//Unicode//
ခြေနှစ်ချောင်းမကယ်ကောင်း
ဓားပြခေါင်းဆောင်ဘက်မှာ လူငါးယောက်ပဲ
ရှိသည်။ သူတို့ လူအင်အားကများတယ်ဆိုပေမဲ့
စူးစမ်းရှာဖွေရေးအဖွဲ့အင်အားက သူတို့နှစ်ဆခန့်
ရှိကာ ခေါင်းဆောင်၏ခွန်အားက သူနှင့်
တန်းတူလောက်မှာ ရှိပုံရလေသည်။
ဓားပြခေါင်းဆောင်သည် အနိုင်အရှုံးကို
အမြန် တွက်ချက်ကြည့်ပြီးနောက် သူ့အတွက်
အားသာမှာ မဟုတ်တာကို သိပြီး သူ့လူလေးယောက်
နှင့်အတူ ထွက်ပြေးသွားတော့သည်။
လွတ်မြောက်ရန်လုပ်နေစဉ် တစ်ချိန်တည်းမှာပဲ
ညီအစ်မနှစ်ယောက်၏ မှော်အိတ်များကို
လုယူသွားလေ၏။
"မိန်းကလေးတို့ အဆင်ပြေကြရဲ့လား"
ခေါင်းဆောင်ဖြစ်သူသည် ရှဲ့ကျွင်းဟုအမည်ရကာ
သူတို့ဆီ အရင်ဆုံး အပြေးအလွှား
ရောက်လာသူလည်းဖြစ်သည်။ သူက မော့ရွှယ်၏
သနားစဖွယ်ပုံစံကို ပူပင်စွာကြည့်လိုက်၏။
သူ့အကြည့်က သူမရင်ဘတ်ထက်က ဖြူဖြူဖွေးဖွေး
တောင်ပို့နှစ်ခုဆီ ရွေ့သွားသည်။ တံတွေးမြိုချ
လိုက်ပြီးနောက်မှာ အကြည့်ပြန်လွှဲလိုက်လေသည်။
မော့ရွှယ်က ရှဲ့ကျွင်းက ချောမောပြီး သူ့ရုပ်ရည်က
သူမအကြိုက်ဖြစ်သည်ကို မြင်ရာ သူမ
ခြေထောက်များပျော့ခွေသွားချိန် သူ့လက်မောင်းများ
အကြား ခိုဝင်လိုက်၏။
ရှဲ့ကျွင်းက ရှက်ရွံ့နေသောအမူအယာဖြင့် ချက်ချင်း
ထောက်ကူပေးလျက် ပူပင်စွာမေးလိုက်လေသည်၊
"မိန်းကလေး ဘာဖြစ်လို့လဲ။ တစ်နေရာရာ
ထိခိုက်မိထားသေးလား"
မော့ရွှယ်က သူ့ရင်ဘတ်ပေါ်ကို အားနည်းစွာ
မှီကာ ငိုရှိုက်လျက် ခေါင်းယမ်း၏။
"ကျွန်မ မခိုက်မိထားပါဘူး။ ပျော်လွန်းလို့
ငိုမိတာပါ။ လူကြီးမင်းသာ အချိန်မီ
ရောက်မလာရင်လေ...ကျွန်မ... ကျွန်မ...
*ဟင့် ဟင့်* လူကြီးမင်းရဲ့ ကျေးဇူးကို
မော့ရွှယ် ဘယ်လိုပြန်ဆပ်ရမလဲ မသိတော့ပါဘူးရှင်"
"မိန်းကလေးမော့ ပြန်ဆပ်ဖို့မလိုပါဘူးဗျာ။
ကျွန်တော် ရှဲ့က ဘာမှမလုပ်ခဲ့ရပါဘူး"
ရှဲ့ကျွင်းက အလျင်အမြန်ပြောလိုက်သည်။
မော့ရွှယ်က သူ့လက်ကို ဆုပ်ကိုင်လျက် နူးညံ့စွာ
ကြည့်လိုက်၏။
"မဟုတ်တာ၊ ရှဲ့တကော...နှိမ့်ချနေဖို့ မလိုပါဘူးရှင်။
အစ်ကိုက ကျွန်မတို့ညီအစ်မနှစ်ယောက်ကို
ကယ်တင်ပေးခဲ့တာပါ။ မော့ရွှယ်က သေချာပေါက်
ကျေးဇူးပြန်ဆပ်မှာပါ"
ရှဲ့ကျွင်းက ပြုံးလျက် သူ့လက်ကိုပြန်ဆွဲလိုက်သည်။
"မိနိးကလေးမော့၊ အခုနောက်ပိုင်း တုံ့ယွီက
သိပ်မအေးချမ်းလှဘူး၊ ဓားပြအရေအတွက်လည်း
တိုးပွားလာနေတယ်။ မင်း နောက်ထပ်လူများများ
ထပ်စောင့်ပြီးမှ ပြန်လာရင်ကောင်းမယ်၊
မဟုတ်ရင် ပစ်မှတ်ထားခံရလိမ့်မယ်"
မော့ရွှယ်ကတော့ သူက သိပ်ကိုချောမောပြီး
စဉ်းစားပေးတတ်တာပဲဟု တွေးနေလေသည်။
ထို့ပြင် သူက သန်မာရာ သူမ ချက်ချင်းကို
မျက်စိကျသွား၏။ သူပြောတာကြားတော့
ရှဲ့ကျွင်းနှင့် မဆိုင်းမတွသဘောတူလေသည်။
"ရှဲ့တကော ပြောတာမှန်တယ်၊ ဒါပေမဲ့ အခု.....
ကျွန်မတို့ အသင်းဖော်တွေကို ရှာမတွေ့သေးဘူး"
သူမပြောသည့် အဓိပ္ပါယ်ကိုသိသော ရှဲ့ကျွင်းက
ချက်ချင်းပင် ပြန်ဖြေသည်။
"မိန်းကလေးမော့က လက်ခံနိုင်တယ်ဆိုရင်
ကျွန်တော်တို့နဲ့ ပူးပေါင်းလို့ရပါတယ်"
"တကယ်? ဒါဆို ရှဲ့တကောကို ကျေးဇူးတင်ရမှာ
ပေါ့ရှင်"
မော့ရွှယ်က မျက်ရည်များကြားမှ ပြုံးလိုက်ပြီး
ပျော့ပျောင်းသည့်လက်များနှင့် ရှဲ့ကျွင်းလက်ကို
တစ်ခါထပ် ဆုပ်ကိုင်လိုက်လေသည်။ သူမက
သူ့ကို နုနယ်သိမ်မွေ့ပြီး နှစ်လိုဖွယ်ကောင်းသည့်
မျက်လုံးများဖြင့် ကြည့်နေ၏။
ရှဲ့ကျွင်းက သည်တစ်ခါတော့ သူ့လက်ကို
ပြန်မဆွဲတော့ချေ။ သူက ပြုံးလျက်ပြန်ဖြေလိုက်၏။
"ကြိုဆိုပါတယ်ဗျာ။ မိန်းမလှလေးတွေကို
ကူညီရမှာပဲမလား"
မော့ရွှယ်၏ စွဲမက်ဖွယ်မျက်နှာက နီမြန်းလာပြီး
သကာရည်လောင်းထားသော သူ့စကားများတွင်
ယစ်မူးလုနီးပါးဖြစ်နေလေသည်။
"မော့ရွှယ်ကို လွှတ်လိုက်!"
သူတို့နားထဲကို လျှပ်စီးပစ်သံလို
မျက်စိဆံပင်မွှေးဆူးသံတစ်သံ ဝင်ရောက်လာသည်။
မလှမ်းမကမ်းတွင် နျုံ့ရွှီးယန်သည် ဝမ်းဗိုက်ထဲမှ
ဗြောင်းဆန်နေသော သွေးနှင့်ချီတို့ ငြိမ်သက်သွား
သည့်နောက်မှာ မတ်တပ်ရပ်နေပြီဖြစ်သည်။
သူ့မျက်နှာက နဂိုကတည်းက နီနေသော်လည်း
တစ်ယောက်ပေါ်တစ်ယောက် တွယ်တက်မတတ်
ဖြစ်နေသည့် မော့ရွှယ်နှင့်ရှဲ့ကျွင်းကို မြင်သော်
ဒေါသကြောင့် ပိုလို့တောင် နီရဲလာလေသည်။
နျုံ့ရွှီးယန်၏အသံကို ကြားလိုက်ရသည့်အခါ
မော့ရွှယ်၏ အမူအယာက ချက်ချင်းအေးစက်သွား
ခဲ့သည်။
"နျုံ့ရွှီးယန်! ရှဲ့တကောက ငါတို့ရဲ့ကယ်တင်ရှင်ပဲ၊
နင်ဘယ်လိုလုပ်ပြီး အော်ပြောနေရတာလဲ။
နင်သာ ဒီလောက် သောက်သုံးမကျမဖြစ်ဘူးဆိုရင်
ငါတို့တွေ ဒီအခြေအနေထိ ရောက်ခဲ့ပါ့မလား?!"
"မော့ရွှယ် ငါ....."
သူမှားမှန်း နျုံ့ရွှီးယန်သိသည်။ သူ ထိုစကားများကို
ပြန်မပြောနိုင်ပေ၊ သို့ပေမဲ့ ယောက်ျားတစ်ယောက်
ကျေနပ်စေဖို့နဲ့ မော့ရွှယ် အစွမ်းကုန်ကြိုစားနေတာကို
သူ မကြည့်နိုင်။
"ငါ ဘာငါလဲ၊ ရှဲ့တကောကို လာမတောင်းပန်သေး
ဘူးလား"
မော့ရွှယ်က မပျော်မရွှင် ဖြတ်ပြောလိုက်သည်။
နျုံ့ရွှီးယန် မျက်မှောင်ကျုံ့လိုက်၏။ သူ့မျက်ခုံး
နှစ်ဖက်က တွန့်ချိုးသွားခဲ့သည်။
"မော့ရွှယ် တကယ်တော့ နင်တို့ကိုကယ်ခဲ့တဲ့သူက
သူမဟုတ်ဘူး၊ တစ်ခြားတစ်ယောက်"
ဓားပြခေါင်းဆောင်၏လက်ကို သစ်စေ့တစ်စေ့က
လာရောက်ထိမှန်သွားသည်ကို သူ့မျက်လုံးနှစ်လုံးနဲ့
မြင်ခဲ့ရသည်။ ထို့ပြင် သစ်စေ့က ရှဲ့ကျွင်းတို့လူစုနှင့်
ဆန့်ကျင်ဘက်အရပ်မှ လာခြင်းဖြစ်သည်။
မော့ရွှယ်က တစ်ခဏလောက် တွေဝေသွားခဲ့၏။
သစ်စေ့က ဘယ်ဘက်ကပျံလာလဲ သူမမမြင်ခဲ့ရပေ၊
သို့ပေမဲ့ ထိုအချိန်က ရှဲ့ကျွင်းတို့လူစုဘက်ကို
သူတို့ကျောပေးထားသဖြင့် ရှဲ့ကျွင်းလုပ်လိုက်တာ
မဖြစ်နိုင်တာတော့ မှန်ပေသည်။
သူမ ယိမ်းယိုင်လာသည်ကို နျုံ့ရွှီးယန်မြင်သော်
သူက ယူရှောင်းမိုနှင့်လင်းရှောင်တို့ရှိရာဘက်ကို
ချက်ချင်း လက်ညိုးထိုးပြလိုက်ကာ အော်ပြော
လိုက်၏။
"ငါ့မျက်စိနှစ်လုံးနဲ့ မြင်ခဲ့ရတာ။ သစ်စေ့က
အဲ့ဘက်ကလာတာ။ သူတို့ အဲ့ကျောက်တုံးနောက်မှာ
ပုန်းနေတာ နေမယ်"
ယူရှောင်းမိုက ကျောက်တုံးနောက်မှာဖြစ်သည်။
သူ နျုံ့ရွှီးယန်၏ လျှာကို ဖြတ်ပစ်ချင်စိတ်များ
တဖွားဖွားပေါ်လာ၏။
မနာလိုဘူးဆိုရင်လည်း မနာလိုတဲ့အတိုင်းပဲနေလေ။
ဘာလို့ သူ့ကိုပါဆွဲချနေရတာလဲ။ သူက
အမည်ဖော်ပြခြင်းမခံလိုသည့် သူရဲကောင်းသာ
ဖြစ်သည်။
လင်းရှောင်က ဘေးမှနေ၍ ကံဆိုးမှုကိုပျော်ရွှင်စွာ
ပြုံးကြည့်နေ၏။
"ဘယ်ဆရာသခင်ကများ ကျွန်တော်တို့ကို
ကယ်ပေးခဲ့တာလဲ အရဲစွန့်လို့မေးလို့ရမလား။
ကိုယ်ထင်ပြလို့ရော ရနိုင်မလား"
နျုံ့ရွှီးယန်က လက်နှစ်ဖက်ကိုယှက်ကာ ဦးညွတ်၍
အရိုအသေးပေးလျက် ကျယ်လောင်စွာ
အော်လိုက်လေသည်။ သူက ယူရှောင်းမိုကို
မီးထပ်မွှေးလိုက်ပြန်သည်။
မော့ရွှယ်နှင့် မော့ဖေးလည်း မျှော်လင့်လျက်
ကြည့်လိုက်ကြသည်။ ရုပ်ချောသည့်ယောက်ျား
တစ်ယောက်ဆို အနည်းငယ် စိတ်အားထက်သန်စွာ
ပြုမူလိုက်မည်။ မဟုတ်လျှင်တော့ ကျေးဇူးတင်
ကြောင်း စကားတစ်ခွန်းနှစ်ခွန်းခန့် ပြောပေးလိုက်
မည်။
နျုံ့ရွှီးယန်ကို ရှဲ့ကျွင်းတစ်ယောက် မဲမှောင်စွာဖြင့်
ကြည့်နေသည်ကို ဘယ်သူမှသတိမပြုမိကြပေ။
လူတိုင်းစောင့်မျှော်နေရသည့် အခိုက်အတံ့လေးသည်
ကျောက်တုံးအထက်ကို ခေါင်းမည်းမည်းလေး
တစ်လုံးပြူထွက်လာပြီး နျုံ့ရွှီးယန်နှင့်
မိန်းကလေးနှစ်ယောက်တို့ ရင်းနှီးနေသည့်
မျက်နှာတစ်ခု ပေါ်လာခြင်းဖြင့် ရောက်ရှိလာ
လေသည်။ မော့ရွှယ်နှင့် မော့ဖေးတို့၏ အပြုံးမှာ
မျက်နှာပေါ်မှာတင် အေးခဲသွားကြ၏။
"ဟိုင်း" ယူရှောင်းမိုက သူတို့ကို လက်ယမ်းပြလိုက်
သည်။ သူက ချက်ချင်းထွက်သွားကြအောင်လို့
ပြောခဲ့ပေမဲ့ လင်းရှောင်က ထိုနှစ်ယောက်ကို
ကယ်ထားပြီးပြီဆိုမှတော့ အနည်းဆုံးမျက်နှာပြသင့်
တယ်ဟု ပြောကာ ငြင်းလေသည်။
ချီးကိုပြရမှာလား! လင်းရှောင်က ပွဲကောင်းကောင်း
ကြည့်ချင်နေတာမှန်း သူခံစားမိနေတယ်!
"နင်ပဲ!" မော့ရွှယ်က ဒေါသတကြီးအံကြိတ်လိုက်
သည်။
ယူရှောင်းမို ခေါင်းငြိမ့်လိုက်ပြီး ရွှတ်နောက်နောက်
ပြုံးလိုက်သည်၊
"ငါကလွဲလို့ ဘယ်သူဖြစ်နိုင်ဦးမှာလဲ"
သူတို့ဖြစ်နေမယ်လို့ နျုံ့ရွှီးယန် မထင်ထားမိပေ။
မော့ရွှယ်နှင့်မော့ဖေးက သူတို့ကို မကြိုက်မှန်း
သူသိသည်။ သို့သော်လည်း မော့ရွှယ်ကို ရှဲ့ကျွင်းကို
မျက်နှာလိုမျက်နှာရ လုပ်ခွင့်ပြုရမှာထက်စာရင်
မျက်နှာလိုမျက်နှာရလုပ်ခံရသူကို ယူရှောင်းမိုသာ
ဖြစ်စေချင်သည်။ အနည်းဆုံးတော့...
သူ့ရုပ်ရည်က မော့ရွှယ်၏စံနှုန်းများနှင့် မကိုက်ညီ
သဖြင့် မော့ရွှယ် သူ့အပေါ် နှစ်လိုစိတ်များ
ဘယ်တော့မှရှိလာမည်မဟုတ်ပေ။
"ကျွန်တော်တို့ကိုကယ်ခဲ့တာ ဒီကလူကြီးမင်းပေါ့..."
"နျုံ့ရွှီးယန်!" မော့ဖေးက ရုတ်တရက်အော်လိုက်ပြီး
ယူရှောင်းမိုကို ကြမ်းကြုတ်စွာ ဂျိုကြည့်ကြည့်လျက်၊
"ငါတို့ကို တကယ် ကယ်ခဲ့တဲ့လူက သူမဟုတ်ဘူး။
သူက အများဆုံးမှ ဓားပြတွေကို ရပ်တန့်သွား
စေရုံလောက်ပဲ။ ရှဲ့တကောတို့ကသာ ဓားပြတွေကို
မောင်းထုတ်လိုက်တဲ့သူ"
မော့ရွှယ်ကလည်း မုန်းတီစွာဖြင့်သံယောင်လိုက်သည်၊
"မှန်တယ်။ နောက်ပြီး သူဘေးကနေရပ်ကြည့်နေတာ
ကြာလှပြီလို့ ငါထင်တယ်။ သစ်စေ့က သက်သေပဲ။
သူသာ ငါတို့ကို အမှန်တကယ် ကယ်ချင်တယ်ဆိုရင်
ဘာလို့ နောက်ဆုံးအချိန်ထိစောင့်ပြီးမှ လှုပ်ရှား
တာလဲ"
စိုစွတ်နေသည့် သစ်စေ့ကိုကြည့်ချင်းအားဖြင့်
စားပြီးကာစမှန်း သိသာလှသည်။
ထိုအရာကပင် ခိုင်မာသောသက်သေဖြစ်သည်။
သို့သော်လည်း အကုန်လုံးကို ငြင်းဆိုရက်နိုင်သည့်
မော့ညီအစ်မများကတော့ တကယ်ကိုလက်ဖျား
ခါလောက်သည်၊ အထူးသဖြင့် မော့ရွှယ်ပင်။
အနည်းဆုံးတော့ ယူရှောင်းမိုက ဓားပြခေါင်းဆောင်
သူမအောက်ခံအဝတ်ကို ကိုင်တွယ်ခြင်းမှ
တားဆီးပေးခဲ့သည်။ သူတို့ကို ကယ်သူက
သူမဟုတ်ရင်တောင် သူမ တစ်ကိုယ်လုံးကို
ဤယောက်ျားတစ်စုလုံး မြင်ရပြီးလောက်ပြီ
ဖြစ်သည်။
လင်းရှောင် ဘာလို့အဲ့လိုပြုံးနေလဲ ယူရှောင်းမို
ရုတ်ခြည်းနားလည်သွားတော့သည်။
မော့ရွှယ်က ငြင်းမယ်မှန်း သူသိနေပုံပင်။
နောက်ဆုံးတော့လည်း သူက ပွဲကောင်းကောင်းတစ်ခု
ကြည့်ချင်နေလို့ပဲ။
ကောင်းတာလုပ်ပေမဲ့ ပြဿနာတက်နေရတုန်း
ပါပဲလား!
ယူရှောင်းမိုက လင်းရှောင်ရင်ခွင်ထဲ ပြန်မှီလိုက်ကာ၊
"ဝမ်းနည်းသွားပြီ။ ကျွန်တော့်ရဲ့ ပထမဆုံး
'အလှလေးကိုကယ်တင်မယ့်သူရဲကောင်း'လေးကို
သူမက ကျွန်တော် ချက်ချင်းမလှုပ်ရှားလို့တဲ့
အပြစ်တင်နေတယ်။ လောကကြီးမှာ အဲ့လို
အရှက်မဲ့တဲ့လူလည်း ရှိတာပဲလား?!"
လင်းရှောင်က ဆံပင်လေးကို သပ်ပေးရင်း
ပါးစပ်ထောင့်များ မြင့်တက်သွား၏။
"မင်း အရှက်မဲ့တဲ့လူကို မြင်ဖူးတာ ဒါပထမဆုံး
အကြိမ်လည်းမဟုတ်တော့ဘူး။ ဒီဖြစ်ရပ်ကို
မှတ်ထား၊ နောက်ကျရင် တွေ့သမျှလူ
လိုက်ကယ်မနေနဲ့။ လူတစ်ချို့က မကောင်းတဲ့
စိတ်ဓာတ်တွေနဲ့၊ မင်းအကူအညီကို ကျေးဇူးတင်
ကြမှာမဟုတ်ဘူး။ ဒီလိုလူမျိုးကို မျှော်လင့်ချက်
မဲ့တယ်ဆိုတာ ဘယ်လိုလဲ ပေးမြည်းခိုင်းသင့်တယ်"
နောက်ဆုံးက စကားကိုပြောပြီးနောက် သူ့အကြည့်က
မော့ရွှယ်ပေါ် အပြုံးမမည်သည့်အပြုံးတစ်ခုနှင့်အတူ
ရောက်သွားလေသည်။
မော့ရွှယ် တစ်ကိုယ်လုံးအေးစက်သွားပြီး
တုန်ယင်လာသည်။
ယူရှောင်းမိုက တိုးတိုးရေရွတ်လိုက်သည်၊
အမြဲတမ်း ဒီလိုပဲ။ ငါ့ကိုသတိမပေးခင် အရင်
လုပ်ခွင့်ပေးတယ်။
သူ့ကို နက်နက်ရှိုင်းရှိုင်းမှတ်မိစေပြီး သူ့အမှားကနေ
သင်ယူစေပေမဲ့ ဤကဲ့သို့သောနည်းမျိုးက
နည်းနည်းလေးမှ မမိုက်ပေ။ သို့ပေမဲ့လည်း
သူမကို ကယ်ခဲ့မိတာကို အခု သူ တကယ်ကြီး
နောင်တရနေပြီ။
"သိပြီ၊ သိပြီလို့။ မှတ်ထားမယ်။ နှလုံးသားထဲထိ
အနက်ကြီး ရေးထားလိုက်မယ်.... "
"ပြီးတော့ ရှိသေးတယ်" လင်းရှောင်က
အမူအယာမပြောင်းလဲစွာပင်၊
"နောင်ကျ တအားတအား နိုးနိုးကြားကြား
ရှိဖို့မှတ်ထား။ မင်း ဝင်ပါစရာမလိုတဲ့အချိန်တွေမှာ
တစ်ခြားသူတွေရဲ့ တောက်ပချိန်လေးကို မခိုးရဘူး"
ယူရှောင်းမို မျက်တောင်ခတ်လိုက်သည်။
ဘာပြောချင်တာလဲ?
ဤစကားကို ကြားလိုက်ရသည့်အခါ ရှဲ့ကျွင်း
နှလုံးတုန်သွား၏။ သူတို့လည်း အနီးနားမှာပဲဆိုတာ
ဒီလူသိနေတာလား။
မှန်၏။ ယူရှောင်းမိုတို့ရော ရှဲ့ကျွင်းတို့ရော
ရောက်နေတာကြာပြီဖြစ်ပြီး ဘယ်အဖွဲ့ကမှ
မိန်းကလေးများကို ကူညီဖို့ ချက်ချင်းထွက်မလာခဲ့
ပေ။ ရှဲ့ကျွင်းက ယူရှောင်းမိုထက် ခြေတစ်လှမ်း
နောက်ကျသွားတာ ဖြစ်သည်။ ဤအဖြစ်မျိုးက
အလွန်တရာမှ ပုံမှန်ဖြစ်ပြီး သူတို့မှာ လူကယ်ပေး
ရမည့် တာဝန်မရှိပေ။ မော့ဖေးက သူမ
ဘယ်သူဘယ်ဝါဖြစ်ကြောင်း ထုတ်ပြောပြီးချိန်ကျမှ
ရှဲ့ကျွင်းမှာ စိတ်ကူးတစ်ချို့ရသွားခြင်းဖြစ်သည်။
သူက မော့ဖေးစကားကို ယုံသော်လည်း
ချက်ချင်းကြီး ဝင်မပါရဲခဲ့ပေ။ ထိုအစား
ညီအစ်မနှစ်ယောက် သူ့အပေါ် ပိုနက်ရှိုင်းသည့်
အမြင်ရှိစေရန်နှင့် ပိုကျေးဇူးတင်ကြစေရန်
အရေးကြီးဆုံးအခြေအနေကို ရွေးချယ်ဖို့
စိတ်ကူးထားခဲ့လေသည်။
သို့သော်လည်း သူ ဘာမှမလုပ်ရသေးခင်
တစ်စုံတစ်ယောက်က ဝင်ပါလိုက်မည်ဟု
သူမမျှော်လင့်ထားပေ။ ယူရှောင်းမိုကြောင့်
သူ့အကြံအစည်များ ပျက်စီးကုန်မည်ကိုစိုးသဖြင့်
သူ့အသင်းသားများနှင့်အတူ ပြေးထွက်လာခြင်း
ဖြစ်လေသည်။
မော့ရွှယ်တို့ကတော့ လင်းရှောင်စကား၏
အဓိပ္ပါယ်ကို နားမလည်ကြချေ။ သူမက
ပုရွက်ဆိတ်တစ်ကောင်ဖြစ်သည့်အလား
ကြည့်နေသည့် ဤအမျိုးသားက သူမကို
ရွှံရှာစက်ဆုပ်နေသည်ဟုသာ ခံစားရလေသည်။
၎င်းက သူမကို ဒေါသမီးများတောက်စေသည်။
"ငါတို့ကို ဘယ်သူကလာကယ်ခိုင်းနေလို့လဲ၊
လျှာရှည်တဲ့ကောင်!"
မော့ရွှယ်က ရှက်ပြီးဒေါသထွက်သွားလေသည်။
သူမ၏ လှပသောမျက်ဝန်းများထဲမှ မီးတောက်များ
ထွက်လာတော့မယောင်ပင်။ သူမက တကယ့်ကို
ကျေးဇူးမတင်ဖင်လှန်ပြသည့် လူမျိုးဖြစ်၏။
သို့ပေမဲ့ ယူရှောင်းမိုသည်လည်း သူမဆီက
ကျေးဇူးဆပ်မှုကို မမျှော်လင့်ထားပါချေ။
သူမပါးကို ဖြန်းကနဲရိုက်ပစ်လိုက်ချင်ပေမဲ့
ယူရှောင်းမို ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားသည်
ဖြစ်ရာ စကားကိုတော့ညှာမနေတော့ပေ။
ထို့ကြောင့် သူ မော့ရွှယ်ကို ပြုံးပြလိုက်ပြီး
ထွက်မသွားခင်ပြောခဲ့လိုက်သည်။
"မိန်းမလှလေး၊ ငါမသွားခင် မင်းနဲ့မင်းညီမအတွက်
စကားတစ်ခွန်းပြောခဲ့ချင်တယ်.... မင်းတို့တွေ
မဒိန်းကျင့်ခံရပါစေ"
ပြောပြီးသည်နှင့် သူ လင်းရှောင်ကိုဆွဲကာ
လျှောက်ထွက်သွားတော့သည်။
မော့ရွှယ် ဒေါသထွက်လွန်း၍ သူမနှလုံးပင်
တဒုန်းဒုန်းခုန်နေသည်။
သူမကို အဲ့လိုလေသံနဲ့ပြောရဲတယ်!
သူတို့သာ ကူမာမျိုးနွယ်စုအတွင်းမှာဆို
သူ့ပါးစပ်ကို ဆုတ်ဖြဲပစ်ခိုင်းလိုက်ပြီဖြစ်သည်။
နျုံ့ရွှီးယန်က ဒေါသကြောင့် မျက်နှာရှုံ့တွနေသည့်
မော့ရွှယ်အား ရှုပ်ထွေးသည့်အမူအယာတစ်ခုဖြင့်
ကြည့်နေခဲ့၏။ အစက သူ မော့ရွှယ်၏
အရှိကိုအရှိတိုင်းပြောတတ်သည့် စရိုက်ကို
သဘောကျခဲ့သည်၊ သို့သော် အခုတော့
မရေရာတော့။ သူ့နှင့်မော့ဖေးအတွက်တော့
ရှဲ့ကျွင်းက ကယ်ခဲ့သည်မှာ မှန်ပေသည်။ သို့ပေမဲ့
မော့ရွှယ်... သူမ ကျေးဇူးတင်သင့်သူမှာ
ယူရှောင်းမိုဖြစ်သည်။
မော့ရွှယ်နှင့်မော့ဖေးက ရှဲ့ကျွင်းတို့အဖွဲ့နှင့်
ပူးပေါင်းပြီး သွားဖို့ ဆုံးဖြတ်လိုက်ကြလေသည်။
နျုံ့ရွှီးယန်လည်း စဉ်းစားကြည့်ပြီးနောက်မှာ
သူတို့နဲ့ ပူးပေါင်းဖို့ဆုံးဖြတ်လိုက်၏။ သူက
တုံ့ယွီမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း
မရှိသေးပေ။
______________________________
//Zawgyi//
ေျခႏွစ္ေခ်ာင္းမကယ္ေကာင္း
ဓားျပေခါင္းေဆာင္ဘက္မွာ လူငါးေယာက္ပဲ
ရိွသည္။ သူတို႔ လူအင္အားကမ်ားတယ္ဆိုေပမဲ့
စူးစမ္းရွာေဖြေရးအဖဲြ႔အင္အားက သူတို႔ႏွစ္ဆခန႔္
ရိွကာ ေခါင္းေဆာင္၏ခြန္အားက သူႏွင့္
တန္းတူေလာက္မွာ ရိွပံုရေလသည္။
ဓားျပေခါင္းေဆာင္သည္ အႏိုင္အရႈံးကို
အျမန္ တြက္ခ်က္ၾကၫ့္ၿပီးေနာက္ သူ႔အတြက္
အားသာမွာ မဟုတ္တာကို သိၿပီး သူ႔လူေလးေယာက္
ႏွင့္အတူ ထြက္ေျပးသြားေတာ့သည္။
လြတ္ေျမာက္ရန္လုပ္ေနစဉ္ တစ္ခ်ိန္တည္းမွာပဲ
ညီအစ္မႏွစ္ေယာက္၏ ေမွာ္အိတ္မ်ားကို
လုယူသြားေလ၏။
"မိန္းကေလးတို႔ အဆင္ေျပၾကရဲ့လား"
ေခါင္းေဆာင္ျဖစ္သူသည္ ရွဲ႔ကၽြင္းဟုအမည္ရကာ
သူတို႔ဆီ အရင္ဆံုး အေျပးအလႊား
ေရာက္လာသူလည္းျဖစ္သည္။ သူက ေမာ့ရႊယ္၏
သနားစဖြယ္ပံုစံကို ပူပင္စြာၾကၫ့္လိုက္၏။
သူ႔အၾကၫ့္က သူမရင္ဘတ္ထက္က ျဖဴႁဖူေဖြးေဖြး
ေတာင္ပို႔ႏွစ္ခုဆီ ေရြ့သြားသည္။ တံေတြးၿမိဳခ်
လိုက္ၿပီးေနာက္မွာ အၾကၫ့္ျပန္လႊဲလိုက္ေလသည္။
ေမာ့ရႊယ္က ရွဲ႔ကၽြင္းက ေခ်ာေမာၿပီး သူ႔ရုပ္ရည္က
သူမအႀကိဳက္ျဖစ္သည္ကို ျမင္ရာ သူမ
ေျခေထာက္မ်ားေပ်ာ့ေခြသြားခ်ိန္ သူ႔လက္ေမာင္းမ်ား
အၾကား ခိုဝင္လိုက္၏။
ရွဲ႔ကၽြင္းက ရွက္ရြံ႔ေနေသာအမူအယာျဖင့္ ခ်က္ခ်င္း
ေထာက္ကူေပးလ်က္ ပူပင္စြာေမးလိုက္ေလသည္၊
"မိန္းကေလး ဘာျဖစ္လို႔လဲ။ တစ္ေနရာရာ
ထိခိုက္မိထားေသးလား"
ေမာ့ရႊယ္က သူ႔ရင္ဘတ္ေပၚကို အားနည္းစြာ
မွီကာ ငိုရိႈက္လ်က္ ေခါင္းယမ္း၏။
"ကၽြန္မ မခိုက္မိထားပါဘူး။ ေပ်ာ္လြန္းလို႔
ငိုမိတာပါ။ လူႀကီးမင္းသာ အခ်ိန္မီ
ေရာက္မလာရင္ေလ...ကၽြန္မ... ကၽြန္မ...
*ဟင့္ ဟင့္* လူႀကီးမင္းရဲ့ ေက်းဇူးကို
ေမာ့ရႊယ္ ဘယ္လိုျပန္ဆပ္ရမလဲ မသိေတာ့ပါဘူးရွင္"
"မိန္းကေလးေမာ့ ျပန္ဆပ္ဖို႔မလိုပါဘူးဗ်ာ။
ကၽြန္ေတာ္ ရွဲ႔က ဘာမွမလုပ္ခဲ့ရပါဘူး"
ရွဲ႔ကၽြင္းက အလ်င္အျမန္ေျပာလိုက္သည္။
ေမာ့ရႊယ္က သူ႔လက္ကို ဆုပ္ကိုင္လ်က္ ႏူးညံ့စြာ
ၾကၫ့္လိုက္၏။
"မဟုတ္တာ၊ ရွဲ႔တေကာ...ႏိွမ့္ခ်ေနဖို႔ မလိုပါဘူးရွင္။
အစ္ကိုက ကၽြန္မတို႔ညီအစ္မႏွစ္ေယာက္ကို
ကယ္တင္ေပးခဲ့တာပါ။ ေမာ့ရႊယ္က ေသခ်ာေပါက္
ေက်းဇူးျပန္ဆပ္မွာပါ"
ရွဲ႔ကၽြင္းက ႃပံုးလ်က္ သူ႔လက္ကိုျပန္ဆဲြလိုက္သည္။
"မိနိးကေလးေမာ့၊ အခုေနာက္ပိုင္း တံု႔ယီြက
သိပ္မေအးခ်မ္းလွဘူး၊ ဓားျပအေရအတြက္လည္း
တိုးပြားလာေနတယ္။ မင္း ေနာက္ထပ္လူမ်ားမ်ား
ထပ္ေစာင့္ၿပီးမွ ျပန္လာရင္ေကာင္းမယ္၊
မဟုတ္ရင္ ပစ္မွတ္ထားခံရလိမ့္မယ္"
ေမာ့ရႊယ္ကေတာ့ သူက သိပ္ကိုေခ်ာေမာၿပီး
စဉ္းစားေပးတတ္တာပဲဟု ေတြးေနေလသည္။
ထို႔ျပင္ သူက သန္မာရာ သူမ ခ်က္ခ်င္းကို
မ်က္စိက်သြား၏။ သူေျပာတာၾကားေတာ့
ရွဲ႔ကၽြင္းႏွင့္ မဆိုင္းမတြသေဘာတူေလသည္။
"ရွဲ႔တေကာ ေျပာတာမွန္တယ္၊ ဒါေပမဲ့ အခု.....
ကၽြန္မတို႔ အသင္းေဖာ္ေတြကို ရွာမေတြ့ေသးဘူး"
သူမေျပာသၫ့္ အဓိပၸါယ္ကိုသိေသာ ရွဲ႔ကၽြင္းက
ခ်က္ခ်င္းပင္ ျပန္ေျဖသည္။
"မိန္းကေလးေမာ့က လက္ခံႏိုင္တယ္ဆိုရင္
ကၽြန္ေတာ္တို႔နဲ႔ ပူးေပါင္းလို႔ရပါတယ္"
"တကယ္? ဒါဆို ရွဲ႔တေကာကို ေက်းဇူးတင္ရမွာ
ေပါ့ရွင္"
ေမာ့ရႊယ္က မ်က္ရည္မ်ားၾကားမွ ႃပံုးလိုက္ၿပီး
ေပ်ာ့ေပ်ာင္းသၫ့္လက္မ်ားႏွင့္ ရွဲ႔ကၽြင္းလက္ကို
တစ္ခါထပ္ ဆုပ္ကိုင္လိုက္ေလသည္။ သူမက
သူ႔ကို ႏုနယ္သိမ္ေမြ့ၿပီး ႏွစ္လိုဖြယ္ေကာင္းသၫ့္
မ်က္လံုးမ်ားျဖင့္ ၾကၫ့္ေန၏။
ရွဲ႔ကၽြင္းက သည္တစ္ခါေတာ့ သူ႔လက္ကို
ျပန္မဆဲြေတာ့ေခ်။ သူက ႃပံုးလ်က္ျပန္ေျဖလိုက္၏။
"ႀကိဳဆိုပါတယ္ဗ်ာ။ မိန္းမလွေလးေတြကို
ကူညီရမွာပဲမလား"
ေမာ့ရႊယ္၏ စဲြမက္ဖြယ္မ်က္ႏွာက နီျမန္းလာၿပီး
သကာရည္ေလာင္းထားေသာ သူ႔စကားမ်ားတြင္
ယစ္မူးလုနီးပါးျဖစ္ေနေလသည္။
"ေမာ့ရႊယ္ကို လႊတ္လိုက္!"
သူတို႔နားထဲကို လ်ွပ္စီးပစ္သံလို
မ်က္စိဆံပင္ေမႊးဆူးသံတစ္သံ ဝင္ေရာက္လာသည္။
မလွမ္းမကမ္းတြင္ ႏ်ဳံ႔ရႊီးယန္သည္ ဝမ္းဗိုက္ထဲမွ
ေျဗာင္းဆန္ေနေသာ ေသြးႏွင့္ခ်ီတို႔ ၿငိမ္သက္သြား
သၫ့္ေနာက္မွာ မတ္တပ္ရပ္ေနၿပီျဖစ္သည္။
သူ႔မ်က္ႏွာက နဂိုကတည္းက နီေနေသာ္လည္း
တစ္ေယာက္ေပၚတစ္ေယာက္ တြယ္တက္မတတ္
ျဖစ္ေနသၫ့္ ေမာ့ရႊယ္ႏွင့္ရွဲ႔ကၽြင္းကို ျမင္ေသာ္
ေဒါသေၾကာင့္ ပိုလို႔ေတာင္ နီရဲလာေလသည္။
ႏ်ဳံ႔ရႊီးယန္၏အသံကို ၾကားလိုက္ရသၫ့္အခါ
ေမာ့ရႊယ္၏ အမူအယာက ခ်က္ခ်င္းေအးစက္သြား
ခဲ့သည္။
"ႏ်ဳံ႔ရႊီးယန္! ရွဲ႔တေကာက ငါတို႔ရဲ့ကယ္တင္ရွင္ပဲ၊
နင္ဘယ္လိုလုပ္ၿပီး ေအာ္ေျပာေနရတာလဲ။
နင္သာ ဒီေလာက္ ေသာက္သံုးမက်မျဖစ္ဘူးဆိုရင္
ငါတို႔ေတြ ဒီအေျခအေနထိ ေရာက္ခဲ့ပါ့မလား?!"
"ေမာ့ရႊယ္ ငါ....."
သူမွားမွန္း ႏ်ဳံ႔ရႊီးယန္သိသည္။ သူ ထိုစကားမ်ားကို
ျပန္မေျပာႏိုင္ေပ၊ သို႔ေပမဲ့ ေယာက္်ားတစ္ေယာက္
ေက်နပ္ေစဖို႔နဲ႔ ေမာ့ရႊယ္ အစြမ္းကုန္ႀကိဳစားေနတာကို
သူ မၾကၫ့္ႏိုင္။
"ငါ ဘာငါလဲ၊ ရွဲ႔တေကာကို လာမေတာင္းပန္ေသး
ဘူးလား"
ေမာ့ရႊယ္က မေပ်ာ္မရႊင္ ျဖတ္ေျပာလိုက္သည္။
ႏ်ဳံ႔ရႊီးယန္ မ်က္ေမွာင္က်ဳံ႔လိုက္၏။ သူ႔မ်က္ခံုး
ႏွစ္ဖက္က တြန႔္ခ်ိဳးသြားခဲ့သည္။
"ေမာ့ရႊယ္ တကယ္ေတာ့ နင္တို႔ကိုကယ္ခဲ့တဲ့သူက
သူမဟုတ္ဘူး၊ တစ္ျခားတစ္ေယာက္"
ဓားျပေခါင္းေဆာင္၏လက္ကို သစ္ေစ့တစ္ေစ့က
လာေရာက္ထိမွန္သြားသည္ကို သူ႔မ်က္လံုးႏွစ္လံုးနဲ႔
ျမင္ခဲ့ရသည္။ ထို႔ျပင္ သစ္ေစ့က ရွဲ႔ကၽြင္းတို႔လူစုႏွင့္
ဆန႔္က်င္ဘက္အရပ္မွ လာျခင္းျဖစ္သည္။
ေမာ့ရႊယ္က တစ္ခဏေလာက္ ေတြေဝသြားခဲ့၏။
သစ္ေစ့က ဘယ္ဘက္ကပ်ံလာလဲ သူမမျမင္ခဲ့ရေပ၊
သို႔ေပမဲ့ ထိုအခ်ိန္က ရွဲ႔ကၽြင္းတို႔လူစုဘက္ကို
သူတို႔ေက်ာေပးထားသျဖင့္ ရွဲ႔ကၽြင္းလုပ္လိုက္တာ
မျဖစ္ႏိုင္တာေတာ့ မွန္ေပသည္။
သူမ ယိမ္းယိုင္လာသည္ကို ႏ်ဳံ႔ရႊီးယန္ျမင္ေသာ္
သူက ယူေရွာင္းမိုႏွင့္လင္းေရွာင္တို႔ရိွရာဘက္ကို
ခ်က္ခ်င္း လက္ညိုးထိုးျပလိုက္ကာ ေအာ္ေျပာ
လိုက္၏။
"ငါ့မ်က္စိႏွစ္လံုးနဲ႔ ျမင္ခဲ့ရတာ။ သစ္ေစ့က
အဲ့ဘက္ကလာတာ။ သူတို႔ အဲ့ေက်ာက္တံုးေနာက္မွာ
ပုန္းေနတာ ေနမယ္"
ယူေရွာင္းမိုက ေက်ာက္တံုးေနာက္မွာျဖစ္သည္။
သူ ႏ်ဳံ႔ရႊီးယန္၏ လ်ွာကို ျဖတ္ပစ္ခ်င္စိတ္မ်ား
တဖြားဖြားေပၚလာ၏။
မနာလိုဘူးဆိုရင္လည္း မနာလိုတဲ့အတိုင္းပဲေနေလ။
ဘာလို႔ သူ႔ကိုပါဆဲြခ်ေနရတာလဲ။ သူက
အမည္ေဖာ္ျပျခင္းမခံလိုသၫ့္ သူရဲေကာင္းသာ
ျဖစ္သည္။
လင္းေရွာင္က ေဘးမွေန၍ ကံဆိုးမႈကိုေပ်ာ္ရႊင္စြာ
ႃပံုးၾကၫ့္ေန၏။
"ဘယ္ဆရာသခင္ကမ်ား ကၽြန္ေတာ္တို႔ကို
ကယ္ေပးခဲ့တာလဲ အရဲစြန႔္လို႔ေမးလို႔ရမလား။
ကိုယ္ထင္ျပလို႔ေရာ ရႏိုင္မလား"
ႏ်ဳံ႔ရႊီးယန္က လက္ႏွစ္ဖက္ကိုယွက္ကာ ဦးၫြတ္၍
အရိုအေသးေပးလ်က္ က်ယ္ေလာင္စြာ
ေအာ္လိုက္ေလသည္။ သူက ယူေရွာင္းမိုကို
မီးထပ္ေမႊးလိုက္ျပန္သည္။
ေမာ့ရႊယ္ႏွင့္ ေမာ့ေဖးလည္း ေမ်ွာ္လင့္လ်က္
ၾကၫ့္လိုက္ၾကသည္။ ရုပ္ေခ်ာသၫ့္ေယာက္်ား
တစ္ေယာက္ဆို အနည္းငယ္ စိတ္အားထက္သန္စြာ
ျပဳမူလိုက္မည္။ မဟုတ္လ်ွင္ေတာ့ ေက်းဇူးတင္
ေၾကာင္း စကားတစ္ခြန္းႏွစ္ခြန္းခန႔္ ေျပာေပးလိုက္
မည္။
ႏ်ဳံ႔ရႊီးယန္ကို ရွဲ႔ကၽြင္းတစ္ေယာက္ မဲေမွာင္စြာျဖင့္
ၾကၫ့္ေနသည္ကို ဘယ္သူမွသတိမျပဳမိၾကေပ။
လူတိုင္းေစာင့္ေမ်ွာ္ေနရသၫ့္ အခိုက္အတံ့ေလးသည္
ေက်ာက္တံုးအထက္ကို ေခါင္းမည္းမည္းေလး
တစ္လံုးျပဴထြက္လာၿပီး ႏ်ဳံ႔ရႊီးယန္ႏွင့္
မိန္းကေလးႏွစ္ေယာက္တို႔ ရင္းႏွီးေနသၫ့္
မ်က္ႏွာတစ္ခု ေပၚလာျခင္းျဖင့္ ေရာက္ရိွလာ
ေလသည္။ ေမာ့ရႊယ္ႏွင့္ ေမာ့ေဖးတို႔၏ အႃပံုးမွာ
မ်က္ႏွာေပၚမွာတင္ ေအးခဲသြားၾက၏။
"ဟိုင္း" ယူေရွာင္းမိုက သူတို႔ကို လက္ယမ္းျပလိုက္
သည္။ သူက ခ်က္ခ်င္းထြက္သြားၾကေအာင္လို႔
ေျပာခဲ့ေပမဲ့ လင္းေရွာင္က ထိုႏွစ္ေယာက္ကို
ကယ္ထားၿပီးၿပီဆိုမွေတာ့ အနည္းဆံုးမ်က္ႏွာျပသင့္
တယ္ဟု ေျပာကာ ျငင္းေလသည္။
ခ်ီးကိုျပရမွာလား! လင္းေရွာင္က ပဲြေကာင္းေကာင္း
ၾကၫ့္ခ်င္ေနတာမွန္း သူခံစားမိေနတယ္!
"နင္ပဲ!" ေမာ့ရႊယ္က ေဒါသတႀကီးအံႀကိတ္လိုက္
သည္။
ယူေရွာင္းမို ေခါင္းၿငိမ့္လိုက္ၿပီး ရႊတ္ေနာက္ေနာက္
ႃပံုးလိုက္သည္၊
"ငါကလဲြလို႔ ဘယ္သူျဖစ္ႏိုင္ဦးမွာလဲ"
သူတို႔ျဖစ္ေနမယ္လို႔ ႏ်ဳံ႔ရႊီးယန္ မထင္ထားမိေပ။
ေမာ့ရႊယ္ႏွင့္ေမာ့ေဖးက သူတို႔ကို မႀကိဳက္မွန္း
သူသိသည္။ သို႔ေသာ္လည္း ေမာ့ရႊယ္ကို ရွဲ႔ကၽြင္းကို
မ်က္ႏွာလိုမ်က္ႏွာရ လုပ္ခြင့္ျပဳရမွာထက္စာရင္
မ်က္ႏွာလိုမ်က္ႏွာရလုပ္ခံရသူကို ယူေရွာင္းမိုသာ
ျဖစ္ေစခ်င္သည္။ အနည္းဆံုးေတာ့...
သူ႔ရုပ္ရည္က ေမာ့ရႊယ္၏စံႏႈန္းမ်ားႏွင့္ မကိုက္ညီ
သျဖင့္ ေမာ့ရႊယ္ သူ႔အေပၚ ႏွစ္လိုစိတ္မ်ား
ဘယ္ေတာ့မွရိွလာမည္မဟုတ္ေပ။
"ကၽြန္ေတာ္တို႔ကိုကယ္ခဲ့တာ ဒီကလူႀကီးမင္းေပါ့..."
"ႏ်ဳံ႔ရႊီးယန္!" ေမာ့ေဖးက ရုတ္တရက္ေအာ္လိုက္ၿပီး
ယူေရွာင္းမိုကို ၾကမ္းၾကဳတ္စြာ ဂ်ိဳၾကၫ့္ၾကၫ့္လ်က္၊
"ငါတို႔ကို တကယ္ ကယ္ခဲ့တဲ့လူက သူမဟုတ္ဘူး။
သူက အမ်ားဆံုးမွ ဓားျပေတြကို ရပ္တန႔္သြား
ေစရံုေလာက္ပဲ။ ရွဲ႔တေကာတို႔ကသာ ဓားျပေတြကို
ေမာင္းထုတ္လိုက္တဲ့သူ"
ေမာ့ရႊယ္ကလည္း မုန္းတီစြာျဖင့္သံေယာင္လိုက္သည္၊
"မွန္တယ္။ ေနာက္ၿပီး သူေဘးကေနရပ္ၾကၫ့္ေနတာ
ၾကာလွၿပီလို႔ ငါထင္တယ္။ သစ္ေစ့က သက္ေသပဲ။
သူသာ ငါတို႔ကို အမွန္တကယ္ ကယ္ခ်င္တယ္ဆိုရင္
ဘာလို႔ ေနာက္ဆံုးအခ်ိန္ထိေစာင့္ၿပီးမွ လႈပ္ရွား
တာလဲ"
စိုစြတ္ေနသၫ့္ သစ္ေစ့ကိုၾကၫ့္ခ်င္းအားျဖင့္
စားၿပီးကာစမွန္း သိသာလွသည္။
ထိုအရာကပင္ ခိုင္မာေသာသက္ေသျဖစ္သည္။
သို႔ေသာ္လည္း အကုန္လံုးကို ျငင္းဆိုရက္ႏိုင္သၫ့္
ေမာ့ညီအစ္မမ်ားကေတာ့ တကယ္ကိုလက္ဖ်ား
ခါေလာက္သည္၊ အထူးသျဖင့္ ေမာ့ရႊယ္ပင္။
အနည္းဆံုးေတာ့ ယူေရွာင္းမိုက ဓားျပေခါင္းေဆာင္
သူမေအာက္ခံအဝတ္ကို ကိုင္တြယ္ျခင္းမွ
တားဆီးေပးခဲ့သည္။ သူတို႔ကို ကယ္သူက
သူမဟုတ္ရင္ေတာင္ သူမ တစ္ကိုယ္လံုးကို
ဤေယာက္်ားတစ္စုလံုး ျမင္ရၿပီးေလာက္ၿပီ
ျဖစ္သည္။
လင္းေရွာင္ ဘာလို႔အဲ့လိုႃပံုးေနလဲ ယူေရွာင္းမို
ရုတ္ျခည္းနားလည္သြားေတာ့သည္။
ေမာ့ရႊယ္က ျငင္းမယ္မွန္း သူသိေနပံုပင္။
ေနာက္ဆံုးေတာ့လည္း သူက ပဲြေကာင္းေကာင္းတစ္ခု
ၾကၫ့္ခ်င္ေနလို႔ပဲ။
ေကာင္းတာလုပ္ေပမဲ့ ျပႆနာတက္ေနရတုန္း
ပါပဲလား!
ယူေရွာင္းမိုက လင္းေရွာင္ရင္ခြင္ထဲ ျပန္မွီလိုက္ကာ၊
"ဝမ္းနည္းသြားၿပီ။ ကၽြန္ေတာ့္ရဲ့ ပထမဆံုး
'အလွေလးကိုကယ္တင္မယ့္သူရဲေကာင္း'ေလးကို
သူမက ကၽြန္ေတာ္ ခ်က္ခ်င္းမလႈပ္ရွားလို႔တဲ့
အျပစ္တင္ေနတယ္။ ေလာကႀကီးမွာ အဲ့လို
အရွက္မဲ့တဲ့လူလည္း ရိွတာပဲလား?!"
လင္းေရွာင္က ဆံပင္ေလးကို သပ္ေပးရင္း
ပါးစပ္ေထာင့္မ်ား ျမင့္တက္သြား၏။
"မင္း အရွက္မဲ့တဲ့လူကို ျမင္ဖူးတာ ဒါပထမဆံုး
အႀကိမ္လည္းမဟုတ္ေတာ့ဘူး။ ဒီျဖစ္ရပ္ကို
မွတ္ထား၊ ေနာက္က်ရင္ ေတြ့သမ်ွလူ
လိုက္ကယ္မေနနဲ႔။ လူတစ္ခ်ိဳ႕က မေကာင္းတဲ့
စိတ္ဓာတ္ေတြနဲ႔၊ မင္းအကူအညီကို ေက်းဇူးတင္
ၾကမွာမဟုတ္ဘူး။ ဒီလိုလူမ်ိဳးကို ေမ်ွာ္လင့္ခ်က္
မဲ့တယ္ဆိုတာ ဘယ္လိုလဲ ေပးျမည္းခိုင္းသင့္တယ္"
ေနာက္ဆံုးက စကားကိုေျပာၿပီးေနာက္ သူ႔အၾကၫ့္က
ေမာ့ရႊယ္ေပၚ အႃပံုးမမည္သၫ့္အႃပံုးတစ္ခုႏွင့္အတူ
ေရာက္သြားေလသည္။
ေမာ့ရႊယ္ တစ္ကိုယ္လံုးေအးစက္သြားၿပီး
တုန္ယင္လာသည္။
ယူေရွာင္းမိုက တိုးတိုးေရရြတ္လိုက္သည္၊
အၿမဲတမ္း ဒီလိုပဲ။ ငါ့ကိုသတိမေပးခင္ အရင္
လုပ္ခြင့္ေပးတယ္။
သူ႔ကို နက္နက္ရိႈင္းရိႈင္းမွတ္မိေစၿပီး သူ႔အမွားကေန
သင္ယူေစေပမဲ့ ဤကဲ့သို႔ေသာနည္းမ်ိဳးက
နည္းနည္းေလးမွ မမိုက္ေပ။ သို႔ေပမဲ့လည္း
သူမကို ကယ္ခဲ့မိတာကို အခု သူ တကယ္ႀကီး
ေနာင္တရေနၿပီ။
"သိၿပီ၊ သိၿပီလို႔။ မွတ္ထားမယ္။ ႏွလံုးသားထဲထိ
အနက္ႀကီး ေရးထားလိုက္မယ္.... "
"ၿပီးေတာ့ ရိွေသးတယ္" လင္းေရွာင္က
အမူအယာမေျပာင္းလဲစြာပင္၊
"ေနာင္က် တအားတအား ႏိုးႏိုးၾကားၾကား
ရိွဖို႔မွတ္ထား။ မင္း ဝင္ပါစရာမလိုတဲ့အခ်ိန္ေတြမွာ
တစ္ျခားသူေတြရဲ့ ေတာက္ပခ်ိန္ေလးကို မခိုးရဘူး"
ယူေရွာင္းမို မ်က္ေတာင္ခတ္လိုက္သည္။
ဘာေျပာခ်င္တာလဲ?
ဤစကားကို ၾကားလိုက္ရသၫ့္အခါ ရွဲ႔ကၽြင္း
ႏွလံုးတုန္သြား၏။ သူတို႔လည္း အနီးနားမွာပဲဆိုတာ
ဒီလူသိေနတာလား။
မွန္၏။ ယူေရွာင္းမိုတို႔ေရာ ရွဲ႔ကၽြင္းတို႔ေရာ
ေရာက္ေနတာၾကာၿပီျဖစ္ၿပီး ဘယ္အဖဲြ႔ကမွ
မိန္းကေလးမ်ားကို ကူညီဖို႔ ခ်က္ခ်င္းထြက္မလာခဲ့
ေပ။ ရွဲ႔ကၽြင္းက ယူေရွာင္းမိုထက္ ေျခတစ္လွမ္း
ေနာက္က်သြားတာ ျဖစ္သည္။ ဤအျဖစ္မ်ိဳးက
အလြန္တရာမွ ပံုမွန္ျဖစ္ၿပီး သူတို႔မွာ လူကယ္ေပး
ရမၫ့္ တာဝန္မရိွေပ။ ေမာ့ေဖးက သူမ
ဘယ္သူဘယ္ဝါျဖစ္ေၾကာင္း ထုတ္ေျပာၿပီးခ်ိန္က်မွ
ရွဲ႔ကၽြင္းမွာ စိတ္ကူးတစ္ခ်ိဳ႕ရသြားျခင္းျဖစ္သည္။
သူက ေမာ့ေဖးစကားကို ယံုေသာ္လည္း
ခ်က္ခ်င္းႀကီး ဝင္မပါရဲခဲ့ေပ။ ထိုအစား
ညီအစ္မႏွစ္ေယာက္ သူ႔အေပၚ ပိုနက္ရိႈင္းသၫ့္
အျမင္ရိွေစရန္ႏွင့္ ပိုေက်းဇူးတင္ၾကေစရန္
အေရးႀကီးဆံုးအေျခအေနကို ေရြးခ်ယ္ဖို႔
စိတ္ကူးထားခဲ့ေလသည္။
သို႔ေသာ္လည္း သူ ဘာမွမလုပ္ရေသးခင္
တစ္စံုတစ္ေယာက္က ဝင္ပါလိုက္မည္ဟု
သူမေမ်ွာ္လင့္ထားေပ။ ယူေရွာင္းမိုေၾကာင့္
သူ႔အႀကံအစည္မ်ား ပ်က္စီးကုန္မည္ကိုစိုးသျဖင့္
သူ႔အသင္းသားမ်ားႏွင့္အတူ ေျပးထြက္လာျခင္း
ျဖစ္ေလသည္။
ေမာ့ရႊယ္တို႔ကေတာ့ လင္းေရွာင္စကား၏
အဓိပၸါယ္ကို နားမလည္ၾကေခ်။ သူမက
ပုရြက္ဆိတ္တစ္ေကာင္ျဖစ္သၫ့္အလား
ၾကၫ့္ေနသၫ့္ ဤအမ်ိဳးသားက သူမကို
ရႊံရွာစက္ဆုပ္ေနသည္ဟုသာ ခံစားရေလသည္။
၄က သူမကို ေဒါသမီးမ်ားေတာက္ေစသည္။
"ငါတို႔ကို ဘယ္သူကလာကယ္ခိုင္းေနလို႔လဲ၊
လ်ွာရွည္တဲ့ေကာင္!"
ေမာ့ရႊယ္က ရွက္ၿပီးေဒါသထြက္သြားေလသည္။
သူမ၏ လွပေသာမ်က္ဝန္းမ်ားထဲမွ မီးေတာက္မ်ား
ထြက္လာေတာ့မေယာင္ပင္။ သူမက တကယ့္ကို
ေက်းဇူးမတင္ဖင္လွန္ျပသၫ့္ လူမ်ိဳးျဖစ္၏။
သို႔ေပမဲ့ ယူေရွာင္းမိုသည္လည္း သူမဆီက
ေက်းဇူးဆပ္မႈကို မေမ်ွာ္လင့္ထားပါေခ်။
သူမပါးကို ျဖန္းကနဲရိုက္ပစ္လိုက္ခ်င္ေပမဲ့
ယူေရွာင္းမို ကိုယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္ထားသည္
ျဖစ္ရာ စကားကိုေတာ့ၫွာမေနေတာ့ေပ။
ထို႔ေၾကာင့္ သူ ေမာ့ရႊယ္ကို ႃပံုးျပလိုက္ၿပီး
ထြက္မသြားခင္ေျပာခဲ့လိုက္သည္။
"မိန္းမလွေလး၊ ငါမသြားခင္ မင္းနဲ႔မင္းညီမအတြက္
စကားတစ္ခြန္းေျပာခဲ့ခ်င္တယ္.... မင္းတို႔ေတြ
မဒိန္းက်င့္ခံရပါေစ"
ေျပာၿပီးသည္ႏွင့္ သူ လင္းေရွာင္ကိုဆဲြကာ
ေလ်ွာက္ထြက္သြားေတာ့သည္။
ေမာ့ရႊယ္ ေဒါသထြက္လြန္း၍ သူမႏွလံုးပင္
တဒုန္းဒုန္းခုန္ေနသည္။
သူမကို အဲ့လိုေလသံနဲ႔ေျပာရဲတယ္!
သူတို႔သာ ကူမာမ်ိဳးႏြယ္စုအတြင္းမွာဆို
သူ႔ပါးစပ္ကို ဆုတ္ၿဖဲပစ္ခိုင္းလိုက္ၿပီျဖစ္သည္။
ႏ်ဳံ႔ရႊီးယန္က ေဒါသေၾကာင့္ မ်က္ႏွာရႈံ႔တြေနသၫ့္
ေမာ့ရႊယ္အား ရႈပ္ေထြးသၫ့္အမူအယာတစ္ခုျဖင့္
ၾကၫ့္ေနခဲ့၏။ အစက သူ ေမာ့ရႊယ္၏
အရိွကိုအရိွတိုင္းေျပာတတ္သၫ့္ စရိုက္ကို
သေဘာက်ခဲ့သည္၊ သို႔ေသာ္ အခုေတာ့
မေရရာေတာ့။ သူ႔ႏွင့္ေမာ့ေဖးအတြက္ေတာ့
ရွဲ႔ကၽြင္းက ကယ္ခဲ့သည္မွာ မွန္ေပသည္။ သို႔ေပမဲ့
ေမာ့ရႊယ္... သူမ ေက်းဇူးတင္သင့္သူမွာ
ယူေရွာင္းမိုျဖစ္သည္။
ေမာ့ရႊယ္ႏွင့္ေမာ့ေဖးက ရွဲ႔ကၽြင္းတို႔အဖဲြ႔ႏွင့္
ပူးေပါင္းၿပီး သြားဖို႔ ဆံုးျဖတ္လိုက္ၾကေလသည္။
ႏ်ဳံ႔ရႊီးယန္လည္း စဉ္းစားၾကၫ့္ၿပီးေနာက္မွာ
သူတို႔နဲ႔ ပူးေပါင္းဖို႔ဆံုးျဖတ္လိုက္၏။ သူက
တံု႔ယီြမွာ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ႏိုင္စြမ္း
မရိွေသးေပ။
______________________________