The Legendary Master's Wife [...

By melon_rays

1.3M 243K 9.6K

Original Author- Yin Ya English Translators- Exiled Rebels Scanlations [Chapter(400)- (590)] (If you want t... More

Chapter-400
Chapter-401
Chapter-402
Chapter-403
Chapter-404
Chapter-405
Chapter-406
Chapter-407
Chapter-408
Chapter-409
Chapter-410
Chapter-411
Chapter-412
Chapter-413
Chapter-414
Chapter-415
Chapter-416
Chapter-417
Chapter-418
Chapter-419
Chapter-420
Chapter-421
Chapter-422
Chapter-423
Chapter-424
Chapter-425
Chapter-426
Chapter-427
Chapter-428
Chapter-429
Chapter-430⚠️
Chapter-431
Chapter-432
Chapter-433
Chapter-434
Chapter-435
Chapter-436
Chapter-437
Chapter-438
Chapter-439
Chapter-440
Chapter-441
Chapter-442
Chapter-443
Chapter-444
Chapter-445
Chapter-446
Chapter-447
Chapter-448⚠️
Chapter-449
Chapter-450
Chapter-451
Chapter-452
Chapter-453
Chapter-454
Chapter-455
Chapter-456
Chapter-457
Chapter-458
Chapter-459
Chapter-460
Chapter-461
Chapter-462
Chapter-463
Chapter-464
Chapter-465
Chapter-466
Chapter-467
Chapter-468
Chapter-469
Chapter-470
Chapter-471
Chapter-472
Chapter-473
Chapter-474
Chapter-475
Chapter-476
Chapter-477
Chapter-478
Chapter-479
Chapter-480
Chapter-481
Chapter-482
Chapter-483
Chapter-484
Chapter-485
Chapter-486
Chapter-487
Chapter-488
Chapter-489
Chapter-490
Chapter-491
Chapter-492
Chapter-493
Chapter-494
Chapter-495
Chapter-496
Chapter-497
Chapter-498
Chapter-499
Chapter-500
Chapter-501
Chapter-502
Chapter-503
Chapter-504
Chapter-505
Chapter-506
Chapter-507
Chapter-508
Chapter-509
Chapter-510
Chapter-511(Unicode)
Chapter-511(Zawgyi)
Chapter-512
Chapter-513(part-1)
Chapter-513(part-2)
Chapter-514
Chapter-515
Chapter-516
Chapter-517
Chapter-518
Chapter-519
Chapter-520
Chapter-521
Chapter-522
Chapter-523
Chapter-524
Chapter-525
Chapter-526
Chapter-527
Chapter-528
Chapter-529
Chapter-530
Chapter-531
Chapter-532
Chapter-533
Chapter-534(part-1)
Chapter-534(part-2)
Chapter-535
Chapter-536
Chapter-537
Chapter-538
Chapter-539
Chapter-540
Chapter-541
Chapter-542
Chapter-543
Chapter-544
Chapter-545
Chapter-546
Chapter-547
Chapter-548
Chapter-549
Chapter-550
Chapter-551
Chapter-552
Chapter-553
Chapter-554
Chapter-555
Chapter-556
Chapter-557
Chapter-558
Chapter-559
Chapter-560
Chapter-561
Chapter-562
Chapter-563
Chapter-565
Chapter-566
Chapter-567
Chapter-568
Chapter-569
Chapter-570
Chapter-571
Chapter-572
Chapter-573
Chapter-574
Chapter-575
Chapter-576
Chapter-577
Chapter-578
Chapter-579
Chapter-580
Chapter-581
Chapter-582
Chapter-583
Chapter-584
Chapter-585
Chapter-586
Chapter-587
Chapter-588
Chapter-589
Chapter-590
Book ခဲြျခင္း / Book ခွဲခြင်း

Chapter-564

6.1K 1.2K 45
By melon_rays

//Unicode//

အပိုင်း(၅၆၄) သံသယဖြစ်ဖွယ်ကောင်းသော
တည်းခိုခန်း

ပုံမှန်ဆို ကျိကျိုးမြို့သားများက ညဘက်တွင်
အပြင်မထွက်တတ်ကြသဖြင့် 'ညဈေး'လိုဟာမျိုး
မရှိပေ။ ညမှောင်လာသည်နှင့် လမ်းမများက
မှောင်ပိန်းသွားပြီး ပြတင်းမှတစ်ဆင့်အလင်းရောင်တို့
ထုတ်လွှင့်နေသည့် အဆောက်အဦအနည်းငယ်သာ
ရှိသည်။ ဟောင်လေ့တည်းခိုခန်းသည်လည်း
ထိုထဲတွင်ပါဝင်၏။ ဒုတိယထပ်ရှိအခန်းအချို့မှာ
မီးလင်းနေဆဲဖြစ်သည်ကိုအဝေးမှမြင်ရနိုင်လေသည်။

ည၏ ပြင်းထန်သောလေအေးများအောက်၌
ဟောင်လေ့တည်းခိုခန်းသည် လှုပ်ခါသွား၏။

တည်းခိုခန်း၏ဧည့်ခန်းတွင် ပိုင်ရှင်သူဌေးက
လက်ထဲတွင်ဆီမီးအိမ်တစ်လုံးနှင့် ထောင့်လေးမှ
ထွက်လာသည်။ အမှောင်ယံထဲတွင်
မှိန်ပျပျဆီမီးအိမ်လေးကသာ အလင်းပေးနေပြီး
တည်းခိုခန်းပိုင်ရှင်သည် အလွန်အမင်းကြောက်မက်
ထိတ်လန့်ဖွယ်ကောင်းလို့နေသည်။

ပိုင်ရှင်သူဌေးက မီးအိမ်လေးကိုအပေါ်ထပ်သို့
သယ်ဆောင်လာပြီး သူလျှောက်လိုက်တိုင်း
တကျွိကျွိအသံကိုကြားရနိုင်လေသည်။ တိတ်ဆိတ်
နေသောညတွင် ၎င်းအသံက အဆတစ်ရာခန့်ထိ
ကျယ်လောင်လို့နေ၏။

အပေါ်ရောက်သည်နှင့် ပိုင်ရှင်သူဌေးသည်
မီးများထွန်းထားသည့်အခန်းများထံလျှောက်သွား၏။
သူ၏ အိုမင်းရွတ်တွနေသောမျက်နှာတွင်
ချောက်ချားဖွယ်အပြုံးတစ်ခုထင်ဟပ်သွားသည်။

အခန်းထဲတွင် ယူ​ရှောင်းမိုသည် လင်းရှောင်ကို
စိုက်ကြည့်ခြင်းအမှု၌အာရုံစိုက်ထားဆဲတွင်
တံခါးခေါက်သံတစ်ခု ရုတ်တရက်ထွက်ပေါ်လာ၏။

ဒီအချိန်ကြီး ဘယ်သူ တံခါးလာခေါက်နေတာလဲ။

ယူ​​​ရှောင်းမို နားမလည်ဖြစ်သွားပေမဲ့ တံခါးသွားဖွင့်
ပေးလိုက်ပါသည်။ ပိုင်ရှင်သူဌေးက ဆီမီးအိမ်ကို
မေးစေ့အောက်မှာထား၍ကိုင်ထားပြီး မတ်တပ်ရပ်
နေသည့်မြင်ကွင်းနဲ့ မိတ်ဆက်လိုက်ရရာ
သူလန့်ဖြန့်သွား၏။ သရဲတွေ့လိုက်ရသလိုပင်။

တည်းခိုခန်းပိုင်ရှင်သည် မီးအိမ်အားကြမ်းပြင်ပေါ်
ချလိုက်ရင်းဖြင့် စိတ်ကျေနပ်အောင်လုပ်တဲ့အပြုံး
တစ်ခုပြုလုပ်လိုက်၏။ ထို့နောက် ဗန်းတစ်ဗန်း
ရှိနေသည့် အခြားလက်တစ်ဖက်ကို ဆန့်ကာ
ပြောလေသည်။

"ဧည့်သည်ခင်ဗျ၊ ဒါကကျွန်တော်တို့ဆိုင်ရဲ့
အလကားပေးတဲ့ ညလယ်အဆာပြေစားစရာပါ"

ယူရှောင်းမိုပြောလိုက်သည်။

"ဟင့်အင်း ကျေးဇူးပဲ၊ ကျွန်တော်ဗိုက်မဆာဘူး။
ခင်ဗျားပြန်ယူသွားလိုက်ပါ"

သူ စားချင်သောက်ချင်တဲ့စိတ်အခြေအနေမှာမရှိပေ၊
ဆယ်ပန်းကန်အလကားပေးတောင် သူမစားချင်။

ထို့နောက် တံခါးပိတ်ဖို့ပြင်လိုက်သည်။

တည်းခိုခန်းပိုင်ရှင်က အမြန်လက်ထုတ်ပြီး
တားလိုက်သည်။ သူက ရည်မွန်သည့်အပြုံးတစ်ခုနဲ့
ပြောလေသည်။

"ဧည့်သည် အခုဗိုက်မဆာရင်တောင် ဆာတဲ့အချိန်
စားလို့ရတာပဲ။ မဟုတ်ရင် စားမယ့်သူဘယ်သူမှ
မရှိဘူးဗျ၊ အလကားဖြစ်သွားမှာ"

ယူရှောင်းမို မျက်မှောင်ကုပ်မိပေမဲ့ လင်ဗန်းကိုတော့
ယူလိုက်သည်။ တည်းခိုခန်းပိုင်ရှင်ကချက်ချင်း
ပွင့်လန်းလာတဲ့ပန်းကလေးလို ပြုံးပြီး
မီးအိမ်နှင့်အတူ ထွက်ခွာသွားတော့သည်။

အခန်းထဲပြန်ရောက်သည်နှင့် တည်းခိုခန်းပိုင်ရှင်ရဲ့
ပုံမှန်မဟုတ်တဲ့အပြုအမူတွေကို ယူရှောင်းမို
နောက်ဆုံးသတိပြုမိလိုက်သည်။ ကျိကျိုးမြို့က
လူတွေက အပြင်လူတွေဆိုရှောင်တတ်ကြသည်၊
ဘာလို့ သူ့ကိုအဆာပြေမုန့်တွေ အလကားပေးမှာလဲ။

သူ့ဦးနှောက်ကြီးကရှုပ်ထွေးနေပြီး အခြား
စိတ်ရှုပ်စရာကောင်းတဲ့ကိစ္စတွေကို တွေးဖို့အချိန်
သူ့မှာမရှိတာကြောင့် လင်ဗန်းကို တစ်ကိုယ်တည်း
စားပွဲပေါ်တင်ထားလိုက်တော့သည်။

ပထမထပ်ဧည့်ခန်းတွင်။

ဆိုင်အကူနှစ်ယောက်လုံးက ယောက်ျားသားများ
ဖြစ်ပြီး စားဖိုမှူးကတော့ သက်လတ်ပိုင်းအရွယ်
အမျိုးသမီးတစ်ဦးဖြစ်လေသည်။ တည်းခိုခန်းပိုင်ရှင်
ဆင်းလာသည်ကိုတွေ့သော် သူတို့က ချက်ချင်း
သူ့နားဝန်းရံလိုက်ကြ၏။ သို့သော် သူတို့
ဘာမှမမေးရသေးခင် သူ့ရဲ့မှောင်မှိုင်းနေတဲ့
အမူအရာကိုမြင်လိုက်ရလေသည်။

"သူဌေး ဘာဖြစ်လို့လဲ"
စားဖိုမှူးက အလျင်စလိုမေးလိုက်သည်။

သူက မှောင်မည်းနေတဲ့အမူအရာနဲ့ပြန်ဖြေသည်။

"ငါတို့အစီအစဉ်ကိုဖျက်ရတော့မယ်ထင်တယ်"

"ဘာလို့လဲ" လူတိုင်းနားမလည်ဖြစ်သွားကြသည်။
သူတို့မှာ ပြင်ဆင်ထားရတာဖြစ်သည်။

တည်းခိုခန်းပိုင်ရှင်ကပြောသည်။

"ဧည့်သည်တစ်ယောက်က မုန့်ကိုစိတ်မဝင်စားဘူး။
ကျုပ်သွားပို့ပေးတာတောင် မစားဖို့များတယ်။
သူတို့ကိုဆေးခပ်လို့မရရင် ငါတို့အစီအစဉ်ကို
နှောင့်ယှက်နိုင်တယ်"

"ဒါဆို ဒီတိုင်းထားလိုက်ရတော့မှာလား။ ကျွန်မ
အားချွမ်ဆီကကြားတာတော့ သူတို့ကအကောင်
ကြီးကြီးတွေပဲ!"

စားဖိုမှူးရဲ့မီးဖိုချောင်သုံးဓားက အေးစက်စက်
အလင်းရောင်တစ်ချက်လက်သွားကာ သူမက
အန္တရာယ်ရှိစွာပြောလိုက်သည်။

"ဘယ်ဟုတ်ပါ့မလဲ" တည်းခိုခန်းပိုင်ရှင်ကဖြေသည်။

"ကျုပ်အမြင်အရ သူတို့ ကျိကျိုးမြို့ကနေ
ထွက်သွားဦးမှာမဟုတ်ဘူး။ သူတို့ထဲက
တစ်ယောက်က ဒဏ်ရာရထားတဲ့ပုံပေါ်တယ်။
သူ့ဒဏ်ရာတွေမပျောက်ခင်ထိ နေကြဦးမယ့်ပုံပဲ။
သူတို့ တည်းခိုခန်းထဲမှာရှိနေသရွေ့ ငါတို့မှာ
အခွင့်အရေးတွေအများကြီးရှိသေးတယ်"

အကူလုပ်သားတစ်ဦးက မေးလိုက်သည်။

"ဒါဖြင့်ရင် ကျန်တဲ့နှစ်ယောက်ကရော"

လတ်တလော ကျိကျိုးမြို့သို့ အပြင်လူများ
ရောက်လာနေကြသည်။ အားချွမ်ရဲ့အကူအညီဖြင့်
သည်နေရာတွင် လက်ရှိ နေထိုင်နေသည့်အပြင်လူ
လေးဦးရှိနေသည်။ ထိုထဲမှနှစ်ဦးက မနက်ဖြန်
ထွက်ခွာကောင်းထွက်ခွာနိုင်သည်။

"သူတို့က ကျုပ်ပို့ထားတဲ့အဆာပြေမုန့်ကိုစားပြီး
လောက်ပြီ။ ဒီနေ့ရှင်းပစ်မှရမယ်၊ မဟုတ်ရင်
မနက်ဖြန်ကျ အဲ့ထဲမှာတစ်ခုခုထည့်ထားတယ်ဆိုတာ
သိသွားကြလိမ့်မယ်"

တည်းခိုခန်းပိုင်ရှင်က တွေးလိုက်ပြီးဆက်ပြောသည်။

"ကောင်းပြီ။ မုန့်မစားတဲ့နှစ်ယောက်ကို ကျုပ်
သွားပြီးအာရုံလွှဲထားမယ်၊ မင်းတို့က ကျန်တဲ့
နှစ်ယောက်ကိုကြိုးသွားတုပ်ချည်။ တိတ်တိတ်လေး
လုပ်ကြနော်၊ ကျုပ်တို့ကိုသိသွားလို့မဖြစ်ဘူး"

"ဟုတ်ကဲ့!"

လူလေးဦးက ခွဲလိုက်ပြီး အလုပ်သွားလုပ်ကြတော့
သည်။ ဟောင်လေ့တည်းခိုခန်းသည်
ထို'မရိုးသားသော' ဆိုင်များထဲတွင် တစ်ခုအပါအဝင်
ဖြစ်၏။

အားချွမ်က ကျိကျိုးမြို့ကဆိုတာမှန်ပေမဲ့ သူ့တွင်
အပြင်လူများကို ဟောင်လေ့တည်းခိုခန်းနှင့်
မိတ်ဆက်ပေးသည့် အလုပ်လည်းရှိလေသည်။
သူတို့က သူတို့ကိုဆေးခပ်၊ ကြိုးတုပ်ပြီး ပစ္စည်း
ဥစ္စာများကိုခိုးယူကြသည်။ သူတို့ကအပြင်လူများသာ
ဖြစ်သောကြောင့် သတ်တာဖြတ်တာမျိုးလည်း
ပါဝင်သည်။

ထို့ကြောင့် တည်းခိုခန်းပိုင်ရှင်က ယူရှောင်းမိုတို့
တံခါးကိုတစ်ခါထပ်လာခေါက်သောအခါတွင်
မိနစ်သုံးဆယ်ပင် မပြည့်သေးချေ။

ယူရှောင်းမို စိတ်မရှည်တော့၊ တံခါးကိုဖွင့်လိုက်သည်။

"ဒီတစ်ခါဘာလိုချင်ပြန်ပြီလဲ"

တည်းခိုခန်းပိုင်ရှင်က ပြေရာပြေကြောင်းပြုံးသည်။

"ဧည့်သည် ဟိုကမင်းရဲ့မိတ်တွေအတွက်
စိတ်ပူနေမယ်ထင်လို့ အရံဟင်းပွဲနှစ်ခုနဲ့
ဝိုင်လေးတစ်ပုလင်း လုပ်လာတာပါ။ မင်းပျင်းတဲ့အခါ
ဝိုင်လေးနဲ့ တစ်ခုခုစားလို့ရတာပေါ့"

ဒီိတည်းခိုခန်းပိုင်ရှင်က နည်းနည်းစိတ်ဝင်စားဖို့
ကောင်းတယ်လို့ ယူရှောင်းမိုခံစားလိုက်ရတော့သည်။
သူ့လက်ထဲက ပစ္စည်းပစ္စယတွေကိုမြင်တော့
သူပြောလိုက်သည်။

"ကျွန်တော်မှတ်မိတာမှန်ရင် ကျိကျိုးမြို့ကလူတွေက
သိပ်ကိုတသီးတသန့်ဆန်ကြတာပါ။ ခင်ဗျားတို့လည်း
အတူတူပဲမဖြစ်သင့်ဘူးလား။ ဘာလို့ တအားတွေ
သဘောကောင်းပြီး ကျွန်တော့်ကို အလကားကျွေး
နေတာလဲ"

"မင်းပြောတာမှန်ပါတယ်။ ကျိကျိုးမြို့က
အပြင်လူတွေကိုဆို ရှောင်ဖယ်တတ်ကြတယ်။
ဒါပေမဲ့ အဲ့လိုမဟုတ်တဲ့သူနည်းနည်းတော့ရှိပါတယ်၊
ကျုပ်လိုပေါ့။ ကျုပ်တို့က မင်းကိုဒီလိုဈေးကြီးကြီး
ယူပေမဲ့ ဒါကမလုပ်မဖြစ်မို့ပါ။ ကျုပ်တို့ကသာ
ထင်းထွက်နေရင် ကျိကျိုးမြို့ကလူတွေပစ်မှတ်ထား
တာကိုခံရမှာပေါ့၊ မဟုတ်ဘူးလား"

တည်းခိုခန်းပိုင်ရှင်က ပျာသွားတာမျိုးမရှိဘဲ
အေးအေးလူလူပြန်ဖြေသည်။

"ကောင်းပြီလေ၊ ထားခဲ့လိုက်ပါ"

သူပြောတဲ့ထဲမှာ အမှန်တရားတစ်ချို့ပါတာပဲဟု
ယူရှောင်းမိုတွေးမိသည်။ သူမသိတာက ဒါက
တမင်သက်သက်ရည်ရွယ်ထားတာခြင်း
ဖြစ်နေတာကိုပင်။

တည်းခိုခန်းပိုင်ရှင်က သူ့ခွင့်ပြုချက်ဖြင့်
ခေါင်းငုံ့ပြီးဝင်သွားသည်။ သို့သော်လည်း
ချောမွေ့စွာဖြင့်ပင် ခိုးကြည့်လိုက်ပြီး ကန့်လန့်ကာ
နောက်ကွယ်က ဝေဝါးဝါးပုံရိပ်ကိုမြင်တွေ့လိုက်သည်။

ပစ္စည်းများကိုချပြီးသည်နှင့် တည်းခိုခန်းပိုင်ရှင်က
အရင်ကဟာကိုယူပြီး ပြောလေသည်။

"ဧည့်သည် ဒီမုန့်တွေကအေးနေပြီ၊ ကျုပ်ပြန်ချသွား
လိုက်တော့မယ်"

ဝိုင်နဲ့ဟင်းပွဲတွေက ဆေးခပ်မထားပေ။ ထို့ကြောင့်
သူ ဆေးကိုမတွေ့တာသေချာစေရန် ထိုသက်သေကို
ပြန်ယူဖို့ရည်ရွယ်ပြီးလာခဲ့တာဖြစ်သည်။

ယူရှောင်းမို သူ့ကိုနှင်ထုတ်ဖို့ လက်ယမ်းပြလိုက်
သည်။ တည်းခိုခန်းပိုင်ရှင်လည်း အချိန်လောက်
လောက်တာကိုသိပြီး အခန်းမှထွက်ခွာခဲ့သည်။

သူတို့ကကျင့်ကြံသူတွေဆိုပေမဲ့ သူတို့သုံးတဲ့ဆေးက
သာမာန်မဟုတ်ပေ။ သာမာန်ပစ္စည်းက သာမာန်
လူတွေပေါ်မှာပဲ သက်ရောက်မှုရှိသည်လေ။

လူလေးဦးက သူတို့ရဲ့ပိုင်ဆိုင်သမျှကိုဖြုတ်ကြည့်
သော်လည်း မှော်အိတ်နှစ်လုံးသာရှိလေသည်။

သူတို့က သာမာန်ကျင့်ကြံသူများဖြစ်နေသည်မှာ
ဆိုးလှသည်။ သူတို့ရဲ့စွမ်းအင်ကျောက်တုံး
စုစုပေါင်းက တစ်ရာပင်မပြည့်ချေ။ ၎င်း​က
အနည်းငယ်မျှသာဖြစ်ပေမဲ့
သူတို့ကိုကျေနပ်စေဖို့တော့ လုံလောက်၏။
ကြည့်ရတာ ငါးကြီးနှစ်ကောင်ကိုချိတ်ကနေလွတ်ခွင့်
ပေးလို့မရဘူးထင်သည်။ သူတို့တွင်
အများကြီးရှိရမည်။

တည်းခိုခန်းပိုင်ရှင်က စားဖိုမှူးဘက်လှည့်ကာ၊
"ဒါဆို ကျန်တာမင်းဆီအပ်ခဲ့တော့မယ်"

စားဖိုမှူးက သူမရင်ဘတ်ကိုပုတ်ကာ ချောက်ချားဖွယ်
အမူအရာဖြင့်ခိုင်မာစွာပြောလိုက်သည်၊

"သူဌေး စိတ်မပူနဲ့၊ ကျွန်မဆီပဲအပ်ထားလိုက်"
ထို့နောက် သူမရဲ့လူယုံတော်မီးဖိုချောင်သုံးဓားအား
ထုတ်ယူလိုက်သည်။

ဒုတိယထပ်တွင် ယူရှောင်းမိုမှာ ကျန်အပြင်လူ
နှစ်ယောက် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း
လုံးလုံးသတိမထားမိပေ။

တည်းခိုခန်းပိုင်ရှင်ယူလာပေးသည့် ဟင်းပွဲနှစ်ခုမှာ
မြေပဲနှင့် သကြားကြာပန်းအချပ်လေးများဖြစ်၏။
ဒီဟာတွေ သူမစားရတာကြာပြီဖြစ်တာကြောင့်
သူ့ရဲ့ စားချင်စိတ်ကိုနှိုးဆွပေးနိုင်လေသည်။

တည်းခိုခန်းပိုင်ရှင်သာ ယူ​ရှောင်းမိုကိုဆွဲဆောင်ဖို့က
ဒါတွေပဲလိုတယ်ဆိုတာ သိခဲ့ရင် ဆေးမခပ်ဖို့
သူ့ဆုံးဖြတ်ချက်ကိုနောင်တနေလောက်ပြီဖြစ်သည်။
၎င်းက အခွင့်ရေးကောင်းတစ်ခုကိုဖြုန်းတီး
လိုက်ခြင်းပင်ဖြစ်သည်။ ယူရှောင်းမို
တစ်ယောက်ပဲစားတာကြောင့် သူ့အကြံကပျက်ဖို့
ကံပါလာတယ်ဆိုပေမဲ့လည်းလေ။

ဒုတိယနေ့မနက်တွင် လင်းရှောင်က ကုတင်ပေါ်မှာ
အနားယူနေဆဲဖြစ်သည်။

ယူရှောင်းမို အညောင်းဆန့်လိုက်သည်။ စားပွဲပေါ်
အိပ်ရတာ နည်းနည်းလေးမှသက်သောင့်သက်သာ
မရှိပေ။ တစ်ကိုယ်လုံးကိုက်ခဲနေသည်။ ကုတင်ပေါ်
အိပ်လို့ လင်းရှောင်အနှောင့်အယှက်ဖြစ်မှာကို
စိုးနေ၍သာမဟုတ်လျှင် သူ ဘယ်လိုမှလက်လျှော့မှာ
မဟုတ်ပေ။

လင်းရှောင်အခြေအနေမဆိုးတာကိုမြင်တော့
ယူရှောင်းမို ဝါးသမ်းရင်း အခန်းထဲမှထွက်လာခဲ့
သည်။ လှေကား၌ တည်းခိုခန်းပိုင်ရှင်နှင့်ဆုံမိလေ
သည်။

"ဧည့်သည် အစောကြီးနိုးနေပါလား"

အောက်ဆင်းဖို့မလိုတော့တာကြောင့်
အခွင့်ကောင်းပဲဟု ယူရှောင်းမိုတွေးလိုက်သည်။

"မနေ့ညက သကြားကြာပန်းချပ်တွေကစားကောင်း
တယ်။ ကျွန်တော့်ကိုထပ်ပေးပါဦး၊ ပြီးတော့
တစ်ခြားဟာတွေရောပဲ။ ဝိုင်မလိုဘူး ၊
လက်ဖက်ရည်ပဲ"

တည်းခိုခန်းပိုင်ရှင်က အတည်ပြုပြီးတဲ့နောက်
ပြင်ဆင်ဖို့အတွက်အောက်ဆင်းသွားခဲ့သည်။

တည်းခိုခန်းပိုင်ရှင် ပြန်ရောက်လာတော့ ငါးမိနစ်ပင်
မရှိသေးတာကြောင့် ကြိုပြင်ထားတာဖြစ်မယ်လို့
ယူရှောင်းမိုခန့်မှန်းမိလိုက်သည်။ သူမှာထားသည့်
သကြားကြာပန်းချပ်တွေရယ်၊ အသားပေါက်စီ
ပူပူလေးတစ်လုံးရယ်နဲ့ ဆန်ပြုတ်နှစ်ပန်းကန်ပါ
သည်။ ဝန်ဆောင်မှုကတော့ကောင်းပေသည်။

ဒီတစ်ကြိမ် ယူရှောင်းမို သူ့ကိုဝင်ခွင့်မပေးဘဲ
ပစ္စည်းတွေကိုယူပြီး မောင်းထုတ်လိုက်သည်။

ပစ္စည်းကိုချပြီးသည်နှင့် လင်းရှောင်ကိုကြည့်ရန်
ကန့်လန့်ကာဆီလျှောက်သွားလိုက်သည်။
သူ မျက်လုံးမှိတ်ထားဆဲဖြစ်တာကိုတွေ့ရတော့
နှောင့်ယှက်မိမှာစိုး၍ မခေါ်တော့ပေ။

ယူရှောင်းမို သူ့စားချင်စိတ်ကိုတိုးစေသည့်
သကြားကြာပန်းချပ်တွေကို ကြည့်လိုက်ပေမဲ့
သူ့အကြည့်က ပေါက်စီပူပူလေးဆီရွေ့သွားသည်။
၎င်းက ဖြူစွတ်နေပြီး အရမ်းကြီးကာ
ကြည့်ရုံနဲ့တင်သွားရည်ယိုစေနိုင်သည်။

ယူရှောင်းမို မနေနိုင်တော့ဘဲတစ်ခုယူပြီး ဆွဲဖြဲ
လိုက်သည်။ သူ့တွင် ပေါက်စီစားရာ၌ထူးဆန်းသည့်
အကျင့်တစ်ခုရှိသည်၊ အဲ့တာက စားတိုင်း
တစ်ဝက်ပိုင်းပြီးမှစားခြင်းပင်၊ ဒီလိုဆို သူ့အတွက်
အရသာပိုရှိလေသည်။

သို့ပေမဲ့ သူ တစ်ကိုက်ကိုက်ဖို့ပြင်လိုက်တုန်း
အစာနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတာကို
တွေ့လိုက်သည်။ အသားထဲမှာချွန်ထက်တဲ့ဟာတစ်ခု
ပါနေတာလား။

ယူရှောင်းမို ဆွဲထုတ်ပြီး အနီးကပ်ကြည့်ကြည့်လိုက်
တော့ လက်သည်းစတစ်ခုဖြစ်နေသည်။

ပေါက်စီထဲမှာ လူလက်သည်းတစ်ခုရှိနေတယ်?

ယူရှောင်းမို လက်တုန်သွားပြီး ပေါက်စီက
ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဘယ်လောက်တောင် ကံတွေစွန်းကောင်းနေပါလိမ့်၊
လူသားပေါက်စီတစ်ခုတွေ့လိုက်ရတယ်လေ!!
_________________________

//Zawgyi//

အပိုင္း(၅၆၄) သံသယျဖစ္ဖြယ္ေကာင္းေသာ
တည္းခိုခန္း

ပံုမွန္ဆို က်ိက်ိဳးၿမိဳ႔သားမ်ားက ညဘက္တြင္
အျပင္မထြက္တတ္ၾကသျဖင့္ 'ညေဈး'လိုဟာမ်ိဳး
မရိွေပ။ ညေမွာင္လာသည္ႏွင့္ လမ္းမမ်ားက
ေမွာင္ပိန္းသြားၿပီး ျပတင္းမွတစ္ဆင့္အလင္းေရာင္တို႔
ထုတ္လႊင့္ေနသၫ့္ အေဆာက္အဦအနည္းငယ္သာ
ရိွသည္။ ေဟာင္ေလ့တည္းခိုခန္းသည္လည္း
ထိုထဲတြင္ပါဝင္၏။ ဒုတိယထပ္ရိွအခန္းအခ်ိဳ႕မွာ
မီးလင္းေနဆဲျဖစ္သည္ကိုအေဝးမျွမင္ရႏိုင္ေလသည္။

ည၏ ျပင္းထန္ေသာေလေအးမ်ားေအာက္၌
ေဟာင္ေလ့တည္းခိုခန္းသည္ လႈပ္ခါသြား၏။

တည္းခိုခန္း၏ဧၫ့္ခန္းတြင္ ပိုင္ရွင္သူေဌးက
လက္ထဲတြင္ဆီမီးအိမ္တစ္လံုးႏွင့္ ေထာင့္ေလးမွ
ထြက္လာသည္။ အေမွာင္ယံထဲတြင္
မိွန္ပ်ပ်ဆီမီးအိမ္ေလးကသာ အလင္းေပးေနၿပီး
တည္းခိုခန္းပိုင္ရွင္သည္ အလြန္အမင္းေၾကာက္မက္
ထိတ္လန႔္ဖြယ္ေကာင္းလို႔ေနသည္။

ပိုင္ရွင္သူေဌးက မီးအိမ္ေလးကိုအေပၚထပ္သို႔
သယ္ေဆာင္လာၿပီး သူေလ်ွာက္လိုက္တိုင္း
တကၽြိကၽြိအသံကိုၾကားရႏိုင္ေလသည္။ တိတ္ဆိတ္
ေနေသာညတြင္ ၄အသံက အဆတစ္ရာခန႔္ထိ
က်ယ္ေလာင္လို႔ေန၏။

အေပၚေရာက္သည္ႏွင့္ ပိုင္ရွင္သူေဌးသည္
မီးမ်ားထြန္းထားသၫ့္အခန္းမ်ားထံေလ်ွာက္သြား၏။
သူ၏ အိုမင္းရြတ္တြေနေသာမ်က္ႏွာတြင္
ေခ်ာက္ခ်ားဖြယ္အႃပံုးတစ္ခုထင္ဟပ္သြားသည္။

အခန္းထဲတြင္ ယူ​ေရွာင္းမိုသည္ လင္းေရွာင္ကို
စိုက္ၾကၫ့္ျခင္းအမႈ၌အာရံုစိုက္ထားဆဲတြင္
တံခါးေခါက္သံတစ္ခု ရုတ္တရက္ထြက္ေပၚလာ၏။

ဒီအခ်ိန္ႀကီး ဘယ္သူ တံခါးလာေခါက္ေနတာလဲ။

ယူ​​​ေရွာင္းမို နားမလည္ျဖစ္သြားေပမဲ့ တံခါးသြားဖြင့္
ေပးလိုက္ပါသည္။ ပိုင္ရွင္သူေဌးက ဆီမီးအိမ္ကို
ေမးေစ့ေအာက္မွာထား၍ကိုင္ထားၿပီး မတ္တပ္ရပ္
ေနသၫ့္ျမင္ကြင္းနဲ႔ မိတ္ဆက္လိုက္ရရာ
သူလန႔္ျဖန႔္သြား၏။ သရဲေတြ့လိုက္ရသလိုပင္။

တည္းခိုခန္းပိုင္ရွင္သည္ မီးအိမ္အားၾကမ္းျပင္ေပၚ
ခ်လိုက္ရင္းျဖင့္ စိတ္ေက်နပ္ေအာင္လုပ္တဲ့အႃပံုး
တစ္ခုျပဳလုပ္လိုက္၏။ ထို႔ေနာက္ ဗန္းတစ္ဗန္း
ရိွေနသၫ့္ အျခားလက္တစ္ဖက္ကို ဆန႔္ကာ
ေျပာေလသည္။

"ဧၫ့္သည္ခင္ဗ်၊ ဒါကကၽြန္ေတာ္တို႔ဆိုင္ရဲ့
အလကားေပးတဲ့ ညလယ္အဆာေျပစားစရာပါ"

ယူေရွာင္းမိုေျပာလိုက္သည္။

"ဟင့္အင္း ေက်းဇူးပဲ၊ ကၽြန္ေတာ္ဗိုက္မဆာဘူး။
ခင္ဗ်ားျပန္ယူသြားလိုက္ပါ"

သူ စားခ်င္ေသာက္ခ်င္တဲ့စိတ္အေျခအေနမွာမရိွေပ၊
ဆယ္ပန္းကန္အလကားေပးေတာင္ သူမစားခ်င္။

ထို႔ေနာက္ တံခါးပိတ္ဖို႔ျပင္လိုက္သည္။

တည္းခိုခန္းပိုင္ရွင္က အျမန္လက္ထုတ္ၿပီး
တားလိုက္သည္။ သူက ရည္မြန္သၫ့္အႃပံုးတစ္ခုနဲ႔
ေျပာေလသည္။

"ဧၫ့္သည္ အခုဗိုက္မဆာရင္ေတာင္ ဆာတဲ့အခ်ိန္
စားလို႔ရတာပဲ။ မဟုတ္ရင္ စားမယ့္သူဘယ္သူမွ
မရိွဘူးဗ်၊ အလကားျဖစ္သြားမွာ"

ယူေရွာင္းမို မ်က္ေမွာင္ကုပ္မိေပမဲ့ လင္ဗန္းကိုေတာ့
ယူလိုက္သည္။ တည္းခိုခန္းပိုင္ရွင္ကခ်က္ခ်င္း
ပြင့္လန္းလာတဲ့ပန္းကေလးလို ႃပံုးၿပီး
မီးအိမ္ႏွင့္အတူ ထြက္ခြာသြားေတာ့သည္။

အခန္းထဲျပန္ေရာက္သည္ႏွင့္ တည္းခိုခန္းပိုင္ရွင္ရဲ့
ပံုမွန္မဟုတ္တဲ့အျပဳအမူေတြကို ယူေရွာင္းမို
ေနာက္ဆံုးသတိျပဳမိလိုက္သည္။ က်ိက်ိဳးၿမိဳ႔က
လူေတြက အျပင္လူေတြဆိုေရွာင္တတ္ၾကသည္၊
ဘာလို႔ သူ႔ကိုအဆာေျပမုန႔္ေတြ အလကားေပးမွာလဲ။

သူ႔ဦးေနွာက္ႀကီးကရႈပ္ေထြးေနၿပီး အျခား
စိတ္ရႈပ္စရာေကာင္းတဲ့ကိစၥေတြကို ေတြးဖို႔အခ်ိန္
သူ႔မွာမရိွတာေၾကာင့္ လင္ဗန္းကို တစ္ကိုယ္တည္း
စားပဲြေပၚတင္ထားလိုက္ေတာ့သည္။

ပထမထပ္ဧၫ့္ခန္းတြင္။

ဆိုင္အကူႏွစ္ေယာက္လံုးက ေယာက္်ားသားမ်ား
ျဖစ္ၿပီး စားဖိုမွဴးကေတာ့ သက္လတ္ပိုင္းအရြယ္
အမ်ိဳးသမီးတစ္ဦးျဖစ္ေလသည္။ တည္းခိုခန္းပိုင္ရွင္
ဆင္းလာသည္ကိုေတြ့ေသာ္ သူတို႔က ခ်က္ခ်င္း
သူ႔နားဝန္းရံလိုက္ၾက၏။ သို႔ေသာ္ သူတို႔
ဘာမွမေမးရေသးခင္ သူ႔ရဲ့ေမွာင္မိႈင္းေနတဲ့
အမူအရာကိုျမင္လိုက္ရေလသည္။

"သူေဌး ဘာျဖစ္လို႔လဲ"
စားဖိုမွဴးက အလ်င္စလိုေမးလိုက္သည္။

သူက ေမွာင္မည္းေနတဲ့အမူအရာနဲ႔ျပန္ေျဖသည္။

"ငါတို႔အစီအစဉ္ကိုဖ်က္ရေတာ့မယ္ထင္တယ္"

"ဘာလို႔လဲ" လူတိုင္းနားမလည္ျဖစ္သြားၾကသည္။
သူတို႔မွာ ျပင္ဆင္ထားရတာျဖစ္သည္။

တည္းခိုခန္းပိုင္ရွင္ကေျပာသည္။

"ဧၫ့္သည္တစ္ေယာက္က မုန႔္ကိုစိတ္မဝင္စားဘူး။
က်ဳပ္သြားပို႔ေပးတာေတာင္ မစားဖို႔မ်ားတယ္။
သူတို႔ကိုေဆးခပ္လို႔မရရင္ ငါတို႔အစီအစဉ္ကို
ေနွာင့္ယွက္ႏိုင္တယ္"

"ဒါဆို ဒီတိုင္းထားလိုက္ရေတာ့မွာလား။ ကၽြန္မ
အားခၽြမ္ဆီကၾကားတာေတာ့ သူတို႔ကအေကာင္
ႀကီးႀကီးေတြပဲ!"

စားဖိုမွဴးရဲ့မီးဖိုေခ်ာင္သံုးဓားက ေအးစက္စက္
အလင္းေရာင္တစ္ခ်က္လက္သြားကာ သူမက
အႏၲရာယ္ရိွစြာေျပာလိုက္သည္။

"ဘယ္ဟုတ္ပါ့မလဲ" တည္းခိုခန္းပိုင္ရွင္ကေျဖသည္။

"က်ဳပ္အျမင္အရ သူတို႔ က်ိက်ိဳးၿမိဳ႔ကေန
ထြက္သြားဦးမွာမဟုတ္ဘူး။ သူတို႔ထဲက
တစ္ေယာက္က ဒဏ္ရာရထားတဲ့ပံုေပၚတယ္။
သူ႔ဒဏ္ရာေတြမေပ်ာက္ခင္ထိ ေနၾကဦးမယ့္ပံုပဲ။
သူတို႔ တည္းခိုခန္းထဲမွာရိွေနသေရြ့ ငါတို႔မွာ
အခြင့္အေရးေတြအမ်ားႀကီးရိွေသးတယ္"

အကူလုပ္သားတစ္ဦးက ေမးလိုက္သည္။

"ဒါျဖင့္ရင္ က်န္တဲ့ႏွစ္ေယာက္ကေရာ"

လတ္တေလာ က်ိက်ိဳးၿမိဳ႔သို႔ အျပင္လူမ်ား
ေရာက္လာေနၾကသည္။ အားခၽြမ္ရဲ့အကူအညီျဖင့္
သည္ေနရာတြင္ လက္ရိွ ေနထိုင္ေနသၫ့္အျပင္လူ
ေလးဦးရိွေနသည္။ ထိုထဲမွႏွစ္ဦးက မနက္ျဖန္
ထြက္ခြာေကာင္းထြက္ခြာႏိုင္သည္။

"သူတို႔က က်ဳပ္ပို႔ထားတဲ့အဆာေျပမုန႔္ကိုစားၿပီး
ေလာက္ၿပီ။ ဒီေန့ရွင္းပစ္မွရမယ္၊ မဟုတ္ရင္
မနက္ျဖန္က် အဲ့ထဲမွာတစ္ခုခုထၫ့္ထားတယ္ဆိုတာ
သိသြားၾကလိမ့္မယ္"

တည္းခိုခန္းပိုင္ရွင္က ေတြးလိုက္ၿပီးဆက္ေျပာသည္။

"ေကာင္းၿပီ။ မုန႔္မစားတဲ့ႏွစ္ေယာက္ကို က်ဳပ္
သြားၿပီးအာရံုလႊဲထားမယ္၊ မင္းတို႔က က်န္တဲ့
ႏွစ္ေယာက္ကိုႀကိဳးသြားတုပ္ခ်ည္။ တိတ္တိတ္ေလး
လုပ္ၾကေနာ္၊ က်ဳပ္တို႔ကိုသိသြားလို႔မျဖစ္ဘူး"

"ဟုတ္ကဲ့!"

လူေလးဦးက ခဲြလိုက္ၿပီး အလုပ္သြားလုပ္ၾကေတာ့
သည္။ ေဟာင္ေလ့တည္းခိုခန္းသည္
ထို'မရိုးသားေသာ' ဆိုင္မ်ားထဲတြင္ တစ္ခုအပါအဝင္
ျဖစ္၏။

အားခၽြမ္က က်ိက်ိဳးၿမိဳ႔ကဆိုတာမွန္ေပမဲ့ သူ႔တြင္
အျပင္လူမ်ားကို ေဟာင္ေလ့တည္းခိုခန္းႏွင့္
မိတ္ဆက္ေပးသၫ့္ အလုပ္လည္းရိွေလသည္။
သူတို႔က သူတို႔ကိုေဆးခပ္၊ ႀကိဳးတုပ္ၿပီး ပစၥည္း
ဥစၥာမ်ားကိုခိုးယူၾကသည္။ သူတို႔ကအျပင္လူမ်ားသာ
ျဖစ္ေသာေၾကာင့္ သတ္တာျဖတ္တာမ်ိဳးလည္း
ပါဝင္သည္။

ထို႔ေၾကာင့္ တည္းခိုခန္းပိုင္ရွင္က ယူေရွာင္းမိုတို႔
တံခါးကိုတစ္ခါထပ္လာေခါက္ေသာအခါတြင္
မိနစ္သံုးဆယ္ပင္ မျပၫ့္ေသးေခ်။

ယူေရွာင္းမို စိတ္မရွည္ေတာ့၊ တံခါးကိုဖြင့္လိုက္သည္။

"ဒီတစ္ခါဘာလိုခ်င္ျပန္ၿပီလဲ"

တည္းခိုခန္းပိုင္ရွင္က ေျပရာေျပၾကောင္းႃပံုးသည္။

"ဧၫ့္သည္ ဟိုကမင္းရဲ့မိတ္ေတြအတြက္
စိတ္ပူေနမယ္ထင္လို႔ အရံဟင္းပဲြႏွစ္ခုနဲ႔
ဝိုင္ေလးတစ္ပုလင္း လုပ္လာတာပါ။ မင္းပ်င္းတဲ့အခါ
ဝိုင္ေလးနဲ႔ တစ္ခုခုစားလို႔ရတာေပါ့"

ဒီိတည္းခိုခန္းပိုင္ရွင္က နည္းနည္းစိတ္ဝင္စားဖို႔
ေကာင္းတယ္လို႔ ယူေရွာင္းမိုခံစားလိုက္ရေတာ့သည္။
သူ႔လက္ထဲက ပစၥည္းပစၥယေတြကိုျမင္ေတာ့
သူေျပာလိုက္သည္။

"ကၽြန္ေတာ္မွတ္မိတာမွန္ရင္ က်ိက်ိဳးၿမိဳ႔ကလူေတြက
သိပ္ကိုတသီးတသန႔္ဆန္ၾကတာပါ။ ခင္ဗ်ားတို႔လည္း
အတူတူပဲမျဖစ္သင့္ဘူးလား။ ဘာလို႔ တအားေတြ
သေဘာေကာင္းၿပီး ကၽြန္ေတာ့္ကို အလကားကၽြေး
ေနတာလဲ"

"မင္းေျပာတာမွန္ပါတယ္။ က်ိက်ိဳးၿမိဳ႔က
အျပင္လူေတြကိုဆို ေရွာင္ဖယ္တတ္ၾကတယ္။
ဒါေပမဲ့ အဲ့လိုမဟုတ္တဲ့သူနည္းနည္းေတာ့ရိွပါတယ္၊
က်ဳပ္လိုေပါ့။ က်ဳပ္တို႔က မင္းကိုဒီလိုေဈးႀကီးႀကီး
ယူေပမဲ့ ဒါကမလုပ္မျဖစ္မို႔ပါ။ က်ဳပ္တို႔ကသာ
ထင္းထြက္ေနရင္ က်ိက်ိဳးၿမိဳ႔ကလူေတြပစ္မွတ္ထား
တာကိုခံရမွာေပါ့၊ မဟုတ္ဘူးလား"

တည္းခိုခန္းပိုင္ရွင္က ပ်ာသြားတာမ်ိဳးမရိွဘဲ
ေအးေအးလူလူျပန္ေျဖသည္။

"ေကာင္းၿပီေလ၊ ထားခဲ့လိုက္ပါ"

သူေျပာတဲ့ထဲမွာ အမွန္တရားတစ္ခ်ိဳ႕ပါတာပဲဟု
ယူေရွာင္းမိုေတြးမိသည္။ သူမသိတာက ဒါက
တမင္သက္သက္ရည္ရြယ္ထားတာျခင္း
ျဖစ္ေနတာကိုပင္။

တည္းခိုခန္းပိုင္ရွင္က သူ႔ခြင့္ျပဳခ်က္ျဖင့္
ေခါင္းငံု႔ၿပီးဝင္သြားသည္။ သို႔ေသာ္လည္း
ေခ်ာေမြ့စြာျဖင့္ပင္ ခိုးၾကၫ့္လိုက္ၿပီး ကန႔္လန႔္ကာ
ေနာက္ကြယ္က ေဝဝါးဝါးပံုရိပ္ကိုျမင္ေတြ့လိုက္သည္။

ပစၥည္းမ်ားကိုခ်ၿပီးသည္ႏွင့္ တည္းခိုခန္းပိုင္ရွင္က
အရင္ကဟာကိုယူၿပီး ေျပာေလသည္။

"ဧၫ့္သည္ ဒီမုန႔္ေတြကေအးေနၿပီ၊ က်ဳပ္ျပန္ခ်သြား
လိုက္ေတာ့မယ္"

ဝိုင္နဲ႔ဟင္းပဲြေတြက ေဆးခပ္မထားေပ။ ထို႔ေၾကာင့္
သူ ေဆးကိုမေတြ့တာေသခ်ာေစရန္ ထိုသက္ေသကို
ျပန္ယူဖို႔ရည္ရြယ္ၿပီးလာခဲ့တာျဖစ္သည္။

ယူေရွာင္းမို သူ႔ကိုႏွင္ထုတ္ဖို႔ လက္ယမ္းျပလိုက္
သည္။ တည္းခိုခန္းပိုင္ရွင္လည္း အခ်ိန္ေလာက္
ေလာက္တာကိုသိၿပီး အခန္းမွထြက္ခြာခဲ့သည္။

သူတို႔ကက်င့္ႀကံသူေတြဆိုေပမဲ့ သူတို႔သံုးတဲ့ေဆးက
သာမာန္မဟုတ္ေပ။ သာမာန္ပစၥည္းက သာမာန္
လူေတြေပၚမွာပဲ သက္ေရာက္မႈရိွသည္ေလ။

လူေလးဦးက သူတို႔ရဲ့ပိုင္ဆိုင္သမ်ွကိုျဖဳတ္ၾကၫ့္
ေသာ္လည္း ေမွာ္အိတ္ႏွစ္လံုးသာရိွေလသည္။

သူတို႔က သာမာန္က်င့္ႀကံသူမ်ားျဖစ္ေနသည္မွာ
ဆိုးလွသည္။ သူတို႔ရဲ့စြမ္းအင္ေက်ာက္တံုး
စုစုေပါင္းက တစ္ရာပင္မျပၫ့္ေခ်။ ၄​က
အနည္းငယ္မ်ွသာျဖစ္ေပမဲ့
သူတို႔ကိုေက်နပ္ေစဖို႔ေတာ့ လံုေလာက္၏။
ၾကၫ့္ရတာ ငါးႀကီးႏွစ္ေကာင္ကိုခ်ိတ္ကေနလြတ္ခြင့္
ေပးလို႔မရဘူးထင္သည္။ သူတို႔တြင္
အမ်ားႀကီးရိွရမည္။

တည္းခိုခန္းပိုင္ရွင္က စားဖိုမွဴးဘက္လွၫ့္ကာ၊
"ဒါဆို က်န္တာမင္းဆီအပ္ခဲ့ေတာ့မယ္"

စားဖိုမွဴးက သူမရင္ဘတ္ကိုပုတ္ကာ ေခ်ာက္ခ်ားဖြယ္
အမူအရာျဖင့္ခိုင္မာစြာေျပာလိုက္သည္၊

"သူေဌး စိတ္မပူနဲ႔၊ ကၽြန္မဆီပဲအပ္ထားလိုက္"
ထို႔ေနာက္ သူမရဲ့လူယံုေတာ္မီးဖိုေခ်ာင္သံုးဓားအား
ထုတ္ယူလိုက္သည္။

ဒုတိယထပ္တြင္ ယူေရွာင္းမိုမွာ က်န္အျပင္လူ
ႏွစ္ေယာက္ ေပ်ာက္ကြယ္သြားၿပီျဖစ္ေၾကာင္း
လံုးလံုးသတိမထားမိေပ။

တည္းခိုခန္းပိုင္ရွင္ယူလာေပးသၫ့္ ဟင္းပဲြႏွစ္ခုမွာ
ေျမပဲႏွင့္ သၾကားၾကာပန္းအခ်ပ္ေလးမ်ားျဖစ္၏။
ဒီဟာေတြ သူမစားရတာၾကာၿပီျဖစ္တာေၾကာင့္
သူ႔ရဲ့ စားခ်င္စိတ္ကိုႏိႈးဆြေပးႏိုင္ေလသည္။

တည္းခိုခန္းပိုင္ရွင္သာ ယူ​ေရွာင္းမိုကိုဆဲြေဆာင္ဖို႔က
ဒါေတြပဲလိုတယ္ဆိုတာ သိခဲ့ရင္ ေဆးမခပ္ဖို႔
သူ႔ဆံုးျဖတ္ခ်က္ကိုေနာင္တေနေလာက္ၿပီျဖစ္သည္။
၄က အခြင့္ေရးေကာင္းတစ္ခုကိုျဖဳန္းတီး
လိုက္ျခင္းပင္ျဖစ္သည္။ ယူေရွာင္းမို
တစ္ေယာက္ပဲစားတာေၾကာင့္ သူ႔အႀကံကပ်က္ဖို႔
ကံပါလာတယ္ဆိုေပမဲ့လည္းေလ။

ဒုတိယေန့မနက္တြင္ လင္းေရွာင္က ကုတင္ေပၚမွာ
အနားယူေနဆဲျဖစ္သည္။

ယူေရွာင္းမို အေညာင္းဆန႔္လိုက္သည္။ စားပဲြေပၚ
အိပ္ရတာ နည္းနည္းေလးမွသက္ေသာင့္သက္သာ
မရိွေပ။ တစ္ကိုယ္လံုးကိုက္ခဲေနသည္။ ကုတင္ေပၚ
အိပ္လို႔ လင္းေရွာင္အေနွာင့္အယွက္ျဖစ္မွာကို
စိုးေန၍သာမဟုတ္လ်ွင္ သူ ဘယ္လိုမွလက္ေလ်ွာ့မွာ
မဟုတ္ေပ။

လင္းေရွာင္အေျခအေနမဆိုးတာကိုျမင္ေတာ့
ယူေရွာင္းမို ဝါးသမ္းရင္း အခန္းထဲမွထြက္လာခဲ့
သည္။ ေလွကား၌ တည္းခိုခန္းပိုင္ရွင္ႏွင့္ဆံုမိေလ
သည္။

"ဧၫ့္သည္ အေစာႀကီးႏိုးေနပါလား"

ေအာက္ဆင္းဖို႔မလိုေတာ့တာေၾကာင့္
အခြင့္ေကာင္းပဲဟု ယူေရွာင္းမိုေတြးလိုက္သည္။

"မေန့ညက သၾကားၾကာပန္းခ်ပ္ေတြကစားေကာင္း
တယ္။ ကၽြန္ေတာ့္ကိုထပ္ေပးပါဦး၊ ၿပီးေတာ့
တစ္ျခားဟာေတြေရာပဲ။ ဝိုင္မလိုဘူး ၊
လက္ဖက္ရည္ပဲ"

တည္းခိုခန္းပိုင္ရွင္က အတည္ျပဳျပီးတဲ့ေနာက္
ျပင္ဆင္ဖို႔အတြက္ေအာက္ဆင္းသြားခဲ့သည္။

တည္းခိုခန္းပိုင္ရွင္ ျပန္ေရာက္လာေတာ့ ငါးမိနစ္ပင္
မရိွေသးတာေၾကာင့္ ႀကိဳျပင္ထားတာျဖစ္မယ္လို႔
ယူေရွာင္းမိုခန႔္မွန္းမိလိုက္သည္။ သူမွာထားသၫ့္
သၾကားၾကာပန္းခ်ပ္ေတြရယ္၊ အသားေပါက္စီ
ပူပူေလးတစ္လံုးရယ္နဲ႔ ဆန္ျပဳတ္ႏွစ္ပန္းကန္ပါ
သည္။ ဝန္ေဆာင္မႈကေတာ့ေကာင္းေပသည္။

ဒီတစ္ႀကိမ္ ယူေရွာင္းမို သူ႔ကိုဝင္ခြင့္မေပးဘဲ
ပစၥည္းေတြကိုယူၿပီး ေမာင္းထုတ္လိုက္သည္။

ပစၥည္းကိုခ်ၿပီးသည္ႏွင့္ လင္းေရွာင္ကိုၾကၫ့္ရန္
ကန႔္လန႔္ကာဆီေလ်ွာက္သြားလိုက္သည္။
သူ မ်က္လံုးမိွတ္ထားဆဲျဖစ္တာကိုေတြ့ရေတာ့
ေနွာင့္ယွက္မိမွာစိုး၍ မေခၚေတာ့ေပ။

ယူေရွာင္းမို သူ႔စားခ်င္စိတ္ကိုတိုးေစသၫ့္
သၾကားၾကာပန္းခ်ပ္ေတြကို ၾကၫ့္လိုက္ေပမဲ့
သူ႔အၾကၫ့္က ေပါက္စီပူပူေလးဆီေရြ့သြားသည္။
၄က ျဖဴစြတ္ေနၿပီး အရမ္းႀကီးကာ
ၾကၫ့္ရံုနဲ႔တင္သြားရည္ယိုေစႏိုင္သည္။

ယူေရွာင္းမို မေနႏိုင္ေတာ့ဘဲတစ္ခုယူၿပီး ဆဲြၿဖဲ
လိုက္သည္။ သူ႔တြင္ ေပါက္စီစားရာ၌ထူးဆန္းသၫ့္
အက်င့္တစ္ခုရိွသည္၊ အဲ့တာက စားတိုင္း
တစ္ဝက္ပိုင္းၿပီးမွစားျခင္းပင္၊ ဒီလိုဆို သူ႔အတြက္
အရသာပိုရိွေလသည္။

သို႔ေပမဲ့ သူ တစ္ကိုက္ကိုက္ဖို႔ျပင္လိုက္တုန္း
အစာနဲ႔ပတ္သက္ၿပီး တစ္ခုခုမွားေနတာကို
ေတြ့လိုက္သည္။ အသားထဲမွာခၽြန္ထက္တဲ့ဟာတစ္ခု
ပါေနတာလား။

ယူေရွာင္းမို ဆဲြထုတ္ၿပီး အနီးကပ္ၾကၫ့္ၾကၫ့္လိုက္
ေတာ့ လက္သည္းစတစ္ခုျဖစ္ေနသည္။

ေပါက္စီထဲမွာ လူလက္သည္းတစ္ခုရိွေနတယ္?

ယူေရွာင္းမို လက္တုန္သြားၿပီး ေပါက္စီက
ၾကမ္းျပင္ေပၚသို႔ ျပဳတ္က်သြားသည္။

ဘယ္ေလာက္ေတာင္ ကံေတြစြန္းေကာင္းေနပါလိမ့္၊
လူသားေပါက္စီတစ္ခုေတြ့လိုက္ရတယ္ေလ!!
_________________________








Continue Reading

You'll Also Like

505K 73.1K 53
I never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်...
854K 118K 107
I Saved The Disabled Villain by Pretending to Be Pitiful Chapter 97 ချီဟန်ဟာ ညှင်းပန်း နှိပ်စက်ပြီး ​ခွေး​သွေးဆန်တဲ့ ဝတ္ထုကို တစ်ညလုံး ဖတ်ခဲ့သည်။ နာ...
160K 26K 44
Title -The Tang Family's Seven Os [汤家七个O] Author - White Clouds [白云朵] Status in COO - Completed (186 chapters + 3 extras) Start date - 1.4.2023 End d...
360K 53.2K 122
Myanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are available. Genres : Horror Love Stroy W...