//Unicode//
(၅၇၅) မိတ်လိုက်ကြပြီ
ပုံမှန်ကာမအားတိုးဆေးများမှာ အထူးအာနိသင်မျိုး
ရှိ၍မှမဟုတ်လျှင် အဆင့်မမြင့်မားကြပေ။
သို့သော်လည်း ဤသို့သောအရာမျိုးကို
ညစ်ညမ်းသည့်ပစ္စည်းဟု မှတ်ယူထားကြသဖြင့်
ကာမအားတိုးဆေး သန့်စင်သည့်မှော်ဆရာမှာ
အနည်းအကျဉ်းသာရှိလေသည်။
ယူရှောင်းမို ကျောက်စိမ်းပေလွှာကိုလှန်လှော
ကြည့်လိုက်တော့ ဤဆေးမျိုး အနည်းငယ်ခန့်
တွေ့ရသည်။ အနိမ့်ဆင့်မှသည် အထက်ဆင့်ထိ
အဆင့်အမျိုးမျိုးရှိသည်။
နောက်တစ်ရက်မနက်၌ ယူရှောင်းမိုသည်
ကာမအားတိုးဆေးသန့်စင်ခြင်းလုပ်ငန်းကို
စလိုက်သည်။
သို့သော် ဆေးသန့်စင်ဖို့အတွက် လိုအပ်သည့်
ပစ္စည်းများက အတော်အတန်ရှားပါး၏။
သူကတော့သွားရှာဖို့မလိုခဲ့ဘဲ သူ့မှာရှိသည့်ပစ္စည်းများ
နှင့် အလတ်ဆင့်ဆေးလုံးတစ်လုံးစာ လောက်ငှသွား
ခဲ့သည်။
ဖင်းဖုံ၏ပါးစပ်ပေါက်နှင့် ခန္ဓာကိုယ်က သေးငယ်ရာ
ယူရှောင်းမိုသည် ဆေးတစ်လုံးတည်းသာသန့်စင်ခဲ့
၏။
ပြီးနောက် ဆေးလုံးကိုထက်ခြမ်းပိုင်းလိုက်ပြီး
သူတို့ကိုကျွေးကာ ကုတင်ဘေးမှာထိုင်၍
စောင့်ကြည့်နေလိုက်သည်။ ပိုးကောင်များ
မိတ်လိုက်ခြင်းကို သူ တစ်ခါမှမမြင်ဖူးပေ။
အခု သေချာကြည့်ထားရပေမည်။
ဆေးလုံးစားပြီးမကြာမီတွင် ရွှေတောင်ပံပိုးကောင်
နှစ်ကောင်မှာ ဆေးစွမ်းပြလာပုံပေါ်သည်။ ၎င်းတို့၏
ရွှေရောင်ခန္ဓာကိုယ်သည် အနည်းငယ်ပန်းရောင်သမ်း
လာကာ မျက်လုံးများက ဆန္ဒများ ထိန်းချုပ်ခြင်းကို
ခံနေရသည့်နှယ် နီရဲလာသည်။ သို့သော်ငြားလည်း
သုံးမိနစ်ကြာပြီးနောက်မှာပင် မတုံ့ပြန်ကြသေးဘဲ
တစ်ကောင်နှင့်တစ်ကောင် ဝေးရာကိုတောင်
ရွေ့သွားကြလေသည်။
ယူရှောင်းမို စိတ်ပျက်သွားသည်။
"ဆေးကမလုံလောက်ဘူးလား"
လင်းရှောင်က သူ့ဆီလျှောက်လာပြီး အင်းဆက်
နှစ်ကောင်ကိုတစ်ချက်ကြည့်လိုက်သည်။
"သူတို့မျက်လုံးတွေ နီနေတယ်၊ မိတ်လိုက်ချင်နေပြီ"
"ဒါဆို ဘာလို့မလှုပ်ကြသေးတာလဲ"
ယူရှောင်းမိုမှာ မနေနိုင်တော့ဘဲ တစ်ကောင်ကို
လက်နဲ့တို့လိုက်သည်။ အင်းဆက်လေးက
ဝှစ်ကနဲရွှေ့သွား၏။
"ရှောင်ဖင်း မင်းယောက်ျားမဟုတ်ဘူးလား၊
မင်းကစရမှာလေ.. နားလည်လား"
လင်းရှောင်က သူ့ကိုကောက်ချီလိုက်ပြီး
အပြင်ဘက်ထွက်သွားသည်။
"စတာမစတာနဲ့ မဆိုင်ဘူး၊ မင်းကအဲ့မှာထိုင်ပြီး
ကြည့်နေတော့ သူတို့ရှက်နေတာ။ နတ်ဆိုးသားရဲလေး
တွေမှာလည်း သိက္ခာရှိသေးတယ်"
ယူရှောင်းမိုမှာ ရှက်စရာဘာရှိလဲဟုမေးရန်ပြင်နေစဉ်
သိက္ခာအကြောင်းစကားကိုကြားလိုက်ရသည့်အခါ
သူ့ကိုယ်သူ အသက်ရှူကြပ်အောင်လုပ်မိတော့မလို
ဖြစ်သွားသည်။
ကပ်စီးကုတ်ချက်။
ဖင်းဖုံနှစ်ကောင် သူ့ကိုချောင်းမကြည့်ဘူးလို့
သူမယုံပေ။ နတ်ဆိုးသားရဲလေးများအနေဖြင့်
ကြည့်စရာပင်မရှိရာ ဘာရှက်စရာရှိဦးမည်နည်း။
အဆုံးမှာတော့ သူ့ကန့်ကွက်စကားလေးများက
ဗီတိုအာဏာဖြင့် ပယ်ချခံရပြီး ယူရှောင်းမိုမှာ
အခန်းအပြင်သို့ လင်းရှောင်ကဆွဲခေါ်သွားခြင်းကို
ခံလိုက်ရတော့သည်။
နှစ်နာရီကြာပြီးသည့်နောက် သူတို့ အခန်းဆီ
ပြန်လာခဲ့ကြ၏။ ယူရှောင်းမိုက သူ့ကုတင်ဆီ
တန်းသွားချင်ပေမဲ့ လင်းရှောင်က ကော်လံကနေဆွဲပြီး
တားလိုက်သည်။
"ဘာလဲ" ယူရှောင်းမို မေးလိုက်သည်။
လင်းရှောင်က သူ့ကိုတိတ်တိတ်နေဖို့ အချက်ပြပြီး
အထဲကိုကြည့်လိုက်သည်။
ယူရှောင်းမိုလည်း ကန့်လန့်ကာနောက်ကွယ်မှ
ချောင်းကြည့်လိုက်၏။ အိပ်ယာအဖြူပေါ်မှာ
တစ်ကောင်နှင့်တစ်ကောင် လုံးထွေးနေသည့်
ရွှေတောင်ပံပိုးကောင်နှစ်ကောင်ကို သူ သတိထားမိ
သည်။ ရှောင်ဖင်းက ရှောင်ဖုံအောက်ရောက်
နေသည်။ သူ၏ထက်မြက်လှသော အမြင်အာရုံကို
အားပြု၍ ထိုနှစ်ကောင်၏ သေးငယ်လှသော
လှုပ်ရှားမှုတိုင်းကို သူမြင်နေရသည်။
ယူရှောင်းမိုပါးစပ်မှာ ဆန့်ငင်ဆန့်ငင်ဖြစ်သွားတော့၏။
ဤမိတ်လိုက်ခြင်းကို ကြည့်ဖို့ သူ့ကိုယ်သူပြင်ဆင်
ထားပေမဲ့ သူတို့သက်လုံအားက တကယ်ကို
အမြင်ကျယ်စရာပင်။ နှစ်နာရီရှိပြီဖြစ်သည့်တိုင်
မပြီးပြတ်ကြသေးချေ။
လင်းရှောင်က သူ့ကိုပြောပြလိုက်သည်။
"ရွှေတောင်ပံပိုးကောင်တွေ မိတ်လိုက်ရင်
သုံးရက်သုံးညကြာတယ်"
ယူရှောင်းမို "........"
ထို့ကြောင့် ဖင်းဖုံတို့အတွဲမှာ မိတ်လိုက်ရန်အတွက်
အခန်းသပ်သပ်ရသည့် ကမ္ဘာ့ပထမဆုံးသော
ရွှေတောင်ပံပိုးကောင်အတွဲဖြစ်လာတော့သည်။
ယူရှောင်းမိုသည် ၎င်းတို့အားအနှောင့်ယှက်မဖြစ်
စေချင်သောကြောင့် ထိုအခန်းကို ဖင်းဖုံတို့ဆီ
ပေးလိုက်ကာ တည်းခိုခန်းပိုင်ရှင်ထံမှ
ဘေးကပ်လျက်အခန်း ထပ်တောင်းလိုက်တော့သည်။
ပထမရက်၌ ယူရှောင်းမိုမှာ ၎င်းတို့သက်လုံအားကို
ကြောက်ရွံ့ရိုသေမိသေးသည်။
လူများသာဆို ခံနိုင်မည်မဟုတ်ပေ။
ဒုတိယရက်၌ ယူရှောင်းမိုသည် ပြတင်းပေါက်မှ
ချောင်းကြည့်၏။ ၎င်းတို့သည် လုပ်နေကြဆဲဖြစ်ကာ
ရှောင်ဖင်း၏ လှုပ်ရှားမှုများက ယခင်နေ့ကထက်
ပို၍အရိုင်းဆန်လာသည်ဟု သူ ခံစားရလေသည်။
တတိယရက်၌ သတ္တုစားသားရဲလေးက
အစီရင်ခံဖို့ရန် ပြန်ရောက်လာသည်၊ သို့သော်
ယူရှောင်းမိုက သူ့ကို ဖင်းဖုံတို့ကိုကြည့်ရန်ခေါ်သွားရာ
သတ္တုစားသားရဲလေးသည် ပီတိများဖြာပြီး
သွားရည်ယိုနေတာပင် မရပ်တော့ချေ။
ဤသို့ဖြင့် ယူရှောင်းမိုတစ်ယောက် ရှောင်ကျင့်ကို
လမ်းမှားသို့ရောက်အောင် ပို့လိုက်လေတော့သည်။
သုံးရက်ကြာပြီးနောက် ကာမအားတိုးဆေးအာနိသင်
ပျယ်သွားကာ ယူရှောင်းမို သူတိ့အခန်းထဲချက်ချင်း
ပြေးဝင်သွားတော့ အိပ်ယာပေါ်က ရွှေရောင်
ပြိုးပြိုးပျက်ပျက်လက်နေသည့်ပစ္စည်းများကြောင့်
မျက်စိကန်းတော့မလိုပင်ဖြစ်သွားသည်။
ရွှေပိုးမျှင် တစ်ခုတည်းသာမဟုတ်ဘဲ တစ်ပုံလိုက်ကြီး
ဖြစ်သည်။ အမျှင်တစ်ခုစီက ဆယ်မီတာရှည်လျားပြီး
စုစုပေါင်း ကိုးမျှင်ရှိနေသည်။ တော်တော်ကြီးကို
အထင်ကြီးစရာပင်။
"ရွှေပိုးမျှင်ကိုးချောင်းနဲ့ဆို သံချပ်ကာတစ်စုံ
ရနိုင်လား"
ယူရှောင်းမိုက လင်းရှောင်ဆီကို ရွှေပိုးမျှင်ကိုးချောင်း
နှင့်အတူ စိတ်လှုပ်ရှားလျက်ပြေးသွားသည်။
ဤအရာက ရှောင်ဖုံ့ပါးစပ်ကထွက်တာဖြစ်သည်၊
သူထင်ထားသလို ဂန္ဓမာပန်းမှမဟုတ်ပေ။
လင်းရှောင်က ပိုးမျှင်တစ်ချောင်းကိုယူလိုက်ပြီး
အကြိမ်အနည်းငယ်မျှဆွဲလိုက်သည်။
"တွေ့လား။ ခိုင်ရုံတင်မကဘူး ပျော့လည်းပျော့ပျောင်း
တယ်။ ယေဘုယျအားဖြင့် ရွှေပိုးမျှင်နှစ်ချောင်းဆို
သံချပ်ကာတစ်စုံရတယ်။ ဒါပေမဲ့ ဒါတွေနဲ့ဆို
တစ်ချောင်းပဲလိုမယ်"
ယူရှောင်းမိုမှာ ပျော်ရွှင်မှုကြောင့်ထခုန်မိမတတ်ပင်။
ခဏလောက် တွေးတောကြည့်လိုက်ပြီး
မေးလိုက်သည်။
"ဒါဆို ဖင်းဖုံကိုထပ်ပြီးမိတ်လိုက်ခိုင်းလိုက်ရင်
ရွှေပိုးမျှင်တွေ အများကြီးလုပ်ကြမှာလား"
"မဖြစ်နိုင်ဘူး"
လင်းရှောင်မှာ စဉ်းစားကြည့်နေဖို့ပင်မလိုပေ၊
ယူရှောင်းမိုကို နဖူးတောက်ထည့်လိုက်သည်။
"သူတို့က ဘယ်ချိန်နေနေထုတ်ပေးနိုင်တာမျိုး
မဟုတ်ဘူး၊ ပုံမှန်ဆို ပိုးမျှင်တစ်ချောင်းထုတ်ပြီးတာနဲ့
အားကုန်သွားလောက်ပြီ။ အကုန်လုံးမှာ အကန့်သတ်
ဆိုတာရှိတယ်။ မင်းရဲ့ဖင်းဖုံက အရင်ကတစ်ခါမှ
မထုတ်ဖူးလို့ ပိုးမျှင်ကိုးချောင်းထုတ်နိုင်တာ။
ဒါပေမဲ့ ဒါက သူတို့စွမ်းအင်ကို ကုန်ခမ်းသွားစေ
လောက်ပြီ။ နောက်နှစ်တစ်ရာလောက်တော့
ဒီလိုထပ်ဖြစ်မှာမဟုတ်တော့ဘူး"
ယူရှောင်းမို ခေါင်းကိုကာရင်း သူ့အတွေးကို
ပယ်ချလိုက်ရသည်။ သူ့ဘောလုံးအသင်းကို
သံချပ်ကာတစ်ယောက်တစ်စုံ ပေးချင်ခဲ့တာ
ဖြစ်သည်။ ကြည့်ရတာ မဖြစ်နိုင်တော့ပုံပင်။
သုံးရက်နှင့်သုံးညမိတ်လိုက်ပြီးနောက်တွင်
ဖင်းဖုံသည် ဘယ်သူနှင့်မှ မျက်နှာချင်းမဆိုင်ဘဲ
ယူရှောင်းမိုအင်္ကျီထဲတွင်သာ ပုန်းနေကြတော့သည်။
သူတို့သခင်အနေဖြင့် ယူရှောင်းမိုမှာ သူတို့
ဒီလောက်ရှက်တတ်မည်ဟု မထင်ထားချေ၊
ပုံမှန်ဆို သူတို့က တော်တော်အရေထူကြသည်လေ။
"အိုး ဟုတ်သား၊ ရှောင်ကျင်.. မင်းနောက်ယောင်ခံ
နေတဲ့နှစ်ယောက်ကရော ဘယ်လိုလဲ"
ဖင်းဖုံတို့ မိတ်လိုက်ခြင်းကိုကိုင်တွယ်ဖြေရှင်း
ပြီးနောက် ယူရှောင်းမိုမှာ ဤအကြောင်းပြန်အမှတ်ရ
သွားပြီး သတ္တုစားသားရဲလေးကို စားပွဲပေါ်တင်
လိုက်သည်။
သတ္တုစားသားရဲလေး၏အမူအယာက ရှုံ့တွလျက်ရှိ
သည်။
ထိုအမူအယာက ရှောင်ဖင်း ရှက်နေပုံနှင့်ဆင်ကြောင်း
ယူရှောင်းမို ခံစားမိလိုက်ကာ သူ့ပါးစပ်တွန့်သွား
တော့သည်။
"မင်းရဲ့မိတ်လိုက်ရာသီလည်း ရောက်လာပြီများလား"
သတ္တုစားသားရဲလေးက ရှက်တတ်တတ်နှင့်
ခေါင်းညိမ့်လိုက်သည်။ သူလည်းမိတ်လိုက်ချင်သည်။
လင်းရှောင် လက်ဖက်ရည်သီးပြီး
ထွေးထုတ်မိတော့မလိုဖြစ်သွား၏။
"ဘာလဲ" သူ၏ ပုံမှန်မဟုတ်သည့် အပြုအမူကို
ယူရှောင်းမို သတိထားမိလိုက်သည်။
လင်းရှောင်က ပါးစပ်သုတ်ရင်း တည်ငြိမ်စွာ
ပြောလိုက်သည်။
"တစ်ကမ္ဘာလုံးမှာ သတ္တုစားသားရဲတစ်ကောင်ပဲ
ရှိတာ။ သူကပုံပြောင်းလို့မရဘူး၊ ဒါ့ကြောင့်
မိတ်လိုက်ဖို့မဖြစ်နိုင်ဘူး။ မျိုးစိတ်မတူတဲ့
နတ်ဆိုးသားရဲတွေနဲ့ မိတ်လိုက်မယ်ဆိုရင်တော့
မပြောတတ်ဘူး"
ယူရှောင်းမို ရုတ်တရက် ရပ်တန့်သွားတော့သည်။
လင်းရှောင်က ဘာမှားနေလို့လဲဟုမေးလာ၏။
ယူရှောင်းမို သတ္တုစားသားရဲလေးကိုပက်လက်လှန်
လိုက်တော့ ၎င်း၏ ဗိုက်လုံးလုံးလေးနှင့်
အငယ်ကောင်ပျော့ပျော့လေး ပေါ်ထွက်လာသည်။
ထိုအရာလေးကို သူ့လက်ချောင်းနှင့်တို့လိုက်၏။
သူ့လက်သန်းထက်တောင်မှ သေးသေးသည်။
"သူ့မှာမိတ်လိုက်ရာသီမရှိရင် ဒီဟာလေးက
မတ်ကောမတ်နိုင်ပါ့မလား"
သတ္တုစားသားရဲလေးက ခြေထောက်နှင့်ပြန်ရပ်နိုင်ရန်
ရုန်းကန်လိုက်သည်။
လင်းရှောင်အကြည့်က သတ္တုစားသားရဲလေး၏
အငယ်ကောင်ဆီမှ အောက်သို့လျှောဆင်းသွား
သည်။
"မတ်နိုင်နိုင် မနိုင်နိုင် ကိစ္စမရှိဘူး"
ယူရှောင်းမို ကြောင်အသွားသည်။
"ဘာလို့လဲ"
လင်းရှောင်အကြည့်က မရွေ့လျားပေ။
"အနောက်တံခါးကအလုပ်လုပ်နေသရွေ့ အကုန်
အဆင်ပြေတယ်လေ"
ယူရှောင်းမိုရော သတ္တုစားသားရဲလေးပါ
ပေါက်စီလေးရှုံ့လိုက်မိလေသည်။
ဒါက..... အရမ်းကြမ်းလွန်းတယ်။
သတ္တုစားသားရဲလေးမှာ အသည်းခိုက်မတတ်
ကြောက်လန့်သွား၍ 'မိတ်လိုက်ရာသီ'သို့မရောက်ရဲ
တော့ဘဲ စံအိမ်မှာကြားခဲ့ရသမျှကို လင်းရှောင်ကို
ပြန်ပြောပြလေတော့သည်။ ထို့နောက် လင်းရှောင်က
ယူရှောင်းမိုကို ပြန်ပြောပြလိုက်သည်။ ဘာသာစကား
အတားအဆီးက ထာဝရရှိနေမည်ပင်။ စာချုပ်ချုပ်
ထားလျှင်တောင် ဒါကိုတော့ပြင်မရချေ။
ယန်ဟွေ့က စုလန်ကို အိပ်မက်မှနိုးထစေပြီးနောက်၌
စုလန်သည် ကျင့်ကြံရေးအခန်းထဲမှ ထွက်မလာတော့
ပေ။ သူ့ချက်ကောင်းကို ထိသွား၍ထင်သည်၊
ယခု သူသည်ရူးရူးသွပ်သွပ်ကျင့်ကြံနေပြီး
သူ့ရှစ်ဖု၏ စကားများကို မလိုက်နာတော့ပေ။
ယန်ဟွေ့ကလည်း သူ့ကိုလိုက်သတိပေးပြီး
အလုပ်ရှုပ်မခံချေ။
ယန်ဟွေ့ကတော့ သူတို့ရှစ်ဖုကဆက်သွယ်လာဖို့ကို
စောင့်ဆိုင်းနေသည်။ ဤရက်များအတွင်း စံအိမ်
အတွင်းမှ သူ ထွက်သည်မှာရှားလေသည်။
တပည့်နှစ်ဦးစလုံး ရှစ်ဖုကို အရင်ဦးစားပေးကြပုံ
ရသည်။ အလည်လာသူများလည်း မရှိ၍
သူတို့မှာ ရသေ့များနှင့်ပင်တူနေတော့သည်။
ယူရှောင်းမို ခဏလောက်စဉ်းစားကြည့်
ပြီးနောက်တွင် သူတို့ကိုဆက်စောင့်ကြည့်နေဖို့
ဆုံးဖြတ်လိုက်သည်။
နောက်ဆုံးမှာ ရွှေတောင်ပံပိုးကောင်နှစ်ကောင်က
အရှက်ပြေသွားခဲ့၍ သူတို့ကို လူတစ်ယောက်စီ
စောင့်ကြည့်ထားဖို့ ထိုစံအိမ်ဆီလွှတ်လိုက်သည်။
တစ်ခုခုဖြစ်လျှင် သူတို့အချင်းချင်းအသိပေးလို့
ရသဖြင့် အဆင်ပြေပေသည်။
ထိုနေ့၌ ယူရှောင်းမိုနှင့်လင်းရှောင်တို့ ဝူရှန်မြို့မှ
ထွက်ခွာခဲ့ပြီး သူတို့နေထိုင်ရာဂူဆီပြန်ဖို့ ပြင်လိုက်
ကြသည်။
ဂူမှထွက်လာခဲ့စဉ်က အရံအတားအစီအရင်များ
မထားခဲ့ပေ။ ၎င်းက ရှာတွေ့ရခက်သည့်နေရာမှာ
ရှိသဖြင့် သာမာန်လူများ တွေ့နိုင်မည်မဟုတ်ပေ၊
သို့မဟုတ် ယူရှောင်းမိုက ထိုသို့တွေးခဲ့သည်။
သို့သော်လည်း မျှော်လင့်ထားသည့်အတိုင်း
ဖြစ်သည်မှာ ရှားပါးသည်ပင်။
သူတို့ ဂူနားမရောက်သေးခင်မှာပဲ အထဲမှာ
လူရှိနေကြောင်းအာရုံခံမိလိုက်ပြီး ၎င်းကလည်း
တစ်ယောက်တည်းမဟုတ်ချေ။ ယူရှောင်းမို
လင်းရှောင်နှင့်အကြည့်ချင်းဖလှယ်လိုက်သည်။
သူတို့ နီးကပ်လာတော့ သွေးနံ့ပါးပါးရလိုက်သည်။
ယူရှောင်းမိုက ဂူအတွင်းကအခြေအနေကိုစစ်ကြည့်ဖို့
စေတနာ့ဝန်ထမ်းလုပ်လိုက်၏။ သို့သော်
သူဂူဝ ရောက်ရောက်ချင်းမှာပဲ သူ့ရှေ့ကနေ
အေးစက်စက်အလင်းတစ်ခုလက်သွားသည်။
တိုက်ခိုက်သူက အညှာအတာကင်းမဲ့စွာဖြင့်
သူတို့ထောင့်ကို တွက်ချက်ထားခြင်းဖြစ်သည်။
ထိမိသွားပါက သူ့မျက်နှာတစ်ခုလုံးဟက်တက်ကွဲ
သွားပေလိမ့်မည်။
ယူရှောင်းမိုက လျှင်မြန်စွာဖြင့် အနောက်ပြန်ဆုတ်ကာ
ရှောင်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲပြန်ကန်ထုတ်လိုက်
သည်။ ချက်ချင်းဆိုသလိုပင် ညည်းသံတစ်ခုနှင့်
လေးလံသည့် အရာတစ်ခုပြုတ်ကျသွားသည့်အသံ
အပြင် တဝှစ်ဝှစ်အသံများကိုပါကြားလိုက်ရသည်။
ယူရှောင်းမိုက ဂူထဲသို့တဟုန်ထိုးပြေးဝင်သွားသည်။
ဂူထဲမှာ ညလင်းပုလဲမရှိပေမဲ့ မှိန်ပျပျအလင်း
အောက်မှာ ပုံရိပ်သုံးခုကို သူမြင်ရသည်။
သူတို့က အမှောင်ယံထဲသို့ ပျော်ဝင်ပျောက်ကွယ်သွား
တော့မည့်အလား နက်မှောင်သည့်အင်္ကျီများ
ဝတ်ဆင်ထားကြသည်။ မြေကြီးပေါ်လဲကျနေသူမှာ
သူ့ကိုအလစ်တိုက်ခိုက်ခဲ့သူပင်။
သူတို့ထံမှ သွေးနံံများပျံ့လွင့်နေ၏။ သူတို့
ဘယ်သူမှ မျက်နှာဖုံးတပ်မထားပေမဲ့ ယူရှောင်းမို
သူတို့ကိုလုံးဝမသိပေ။
___________________________
//Zawgyi//
(၅၇၅) မိတ္လိုက္ၾကၿပီ
ပံုမွန္ကာမအားတိုးေဆးမ်ားမွာ အထူးအာနိသင္မ်ိဳး
ရိွ၍မွမဟုတ္လ်ွင္ အဆင့္မျမင့္မားၾကေပ။
သို႔ေသာ္လည္း ဤသို႔ေသာအရာမ်ိဳးကို
ညစ္ညမ္းသၫ့္ပစၥည္းဟု မွတ္ယူထားၾကသျဖင့္
ကာမအားတိုးေဆး သန႔္စင္သၫ့္ေမွာ္ဆရာမွာ
အနည္းအက်ဉ္းသာရိွေလသည္။
ယူေရွာင္းမို ေက်ာက္စိမ္းေပလႊာကိုလွန္ေလွာ
ၾကၫ့္လိုက္ေတာ့ ဤေဆးမ်ိဳး အနည္းငယ္ခန႔္
ေတြ့ရသည္။ အနိမ့္ဆင့္မွသည္ အထက္ဆင့္ထိ
အဆင့္အမ်ိဳးမ်ိဳးရိွသည္။
ေနာက္တစ္ရက္မနက္၌ ယူေရွာင္းမိုသည္
ကာမအားတိုးေဆးသန႔္စင္ျခင္းလုပ္ငန္းကို
စလိုက္သည္။
သို႔ေသာ္ ေဆးသန႔္စင္ဖို႔အတြက္ လိုအပ္သၫ့္
ပစၥည္းမ်ားက အေတာ္အတန္ရွားပါး၏။
သူကေတာ့သြားရွာဖို႔မလိုခဲ့ဘဲ သူ႔မွာရိွသၫ့္ပစၥည္းမ်ား
ႏွင့္ အလတ္ဆင့္ေဆးလံုးတစ္လံုးစာ ေလာက္ငွသြား
ခဲ့သည္။
ဖင္းဖံု၏ပါးစပ္ေပါက္ႏွင့္ ခႏၶာကိုယ္က ေသးငယ္ရာ
ယူေရွာင္းမိုသည္ ေဆးတစ္လံုးတည္းသာသန႔္စင္ခဲ့
၏။
ၿပီးေနာက္ ေဆးလံုးကိုထက္ျခမ္းပိုင္းလိုက္ၿပီး
သူတို႔ကိုကၽြေးကာ ကုတင္ေဘးမွာထိုင္၍
ေစာင့္ၾကၫ့္ေနလိုက္သည္။ ပိုးေကာင္မ်ား
မိတ္လိုက္ျခင္းကို သူ တစ္ခါမွမျမင္ဖူးေပ။
အခု ေသခ်ာၾကၫ့္ထားရေပမည္။
ေဆးလံုးစားၿပီးမၾကာမီတြင္ ေရႊေတာင္ပံပိုးေကာင္
ႏွစ္ေကာင္မွာ ေဆးစြမ္းျပလာပံုေပၚသည္။ ၄တို႔၏
ေရႊေရာင္ခႏၶာကိုယ္သည္ အနည္းငယ္ပန္းေရာင္သမ္း
လာကာ မ်က္လံုးမ်ားက ဆႏၵမ်ား ထိန္းခ်ဳပ္ျခင္းကို
ခံေနရသၫ့္ႏွယ္ နီရဲလာသည္။ သို႔ေသာ္ျငားလည္း
သံုးမိနစ္ၾကာၿပီးေနာက္မွာပင္ မတံု႔ျပန္ၾကေသးဘဲ
တစ္ေကာင္ႏွင့္တစ္ေကာင္ ေဝးရာကိုေတာင္
ေရြ့သြားၾကေလသည္။
ယူေရွာင္းမို စိတ္ပ်က္သြားသည္။
"ေဆးကမလံုေလာက္ဘူးလား"
လင္းေရွာင္က သူ႔ဆီေလ်ွာက္လာၿပီး အင္းဆက္
ႏွစ္ေကာင္ကိုတစ္ခ်က္ၾကၫ့္လိုက္သည္။
"သူတို႔မ်က္လံုးေတြ နီေနတယ္၊ မိတ္လိုက္ခ်င္ေနၿပီ"
"ဒါဆို ဘာလို႔မလႈပ္ၾကေသးတာလဲ"
ယူေရွာင္းမိုမွာ မေနႏိုင္ေတာ့ဘဲ တစ္ေကာင္ကို
လက္နဲ႔တို႔လိုက္သည္။ အင္းဆက္ေလးက
ဝွစ္ကနဲေရႊ့သြား၏။
"ေရွာင္ဖင္း မင္းေယာက္်ားမဟုတ္ဘူးလား၊
မင္းကစရမွာေလ.. နားလည္လား"
လင္းေရွာင္က သူ႔ကိုေကာက္ခ်ီလိုက္ၿပီး
အျပင္ဘက္ထြက္သြားသည္။
"စတာမစတာနဲ႔ မဆိုင္ဘူး၊ မင္းကအဲ့မွာထိုင္ၿပီး
ၾကၫ့္ေနေတာ့ သူတို႔ရွက္ေနတာ။ နတ္ဆိုးသားရဲေလး
ေတြမွာလည္း သိကၡာရိွေသးတယ္"
ယူေရွာင္းမိုမွာ ရွက္စရာဘာရိွလဲဟုေမးရန္ျပင္ေနစဉ္
သိကၡာအေၾကာင္းစကားကိုၾကားလိုက္ရသၫ့္အခါ
သူ႔ကိုယ္သူ အသက္ရႉၾကပ္ေအာင္လုပ္မိေတာ့မလို
ျဖစ္သြားသည္။
ကပ္စီးကုတ္ခ်က္။
ဖင္းဖံုႏွစ္ေကာင္ သူ႔ကိုေခ်ာင္းမၾကၫ့္ဘူးလို႔
သူမယံုေပ။ နတ္ဆိုးသားရဲေလးမ်ားအေနျဖင့္
ၾကၫ့္စရာပင္မရိွရာ ဘာရွက္စရာရိွဦးမည္နည္း။
အဆံုးမွာေတာ့ သူ႔ကန႔္ကြက္စကားေလးမ်ားက
ဗီတိုအာဏာျဖင့္ ပယ္ခ်ခံရၿပီး ယူေရွာင္းမိုမွာ
အခန္းအျပင္သို႔ လင္းေရွာင္ကဆဲြေခၚသြားျခင္းကို
ခံလိုက္ရေတာ့သည္။
ႏွစ္နာရီၾကာၿပီးသၫ့္ေနာက္ သူတို႔ အခန္းဆီ
ျပန္လာခဲ့ၾက၏။ ယူေရွာင္းမိုက သူ႔ကုတင္ဆီ
တန္းသြားခ်င္ေပမဲ့ လင္းေရွာင္က ေကာ္လံကေနဆဲြၿပီး
တားလိုက္သည္။
"ဘာလဲ" ယူေရွာင္းမို ေမးလိုက္သည္။
လင္းေရွာင္က သူ႔ကိုတိတ္တိတ္ေနဖို႔ အခ်က္ျပၿပီး
အထဲကိုၾကၫ့္လိုက္သည္။
ယူေရွာင္းမိုလည္း ကန႔္လန႔္ကာေနာက္ကြယ္မွ
ေခ်ာင္းၾကၫ့္လိုက္၏။ အိပ္ယာအျဖဴေပၚမွာ
တစ္ေကာင္ႏွင့္တစ္ေကာင္ လံုးေထြးေနသၫ့္
ေရႊေတာင္ပံပိုးေကာင္ႏွစ္ေကာင္ကို သူ သတိထားမိ
သည္။ ေရွာင္ဖင္းက ေရွာင္ဖံုေအာက္ေရာက္
ေနသည္။ သူ၏ထက္ျမက္လွေသာ အျမင္အာရံုကို
အားျပဳ၍ ထိုႏွစ္ေကာင္၏ ေသးငယ္လွေသာ
လႈပ္ရွားမႈတိုင္းကို သူျမင္ေနရသည္။
ယူေရွာင္းမိုပါးစပ္မွာ ဆန႔္ငင္ဆန႔္ငင္ျဖစ္သြားေတာ့၏။
ဤမိတ္လိုက္ျခင္းကို ၾကၫ့္ဖို႔ သူ႔ကိုယ္သူျပင္ဆင္
ထားေပမဲ့ သူတို႔သက္လံုအားက တကယ္ကို
အျမင္က်ယ္စရာပင္။ ႏွစ္နာရီရိွၿပီျဖစ္သၫ့္တိုင္
မၿပီးျပတ္ၾကေသးေခ်။
လင္းေရွာင္က သူ႔ကိုေျပာျပလိုက္သည္။
"ေရႊေတာင္ပံပိုးေကာင္ေတြ မိတ္လိုက္ရင္
သံုးရက္သံုးညၾကာတယ္"
ယူေရွာင္းမို "........"
ထို႔ေၾကာင့္ ဖင္းဖံုတို႔အတဲြမွာ မိတ္လိုက္ရန္အတြက္
အခန္းသပ္သပ္ရသၫ့္ ကမ႓ာ့ပထမဆံုးေသာ
ေရႊေတာင္ပံပိုးေကာင္အတဲြျဖစ္လာေတာ့သည္။
ယူေရွာင္းမိုသည္ ၄တို႔အားအေနွာင့္ယွက္မျဖစ္
ေစခ်င္ေသာေၾကာင့္ ထိုအခန္းကို ဖင္းဖံုတို႔ဆီ
ေပးလိုက္ကာ တည္းခိုခန္းပိုင္ရွင္ထံမွ
ေဘးကပ္လ်က္အခန္း ထပ္ေတာင္းလိုက္ေတာ့သည္။
ပထမရက္၌ ယူေရွာင္းမိုမွာ ၄တို႔သက္လံုအားကို
ေၾကာက္ရြံ႔ရိုေသမိေသးသည္။
လူမ်ားသာဆို ခံႏိုင္မည္မဟုတ္ေပ။
ဒုတိယရက္၌ ယူေရွာင္းမိုသည္ ျပတင္းေပါက္မွ
ေခ်ာင္းၾကၫ့္၏။ ၄တို႔သည္ လုပ္ေနၾကဆဲျဖစ္ကာ
ေရွာင္ဖင္း၏ လႈပ္ရွားမႈမ်ားက ယခင္ေန့ကထက္
ပို၍အရိုင္းဆန္လာသည္ဟု သူ ခံစားရေလသည္။
တတိယရက္၌ သတၲုစားသားရဲေလးက
အစီရင္ခံဖို႔ရန္ ျပန္ေရာက္လာသည္၊ သို႔ေသာ္
ယူေရွာင္းမိုက သူ႔ကို ဖင္းဖံုတို႔ကိုၾကၫ့္ရန္ေခၚသြားရာ
သတၲုစားသားရဲေလးသည္ ပီတိမ်ားျဖာၿပီး
သြားရည္ယိုေနတာပင္ မရပ္ေတာ့ေခ်။
ဤသို႔ျဖင့္ ယူေရွာင္းမိုတစ္ေယာက္ ေရွာင္က်င့္ကို
လမ္းမွားသို႔ေရာက္ေအာင္ ပို႔လိုက္ေလေတာ့သည္။
သံုးရက္ၾကာၿပီးေနာက္ ကာမအားတိုးေဆးအာနိသင္
ပ်ယ္သြားကာ ယူေရွာင္းမို သူတိ့အခန္းထဲခ်က္ခ်င္း
ေျပးဝင္သြားေတာ့ အိပ္ယာေပၚက ေရႊေရာင္
ၿပိဳးၿပိဳးပ်က္ပ်က္လက္ေနသၫ့္ပစၥည္းမ်ားေၾကာင့္
မ်က္စိကန္းေတာ့မလိုပင္ျဖစ္သြားသည္။
ေရႊပိုးမ်ွင္ တစ္ခုတည္းသာမဟုတ္ဘဲ တစ္ပံုလိုက္ႀကီး
ျဖစ္သည္။ အမ်ွင္တစ္ခုစီက ဆယ္မီတာရွည္လ်ားၿပီး
စုစုေပါင္း ကိုးမ်ွင္ရိွေနသည္။ ေတာ္ေတာ္ႀကီးကို
အထင္ႀကီးစရာပင္။
"ေရႊပိုးမ်ွင္ကိုးေခ်ာင္းနဲ႔ဆို သံခ်ပ္ကာတစ္စံု
ရႏိုင္လား"
ယူေရွာင္းမိုက လင္းေရွာင္ဆီကို ေရႊပိုးမ်ွင္ကိုးေခ်ာင္း
ႏွင့္အတူ စိတ္လႈပ္ရွားလ်က္ေျပးသြားသည္။
ဤအရာက ေရွာင္ဖံု႔ပါးစပ္ကထြက္တာျဖစ္သည္၊
သူထင္ထားသလို ဂႏၶမာပန္းမွမဟုတ္ေပ။
လင္းေရွာင္က ပိုးမ်ွင္တစ္ေခ်ာင္းကိုယူလိုက္ၿပီး
အႀကိမ္အနည္းငယ္မ်ွဆဲြလိုက္သည္။
"ေတြ့လား။ ခိုင္ရံုတင္မကဘူး ေပ်ာ့လည္းေပ်ာ့ေပ်ာင္း
တယ္။ ေယဘုယ်အားျဖင့္ ေရႊပိုးမ်ွင္ႏွစ္ေခ်ာင္းဆို
သံခ်ပ္ကာတစ္စံုရတယ္။ ဒါေပမဲ့ ဒါေတြနဲ႔ဆို
တစ္ေခ်ာင္းပဲလိုမယ္"
ယူေရွာင္းမိုမွာ ေပ်ာ္ရႊင္မႈေၾကာင့္ထခုန္မိမတတ္ပင္။
ခဏေလာက္ ေတြးေတာၾကၫ့္လိုက္ၿပီး
ေမးလိုက္သည္။
"ဒါဆို ဖင္းဖံုကိုထပ္ၿပီးမိတ္လိုက္ခိုင္းလိုက္ရင္
ေရႊပိုးမ်ွင္ေတြ အမ်ားႀကီးလုပ္ၾကမွာလား"
"မျဖစ္ႏိုင္ဘူး"
လင္းေရွာင္မွာ စဉ္းစားၾကၫ့္ေနဖို႔ပင္မလိုေပ၊
ယူေရွာင္းမိုကို နဖူးေတာက္ထၫ့္လိုက္သည္။
"သူတို႔က ဘယ္ခ်ိန္ေနေနထုတ္ေပးႏိုင္တာမ်ိဳး
မဟုတ္ဘူး၊ ပံုမွန္ဆို ပိုးမ်ွင္တစ္ေခ်ာင္းထုတ္ၿပီးတာနဲ႔
အားကုန္သြားေလာက္ၿပီ။ အကုန္လံုးမွာ အကန႔္သတ္
ဆိုတာရိွတယ္။ မင္းရဲ့ဖင္းဖံုက အရင္ကတစ္ခါမွ
မထုတ္ဖူးလို႔ ပိုးမ်ွင္ကိုးေခ်ာင္းထုတ္ႏိုင္တာ။
ဒါေပမဲ့ ဒါက သူတို႔စြမ္းအင္ကို ကုန္ခမ္းသြားေစ
ေလာက္ၿပီ။ ေနာက္ႏွစ္တစ္ရာေလာက္ေတာ့
ဒီလိုထပ္ျဖစ္မွာမဟုတ္ေတာ့ဘူး"
ယူေရွာင္းမို ေခါင္းကိုကာရင္း သူ႔အေတြးကို
ပယ္ခ်လိုက္ရသည္။ သူ႔ေဘာလံုးအသင္းကို
သံခ်ပ္ကာတစ္ေယာက္တစ္စံု ေပးခ်င္ခဲ့တာ
ျဖစ္သည္။ ၾကၫ့္ရတာ မျဖစ္ႏိုင္ေတာ့ပံုပင္။
သံုးရက္ႏွင့္သံုးညမိတ္လိုက္ၿပီးေနာက္တြင္
ဖင္းဖံုသည္ ဘယ္သူႏွင့္မွ မ်က္ႏွာခ်င္းမဆိုင္ဘဲ
ယူေရွာင္းမိုအက်ႌထဲတြင္သာ ပုန္းေနၾကေတာ့သည္။
သူတို႔သခင္အေနျဖင့္ ယူေရွာင္းမိုမွာ သူတို႔
ဒီေလာက္ရွက္တတ္မည္ဟု မထင္ထားေခ်၊
ပံုမွန္ဆို သူတို႔က ေတာ္ေတာ္အေရထူၾကသည္ေလ။
"အိုး ဟုတ္သား၊ ေရွာင္က်င္.. မင္းေနာက္ေယာင္ခံ
ေနတဲ့ႏွစ္ေယာက္ကေရာ ဘယ္လိုလဲ"
ဖင္းဖံုတို႔ မိတ္လိုက္ျခင္းကိုကိုင္တြယ္ေျဖရွင္း
ၿပီးေနာက္ ယူေရွာင္းမိုမွာ ဤအေၾကာင္းျပန္အမွတ္ရ
သြားၿပီး သတၲုစားသားရဲေလးကို စားပဲြေပၚတင္
လိုက္သည္။
သတၲုစားသားရဲေလး၏အမူအယာက ရႈံ႔တြလ်က္ရိွ
သည္။
ထိုအမူအယာက ေရွာင္ဖင္း ရွက္ေနပံုႏွင့္ဆင္ေၾကာင္း
ယူေရွာင္းမို ခံစားမိလိုက္ကာ သူ႔ပါးစပ္တြန႔္သြား
ေတာ့သည္။
"မင္းရဲ့မိတ္လိုက္ရာသီလည္း ေရာက္လာၿပီမ်ားလား"
သတၲုစားသားရဲေလးက ရွက္တတ္တတ္ႏွင့္
ေခါင္းညိမ့္လိုက္သည္။ သူလည္းမိတ္လိုက္ခ်င္သည္။
လင္းေရွာင္ လက္ဖက္ရည္သီးၿပီး
ေထြးထုတ္မိေတာ့မလိုျဖစ္သြား၏။
"ဘာလဲ" သူ၏ ပံုမွန္မဟုတ္သၫ့္ အျပဳအမူကို
ယူေရွာင္းမို သတိထားမိလိုက္သည္။
လင္းေရွာင္က ပါးစပ္သုတ္ရင္း တည္ၿငိမ္စြာ
ေျပာလိုက္သည္။
"တစ္ကမ႓ာလံုးမွာ သတၲုစားသားရဲတစ္ေကာင္ပဲ
ရိွတာ။ သူကပံုေျပာင္းလို႔မရဘူး၊ ဒါ့ေၾကာင့္
မိတ္လိုက္ဖို႔မျဖစ္ႏိုင္ဘူး။ မ်ိဳးစိတ္မတူတဲ့
နတ္ဆိုးသားရဲေတြနဲ႔ မိတ္လိုက္မယ္ဆိုရင္ေတာ့
မေျပာတတ္ဘူး"
ယူေရွာင္းမို ရုတ္တရက္ ရပ္တန႔္သြားေတာ့သည္။
လင္းေရွာင္က ဘာမွားေနလို႔လဲဟုေမးလာ၏။
ယူေရွာင္းမို သတၲုစားသားရဲေလးကိုပက္လက္လွန္
လိုက္ေတာ့ ၄၏ ဗိုက္လံုးလံုးေလးႏွင့္
အငယ္ေကာင္ေပ်ာ့ေပ်ာ့ေလး ေပၚထြက္လာသည္။
ထိုအရာေလးကို သူ႔လက္ေခ်ာင္းႏွင့္တို႔လိုက္၏။
သူ႔လက္သန္းထက္ေတာင္မွ ေသးေသးသည္။
"သူ႔မွာမိတ္လိုက္ရာသီမရိွရင္ ဒီဟာေလးက
မတ္ေကာမတ္ႏိုင္ပါ့မလား"
သတၲုစားသားရဲေလးက ေျခေထာက္ႏွင့္ျပန္ရပ္ႏိုင္ရန္
ရုန္းကန္လိုက္သည္။
လင္းေရွာင္အၾကၫ့္က သတၲုစားသားရဲေလး၏
အငယ္ေကာင္ဆီမွ ေအာက္သို႔ေလ်ွာဆင္းသြား
သည္။
"မတ္ႏိုင္ႏိုင္ မႏိုင္ႏိုင္ ကိစၥမရိွဘူး"
ယူေရွာင္းမို ေၾကာင္အသြားသည္။
"ဘာလို႔လဲ"
လင္းေရွာင္အၾကၫ့္က မေရြ့လ်ားေပ။
"အေနာက္တံခါးကအလုပ္လုပ္ေနသေရြ့ အကုန္
အဆင္ေျပတယ္ေလ"
ယူေရွာင္းမိုေရာ သတၲုစားသားရဲေလးပါ
ေပါက္စီေလးရႈံ႔လိုက္မိေလသည္။
ဒါက..... အရမ္းၾကမ္းလြန္းတယ္။
သတၲုစားသားရဲေလးမွာ အသည္းခိုက္မတတ္
ေၾကာက္လန႔္သြား၍ 'မိတ္လိုက္ရာသီ'သို႔မေရာက္ရဲ
ေတာ့ဘဲ စံအိမ္မွာၾကားခဲ့ရသမ်ွကို လင္းေရွာင္ကို
ျပန္ေျပာျပေလေတာ့သည္။ ထို႔ေနာက္ လင္းေရွာင္က
ယူေရွာင္းမိုကို ျပန္ေျပာျပလိုက္သည္။ ဘာသာစကား
အတားအဆီးက ထာဝရရိွေနမည္ပင္။ စာခ်ဳပ္ခ်ဳပ္
ထားလ်ွင္ေတာင္ ဒါကိုေတာ့ျပင္မရေခ်။
ယန္ေဟြ့က စုလန္ကို အိပ္မက္မွႏိုးထေစၿပီးေနာက္၌
စုလန္သည္ က်င့္ႀကံေရးအခန္းထဲမွ ထြက္မလာေတာ့
ေပ။ သူ႔ခ်က္ေကာင္းကို ထိသြား၍ထင္သည္၊
ယခု သူသည္ရူးရူးသြပ္သြပ္က်င့္ႀကံေနၿပီး
သူ႔ရွစ္ဖု၏ စကားမ်ားကို မလိုက္နာေတာ့ေပ။
ယန္ေဟြ့ကလည္း သူ႔ကိုလိုက္သတိေပးၿပီး
အလုပ္ရႈပ္မခံေခ်။
ယန္ေဟြ့ကေတာ့ သူတို႔ရွစ္ဖုကဆက္သြယ္လာဖို႔ကို
ေစာင့္ဆိုင္းေနသည္။ ဤရက္မ်ားအတြင္း စံအိမ္
အတြင္းမွ သူ ထြက္သည္မွာရွားေလသည္။
တပၫ့္ႏွစ္ဦးစလံုး ရွစ္ဖုကို အရင္ဦးစားေပးၾကပံု
ရသည္။ အလည္လာသူမ်ားလည္း မရိွ၍
သူတို႔မွာ ရေသ့မ်ားႏွင့္ပင္တူေနေတာ့သည္။
ယူေရွာင္းမို ခဏေလာက္စဉ္းစားၾကၫ့္
ၿပီးေနာက္တြင္ သူတို႔ကိုဆက္ေစာင့္ၾကၫ့္ေနဖို႔
ဆံုးျဖတ္လိုက္သည္။
ေနာက္ဆံုးမွာ ေရႊေတာင္ပံပိုးေကာင္ႏွစ္ေကာင္က
အရွက္ေျပသြားခဲ့၍ သူတို႔ကို လူတစ္ေယာက္စီ
ေစာင့္ၾကၫ့္ထားဖို႔ ထိုစံအိမ္ဆီလႊတ္လိုက္သည္။
တစ္ခုခုျဖစ္လ်ွင္ သူတို႔အခ်င္းခ်င္းအသိေပးလို႔
ရသျဖင့္ အဆင္ေျပေပသည္။
ထိုေန့၌ ယူေရွာင္းမိုႏွင့္လင္းေရွာင္တို႔ ဝူရွန္ၿမိဳ႔မွ
ထြက္ခြာခဲ့ၿပီး သူတို႔ေနထိုင္ရာဂူဆီျပန္ဖို႔ ျပင္လိုက္
ၾကသည္။
ဂူမွထြက္လာခဲ့စဉ္က အရံအတားအစီအရင္မ်ား
မထားခဲ့ေပ။ ၄က ရွာေတြ့ရခက္သၫ့္ေနရာမွာ
ရိွသျဖင့္ သာမာန္လူမ်ား ေတြ့ႏိုင္မည္မဟုတ္ေပ၊
သို႔မဟုတ္ ယူေရွာင္းမိုက ထိုသို႔ေတြးခဲ့သည္။
သို႔ေသာ္လည္း ေမ်ွာ္လင့္ထားသၫ့္အတိုင္း
ျဖစ္သည္မွာ ရွားပါးသည္ပင္။
သူတို႔ ဂူနားမေရာက္ေသးခင္မွာပဲ အထဲမွာ
လူရိွေနေၾကာင္းအာရံုခံမိလိုက္ၿပီး ၄ကလည္း
တစ္ေယာက္တည္းမဟုတ္ေခ်။ ယူေရွာင္းမို
လင္းေရွာင္ႏွင့္အၾကၫ့္ခ်င္းဖလွယ္လိုက္သည္။
သူတို႔ နီးကပ္လာေတာ့ ေသြးနံ႔ပါးပါးရလိုက္သည္။
ယူေရွာင္းမိုက ဂူအတြင္းကအေျခအေနကိုစစ္ၾကၫ့္ဖို႔
ေစတနာ့ဝန္ထမ္းလုပ္လိုက္၏။ သို႔ေသာ္
သူဂူဝ ေရာက္ေရာက္ခ်င္းမွာပဲ သူ႔ေရ႔ွကေန
ေအးစက္စက္အလင္းတစ္ခုလက္သြားသည္။
တိုက္ခိုက္သူက အၫွာအတာကင္းမဲ့စြာျဖင့္
သူတို႔ေထာင့္ကို တြက္ခ်က္ထားျခင္းျဖစ္သည္။
ထိမိသြားပါက သူ႔မ်က္ႏွာတစ္ခုလံုးဟက္တက္ကဲြ
သြားေပလိမ့္မည္။
ယူေရွာင္းမိုက လ်ွင္ျမန္စြာျဖင့္ အေနာက္ျပန္ဆုတ္ကာ
ေရွာင္လိုက္ၿပီး တံု႔ဆိုင္းျခင္းမရိွဘဲျပန္ကန္ထုတ္လိုက္
သည္။ ခ်က္ခ်င္းဆိုသလိုပင္ ညည္းသံတစ္ခုႏွင့္
ေလးလံသၫ့္ အရာတစ္ခုျပဳတ္က်သြားသၫ့္အသံ
အျပင္ တဝွစ္ဝွစ္အသံမ်ားကိုပါၾကားလိုက္ရသည္။
ယူေရွာင္းမိုက ဂူထဲသို႔တဟုန္ထိုးေျပးဝင္သြားသည္။
ဂူထဲမွာ ညလင္းပုလဲမရိွေပမဲ့ မိွန္ပ်ပ်အလင္း
ေအာက္မွာ ပံုရိပ္သံုးခုကို သူျမင္ရသည္။
သူတို႔က အေမွာင္ယံထဲသို႔ ေပ်ာ္ဝင္ေပ်ာက္ကြယ္သြား
ေတာ့မၫ့္အလား နက္ေမွာင္သၫ့္အက်ႌမ်ား
ဝတ္ဆင္ထားၾကသည္။ ေျမၾကီးေပၚလဲက်ေနသူမွာ
သူ႔ကိုအလစ္တိုက္ခိုက္ခဲ့သူပင္။
သူတို႔ထံမွ ေသြးနံမ်ားပ်ံ႔လြင့္ေန၏။ သူတို႔
ဘယ္သူမွ မ်က္ႏွာဖံုးတပ္မထားေပမဲ့ ယူေရွာင္းမို
သူတို႔ကိုလံုးဝမသိေပ။
___________________________