The Legendary Master's Wife [...

By melon_rays

1.3M 242K 9.6K

Original Author- Yin Ya English Translators- Exiled Rebels Scanlations [Chapter(400)- (590)] (If you want t... More

Chapter-400
Chapter-401
Chapter-402
Chapter-403
Chapter-404
Chapter-405
Chapter-406
Chapter-407
Chapter-408
Chapter-409
Chapter-410
Chapter-411
Chapter-412
Chapter-413
Chapter-414
Chapter-415
Chapter-416
Chapter-417
Chapter-418
Chapter-419
Chapter-420
Chapter-421
Chapter-422
Chapter-423
Chapter-424
Chapter-425
Chapter-426
Chapter-427
Chapter-428
Chapter-429
Chapter-430⚠️
Chapter-431
Chapter-432
Chapter-433
Chapter-434
Chapter-435
Chapter-436
Chapter-437
Chapter-438
Chapter-439
Chapter-440
Chapter-441
Chapter-442
Chapter-443
Chapter-444
Chapter-445
Chapter-446
Chapter-447
Chapter-448⚠️
Chapter-449
Chapter-450
Chapter-451
Chapter-452
Chapter-453
Chapter-454
Chapter-455
Chapter-456
Chapter-457
Chapter-458
Chapter-459
Chapter-460
Chapter-461
Chapter-462
Chapter-463
Chapter-464
Chapter-465
Chapter-466
Chapter-467
Chapter-468
Chapter-469
Chapter-470
Chapter-471
Chapter-472
Chapter-473
Chapter-474
Chapter-475
Chapter-476
Chapter-477
Chapter-478
Chapter-479
Chapter-480
Chapter-481
Chapter-482
Chapter-483
Chapter-484
Chapter-485
Chapter-486
Chapter-487
Chapter-488
Chapter-489
Chapter-490
Chapter-491
Chapter-492
Chapter-493
Chapter-494
Chapter-495
Chapter-496
Chapter-497
Chapter-498
Chapter-499
Chapter-500
Chapter-501
Chapter-502
Chapter-503
Chapter-504
Chapter-505
Chapter-506
Chapter-507
Chapter-508
Chapter-509
Chapter-510
Chapter-511(Unicode)
Chapter-511(Zawgyi)
Chapter-512
Chapter-513(part-1)
Chapter-513(part-2)
Chapter-514
Chapter-515
Chapter-516
Chapter-517
Chapter-518
Chapter-519
Chapter-520
Chapter-521
Chapter-522
Chapter-523
Chapter-524
Chapter-525
Chapter-526
Chapter-527
Chapter-528
Chapter-529
Chapter-530
Chapter-531
Chapter-532
Chapter-533
Chapter-534(part-1)
Chapter-534(part-2)
Chapter-535
Chapter-536
Chapter-537
Chapter-538
Chapter-539
Chapter-540
Chapter-541
Chapter-542
Chapter-543
Chapter-544
Chapter-545
Chapter-546
Chapter-547
Chapter-548
Chapter-549
Chapter-550
Chapter-551
Chapter-552
Chapter-553
Chapter-554
Chapter-555
Chapter-556
Chapter-557
Chapter-558
Chapter-559
Chapter-560
Chapter-561
Chapter-562
Chapter-563
Chapter-564
Chapter-565
Chapter-566
Chapter-567
Chapter-568
Chapter-569
Chapter-570
Chapter-571
Chapter-572
Chapter-573
Chapter-574
Chapter-575
Chapter-576
Chapter-578
Chapter-579
Chapter-580
Chapter-581
Chapter-582
Chapter-583
Chapter-584
Chapter-585
Chapter-586
Chapter-587
Chapter-588
Chapter-589
Chapter-590
Book ခဲြျခင္း / Book ခွဲခြင်း

Chapter-577

6.3K 1.2K 33
By melon_rays

//Unicode//

(၅၇၇) ထွက်ခွာခြင်း

ရွှေတောင်ပံပိုးကောင်များက ယန်ဟွေ့ဘက်က
သတင်းရပြီဖြစ်ကြောင်းပြောပြရန် ပြန်လာခဲ့ခြင်း
ဖြစ်သည်၊ သို့ပေမဲ့ ယူရှောင်းမို အဆင့်တက်နေချိန်နှင့်
တိုက်ဆိုင်သွားသဖြင့် နှစ်နာရီလောက် နှောင့်နှေး
သွားသည်။

သို့ပေမဲ့ သူတို့ရလာသည့်သတင်းမှာ အကုန်
အကောင်းချည်းမဟုတ်ချေ။ ယန်ဟွေ့ဆရာက
တကယ်ပဲ ဆက်သွယ်လာခဲ့ပေမဲ့ သူကိုယ်တိုင်
မဟုတ်ဘဲ လူတစ်ချို့စေလွှတ်လိုက်ခြင်းဖြစ်သည်။

ထိုလူက သန်မာလွန်း၍ ရွှေတောင်ပံပိုးကောင်
နှစ်ကောင်မှာ လူမိသွားမည်စိုးသောကြောင့်
အရမ်းကြီးမကပ်ရဲခဲ့ပေ။

ထို့ကြောင့် သူတို့စကားကိုမကြားလိုက်ရပေ။
ရှောင်ဖုံက ထိုသူထွက်သွားသည့်အခါ နောက်ယောင်
ခံလိုက်ခဲ့ပေမဲ့ လမ်းတစ်ဝက်မှာမျက်ခြေပြတ်သွား
ခဲ့သောကြောင့် ပြန်လှည့်လာခဲ့ရလေသည်။

သို့သော် ထိုလူထွက်သွားသည်နှင့် ယန်ဟွေ့လည်း
အပြင်ထွက်သွားခဲ့သည်။

ကူမာမျိုးနွယ်စု၏ဌာနချုပ်က ဝူရှန်မြို့အနောက်
တောင်တစ်လုံးသာခြားပြီး တည်ရှိကာ
မြို့တစ်စိတ်တစ်ပိုင်းဟု မှတ်ယူလို့ရသည်။
၎င်းမျိုးနွယ်စုက ကြီးမားသောမျိုးနွယ်စုကြီးပင်။

ယန်ဟွေ့က ဌာနချုပ်ထဲဝင်လာပြီးနောက်
ကူမာမျိုးနွယ်စုအကြီးအကဲများထံ တန်းသွားသည်။
သူ့တွ​င် သွားလာခွင့်တုံကင်တစ်ခုရှိသဖြင့် လမ်း
တစ်လျှောက်လုံး စစ်ဆေးမေးမြန်းခြင်းမခံရပေ။

ဌာနချုပ်ထဲမှာ ပညာရှင်များစွာရှိသဖြင့်
ရှောင်ဖင်းလည်း ခဏလောက်ကြာသည်အထိ
လိုက်ကြည့်နေပြီးနောက်ပြန်ထွက်ခဲ့ရသည်။ သို့သော်
ရှောင်ဖင်းက ပါးနပ်စွာဖြင့် ဌာနချုုပ်အပြင်မှာ
ယန်ဟွေ့ပြန်ထွက်လာသည်အထိ စောင့်ပြီး
သူနှင့်အတူစံအိမ်ထိပြန်လိုက်ခဲ့သည်။

စံအိမ်သို့ ယန်ဟွေ့ပြန်ရောက်လာပြီးနောက်
စုလန် ကျင့်ကြံရာအခန်းဆီ တန်းသွားလေသည်။

ရှောင်ဖင်း၏ဆုံးဖြတ်ချက်က လိမ္မာပါးနပ်ပေသည်။
စုလန်က တံခါးပိတ်ကျင့်ကြံနေသည့်ကာလဖြစ်၍
သူ့ဆရာ လွှတ်လိုက်သည့်လူနှင့်မတွေ့ခဲ့ရပေ။
ဤတစ်ခါတာဝန်က တော်တော်လေးအရေးကြီး
သဖြင့် ယန်ဟွေ့တစ်ယောက်တည်း မပြီးမြောက်နိုင်
သောကြောင့် သူတို့ဆရာက အကြီးနဲ့အငယ်
နှစ်ယောက်စလုံးကို တာဝန်ပေးလိုက်သည်။

ယန်ဟွေ့က တာဝန်အကြောင်းပြောပြရန်
စုလန်ကိုသွားရှာသည်။ ဤတစ်ကြိမ်သူတို့ပစ်မှတ်က
ကူမာမျိုးနွယ်စုဖြစ်သည်၊ သို့သော် ကူမာမျိုးနွယ်စုကို
ဆန့်ကျင့်ရန်မဟုတ်ဘဲ သူတို့နှင့်ပူးပေါင်းပြီး
ရွှေ့ရှီမျိုးနွယ်စုကို ကူသိမ်းပေးမှာပဲဖြစ်သည်။

ပါးနပ်သည့်ရှောင်ဖင်းက တာဝန်အကြောင်း
သိပြီးနောက် ယူရှောင်းမိုနှင့်လင်းရှောင်ဆီပြန်ပြေး
လာသည်။ တစ်လကျော်ကျော် စောင့်ကြည့်နေပြီး
နောက်တွင်တော့ အသုံးဝင်သည့်သတင်းတစ်ချို့
ရခဲ့လေပြီ။

"ယန်ဟွေ့က နောက်ကျောဓားနဲ့ထိုးတဲ့လူယုတ်မာပဲ။
ရွှေ့ရှီမျိုးနွယ်စုက ဦးလေးကြီးရဲ့မွေးရပ်မှန်း
သိသိကြီးနဲ့၊ ရှောင်ယောင်တက္ကသိုလ်မှာတုန်းကကျ
သူငယ်ချင်းကောင်းလိုတောင် လုပ်နေခဲ့ပြီး။
လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီးဆုံးဖြတ်လို့
မရဘူးဆိုတာ တကယ်ပဲ"

ယူရှောင်းမို ယန်ဟွေ့၏စရိုက်ဗီဇကို အနည်းနဲ့
အများတော့ အတည်ပြုပြီးပြီဖြစ်သည်။ သူ
ကြည့်ဖူးသည့် ရုပ်ရှင်၊ ဒရမ်မာများထဲက
ဗီလိန်များကဲ့သို့ ကမ္ဘာကြီးကိုဖျက်စီးချင်သည့်
သူတို့ရန်သူ၊ ဒဏ္ဍာရီလာအမြှောက်စာဇာတ်ကောင်ပင်
ဖြစ်သည်။

"သူက တုံကျိုးကတောင်မဟုတ်ဘူး။ မင်းလ​ည်း
ခန့်မှန်းမိတယ်မလား"

ဆန့်ကျင်ဘက်အားဖြင့်၊ လင်းရှောင်က ဤသတင်းကို
ကြားရသည့်အချိန်တွင် တုံ့ပြန်မှုကြီးကြီးမားမား
မရှိပေ။ အားပြိုင်ကြသည်မှာ ပုံမှန်ပဲဖြစ်သည်။

ယူရှောင်းမို မရေမရာအသံပြုလိုက်ပြီး ချက်ချင်း
ခေါင်းစဉ်ပြောင်းလိုက်သည်။

"ဦးလေးကြီးကိုအသိပေးသင့်လား"

"သူ့ကိုအသိပေးတော့ရော ဘာအသုံးဝင်လို့လဲ။
ရွှေ့ရှီမျိုးနွယ်စုက ဘယ်လောက်ပဲအားနည်းတယ်
ပြောပြော တုံကျိုးရဲ့အကြီးဆုံးမျိုးနွယ်စုကြီးသုံးခုထဲ
ပါနေတုန်းပဲ။ ကူမာမျိုးနွယ်စုက ရွှေ့ရှီမျိုးနွယ်စုကို
သိမ်းပိုက်ဖို့ကြံနေတာကြာလောက်ပြီဖြစ်မယ်၊
အခုချိန်ထိ မအောင်မြင်သေးဘူးဆိုရင် ဒါက
ထင်သလောက်မရိုးရှင်းကြောင်း ပြနေတာပဲ။
နောက်ပြီး ချန်ရှန်းရုန်က ကျုံထျန်းမှာပဲရှိသေးတယ်။
အရင်က ယန်ဟွေ့က သူကကူမာမျိုးနွယ်စုက
ဖြစ်ကြောင်းမတော်တဆဝန်ခံမိခဲ့တယ်။ ရွှေ့ရှီ
မျိုးနွယ်စုကို ထိုးဖောက်ဝင်ရောက်ဖို့ ယန်ဟွေ့က
ချန်ရှန်းရုန်ကို အသုံးချဖို့မဖြစ်နိုင်ဘူး"

လင်းရှောင်က သူ့မေးခွန်းကိုကန့်ကွက်လိုက်သည်။

ယူရှောင်းမို အနည်းငယ်ဉာဏ်အလင်းပွင့်သွားပြီး
ခေါင်းညိမ့်လိုက်သည်။

"ဒါဆို သူတို့ကိုစောင့်ကြည့်ထားဖို့လိုသေးလား"

လင်းရှောင်က ရေရွတ်သည်၊
"ယန်ဟွေ့ရဲ့ဆရာက သတိကြီးတဲ့လူမျိုးပဲ၊
သူ့အရိပ်ကိုဖမ်းမိဖို့ ခက်လိမ့်မယ်။ ရွှေတောင်ပံ
ပိုးကောင်တွေက ဆက်စောင့်ကြည့်နေလို့ရပေမဲ့
သူတို့မှာလည်း စွမ်းအားအကန့်အသတ်ရှိသေးတယ်။
ဒီထက်ပိုအနားကပ်ဖို့ မဖြစ်နိုင်ဘူး"

လင်းရှောင်ပြောချင်သည့်အဓိပ္ပါယ်ကို
ယူရှောင်းမိုနားလည်ပါသည်။

"ဒါဆို လက်လျော့လိုက်သင့်လား"

"အခုအချိန်မှာ သူတို့ကိုအာရုံစိုက်ဖို့မလိုသေးဘူး။
ကူမာမျိုးနွယ်စုနဲ့ ရွှေ့ရှီမျိုးနွယ်စုကြားစစ်ပွဲက
မကြာခင်မှာလာတော့မယ်၊ ကိုယ်တို့ ဝင်ပါမိလို့
မဖြစ်ဘူး။ ဟိုမြေပုံရဲ့တည်နေရာက တုံကျိုးကို
ညွှန်ပြနေတာလည်း မမေ့နဲ့ဦး"

မြေပုံအပိုင်းအားလုံးကို ယူရှောင်းမိုထုတ်လိုက်သည်။
နောက်ဆုံးမြေပုံကိုရပြီးနောက်တွင် သေချာ
ကြည့်ဖို့ အခွင့်အရေးမရခဲ့သေးပေ။

ပင့်ကူနက်လေလံပွဲတုန်းက ဤမြေပုံ၏
တည်နေရာက တုံကျိုးအရှေ့တောင်ဘက်ကို
ညွှန်ပြနေသည်ဟု လေလံပစ်သူကပြောခဲ့သည်။

တုံကျိုးအရှေ့တောင်ဘက်ဒေသသည် ရှေးခေတ်က
စိတ်စွမ်းအား အကြွယ်ဝဆုံးဒေသဖြစ်ခဲ့၏။
ထိုနေရာ၌ ရှေးယခင်ကဘိုးဘေးများနေထိုင်ခဲ့သည့်
လိုဏ်ဂူများစွာ တူးဖော်တွေ့ရှိခဲ့သည်။ အများစုက
ဗလာသက်သက်ဖြစ်ပြီး တစ်ချို့တစ်လေမှာတော့
မရေမတွက်နိုင်သောရတနာများစွာ သိုဝှက်ထားလေ
သည်။ ဤအချက်တစ်ခုတည်းကတင်
ပညာရှင်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

သို့သော်လည်း အရှေ့တောင်ဒေသက
သွားချင်သလိုသွားနိုင်သည့်နေရာမျိုးမဟုတ်ပေ။
အခွင့်အလမ်းဟူသည်က အန္တရာယ်နှင့်အတူ
ယှဉ်တွဲနေတတ်သည်။

အရှေ့တောင်ဒေသက ကောင်းချီပေးခံရသည့်
နေရာဖြစ်သဖြင့် များပြားလှသည့်အန္တရာယ်များကို
ရှောင်ရှားဖို့ရန် မဖြစ်နိုင်ပေ။ ဘိုးဘွားပိုင်
လိုဏ်ဂူများအပြင်ဘက်တွင် ခုခံအစီအရင်၊
တိုက်ခိုက်ရေးအစီအရင်၊ ပုံရိပ်ယောင်အစီအရင်
အစရှိသည့် အတားအဆီးအစီအရင်များစွာရှိ၏။

ရှေးခေတ်မှဆင်းသက်လာသော အစီအရင်များ၏
စွမ်းအားက သာမညောင်ညမဟုတ်ပေ။ ထို့ပြင်
အချို့လိုဏ်ဂူများ၌ ကြီးမားသည့်စွမ်းအားကြီး
နတ်ဆိုးသားရဲများ စောင့်ရှောက်နေတတ်ကြသည်။
ကောင်းချီပေးခံရသည်ဟု ခေါ်ကြသည့်ထိုနေရာသည်
အမှန်တော့ ပြန်လာနိုင်သူအနည်းအကျဉ်းသာ
ရှိသည့် အန္တရာယ်များသောနေရာတစ်ခုပင်ဖြစ်သည်။
ရှေးယခင်မှ ယခုထက်တိုင် ထိုနေရာမှာမြှုပ်နှံခံခဲ့ရ
သည့် အလောင်းပေါင်းမည်မျှထိရှိနေမည်လဲ
ဘယ်သူမှမသိကြ​ပေ။

ယူရှောင်းမို မြေပုံလေးခုကိုအတူဆက်လိုက်သည်။

ယခင်က မပြောနိုင်ခဲ့ပေမဲ့ ယခုမြေပုံလေးခုစလုံးကို
ဆက်ကြည့်လိုက်သည့်အခါ မြေပုံမှာရေးဆွဲထားသည့်
ပထဝီဝင်အနေအထားက ဘယ်ကောင်ဘယ်ဝါမှန်း
အတည်မပြုနိုင်သည့် နတ်ဆိုးသားရဲတစ်ကောင်နှင့်
ဆင်တူနေသည်။ သို့သော်လည်း မြေပုံအလယ်၌
အမှတ်အသားပြုထားသည့် နေရာတစ်ခု
အမှန်ပင်ရှိနေသည်။

လင်းရှောင်က မြေပုံကိုမြင်သည့်အခါ
မျက်ခုံးပင့်သွားပြီး၊

"ဒဏ္ဍာရီထဲမှာ ပြောထားတာ၊ ရှေးကတုံကျိုးမှာ
ရှေးဟောင်းသားရဲမျိုးနွယ်လေးခုနဲ့ တန်းတူယှဉ်နိုင်တဲ့
အထိ စွမ်းအားကြီးတဲ့ဧကရာဇ်သားရဲတစ်ကောင်
ပေါ်လာခဲ့ဖူးတယ်တဲ့။ အဲ့ဒီဧကရာဇ်သားရဲက
တုံကျိုးအရှေ့တောင်ဘက်မှာ အိပ်စက်နေပြီး
ရှေးဟောင်းစစ်ပွဲကြီးက အရှေ့တောင်ဘက်ဆီ
ပျံ့နှံ့လာတဲ့အခါ ဧကရာဇ်သားရဲကို နိုးသွားစေခဲ့
တယ်။ သူ ဒေါသထွက်ပြီး အဲ့ဒီအရပ်ဒေသမှ
တစ်ဖက်နဲ့တစ်ဖက်ရုန်းကန်နေတဲ့ လူသားတွေရော
နတ်ဆိုးသားရဲတွေရော အကုန်လုံးကိုသတ်ပစ်
လိုက်တယ်တဲ့"

"အဲ့ဒီနောက်ရောဘာဖြစ်သွားလဲ"

ယူရှောင်းမို ကြည့်လေလေ မြေပုံပေါ်ကပုံက
ကျားတစ်ကောင်နှင့်တူသည်ဟု ခံစားရလေလေပင်။
လင်းရှောင်ပြောတာသာအမှန်ဖြစ်ခဲ့လျှင် ၎င်းက
ရှေးသားရဲမျိုးနွယ်လေးခုနှင့် ဆင်တူသည့်အမည်
ရှိပြီး ပဉ္စမမြောက်နတ်ဘုရားဧကရာဇ်သားရဲဟုလည်း
ခေါ်နိုင်သည့် ကျားဖြူပင်ဖြစ်လိမ့်မည်။

လင်းရှောင်က သူ၏ချောမွေ့သောမေးကိုသပ်ရင်း၊
"သူသတ်ပစ်လိုက်တဲ့ထဲမှာ စွမ်းအားကြီးတဲ့
မျိုးနွယ်တစ်ခုရဲ့ဆက်ခံသူ ပါပါသွားခဲ့တယ်။
မူလက မျိုးနွယ်စုက ဆက်ခံသူကိုစစ်ပွဲရဲ့
အန္တရာယ်ကနေလွတ်အောင် တုံကျိုးကိုပို့ထားခဲ့တာ၊
ဒါပေမဲ့ မမျှော်လင့်ထားစွာနဲ့ တုံကျိုးကအမြစ်ဖြတ်
ခံလိုက်ရတယ်။ နှစ်တွေအကြာကြီး ဒုက္ခခံပြီး
ပျိုးထောင်လာရတဲ့အားစိုက်မှုတွေက တစ်ရက်တည်း
နဲ့ ဖျက်စီးခံလိုက်ရတယ်။ သူတို့က ဒေါသထွက်ပြီး
တုံကျိုးမှာ အဲ့ဒီဧကရာဇ်သားရဲနဲ့ သုံးရက်နဲ့သုံးည
တိုင်တိုင်တိုက်ခိုက်ခဲ့ကြတယ်။ ကောင်းကင်နဲ့
မြေကြီး မှောင်မိုက်သွားတဲ့အထိ တိုက်ခိုက်ခဲ့ကြပြီး
နှစ်ဖက်စလုံးအထိနာခဲ့ကြတယ်။ နောက်ပိုင်း
အဲ့ဒီမျိုးနွယ်စုက အင်အားနည်းသွားခဲ့ပြီး
ဧကရာဇ်သားရဲကလည်း ခြေရာလက်ရာမကျန်
ပျောက်ကွယ်သွားခဲ့တယ်"

"ဒါဆို ဒီမြေပုံက အဲ့ဒီဧကရာဇ်သားရဲနဲ့
ပတ်သက်နေမယ်လို့ ထင်လား"

ယူရှောင်းမို စဉ်းစားကြည့်သည်။ ထိုအတိုင်းသာဆို
ကောင်းပေသည်။ ဧကရာဇ်သားရဲနေထိုင်သည့်
နေရာတွင် ရတနာများစွာရှိမည်မှာ ဧကန်ပင်။

"မသေချာဘူး" လင်းရှောင်က မြေပုံကိုယူလိုက်သည်။

"ဒီမြေပုံက ရှေးစစ်ပွဲကြီးမတိုင်ခင်ကဟာဖြစ်လောက်
တယ်၊ အာ့ကြောင့် ဒီပေါ်မှာဆွဲထားတဲ့ပုံက
အဲ့ဒီဧကရာဇ်သားရဲဖြစ်နိုင်ခြေရှိတယ်။ ဒါပေမဲ့
တိုက်ဆိုင်တာသက်သက်လည်း ဖြစ်နိုင်တာပဲ။ဧကရာဇ်သားရဲက အဲ့နေရာမှာ အကြာကြီး
အိပ်စက်နေခဲ့တာဆိုတော့  မြေပြင်အနေအထား​က
သူနဲ့တူလာတာမျိုးလည်း ဖြစ်နိုင်တယ်"

နှစ်ဆယ့်တစ်ရာစုက တိုးတက်သောလူငယ်တစ်ဦး
အနေဖြင့် ဤကဲ့သို့သော ပုံတူလာခြင်းသီအိုရီကို
သူလည်း ကြားဖူးသည်။

ယူရှောင်းမို မြေပုံကိုသိမ်းလိုက်ကာ လင်းရှောင်ကို
စိတ်အားထက်သန်စွာကြည့်လိုက်သည်။

"ခင်ဗျားခန္ဓာကိုယ်က တစ်ခုခုဖြစ်နေသေးလား"

"ပြန်လည်ဝင်စားခြင်းဆေးလုံးပဲလိုနေတာ"
လင်းရှောင်က တုံ့ဆိုင်းခြင်းမရှိ သူ့ကိုထိုးနှက်လိုက်
လေသည်။

ယူရှောင်းမို နှုတ်ခမ်းစေ့လိုက်သည်။

အဆုံးမှာတော့ သူတို့နှစ်ယောက် ထိုနေရာမှ
အရှေ့တောင်ဒေသသို့ ထွက်ခွာရန်ဆုံးဖြတ်လိုက်၏။
ထိုသို့ရောက်လျှင် အခြေချဖို့နေရာတစ်ခုရှာပြီးမှ
မြေပုံပေါ်ကအရာများကို စူးစမ်းရှာဖွေကြမည်
ဖြစ်သည်။

ဆုံးဖြတ်ပြီးသည်နှင့် ယူရှောင်းမိုသည် ယန်ဟွေ့ကို
စောင့်ကြည့်နေသော ရှောင်ဖင်းကိုချက်ချင်းပြန်ခေါ်
လိုက်သည်။ ထိုနေ့မှာတင်ပဲ ပစ္စည်းများသိမ်းဆည်း
ကာ သုံးလေးလလောက်နေထိုင်ခဲ့သည့်ဂူကို
ကျောခိုင်းခဲ့တော့သည်။ သူ့မှာ ခွဲခွာရသည်ကို
အနည်းငယ်ပင် တွန့်ဆုတ်နေမိလေသည်။

သုံးလေးလက အချိန်မကြာလွန်းမတိုလွန်းပေ။

သူတို့တုံကျိုးကိုရောက်ကတည်းက အပြင်လောက၌
တုန်လှုပ်ဖို့ကောင်းသော ပြောင်းလဲမှုများဖြစ်ပေါ်ခဲ့
သည်။

တောင်ပိုင်းတိုက်မကြီး၏သွေးစွေးနီမိသားစုနှင့်
ချန်မဟာမိတ်တို့သည် ဖြန်ဖြေလို့မရနိုင်တော့သည့်
အခြေအနေကိုရောက်နေပြီဖြစ်၏။ မီးစလေးက
ယူရှောင်းမိုဆိုပေမဲ့ သူက အနှေးနှင့်အမြန်
ဖြစ်လာမည့်အရာကို လောင်စာထည့်ပေးခဲ့ခြင်းသာ
ဖြစ်သည်။

ယခုအခါ သွေးစွေးနီမိသားစုနှင့်
ချန်မဟာမိတ်တို့သည် တွေ့သည်နှင့်တိုက်ခိုက်ကြ
တော့၏။ ဖူချန်ချုံး၏တပည့်များသည် ထုံထျန်း
တိုက်မကြီးအနှံ့ဖြန့်ကျက်စေလွှတ်ခံထားရပြီး
သူတို့အားလုံးက တစ်နည်းမဟုတ်တစ်နည်း
ထူးချွန်ပြောင်မြောက်ကြသည်။ သူတို့၏
ဤအချက်က သွေးစွေးနီမိသားစုထက် ပိုအထင်ကြီး
စရာကောင်းသဖြင့် တိုက်ပွဲအပြီးတွင်
သွေးစွေးနီမိသားစုသည် အရေးနိမ့်လာတော့၏။

သို့သော် နှစ်လပင်မရှိသေးခင်မှာပဲ အခြေအနေက
တစ်ဖန်ပြောင်းလဲသွားခဲ့ပြန်သည်။

ယူကျန်ထျန်း၏ဇနီးက ငွေနဂါးမျိုးနွယ်စု၏
မင်းသမီးတစ်ပါးဖြစ်သည်။ သူမခင်ပွန်း၏
မိသားစု အခက်အခဲကြုံရသည့်အခါ
ယင်ကတော်က ဒီတိုင်းလက်ပိုက်ကြည့်နေမည်
မဟုတ်ပေ၊ ထို့ကြောင့် သူမက ငွေနဂါးမျိုးနွယ်စုကို
တိုက်ပွဲမှာဝင်ပါရန် တောင်းဆိုခဲ့သည်။

မူလက ယင်ကတော်သည် တော်ဝန်မျိုးနွယ်စု၏
ရွှေနဂါးကို ပေါ်လာပေးပါရန်တောင်းဆိုချင်ခဲ့
သော်လည်း ထင်ရှားစွာပင် ၎င်းကစိတ်ကူးယဉ်
အတွေးတစ်ခုသာဖြစ်သည်။

ရွှေနဂါးက ထုံထျန်းတိုက်မကြီး၏တိုက်ပွဲများ
အကြားဝင်ပါခဲသည်။ ထို့အပြင် ယူရှောင်းမိုအပေါ်
ကျေးဇူးကြွေးလည်းရှိနေသေးပြီး ရွှေနဂါးက
ကျေးဇူးမသိတတ်သူမျိုးမဟုတ်ပေ။ ဝတ္တရား
အရရော ခံစားချက်အရရော သူတို့ကမလှုပ်ရှားခဲ့ပေ။
ယင်ကတော်၏ ဖိတ်ကြားချက်ကိုငြင်းပယ်လိုက်သည်
သာမက အကျိုးဆက်များကို ကိုယ့်ဘာသာ
ခံကြဖို့တောင် ပြောလွှတ်လိုက်သေးသည်။

ငွေနဂါးမျိုးနွယ်စု၏အကူအညီဖြင့် သွေးစွေးနီ
မိသားစုနှင့် ချန်မဟာမိတ်တို့မှာ တန်းတူသွား
၏။ နှစ်ဖက်စလုံးက လှုပ်မရပြုမရဖြစ်နေစဉ်
ကျန်အင်အားစုကြီးများကတော့ လေ့လာစောင့်ကြည့်
နေကြဆဲဖြစ်လေသည်။

တစ်ချိန်တည်းမှာ ရှီကျင်းမှအခြေအနေများကလည်း
တိတ်တဆိတ်ပြောင်းလဲလျက်ရှိသည်။

လအနည်းငယ်အတွင်း၌ ရှေးသားရဲမျိုးနွယ်လေးခုမှ
လူငယ်များ ပျောက်ဆုံးလာနေသည်။ ရှေးသားရဲ
မျိုးနွယ်လေးခုက သူတို့လူငယ်များကို
တန်ဖိုးထားကြလေရာ အကြောင်းအရင်းမရှိပါဘဲ
ပျောက်ဆုံးသွားကြသည်တွင် သူတို့မည်သို့ဒေါသ
မထွက်ဘဲရှိပါမည်နည်း။

ထို့ကြောင့် ရှီကျင်းရှိလေထုကလည်း အလွန်တင်းမာ
လျက်ရှိသည်။ လူတိုင်းနီးပါးမှာ ကျီးလန့်စာစား
ဖြစ်နေကြပြီး ရှေးသားရဲမျိုးနွယ်ကြီးလေးခု၏
ဒေါသက သူတို့ဆီပျံ့နှံ့လာမည်ကိုစိုးထိတ်နေကြ
သည်။

နောက်တော့၊ သူတို့ပျောက်ဆုံးသွားခြင်းက
တစ္ဆေငိုညည်းတောင်ကလပ်မှ ထျန်းကုံနှင့်
ပတ်သက်နေဖို့များသည်ဟူသော ကောလဟလတစ်ခု
အမည်မသိနေရာတစ်ခုမှ ပျံ့လွင့်လာလေသည်။
ကောလဟလများက ကြီးထွားလာလျက်
ပို၍ပို၍တင်းမာလာကာ နောက်ဆုံး၌ အလိမ်အညာ
များကပင် အမှန်တရားဖြစ်လာတော့သည်။

နတ်ဆိုးဖီးနစ်မျိုးနွယ်စုက တစ္ဆေသင်္ချိုင်း
တောင်တန်းသို့ လူလွှတ်ပြီး ထျန်းကုံကို သူတို့လူများ
ထုတ်ပေးခိုင်းဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း
ပထမဦးဆုံးကြေညာခဲ့သည်၊ အကြောင်းမှာ
နတ်ဆိုးဖီးနစ်မျိုးနွယ်စုမှ ပျောက်ဆုံးသွားသည့်
လူငယ်မှာ လင်းရှောင်၏ မီးတောက်ဖြင့်
ခြေထောက်များလောင်ကျွမ်းခံခဲ့ရသည့် ကျိယွင်လန်
ဖြစ်နေသောကြောင့်ပင်။
______________________________

//Zawgyi//

(၅၇၇) ထြက္ခြာျခင္း

ေရႊေတာင္ပံပိုးေကာင္မ်ားက ယန္ေဟြ့ဘက္က
သတင္းရၿပီျဖစ္ေၾကာင္းေျပာျပရန္ ျပန္လာခဲ့ျခင္း
ျဖစ္သည္၊ သို႔ေပမဲ့ ယူေရွာင္းမို အဆင့္တက္ေနခ်ိန္ႏွင့္
တိုက္ဆိုင္သြားသျဖင့္ ႏွစ္နာရီေလာက္ ေနွာင့္ေနွး
သြားသည္။

သို႔ေပမဲ့ သူတို႔ရလာသၫ့္သတင္းမွာ အကုန္
အေကာင္းခ်ည္းမဟုတ္ေခ်။ ယန္ေဟြ့ဆရာက
တကယ္ပဲ ဆက္သြယ္လာခဲ့ေပမဲ့ သူကိုယ္တိုင္
မဟုတ္ဘဲ လူတစ္ခ်ိဳ႕ေစလႊတ္လိုက္ျခင္းျဖစ္သည္။

ထိုလူက သန္မာလြန္း၍ ေရႊေတာင္ပံပိုးေကာင္
ႏွစ္ေကာင္မွာ လူမိသြားမည္စိုးေသာေၾကာင့္
အရမ္းႀကီးမကပ္ရဲခဲ့ေပ။

ထို႔ေၾကာင့္ သူတို႔စကားကိုမၾကားလိုက္ရေပ။
ေရွာင္ဖံုက ထိုသူထြက္သြားသၫ့္အခါ ေနာက္ေယာင္
ခံလိုက္ခဲ့ေပမဲ့ လမ္းတစ္ဝက္မွာမ်က္ေျချပတ္သြား
ခဲ့ေသာေၾကာင့္ ျပန္လွၫ့္လာခဲ့ရေလသည္။

သို႔ေသာ္ ထိုလူထြက္သြားသည္ႏွင့္ ယန္ေဟြ့လည္း
အျပင္ထြက္သြားခဲ့သည္။

ကူမာမ်ိဳးႏြယ္စု၏ဌာနခ်ဳပ္က ဝူရွန္ၿမိဳ႔အေနာက္
ေတာင္တစ္လံုးသာျခားၿပီး တည္ရိွကာ
ၿမိဳ႔တစ္စိတ္တစ္ပိုင္းဟု မွတ္ယူလို႔ရသည္။
၄မ်ိဳးႏြယ္စုက ႀကီးမားေသာမ်ိဳးႏြယ္စုႀကီးပင္။

ယန္ေဟြ့က ဌာနခ်ဳပ္ထဲဝင္လာၿပီးေနာက္
ကူမာမ်ိဳးႏြယ္စုအႀကီးအကဲမ်ားထံ တန္းသြားသည္။
သူ႔တြ​င္ သြားလာခြင့္တံုကင္တစ္ခုရိွသျဖင့္ လမ္း
တစ္ေလ်ွာက္လံုး စစ္ေဆးေမးျမန္းျခင္းမခံရေပ။

ဌာနခ်ဳပ္ထဲမွာ ပညာရွင္မ်ားစြာရိွသျဖင့္
ေရွာင္ဖင္းလည္း ခဏေလာက္ၾကာသည္အထိ
လိုက္ၾကၫ့္ေနၿပီးေနာက္ျပန္ထြက္ခဲ့ရသည္။ သို႔ေသာ္
ေရွာင္ဖင္းက ပါးနပ္စြာျဖင့္ ဌာနခ်ဳုပ္အျပင္မွာ
ယန္ေဟြ့ျပန္ထြက္လာသည္အထိ ေစာင့္ၿပီး
သူႏွင့္အတူစံအိမ္ထိျပန္လိုက္ခဲ့သည္။

စံအိမ္သို႔ ယန္ေဟြ့ျပန္ေရာက္လာၿပီးေနာက္
စုလန္ က်င့္ႀကံရာအခန္းဆီ တန္းသြားေလသည္။

ေရွာင္ဖင္း၏ဆံုးျဖတ္ခ်က္က လိမၼာပါးနပ္ေပသည္။
စုလန္က တံခါးပိတ္က်င့္ႀကံေနသၫ့္ကာလျဖစ္၍
သူ႔ဆရာ လႊတ္လိုက္သၫ့္လူႏွင့္မေတြ့ခဲ့ရေပ။
ဤတစ္ခါတာဝန္က ေတာ္ေတာ္ေလးအေရးႀကီး
သျဖင့္ ယန္ေဟြ့တစ္ေယာက္တည္း မၿပီးေျမာက္ႏိုင္
ေသာေၾကာင့္ သူတို႔ဆရာက အႀကီးနဲ႔အငယ္
ႏွစ္ေယာက္စလံုးကို တာဝန္ေပးလိုက္သည္။

ယန္ေဟြ့က တာဝန္အေၾကာင္းေျပာျပရန္
စုလန္ကိုသြားရွာသည္။ ဤတစ္ႀကိမ္သူတို႔ပစ္မွတ္က
ကူမာမ်ိဳးႏြယ္စုျဖစ္သည္၊ သို႔ေသာ္ ကူမာမ်ိဳးႏြယ္စုကို
ဆန႔္က်င့္ရန္မဟုတ္ဘဲ သူတို႔ႏွင့္ပူးေပါင္းၿပီး
ေရႊ့ရွီမ်ိဳးႏြယ္စုကို ကူသိမ္းေပးမွာပဲျဖစ္သည္။

ပါးနပ္သၫ့္ေရွာင္ဖင္းက တာဝန္အေၾကာင္း
သိၿပီးေနာက္ ယူေရွာင္းမိုႏွင့္လင္းေရွာင္ဆီျပန္ေျပး
လာသည္။ တစ္လေက်ာ္ေက်ာ္ ေစာင့္ၾကၫ့္ေနၿပီး
ေနာက္တြင္ေတာ့ အသံုးဝင္သၫ့္သတင္းတစ္ခ်ိဳ႕
ရခဲ့ေလၿပီ။

"ယန္ေဟြ့က ေနာက္ေက်ာဓားနဲ႔ထိုးတဲ့လူယုတ္မာပဲ။
ေရႊ့ရွီမ်ိဳးႏြယ္စုက ဦးေလးႀကီးရဲ့ေမြးရပ္မွန္း
သိသိႀကီးနဲ႔၊ ေရွာင္ေယာင္တကၠသိုလ္မွာတုန္းကက်
သူငယ္ခ်င္းေကာင္းလိုေတာင္ လုပ္ေနခဲ့ၿပီး။
လူတစ္ေယာက္ကို အေပၚယံၾကၫ့္ၿပီးဆံုးျဖတ္လို႔
မရဘူးဆိုတာ တကယ္ပဲ"

ယူေရွာင္းမို ယန္ေဟြ့၏စရိုက္ဗီဇကို အနည္းနဲ႔
အမ်ားေတာ့ အတည္ျပဳျပီးၿပီျဖစ္သည္။ သူ
ၾကၫ့္ဖူးသၫ့္ ရုပ္ရွင္၊ ဒရမ္မာမ်ားထဲက
ဗီလိန္မ်ားကဲ့သို႔ ကမ႓ာႀကီးကိုဖ်က္စီးခ်င္သၫ့္
သူတို႔ရန္သူ၊ ဒ႑ာရီလာအၿမွောက္စာဇာတ္ေကာင္ပင္
ျဖစ္သည္။

"သူက တံုက်ိဳးကေတာင္မဟုတ္ဘူး။ မင္းလ​ည္း
ခန႔္မွန္းမိတယ္မလား"

ဆန႔္က်င္ဘက္အားျဖင့္၊ လင္းေရွာင္က ဤသတင္းကို
ၾကားရသၫ့္အခ်ိန္တြင္ တံု႔ျပန္မႈႀကီးႀကီးမားမား
မရိွေပ။ အားၿပိဳင္ၾကသည္မွာ ပံုမွန္ပဲျဖစ္သည္။

ယူေရွာင္းမို မေရမရာအသံျပဳလိုက္ၿပီး ခ်က္ခ်င္း
ေခါင္းစဉ္ေျပာင္းလိုက္သည္။

"ဦးေလးႀကီးကိုအသိေပးသင့္လား"

"သူ႔ကိုအသိေပးေတာ့ေရာ ဘာအသံုးဝင္လို႔လဲ။
ေရႊ့ရွီမ်ိဳးႏြယ္စုက ဘယ္ေလာက္ပဲအားနည္းတယ္
ေျပာေျပာ တံုက်ိဳးရဲ့အႀကီးဆံုးမ်ိဳးႏြယ္စုႀကီးသံုးခုထဲ
ပါေနတုန္းပဲ။ ကူမာမ်ိဳးႏြယ္စုက ေရႊ့ရွီမ်ိဳးႏြယ္စုကို
သိမ္းပိုက္ဖို႔ႀကံေနတာၾကာေလာက္ၿပီျဖစ္မယ္၊
အခုခ်ိန္ထိ မေအာင္ျမင္ေသးဘူးဆိုရင္ ဒါက
ထင္သေလာက္မရိုးရွင္းေၾကာင္း ျပေနတာပဲ။
ေနာက္ၿပီး ခ်န္ရွန္းရုန္က က်ဳံထ်န္းမွာပဲရိွေသးတယ္။
အရင္က ယန္ေဟြ့က သူကကူမာမ်ိဳးႏြယ္စုက
ျဖစ္ေၾကာင္းမေတာ္တဆဝန္ခံမိခဲ့တယ္။ ေရႊ့ရွီ
မ်ိဳးႏြယ္စုကို ထိုးေဖာက္ဝင္ေရာက္ဖို႔ ယန္ေဟြ့က
ခ်န္ရွန္းရုန္ကို အသံုးခ်ဖို႔မျဖစ္ႏိုင္ဘူး"

လင္းေရွာင္က သူ႔ေမးခြန္းကိုကန႔္ကြက္လိုက္သည္။

ယူေရွာင္းမို အနည္းငယ္ဉာဏ္အလင္းပြင့္သြားၿပီး
ေခါင္းညိမ့္လိုက္သည္။

"ဒါဆို သူတို႔ကိုေစာင့္ၾကၫ့္ထားဖို႔လိုေသးလား"

လင္းေရွာင္က ေရရြတ္သည္၊
"ယန္ေဟြ့ရဲ့ဆရာက သတိႀကီးတဲ့လူမ်ိဳးပဲ၊
သူ႔အရိပ္ကိုဖမ္းမိဖို႔ ခက္လိမ့္မယ္။ ေရႊေတာင္ပံ
ပိုးေကာင္ေတြက ဆက္ေစာင့္ၾကၫ့္ေနလို႔ရေပမဲ့
သူတို႔မွာလည္း စြမ္းအားအကန႔္အသတ္ရိွေသးတယ္။
ဒီထက္ပိုအနားကပ္ဖို႔ မျဖစ္ႏိုင္ဘူး"

လင္းေရွာင္ေျပာခ်င္သၫ့္အဓိပၸါယ္ကို
ယူေရွာင္းမိုနားလည္ပါသည္။

"ဒါဆို လက္ေလ်ာ့လိုက္သင့္လား"

"အခုအခ်ိန္မွာ သူတို႔ကိုအာရံုစိုက္ဖို႔မလိုေသးဘူး။
ကူမာမ်ိဳးႏြယ္စုနဲ႔ ေရႊ့ရွီမ်ိဳးႏြယ္စုၾကားစစ္ပဲြက
မၾကာခင္မွာလာေတာ့မယ္၊ ကိုယ္တို႔ ဝင္ပါမိလို႔
မျဖစ္ဘူး။ ဟိုေျမပံုရဲ့တည္ေနရာက တံုက်ိဳးကို
ၫႊန္ျပေနတာလည္း မေမ့နဲ႔ဦး"

ေျမပံုအပိုင္းအားလံုးကို ယူေရွာင္းမိုထုတ္လိုက္သည္။
ေနာက္ဆံုးေျမပံုကိုရၿပီးေနာက္တြင္ ေသခ်ာ
ၾကၫ့္ဖို႔ အခြင့္အေရးမရခဲ့ေသးေပ။

ပင့္ကူနက္ေလလံပဲြတုန္းက ဤေျမပံု၏
တည္ေနရာက တံုက်ိဳးအေရ႔ွေတာင္ဘက္ကို
ၫႊန္ျပေနသည္ဟု ေလလံပစ္သူကေျပာခဲ့သည္။

တံုက်ိဳးအေရ႔ွေတာင္ဘက္ေဒသသည္ ေရွးေခတ္က
စိတ္စြမ္းအား အႂကြယ္ဝဆံုးေဒသျဖစ္ခဲ့၏။
ထိုေနရာ၌ ေရွးယခင္ကဘိုးေဘးမ်ားေနထိုင္ခဲ့သၫ့္
လိုဏ္ဂူမ်ားစြာ တူးေဖာ္ေတြ့ရိွခဲ့သည္။ အမ်ားစုက
ဗလာသက္သက္ျဖစ္ၿပီး တစ္ခ်ိဳ႕တစ္ေလမွာေတာ့
မေရမတြက္ႏိုင္ေသာရတနာမ်ားစြာ သိုဝွက္ထားေလ
သည္။ ဤအခ်က္တစ္ခုတည္းကတင္
ပညာရွင္မ်ားစြာကို ဆဲြေဆာင္ႏိုင္ခဲ့သည္။

သို႔ေသာ္လည္း အေရ႔ွေတာင္ေဒသက
သြားခ်င္သလိုသြားႏိုင္သၫ့္ေနရာမ်ိဳးမဟုတ္ေပ။
အခြင့္အလမ္းဟူသည္က အႏၲရာယ္ႏွင့္အတူ
ယွဉ္တဲြေနတတ္သည္။

အေရ႔ွေတာင္ေဒသက ေကာင္းခ်ီေပးခံရသၫ့္
ေနရာျဖစ္သျဖင့္ မ်ားျပားလွသၫ့္အႏၲရာယ္မ်ားကို
ေရွာင္ရွားဖို႔ရန္ မျဖစ္ႏိုင္ေပ။ ဘိုးဘြားပိုင္
လိုဏ္ဂူမ်ားအျပင္ဘက္တြင္ ခုခံအစီအရင္၊
တိုက္ခိုက္ေရးအစီအရင္၊ ပံုရိပ္ေယာင္အစီအရင္
အစရိွသည့္ အတားအဆီးအစီအရင္မ်ားစြာရိွ၏။

ေရွးေခတ္မွဆင္းသက္လာေသာ အစီအရင္မ်ား၏
စြမ္းအားက သာမေညာင္ညမဟုတ္ေပ။ ထို႔ျပင္
အခ်ိဳ႕လိုဏ္ဂူမ်ား၌ ႀကီးမားသၫ့္စြမ္းအားႀကီး
နတ္ဆိုးသားရဲမ်ား ေစာင့္ေရွာက္ေနတတ္ၾကသည္။
ေကာင္းခ်ီေပးခံရသည္ဟု ေခၚၾကသၫ့္ထိုေနရာသည္
အမွန္ေတာ့ ျပန္လာႏိုင္သူအနည္းအက်ဉ္းသာ
ရိွသၫ့္ အႏၲရာယ္မ်ားေသာေနရာတစ္ခုပင္ျဖစ္သည္။
ေရွးယခင္မွ ယခုထက္တိုင္ ထိုေနရာမွာၿမွဳပ္ႏွံခံခဲ့ရ
သၫ့္ အေလာင္းေပါင္းမည္မ်ွထိရိွေနမည္လဲ
ဘယ္သူမွမသိၾက​ေပ။

ယူေရွာင္းမို ေျမပံုေလးခုကိုအတူဆက္လိုက္သည္။

ယခင္က မေျပာႏိုင္ခဲ့ေပမဲ့ ယခုေျမပံုေလးခုစလံုးကို
ဆက္ၾကၫ့္လိုက္သၫ့္အခါ ေျမပံုမွာေရးဆဲြထားသၫ့္
ပထဝီဝင္အေနအထားက ဘယ္ေကာင္ဘယ္ဝါမွန္း
အတည္မျပဳႏိုင္သၫ့္ နတ္ဆိုးသားရဲတစ္ေကာင္ႏွင့္
ဆင္တူေနသည္။ သို႔ေသာ္လည္း ေျမပံုအလယ္၌
အမွတ္အသားျပဳထားသၫ့္ ေနရာတစ္ခု
အမွန္ပင္ရိွေနသည္။

လင္းေရွာင္က ေျမပံုကိုျမင္သၫ့္အခါ
မ်က္ခံုးပင့္သြားၿပီး၊

"ဒ႑ာရီထဲမွာ ေျပာထားတာ၊ ေရွးကတံုက်ိဳးမွာ
ေရွးေဟာင္းသားရဲမ်ိဳးႏြယ္ေလးခုနဲ႔ တန္းတူယွဉ္ႏိုင္တဲ့
အထိ စြမ္းအားႀကီးတဲ့ဧကရာဇ္သားရဲတစ္ေကာင္
ေပၚလာခဲ့ဖူးတယ္တဲ့။ အဲ့ဒီဧကရာဇ္သားရဲက
တံုက်ိဳးအေရ႔ွေတာင္ဘက္မွာ အိပ္စက္ေနၿပီး
ေရွးေဟာင္းစစ္ပဲြႀကီးက အေရ႔ွေတာင္ဘက္ဆီ
ပ်ံ႔ႏွံ႔လာတဲ့အခါ ဧကရာဇ္သားရဲကို ႏိုးသြားေစခဲ့
တယ္။ သူ ေဒါသထြက္ၿပီး အဲ့ဒီအရပ္ေဒသမွ
တစ္ဖက္နဲ႔တစ္ဖက္ရုန္းကန္ေနတဲ့ လူသားေတြေရာ
နတ္ဆိုးသားရဲေတြေရာ အကုန္လံုးကိုသတ္ပစ္
လိုက္တယ္တဲ့"

"အဲ့ဒီေနာက္ေရာဘာျဖစ္သြားလဲ"

ယူေရွာင္းမို ၾကၫ့္ေလေလ ေျမပံုေပၚကပံုက
က်ားတစ္ေကာင္ႏွင့္တူသည္ဟု ခံစားရေလေလပင္။
လင္းေရွာင္ေျပာတာသာအမွန္ျဖစ္ခဲ့လ်ွင္ ၄က
ေရွးသားရဲမ်ိဳးႏြယ္ေလးခုႏွင့္ ဆင္တူသၫ့္အမည္
ရိွၿပီး ပဉၥမေျမာက္နတ္ဘုရားဧကရာဇ္သားရဲဟုလည္း
ေခၚႏိုင္သၫ့္ က်ားျဖဴပင္ျဖစ္လိမ့္မည္။

လင္းေရွာင္က သူ၏ေခ်ာေမြ့ေသာေမးကိုသပ္ရင္း၊
"သူသတ္ပစ္လိုက္တဲ့ထဲမွာ စြမ္းအားႀကီးတဲ့
မ်ိဳးႏြယ္တစ္ခုရဲ့ဆက္ခံသူ ပါပါသြားခဲ့တယ္။
မူလက မ်ိဳးႏြယ္စုက ဆက္ခံသူကိုစစ္ပဲြရဲ့
အႏၲရာယ္ကေနလြတ္ေအာင္ တံုက်ိဳးကိုပို႔ထားခဲ့တာ၊
ဒါေပမဲ့ မေမ်ွာ္လင့္ထားစြာနဲ႔ တံုက်ိဳးကအျမစ္ျဖတ္
ခံလိုက္ရတယ္။ ႏွစ္ေတြအၾကာႀကီး ဒုကၡခံၿပီး
ပ်ိဳးေထာင္လာရတဲ့အားစိုက္မႈေတြက တစ္ရက္တည္း
နဲ႔ ဖ်က္စီးခံလိုက္ရတယ္။ သူတို႔က ေဒါသထြက္ၿပီး
တံုက်ိဳးမွာ အဲ့ဒီဧကရာဇ္သားရဲနဲ႔ သံုးရက္နဲ႔သံုးည
တိုင္တိုင္တိုက္ခိုက္ခဲ့ၾကတယ္။ ေကာင္းကင္နဲ႔
ေျမၾကီး ေမွာင္မိုက္သြားတဲ့အထိ တိုက္ခိုက္ခဲ့ၾကၿပီး
ႏွစ္ဖက္စလံုးအထိနာခဲ့ၾကတယ္။ ေနာက္ပိုင္း
အဲ့ဒီမ်ိဳးႏြယ္စုက အင္အားနည္းသြားခဲ့ၿပီး
ဧကရာဇ္သားရဲကလည္း ေျခရာလက္ရာမက်န္
ေပ်ာက္ကြယ္သြားခဲ့တယ္"

"ဒါဆို ဒီေျမပံုက အဲ့ဒီဧကရာဇ္သားရဲနဲ႔
ပတ္သက္ေနမယ္လို႔ ထင္လား"

ယူေရွာင္းမို စဉ္းစားၾကၫ့္သည္။ ထိုအတိုင္းသာဆို
ေကာင္းေပသည္။ ဧကရာဇ္သားရဲေနထိုင္သၫ့္
ေနရာတြင္ ရတနာမ်ားစြာရိွမည္မွာ ဧကန္ပင္။

"မေသခ်ာဘူး" လင္းေရွာင္က ေျမပံုကိုယူလိုက္သည္။

"ဒီေျမပံုက ေရွးစစ္ပဲြႀကီးမတိုင္ခင္ကဟာျဖစ္ေလာက္
တယ္၊ အာ့ေၾကာင့္ ဒီေပၚမွာဆဲြထားတဲ့ပံုက
အဲ့ဒီဧကရာဇ္သားရဲျဖစ္ႏိုင္ေျခရိွတယ္။ ဒါေပမဲ့
တိုက္ဆိုင္တာသက္သက္လည္း ျဖစ္ႏိုင္တာပဲ။ဧကရာဇ္သားရဲက အဲ့ေနရာမွာ အၾကာႀကီး
အိပ္စက္ေနခဲ့တာဆိုေတာ့  ေျမျပင္အေနအထား​က
သူနဲ႔တူလာတာမ်ိဳးလည္း ျဖစ္ႏိုင္တယ္"

ႏွစ္ဆယ့္တစ္ရာစုက တိုးတက္ေသာလူငယ္တစ္ဦး
အေနျဖင့္ ဤကဲ့သို႔ေသာ ပံုတူလာျခင္းသီအိုရီကို
သူလည္း ၾကားဖူးသည္။

ယူေရွာင္းမို ေျမပံုကိုသိမ္းလိုက္ကာ လင္းေရွာင္ကို
စိတ္အားထက္သန္စြာၾကၫ့္လိုက္သည္။

"ခင္ဗ်ားခႏၶာကိုယ္က တစ္ခုခုျဖစ္ေနေသးလား"

"ျပန္လည္ဝင္စားျခင္းေဆးလံုးပဲလိုေနတာ"
လင္းေရွာင္က တံု႔ဆိုင္းျခင္းမရိွ သူ႔ကိုထိုးႏွက္လိုက္
ေလသည္။

ယူေရွာင္းမို ႏႈတ္ခမ္းေစ့လိုက္သည္။

အဆံုးမွာေတာ့ သူတို႔ႏွစ္ေယာက္ ထိုေနရာမွ
အေရ႔ွေတာင္ေဒသသို႔ ထြက္ခြာရန္ဆံုးျဖတ္လိုက္၏။
ထိုသို႔ေရာက္လ်ွင္ အေျခခ်ဖို႔ေနရာတစ္ခုရွာၿပီးမွ
ေျမပံုေပၚကအရာမ်ားကို စူးစမ္းရွာေဖြၾကမည္
ျဖစ္သည္။

ဆံုးျဖတ္ၿပီးသည္ႏွင့္ ယူေရွာင္းမိုသည္ ယန္ေဟြ့ကို
ေစာင့္ၾကၫ့္ေနေသာ ေရွာင္ဖင္းကိုခ်က္ခ်င္းျပန္ေခၚ
လိုက္သည္။ ထိုေန့မွာတင္ပဲ ပစၥည္းမ်ားသိမ္းဆည္း
ကာ သံုးေလးလေလာက္ေနထိုင္ခဲ့သၫ့္ဂူကို
ေက်ာခိုင္းခဲ့ေတာ့သည္။ သူ႔မွာ ခဲြခြာရသည္ကို
အနည္းငယ္ပင္ တြန႔္ဆုတ္ေနမိေလသည္။

သံုးေလးလက အခ်ိန္မၾကာလြန္းမတိုလြန္းေပ။

သူတို႔တံုက်ိဳးကိုေရာက္ကတည္းက အျပင္ေလာက၌
တုန္လႈပ္ဖို႔ေကာင္းေသာ ေျပာင္းလဲမႈမ်ားျဖစ္ေပၚခဲ့
သည္။

ေတာင္ပိုင္းတိုက္မႀကီး၏ေသြးေစြးနီမိသားစုႏွင့္
ခ်န္မဟာမိတ္တို႔သည္ ျဖန္ေျဖလို႔မရႏိုင္ေတာ့သၫ့္
အေျခအေနကိုေရာက္ေနၿပီျဖစ္၏။ မီးစေလးက
ယူေရွာင္းမိုဆိုေပမဲ့ သူက အေနွးႏွင့္အျမန္
ျဖစ္လာမည့္အရာကို ေလာင္စာထၫ့္ေပးခဲ့ျခင္းသာ
ျဖစ္သည္။

ယခုအခါ ေသြးေစြးနီမိသားစုႏွင့္
ခ်န္မဟာမိတ္တို႔သည္ ေတြ့သည္ႏွင့္တိုက္ခိုက္ၾက
ေတာ့၏။ ဖူခ်န္ခ်ဳံး၏တပၫ့္မ်ားသည္ ထံုထ်န္း
တိုက္မႀကီးအႏွံ႔ျဖန႔္က်က္ေစလႊတ္ခံထားရၿပီး
သူတို႔အားလံုးက တစ္နည္းမဟုတ္တစ္နည္း
ထူးခၽြန္ေျပာင္ေျမာက္ၾကသည္။ သူတို႔၏
ဤအခ်က္က ေသြးေစြးနီမိသားစုထက္ ပိုအထင္ႀကီး
စရာေကာင္းသျဖင့္ တိုက္ပဲြအၿပီးတြင္
ေသြးေစြးနီမိသားစုသည္ အေရးနိမ့္လာေတာ့၏။

သို႔ေသာ္ ႏွစ္လပင္မရိွေသးခင္မွာပဲ အေျခအေနက
တစ္ဖန္ေျပာင္းလဲသြားခဲ့ျပန္သည္။

ယူက်န္ထ်န္း၏ဇနီးက ေငြနဂါးမ်ိဳးႏြယ္စု၏
မင္းသမီးတစ္ပါးျဖစ္သည္။ သူမခင္ပြန္း၏
မိသားစု အခက္အခဲႄကံုရသၫ့္အခါ
ယင္ကေတာ္က ဒီတိုင္းလက္ပိုက္ၾကၫ့္ေနမည္
မဟုတ္ေပ၊ ထို႔ေၾကာင့္ သူမက ေငြနဂါးမ်ိဳးႏြယ္စုကို
တိုက္ပဲြမွာဝင္ပါရန္ ေတာင္းဆိုခဲ့သည္။

မူလက ယင္ကေတာ္သည္ ေတာ္ဝန္မ်ိဳးႏြယ္စု၏
ေရႊနဂါးကို ေပၚလာေပးပါရန္ေတာင္းဆိုခ်င္ခဲ့
ေသာ္လည္း ထင္ရွားစြာပင္ ၄ကစိတ္ကူးယဉ္
အေတြးတစ္ခုသာျဖစ္သည္။

ေရႊနဂါးက ထံုထ်န္းတိုက္မႀကီး၏တိုက္ပဲြမ်ား
အၾကားဝင္ပါခဲသည္။ ထို႔အျပင္ ယူေရွာင္းမိုအေပၚ
ေက်းဇူးႂကြေးလည္းရိွေနေသးၿပီး ေရႊနဂါးက
ေက်းဇူးမသိတတ္သူမ်ိဳးမဟုတ္ေပ။ ဝတၲရား
အရေရာ ခံစားခ်က္အရေရာ သူတို႔ကမလႈပ္ရွားခဲ့ေပ။
ယင္ကေတာ္၏ ဖိတ္ၾကားခ်က္ကိုျငင္းပယ္လိုက္သည္
သာမက အက်ိဳးဆက္မ်ားကို ကိုယ့္ဘာသာ
ခံၾကဖို႔ေတာင္ ေျပာလႊတ္လိုက္ေသးသည္။

ေငြနဂါးမ်ိဳးႏြယ္စု၏အကူအညီျဖင့္ ေသြးေစြးနီ
မိသားစုႏွင့္ ခ်န္မဟာမိတ္တို႔မွာ တန္းတူသြား
၏။ ႏွစ္ဖက္စလံုးက လႈပ္မရျပဳမရျဖစ္ေနစဉ္
က်န္အင္အားစုႀကီးမ်ားကေတာ့ ေလ့လာေစာင့္ၾကၫ့္
ေနၾကဆဲျဖစ္ေလသည္။

တစ္ခ်ိန္တည္းမွာ ရွီက်င္းမွအေျခအေနမ်ားကလည္း
တိတ္တဆိတ္ေျပာင္းလဲလ်က္ရိွသည္။

လအနည္းငယ္အတြင္း၌ ေရွးသားရဲမ်ိဳးႏြယ္ေလးခုမွ
လူငယ္မ်ား ေပ်ာက္ဆံုးလာေနသည္။ ေရွးသားရဲ
မ်ိဳးႏြယ္ေလးခုက သူတို႔လူငယ္မ်ားကို
တန္ဖိုးထားၾကေလရာ အေၾကာင္းအရင္းမရိွပါဘဲ
ေပ်ာက္ဆံုးသြားၾကသည္တြင္ သူတို႔မည္သို႔ေဒါသ
မထြက္ဘဲရိွပါမည္နည္း။

ထို႔ေၾကာင့္ ရွီက်င္းရိွေလထုကလည္း အလြန္တင္းမာ
လ်က္ရိွသည္။ လူတိုင္းနီးပါးမွာ က်ီးလန႔္စာစား
ျဖစ္ေနၾကၿပီး ေရွးသားရဲမ်ိဳးႏြယ္ႀကီးေလးခု၏
ေဒါသက သူတို႔ဆီပ်ံ႔ႏွံ႔လာမည္ကိုစိုးထိတ္ေနၾက
သည္။

ေနာက္ေတာ့၊ သူတို႔ေပ်ာက္ဆံုးသြားျခင္းက
တစၧေငိုညည္းေတာင္ကလပ္မွ ထ်န္းကံုႏွင့္
ပတ္သက္ေနဖို႔မ်ားသည္ဟူေသာ ေကာလဟလတစ္ခု
အမည္မသိေနရာတစ္ခုမွ ပ်ံ႔လြင့္လာေလသည္။
ေကာလဟလမ်ားက ႀကီးထြားလာလ်က္
ပို၍ပို၍တင္းမာလာကာ ေနာက္ဆံုး၌ အလိမ္အညာ
မ်ားကပင္ အမွန္တရားျဖစ္လာေတာ့သည္။

နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စုက တစၧေသခ်ၤိဳင္း
ေတာင္တန္းသို႔ လူလႊတ္ၿပီး ထ်န္းကံုကို သူတို႔လူမ်ား
ထုတ္ေပးခိုင္းဖို႔ ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း
ပထမဦးဆံုးေၾကညာခဲ့သည္၊ အေၾကာင္းမွာ
နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စုမွ ေပ်ာက္ဆံုးသြားသၫ့္
လူငယ္မွာ လင္းေရွာင္၏ မီးေတာက္ျဖင့္
ေျခေထာက္မ်ားေလာင္ကၽြမ္းခံခဲ့ရသၫ့္ က်ိယြင္လန္
ျဖစ္ေနေသာေၾကာင့္ပင္။
______________________________








Continue Reading

You'll Also Like

1.2M 166K 64
传说之主的夫人 by 尹琊 Chuanshuo Zhi Zhu De Furen by Yin Ya Genres: Action, Adventure, Fantasy, Comedy, Historical, Martial Art, Romance, WuxiaWorld, BL (Cha...
141K 22.4K 31
ငါဘယ်သူ့ကိုမှ ထပ်မချစ်တော့မှာမို့လို့ ဒီစောက်ကလေးကိုလည်း ရအောင်ခွာချရမယ် Completed
709K 121K 120
Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation period - Jan 5,2021 ~ Oct 14,2022 ရှန်ကျစ...
160K 26K 44
Title -The Tang Family's Seven Os [汤家七个O] Author - White Clouds [白云朵] Status in COO - Completed (186 chapters + 3 extras) Start date - 1.4.2023 End d...