//Unicode//
(၅၇၆) မတော်တဆဖြင့်
သူ စကားတစ်ခွန်းတောင်မဟရသေးခင်
ကျန်လူနှစ်ယောက်က သူ့ဆီကို ဓားရှည်များဖြင့်
ပြေးတက်လာကြသည်။ အပြင်ဘက်မှ နေရောင်က
သူတို့မျက်နှာပေါ် သို့ ကျရောက်လာသည့်အခါ
ရက်စက်ကြမ်းကြုတ်သောမျက်နှာသွင်ပြင်များနှင့်
အမာရွတ်များကို မြင်လိုက်ရသည်။
ယူရှောင်းမိုမှာ နှလုံးရပ်တော့မလိုပင်။ သူတို့
အသက်ရှိနေကြောင်း သိ၍သာမဟုတ်လျှင်
သရဲမြင်ရသည်ဟု ထင်မိလောက်ပေသည်။
ထိုလူနှစ်ဦးက အတော်လေးသန်မာသော်လည်း
ဒဏ်ရာရထားပုံရကာ လျှင်မြန်သယောင်ထင်ရသော
လှုပ်ရှားမှုများက အနည်းငယ်လေးကန်နေသည်။
ယူရှောင်းမို သူတို့ကိုကိုင်တွယ်ဖို့ သိပ်မကြာပေ။
ထိုအချိန်တွင် လင်းရှောင်ကလျှောက်ဝင်လာသည်။
စိတ်ပျံ့လွင့်သွားမှုကြောင့် ယူရှောင်းမို၏လှုပ်ရှားမှုက
ခေတ္တရပ်တန့်သွားပြီး ထိုအချိန်တွင် ထိုသူသုံးဦးက
ရုတ်တရက်အသံထွက်လာသည်။ သူတို့အားလုံး
ကိုယ့်ကိုယ်ကိုသတ်သေသွားကြပြီး သွေးနံ့က
ယခင်ကထက်ပင် ပိုပြင်းလာတော့သည်။
"သူတို့သုံးယောက်ကိုမြင်ဖူးလား"
ယူရှောင်းမို အံ့အားသင့်စွာမေးလိုက်သည်။
သူတို့ ဤနေရာကို သတ်သေဖို့ရောက်နေခြင်းလား၊
သို့တည်းမဟုတ် ယူရှောင်းမိုကို မနိုင်မှန်းသိ၍
သတ်သေသွားကြခြင်းပေလား။
"ဘယ်သိမလဲ" လင်းရှောင်သည်
အလောင်းနှစ်လောင်းကို ပစ်ထုတ်ရင်း မနှစ်မြို့စွာ
ပြန်ဖြေသည်။ ကြမ်းပေါ်ရှိသွေးကွက်တို့က
ခြောက်တစ်ဝက်စိုတစ်ဝက်ဖြစ်နေပေရာ သူတို့
ပုန်းအောင်းနေသည်မှာ အချိန်အတော်လေး
ကြာပြီဖြစ်ကြောင်း ဖော်ပြနေသည်။
ယူရှောင်းမိုလည်း ကျန်သုံးယောက်မြောက်
အလောင်းကိုပစ်ထုတ်လိုက်ရင်း၊
"ဟေး... သူတို့က လူသတ်သမားလက်က
ပုန်းနေတာများလား၊ ဒါပေမဲ့ ကျွန်တော်တို့ကို
မြင်လိုက်ရတော့ နှိပ်စက်ခံရမှာစိုးပြီး သတ်သေ
သွားတာများလား"
"ငတုံး"
လင်းရှောင်က ကျောက်ကုတင်ဆီ လျှောက်သွား
လိုက်တော့ စောင်သည်လည်း သွေးကွက်ကြီး
စွန်းထင်းနေသည်။ ရွံရှာစွာဖြင့် ကြမ်းပြင်ပေါ်
လွှင့်ပစ်လိုက်ပြီး၊
"သူတို့ရန်သူဆီကပုန်းနေတာမဟုတ်ဘူး၊
သူတို့ကမှ မုဆိုးတွေလို့ပြောရမလားပဲ။ ဒါပေမဲ့လို့
သူတို့ပြိုင်ဖက်တွေရဲ့ ခွန်အားကိုလျော့တွက်မိလို့
သူတို့သုံးယောက်ပဲ လွတ်လာတာ။ သူတို့ကိုခိုင်းတဲ့
လူနာမည် ထုတ်ဖော်ပြောမိတာမျိုး မဖြစ်ရစေအောင်
သတ်သေသွားကြတာ။ စတေးခံလူတွေလား
ဘာလားပဲ"
"ဘယ်လိုလုပ်သိတာလဲ" ယူရှောင်းမို ထိတ်လန့်
တုန်လှုပ်သွားတော့သည်။ သူကပဲ ထိုနေရာမှာ
ရှိနေခဲ့သလိုမျိုး သူတို့ဘယ်သူဘယ်ဝါဆိုတာတောင်
ပါသေးသည်။
လင်းရှောင်က လှောင်ရယ်ကာ ပျော်ရွှင်စွာဖြင့်
ပြောလိုက်၏။
"ကိုယ့်ဉာဏ်ရည်ရဲ့ တစ်ဝက်လောက်ရှိခဲ့ရင်
မင်းလည်းခန့်မှန်းမိမှာ၊ ဒါပေမဲ့ ဆိုးတာပဲ၊
နောက်ဘဝကျရင်တော့ ရှိရင်ရှိလာမှာပါ"
ဘယ်သူက ခင်ဗျားဉာဏ်ရည်တစ်ဝက်လိုချင်
နေလို့လဲ! ကျွန်တော်က နှစ်ဆဗျ နှစ်ဆ!
ယူရှောင်းမို သူ့ကိုပေစောင်းစောင်းကြည့်ရင်းဖြင့်
နောက်စောင်တစ်ထည်ထပ်ထုတ်လိုက်သည်။
"စတေးခံလူတွေကပဲ လွတ်လမ်းမရှိတော့ရင်
သတ်သေကြတာ။ သာမာန်လူတစ်ယောက်ဆို
အဲ့လိုလုပ်နိုင်မှာမဟုတ်ဘူး၊ စတေးခံလူတွေက
သေရမှာမကြောက်ကြဘူး"
လင်းရှောင်က ယူရှောင်းမို အိပ်ယာပြင်ဖို့အတွက်
ထပေးလိုက်ရင်း ပြောပြလိုက်သည်။
ယူရှောင်းမိုကတော့ ပုခုံးတွန့်လိုက်ကာ၊
"ဒါဆို အပြင်ဘက်ကအလောင်းတွေကိုဘယ်လို
လုပ်ကြမလဲ။ အဲ့အတိုင်းထားလိုက်ရင် သူတို့
ရောင်းရင်းတွေရောက်လာခဲ့ရင် ကျွန်တော်တို့နဲ့
တစ်ခုခုပတ်သက်နေတယ်လို့ တွေးကြလိမ့်မယ်။
ခင်ဗျား သူတို့ကိုမီးရှို့လိုက်ပါ့လား"
သူ လက်ဖျောက်တစ်ချက်တီးလိုက်ခြင်းနှင့်အတူ
ကြမ်းပေါ်ရှိ စောင်သည် သွေးကွက်တို့နှင့်အတူတကွ
စတင်လောင်ကျွမ်းလာတော့သည်။ လင်းရှောင်၏
မီးလျှံများကြောင့် ဂူအတွင်းပိုင်းသည် အနီရောင်သမ်း
လျက်ရှိပြီး အပြင်ဘက်မှာတောင် မီးရောင်များ
ဟပ်နေသည်။
အကုန်လုံး ပြာဖြစ်သွားဖို့ သိပ်မကြာလိုက်ပေ။
လင်းရှောင်က ဝတ်ရုံလက်ကိုခါလိုက်တော့
ပြာမှုန့်များက ဂူအပြင်ဘက်သို့ နှင်းလုံးကြီးနှယ်
လိမ့်ထွက်သွားသည်။ လေအဝှေ့၌
လွင့်ပါးပျောက်ကွယ်သွားတော့၏။ ထို့နောက်၌မူ
ဘာမှမဖြစ်ခဲ့နှယ် သူတို့သည် ပုံမှန်အတိုင်း
စားလိုက် ကျင့်ကြံလိုက်ဖြင့်ရှိခဲ့သည်။
တစ်ချိန်တည်း၌ လူသုံးယောက်ကိုမျက်ခြေပြတ်
သွားသူများမှာ ဝူရှန်မြို့၏ဆန့်ကျင်ဘက်အရပ်
ရွှေ့ရှီမျိုးနွယ်စုသို့ အလျှင်စလိုပြန်သွားကြရတော့
သည်။
အစေခံတစ်ဦးက တံခါးခေါက်လျက် တိုးတိုး
ပြောလိုက်သည်။
"ဖန်းလူကြီးမင်း၊ ခေါင်းဆောင်လော့ဝမ်ဇုန့်
ရောက်နေပါတယ်"
"ဝင်ခိုင်းလိုက်" အခန်းအပြင်ဘက်သို့ ညင်သာ
သိမ်မွေ့သည့်အသံတစ်သံ ပျံ့လွင့်လာသည်။
လော့ဝမ်ဇုန့် တံခါးဖွင့်ပြီးဝင်သွားသည့်အခါ
ပထမဦးဆုံးမြင်လိုက်ရသည်မှာ စားပွဲနောက်၌
ထိုင်နေသည့် အမျိုးသားဖြစ်သည်။ အမျိုးသားသည်
သူ့အသံကဲ့သို့ပင် နူးညံ့သိမ်မွေ့ပြီးရည်မွန်၏။
ယခုအချိန်မှာ မပျော်မရွှင်ဖြစ်နေလျှင်ပင်
သူ့ရှေ့မှာထိုင်လိုက်သည်နှင့်တစ်ပြိုင်နက်
ခံစားချက်များ ငြိမ်သက်သွားပေလိမ့်မည်။
"လူကြီးမင်း ကျုပ်အမှားပါ။ လုပ်ကြံသူသုံးယောက်
ကို ပြန်ခေါ်မလာနိုင်ခဲ့ဘူး"
လော့ဝမ်ဇုန့်သည် အမှားအတွက်ဦးညွတ်ရင်း
ပြောလိုက်၏။
အမျိုးသားက လက်ယမ်းကာ ပေါ့ပါးစွာပြုံးရင်း၊
"ရပါတယ်၊ မဖမ်းမိခဲ့ရင်တောင် သူတို့ကို
ဘယ်သူလွှတ်လိုက်တာလဲ ငါသိပြီးပြီ၊
မင်းလည်းသိမှာပါ"
"ဟုတ်ကဲ့" လော့ဝမ်ဇုန့် ပြန်ဖြေလိုက်သည်။
ကူမာမျိုးနွယ်စုနှင့် ရွှေ့ရှီမျိုးနွယ်စုကြားက
ပဋိပက္ခသည် နှစ်များစွာကြာညောင်းခဲ့ပြီဖြစ်၏။
၎င်းမှာ ရွှေ့ရှီမျိုးနွယ်စု၏အမှားမဟုတ်ဘဲ
ကူမာမျိုးနွယ်စုက ရွှေ့ရှီမျိုးနွယ်စုကိုတိုက်ခိုက်
သိမ်းယူလိုခြင်းဖြစ်သည်။
တုံကျိုးတွင် မျိုးနွယ်စုကြီးသုံးခုရှိပြီး ကူမာ
မျိုးနွယ်စုက အင်အားအကြီးဆုံးဖြစ်သလို
ရည်မှန်းချက်အကြီးဆုံးလည်းဖြစ်၏။ သူတို့က
အားအနည်းဆုံး ရွှေ့ရှီမျိုးနွယ်စုကို သိမ်းယူလိုပြီး
အမှောင်ထဲမှ ဆက်တိုက်ထိုးနှက်နေခဲ့သည်။
ကျန်မျိုးနွယ်စုကို သတိထားနေရ၍သာ သူတို့
ရူးရူးနှမ်းနှမ်းမလုပ်ရဲကြတာဖြစ်သည်။
၎င်းမှာ လွန်ခဲ့သောသုံးနှစ်က ရွှေ့ရှီမျိုးနွယ်စုက
လူနှစ်ဦးကိုကယ်တင်ခဲ့ချိန် မတိုင်မီအထိဖြစ်သည်။
ကျေးဇူးပြန်ဆပ်ရန်အတွက် ထိုနှစ်ဦးက
ရွှေ့ရှီမျိုးနွယ်စုမှာ နေထိုင်ခဲ့ကြသည်။ သူတို့၌
ခွန်အားရော ဉာဏ်ရည်ပါပြည့်စုံသဖြင့် တစ်နှစ်တာ
ကာလအတွင်း သူတို့ကို ပင်တိုင်ကူညီပေးနိုင်ခဲ့သည်။
ယခုတွင် ရွှေ့ရှီမျိုးနွယ်စုသည် ဆင်းရဲတွင်းမှ
စတင်ရုန်းထွက်လာနိုင်ပြီဖြစ်ကာ ထိုနှစ်ဦးသည်
မျိုးနွယ်စု၏ ဂုဏ်သရေရှိဧည့်သည့်တော်များအဖြစ်
မှတ်ယူခံရသည်။
ရွှေ့ရှီမျိုးနွယ်စုကို မျက်စိကျနေသည့်ကူမာမျိုးနွယ်စု
သည် ထိုနှစ်ယောက်အကြောင်း သိသွားပြီး
သူတို့တတ်နိုင်သမျှနည်းလမ်းများဖြင့်
ရှင်းထုတ်ပစ်ရန် ကြိုးစားတော့သည်။ သူတို့က
အမှောင်ရိပ်ထဲမှ စောင့်ကြည့်နေကြပြီး သူလျှိုများပင်
အသုံးပြုခဲ့ကြသော်ငြား သူတို့အစီအစဉ်တိုင်း
ကျရှုံးသွားခဲ့သည်။
"ချင်းလူကြီးမင်း၊ ကျုပ်က အပြစ်ပေးခံရ
သင့်ပါတယ်။ ကျုပ်အသုံးမကျလို့မဟုတ်ရင်
လုပ်ကြံသူသုံးယောက် လွတ်သွားခဲ့မှာမဟုတ်ဘူး။
ကျုပ်တို့ဆီက သတင်းနဲ့ သူတို့ခိုးသွားတဲ့ပစ္စည်းကို
ကူမာမျိုးနွယ်စုခေါင်းဆောင်ဆီသာ ပေးလိုက်ပြီ
ဆိုရင် ရွှေ့ရှီမျိုးနွယ်စုအတွက် တော်တော်
ဆိုးဝါးသွားမှာ"
လော့ဝမ်ဇုန့် နောင်တရစွာပြောလိုက်သည်၊
သူက အပြစ်တင်ခံရသင့်သည့်လူဖြစ်သည်။
"လော့ခေါင်းဆောင် မင်းကိုယ်မင်းအပြစ်မတင်ပါနဲ့။
ဖြစ်ပြီးတာ ပြီးတာပဲ၊ အခုမှငါတို့လုပ်နိုင်တာ
မရှိတော့ဘူးလေ။ နောက်ဘာဆက်လုပ်မလဲ
ဆိုတာကို အရင်ဦးစားပေးရမှာ။ အဲ့ဒါက
အခုလောလောဆယ် အရေးကြီးဆုံးအရာပဲ.....
ဘယ်သူကတာဝန်ရှိသလဲဆိုတာကိုတော့.....
နောက်မှဆွေးနွေးလို့ရပါတယ်"
အမျိုးသားက မငြင်းဆန်သာအောင်ပြောလိုက်သည်။
လော့ဝမ်ဇုန့် တစ်ခုခုပြောချင်ပေမဲ့ မယိုင်လဲသည့်
အမူအယာကို မြင်ရပြီးချိန်တွင် စကားလုံးများကို
ပြန်မျိုချလိုက်တော့သည်။
"ဟုတ်ကဲ့ပါ လူကြီးမင်း"
အမျိုးသားက ကျေနပ်စွာခေါင်းညိမ့်လိုက်သည်။
သူတို့မထင်ထားမိသည်မှာ ထိုအိပ်မက်ဆိုးကြီးက
ဘယ်တော့မှ အမှန်ဖြစ်လာတော့မည်မဟုတ်ပေ။
လုပ်ကြံသူများက နတ်ဘုရားနှင့်သွားတွေ့နေကြပြီ
ဖြစ်သည်၊ သို့ပေမဲ့ အနောက်ပိုင်းနတ်ဘုရားကတော့
သူတို့ကို မတွေ့ချင်လောက်ပေ။
အချိန်တရွေ့ရွေ့ကုန်ဆုံးသွားပြီး အသိပေးခြင်း
တစ်စုံတစ်ရာမရှိပါဘဲ တစ်လကုန်လွန်သွားခဲ့လေ
သည်။
တောက်ပပြီးနေသာသည့် ဤနေ့တွင် ဂူတစ်ဝိုက်ရှိ
စိတ်စွမ်းအင်သည် ကြမ်းတမ်းစွာတိုက်ခတ်လာ၏။
၎င်းသည် ဂူကိုဗဟိုပြုလျက် လေပွေကြီးတစ်ခု
အဖြစ်သို့ ပြောင်းလဲသွားသည်။
အမြန်ပြေးလာသည့် ရွှေတောင်ပံပိုးကောင်တို့မှာ
ရုတ်ခြည်းရပ်တန့်လိုက်ရသည်။ သူတို့အရှောင်မြန်၍
မဟုတ်လျှင် လေပွေကြီး၏ဝါးမြိုခြင်းကို
ခံလိုက်ရနိုင်သည်၊ ထို့ကြောင့် ၎င်းတို့မှာ
သစ်ပင်ကြီးတစ်ပင်နောက် ဝင်ပုန်းလိုက်ကာ
ခေါင်းလေးတောင်ပြူမကြည့်ရဲတော့ပေ။
ဂူထဲ၌။ လက်သည်တရားခံမှာ ယူရှောင်းမိုပင်။
ယခုအချိန်တွင် သူသည် ရှင်းချီ၏အသက်သလင်းကို
ကိုင်ထား၏။ ပိုမိုလျှင်မြန်စွာ အဆင့်တက်နိုင်ရန်
ယူရှောင်းမို ၎င်းကိုထုတ်သုံးလိုက်တော့သည်။
ထို့ကြောင့်ပင် သုံးလအချိန်လေးအတွင်း သူ
နောက်တစ်ဆင့်တက်နိုင်ခြင်းဖြစ်သည်။
သူက အောင်မြင်ဖို့သာအာရုံစိုက်ပြီး အကျိုးဆက်များ
ကို လျစ်လျူရှုထားသော်ငြားလည်း သုံးလအချိန်က
အကူအညီရပေသည်။ လင်းရှောင်က အန္တရာယ်ရှိစွာ
ကြည့်နေခဲ့၍မှမဟုတ်လျှင် ယူရှောင်းမိုသည်
အဆင့်လေးထိတက်ဖို့တောင် ကြိုးစားပြီးလောက်ပြီ
ဖြစ်၏။ သူတကယ်ကြီး ကြိုးစားရဲတော့နီးနီးပင်။
ကျင့်ကြံခြင်းနှင့် အဆင့်များက ထိုင်နေရုံဖြင့်
ရနိုင်သည့်အရာမျိုးမဟုတ်ပေ။ အချိန်နှင့်
သဘောတရားတို့ကလည်း ပို၍အရေးပါသည်။
မဟုတ်လျှင် ကျင့်ကြံတုန်းပိတ်ဆို့မှုတစ်ခုနှင့်
ကြုံရလျှင် နှစ်တစ်ရာလောက် မပြောင်းမလဲသာ
ထိုင်နေလိုက်ကြတော့မည်ဖြစ်သည်။
ယူရှောင်းမိုမှာ ပိတ်ဆို့မှုမကြုံရသလောက်ပင်ဖြစ်ပြီး
၎င်းမှာ သူ၏ ခုနစ်ရောင်ခြယ်ဝိဉာဉ်ကြောင့်ဖြစ်သည်။
သက်တန့်ရောင်ဝိဉာဉ်များ ရှာဖွေသည့်
ရှောင်ယောင်တက္ကသိုလ် ဝင်ခွင့်စာမေးပွဲလိုပင်။
အရောင်တစ်ရောင်ရောင်မှ မရှိလျှင် ၎င်းက
သူတို့၏အကြီးဆုံးအဟန့်အတားဖြစ်လာပေလိမ့်
မည်။
၎င်းက စုလန် မယုံကြည်နိုင်ရသည့် အကြောင်းအရင်း
များထဲမှတစ်ခုလည်းဖြစ်သည်။
လူအများစု အဆင့်တစ်ခုတည်းမှာ တစ်နေရခြင်းက
သူတို့ဝိဉာဉ်ကို အဆင့် အရင်မြှင့်နေရ၍
ဖြစ်သည်၊ ဝိဉာဉ်ကတစ်ဆင့်တက်သွားသည်နှင့်
ကျင့်ကြံဆင့်ကလည်း လိုက်တက်လာမည်ဖြစ်သည်။
ယူရှောင်းမို၏ဝိဉာဉ်က အဆင့်ခုနစ်မှာဖြစ်သဖြင့်
သူလုပ်နိုင်သည့်အရာကို အဆင့်တစ်စုလန်က
လိုက်လုပ်နိုင်မည်မဟုတ်ပေ။
စိတ်စွမ်းအားလေပွေက နှစ်နာရီပြည့်မှ ရပ်တန့်သွား
သည်။ အသက်သလင်းထဲရှိစွမ်းအားက
ယခင်ကလောက် မပြည့်ဝတော့ပေ။ အဟန့်အတားကို
ဖြတ်ပြီး အဆင့်တက်နိုင်ဖို့အတွက်တင် စွမ်းအား
တစ်ဝက်လောက်ကုန်သွားသည်။
နောက်အဆင့်တစ်ဆင့်ထပ်တက်ဖို့ လိုသေးကြောင်း
အမှတ်ရသည့်အချိန်တွင် စွမ်းအားကမရှိတော့
သလောက်ဖြစ်နေ၍ သူအဆင့်တက်ထားကိုတောင်
မပျော်နိုင်တော့ပေ။ တစ်ခြားတစ်ယောက်သာ
ဆိုလျှင်တော့ ပျော်လွန်း၍ အသိစိတ်လွတ်နေ
လောက်ပြီ။
"ကုန်သွားပြီပဲ" ယူရှောင်းမို အသက်သလင်းကို
ကိုင်ထားရင်းတန်းလန်း သက်ပြင်းချလိုက်သည်။
"နောက်တစ်ခေါက်အဆင့်တက်တဲ့အခါကျ
သက်တန့်အဆင့်သုံးဆေးလုံးတွေပေါ် မှီခိုရတော့မယ်"
ထိန်းချုပ်မရနိုင်စွာဖြင့်၊ သူ့ဦးနှောက်က
ကျောက်စိမ်းပေလွှာထဲမှ သက်တန့်ဆေးလုံး
ဖော်စပ်နည်းများအားလုံးကို ပြန်တွေးတောမိတော့
သည်။
"နောက်ထပ်အသက်သလင်းတစ်လုံးရှိသေးတယ်
မလား၊ အဲ့တာ မသုံးတော့ဘူးလား"
လင်းရှောင်က ကုတင်ပေါ်ကထပြီး အဝတ်အစားကို
သပ်သပ်ရပ်ရပ်ပြင်ဝတ်လိုက်သည်။ ပြန်လည်
ဝင်စားခြင်းဆေးလုံးကို သူ အရမ်းကိုလိုအပ်နေပေမဲ့
အလျင်မလိုပေ။
ခဏလောက်စဉ်းစားပြီးတော့မှ သူပြောတာ
လောဘဝံပုလွေ၏အသက်သလင်းမှန်း
ယူရှောင်းမို သဘောပေါက်သည်။ ယူရှောင်းမို
ခေါင်းယမ်းလိုက်ရင်း၊
"အဲ့တာက လန်ချုံးနဲ့ပြန်တွေ့တဲ့အထိ စောင့်မယ်၊
ဘယ်လိုပဲဖြစ်ဖြစ် သူကကျွန်တော့်ရဲ့ဆက်နွယ်
သားရဲလေ၊ လောဘဝံပုလွေကသူနဲ့အနီးကပ်ဆုံး
ညီအစ်ကိုပဲ။ သူ့ကိုမပြောဘဲနဲ့ သုံးလိုက်ရင်
အမြင်ဆိုးသွားစေလိမ့်မယ်"
လင်းရှောင်က ထေ့ငေါ့သည်။
"သိပ်ကိုရက်ရောတာပဲ။ စွမ်းအင်ကျောက်သန်း
နည်းနည်းလောက် အလကားပေးပစ်လိုက်တာပေါ့"
ယူရှောင်းမို ပုခုံးတွန့်လိုက်ပြီး၊
"ဘာပြောနိုင်ဦးမှာလဲ၊ ကျွန်တော်က ပိုင်ရှင်
ကောင်းလေးလေ"
လင်းရှောင်အမူအယာက သိပ်ကို'အဓိပ္ပါယ်ရှိ'သည့်ပုံ
ဖြစ်သွားသော်လည်း ဆက်လှောင်နေသေးသည်။
"အိုး။ ကိုယ်က မင်း ပြစ်မျိုးခုနစ်ဖြာသားရဲတွေဆီက
မျက်နှာသာပေးမှုရအောင် အသက်သလင်းကို
သုံးမလို့လုပ်နေတာလို့ ထင်လိုက်တာ"
ယူရှောင်းမို ".........."
လူတိုင်းသိနေတာကို တည့်တိုးကြီးမပြောပါနဲ့လား။
ကျွန်တော်ရှက်တယ်ဗျ။
________________________
//Zawgyi//
(၅၇၆) မေတာ္တဆျဖင့္
သူ စကားတစ္ခြန္းေတာင္မဟရေသးခင္
က်န္လူႏွစ္ေယာက္က သူ႔ဆီကို ဓားရွည္မ်ားျဖင့္
ေျပးတက္လာၾကသည္။ အျပင္ဘက္မွ ေနေရာင္က
သူတို႔မ်က္ႏွာေပၚ သို႔ က်ေရာက္လာသၫ့္အခါ
ရက္စက္ၾကမ္းၾကဳတ္ေသာမ်က္ႏွာသြင္ျပင္မ်ားႏွင့္
အမာရြတ္မ်ားကို ျမင္လိုက္ရသည္။
ယူေရွာင္းမိုမွာ ႏွလံုးရပ္ေတာ့မလိုပင္။ သူတို႔
အသက္ရိွေနေၾကာင္း သိ၍သာမဟုတ္လ်ွင္
သရဲျမင္ရသည္ဟု ထင္မိေလာက္ေပသည္။
ထိုလူႏွစ္ဦးက အေတာ္ေလးသန္မာေသာ္လည္း
ဒဏ္ရာရထားပံုရကာ လ်ွင္ျမန္သေယာင္ထင္ရေသာ
လႈပ္ရွားမႈမ်ားက အနည္းငယ္ေလးကန္ေနသည္။
ယူေရွာင္းမို သူတို႔ကိုကိုင္တြယ္ဖို႔ သိပ္မၾကာေပ။
ထိုအခ်ိန္တြင္ လင္းေရွာင္ကေလ်ွာက္ဝင္လာသည္။
စိတ္ပ်ံ႔လြင့္သြားမႈေၾကာင့္ ယူေရွာင္းမို၏လႈပ္ရွားမႈက
ေခတၲရပ္တန႔္သြားၿပီး ထိုအခ်ိန္တြင္ ထိုသူသံုးဦးက
ရုတ္တရက္အသံထြက္လာသည္။ သူတို႔အားလံုး
ကိုယ့္ကိုယ္ကိုသတ္ေသသြားၾကၿပီး ေသြးနံ႔က
ယခင္ကထက္ပင္ ပိုျပင္းလာေတာ့သည္။
"သူတို႔သံုးေယာက္ကိုျမင္ဖူးလား"
ယူေရွာင္းမို အံ့အားသင့္စြာေမးလိုက္သည္။
သူတို႔ ဤေနရာကို သတ္ေသဖို႔ေရာက္ေနျခင္းလား၊
သို႔တည္းမဟုတ္ ယူေရွာင္းမိုကို မႏိုင္မွန္းသိ၍
သတ္ေသသြားၾကျခင္းေပလား။
"ဘယ္သိမလဲ" လင္းေရွာင္သည္
အေလာင္းႏွစ္ေလာင္းကို ပစ္ထုတ္ရင္း မႏွစ္ၿမိဳ႔စြာ
ျပန္ေျဖသည္။ ၾကမ္းေပၚရိွေသြးကြက္တို႔က
ေျခာက္တစ္ဝက္စိုတစ္ဝက္ျဖစ္ေနေပရာ သူတို႔
ပုန္းေအာင္းေနသည္မွာ အခ်ိန္အေတာ္ေလး
ၾကာၿပီျဖစ္ေၾကာင္း ေဖာ္ျပေနသည္။
ယူေရွာင္းမိုလည္း က်န္သံုးေယာက္ေျမာက္
အေလာင္းကိုပစ္ထုတ္လိုက္ရင္း၊
"ေဟး... သူတို႔က လူသတ္သမားလက္က
ပုန္းေနတာမ်ားလား၊ ဒါေပမဲ့ ကၽြန္ေတာ္တို႔ကို
ျမင္လိုက္ရေတာ့ ႏိွပ္စက္ခံရမွာစိုးၿပီး သတ္ေသ
သြားတာမ်ားလား"
"ငတံုး"
လင္းေရွာင္က ေက်ာက္ကုတင္ဆီ ေလ်ွာက္သြား
လိုက္ေတာ့ ေစာင္သည္လည္း ေသြးကြက္ႀကီး
စြန္းထင္းေနသည္။ ရြံရွာစြာျဖင့္ ၾကမ္းျပင္ေပၚ
လႊင့္ပစ္လိုက္ၿပီး၊
"သူတို႔ရန္သူဆီကပုန္းေနတာမဟုတ္ဘူး၊
သူတို႔ကမွ မုဆိုးေတြလို႔ေျပာရမလားပဲ။ ဒါေပမဲ့လို႔
သူတို႔ၿပိဳင္ဖက္ေတြရဲ့ ခြန္အားကိုေလ်ာ့တြက္မိလို႔
သူတို႔သံုးေယာက္ပဲ လြတ္လာတာ။ သူတို႔ကိုခိုင္းတဲ့
လူနာမည္ ထုတ္ေဖာ္ေျပာမိတာမ်ိဳး မျဖစ္ရေစေအာင္
သတ္ေသသြားၾကတာ။ စေတးခံလူေတြလား
ဘာလားပဲ"
"ဘယ္လိုလုပ္သိတာလဲ" ယူေရွာင္းမို ထိတ္လန႔္
တုန္လႈပ္သြားေတာ့သည္။ သူကပဲ ထိုေနရာမွာ
ရိွေနခဲ့သလိုမ်ိဳး သူတို႔ဘယ္သူဘယ္ဝါဆိုတာေတာင္
ပါေသးသည္။
လင္းေရွာင္က ေလွာင္ရယ္ကာ ေပ်ာ္ရႊင္စြာျဖင့္
ေျပာလိုက္၏။
"ကိုယ့္ဉာဏ္ရည္ရဲ့ တစ္ဝက္ေလာက္ရိွခဲ့ရင္
မင္းလည္းခန႔္မွန္းမိမွာ၊ ဒါေပမဲ့ ဆိုးတာပဲ၊
ေနာက္ဘဝက်ရင္ေတာ့ ရိွရင္ရိွလာမွာပါ"
ဘယ္သူက ခင္ဗ်ားဉာဏ္ရည္တစ္ဝက္လိုခ်င္
ေနလို႔လဲ! ကၽြန္ေတာ္က ႏွစ္ဆဗ် ႏွစ္ဆ!
ယူေရွာင္းမို သူ႔ကိုေပေစာင္းေစာင္းၾကၫ့္ရင္းျဖင့္
ေနာက္ေစာင္တစ္ထည္ထပ္ထုတ္လိုက္သည္။
"စေတးခံလူေတြကပဲ လြတ္လမ္းမရိွေတာ့ရင္
သတ္ေသၾကတာ။ သာမာန္လူတစ္ေယာက္ဆို
အဲ့လိုလုပ္ႏိုင္မွာမဟုတ္ဘူး၊ စေတးခံလူေတြက
ေသရမွာမေၾကာက္ၾကဘူး"
လင္းေရွာင္က ယူေရွာင္းမို အိပ္ယာျပင္ဖို႔အတြက္
ထေပးလိုက္ရင္း ေျပာျပလိုက္သည္။
ယူေရွာင္းမိုကေတာ့ ပုခံုးတြန႔္လိုက္ကာ၊
"ဒါဆို အျပင္ဘက္ကအေလာင္းေတြကိုဘယ္လို
လုပ္ၾကမလဲ။ အဲ့အတိုင္းထားလိုက္ရင္ သူတို႔
ေရာင္းရင္းေတြေရာက္လာခဲ့ရင္ ကၽြန္ေတာ္တို႔နဲ႔
တစ္ခုခုပတ္သက္ေနတယ္လို႔ ေတြးၾကလိမ့္မယ္။
ခင္ဗ်ား သူတို႔ကိုမီးရိႈ႔လိုက္ပါ့လား"
သူ လက္ေဖ်ာက္တစ္ခ်က္တီးလိုက္ျခင္းႏွင့္အတူ
ၾကမ္းေပၚရိွ ေစာင္သည္ ေသြးကြက္တို႔ႏွင့္အတူတကြ
စတင္ေလာင္ကၽြမ္းလာေတာ့သည္။ လင္းေရွာင္၏
မီးလ်ွံမ်ားေၾကာင့္ ဂူအတြင္းပိုင္းသည္ အနီေရာင္သမ္း
လ်က္ရိွၿပီး အျပင္ဘက္မွာေတာင္ မီးေရာင္မ်ား
ဟပ္ေနသည္။
အကုန္လံုး ျပာျဖစ္သြားဖို႔ သိပ္မၾကာလိုက္ေပ။
လင္းေရွာင္က ဝတ္ရံုလက္ကိုခါလိုက္ေတာ့
ျပာမႈန႔္မ်ားက ဂူအျပင္ဘက္သို႔ ႏွင္းလံုးႀကီးႏွယ္
လိမ့္ထြက္သြားသည္။ ေလအေဝ႔ွ၌
လြင့္ပါးေပ်ာက္ကြယ္သြားေတာ့၏။ ထို႔ေနာက္၌မူ
ဘာမွမျဖစ္ခဲ့ႏွယ္ သူတို႔သည္ ပံုမွန္အတိုင္း
စားလိုက္ က်င့္ႀကံလိုက္ျဖင့္ရိွခဲ့သည္။
တစ္ခ်ိန္တည္း၌ လူသံုးေယာက္ကိုမ်က္ေျချပတ္
သြားသူမ်ားမွာ ဝူရွန္ၿမိဳ႔၏ဆန႔္က်င္ဘက္အရပ္
ေရႊ့ရွီမ်ိဳးႏြယ္စုသို႔ အလ်ွင္စလိုျပန္သြားၾကရေတာ့
သည္။
အေစခံတစ္ဦးက တံခါးေခါက္လ်က္ တိုးတိုး
ေျပာလိုက္သည္။
"ဖန္းလူႀကီးမင္း၊ ေခါင္းေဆာင္ေလာ့ဝမ္ဇုန႔္
ေရာက္ေနပါတယ္"
"ဝင္ခိုင္းလိုက္" အခန္းအျပင္ဘက္သို႔ ညင္သာ
သိမ္ေမြ့သၫ့္အသံတစ္သံ ပ်ံ႔လြင့္လာသည္။
ေလာ့ဝမ္ဇုန႔္ တံခါးဖြင့္ၿပီးဝင္သြားသၫ့္အခါ
ပထမဦးဆံုးျမင္လိုက္ရသည္မွာ စားပဲြေနာက္၌
ထိုင္ေနသၫ့္ အမ်ိဳးသားျဖစ္သည္။ အမ်ိဳးသားသည္
သူ႔အသံကဲ့သို႔ပင္ ႏူးညံ့သိမ္ေမြ့ၿပီးရည္မြန္၏။
ယခုအခ်ိန္မွာ မေပ်ာ္မရႊင္ျဖစ္ေနလ်ွင္ပင္
သူ႔ေရ႔ွမွာထိုင္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္
ခံစားခ်က္မ်ား ၿငိမ္သက္သြားေပလိမ့္မည္။
"လူႀကီးမင္း က်ဳပ္အမွားပါ။ လုပ္ႀကံသူသံုးေယာက္
ကို ျပန္ေခၚမလာႏိုင္ခဲ့ဘူး"
ေလာ့ဝမ္ဇုန႔္သည္ အမွားအတြက္ဦးၫြတ္ရင္း
ေျပာလိုက္၏။
အမ်ိဳးသားက လက္ယမ္းကာ ေပါ့ပါးစြာႃပံုးရင္း၊
"ရပါတယ္၊ မဖမ္းမိခဲ့ရင္ေတာင္ သူတို႔ကို
ဘယ္သူလႊတ္လိုက္တာလဲ ငါသိၿပီးၿပီ၊
မင္းလည္းသိမွာပါ"
"ဟုတ္ကဲ့" ေလာ့ဝမ္ဇုန႔္ ျပန္ေျဖလိုက္သည္။
ကူမာမ်ိဳးႏြယ္စုႏွင့္ ေရႊ့ရွီမ်ိဳးႏြယ္စုၾကားက
ပဋိပကၡသည္ ႏွစ္မ်ားစြာၾကာေညာင္းခဲ့ၿပီျဖစ္၏။
၄မွာ ေရႊ့ရွီမ်ိဳးႏြယ္စု၏အမွားမဟုတ္ဘဲ
ကူမာမ်ိဳးႏြယ္စုက ေရႊ့ရွီမ်ိဳးႏြယ္စုကိုတိုက္ခိုက္
သိမ္းယူလိုျခင္းျဖစ္သည္။
တံုက်ိဳးတြင္ မ်ိဳးႏြယ္စုႀကီးသံုးခုရိွၿပီး ကူမာ
မ်ိဳးႏြယ္စုက အင္အားအႀကီးဆံုးျဖစ္သလို
ရည္မွန္းခ်က္အႀကီးဆံုးလည္းျဖစ္၏။ သူတို႔က
အားအနည္းဆံုး ေရႊ့ရွီမ်ိဳးႏြယ္စုကို သိမ္းယူလိုၿပီး
အေမွာင္ထဲမွ ဆက္တိုက္ထိုးႏွက္ေနခဲ့သည္။
က်န္မ်ိဳးႏြယ္စုကို သတိထားေနရ၍သာ သူတို႔
ရူးရူးႏွမ္းႏွမ္းမလုပ္ရဲၾကတာျဖစ္သည္။
၄မွာ လြန္ခဲ့ေသာသံုးႏွစ္က ေရႊ့ရွီမ်ိဳးႏြယ္စုက
လူႏွစ္ဦးကိုကယ္တင္ခဲ့ခ်ိန္ မတိုင္မီအထိျဖစ္သည္။
ေက်းဇူးျပန္ဆပ္ရန္အတြက္ ထိုႏွစ္ဦးက
ေရႊ့ရွီမ်ိဳးႏြယ္စုမွာ ေနထိုင္ခဲ့ၾကသည္။ သူတို႔၌
ခြန္အားေရာ ဉာဏ္ရည္ပါျပၫ့္စံုသျဖင့္ တစ္ႏွစ္တာ
ကာလအတြင္း သူတို႔ကို ပင္တိုင္ကူညီေပးႏိုင္ခဲ့သည္။
ယခုတြင္ ေရႊ့ရွီမ်ိဳးႏြယ္စုသည္ ဆင္းရဲတြင္းမွ
စတင္ရုန္းထြက္လာႏိုင္ၿပီျဖစ္ကာ ထိုႏွစ္ဦးသည္
မ်ိဳးႏြယ္စု၏ ဂုဏ္သေရရိွဧၫ့္သၫ့္ေတာ္မ်ားအျဖစ္
မွတ္ယူခံရသည္။
ေရႊ့ရွီမ်ိဳးႏြယ္စုကို မ်က္စိက်ေနသၫ့္ကူမာမ်ိဳးႏြယ္စု
သည္ ထိုႏွစ္ေယာက္အေၾကာင္း သိသြားၿပီး
သူတို႔တတ္ႏိုင္သမ်ွနည္းလမ္းမ်ားျဖင့္
ရွင္းထုတ္ပစ္ရန္ ႀကိဳးစားေတာ့သည္။ သူတို႔က
အေမွာင္ရိပ္ထဲမွ ေစာင့္ၾကၫ့္ေနၾကၿပီး သူလ်ိႈမ်ားပင္
အသံုးျပဳခဲ့ၾကေသာ္ျငား သူတို႔အစီအစဉ္တိုင္း
က်ရႈံးသြားခဲ့သည္။
"ခ်င္းလူႀကီးမင္း၊ က်ဳပ္က အျပစ္ေပးခံရ
သင့္ပါတယ္။ က်ဳပ္အသံုးမက်လို႔မဟုတ္ရင္
လုပ္ႀကံသူသံုးေယာက္ လြတ္သြားခဲ့မွာမဟုတ္ဘူး။
က်ဳပ္တို႔ဆီက သတင္းနဲ႔ သူတို႔ခိုးသြားတဲ့ပစၥည္းကို
ကူမာမ်ိဳးႏြယ္စုေခါင္းေဆာင္ဆီသာ ေပးလိုက္ၿပီ
ဆိုရင္ ေရႊ့ရွီမ်ိဳးႏြယ္စုအတြက္ ေတာ္ေတာ္
ဆိုးဝါးသြားမွာ"
ေလာ့ဝမ္ဇုန႔္ ေနာင္တရစြာေျပာလိုက္သည္၊
သူက အျပစ္တင္ခံရသင့္သၫ့္လူျဖစ္သည္။
"ေလာ့ေခါင္းေဆာင္ မင္းကိုယ္မင္းအျပစ္မတင္ပါနဲ႔။
ျဖစ္ၿပီးတာ ၿပီးတာပဲ၊ အခုမွငါတို႔လုပ္ႏိုင္တာ
မရိွေတာ့ဘူးေလ။ ေနာက္ဘာဆက္လုပ္မလဲ
ဆိုတာကို အရင္ဦးစားေပးရမွာ။ အဲ့ဒါက
အခုေလာေလာဆယ္ အေရးႀကီးဆံုးအရာပဲ.....
ဘယ္သူကတာဝန္ရိွသလဲဆိုတာကိုေတာ့.....
ေနာက္မွေဆြးေနြးလို႔ရပါတယ္"
အမ်ိဳးသားက မျငင္းဆန္သာေအာင္ေျပာလိုက္သည္။
ေလာ့ဝမ္ဇုန႔္ တစ္ခုခုေျပာခ်င္ေပမဲ့ မယိုင္လဲသၫ့္
အမူအယာကို ျမင္ရၿပီးခ်ိန္တြင္ စကားလံုးမ်ားကို
ျပန္မ်ိဳခ်လိုက္ေတာ့သည္။
"ဟုတ္ကဲ့ပါ လူႀကီးမင္း"
အမ်ိဳးသားက ေက်နပ္စြာေခါင္းညိမ့္လိုက္သည္။
သူတို႔မထင္ထားမိသည္မွာ ထိုအိပ္မက္ဆိုးႀကီးက
ဘယ္ေတာ့မွ အမွန္ျဖစ္လာေတာ့မည္မဟုတ္ေပ။
လုပ္ႀကံသူမ်ားက နတ္ဘုရားႏွင့္သြားေတြ့ေနၾကၿပီ
ျဖစ္သည္၊ သို႔ေပမဲ့ အေနာက္ပိုင္းနတ္ဘုရားကေတာ့
သူတို႔ကို မေတြ့ခ်င္ေလာက္ေပ။
အခ်ိန္တေရြ့ေရြ့ကုန္ဆံုးသြားၿပီး အသိေပးျခင္း
တစ္စံုတစ္ရာမရိွပါဘဲ တစ္လကုန္လြန္သြားခဲ့ေလ
သည္။
ေတာက္ပၿပီးေနသာသၫ့္ ဤေန့တြင္ ဂူတစ္ဝိုက္ရိွ
စိတ္စြမ္းအင္သည္ ၾကမ္းတမ္းစြာတိုက္ခတ္လာ၏။
၄သည္ ဂူကိုဗဟိုျပဳလ်က္ ေလေပြႀကီးတစ္ခု
အျဖစ္သို႔ ေျပာင္းလဲသြားသည္။
အျမန္ေျပးလာသၫ့္ ေရႊေတာင္ပံပိုးေကာင္တို႔မွာ
ရုတ္ျခည္းရပ္တန႔္လိုက္ရသည္။ သူတို႔အေရွာင္ျမန္၍
မဟုတ္လ်ွင္ ေလေပြႀကီး၏ဝါးၿမိဳျခင္းကို
ခံလိုက္ရႏိုင္သည္၊ ထို႔ေၾကာင့္ ၄တို႔မွာ
သစ္ပင္ႀကီးတစ္ပင္ေနာက္ ဝင္ပုန္းလိုက္ကာ
ေခါင္းေလးေတာင္ျပဴမၾကၫ့္ရဲေတာ့ေပ။
ဂူထဲ၌။ လက္သည္တရားခံမွာ ယူေရွာင္းမိုပင္။
ယခုအခ်ိန္တြင္ သူသည္ ရွင္းခ်ီ၏အသက္သလင္းကို
ကိုင္ထား၏။ ပိုမိုလ်ွင္ျမန္စြာ အဆင့္တက္ႏိုင္ရန္
ယူေရွာင္းမို ၄ကိုထုတ္သံုးလိုက္ေတာ့သည္။
ထို႔ေၾကာင့္ပင္ သံုးလအခ်ိန္ေလးအတြင္း သူ
ေနာက္တစ္ဆင့္တက္ႏိုင္ျခင္းျဖစ္သည္။
သူက ေအာင္ျမင္ဖို႔သာအာရံုစိုက္ၿပီး အက်ိဳးဆက္မ်ား
ကို လ်စ္လ်ူရႈထားေသာ္ျငားလည္း သံုးလအခ်ိန္က
အကူအညီရေပသည္။ လင္းေရွာင္က အႏၲရာယ္ရိွစြာ
ၾကၫ့္ေနခဲ့၍မွမဟုတ္လ်ွင္ ယူေရွာင္းမိုသည္
အဆင့္ေလးထိတက္ဖို႔ေတာင္ ႀကိဳးစားၿပီးေလာက္ၿပီ
ျဖစ္၏။ သူတကယ္ႀကီး ႀကိဳးစားရဲေတာ့နီးနီးပင္။
က်င့္ႀကံျခင္းႏွင့္ အဆင့္မ်ားက ထိုင္ေနရံုျဖင့္
ရႏိုင္သၫ့္အရာမ်ိဳးမဟုတ္ေပ။ အခ်ိန္ႏွင့္
သေဘာတရားတို႔ကလည္း ပို၍အေရးပါသည္။
မဟုတ္လ်ွင္ က်င့္ႀကံတုန္းပိတ္ဆို႔မႈတစ္ခုႏွင့္
ႄကံုရလ်ွင္ ႏွစ္တစ္ရာေလာက္ မေျပာင္းမလဲသာ
ထိုင္ေနလိုက္ၾကေတာ့မည္ျဖစ္သည္။
ယူေရွာင္းမိုမွာ ပိတ္ဆို႔မႈမႄကံုရသေလာက္ပင္ျဖစ္ၿပီး
၄မွာ သူ၏ ခုနစ္ေရာင္ျခယ္ဝိဉာဉ္ေၾကာင့္ျဖစ္သည္။
သက္တန႔္ေရာင္ဝိဉာဉ္မ်ား ရွာေဖြသၫ့္
ေရွာင္ေယာင္တကၠသိုလ္ ဝင္ခြင့္စာေမးပဲြလိုပင္။
အေရာင္တစ္ေရာင္ေရာင္မွ မရိွလ်ွင္ ၄က
သူတို႔၏အႀကီးဆံုးအဟန႔္အတားျဖစ္လာေပလိမ့္
မည္။
၄က စုလန္ မယံုၾကည္ႏိုင္ရသၫ့္ အေၾကာင္းအရင္း
မ်ားထဲမွတစ္ခုလည္းျဖစ္သည္။
လူအမ်ားစု အဆင့္တစ္ခုတည္းမွာ တစ္ေနရျခင္းက
သူတို႔ဝိဉာဉ္ကို အဆင့္ အရင္ၿမွင့္ေနရ၍
ျဖစ္သည္၊ ဝိဉာဉ္ကတစ္ဆင့္တက္သြားသည္ႏွင့္
က်င့္ႀကံဆင့္ကလည္း လိုက္တက္လာမည္ျဖစ္သည္။
ယူေရွာင္းမို၏ဝိဉာဉ္က အဆင့္ခုနစ္မွာျဖစ္သျဖင့္
သူလုပ္ႏိုင္သၫ့္အရာကို အဆင့္တစ္စုလန္က
လိုက္လုပ္ႏိုင္မည္မဟုတ္ေပ။
စိတ္စြမ္းအားေလေပြက ႏွစ္နာရီျပၫ့္မွ ရပ္တန႔္သြား
သည္။ အသက္သလင္းထဲရိွစြမ္းအားက
ယခင္ကေလာက္ မျပၫ့္ဝေတာ့ေပ။ အဟန႔္အတားကို
ျဖတ္ၿပီး အဆင့္တက္ႏိုင္ဖို႔အတြက္တင္ စြမ္းအား
တစ္ဝက္ေလာက္ကုန္သြားသည္။
ေနာက္အဆင့္တစ္ဆင့္ထပ္တက္ဖို႔ လိုေသးေၾကာင္း
အမွတ္ရသၫ့္အခ်ိန္တြင္ စြမ္းအားကမရိွေတာ့
သေလာက္ျဖစ္ေန၍ သူအဆင့္တက္ထားကိုေတာင္
မေပ်ာ္ႏိုင္ေတာ့ေပ။ တစ္ျခားတစ္ေယာက္သာ
ဆိုလ်ွင္ေတာ့ ေပ်ာ္လြန္း၍ အသိစိတ္လြတ္ေန
ေလာက္ၿပီ။
"ကုန္သြားၿပီပဲ" ယူေရွာင္းမို အသက္သလင္းကို
ကိုင္ထားရင္းတန္းလန္း သက္ျပင္းခ်လိုက္သည္။
"ေနာက္တစ္ေခါက္အဆင့္တက္တဲ့အခါက်
သက္တန႔္အဆင့္သံုးေဆးလံုးေတြေပၚ မွီခိုရေတာ့မယ္"
ထိန္းခ်ဳပ္မရႏိုင္စြာျဖင့္၊ သူ႔ဦးေနွာက္က
ေက်ာက္စိမ္းေပလႊာထဲမွ သက္တန႔္ေဆးလံုး
ေဖာ္စပ္နည္းမ်ားအားလံုးကို ျပန္ေတြးေတာမိေတာ့
သည္။
"ေနာက္ထပ္အသက္သလင္းတစ္လံုးရိွေသးတယ္
မလား၊ အဲ့တာ မသံုးေတာ့ဘူးလား"
လင္းေရွာင္က ကုတင္ေပၚကထၿပီး အဝတ္အစားကို
သပ္သပ္ရပ္ရပ္ျပင္ဝတ္လိုက္သည္။ ျပန္လည္
ဝင္စားျခင္းေဆးလံုးကို သူ အရမ္းကိုလိုအပ္ေနေပမဲ့
အလ်င္မလိုေပ။
ခဏေလာက္စဉ္းစားၿပီးေတာ့မွ သူေျပာတာ
ေလာဘဝံပုေလြ၏အသက္သလင္းမွန္း
ယူေရွာင္းမို သေဘာေပါက္သည္။ ယူေရွာင္းမို
ေခါင္းယမ္းလိုက္ရင္း၊
"အဲ့တာက လန္ခ်ဳံးနဲ႔ျပန္ေတြ့တဲ့အထိ ေစာင့္မယ္၊
ဘယ္လိုပဲျဖစ္ျဖစ္ သူကကၽြန္ေတာ့္ရဲ့ဆက္ႏြယ္
သားရဲေလ၊ ေလာဘဝံပုေလြကသူနဲ႔အနီးကပ္ဆံုး
ညီအစ္ကိုပဲ။ သူ႔ကိုမေျပာဘဲနဲ႔ သံုးလိုက္ရင္
အျမင္ဆိုးသြားေစလိမ့္မယ္"
လင္းေရွာင္က ေထ့ေငါ့သည္။
"သိပ္ကိုရက္ေရာတာပဲ။ စြမ္းအင္ေက်ာက္သန္း
နည္းနည္းေလာက္ အလကားေပးပစ္လိုက္တာေပါ့"
ယူေရွာင္းမို ပုခံုးတြန႔္လိုက္ၿပီး၊
"ဘာေျပာႏိုင္ဦးမွာလဲ၊ ကၽြန္ေတာ္က ပိုင္ရွင္
ေကာင္းေလးေလ"
လင္းေရွာင္အမူအယာက သိပ္ကို'အဓိပၸါယ္ရိွ'သၫ့္ပံု
ျဖစ္သြားေသာ္လည္း ဆက္ေလွာင္ေနေသးသည္။
"အိုး။ ကိုယ္က မင္း ျပစ္မ်ိဳးခုနစ္ျဖာသားရဲေတြဆီက
မ်က္ႏွာသာေပးမႈရေအာင္ အသက္သလင္းကို
သံုးမလို႔လုပ္ေနတာလို႔ ထင္လိုက္တာ"
ယူေရွာင္းမို ".........."
လူတိုင္းသိေနတာကို တၫ့္တိုးႀကီးမေျပာပါနဲ႔လား။
ကၽြန္ေတာ္ရွက္တယ္ဗ်။
________________________