခုဖြင့် ညင်သာစွာပြောသည်။
"ဘာဖြစ်လို့လဲ။ ညီမလေးမော့ဖေး
ဝမ်းနည်းရအောင် ဘယ်သူအနိုင်ကျင့်တာလဲ"
မော့ဖေးသည် လင်းရှောင်တို့ဘက် ချက်ချင်း
လက်ညိုးမထိုးပေ။ ထိုအစား သူမကို မော့ရွှယ်နှင့်
ရှဲ့ကျွင်းတို့ဆီ ဆွဲခေါ်သွားကာ အတွန့်တက်ဟန်
လေသံနှင့်ပြောလိုက်၏။
"ရှကျဲ၊ ညီမလေးရဲ့မမကို မြန်မြန်လာကြည့်ပါဦး။
မမမျက်နှာကို လူတစ်ယောက်ကဖျက်စီးပစ်လိုက်
တာ"
ဝတ်ရုံဖြူနှင့် အမျိုးသမီးသည် ပုဝါးပါးပါး
အုပ်ထားသည့် မော့ရွှယ်ကို ကြည့်လိုက်သည်။
မော့ရွှယ်မျက်နှာက ပျက်စီးနေပြီး မမှတ်မိနိုင်
လောက်အောင် ပြောင်းလဲသွားသည်ကို
ပုဝါမှတစ်ဆင့် မြင်ရနိုင်ပြီး သူမလည်ပင်းနားက
ဒဏ်ရာကလည်း သေးပုံမပေါ်ပေ။ သူမ၏
ပြေပြစ်သောမျက်ခုံးတို့ အနည်းငယ်တွ့န့်ချိုးသွား၏။
ဒီလောက်ဆိုးတာလား။
"အ...." မော့ရွှယ်သည် ဝတ်ရုံဖြူနှင့်အမျိုးသမီး
ပေါ်လာသည်ကို အလွန်စိတ်လှုပ်ရှားနေသော်လည်း
စကားမပြောနိုင်ချေ။ သူမက နေရာမှာတင်
စိတ်လှုပ်ရှားစွာ ထိုင်နေရသည်၊ သို့သော်
သူမညီမလေးက ခေါ်လာပေးခဲ့ပေသည်။
ဝတ်ရုံဖြူနှင့်အမျိုးသမီး၏ အမူအယာက
အနည်းငယ်မည်းမှောင်သွားကာ အေးစက်စွာ
ပြောလိုက်၏။
"ဘာဖြစ်ခဲ့တာလဲ။ ဘယ်လိုလုပ် မော့ရွှယ်က
ရုပ်ပျက်သွားရတာလဲ"
နောက်ဆုံးတော့ မော့ဖေးသည် အကွက်တွေ့သွားကာ
ယူရှောင်းမိုနှင့် လင်းရှောင်တို့က ရန်ပြုခဲ့ကြပုံကို
စီကာပတ်ကုံးပြန်ပြောလေတော့သည်။ သူမအသံက
မတိုးဘဲ ယူရှောင်းမိုရှေ့တည့်တည့်မှာတင်ကိုပဲ
ပုံကြီးချဲ့လျက် ပြော၏။ ဥပမာအားဖြင့်
မော့ရွှယ်က အရင်စော်စော်ကားကားပြောတာမပါ
သလို ယူရှောင်းမိုက မော့ရွှယ်ကိုတစ်ခါကယ်ပေး
ခဲ့တာလည်း မပါပေ။ ဘာပဲဖြစ်ဖြစ် အကုန်
ယူရှောင်းမိုအမှားချည်းသာဖြစ်သည်။
ဝတ်ရုံဖြူနှင့်အမျိုးသမီးက ဘာတွေးနေသလဲတော့
မသိပေ၊ သို့ပေမဲ့ မော့ဖေးစကားကိုနားထောင်နေစဉ်
သူမ၏လှပသောမျက်နှာလေးက နည်းနည်းမှ
စိတ်မယိုင်သွားသည့်အလား အမူအယာကင်းမဲ့နေ
သည်။ သို့သော်လည်း ညီအစ်မနှစ်ယောက်ကမူ
၎င်းကို မူမမှန်ဘူးဟု လုံးဝမထင်ချေ။
မော့ဖေးသည် ဇာတ်လမ်းတစ်ပုဒ်လုံးပြောပြ
ပြီးနောက်၌ ဝတ်ရုံဖြူနှင့်အမျိုးသမီးအား
မျှော်လင့်ချက်ကြီးစွာ ကြည့်လိုက်၏။
"ရှကျဲ၊ မမက တအားသနားဖို့ကောင်းတာ။
ကျယ်ကျဲက သူမနောက်မှာနေပေးရမယ်နော်"
"အရှင်မရှယင်ခင်ဗျ၊ မော့ရွှယ်မျက်နှာက
ကုသလို့ရသေးလား"
နျုံ့ရွှီးယန်သည် သူ့မျက်နှာထက်မှအေးစက်မှုများကို
ဖုံးကွယ်လျက် လေးစားဟန်ဖြင့်လျှောက်လာသည်။
မော့ရွှယ်ကလည်း သူမကို စိတ်အားထက်သန်စွာဖြင့်
ကြည့်လိုက်သည်။
ဝတ်ရုံဖြူနှင့်အမျိုးသမီးသည် နောက်ဆုံးတော့
တုန့်ပြန်လာပြီး "မော့ရွှယ်ကို လောင်သွားတဲ့
မီးတောက်က သာမာန်မီးတောက်မဟုတ်ဘူး။
ငါမှန်းတာမမှားရင် နတ်ဘုရားမီးလျှံတစ်မျိုး
ဖြစ်လိမ့်မယ်။ နတ်ဘုရားမီးလျှံကြောင့်ဖြစ်တဲ့
ဒဏ်ရာက အရှင်းပျောက်ဖို့ တအားခက်တယ်" ဟု
ပြောသော်လည်း မသိမသာတော့ခေါင်းငြိမ့်၏။
မော့ရွှယ်က ချက်ချင်းဒေါသတကြီး
ထရပ်လိုက်သည်၊ ခုံနှင့်တိုက်မိသည်ကိုပင်
ဂရုမစိုက်ချေ။ တစ်ဘဝလုံး ရုပ်ပျက်ဆင်းပျက်ကြီး
သူမ မနေသွားချင်ပေ။
ရှဲ့ကျွင်းက အမြန် သူမကိုကူတွဲပေးလိုက်ပြီး
တိုးတိုးပြောလိုက်၏။
"ရွှယ်အာ စိတ်မလှုပ်ရှားနဲ့။ 'အရှင်းပျောက်ဖို့
ခက်တယ်'ဆိုတာ လုံးဝကုမရဘူးလို့မဆိုလိုဘူးလေ၊
သေချာပေါက် နည်းလမ်းတစ်ခုတော့ရှိမှာပါ"
ဝတ်ရုံဖြူနှင့်အမျိုးသမီးက သူ့ကို
ထူးမခြားနားစွာ တစ်ချက်ကြည့်လိုက်ကာ၊
"ကုလို့ရမရကို မဆုံးဖြတ်ခင် အရင်
စစ်ကြည့်ရဦးမယ်။ ဒါပေမဲ့ တအား
မျှော်လင့်မထားနဲ့။ နတ်ဘုရားမီးလျှံက မီးလောင်
ဒဏ်ရာကို ကုပေးနိုင်တာ အဆင့်ငါးနဲ့အထက်
သက်တန့်ဆေးလုံးတွေပဲရှိတယ်"
မော့ရွှယ်သည် ထိုင်ခုံပေါ် အရုပ်ကြိုးပြတ်
ကျသွားပြီး အသံတိတ်ငိုယိုလေတော့သည်။
သူမသည် မှော်ဆရာမဟုတ်သော်လည်း
သက်တန့်အဆင့်ငါးနှင့်အထက် မှော်ဆေးလုံးများက
သန့်စင်ရခက်သည်ကိုတော့ သိသေးသည်။ ထို့ပြင်
ဆေးလုံးသန့်စင်မည်ဆိုလျှင်တောင်
ဆေးဖော်စပ်နည်းက လိုသေးသည်။
မော့ရွှယ်က သူမမျက်နှာသူမ ပွတ်သပ်လိုက်သည်။
တစ်ဘဝလုံး ဤရုပ်ဆိုးဆိုးမျက်နှာကြီးဖြင့်
နေထိုင်ရသွားတော့မည်ကို တွေးမိသောအခါ
ယူရှောင်းမိုနှင့်လင်းရှောင်ပေါ် မုန်းတီးမှုက
တဟုန်ထိုးတက်သွားတော့သည်။
သူတို့တွေ နာနာကျင်ကျင်နဲ့သေစေရမယ်!
"ရှကျဲ ဟိုလူနှစ်ယောက်က မမကိုဒီလိုဖြစ်အောင်
လုပ်ခဲ့တာ"
မော့ဖေးက ချက်ချင်းပင် ထောင့်လေးက
ယူရှောင်းမိုနှင့်လင်းရှောင်ဘက်ကို
ကျေနပ်နေသောမျက်နှာဖြင့် လက်ညိုးထိုးပြ
လိုက်သည်။ အချိန်အကြာကြီး ဖိနှိပ်ထားရပြီးမှာ
လက်စားချေခွင့်ရခဲ့လေပြီ။
ရှကျဲက ကူမာမျိုးနွယ်စုမှာ သူတို့အဖေပြီးရင်
အသန်မာဆုံးဖြစ်ကြောင်း ပေးသိလိုက်မည်။
ယူရှောင်းမိုက သူတို့ကိုကျောပေးထားတာဖြစ်ပြီး
လင်းရှောင်ကို စပ်စပ်စုစုဖြင့်မေးလိုက်၏။
"နတ်ဘုရားမီးလျှံက မီးလောင်ဒဏ်ရာကို
တကယ်ပဲကုလို့ရလား"
ဖြစ်နိုင်သည်ဟု သူတော့မထင်ချေ၊ မဟုတ်လျှင်
ရှင်းချီတစ်ယောက် လက်ပြတ်ကြီးနှင့်
လျှောက်သွားနေခဲ့မည်မဟုတ်ပေ။ သို့သော်လည်း
သူ့မှာ ကုဖို့အချိန်မရှိခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
လင်းရှောင်က လက်ဖက်ရည်ခွက်ကိုယူကာ
တစ်ငုံသောက်ပြီးနောက် ယဉ်ကျေးသိမ်မွေ့စွာဖြင့်
ပြောလိုက်၏။
"မရဘူး"
"ဘာကွာလို့လဲ"
"ဘာကွာလို့လဲဆိုတော့.. အဲ့ဒါ ကိုယ့်ရဲ့
နတ်ဘုရားမီးလျှံမလို့လေ"
"ယုံကြည်ချက်တွေရှိတယ်ပေါ့လေ ဟမ်"
လင်းရှောင်က ပြုံးလျက် တစ်ချက်လှမ်းကြည့်
သည်။
"မင်းမကြိုက်ဘူးလား"
ယူရှောင်းမိုမျက်လုံးလေးများ တောက်ပသွား၏။
"ကြိုက်တယ်"
လူအများရှိနေစဉ်မှာ နှစ်ယောက်တည်းတစ်ကမ္ဘာ
တည်နေကြသည်မှာ မုန်းလည်းမုန်းချင်စရာပင်။
_________________________
//Zawgyi//
အပိုင္း(၅၈၅) အျဖဴေရာင္ဝတ္ရံုႏွင့္အမ်ိဳးသမီး
တိတ္ဆိတ္လွေသာညခင္းတြင္ သရဲမတစ္ေကာင္
ေအာ္ဟစ္သံလို တစ္စံုတစ္ရာသည္ မၾကာခဏ
ဆိုသလို ထြက္ေပၚလာတတ္၏။ အသံက
အလြန္အမင္းစူးရွက်ယ္ေလာင္လွၿပီး
ၿမိဳ႔တစ္ဝက္လံုးနီးပါးပင္ ၾကားရေလသည္။
တစ္ခဏအတြင္းမွာပင္ တည္းခိုခန္းမ်ားစြာထံမွ
က်ိန္ဆဲသံမ်ား ထြက္လာကာ မီးအလင္းမ်ား
ေတာက္ပကုန္၏။ သို႔ေသာ္ ထူးဆန္းသည္မွာ
အသံလာရာတည္းခိုခန္းကို လူတိုင္း သိခ်င္ေနၾက
စဉ္မွာပဲ အသံကျပန္လည္ေပ်ာက္ကြယ္သြားခဲ့ေလ
သည္။
ထိုညမွာ အိပ္မရသူ အမ်ားအျပားရိွခဲ့သည္။
သို႔ေသာ္လည္း ခၽြင္းခ်က္ႏွစ္ေယာက္ေတာ့ရိွ၏၊
ယူေရွာင္းမိုႏွင့္လင္းေရွာင္ပင္။ အကာအရံ
အစီအရင္ကို ထုတ္ၿပီးေနာက္ သရဲမအသံကို
မၾကားရေတာ့ေပ။
ဒုတိယေျမာက္ေန့၌ ဤတည္းခိုခန္းမွလူမ်ားမွာ
မ်က္ကြင္းအမည္းဆံုးဟု ဆိုလို႔ရသည္၊ ထို႔ေၾကာင့္
လူအမ်ားမွာ ရွဲ႔ကၽြင္းကို မေက်နပ္ၾကေပ။
သို႔ေပမဲ့ ရွဲ႔ကၽြင္း၏ခြန္အားကို ထၫ့္တြက္ၾကၫ့္ရ
သျဖင့္ ဘာတစ္ခြန္းမွမဟရဲၾကဘဲ
တိတ္တိတ္ေလးသာ ေဒါသထြက္ၾကရေလသည္။
မ်က္ႏွာႏွင့္လည္ေခ်ာင္းကို မီးေလာင္ခံရျခင္းသည္
လက္တစ္ဖက္ႏွင့္ မယွဉ္ႏိုင္ေပ။ နာက်င္မႈက
လက္ေမာင္းတစ္ဖက္မွ နာက်င္မႈထက္
အဆေပါင္းမ်ားစြာပိုသည္။ ထို႔အျပင္ ကုတ္လ်ွင္
ပိုဆိုးမည္ျဖစ္၍ ကုတ္ျခစ္၍လည္းမရေပ၊
ထို႔ေၾကာင့္ ေမာ့ရႊယ္ တစ္ညလံုးနီးပါး
ေအာ္ဟစ္ေနသည္မွာ ပံုမွန္ပင္ျဖစ္သည္။
က်န္ညတစ္ဝက္မွာေတာ့ ရွဲ႔ကၽြင္းက နာက်င္မႈ
ေပ်ာက္ေစသၫ့္ ေမွာ္ေဆးလံုးတစ္မ်ိဳးမ်ိဳး
ကၽြေးလိုက္ျခင္းျဖစ္ႏိုင္သည္။ သို႔မဟုတ္
ယူေရွာင္းမို၏ခန႔္မွန္းခ်က္ကေတာ့ ရွဲ႔ကၽြင္းက
လူမ်ားစြာကို ရန္စမိမည္စိုး၍ ေမာ့ရႊယ္ကို
သတိလစ္ေအာင္ လုပ္လိုက္သည္။ ၄က
ပိုရိုးရွင္းၿပီး သူမ ေအာ္ဟစ္ခ်င္လ်ွင္ေတာင္
ေအာ္ဟစ္လို႔မရေတာ့ေပ။
မနက္ေစာေစာတြင္ နားေနခန္းသည္ လြန္စြာမွ
စည္ကားလ်က္ရိွ၏။
လူတိုင္းက မေန့ညက သရဲမေအာ္သံအေၾကာင္း
ေဆြးေနြးေနၾကသည္။ သူတို႔မအိပ္ႏိုင္ေလာက္ေအာင္
ရုတ္ရုတ္ရုတ္ရုတ္ ျဖစ္ခဲ့သည္ဆိုေသာ္လည္း
အတင္းအဖ်င္းကို လူတိုင္းစိတ္ဝင္စားေနၾကဆဲပင္။
အခ်ိဳ႕လူမ်ားမွာ လူမဟုတ္သရဲမဟုတ္
ျဖစ္သည္အထိ မီးေလာင္ထားေသာေမာ့ရႊယ္၏
မ်က္ႏွာကို မ်က္စိႏွစ္လံုးႏွင့္ ျမင္ၿပီးၾကၿပီျဖစ္၏။
သူတို႔မွာ ညဘက္ပင္အိပ္မေပ်ာ္ေခ်၊ မ်က္လံုး
မိွတ္လိုက္သည္ႏွင့္ သူမ မ်က္ႏွာက ေပၚလာေလ
သည္။ ၄က ေတာ္ေတာ္ေလးေၾကာက္ဖို႔ေကာင္း
သည္။
သို႔ေသာ္လည္း တံု႔ယီြအေၾကာင္း ေဆြးေနြးေနၾက
သူမ်ားလည္း ရိွေနသည္။
ဒ႑ာရီလာလိုဏ္ဂူအေၾကာင္း သတင္းက
အေျခအျမစ္မရိွတာေတာ့ မဟုတ္ေလာက္၊
မဟုတ္လ်ွင္ ဤမ်ွလူအမ်ားႀကီးကို ဆဲြေဆာင္
ႏိုင္မည္မဟုတ္ေပ။ ယေန့ထက္ထိ ဤေနရာကို
လူအမ်ားအျပား အေျပးအလႊားလာေရာက္ေနၾကၿပီး
တံုက်ိဳးက အင္အားစုမ်ားပင္ပါေသးသည္။
လူတိုင္းက ျပင္းျပင္းျပျပေဆြးေနြးေနၾကတာ
ျမင္ေတာ့ ယူေရွာင္းမိုလည္း လင္းေရွာင္ကို
တိတ္တိတ္ေလးမေမးဘဲ မေနႏိုင္ေတာ့ေခ်။
"သူတို႔ ေျမပံုအေၾကာင္းသိေနတာေတာ့
မဟုတ္ေလာက္ပါဘူးေနာ္"
သူတို႔ ေျမပံုေလးပိုင္းကို ဆက္ၿပီးၿပီးခ်င္းမွာ
ဤသို႔ေသာေကာလဟလမ်ိဳး ပ်ံ႔ႏွံ႔လာျခင္းက
ေတြးၾကၫ့္လ်ွင္ ေသြးရိုးသားရိုးမဟုတ္မွန္း
သိႏိုင္သည္။
"သဲလြန္စ မ်ားမ်ားစားစားမရိွဘူး၊ တစ္ဝက္က
အမွန္၊ တစ္ဝက္ကအတု"
လင္းေရွာင္က ေျမပဲတစ္ေတာင့္ ခြာလိုက္သည္။
သူ ေျမပဲႀကိဳက္တာျမင္ေတာ့ ယူေရွာင္းမိုလည္း
ခြာေပးရင္း ေမးလိုက္သည္။
"ဒါဆို မဟူရာေခ်ာက္တုန္းက အနက္ဝတ္လူက
ဘယ္အင္အားစုကလို႔ထင္လဲ"
သူက ေလ့က်င့္သားျပၫ့္ဝၿပီး ႀကံရာတစ္ေယာက္
လည္းျဖစ္ရာ အဖဲြ႔တစ္ခုမျွဖစ္ရေပမည္။
လင္းေရွာင္က သူခြာေပးေနတာကိုလက္ခံၿပီး
ေျပာလိုက္၏။
"အေလာင္းကို ဖ်က္စီးမပစ္ခဲ့သင့္ဘူး။
မဖ်က္စီးပစ္ခင္ သူ႔ကိုယ္ေပၚမွာ
သေကၤတတစ္ခုခုရိွလား အရင္ၾကၫ့္ခဲ့သင့္တယ္"
"ကၽြန္ေတာ့္ကိုအျပစ္မတင္ရဘူးေလ။ ေမာ့ရႊယ္တို႔က
ေဘးကေန ၾကၫ့္ေနတာကို၊ ကၽြန္ေတာ္လည္း
အေလာင္းကို ဖ်က္စီးၿပီး သက္ေသေဖ်ာက္ပစ္ဖို႔ပဲ
ေတြးမိတာေပါ့။ ေသေသခ်ာခ်ာေတာင္
စစ္မၾကၫ့္ခဲ့ရဘူး၊ ၿပီးေတာ့ အဲ့တုန္းက
သူ႔အဝတ္ေတြခၽြတ္ၾကၫ့္ဖို႔ မေတြးမိလိုက္ဘူး"
ယူေရွာင္းမို နည္းနည္းေနာင္တရမိသည္။
လင္းေရွာင္က တန႔္သြားၿပီး သူ႔ကိုစိုက္ၾကၫ့္လာ၏။
"မင္းမွာေယာက္်ားရိွတယ္ေနာ္"
ယူေရွာင္းမို ပါးစပ္တြန႔္သြားသည္။ ရုတ္တရက္၊
နားေနခန္းထဲမွ အသံမ်ားအားလံုး တိတ္က်သြား
သည္။
ယူေရွာင္းမိုက ေလွကားထစ္မ်ားဘက္လွမ္းၾကၫ့္
လိုက္သည္။ မ်က္ႏွာတစ္ျခမ္းမီးေလာင္ထားသျဖင့္
ပုဝါစ အုပ္ထားရသၫ့္ ေမာ့ရႊယ္အပါအဝင္
သူ႔ႏွင့္ ေရစက္ရိွသူမ်ား ဆင္းလာေနျခင္းပင္။
သူမၾကၫ့္ရသည္မွာ အားနည္းေနၿပီး ရွဲ႔ကၽြင္းေပၚ
မွီထား၏။ သူမ ညီမ ေမာ့ေဖးက တြန႔္ဆုတ္ေနဟန္
မ်က္ႏွာႏွင့္ သူတို႔ေနာက္မွလိုက္လာၿပီး
ရံဖန္ရံခါတြင္ အစ္မျဖစ္သူကို မနာလိုအားက်စြာ
လွမ္းလွမ္းၾကၫ့္ေနသည္။
ယူေရွာင္းမိုမွာ ဤညီအစ္မ်ားက *ထူးဆန္းေသာ
ပန္းပြင့္မ်ားဟု ခံစားမိေလသည္။ ဤဘဝ၌
လူအျဖစ္ မေမြးဖြားလာခဲ့ပါက ပိုေကာင္းေပလိမ့္
မည္။ ေျမေခြးမိစၧာလည္းျဖစ္လို႔မရေပ၊
ဘာလို႔ဆို ၄က သူတို႔အတြက္ျမင့္လြန္းေနမည္
ျဖစ္ေသာေၾကာင့္ပင္။
*ဒီပန္းေတြက ေကာင္းက်ိဳးမေပးတဲ့ပန္းေတြပါ
သူႏွင့္လင္းေရွာင္သည္ ျပတင္းေပါက္ႏွင့္နီးသၫ့္
ေထာင့္တစ္ခုမွာ ထိုင္ေနျခင္းျဖစ္၏။ ခဏေလာက္
ၾကာသည္အထိ ရွဲ႔ကၽြင္းတို႔သည္ သူတို႔ကို
သတိမထားမိၾကေပ၊ သို႔ေသာ္ ႏ်ဳံ႔ရႊီးယန္က
ခ်က္ခ်င္းလွမ္းျမင္သည္။ သို႔ေပမဲ့လည္း
ဘာအမူအရာမွ ျဖစ္မသြားေပ။ ထိုအစား သူတို႔ကို
မမွတ္မိဟန္ျဖင့္ တည္ၿငိမ္ေနၿပီး အေနွာင့္အယွက္
ျဖစ္ဟန္မရိွေပ။
"ဒီႏ်ဳံ႔ရႊီးယန္ရဲ့စိတ္ေနသေဘာထားက မဆိုးဘူး"
လင္းေရွာင္က သူစိမ္းတစ္ေယာက္အပၚ
ရွားပါးလွစြာခ်ီးက်ူးေလသည္။
ယူေရွာင္းမိုကလည္း သူ႔ကိုသတိထားမိကာ
သေဘာမက်စြာေျပာလိုက္သည္။
"ေမာ့ရႊယ္ကို သေဘာက်တာက ဆိုးတယ္။
စိတ္ေနစိတ္ထား ဘယ္ေလာက္ေကာင္းေကာင္း
အေနွးနဲ႔အျမန္ လမ္းလဲြသြားမွာပဲ"
"မင္းမသိေသးဘူးလား"
လင္းေရွာင္က ျပန္ေမးသည္။
"ဘာကိုလဲ" ယူေရွာင္းမို ေအးခဲသြား၏။
"သူ လက္ေလ်ွာ့လိုက္ၿပီ၊ မဟုတ္ရင္
ေမာ့ရႊယ္ မ်က္ႏွာဖ်က္စီးခံရတာကို သူ
မတုန္မလႈပ္ရိွေနမွာမဟုတ္ဘူး။ သူမနဲ႔ ရွဲ႔နာမည္နဲ႔
တစ္ေယာက္ ဘယ္ေလာက္ပဲနီးကပ္ပါေစ
အမူအယာတစ္ခ်က္ေျပာင္းမသြားဘူး"
"ေမာ့ရႊယ္မ်က္ႏွာပ်က္စီးသြားလို႔မ်ားလား"
ယူေရွာင္းမို သတိတထားေျပာလိုက္သည္။
သူ႔စိတ္ထဲမွာ ဆန္ကုန္ေျမေလးတစ္ေကာင္ႏွင့္
မိန္းမပ်က္တစ္ေယာက္၏ ဇာတ္လမ္းတစ္ပုဒ္
ရုပ္လံုးေပၚလာသည္။
"ဘယ္သိမလဲေလ"
သူတို႔ စကားေျပာေနစဉ္မွာ ေမာ့ရႊယ္က
သူတို႔ကို သတိျပဳမိႏွင့္ၿပီးျဖစ္သည္။ သူမသည္
စကားမေျပာႏိုင္ေသာ္လည္း ပုဝါပါးပါးေလးက
သူမမ်က္ဝန္းထဲမွ အႃငွိုးအေတးမ်ား၊
အရိုးထိတိုင္မုန္းတီးျခင္းမ်ားကို တားဆီးမေပးႏိုင္
ေခ်။ သူတို႔မသိေလာက္ဘူး ထင္၍လားမသိ၊
သူမအၾကၫ့္ထဲရိွ အမုန္းတရားကို ဖံုးကြယ္ထား
ျခင္းမရိွေပ။
ယူေရွာင္းမိုႏွင့္ လင္းေရွာင္သည္ အစကတည္းက
သတိထားမိႏွင့္ၿပီးသားျဖစ္၏။ ဤေမာ့ရႊယ္က
အမွတ္သည္းေျခမရိွသၫ့္ လူစားမ်ိဳးပင္။
ျပင္းျပင္းထန္ထန္အျပစ္ေပးခံထားရတာေတာင္
သူတို႔ကို ထိုကဲ့သို႔ေသာ မ်က္ႏွာထားျဖင့္
ၾကၫ့္ရဲေသးသည္။ ၾကၫ့္ရသည္မွာ ႏွစ္မ်ားစြာ
ေသြးနားထင္ေရာက္ခဲ့ျခင္းက သူမကို
ဤအက်င့္ဆိုးကို ျပင္မရျဖစ္ေစပံုပင္။ မေန့ညကတင္
ေသမလိုျဖစ္ေနေပမဲ့ ယေန့မွာေတာ့ ေသရမွာ
မေၾကာက္ေတာ့ပံုပင္။
ယူေရွာင္းမို စုတ္တစ္ခ်က္သပ္လိုက္သည္။
သို႔ေသာ္ ေမာ့ရႊယ္၏အျပဳအမူ ေနာက္ကြယ္ရိွ
အေၾကာင္းအရင္းကို လ်ွင္ျမန္စြာပဲ သူသိလိုက္ရ၏။
ကူမာမ်ိဳးႏြယ္စုမွ လူမ်ား ေရာက္လာသည္။
သူတို႔က်င့္ႀကံဆင့္က ရွဲ႔ကၽြင္းထက္ပင္ပိုျမင့္ကာ
သူတို႔တစ္ကိုယ္လံုးမွ 'ငါကစြမ္းအားႀကီး
က်င့္ႀကံသူပဲ' ဟူေသာ အရိွန္အဝါမ်ား
ထုတ္လႊင့္ေနသည္၊ အထူးသျဖင့္ ေရ႔ွဆံုးမွ
ေလ်ွာက္လာသၫ့္ အျဖဴေရာင္ဝတ္ရံုႏွင့္
အမ်ိဳးသမီးပင္။ သူမထံမွ ျမင့္ျမတ္သန႔္စင္သၫ့္
အရိွန္အဝါတစ္မ်ိဳး ထုတ္လႊင့္ေနလ်က္
ကမ႓ာေျမေပၚဆင္းသက္လာသၫ့္
အမတမေသမ်ိဳးႏြယ္တစ္ေယာက္ကဲ့သို႔
ျမင့္ျမတ္သၫ့္ အေငြ့အသက္တစ္ခု လႊမ္းႃခံုေန
သည္။ ညီအစ္မႏွစ္ေယာက္ထက္ေတာင္ သူမက
ပိုလွသည္။
သူတို႔ကိုျမင္သၫ့္အခါ ေမာ့ေဖးက အံ့ဩ
ဝမ္းသာစြာျဖင့္ အေရ႔ွကိုအရင္ဆံုးေျပးသြား၏။
"ရွက်ဲ..." (က်ဲ-အစ္မ)
ေမာ့ေဖးသည္ အျဖဴေရာင္ဝတ္ရံုႏွင့္အမ်ိဳးသမီးထံ
နာက်င္ေနေသာအမူအယာျဖင့္သြားကာ
ငိုေတာ့မၫ့္ႏွယ္ ရိွေလသည္။
"က်ဲ ညီမေလးနဲ႔ ညီမေလး မမဘက္က
ရပ္တည္ေပးရမယ္"
အျဖဴေရာင္ဝတ္ရံုႏွင့္အမ်ိဳးသမီးက ျမင့္ျမတ္ဟန္
အႃပံုးတစ္ခုျဖင့္ ညင္သာစြာေျပာသည္။
"ဘာျဖစ္လို႔လဲ။ ညီမေလးေမာ့ေဖး
ဝမ္းနည္းရေအာင္ ဘယ္သူအႏိုင္က်င့္တာလဲ"
ေမာ့ေဖးသည္ လင္းေရွာင္တို႔ဘက္ ခ်က္ခ်င္း
လက္ညိုးမထိုးေပ။ ထိုအစား သူမကို ေမာ့ရႊယ္ႏွင့္
ရွဲ႔ကၽြင္းတို႔ဆီ ဆဲြေခၚသြားကာ အတြန႔္တက္ဟန္
ေလသံႏွင့္ေျပာလိုက္၏။
"ရွက်ဲ၊ ညီမေလးရဲ့မမကို ျမန္ျမန္လာၾကၫ့္ပါဦး။
မမမ်က္ႏွာကို လူတစ္ေယာက္ကဖ်က္စီးပစ္လိုက္
တာ"
ဝတ္ရံုျဖဴႏွင့္ အမ်ိဳးသမီးသည္ ပုဝါးပါးပါး
အုပ္ထားသၫ့္ ေမာ့ရႊယ္ကို ၾကၫ့္လိုက္သည္။
ေမာ့ရႊယ္မ်က္ႏွာက ပ်က္စီးေနၿပီး မမွတ္မိႏိုင္
ေလာက္ေအာင္ ေျပာင္းလဲသြားသည္ကို
ပုဝါမွတစ္ဆင့္ ျမင္ရႏိုင္ၿပီး သူမလည္ပင္းနားက
ဒဏ္ရာကလည္း ေသးပံုမေပၚေပ။ သူမ၏
ေျပျပစ္ေသာမ်က္ခံုးတို႔ အနည္းငယ္တြ႕န႔္ခ်ိဳးသြား၏။
ဒီေလာက္ဆိုးတာလား။
"အ...." ေမာ့ရႊယ္သည္ ဝတ္ရံုျဖဴႏွင့္အမ်ိဳးသမီး
ေပၚလာသည္ကို အလြန္စိတ္လႈပ္ရွားေနေသာ္လည္း
စကားမေျပာႏိုင္ေခ်။ သူမက ေနရာမွာတင္
စိတ္လႈပ္ရွားစြာ ထိုင္ေနရသည္၊ သို႔ေသာ္
သူမညီမေလးက ေခၚလာေပးခဲ့ေပသည္။
ဝတ္ရံုျဖဴႏွင့္အမ်ိဳးသမီး၏ အမူအယာက
အနည္းငယ္မည္းေမွာင္သြားကာ ေအးစက္စြာ
ေျပာလိုက္၏။
"ဘာျဖစ္ခဲ့တာလဲ။ ဘယ္လိုလုပ္ ေမာ့ရႊယ္က
ရုပ္ပ်က္သြားရတာလဲ"
ေနာက္ဆံုးေတာ့ ေမာ့ေဖးသည္ အကြက္ေတြ့သြားကာ
ယူေရွာင္းမိုႏွင့္ လင္းေရွာင္တို႔က ရန္ျပဳခဲ့ၾကပံုကို
စီကာပတ္ကံုးျပန္ေျပာေလေတာ့သည္။ သူမအသံက
မတိုးဘဲ ယူေရွာင္းမိုေရ႔ွတၫ့္တၫ့္မွာတင္ကိုပဲ
ပံုႀကီးခ်ဲ႔လ်က္ ေျပာ၏။ ဥပမာအားျဖင့္
ေမာ့ရႊယ္က အရင္ေစာ္ေစာ္ကားကားေျပာတာမပါ
သလို ယူေရွာင္းမိုက ေမာ့ရႊယ္ကိုတစ္ခါကယ္ေပး
ခဲ့တာလည္း မပါေပ။ ဘာပဲျဖစ္ျဖစ္ အကုန္
ယူေရွာင္းမိုအမွားခ်ည္းသာျဖစ္သည္။
ဝတ္ရံုျဖဴႏွင့္အမ်ိဳးသမီးက ဘာေတြးေနသလဲေတာ့
မသိေပ၊ သို႔ေပမဲ့ ေမာ့ေဖးစကားကိုနားေထာင္ေနစဉ္
သူမ၏လွပေသာမ်က္ႏွာေလးက နည္းနည္းမွ
စိတ္မယိုင္သြားသၫ့္အလား အမူအယာကင္းမဲ့ေန
သည္။ သို႔ေသာ္လည္း ညီအစ္မႏွစ္ေယာက္ကမူ
၄ကို မူမမွန္ဘူးဟု လံုးဝမထင္ေခ်။
ေမာ့ေဖးသည္ ဇာတ္လမ္းတစ္ပုဒ္လံုးေျပာျပ
ၿပီးေနာက္၌ ဝတ္ရံုျဖဴႏွင့္အမ်ိဳးသမီးအား
ေမ်ွာ္လင့္ခ်က္ႀကီးစြာ ၾကၫ့္လိုက္၏။
"ရွက်ဲ၊ မမက တအားသနားဖို႔ေကာင္းတာ။
က်ယ္က်ဲက သူမေနာက္မွာေနေပးရမယ္ေနာ္"
"အရွင္မရွယင္ခင္ဗ်၊ ေမာ့ရႊယ္မ်က္ႏွာက
ကုသလို႔ရေသးလား"
ႏ်ဳံ႔ရႊီးယန္သည္ သူ႔မ်က္ႏွာထက္မွေအးစက္မႈမ်ားကို
ဖံုးကြယ္လ်က္ ေလးစားဟန္ျဖင့္ေလ်ွာက္လာသည္။
ေမာ့ရႊယ္ကလည္း သူမကို စိတ္အားထက္သန္စြာျဖင့္
ၾကၫ့္လိုက္သည္။
ဝတ္ရံုျဖဴႏွင့္အမ်ိဳးသမီးသည္ ေနာက္ဆံုးေတာ့
တုန႔္ျပန္လာၿပီး "ေမာ့ရႊယ္ကို ေလာင္သြားတဲ့
မီးေတာက္က သာမာန္မီးေတာက္မဟုတ္ဘူး။
ငါမွန္းတာမမွားရင္ နတ္ဘုရားမီးလ်ွံတစ္မ်ိဳး
ျဖစ္လိမ့္မယ္။ နတ္ဘုရားမီးလ်ွံေၾကာင့္ျဖစ္တဲ့
ဒဏ္ရာက အရွင္းေပ်ာက္ဖို႔ တအားခက္တယ္" ဟု
ေျပာေသာ္လည္း မသိမသာေတာ့ေခါင္းၿငိမ့္၏။
ေမာ့ရႊယ္က ခ်က္ခ်င္းေဒါသတႀကီး
ထရပ္လိုက္သည္၊ ခံုႏွင့္တိုက္မိသည္ကိုပင္
ဂရုမစိုက္ေခ်။ တစ္ဘဝလံုး ရုပ္ပ်က္ဆင္းပ်က္ႀကီး
သူမ မေနသြားခ်င္ေပ။
ရွဲ႔ကၽြင္းက အျမန္ သူမကိုကူတဲြေပးလိုက္ၿပီး
တိုးတိုးေျပာလိုက္၏။
"ရႊယ္အာ စိတ္မလႈပ္ရွားနဲ႔။ 'အရွင္းေပ်ာက္ဖို႔
ခက္တယ္'ဆိုတာ လံုးဝကုမရဘူးလို႔မဆိုလိုဘူးေလ၊
ေသခ်ာေပါက္ နည္းလမ္းတစ္ခုေတာ့ရိွမွာပါ"
ဝတ္ရံုျဖဴႏွင့္အမ်ိဳးသမီးက သူ႔ကို
ထူးမျခားနားစြာ တစ္ခ်က္ၾကၫ့္လိုက္ကာ၊
"ကုလို႔ရမရကို မဆံုးျဖတ္ခင္ အရင္
စစ္ၾကၫ့္ရဦးမယ္။ ဒါေပမဲ့ တအား
ေမ်ွာ္လင့္မထားနဲ႔။ နတ္ဘုရားမီးလ်ွံက မီးေလာင္
ဒဏ္ရာကို ကုေပးႏိုင္တာ အဆင့္ငါးနဲ႔အထက္
သက္တန႔္ေဆးလံုးေတြပဲရိွတယ္"
ေမာ့ရႊယ္သည္ ထိုင္ခံုေပၚ အရုပ္ႀကိဳးျပတ္
က်သြားၿပီး အသံတိတ္ငိုယိုေလေတာ့သည္။
သူမသည္ ေမွာ္ဆရာမဟုတ္ေသာ္လည္း
သက္တန႔္အဆင့္ငါးႏွင့္အထက္ ေမွာ္ေဆးလံုးမ်ားက
သန႔္စင္ရခက္သည္ကိုေတာ့ သိေသးသည္။ ထို႔ျပင္
ေဆးလံုးသန႔္စင္မည္ဆိုလ်ွင္ေတာင္
ေဆးေဖာ္စပ္နည္းက လိုေသးသည္။
ေမာ့ရႊယ္က သူမမ်က္ႏွာသူမ ပြတ္သပ္လိုက္သည္။
တစ္ဘဝလံုး ဤရုပ္ဆိုးဆိုးမ်က္ႏွာႀကီးျဖင့္
ေနထိုင္ရသြားေတာ့မည္ကို ေတြးမိေသာအခါ
ယူေရွာင္းမိုႏွင့္လင္းေရွာင္ေပၚ မုန္းတီးမႈက
တဟုန္ထိုးတက္သြားေတာ့သည္။
သူတို႔ေတြ နာနာက်င္က်င္နဲ႔ေသေစရမယ္!
"ရွက်ဲ ဟိုလူႏွစ္ေယာက္က မမကိုဒီလိုျဖစ္ေအာင္
လုပ္ခဲ့တာ"
ေမာ့ေဖးက ခ်က္ခ်င္းပင္ ေထာင့္ေလးက
ယူေရွာင္းမိုႏွင့္လင္းေရွာင္ဘက္ကို
ေက်နပ္ေနေသာမ်က္ႏွာျဖင့္ လက္ညိုးထိုးျပ
လိုက္သည္။ အခ်ိန္အၾကာႀကီး ဖိႏိွပ္ထားရၿပီးမွာ
လက္စားေခ်ခြင့္ရခဲ့ေလၿပီ။
ရွက်ဲက ကူမာမ်ိဳးႏြယ္စုမွာ သူတို႔အေဖၿပီးရင္
အသန္မာဆံုးျဖစ္ေၾကာင္း ေပးသိလိုက္မည္။
ယူေရွာင္းမိုက သူတို႔ကိုေက်ာေပးထားတာျဖစ္ၿပီး
လင္းေရွာင္ကို စပ္စပ္စုစုျဖင့္ေမးလိုက္၏။
"နတ္ဘုရားမီးလ်ွံက မီးေလာင္ဒဏ္ရာကို
တကယ္ပဲကုလို႔ရလား"
ျဖစ္ႏိုင္သည္ဟု သူေတာ့မထင္ေခ်၊ မဟုတ္လ်ွင္
ရွင္းခ်ီတစ္ေယာက္ လက္ျပတ္ႀကီးႏွင့္
ေလ်ွာက္သြားေနခဲ့မည္မဟုတ္ေပ။ သို႔ေသာ္လည္း
သူ႔မွာ ကုဖို႔အခ်ိန္မရိွခဲ့ျခင္းလည္း ျဖစ္ႏိုင္သည္။
လင္းေရွာင္က လက္ဖက္ရည္ခြက္ကိုယူကာ
တစ္ငံုေသာက္ၿပီးေနာက္ ယဉ္ေက်းသိမ္ေမြ့စြာျဖင့္
ေျပာလိုက္၏။
"မရဘူး"
"ဘာကြာလို႔လဲ"
"ဘာကြာလို႔လဲဆိုေတာ့.. အဲ့ဒါ ကိုယ့္ရဲ့
နတ္ဘုရားမီးလ်ွံမလို႔ေလ"
"ယံုၾကည္ခ်က္ေတြရိွတယ္ေပါ့ေလ ဟမ္"
လင္းေရွာင္က ႃပံုးလ်က္ တစ္ခ်က္လွမ္းၾကၫ့္
သည္။
"မင္းမႀကိဳက္ဘူးလား"
ယူေရွာင္းမိုမ်က္လံုးေလးမ်ား ေတာက္ပသြား၏။
"ႀကိဳက္တယ္"
လူအမ်ားရိွေနစဉ္မွာ ႏွစ္ေယာက္တည္းတစ္ကမ႓ာ
တည္ေနၾကသည္မွာ မုန္းလည္းမုန္းခ်င္စရာပင္။
_________________________