The Legendary Master's Wife [...

By melon_rays

1.3M 243K 9.6K

Original Author- Yin Ya English Translators- Exiled Rebels Scanlations [Chapter(400)- (590)] (If you want t... More

Chapter-400
Chapter-401
Chapter-402
Chapter-403
Chapter-404
Chapter-405
Chapter-406
Chapter-407
Chapter-408
Chapter-409
Chapter-410
Chapter-411
Chapter-412
Chapter-413
Chapter-414
Chapter-415
Chapter-416
Chapter-417
Chapter-418
Chapter-419
Chapter-420
Chapter-421
Chapter-422
Chapter-423
Chapter-424
Chapter-425
Chapter-426
Chapter-427
Chapter-428
Chapter-429
Chapter-430⚠️
Chapter-431
Chapter-432
Chapter-433
Chapter-434
Chapter-435
Chapter-436
Chapter-437
Chapter-438
Chapter-439
Chapter-440
Chapter-441
Chapter-442
Chapter-443
Chapter-444
Chapter-445
Chapter-446
Chapter-447
Chapter-448⚠️
Chapter-449
Chapter-450
Chapter-451
Chapter-452
Chapter-453
Chapter-454
Chapter-455
Chapter-456
Chapter-457
Chapter-458
Chapter-459
Chapter-460
Chapter-461
Chapter-462
Chapter-463
Chapter-464
Chapter-465
Chapter-466
Chapter-467
Chapter-468
Chapter-469
Chapter-470
Chapter-471
Chapter-472
Chapter-473
Chapter-474
Chapter-475
Chapter-476
Chapter-477
Chapter-478
Chapter-479
Chapter-480
Chapter-481
Chapter-482
Chapter-483
Chapter-484
Chapter-485
Chapter-486
Chapter-487
Chapter-488
Chapter-489
Chapter-490
Chapter-491
Chapter-492
Chapter-493
Chapter-494
Chapter-495
Chapter-496
Chapter-497
Chapter-498
Chapter-499
Chapter-500
Chapter-501
Chapter-502
Chapter-503
Chapter-504
Chapter-505
Chapter-506
Chapter-507
Chapter-508
Chapter-509
Chapter-510
Chapter-511(Unicode)
Chapter-511(Zawgyi)
Chapter-512
Chapter-513(part-1)
Chapter-513(part-2)
Chapter-514
Chapter-515
Chapter-516
Chapter-517
Chapter-518
Chapter-519
Chapter-520
Chapter-521
Chapter-522
Chapter-523
Chapter-524
Chapter-525
Chapter-526
Chapter-527
Chapter-528
Chapter-529
Chapter-530
Chapter-531
Chapter-532
Chapter-533
Chapter-534(part-1)
Chapter-534(part-2)
Chapter-535
Chapter-536
Chapter-537
Chapter-538
Chapter-539
Chapter-540
Chapter-541
Chapter-542
Chapter-543
Chapter-544
Chapter-545
Chapter-546
Chapter-547
Chapter-548
Chapter-549
Chapter-550
Chapter-551
Chapter-552
Chapter-554
Chapter-555
Chapter-556
Chapter-557
Chapter-558
Chapter-559
Chapter-560
Chapter-561
Chapter-562
Chapter-563
Chapter-564
Chapter-565
Chapter-566
Chapter-567
Chapter-568
Chapter-569
Chapter-570
Chapter-571
Chapter-572
Chapter-573
Chapter-574
Chapter-575
Chapter-576
Chapter-577
Chapter-578
Chapter-579
Chapter-580
Chapter-581
Chapter-582
Chapter-583
Chapter-584
Chapter-585
Chapter-586
Chapter-587
Chapter-588
Chapter-589
Chapter-590
Book ခဲြျခင္း / Book ခွဲခြင်း

Chapter-553

6.6K 1.2K 151
By melon_rays

//Unicode//

အပိုင်း(၅၅၃) ဝါးမြိုခြင်းနတ်ဘုရားမီးလျှံ

ဒါကလည်း နတ်ဆိုးဖီးနစ်နတ်ဘုရားမီးလျှံပင်၊
ဒါပေမယ့် အဆင့်တူချင်းမှာတောင် အားနည်းသည့်
နတ်ဘုရားမီးလျှံနှင့် အားကောင်းသောနတ်ဘုရား
မီးလျှံဟူ၍ ထပ်ရှိသေးတာကို သိသူ
အနည်းငယ်သာရှိသည်။

ကျိရွေ့ ဒီအကြောင်းကိုသိသည်၊ ဒါကြောင့်ပဲ
သူတို့ကျင့်ကြံခြင်းက အဆင့်တူရင်တောင်
သူမရဲ့နတ်ဘုရားမီးလျှံက လင်းရှောင်ရဲ့ဟာထက်
သန်မာမည်ဟုထင်ခဲ့သည်။ ဒါကသူတို့ကျင့်ကြံခြင်းနဲ့
မဆိုင်ဘဲ သွေးမျိုးဆက်နှင့်သာဆိုင်သည်.....
တစ်ယောက်ကသွေးသန့်၊ တစ်ယောက်ကသွေးနှော။
ဘယ်သူကပိုသန်မာလဲ ပိုအားနည်းလဲ
တစ်ချက်ကြည့်ရုံနှင့် ပြတ်သားနေသင့်သည်။

သို့သော် သူမကိုယ်ပိုင်နတ်ဘုရားမီးလျှံက
လင်းရှောင်မီးလျှံရဲ့ ဝါးမြိုခြင်းခံလိုက်ရသည့်
အချိန်မှာ သူမ ကြက်သေသေသွားမိ၏။
သူမနတ်ဘုရားမီးလျှံက ကွဲကြေသွားတာမဟုတ်ဘဲ
ဝါးမြိုခံလိုက်ရခြင်း။ ??

ဝါးမြိုစွမ်းအားရှိသော အစစ်အမှန်နတ်ဘုရားမီးလျှံ
ကသာလျှင် အခြားသောနတ်ဘုရားမီးလျှံများကို
ဝါးမြိုနိုင်သည်။ သို့သော်လည်း ဒီလိုအရာမျိုးက
နတ်ဆိုးဖီးနစ်မျိုးနွယ်စုထဲမှာ မရှိခဲ့ဖူးပေ။
သူတို့နတ်ဘုရားမီးလျှံတွေမှာ ဝါးမြိုနိုင်စွမ်းမပါရှိဘဲ
'သန်မာ' 'အားနည်း' နှစ်ခုသာ ခွဲခြားထားသည်။

ကျိရွေ့လည်ချောင်းတစ်လျှောက် သွေးတစ်လုပ်
ဆန်တက်လာပြီး ကြေးနီအရသာကပါးစပ်အနှံ့
ပျံ့နှံ့သွားသည်။

နတ်ဘုရားမီးလျှံ ဝါးမြိုခံလိုက်ရခြင်းက
ရိုးရိုးတန်းတန်းရှုံးနိမ့်ရခြင်းထက်ပို၍ သူမ
အသက်စွမ်းအားကို ထိခိုက်စေသည်။ အတွင်းဒဏ်ရာ
မကြီးပေမယ့် လင်းရှောင်၌ဝါးမြိုနိုင်စွမ်းအားရှိသည့်
နတ်ဘုရားမီးလျှံပိုင်ဆိုင်ထားသည်ကိုသိပြီးနောက်
သူမ ရင်မဆိုင်ဝံ့တော့ပေ။

ဒီသတင်းကို မျိုးနွယ်စုအကြီးအကဲများဆီ
ပို့ပေးရမည်။

ဝါးမြိုနိုင်စွမ်းရှိသည့်နတ်ဘုရားမီးလျှံကိုပိုင်ဆိုင်သော
မျိုးနွယ်စုဝင်တွေက ဖီးနစ်မျိုးနွယ်စုအတွက်
ရတနာတစ်ပါးဖြစ်သည်။ သို့ပေမယ့် ဒီရတနာနဲ့
သူတို့အကြားမှာ ရန်ငြှိုးရန်စရှိခဲ့ပါက ကပ်ဆိုးတစ်ခု
ဖြစ်ပေလိမ့်မည်။

"ပြန်မယ်!"  ကျိရွေ့ ပါးစပ်ထဲကသွေးကိုပြန်မြိုချ
လိုက်သည်။

ကျိရွေ့ ဆက်တိုက်ဖို့အမိန့်ပေးတော့မည်ဟု
ကျိယွင်လန်ထင်နေဆဲတွင် သူမကပြန်ဆုတ်ဖို့
ပြောလာသည်။ သူမအသံကလည်း အလွန်အမင်း
စိုးရိမ်နေပုံပေါ်ကာ ကျိယွင်လန် တစ်ခဏမျှ
အေးခဲသွားတော့သည်။ ဒါဘယ်လိုအခြေအနေကြီး
လဲ?

ကျိဝမ်နဲ့ကျိဝူက မတုံးအပေ။ ရွေ့အကြီးအကဲ
အတွင်းဒဏ်ရာရသွားတာကို သူတို့မြင်သည်။

ဒီလိုအခြေအနေမှာဆက်တိုက်ရင် သူတို့အတွက်
အကျိုးမရှိပေ။

ကျိဝူမှာ နှစ်ခါပြောစရာမလိုဘဲ ကျိယွင်လန်ကို
ဆွဲပြီးကျိရွေ့နောက်ပြေးလိုက်သွားတော့သည်။
ကျိဝမ်ကလည်း အနောက်မှထပ်ချပ်မကွာ
လိုက်သွားသည်။ ကျိဖုန်းတစ်ယောက်ပဲမရွေ့တာ
ဖြစ်ပြီး သူနဲ့ဘာမှမဆိုင်သည့်နှယ် သူ့အကြည့်က
သူတို့နောက်ကပ်ပါသွားသည်။

လင်းရှောင်မျက်နှာတွင် အေးစက်စက်အပြုံးတစ်ပွင့်
ပေါ်လာလေသည်။ 

သူတို့ကို ဒီအတိုင်းလွှတ်ပေးလိုက်ရန်စိတ်ကူးမရှိ
ပေ။ သူ့အိမ်တံခါးဝကို ကိုယ့်ခြေထောက်နဲ့ကိုယ်
ရောက်လာတဲ့အမြှောက်စာလေးတွေကို ဒီတိုင်း
လွှတ်ပေးလိုက်လို့ဘာရမှာလဲ? ဒါ့အပြင်သူတို့က
ဟိုငှက်ပေါက်ရဲ့ပြိုင်ဖက်များဖြစ်ကြရာ
သူ့အတွက် လူနည်းနည်းလောက်ကူ၍ဖယ်ရှား
ပေးရပေမည်။

ပြတ်သားသည့်လူသတ်လိုစိတ်က တစ်ခဏအတွင်း
သူတို့ပေါ်ကျရောက်လာပြီး လက်ချောင်းတစ်ချက်
အဝှေ့တွင် း မီးတောက်များလွင့်စင်ထွက်သွား
လေသည်။

လူလေးဦး၏အမူအရာမှာ တောင့်တင်းသွားပြီးနောက်
ကျိရွေ့ကအလျင်အမြန်တုံ့ပြန်သည်။ သူမ
ညာလက်ထဲတွင် နယ်မြေပြောင်းအဆောင်တစ်ခု
ပေါ်လာသည်။ ဒါက အလတ်ဆင့်နယ်မြေပြောင်း
အဆောင်လက်ဖွဲ့ဖြစ်၍ အဆောင်အနိမ့်ထက်
အကွာအဝေးပိုရုံသာမက လူအရေအတွက်
ပိုများများလည်း ပို့ဆောင်ပေးနိုင်သည်။
အရေးအကြီးဆုံးကတော့ ၎င်းက အတော်လေး
အန္တရာယ်ကင်းပြီး တည်ငြိမ်မှုလည်းရှိခြင်းပင်။

သူမ ခြေမွလိုက်သောနယ်မြေပြောင်းအဆောင်မှ
နေရာပြောင်းစွမ်းအားများ စိမ့်ထွက်လာပြီး
ကျိရွေ့ လုံးလုံးသတိမရသည့်ကျိဖုန်းကလွဲလို့
သူတို့အားလုံးကို လွှမ်းခြုံသွားသည်။

သို့သော်လည်း နောက်ခဏတွင်တဖျတ်ဖျတ်
တောက်နေသည့် မီးတောက်တစ်ချို့ ခြေထောက်
အောက်ဖက်မှ အထက်သို့ဆန်တက်လာကာ
သူတို့ခြေထောက်များကို ရစ်ပတ်သွားလေသည်။
အသားညှော်နံ့ပျံ့လွင့်လာပြီး ကျိယွင်လန်က
ငယ်သံပါအောင်အော်ဟစ်တော့သည်။

သူတို့လေးယောက်တွင် ကျိယွင်လန်တစ်ယောက်ပဲ
ခုခံနိုင်စွမ်းမရှိတာဖြစ်ပြီး မီးတောက်များ၏
ရစ်ပတ်ခြင်းကိုခံရလေသည်။ တကယ်တော့
သူ အချိန်မီမတုံ့ပြန်နိုင်ခဲ့ခြင်းမဟုတ်ပေ။ သူတို့
နောက်ကနေ ချိန်ရွယ်နေသည့်ယူရှောင်းမိုကို
ဘယ်သူကမှ သတိမပြုမိခဲ့၍ဖြစ်သည်။
သူနဲ့လင်း​ရှောင်က အတွေးတူသည်။

ငှက်ပေါက်ကလေးရဲ့ရန်သူဆို ဘယ်ကောင်မှ
အလွယ်တကူထွက်သွား၍မရ။

ဒါကြောင့် ကျိယွင်လန် လင်းရှောင်ရဲ့မီးတောက်ကို
ခုခံတော့မည့်အချိန်တွင် ယူရှောင်းမိုက
တိတ်တဆိတ်တိုက်ခိုက်လိုက်သည်။ ကျိယွင်လန်
လှုပ်ရှားမှုတွေ တစ်စက္ကန့်လောက်ပဲရပ်တန့်
သွားပြီးတဲ့နောက်မှာ မီးတောက်တွေရဲ့ဖမ်းဆီးခြင်းကို
ခံလိုက်ရသည်။

မီးတောက်တွေက ကိုယ်ပိုင်အသိဉာဏ်ရှိနေသည့်
အလားပင်။ ရှင်းချီရဲ့မီးလောင်သွားတဲ့လက်မောင်း
လိုပဲ ကျိယွင်လန်ရဲ့ခြေထောက်တွေက
တစ်ခါတည်းနဲ့အရည်ပျော်သွားခဲ့သည်၊
သူ ခြေထောက်မရှိသည့်မသန်စွမ်းဘဝရောက်မည်ကို
ကြိုမြင်ရနိုင်ပေသည်။

သို့သော် အခြားသူတွေလည်း
ပြဿနာတက်မနေဘူးလို့ ပြောမရပေ။

ကျိဝမ်နဲ့ကျိဝူက ကျိရွေ့ရဲ့နတ်ဘုရားမီးလျှံက
လင်းရှောင်နတ်ဘုရားမီးလျှံရဲ့ ဝါးမြိုခြင်း
ခံခဲ့ရသည်ကို တွေ့မြင်ခဲ့ရသည်။ သူတို့
ကြောက်နေပေမယ့်လည်း ကိုယ့်အသက်ကို
ကယ်တင်ဖို့အတွက် နတ်ဘုရားမီးလျှံကိုသာအသုံးပြု
လိုက်ရလေသည်။ ဒါပေမယ့်နောက်ဆုံး သူတို့
နတ်ဘုရားမီးလျှံလည်း ဝါးမြိုခံလိုက်ရပြီး
အတွင်းဒဏ်ရာများရသွားသည်။

ဒီမြင်ကွင်းက စက္ကန့်အနည်းငယ်မျှ
ကြာမြင့်နေပြီးနောက် နေရာပြောင်းစွမ်းအားများက
သူတို့ကိုအဝေးပို့ဆောင်လိုက်တော့သည်။

အတွင်းအပြင်နှစ်ခုစလုံးကလူများ ကြည့်ရှု
နေကြရင်း တည်းခိုခန်းကတိတ်ဆိတ်မှု
ကြီးစိုးသွားသည်။

ယောက်ျားတွေက လင်းရှောင်ကို သိချင်စိတ်နဲ့
ကြည့်နေကြပြီး မိန်းမတွေကတော့နှစ်လိုစွာ
ကြည့်ရှုနေကြလေသည်။ ဒီလောကမှာ
ဘယ်သူကများ စွမ်းအားကြီးသူတွေကို
မနှစ်သက်လို့လဲ?  စွမ်းအားကြီးသူတွေက
အမြဲတမ်းခမ်းနားစွာကြိုဆိုခြင်းကို ခံကြရသည်။

လင်းရှောင်က ကျိဖုန်းကိုမကြည့်။ ထိုအစား
တံခါးဘက်လှမ်းကြည့်လိုက်ပြီး အေးအေးဆေးဆေး
ပြောလိုက်သည်။

"အခုထိထွက်မလာသေးဘူးလား"

တံခါးနားရပ်ကြည့်နေကြသည့် လူများမှာ
ကူကယ်ရာမဲ့စွာဖြင့် တစ်ယောက်နဲ့တစ်ယောက်
ကြည့်လိုက်ကြသည်။

သူတို့ကိုခေါ်နေတာတော့မဖြစ်နိုင်ဘူးမလား?
အဓိပ္ပါယ်မရှိဘူးလေ!!

ထိုအခိုက်တွင် တံခါးညာဘက်ကထောင့်ကလေးကနေ
လူတစ်ယောက် ထွက်လာပြီး သူတို့ကိုအဖြေပေး
လိုက်တော့သည်။ အဲ့တာကအဖြူရောင်ဝတ်ရုံနဲ့
လူငယ်လေးဖြစ်ပြီး ဖြူဖွေးသန့်ရှင်းနေသည်။
သူက တည်းခိုခန်းထဲပြေးဝင်သွားပြီးနောက်
လင်းရှောင်ဆီ သူ့ကိုယ်သူပစ်ဝင်၍
ခါးကိုဖက်ပြီး အူကြောင်ကြားနဲ့ပြုံးလိုက်လေသည်။

"ဘယ်လိုလဲ..ကျွန်တော်ဉာဏ်ကောင်းတယ်ဟုတ်?"

လင်းရှောင်က နဖူးလေးကိုတောက်လိုက်သည်။

"အခွင့်ရေးကိုကောင်းကောင်းအသုံးချခဲ့ပါတယ်....
ဒါပေမယ့် 'ဉာဏ်ကောင်းတယ်'လို့တော့
ခေါ်လို့မရသေးဘူး"

ယူ​​ရှောင်းမိုကတော့သဘောမတူပေ။ ဘယ်လိုပဲနေနေ
သူ ဉာဏ်ကောင်းတယ်လို့ပဲယုံကြည်လိုက်ပြီ။

"သားလေးရေ~"

ဒုတိယထပ်မှနေ၍ ဖြစ်စဉ်တစ်ခုလုံးကို
စိတ်လှုပ်တရှားနဲ့ကြည့်နေခဲ့သည့် ယူကျွင်းချီက
သူ့သားလေးရောက်လာတာမြင်တော့ ချက်ချင်း
ပြေးဆင်းလာတော့သည်။ ယူရှောင်းမို
လင်းရှောင်ဆီ ပစ်ဝင်လိုက်သည်ကိုမြင်လိုက်ရတဲ့
အတိုင်း သူ့ကိုယ်သူယူရှောင်းမိုဆီ မအူမလည်ပုံနှင့်
ပစ်ဝင်လိုက်လေသည်။

ယူ​ရှောင်းမိုမှာ ရင်းနှီးလွန်း၍နားထဲ
သွေးယိုလောက်သည့် အသံကိုကြားသော်
ပထမဆုံးတုံ့ပြန်မှုမှာ လင်းရှောင်နောက်သို့
တုံ့ဆိုင်းခြင်းမရှိ ဝင်ပုန်းလိုက်ခြင်းပင်ဖြစ်ချေသည်။

ယူကျွင်းချီ လင်းရှောင်ခြေရင်းနားပစ်ကျ
တော့မည့်ဆဲဆဲတွင် အလျင်အမြန်ပြန်ဆုတ်လိုက်
သည်။

'အဖေကသားမက်ကိုဦးတိုက်' ရမည့်အဖြစ်က
သူ့အတွက် မဖြစ်နိုင်။ မတော်တဆဆိုရင်တောင်
မဖြစ်နိုင်။

ယူရှောင်းမိုကြည့်ရတာစိတ်ပျက်သွားသလိုပင်။

ယူကျွင်းချီ သူ့သားမျက်နှာပေါ်ကစိတ်ပျက်ခြင်းကို
မမြင်ချင်ယောင်ဆောင်လိုက်ပြီး သူ့သားဘာလို့
စိတ်ပျက်သွားတာလဲလည်း နားလည်ဖို့မကြိုးစား
ပေ။ ခေါင်းစဉ်လွှဲရန်အတွက် တံခါးဘေးမှာရပ်နေပြီး
ဘယ်လိုလွတ်အောင်လုပ်ရမလဲပူပန်နေခြင်းမရှိသည့်
ကျိဖုန်းကိုပဲ လက်ညိုးထိုးပြလိုက်သည်။

"သားလေး ဒီတစ်ယောက်ကလည်းနတ်ဆိုးဖီးနစ်
မျိုးနွယ်စုကပဲ၊ သူ့ကိုဘယ်လိုကိုင်တွယ်ချင်လဲ?"

ကျိဖုန်းအပေါ် ယူရှောင်းမိုအမြင်က တော်တော်လေး
ကောင်းသည်၊ ဒါ့အပြင် ခုနကသူ လုံးဝဝင်မပါခဲ့
ပေ။ အဆုံးမှာ သူကကျိရွေ့၏စွန့်ပစ်ခြင်းကိုပင်
ခံခဲ့ရသည်။ သနားဖို့ကောင်းချက်ပဲ!

အခုက သူစင်ပေါ်တက်ရမည့်အလှည့်မှန်း
ကျိဖုန်းသိသည်။ သူတို့အားလုံးသူ့ဘက်လှည့်လာ
တာမြင်တော့ အေးအေးဆေးဆေးပြုံးလိုက်သည်။

"လင်းကော၊ ​မိတ်ဆွေလေးယူ၊ မင်းတို့နှစ်ယောက်နဲ့
စကားပြောလို့ရနိုင်မလား"

"ကောင်းပြီလေ"

သူ ဆွေးနွေးချင်သည့်အရာကမရိုးရှင်းကြောင်း
ယူရှောင်းမိုကိုညွှန်းတာဖြစ်ပေမယ့် ဖြေပေးလိုက်
သူကလင်း​ရှောင်ဖြစ်သည်။ သူတို့ ခဏလောက်တော့
စဉ်းစားကြည့်သင့်ပေမယ့် လင်းရှောင်က
သူမဖြေနိုင်ခင်တစ်ခဏအလိုမှာ ဖြေပစ်လိုက်
သည်။

ပြီးတော့ လင်းရှောင်က လင်းကောဖြစ်နေတုန်း
သူကကျဘာလို့မိတ်ဆွေလေးပဲလဲ??

သူတို့ထဲ ကံအဆိုးဆုံးကတော့ တည်းခိုခန်း
ပိုင်ရှင်ပဲဖြစ်ချေသည်။ နားနေခန်းထဲက
စားပွဲနဲ့ထိုင်ခုံ ဆယ်ပုံပုံကိုးပုံလောက် အဖျက်စီး
ခံလိုက်ရပြီး ကောင်တာတောင်မှ ကံဆိုးသွားရှာ
သည်။ ဒါပေမယ့် သူတို့အမူအရာတွေကိုမြင်ရပြီး
နောက်တွင် သူ့ရဲ့ခါးသီးမှုလေးကိုထုတ်မပြတာက
ပိုကောင်းလိမ့်မည်ဟု ဆုံးဖြတ်လိုက်တော့သည်။

ယူရှောင်းမို အနည်းငယ်စဉ်းစားပြီးနောက်၌
သူ့ကိုစွမ်းအင်ကျောက်တုံးအနည်းငယ်ပေးခဲ့
လိုက်သည်။ ဖျက်စီးတဲ့ထဲမှာ လင်းရှောင်လည်း
တစ်စိတ်တစ်ပိုင်းပါဝင်ပြီး သူတို့ရဲ့အခြား
ကျသင့်ငွေတွေလည်းရှိသေးသည်။

နှစ်မိနစ်ကြာပြီးနောက်တွင် လေးယောက်သား
လင်းရှောင်အခန်းထဲတွင်စုနေကြသည်။

မျက်လုံးသုံးစုံက ကျိဖုန်းအပေါ်ရောက်နေသည်။

ကျိဖုန်းက အနီရဲရဲငှက်မွှေးတောင်တစ်ခုကို
အေးအေးဆေးဆေးထုတ်လိုက်သည်။

"ဒါကယုံကြည်မှုတိုကင်ပဲ!"

သူတို့သုံးယောက်— "...."

လင်းရှောင်က အရင်ဆုံးသတိပြန်ဝင်လာသည်။
မျက်ခုံးပင့်လိုက်ကာ "ဟိုငှက်လား?" ဟု
မေးလိုက်သည်။

"ဟုတ်တယ်"

ကျိဖုန်း ချောင်းဟန့်လိုက်သည်။ ထိုကောင်စုတ်လေး
ကျိနဉ်းယွီက လင်းရှောင်ကသူ့ကို 'အဲ့ငှက်ပေါက်'
လို့ခေါ်တတ်သည်ဟု ပြောပြခဲ့တုန်းက
သူမယုံခဲ့ပေ။ အခု နားနဲ့ဆတ်ဆတ်ကြားရတော့မှ
ယုံကြည်သွားတော့သည်။

"အဲ့ငှက်ပေါက်က ငါတို့နဲ့ပတ်သက်မှုရှိတာကို
မင်းဘယ်လိုသိလဲ?"

လင်းရှောင်အသိအမှတ်ပြုတာကို ယူရှောင်းမို
ကြားသည့်အခါ သူလည်းအပင်ပန်းခံပြီးငြင်း
မနေတော့ပေ။ ကျိဖုန်းကပြင်ဆင်ပြီးမှလာတာလို့
သူယုံသည်။

ကျိဖုန်း : "သူ မင်းတို့ဆီသတင်းပို့ချင်နေတာကို
ငါတစ်ခါမြင်ခဲ့ဖူးတယ်။သူ့ကိုမင်းတို့ကယ်ထားတာကို
နောက်တော့မှပြောပြခဲ့တာ၊ ပြီးတော့မင်းတို့မပါရင်
သူလည်းအဲ့ဒီမှာရှိမနေနိုင်ဘူးတဲ့"

နောက်ဆုံးစကားက ကြားရတာတစ်မျိုးပင်၊
သူတို့က သူ့ရဲ့ဒုတိယအမေအဖေတွေလိုပဲ။
သို့ပေမယ့် ကျိနဉ်းယွီရဲ့ဘဝအတွေ့အကြုံကို ကျိဖုန်း
ကြားခဲ့ရပြီးနောက်တွင် သူတို့ကိုကျေးဇူးမတင်ဘဲ
မနေနိုင်ပေ။ သူ့အခြေအနေနဲ့ဆို သူတို့နှစ်ယောက်သာ
ကယ်မပေးခဲ့လျှင် ကျိနဉ်းယွီအနှေးနဲ့အမြန်
သေနေလောက်ပြီ။

"ဒါကြောင့်?"

ငှက်ပေါက်လေး​က ဒီလောက်ထိသတိမဲ့လွန်း
လိမ့်မည်ဟု ယူ​ရှောင်းမိုထင်မထားပေ။
သူ့လျှို့ဝှက်ချက် ပေါက်ကြားသွားရုံမကလို့
ကျိဖုန်းကိုတောင် လိုလိုချင်ချင်နဲ့ပြောပြလိုက်
သေးသည်။ အာ၊ နှုတ်ပိတ်ဖို့သူ့ကိုသတ်ပစ်လိုက်သင့်
လား?

ကျိဖုန်းကတော့ သတိမထားမိပေ၊ သူက
ယူရှောင်းမိုကို အဓိပ္ပါယ်ပါပါနဲ့လှမ်းကြည့်ပြီးနောက်
တွန့်ဆုတ်တွန့်ဆုတ် ပြောလာသည်။

"သူက မင်းတို့ကိုကိစ္စတစ်ချို့ပြောပြစေချင်တယ်။
သူပြောချင်တာက— ကျွန်တော် နတ်ဆိုးဖီးနစ်
မျိုးနွယ်စုထဲမှာကောင်းကောင်းနေရပါတယ်။
တစ်ချို့ပေါ့ပေါ့နေပေါ့ပေါ့စားကောင်တွေ
ကျွန်တော့်ကို နေ့တိုင်းရန်လာစတတ်ပေမယ့်လည်း
သူကအရမ်းတုံးတယ်။ ဟဝှါထက်တောင်တုံးသေး
တယ်။ ကျွန်တော် အကြီးအကဲတွေဆီမျက်ရည်လေး
စမ်းတမ်းစမ်းတမ်းနဲ့ သွားပြောလိုက်သရွေ့
သူမအောင်မြင်နိုင်ဘူး၊ အာ့ကြောင့်ကျွန်တော့်ကို
စိတ်မပူပါနဲ့။ ကျွန်တော်ကြီးလာတဲ့ထိစောင့်ပေးပါ၊
အဲ့ကျရင် ခင်ဗျားတို့ကိုပြန်လာရှာမယ်...တဲ့"

သူ့စကားကြားပြီးတော့ ယူရှောင်းမို
ဒေါသထွက်သွားသည်။

"သူဘာပြောချင်တာလဲ? 'ဟဝှါထက်တောင်
တုံးသေးတယ်'? အဲ့ 'ဟဝှါ'ကဘယ်သူလဲ?"

ဘာ့ကြောင့် သူ့ကိုသွယ်ဝိုက်ပြီးပြောနေတယ်လို့
ခံစားနေရတာလဲ?

ကျိဖုန်း ခေါင်းယမ်းလိုက်သည်။

"ငါလည်းမသိဘူး။ သူ့ကိုမေးကြည့်တော့
မပြောပြဘူး။သူက မင်းတို့ကြားပြီးရင် သိပါလိမ့်မယ်လို့ပဲပြောတယ်"

ခွေးကောင်လေး! ငါ့ကိုငတုံးလို့ခေါ်တယ်ပေါ့လေ၊
မင်းပြန်လာတဲ့အထိစောင့်စမ်းပါ။ အဲ့ကျ
သေမယ်သာမှတ်။

"အဲ့ဒါအပြင် တစ်ခြားပြောလိုက်သေးလား?"

ယူရှောင်းမို ကြမ်းကြမ်းတမ်းတမ်းမေးလိုက်သည်။

"မရှိတော့ဘူး"   
ဘာကြောင့်များ သူ့လက်ရှိစိတ်အခြေအနေက
ဆိုးဝါးနေတယ်လို့ခံစားနေရပါလိမ့်? ဟိုလိုတော့
မဟုတ်လောက်ဘူးမလား..... သူ့အသက်ကလေးကို
ထောက်ရှုတဲ့အနေနဲ့ ဆက်တွေးတာကရိုင်းရာကျ
လိမ့်မယ်။

ယူရှောင်းမိုကြည့်ရတာ တွေးတောနေပုံပေါက်ပြီး
အရှုံးကိုဝန်မခံဘဲပြောလိုက်သည်။

"ဒါဆို မင်းပြန်လို့ရပြီ၊ ပြီးတော့သူ့ကိုပြောလိုက်
ဖင်ကိုပြောင်အောင်ဆေးထားပြီး ငါလာရိုက်မှာကို
စောင့်နေလိုက်လို့"

ကျိဖုန်း : "....."

ဒီစကားကို ကျိနဉ်းယွီဆီပို့ပေးပါ့မလား
ယူရှောင်းမိုမသိပေမယ့်လို့ သူ ကျိနဉ်းယွီကို
ရိုက်နှက်ပစ်ချင်စိတ်ကိုတော့မဟန့်တားနိုင်ပေ။

ထိုကောင်စုတ်ကလေး သူတို့ဆီမှထွက်သွားပြီးနောက်
ဒီလိုမျိုးပြောင်းလဲသွားသည်။ လင်းရှောင်က
သူ့ကို 'ဟွမ်ချုံး' ဟုနာမည်ပေးခဲ့တာမဆန်းတော့ချေ။
သူကတကယ်ကို မိမစစ်ဖမစစ်ကလေးပဲ!!

ကျိဖုန်းရပ်တည်ချက်နဲ့ပတ်သက်လို့ကတော့
ဖီးနစ်မျိုးနွယ်စုထဲ ကျိဖုန်းရဲ့အဆင့်အတန်းက
မနိမ့်ကျသော်လည်း သူကစတုတ္ထအကြီးအကဲ၏
မျိုးဆက်ဖြစ်သောကြောင့် ခေါင်းဆောင်နေရာ
ဆက်ခံပိုင်ခွင့်မရှိပေ။

စတုတ္ထအကြီးအကဲသွေးမျိုးဆက်၏မျိုးဆက်သစ်
အားလုံးက နတ်ဆိုးဖီးနစ်မျိုးနွယ်စုရဲ့မျိုးနွယ်စု
ခေါင်းဆောင်ကို ထောက်ပံ့ပေးရသူများဖြစ်ကြ
သည်။ သူတို့ မျိုးနွယ်စုခေါင်းဆောင်ရဲ့ယုံကြည်မှုကို
ရရှိပါက မျိုးနွယ်စုထဲမှာသာမာန်မဟုတ်သည့်
အဆင့်အတန်းကို ရရှိခြင်းနှင့်အတူတူပင်ဖြစ်သည်။
သို့သော် ကျိဖုန်းတို့မျိုးဆက်တွင်
စတုတ္ထအကြီးအကဲ၏သွေးမျိုးဆက်က ဆက်တိုက်
အဖိနှိပ်ခံခဲ့ရရာ သူတို့အတွက်အခွင့်အလမ်းတစ်ခု
လိုအပ်နေလေသည်။ ကျိနဉ်းယွီပေါ်ထွက်လာမှုက
တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့အခွင့်အလမ်းဖြစ်လို့
သွားသည်။

ကျိနဉ်းယွီက နတ်ဆိုးဖီးနစ်မျိုးနွယ်စုခေါင်းဆောင်
နေရာကို ဆက်ခံနိုင်သူဖြစ်လာနိုင်နေပြီး
ဒါက အနာဂတ်မျိုးနွယ်စုခေါင်းဆောင်၏
ယုံကြည်မှုကိုရရန် ကျိဖုန်းလိုအပ်နေသည့်
အခွင့်အရေးဖြစ်လေသည်။ ဒါကြောင့်ပဲ သူက
ကျိနဉ်းယွီကို သတင်းကူပို့ပေးဖို့ စိတ်ပါလက်ပါ
ရွေးချယ်ခဲ့တာဖြစ်သည်။

တည်းခိုခန်းမှအဖြစ်အပျက်က လူအုပ်ကြီးတစ်အုပ်
ရှေ့မှာဖြစ်ပျက်သွားခဲ့၍ ထိုသတင်းက
ထုံထျန်းတိုက်ကြီးတစ်ဝက်ခန့်သို့ တစ်ခဏအတွင်း
မှာပင် ပျံ့နှံ့ကုန်သည်။ လင်းရှောင်ကတော့
တစ်နေ့တာရဲ့သူရဲကောင်းကြီးဖြစ်လို့နေသည်။
နတ်ဆိုးဖီးနစ်မျိုးနွယ်စုက ရှေးသားရဲ
မျိုးနွယ်စုလေးခုတွင် တစ်ခုအပါအဝင်ဖြစ်၍
အင်အားကြီးနှစ်ခုတိုက်မိသည့်အခါ မီးပွားများ
လွင့်စင်လာမည်မှာ ဧကန်မလွဲပင်။

မီးပွားတွေကတော့ လွင့်ထွက်လာပါရဲ့....
ဒါပေမယ့်ဖြစ်စဉ်တစ်ခုလုံးက ငါးမိနစ်စာ
လောက်လေးပဲကြာလိမ့်မယ်လို့ ဘယ်သူထင်ခဲ့
မှာလဲ? နတ်ဆိုးဖီးနစ်မျိုးနွယ်စု၏ အဆင့်၁၂
ကျင့်ကြံသူကျိရွေ့သည် အလွန်အမင်းပွင့်လင်းစွာနှင့်
ရှုံးနိမ့်ပြီးထွက်ပြေးသွားခဲ့ရလေသည်။ ရေသေထဲက
အလေးချိန်များသည့်ဗုံးတစ်လုံးအလားပင်။

သွေးစွေးနီမိသားစုက အထောက်တွေက
လင်းရှောင်နဲ့ဖီးနစ်မျိုးနွယ်စုက သူသေကိုယ်သေ
တိုက်ကြမည်ဖြစ်ရာ သူတို့ကနောက်မှဝင်၍
လှုပ်ရှားကြမည်ဟု တွေးထားခဲ့ကြသည်။ ဒါပေမယ့်
နတ်ဆိုးဖီးနစ်မျိုးနွယ်စုက ကျိရွေ့တောင်
ရှုံးနိမ့်သွားခဲ့သည်။ ဒါက မိသားစုခေါင်းဆောင်ထံ
ပြန်တင်ပြရမည့်အရာမျိုးပင်ဖြစ်သည်။

သတင်းက ယူကျန်ထျန်းနားထဲအလွန်လျင်မြန်စွာ
ရောက်ရှိသွားသည်။

ယူကျန်ထျန်းက အတွေ့အကြုံကြွယ်ဝပြီး
ဗဟုသုတလည်းရှိသည်။ ဖြစ်ပျက်ခဲ့တာတွေကို
ကြားတဲ့အခါ ဝါးမြိုနိုင်စွမ်းရှိသည့်နတ်ဘုရားမီးလျှံ
နဲ့ချက်ချင်းပဲဆက်စပ်မိသွားသည်။ ဒါကပဲ
ကျိရွေ့ဘာလို့ရှုံးသွားရတာလဲဆိုတဲ့ အကြောင်းအရင်း
ကိုရှင်းပြနိုင်လေသည်။

"ဇနီး အဖြစ်အပျက်တွေကတော့ပြောင်းကုန်ပြီ"

ယူကျန်ထျန်း ​ရှေ့နောက်လျှောက်နေမိသည်။

ယင်ကတော် : "ငါ့ယောက်ျား ဗျာမများနဲ့။
အဲ့ဒီလူမှာ ဝါးမြိုနိုင်တဲ့အစွမ်းရှိတဲ့နတ်ဘုရားမီးလျှံ
ရှိနေရင်တောင် နတ်ဆိုးဖီးနစ် နတ်ဘုရားမီးလျှံ
ကလည်းသူ့ကိုလွှတ်ပေးမှာမဟုတ်ဘူး။
ကျွန်မတို့က မီးကိုနည်းနည်းပင့်ပေးလိုက်သရွေ့
သူ့ကိုဘယ်သူကမှ ရင်မဆိုင်ရဲဖို့ပူစရာမလိုဘူး"

သူမပြောတာ အကျိုးကြောင်းသင့်မှန်း
ယူကျန်ထျန်းသိသည်။

"ဒါဆို မင်းဆုံးဖြတ်ချက်အရဆို ဘယ်လိုဆက်လုပ်
သင့်လဲ"

"ဒါကိုကျွန်မကိုယ်တိုင်ပဲဂရုစိုက်လိုက်ပါ့မယ်"

ယင်ကတော်ရဲ့မျက်ဝန်းများက ခါတိုင်းလို
ထူးမခြားနားဟန်မရှိတော့ဘဲ ထိုအစား
အကြံဉာဏ်များထုတ်လွှင့်နေဟန်ရှိလေသည်။

သို့သော်လည်း သူမအကြံတွေအထမမြောက်သေးခင်
မှာ ရုတ်တရက်ဖြစ်လှတဲ့သတင်းတစ်ခုက
သူမအကြံကို မညှာမတာနဲ့ရိုက်ချိုးပစ်ခဲ့သည်။

လင်း​ရှောင်နဲ့ နတ်ဆိုးဖီးနစ်မျိုးနွယ်စုတို့
တွေ့ဆုံမှုရဲ့နှစ်ရက်မြောက်နေ့မှာ ချန်မဟာမိတ်က
သွေးစွေးနီမိသားစုကို ကြီးကြီးမားမားရည်ညွှန်း
ထားသည့်စာလွှာတစ်ခုထုတ်ခဲ့သည်။ ထိုစာလွှာတွင်
လင်းရှောင်နှင့်ယူရှောင်းမိုက ချန်မဟာမိတ်၏
မိတ်ဆွေများဖြစ်ပြီး သူတို့ရန်သူဟာလည်း
ချန်မဟာမိတ်၏ရန်သူဖြစ်သည်ဟု ပါရှိလေသည်။

ချန်မဟာမိတ်က အမြဲတမ်းကြားနေအဖွဲ့သာ
ဖြစ်ခဲ့သည်။

အရင်ကဆို အင်အားစုကြီးနှစ်ခုစတင်၍
တိုက်ခိုက်နေကြလျှင်ပင် ချန်မဟာမိတ်က
ဘယ်သူ့ဘက်မှရပ်တည်ခြင်းမရှိခဲ့ဘဲ သူတို့ရဲ့
'အခြားသူတွေရဲ့ကိစ္စကနေဝေးဝေးနေ' ဆိုတဲ့
သဘောထားကိုပဲ ထိန်းထားမည့်ဟန်ရှိခဲ့သည်။

အခုတော့ သူတို့ရဲ့ခမ်းနားလှစွာသောထူးခြားတဲ့
အပြုအမူက လူတိုင်းကိုထိတ်လန့်သွားစေခဲ့သည်။

ချန်မဟာမိတ်က ဒီဆုံးဖြတ်ချက်ကိုအကြောင်းအရင်း
မရှိချမှတ်လိမ့်မည်ဟု ဘယ်သူမှမယုံပေ။
ဒီနှစ်ဖက်ကြားမှာ အပြင်လူတွေမသိကြတဲ့
သဘောတူညီချက်မျိုး သေချာပေါက်ရှိပေမည်၊
ဒါကပဲ တစ်ခုတည်းသောဖြေရှင်းချက်ဖြစ်နေသည်။
တစ်ချို့လူတွေကတော့ ဒါဟာဖူချန်ချုံးရဲ့
တပည့်လေးနဲ့ တစ်ခုခုပတ်သက်နေတာလို့တောင်
သံသယဝင်ကြလေသည်။ ဟိုအရင် မွေးနေ့ပွဲ
တုန်းက သူတို့နှစ်ယောက်ပဲနေရစ်ခဲ့ကြတာ
မဟုတ်လား?
____________________

//Zawgyi//

အပိုင္း(၅၅၃) ဝါးၿမိဳျခင္းနတ္ဘုရားမီးလ်ွံ

ဒါကလည္း နတ္ဆိုးဖီးနစ္နတ္ဘုရားမီးလ်ွံပင္၊
ဒါေပမယ့္ အဆင့္တူခ်င္းမွာေတာင္ အားနည္းသၫ့္
နတ္ဘုရားမီးလ်ွံႏွင့္ အားေကာင္းေသာနတ္ဘုရား
မီးလ်ွံဟူ၍ ထပ္ရိွေသးတာကို သိသူ
အနည္းငယ္သာရိွသည္။

က်ိေရြ့ ဒီအေၾကာင္းကိုသိသည္၊ ဒါေၾကာင့္ပဲ
သူတို႔က်င့္ႀကံျခင္းက အဆင့္တူရင္ေတာင္
သူမရဲ့နတ္ဘုရားမီးလ်ွံက လင္းေရွာင္ရဲ့ဟာထက္
သန္မာမည္ဟုထင္ခဲ့သည္။ ဒါကသူတို႔က်င့္ႀကံျခင္းနဲ႔
မဆိုင္ဘဲ ေသြးမ်ိဳးဆက္ႏွင့္သာဆိုင္သည္.....
တစ္ေယာက္ကေသြးသန႔္၊ တစ္ေယာက္ကေသြးေနွာ။
ဘယ္သူကပိုသန္မာလဲ ပိုအားနည္းလဲ
တစ္ခ်က္ၾကၫ့္ရံုႏွင့္ ျပတ္သားေနသင့္သည္။

သို႔ေသာ္ သူမကိုယ္ပိုင္နတ္ဘုရားမီးလ်ွံက
လင္းေရွာင္မီးလ်ွံရဲ့ ဝါးၿမိဳျခင္းခံလိုက္ရသၫ့္
အခ်ိန္မွာ သူမ ၾကက္ေသေသသြားမိ၏။
သူမနတ္ဘုရားမီးလ်ွံက ကဲြေၾကသြားတာမဟုတ္ဘဲ
ဝါးၿမိဳခံလိုက္ရျခင္း။ ??

ဝါးၿမိဳစြမ္းအားရိွေသာ အစစ္အမွန္နတ္ဘုရားမီးလ်ွံ
ကသာလ်ွင္ အျခားေသာနတ္ဘုရားမီးလ်ွံမ်ားကို
ဝါးၿမိဳႏိုင္သည္။ သို႔ေသာ္လည္း ဒီလိုအရာမ်ိဳးက
နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စုထဲမွာ မရိွခဲ့ဖူးေပ။
သူတို႔နတ္ဘုရားမီးလ်ွံေတြမွာ ဝါးၿမိဳႏိုင္စြမ္းမပါရိွဘဲ
'သန္မာ' 'အားနည္း' ႏွစ္ခုသာ ခဲြျခားထားသည္။

က်ိေရြ့လည္ေခ်ာင္းတစ္ေလ်ွာက္ ေသြးတစ္လုပ္
ဆန္တက္လာၿပီး ေၾကးနီအရသာကပါးစပ္အႏွံ႔
ပ်ံ႔ႏွံ႔သြားသည္။

နတ္ဘုရားမီးလ်ွံ ဝါးၿမိဳခံလိုက္ရျခင္းက
ရိုးရိုးတန္းတန္းရႈံးနိမ့္ရျခင္းထက္ပို၍ သူမ
အသက္စြမ္းအားကို ထိခိုက္ေစသည္။ အတြင္းဒဏ္ရာ
မႀကီးေပမယ့္ လင္းေရွာင္၌ဝါးၿမိဳႏိုင္စြမ္းအားရိွသၫ့္
နတ္ဘုရားမီးလ်ွံပိုင္ဆိုင္ထားသည္ကိုသိၿပီးေနာက္
သူမ ရင္မဆိုင္ဝံ့ေတာ့ေပ။

ဒီသတင္းကို မ်ိဳးႏြယ္စုအႀကီးအကဲမ်ားဆီ
ပို႔ေပးရမည္။

ဝါးၿမိဳႏိုင္စြမ္းရိွသၫ့္နတ္ဘုရားမီးလ်ွံကိုပိုင္ဆိုင္ေသာ
မ်ိဳးႏြယ္စုဝင္ေတြက ဖီးနစ္မ်ိဳးႏြယ္စုအတြက္
ရတနာတစ္ပါးျဖစ္သည္။ သို႔ေပမယ့္ ဒီရတနာနဲ႔
သူတို႔အၾကားမွာ ရန္ႃငွိုးရန္စရိွခဲ့ပါက ကပ္ဆိုးတစ္ခု
ျဖစ္ေပလိမ့္မည္။

"ျပန္မယ္!"  က်ိေရြ့ ပါးစပ္ထဲကေသြးကိုျပန္ၿမိဳခ်
လိုက္သည္။

က်ိေရြ့ ဆက္တိုက္ဖို႔အမိန႔္ေပးေတာ့မည္ဟု
က်ိယြင္လန္ထင္ေနဆဲတြင္ သူမကျပန္ဆုတ္ဖို႔
ေျပာလာသည္။ သူမအသံကလည္း အလြန္အမင္း
စိုးရိမ္ေနပံုေပၚကာ က်ိယြင္လန္ တစ္ခဏမ်ွ
ေအးခဲသြားေတာ့သည္။ ဒါဘယ္လိုအေျခအေနႀကီး
လဲ?

က်ိဝမ္နဲ႔က်ိဝူက မတံုးအေပ။ ေရြ့အႀကီးအကဲ
အတြင္းဒဏ္ရာရသြားတာကို သူတို႔ျမင္သည္။

ဒီလိုအေျခအေနမွာဆက္တိုက္ရင္ သူတို႔အတြက္
အက်ိဳးမရိွေပ။

က်ိဝူမွာ ႏွစ္ခါေျပာစရာမလိုဘဲ က်ိယြင္လန္ကို
ဆဲြၿပီးက်ိေရြ့ေနာက္ေျပးလိုက္သြားေတာ့သည္။
က်ိဝမ္ကလည္း အေနာက္မွထပ္ခ်ပ္မကြာ
လိုက္သြားသည္။ က်ိဖုန္းတစ္ေယာက္ပဲမေရြ့တာ
ျဖစ္ၿပီး သူနဲ႔ဘာမွမဆိုင္သၫ့္ႏွယ္ သူ႔အၾကၫ့္က
သူတို႔ေနာက္ကပ္ပါသြားသည္။

လင္းေရွာင္မ်က္ႏွာတြင္ ေအးစက္စက္အႃပံုးတစ္ပြင့္
ေပၚလာေလသည္။ 

သူတို႔ကို ဒီအတိုင္းလႊတ္ေပးလိုက္ရန္စိတ္ကူးမရိွ
ေပ။ သူ႔အိမ္တံခါးဝကို ကိုယ့္ေျခေထာက္နဲ႔ကိုယ္
ေရာက္လာတဲ့အၿမွောက္စာေလးေတြကို ဒီတိုင္း
လႊတ္ေပးလိုက္လို႔ဘာရမွာလဲ? ဒါ့အျပင္သူတို႔က
ဟိုငွက္ေပါက္ရဲ့ၿပိဳင္ဖက္မ်ားျဖစ္ၾကရာ
သူ႔အတြက္ လူနည္းနည္းေလာက္ကူ၍ဖယ္ရွား
ေပးရေပမည္။

ျပတ္သားသၫ့္လူသတ္လိုစိတ္က တစ္ခဏအတြင္း
သူတို႔ေပၚက်ေရာက္လာၿပီး လက္ေခ်ာင္းတစ္ခ်က္
အေဝ႔ွတြင္ း မီးေတာက္မ်ားလြင့္စင္ထြက္သြား
ေလသည္။

လူေလးဦး၏အမူအရာမွာ ေတာင့္တင္းသြားၿပီးေနာက္
က်ိေရြ့ကအလ်င္အျမန္တံု႔ျပန္သည္။ သူမ
ညာလက္ထဲတြင္ နယ္ေျမျပောင္းအေဆာင္တစ္ခု
ေပၚလာသည္။ ဒါက အလတ္ဆင့္နယ္ေျမျပောင္း
အေဆာင္လက္ဖဲြ႔ျဖစ္၍ အေဆာင္အနိမ့္ထက္
အကြာအေဝးပိုရံုသာမက လူအေရအတြက္
ပိုမ်ားမ်ားလည္း ပို႔ေဆာင္ေပးႏိုင္သည္။
အေရးအႀကီးဆံုးကေတာ့ ၄က အေတာ္ေလး
အႏၲရာယ္ကင္းၿပီး တည္ၿငိမ္မႈလည္းရိျွခင္းပင္။

သူမ ေျခမြလိုက္ေသာနယ္ေျမျပောင္းအေဆာင္မွ
ေနရာေျပာင္းစြမ္းအားမ်ား စိမ့္ထြက္လာၿပီး
က်ိေရြ့ လံုးလံုးသတိမရသၫ့္က်ိဖုန္းကလဲြလို႔
သူတို႔အားလံုးကို လႊမ္းႃခံုသြားသည္။

သို႔ေသာ္လည္း ေနာက္ခဏတြင္တဖ်တ္ဖ်တ္
ေတာက္ေနသၫ့္ မီးေတာက္တစ္ခ်ိဳ႕ ေျခေထာက္
ေအာက္ဖက္မွ အထက္သို႔ဆန္တက္လာကာ
သူတို႔ေျခေထာက္မ်ားကို ရစ္ပတ္သြားေလသည္။
အသားေၫွာ္နံ႔ပ်ံ႔လြင့္လာၿပီး က်ိယြင္လန္က
ငယ္သံပါေအာင္ေအာ္ဟစ္ေတာ့သည္။

သူတို႔ေလးေယာက္တြင္ က်ိယြင္လန္တစ္ေယာက္ပဲ
ခုခံႏိုင္စြမ္းမရိွတာျဖစ္ၿပီး မီးေတာက္မ်ား၏
ရစ္ပတ္ျခင္းကိုခံရေလသည္။ တကယ္ေတာ့
သူ အခ်ိန္မီမတံု႔ျပန္ႏိုင္ခဲ့ျခင္းမဟုတ္ေပ။ သူတို႔
ေနာက္ကေန ခ်ိန္ရြယ္ေနသၫ့္ယူေရွာင္းမိုကို
ဘယ္သူကမွ သတိမျပဳမိခဲ့၍ျဖစ္သည္။
သူနဲ႔လင္း​ေရွာင္က အေတြးတူသည္။

ငွက္ေပါက္ကေလးရဲ့ရန္သူဆို ဘယ္ေကာင္မွ
အလြယ္တကူထြက္သြား၍မရ။

ဒါေၾကာင့္ က်ိယြင္လန္ လင္းေရွာင္ရဲ့မီးေတာက္ကို
ခုခံေတာ့မၫ့္အခ်ိန္တြင္ ယူေရွာင္းမိုက
တိတ္တဆိတ္တိုက္ခိုက္လိုက္သည္။ က်ိယြင္လန္
လႈပ္ရွားမႈေတြ တစ္စကၠန႔္ေလာက္ပဲရပ္တန႔္
သြားၿပီးတဲ့ေနာက္မွာ မီးေတာက္ေတြရဲ့ဖမ္းဆီးျခင္းကို
ခံလိုက္ရသည္။

မီးေတာက္ေတြက ကိုယ္ပိုင္အသိဉာဏ္ရိွေနသၫ့္
အလားပင္။ ရွင္းခ်ီရဲ့မီးေလာင္သြားတဲ့လက္ေမာင္း
လိုပဲ က်ိယြင္လန္ရဲ့ေျခေထာက္ေတြက
တစ္ခါတည္းနဲ႔အရည္ေပ်ာ္သြားခဲ့သည္၊
သူ ေျခေထာက္မရိွသၫ့္မသန္စြမ္းဘဝေရာက္မည္ကို
ႀကိဳျမင္ရႏိုင္ေပသည္။

သို႔ေသာ္ အျခားသူေတြလည္း
ျပႆနာတက္မေနဘူးလို႔ ေျပာမရေပ။

က်ိဝမ္နဲ႔က်ိဝူက က်ိေရြ့ရဲ့နတ္ဘုရားမီးလ်ွံက
လင္းေရွာင္နတ္ဘုရားမီးလ်ွံရဲ့ ဝါးၿမိဳျခင္း
ခံခဲ့ရသည္ကို ေတြ့ျမင္ခဲ့ရသည္။ သူတို႔
ေၾကာက္ေနေပမယ့္လည္း ကိုယ့္အသက္ကို
ကယ္တင္ဖို႔အတြက္ နတ္ဘုရားမီးလ်ွံကိုသာအသံုးျပဳ
လိုက္ရေလသည္။ ဒါေပမယ့္ေနာက္ဆံုး သူတို႔
နတ္ဘုရားမီးလ်ွံလည္း ဝါးၿမိဳခံလိုက္ရၿပီး
အတြင္းဒဏ္ရာမ်ားရသြားသည္။

ဒီျမင္ကြင္းက စကၠန႔္အနည္းငယ္မ်ွ
ၾကာျမင့္ေနၿပီးေနာက္ ေနရာေျပာင္းစြမ္းအားမ်ားက
သူတို႔ကိုအေဝးပို႔ေဆာင္လိုက္ေတာ့သည္။

အတြင္းအျပင္ႏွစ္ခုစလံုးကလူမ်ား ၾကၫ့္ရႈ
ေနၾကရင္း တည္းခိုခန္းကတိတ္ဆိတ္မႈ
ႀကီးစိုးသြားသည္။

ေယာက္်ားေတြက လင္းေရွာင္ကို သိခ်င္စိတ္နဲ႔
ၾကၫ့္ေနၾကၿပီး မိန္းမေတြကေတာ့ႏွစ္လိုစြာ
ၾကၫ့္ရႈေနၾကေလသည္။ ဒီေလာကမွာ
ဘယ္သူကမ်ား စြမ္းအားႀကီးသူေတြကို
မႏွစ္သက္လို႔လဲ?  စြမ္းအားႀကီးသူေတြက
အၿမဲတမ္းခမ္းနားစြာႀကိဳဆိုျခင္းကို ခံၾကရသည္။

လင္းေရွာင္က က်ိဖုန္းကိုမၾကၫ့္။ ထိုအစား
တံခါးဘက္လွမ္းၾကၫ့္လိုက္ၿပီး ေအးေအးေဆးေဆး
ေျပာလိုက္သည္။

"အခုထိထြက္မလာေသးဘူးလား"

တံခါးနားရပ္ၾကၫ့္ေနၾကသၫ့္ လူမ်ားမွာ
ကူကယ္ရာမဲ့စြာျဖင့္ တစ္ေယာက္နဲ႔တစ္ေယာက္
ၾကၫ့္လိုက္ၾကသည္။

သူတို႔ကိုေခၚေနတာေတာ့မျဖစ္ႏိုင္ဘူးမလား?
အဓိပၸါယ္မရိွဘူးေလ!!

ထိုအခိုက္တြင္ တံခါးညာဘက္ကေထာင့္ကေလးကေန
လူတစ္ေယာက္ ထြက္လာၿပီး သူတို႔ကိုအေျဖေပး
လိုက္ေတာ့သည္။ အဲ့တာကအျဖဴေရာင္ဝတ္ရံုနဲ႔
လူငယ္ေလးျဖစ္ၿပီး ျဖဴေဖြးသန႔္ရွင္းေနသည္။
သူက တည္းခိုခန္းထဲေျပးဝင္သြားၿပီးေနာက္
လင္းေရွာင္ဆီ သူ႔ကိုယ္သူပစ္ဝင္၍
ခါးကိုဖက္ၿပီး အူေၾကာင္ၾကားနဲ႔ႃပံုးလိုက္ေလသည္။

"ဘယ္လိုလဲ..ကၽြန္ေတာ္ဉာဏ္ေကာင္းတယ္ဟုတ္?"

လင္းေရွာင္က နဖူးေလးကိုေတာက္လိုက္သည္။

"အခြင့္ေရးကိုေကာင္းေကာင္းအသံုးခ်ခဲ့ပါတယ္....
ဒါေပမယ့္ 'ဉာဏ္ေကာင္းတယ္'လို႔ေတာ့
ေခၚလို႔မရေသးဘူး"

ယူ​​ေရွာင္းမိုကေတာ့သေဘာမတူေပ။ ဘယ္လိုပဲေနေန
သူ ဉာဏ္ေကာင္းတယ္လို႔ပဲယံုၾကည္လိုက္ၿပီ။

"သားေလးေရ~"

ဒုတိယထပ္မွေန၍ ျဖစ္စဉ္တစ္ခုလံုးကို
စိတ္လႈပ္တရွားနဲ႔ၾကၫ့္ေနခဲ့သၫ့္ ယူကၽြင္းခ်ီက
သူ႔သားေလးေရာက္လာတာျမင္ေတာ့ ခ်က္ခ်င္း
ေျပးဆင္းလာေတာ့သည္။ ယူေရွာင္းမို
လင္းေရွာင္ဆီ ပစ္ဝင္လိုက္သည္ကိုျမင္လိုက္ရတဲ့
အတိုင္း သူ႔ကိုယ္သူယူေရွာင္းမိုဆီ မအူမလည္ပံုႏွင့္
ပစ္ဝင္လိုက္ေလသည္။

ယူ​ေရွာင္းမိုမွာ ရင္းႏွီးလြန္း၍နားထဲ
ေသြးယိုေလာက္သၫ့္ အသံကိုၾကားေသာ္
ပထမဆံုးတံု႔ျပန္မႈမွာ လင္းေရွာင္ေနာက္သို႔
တံု႔ဆိုင္းျခင္းမရိွ ဝင္ပုန္းလိုက္ျခင္းပင္ျဖစ္ေခ်သည္။

ယူကၽြင္းခ်ီ လင္းေရွာင္ေျခရင္းနားပစ္က်
ေတာ့မၫ့္ဆဲဆဲတြင္ အလ်င္အျမန္ျပန္ဆုတ္လိုက္
သည္။

'အေဖကသားမက္ကိုဦးတိုက္' ရမၫ့္အျဖစ္က
သူ႔အတြက္ မျဖစ္ႏိုင္။ မေတာ္တဆဆိုရင္ေတာင္
မျဖစ္ႏိုင္။

ယူေရွာင္းမိုၾကၫ့္ရတာစိတ္ပ်က္သြားသလိုပင္။

ယူကၽြင္းခ်ီ သူ႔သားမ်က္ႏွာေပၚကစိတ္ပ်က္ျခင္းကို
မျမင္ခ်င္ေယာင္ေဆာင္လိုက္ၿပီး သူ႔သားဘာလို႔
စိတ္ပ်က္သြားတာလဲလည္း နားလည္ဖို႔မႀကိဳးစား
ေပ။ ေခါင္းစဉ္လႊဲရန္အတြက္ တံခါးေဘးမွာရပ္ေနၿပီး
ဘယ္လိုလြတ္ေအာင္လုပ္ရမလဲပူပန္ေနျခင္းမရိွသၫ့္
က်ိဖုန္းကိုပဲ လက္ညိုးထိုးျပလိုက္သည္။

"သားေလး ဒီတစ္ေယာက္ကလည္းနတ္ဆိုးဖီးနစ္
မ်ိဳးႏြယ္စုကပဲ၊ သူ႔ကိုဘယ္လိုကိုင္တြယ္ခ်င္လဲ?"

က်ိဖုန္းအေပၚ ယူေရွာင္းမိုအျမင္က ေတာ္ေတာ္ေလး
ေကာင္းသည္၊ ဒါ့အျပင္ ခုနကသူ လံုးဝဝင္မပါခဲ့
ေပ။ အဆံုးမွာ သူကက်ိေရြ့၏စြန႔္ပစ္ျခင္းကိုပင္
ခံခဲ့ရသည္။ သနားဖို႔ေကာင္းခ်က္ပဲ!

အခုက သူစင္ေပၚတက္ရမၫ့္အလွၫ့္မွန္း
က်ိဖုန္းသိသည္။ သူတို႔အားလံုးသူ႔ဘက္လွၫ့္လာ
တာျမင္ေတာ့ ေအးေအးေဆးေဆးႃပံုးလိုက္သည္။

"လင္းေကာ၊ ​မိတ္ေဆြေလးယူ၊ မင္းတို႔ႏွစ္ေယာက္နဲ႔
စကားေျပာလို႔ရႏိုင္မလား"

"ေကာင္းၿပီေလ"

သူ ေဆြးေနြးခ်င္သၫ့္အရာကမရိုးရွင္းေၾကာင္း
ယူေရွာင္းမိုကိုၫႊန္းတာျဖစ္ေပမယ့္ ေျဖေပးလိုက္
သူကလင္း​ေရွာင္ျဖစ္သည္။ သူတို႔ ခဏေလာက္ေတာ့
စဉ္းစားၾကၫ့္သင့္ေပမယ့္ လင္းေရွာင္က
သူမေျဖႏိုင္ခင္တစ္ခဏအလိုမွာ ေျဖပစ္လိုက္
သည္။

ၿပီးေတာ့ လင္းေရွာင္က လင္းေကာျဖစ္ေနတုန္း
သူကက်ဘာလို႔မိတ္ေဆြေလးပဲလဲ??

သူတို႔ထဲ ကံအဆိုးဆံုးကေတာ့ တည္းခိုခန္း
ပိုင္ရွင္ပဲျဖစ္ေခ်သည္။ နားေနခန္းထဲက
စားပဲြနဲ႔ထိုင္ခံု ဆယ္ပံုပံုကိုးပံုေလာက္ အဖ်က္စီး
ခံလိုက္ရၿပီး ေကာင္တာေတာင္မွ ကံဆိုးသြားရွာ
သည္။ ဒါေပမယ့္ သူတို႔အမူအရာေတြကိုျမင္ရၿပီး
ေနာက္တြင္ သူ႔ရဲ့ခါးသီးမႈေလးကိုထုတ္မျပတာက
ပိုေကာင္းလိမ့္မည္ဟု ဆံုးျဖတ္လိုက္ေတာ့သည္။

ယူေရွာင္းမို အနည္းငယ္စဉ္းစားၿပီးေနာက္၌
သူ႔ကိုစြမ္းအင္ေက်ာက္တံုးအနည္းငယ္ေပးခဲ့
လိုက္သည္။ ဖ်က္စီးတဲ့ထဲမွာ လင္းေရွာင္လည္း
တစ္စိတ္တစ္ပိုင္းပါဝင္ၿပီး သူတို႔ရဲ့အျခား
က်သင့္ေငြေတြလည္းရိွေသးသည္။

ႏွစ္မိနစ္ၾကာၿပီးေနာက္တြင္ ေလးေယာက္သား
လင္းေရွာင္အခန္းထဲတြင္စုေနၾကသည္။

မ်က္လံုးသံုးစံုက က်ိဖုန္းအေပၚေရာက္ေနသည္။

က်ိဖုန္းက အနီရဲရဲငွက္ေမႊးေတာင္တစ္ခုကို
ေအးေအးေဆးေဆးထုတ္လိုက္သည္။

"ဒါကယံုၾကည္မႈတိုကင္ပဲ!"

သူတို႔သံုးေယာက္— "...."

လင္းေရွာင္က အရင္ဆံုးသတိျပန္ဝင္လာသည္။
မ်က္ခံုးပင့္လိုက္ကာ "ဟိုငွက္လား?" ဟု
ေမးလိုက္သည္။

"ဟုတ္တယ္"

က်ိဖုန္း ေခ်ာင္းဟန႔္လိုက္သည္။ ထိုေကာင္စုတ္ေလး
က်ိနဉ္းယီြက လင္းေရွာင္ကသူ႔ကို 'အဲ့ငွက္ေပါက္'
လို႔ေခၚတတ္သည္ဟု ေျပာျပခဲ့တုန္းက
သူမယံုခဲ့ေပ။ အခု နားနဲ႔ဆတ္ဆတ္ၾကားရေတာ့မွ
ယံုၾကည္သြားေတာ့သည္။

"အဲ့ငွက္ေပါက္က ငါတို႔နဲ႔ပတ္သက္မႈရိွတာကို
မင္းဘယ္လိုသိလဲ?"

လင္းေရွာင္အသိအမွတ္ျပဳတာကို ယူေရွာင္းမို
ၾကားသၫ့္အခါ သူလည္းအပင္ပန္းခံၿပီးျငင္း
မေနေတာ့ေပ။ က်ိဖုန္းကျပင္ဆင္ၿပီးမွလာတာလို႔
သူယံုသည္။

က်ိဖုန္း : "သူ မင္းတို႔ဆီသတင္းပို႔ခ်င္ေနတာကို
ငါတစ္ခါျမင္ခဲ့ဖူးတယ္။သူ႔ကိုမင္းတို႔ကယ္ထားတာကို
ေနာက္ေတာ့မွေျပာျပခဲ့တာ၊ ၿပီးေတာ့မင္းတို႔မပါရင္
သူလည္းအဲ့ဒီမွာရိွမေနႏိုင္ဘူးတဲ့"

ေနာက္ဆံုးစကားက ၾကားရတာတစ္မ်ိဳးပင္၊
သူတို႔က သူ႔ရဲ့ဒုတိယအေမအေဖေတြလိုပဲ။
သို႔ေပမယ့္ က်ိနဉ္းယီြရဲ့ဘဝအေတြ့အႄကံုကို က်ိဖုန္း
ၾကားခဲ့ရၿပီးေနာက္တြင္ သူတို႔ကိုေက်းဇူးမတင္ဘဲ
မေနႏိုင္ေပ။ သူ႔အေျခအေနနဲ႔ဆို သူတို႔ႏွစ္ေယာက္သာ
ကယ္မေပးခဲ့လ်ွင္ က်ိနဉ္းယီြအေနွးနဲ႔အျမန္
ေသေနေလာက္ၿပီ။

"ဒါေၾကာင့္?"

ငွက္ေပါက္ေလး​က ဒီေလာက္ထိသတိမဲ့လြန္း
လိမ့္မည္ဟု ယူ​ေရွာင္းမိုထင္မထားေပ။
သူ႔လ်ိႈ႔ဝွက္ခ်က္ ေပါက္ၾကားသြားရံုမကလို႔
က်ိဖုန္းကိုေတာင္ လိုလိုခ်င္ခ်င္နဲ႔ေျပာျပလိုက္
ေသးသည္။ အာ၊ ႏႈတ္ပိတ္ဖို႔သူ႔ကိုသတ္ပစ္လိုက္သင့္
လား?

က်ိဖုန္းကေတာ့ သတိမထားမိေပ၊ သူက
ယူေရွာင္းမိုကို အဓိပၸါယ္ပါပါနဲ႔လွမ္းၾကၫ့္ၿပီးေနာက္
တြန႔္ဆုတ္တြန႔္ဆုတ္ ေျပာလာသည္။

"သူက မင္းတို႔ကိုကိစၥတစ္ခ်ိဳ႕ေျပာျပေစခ်င္တယ္။
သူေျပာခ်င္တာက— ကၽြန္ေတာ္ နတ္ဆိုးဖီးနစ္
မ်ိဳးႏြယ္စုထဲမွာေကာင္းေကာင္းေနရပါတယ္။
တစ္ခ်ိဳ႕ေပါ့ေပါ့ေနေပါ့ေပါ့စားေကာင္ေတြ
ကၽြန္ေတာ့္ကို ေန့တိုင္းရန္လာစတတ္ေပမယ့္လည္း
သူကအရမ္းတံုးတယ္။ ဟဝွါထက္ေတာင္တံုးေသး
တယ္။ ကၽြန္ေတာ္ အႀကီးအကဲေတြဆီမ်က္ရည္ေလး
စမ္းတမ္းစမ္းတမ္းနဲ႔ သြားေျပာလိုက္သေရြ့
သူမေအာင္ျမင္ႏိုင္ဘူး၊ အာ့ေၾကာင့္ကၽြန္ေတာ့္ကို
စိတ္မပူပါနဲ႔။ ကၽြန္ေတာ္ႀကီးလာတဲ့ထိေစာင့္ေပးပါ၊
အဲ့က်ရင္ ခင္ဗ်ားတို႔ကိုျပန္လာရွာမယ္...တဲ့"

သူ႔စကားၾကားၿပီးေတာ့ ယူေရွာင္းမို
ေဒါသထြက္သြားသည္။

"သူဘာေျပာခ်င္တာလဲ? 'ဟဝွါထက္ေတာင္
တံုးေသးတယ္'? အဲ့ 'ဟဝွါ'ကဘယ္သူလဲ?"

ဘာ့ေၾကာင့္ သူ႔ကိုသြယ္ဝိုက္ၿပီးေျပာေနတယ္လို႔
ခံစားေနရတာလဲ?

က်ိဖုန္း ေခါင္းယမ္းလိုက္သည္။

"ငါလည္းမသိဘူး။ သူ႔ကိုေမးၾကၫ့္ေတာ့
မေျပာျပဘူး။သူက မင္းတို႔ၾကားၿပီးရင္ သိပါလိမ့္မယ္လို႔ပဲေျပာတယ္"

ေခြးေကာင္ေလး! ငါ့ကိုငတံုးလို႔ေခၚတယ္ေပါ့ေလ၊
မင္းျပန္လာတဲ့အထိေစာင့္စမ္းပါ။ အဲ့က်
ေသမယ္သာမွတ္။

"အဲ့ဒါအျပင္ တစ္ျခားေျပာလိုက္ေသးလား?"

ယူေရွာင္းမို ၾကမ္းၾကမ္းတမ္းတမ္းေမးလိုက္သည္။

"မရိွေတာ့ဘူး"   
ဘာေၾကာင့္မ်ား သူ႔လက္ရိွစိတ္အေျခအေနက
ဆိုးဝါးေနတယ္လို႔ခံစားေနရပါလိမ့္? ဟိုလိုေတာ့
မဟုတ္ေလာက္ဘူးမလား..... သူ႔အသက္ကေလးကို
ေထာက္ရႈတဲ့အေနနဲ႔ ဆက္ေတြးတာကရိုင္းရာက်
လိမ့္မယ္။

ယူေရွာင္းမိုၾကၫ့္ရတာ ေတြးေတာေနပံုေပါက္ၿပီး
အရႈံးကိုဝန္မခံဘဲေျပာလိုက္သည္။

"ဒါဆို မင္းျပန္လို႔ရၿပီ၊ ၿပီးေတာ့သူ႔ကိုေျပာလိုက္
ဖင္ကိုေျပာင္ေအာင္ေဆးထားၿပီး ငါလာရိုက္မွာကို
ေစာင့္ေနလိုက္လို႔"

က်ိဖုန္း : "....."

ဒီစကားကို က်ိနဉ္းယီြဆီပို႔ေပးပါ့မလား
ယူေရွာင္းမိုမသိေပမယ့္လို႔ သူ က်ိနဉ္းယီြကို
ရိုက္ႏွက္ပစ္ခ်င္စိတ္ကိုေတာ့မဟန႔္တားႏိုင္ေပ။

ထိုေကာင္စုတ္ကေလး သူတို႔ဆီမွထြက္သြားၿပီးေနာက္
ဒီလိုမ်ိဳးေျပာင္းလဲသြားသည္။ လင္းေရွာင္က
သူ႔ကို 'ဟြမ္ခ်ဳံး' ဟုနာမည္ေပးခဲ့တာမဆန္းေတာ့ေခ်။
သူကတကယ္ကို မိမစစ္ဖမစစ္ကေလးပဲ!!

က်ိဖုန္းရပ္တည္ခ်က္နဲ႔ပတ္သက္လို႔ကေတာ့
ဖီးနစ္မ်ိဳးႏြယ္စုထဲ က်ိဖုန္းရဲ့အဆင့္အတန္းက
မနိမ့္က်ေသာ္လည္း သူကစတုတၴအႀကီးအကဲ၏
မ်ိဳးဆက္ျဖစ္ေသာေၾကာင့္ ေခါင္းေဆာင္ေနရာ
ဆက္ခံပိုင္ခြင့္မရိွေပ။

စတုတၴအႀကီးအကဲေသြးမ်ိဳးဆက္၏မ်ိဳးဆက္သစ္
အားလံုးက နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စုရဲ့မ်ိဳးႏြယ္စု
ေခါင္းေဆာင္ကို ေထာက္ပံ့ေပးရသူမ်ားျဖစ္ၾက
သည္။ သူတို႔ မ်ိဳးႏြယ္စုေခါင္းေဆာင္ရဲ့ယံုၾကည္မႈကို
ရရိွပါက မ်ိဳးႏြယ္စုထဲမွာသာမာန္မဟုတ္သည့္
အဆင့္အတန္းကို ရရိျွခင္းႏွင့္အတူတူပင္ျဖစ္သည္။
သို႔ေသာ္ က်ိဖုန္းတို႔မ်ိဳးဆက္တြင္
စတုတၴအႀကီးအကဲ၏ေသြးမ်ိဳးဆက္က ဆက္တိုက္
အဖိႏိွပ္ခံခဲ့ရရာ သူတို႔အတြက္အခြင့္အလမ္းတစ္ခု
လိုအပ္ေနေလသည္။ က်ိနဉ္းယီြေပၚထြက္လာမႈက
တိုက္တိုက္ဆိုင္ဆိုင္ပဲ သူတို႔အခြင့္အလမ္းျဖစ္လို႔
သြားသည္။

က်ိနဉ္းယီြက နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စုေခါင္းေဆာင္
ေနရာကို ဆက္ခံႏိုင္သူျဖစ္လာႏိုင္ေနၿပီး
ဒါက အနာဂတ္မ်ိဳးႏြယ္စုေခါင္းေဆာင္၏
ယံုၾကည္မႈကိုရရန္ က်ိဖုန္းလိုအပ္ေနသၫ့္
အခြင့္အေရးျဖစ္ေလသည္။ ဒါေၾကာင့္ပဲ သူက
က်ိနဉ္းယီြကို သတင္းကူပို႔ေပးဖို႔ စိတ္ပါလက္ပါ
ေရြးခ်ယ္ခဲ့တာျဖစ္သည္။

တည္းခိုခန္းမွအျဖစ္အပ်က္က လူအုပ္ႀကီးတစ္အုပ္
ေရ႔ွမွာျဖစ္ပ်က္သြားခဲ့၍ ထိုသတင္းက
ထံုထ်န္းတိုက္ႀကီးတစ္ဝက္ခန႔္သို႔ တစ္ခဏအတြင္း
မွာပင္ ပ်ံ႔ႏွံ႔ကုန္သည္။ လင္းေရွာင္ကေတာ့
တစ္ေန့တာရဲ့သူရဲေကာင္းႀကီးျဖစ္လို႔ေနသည္။
နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စုက ေရွးသားရဲ
မ်ိဳးႏြယ္စုေလးခုတြင္ တစ္ခုအပါအဝင္ျဖစ္၍
အင္အားႀကီးႏွစ္ခုတိုက္မိသၫ့္အခါ မီးပြားမ်ား
လြင့္စင္လာမည္မွာ ဧကန္မလဲြပင္။

မီးပြားေတြကေတာ့ လြင့္ထြက္လာပါရဲ့....
ဒါေပမယ့္ျဖစ္စဉ္တစ္ခုလံုးက ငါးမိနစ္စာ
ေလာက္ေလးပဲၾကာလိမ့္မယ္လို႔ ဘယ္သူထင္ခဲ့
မွာလဲ? နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စု၏ အဆင့္၁၂
က်င့္ႀကံသူက်ိေရြ့သည္ အလြန္အမင္းပြင့္လင္းစြာႏွင့္
ရႈံးနိမ့္ၿပီးထြက္ေျပးသြားခဲ့ရေလသည္။ ေရေသထဲက
အေလးခ်ိန္မ်ားသၫ့္ဗံုးတစ္လံုးအလားပင္။

ေသြးေစြးနီမိသားစုက အေထာက္ေတြက
လင္းေရွာင္နဲ႔ဖီးနစ္မ်ိဳးႏြယ္စုက သူေသကိုယ္ေသ
တိုက္ၾကမည္ျဖစ္ရာ သူတို႔ကေနာက္မွဝင္၍
လႈပ္ရွားၾကမည္ဟု ေတြးထားခဲ့ၾကသည္။ ဒါေပမယ့္
နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စုက က်ိေရြ့ေတာင္
ရႈံးနိမ့္သြားခဲ့သည္။ ဒါက မိသားစုေခါင္းေဆာင္ထံ
ျပန္တင္ျပရမၫ့္အရာမ်ိဳးပင္ျဖစ္သည္။

သတင္းက ယူက်န္ထ်န္းနားထဲအလြန္လ်င္ျမန္စြာ
ေရာက္ရိွသြားသည္။

ယူက်န္ထ်န္းက အေတြ့အႄကံုႂကြယ္ဝၿပီး
ဗဟုသုတလည္းရိွသည္။ ျဖစ္ပ်က္ခဲ့တာေတြကို
ၾကားတဲ့အခါ ဝါးၿမိဳႏိုင္စြမ္းရိွသၫ့္နတ္ဘုရားမီးလ်ွံ
နဲ႔ခ်က္ခ်င္းပဲဆက္စပ္မိသြားသည္။ ဒါကပဲ
က်ိေရြ့ဘာလို႔ရႈံးသြားရတာလဲဆိုတဲ့ အေၾကာင္းအရင္း
ကိုရွင္းျပႏိုင္ေလသည္။

"ဇနီး အျဖစ္အပ်က္ေတြကေတာ့ေျပာင္းကုန္ၿပီ"

ယူက်န္ထ်န္း ​ေရ႔ွေနာက္ေလ်ွာက္ေနမိသည္။

ယင္ကေတာ္ : "ငါ့ေယာက္်ား ဗ်ာမမ်ားနဲ႔။
အဲ့ဒီလူမွာ ဝါးၿမိဳႏိုင္တဲ့အစြမ္းရိွတဲ့နတ္ဘုရားမီးလ်ွံ
ရိွေနရင္ေတာင္ နတ္ဆိုးဖီးနစ္ နတ္ဘုရားမီးလ်ွံ
ကလည္းသူ႔ကိုလႊတ္ေပးမွာမဟုတ္ဘူး။
ကၽြန္မတို႔က မီးကိုနည္းနည္းပင့္ေပးလိုက္သေရြ့
သူ႔ကိုဘယ္သူကမွ ရင္မဆိုင္ရဲဖို႔ပူစရာမလိုဘူး"

သူမေျပာတာ အက်ိဳးေၾကာင္းသင့္မွန္း
ယူက်န္ထ်န္းသိသည္။

"ဒါဆို မင္းဆံုးျဖတ္ခ်က္အရဆို ဘယ္လိုဆက္လုပ္
သင့္လဲ"

"ဒါကိုကၽြန္မကိုယ္တိုင္ပဲဂရုစိုက္လိုက္ပါ့မယ္"

ယင္ကေတာ္ရဲ့မ်က္ဝန္းမ်ားက ခါတိုင္းလို
ထူးမျခားနားဟန္မရိွေတာ့ဘဲ ထိုအစား
အႀကံဉာဏ္မ်ားထုတ္လႊင့္ေနဟန္ရိွေလသည္။

သို႔ေသာ္လည္း သူမအႀကံေတြအထမေျမာက္ေသးခင္
မွာ ရုတ္တရက္ျဖစ္လွတဲ့သတင္းတစ္ခုက
သူမအႀကံကို မၫွာမတာနဲ႔ရိုက္ခ်ိဳးပစ္ခဲ့သည္။

လင္း​ေရွာင္နဲ႔ နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စုတို႔
ေတြ့ဆံုမႈရဲ့ႏွစ္ရက္ေျမာက္ေန့မွာ ခ်န္မဟာမိတ္က
ေသြးေစြးနီမိသားစုကို ႀကီးႀကီးမားမားရည္ၫႊန္း
ထားသၫ့္စာလႊာတစ္ခုထုတ္ခဲ့သည္။ ထိုစာလႊာတြင္
လင္းေရွာင္ႏွင့္ယူေရွာင္းမိုက ခ်န္မဟာမိတ္၏
မိတ္ေဆြမ်ားျဖစ္ၿပီး သူတို႔ရန္သူဟာလည္း
ခ်န္မဟာမိတ္၏ရန္သူျဖစ္သည္ဟု ပါရိွေလသည္။

ခ်န္မဟာမိတ္က အၿမဲတမ္းၾကားေနအဖဲြ႔သာ
ျဖစ္ခဲ့သည္။

အရင္ကဆို အင္အားစုႀကီးႏွစ္ခုစတင္၍
တိုက္ခိုက္ေနၾကလ်ွင္ပင္ ခ်န္မဟာမိတ္က
ဘယ္သူ႔ဘက္မွရပ္တည္ျခင္းမရိွခဲ့ဘဲ သူတို႔ရဲ့
'အျခားသူေတြရဲ့ကိစၥကေနေဝးေဝးေန' ဆိုတဲ့
သေဘာထားကိုပဲ ထိန္းထားမၫ့္ဟန္ရိွခဲ့သည္။

အခုေတာ့ သူတို႔ရဲ့ခမ္းနားလွစြာေသာထူးျခားတဲ့
အျပဳအမူက လူတိုင္းကိုထိတ္လန႔္သြားေစခဲ့သည္။

ခ်န္မဟာမိတ္က ဒီဆံုးျဖတ္ခ်က္ကိုအေၾကာင္းအရင္း
မရိွခ်မွတ္လိမ့္မည္ဟု ဘယ္သူမွမယံုေပ။
ဒီႏွစ္ဖက္ၾကားမွာ အျပင္လူေတြမသိၾကတဲ့
သေဘာတူညီခ်က္မ်ိဳး ေသခ်ာေပါက္ရိွေပမည္၊
ဒါကပဲ တစ္ခုတည္းေသာေျဖရွင္းခ်က္ျဖစ္ေနသည္။
တစ္ခ်ိဳ႕လူေတြကေတာ့ ဒါဟာဖူခ်န္ခ်ဳံးရဲ့
တပၫ့္ေလးနဲ႔ တစ္ခုခုပတ္သက္ေနတာလို႔ေတာင္
သံသယဝင္ၾကေလသည္။ ဟိုအရင္ ေမြးေန့ပဲြ
တုန္းက သူတို႔ႏွစ္ေယာက္ပဲေနရစ္ခဲ့ၾကတာ
မဟုတ္လား?
____________________
























Continue Reading

You'll Also Like

160K 20.2K 70
အနုပညာလောကမှ ပုရိသနတ်ဘုရားနှင့် သာမန်လက်ထောက်လေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ
102K 10.1K 21
Original Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation - ©® keztranslations ကျိူးယွင်ရှန့်ဆိုတ...
410K 51.1K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
58.5K 7.3K 30
⚡THIS IS A PURE FUN TRANSLATION.All credits to original authors and English translators. I don't own any part of this novel. I'm just a translator. ⚡...