The Legendary Master's Wife [...

By melon_rays

1.3M 243K 9.6K

Original Author- Yin Ya English Translators- Exiled Rebels Scanlations [Chapter(400)- (590)] (If you want t... More

Chapter-400
Chapter-401
Chapter-402
Chapter-403
Chapter-404
Chapter-405
Chapter-406
Chapter-407
Chapter-408
Chapter-409
Chapter-410
Chapter-411
Chapter-412
Chapter-413
Chapter-414
Chapter-415
Chapter-416
Chapter-417
Chapter-418
Chapter-419
Chapter-420
Chapter-421
Chapter-422
Chapter-423
Chapter-424
Chapter-425
Chapter-426
Chapter-427
Chapter-428
Chapter-429
Chapter-430⚠️
Chapter-431
Chapter-432
Chapter-433
Chapter-434
Chapter-435
Chapter-436
Chapter-437
Chapter-438
Chapter-439
Chapter-440
Chapter-441
Chapter-442
Chapter-443
Chapter-444
Chapter-445
Chapter-446
Chapter-447
Chapter-448⚠️
Chapter-449
Chapter-450
Chapter-451
Chapter-452
Chapter-453
Chapter-454
Chapter-455
Chapter-456
Chapter-457
Chapter-458
Chapter-459
Chapter-460
Chapter-461
Chapter-462
Chapter-463
Chapter-464
Chapter-465
Chapter-466
Chapter-467
Chapter-468
Chapter-469
Chapter-470
Chapter-471
Chapter-472
Chapter-473
Chapter-474
Chapter-475
Chapter-476
Chapter-477
Chapter-478
Chapter-479
Chapter-480
Chapter-481
Chapter-482
Chapter-483
Chapter-484
Chapter-485
Chapter-486
Chapter-487
Chapter-488
Chapter-489
Chapter-490
Chapter-491
Chapter-492
Chapter-493
Chapter-494
Chapter-495
Chapter-496
Chapter-497
Chapter-498
Chapter-499
Chapter-500
Chapter-501
Chapter-502
Chapter-503
Chapter-504
Chapter-505
Chapter-506
Chapter-507
Chapter-508
Chapter-509
Chapter-510
Chapter-511(Unicode)
Chapter-511(Zawgyi)
Chapter-512
Chapter-513(part-1)
Chapter-513(part-2)
Chapter-514
Chapter-515
Chapter-516
Chapter-517
Chapter-518
Chapter-519
Chapter-520
Chapter-521
Chapter-522
Chapter-523
Chapter-524
Chapter-525
Chapter-526
Chapter-527
Chapter-528
Chapter-529
Chapter-530
Chapter-531
Chapter-532
Chapter-533
Chapter-534(part-1)
Chapter-534(part-2)
Chapter-535
Chapter-536
Chapter-537
Chapter-538
Chapter-539
Chapter-540
Chapter-541
Chapter-542
Chapter-543
Chapter-544
Chapter-545
Chapter-546
Chapter-547
Chapter-548
Chapter-549
Chapter-550
Chapter-551
Chapter-552
Chapter-553
Chapter-554
Chapter-555
Chapter-557
Chapter-558
Chapter-559
Chapter-560
Chapter-561
Chapter-562
Chapter-563
Chapter-564
Chapter-565
Chapter-566
Chapter-567
Chapter-568
Chapter-569
Chapter-570
Chapter-571
Chapter-572
Chapter-573
Chapter-574
Chapter-575
Chapter-576
Chapter-577
Chapter-578
Chapter-579
Chapter-580
Chapter-581
Chapter-582
Chapter-583
Chapter-584
Chapter-585
Chapter-586
Chapter-587
Chapter-588
Chapter-589
Chapter-590
Book ခဲြျခင္း / Book ခွဲခြင်း

Chapter-556

6.3K 1.2K 24
By melon_rays

//Unicode//

အပိုင်း(၅၅၆) ဝိုင်ဖောက်သူနှင့်စိတ်ဝိဉာဉ်ဝိုင်

သလင်းကျောက်ပြားသည် ကြမ်းပြင်နှင့်
တိုက်ရိုက်တွယ်ဆက်နေပြီး ပြီးသည့်နောက်
လေလံပွဲစင်မြင့်ဆီသို့ဆန့်တန်းသွားသည်။

ကျောက်ပြားတစ်ချပ်မှတစ်ဆင့် မြင်ရခြင်းက
ပုံမှန်လေလံအိမ်၏ဆူညံခြင်းမျိုးကို
လျော့ချပေးနိုင်သည်မှာအမှန်ပင် ။
ယူရှောင်းမိုအမြဲလိုလို အတွေးဝင်မိသည်က
ဒီပစ္စည်းက modern ကမ္ဘာမှ
နည်းပညာမြင့်ပစ္စည်းများထက်ပင် ပိုမို
အဆင့်မြင့်သည်ဟူ၍ပင်ဖြစ်၏။ သို့သော်လည်း
ဤကဲ့သို့သလင်းကျောက်ပြားများက ထုံထျန်း
တိုက်မကြီးပေါ်တွင်လည်း လူသုံးမများကြောင်း
သူကြားထားသည်၊ အကြောင်းအရင်းက
လူတွေကမသုံးချင်၍မဟုတ်ဘဲ သလင်းကျောက်တုံး
အရေအတွက်ကအကန့်အသတ်ဖြင့်သာရှိ
သောကြောင့်ဖြစ်သည်။ 

သူကြားထားသည့်အတိုင်းဆို သလင်းကျောက်တုံး
များရှိသည့် နေရာမှာတစ်ခုတည်းသာရှိကာ
ထိုနေရာသည် အလွန်တရာအန္တရာယ်များလှ၏။
အမှန်တကယ်အင်အားကြီးကျင့်ကြံသူများသာ
၎င်းကျောက်များကိုတူးဖော်နိုင်လေသည်။

လေလံပစ်သူက မိတ်ဆက်စကားပြောပြီးသည့်နောက်
လေလံပွဲစတင်ကြောင်းကြေညာသည်။

ပစ္စည်းတစ်ခုတိုင်းတစ်ခုတိုင်းက လေလံပွဲစင်မြင့်
အောက်မှ ပေါ်ထွက်လာသဖြင့် လူအားကို
လျော့ချပေးပြီး ၎င်း၏အဆင်ပြေသက်သာမှုကို
ဖော်ပြပေးနေသည်။

ပုံမှန်အားဖြင့်လေလံပွဲတစ်ခုက တန်ဖိုးနည်းပါးသည့်
ပစ္စည်းအချို့နှင့်စတင်တတ်သော်လည်း
ပင့်ကူနက်၏လေလံပစ္စည်းများက အရည်အသွေး
ကောင်းမွန်သောပစ္စည်းများအဖြစ် သိကြလေရာ
အဖွင့်ပိုင်းသည်လည်း မဆိုးလှချေ။

ပထမဦးဆုံးပစ္စည်းက လင်းယုန်နီဆေးပေါင်းအိုး
အမည်ရှိ ဆေးပေါင်းအိုးတစ်လုံးဖြစ်၏။ ၎င်း
ပုံသဏ္ဍာန်ကို လင်းယုန်နီတစ်ကောင်ပျံသန်းနေသည့်
အတိုင်းပုံဖော်ထားသဖြင့် နာမည်ကလည်းထိုအတိုင်း
ဖြစ်လေသည်။ ၎င်းအိုးက ထိပ်ဆုံးမှရေတွက်လျှင်
အဆင့်ကိုးဆယ့်ကိုးသာ ချိတ်သော်လည်း
ဈေးအပြိုင်ဆွဲနေသူအမြာက်အမြားရှိနေသေးသည်။

ထိပ်ဆုံးအခုတစ်ရာအတွင်းဝင်နိုင်သည့်အတွက်
၎င်းက ပစ္စည်းကောင်းတစ်ခုဖြစ်မည်မှာ
မလွဲမသွေပင်။

လေလံပစ်သူ၏ ထိရောက်ပြီးအပြောကောင်းသည့်
မိတ်ဆက်စကားကြောင့် လူအုပ်သည်လည်း
စိတ်လှုပ်တရှားဖြစ်လာကြသည်။ တက်ရောက်သူ
များထဲတွင် မှော်ဆရာများလည်းပါဝင်သောကြောင့်
လင်းယုန်နီဆေးပေါင်းအိုးကို ချိန်ရွယ်နေသူ
အတော်အတန်များပြား၏။

လူအုပ်ကြီး၏ အပြိုင်လေလံဆွဲမှုအောက်၌
လင်းယုန်နီဆေးပေါင်းအိုး စွမ်းအင်ကျောက်တုံး
နှစ်သန်းငါးသောင်းငါးထောင်ဖြင့် ရောင်းထွက်သွား
သည်။

ဈေးနှုန်းက ယူရှောင်းမိုကိုတုန်လှုပ်သွားစေသည်။

အရင် ကောင်းကင်ဘုံဆေးပေါင်းအိုးကိုရရန်
သူ စွမ်းအင်ကျောက်တုံးဆယ့်တစ်သန်းဖြင့်
လေလံဆွဲခဲ့ရ၏။ ဈေးနှုန်းနှစ်ခုကြားကွာခြားမှု
သိပ်မကြီးပေ။

သို့သော်လည်း ကောင်းကင်ဘုံဆေးပေါင်းအိုးက
အဆင့်ဇယားတွင် နံပါတ်ခုနစ်ချိတ်သည်၊
၎င်းတန်ဖိုးက လင်းယုန်နီဆေးပေါင်းအိုးနှင့်
လားလားမျှမဆိုင်ချေ။ လက်ရှိအခြေအနေအား
မြင်ပါမှ သူ ဈေးပေါပေါဖြင့်ရခဲ့ခြင်းဖြစ်ကြောင်း
နားလည်သွားတော့သည်။

ဒီအစားလေလံဆွဲသည်က ကောင်းကင်ဘုံ
ဆေးပေါင်းအိုးသာဆိုလျှင် အမြင့်ဆုံးလေလံဈေးက
သေချာပေါက်ကို သန်းပေါင်းထောင်နှင့်ချီ
သွားပေလိမ့်မည်။

ထို့နောက်တွင် ပစ္စည်းအနည်းငယ်ခန့်ရောင်းထွက်
သွားပြီး ဘယ်တစ်ခုမှ စွမ်းအင်ကျောက်တုံး
တစ်သန်းအောက်မလျော့ပေ။

ပဉ္စမမြောက်ပစ္စည်းက ဝိုင်ပုလင်းတစ်လုံးဖြစ်နေ
ခဲ့ရာ အတော်လေးအံ့အားသင့်ဖို့ကောင်းစေသည်။

ယူရှောင်းမို လေလံစင်မြင့်ထက်ကဝိုင်အား
မျက်စိပြူးပြီး သိချင်စိတ်ပြင်းပြစွာဖြင့်
ကြည့်လိုက်သည်။

ဒီလိုလေလံပွဲမှာဘယ်လိုလုပ်ဝိုင်ရောက်နေတာလဲ?

နေ့စဉ်နေ့တိုင်းသင်ယူစရာအသစ်အဆန်းများ
ရှိနေတတ်သည်မှာမှန်ပေသည်။

"ဒါက ဝိုင်ဖောက်သူတစ်ယောက်ဖောက်ထားတဲ့
စိတ်ဝိဉာဉ်ဝိုင်ပဲ"

သူ့နားဘေးတွင် လင်းရှောင်၏အသံကပေါ့ပါးစွာ
ထွက်ပေါ်လာသည်။

ယူရှောင်းမိုသူ့ဘက်လှည့်ပြီး "ဝိုင်ဖောက်သူ?" ဟု
မေးလိုက်သည်။

လင်း​ရှောင်သည် ခပ်ပြုံးပြုံးဖြင့်ရှင်းပြ၏။

"တကယ်တော့ထုံထျန်းတိုက်ကြီးပေါ်မှာ တစ်ခြား
အလုပ်အကိုင်တစ်ခုရှိသေးတယ်၊ ဝိုင်ဖောက်သူတဲ့
လေ။ သူတို့စိတ်ဝိဉာဉ်ဝိုင်က စိတ်ဝိဉာဉ်စွမ်းအား
ပြန်လည်ဖြည့်တင်းတဲ့နေရာမှာ အထောက်အကူ
ပေးနိုင်တယ်။ ဒါပေမဲ့ အဲ့အလုပ်ကလူကြိုက်များတဲ့
အလုပ်မဟုတ်ဘူး ပြီးတော့ဝိုင်ဖောက်သူအများစုက
လည်း ယစ်ထုတ်တွေချည်းပဲ။ သူတို့ဝိုင်ထဲက
နည်းနည်းလောက်ကို ရောင်းချကြပေမဲ့
အများစုကိုက သူတို့အတွက်သူတို့ပဲချန်ထားတတ်
ကြတာ"

ယူရှောင်းမို နားလည်သည့်အနေဖြင့်ခေါင်းညိတ်ပြ
လိုက်သည်။

အတိုအားဖြင့် ဝိုင်ဖောက်သူတစ်ယောက်၏
အသုံးဝင်ပုံကရိုးရှင်းသည်— စိတ်ဝိဉာဉ်
စွမ်းအားပြန်လည်ဖြည့်တင်းမှုကို မြန်ဆန်စေဖို့သာ
ဖြစ်၏။ သို့ပေမဲ့ ဒီတစ်ခုတည်းသာဆို
လူအများစုက မှော်ဆေးလုံးပဲစားလိုက်ကြမှာပေါ့။

ယူရှောင်းမို နောက်ထပ်မေးခွန်းတစ်ခုရုတ်တရက်
တွေးမိသွားသည်။

"ဒါပေမဲ့ ခင်ဗျားပြောသလိုသာဆို ဒီလို
စိတ်ဝိဉာဉ်ဝိုင်မျိုးကို ထူးခြားပစ္စည်းတစ်ခုလို့
ယူဆလို့မရဘူးလေ။ ဘာလို့လေလံပွဲမှာ
ပေါ်လာရတာလဲ?"

"စိတ်ဝိဉာဉ်ဝိုင်တွေမှာတောင်မှ အရည်အသွေး
ကွဲပြားတာရှိတယ်" လင်းရှောင်က ပျင်းရိပျင်းတွဲ
ပြန်ဖြေပေမဲ့ ဆက်ပြော၏။
"ဒီဝိုင်ကအရည်အသွေးမြင့်ဝိုင်ဖြစ်လောက်မယ်။
ပုံမှန်ဆိုအရည်အသွေးမြင့်လေလေ ပြန်လည်
ဖြည့်တင်းတဲ့နှုန်းမြန်လေလေပဲ၊ ဒါပေမဲ့
ဝိုင်ဖောက်သူဆိုတာ အများကြီးရှိတာမှ
မဟုတ်တာလေ၊ အရည်အသွေးကောင်းတဲ့
စိတ်ဝိဉာဉ်ဝိုင်ကရှားတယ်"

သူတို့စကားပြောနေတုန်း လေလံပစ်သူက
စိတ်ဝိဉာဉ်ဝိုင်ကိုဖွင့်ပြီးလေပြီ။

ယူရှောင်းမို အနံ့ခံကြည့်လိုက်ပြီး သူ့ကို
တုန်ရီသွားစေသည့် ဝိုင်နံ့သင်းသင်းကိုလေထဲမှာ
ရလိုက်၏။

သူက ဝိုင်သိပ်သောက်လေ့မရှိပေမဲ့ ယောက်ျား
အများစုကသောက်တတ်စားတတ်ကြသည်။
အထူးသဖြင့် ယစ်ထုတ်များအတွက် စိတ်ဝိဉာဉ်
ဝိုင်သည် လူသားအဆင့်လွန်စိတ်ဝိဉာဉ်
လေ့ကျင့်ခြင်းကျင့်စဉ်တစ်ခုကဲ့သို့ပင် ဆွဲဆောင်အား
ပြင်းလှသည်။

"ဒါဆို ဝိုင်ဖောက်တဲ့ထဲဘာပစ္စည်းတွေပါလဲ
သိလား?"

ယူရှောင်းမို စိတ်ဝင်တစားမေးလိုက်သည်။
ဖြစ်နိုင်လျှင် ဝိုင်ဖောက်သူတစ်ယောက်ဖြစ်ရခြင်း
ကလည်း အတော်လေးကောင်းပြီး ဝိုင်ကို
လက်ဆောင်အဖြစ်ပေး၍လည်းရသေးသည်။
 
လင်းရှောင်က တစ်ချက်ကြည့်ရုံဖြင့် သူ့ခေါင်းထဲ
ဘာဖြစ်နေလဲတွေးကြည့်စရာပင်မလိုဘဲသိလေသည်။

"ဝိုင်ဖောက်သူဖြစ်ချင်တယ်ဆိုလည်း မင်းကတော့
ဖြစ်နိုင်ပါတယ်။ ပြောကြတာတော့ဒီဝိုင်တွေ
အားလုံးကို မှော်ဆေးပင်တွေနဲ့ဖောက်ကြတာဆိုပဲ၊
ဒါပေမဲ့ အဲ့တာနဲ့တင်မလုံလောက်သေးဘူး.....
အညွှန်းလည်းလိုသေးတယ်လေ"

ဒါကိုတော့ ယူရှောင်းမိုအနည်းငယ်စိတ်ပျက်သွားမိ
သည်။ သူ့တွင်အညွှန်းမရှိပေ။ သို့သော်
သူတွေးတောနေခိုက် လေလံပစ်သူ၏
ပါးစပ်ဖျားမှ အလွန်ဆွဲဆောင်မှုရှိလှသော
တစ်စုံတစ်ခုထွက်လာသည်ကိုကြားလိုက်ရ
လေသည်။

"ခင်ဗျားတို့အနံရနေသလိုပါပဲ ဒါကထိပ်တန်း
အရည်အသွေးရှိစိတ်ဝိဉာဉ်ဝိုင်ဖြစ်ပြီး တစ်ငုံတည်းနဲ့
စိတ်ဝိဉာဉ်စွမ်းအားကိုလျင်မြန်စွာပြည့်ဝစေနိုင်
ပါတယ်။ ဒီကနေ့ဒီမှာရှိနေတဲ့ ဝိုင်ချစ်သူများလည်း
စိတ်ဝင်စားနေကြမယ်လို့ယုံကြည်ပါတယ်၊
ဒါကြောင့် လူတိုင်းကိုနောက်ထပ်အံ့အားသင့်စရာ
တစ်ခုပြောပါ့မယ်ခင်ဗျာ။ စိတ်ဝိဉာဉ်ဝိုင်ရဲ့ပိုင်ရှင်က
အညွှန်းကို လေလံအောင်သူဆီလက်ဆောင်ပေးဖို့
ဆုံးဖြတ်လိုက်ပါတယ်..."

သူ့စကားဆုံးသွားသည်နှင့် လူအများမှာ
အံ့ဩဝမ်းသာဖြစ်သွားကြ၏။

အချို့က ဝိုင်ကိုစိတ်မဝင်စားကြသော်လည်း
အညွှန်းသာရနိုင်မည်ဆိုပါက ပုံမှန်ဖောက်၍သောက်
နိုင်တော့မည်ဖြစ်သည်။

ဘယ်သူကစိတ်ဝိဉာဉ်စွမ်းအား ပြန်လည်
ဖြည့်တင်းနိုင်စွမ်းရှိတဲ့ပစ္စည်းကိုမကြိုက်ဘဲရှိလို့လဲ။

သို့သော်ငြားလည်း ဈေးဝယ်စဉ်တွင်ယှဉ်ပြိုင်ရ
နှစ်သက်သူများအတွက်တော့ သူတို့အတွေးတွင်
စိတ်ဝိဉာဉ်ဝိုင်က မှော်ဆေးလုံးများလောက်
မကောင်းပေ၊ ထို့ကြောင့်ယှဉ်ကြည့်ရင်သူတို့က
စိတ်ဝင်စားမှုနည်းပါးနေသည်။

ယူရှောင်းမိုသည်လည်း အံ့ဩသွားပြီး
မျှော်တလင့်လင့်ဖြင့် လက်နှစ်ဖက်ကိုပွတ်လိုက်
သည်။ ဘယ်လိုဖြစ်ဖြစ် အခြားသူတွေဆိုရင်တော့
ဝိုင်ဖောက်ရာတွင်ကုန်ကျစရိတ်ကို ထည့်တွက်ရပေ
ဦးမည်။ သို့ပေမဲ့သူကတော့မလိုပေ။

အောက်ခြေအစဈေးနှုန်းက စွမ်းအင်ကျောက်တုံး
နှစ်သိန်းဖြစ်သည်။

စွမ်းအင်ကျောက်တုံးနှစ်သိန်းဖြင့် စိတ်ဝိဉာဉ်စွမ်းအား
ပြန်လည်ဖြည့်တင်းပေးနိုင်သောမှော်ဆေးလုံး
အတော်များများဝယ်၍ရနိုင်သည်၊ သို့သော်
အညွှန်းပါလာသည့်အခါ ယှဉ်ပြိုင်ပွဲကခြားနား
သွားခဲ့သည်။ လေလံဆွဲသူပမာဏသည်
ဆယ်ဆအထိမြင့်တက်သွား၏။

"ရှစ်တိလေး မင်းလည်းစိတ်ဝိဉာဉ်ဝိုင်
လိုချင်တယ်ပေါ့?"

ယူရှောင်းမို စိတ်ဝိဉာဉ်ဝိုင်အားတလက်လက်
တောက်ပနေသောမျက်လုံးများဖြင့် ကြည့်နေသည်ကို
မြင်သည့်အခါ သူတို့ဘေးမှာထိုင်သည့်ဝေ့ပိုင်က
မေးလိုက်သည်။

ယူရှောင်းမိုရယ်လိုက်သည်။  "ကျွန်တော်က
အညွှန်းကိုပဲပိုစိတ်ဝင်စားတာဗျ"

ဝေ့ပိုင်ကတွေးဆကြည့်လိုက်ပြီး၊ "နောက်ပိုင်း
ပစ္စည်းတွေကိုလေလံဆွဲချင်တယ်ဆိုရင်
တစ်ခြားပစ္စည်းတွေအပေါ်မှာ အများကြီးသုံးမပစ်
သင့်ဘူး"

ဒါကြောင့်ပင် အရှေ့တန်းရှိအင်အားစုများက
အခုထက်ထိမလှုပ်ရှားကြသေးခြင်းဖြစ်သည်။ ဒါက
သူတို့အမှန်တကယ်လိုချင်သည့်ပစ္စည်းအားရရန်နှင့်
စွမ်းအင်ကျောက်တုံးများ ဖြုန်းတီးမပစ်ဖို့
ဖြစ်လေသည်။ ဘယ်လိုပဲနေနေဒါအတွက်ကြောင့်နှင့်
လေလံရှုံးသွားရပါက သွေးအန်ရပေလိမ့်မည်။

"မပူပါနဲ့ ဒုတိယရှစ်ရှုန်း...ကျွန်တော်သိပါတယ်။"

ယူရှောင်းမိုက ယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်
သည်။ သူ့တွင် စွမ်းအင်ကြောတစ်ခုလုံးစာတန်သည့်
စွမ်းအင်ကျောက်တုံးများရှိနေသည်ကိုမပြောပြရ
သေးပေ။

မဖွံ့ဖြိုးသည့်နယ်မြေလောကတွင်ဖြစ်ပျက်ခဲ့သည့်
အကြောင်းအရာကို လျှို့ဝှက်ထားရမည်ဟု
လင်းရှောင်ကပြောထားသည်။ အပြင်သို့ပေါက်ကြား
သွားပါလျှင် သူတို့နောက်လိုက်နေသူမှာ
သွေးစွေးနီကလန်မှ ထုံထျန်းတိုက်မကြီး
တစ်ခုလုံးအထိ ဖြစ်သွားပေလိမ့်မည်။

မဖွံ့ဖြိုးသည့်နယ်မြေရိုင်းတစ်ခုရှာဖွေတွေ့ရှိခြင်းနှင့်
သွေးမြေကျရခြင်းက ခွဲ၍မရခဲ့ပေ။

လေလံဆွဲတာအတော်ကြာသည့်အခါ ကိုးဆယ်
ရာခိုင်နှုန်းခန့်ကလက်လျှော့သွားကြပြီး
ကျန်ရှိသည်က အတော်လေးမျှတသည့်ယှဉ်ပြိုင်မှု
များပင်ဖြစ်သည်။ စိတ်ဝိဉာဉ်ဝိုင်ဈေးနှုန်းကလည်း
နှစ်သိန်းမှ ရှစ်သန်းအထိမြင့်တက်သွားခဲ့ပြီး
အဆလေးဆယ်ပင်ရှိသည်။

အညွှန်းသာမပါလျှင် စိတ်ဝိဉာဉ်ဝိုင်သက်သက်
ဈေးနှုန်းသည် စွမ်းအင်ကျောက်တုံးတစ်သန်းထက်
ပိုမည်မဟုတ်ပေ။ ဒါကလူအများအတွက်
အံ့အားသင့်ဖွယ်ကောင်းသည့် ရလဒ်ပင်။

အချိန်ကျလာပြီဖြစ်သည်ကိုမြင်သည့်အခါ
ယူရှောင်းမိုက သူ့ဈေးကိုသလင်းကျောက်ပြားလေး
ပေါ်မှာရိုက်ထည့်လိုက်သည်။

တစ်စက္ကန့်ကြာပြီးနောက် လေလံပစ်သူက
သူ့လေလံဈေးအားကြေညာသည်။

"နံပါတ်၁၅က စွမ်းအင်ကျောက်တုံးဆယ်သန်း
ပေးထားပါတယ်၊ ထပ်တိုးမယ့်လူများရှိသေးလား
ခင်ဗျာ?"

နံပါတ်၁၅သည် ယူရှောင်းမိုခုံဖြစ်၏။

ထိုင်ခုံတိုင်း၏ရှေ့တွင် သတိပြုမိဖို့လွယ်သည့်
နံပါတ်တစ်ခုစီရှိကြသည်။ လေလံအပြိုင်ဆွဲလိုက်
သည်နှင့် ထိုင်ခုံနံပါတ်နှင့်လေလံဈေးက
လေလံပစ်သူ၏ကျောက်ပြားပေါ်တွင် အရောင်ပြန်
လာမည်ဖြစ်သည်။

ရှေ့တန်းမှအင်အားကြီးကျင့်ကြံသူတစ်ဦး
လေလံဆွဲသည်မှာ ဒါကပထမဆုံးဖြစ်လေသည်။

လူတိုင်းအကြည့်က အောက်သို့မရောက်ဘဲမနေနိုင်
ကြ။ ယူရှောင်းမိုဖြစ်နေမှန်း တွေ့ရသည်နှင့်
စိတ်အတွင်း၌ မဝေဖန်ဘဲမနေနိုင်ကြတော့ပေ။

ဝိုင်အညွှန်းစာလေးတစ်ခုအတွက်
စွမ်းအင်ကျောက်တုံးဆယ်သန်းသုံးတယ်တဲ့လား။
ငတုံးပဲ။

စိတ်ထဲတွေးရင်းဖြင့် အချို့ဆိုလျှင်သူတို့အား
နောက်ပိတ်ပစ္စည်းများအတွက် ယှဉ်ပြိုင်သူများ
အဖြစ်မှပင်ဖယ်ထုတ်ပြီးကြလေပြီ။

သူတို့က အမြဲလိုလိုတထီးတည်းဖြစ်နေခဲ့ပြီး
သူတို့သရုပ်မှန်ကိုလည်း သိရပြီ၊ ပြီးတော့
သွေးစွေးနီမိသားစုနှင့်ရန်ငြှိုးကိုပါ ပေါင်းထည့်
လိုက်သည့်အခါ သူတို့ချမ်းသာမည်ဟု
ဘယ်သူမှမထင်ကြပေ။ အများဆုံး သူတို့တွင်
သန်းတစ်ရာဝန်းကျင်ရှိကောင်းရှိလိမ့်မည်။

လေလံပစ်သူက တုံ့ပြန်မှုမရရှိသည့်အကြိမ်
အနည်းငယ်ခေါ်ပြီးသည့်နောက် အတည်ပြုတော့
မည့်ဆဲဆဲတွင် ရုတ်တရက်စာတန်းတစ်ခု
သူ့ကျောက်ပြားပေါ်တွင်ပေါ်လာ၏။

လေလံပစ်သူက ခဏတန့်သွားပြီးနောက်
ဖတ်ပြသည်။

"နံပါတ်၃၁က စွမ်းအင်ကျောက်တုံး
၁၅သန်းဈေးခေါ်ထားပါတယ်"

ယူရှောင်းမို အံ့ဩသွားသည်။ ငါးသန်းကိုဒီတိုင်း
ထပ်တိုးပေးလိုက်ရအောင် ဒီလက်ဖွာတဲ့သူက
ဘယ်သူများပါလိမ့်။

သူ နံပါတ်၃၁ကိုလှမ်းကြည့်လိုက်သည့်အခါ
ပေါ်လာသည်က စိတ်ရှုပ်ဖွယ်မျက်နှာတစ်ခု
ဖြစ်နေ၏။ ချီလင်မျိုးနွယ်စုမှလင်းဟောင်ဝူပင်။

အစတော့ လင်းဟောင်ဝူလည်း အညွှန်းကို
စိတ်ဝင်စားနေသည်ဟုထင်ခဲ့ပေမဲ့ ထိုအတွေးက
သူတို့ မိုက်ကြည့်ဖြင့်လာမကြည့်ခင်အထိသာ
ဖြစ်သည်။ တမင်သက်သက်မှန်း နောက်တော့
သူသိလိုက်သည်။

ချီလင်မျိုးနွယ်စုသည် သွေးစွေးနီမိသားစု၊
နတ်ဆိုးဖီးနစ်မျိုးနွယ်စုတို့နှင့် ကွဲပြား၏။

သူတို့ ချီလင်မျိုးနွယ်စုနှင့်ရန်သူမလုပ်ခဲ့ဖူးပေ၊
လင်းရှောင်အပေါ်ထားသော သူတို့သဘောထားမှ
ဆုံးဖြတ်ချက်ချရမည်ဆိုရင်တော့ဖြင့် ဘယ်တော့မှ
ကောင်းလာမည်မဟုတ်ပေ။ အခုကတော့
လင်းဟောင်ဝူတစ်ယောက်ကသာ ကန့်လန့်တိုက်
နေခြင်းဖြစ်သည်။

သူတို့ကိုပစ်မှတ်ထားနေတာလားဘာလားပဲ။

ယူရှောင်းမို ကျေနပ်နေသည့်သူ့မျက်ခွက်ကို
တစ်ချက်ကြည့်ပြီး ချီးထွက်အောင်ရိုက်ချင်သည့်
ဆန္ဒကိုချိုးနှိမ်ထားလိုက်ရသည်။

လင်းဟောင်ဝူ ကောင်းတယ်။ ငါကမင်းနဲ့
မရှုပ်ခဲ့ပေမဲ့ မင်းကတော့လာရှုပ်တယ်ပေါ့လေ။
အခုကစလို့ ဘာပစ္စည်းမှလေလံမဆွဲရင်ကောင်းမယ်၊
ဘာလို့ဆို မဟုတ်ရင်မင်းကိုကလေးလေးလို
ထိုင်ငိုနေရအောင်လုပ်ပစ်မှာမလို့။

ယူရှောင်းမို အံကြိတ်ပြီး စွမ်းအင်ကျောက်တုံး
ငါးသန်းထပ်တိုးလိုက်သည်။ ဤပမာဏက
လင်းဟောင်ဝူအား သူထပ်၍မတတ်နိုင်တော့ဟု
ထင်ပြီးဈေးထပ်မတိုးစေရန်ဖြစ်သည်။

လင်းဟောင်ဝူက နားလည်စွာဖြင့် သူ့အမူအရာအား
ကျေနပ်လို့နေပြီး ယူရှောင်းမိုအားအနည်းငယ်
သွေးထွက်အောင်လုပ်ခဲ့နိုင်ပြီဟုတွေးကာ
သူ့မျက်နှာအမူအရာတစ်ခုလုံးက တောက်ပ
သွားသည်။ ဈေးလည်းထပ်မတိုးတော့ပေ။

ဒီလိုအရာမျိုးက လေလံပွဲများတွင်ဖြစ်လေ့ဖြစ်ထ
များလှသည်။ အထူးသဖြင့်ပင့်ကူနက်ကဲ့သို့သော
တရားမဝင်လေလံပွဲများတွင်ဖြစ်သည်။
ဈေးနှုန်းမြှင့်ခြင်းကို ဟန့်တားခြင်းမျိုးမရှိရာ
ရန်ငြှိုးတစ်စုံတစ်ရာရှိ၍ပဲဖြစ်ဖြစ် မျက်စိထဲ
ကြည့်မရ၍ပဲဖြစ်ဖြစ် ဒီလိုလုပ်နိုင်သည်။
သို့ပေမဲ့လည်း တစ်စုံတစ်ယောက်သည်ပစ္စည်းကို
ရရှိသွားပြီး ငွေမပေးချေနိုင်ပါကပင့်ကူနက်၏
ဒေါသနှင့်ရင်ဆိုင်ရန်အတွက် ကြိုတင်ပြင်ဆင်
ထားရပေလိမ့်မည်။

အဆုံး၌ အညွှန်းနှင့်ဝိုင်နှစ်ခုလုံး ယူရှောင်းမိုလက်ထဲ
ရောက်သွားသည်။

လေလံပွဲဆက်လက်ကျင်းပပြီး အရည်အသွေးမြင့်
ပစ္စည်းများစွာပေါ်ထွက်လာခဲ့သည်။ ပင်မ
အင်အားစုကြီးများလည်း လေလံစဆွဲလာကြပြီး
ထိုကဲ့သို့ဖြစ်တိုင်း လူတိုင်းကဈေးအပြိုင်ပေးခြင်းကို
ရပ်တန့်လိုက်ကြသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက်တော့မျက်နှာသာ
ပေးသင့်ပေသည်။ နောက်ပြီး ငွေကြေးတိုက်ပွဲတွင်
သူတို့မနိုင်နိုင်ပေ။

အပြင်ဘက်တွင် နေဝင်စပြုလာသည်နှင့်
အတွင်းထဲကတော့ နေ့ခင်းအလားပင်လင်းထိန်
တောက်ပနေဆဲဖြစ်လေသည်။ လူတိုင်းအာရုံက
ဆက်တိုက်ထွက်ပေါ်လာနေသည့်ရတနာများပေါ်တွင်
ရှိနေသဖြင့် တကယ့်အချိန်ကိုသတိပြုမိသူ
မရှိသလောက်ပင်။ သူတို့ခေါင်းထက်တွင်
အဖြူရောင်လက်နေသည့်သတ္တုရိုင်းများက
တောက်ပစွာလင်းလက်နေခဲ့သည်။

ဤကဲ့သို့သော လေလံပွဲမျိုး ယူရှောင်းမိုတက်ဖူး
သည်မှာ ဒါသည်ပထမဆုံးမဟုတ်ပေ။ သူ့အာရုံ
သည်လည်း လေလံစင်မြင့်ထက်ရှိရတနာများ
အပေါ်တွင်ရှိနေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ
လေလံပွဲကလည်း ပစ္စည်းငါးပုံတစ်ပုံသာ
ကျန်ရှိတော့ပြီး ပြီးဆုံးရန်နီးကပ်လာလေပြီ။
ပစ္စည်းများက အပိတ်အတွက်မဟုတ်လျှင်တောင်
အားလုံးက ရတနာများအကြားမှ ရတနာများ
ဖြစ်ကြသည်။

"အဲ့ဒီဟာလိုချင်လား" လင်းရှောင်က နားဘေးနား
ကပ်ပြောသည်။

လက်ရှိစားပွဲထက်တွင်ရှိနေသည်က မှော်ဆေးပင်
အစည်းတစ်ခုဖြစ်သည်။ ဒါကတွေ့လေ့တွေ့ထ
ရှိသည့်အရာမဟုတ်ချေ၊ ပြီးတော့
ပို၍အရေးကြီးသည်က သုံးပုံနှစ်ပုံက
လူသားအဆင့်လွန်မှော်ဆေးပင်များဖြစ်နေသည်။
ထိုမျှမက လက်ဆောင်အနေဖြင့် အရည်အသွေးမြင့်
လူသားအဆင့်လွန်မှော်ဆေးပင်မျိုးစေ့များလည်း
ရှိနေသေးသည်။

ယူရှောင်းမို မပြောခင်ခဏလောက်တွေဝေနေသည်။

"လိုလည်းလိုချင်တယ် လိုလည်းမလိုချင်ဘူး"

လွန်ခဲ့သောလဝက်တွင် သူ လူသားအဆင့်လွန်
မှော်ဆေးပင်အတော်များများအသုံးပြုခဲ့ပြီး
ဖြစ်သဖြင့် လက်ထဲတွင်အများကြီးမရှိတော့ပေ။
ကျန်ရှိသည်များက မှော်ဆေးပင်စိုက်ခင်းထဲတွင်
ကြီးထွားနေကြဆဲဖြစ်သည်။ သူသာကြိုသိခဲ့မည်
ဆိုပါက လူသားအဆင့်လွန်မှော်ဆေးပင်များကို
စောစောစီးစီး စုဆောင်းထားခဲ့ပေမည်။

ထို့ကြောင့် ဤမှော်ဆေးပင်များအား သူလေလံဆွဲ
သင့်သည်၊ သို့သော်လည်းစိတ်ထဲမူမမှန်သလို
ခံစားနေရ၏၊ ပြီးတော့အကြောင်းအရင်းကိုလည်း
သူရှင်းမပြတတ်ပေ၊ စိတ်ထဲကဒီတိုင်းခံစားသိနေ
ခြင်းဖြစ်သည်။

"လိုချင်လား..မလိုချင်ဘူးလား"

"....လိုချင်တယ်"

လင်းရှောင်က သူ့ကိုကြည့်ပြီး ဈေးနှုန်းကို
ကျောက်ပြားတွင်စတင်ထည့်သွင်းသည်။

ယူရှောင်းမိုမှာ တားဖို့ပင်အချိန်မရလိုက်ချေ။

ဒီကောင် မိုးထိထောင်တက်နေတဲ့ဈေးပေးလိုက်တာ
တော့မဟုတ်လောက်ဘူးမလား??

လေလံဆွဲချိန် လင်းရှောင်ကဘယ်လိုလဲ
သူကောင်းကောင်းသိသည်။

မကြာလိုက်ခင်မှာပဲ လေလံပစ်သူကဈေးနှုန်းကို
ကြေညာသည်။

"နံပါတ်၁၇က သန်းတစ်ရာ့နှစ်ဆယ်ပေးပါတယ်။
မြှင့်မယ့်သူများရှိသေးလားခင်ဗျာ"

ပုံမှန်ဆို ဈေးပြိုင်ပေးသူအများအပြားရှိလျှင်
လေလံပစ်သူက ဈေးအမြင့်ဆုံးကိုကြေညာမည်
ဖြစ်သည်။ အခြားသူများကိုမကြေညာခဲ့ခြင်းက
သူတို့ဈေးကနိမ့်ကြောင်း ဆိုလိုသည်။

ယူရှောင်းမို လင်းရှောင်ကိုသရဲတွေ့လိုက်ရသည့်နှယ်
ကြည့်လိုက်မိ၏။

မျိုးရိုးဗီဇတွေများပြောင်းသွားသလား?
____________________

//Zawgyi//

အပိုင္း(၅၅၆) ဝိုင္ေဖာက္သူႏွင့္စိတ္ဝိဉာဉ္ဝိုင္

သလင္းေက်ာက္ျပားသည္ ၾကမ္းျပင္ႏွင့္
တိုက္ရိုက္တြယ္ဆက္ေနၿပီး ၿပီးသၫ့္ေနာက္
ေလလံပဲြစင္ျမင့္ဆီသို႔ဆန႔္တန္းသြားသည္။

ေက်ာက္ျပားတစ္ခ်ပ္မွတစ္ဆင့္ ျမင္ရျခင္းက
ပံုမွန္ေလလံအိမ္၏ဆူညံျခင္းမ်ိဳးကို
ေလ်ာ့ခ်ေပးႏိုင္သည္မွာအမွန္ပင္ ။
ယူေရွာင္းမိုအၿမဲလိုလို အေတြးဝင္မိသည္က
ဒီပစၥည္းက modern ကမ႓ာမွ
နည္းပညာျမင့္ပစၥည္းမ်ားထက္ပင္ ပိုမို
အဆင့္ျမင့္သည္ဟူ၍ပင္ျဖစ္၏။ သို႔ေသာ္လည္း
ဤကဲ့သို႔သလင္းေက်ာက္ျပားမ်ားက ထံုထ်န္း
တိုက္မႀကီးေပၚတြင္လည္း လူသံုးမမ်ားေၾကာင္း
သူၾကားထားသည္၊ အေၾကာင္းအရင္းက
လူေတြကမသံုးခ်င္၍မဟုတ္ဘဲ သလင္းေက်ာက္တံုး
အေရအတြက္ကအကန႔္အသတ္ျဖင့္သာရိွ
ေသာေၾကာင့္ျဖစ္သည္။ 

သူၾကားထားသၫ့္အတိုင္းဆို သလင္းေက်ာက္တံုး
မ်ားရိွသၫ့္ ေနရာမွာတစ္ခုတည္းသာရိွကာ
ထိုေနရာသည္ အလြန္တရာအႏၲရာယ္မ်ားလွ၏။
အမွန္တကယ္အင္အားႀကီးက်င့္ႀကံသူမ်ားသာ
၄ေက်ာက္မ်ားကိုတူးေဖာ္ႏိုင္ေလသည္။

ေလလံပစ္သူက မိတ္ဆက္စကားေျပာၿပီးသၫ့္ေနာက္
ေလလံပဲြစတင္ေၾကာင္းေၾကညာသည္။

ပစၥည္းတစ္ခုတိုင္းတစ္ခုတိုင္းက ေလလံပဲြစင္ျမင့္
ေအာက္မွ ေပၚထြက္လာသျဖင့္ လူအားကို
ေလ်ာ့ခ်ေပးၿပီး ၄၏အဆင္ေျပသက္သာမႈကို
ေဖာ္ျပေပးေနသည္။

ပံုမွန္အားျဖင့္ေလလံပဲြတစ္ခုက တန္ဖိုးနည္းပါးသၫ့္
ပစၥည္းအခ်ိဳ႕ႏွင့္စတင္တတ္ေသာ္လည္း
ပင့္ကူနက္၏ေလလံပစၥည္းမ်ားက အရည္အေသြး
ေကာင္းမြန္ေသာပစၥည္းမ်ားအျဖစ္ သိၾကေလရာ
အဖြင့္ပိုင္းသည္လည္း မဆိုးလွေခ်။

ပထမဦးဆံုးပစၥည္းက လင္းယုန္နီေဆးေပါင္းအိုး
အမည္ရိွ ေဆးေပါင္းအိုးတစ္လံုးျဖစ္၏။ ၄
ပံုသ႑ာန္ကို လင္းယုန္နီတစ္ေကာင္ပ်ံသန္းေနသၫ့္
အတိုင္းပံုေဖာ္ထားသျဖင့္ နာမည္ကလည္းထိုအတိုင္း
ျဖစ္ေလသည္။ ၄အိုးက ထိပ္ဆံုးမွေရတြက္လ်ွင္
အဆင့္ကိုးဆယ့္ကိုးသာ ခ်ိတ္ေသာ္လည္း
ေဈးအၿပိဳင္ဆဲြေနသူအျမာက္အျမားရိွေနေသးသည္။

ထိပ္ဆံုးအခုတစ္ရာအတြင္းဝင္ႏိုင္သၫ့္အတြက္
၄က ပစၥည္းေကာင္းတစ္ခုျဖစ္မည္မွာ
မလဲြမေသြပင္။

ေလလံပစ္သူ၏ ထိေရာက္ၿပီးအေျပာေကာင္းသၫ့္
မိတ္ဆက္စကားေၾကာင့္ လူအုပ္သည္လည္း
စိတ္လႈပ္တရွားျဖစ္လာၾကသည္။ တက္ေရာက္သူ
မ်ားထဲတြင္ ေမွာ္ဆရာမ်ားလည္းပါဝင္ေသာေၾကာင့္
လင္းယုန္နီေဆးေပါင္းအိုးကို ခ်ိန္ရြယ္ေနသူ
အေတာ္အတန္မ်ားျပား၏။

လူအုပ္ႀကီး၏ အၿပိဳင္ေလလံဆဲြမႈေအာက္၌
လင္းယုန္နီေဆးေပါင္းအိုး စြမ္းအင္ေက်ာက္တံုး
ႏွစ္သန္းငါးေသာင္းငါးေထာင္ျဖင့္ ေရာင္းထြက္သြား
သည္။

ေဈးႏႈန္းက ယူေရွာင္းမိုကိုတုန္လႈပ္သြားေစသည္။

အရင္ ေကာင္းကင္ဘံုေဆးေပါင္းအိုးကိုရရန္
သူ စြမ္းအင္ေက်ာက္တံုးဆယ့္တစ္သန္းျဖင့္
ေလလံဆဲြခဲ့ရ၏။ ေဈးႏႈန္းႏွစ္ခုၾကားကြာျခားမႈ
သိပ္မႀကီးေပ။

သို႔ေသာ္လည္း ေကာင္းကင္ဘံုေဆးေပါင္းအိုးက
အဆင့္ဇယားတြင္ နံပါတ္ခုနစ္ခ်ိတ္သည္၊
၄တန္ဖိုးက လင္းယုန္နီေဆးေပါင္းအိုးႏွင့္
လားလားမ်ွမဆိုင္ေခ်။ လက္ရိွအေျခအေနအား
ျမင္ပါမွ သူ ေဈးေပါေပါျဖင့္ရခဲ့ျခင္းျဖစ္ေၾကာင္း
နားလည္သြားေတာ့သည္။

ဒီအစားေလလံဆဲြသည္က ေကာင္းကင္ဘံု
ေဆးေပါင္းအိုးသာဆိုလ်ွင္ အျမင့္ဆံုးေလလံေဈးက
ေသခ်ာေပါက္ကို သန္းေပါင္းေထာင္ႏွင့္ခ်ီ
သြားေပလိမ့္မည္။

ထို႔ေနာက္တြင္ ပစၥည္းအနည္းငယ္ခန႔္ေရာင္းထြက္
သြားၿပီး ဘယ္တစ္ခုမွ စြမ္းအင္ေက်ာက္တံုး
တစ္သန္းေအာက္မေလ်ာ့ေပ။

ပဉၥမေျမာက္ပစၥည္းက ဝိုင္ပုလင္းတစ္လံုးျဖစ္ေန
ခဲ့ရာ အေတာ္ေလးအံ့အားသင့္ဖို႔ေကာင္းေစသည္။

ယူေရွာင္းမို ေလလံစင္ျမင့္ထက္ကဝိုင္အား
မ်က္စိျပဴးၿပီး သိခ်င္စိတ္ျပင္းျပစြာျဖင့္
ၾကၫ့္လိုက္သည္။

ဒီလိုေလလံပဲြမွာဘယ္လိုလုပ္ဝိုင္ေရာက္ေနတာလဲ?

ေန့စဉ္ေန့တိုင္းသင္ယူစရာအသစ္အဆန္းမ်ား
ရိွေနတတ္သည္မွာမွန္ေပသည္။

"ဒါက ဝိုင္ေဖာက္သူတစ္ေယာက္ေဖာက္ထားတဲ့
စိတ္ဝိဉာဉ္ဝိုင္ပဲ"

သူ႔နားေဘးတြင္ လင္းေရွာင္၏အသံကေပါ့ပါးစြာ
ထြက္ေပၚလာသည္။

ယူေရွာင္းမိုသူ႔ဘက္လွၫ့္ၿပီး "ဝိုင္ေဖာက္သူ?" ဟု
ေမးလိုက္သည္။

လင္း​ေရွာင္သည္ ခပ္ႃပံုးႃပံုးျဖင့္ရွင္းျပ၏။

"တကယ္ေတာ့ထံုထ်န္းတိုက္ႀကီးေပၚမွာ တစ္ျခား
အလုပ္အကိုင္တစ္ခုရိွေသးတယ္၊ ဝိုင္ေဖာက္သူတဲ့
ေလ။ သူတို႔စိတ္ဝိဉာဉ္ဝိုင္က စိတ္ဝိဉာဉ္စြမ္းအား
ျပန္လည္ျဖၫ့္တင္းတဲ့ေနရာမွာ အေထာက္အကူ
ေပးႏိုင္တယ္။ ဒါေပမဲ့ အဲ့အလုပ္ကလူႀကိဳက္မ်ားတဲ့
အလုပ္မဟုတ္ဘူး ၿပီးေတာ့ဝိုင္ေဖာက္သူအမ်ားစုက
လည္း ယစ္ထုတ္ေတြခ်ည္းပဲ။ သူတို႔ဝိုင္ထဲက
နည္းနည္းေလာက္ကို ေရာင္းခ်ၾကေပမဲ့
အမ်ားစုကိုက သူတို႔အတြက္သူတို႔ပဲခ်န္ထားတတ္
ၾကတာ"

ယူေရွာင္းမို နားလည္သၫ့္အေနျဖင့္ေခါင္းညိတ္ျပ
လိုက္သည္။

အတိုအားျဖင့္ ဝိုင္ေဖာက္သူတစ္ေယာက္၏
အသံုးဝင္ပံုကရိုးရွင္းသည္— စိတ္ဝိဉာဉ္
စြမ္းအားျပန္လည္ျဖၫ့္တင္းမႈကို ျမန္ဆန္ေစဖို႔သာ
ျဖစ္၏။ သို႔ေပမဲ့ ဒီတစ္ခုတည္းသာဆို
လူအမ်ားစုက ေမွာ္ေဆးလံုးပဲစားလိုက္ၾကမွာေပါ့။

ယူေရွာင္းမို ေနာက္ထပ္ေမးခြန္းတစ္ခုရုတ္တရက္
ေတြးမိသြားသည္။

"ဒါေပမဲ့ ခင္ဗ်ားေျပာသလိုသာဆို ဒီလို
စိတ္ဝိဉာဉ္ဝိုင္မ်ိဳးကို ထူးျခားပစၥည္းတစ္ခုလို႔
ယူဆလို႔မရဘူးေလ။ ဘာလို႔ေလလံပဲြမွာ
ေပၚလာရတာလဲ?"

"စိတ္ဝိဉာဉ္ဝိုင္ေတြမွာေတာင္မွ အရည္အေသြး
ကဲြျပားတာရိွတယ္" လင္းေရွာင္က ပ်င္းရိပ်င္းတဲြ
ျပန္ေျဖေပမဲ့ ဆက္ေျပာ၏။
"ဒီဝိုင္ကအရည္အေသြးျမင့္ဝိုင္ျဖစ္ေလာက္မယ္။
ပံုမွန္ဆိုအရည္အေသြးျမင့္ေလေလ ျပန္လည္
ျဖၫ့္တင္းတဲ့ႏႈန္းျမန္ေလေလပဲ၊ ဒါေပမဲ့
ဝိုင္ေဖာက္သူဆိုတာ အမ်ားႀကီးရိွတာမွ
မဟုတ္တာေလ၊ အရည္အေသြးေကာင္းတဲ့
စိတ္ဝိဉာဉ္ဝိုင္ကရွားတယ္"

သူတို႔စကားေျပာေနတုန္း ေလလံပစ္သူက
စိတ္ဝိဉာဉ္ဝိုင္ကိုဖြင့္ၿပီးေလၿပီ။

ယူေရွာင္းမို အနံ႔ခံၾကၫ့္လိုက္ၿပီး သူ႔ကို
တုန္ရီသြားေစသၫ့္ ဝိုင္နံ႔သင္းသင္းကိုေလထဲမွာ
ရလိုက္၏။

သူက ဝိုင္သိပ္ေသာက္ေလ့မရိွေပမဲ့ ေယာက္်ား
အမ်ားစုကေသာက္တတ္စားတတ္ၾကသည္။
အထူးသျဖင့္ ယစ္ထုတ္မ်ားအတြက္ စိတ္ဝိဉာဉ္
ဝိုင္သည္ လူသားအဆင့္လြန္စိတ္ဝိဉာဉ္
ေလ့က်င့္ျခင္းက်င့္စဉ္တစ္ခုကဲ့သို႔ပင္ ဆဲြေဆာင္အား
ျပင္းလွသည္။

"ဒါဆို ဝိုင္ေဖာက္တဲ့ထဲဘာပစၥည္းေတြပါလဲ
သိလား?"

ယူေရွာင္းမို စိတ္ဝင္တစားေမးလိုက္သည္။
ျဖစ္ႏိုင္လ်ွင္ ဝိုင္ေဖာက္သူတစ္ေယာက္ျဖစ္ရျခင္း
ကလည္း အေတာ္ေလးေကာင္းၿပီး ဝိုင္ကို
လက္ေဆာင္အျဖစ္ေပး၍လည္းရေသးသည္။
 
လင္းေရွာင္က တစ္ခ်က္ၾကၫ့္ရံုျဖင့္ သူ႔ေခါင္းထဲ
ဘာျဖစ္ေနလဲေတြးၾကၫ့္စရာပင္မလိုဘဲသိေလသည္။

"ဝိုင္ေဖာက္သူျဖစ္ခ်င္တယ္ဆိုလည္း မင္းကေတာ့
ျဖစ္ႏိုင္ပါတယ္။ ေျပာၾကတာေတာ့ဒီဝိုင္ေတြ
အားလံုးကို ေမွာ္ေဆးပင္ေတြနဲ႔ေဖာက္ၾကတာဆိုပဲ၊
ဒါေပမဲ့ အဲ့တာနဲ႔တင္မလံုေလာက္ေသးဘူး.....
အၫႊန္းလည္းလိုေသးတယ္ေလ"

ဒါကိုေတာ့ ယူေရွာင္းမိုအနည္းငယ္စိတ္ပ်က္သြားမိ
သည္။ သူ႔တြင္အၫႊန္းမရိွေပ။ သို႔ေသာ္
သူေတြးေတာေနခိုက္ ေလလံပစ္သူ၏
ပါးစပ္ဖ်ားမွ အလြန္ဆဲြေဆာင္မႈရိွလွေသာ
တစ္စံုတစ္ခုထြက္လာသည္ကိုၾကားလိုက္ရ
ေလသည္။

"ခင္ဗ်ားတို႔အနံရေနသလိုပါပဲ ဒါကထိပ္တန္း
အရည္အေသြးရိွစိတ္ဝိဉာဉ္ဝိုင္ျဖစ္ၿပီး တစ္ငံုတည္းနဲ႔
စိတ္ဝိဉာဉ္စြမ္းအားကိုလ်င္ျမန္စြာျပၫ့္ဝေစႏိုင္
ပါတယ္။ ဒီကေန့ဒီမွာရိွေနတဲ့ ဝိုင္ခ်စ္သူမ်ားလည္း
စိတ္ဝင္စားေနၾကမယ္လို႔ယံုၾကည္ပါတယ္၊
ဒါေၾကာင့္ လူတိုင္းကိုေနာက္ထပ္အံ့အားသင့္စရာ
တစ္ခုေျပာပါ့မယ္ခင္ဗ်ာ။ စိတ္ဝိဉာဉ္ဝိုင္ရဲ့ပိုင္ရွင္က
အၫႊန္းကို ေလလံေအာင္သူဆီလက္ေဆာင္ေပးဖို႔
ဆံုးျဖတ္လိုက္ပါတယ္..."

သူ႔စကားဆံုးသြားသည္ႏွင့္ လူအမ်ားမွာ
အံ့ဩဝမ္းသာျဖစ္သြားၾက၏။

အခ်ိဳ႕က ဝိုင္ကိုစိတ္မဝင္စားၾကေသာ္လည္း
အၫႊန္းသာရႏိုင္မည္ဆိုပါက ပံုမွန္ေဖာက္၍ေသာက္
ႏိုင္ေတာ့မည္ျဖစ္သည္။

ဘယ္သူကစိတ္ဝိဉာဉ္စြမ္းအား ျပန္လည္
ျဖၫ့္တင္းႏိုင္စြမ္းရိွတဲ့ပစၥည္းကိုမႀကိဳက္ဘဲရိွလို႔လဲ။

သို႔ေသာ္ျငားလည္း ေဈးဝယ္စဉ္တြင္ယွဉ္ၿပိဳင္ရ
ႏွစ္သက္သူမ်ားအတြက္ေတာ့ သူတို႔အေတြးတြင္
စိတ္ဝိဉာဉ္ဝိုင္က ေမွာ္ေဆးလံုးမ်ားေလာက္
မေကာင္းေပ၊ ထို႔ေၾကာင့္ယွဉ္ၾကၫ့္ရင္သူတို႔က
စိတ္ဝင္စားမႈနည္းပါးေနသည္။

ယူေရွာင္းမိုသည္လည္း အံ့ဩသြားၿပီး
ေမ်ွာ္တလင့္လင့္ျဖင့္ လက္ႏွစ္ဖက္ကိုပြတ္လိုက္
သည္။ ဘယ္လိုျဖစ္ျဖစ္ အျခားသူေတြဆိုရင္ေတာ့
ဝိုင္ေဖာက္ရာတြင္ကုန္က်စရိတ္ကို ထၫ့္တြက္ရေပ
ဦးမည္။ သို႔ေပမဲ့သူကေတာ့မလိုေပ။

ေအာက္ေျခအစေဈးႏႈန္းက စြမ္းအင္ေက်ာက္တံုး
ႏွစ္သိန္းျဖစ္သည္။

စြမ္းအင္ေက်ာက္တံုးႏွစ္သိန္းျဖင့္ စိတ္ဝိဉာဉ္စြမ္းအား
ျပန္လည္ျဖၫ့္တင္းေပးႏိုင္ေသာေမွာ္ေဆးလံုး
အေတာ္မ်ားမ်ားဝယ္၍ရႏိုင္သည္၊ သို႔ေသာ္
အၫႊန္းပါလာသၫ့္အခါ ယွဉ္ၿပိဳင္ပဲြကျခားနား
သြားခဲ့သည္။ ေလလံဆဲြသူပမာဏသည္
ဆယ္ဆအထိျမင့္တက္သြား၏။

"ရွစ္တိေလး မင္းလည္းစိတ္ဝိဉာဉ္ဝိုင္
လိုခ်င္တယ္ေပါ့?"

ယူေရွာင္းမို စိတ္ဝိဉာဉ္ဝိုင္အားတလက္လက္
ေတာက္ပေနေသာမ်က္လံုးမ်ားျဖင့္ ၾကၫ့္ေနသည္ကို
ျမင္သၫ့္အခါ သူတို႔ေဘးမွာထိုင္သၫ့္ေဝ့ပိုင္က
ေမးလိုက္သည္။

ယူေရွာင္းမိုရယ္လိုက္သည္။  "ကၽြန္ေတာ္က
အၫႊန္းကိုပဲပိုစိတ္ဝင္စားတာဗ်"

ေဝ့ပိုင္ကေတြးဆၾကၫ့္လိုက္ၿပီး၊ "ေနာက္ပိုင္း
ပစၥည္းေတြကိုေလလံဆဲြခ်င္တယ္ဆိုရင္
တစ္ျခားပစၥည္းေတြအေပၚမွာ အမ်ားႀကီးသံုးမပစ္
သင့္ဘူး"

ဒါေၾကာင့္ပင္ အေရ႔ွတန္းရိွအင္အားစုမ်ားက
အခုထက္ထိမလႈပ္ရွားၾကေသးျခင္းျဖစ္သည္။ ဒါက
သူတို႔အမွန္တကယ္လိုခ်င္သၫ့္ပစၥည္းအားရရန္ႏွင့္
စြမ္းအင္ေက်ာက္တံုးမ်ား ျဖဳန္းတီးမပစ္ဖို႔
ျဖစ္ေလသည္။ ဘယ္လိုပဲေနေနဒါအတြက္ေၾကာင့္ႏွင့္
ေလလံရႈံးသြားရပါက ေသြးအန္ရေပလိမ့္မည္။

"မပူပါနဲ႔ ဒုတိယရွစ္ရႈန္း...ကၽြန္ေတာ္သိပါတယ္။"

ယူေရွာင္းမိုက ယံုၾကည္ခ်က္အျပၫ့္ျဖင့္ေျပာလိုက္
သည္။ သူ႔တြင္ စြမ္းအင္ေၾကာတစ္ခုလံုးစာတန္သၫ့္
စြမ္းအင္ေက်ာက္တံုးမ်ားရိွေနသည္ကိုမေျပာျပရ
ေသးေပ။

မဖြံ႔ၿဖိဳးသၫ့္နယ္ေျမေလာကတြင္ျဖစ္ပ်က္ခဲ့သၫ့္
အေၾကာင္းအရာကို လ်ိႈ႔ဝွက္ထားရမည္ဟု
လင္းေရွာင္ကေျပာထားသည္။ အျပင္သို႔ေပါက္ၾကား
သြားပါလ်ွင္ သူတို႔ေနာက္လိုက္ေနသူမွာ
ေသြးေစြးနီကလန္မွ ထံုထ်န္းတိုက္မႀကီး
တစ္ခုလံုးအထိ ျဖစ္သြားေပလိမ့္မည္။

မဖြံ႔ၿဖိဳးသၫ့္နယ္ေျမရိုင္းတစ္ခုရွာေဖြေတြ့ရိျွခင္းႏွင့္
ေသြးေျမက်ရျခင္းက ခဲြ၍မရခဲ့ေပ။

ေလလံဆဲြတာအေတာ္ၾကာသၫ့္အခါ ကိုးဆယ္
ရာခိုင္ႏႈန္းခန႔္ကလက္ေလ်ွာ့သြားၾကၿပီး
က်န္ရိွသည္က အေတာ္ေလးမ်ွတသၫ့္ယွဉ္ၿပိဳင္မႈ
မ်ားပင္ျဖစ္သည္။ စိတ္ဝိဉာဉ္ဝိုင္ေဈးႏႈန္းကလည္း
ႏွစ္သိန္းမွ ရွစ္သန္းအထိျမင့္တက္သြားခဲ့ၿပီး
အဆေလးဆယ္ပင္ရိွသည္။

အၫႊန္းသာမပါလ်ွင္ စိတ္ဝိဉာဉ္ဝိုင္သက္သက္
ေဈးႏႈန္းသည္ စြမ္းအင္ေက်ာက္တံုးတစ္သန္းထက္
ပိုမည္မဟုတ္ေပ။ ဒါကလူအမ်ားအတြက္
အံ့အားသင့္ဖြယ္ေကာင္းသၫ့္ ရလဒ္ပင္။

အခ်ိန္က်လာၿပီျဖစ္သည္ကိုျမင္သၫ့္အခါ
ယူေရွာင္းမိုက သူ႔ေဈးကိုသလင္းေက်ာက္ျပားေလး
ေပၚမွာရိုက္ထၫ့္လိုက္သည္။

တစ္စကၠန႔္ၾကာၿပီးေနာက္ ေလလံပစ္သူက
သူ႔ေလလံေဈးအားေၾကညာသည္။

"နံပါတ္၁၅က စြမ္းအင္ေက်ာက္တံုးဆယ္သန္း
ေပးထားပါတယ္၊ ထပ္တိုးမယ့္လူမ်ားရိွေသးလား
ခင္ဗ်ာ?"

နံပါတ္၁၅သည္ ယူေရွာင္းမိုခံုျဖစ္၏။

ထိုင္ခံုတိုင္း၏ေရ႔ွတြင္ သတိျပဳမိဖို႔လြယ္သၫ့္
နံပါတ္တစ္ခုစီရိွၾကသည္။ ေလလံအၿပိဳင္ဆဲြလိုက္
သည္ႏွင့္ ထိုင္ခံုနံပါတ္ႏွင့္ေလလံေဈးက
ေလလံပစ္သူ၏ေက်ာက္ျပားေပၚတြင္ အေရာင္ျပန္
လာမည္ျဖစ္သည္။

ေရ႔ွတန္းမွအင္အားႀကီးက်င့္ႀကံသူတစ္ဦး
ေလလံဆဲြသည္မွာ ဒါကပထမဆံုးျဖစ္ေလသည္။

လူတိုင္းအၾကၫ့္က ေအာက္သို႔မေရာက္ဘဲမေနႏိုင္
ၾက။ ယူေရွာင္းမိုျဖစ္ေနမွန္း ေတြ့ရသည္ႏွင့္
စိတ္အတြင္း၌ မေဝဖန္ဘဲမေနႏိုင္ၾကေတာ့ေပ။

ဝိုင္အၫႊန္းစာေလးတစ္ခုအတြက္
စြမ္းအင္ေက်ာက္တံုးဆယ္သန္းသံုးတယ္တဲ့လား။
ငတံုးပဲ။

စိတ္ထဲေတြးရင္းျဖင့္ အခ်ိဳ႕ဆိုလ်ွင္သူတို႔အား
ေနာက္ပိတ္ပစၥည္းမ်ားအတြက္ ယွဉ္ၿပိဳင္သူမ်ား
အျဖစ္မွပင္ဖယ္ထုတ္ၿပီးၾကေလၿပီ။

သူတို႔က အၿမဲလိုလိုတထီးတည္းျဖစ္ေနခဲ့ၿပီး
သူတို႔သရုပ္မွန္ကိုလည္း သိရၿပီ၊ ၿပီးေတာ့
ေသြးေစြးနီမိသားစုႏွင့္ရန္ႃငွိုးကိုပါ ေပါင္းထၫ့္
လိုက္သၫ့္အခါ သူတို႔ခ်မ္းသာမည္ဟု
ဘယ္သူမွမထင္ၾကေပ။ အမ်ားဆံုး သူတို႔တြင္
သန္းတစ္ရာဝန္းက်င္ရိွေကာင္းရိွလိမ့္မည္။

ေလလံပစ္သူက တံု႔ျပန္မႈမရရိွသၫ့္အႀကိမ္
အနည္းငယ္ေခၚၿပီးသၫ့္ေနာက္ အတည္ျပဳေတာ့
မၫ့္ဆဲဆဲတြင္ ရုတ္တရက္စာတန္းတစ္ခု
သူ႔ေက်ာက္ျပားေပၚတြင္ေပၚလာ၏။

ေလလံပစ္သူက ခဏတန႔္သြားၿပီးေနာက္
ဖတ္ျပသည္။

"နံပါတ္၃၁က စြမ္းအင္ေက်ာက္တံုး
၁၅သန္းေဈးေခၚထားပါတယ္"

ယူေရွာင္းမို အံ့ဩသြားသည္။ ငါးသန္းကိုဒီတိုင္း
ထပ္တိုးေပးလိုက္ရေအာင္ ဒီလက္ဖြာတဲ့သူက
ဘယ္သူမ်ားပါလိမ့္။

သူ နံပါတ္၃၁ကိုလွမ္းၾကၫ့္လိုက္သၫ့္အခါ
ေပၚလာသည္က စိတ္ရႈပ္ဖြယ္မ်က္ႏွာတစ္ခု
ျဖစ္ေန၏။ ခ်ီလင္မ်ိဳးႏြယ္စုမွလင္းေဟာင္ဝူပင္။

အစေတာ့ လင္းေဟာင္ဝူလည္း အၫႊန္းကို
စိတ္ဝင္စားေနသည္ဟုထင္ခဲ့ေပမဲ့ ထိုအေတြးက
သူတို႔ မိုက္ၾကၫ့္ျဖင့္လာမၾကၫ့္ခင္အထိသာ
ျဖစ္သည္။ တမင္သက္သက္မွန္း ေနာက္ေတာ့
သူသိလိုက္သည္။

ခ်ီလင္မ်ိဳးႏြယ္စုသည္ ေသြးေစြးနီမိသားစု၊
နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စုတို႔ႏွင့္ ကဲြျပား၏။

သူတို႔ ခ်ီလင္မ်ိဳးႏြယ္စုႏွင့္ရန္သူမလုပ္ခဲ့ဖူးေပ၊
လင္းေရွာင္အေပၚထားေသာ သူတို႔သေဘာထားမွ
ဆံုးျဖတ္ခ်က္ခ်ရမည္ဆိုရင္ေတာ့ျဖင့္ ဘယ္ေတာ့မွ
ေကာင္းလာမည္မဟုတ္ေပ။ အခုကေတာ့
လင္းေဟာင္ဝူတစ္ေယာက္ကသာ ကန႔္လန႔္တိုက္
ေနျခင္းျဖစ္သည္။

သူတို႔ကိုပစ္မွတ္ထားေနတာလားဘာလားပဲ။

ယူေရွာင္းမို ေက်နပ္ေနသၫ့္သူ႔မ်က္ခြက္ကို
တစ္ခ်က္ၾကၫ့္ၿပီး ခ်ီးထြက္ေအာင္ရိုက္ခ်င္သၫ့္
ဆႏၵကိုခ်ိဳးႏိွမ္ထားလိုက္ရသည္။

လင္းေဟာင္ဝူ ေကာင္းတယ္။ ငါကမင္းနဲ႔
မရႈပ္ခဲ့ေပမဲ့ မင္းကေတာ့လာရႈပ္တယ္ေပါ့ေလ။
အခုကစလို႔ ဘာပစၥည္းမွေလလံမဆဲြရင္ေကာင္းမယ္၊
ဘာလို႔ဆို မဟုတ္ရင္မင္းကိုကေလးေလးလို
ထိုင္ငိုေနရေအာင္လုပ္ပစ္မွာမလို႔။

ယူေရွာင္းမို အံႀကိတ္ၿပီး စြမ္းအင္ေက်ာက္တံုး
ငါးသန္းထပ္တိုးလိုက္သည္။ ဤပမာဏက
လင္းေဟာင္ဝူအား သူထပ္၍မတတ္ႏိုင္ေတာ့ဟု
ထင္ၿပီးေဈးထပ္မတိုးေစရန္ျဖစ္သည္။

လင္းေဟာင္ဝူက နားလည္စြာျဖင့္ သူ႔အမူအရာအား
ေက်နပ္လို႔ေနၿပီး ယူေရွာင္းမိုအားအနည္းငယ္
ေသြးထြက္ေအာင္လုပ္ခဲ့ႏိုင္ၿပီဟုေတြးကာ
သူ႔မ်က္ႏွာအမူအရာတစ္ခုလံုးက ေတာက္ပ
သြားသည္။ ေဈးလည္းထပ္မတိုးေတာ့ေပ။

ဒီလိုအရာမ်ိဳးက ေလလံပဲြမ်ားတြင္ျဖစ္ေလ့ျဖစ္ထ
မ်ားလွသည္။ အထူးသျဖင့္ပင့္ကူနက္ကဲ့သို႔ေသာ
တရားမဝင္ေလလံပဲြမ်ားတြင္ျဖစ္သည္။
ေဈးႏႈန္းၿမွင့္ျခင္းကို ဟန႔္တားျခင္းမ်ိဳးမရိွရာ
ရန္ႃငွိုးတစ္စံုတစ္ရာရိွ၍ပဲျဖစ္ျဖစ္ မ်က္စိထဲ
ၾကၫ့္မရ၍ပဲျဖစ္ျဖစ္ ဒီလိုလုပ္ႏိုင္သည္။
သို႔ေပမဲ့လည္း တစ္စံုတစ္ေယာက္သည္ပစၥည္းကို
ရရိွသြားၿပီး ေငြမေပးေခ်ႏိုင္ပါကပင့္ကူနက္၏
ေဒါသႏွင့္ရင္ဆိုင္ရန္အတြက္ ႀကိဳတင္ျပင္ဆင္
ထားရေပလိမ့္မည္။

အဆံုး၌ အၫႊန္းႏွင့္ဝိုင္ႏွစ္ခုလံုး ယူေရွာင္းမိုလက္ထဲ
ေရာက္သြားသည္။

ေလလံပဲြဆက္လက္က်င္းပၿပီး အရည္အေသြးျမင့္
ပစၥည္းမ်ားစြာေပၚထြက္လာခဲ့သည္။ ပင္မ
အင္အားစုႀကီးမ်ားလည္း ေလလံစဆဲြလာၾကၿပီး
ထိုကဲ့သို႔ျဖစ္တိုင္း လူတိုင္းကေဈးအၿပိဳင္ေပးျခင္းကို
ရပ္တန႔္လိုက္ၾကသည္။

ဘယ္လိုပဲျဖစ္ျဖစ္ ဒီေလာက္ေတာ့မ်က္ႏွာသာ
ေပးသင့္ေပသည္။ ေနာက္ၿပီး ေငြေၾကးတိုက္ပဲြတြင္
သူတို႔မႏိုင္ႏိုင္ေပ။

အျပင္ဘက္တြင္ ေနဝင္စျပဳလာသည္ႏွင့္
အတြင္းထဲကေတာ့ ေန့ခင္းအလားပင္လင္းထိန္
ေတာက္ပေနဆဲျဖစ္ေလသည္။ လူတိုင္းအာရံုက
ဆက္တိုက္ထြက္ေပၚလာေနသၫ့္ရတနာမ်ားေပၚတြင္
ရိွေနသျဖင့္ တကယ့္အခ်ိန္ကိုသတိျပဳမိသူ
မရိွသေလာက္ပင္။ သူတို႔ေခါင္းထက္တြင္
အျဖဴေရာင္လက္ေနသၫ့္သတၲုရိုင္းမ်ားက
ေတာက္ပစြာလင္းလက္ေနခဲ့သည္။

ဤကဲ့သို႔ေသာ ေလလံပဲြမ်ိဳး ယူေရွာင္းမိုတက္ဖူး
သည္မွာ ဒါသည္ပထမဆံုးမဟုတ္ေပ။ သူ႔အာရံု
သည္လည္း ေလလံစင္ျမင့္ထက္ရိွရတနာမ်ား
အေပၚတြင္ရိွေနခဲ့သည္။ အခ်ိန္ၾကာလာသည္ႏွင့္အမ်ွ
ေလလံပဲြကလည္း ပစၥည္းငါးပံုတစ္ပံုသာ
က်န္ရိွေတာ့ၿပီး ၿပီးဆံုးရန္နီးကပ္လာေလၿပီ။
ပစၥည္းမ်ားက အပိတ္အတြက္မဟုတ္လ်ွင္ေတာင္
အားလံုးက ရတနာမ်ားအၾကားမွ ရတနာမ်ား
ျဖစ္ၾကသည္။

"အဲ့ဒီဟာလိုခ်င္လား" လင္းေရွာင္က နားေဘးနား
ကပ္ေျပာသည္။

လက္ရိွစားပဲြထက္တြင္ရိွေနသည္က ေမွာ္ေဆးပင္
အစည္းတစ္ခုျဖစ္သည္။ ဒါကေတြ့ေလ့ေတြ့ထ
ရိွသၫ့္အရာမဟုတ္ေခ်၊ ၿပီးေတာ့
ပို၍အေရးႀကီးသည္က သံုးပံုႏွစ္ပံုက
လူသားအဆင့္လြန္ေမွာ္ေဆးပင္မ်ားျဖစ္ေနသည္။
ထိုမ်ွမက လက္ေဆာင္အေနျဖင့္ အရည္အေသြးျမင့္
လူသားအဆင့္လြန္ေမွာ္ေဆးပင္မ်ိဳးေစ့မ်ားလည္း
ရိွေနေသးသည္။

ယူေရွာင္းမို မေျပာခင္ခဏေလာက္ေတြေဝေနသည္။

"လိုလည္းလိုခ်င္တယ္ လိုလည္းမလိုခ်င္ဘူး"

လြန္ခဲ့ေသာလဝက္တြင္ သူ လူသားအဆင့္လြန္
ေမွာ္ေဆးပင္အေတာ္မ်ားမ်ားအသံုးျပဳခဲ့ၿပီး
ျဖစ္သျဖင့္ လက္ထဲတြင္အမ်ားႀကီးမရိွေတာ့ေပ။
က်န္ရိွသည္မ်ားက ေမွာ္ေဆးပင္စိုက္ခင္းထဲတြင္
ႀကီးထြားေနၾကဆဲျဖစ္သည္။ သူသာႀကိဳသိခဲ့မည္
ဆိုပါက လူသားအဆင့္လြန္ေမွာ္ေဆးပင္မ်ားကို
ေစာေစာစီးစီး စုေဆာင္းထားခဲ့ေပမည္။

ထို႔ေၾကာင့္ ဤေမွာ္ေဆးပင္မ်ားအား သူေလလံဆဲြ
သင့္သည္၊ သို႔ေသာ္လည္းစိတ္ထဲမူမမွန္သလို
ခံစားေနရ၏၊ ၿပီးေတာ့အေၾကာင္းအရင္းကိုလည္း
သူရွင္းမျပတတ္ေပ၊ စိတ္ထဲကဒီတိုင္းခံစားသိေန
ျခင္းျဖစ္သည္။

"လိုခ်င္လား..မလိုခ်င္ဘူးလား"

"....လိုခ်င္တယ္"

လင္းေရွာင္က သူ႔ကိုၾကၫ့္ၿပီး ေဈးႏႈန္းကို
ေက်ာက္ျပားတြင္စတင္ထၫ့္သြင္းသည္။

ယူေရွာင္းမိုမွာ တားဖို႔ပင္အခ်ိန္မရလိုက္ေခ်။

ဒီေကာင္ မိုးထိေထာင္တက္ေနတဲ့ေဈးေပးလိုက္တာ
ေတာ့မဟုတ္ေလာက္ဘူးမလား??

ေလလံဆဲြခ်ိန္ လင္းေရွာင္ကဘယ္လိုလဲ
သူေကာင္းေကာင္းသိသည္။

မၾကာလိုက္ခင္မွာပဲ ေလလံပစ္သူကေဈးႏႈန္းကို
ေၾကညာသည္။

"နံပါတ္၁၇က သန္းတစ္ရာ့ႏွစ္ဆယ္ေပးပါတယ္။
ၿမွင့္မယ့္သူမ်ားရိွေသးလားခင္ဗ်ာ"

ပံုမွန္ဆို ေဈးၿပိဳင္ေပးသူအမ်ားအျပားရိွလ်ွင္
ေလလံပစ္သူက ေဈးအျမင့္ဆံုးကိုေၾကညာမည္
ျဖစ္သည္။ အျခားသူမ်ားကိုမေၾကညာခဲ့ျခင္းက
သူတို႔ေဈးကနိမ့္ေၾကာင္း ဆိုလိုသည္။

ယူေရွာင္းမို လင္းေရွာင္ကိုသရဲေတြ့လိုက္ရသၫ့္ႏွယ္
ၾကၫ့္လိုက္မိ၏။

မ်ိဳးရိုးဗီဇေတြမ်ားေျပာင္းသြားသလား?
____________________














Continue Reading

You'll Also Like

160K 20.2K 70
အနုပညာလောကမှ ပုရိသနတ်ဘုရားနှင့် သာမန်လက်ထောက်လေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ
506K 73.1K 53
I never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်...
49.9K 7.9K 34
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...