The Legendary Master's Wife [...

By melon_rays

1.3M 242K 9.6K

Original Author- Yin Ya English Translators- Exiled Rebels Scanlations [Chapter(400)- (590)] (If you want t... More

Chapter-400
Chapter-401
Chapter-402
Chapter-403
Chapter-404
Chapter-405
Chapter-406
Chapter-407
Chapter-408
Chapter-409
Chapter-410
Chapter-411
Chapter-412
Chapter-413
Chapter-414
Chapter-415
Chapter-416
Chapter-417
Chapter-418
Chapter-419
Chapter-420
Chapter-421
Chapter-422
Chapter-423
Chapter-424
Chapter-425
Chapter-426
Chapter-427
Chapter-428
Chapter-429
Chapter-430⚠️
Chapter-431
Chapter-432
Chapter-433
Chapter-434
Chapter-435
Chapter-436
Chapter-437
Chapter-438
Chapter-439
Chapter-440
Chapter-441
Chapter-442
Chapter-443
Chapter-444
Chapter-445
Chapter-446
Chapter-447
Chapter-448⚠️
Chapter-449
Chapter-450
Chapter-451
Chapter-452
Chapter-453
Chapter-454
Chapter-455
Chapter-456
Chapter-457
Chapter-458
Chapter-459
Chapter-460
Chapter-461
Chapter-462
Chapter-463
Chapter-464
Chapter-465
Chapter-466
Chapter-467
Chapter-468
Chapter-469
Chapter-470
Chapter-471
Chapter-472
Chapter-473
Chapter-474
Chapter-475
Chapter-476
Chapter-477
Chapter-478
Chapter-479
Chapter-480
Chapter-481
Chapter-482
Chapter-483
Chapter-484
Chapter-485
Chapter-486
Chapter-487
Chapter-488
Chapter-489
Chapter-490
Chapter-491
Chapter-492
Chapter-493
Chapter-494
Chapter-495
Chapter-496
Chapter-497
Chapter-498
Chapter-499
Chapter-500
Chapter-501
Chapter-502
Chapter-503
Chapter-504
Chapter-505
Chapter-506
Chapter-507
Chapter-508
Chapter-509
Chapter-510
Chapter-511(Unicode)
Chapter-511(Zawgyi)
Chapter-512
Chapter-513(part-1)
Chapter-513(part-2)
Chapter-514
Chapter-515
Chapter-516
Chapter-517
Chapter-518
Chapter-519
Chapter-520
Chapter-521
Chapter-522
Chapter-523
Chapter-524
Chapter-525
Chapter-526
Chapter-527
Chapter-528
Chapter-529
Chapter-530
Chapter-531
Chapter-532
Chapter-533
Chapter-534(part-1)
Chapter-534(part-2)
Chapter-535
Chapter-536
Chapter-537
Chapter-538
Chapter-539
Chapter-540
Chapter-541
Chapter-542
Chapter-543
Chapter-544
Chapter-545
Chapter-546
Chapter-547
Chapter-548
Chapter-549
Chapter-550
Chapter-551
Chapter-553
Chapter-554
Chapter-555
Chapter-556
Chapter-557
Chapter-558
Chapter-559
Chapter-560
Chapter-561
Chapter-562
Chapter-563
Chapter-564
Chapter-565
Chapter-566
Chapter-567
Chapter-568
Chapter-569
Chapter-570
Chapter-571
Chapter-572
Chapter-573
Chapter-574
Chapter-575
Chapter-576
Chapter-577
Chapter-578
Chapter-579
Chapter-580
Chapter-581
Chapter-582
Chapter-583
Chapter-584
Chapter-585
Chapter-586
Chapter-587
Chapter-588
Chapter-589
Chapter-590
Book ခဲြျခင္း / Book ခွဲခြင်း

Chapter-552

6.1K 1.2K 81
By melon_rays

//Unicode//

အပိုင်း(၅၅၂) ထင်ယောင်ထင်မှားတစ်ခုထက်မပို

ယူရှောင်းမို လူအုပ်ကြီးနောက်က ပြေးလိုက်သွားစဉ်
သူ့လက်ကြားထဲတွင် လှုပ်စိလှုပ်စိလုပ်နေသော
သတ္တုစားသားရဲလေးကို ဖွဖွပုတ်လိုက်သည်။
ပစ်မှတ်နှင့်နီးလာသည့်အခါ ဟိုတယ်ရှိရာအရပ်
မျက်နှာဘက်ဖြစ်နေသည်ကိုသိလိုက်ရသည်။

ဟိုတယ်က လမ်းများစွာအလယ်မှာဖြစ်၍
ဘက်ပေါင်းစုံမှလာလို့ရနိုင်သည်။ သို့သော်ငြား
ယခုမှာတော့ ပုရွက်ဆိတ်တပ်မတော်ကြီးနှင့်တူသည့်
ကြီးမားလှသောလူအုပ်ကြီးကြောင့်
ပိတ်ဆို့နေသည်။

မည်သည့်အကြောင်းကြောင့်မှန်းမသိသော်ငြား
သားနားလှသောဟိုတယ်က တစ်ဖက်သို့စောင်းရွဲ့
နေသည်။

ရွှမ်းယွီဟိုတယ်မှာတည်းတာဆိုလျှင် သူ
စိတ်ပူမိမည်မဟုတ်၊ သို့ပေမယ့် ရွှမ်းယွီဟိုတယ်က
ရှောင်ယောင်တက္ကသိုလ်နှင့်မနီးသဖြင့် သူက
ဒီတစ်ခုကို အဆင်ပြေအောင်ရွေးခဲ့တာဖြစ်သည်။

ဒီဟိုတယ်ရဲ့နောက်ခံက ရွှမ်းယွီဟိုတယ်လောက်
မကောင်းရာ ပြဿနာဖြစ်သည့်အခါဘယ်သူကမှ
ရှေ့ထွက်ရပ်တည်ပေးကြခြင်းမရှိပေ။

ယူရှောင်းမို လူအုပ်ထဲတိုး၍ ဘာဖြစ်တာလဲ
ကြည့်ချင်ပေမယ့် အဆောက်အဦကြီးကိုဝန်းရံ
ထားသည့်လူအုပ်ကြီးက အလွှာလိုက်အလွှာလိုက်
ဖြစ်နေသည်။ သူ မတိုးနိုင်။

အားနဲ့တိုက်သွားရမလား စိတ်ထဲလွန်ဆွဲနေစဉ်
ဘေးကစကားတစ်ခုက သူ့အာရုံကိုဆွဲဆောင်သွား၏။
အာရုံစိုက်ပြီး နားမစွင့်ဘဲမနေနိုင်ပေ။

"အာ.... ဘယ်သူထင်မှာလဲ...ဘယ်သူထင်မှာလဲ...
လာမယ့်သူကသွေးစွေးနီမိသားစုလို့ ထင်ခဲ့တာ၊
ချီလင်မျိုးနွယ်စုကိုတောင်ထည့်တွက်ခဲ့သေးတယ်၊
ဒါပေမယ့် အဲ့အစားလာတဲ့သူက နတ်ဆိုးဖီးနစ်
မျိုးနွယ်စုဖြစ်နေတယ်လေ"

"ငါနားမလည်ဘူး... ဒါကဖီးနစ်မျိုးနွယ်စုနဲ့
ဘာဆိုင်လို့လဲ"

"မင်းကြည့် မင်းတံခါးပိတ်ကျင့်ကြံနေတုန်းက
ထုံထျန်းတိုက်ကြီးမှာ ထိတ်လန့်ဖွယ်ကောင်းတဲ့
အဖြစ်အပျက်တွေအများကြီးဖြစ်သွားတယ်။
ဒီလူက လင်းရှောင်တဲ့... သူကချီလင်သွေးရော
ဖီးနစ်သွေးရောပါတယ်... ဒါပေမယ့်ဘယ်မျိုးနွယ်စု
ကမှ သူ့ကိုလက်မခံပေးချင်ကြဘူးလေ"

"ဪ... ဒါပေမယ့်အဲ့ဒါကအခုကိစ္စနဲ့ဘာဆိုင်လို့လဲ"

"ဆိုင်တာပေါ့ဟ။ နတ်ဆိုးဖီးနစ်မျိုးနွယ်ကချီလင်
မျိုးနွယ်စုကိုမုန်းတီးနေတာကို မင်းမသိတာလည်း
မဟုတ်ဘူး။ တွေ့တိုင်းရန်ဖြစ်နေရလောက်အောင်
ထိတော့မကြီးကျယ်ပေမယ့် နောက်ကွယ်မှာ
ဓားနဲ့ထိုးတယ်ဆိုတာကတော့ ပုံမှန်ပဲလေ။
ဒါကြောင့် ဖီးနစ်မျိုးနွယ်စုက လင်းရှောင်ရဲ့
သွေးနှောတာကိုအကြောင်းပြပြီး သူတို့ရဲ့
သန့်စင်တဲ့သွေးကို စွန်းထင်းစေတယ်လို့ပြောနေကြ
တာ။ ဒါပေမယ့် အမှန်တော့ သူကချီလင်မျိုးနွယ်စု
သွေးတစ်ဝက်ပါတာကြောင့် သူတို့ကသတ်ချင်
နေကြတာ"

"ဒီလိုမျိုးကို 'သူတစ်ပါးပေါ်ဒေါသပုံချတယ်' လို့
ခေါ်တယ်ထင်တာပဲ"

ရုတ်တရက် ထိုလူကမကောင်းသည့်အပြုံးတစ်ခု
ထုတ်ဖော်ပြလိုက်သည်။

"ဘာဒေါသလဲ။ ဒါကယုတ်မာတဲ့စိတ်ဓာတ်ပဲ"

"မင်းပြောတာက?"  သူ့အဖော်ဖြစ်သူက
မျက်ခုံးတွန့်သွားပြီး မေးမြန်းလိုဟန်ဖြင့်ပြောလိုက်
သည်။

"ဟဲ... နတ်ဆိုးဖီးနစ်မျိုးနွယ်စုက ချီလင်မျိုးနွယ်ကို
မသတ်နိုင်တာကြောင့် လင်းရှောင်ကိုအစားထိုး
သဘောမျိုးအသုံးပြုနေကြတာ။ သူတို့က
ချီလင်မျိုးနွယ်ဝင်တစ်ယောက်ကို သတ်တာလို့ပဲ
စိတ်ထဲယူဆနေကြတာ... အဲ့တာကိုကိုယ့်စိတ်ကိုယ်
လှည့်ဖျားတယ်လို့ခေါ်တာလေ မဟုတ်ဘူးလား?
ဟားဟား...!"

ယူရှောင်းမို မျက်နှာပေါ်မှာ အနက်ရောင်အကြောင်း
တွေပေါ်လာတာကို ခံစားမိသည်။  (—_—||)

သူ့လူက တစ်ခြားသူတွေစိတ်ဖြေဖျောက်ရာ
ဖြစ်လာတာပေါ့လေ?

ဒီထင်ယောင်ထင်မှားက အဲ့လောက်ထိမယုတ်မာဘူး
ဆိုရင်တောင် မင်းဦးလေးကသည်းခံနိုင်ရင်တောင်
ကြီးတော်ကြီးကတော့ သည်းမခံနိုင်ဘူး!!
သူတို့ကို သေချာပေါက် လွှတ်မပေးနိုင်ဘူး။

(ဆီလျော်အောင်ပြန်ထားပါတယ် TvT )

ယူရှောင်းမိုမှာ လူသတ်လိုစိတ်များပြည့်နှက်နေရာ
စကားပြောနေသူနှစ်ယောက်သည် တစ်စုံတစ်ခုကို
အာရုံရသည့်အလား လှည့်ကြည့်လာကြသည်။
သူတို့မြင်လိုက်ရသည်ကတော့ သူ့အသက်က
ဟိုတယ်အပေါ်မှာ မူတည်နေသလို၊ ဟိုတယ်ကြီးကို
အပိုင်းပိုင်းဖဲ့ပစ်ချင်သည့်ပုံဖြင့် ကြည့်နေတာကိုပင်။
သူတို့မှာ တစ်ယောက်နဲ့တစ်ယောက်အသံတိတ်သာ
ကြည့်လိုက်ကြသည်။

သူတို့သာလျှင် လူသတ်လိုစိတ်ကိုခံစားမိသည်
မဟုတ်ပေ။ အရှေ့နားမှလူများသည်လည်း
ကျောရိုးတစ်လျှောက်စိမ့်တက်သွားကြသည်။
တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့်လာကာ
ယူရှောင်းမိုရဲ့အမူအရာကို မြင်လိုက်ရသူတိုင်း
မသိလိုက်ပါဘဲ လမ်းဖယ်ပေးလိုက်မိကြသည်။

ယူရှောင်းမို တွေဝေမနေဘဲ တံခါးဆီသွားလိုက်
သည်။ သို့သော် သူကြိုတင်ပြင်ဆင်ခြင်းမရှိဘဲ
ဝင်သွားမိ၏။

ဟိုတယ်က ပုံမှန်အားဖြင့်တစ်နှစ်ပတ်လုံး
စည်ကားနေတတ်သည်၊ သို့ပေမယ့် ယခုတွင်
ဧည့်ခန်းထဲတွင်ရှိနေတတ်သည့်ဧည့်သည်များ
အားလုံးသည် အပေါ်ထပ် သို့မဟုတ် ထောင့်ကလေး
များတွင်ပုန်းနေကြသည်။ လူသူကင်းမဲ့နေသော
ဧည့်ခန်းထဲတွင် လူခြောက်ယောက်သာရှိနေသည်။

ငါးယောက်က တံခါးနားတွင်ရပ်နေကြပြီး
ကံမကောင်းသည်ကတော့ ယူရှောင်းမို သူတို့ထဲက
လေးယောက်ကိုသိနေသည်။

ထိုလေးယောက်ထဲမှ သုံးယောက်က ကျုံထျန်း
ဈေးရောင်းပွဲတော်မှာ ယူရှောင်းမိုနဲ့ဆုံခဲ့သည့်
လူများပါပင်။ ကျိယွင်လန်နှင့်သူ့အစေခံနှစ်ယောက်
ကျိဝမ်နှင့် ကျိဝူ။

နောက်ဆုံးတစ်ယောက်က ဝေ့ပိုင်မွေးနေ့မှာ
တွေ့ခဲ့ဖူးသည့်ကျိဖုန်း။ အခြားသုံးဦး၏
သွေးနားထင်ရောက်နေသည့်အမူအရာများနှင့်ယှဉ်ရင်
သူက အေးဆေး ဣဒြေရှိစွာနဲ့အနောက်နားမှာ
ရပ်နေသည်။ ပြဇာတ်ကောင်းတစ်ပုဒ်ကိုစောင့်မျှော်
နေသည့်အလား သူ့မျက်ဝန်းတွေကပြုံးနေသည်။

ငါးယောက်မြောက်လူကို သူမသိပေမယ့်
သူမထံမှ သိပ်သည်းသောစွမ်းအားတစ်မျိုး
ဖြာထွက်နေသည်ကို ယူရှောင်းမိုခံစားရသည်။
ဒီတစ်ယောက်က ပိုမိုသန်မာသည်။ သူ့ထက်တောင်
ပို၍သန်မာသည်။

သူတို့မျက်နှာချင်းဆိုင်နေသူကတော့... လင်းရှောင်
ပင်ဖြစ်သည်။

အခြားလူငါးယောက်၏ ကျောမတ်နေသည့်ပုံစံနှင့်
ယှဉ်ရင် လင်းရှောင်ပုံစံကလျော့တိလျော့ရဲနိုင်
လှသည်။

သူ့ရှေ့ကစားပွဲက အပိုင်းပိုင်းဖြစ်လို့နေပြီး
သူထိုင်နေသည့်ခုံကလွဲ၍ ပတ်ပတ်လည်
သုံးမီတာတစ်ဝိုက်က အရာအားလုံးကဖုန်မှုန့်များ
ဖြစ်နေသည်။

လင်းရှောင်က ခြေတစ်ဖက်ကိုခုံပေါ် ပျင်းရိပျင်းတွဲ
တင်ထားသည်။ သို့ပေမယ့်ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော
သူရဲကောင်းဆန်ဆန် ခံစားချက်တစ်မျိုးကို
ထုတ်လွှင့်နေသည်။ ဒါ့အပြင် သူ့ရဲ့မျက်စိကျိန်း
လောက်စရာ မျက်နှာဖြင့်ဆိုလျှင် သူက
လူသားမျိုးနွယ်၏ရန်သူတော်ကြီးဖြစ်လို့နေသည်။

တင်းမာနေသည့်အခြေအနေကြားမှပင်
လူအုပ်ထဲတွင် သူ့ကိုရှက်တတ်တတ်နှင့်
ကြည့်နေသည့် အမျိုးသမီးများရှိနေသေးသည်၊
တစ်ချက်လောက်ကြည့်လိုက်ရင် သတိလစ်သွား
တော့မည့်ပုံနှင့် သူတို့မျက်လုံးကိုအနည်းငယ်
အုပ်ထားကြသေးသည်။

ဒီလိုအချိန်ကြီးမှာတောင်မိမိုက်အောင်လုပ်နေသေး
တယ်ပေါ့?!

ယူရှောင်းမို မနာလိုအားကျစွာအတွန့်တက်ရင်း
ချဉ်စုပ်စုပ်ဖြစ်လာတော့သည်။

"လင်းရှောင် လိမ္မာပြီး ဖီးနစ်မျိုးနွယ်စုဆီ
ငါတို့နဲ့အတူ ပြန်လိုက်ခဲ့လိုက်စမ်းပါ။ ငါ့စိတ်ထဲ
ကောင်းနေရင် ခေါင်းဆောင်အကြီးအကဲကို
မင်းအတွက်စကားတစ်ခွန်းလောက်ပြောပေးဖြစ်ရင်
ပြောပေးဖြစ်မှာပေါ့.... ဒါမှ သူကမင်းရဲ့
သနားစရာအသက်ကလေးကိုချမ်းသာပေးရင်
ပေးမှာလေ"

တိတ်ဆိတ်မှုက ကျိယွင်လန်၏ဘဝင်လေဟပ်
အမူအရာကြောင့် ပြိုကွဲသွားသည်။ သူတို့ပထမဆုံး
တွေ့စဉ်ကအတိုင်းပင် ကျိယွင်လန်က
နတ်ဆိုးဖီးနစ်မျိုးနွယ်စုကို နောက်ခံအနေဖြင့်
ရထားသောကြောင့် စကားပြောရာတွင်ချုပ်တည်းမှု
မရှိနေပေ။

ထိုစကားကြောင့် ယူရှောင်းမိုတစ်ယောက်သာ
မျက်မှောင်ကြုတ်လိုက်သည်မဟုတ်ပေ။

လင်းရှောင်ကိုဝန်းရံထားသည့် မိန်းကလေးများ
ကလည်း ရွံရှာမှုကိုဖော်ပြကြသည်။

ဘယ်လိုမျိုးသင့်တင်လျောက်ပတ်အောင်နေရမလဲ
မသိသူများအဖို့ သူတို့အဆင့်အတန်းကမြင့်မား
နေလျှင်ပင် အမှန်တကယ်လေးစားသူမရနိုင်ပေ။

"စိတ်မကောင်းပါဘူး ငါမကြားလိုက်ရလို့
နောက်တစ်ခေါက်ပြန်ပြောပေးနိုင်မလား?"

ဇာတ်ကောင်အတိုင်းလိုက်၍ လင်းရှောင်ကလည်း
နားဖာကလော်လိုက်လေသည်။ သူ့ရဲ့ပြီးပြည့်စုံတဲ့
မျက်နှာချောချောမှာ သောကအရိပ်အယောင်
တစိုးတစိမှမရှိဘဲ ထိုအစား ခွေးပေါက်လေး
တစ်ကောင်ကို စနောက်နေသည့်ပုံရှိသည်၊ ပြီးတော့
ထိုခွေးပေါက်လေးကတော့ ကျိယွင်လန်ဆိုသည်မှာ
သံသယဖြစ်ဖွယ်မရှိပေ။

ကျိယွင်လန်က သူ့ကိုလှောင်နေတာကို
သတိမထားမိဘဲ တစ်ခါထပ်ပြောရန်ပါးစပ်ဟ
လိုက်သည့်အခါ ကျိဝမ်၏ဟန့်တားခြင်းကို
ခံလိုက်ရသည်။

သူတီးတိုးကပ်ပြောလိုက်သည်။

"သခင်လေး မပြောရပါဘူး။ သူကသခင်လေးကို
ကစားနေတာ"

ကျိယွင်လန် တစ်ခဏမျှတန့်သွားပြီးနောက်
သူ့အမူအရာက ဒေါသအဖြစ်ပြောင်းသွားတော့
သည်။

ရန်ငြှိုးအသစ်ရော အဟောင်းများပါပေါင်းလျှင်
လင်းရှောင်အပေါ်မုန်းတီးမှုမှာ မျိုးနွယ်စုအတွင်း
သူ့နေရာကို လျင်မြန်စွာဖြင့်ယူလာသည့်
ကျိနဉ်းယွီလောက်ပင် ရှိရော့မည်။

သူကတော့ ယူရှောင်းမိုရဲ့ရှောင်ကျိပင်ဖြစ်သည်။

"သခင်လေး ဒါကို ရွေ့အကြီးအကဲဆီပဲအပ်ထား
လိုက်ပါ။ သူမ သခင်လေးအပေါ်အမြင်ဆိုးဝါး
သွားလို့မဖြစ်ဘူး"

ကျိယွင်လန် သမိုင်းကိုပြောသောမျက်ဝန်းများ
ရှိသည့်တိုင် စွဲမက်ဖွယ်အသွင်အပြင်လည်းရှိသည့်
ကျိရွေ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
နှလုံးသားထဲတင်းကျပ်သွားပြီး သူ သဘောတူ
လိုက်တော့သည်။

ကျိရွေ့သည် အဆင့်၁၂ကျင့်ကြံသူတစ်ဦးဖြစ်ပြီး
နတ်ဆိုးဖီးနစ်မျိုးနွယ်စုတွင် အနည်းစုသော
အမျိုးသမီးများထဲမှတစ်ဦးဖြစ်သည်။
သူမအဆင့်အတန်းက တကယ့်ကိုနှစ်ယောက်မရှိပေ။
သူမ ဒီနေရာမှာရှိနေရခြင်းသည် တာဝန်ပြီးမြောက်
ခြင်းကို သေချာစေရန်ဖြစ်ကာ ထိုတာဝန်သည်
လင်း​ရှောင်အားပြန်ခေါ်လာရန်ပင်။ သူက
တအားခေါင်းမာနေလျှင် နေရာမှာတင်ဖြေရှင်းရမည်
ဖြစ်သည်။

ကျိရွေ့က ကျိယွင်လန်ကိုစောင်းကြည့်လိုက်ပေမယ့်
သူ့အပြုအမူနှင့်ပတ်သက်၍ ဘာမှဝင်မပြောပေ။
ထို့နောက် သူမက လင်းရှောင်ဘက်ပြန်လှည့်
သွားသည်။ သူမတွင် စွမ်းအားကြီးသူများ၏
အငွေ့အသက်ရှိသော်လည်း စိတ်အတွင်းထဲမှာတော့
သူမမျက်ဝန်းများက ကျိယွင်လန်ကဲ့သို့
ကိုယ့်ကိုယ်ကိုယ်အထင်ကြီးခြင်းနှင့် စက်ဆုပ်
ရွံရှာခြင်းများကိုပြသနေသည်။ သူမပြောလိုက်သည်။

"နင်ကမဆိုးပါဘူး။ ဒါပေမယ့်ငါနဲ့တော့
မယှဉ်နိုင်ဘူး"

အဓိပ္ပါယ်ကတော့ ခေါင်းမမာဘဲလက်မြှောက်
သင့်ပြီဟူ၍ပင်။

တံခါးနောက်မှချောင်းကြည့်နေသော ယူရှောင်းမို
ကတော့ နှာခေါင်းရှုံ့ပြီးထေ့ငေါ့လိုက်သည်။

ကျိရွေ့ကသန်မာသည်။ ယခုလက်ရှိတွင်
နတ်ဘုရားအဆင့်ကျင့်ကြံသူတိုင်းက
ထုံထျန်းတိုက်မကြီးတွင် အကောင်းတကာ့
အကောင်းဆုံးဖြစ်ကြသည်။ သူတို့လုပ်ချင်ရာ
လုပ်နိုင်သည်ဟု ပြောလို့ရပေမယ့် ဒီလိုဆိုရင်တောင်
နတ်ဘုရားအဆင့်နှင့်နတ်ဒေဝါအဆင့်ကြားတွင်
အဆင့်တစ်ခုခြားနေသေးသည်။

သူမ ကြယ်ဘယ်နှပွင့်ရှိသလဲ သူမသိပေမယ့်
ကျိရွေ့လို့ခေါ်တဲ့ဒီမိန်းမက လင်းရှောင်လောက်
မသန်မာတာတော့ သေချာသည်။

ကျိရွေ့ အမြင်မှားသွားရခြင်းမှာ သူမက
လင်းရှောင်ထက်အားနည်းတာကြောင့်တင်မဟုတ်၊ 
လင်းရှောင်က အဆင့်ကိုထိန်းထားခြင်းကို
အကျင့်ပါနေသောကြောင့်လည်းဖြစ်သည်။
ဒါကြောင့် သူ့အဆင့်က အဆင့်၁၂ ကြယ်တစ်ပွင့်ဟု
ထင်ရလေသည်။

လင်းရှောင်က ချက်ချင်းပြန်မဖြေပေ၊ သို့ပေမယ့်
ထိုအစားသူ့အကြည့်က တံခါးဘက်သို့
ရုတ်တရက်ဆိုသလိုရောက်သွားပြီး ယူရှောင်းမိုရဲ့
စပ်စုနေသည့်မျက်ဝန်းများနှင့် ဆုံသွားသည်။
နောက်လူက ပင်ကိုယ်အသိအရ တံခါးနောက်
ပြန်ဆုတ်လိုက်သည်။

သူ ဆုတ်လိုက်တာလည်းကောင်းပေသည်၊
အကြောင်းမှာ လင်းရှောင်၏မျက်ဝန်းထဲမှ
'အပြုံးသဲ့သဲ့' ကို ကျိရွေ့ကသတိပြုမိသွား
သောကြောင့်ပင်။ သူမ ချက်ချင်း တံခါးဘက်
သတိတထားနဲ့ လှည့်ကြည့်လိုက်ပေမယ့်
ရပ်ကြည့်နေတဲ့လူတစ်အုပ်ကိုပဲ မြင်ရလေသည်။

သောင်းပြောင်းရောနေသည့် လူအုပ်ကြီးနှင့်
ယူရှောင်းမိုကလည်းရည်ရွယ်ချက်ရှိရှိ
ပုန်းလျှိုးကွယ်လျှိုးလှုပ်ရှားနေခြင်းဖြစ်ရာ
ကျိရွေ့ သူ့ကိုချက်ချင်းရှာမတွေ့ပေ။

တုံ့ပြန်မှုမရတော့ ကျိရွေ့ရဲ့မျက်ဝန်းတွေက
အနည်းငယ်နက်မှောင်သွားသည်။

"နင့်သူငယ်ချင်းကို ဒဏ်ရာမရစေချင်ရင်
အခုချက်ချင်းငါတို့နဲ့လိုက်ခဲ့။ သူ အန္တရာယ်မဖြစ်
စေရဘူးလို့ ကတိပေးတယ်"

သို့ပေမယ့်လို့ ယူရှောင်းမိုသာ သူ့ရဲ့လုံခြုံရေး
ဦးထုပ်ကြီး လင်းရှောင်ကိုဆုံးရှုံးလိုက်ရလျှင်
အန္တရာယ်ကင်းတော့မည်မဟုတ်ပေ။

ယူရှောင်းမို ဒီလောက်ထိရောက်လာနိုင်တာ
လင်း​ရှောင်ကြောင့်ဟုသာ ထင်ကြသည်။
သီအိုရီအရတော့ မှန်ပေမယ့် ငါးဆယ်ရာခိုင်နှုန်း
သာလျှင်ဖြစ်သည်။

"အဘွားကြီး နားကိုညီးတယ်။ တိုက်ချင်ရင်လည်း
တိုက်သာတိုက်လိုက်"

ရုတ်တရက် လင်းရှောင်ကစိတ်ရှည်မှုများ
ပျောက်ဆုံးသွားကာ ကျိရွေ့ကိုသတ်ဖြတ်လိုစိတ်ဖြင့်
ကြည့်လိုက်သည်။

ကျိရွေ့မှာ မျက်နှာအိုးမည်းသုတ်ခံရသည့်နှယ်
မျက်ဝန်းများက အေးစက်သွားသည်။
သူမ အသက်ကမငယ်တော့ပေမယ့်လို့
နတ်ဆိုးဖီးနစ်မျိုးနွယ်စုတွင် အလှဆုံးအမျိုးသမီး
ဖြစ်နေဆဲဖြစ်ကာ သူမအား 'အဘွားကြီး' ဟုခေါ်
သည်ကို အမုန်းတီးဆုံးဖြစ်သည်။
လင်းရှောင်ရန်စတာကတော့ အောင်မြင်လေသည်။

"သေချင်နေရင် ငါကဖြည့်ဆည်းပေးရမှာပေါ့"

တစ်ချိန်တည်းလိုလိုမှာပဲ သူမကလင်းရှောင်ဘေး၌
ပေါ်လာသည်။ တစ်စက္ကန့်တောင်မကြာလိုက်ပဲ
တောက်လောင်နေသည့် အနီရောင်မီးလျှံက
လင်းရှောင်မျက်နှာဘေးတွင် ထွက်ပေါ်လာ
သည်။

လင်း​ရှောင် မကြာခဏဆိုသလိုအသုံးပြုလေ့
ရှိသည့် မီးလျှံနှင့်အလားသဏ္ဍာန်တူ၍
၎င်းပေါ်ထွက်လာသည့်အခါ လှပတဲ့အမြီးတစ်ချောင်း
ပါသည်။ အလျှံလျှံအညီးညီး ပူလောင်စွာ
တောင်လောင်နေကာ လူတိုင်းမျက်နှာကို
အနီရဲရဲအရောင်များ ဟပ်နေသည်။

မီးတောက်က လင်းရှောင်ကိုထိတော့မည့်အချိန်တွင်
အသံတစ်ခုထွက်လာပြီး ပိုမိုကြမ်းကြုတ်သည့်
မီးလျှံတစ်ခု ပေါက်ကွဲထွက်လာသည်။
လူအုပ်ကြီးက 'ခပ်အုပ်အုပ်ရယ်သံ' တစ်ခုပဲ
ကြားလိုက်ရပြီးနောက် ၎င်းကကျိရွေ့၏မီးတောက်
အပေါ် သို့ သားရဲတစ်ကောင်အလားခုန်အုပ်
လိုက်လေသည်.....။
______________________

//Zawgyi//

အပိုင္း(၅၅၂) ထင္ေယာင္ထင္မွားတစ္ခုထက္မပို

ယူေရွာင္းမို လူအုပ္ႀကီးေနာက္က ေျပးလိုက္သြားစဉ္
သူ႔လက္ၾကားထဲတြင္ လႈပ္စိလႈပ္စိလုပ္ေနေသာ
သတၲုစားသားရဲေလးကို ဖြဖြပုတ္လိုက္သည္။
ပစ္မွတ္ႏွင့္နီးလာသၫ့္အခါ ဟိုတယ္ရိွရာအရပ္
မ်က္ႏွာဘက္ျဖစ္ေနသည္ကိုသိလိုက္ရသည္။

ဟိုတယ္က လမ္းမ်ားစြာအလယ္မွာျဖစ္၍
ဘက္ေပါင္းစံုမွလာလို႔ရႏိုင္သည္။ သို႔ေသာ္ျငား
ယခုမွာေတာ့ ပုရြက္ဆိတ္တပ္မေတာ္ႀကီးႏွင့္တူသည့္
ႀကီးမားလွေသာလူအုပ္ႀကီးေၾကာင့္
ပိတ္ဆို႔ေနသည္။

မည္သၫ့္အေၾကာင္းေၾကာင့္မွန္းမသိေသာ္ျငား
သားနားလွေသာဟိုတယ္က တစ္ဖက္သို႔ေစာင္းရဲြ႔
ေနသည္။

ရႊမ္းယီြဟိုတယ္မွာတည္းတာဆိုလ်ွင္ သူ
စိတ္ပူမိမည္မဟုတ္၊ သို႔ေပမယ့္ ရႊမ္းယီြဟိုတယ္က
ေရွာင္ေယာင္တကၠသိုလ္ႏွင့္မနီးသျဖင့္ သူက
ဒီတစ္ခုကို အဆင္ေျပေအာင္ေရြးခဲ့တာျဖစ္သည္။

ဒီဟိုတယ္ရဲ့ေနာက္ခံက ရႊမ္းယီြဟိုတယ္ေလာက္
မေကာင္းရာ ျပႆနာျဖစ္သၫ့္အခါဘယ္သူကမွ
ေရ႔ွထြက္ရပ္တည္ေပးၾကျခင္းမရိွေပ။

ယူေရွာင္းမို လူအုပ္ထဲတိုး၍ ဘာျဖစ္တာလဲ
ၾကၫ့္ခ်င္ေပမယ့္ အေဆာက္အဦႀကီးကိုဝန္းရံ
ထားသၫ့္လူအုပ္ႀကီးက အလႊာလိုက္အလႊာလိုက္
ျဖစ္ေနသည္။ သူ မတိုးႏိုင္။

အားနဲ႔တိုက္သြားရမလား စိတ္ထဲလြန္ဆဲြေနစဉ္
ေဘးကစကားတစ္ခုက သူ႔အာရံုကိုဆဲြေဆာင္သြား၏။
အာရံုစိုက္ၿပီး နားမစြင့္ဘဲမေနႏိုင္ေပ။

"အာ.... ဘယ္သူထင္မွာလဲ...ဘယ္သူထင္မွာလဲ...
လာမယ့္သူကေသြးေစြးနီမိသားစုလို႔ ထင္ခဲ့တာ၊
ခ်ီလင္မ်ိဳးႏြယ္စုကိုေတာင္ထၫ့္တြက္ခဲ့ေသးတယ္၊
ဒါေပမယ့္ အဲ့အစားလာတဲ့သူက နတ္ဆိုးဖီးနစ္
မ်ိဳးႏြယ္စုျဖစ္ေနတယ္ေလ"

"ငါနားမလည္ဘူး... ဒါကဖီးနစ္မ်ိဳးႏြယ္စုနဲ႔
ဘာဆိုင္လို႔လဲ"

"မင္းၾကၫ့္ မင္းတံခါးပိတ္က်င့္ႀကံေနတုန္းက
ထံုထ်န္းတိုက္ႀကီးမွာ ထိတ္လန႔္ဖြယ္ေကာင္းတဲ့
အျဖစ္အပ်က္ေတြအမ်ားႀကီးျဖစ္သြားတယ္။
ဒီလူက လင္းေရွာင္တဲ့... သူကခ်ီလင္ေသြးေရာ
ဖီးနစ္ေသြးေရာပါတယ္... ဒါေပမယ့္ဘယ္မ်ိဳးႏြယ္စု
ကမွ သူ႔ကိုလက္မခံေပးခ်င္ၾကဘူးေလ"

"ဪ... ဒါေပမယ့္အဲ့ဒါကအခုကိစၥနဲ႔ဘာဆိုင္လို႔လဲ"

"ဆိုင္တာေပါ့ဟ။ နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္ကခ်ီလင္
မ်ိဳးႏြယ္စုကိုမုန္းတီးေနတာကို မင္းမသိတာလည္း
မဟုတ္ဘူး။ ေတြ့တိုင္းရန္ျဖစ္ေနရေလာက္ေအာင္
ထိေတာ့မႀကီးက်ယ္ေပမယ့္ ေနာက္ကြယ္မွာ
ဓားနဲ႔ထိုးတယ္ဆိုတာကေတာ့ ပံုမွန္ပဲေလ။
ဒါေၾကာင့္ ဖီးနစ္မ်ိဳးႏြယ္စုက လင္းေရွာင္ရဲ့
ေသြးေနွာတာကိုအေၾကာင္းျပၿပီး သူတို႔ရဲ့
သန႔္စင္တဲ့ေသြးကို စြန္းထင္းေစတယ္လို႔ေျပာေနၾက
တာ။ ဒါေပမယ့္ အမွန္ေတာ့ သူကခ်ီလင္မ်ိဳးႏြယ္စု
ေသြးတစ္ဝက္ပါတာေၾကာင့္ သူတို႔ကသတ္ခ်င္
ေနၾကတာ"

"ဒီလိုမ်ိဳးကို 'သူတစ္ပါးေပၚေဒါသပံုခ်တယ္' လို႔
ေခၚတယ္ထင္တာပဲ"

ရုတ္တရက္ ထိုလူကမေကာင္းသၫ့္အႃပံုးတစ္ခု
ထုတ္ေဖာ္ျပလိုက္သည္။

"ဘာေဒါသလဲ။ ဒါကယုတ္မာတဲ့စိတ္ဓာတ္ပဲ"

"မင္းေျပာတာက?"  သူ႔အေဖာ္ျဖစ္သူက
မ်က္ခံုးတြန႔္သြားၿပီး ေမးျမန္းလိုဟန္ျဖင့္ေျပာလိုက္
သည္။

"ဟဲ... နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စုက ခ်ီလင္မ်ိဳးႏြယ္ကို
မသတ္ႏိုင္တာေၾကာင့္ လင္းေရွာင္ကိုအစားထိုး
သေဘာမ်ိဳးအသံုးျပဳေနၾကတာ။ သူတို႔က
ခ်ီလင္မ်ိဳးႏြယ္ဝင္တစ္ေယာက္ကို သတ္တာလို႔ပဲ
စိတ္ထဲယူဆေနၾကတာ... အဲ့တာကိုကိုယ့္စိတ္ကိုယ္
လွၫ့္ဖ်ားတယ္လို႔ေခၚတာေလ မဟုတ္ဘူးလား?
ဟားဟား...!"

ယူေရွာင္းမို မ်က္ႏွာေပၚမွာ အနက္ေရာင္အေၾကာင္း
ေတြေပၚလာတာကို ခံစားမိသည္။  (—_—||)

သူ႔လူက တစ္ျခားသူေတြစိတ္ေျဖေဖ်ာက္ရာ
ျဖစ္လာတာေပါ့ေလ?

ဒီထင္ေယာင္ထင္မွားက အဲ့ေလာက္ထိမယုတ္မာဘူး
ဆိုရင္ေတာင္ မင္းဦးေလးကသည္းခံႏိုင္ရင္ေတာင္
ႀကီးေတာ္ႀကီးကေတာ့ သည္းမခံႏိုင္ဘူး!!
သူတို႔ကို ေသခ်ာေပါက္ လႊတ္မေပးႏိုင္ဘူး။

(ဆီေလ်ာ္ေအာင္ျပန္ထားပါတယ္ TvT )

ယူေရွာင္းမိုမွာ လူသတ္လိုစိတ္မ်ားျပၫ့္ႏွက္ေနရာ
စကားေျပာေနသူႏွစ္ေယာက္သည္ တစ္စံုတစ္ခုကို
အာရံုရသၫ့္အလား လွၫ့္ၾကၫ့္လာၾကသည္။
သူတို႔ျမင္လိုက္ရသည္ကေတာ့ သူ႔အသက္က
ဟိုတယ္အေပၚမွာ မူတည္ေနသလို၊ ဟိုတယ္ႀကီးကို
အပိုင္းပိုင္းဖဲ့ပစ္ခ်င္သၫ့္ပံုျဖင့္ ၾကၫ့္ေနတာကိုပင္။
သူတို႔မွာ တစ္ေယာက္နဲ႔တစ္ေယာက္အသံတိတ္သာ
ၾကၫ့္လိုက္ၾကသည္။

သူတို႔သာလ်ွင္ လူသတ္လိုစိတ္ကိုခံစားမိသည္
မဟုတ္ေပ။ အေရ႔ွနားမွလူမ်ားသည္လည္း
ေက်ာရိုးတစ္ေလ်ွာက္စိမ့္တက္သြားၾကသည္။
တစ္ေယာက္ၿပီးတစ္ေယာက္ လွၫ့္ၾကၫ့္လာကာ
ယူေရွာင္းမိုရဲ့အမူအရာကို ျမင္လိုက္ရသူတိုင္း
မသိလိုက္ပါဘဲ လမ္းဖယ္ေပးလိုက္မိၾကသည္။

ယူေရွာင္းမို ေတြေဝမေနဘဲ တံခါးဆီသြားလိုက္
သည္။ သို႔ေသာ္ သူႀကိဳတင္ျပင္ဆင္ျခင္းမရိွဘဲ
ဝင္သြားမိ၏။

ဟိုတယ္က ပံုမွန္အားျဖင့္တစ္ႏွစ္ပတ္လံုး
စည္ကားေနတတ္သည္၊ သို႔ေပမယ့္ ယခုတြင္
ဧၫ့္ခန္းထဲတြင္ရိွေနတတ္သၫ့္ဧၫ့္သည္မ်ား
အားလံုးသည္ အေပၚထပ္ သို႔မဟုတ္ ေထာင့္ကေလး
မ်ားတြင္ပုန္းေနၾကသည္။ လူသူကင္းမဲ့ေနေသာ
ဧၫ့္ခန္းထဲတြင္ လူေျခာက္ေယာက္သာရိွေနသည္။

ငါးေယာက္က တံခါးနားတြင္ရပ္ေနၾကၿပီး
ကံမေကာင္းသည္ကေတာ့ ယူေရွာင္းမို သူတို႔ထဲက
ေလးေယာက္ကိုသိေနသည္။

ထိုေလးေယာက္ထဲမွ သံုးေယာက္က က်ဳံထ်န္း
ေဈးေရာင္းပဲြေတာ္မွာ ယူေရွာင္းမိုနဲ႔ဆံုခဲ့သၫ့္
လူမ်ားပါပင္။ က်ိယြင္လန္ႏွင့္သူ႔အေစခံႏွစ္ေယာက္
က်ိဝမ္ႏွင့္ က်ိဝူ။

ေနာက္ဆံုးတစ္ေယာက္က ေဝ့ပိုင္ေမြးေန့မွာ
ေတြ့ခဲ့ဖူးသၫ့္က်ိဖုန္း။ အျခားသံုးဦး၏
ေသြးနားထင္ေရာက္ေနသၫ့္အမူအရာမ်ားႏွင့္ယွဉ္ရင္
သူက ေအးေဆး ဣေျဒရိွစြာနဲ႔အေနာက္နားမွာ
ရပ္ေနသည္။ ျပဇာတ္ေကာင္းတစ္ပုဒ္ကိုေစာင့္ေမ်ွာ္
ေနသၫ့္အလား သူ႔မ်က္ဝန္းေတြကႃပံုးေနသည္။

ငါးေယာက္ေျမာက္လူကို သူမသိေပမယ့္
သူမထံမွ သိပ္သည္းေသာစြမ္းအားတစ္မ်ိဳး
ျဖာထြက္ေနသည္ကို ယူေရွာင္းမိုခံစားရသည္။
ဒီတစ္ေယာက္က ပိုမိုသန္မာသည္။ သူ႔ထက္ေတာင္
ပို၍သန္မာသည္။

သူတို႔မ်က္ႏွာခ်င္းဆိုင္ေနသူကေတာ့... လင္းေရွာင္
ပင္ျဖစ္သည္။

အျခားလူငါးေယာက္၏ ေက်ာမတ္ေနသၫ့္ပံုစံႏွင့္
ယွဉ္ရင္ လင္းေရွာင္ပံုစံကေလ်ာ့တိေလ်ာ့ရဲႏိုင္
လွသည္။

သူ႔ေရ႔ွကစားပဲြက အပိုင္းပိုင္းျဖစ္လို႔ေနၿပီး
သူထိုင္ေနသၫ့္ခံုကလဲြ၍ ပတ္ပတ္လည္
သံုးမီတာတစ္ဝိုက္က အရာအားလံုးကဖုန္မႈန္႔မ်ား
ျဖစ္ေနသည္။

လင္းေရွာင္က ေျခတစ္ဖက္ကိုခံုေပၚ ပ်င္းရိပ်င္းတဲြ
တင္ထားသည္။ သို႔ေပမယ့္ရဲစြမ္းသတၲိႏွင့္ျပၫ့္စံုေသာ
သူရဲေကာင္းဆန္ဆန္ ခံစားခ်က္တစ္မ်ိဳးကို
ထုတ္လႊင့္ေနသည္။ ဒါ့အျပင္ သူ႔ရဲ့မ်က္စိက်ိန္း
ေလာက္စရာ မ်က္ႏွာျဖင့္ဆိုလ်ွင္ သူက
လူသားမ်ိဳးႏြယ္၏ရန္သူေတာ္ႀကီးျဖစ္လို႔ေနသည္။

တင္းမာေနသၫ့္အေျခအေနၾကားမွပင္
လူအုပ္ထဲတြင္ သူ႔ကိုရွက္တတ္တတ္ႏွင့္
ၾကၫ့္ေနသၫ့္ အမ်ိဳးသမီးမ်ားရိွေနေသးသည္၊
တစ္ခ်က္ေလာက္ၾကၫ့္လိုက္ရင္ သတိလစ္သြား
ေတာ့မၫ့္ပံုႏွင့္ သူတို႔မ်က္လံုးကိုအနည္းငယ္
အုပ္ထားၾကေသးသည္။

ဒီလိုအခ်ိန္ႀကီးမွာေတာင္မိမိုက္ေအာင္လုပ္ေနေသး
တယ္ေပါ့?!

ယူေရွာင္းမို မနာလိုအားက်စြာအတြန႔္တက္ရင္း
ခ်ဉ္စုပ္စုပ္ျဖစ္လာေတာ့သည္။

"လင္းေရွာင္ လိမၼာၿပီး ဖီးနစ္မ်ိဳးႏြယ္စုဆီ
ငါတို႔နဲ႔အတူ ျပန္လိုက္ခဲ့လိုက္စမ္းပါ။ ငါ့စိတ္ထဲ
ေကာင္းေနရင္ ေခါင္းေဆာင္အႀကီးအကဲကို
မင္းအတြက္စကားတစ္ခြန္းေလာက္ေျပာေပးျဖစ္ရင္
ေျပာေပးျဖစ္မွာေပါ့.... ဒါမွ သူကမင္းရဲ့
သနားစရာအသက္ကေလးကိုခ်မ္းသာေပးရင္
ေပးမွာေလ"

တိတ္ဆိတ္မႈက က်ိယြင္လန္၏ဘဝင္ေလဟပ္
အမူအရာေၾကာင့္ ၿပိဳကဲြသြားသည္။ သူတို႔ပထမဆံုး
ေတြ့စဉ္ကအတိုင္းပင္ က်ိယြင္လန္က
နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စုကို ေနာက္ခံအေနျဖင့္
ရထားေသာေၾကာင့္ စကားေျပာရာတြင္ခ်ဳပ္တည္းမႈ
မရိွေနေပ။

ထိုစကားေၾကာင့္ ယူေရွာင္းမိုတစ္ေယာက္သာ
မ်က္ေမွာင္ၾကဳတ္လိုက္သည္မဟုတ္ေပ။

လင္းေရွာင္ကိုဝန္းရံထားသၫ့္ မိန္းကေလးမ်ား
ကလည္း ရြံရွာမႈကိုေဖာ္ျပၾကသည္။

ဘယ္လိုမ်ိဳးသင့္တင္ေလ်ာက္ပတ္ေအာင္ေနရမလဲ
မသိသူမ်ားအဖို႔ သူတို႔အဆင့္အတန္းကျမင့္မား
ေနလ်ွင္ပင္ အမွန္တကယ္ေလးစားသူမရႏိုင္ေပ။

"စိတ္မေကာင္းပါဘူး ငါမၾကားလိုက္ရလို႔
ေနာက္တစ္ေခါက္ျပန္ေျပာေပးႏိုင္မလား?"

ဇာတ္ေကာင္အတိုင္းလိုက္၍ လင္းေရွာင္ကလည္း
နားဖာကေလာ္လိုက္ေလသည္။ သူ႔ရဲ့ၿပီးျပၫ့္စံုတဲ့
မ်က္ႏွာေခ်ာေခ်ာမွာ ေသာကအရိပ္အေယာင္
တစိုးတစိမွမရိွဘဲ ထိုအစား ေခြးေပါက္ေလး
တစ္ေကာင္ကို စေနာက္ေနသၫ့္ပံုရိွသည္၊ ၿပီးေတာ့
ထိုေခြးေပါက္ေလးကေတာ့ က်ိယြင္လန္ဆိုသည္မွာ
သံသယျဖစ္ဖြယ္မရိွေပ။

က်ိယြင္လန္က သူ႔ကိုေလွာင္ေနတာကို
သတိမထားမိဘဲ တစ္ခါထပ္ေျပာရန္ပါးစပ္ဟ
လိုက္သၫ့္အခါ က်ိဝမ္၏ဟန႔္တားျခင္းကို
ခံလိုက္ရသည္။

သူတီးတိုးကပ္ေျပာလိုက္သည္။

"သခင္ေလး မေျပာရပါဘူး။ သူကသခင္ေလးကို
ကစားေနတာ"

က်ိယြင္လန္ တစ္ခဏမ်ွတန႔္သြားၿပီးေနာက္
သူ႔အမူအရာက ေဒါသအျဖစ္ေျပာင္းသြားေတာ့
သည္။

ရန္ႃငွိုးအသစ္ေရာ အေဟာင္းမ်ားပါေပါင္းလ်ွင္
လင္းေရွာင္အေပၚမုန္းတီးမႈမွာ မ်ိဳးႏြယ္စုအတြင္း
သူ႔ေနရာကို လ်င္ျမန္စြာျဖင့္ယူလာသၫ့္
က်ိနဉ္းယီြေလာက္ပင္ ရိွေရာ့မည္။

သူကေတာ့ ယူေရွာင္းမိုရဲ့ေရွာင္က်ိပင္ျဖစ္သည္။

"သခင္ေလး ဒါကို ေရြ့အႀကီးအကဲဆီပဲအပ္ထား
လိုက္ပါ။ သူမ သခင္ေလးအေပၚအျမင္ဆိုးဝါး
သြားလို႔မျဖစ္ဘူး"

က်ိယြင္လန္ သမိုင္းကိုေျပာေသာမ်က္ဝန္းမ်ား
ရိွသၫ့္တိုင္ စဲြမက္ဖြယ္အသြင္အျပင္လည္းရိွသည့္
က်ိေရြ့ကို တစ္ခ်က္လွမ္းၾကၫ့္လိုက္သည္။
ႏွလံုးသားထဲတင္းက်ပ္သြားၿပီး သူ သေဘာတူ
လိုက္ေတာ့သည္။

က်ိေရြ့သည္ အဆင့္၁၂က်င့္ႀကံသူတစ္ဦးျဖစ္ၿပီး
နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စုတြင္ အနည္းစုေသာ
အမ်ိဳးသမီးမ်ားထဲမွတစ္ဦးျဖစ္သည္။
သူမအဆင့္အတန္းက တကယ့္ကိုႏွစ္ေယာက္မရိွေပ။
သူမ ဒီေနရာမွာရိွေနရျခင္းသည္ တာဝန္ၿပီးေျမာက္
ျခင္းကို ေသခ်ာေစရန္ျဖစ္ကာ ထိုတာဝန္သည္
လင္း​ေရွာင္အားျပန္ေခၚလာရန္ပင္။ သူက
တအားေခါင္းမာေနလ်ွင္ ေနရာမွာတင္ေျဖရွင္းရမည္
ျဖစ္သည္။

က်ိေရြ့က က်ိယြင္လန္ကိုေစာင္းၾကၫ့္လိုက္ေပမယ့္
သူ႔အျပဳအမူႏွင့္ပတ္သက္၍ ဘာမွဝင္မေျပာေပ။
ထို႔ေနာက္ သူမက လင္းေရွာင္ဘက္ျပန္လွၫ့္
သြားသည္။ သူမတြင္ စြမ္းအားႀကီးသူမ်ား၏
အေငြ့အသက္ရိွေသာ္လည္း စိတ္အတြင္းထဲမွာေတာ့
သူမမ်က္ဝန္းမ်ားက က်ိယြင္လန္ကဲ့သို႔
ကိုယ့္ကိုယ္ကိုယ္အထင္ႀကီးျခင္းႏွင့္ စက္ဆုပ္
ရြံရွာျခင္းမ်ားကိုျပသေနသည္။ သူမေျပာလိုက္သည္။

"နင္ကမဆိုးပါဘူး။ ဒါေပမယ့္ငါနဲ႔ေတာ့
မယွဉ္ႏိုင္ဘူး"

အဓိပၸါယ္ကေတာ့ ေခါင္းမမာဘဲလက္ၿမွောက္
သင့္ၿပီဟူ၍ပင္။

တံခါးေနာက္မွေခ်ာင္းၾကၫ့္ေနေသာ ယူေရွာင္းမို
ကေတာ့ ႏွာေခါင္းရႈံ႔ၿပီးေထ့ေငါ့လိုက္သည္။

က်ိေရြ့ကသန္မာသည္။ ယခုလက္ရိွတြင္
နတ္ဘုရားအဆင့္က်င့္ႀကံသူတိုင္းက
ထံုထ်န္းတိုက္မႀကီးတြင္ အေကာင္းတကာ့
အေကာင္းဆံုးျဖစ္ၾကသည္။ သူတို႔လုပ္ခ်င္ရာ
လုပ္ႏိုင္သည္ဟု ေျပာလို႔ရေပမယ့္ ဒီလိုဆိုရင္ေတာင္
နတ္ဘုရားအဆင့္ႏွင့္နတ္ေဒဝါအဆင့္ၾကားတြင္
အဆင့္တစ္ခုျခားေနေသးသည္။

သူမ ၾကယ္ဘယ္ႏွပြင့္ရိွသလဲ သူမသိေပမယ့္
က်ိေရြ့လို႔ေခၚတဲ့ဒီမိန္းမက လင္းေရွာင္ေလာက္
မသန္မာတာေတာ့ ေသခ်ာသည္။

က်ိေရြ့ အျမင္မွားသြားရျခင္းမွာ သူမက
လင္းေရွာင္ထက္အားနည္းတာေၾကာင့္တင္မဟုတ္၊ 
လင္းေရွာင္က အဆင့္ကိုထိန္းထားျခင္းကို
အက်င့္ပါေနေသာေၾကာင့္လည္းျဖစ္သည္။
ဒါေၾကာင့္ သူ႔အဆင့္က အဆင့္၁၂ ၾကယ္တစ္ပြင့္ဟု
ထင္ရေလသည္။

လင္းေရွာင္က ခ်က္ခ်င္းျပန္မေျဖေပ၊ သို႔ေပမယ့္
ထိုအစားသူ႔အၾကၫ့္က တံခါးဘက္သို႔
ရုတ္တရက္ဆိုသလိုေရာက္သြားၿပီး ယူေရွာင္းမိုရဲ့
စပ္စုေနသၫ့္မ်က္ဝန္းမ်ားႏွင့္ ဆံုသြားသည္။
ေနာက္လူက ပင္ကိုယ္အသိအရ တံခါးေနာက္
ျပန္ဆုတ္လိုက္သည္။

သူ ဆုတ္လိုက္တာလည္းေကာင္းေပသည္၊
အေၾကာင္းမွာ လင္းေရွာင္၏မ်က္ဝန္းထဲမွ
'အႃပံုးသဲ့သဲ့' ကို က်ိေရြ့ကသတိျပဳမိသြား
ေသာေၾကာင့္ပင္။ သူမ ခ်က္ခ်င္း တံခါးဘက္
သတိတထားနဲ႔ လွၫ့္ၾကၫ့္လိုက္ေပမယ့္
ရပ္ၾကၫ့္ေနတဲ့လူတစ္အုပ္ကိုပဲ ျမင္ရေလသည္။

ေသာင္းေျပာင္းေရာေနသၫ့္ လူအုပ္ႀကီးႏွင့္
ယူေရွာင္းမိုကလည္းရည္ရြယ္ခ်က္ရိွရိွ
ပုန္းလ်ိႈးကြယ္လ်ိႈးလႈပ္ရွားေနျခင္းျဖစ္ရာ
က်ိေရြ့ သူ႔ကိုခ်က္ခ်င္းရွာမေတြ့ေပ။

တံု႔ျပန္မႈမရေတာ့ က်ိေရြ့ရဲ့မ်က္ဝန္းေတြက
အနည္းငယ္နက္ေမွာင္သြားသည္။

"နင့္သူငယ္ခ်င္းကို ဒဏ္ရာမရေစခ်င္ရင္
အခုခ်က္ခ်င္းငါတို႔နဲ႔လိုက္ခဲ့။ သူ အႏၲရာယ္မျဖစ္
ေစရဘူးလို႔ ကတိေပးတယ္"

သို႔ေပမယ့္လို႔ ယူေရွာင္းမိုသာ သူ႔ရဲ့လံုႃခံုေရး
ဦးထုပ္ႀကီး လင္းေရွာင္ကိုဆံုးရႈံးလိုက္ရလ်ွင္
အႏၲရာယ္ကင္းေတာ့မည္မဟုတ္ေပ။

ယူေရွာင္းမို ဒီေလာက္ထိေရာက္လာႏိုင္တာ
လင္း​ေရွာင္ေၾကာင့္ဟုသာ ထင္ၾကသည္။
သီအိုရီအရေတာ့ မွန္ေပမယ့္ ငါးဆယ္ရာခိုင္ႏႈန္း
သာလ်ွင္ျဖစ္သည္။

"အဘြားႀကီး နားကိုညီးတယ္။ တိုက္ခ်င္ရင္လည္း
တိုက္သာတိုက္လိုက္"

ရုတ္တရက္ လင္းေရွာင္ကစိတ္ရွည္မႈမ်ား
ေပ်ာက္ဆံုးသြားကာ က်ိေရြ့ကိုသတ္ျဖတ္လိုစိတ္ျဖင့္
ၾကၫ့္လိုက္သည္။

က်ိေရြ့မွာ မ်က္ႏွာအိုးမည္းသုတ္ခံရသၫ့္ႏွယ္
မ်က္ဝန္းမ်ားက ေအးစက္သြားသည္။
သူမ အသက္ကမငယ္ေတာ့ေပမယ့္လို႔
နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စုတြင္ အလွဆံုးအမ်ိဳးသမီး
ျဖစ္ေနဆဲျဖစ္ကာ သူမအား 'အဘြားႀကီး' ဟုေခၚ
သည္ကို အမုန္းတီးဆံုးျဖစ္သည္။
လင္းေရွာင္ရန္စတာကေတာ့ ေအာင္ျမင္ေလသည္။

"ေသခ်င္ေနရင္ ငါကျဖၫ့္ဆည္းေပးရမွာေပါ့"

တစ္ခ်ိန္တည္းလိုလိုမွာပဲ သူမကလင္းေရွာင္ေဘး၌
ေပၚလာသည္။ တစ္စကၠန႔္ေတာင္မၾကာလိုက္ပဲ
ေတာက္ေလာင္ေနသၫ့္ အနီေရာင္မီးလ်ွံက
လင္းေရွာင္မ်က္ႏွာေဘးတြင္ ထြက္ေပၚလာ
သည္။

လင္း​ေရွာင္ မၾကာခဏဆိုသလိုအသံုးျပဳေလ့
ရိွသၫ့္ မီးလ်ွံႏွင့္အလားသ႑ာန္တူ၍
၄ေပၚထြက္လာသၫ့္အခါ လွပတဲ့အၿမီးတစ္ေခ်ာင္း
ပါသည္။ အလ်ွံလ်ွံအညီးညီး ပူေလာင္စြာ
ေတာင္ေလာင္ေနကာ လူတိုင္းမ်က္ႏွာကို
အနီရဲရဲအေရာင္မ်ား ဟပ္ေနသည္။

မီးေတာက္က လင္းေရွာင္ကိုထိေတာ့မၫ့္အခ်ိန္တြင္
အသံတစ္ခုထြက္လာၿပီး ပိုမိုၾကမ္းၾကဳတ္သၫ့္
မီးလ်ွံတစ္ခု ေပါက္ကဲြထြက္လာသည္။
လူအုပ္ႀကီးက 'ခပ္အုပ္အုပ္ရယ္သံ' တစ္ခုပဲ
ၾကားလိုက္ရၿပီးေနာက္ ၄ကက်ိေရြ့၏မီးေတာက္
အေပၚ သို႔ သားရဲတစ္ေကာင္အလားခုန္အုပ္
လိုက္ေလသည္.....။
______________________















Continue Reading

You'll Also Like

106K 10.3K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
90.9K 13.5K 29
Myanmar translation of Mo Shang Hua Kai (Both Unicode & Zawgyi are available) Original Author - 黑白劍妖 (Heibai Jian Yao) 'ပျိုနီပန်းတွေ ပွင့်တဲ့ခါ ဖြည်...
2.3M 317K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
6.4K 311 12
Original name - 没钱离婚 English name - No money to divorce Type - Webnovel Author(s) - Shou Chu首初 Genre - Drama Romance Sci-fi Yaoi Start date - 18.3.20...