//Unicode//
အပိုင်း(၅၇၄) ကုန်းမြေပေါ်က နံပါတ်တစ်ပါရမီရှင်
စုလန်ပါးစပ်မှ ထိုစကားများထွက်လာသည့်အခါ
ယန်ဟွေ့အမူအယာက ပျက်ယွင်းသွား၏။
မှန်သည်။ သူသည် စုလန်အား မနာလိုသလို
အားလည်းအားကျခဲ့ရသည်။ ကျင့်ကြံခြင်းအတွက်
လိုအပ်သော ပစ္စည်းများ၊ စွမ်းရည်လေ့ကျင့်
ကျင့်စဉ်များ လုံးလုံးလျားလျားထောက်ပံ့ပေးသည့်
သူ့ကိုချစ်သည့်ဆရာတစ်ယောက်ရနိုင်သည့်
သူ့ကံကောင်းမှုကို အားကျသည်။ အသက်
နှစ်ဆယ့်ငါးနှစ်မှာ သက်တန့်အဆင့်တစ်မှော်ဆရာ
ဖြစ်လာခဲ့သည့် သူ့ပါရမီကိုမနာလိုသည်။
သို့သော်လည်း သူ့ဘဝအစောပိုင်းနှစ်များကတော့
အလွန်ဆိုးဝါးကာ ခလုတ်ကသင်းများအပြည့်ဖြင့်
ဖြစ်၏။ လုံ့လဝီရိယပေါ်မှာသာ အားထားခဲ့ရပြီး
အသက်တစ်ရာပြည့်ဖို့ တဲတဲလေးသာလိုတော့ချိန်တွင်
သက်တန့်အဆင့်သို့ အောင်အောင်မြင်မြင်ချိုးဖျက်
နိုင်ခဲ့သည်။ သူ့တွင်လည်း ထိုကဲ့သို့
သက်သောင့်သက်သာအခြေအနေမျိုးရှိခဲ့လျှင်
စုလန်လို အသက်နှစ်ဆယ်ပိုင်းမှာ အဆင့်တက်ပြီး
လူတိုင်းအားကျရသည့် ပါရမီရှင်တစ်ယောက်
ဖြစ်လာနိုင်ပေသည်။
စုလန် သူတို့ဆရာထံမှ အာရုံစိုက်မှုရယူနိုင်ခဲ့သည့်
အကြောင်းအရင်းမှာ သူငယ်စဉ်က ထောက်ပံ့မှု
များစွာရရှိခဲ့၍ဖြစ်သည်။ မဟုတ်လျှင် သူ့အတွက်
လျှင်မြန်စွာအဆင့်တက်ဖို့ မဖြစ်နိုင်ပေ။ အဆုံးမှာ
သူက ရှစ်ဖု အာရုံကိုဖမ်းနိုင်သွားပြီး တပည့်အဖြစ်
လက်ခံ ခံခဲ့ရသည်။
ယန်ဟွေ့သည် သူ့နှလုံးသားထဲ လျှောက်ပတ်နေသည့်
အတွေးများကို တည်ငြိမ်အောင်ခဲယဉ်းစွာကြိုးစား
လိုက်ရသည်။ သူခေါင်းမော့လိုက်သည့်အခါ
ညီအစ်ကိုကောင်းများကဲ့သို့ ချစ်ခင်လေးစားမှု
အပြည့်ရှိသည့် အပြုံးတစ်ပွင့် ရှိနေသင့်ပေသည်။
"ရှစ်တိရ လူတိုင်းမှာ ကိုယ်ပိုင်ကံတရားရှိကြတယ်။
မင်းနဲ့ငါ့ကံက နှိုင်းလို့မရဘူးဆိုတာတော့မှန်ပါတယ်။
ဒါပေမဲ့ မင်းက ထုံထျန်းတိုက်မကြီးရဲ့နံပါတ်တစ်
ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့တော့ တကယ်ကို
မထိုက်တန်တာ"
စုလန်မှာ ချက်ချင်းဒေါသပုန်ထသွားတော့၏။
သူ့မျက်လုံးထဲမှ မီးတောက်များတောက်လောင်လာပြီး
ယန်ဟွေ့ အင်္ကျီကော်လံကိုဆွဲကာ ကြိမ်းလိုက်သည်။
"သောက်အဓိပ္ပါယ်မရှိတာ! ဒါ့ဖြင့် ဘာလို့များ
ကျုပ်နဲ့မတန်တာတုန်း ပြောပါဦး!"
သူငယ်စဉ်ကပင် နံပါတ်တစ်ပါရမီရှင်ဟု ချီးကျူးခံခဲ့
ရသည်။ ထိုဂုဏ်ပုဒ်ကို သူ့အပိုင်ဟုပင်မှတ်ယူထားပြီ
ဖြစ်ကာ ယခုဆို သူ့အနာဂတ်ကပိုလို့တောင်
တောက်ပနေပြီဖြစ်သည်။ သို့သော် ယန်ဟွေ့က
သူက ထုံထျန်းတိုက်မကြီး၏နံပါတ်တစ်ပါရမီရှင်
မဟုတ်ဟု ပြောနေသည်၊ သူဘယ်လိုလုပ်
ယုံရမှာလဲ။
ယန်ဟွေ့က သူ့လက်ကိုဆုပ်ကိုင်လိုက်ကာ
ပြုံးလျက်ဖြင့်ပင် စုလန်လက်ချောင်းများကို
တစ်ချောင်းပြီးတစ်ချောင်းဖယ်ရှားလိုက်သည်။
"ရှစ်တိရာ မင်းရဲ့ရှစ်ရှုန်းငါက ရှောင်ယောင်
တက္ကသိုလ်မှာသွားတက်ခဲ့တာ မင်းလည်းသိတယ်
မလား။ ရှောင်ယောင်တက္ကသိုလ်မှာ လုပ်နိုင်စွမ်း
မရှိရင် ဘယ်လိုလုပ် ထုံထျန်းတိုက်မကြီးမှာ
နံပါတ်တစ်ကျောင်းတော်ဖြစ်လာနိုင်မှာလဲ"
"အဲ့တော့ ဘာဖြစ်လဲ!" စုလန်က
သဘောမကျဟန်ဖြင့် သူ့လက်ကိုခါထုတ်လိုက်သည်။
ယန်ဟွေ့သည် သူ့ဉာဏ်ရည်အား များစွာမျှော်လင့်
မထား၍ ဆက်ပြောလိုက်သည်။
"ဆိုလိုတာက ရှောင်ယောင်တက္ကသိုလ်မှာ
ပါရမီရှင်တွေ လစ်လပ်မနေဘူးဆိုတာပဲ။
ငါသိသလောက် ထုံထျန်းရဲ့နံပါတ်တစ်ပါရမီရှင်ဖြစ်ဖို့
သင့်တော်တဲ့လူတစ်ယောက်ရှိတယ်။ သူကပဲ
အဲ့ဂုဏ်ပုဒ်နဲ့ထိုက်တန်တာ"
စုလန်မှာ ကြောင်အမ်းသွားသော်လည်း ယန်ဟွေ့က
အတည်ပေါက်ကြီးနှင့် ပြောနေသည့်တိုင်
သူမယုံသေး။ ယန်ဟွေ့က သူ့ကိုအရူးလုပ်နေသည်
ဟုသာ တွေးလိုက်ပြီး ချက်ချင်းထေ့ငေါ့လိုက်၏။
"ကျုပ်ထက်ထိုက်တန်တဲ့သူက ဘယ်သူလဲ
ဆိုစမ်းပါဦး"
"ငါ ရှောင်ယောင်တက္ကသိုလ်ကိုသွားရတဲ့
ရည်ရွယ်ချက်နှစ်ခုရှိတာ မင်းသိတယ်မလား"
ယန်ဟွေ့က အေးဆေးစွာအစပြုလိုက်သည်။
ဤခေါင်းစဉ်က ကိုယ့်ကိုယ်ကိုယ်သိက္ခာကျစေသလို
အနည်းငယ်ရှိသော်လည်း စုလန်မျက်နှာပေါ်က
ယုံကြည်ချက်မာနများ ပြိုလဲသွားသည်ကို
မြင်ရနိုင်မည်ဆိုလျှင် ဘာအန္တရာယ်များ
ဖြစ်နိုင်ပါတော့မလဲ။
"အင်း သိတယ်။ ဒါပေမဲ့ ဒါနဲ့ဘာဆိုင်လို့လဲ။
ခင်ဗျားပြောတဲ့ ပါရမီရှင်ကသူတို့ထဲကလို့တော့
မပြောနဲ့နော်" စုလန်ပုံစံက အထင်သေးဟန်ပေါ်နေ
သည်။
"မှန်တယ်" ယန်ဟွေ့က သူ့ကို ကြည်လင်နေသော
အကြည့်နှင့် လှည့်ကြည့်လာရင်း သူ့မျက်နှာပေါ်တွင်
ရွှင်ပျသောအပြုံးတစ်ပွင့် ပေါ်လာသည်။
"ငါပြောနေတဲ့သူက ယူရှောင်းမိုလို့ခေါ်တယ်။ ငါတို့
နှစ်ယောက်စလုံး ရှောင်ယောင်တက္ကသိုလ်
ကျောင်းသားဖြစ်လာတုန်းက သူ့ဝိဉာဉ်က
အရောင်ခြောက်ရောင်ပြခဲ့တယ်။ သူ့စမ်းသပ်မှုက
မတော်တဆအနှောင့်ယှက်ခံလိုက်ရပေမဲ့ သူက
အရောင်ခုနစ်ရောင်မှန်း လူတိုင်းသိတယ်။ ဒါ့အပြင်
သူက အသက်နှစ်ဆယ့်ငါးတောင်မရှိသေးဘူး၊
ဒါပေမဲ့ သူ့ကျင့်ကြံဆင့်က အခုဘယ်လောက်ရှိပြီလဲ
မင်းသိသလား"
စုလန်အမူအယာက အကျည်းတန်လာသည်။
ယန်ဟွေ့က စိတ်ကသိကအောက်ဖြစ်စေသော
လေသံဖြင့် တမင်တကာပြောလိုက်သည်။
"သူက....... သက်တန့်အဆင့်နှစ်ရောက်နှင့်ပြီးသား"
"မယုံဘူး!" စုလန်မျက်လုံးများက ဒေါသကြောင့်
နီရဲလာသည်။
"မင်းယုံချင်ယုံ မယုံချင်နေ။ မင်းက
နှစ်ဆယ့်ငါးနှစ်မှာ အဆင့်တစ်ပဲရှိသေးတယ်။
သူ မင်းအသက်လောက်ရောက်လို့ရှိရင်
အဆင့်သုံး၊ လေးလောက် ရောက်နေလောက်ပြီ။
ဘယ်လိုပဲနေနေ မင်းသူ့ကိုမှီမှာမဟုတ်ဘူး"
ယန်ဟွေ့သည် စုလန်ခံစားရတာ မလုံလောက်သေးဟု
ထင်နေသလားပင်။
မူလက စကားပြောဖို့ရန်ပင် ဒေါသထွက်လွန်းနေသည့်
စုလန်သည် ရုတ်တရက်ကြီးထရယ်တော့၏။
ယန်ဟွေ့ မျက်မှောင်ကျုံ့သွားသည်။
"ဘာရယ်စရာပါလို့လဲ"
စုလန်က ထေ့ငေါ့သည်။
"ကျုပ်အညာမိတော့မလို့။ လိမ်ချင်ရင်လည်း
ယုတ္တိရှိဦးမှပေါ့။ သူက ပါရမီရှင်ဆိုရင်တောင်
နှစ်အနည်းငယ်လေးအတွင်း အဆင့်ထပ်တက်ဖို့
မဖြစ်နိုင်ဘူး။ ခင်ဗျားလည်း ကြုံဖူးမှာပါ။
သက်တန့်အဆင့်မှော်ဆရာတွေ အဆင့်တက်ဖို့
လွယ်တယ်များမှတ်နေလား။ အဆင့်နှစ်ကို
မပြောနဲ့ဦး၊ အဆင့်တစ်ဆိုရင်တောင် အကုန်
ဖြစ်နိုင်ကြတာမဟုတ်ဘူး"
သူရယ်နေသည်ကို ယန်ဟွေ့တွေးမိသည်။
သူဆိုလျှင်လည်း ကိုယ့်မျက်လုံးနှစ်လုံးနှင့်
မြင်ရ၍မှမဟုတ်လျှင် လူတစ်ယောက်က
အဆင့်တက်ခြင်းကို အစားစားသလောက်
လွယ်ကူသည်ဟုတွေးနေကြောင်း ယုံမည်မဟုတ်ပေ။
သူ့ခရီးမှပြန်လာတိုင်း သူ့ကျင့်ကြံဆင့်က တည်ငြိမ်စွာ
မြင့်လာတတ်သည်။
ယန်ဟွေ့သည် စုလန်၏လှောင်ရယ်မှုကို
ဂရုမထားဘဲ အေးဆေးစွာပြောလိုက်၏။
"သူကျောင်းသားဖြစ်လာတုန်းက နှစ်ဆယ့်နှစ်နှစ်ပဲ
ရှိသေးတယ်။ ငါသေသေချာချာတော့မမှတ်မိတော့
ပေမဲ့ အဲ့တုန်းက သူ အဆင့်ကိုးကိုမှ အလယ်ဆင့်လား
အထက်ဆင့်လားပဲရှိသေးတာ။ အခု အများဆုံး
တစ်နှစ်၊ နှစ်နှစ်ပဲရှိသေးတဲ့အချိန်မှာ သူက
သက်တန့်အဆင့်နှစ်မှော်ဆရာဖြစ်နေပြီ"
စုလန်မျက်လုံးများမှာ ကျွတ်ကျတော့မတတ်ပင်။
ပွင့်လင်းစွာပင် ယန်ဟွေ့က သူ့အပေါ်
စိတ်ဒဏ်ရာကြီးတစ်ခုပေးခဲ့သည်။ စုလန်မှာ
သူ့ထိုင်ခုံမှ တစ်ခါတည်းဆင်းပေးသင့်လေသည်။
သူတို့ပြောနေသည့် အဓိကဇာတ်ကောင်က
ထောင့်လေးတစ်ထောင့်မှာ ပုန်းပြီး သူတို့ပြောသမျှ
အကုန်ကြားပြီဖြစ်ကြောင်း သူတို့နှစ်ယောက်စလုံး
သတိမထားမိကြချေ။
ယူရှောင်းမိုသည် ရှက်ရှက်ဖြင့် လင်းရှောင်ရင်ဘတ်ထဲ
ခေါင်းတိုးဝင်သွားလေသည်။ ယန်ဟွေ့ သူ့ကို
တအားမြှောက်ပင့်ပြောနေသည်ကို နားထောင်
ရသည်မှာ အနည်းငယ်ရှက်ဖို့ကောင်းသည်။
ယန်ဟွေ့မှာ အကြံအစည်များရှိနေသော်လည်း
မြှောက်ပင့်စကားကို မကြိုက်သူမရှိချေ။
"ခင်ဗျားရော ကျွန်တော်က ထုံထျန်းရဲ့
နံပါတ်တစ်ပါရမီရှင်လို့ထင်လား။ ဟီးဟီး"
ယူရှောင်းမိုက လင်းရှောင်ရင်ဘတ်ကို တိုးဝှေ့နေရင်း
လင်းရှောင်နားထဲသို့ တဟီးဟီးရယ်သံက
ပျံ့လွင့်လာသည်။ ယူရှောင်းမိုမှာ မြှောက်ပင့်
စကားများအတွက် ဒုတိယလူ၏အတည်ပြုချက်
အရေးပေါ်လိုအပ်နေသည်။
လင်းရှောင်မှလွဲ အခြားလူမရှိသဖြင့် သူလည်း
ရွေးချယ်စရာမရှိပေ။
"တကယ်သိချင်လား"
လင်းရှောင်တွင် "တောင်ကြီးပြိုလဲသွားလျှင်တောင်
အမူအယာပြောင်းလဲမည်မဟုတ်" သည့်အမူအယာ
ရှိနေ၏၊ ထို့နောက် သူ့မေးခွန်းကိုကြားတော့
ယူရှောင်းမိုခေါင်းလေးကို ပုတ်လိုက်သည်။
ယူရှောင်းမိုသည် ခဏလောက်တိတ်ဆိတ်သွားပြီးမှ၊
"....... ထားလိုက်ပါတော့"
ပါရမီရှင်များတွင် ပါရမီရှင်ဟူသည့်ဂုဏ်ပုဒ်နှင့်အညီ
ဉာဏ်ရည်များရှိကြသည်။ သူ့ဘေးမှာလည်း
သူ့ယုံကြည်ချက်ပြိုလဲအောင်လုပ်ရာတွင်
အထူးပြုထားသည့် ပါရမီရှင်တစ်ဦးရှိနေ၏
ယူရှောင်းမိုမှာ သူ့ကိုယ်သူအနိုင်ကျင့်ခံရအောင်
လမ်းစရှာနေပြန်ပြီလားဟု အတွေးဝင်မိသွားသည်။
လင်းရှောင်က ရုတ်တရက်ရယ်မောလိုက်သည်။
"အိုး ဆိုးလိုက်တာ။ ကိုယ်ကချီးကျူးမလို့ဟာကို"
ယူရှောင်းမို— "..........."
တစ်ဆိတ်လောက်...ဖြစ်ခဲ့တာကိုကျွန်တော်ပြန်ရစ်
လို့ရမလားဗျာ?
အဓိကအချက်ကိုပြန်သွားလျှင်။ သူတို့စကားအရ
သူ့ရှစ်ဖုက ယန်ဟွေ့ကို ရှောင်ယောင်တက္ကသိုလ်သို့
စေလွှတ်ပြီး သူတို့လှုပ်ရှားမှုများကို စောင့်ကြည့်ခိုင်း
ခဲ့သည်။ သို့သော်လည်း သူတို့မှာ အခြားတစ်ဖက်က
ဘယ်သူဘယ်ဝါမှန်း မသိရသေး၊ တစ်ဖက်လူက
သူတို့ကိုနားလည်သင့်သလောက်နားလည်မှန်းကတော့
ထင်ရှားလှသည်။ ရန်သူက အရိပ်ထဲတွင်ရှိနေစဉ်
သူတို့က အလင်းထဲမှာရှိနေခြင်းက သူတို့အတွက်
အရေးမသာချေ။ ထို့ကြောင့် သူ့ရှစ်ဖုကဘယ်သူမှန်း
အရင်စုံစမ်းရပေမည်။
ရှစ်ရှုန်းနှင့် ရှစ်တိတို့သည် နောက်ဆုံး၌
မကျေမချမ်းမှုများဖြင့် ခွဲခွာလိုက်ကြ၏။
အသုံးဝင်မည့်အချက်အလက် ရနိုင်တော့မည်
မဟုတ်လောက်ချေ။ သူတို့နှစ်ယောက်လည်း
ချက်ချင်း ပြန်ထွက်လာခဲ့ကြတော့သည်။
သူတို့တည်းခိုခန်းသို့ပြန်ရောက်ချိန်မှာ အရုဏ်တက်
တော့မည်။
ယူရှောင်းမိုသည် အိပ်ယာပေါ်မှာ ခဏလောက်
ဟိုလှိမ့်သည်လှိမ့်လုပ်နေပြီး နောက်ဆုံးရပ်တန့်လိုက်
၏။ ဝမ်းလျားမှောက်ရင်း လင်းရှောင်တစ်ယောက်
အေးနေပြီဖြစ်သည့်လက်ဖက်ရည်ကို
အပူပေးနေသည်ကို ကြည့်နေလိုက်သည်။ သူ
မပူဆွေးဘဲမနေနိုင်ချေ၊ မီးအသုံးပြုနိုင်သည့်
လူများက တကယ်ကိုကွဲပြားသည်။ ချက်ပြုတ်ချိန်မှာ
ဖြစ်ဖြစ် အစားအသောက်ပူပူနွေးနွေးလေး
စားချင်သည့်အခါမှာဖြစ်ဖြစ် ထင်းမရှိမှာပူဖို့
မလိုပေ။
"သောက်ဦးမလား" လင်းရှောင်က ကရားအိုးထဲမှ
အငွေ့တထောင်းထောင်းထနေသည့် လက်ဖက်ရည်
တစ်ခွက်ငှဲ့လိုက်သည်။
ယူရှောင်းမို ချက်ချင်း အိပ်ယာပေါ်ကထပြီး
လှိမ့်သွားလိုက်၏။
လင်းရှောင်က ကရားအိုးကိုသူ့လက်ထဲထည့်လိုက်
သည်။
"ကိုယ့်ဘာကိုယ်ငှဲ့သောက်"
ယူရှောင်းမိုသည် တစ်ခဏကြာအောင် သူ့ကို
အထင်သေးစက်ဆုပ်သည့်အကြည့်ဖြင့်
ပေစောင်းစောင်းကြည့်လိုက်၏။
သူ့ဇနီးအတွက် လက်ဖက်ရည်လေးတစ်ခွက်တောင်
ငှဲ့မတိုက်ချင်ဘူး။ စိတ်ပျက်စရာပဲ။
"ဆက်နေဦးမှာလား"
"ယန်ဟွေ့ရည်ရွယ်ချက်ကို မင်းသိချင်နေတာ
မဟုတ်ဘူးလား"
လင်းရှောင်က နှစ်ခြိုက်ပျော်ရွှင်သည့်အမူအယာဖြင့်
လက်ဖက်ရည်ကို သောက်လိုက်သည်။
ယူရှောင်းမိုမှာ ဤအမူအယာကိုမြင်လိုက်ရချိန်တိုင်း
လင်းရှောင် သရဲဝင်ပူးခံထားရသလားဟု
တွေးမိလေသည်။
"သိချင်တယ်၊ ဒါပေမဲ့ သူ့ရှစ်ဖုက ဘယ်တော့
ပေါ်လာမလဲမသိဘူးလေ။ နေ့တိုင်း သူတို့နောက်
လိုက်ကြည့်နေလို့မှမရတာ။ ခင်ဗျားက အတွင်း
ဒဏ်ရာတွေ ကုရဦးမယ်၊ ကျွန်တော်ကလည်း
အဆင့်တက်ဖို့ကြိုးစားရဦးမယ်။ ကျွန်တော်တို့
နှစ်ယောက်လုံး အားမှမအားတာလေ!"
ယူရှောင်းမို နည်းနည်းနောင်တရလာသည်။
ရှဲ့ချုံးတို့သာရှိနေလျှင် အဆင်ပြေနေလောက်ပြီ။
လင်းရှောင်က ခွက်ကိုအောက်ချလိုက်ပြီး
သူ့ကို ငှဲ့ပေးဖို့အချက်ပြလာသည်။
ယူရှောင်းမိုလည်း ငှဲ့ပေးလိုက်၏။ ငှဲ့ပေးပြီးတော့မှ
လက်စားချေဖို့ အခွင့်အရေးကိုလွဲချော်သွားကြောင်း
သတိပြုမိသည်။ သူက တော်တော့်ကို
ကြင်နာတတ်နေတော့လည်း.....။
လင်းရှောင်က တစ်ငုံထပ်သောက်ပြီးမှ၊
"ကိုယ်တို့မအားပေမဲ့ တစ်ချို့တစ်ချို့တွေကတော့
အားနေတယ်လေ"
"ဘယ်သူလဲ"
လင်းရှောင်က ပြန်မဖြေဘဲ သူ့အကြည့်က
သူ့ရင်ဘတ်ပေါ်ကျလာသည်။
ယူရှောင်းမိုလည်း သူ့အတိုင်း သူ့အင်္ကျီကို
လိုက်ကြည့်လိုက်သည်။ ထိုစဉ် သတ္တုစားသားရဲလေး
နှင့် ရွှေတောင်ပံပိုးကောင်နှစ်ကောင်က
ခေါင်းလေးများထွက်လာကာ သူ့အင်္ကျီပေါ်မှာ
ပျော့ဖတ်ဖတ်နှင့် တွဲလွဲခိုနေကြလေသည်။
ဟုတ်သား၊ နေ့တိုင်း စားသောက်ပြီးဆော့နေတဲ့
အသင့်သုံးလို့ရတဲ့ အလုပ်သမားတွေရှိနေတာပဲ
မလား။
သူတို့အလုပ်လုပ်ရမည့်အချိန်ပင်၊ မဟုတ်လျှင်
သူတို့ကို ချီးယိုသေးပေါက်ကစ လိုက်လုပ်ပေးရသည့်
ကလေးများလို ပျိုးထောင်ပေးထားရသည့်
သူ့လုပ်အားများ အလကားဖြစ်သွားပေလိမ့်မည်။
ရုတ်တရက် ယူရှောင်းမို တစ်ခုအမှတ်ရသွားသည်။
"ထျန်းသောက်တို့ပြောဖူးတာလေ၊ ရွှေတောင်ပံ
ပိုးကောင် အထီးနဲ့အမကထုတ်တဲ့ ရွှေပိုးမျှင်က
ပုံမှန်ဟာတွေထက် ဆယ်ဆပိုခိုင်တယ်ဆို။
ဒါပေမဲ့ အခုထိ သူတို့မိတ်လိုက်တာလည်း
မမြင်ရပါလား။ ဒီလိုဆို ဘယ်လိုလုပ်ပြီး
ရွှေပိုးမျှင်ထုတ်ကြတော့မလဲ"
လင်းရှောင်က မေးစေ့ကိုထိပြီး စဉ်းစားခန်းဝင်သွား
လေသည်။ သူလည်း ဘယ်လိုလုပ်ရမည်မှန်း
မသိချေ။
"ရွှေပိုးမျှင် လိုချင်တယ်ဆိုရင်လည်း သူတို့အတွက်
ကာမအားတိုးဆေးနည်းနည်း လုပ်ပေးလိုက်ပေါ့။
အလုပ်ကိုတော့ သတ္တုစားသားရဲလေးကိုပဲ
အရင်ခိုင်းလိုက်"
"ဒါက..... သိပ်မကောင်းဘူးနော်"
ယူရှောင်းမို နှာခေါင်းကိုထိလိုက်သည်။ ထိုတော့မှ
လင်းရှောင်ပြောတာကို ရုတ်ခြည်းနားလည်သွားပြီး
အလန့်တကြားဖြစ်သွားတော့သည်။
"ကာမအားတိုးဆေးကို တကယ်လုပ်ခိုင်းနေတာ
မဟုတ်ဘူးမလား"
လင်းရှောင်က တည်ငြိမ်စွာပြန်ဖြေလေသည်။
"မှော်ဆေးလုံးတွေက လူတွေရောဂါပျောက်ဖို့တို့
ဒဏ်ရာကုဖို့တို့အတွက်ချည်းပဲ မဟုတ်ဘူး။
ထူးထူးဆန်းဆန်းတီထွင်တဲ့ လူတွေရှိတတ်တာပဲ၊
အထူးသဖြင့် ကာမအားတိုးဆေးလို
မှော်ဆေးလုံးတွေ"
ယူရှောင်းမို ဘိုးဘေးတန့်ချင်း၏ကျောက်စိမ်း
ပေလွှာကို တွေးမိသွားသည်။ ထိုအဘိုးကြီးမှာ
ဤသို့သောဆေးလုံးမျိုး ရှိလောက်မည်လား။
"ဒါဆို.... စမ်းကြည့်လိုက်မယ်လေနော...."
_________________________
//Zawgyi//
အပိုင္း(၅၇၄) ကုန္းေျမေပၚက နံပါတ္တစ္ပါရမီရွင္
စုလန္ပါးစပ္မွ ထိုစကားမ်ားထြက္လာသၫ့္အခါ
ယန္ေဟြ့အမူအယာကပ်က္ယြင္းသြား၏။
မွန္သည္။ သူသည္ စုလန္အား မနာလိုသလို
အားလည္းအားက်ခဲ့ရသည္။ က်င့္ႀကံျခင္းအတြက္
လိုအပ္ေသာ ပစၥည္းမ်ား၊ စြမ္းရည္ေလ့က်င့္
က်င့္စဉ္မ်ား လံုးလံုးလ်ားလ်ားေထာက္ပံ့ေပးသၫ့္
သူ႔ကိုခ်စ္သၫ့္ဆရာတစ္ေယာက္ရႏိုင္သၫ့္
သူ႔ကံေကာင္းမႈကို အားက်သည္။ အသက္
ႏွစ္ဆယ့္ငါးႏွစ္မွာ သက္တန႔္အဆင့္တစ္ေမွာ္ဆရာ
ျဖစ္လာခဲ့သၫ့္ သူ႔ပါရမီကိုမနာလိုသည္။
သို႔ေသာ္လည္း သူ႔ဘဝအေစာပိုင္းႏွစ္မ်ားကေတာ့
အလြန္ဆိုးဝါးကာ ခလုတ္ကသင္းမ်ားအျပၫ့္ျဖင့္
ျဖစ္၏။ လံု႔လဝီရိယေပၚမွာသာ အားထားခဲ့ရၿပီး
အသက္တစ္ရာျပၫ့္ဖို႔ တဲတဲေလးသာလိုေတာ့ခ်ိန္တြင္
သက္တန႔္အဆင့္သို႔ ေအာင္ေအာင္ျမင္ျမင္ခ်ိဳးဖ်က္
ႏိုင္ခဲ့သည္။ သူ႔တြင္လည္း ထိုကဲ့သို႔
သက္ေသာင့္သက္သာအေျခအေနမ်ိဳးရိွခဲ့လ်ွင္
စုလန္လို အသက္ႏွစ္ဆယ္ပိုင္းမွာ အဆင့္တက္ၿပီး
လူတိုင္းအားက်ရသၫ့္ ပါရမီရွင္တစ္ေယာက္
ျဖစ္လာႏိုင္ေပသည္။
စုလန္ သူတို႔ဆရာထံမွ အာရံုစိုက္မႈရယူႏိုင္ခဲ့သၫ့္
အေၾကာင္းအရင္းမွာ သူငယ္စဉ္က ေထာက္ပံ့မႈ
မ်ားစြာရရိွခဲ့၍ျဖစ္သည္။ မဟုတ္လ်ွင္ သူ႔အတြက္
လ်ွင္ျမန္စြာအဆင့္တက္ဖို႔ မျဖစ္ႏိုင္ေပ။ အဆံုးမွာ
သူက ရွစ္ဖု အာရံုကိုဖမ္းႏိုင္သြားၿပီး တပၫ့္အျဖစ္
လက္ခံ ခံခဲ့ရသည္။
ယန္ေဟြ့သည္ သူ႔ႏွလံုးသားထဲ ေလ်ွာက္ပတ္ေနသၫ့္
အေတြးမ်ားကို တည္ၿငိမ္ေအာင္ခဲယဉ္းစြာႀကိဳးစား
လိုက္ရသည္။ သူေခါင္းေမာ့လိုက္သၫ့္အခါ
ညီအစ္ကိုေကာင္းမ်ားကဲ့သို႔ ခ်စ္ခင္ေလးစားမႈ
အျပၫ့္ရိွသၫ့္ အႃပံုးတစ္ပြင့္ ရိွေနသင့္ေပသည္။
"ရွစ္တိရ လူတိုင္းမွာ ကိုယ္ပိုင္ကံတရားရိွၾကတယ္။
မင္းနဲ႔ငါ့ကံက ႏိႈင္းလို႔မရဘူးဆိုတာေတာ့မွန္ပါတယ္။
ဒါေပမဲ့ မင္းက ထံုထ်န္းတိုက္မႀကီးရဲ့နံပါတ္တစ္
ပါရမီရွင္ဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ေတာ့ တကယ္ကို
မထိုက္တန္တာ"
စုလန္မွာ ခ်က္ခ်င္းေဒါသပုန္ထသြားေတာ့၏။
သူ႔မ်က္လံုးထဲမွ မီးေတာက္မ်ားေတာက္ေလာင္လာၿပီး
ယန္ေဟြ့ အက်ႌေကာ္လံကိုဆဲြကာ ႀကိမ္းလိုက္သည္။
"ေသာက္အဓိပၸါယ္မရိွတာ! ဒါ့ျဖင့္ ဘာလို႔မ်ား
က်ဳပ္နဲ႔မတန္တာတုန္း ေျပာပါဦး!"
သူငယ္စဉ္ကပင္ နံပါတ္တစ္ပါရမီရွင္ဟု ခ်ီးက်ူးခံခဲ့
ရသည္။ ထိုဂုဏ္ပုဒ္ကို သူ႔အပိုင္ဟုပင္မွတ္ယူထားၿပီ
ျဖစ္ကာ ယခုဆို သူ႔အနာဂတ္ကပိုလို႔ေတာင္
ေတာက္ပေနၿပီျဖစ္သည္။ သို႔ေသာ္ ယန္ေဟြ့က
သူက ထံုထ်န္းတိုက္မႀကီး၏နံပါတ္တစ္ပါရမီရွင္
မဟုတ္ဟု ေျပာေနသည္၊ သူဘယ္လိုလုပ္
ယံုရမွာလဲ။
ယန္ေဟြ့က သူ႔လက္ကိုဆုပ္ကိုင္လိုက္ကာ
ႃပံုးလ်က္ျဖင့္ပင္ စုလန္လက္ေခ်ာင္းမ်ားကို
တစ္ေခ်ာင္းၿပီးတစ္ေခ်ာင္းဖယ္ရွားလိုက္သည္။
"ရွစ္တိရာ မင္းရဲ့ရွစ္ရႈန္းငါက ေရွာင္ေယာင္
တကၠသိုလ္မွာသြားတက္ခဲ့တာ မင္းလည္းသိတယ္
မလား။ ေရွာင္ေယာင္တကၠသိုလ္မွာ လုပ္ႏိုင္စြမ္း
မရိွရင္ ဘယ္လိုလုပ္ ထံုထ်န္းတိုက္မႀကီးမွာ
နံပါတ္တစ္ေက်ာင္းေတာ္ျဖစ္လာႏိုင္မွာလဲ"
"အဲ့ေတာ့ ဘာျဖစ္လဲ!" စုလန္က
သေဘာမက်ဟန္ျဖင့္ သူ႔လက္ကိုခါထုတ္လိုက္သည္။
ယန္ေဟြ့သည္ သူ႔ဉာဏ္ရည္အား မ်ားစြာေမ်ွာ္လင့္
မထား၍ ဆက္ေျပာလိုက္သည္။
"ဆိုလိုတာက ေရွာင္ေယာင္တကၠသိုလ္မွာ
ပါရမီရွင္ေတြ လစ္လပ္မေနဘူးဆိုတာပဲ။
ငါသိသေလာက္ ထံုထ်န္းရဲ့နံပါတ္တစ္ပါရမီရွင္ျဖစ္ဖို႔
သင့္ေတာ္တဲ့လူတစ္ေယာက္ရိွတယ္။ သူကပဲ
အဲ့ဂုဏ္ပုဒ္နဲ႔ထိုက္တန္တာ"
စုလန္မွာ ေၾကာင္အမ္းသြားေသာ္လည္း ယန္ေဟြ့က
အတည္ေပါက္ႀကီးႏွင့္ ေျပာေနသၫ့္တိုင္
သူမယံုေသး။ ယန္ေဟြ့က သူ႔ကိုအရူးလုပ္ေနသည္
ဟုသာ ေတြးလိုက္ၿပီး ခ်က္ခ်င္းေထ့ေငါ့လိုက္၏။
"က်ဳပ္ထက္ထိုက္တန္တဲ့သူက ဘယ္သူလဲ
ဆိုစမ္းပါဦး"
"ငါ ေရွာင္ေယာင္တကၠသိုလ္ကိုသြားရတဲ့
ရည္ရြယ္ခ်က္ႏွစ္ခုရိွတာ မင္းသိတယ္မလား"
ယန္ေဟြ့က ေအးေဆးစြာအစျပဳလိုက္သည္။
ဤေခါင္းစဉ္က ကိုယ့္ကိုယ္ကိုယ္သိကၡာက်ေစသလို
အနည္းငယ္ရိွေသာ္လည္း စုလန္မ်က္ႏွာေပၚက
ယံုၾကည္ခ်က္မာနမ်ား ၿပိဳလဲသြားသည္ကို
ျမင္ရႏိုင္မည္ဆိုလ်ွင္ ဘာအႏၲရာယ္မ်ား
ျဖစ္ႏိုင္ပါေတာ့မလဲ။
"အင္း သိတယ္။ ဒါေပမဲ့ ဒါနဲ႔ဘာဆိုင္လို႔လဲ။
ခင္ဗ်ားေျပာတဲ့ ပါရမီရွင္ကသူတို႔ထဲကလို႔ေတာ့
မေျပာနဲ႔ေနာ္" စုလန္ပံုစံက အထင္ေသးဟန္ေပၚေန
သည္။
"မွန္တယ္" ယန္ေဟြ့က သူ႔ကို ၾကည္လင္ေနေသာ
အၾကၫ့္ႏွင့္ လွၫ့္ၾကၫ့္လာရင္း သူ႔မ်က္ႏွာေပၚတြင္
ရႊင္ပ်ေသာအႃပံုးတစ္ပြင့္ ေပၚလာသည္။
"ငါေျပာေနတဲ့သူက ယူေရွာင္းမိုလို႔ေခၚတယ္။ ငါတို႔
ႏွစ္ေယာက္စလံုး ေရွာင္ေယာင္တကၠသိုလ္
ေက်ာင္းသားျဖစ္လာတုန္းက သူ႔ဝိဉာဉ္က
အေရာင္ေျခာက္ေရာင္ျပခဲ့တယ္။ သူ႔စမ္းသပ္မႈက
မေတာ္တဆအေနွာင့္ယွက္ခံလိုက္ရေပမဲ့ သူက
အေရာင္ခုနစ္ေရာင္မွန္း လူတိုင္းသိတယ္။ ဒါ့အျပင္
သူက အသက္ႏွစ္ဆယ့္ငါးေတာင္မရိွေသးဘူး၊
ဒါေပမဲ့ သူ႔က်င့္ႀကံဆင့္က အခုဘယ္ေလာက္ရိွၿပီလဲ
မင္းသိသလား"
စုလန္အမူအယာက အက်ည္းတန္လာသည္။
ယန္ေဟြ့က စိတ္ကသိကေအာက္ျဖစ္ေစေသာ
ေလသံျဖင့္ တမင္တကာေျပာလိုက္သည္။
"သူက....... သက္တန႔္အဆင့္ႏွစ္ေရာက္ႏွင့္ၿပီးသား"
"မယံုဘူး!" စုလန္မ်က္လံုးမ်ားက ေဒါသေၾကာင့္
နီရဲလာသည္။
"မင္းယံုခ်င္ယံု မယံုခ်င္ေန။ မင္းက
ႏွစ္ဆယ့္ငါးႏွစ္မွာ အဆင့္တစ္ပဲရိွေသးတယ္။
သူ မင္းအသက္ေလာက္ေရာက္လို႔ရိွရင္
အဆင့္သံုး၊ ေလးေလာက္ ေရာက္ေနေလာက္ၿပီ။
ဘယ္လိုပဲေနေန မင္းသူ႔ကိုမွီမွာမဟုတ္ဘူး"
ယန္ေဟြ့သည္ စုလန္ခံစားရတာ မလံုေလာက္ေသးဟု
ထင္ေနသလားပင္။
မူလက စကားေျပာဖို႔ရန္ပင္ ေဒါသထြက္လြန္းေနသၫ့္
စုလန္သည္ ရုတ္တရက္ႀကီးထရယ္ေတာ့၏။
ယန္ေဟြ့ မ်က္ေမွာင္က်ဳံ႔သြားသည္။
"ဘာရယ္စရာပါလို႔လဲ"
စုလန္က ေထ့ေငါ့သည္။
"က်ဳပ္အညာမိေတာ့မလို႔။ လိမ္ခ်င္ရင္လည္း
ယုတၲိရိွဦးမွေပါ့။ သူက ပါရမီရွင္ဆိုရင္ေတာင္
ႏွစ္အနည္းငယ္ေလးအတြင္း အဆင့္ထပ္တက္ဖို႔
မျဖစ္ႏိုင္ဘူး။ ခင္ဗ်ားလည္း ႄကံုဖူးမွာပါ။
သက္တန႔္အဆင့္ေမွာ္ဆရာေတြ အဆင့္တက္ဖို႔
လြယ္တယ္မ်ားမွတ္ေနလား။ အဆင့္ႏွစ္ကို
မေျပာနဲ႔ဦး၊ အဆင့္တစ္ဆိုရင္ေတာင္ အကုန္
ျဖစ္ႏိုင္ၾကတာမဟုတ္ဘူး"
သူရယ္ေနသည္ကို ယန္ေဟြ့ေတြးမိသည္။
သူဆိုလ်ွင္လည္း ကိုယ့္မ်က္လံုးႏွစ္လံုးႏွင့္
ျမင္ရ၍မွမဟုတ္လ်ွင္ လူတစ္ေယာက္က
အဆင့္တက္ျခင္းကို အစားစားသေလာက္
လြယ္ကူသည္ဟုေတြးေနေၾကာင္း ယံုမည္မဟုတ္ေပ။
သူ႔ခရီးမျွပန္လာတိုင္း သူ႔က်င့္ႀကံဆင့္က တည္ၿငိမ္စြာ
ျမင့္လာတတ္သည္။
ယန္ေဟြ့သည္ စုလန္၏ေလွာင္ရယ္မႈကို
ဂရုမထားဘဲ ေအးေဆးစြာေျပာလိုက္၏။
"သူေက်ာင္းသားျဖစ္လာတုန္းက ႏွစ္ဆယ့္ႏွစ္ႏွစ္ပဲ
ရိွေသးတယ္။ ငါေသေသခ်ာခ်ာေတာ့မမွတ္မိေတာ့
ေပမဲ့ အဲ့တုန္းက သူ အဆင့္ကိုးကိုမွ အလယ္ဆင့္လား
အထက္ဆင့္လားပဲရိွေသးတာ။ အခု အမ်ားဆံုး
တစ္ႏွစ္၊ ႏွစ္ႏွစ္ပဲရိွေသးတဲ့အခ်ိန္မွာ သူက
သက္တန႔္အဆင့္ႏွစ္ေမွာ္ဆရာျဖစ္ေနၿပီ"
စုလန္မ်က္လံုးမ်ားမွာ ကၽြတ္က်ေတာ့မတတ္ပင္။
ပြင့္လင္းစြာပင္ ယန္ေဟြ့က သူ႔အေပၚ
စိတ္ဒဏ္ရာႀကီးတစ္ခုေပးခဲ့သည္။ စုလန္မွာ
သူ႔ထိုင္ခံုမွ တစ္ခါတည္းဆင္းေပးသင့္ေလသည္။
သူတို႔ေျပာေနသၫ့္ အဓိကဇာတ္ေကာင္က
ေထာင့္ေလးတစ္ေထာင့္မွာ ပုန္းၿပီး သူတို႔ေျပာသမ်ွ
အကုန္ၾကားၿပီျဖစ္ေၾကာင္း သူတို႔ႏွစ္ေယာက္စလံုး
သတိမထားမိၾကေခ်။
ယူေရွာင္းမိုသည္ ရွက္ရွက္ျဖင့္ လင္းေရွာင္ရင္ဘတ္ထဲ
ေခါင္းတိုးဝင္သြားေလသည္။ ယန္ေဟြ့ သူ႔ကို
တအားၿမွောက္ပင့္ေျပာေနသည္ကို နားေထာင္
ရသည္မွာ အနည္းငယ္ရွက္ဖို႔ေကာင္းသည္။
ယန္ေဟြ့မွာ အႀကံအစည္မ်ားရိွေနေသာ္လည္း
ၿမွောက္ပင့္စကားကို မႀကိဳက္သူမရိွေခ်။
"ခင္ဗ်ားေရာ ကၽြန္ေတာ္က ထံုထ်န္းရဲ့
နံပါတ္တစ္ပါရမီရွင္လို႔ထင္လား။ ဟီးဟီး"
ယူေရွာင္းမိုက လင္းေရွာင္ရင္ဘတ္ကို တိုးေဝ႔ွေနရင္း
လင္းေရွာင္နားထဲသို႔ တဟီးဟီးရယ္သံက
ပ်ံ႔လြင့္လာသည္။ ယူေရွာင္းမိုမွာ ၿမွောက္ပင့္
စကားမ်ားအတြက္ ဒုတိယလူ၏အတည္ျပဳခ်က္
အေရးေပၚလိုအပ္ေနသည္။
လင္းေရွာင္မွလဲြ အျခားလူမရိွသျဖင့္ သူလည္း
ေရြးခ်ယ္စရာမရိွေပ။
"တကယ္သိခ်င္လား"
လင္းေရွာင္တြင္ "ေတာင္ႀကီးၿပိဳလဲသြားလ်ွင္ေတာင္
အမူအယာေျပာင္းလဲမည္မဟုတ္" သၫ့္အမူအယာ
ရိွေန၏၊ ထို႔ေနာက္ သူ႔ေမးခြန္းကိုၾကားေတာ့
ယူေရွာင္းမိုေခါင္းေလးကို ပုတ္လိုက္သည္။
ယူေရွာင္းမိုသည္ ခဏေလာက္တိတ္ဆိတ္သြားၿပီးမွ၊
"....... ထားလိုက္ပါေတာ့"
ပါရမီရွင္မ်ားတြင္ ပါရမီရွင္ဟူသၫ့္ဂုဏ္ပုဒ္ႏွင့္အညီ
ဉာဏ္ရည္မ်ားရိွၾကသည္။ သူ႔ေဘးမွာလည္း
သူ႔ယံုၾကည္ခ်က္ၿပိဳလဲေအာင္လုပ္ရာတြင္
အထူးျပဳထားသၫ့္ ပါရမီရွင္တစ္ဦးရိွေန၏
ယူေရွာင္းမိုမွာ သူ႔ကိုယ္သူအႏိုင္က်င့္ခံရေအာင္
လမ္းစရွာေနျပန္ၿပီလားဟု အေတြးဝင္မိသြားသည္။
လင္းေရွာင္က ရုတ္တရက္ရယ္ေမာလိုက္သည္။
"အိုး ဆိုးလိုက္တာ။ ကိုယ္ကခ်ီးက်ူးမလို႔ဟာကို"
ယူေရွာင္းမို— "..........."
တစ္ဆိတ္ေလာက္...ျဖစ္ခဲ့တာကိုကၽြန္ေတာ္ျပန္ရစ္
လို႔ရမလားဗ်ာ?
အဓိကအခ်က္ကိုျပန္သြားလ်ွင္။ သူတို႔စကားအရ
သူ႔ရွစ္ဖုက ယန္ေဟြ့ကို ေရွာင္ေယာင္တကၠသိုလ္သို႔
ေစလႊတ္ၿပီး သူတို႔လႈပ္ရွားမႈမ်ားကို ေစာင့္ၾကၫ့္ခိုင္း
ခဲ့သည္။ သို႔ေသာ္လည္း သူတို႔မွာ အျခားတစ္ဖက္က
ဘယ္သူဘယ္ဝါမွန္း မသိရေသး၊ တစ္ဖက္လူက
သူတို႔ကိုနားလည္သင့္သေလာက္နားလည္မွန္းကေတာ့
ထင္ရွားလွသည္။ ရန္သူက အရိပ္ထဲတြင္ရိွေနစဉ္
သူတို႔က အလင္းထဲမွာရိွေနျခင္းက သူတို႔အတြက္
အေရးမသာေခ်။ ထို႔ေၾကာင့္ သူ႔ရွစ္ဖုကဘယ္သူမွန္း
အရင္စံုစမ္းရေပမည္။
ရွစ္ရႈန္းႏွင့္ ရွစ္တိတို႔သည္ ေနာက္ဆံုး၌
မေက်မခ်မ္းမႈမ်ားျဖင့္ ခဲြခြာလိုက္ၾက၏။
အသံုးဝင္မၫ့္အခ်က္အလက္ ရႏိုင္ေတာ့မည္
မဟုတ္ေလာက္ေခ်။ သူတို႔ႏွစ္ေယာက္လည္း
ခ်က္ခ်င္း ျပန္ထြက္လာခဲ့ၾကေတာ့သည္။
သူတို႔တည္းခိုခန္းသို႔ျပန္ေရာက္ခ်ိန္မွာ အရုဏ္တက္
ေတာ့မည္။
ယူေရွာင္းမိုသည္ အိပ္ယာေပၚမွာ ခဏေလာက္
ဟိုလိွမ့္သည္လိွမ့္လုပ္ေနၿပီး ေနာက္ဆံုးရပ္တန႔္လိုက္
၏။ ဝမ္းလ်ားေမွာက္ရင္း လင္းေရွာင္တစ္ေယာက္
ေအးေနၿပီျဖစ္သၫ့္လက္ဖက္ရည္ကို
အပူေပးေနသည္ကို ၾကၫ့္ေနလိုက္သည္။ သူ
မပူေဆြးဘဲမေနႏိုင္ေခ်၊ မီးအသံုးျပဳႏိုင္သၫ့္
လူမ်ားက တကယ္ကိုကဲြျပားသည္။ ခ်က္ျပဳတ္ခ်ိန္မွာ
ျဖစ္ျဖစ္ အစားအေသာက္ပူပူေနြးေနြးေလး
စားခ်င္သၫ့္အခါမွာျဖစ္ျဖစ္ ထင္းမရိွမွာပူဖို႔
မလိုေပ။
"ေသာက္ဦးမလား" လင္းေရွာင္က ကရားအိုးထဲမွ
အေငြ့တေထာင္းေထာင္းထေနသၫ့္ လက္ဖက္ရည္
တစ္ခြက္ငွဲ႔လိုက္သည္။
ယူေရွာင္းမို ခ်က္ခ်င္း အိပ္ယာေပၚကထၿပီး
လိွမ့္သြားလိုက္၏။
လင္းေရွာင္က ကရားအိုးကိုသူ႔လက္ထဲထၫ့္လိုက္
သည္။
"ကိုယ့္ဘာကိုယ္ငွဲ႔ေသာက္"
ယူေရွာင္းမိုသည္ တစ္ခဏၾကာေအာင္ သူ႔ကို
အထင္ေသးစက္ဆုပ္သၫ့္အၾကၫ့္ျဖင့္
ေပေစာင္းေစာင္းၾကၫ့္လိုက္၏။
သူ႔ဇနီးအတြက္ လက္ဖက္ရည္ေလးတစ္ခြက္ေတာင္
ငွဲ႔မတိုက္ခ်င္ဘူး။ စိတ္ပ်က္စရာပဲ။
"ဆက္ေနဦးမွာလား"
"ယန္ေဟြ့ရည္ရြယ္ခ်က္ကို မင္းသိခ်င္ေနတာ
မဟုတ္ဘူးလား"
လင္းေရွာင္က ႏွစ္ၿခိဳက္ေပ်ာ္ရႊင္သၫ့္အမူအယာျဖင့္
လက္ဖက္ရည္ကို ေသာက္လိုက္သည္။
ယူေရွာင္းမိုမွာ ဤအမူအယာကိုျမင္လိုက္ရခ်ိန္တိုင္း
လင္းေရွာင္ သရဲဝင္ပူးခံထားရသလားဟု
ေတြးမိေလသည္။
"သိခ်င္တယ္၊ ဒါေပမဲ့ သူ႔ရွစ္ဖုက ဘယ္ေတာ့
ေပၚလာမလဲမသိဘူးေလ။ ေန့တိုင္း သူတို႔ေနာက္
လိုက္ၾကၫ့္ေနလို႔မွမရတာ။ ခင္ဗ်ားက အတြင္း
ဒဏ္ရာေတြ ကုရဦးမယ္၊ ကၽြန္ေတာ္ကလည္း
အဆင့္တက္ဖို႔ႀကိဳးစားရဦးမယ္။ ကၽြန္ေတာ္တို႔
ႏွစ္ေယာက္လံုး အားမွမအားတာေလ!"
ယူေရွာင္းမို နည္းနည္းေနာင္တရလာသည္။
ရွဲ႔ခ်ဳံးတို႔သာရိွေနလ်ွင္ အဆင္ေျပေနေလာက္ၿပီ။
လင္းေရွာင္က ခြက္ကိုေအာက္ခ်လိုက္ၿပီး
သူ႔ကို ငွဲ႔ေပးဖို႔အခ်က္ျပလာသည္။
ယူေရွာင္းမိုလည္း ငွဲ႔ေပးလိုက္၏။ ငွဲ႔ေပးၿပီးေတာ့မွ
လက္စားေခ်ဖို႔ အခြင့္အေရးကိုလဲြေခ်ာ္သြားေၾကာင္း
သတိျပဳမိသည္။ သူက ေတာ္ေတာ့္ကို
ၾကင္နာတတ္ေနေတာ့လည္း.....။
လင္းေရွာင္က တစ္ငံုထပ္ေသာက္ၿပီးမွ၊
"ကိုယ္တို႔မအားေပမဲ့ တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေတြကေတာ့
အားေနတယ္ေလ"
"ဘယ္သူလဲ"
လင္းေရွာင္က ျပန္မေျဖဘဲ သူ႔အၾကၫ့္က
သူ႔ရင္ဘတ္ေပၚက်လာသည္။
ယူေရွာင္းမိုလည္း သူ႔အတိုင္း သူ႔အက်ႌကို
လိုက္ၾကၫ့္လိုက္သည္။ ထိုစဉ္ သတၲုစားသားရဲေလး
ႏွင့္ ေရႊေတာင္ပံပိုးေကာင္ႏွစ္ေကာင္က
ေခါင္းေလးမ်ားထြက္လာကာ သူ႔အက်ႌေပၚမွာ
ေပ်ာ့ဖတ္ဖတ္ႏွင့္ တဲြလဲြခိုေနၾကေလသည္။
ဟုတ္သား၊ ေန့တိုင္း စားေသာက္ၿပီးေဆာ့ေနတဲ့
အသင့္သံုးလို႔ရတဲ့ အလုပ္သမားေတြရိွေနတာပဲ
မလား။
သူတို႔အလုပ္လုပ္ရမၫ့္အခ်ိန္ပင္၊ မဟုတ္လ်ွင္
သူတို႔ကို ခ်ီးယိုေသးေပါက္ကစ လိုက္လုပ္ေပးရသၫ့္
ကေလးမ်ားလို ပ်ိဳးေထာင္ေပးထားရသၫ့္
သူ႔လုပ္အားမ်ား အလကားျဖစ္သြားေပလိမ့္မည္။
ရုတ္တရက္ ယူေရွာင္းမို တစ္ခုအမွတ္ရသြားသည္။
"ထ်န္းေသာက္တို႔ေျပာဖူးတာေလ၊ ေရႊေတာင္ပံ
ပိုးေကာင္ အထီးနဲ႔အမကထုတ္တဲ့ ေရႊပိုးမ်ွင္က
ပံုမွန္ဟာေတြထက္ ဆယ္ဆပိုခိုင္တယ္ဆို။
ဒါေပမဲ့ အခုထိ သူတို႔မိတ္လိုက္တာလည္း
မျမင္ရပါလား။ ဒီလိုဆို ဘယ္လိုလုပ္ၿပီး
ေရႊပိုးမ်ွင္ထုတ္ၾကေတာ့မလဲ"
လင္းေရွာင္က ေမးေစ့ကိုထိၿပီး စဉ္းစားခန္းဝင္သြား
ေလသည္။ သူလည္း ဘယ္လိုလုပ္ရမည္မွန္း
မသိေခ်။
"ေရႊပိုးမ်ွင္ လိုခ်င္တယ္ဆိုရင္လည္း သူတို႔အတြက္
ကာမအားတိုးေဆးနည္းနည္း လုပ္ေပးလိုက္ေပါ့။
အလုပ္ကိုေတာ့ သတၲုစားသားရဲေလးကိုပဲ
အရင္ခိုင္းလိုက္"
"ဒါက..... သိပ္မေကာင္းဘူးေနာ္"
ယူေရွာင္းမို ႏွာေခါင္းကိုထိလိုက္သည္။ ထိုေတာ့မွ
လင္းေရွာင္ေျပာတာကို ရုတ္ျခည္းနားလည္သြားၿပီး
အလန႔္တၾကားျဖစ္သြားေတာ့သည္။
"ကာမအားတိုးေဆးကို တကယ္လုပ္ခိုင္းေနတာ
မဟုတ္ဘူးမလား"
လင္းေရွာင္က တည္ၿငိမ္စြာျပန္ေျဖေလသည္။
"ေမွာ္ေဆးလံုးေတြက လူေတြေရာဂါေပ်ာက္ဖို႔တို႔
ဒဏ္ရာကုဖို႔တို႔အတြက္ခ်ည္းပဲ မဟုတ္ဘူး။
ထူးထူးဆန္းဆန္းတီထြင္တဲ့ လူေတြရိွတတ္တာပဲ၊
အထူးသျဖင့္ ကာမအားတိုးေဆးလို
ေမွာ္ေဆးလံုးေတြ"
ယူေရွာင္းမို ဘိုးေဘးတန႔္ခ်င္း၏ေက်ာက္စိမ္း
ေပလႊာကို ေတြးမိသြားသည္။ ထိုအဘိုးႀကီးမွာ
ဤသို႔ေသာေဆးလံုးမ်ိဳး ရိွေလာက္မည္လား။
"ဒါဆို.... စမ္းၾကၫ့္လိုက္မယ္ေလေနာ...."
_________________________