//Unicode//
အပိုင်း(၅၄၉) ပစ္စည်းလဲလှယ်ရာသီးသန့်ဌာန
ယူရှောင်းမိုနှင့်လင်းရှောင် ကျုံထျန်းသို့ပြန်ရောက်
နေပြီဟူသောသတင်းက အလွန်လျှင်မြန်စွာ
ပျံ့နှံ့သွားခဲ့သည်။
မီးလောင်ရာလေပင့်သူက ဘယ်သူလဲမသိကြပေမယ့်
သတင်းပျံ့နှုန်းက အင်မတန်မြန်ပြီး သူတို့ငှားယမ်း
ထားသောတည်းခိုခန်းပင် ပေါက်ကြားသွားခဲ့သည်။
ရှောင်ယောင်တက္ကသိုလ်မှာ မနေထိုင်ခြင်း၏
အကျိုးဆက်ကတော့ တစ်ခါတစ်ရံမှာ ဓားတွေ
သေနတ်တွေတယမ်းယမ်းနဲ့လူတွေ ရောက်ရောက်
လာတတ်ခြင်းဖြစ်လေသည်။
(T/n; သေနတ်တော့မရှိဘူးပေါ့နော် တင်စား
ထားတာဖြစ်မယ် :D)
ကျုံထျန်း၌ သွေးစွေးနီမိသားစုမှကင်းထောက်များ
အမှန်ပင်ရှိနေကာ ဒီကင်းထောက်တွေကညတိုင်း
ဆိုသလို တည်းခိုခန်းသို့လာရောက်ကာ
သတင်းနှိုက်ယူတတ်ကြသည်။ ရလဒ်ကတော့
သူတို့အကုန်လုံး ယမမင်းကြီးနှင့်တိုက်ရိုက်သွားတွေ့
ရတော့သည်။ ပြီးတော့ သူတို့ကဒါကိုတောင်
နှစ်ခြိုက်နေပုံရ၏။
ယူရှောင်းမိုမှာ ဒီလောက်ထိသေချင်စိတ်ပြင်းပြနေတဲ့
လူတွေကိုမြင်ဖူးတာ ပထမဆုံးဖြစ်လေသည်။
သူတို့က တည်းခိုခန်းတွင်နှစ်ရက်ကြာမျှနေထိုင်
ခဲ့သည်။
ယူရှောင်းမို လက်ချောင်းလေးတွေချိုးပြီး
ရေတွက်ကြည့်သည့်အခါ သူတို့က ညတိုင်း
တည်းခိုခန်းသို့လာရောက်သောလူ
ခုနစ်သုတ်ရှစ်သုတ်ခန့် တစ်နည်းအားဖြင့်
လူကိုးဆယ်ရာခိုင်နှုန်းခန့်အား တည်းခိုခန်း
အနောက်ဘက်သို့သစ်ပင်ပန်းပင်မြေဩဇာအဖြစ်
စွန့်ပစ်ခဲ့ကြောင်း တွေ့ရှိလိုက်ရလေသည်။
ဒုတိယနေ့၌ တည်းခိုခန်းအနောက်ဘက်ရှိ
အလောင်းပုံကြီးမှာ တည်းခိုခန်းတာဝန်ခံအား
သေမတတ်ထိတ်လန့်သွားစေခဲ့ပြီး နောက်ဆုံး
တတိယမြောက်ညတွင်မူ ရပ်တန့်သွားခဲ့သည်။
သူ့အပြုအမူက ကိုယ့်ကိုယ်ကိုယ်ပျက်စီးရာ
ပျက်စီးကြောင်းဖြစ်နေတာကို သိလိုက်ရ၍ထင်သည်
ညရောက်တော့ သူကကင်းထောက်တွေထပ်မံ၍
မလွှတ်တော့ပေ။
ယူရှောင်းမို လင်းရှောင်ရဲ့ရင်ခွင်ထဲမှာ
ကောင်းကောင်းအိပ်စက်ခဲ့ရသည်။ ဒီတစ်ခါတော့
သူ မနက်ခင်းမှာ ခါတိုင်းလိုစောစောမနိုးခင်အထိ
အိပ်ခဲ့သည်။ သူတို့ကို သတင်းပေးဖို့
လူတွေလွှတ်မယ့်အစား ယဲ့နုံက သူကိုယ်တိုင်
ရောက်လာခဲ့၏။
ဘာလို့ဆို ဖူချန်ချုံးက ယဲ့နုံကို ပစ္စည်းကိုသူတို့
လက်ထဲကိုယ်တိုင်ကိုယ်ကျ သွားပေးရမည်ဟု
အတန်တန်မှာကြားနေသောကြောင့်ပင်။
ယူရှောင်းမိုက ကျောက်စိမ်းပေလွှာထဲက
အချက်အလက်ကို တစ်ချက်ကြည့်လိုက်ပြီးတဲ့နောက်
သူ့ဘေးမှာရပ်နေတဲ့ တောက်တဲ့ဖေဖေက သူ့ကို
ခါးသီးခြင်းတွေနဲ့ကြည့်နေသည်ကို လုံးလုံး
သတိမပြုမိဘဲ ပုံမှန်အတိုင်းပင်လင်းရှောင်ကို
ပေးလိုက်သည်။
ဖူချန်ချုံးက သူတို့ သံသရာဆေးလုံးဖော်စပ်နည်းကို
တွေ့ခဲ့ခြင်းအတွက် အရမ်းကိုပျော်ရွှင်နေသည်။
အဆင့်ခြောက် သက်တန့်ဆေးလုံးကိုသန့်စင်နိုင်မည့်
လူသားအဆင့်လွန်မှော်ဆရာတစ်ယောက်ကို
သူမတွေ့သေးရင်တောင် လိုအပ်တာရဲ့တစ်ဝက်ကို
တော့ပြီးမြောက်စေခဲ့ပြီဖြစ်သည်။ တစ်ချိန်တည်း
မှာပင် သူက တောင်းဆိုချက်ကို
သဘောတူခဲ့ပြီး ပင့်ကူနက်ရဲ့လေလံပွဲတွင်
သူတို့လည်း ပါဝင်ဖို့ပြင်ဆင်နေသည်ကိုသိရသည့်
အခါ ပစ္စည်းစာရင်းတစ်ခုပင် အလကား
ထည့်ပေးလိုက်သေးသည်။
ယူရှောင်းမို စာရင်းပေါ်ကပစ္စည်းတွေကို
မြင်တဲ့အခါ အကြည့်တောင်မလွှဲနိုင်တော့ပေ။
ပင့်ကူနက်က ထုံထျန်းတိုက်ကြီးရှိအဓိက
အင်အားစုများကိုဖိတ်ခေါ်ရဲတာ မဆန်းတော့။
ဒီပစ္စည်းတွေက ဘယ်ဟာပဲဖြစ်ဖြစ် အပြင်ကို
သတင်းပေါက်ကြားသွားခဲ့ရင် လူတွေ
အသေအကြေတိုက်ကြစေဖို့ လုံလောက်လေသည်။
ချန်မဟာမိတ်ကဲ့သို့သောအဓိကအင်အားစုကြီးတစ်ခု
အတွက် ပင့်ကူနက်က လေလံတင်မည့်ပစ္စည်းများကို
ဒုက္ခခံ၍လျှို့ဝှက်ထားမည်မဟုတ်ပေ။
သူတို့မှာ ဘယ်လိုရတနာရှိလဲ ပေးမသိခဲ့လျှင်
အဓိကအင်အားစုကြီးတွေမှာ
စွမ်းအင်ကျောက်တုံးတွေ ပြင်ဆင်ထားဖို့
စိတ်ကူးရှိမည်မဟုတ်ပေ။ ပစ္စည်းတွေကိုလေလံတင်
တဲ့အချိန်ကျ ကျသင့်ငွေဈေးနှုန်းတွေက
ကျဆင်းသွားနိုင်ပြီး ဆုံးရှုံးရမည့်သူမှာ
ပင့်ကူနက်သာလျှင်ဖြစ်သည်။
ယူရှောင်းမို အကြမ်းဖျင်းကြည့်လိုက်ပြီး
သူ့အကြည့်က စာရင်းအဆုံးနားကပစ္စည်းတွေပေါ်
ရောက်သွားသည်။ သူ ပစ္စည်းတစ်ခုကိုကြည့်နေရင်း
မျက်မှောင်ကျုံ့လိုက်မိ၏။ ဒီပစ္စည်းအကြောင်း
တိတိကျကျအသေးစိတ်ဖော်ပြထားခြင်းမရှိဘဲ
ရှေးဟောင်းပစ္စည်းတစ်ခုဟုသာ ပြောထားသည်။
ဘယ်လိုရှေးဟောင်းပစ္စည်းမျိုးလဲ မသိတာတောင်
၎င်းကို နောက်ဆုံးလေလံတင်မည့်ပစ္စည်းစာရင်းထဲ
ထည့်ထားလေသည်။
ယဲ့နုံကို လိုက်လံပို့ဆောင်ပေးပြီးနောက် သူတို့က
တံခါးပိတ်ပြီးကျောက်စိမ်းပေလွှာကို လေ့လာ
ကြတော့သည်။
နောက်ဆုံး ဘယ်လိုပဲဖြစ်ဖြစ်သွားရမည်ဟု
နိဂုံးချုပ်လိုက်ရ၏။
လင်းရှောင်ဘာတွေးနေလဲ သူမသိပေ။ လင်းရှောင်က
သူ့စိတ်ထဲ အခြားတစ်ခုစဉ်းစားနေသလိုရှိပြီး
ထူးမခြားနားသောဟန်ဖြင့် ကျောက်စိမ်းပေလွှာကိုသာ
ပွတ်သပ်နေသည်။
နောက်တစ်ရက်မှာတော့ ယူရှောင်းမိုက
ရှောင်ယောင်တက္ကသိုလ်သို့ ပြန်သွားခဲ့သည်။
ပင်မဆောင်ရဲ့ စိန်ခေါ်ပြိုင်ပွဲတွေအကြောင်း
ဆိုရလျှင် ယူရှောင်းမိုတွက်ချက်ကြည့်လိုက်တော့
အဲ့တာက ပင့်ကူနက်၏လေလံပွဲနှင့် အချိန်တိုက်
နေတာကိုသိလိုက်ရသည်။ နှစ်ပွဲစလုံးက
နောက်လမှာဖြစ်သည်။
သူတို့မှာ နယ်မြေပြောင်းအဆောင်လက်ဖွဲ့တွေ
ရှိတာကြောင့် လမ်းပေါ်မှာသွားရင်းကုန်ရမည့်
အချိန်ကိုအတော်လေးလျော့ချလိုက်နိုင်သည်။
ရှီကျင်း အသွားအပြန်ခရီးတစ်ခုလုံးသည်
လဝက်မျှသာကြာမြင့်ခဲ့ပြီး ယူရှောင်းမို
ထင်ထားသည်ထက် ပိုမိုမြန်ဆန်ခဲ့သည်။
သူ ပင်မဆောင်ကိုပထမဆုံးအကြိမ်ဝင်လာတုန်းက
တစ်ခါအပြင် ဒီဟာက သူ စိန်ခေါ်ပြိုင်ပွဲကို
လွတ်မည့်ဒုတိယမြောက်တစ်ခါဖြစ်နေလေပြီ။
ယူရှောင်းမိုရဲ့ပန်းတိုင်က စိန်ခေါ်ပြိုင်ပွဲမဟုတ်ဘူး။
ဒါပေမယ့် သူ ပြိုင်ပွဲမှာဝင်မပြိုင်ခဲ့ပါက
အမှတ်များရမည်မဟုတ်ပေ။ အမှတ်မရှိပါက
သားရဲသဏ္ဍာန်ပြောင်းလဲခြင်းအခန်းနှင့်
တရားထိုင်ခန်းထဲ ဝင်လို့မရနိုင်တော့ပေ။
သူကလေလံပွဲကိုတက်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ရာ
ပြိုင်ပွဲကိုလက်လွှတ်ရရုံသာ ရှိတော့သည်။
ဒါပေမယ့် ဒီတစ်ခါတော့ ပြိုင်ပွဲကနေနှုတ်ထွက်ဖို့
သူ့မှာအမှတ်တွေ မရှိပေ။ ပြီးတော့
ဘယ်သူကမှလည်း သူတို့အမှတ်ကို ချေးမည်
မဟုတ်ပေ။
ယူရှောင်းမို စိတ်ရှုပ်ရှုပ်နဲ့ခေါင်းကုတ်လိုက်သည်။
"ယူရှောင်း....မို?"
သူ့နံဘေးကနေ မရေရာသလိုလိုအသံတစ်ခု
ထွက်လာသည်။ သူ့နာမည်ကို သိပ်မရင်းနှီးတာ
ကြောင့် အလယ်နားတွင်တန့်သွားသေး၏။
ယူရှောင်းမို လှည့်ကြည့်လိုက်တော့ သူ့ကိုခေါ်တဲ့သူက
ကျုံးယဲ့ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူ အံ့အားသင့်သွားသည်။
"မင်းပဲ။ ဘယ်လိုလုပ်ဒီရောက်နေတာလဲ?"
"အဲ့ဒါကငါမေးသင့်တာ"
ကျုံးယဲ့၏ တင့်တယ်ပြီးဖြောင့်စင့်သည့်မျက်ခုံး
တွေက အနည်းငယ်ပင့်သွားသည်။
"ဒါက၉၅လွှာလေ...မင်းကအလွှာ၉၀မှာရှိနေ
သင့်တာ"
ယူရှောင်းမို ခေါင်းလှည့်လိုက်ရာ စက်ဝိုင်းပုံ
လှေကားထစ်များဘေးရှိ တိုင်လုံးကြီးပေါ်တွင်
"၉၅" ဟူသောစာလုံးအကြီးကြီးကို
တွေ့လိုက်ရသည်။ သူ့မျက်နှာပေါ် သို့ ချွေးအေး
တစ်စက်ကျဆင်းသွား၏။ သူ အတွေးထဲနစ်နေရင်း
လျှောက်ရင်းလျှောက်ရင်းဖြင့် ဒီအထပ်ထိတိုင်
ရောက်သွားခြင်းဖြစ်သည်။
"တောင်းပန်ပါတယ် တောင်းပန်ပါတယ်...ငါ
ကျော်သွားတယ်"
"မင်းစိတ်ထဲတစ်ခုခုရှိနေပုံပဲ"
ကျုံးယဲ့က သူ့ဆန္ဒအတိုင်းစကားစတာရှားလှသည်။
ယူရှောင်းမို ခဏလောက်မှင်သက်သွားပေမယ့်
နောက်တော့ အနည်းငယ်တွေးမိသွားသည်။
ကျုံးယဲ့က အတော်များများသိလောက်ပေရာ
သူ့ကိုမေးကြည့်ရပေမည်။
"အင်း ဟုတ်တယ်...ပင့်ကူနက်အကြောင်း
မင်းလည်းကြားတယ်မလား?...အဲ့ဒါ လင်းရှောင်နဲ့
လိုက်သွားမလို့ပေမယ့် ပြိုင်ပွဲနဲ့လေလံပွဲအချိန်က
တိုက်နေတယ်...."
သူ့အခြေအနေကို ကျုံးယဲ့ အနည်းနဲ့အများတော့
နားလည်သည်။ သူ ခေါင်းငြိမ့်လိုက်သည်။
"မင်း အမှတ်လိုချင်လို့လား?"
ယူရှောင်းမို ရယ်လိုက်ပြီးခေါင်းညိတ်ပြလိုက်
တော့သည်။ ဉာဏ်ပြေးတဲ့သူနဲ့ စကားပြောရတာ
ကောင်းမွန်လှသည်။
"စိန်ခေါ်ပြိုင်ပွဲမှာဝင်မပြိုင်ဘဲ အမှတ်ရနိုင်မယ့်
နည်းလေးဘာလေးများမရှိဘူးလား?"
ကျုံးယဲ့က ခဏလောက်တွေဝေသွားသည်။
"ရှိတော့ရှိတယ်...မင်းလည်းခန့်မှန်းမိလောက်မှာပါ..
သုံးလနေတော့မှ ပြိုင်ပွဲကတစ်ခုပဲရှိပြီး
တစ်ခါကိုမှအများဆုံးခြောက်မှတ်ပဲရနိုင်တာလေ...
လူအများစုအတွက် ခြောက်မှတ်ဆိုတာက
လုံလောက်ဖို့တောင်ဝေးတယ်...ဒါအတွက်
ရှောင်ယောင်တက္ကသိုလ်က ဖြေရှင်းနည်းတစ်ခု
တွေးပေးထားတယ်"
ယူရှောင်းမို မေးလိုက်သည်။
"ဘယ်လိုဖြေရှင်းနည်းမျိုးတွေရှိတာလဲ?"
ကျုံးယဲ့: "ပင်မဆောင်ထဲမှာ ပစ္စည်းလဲလှယ်ရေး
သီးသန့်ဌာနတစ်ခုရှိတယ်...အလွှာ ၇၀ နဲ့အထက်က
ကျောင်းသားတွေပဲလဲလှယ်ခွင့်ရှိတယ်...
လဲလှယ်ရေးဌာနမှာသုံးတဲ့ငွေကြေးက အမှတ်တွေပဲ"
"မင်းပြောတာ ကျောင်းသားတွေကြား
ဖလှယ်တာလား?"
ဒါက ကျောင်းသားတွေရဲ့အမှတ်လိုအပ်မှုကို
မဖြေရှင်းပေးနိုင်ဘူးလို့ ယူရှောင်းမိုခံစားနေရသေး
သည်။ ဘာကြောင့်ဆို ကျောင်းသားတိုင်းမှာက
အမှတ်နည်းနည်းပဲရှိတာလေ။ ဘယ်သူက
အမှတ်တွေထုတ်ပြီး ရော့အင့်ဆိုပြီးလဲပစ်မှာလဲ။
ကျုံးယဲ့ကငြင်းသည်။
"မဟုတ်ဘူး..ငါပြောတာ ကျောင်းသားတွေနဲ့
ပင်မဆောင်ကဆရာတွေအကြီးအကဲတွေကြားက
ဈေးကွက်ပဲ...သူတို့က ငါတို့လိုမဟုတ်ဘူး...
သူတို့ကလတိုင်း အမှတ်ပမာဏတစ်ခုအထိ
ရရှိနိုင်တယ်လေ...ဆရာတွေအကြီးအကဲတွေ
မှာလည်း အဆင့်တွေရှိကြပေမယ့် သူတို့က
ကျောင်းသားတွေလောက်အမှတ်သုံးစရာမလိုကြဘူး
အဲ့ဒီအမှတ်တွေက စုမိလာပြီး ငါတို့လိုအပ်တာလည်း
အဲ့အမှတ်တွေပဲလေ...ဒါပေါ့ ကျောင်းသား
အချင်းချင်းလဲလှယ်လို့လည်းရတယ် ဒါပေမယ့်
ရှားတာပေါ့"
ကျုံးယဲ့ကလည်း ဘာမှထွေထွေထူးထူးလုပ်စရာ
မရှိ၍ ယူရှောင်းမိုကို ပစ္စည်းလဲလှယ်ရာ
သီးသန့်ဌာနသို့ ကိုယ်တိုင်ခေါ်သွားပေးခဲ့သည်။
လဲလှယ်ရာသီးသန့်ဌာနက အလယ်တည့်တည့်က
၈၅ ထပ်မှာဖြစ်သည်။
အထပ်တွေမြင့်သွားလေလေ လူဦးရေလျော့သွား
လေလေဖြစ်သည်။ ဥပမာ ယူရှောင်းမိုရဲ့လက်ရှိ
အလွှာ၉၀တွင် လူစုစုပေါင်းမှာ နှစ်ဆယ်ပင်
မပြည့်တတ်ပေ။ ၈၅လွှာမှ လူဦးရေစုစုပေါင်းသည်
လည်း ငါးဆယ်အောက်၌သာရှိရာ နေရာအလွတ်
အတော်လေးပေါသည်။
ဒီနေရာလွတ်ကို ရှောင်ယောင်တက္ကသိုလ်က
အသုံးပြုလိုက်ပြီး နေရာအမျိုးမျိုးခွဲထုတ်ပစ်
လိုက်သည်။ ပစ္စည်းလဲလှယ်တဲ့ သီးသန့်ဌာနက
ဒီလိုနေရာတစ်ခုဖြစ်ပြီး အကျယ်က စတုရန်းမီတာ
တစ်ထောင်ကျော်ရှိလေသည်။
ငါးမိနစ်ကြာပြီးနောက် နှစ်ဦးသား လဲလှယ်ခြင်း
သီးသန့်ဌာန၏အပြင်ဘက်သို့ ရောက်ရှိလာသည်။
ယခုအချိန်သည် လဲလှယ်ခြင်းဌာနတွင်
လူအစည်ဆုံးအချိန်ပင်ဖြစ်သည်။ လွန်ခဲ့သော
နှစ်လအတွင်း လူတိုင်းတွင်အမှတ်အချို့ရှိခဲ့ကြပြီး
အားလုံးကို သားရဲသဏ္ဍာန်ပြောင်းလဲခြင်းအခန်းနှင့်
တရားထိုင်ခန်းအတွက် အသုံးပြုခဲ့ကြသည်။
ယခုက တတိယမြောက်လဖြစ်ပြီး သူတို့မှာ
ရှိသမျှအမှတ်အကုန်လုံး သုံးလို့ကုန်သွားကြလေပြီိ။
အမှတ်တွေအသုံးပြုပြီးလျှင် ပုံမှန်အားဖြင့်
အမှတ်ပိုရမည့်နည်းလမ်းကို လိုချင်ကြစမြဲပင်။
ဒါကြောင့် လူတိုင်းက ပစ္စည်းလဲလှယ်ခြင်းသီးသန့်
ဌာနသို့ အပြေးအလွှားရောက်လာကြပြီး
ကြီးမားလှသောဌာနကြီးမှာ လှုပ်ရှားအသက်ဝင်
နေ၏။
ယူရှောင်းမိုက ကျုံးယဲ့နှင့်အတူလျှောက်ဝင်သွား
သည်။ အထဲကအခြေအနေကို မြင်သည်နှင့်
တစ်ပြိုင်နက် သူ ရယ်မောမိတော့သည်။
ဒီဌာနက ဈေးတစ်ခုလိုပင်။ ဒါပေမယ့်
အများအားဖြင့် ဈေးတစ်ခုကဈေးဆိုင်တွေက
ဈေးရောင်းသူများအတွက်ဖြစ်သည်။
ဒါပေမယ့်လည်း ဒီနေရာကတော့ ဝယ်သူများ
အတွက်ဖြစ်ကာ ဆိုင်တိုင်းရှေ့မှာသလင်းဆိုင်းဘုတ်
တစ်ခု ထောင်ထားသည်။ သလင်းဆိုင်းဘုတ်
ပေါ်မှာတော့ ဆရာတွေအကြီးအကဲတွေက
သူတို့လိုအပ်သည့်ပစ္စည်းများကိုညွှန်းထားသည်။
ကျောင်းသားဆီမှာ ဒီပစ္စည်းတွေရှိရင် ချက်ချင်း
လက်ငင်းသွားရောက် ညှိနှိုင်းမှုများပြုလုပ်နိုင်ပြီး
ဈေးနှုန်းကလည်း အတည်တကျဖြစ်ရန်လွယ်ကူ
လေသည်။
ဆရာတွေအကြီးအကဲတွေအတွက်တော့ အမှတ်က
အလကားရသည်ဖြစ်ရာ သူတို့ပေးကမ်းထားသော
အမှတ်ပမာဏက မနိမ့်ပေ၊ ပြီးတော့ လူတွေကလည်း
လှည့်စားခံရမည်ကို စိုးရိမ်နေစရာမလိုပေ။
သူတို့နှစ်ယောက် လျှောက်သွားနေရင်း
ကျုံးယဲ့က ရှင်းပြပေးသည်။
လဲလှယ်ခြင်းဌာနကို အပိုင်းသုံးပိုင်းခွဲခြားထားလေ
သည်။ အပိုင်းတစ်က အထပ်၇၀မှ၇၉အထိ
ဆရာတွေအတွက်ဖြစ်ကာ သူတို့တောင်းဆိုချက်တွေ
က ပုံမှန်အားဖြင့်တော်တော်လေးနိမ့်ပြီး
ပေးကမ်းထားသည့်အမှတ်ပမာဏကလည်း
နည်းသည်။ ဒါပေမယ့် ဒါက သူတို့လတိုင်းရသည့်
အမှတ်ပမာဏနှင့် တိုက်ရိုက်အချိုးကျနေတာ
ဖြစ်သည်။
အပိုင်းနှစ်က အထပ်၈၀မှ၈၅အထိဖြစ်ပြီး
အပိုင်းသုံးကတော့ အထပ်၉၀မှ၁၀၀ထိဖြစ်ကြသည်။
အပိုင်းသုံးမှ ဆရာအကြီးအကဲများက
အမှတ်အများဆုံးပေးကြသည်။ ဒါပေမယ့်
သူတို့တောင်းဆိုချက်တွေကလည်း အလွန်မြင့်ကြပြီး
ကျောင်းသားအများစုက ဖြည့်ဆည်းပေးချင်စိတ်
မရှိတတ်ကြ၍ အပိုင်းသုံးတွင်ဈေးဝယ်သူ
နည်းနည်းပဲရှိသည်။
ကျုံးယဲ့က ယူရှောင်းမိုကို အပိုင်းတစ်ဆီအရင်
သွားကြည့်ဖို့အကြံပေးသည်။ သူတို့က
အမှတ်အများကြီးမပေးပေမယ့် ဆရာတွေ
အကြီးအကဲတွေလိုအပ်သည့် ပစ္စည်းတွေက
များသောအားဖြင့် လူတွေလဲချင်စိတ်ရှိသည့်
ပစ္စည်းများဖြစ်ကြသည်။
ယူရှောင်းမိုက သိပ်တော့အရေးမထားဘူး။
သူ အမှတ်အချို့ရနိုင်သရွေ့ အပိုင်းတစ်သွားရလည်း
အတူတူပဲဖြစ်သည်။
အပိုင်းတစ်မှာက အပိုင်းနှစ်နဲ့သုံးထက် ဆရာနဲ့
အကြီးအကဲအရေအတွက်ပိုများသဖြင့်
သူတို့အတွက် နေရာကလည်းပိုကျယ်လေသည်။
ဈေးဆိုင် လေးငါးဆယ်ခန့်ထိရှိပြီး ဆိုင်အများစုမှာ
ဆရာသို့မဟုတ်အကြီးအကဲနှစ်ယောက်ခန့်
ထိုင်နေကြသည်။
"အပိုင်းတစ်ကဈေးက တစ်မှတ်နှစ်မှတ်အတွင်းမှာ
ရှိတယ်...တစ်ချို့အကြီးအကဲတွေကမှော်ဆရာတွေ
မဟုတ်ဘူး..ဒါကြောင့် သူတို့အများစုလိုအပ်တာက
မှော်ဆေးလုံးတွေပဲ...ဒါပေမယ့် ကျောင်းသား
တစ်ယောက်က မှော်ဆေးလုံးတစ်မျိုးပဲလဲလှယ်လို့
ရတယ်...အဲ့ထက်ပိုများရင် သူတို့ကလဲလှယ်ပေးမှာ
မဟုတ်ဘူး"
ယူရှောင်းမို ခေါင်းညိမ့်ပြီးလှမ်းကြည့်လိုက်သည်။
ဆရာတွေအကြီးအကဲတွေလိုအပ်တဲ့ ပစ္စည်းတွေက
အမျိုးစုံပင်...ပြီးတော့ ပုံသေလည်းမရှိပုံပေါ်သည်။
အချို့က မှော်ဆေးပင်တွေ၊ အချို့ကစိတ်ဝိဉာဉ်
လေ့ကျင့်ခြင်း ဒါမှမဟုတ်စွမ်းရည်လေ့ကျင့်ခြင်း
ကျင့်စဉ်တွေ လိုအပ်ကြပြီး စွမ်းအင်ကျောက်တုံး
လိုအပ်သူတောင်ရှိလေသည်။ လဲလှယ်ဌာနမှာ
အမှတ်တွေထုတ်ပြီး စွမ်းအင်ကျောက်တုံးနဲ့
လဲရလောက်အောင် အဲ့ဆရာကဘယ်လောက်များ
ဆင်းရဲနေပါလိမ့်?
ယူရှောင်းမို ခဏလောက်တွေဝေနေပြီးတဲ့နောက်
ထိုဆရာ့ထံလျှောက်သွားလိုက်တော့သည်။
______________________
//Zawgyi//
အပိုင္း(၅၄၉) ပစၥည္းလဲလွယ္ရာသီးသန႔္ဌာန
ယူေရွာင္းမိုႏွင့္လင္းေရွာင္ က်ဳံထ်န္းသို႔ျပန္ေရာက္
ေနၿပီဟူေသာသတင္းက အလြန္လ်ွင္ျမန္စြာ
ပ်ံ႔ႏွံ႔သြားခဲ့သည္။
မီးေလာင္ရာေလပင့္သူက ဘယ္သူလဲမသိၾကေပမယ့္
သတင္းပ်ံ႔ႏႈန္းက အင္မတန္ျမန္ၿပီး သူတို႔ငွားယမ္း
ထားေသာတည္းခိုခန္းပင္ ေပါက္ၾကားသြားခဲ့သည္။
ေရွာင္ေယာင္တကၠသိုလ္မွာ မေနထိုင္ျခင္း၏
အက်ိဳးဆက္ကေတာ့ တစ္ခါတစ္ရံမွာ ဓားေတြ
ေသနတ္ေတြတယမ္းယမ္းနဲ႔လူေတြ ေရာက္ေရာက္
လာတတ္ျခင္းျဖစ္ေလသည္။
(T/n; ေသနတ္ေတာ့မရိွဘူးေပါ့ေနာ္ တင္စား
ထားတာျဖစ္မယ္ :D)
က်ဳံထ်န္း၌ ေသြးေစြးနီမိသားစုမွကင္းေထာက္မ်ား
အမွန္ပင္ရိွေနကာ ဒီကင္းေထာက္ေတြကညတိုင္း
ဆိုသလို တည္းခိုခန္းသို႔လာေရာက္ကာ
သတင္းႏိႈက္ယူတတ္ၾကသည္။ ရလဒ္ကေတာ့
သူတို႔အကုန္လံုး ယမမင္းႀကီးႏွင့္တိုက္ရိုက္သြားေတြ့
ရေတာ့သည္။ ၿပီးေတာ့ သူတို႔ကဒါကိုေတာင္
ႏွစ္ၿခိဳက္ေနပံုရ၏။
ယူေရွာင္းမိုမွာ ဒီေလာက္ထိေသခ်င္စိတ္ျပင္းျပေနတဲ့
လူေတြကိုျမင္ဖူးတာ ပထမဆံုးျဖစ္ေလသည္။
သူတို႔က တည္းခိုခန္းတြင္ႏွစ္ရက္ၾကာမ်ွေနထိုင္
ခဲ့သည္။
ယူေရွာင္းမို လက္ေခ်ာင္းေလးေတြခ်ိဳးၿပီး
ေရတြက္ၾကၫ့္သၫ့္အခါ သူတို႔က ညတိုင္း
တည္းခိုခန္းသို႔လာေရာက္ေသာလူ
ခုနစ္သုတ္ရွစ္သုတ္ခန႔္ တစ္နည္းအားျဖင့္
လူကိုးဆယ္ရာခိုင္ႏႈန္းခန႔္အား တည္းခိုခန္း
အေနာက္ဘက္သို႔သစ္ပင္ပန္းပင္ေျမဩဇာအျဖစ္
စြန႔္ပစ္ခဲ့ေၾကာင္း ေတြ့ရိွလိုက္ရေလသည္။
ဒုတိယေန့၌ တည္းခိုခန္းအေနာက္ဘက္ရိွ
အေလာင္းပံုႀကီးမွာ တည္းခိုခန္းတာဝန္ခံအား
ေသမတတ္ထိတ္လန႔္သြားေစခဲ့ၿပီး ေနာက္ဆံုး
တတိယေျမာက္ညတြင္မူ ရပ္တန႔္သြားခဲ့သည္။
သူ႔အျပဳအမူက ကိုယ့္ကိုယ္ကိုယ္ပ်က္စီးရာ
ပ်က္စီးေၾကာင္းျဖစ္ေနတာကို သိလိုက္ရ၍ထင္သည္
ညေရာက္ေတာ့ သူကကင္းေထာက္ေတြထပ္မံ၍
မလႊတ္ေတာ့ေပ။
ယူေရွာင္းမို လင္းေရွာင္ရဲ့ရင္ခြင္ထဲမွာ
ေကာင္းေကာင္းအိပ္စက္ခဲ့ရသည္။ ဒီတစ္ခါေတာ့
သူ မနက္ခင္းမွာ ခါတိုင္းလိုေစာေစာမႏိုးခင္အထိ
အိပ္ခဲ့သည္။ သူတို႔ကို သတင္းေပးဖို႔
လူေတြလႊတ္မယ့္အစား ယဲ့ႏံုက သူကိုယ္တိုင္
ေရာက္လာခဲ့၏။
ဘာလို႔ဆို ဖူခ်န္ခ်ဳံးက ယဲ့ႏံုကို ပစၥည္းကိုသူတို႔
လက္ထဲကိုယ္တိုင္ကိုယ္က် သြားေပးရမည္ဟု
အတန္တန္မွာၾကားေနေသာေၾကာင့္ပင္။
ယူေရွာင္းမိုက ေက်ာက္စိမ္းေပလႊာထဲက
အခ်က္အလက္ကို တစ္ခ်က္ၾကၫ့္လိုက္ၿပီးတဲ့ေနာက္
သူ႔ေဘးမွာရပ္ေနတဲ့ ေတာက္တဲ့ေဖေဖက သူ႔ကို
ခါးသီးျခင္းေတြနဲ႔ၾကၫ့္ေနသည္ကို လံုးလံုး
သတိမျပဳမိဘဲ ပံုမွန္အတိုင္းပင္လင္းေရွာင္ကို
ေပးလိုက္သည္။
ဖူခ်န္ခ်ဳံးက သူတို႔ သံသရာေဆးလံုးေဖာ္စပ္နည္းကို
ေတြ့ခဲ့ျခင္းအတြက္ အရမ္းကိုေပ်ာ္ရႊင္ေနသည္။
အဆင့္ေျခာက္ သက္တန႔္ေဆးလံုးကိုသန႔္စင္ႏိုင္မၫ့္
လူသားအဆင့္လြန္ေမွာ္ဆရာတစ္ေယာက္ကို
သူမေတြ့ေသးရင္ေတာင္ လိုအပ္တာရဲ့တစ္ဝက္ကို
ေတာ့ၿပီးေျမာက္ေစခဲ့ၿပီျဖစ္သည္။ တစ္ခ်ိန္တည္း
မွာပင္ သူက ေတာင္းဆိုခ်က္ကို
သေဘာတူခဲ့ၿပီး ပင့္ကူနက္ရဲ့ေလလံပဲြတြင္
သူတို႔လည္း ပါဝင္ဖို႔ျပင္ဆင္ေနသည္ကိုသိရသၫ့္
အခါ ပစၥည္းစာရင္းတစ္ခုပင္ အလကား
ထၫ့္ေပးလိုက္ေသးသည္။
ယူေရွာင္းမို စာရင္းေပၚကပစၥည္းေတြကို
ျမင္တဲ့အခါ အၾကၫ့္ေတာင္မလႊဲႏိုင္ေတာ့ေပ။
ပင့္ကူနက္က ထံုထ်န္းတိုက္ႀကီးရိွအဓိက
အင္အားစုမ်ားကိုဖိတ္ေခၚရဲတာ မဆန္းေတာ့။
ဒီပစၥည္းေတြက ဘယ္ဟာပဲျဖစ္ျဖစ္ အျပင္ကို
သတင္းေပါက္ၾကားသြားခဲ့ရင္ လူေတြ
အေသအေၾကတိုက္ၾကေစဖို႔ လံုေလာက္ေလသည္။
ခ်န္မဟာမိတ္ကဲ့သို႔ေသာအဓိကအင္အားစုႀကီးတစ္ခု
အတြက္ ပင့္ကူနက္က ေလလံတင္မၫ့္ပစၥည္းမ်ားကို
ဒုကၡခံ၍လ်ိႈ႔ဝွက္ထားမည္မဟုတ္ေပ။
သူတို႔မွာ ဘယ္လိုရတနာရိွလဲ ေပးမသိခဲ့လ်ွင္
အဓိကအင္အားစုႀကီးေတြမွာ
စြမ္းအင္ေက်ာက္တံုးေတြ ျပင္ဆင္ထားဖို႔
စိတ္ကူးရိွမည္မဟုတ္ေပ။ ပစၥည္းေတြကိုေလလံတင္
တဲ့အခ်ိန္က် က်သင့္ေငြေဈးႏႈန္းေတြက
က်ဆင္းသြားႏိုင္ၿပီး ဆံုးရႈံးရမၫ့္သူမွာ
ပင့္ကူနက္သာလ်ွင္ျဖစ္သည္။
ယူေရွာင္းမို အၾကမ္းဖ်င္းၾကၫ့္လိုက္ၿပီး
သူ႔အၾကၫ့္က စာရင္းအဆံုးနားကပစၥည္းေတြေပၚ
ေရာက္သြားသည္။ သူ ပစၥည္းတစ္ခုကိုၾကၫ့္ေနရင္း
မ်က္ေမွာင္က်ဳံ႔လိုက္မိ၏။ ဒီပစၥည္းအေၾကာင္း
တိတိက်က်အေသးစိတ္ေဖာ္ျပထားျခင္းမရိွဘဲ
ေရွးေဟာင္းပစၥည္းတစ္ခုဟုသာ ေျပာထားသည္။
ဘယ္လိုေရွးေဟာင္းပစၥည္းမ်ိဳးလဲ မသိတာေတာင္
၄ကို ေနာက္ဆံုးေလလံတင္မၫ့္ပစၥည္းစာရင္းထဲ
ထၫ့္ထားေလသည္။
ယဲ့ႏံုကို လိုက္လံပို႔ေဆာင္ေပးၿပီးေနာက္ သူတို႔က
တံခါးပိတ္ၿပီးေက်ာက္စိမ္းေပလႊာကို ေလ့လာ
ၾကေတာ့သည္။
ေနာက္ဆံုး ဘယ္လိုပဲျဖစ္ျဖစ္သြားရမည္ဟု
နိဂံုးခ်ဳပ္လိုက္ရ၏။
လင္းေရွာင္ဘာေတြးေနလဲ သူမသိေပ။ လင္းေရွာင္က
သူ႔စိတ္ထဲ အျခားတစ္ခုစဉ္းစားေနသလိုရိွၿပီး
ထူးမျခားနားေသာဟန္ျဖင့္ ေက်ာက္စိမ္းေပလႊာကိုသာ
ပြတ္သပ္ေနသည္။
ေနာက္တစ္ရက္မွာေတာ့ ယူေရွာင္းမိုက
ေရွာင္ေယာင္တကၠသိုလ္သို႔ ျပန္သြားခဲ့သည္။
ပင္မေဆာင္ရဲ့ စိန္ေခၚၿပိဳင္ပဲြေတြအေၾကာင္း
ဆိုရလ်ွင္ ယူေရွာင္းမိုတြက္ခ်က္ၾကၫ့္လိုက္ေတာ့
အဲ့တာက ပင့္ကူနက္၏ေလလံပဲြႏွင့္ အခ်ိန္တိုက္
ေနတာကိုသိလိုက္ရသည္။ ႏွစ္ပဲြစလံုးက
ေနာက္လမွာျဖစ္သည္။
သူတို႔မွာ နယ္ေျမျပောင္းအေဆာင္လက္ဖဲြ႔ေတြ
ရိွတာေၾကာင့္ လမ္းေပၚမွာသြားရင္းကုန္ရမၫ့္
အခ်ိန္ကိုအေတာ္ေလးေလ်ာ့ခ်လိုက္ႏိုင္သည္။
ရွီက်င္း အသြားအျပန္ခရီးတစ္ခုလံုးသည္
လဝက္မ်ွသာၾကာျမင့္ခဲ့ၿပီး ယူေရွာင္းမို
ထင္ထားသည္ထက္ ပိုမိုျမန္ဆန္ခဲ့သည္။
သူ ပင္မေဆာင္ကိုပထမဆံုးအႀကိမ္ဝင္လာတုန္းက
တစ္ခါအျပင္ ဒီဟာက သူ စိန္ေခၚၿပိဳင္ပဲြကို
လြတ္မၫ့္ဒုတိယေျမာက္တစ္ခါျဖစ္ေနေလၿပီ။
ယူေရွာင္းမိုရဲ့ပန္းတိုင္က စိန္ေခၚၿပိဳင္ပဲြမဟုတ္ဘူး။
ဒါေပမယ့္ သူ ၿပိဳင္ပဲြမွာဝင္မၿပိဳင္ခဲ့ပါက
အမွတ္မ်ားရမည္မဟုတ္ေပ။ အမွတ္မရိွပါက
သားရဲသ႑ာန္ေျပာင္းလဲျခင္းအခန္းႏွင့္
တရားထိုင္ခန္းထဲ ဝင္လို႔မရႏိုင္ေတာ့ေပ။
သူကေလလံပဲြကိုတက္ဖို႔ ဆံုးျဖတ္ထားၿပီးျဖစ္ရာ
ၿပိဳင္ပဲြကိုလက္လႊတ္ရရံုသာ ရိွေတာ့သည္။
ဒါေပမယ့္ ဒီတစ္ခါေတာ့ ၿပိဳင္ပဲြကေနႏႈတ္ထြက္ဖို႔
သူ႔မွာအမွတ္ေတြ မရိွေပ။ ၿပီးေတာ့
ဘယ္သူကမွလည္း သူတို႔အမွတ္ကို ေခ်းမည္
မဟုတ္ေပ။
ယူေရွာင္းမို စိတ္ရႈပ္ရႈပ္နဲ႔ေခါင္းကုတ္လိုက္သည္။
"ယူေရွာင္း....မို?"
သူ႔နံေဘးကေန မေရရာသလိုလိုအသံတစ္ခု
ထြက္လာသည္။ သူ႔နာမည္ကို သိပ္မရင္းႏွီးတာ
ေၾကာင့္ အလယ္နားတြင္တန႔္သြားေသး၏။
ယူေရွာင္းမို လွၫ့္ၾကၫ့္လိုက္ေတာ့ သူ႔ကိုေခၚတဲ့သူက
က်ဳံးယဲ့ျဖစ္ေနသည္ကို ေတြ့လိုက္ရသည္။
သူ အံ့အားသင့္သြားသည္။
"မင္းပဲ။ ဘယ္လိုလုပ္ဒီေရာက္ေနတာလဲ?"
"အဲ့ဒါကငါေမးသင့္တာ"
က်ဳံးယဲ့၏ တင့္တယ္ၿပီးေျဖာင့္စင့္သၫ့္မ်က္ခံုး
ေတြက အနည္းငယ္ပင့္သြားသည္။
"ဒါက၉၅လႊာေလ...မင္းကအလႊာ၉၀မွာရိွေန
သင့္တာ"
ယူေရွာင္းမို ေခါင္းလွၫ့္လိုက္ရာ စက္ဝိုင္းပံု
ေလွကားထစ္မ်ားေဘးရိွ တိုင္လံုးႀကီးေပၚတြင္
"၉၅" ဟူေသာစာလံုးအႀကီးႀကီးကို
ေတြ့လိုက္ရသည္။ သူ႔မ်က္ႏွာေပၚ သို႔ ခၽြေးေအး
တစ္စက္က်ဆင္းသြား၏။ သူ အေတြးထဲနစ္ေနရင္း
ေလ်ွာက္ရင္းေလ်ွာက္ရင္းျဖင့္ ဒီအထပ္ထိတိုင္
ေရာက္သြားျခင္းျဖစ္သည္။
"ေတာင္းပန္ပါတယ္ ေတာင္းပန္ပါတယ္...ငါ
ေက်ာ္သြားတယ္"
"မင္းစိတ္ထဲတစ္ခုခုရိွေနပံုပဲ"
က်ဳံးယဲ့က သူ႔ဆႏၵအတိုင္းစကားစတာရွားလွသည္။
ယူေရွာင္းမို ခဏေလာက္မွင္သက္သြားေပမယ့္
ေနာက္ေတာ့ အနည္းငယ္ေတြးမိသြားသည္။
က်ဳံးယဲ့က အေတာ္မ်ားမ်ားသိေလာက္ေပရာ
သူ႔ကိုေမးၾကၫ့္ရေပမည္။
"အင္း ဟုတ္တယ္...ပင့္ကူနက္အေၾကာင္း
မင္းလည္းၾကားတယ္မလား?...အဲ့ဒါ လင္းေရွာင္နဲ႔
လိုက္သြားမလို႔ေပမယ့္ ၿပိဳင္ပဲြနဲ႔ေလလံပဲြအခ်ိန္က
တိုက္ေနတယ္...."
သူ႔အေျခအေနကို က်ဳံးယဲ့ အနည္းနဲ႔အမ်ားေတာ့
နားလည္သည္။ သူ ေခါင္းၿငိမ့္လိုက္သည္။
"မင္း အမွတ္လိုခ်င္လို႔လား?"
ယူေရွာင္းမို ရယ္လိုက္ၿပီးေခါင္းညိတ္ျပလိုက္
ေတာ့သည္။ ဉာဏ္ေျပးတဲ့သူနဲ႔ စကားေျပာရတာ
ေကာင္းမြန္လွသည္။
"စိန္ေခၚၿပိဳင္ပဲြမွာဝင္မၿပိဳင္ဘဲ အမွတ္ရႏိုင္မယ့္
နည္းေလးဘာေလးမ်ားမရိွဘူးလား?"
က်ဳံးယဲ့က ခဏေလာက္ေတြေဝသြားသည္။
"ရိွေတာ့ရိွတယ္...မင္းလည္းခန႔္မွန္းမိေလာက္မွာပါ..
သံုးလေနေတာ့မွ ၿပိဳင္ပဲြကတစ္ခုပဲရိွၿပီး
တစ္ခါကိုမွအမ်ားဆံုးေျခာက္မွတ္ပဲရႏိုင္တာေလ...
လူအမ်ားစုအတြက္ ေျခာက္မွတ္ဆိုတာက
လံုေလာက္ဖို႔ေတာင္ေဝးတယ္...ဒါအတြက္
ေရွာင္ေယာင္တကၠသိုလ္က ေျဖရွင္းနည္းတစ္ခု
ေတြးေပးထားတယ္"
ယူေရွာင္းမို ေမးလိုက္သည္။
"ဘယ္လိုေျဖရွင္းနည္းမ်ိဳးေတြရိွတာလဲ?"
က်ဳံးယဲ့: "ပင္မေဆာင္ထဲမွာ ပစၥည္းလဲလွယ္ေရး
သီးသန႔္ဌာနတစ္ခုရိွတယ္...အလႊာ ၇၀ နဲ႔အထက္က
ေက်ာင္းသားေတြပဲလဲလွယ္ခြင့္ရိွတယ္...
လဲလွယ္ေရးဌာနမွာသံုးတဲ့ေငြေၾကးက အမွတ္ေတြပဲ"
"မင္းေျပာတာ ေက်ာင္းသားေတြၾကား
ဖလွယ္တာလား?"
ဒါက ေက်ာင္းသားေတြရဲ့အမွတ္လိုအပ္မႈကို
မေျဖရွင္းေပးႏိုင္ဘူးလို႔ ယူေရွာင္းမိုခံစားေနရေသး
သည္။ ဘာေၾကာင့္ဆို ေက်ာင္းသားတိုင္းမွာက
အမွတ္နည္းနည္းပဲရိွတာေလ။ ဘယ္သူက
အမွတ္ေတြထုတ္ၿပီး ေရာ့အင့္ဆိုၿပီးလဲပစ္မွာလဲ။
က်ဳံးယဲ့ကျငင္းသည္။
"မဟုတ္ဘူး..ငါေျပာတာ ေက်ာင္းသားေတြနဲ႔
ပင္မေဆာင္ကဆရာေတြအႀကီးအကဲေတြၾကားက
ေဈးကြက္ပဲ...သူတို႔က ငါတို႔လိုမဟုတ္ဘူး...
သူတို႔ကလတိုင္း အမွတ္ပမာဏတစ္ခုအထိ
ရရိွႏိုင္တယ္ေလ...ဆရာေတြအႀကီးအကဲေတြ
မွာလည္း အဆင့္ေတြရိွၾကေပမယ့္ သူတို႔က
ေက်ာင္းသားေတြေလာက္အမွတ္သံုးစရာမလိုၾကဘူး
အဲ့ဒီအမွတ္ေတြက စုမိလာၿပီး ငါတို႔လိုအပ္တာလည္း
အဲ့အမွတ္ေတြပဲေလ...ဒါေပါ့ ေက်ာင္းသား
အခ်င္းခ်င္းလဲလွယ္လို႔လည္းရတယ္ ဒါေပမယ့္
ရွားတာေပါ့"
က်ဳံးယဲ့ကလည္း ဘာမွေထြေထြထူးထူးလုပ္စရာ
မရိွ၍ ယူေရွာင္းမိုကို ပစၥည္းလဲလွယ္ရာ
သီးသန႔္ဌာနသို႔ ကိုယ္တိုင္ေခၚသြားေပးခဲ့သည္။
လဲလွယ္ရာသီးသန႔္ဌာနက အလယ္တၫ့္တၫ့္က
၈၅ ထပ္မွာျဖစ္သည္။
အထပ္ေတျြမင့္သြားေလေလ လူဦးေရေလ်ာ့သြား
ေလေလျဖစ္သည္။ ဥပမာ ယူေရွာင္းမိုရဲ့လက္ရိွ
အလႊာ၉၀တြင္ လူစုစုေပါင္းမွာ ႏွစ္ဆယ္ပင္
မျပၫ့္တတ္ေပ။ ၈၅လႊာမွ လူဦးေရစုစုေပါင္းသည္
လည္း ငါးဆယ္ေအာက္၌သာရိွရာ ေနရာအလြတ္
အေတာ္ေလးေပါသည္။
ဒီေနရာလြတ္ကို ေရွာင္ေယာင္တကၠသိုလ္က
အသံုးျပဳလိုက္ၿပီး ေနရာအမ်ိဳးမ်ိဳးခဲြထုတ္ပစ္
လိုက္သည္။ ပစၥည္းလဲလွယ္တဲ့ သီးသန႔္ဌာနက
ဒီလိုေနရာတစ္ခုျဖစ္ၿပီး အက်ယ္က စတုရန္းမီတာ
တစ္ေထာင္ေက်ာ္ရိွေလသည္။
ငါးမိနစ္ၾကာၿပီးေနာက္ ႏွစ္ဦးသား လဲလွယ္ျခင္း
သီးသန႔္ဌာန၏အျပင္ဘက္သို႔ ေရာက္ရိွလာသည္။
ယခုအခ်ိန္သည္ လဲလွယ္ျခင္းဌာနတြင္
လူအစည္ဆံုးအခ်ိန္ပင္ျဖစ္သည္။ လြန္ခဲ့ေသာ
ႏွစ္လအတြင္း လူတိုင္းတြင္အမွတ္အခ်ိဳ႕ရိွခဲ့ၾကၿပီး
အားလံုးကို သားရဲသ႑ာန္ေျပာင္းလဲျခင္းအခန္းႏွင့္
တရားထိုင္ခန္းအတြက္ အသံုးျပဳခဲ့ၾကသည္။
ယခုက တတိယေျမာက္လျဖစ္ၿပီး သူတို႔မွာ
ရိွသမ်ွအမွတ္အကုန္လံုး သံုးလို႔ကုန္သြားၾကေလၿပီိ။
အမွတ္ေတြအသံုးျပဳျပီးလ်ွင္ ပံုမွန္အားျဖင့္
အမွတ္ပိုရမၫ့္နည္းလမ္းကို လိုခ်င္ၾကစၿမဲပင္။
ဒါေၾကာင့္ လူတိုင္းက ပစၥည္းလဲလွယ္ျခင္းသီးသန႔္
ဌာနသို႔ အေျပးအလႊားေရာက္လာၾကၿပီး
ႀကီးမားလွေသာဌာနႀကီးမွာ လႈပ္ရွားအသက္ဝင္
ေန၏။
ယူေရွာင္းမိုက က်ဳံးယဲ့ႏွင့္အတူေလ်ွာက္ဝင္သြား
သည္။ အထဲကအေျခအေနကို ျမင္သည္ႏွင့္
တစ္ၿပိဳင္နက္ သူ ရယ္ေမာမိေတာ့သည္။
ဒီဌာနက ေဈးတစ္ခုလိုပင္။ ဒါေပမယ့္
အမ်ားအားျဖင့္ ေဈးတစ္ခုကေဈးဆိုင္ေတြက
ေဈးေရာင္းသူမ်ားအတြက္ျဖစ္သည္။
ဒါေပမယ့္လည္း ဒီေနရာကေတာ့ ဝယ္သူမ်ား
အတြက္ျဖစ္ကာ ဆိုင္တိုင္းေရ႔ွမွာသလင္းဆိုင္းဘုတ္
တစ္ခု ေထာင္ထားသည္။ သလင္းဆိုင္းဘုတ္
ေပၚမွာေတာ့ ဆရာေတြအႀကီးအကဲေတြက
သူတို႔လိုအပ္သၫ့္ပစၥည္းမ်ားကိုၫႊန္းထားသည္။
ေက်ာင္းသားဆီမွာ ဒီပစၥည္းေတြရိွရင္ ခ်က္ခ်င္း
လက္ငင္းသြားေရာက္ ၫွိႏိႈင္းမႈမ်ားျပဳလုပ္ႏိုင္ၿပီး
ေဈးႏႈန္းကလည္း အတည္တက်ျဖစ္ရန္လြယ္ကူ
ေလသည္။
ဆရာေတြအႀကီးအကဲေတြအတြက္ေတာ့ အမွတ္က
အလကားရသည္ျဖစ္ရာ သူတို႔ေပးကမ္းထားေသာ
အမွတ္ပမာဏက မနိမ့္ေပ၊ ၿပီးေတာ့ လူေတြကလည္း
လွၫ့္စားခံရမည္ကို စိုးရိမ္ေနစရာမလိုေပ။
သူတို႔ႏွစ္ေယာက္ ေလ်ွာက္သြားေနရင္း
က်ဳံးယဲ့က ရွင္းျပေပးသည္။
လဲလွယ္ျခင္းဌာနကို အပိုင္းသံုးပိုင္းခဲြျခားထားေလ
သည္။ အပိုင္းတစ္က အထပ္၇၀မွ၇၉အထိ
ဆရာေတြအတြက္ျဖစ္ကာ သူတို႔ေတာင္းဆိုခ်က္ေတြ
က ပံုမွန္အားျဖင့္ေတာ္ေတာ္ေလးနိမ့္ၿပီး
ေပးကမ္းထားသၫ့္အမွတ္ပမာဏကလည္း
နည္းသည္။ ဒါေပမယ့္ ဒါက သူတို႔လတိုင္းရသၫ့္
အမွတ္ပမာဏႏွင့္ တိုက္ရိုက္အခ်ိဳးက်ေနတာ
ျဖစ္သည္။
အပိုင္းႏွစ္က အထပ္၈၀မွ၈၅အထိျဖစ္ၿပီး
အပိုင္းသံုးကေတာ့ အထပ္၉၀မွ၁၀၀ထိျဖစ္ၾကသည္။
အပိုင္းသံုးမွ ဆရာအႀကီးအကဲမ်ားက
အမွတ္အမ်ားဆံုးေပးၾကသည္။ ဒါေပမယ့္
သူတို႔ေတာင္းဆိုခ်က္ေတြကလည္း အလြန္ျမင့္ၾကၿပီး
ေက်ာင္းသားအမ်ားစုက ျဖၫ့္ဆည္းေပးခ်င္စိတ္
မရိွတတ္ၾက၍ အပိုင္းသံုးတြင္ေဈးဝယ္သူ
နည္းနည္းပဲရိွသည္။
က်ဳံးယဲ့က ယူေရွာင္းမိုကို အပိုင္းတစ္ဆီအရင္
သြားၾကၫ့္ဖို႔အႀကံေပးသည္။ သူတို႔က
အမွတ္အမ်ားႀကီးမေပးေပမယ့္ ဆရာေတြ
အႀကီးအကဲေတြလိုအပ္သၫ့္ ပစၥည္းေတြက
မ်ားေသာအားျဖင့္ လူေတြလဲခ်င္စိတ္ရိွသၫ့္
ပစၥည္းမ်ားျဖစ္ၾကသည္။
ယူေရွာင္းမိုက သိပ္ေတာ့အေရးမထားဘူး။
သူ အမွတ္အခ်ိဳ႕ရႏိုင္သေရြ့ အပိုင္းတစ္သြားရလည္း
အတူတူပဲျဖစ္သည္။
အပိုင္းတစ္မွာက အပိုင္းႏွစ္နဲ႔သံုးထက္ ဆရာနဲ႔
အႀကီးအကဲအေရအတြက္ပိုမ်ားသျဖင့္
သူတို႔အတြက္ ေနရာကလည္းပိုက်ယ္ေလသည္။
ေဈးဆိုင္ ေလးငါးဆယ္ခန႔္ထိရိွၿပီး ဆိုင္အမ်ားစုမွာ
ဆရာသို႔မဟုတ္အႀကီးအကဲႏွစ္ေယာက္ခန႔္
ထိုင္ေနၾကသည္။
"အပိုင္းတစ္ကေဈးက တစ္မွတ္ႏွစ္မွတ္အတြင္းမွာ
ရိွတယ္...တစ္ခ်ိဳ႕အႀကီးအကဲေတြကေမွာ္ဆရာေတြ
မဟုတ္ဘူး..ဒါေၾကာင့္ သူတို႔အမ်ားစုလိုအပ္တာက
ေမွာ္ေဆးလံုးေတြပဲ...ဒါေပမယ့္ ေက်ာင္းသား
တစ္ေယာက္က ေမွာ္ေဆးလံုးတစ္မ်ိဳးပဲလဲလွယ္လို႔
ရတယ္...အဲ့ထက္ပိုမ်ားရင္ သူတို႔ကလဲလွယ္ေပးမွာ
မဟုတ္ဘူး"
ယူေရွာင္းမို ေခါင္းညိမ့္ၿပီးလွမ္းၾကၫ့္လိုက္သည္။
ဆရာေတြအႀကီးအကဲေတြလိုအပ္တဲ့ ပစၥည္းေတြက
အမ်ိဳးစံုပင္...ၿပီးေတာ့ ပံုေသလည္းမရိွပံုေပၚသည္။
အခ်ိဳ႕က ေမွာ္ေဆးပင္ေတြ၊ အခ်ိဳ႕ကစိတ္ဝိဉာဉ္
ေလ့က်င့္ျခင္း ဒါမွမဟုတ္စြမ္းရည္ေလ့က်င့္ျခင္း
က်င့္စဉ္ေတြ လိုအပ္ၾကၿပီး စြမ္းအင္ေက်ာက္တံုး
လိုအပ္သူေတာင္ရိွေလသည္။ လဲလွယ္ဌာနမွာ
အမွတ္ေတြထုတ္ၿပီး စြမ္းအင္ေက်ာက္တံုးနဲ႔
လဲရေလာက္ေအာင္ အဲ့ဆရာကဘယ္ေလာက္မ်ား
ဆင္းရဲေနပါလိမ့္?
ယူေရွာင္းမို ခဏေလာက္ေတြေဝေနၿပီးတဲ့ေနာက္
ထိုဆရာ့ထံေလ်ွာက္သြားလိုက္ေတာ့သည္။
______________________