//Unicode//
အပိုင်း(၅၅၀) မျက်စိမပါ (အမြင်မရှိ)
လဲလှယ်ရေးဌာနမှာ ကျောက်တုံးတွေကို
လဲလှယ်ခြင်းကသိပ်ခေတ်မရှိပေ။
စွမ်းအင်ကျောက်တုံးလဲလှယ်ရန် တောင်းဆိုထား
သောသူသည် အထပ်၇၀မှ ယန် ဟုအမည်ရသည့်
ဆရာတစ်ဦးဖြစ်၏။ သူ့ကို စွန့်ဦးအလုပ်တစ်ခု
စတင်သူဟု မှတ်ယူလို့ရသည်။ သူက အချိန်မှန်မှန်
ရောက်လာတတ်ကာ သူ့ကို စွမ်းအင်ကျောက်တုံး
လဲလှယ်ပေးသော ကြွယ်ဝချမ်းသာသည့်လူတစ်ချို့
ရံဖန်ရံခါရှိပေမယ့် များလှသည်တော့မဟုတ်ချေ။
သူ့အပြုအမူကအမြဲလိုလိုကြောင်တောင်တောင်နိုင်၍
ထူးဆန်းနေတတ်ကာ လူတိုင်းအတွက်အသစ်အဆန်း
ဖြစ်လို့နေသည်။ သို့သော်လည်း အချိန်တိုင်း
အဆင်ပြေချောမွေ့နေတာတော့မဟုတ်ပေ၊
အကြောင်းမှာ ဒီလ သူဆိုင်ဖွင့်တာသုံးရက်ကြာသည်
ထိတိုင်အောင် ဘယ်သူကမှသူနဲ့လဲလှယ်ခြင်း
မပြုကြသေးသောကြောင့်ပင်။
လူတိုင်းသိတဲ့အတိုင်းပဲ စွမ်းအင်ကျောက်တုံးကို
ထုံထျန်းတိုက်ကြီးပေါ်မှာ ငွေကြေးအဖြစ်သုံးစွဲ
နေကြပေမယ့်လို့ ၎င်းတန်ကြေးကလည်းမြင့်မားလှ
သည်။ ဒီလိုဖြစ်နေရခြင်းက ၎င်းကိုငွေကြေးအဖြစ်
သုံးစွဲနိုင်ရုံသာမက ကျင့်ကြံရာတွင် ကျောက်တုံး
အတွင်းရှိစွမ်းအင်ကိုစုပ်ယူ၍ကျင့်ကြံနိုင်သောကြောင့်
လည်းဖြစ်သည်။
ဒီဆရာယန်က စွမ်းအင်ကျောက်တုံးကစွမ်းအင်ကို
စုပ်ယူ၍ကျင့်ကြံရတာကို နှစ်သက်သည့်
တိုက်ခိုက်သူတစ်ဦးဖြစ်သည်။ သူကဒီနည်းဖြင့်
စွမ်းအင်ကျောက်တုံးများကို ဖောဖောသီသီသုံးစွဲရာ
ငမွဲဖြစ်သွားလေသည်။
ထိုနည်းမှကောင်းကျိုးများကို သိရှိပြီးနောက်
သူက အချိန်မှန်မှန်ရောက်လာတတ်တော့သည်။
ဒီဆရာ့အကြောင်းတွေကို ကျုံးယဲ့ကြားခဲ့ဖူးသည်။
ရှောင်ယောင်တက္ကသိုလ်က ကျောင်းသားတွေ
အကုန်လုံးက မှော်ဆရာတွေဖြစ်သည်။
မှော်ဆရာတွေက ငွေရှာရလွယ်ကူသည့်အပြင်
ငွေသုံးလည်းကြမ်းကြသည်။ စွမ်းရည်ရှိသူများနှင့်
ချမ်းသာတဲ့မိသားစုများမှသူများကလွဲ၍
လူအများစုမှာ စွမ်းအင်ကျောက်တုံးမကြွယ်ဝကြပေ။
ဒါ့အပြင် ဒီဆရာရဲ့ဈေးနှုန်းက အတော်လေး
မြင့်နေသည်။
ထို့ကြောင့် သူ သုံးရက်ကြာဖွင့်လှစ်ထားသော်လည်း
သူ့ဆိုင်သို့ ဘယ်သူမှမလာကြခြင်းဖြစ်သည်။
ယူရှောင်းမိုက ဆိုင်ကလေးဆီတန်းတန်းမတ်မတ်
လျှောက်သွားလိုက်သည်။ ကျုံးယဲ့တစ်ယောက်သာ
အံ့ဩသွားသည်မဟုတ်ပေ။ ဒါကိုမြင်လိုက်ရ
သည့်လူတိုင်းက တစ်ယောက်ပြီးတစ်ယောက်
အံ့အာ့သင့်ဟန်များ ဖော်ပြလိုက်ကြသည်။
တစ်စုံတစ်ဦးက 'ငါ့ကိုလှည့်စားပါ လှည့်စားပါ' ဟု
ဖိတ်ခေါ်နေမည်မှန်း သူတို့မထင်ထားမိခဲ့ကြပေ။
"ဆရာခင်ဗျ အမှတ်တစ်မှတ်ကိုစွမ်းအင်ကျောက်တုံး
ဘယ်နှတုံးလဲဗျ"
ဆရာယန်က မျက်လုံးပင့်လာကာ ယူရှောင်းမိုကို
မြင်တဲ့အခါ တစ်စက္ကန့်ခန့်ကြောင်အသွားလေသည်။
သူ ဒီနေရာမှာထိုင်နေတာသုံးရက်ရှိပြီဖြစ်ပြီး
သူ့ဆိုင်ကလေးကို ဘယ်သူကမှအရေးမလုပ်တာနှင့်
ပတ်သက်၍ တစ်နည်းနည်းဖြင့်အသားကျသွားပြီ
ဖြစ်သည်။ တစ်စုံတစ်ဦးက ရုတ်တရက်ကြီး
လာမေးတော့ သူမတုံ့ပြန်နိုင်တော့ချေ။
သူတုံ့ပြန်လာပုံကို ယူရှောင်းမို နားလည်ပေးနိုင်
တာကြောင့် တစ်ခါထပ်မေးလိုက်သည်။
ဆရာယန်က နောက်ဆုံးမှာ ပြန်တုံ့ပြန်သည့်
အနေဖြင့် စိတ်ရင်းစိတ်မှန်ဖြင့်ပြုံးပြလိုက်သည်။
"ဆရာ့မှာ နှစ်မှတ်တည်းပဲရှိတယ်... နှစ်မှတ်လုံး
ယူမယ်ဆိုရင်ဈေးလျော့ပေးမယ်...တစ်မှတ်ကို
စွမ်းအင်ကျောက်တုံးနှစ်သိန်းပဲပေး"
ဒီဈေးကမြင့်ပြီး လူအများစုဆို သူတို့အိတ်ထောင်ထဲ
စွမ်းအင်ကျောက်တုံးတစ်သောင်းတောင်
မရှိတတ်ကြပေ။
ယူရှောင်းမိုဘေးမှာ ရပ်နေခဲ့တဲ့ကျုံးယဲ့က
အေးစက်စွာဖြင့် မျက်ခုံးပင့်လိုက်သည်။
သူကြားထားတဲ့ဈေးနှုန်းက နှစ်သိန်းမဟုတ်ဘဲ
တစ်သိန်းသာဖြစ်သည်။ ဒီတစ်ခါဈေးနှုန်းက
နှစ်ဆတက်သွားသဖြင့် သူကြားဖူးတဲ့
ကောလဟလတွေကို ပြန်တွေးမိသွားတော့သည်။
"ဆရာ...ဒီဈေးကမများလွန်းဘူးလား"
ယူရှောင်းမိုက မပြောင်းလဲသည့်မျက်နှာထားနှင့်
မေးလိုက်သည်။ သူ့မှာ စွမ်းအင်ကျောက်တုံး
အများကြီးရှိသည်၊ ဒါပေမယ့် ဒါက သူ့ကို
အခြားသူတွေလှည့်စားတာကို ခံမည်ဟုမဆိုလိုပေ။
သူ့ခေါင်းကို မြည်းကန်ခံထားရတာမှမဟုတ်တာ။
ဆရာယန်က အေးဆေးစွာပြန်ဖြေလေသည်။
"ဒါဖြင့်ရင် ဘယ်ဟာအရေးကြီးတယ်လို့ထင်လဲ?..
အမှတ်လား စွမ်းအင်ကျောက်တုံးလား..?"
ဆရာယန်က သူ့ကိုခက်ခဲအောင်လုပ်နေသည်။
ယူရှောင်းမိုကအမှုမထားဘဲပြန်ပြောလိုက်သည်။
"အခုကျွန်တော့်အတွက် အမှတ်တွေကပိုအရေးကြီး
တယ်..ဒါပေမယ့် ရွေးချယ်စရာတွေမှအများကြီးပဲ
ရှိသေးတယ်လေ..မဟုတ်ဘူးလား? စွမ်းအင်
ကျောက်တုံးနှစ်သိန်းဆို အဆင့်ကိုးမှော်ဆေးပင်
ရိုးတံနှစ်ခုဝယ်လို့ရတယ်..ပြီးရင် တစ်ခြားဆရာတွေ
နဲ့လဲလှယ်လိုက်ရင် နှစ်မှတ် သုံးမှတ်လောက်တော့
ရမှာပဲ... ဆရာရောအဲ့လိုမထင်ဘူးလား?"
ယူရှောင်းမိုပြန်ပြောတာကြားပြီးတဲ့အခါ ဆရာယန်မှာ
မျက်နှာပင်မပြရဲတော့ချေ။
"ဒါဆို... ဘယ်လောက်ဖြစ်သင့်တယ်ထင်လဲ?"
သူက ယူရှောင်းမိုကို သိုးဝလေးဟုမြင်ခဲ့သဖြင့်
ဈေးမြှင့်ရန်စိတ်ကူးကိုရသွားခြင်းဖြစ်သည်။
လူချမ်းသာတွေက ဒီလောက်ပမာဏလေးကို
အမှုမထားတတ်ကြပေ။ ဒါ့အပြင် သူကလည်း
ရှောင်ယောင်တက္ကသိုလ်က ဆရာတစ်ယောက်
ဖြစ်နေသည်။ အနည်းဆုံးတော့ သူ့ကိုမျက်နှာသာ
ပေးသင့်တယ်လေ...မဟုတ်ဘူးလား?
သူကလူတွေကို မတန်တဆဈေးတောင်းတတ်သဖြင့်
ဈေးနှုန်းကိုခဏခဏပြုပြင်ပြောင်းလဲခြင်းကြောင့်
နာမည်ကျော်လာပြီး ထို့ကြောင့်ပင် ဒီလမှာ
သူဆိုင်ဖွင့်တာ သုံးရက်ကြာပြီဖြစ်ပေမယ့်
သူ့ဆိုင်ကို ဘယ်သူမှမလာကြတာဖြစ်သည်။ အခု
သူက သိုးဝဝတစ်ကောင်ကိုဖမ်းမိလိုက်ရာ
နောက်တစ်ခေါက်မှာ ဒီလောက်ကံမကောင်းနိုင်
တာကြောင့်မတန်တဆဈေးတောင်းလိုက်မိလေသည်။
တစ်ဖက်လူက နည်းနည်းမှအရှုံးမခံဘဲ သူ့ကိုလည်း
မျက်နှာသာမပေးလောက်ဘူးလို့ သူဘယ်လိုလုပ်
သိခဲ့မှာလဲ?
"တစ်မှတ်ကို ငါးသောင်း"
သူ့စကားကိုကြားပြီးနောက် ယူရှောင်းမို ချုပ်တည်း
မထားတော့ပေ။
"ဘာပြောလိုက်တယ်?!"
ဆရာယန်က ရုတ်ချည်းခေါင်းမော့လာပြီး
သူ့မျက်နှာထက်တွင် နားကြားလွဲဟန်ဖြင့်
အံ့အားသင့်မှုများပြည့်နှက်နေ၏။ သူ့အသံက
အနည်းငယ်ကျယ်လောင်သွားသဖြင့် ဘေးမှ
လူများကလှည့်ကြည့်လာကြသည်။
ယူရှောင်းမိုက စိတ်ရှည်စွာနဲ့ထပ်ပြောလိုက်သည်။
"တစ်မှတ်ကိုငါးသောင်း"
သူ့ရဲ့တည်ငြိမ်အေးဆေးနေတဲ့အမူအရာကို
မြင်တော့ကျုံးယဲ့က ယူရှောင်းမိုသူ့အကူအညီမလိုမှန်း
သိလိုက်သည်။
ဆရာယန်က ချက်ချင်းပဲထေ့ငေါ့လိုက်၏။
"ငါ့အဖွင့်ဈေးကစွမ်းအင်ကျောက်တုံးနှစ်သိန်းလေ၊
မင်းကငါးသောင်းနဲ့လိုချင်တယ်ပေါ့... အမှတ်တွေက
ကောင်းကင်ပေါ်ကပြုတ်ကျလာတယ်များ
ထင်နေလား?!"
"ဒါဆိုဆရာကရောစွမ်းအင်ကျောက်တုံးတွေက
ကောင်းကင်ပေါ်ကပြုတ်ကျလာတယ်ထင်နေလား?"
ယူရှောင်းမို လက်ဖြန့်ပြလိုက်သည်။ သူ့မျက်နှာကို
ကြည့်ပြီး ဒီဆရာက သိုးဝဝကစ်ကစ်တစ်ကောင်ဟု
မြင်လိုက်သည်မှာ တစ်ရာရာခိုင်နှုန်းသေချာသည်။
စွမ်းအင်ကျောက်တုံးနှစ်သိန်းဈေးက တကယ့်ကို
များလွန်းသည်။
သူ့အဖြေစကားကြောင့် ဆရာယန် နင်သွားပြီး
ပြန်ငြင်းတဲ့အခါ သူ့မျက်လုံးတွေကိုရှောင်ဖယ်
နေတော့သည်။
"တစ်သိန်းရှစ်သောင်းအနိမ့်ဆုံးပဲ.... မင်းက
အထပ်၈၀ ရဲ့အထက်ကကျောင်းသားမှန်းသိတယ်...
မင်းအတွက် အမှတ်တစ်မှတ်ကဒီစွမ်းအင်
ကျောက်တုံးတွေထက် ပိုအရေးပါပါတယ်...
တစ်သိန်းရှစ်သောင်းနဲ့လဲလိုက်... ငါတို့နှစ်ယောက်
လုံးအတွက်မြတ်တာပဲကို.."
ယူရှောင်းမိုကြည့်လိုက်သည်။ သူကနောက်ဆုံး
စာကြောင်းနဲ့ခြိမ်းခြောက်နေတာလား?
ဆရာယန်ပြောသလိုပဲ အမှတ်တွေက အထပ်မြင့်
လာလေလေပိုအရေးပါလေလေဖြစ်သည်။
အချို့သောဆရာများက ဒါကိုအခွင့်ကောင်းယူ၍
ကျောင်းသားများကို အထပ်အလိုက် မတူညီတဲ့
ဈေးနှုန်းများတောင်းခံတတ်ကြသည်။
အခြားကျောင်းသားတွေက ဒီအမှတ်တွေကရမယ့်
အကျိုးကျေးဇူးကိုပဲကြည့်တာဖြစ်တာကြောင့်
များသောအားဖြင့် သူတို့က လှည့်စားခံရတာကို
မမှုကြပေ။ လူအများက ပုံမှန်မဟုတ်တာကို
ခက်ခက်ခဲခဲဖြင့်လက်ခံလိုက်ကြကာ တစ်ဖက်က
အကြီးအကဲဆရာလည်းဖြစ်နေသည်။ သူနဲ့
ငြင်းခုန်ပြီး မျက်နှာသာမပေးခြင်းက သူ့ကို
အပြစ်ပြုမိရာရောက်မည်ဖြစ်သည်။
ဒါကြောင့်ပဲ ဆရာယန်က မတန်တဆဈေးကို
တောင်းခံရဲတာဖြစ်သည်။ ကံဆိုးတာက သူက
ဒီနေ့တော့ ကံမကောင်းဖို့အကြောင်းဖန်နေသည်။
ယူရှောင်းမိုက ရှောင်ယောင်တက္ကသိုလ်ကို
ကျုံးယဲ့တို့နဲ့တစ်နေ့တည်းဝင်ရောက်ခဲ့တာ
ဖြစ်ပေမယ့် သူ့အချိန်အများစုကို ပင်မဆောင်ကြီး
အတွင်းမှာပဲကုန်ဆုံးခဲ့သည်။ လဲလှယ်ဌာနအကြောင်း
ကိုတောင် ကျုံးယဲ့ကပြောပြခဲ့ခြင်းဖြစ်သည်။
'စည်းမျဉ်း' တွေကိုနားမလည်တဲ့ ကျောင်းသားကို
ဆရာယန် အခွင့်ကောင်းယူနိုင်ဖို့မဖြစ်နိုင်ပေ။
ဒီအကြောင်းကို ကျုံးယဲ့ သိပေမယ့် သူ
ယူရှောင်းမိုကိုမပြောပြလိုက်ပေ။
ဘာကြောင့်ဆို ယူရှောင်းမိုက အထပ်၉၀မှ
ကျောင်းသားဆိုသည်ကို သိသူသိပ်မရှိသောကြောင့်
ပင်။ ဆရာတွေအကြီးအကဲတွေက
ဘယ်ကျောင်းသားက ဘယ်အထပ်ကလဲ
မဆုံးဖြတ်နိုင်လျှင် ပုံမှန်အားဖြင့် မတန်တဆဈေးကို
တောင်းမည်မဟုတ်ပေ။
သူတွေးထားတာဒီလိုပဲ...ဒါပေမယ့် အမြင်မရှိတဲ့
ဆရာတစ်ယောက် ပေါ်လာတာပါပဲလေ......
"အများဆုံးငါးသောင်းပဲ... မလိုချင်ရင်
ကျွန်တော်နောက်တစ်ဆိုင်ပဲရှာလိုက်တော့မယ်...
လဲလှယ်ဌာနမှာဆရာ့ဆိုင်တစ်ဆိုင်တည်းရှိတာမှ
မဟုတ်တာ"
ယူရှောင်းမိုက သူ့ခြိမ်းခြောက်မှုတွေကိုဂရုမထား
ပေ။ ဒီလိုလူမျိုးက တစ်လက်မပေးတစ်မိုင်လောက်
လိုချင် လူမျိုးဖြစ်သည်။
ဆရာယန်က လှောင်လိုက်သည်။
"ကောင်လေး သတ္တိရှိသား..စောင့်ကြည့်တာပေါ့!"
ဒီစာကြောင်းကိုကြားတော့ သူ့ရွေးချယ်မှုကို
ယူရှောင်းမိုသိလိုက်ရာ ပြန်လှည့်ပြီးထွက်လာ
ခဲ့တော့သည်။ သူလည်း ဒီအလဲအလှယ်ကို
ထပ်ပြီးလုပ်ချင်စိတ်မရှိတော့ပေ။ ဒီလိုလူမျိုးနဲ့
အဆက်အဆံပြုလုပ်ရခြင်းက သူ့ကိုပဲ
အော်ဂလီဆန်စေသည်။
ဆရာယန့်မျက်နှာပေါ်က ထေ့ငေါ့လှောင်ပြောင်မှုကို
ကြည့်ပြီးမှ ကျုံးယဲ့ကသူ့နောက်လိုက်
သွားလိုက်သည်။
ဆိုင်သုံးဆိုင်ကိုသွားပြီး နှစ်ဆိုင်ကငြင်းတာကို
ခံလိုက်ရပြီးနောက် ယူရှောင်းမို "စောင့်ကြည့်တာပေါ့"
၏ဆိုလိုရင်းကို သိသွားသည်။ အပိုင်းတစ်က
ဆရာတွေက အကြံတူဉာဏ်တူတွေဖြစ်နေတာပဲ။
နောက်ဆုံးသူရွေးချယ်လိုက်သည့်ဈေးဆိုင်နှင့်
လဲလှယ်ရန်ရည်ရွယ်လိုက်သော်လည်း တစ်ဖက်က
'မင်းက ဆရာယန့်ကိုအာခံတယ်၊ မင်းနဲ့မလဲဘူး'
ဟူသည့်မျက်နှာအမူအရာ ရှိနေလေသည်။
သူ ထိုဆရာယန်အားနောက်တစ်ခေါက်သွားကြည့်
သည့်အခါ တစ်ဖက်လူက သူ့ကိုရန်စသည့်အကြည့်
ဖြင့်ကြည့်လေသည်။
ကလေးကလားနဲ့!
ယူရှောင်းမို စိတ်ထဲကျိန်ဆဲမိလိုက်သည်။
အမှန်တော့ ဆရာယန်နဲ့ရင်းနှီးတဲ့သူတွေကို
ရွေးလိုက်မိတဲ့ သူ့ကံကိုကမကောင်းတာလည်း
ပါသည်။ ဆရာယန်က အပိုင်းတစ်တွင်နာမည်ကြီး
ပုဂ္ဂိုလ်တစ်ဦးဟု ယူဆနိုင်သော်လည်း ဆရာတိုင်းက
သူ့လိုမဟုတ်ကြပေ။
ဘေးကလူတွေကမြင်တဲ့အခါ အချို့ကသူ့ကို
ကရုဏာသက်စွာကြည့်လိုက်ကြ၏။
"အပိုင်းနှစ်ကိုသွားရအောင်... အပိုင်းနှစ်က
ဈေးကသုံးမှတ်ကနေငါးမှတ်ကြားရှိတယ်...
တစ်ခါလဲလှယ်လိုက်ရင် နောက်တစ်လအတွက်ပါ
အဆင်ပြေလောက်မယ်"
ကျုံးယဲ့ကတည်ငြိမ်စွာဖြင့်ပြောလိုက်သည်။
ယူရှောင်းမို ခေါင်းယမ်းလိုက်သည်။
"ဒါဆို အပိုင်းသုံးကဈေးက ခြောက်မှတ်ကနေ
ကိုးမှတ်ကြားရှိမှာမလား"
ကျုံးယဲ့ : "ဟင့်အင်း ဈေးကခြောက်မှတ်အထက်မှာ
ရှိတယ်....ဒါပေမယ့်အကန့်အသတ်မရှိဘူး"
"ဒါဖြင့် အပိုင်းသုံးသွားရအောင်"
ယူရှောင်းမို ချက်ချင်းပဲဆုံးဖြတ်လိုက်တော့သည်။
အပိုင်းသုံးက ဆရာအကြီးအကဲတွေက
ဘာတောင်းလောက်မလဲ သူတော်တော်လေး
သိချင်စိတ်ဖြစ်မိသည်။ သူတို့ကမှော်ဆေးပင်
လိုချင်ပါက ပြဿနာမရှိပေ။
လူနှစ်ဦးက အပိုင်းတစ်မှထွက်ခွာသွားကြသည်။
သို့သော်လည်း ဘေးလူတွေကတော့ သူတို့ပြောတာ
ကြားရပြီးတဲ့နောက် တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်လိုက်မိကြ၏။
အပိုင်းသုံးဆိုတာဘယ်လိုနေရာလဲ? အဲ့ဒါက
အထပ်၉၀က ကျောင်းသားတွေသွားတဲ့နေရာ
ဖြစ်သည်။ ဒီကျောင်းသားတွေက ရှောင်ယောင်
တက္ကသိုလ်မှာအလားအလာအကောင်းဆုံး။
တစ်ခါတစ်လေ ဆရာတွေကတောင်
သူတို့ကိုမျက်နှာသာနည်းနည်းပေးရသေးသည်။
ယူရှောင်းမိုကအထပ်၈၀အထက်ကဖြစ်မယ်လို့
ဆရာယန် ခန့်မှန်းမိခဲ့ပေမယ့် သူ့အဆင့်က
အထပ်၉၀ရဲ့အထက်မှာလို့ မထင်ထားခဲ့ပေ။
ဒီအခိုက်အတံ့မှာ သူ့နှလုံးက တဒုန်းဒုန်းခုန်လာပြီး
သူဒီလောက်ကံမဆိုးလောက်ပါဘူးဟု ဖြေသိမ့်
လိုက်ရသည်။ ဒါ့အပြင် အရာရာတိုင်းကို
ပုံသေသတ်မှတ်ထားတာမဟုတ်ပေ။ အထပ်နိမ့်မှ
ကျောင်းသားတစ်ချို့လည်း အပိုင်းသုံးကို
လျှောက်ပတ်ကြည့်တတ်ကြပေသည်။
ထိုအခိုက် သူ့ဘေးမှအကြီးအကဲက
ခပ်ဖွဖွရယ်လိုက်၏။
ဆရာယန်က ကြားလိုက်ရ၍ မမေးဘဲမနေနိုင်ပေ။
"ကုန်းအကြီးအကဲ ဘာတွေရယ်နေတာတုန်း?"
"ဆရာယန်...တစ်ခါတစ်ရံမှာမမောက်မာသင့်ဘူး
ဗျ... ဒီနေရာကကျောင်းသားအများစုမှာ
အင်အားကြီးအဆက်အသွယ်တွေမရှိကြပေမယ့်လို့
ခင်ဗျားအပြစ်ပြုလို့မရတဲ့သူတစ်ချို့ရှိကြတယ်"
ကုန်းအကြီးအကဲက သူ့ကိုအထင်မြင်သေးစွာ
ကြည့်လိုက်သည်။ သူ့အဆင့်က ဆရာယန်ထက်
မြင့်တာကြောင့် သဘာဝအားဖြင့် သူက
ဆရာယန်အား မျက်နှာသားပေးဖို့မလိုအပ်ပေ။
"ကုန်းအကြီးအကဲ...ဘာကိုဆိုလိုတာလဲ?
အဲ့လူငယ်လေးမှာ အင်အားကြီးအဆက်အသွယ်တွေ
ရှိတယ်လို့တော့မပြောနဲ့နော်?"
ဆရာယန်ကမကျေနပ်ပေမယ့် သူထုတ်မပြရဲပေ။
ကုန်းအကြီးအကဲက သူ သူ့ကိုမယုံကြည်တာကို
သိပေသည်။
"သူ့မှာအင်အားကြီးအဆက်အသွယ်ရှိလားတော့
ကျုပ်လည်းမသိဘူး... ဒါပေမယ့် သူ့နောက်က
လိုက်လာတဲ့သူကို ခင်ဗျားမှာအသက်တစ်ရာ
ရှိရင်တောင် အပြစ်ပြုလို့မရဘူး... သူ့နာမည်ကို
ခင်ဗျားသိလား?"
ယူရှောင်းမိုရဲ့မျက်နှာအသစ်ကို မှတ်မိသူအနည်း
အကျဉ်းသာရှိသည်။ ဒီအကြီးအကဲကုန်းက
ယူရှောင်းမိုကိုမမြင်ဖူးပေ၊ ဒါပေမယ့် သူ
ကျုံးယဲ့ရဲ့နာမည်နဲ့ သူ့နောက်ကွယ်က
မှော်ဆရာအစည်းအရုံးကိုတော့သိသည်။
ကျုံးယဲ့က လဲလှယ်ဌာနကိုအရင်ကလည်း
လာဖူးပေမယ့် အပိုင်းနှစ်နဲ့သုံးကိုပဲသွားတတ်၍
ဆရာယန်က သူ့ကိုမမြင်ဖူးပေ။
"ဘာတဲ့လဲ?" ဆရာယန် သူ့နှလုံးသားထဲမှာ
တစ်စတစ်စမြင့်တက်လာသောစိုးရိမ်ကြောင့်ကြမှုကို
မရပ်တန့်နိုင်ပေ။
သူ့တို့ဘေးကလူတိုင်း နားစွင့်လိုက်ကြသည်။
အထူးသဖြင့် အစောတုန်းကဆရာယန်ကို
ကူညီပေးလိုက်တဲ့သူတွေပင်။ ကုန်းအကြီးအကဲရဲ့
စကားကိုကြားတော့ နှလုံး တဒုန်းဒုန်းခုန်လာ
တော့သည်။
ကုန်းအကြီးအကဲက တမင်သက်သက်
သူတို့သိချင်စိတ်ကိုဆွပေးနေလိုက်သည်။
ခဏကြာတော့မှ သူ့ပါးစပ်ထောင့်ကိုပင့်ပြီး
ထုတ်ဖော်လိုက်၏။
"ကျုံးယဲ့"
ဆရာယန် သူ့ဦးနှောက်ကြီးပေါက်သွားပြီဟုပင်
ခံစားလိုက်ရသည်။
ကျုံးယဲ့ဟူသောအမည်က နားထဲကိုမိုးချိန်းသံတွေ
ထိုးဖောက်လာသလိုပဲ။ အကြောင်းကတော့
မှော်ဆရာအစည်းအရုံးက အဖိုးကြီးလိန်
အနှစ်သက်ဆုံးသောတပည့်လေးက ကျုံးယဲ့ဟု
အမည်ရသောကြောင့်ပင်။ သူ့နာမည်က
အတော်လေးထူးခြားသဖြင့် တစ်ခါကြားပြီးလျှင်
တစ်သက်မမေ့နိုင်မည့်နာမည်မျိုးဖြစ်သည်။
ဒါ့အပြင် နောင်မှာသူကမှော်ဆရာအစည်းအရုံးကို
ဆက်ခံမည်ဟူသော ကောလဟလတွေလည်း
ရှိနေသည်။
သူတို့အပြစ်ပြုမိတဲ့သူက ကျုံးယဲ့မဟုတ်ပေမယ့်လို့
အထူးတလည်နဲ့ အဆင့်အတန်းမြင့်လှတဲ့ပုဂ္ဂိုလ်လေး
ကျုံးယဲ့နဲ့ မိတ်ဆွေလုပ်နိုင်တဲ့သူက ဘယ်လိုလုပ်ပြီး
သာမာန်ဖြစ်မှာလဲ?
ထားလိုက်တော့ လောဘမကြီးလွန်းသင့်ဘူး!
ဆရာယန်ကို ကူညီပေးခဲ့သောလူနှစ်ယောက်မှာ
နောင်တရလွန်း၍ သေချင်စော်ပင်နံလာတော့သည်။
တစ်ဖက်တွင်တော့ အပိုင်းသုံးသို့သွားနေသည့်
ယူရှောင်းမိုမှာ သူ့အတွက်တစ်စုံတစ်ယောက်က
သွယ်ဝိုက်သောနည်းဖြင့် လက်စားချေပေးလိုက်ပြီ
ဖြစ်၍ ဆရာယန် အချိန်အတော်ကြာ
စားမဝင်အိပ်မပျော်ဖြစ်နေလောက်မည်ဆိုတာကို
မသိပေ။
အပိုင်းသုံးသည် အပိုင်းတစ်၏တစ်ဝက်ခန့်
အရွယ်သာရှိကာ ဆိုင်ခန်းဒါဇင်အနည်းငယ်သည်
ပျံ့ကျဲလို့နေ၏။ ဆိုင်ရှင်များက အထပ်၉၀ နှင့်
အထက်မှ အကြီးအကဲများဖြစ်ကြသည်။ သူတို့က
လရဲ့ပထမဆုံး ငါးရက်သာဖွင့်လှစ်ပြီး
နေ့လည်ပိုင်းတွင် ဆိုင်သိမ်းကြသည်။ သူတို့နဲ့
တွေ့ဖို့ နောက်တစ်ရက် ဒါမှမဟုတ် နောက်တစ်လ
စောင့်ရလောက်သည်။
သူတို့နှစ်ဦး ဝင်သွားသည်နှင့်တစ်ပြိုင်နက်
အကြည့်ပေါင်းများစွာကရောက်ရှိလာသည်။
သူတို့နှင့်အနီးဆုံး အဖိုးကြီးတစ်ဦးက
မှိန်းနေတဲ့မျက်လုံးတွေကို ရုတ်တရက်ဖွင့်လိုက်ပြီး
အနှောင့်အယှက်မဖြစ်စွာ ပြုံးလိုက်သည်။
"ဩ ကျုံးယဲ့ကိုး....ဒီတစ်ခါရောတို့အဖိုးကြီးတွေကို
'ပေး'စရာပစ္စည်းကောင်းတွေရှိတာလား"
ကျုံးယဲ့မှာ တကယ်ပဲပစ္စည်းကောင်းတွေအများကြီး
ရှိပြီး အပိုင်းသုံးသို့လာ၍ သုံးခါလဲလှယ်ပြီးပြီး
ဖြစ်လေသည်။ ကျုံးယဲ့နဲ့ချောင်ဝူရှင်း...
ဒီအထူးတလည်အဆင့်အတန်းနဲ့ လူငယ်လေး
နှစ်ယောက်က ဒီကအကြီးအကဲတွေ ကြိုဆိုကြတဲ့
နှစ်ယောက်ဖြစ်သည်။
"အကြီးအကဲကန်းကို ကျုံးယဲ့ကနှုတ်ဆက်ပါတယ်..
ဒီတစ်ခါ ကျွန်တော်လာတာ ကျွန်တော့်အတွက်
မဟုတ်ဘဲသူငယ်ချင်းတစ်ယောက်ကို
ခေါ်လာပေးတာပါ"
ကျုံးယဲ့က လက်နှစ်ဖက်ကိုယှက်၍ တရိုတသေ
ရှင်းပြလိုက်သည်။
အကြီးအကဲကန်းအကြည့်က ချက်ချင်းပဲ
ယူရှောင်းမိုဆီရွေ့သွားသည်။ သူ သံသယဝင်တဲ့
အသံနဲ့မပြောဘဲမနေနိုင်ပေ။
"သက်တန့်အဆင့်တစ်.... ပြီးတော့ အဆင့်နှစ်ကို
ချိုးဖျက်တော့မယ့်ဆဲဆဲမှာ....မင့်သူငယ်ချင်း
နာမည်ကဘာတဲ့လဲ?.. အရင်ကမမြင်ဖူးသလိုပဲ"
အကြီးအကဲကန်းက ယူရှောင်းမိုရဲ့ကျင့်ကြံဆင့်ကို
တစ်ကြောင်းတည်းနဲ့ထုတ်ဖော်လိုက်သည်။
ကျုံးယဲ့မျက်ဝန်းထဲတွင် အံ့အားသင့်ဟန်
တစ်စွန်းတစ်စမြင်ရနိုင်သည်။ သူ့လက်ရှိ
ကျင့်ကြံဆင့်က အဆင့်တစ်ဆယ် ထိပ်ဆုံးမှာ
ဖြစ်ကာ နောက်တစ်ဆင့်ကိုချိုးဖျက်ရန်
ခြေလှမ်းတစ်ဝက်မျှဝင်နေပြီဖြစ်သည်။
ယူရှောင်းမိုက သက်တန့်အဆင့်ကိုဝင်ရောက်ပြီးပြီ
ပေါ့?
"အကြီးအကဲကန်းကို နှုတ်ဆက်ပါတယ်ခင်ဗျာ..
ကျွန်တော်ကယူရှောင်းမိုလို့ခေါ်ပါတယ်"
ကျုံးယဲ့ ရိုရိုသေသေပြောတာကိုမြင်တော့
သူ့အဆင့်အတန်းက မှတ်ထင်လောက်စရာရှိမည်ကို
ယူရှောင်းမိုခန့်မှန်းမိသည်။
အမြဲလိုလို စိတ်မပါလက်မပါပုံစံရှိနေတတ်သည့်
အကြီးအကဲကန်းမှာ သူ့စကားကိုကြားသော်
ရုတ်ခြည်းခါးမတ်သွားပြီး သူနဲ့အခြားသော
အကြီးအကဲများ၏စူးစမ်းနေတဲ့အကြည့်တွေက
သူ့ဆီရောက်လာတော့သည်။
ခုနောက်ပိုင်း သူတို့ ယူရှောင်းမိုဆိုတဲ့နာမည်ကို
အကြိမ်ပေါင်းများစွာကြားခဲ့ရပြီး အဖိုးကြီးလိန်နဲ့
အဖိုးကြီးရှန်က သူ့ကိုအရမ်းစိတ်ဝင်စားနေတယ်
ဆိုတဲ့သတင်းကိုသိရပြီးတဲ့နောက် သူ့ကို
တွေ့ချင်နေခဲ့ကြတာကြာလေပြီ။
____________________
//Zawgyi//
အပိုင္း(၅၅၀) မ်က္စိမပါ (အျမင္မရိွ)
လဲလွယ္ေရးဌာနမွာ ေက်ာက္တံုးေတြကို
လဲလွယ္ျခင္းကသိပ္ေခတ္မရိွေပ။
စြမ္းအင္ေက်ာက္တံုးလဲလွယ္ရန္ ေတာင္းဆိုထား
ေသာသူသည္ အထပ္၇၀မွ ယန္ ဟုအမည္ရသၫ့္
ဆရာတစ္ဦးျဖစ္၏။ သူ႔ကို စြန႔္ဦးအလုပ္တစ္ခု
စတင္သူဟု မွတ္ယူလို႔ရသည္။ သူက အခ်ိန္မွန္မွန္
ေရာက္လာတတ္ကာ သူ႔ကို စြမ္းအင္ေက်ာက္တံုး
လဲလွယ္ေပးေသာ ႂကြယ္ဝခ်မ္းသာသၫ့္လူတစ္ခ်ိဳ႕
ရံဖန္ရံခါရိွေပမယ့္ မ်ားလွသည္ေတာ့မဟုတ္ေခ်။
သူ႔အျပဳအမူကအၿမဲလိုလိုေၾကာင္ေတာင္ေတာင္ႏိုင္၍
ထူးဆန္းေနတတ္ကာ လူတိုင္းအတြက္အသစ္အဆန္း
ျဖစ္လို႔ေနသည္။ သို႔ေသာ္လည္း အခ်ိန္တိုင္း
အဆင္ေျပေခ်ာေမြ့ေနတာေတာ့မဟုတ္ေပ၊
အေၾကာင္းမွာ ဒီလ သူဆိုင္ဖြင့္တာသံုးရက္ၾကာသည္
ထိတိုင္ေအာင္ ဘယ္သူကမွသူနဲ႔လဲလွယ္ျခင္း
မျပဳၾကေသးေသာေၾကာင့္ပင္။
လူတိုင္းသိတဲ့အတိုင္းပဲ စြမ္းအင္ေက်ာက္တံုးကို
ထံုထ်န္းတိုက္ႀကီးေပၚမွာ ေငြေၾကးအျဖစ္သံုးစဲြ
ေနၾကေပမယ့္လို႔ ၄တန္ေၾကးကလည္းျမင့္မားလွ
သည္။ ဒီလိုျဖစ္ေနရျခင္းက ၄ကိုေငြေၾကးအျဖစ္
သံုးစဲြႏိုင္ရံုသာမက က်င့္ႀကံရာတြင္ ေက်ာက္တံုး
အတြင္းရိွစြမ္းအင္ကိုစုပ္ယူ၍က်င့္ႀကံႏိုင္ေသာေၾကာင့္
လည္းျဖစ္သည္။
ဒီဆရာယန္က စြမ္းအင္ေက်ာက္တံုးကစြမ္းအင္ကို
စုပ္ယူ၍က်င့္ႀကံရတာကို ႏွစ္သက္သၫ့္
တိုက္ခိုက္သူတစ္ဦးျဖစ္သည္။ သူကဒီနည္းျဖင့္
စြမ္းအင္ေက်ာက္တံုးမ်ားကို ေဖာေဖာသီသီသံုးစဲြရာ
ငမဲြျဖစ္သြားေလသည္။
ထိုနည္းမွေကာင္းက်ိဳးမ်ားကို သိရိွၿပီးေနာက္
သူက အခ်ိန္မွန္မွန္ေရာက္လာတတ္ေတာ့သည္။
ဒီဆရာ့အေၾကာင္းေတြကို က်ဳံးယဲ့ၾကားခဲ့ဖူးသည္။
ေရွာင္ေယာင္တကၠသိုလ္က ေက်ာင္းသားေတြ
အကုန္လံုးက ေမွာ္ဆရာေတျြဖစ္သည္။
ေမွာ္ဆရာေတြက ေငြရွာရလြယ္ကူသၫ့္အျပင္
ေငြသံုးလည္းၾကမ္းၾကသည္။ စြမ္းရည္ရိွသူမ်ားႏွင့္
ခ်မ္းသာတဲ့မိသားစုမ်ားမွသူမ်ားကလဲြ၍
လူအမ်ားစုမွာ စြမ္းအင္ေက်ာက္တံုးမႂကြယ္ဝၾကေပ။
ဒါ့အျပင္ ဒီဆရာရဲ့ေဈးႏႈန္းက အေတာ္ေလး
ျမင့္ေနသည္။
ထို႔ေၾကာင့္ သူ သံုးရက္ၾကာဖြင့္လွစ္ထားေသာ္လည္း
သူ႔ဆိုင္သို႔ ဘယ္သူမွမလာၾကျခင္းျဖစ္သည္။
ယူေရွာင္းမိုက ဆိုင္ကေလးဆီတန္းတန္းမတ္မတ္
ေလ်ွာက္သြားလိုက္သည္။ က်ဳံးယဲ့တစ္ေယာက္သာ
အံ့ဩသြားသည္မဟုတ္ေပ။ ဒါကိုျမင္လိုက္ရ
သၫ့္လူတိုင္းက တစ္ေယာက္ၿပီးတစ္ေယာက္
အံ့အာ့သင့္ဟန္မ်ား ေဖာ္ျပလိုက္ၾကသည္။
တစ္စံုတစ္ဦးက 'ငါ့ကိုလွၫ့္စားပါ လွၫ့္စားပါ' ဟု
ဖိတ္ေခၚေနမည္မွန္း သူတို႔မထင္ထားမိခဲ့ၾကေပ။
"ဆရာခင္ဗ် အမွတ္တစ္မွတ္ကိုစြမ္းအင္ေက်ာက္တံုး
ဘယ္ႏွတံုးလဲဗ်"
ဆရာယန္က မ်က္လံုးပင့္လာကာ ယူေရွာင္းမိုကို
ျမင္တဲ့အခါ တစ္စကၠန႔္ခန႔္ေၾကာင္အသြားေလသည္။
သူ ဒီေနရာမွာထိုင္ေနတာသံုးရက္ရိွၿပီျဖစ္ၿပီး
သူ႔ဆိုင္ကေလးကို ဘယ္သူကမွအေရးမလုပ္တာႏွင့္
ပတ္သက္၍ တစ္နည္းနည္းျဖင့္အသားက်သြားၿပီ
ျဖစ္သည္။ တစ္စံုတစ္ဦးက ရုတ္တရက္ႀကီး
လာေမးေတာ့ သူမတံု႔ျပန္ႏိုင္ေတာ့ေခ်။
သူတံု႔ျပန္လာပံုကို ယူေရွာင္းမို နားလည္ေပးႏိုင္
တာေၾကာင့္ တစ္ခါထပ္ေမးလိုက္သည္။
ဆရာယန္က ေနာက္ဆံုးမွာ ျပန္တံု႔ျပန္သၫ့္
အေနျဖင့္ စိတ္ရင္းစိတ္မွန္ျဖင့္ႃပံုးျပလိုက္သည္။
"ဆရာ့မွာ ႏွစ္မွတ္တည္းပဲရိွတယ္... ႏွစ္မွတ္လံုး
ယူမယ္ဆိုရင္ေဈးေလ်ာ့ေပးမယ္...တစ္မွတ္ကို
စြမ္းအင္ေက်ာက္တံုးႏွစ္သိန္းပဲေပး"
ဒီေဈးကျမင့္ၿပီး လူအမ်ားစုဆို သူတို႔အိတ္ေထာင္ထဲ
စြမ္းအင္ေက်ာက္တံုးတစ္ေသာင္းေတာင္
မရိွတတ္ၾကေပ။
ယူေရွာင္းမိုေဘးမွာ ရပ္ေနခဲ့တဲ့က်ဳံးယဲ့က
ေအးစက္စြာျဖင့္ မ်က္ခံုးပင့္လိုက္သည္။
သူၾကားထားတဲ့ေဈးႏႈန္းက ႏွစ္သိန္းမဟုတ္ဘဲ
တစ္သိန္းသာျဖစ္သည္။ ဒီတစ္ခါေဈးႏႈန္းက
ႏွစ္ဆတက္သြားသျဖင့္ သူၾကားဖူးတဲ့
ေကာလဟလေတြကို ျပန္ေတြးမိသြားေတာ့သည္။
"ဆရာ...ဒီေဈးကမမ်ားလြန္းဘူးလား"
ယူေရွာင္းမိုက မေျပာင္းလဲသၫ့္မ်က္ႏွာထားႏွင့္
ေမးလိုက္သည္။ သူ႔မွာ စြမ္းအင္ေက်ာက္တံုး
အမ်ားႀကီးရိွသည္၊ ဒါေပမယ့္ ဒါက သူ႔ကို
အျခားသူေတြလွၫ့္စားတာကို ခံမည္ဟုမဆိုလိုေပ။
သူ႔ေခါင္းကို ျမည္းကန္ခံထားရတာမွမဟုတ္တာ။
ဆရာယန္က ေအးေဆးစြာျပန္ေျဖေလသည္။
"ဒါျဖင့္ရင္ ဘယ္ဟာအေရးႀကီးတယ္လို႔ထင္လဲ?..
အမွတ္လား စြမ္းအင္ေက်ာက္တံုးလား..?"
ဆရာယန္က သူ႔ကိုခက္ခဲေအာင္လုပ္ေနသည္။
ယူေရွာင္းမိုကအမႈမထားဘဲျပန္ေျပာလိုက္သည္။
"အခုကၽြန္ေတာ့္အတြက္ အမွတ္ေတြကပိုအေရးႀကီး
တယ္..ဒါေပမယ့္ ေရြးခ်ယ္စရာေတြမွအမ်ားႀကီးပဲ
ရိွေသးတယ္ေလ..မဟုတ္ဘူးလား? စြမ္းအင္
ေက်ာက္တံုးႏွစ္သိန္းဆို အဆင့္ကိုးေမွာ္ေဆးပင္
ရိုးတံႏွစ္ခုဝယ္လို႔ရတယ္..ၿပီးရင္ တစ္ျခားဆရာေတြ
နဲ႔လဲလွယ္လိုက္ရင္ ႏွစ္မွတ္ သံုးမွတ္ေလာက္ေတာ့
ရမွာပဲ... ဆရာေရာအဲ့လိုမထင္ဘူးလား?"
ယူေရွာင္းမိုျပန္ေျပာတာၾကားၿပီးတဲ့အခါ ဆရာယန္မွာ
မ်က္ႏွာပင္မျပရဲေတာ့ေခ်။
"ဒါဆို... ဘယ္ေလာက္ျဖစ္သင့္တယ္ထင္လဲ?"
သူက ယူေရွာင္းမိုကို သိုးဝေလးဟုျမင္ခဲ့သျဖင့္
ေဈးၿမွင့္ရန္စိတ္ကူးကိုရသြားျခင္းျဖစ္သည္။
လူခ်မ္းသာေတြက ဒီေလာက္ပမာဏေလးကို
အမႈမထားတတ္ၾကေပ။ ဒါ့အျပင္ သူကလည္း
ေရွာင္ေယာင္တကၠသိုလ္က ဆရာတစ္ေယာက္
ျဖစ္ေနသည္။ အနည္းဆံုးေတာ့ သူ႔ကိုမ်က္ႏွာသာ
ေပးသင့္တယ္ေလ...မဟုတ္ဘူးလား?
သူကလူေတြကို မတန္တဆေဈးေတာင္းတတ္သျဖင့္
ေဈးႏႈန္းကိုခဏခဏျပဳျပင္ေျပာင္းလဲျခင္းေၾကာင့္
နာမည္ေက်ာ္လာၿပီး ထို႔ေၾကာင့္ပင္ ဒီလမွာ
သူဆိုင္ဖြင့္တာ သံုးရက္ၾကာၿပီျဖစ္ေပမယ့္
သူ႔ဆိုင္ကို ဘယ္သူမွမလာၾကတာျဖစ္သည္။ အခု
သူက သိုးဝဝတစ္ေကာင္ကိုဖမ္းမိလိုက္ရာ
ေနာက္တစ္ေခါက္မွာ ဒီေလာက္ကံမေကာင္းႏိုင္
တာေၾကာင့္မတန္တဆေဈးေတာင္းလိုက္မိေလသည္။
တစ္ဖက္လူက နည္းနည္းမွအရႈံးမခံဘဲ သူ႔ကိုလည္း
မ်က္ႏွာသာမေပးေလာက္ဘူးလို႔ သူဘယ္လိုလုပ္
သိခဲ့မွာလဲ?
"တစ္မွတ္ကို ငါးေသာင္း"
သူ႔စကားကိုၾကားၿပီးေနာက္ ယူေရွာင္းမို ခ်ဳပ္တည္း
မထားေတာ့ေပ။
"ဘာေျပာလိုက္တယ္?!"
ဆရာယန္က ရုတ္ခ်ည္းေခါင္းေမာ့လာၿပီး
သူ႔မ်က္ႏွာထက္တြင္ နားၾကားလဲြဟန္ျဖင့္
အံ့အားသင့္မႈမ်ားျပၫ့္ႏွက္ေန၏။ သူ႔အသံက
အနည္းငယ္က်ယ္ေလာင္သြားသျဖင့္ ေဘးမွ
လူမ်ားကလွၫ့္ၾကၫ့္လာၾကသည္။
ယူေရွာင္းမိုက စိတ္ရွည္စြာနဲ႔ထပ္ေျပာလိုက္သည္။
"တစ္မွတ္ကိုငါးေသာင္း"
သူ႔ရဲ့တည္ၿငိမ္ေအးေဆးေနတဲ့အမူအရာကို
ျမင္ေတာ့က်ဳံးယဲ့က ယူေရွာင္းမိုသူ႔အကူအညီမလိုမွန္း
သိလိုက္သည္။
ဆရာယန္က ခ်က္ခ်င္းပဲေထ့ေငါ့လိုက္၏။
"ငါ့အဖြင့္ေဈးကစြမ္းအင္ေက်ာက္တံုးႏွစ္သိန္းေလ၊
မင္းကငါးေသာင္းနဲ႔လိုခ်င္တယ္ေပါ့... အမွတ္ေတြက
ေကာင္းကင္ေပၚကျပဳတ္က်လာတယ္မ်ား
ထင္ေနလား?!"
"ဒါဆိုဆရာကေရာစြမ္းအင္ေက်ာက္တံုးေတြက
ေကာင္းကင္ေပၚကျပဳတ္က်လာတယ္ထင္ေနလား?"
ယူေရွာင္းမို လက္ျဖန႔္ျပလိုက္သည္။ သူ႔မ်က္ႏွာကို
ၾကၫ့္ၿပီး ဒီဆရာက သိုးဝဝကစ္ကစ္တစ္ေကာင္ဟု
ျမင္လိုက္သည္မွာ တစ္ရာရာခိုင္ႏႈန္းေသခ်ာသည္။
စြမ္းအင္ေက်ာက္တံုးႏွစ္သိန္းေဈးက တကယ့္ကို
မ်ားလြန္းသည္။
သူ႔အေျဖစကားေၾကာင့္ ဆရာယန္ နင္သြားၿပီး
ျပန္ျငင္းတဲ့အခါ သူ႔မ်က္လံုးေတြကိုေရွာင္ဖယ္
ေနေတာ့သည္။
"တစ္သိန္းရွစ္ေသာင္းအနိမ့္ဆံုးပဲ.... မင္းက
အထပ္၈၀ ရဲ့အထက္ကေက်ာင္းသားမွန္းသိတယ္...
မင္းအတြက္ အမွတ္တစ္မွတ္ကဒီစြမ္းအင္
ေက်ာက္တံုးေတြထက္ ပိုအေရးပါပါတယ္...
တစ္သိန္းရွစ္ေသာင္းနဲ႔လဲလိုက္... ငါတို႔ႏွစ္ေယာက္
လံုးအတြက္ျမတ္တာပဲကို.."
ယူေရွာင္းမိုၾကၫ့္လိုက္သည္။ သူကေနာက္ဆံုး
စာေၾကာင္းနဲ႔ၿခိမ္းေျခာက္ေနတာလား?
ဆရာယန္ေျပာသလိုပဲ အမွတ္ေတြက အထပ္ျမင့္
လာေလေလပိုအေရးပါေလေလျဖစ္သည္။
အခ်ိဳ႕ေသာဆရာမ်ားက ဒါကိုအခြင့္ေကာင္းယူ၍
ေက်ာင္းသားမ်ားကို အထပ္အလိုက္ မတူညီတဲ့
ေဈးႏႈန္းမ်ားေတာင္းခံတတ္ၾကသည္။
အျခားေက်ာင္းသားေတြက ဒီအမွတ္ေတြကရမယ့္
အက်ိဳးေက်းဇူးကိုပဲၾကၫ့္တာျဖစ္တာေၾကာင့္
မ်ားေသာအားျဖင့္ သူတို႔က လွၫ့္စားခံရတာကို
မမႈၾကေပ။ လူအမ်ားက ပံုမွန္မဟုတ္တာကို
ခက္ခက္ခဲခဲျဖင့္လက္ခံလိုက္ၾကကာ တစ္ဖက္က
အႀကီးအကဲဆရာလည္းျဖစ္ေနသည္။ သူနဲ႔
ျငင္းခုန္ၿပီး မ်က္ႏွာသာမေပးျခင္းက သူ႔ကို
အျပစ္ျပဳမိရာေရာက္မည္ျဖစ္သည္။
ဒါေၾကာင့္ပဲ ဆရာယန္က မတန္တဆေဈးကို
ေတာင္းခံရဲတာျဖစ္သည္။ ကံဆိုးတာက သူက
ဒီေန့ေတာ့ ကံမေကာင္းဖို႔အေၾကာင္းဖန္ေနသည္။
ယူေရွာင္းမိုက ေရွာင္ေယာင္တကၠသိုလ္ကို
က်ဳံးယဲ့တို႔နဲ႔တစ္ေန့တည္းဝင္ေရာက္ခဲ့တာ
ျဖစ္ေပမယ့္ သူ႔အခ်ိန္အမ်ားစုကို ပင္မေဆာင္ႀကီး
အတြင္းမွာပဲကုန္ဆံုးခဲ့သည္။ လဲလွယ္ဌာနအေၾကာင္း
ကိုေတာင္ က်ဳံးယဲ့ကေျပာျပခဲ့ျခင္းျဖစ္သည္။
'စည္းမ်ဉ္း' ေတြကိုနားမလည္တဲ့ ေက်ာင္းသားကို
ဆရာယန္ အခြင့္ေကာင္းယူႏိုင္ဖို႔မျဖစ္ႏိုင္ေပ။
ဒီအေၾကာင္းကို က်ဳံးယဲ့ သိေပမယ့္ သူ
ယူေရွာင္းမိုကိုမေျပာျပလိုက္ေပ။
ဘာေၾကာင့္ဆို ယူေရွာင္းမိုက အထပ္၉၀မွ
ေက်ာင္းသားဆိုသည္ကို သိသူသိပ္မရိွေသာေၾကာင့္
ပင္။ ဆရာေတြအႀကီးအကဲေတြက
ဘယ္ေက်ာင္းသားက ဘယ္အထပ္ကလဲ
မဆံုးျဖတ္ႏိုင္လ်ွင္ ပံုမွန္အားျဖင့္ မတန္တဆေဈးကို
ေတာင္းမည္မဟုတ္ေပ။
သူေတြးထားတာဒီလိုပဲ...ဒါေပမယ့္ အျမင္မရိွတဲ့
ဆရာတစ္ေယာက္ ေပၚလာတာပါပဲေလ......
"အမ်ားဆံုးငါးေသာင္းပဲ... မလိုခ်င္ရင္
ကၽြန္ေတာ္ေနာက္တစ္ဆိုင္ပဲရွာလိုက္ေတာ့မယ္...
လဲလွယ္ဌာနမွာဆရာ့ဆိုင္တစ္ဆိုင္တည္းရိွတာမွ
မဟုတ္တာ"
ယူေရွာင္းမိုက သူ႔ၿခိမ္းေျခာက္မႈေတြကိုဂရုမထား
ေပ။ ဒီလိုလူမ်ိဳးက တစ္လက္မေပးတစ္မိုင္ေလာက္
လိုခ်င္ လူမ်ိဳးျဖစ္သည္။
ဆရာယန္က ေလွာင္လိုက္သည္။
"ေကာင္ေလး သတၲိရိွသား..ေစာင့္ၾကၫ့္တာေပါ့!"
ဒီစာေၾကာင္းကိုၾကားေတာ့ သူ႔ေရြးခ်ယ္မႈကို
ယူေရွာင္းမိုသိလိုက္ရာ ျပန္လွၫ့္ၿပီးထြက္လာ
ခဲ့ေတာ့သည္။ သူလည္း ဒီအလဲအလွယ္ကို
ထပ္ၿပီးလုပ္ခ်င္စိတ္မရိွေတာ့ေပ။ ဒီလိုလူမ်ိဳးနဲ႔
အဆက္အဆံျပဳလုပ္ရျခင္းက သူ႔ကိုပဲ
ေအာ္ဂလီဆန္ေစသည္။
ဆရာယန႔္မ်က္ႏွာေပၚက ေထ့ေငါ့ေလွာင္ေျပာင္မႈကို
ၾကၫ့္ၿပီးမွ က်ဳံးယဲ့ကသူ႔ေနာက္လိုက္
သြားလိုက္သည္။
ဆိုင္သံုးဆိုင္ကိုသြားၿပီး ႏွစ္ဆိုင္ကျငင္းတာကို
ခံလိုက္ရၿပီးေနာက္ ယူေရွာင္းမို "ေစာင့္ၾကၫ့္တာေပါ့"
၏ဆိုလိုရင္းကို သိသြားသည္။ အပိုင္းတစ္က
ဆရာေတြက အႀကံတူဉာဏ္တူေတျြဖစ္ေနတာပဲ။
ေနာက္ဆံုးသူေရြးခ်ယ္လိုက္သၫ့္ေဈးဆိုင္ႏွင့္
လဲလွယ္ရန္ရည္ရြယ္လိုက္ေသာ္လည္း တစ္ဖက္က
'မင္းက ဆရာယန႔္ကိုအာခံတယ္၊ မင္းနဲ႔မလဲဘူး'
ဟူသၫ့္မ်က္ႏွာအမူအရာ ရိွေနေလသည္။
သူ ထိုဆရာယန္အားေနာက္တစ္ေခါက္သြားၾကၫ့္
သၫ့္အခါ တစ္ဖက္လူက သူ႔ကိုရန္စသၫ့္အၾကၫ့္
ျဖင့္ၾကၫ့္ေလသည္။
ကေလးကလားနဲ႔!
ယူေရွာင္းမို စိတ္ထဲက်ိန္ဆဲမိလိုက္သည္။
အမွန္ေတာ့ ဆရာယန္နဲ႔ရင္းႏွီးတဲ့သူေတြကို
ေရြးလိုက္မိတဲ့ သူ႔ကံကိုကမေကာင္းတာလည္း
ပါသည္။ ဆရာယန္က အပိုင္းတစ္တြင္နာမည္ႀကီး
ပုဂၢိုလ္တစ္ဦးဟု ယူဆႏိုင္ေသာ္လည္း ဆရာတိုင္းက
သူ႔လိုမဟုတ္ၾကေပ။
ေဘးကလူေတြကျမင္တဲ့အခါ အခ်ိဳ႕ကသူ႔ကို
ကရုဏာသက္စြာၾကၫ့္လိုက္ၾက၏။
"အပိုင္းႏွစ္ကိုသြားရေအာင္... အပိုင္းႏွစ္က
ေဈးကသံုးမွတ္ကေနငါးမွတ္ၾကားရိွတယ္...
တစ္ခါလဲလွယ္လိုက္ရင္ ေနာက္တစ္လအတြက္ပါ
အဆင္ေျပေလာက္မယ္"
က်ဳံးယဲ့ကတည္ၿငိမ္စြာျဖင့္ေျပာလိုက္သည္။
ယူေရွာင္းမို ေခါင္းယမ္းလိုက္သည္။
"ဒါဆို အပိုင္းသံုးကေဈးက ေျခာက္မွတ္ကေန
ကိုးမွတ္ၾကားရိွမွာမလား"
က်ဳံးယဲ့ : "ဟင့္အင္း ေဈးကေျခာက္မွတ္အထက္မွာ
ရိွတယ္....ဒါေပမယ့္အကန႔္အသတ္မရိွဘူး"
"ဒါျဖင့္ အပိုင္းသံုးသြားရေအာင္"
ယူေရွာင္းမို ခ်က္ခ်င္းပဲဆံုးျဖတ္လိုက္ေတာ့သည္။
အပိုင္းသံုးက ဆရာအႀကီးအကဲေတြက
ဘာေတာင္းေလာက္မလဲ သူေတာ္ေတာ္ေလး
သိခ်င္စိတ္ျဖစ္မိသည္။ သူတို႔ကေမွာ္ေဆးပင္
လိုခ်င္ပါက ျပႆနာမရိွေပ။
လူႏွစ္ဦးက အပိုင္းတစ္မွထြက္ခြာသြားၾကသည္။
သို႔ေသာ္လည္း ေဘးလူေတြကေတာ့ သူတို႔ေျပာတာ
ၾကားရၿပီးတဲ့ေနာက္ တစ္ေယာက္မ်က္ႏွာ
တစ္ေယာက္ၾကၫ့္လိုက္မိၾက၏။
အပိုင္းသံုးဆိုတာဘယ္လိုေနရာလဲ? အဲ့ဒါက
အထပ္၉၀က ေက်ာင္းသားေတြသြားတဲ့ေနရာ
ျဖစ္သည္။ ဒီေက်ာင္းသားေတြက ေရွာင္ေယာင္
တကၠသိုလ္မွာအလားအလာအေကာင္းဆံုး။
တစ္ခါတစ္ေလ ဆရာေတြကေတာင္
သူတို႔ကိုမ်က္ႏွာသာနည္းနည္းေပးရေသးသည္။
ယူေရွာင္းမိုကအထပ္၈၀အထက္ကျဖစ္မယ္လို႔
ဆရာယန္ ခန႔္မွန္းမိခဲ့ေပမယ့္ သူ႔အဆင့္က
အထပ္၉၀ရဲ့အထက္မွာလို႔ မထင္ထားခဲ့ေပ။
ဒီအခိုက္အတံ့မွာ သူ႔ႏွလံုးက တဒုန္းဒုန္းခုန္လာၿပီး
သူဒီေလာက္ကံမဆိုးေလာက္ပါဘူးဟု ေျဖသိမ့္
လိုက္ရသည္။ ဒါ့အျပင္ အရာရာတိုင္းကို
ပံုေသသတ္မွတ္ထားတာမဟုတ္ေပ။ အထပ္နိမ့္မွ
ေက်ာင္းသားတစ္ခ်ိဳ႕လည္း အပိုင္းသံုးကို
ေလ်ွာက္ပတ္ၾကၫ့္တတ္ၾကေပသည္။
ထိုအခိုက္ သူ႔ေဘးမွအႀကီးအကဲက
ခပ္ဖြဖြရယ္လိုက္၏။
ဆရာယန္က ၾကားလိုက္ရ၍ မေမးဘဲမေနႏိုင္ေပ။
"ကုန္းအႀကီးအကဲ ဘာေတြရယ္ေနတာတုန္း?"
"ဆရာယန္...တစ္ခါတစ္ရံမွာမေမာက္မာသင့္ဘူး
ဗ်... ဒီေနရာကေက်ာင္းသားအမ်ားစုမွာ
အင္အားႀကီးအဆက္အသြယ္ေတြမရိွၾကေပမယ့္လို႔
ခင္ဗ်ားအျပစ္ျပဳလို႔မရတဲ့သူတစ္ခ်ိဳ႕ရိွၾကတယ္"
ကုန္းအႀကီးအကဲက သူ႔ကိုအထင္ျမင္ေသးစြာ
ၾကၫ့္လိုက္သည္။ သူ႔အဆင့္က ဆရာယန္ထက္
ျမင့္တာေၾကာင့္ သဘာဝအားျဖင့္ သူက
ဆရာယန္အား မ်က္ႏွာသားေပးဖို႔မလိုအပ္ေပ။
"ကုန္းအႀကီးအကဲ...ဘာကိုဆိုလိုတာလဲ?
အဲ့လူငယ္ေလးမွာ အင္အားႀကီးအဆက္အသြယ္ေတြ
ရိွတယ္လို႔ေတာ့မေျပာနဲ႔ေနာ္?"
ဆရာယန္ကမေက်နပ္ေပမယ့္ သူထုတ္မျပရဲေပ။
ကုန္းအႀကီးအကဲက သူ သူ႔ကိုမယံုၾကည္တာကို
သိေပသည္။
"သူ႔မွာအင္အားႀကီးအဆက္အသြယ္ရိွလားေတာ့
က်ဳပ္လည္းမသိဘူး... ဒါေပမယ့္ သူ႔ေနာက္က
လိုက္လာတဲ့သူကို ခင္ဗ်ားမွာအသက္တစ္ရာ
ရိွရင္ေတာင္ အျပစ္ျပဳလို႔မရဘူး... သူ႔နာမည္ကို
ခင္ဗ်ားသိလား?"
ယူေရွာင္းမိုရဲ့မ်က္ႏွာအသစ္ကို မွတ္မိသူအနည္း
အက်ဉ္းသာရိွသည္။ ဒီအႀကီးအကဲကုန္းက
ယူေရွာင္းမိုကိုမျမင္ဖူးေပ၊ ဒါေပမယ့္ သူ
က်ဳံးယဲ့ရဲ့နာမည္နဲ႔ သူ႔ေနာက္ကြယ္က
ေမွာ္ဆရာအစည္းအရံုးကိုေတာ့သိသည္။
က်ဳံးယဲ့က လဲလွယ္ဌာနကိုအရင္ကလည္း
လာဖူးေပမယ့္ အပိုင္းႏွစ္နဲ႔သံုးကိုပဲသြားတတ္၍
ဆရာယန္က သူ႔ကိုမျမင္ဖူးေပ။
"ဘာတဲ့လဲ?" ဆရာယန္ သူ႔ႏွလံုးသားထဲမွာ
တစ္စတစ္စျမင့္တက္လာေသာစိုးရိမ္ေၾကာင့္ၾကမႈကို
မရပ္တန႔္ႏိုင္ေပ။
သူ႔တို႔ေဘးကလူတိုင္း နားစြင့္လိုက္ၾကသည္။
အထူးသျဖင့္ အေစာတုန္းကဆရာယန္ကို
ကူညီေပးလိုက္တဲ့သူေတြပင္။ ကုန္းအႀကီးအကဲရဲ့
စကားကိုၾကားေတာ့ ႏွလံုး တဒုန္းဒုန္းခုန္လာ
ေတာ့သည္။
ကုန္းအႀကီးအကဲက တမင္သက္သက္
သူတို႔သိခ်င္စိတ္ကိုဆြေပးေနလိုက္သည္။
ခဏၾကာေတာ့မွ သူ႔ပါးစပ္ေထာင့္ကိုပင့္ၿပီး
ထုတ္ေဖာ္လိုက္၏။
"က်ဳံးယဲ့"
ဆရာယန္ သူ႔ဦးေနွာက္ႀကီးေပါက္သြားၿပီဟုပင္
ခံစားလိုက္ရသည္။
က်ဳံးယဲ့ဟူေသာအမည္က နားထဲကိုမိုးခ်ိန္းသံေတြ
ထိုးေဖာက္လာသလိုပဲ။ အေၾကာင္းကေတာ့
ေမွာ္ဆရာအစည္းအရံုးက အဖိုးႀကီးလိန္
အႏွစ္သက္ဆံုးေသာတပၫ့္ေလးက က်ဳံးယဲ့ဟု
အမည္ရေသာေၾကာင့္ပင္။ သူ႔နာမည္က
အေတာ္ေလးထူးျခားသျဖင့္ တစ္ခါၾကားၿပီးလ်ွင္
တစ္သက္မေမ့ႏိုင္မၫ့္နာမည္မ်ိဳးျဖစ္သည္။
ဒါ့အျပင္ ေနာင္မွာသူကေမွာ္ဆရာအစည္းအရံုးကို
ဆက္ခံမည္ဟူေသာ ေကာလဟလေတြလည္း
ရိွေနသည္။
သူတို႔အျပစ္ျပဳမိတဲ့သူက က်ဳံးယဲ့မဟုတ္ေပမယ့္လို႔
အထူးတလည္နဲ႔ အဆင့္အတန္းျမင့္လွတဲ့ပုဂၢိုလ္ေလး
က်ဳံးယဲ့နဲ႔ မိတ္ေဆြလုပ္ႏိုင္တဲ့သူက ဘယ္လိုလုပ္ၿပီး
သာမာန္ျဖစ္မွာလဲ?
ထားလိုက္ေတာ့ ေလာဘမႀကီးလြန္းသင့္ဘူး!
ဆရာယန္ကို ကူညီေပးခဲ့ေသာလူႏွစ္ေယာက္မွာ
ေနာင္တရလြန္း၍ ေသခ်င္ေစာ္ပင္နံလာေတာ့သည္။
တစ္ဖက္တြင္ေတာ့ အပိုင္းသံုးသို႔သြားေနသၫ့္
ယူေရွာင္းမိုမွာ သူ႔အတြက္တစ္စံုတစ္ေယာက္က
သြယ္ဝိုက္ေသာနည္းျဖင့္ လက္စားေခ်ေပးလိုက္ၿပီ
ျဖစ္၍ ဆရာယန္ အခ်ိန္အေတာ္ၾကာ
စားမဝင္အိပ္မေပ်ာ္ျဖစ္ေနေလာက္မည္ဆိုတာကို
မသိေပ။
အပိုင္းသံုးသည္ အပိုင္းတစ္၏တစ္ဝက္ခန႔္
အရြယ္သာရိွကာ ဆိုင္ခန္းဒါဇင္အနည္းငယ္သည္
ပ်ံ႔က်ဲလို႔ေန၏။ ဆိုင္ရွင္မ်ားက အထပ္၉၀ ႏွင့္
အထက္မွ အႀကီးအကဲမ်ားျဖစ္ၾကသည္။ သူတို႔က
လရဲ့ပထမဆံုး ငါးရက္သာဖြင့္လွစ္ၿပီး
ေန့လည္ပိုင္းတြင္ ဆိုင္သိမ္းၾကသည္။ သူတို႔နဲ႔
ေတြ့ဖို႔ ေနာက္တစ္ရက္ ဒါမွမဟုတ္ ေနာက္တစ္လ
ေစာင့္ရေလာက္သည္။
သူတို႔ႏွစ္ဦး ဝင္သြားသည္ႏွင့္တစ္ၿပိဳင္နက္
အၾကၫ့္ေပါင္းမ်ားစြာကေရာက္ရိွလာသည္။
သူတို႔ႏွင့္အနီးဆံုး အဖိုးႀကီးတစ္ဦးက
မိွန္းေနတဲ့မ်က္လံုးေတြကို ရုတ္တရက္ဖြင့္လိုက္ၿပီး
အေနွာင့္အယွက္မျဖစ္စြာ ႃပံုးလိုက္သည္။
"ဩ က်ဳံးယဲ့ကိုး....ဒီတစ္ခါေရာတို႔အဖိုးႀကီးေတြကို
'ေပး'စရာပစၥည္းေကာင္းေတြရိွတာလား"
က်ဳံးယဲ့မွာ တကယ္ပဲပစၥည္းေကာင္းေတြအမ်ားႀကီး
ရိွၿပီး အပိုင္းသံုးသို႔လာ၍ သံုးခါလဲလွယ္ၿပီးၿပီး
ျဖစ္ေလသည္။ က်ဳံးယဲ့နဲ႔ေခ်ာင္ဝူရွင္း...
ဒီအထူးတလည္အဆင့္အတန္းနဲ႔ လူငယ္ေလး
ႏွစ္ေယာက္က ဒီကအႀကီးအကဲေတြ ႀကိဳဆိုၾကတဲ့
ႏွစ္ေယာက္ျဖစ္သည္။
"အႀကီးအကဲကန္းကို က်ဳံးယဲ့ကႏႈတ္ဆက္ပါတယ္..
ဒီတစ္ခါ ကၽြန္ေတာ္လာတာ ကၽြန္ေတာ့္အတြက္
မဟုတ္ဘဲသူငယ္ခ်င္းတစ္ေယာက္ကို
ေခၚလာေပးတာပါ"
က်ဳံးယဲ့က လက္ႏွစ္ဖက္ကိုယွက္၍ တရိုတေသ
ရွင္းျပလိုက္သည္။
အႀကီးအကဲကန္းအၾကၫ့္က ခ်က္ခ်င္းပဲ
ယူေရွာင္းမိုဆီေရြ့သြားသည္။ သူ သံသယဝင္တဲ့
အသံနဲ႔မေျပာဘဲမေနႏိုင္ေပ။
"သက္တန႔္အဆင့္တစ္.... ၿပီးေတာ့ အဆင့္ႏွစ္ကို
ခ်ိဳးဖ်က္ေတာ့မယ့္ဆဲဆဲမွာ....မင့္သူငယ္ခ်င္း
နာမည္ကဘာတဲ့လဲ?.. အရင္ကမျမင္ဖူးသလိုပဲ"
အႀကီးအကဲကန္းက ယူေရွာင္းမိုရဲ့က်င့္ႀကံဆင့္ကို
တစ္ေၾကာင္းတည္းနဲ႔ထုတ္ေဖာ္လိုက္သည္။
က်ဳံးယဲ့မ်က္ဝန္းထဲတြင္ အံ့အားသင့္ဟန္
တစ္စြန္းတစ္စျမင္ရႏိုင္သည္။ သူ႔လက္ရိွ
က်င့္ႀကံဆင့္က အဆင့္တစ္ဆယ္ ထိပ္ဆံုးမွာ
ျဖစ္ကာ ေနာက္တစ္ဆင့္ကိုခ်ိဳးဖ်က္ရန္
ေျခလွမ္းတစ္ဝက္မ်ွဝင္ေနၿပီျဖစ္သည္။
ယူေရွာင္းမိုက သက္တန႔္အဆင့္ကိုဝင္ေရာက္ၿပီးၿပီ
ေပါ့?
"အႀကီးအကဲကန္းကို ႏႈတ္ဆက္ပါတယ္ခင္ဗ်ာ..
ကၽြန္ေတာ္ကယူေရွာင္းမိုလို႔ေခၚပါတယ္"
က်ဳံးယဲ့ ရိုရိုေသေသေျပာတာကိုျမင္ေတာ့
သူ႔အဆင့္အတန္းက မွတ္ထင္ေလာက္စရာရိွမည္ကို
ယူေရွာင္းမိုခန႔္မွန္းမိသည္။
အၿမဲလိုလို စိတ္မပါလက္မပါပံုစံရိွေနတတ္သၫ့္
အႀကီးအကဲကန္းမွာ သူ႔စကားကိုၾကားေသာ္
ရုတ္ျခည္းခါးမတ္သြားၿပီး သူနဲ႔အျခားေသာ
အႀကီးအကဲမ်ား၏စူးစမ္းေနတဲ့အၾကၫ့္ေတြက
သူ႔ဆီေရာက္လာေတာ့သည္။
ခုေနာက္ပိုင္း သူတို႔ ယူေရွာင္းမိုဆိုတဲ့နာမည္ကို
အႀကိမ္ေပါင္းမ်ားစြာၾကားခဲ့ရၿပီး အဖိုးႀကီးလိန္နဲ႔
အဖိုးႀကီးရွန္က သူ႔ကိုအရမ္းစိတ္ဝင္စားေနတယ္
ဆိုတဲ့သတင္းကိုသိရၿပီးတဲ့ေနာက္ သူ႔ကို
ေတြ့ခ်င္ေနခဲ့ၾကတာၾကာေလၿပီ။
____________________