The Legendary Master's Wife [...

Bởi melon_rays

1.3M 243K 9.6K

Original Author- Yin Ya English Translators- Exiled Rebels Scanlations [Chapter(400)- (590)] (If you want t... Xem Thêm

Chapter-400
Chapter-401
Chapter-402
Chapter-403
Chapter-404
Chapter-405
Chapter-406
Chapter-407
Chapter-408
Chapter-409
Chapter-410
Chapter-411
Chapter-412
Chapter-413
Chapter-414
Chapter-415
Chapter-416
Chapter-417
Chapter-418
Chapter-419
Chapter-420
Chapter-421
Chapter-422
Chapter-423
Chapter-424
Chapter-425
Chapter-426
Chapter-427
Chapter-428
Chapter-429
Chapter-430⚠️
Chapter-431
Chapter-432
Chapter-433
Chapter-434
Chapter-435
Chapter-436
Chapter-437
Chapter-438
Chapter-439
Chapter-440
Chapter-441
Chapter-442
Chapter-443
Chapter-444
Chapter-445
Chapter-446
Chapter-447
Chapter-448⚠️
Chapter-449
Chapter-450
Chapter-451
Chapter-452
Chapter-453
Chapter-454
Chapter-455
Chapter-456
Chapter-457
Chapter-458
Chapter-459
Chapter-460
Chapter-461
Chapter-462
Chapter-463
Chapter-464
Chapter-465
Chapter-466
Chapter-467
Chapter-468
Chapter-469
Chapter-470
Chapter-471
Chapter-472
Chapter-473
Chapter-474
Chapter-475
Chapter-476
Chapter-477
Chapter-478
Chapter-479
Chapter-480
Chapter-481
Chapter-482
Chapter-483
Chapter-484
Chapter-485
Chapter-486
Chapter-487
Chapter-488
Chapter-489
Chapter-490
Chapter-491
Chapter-492
Chapter-493
Chapter-494
Chapter-495
Chapter-496
Chapter-497
Chapter-498
Chapter-499
Chapter-500
Chapter-501
Chapter-502
Chapter-503
Chapter-504
Chapter-505
Chapter-506
Chapter-507
Chapter-508
Chapter-509
Chapter-510
Chapter-511(Unicode)
Chapter-511(Zawgyi)
Chapter-512
Chapter-513(part-1)
Chapter-513(part-2)
Chapter-514
Chapter-515
Chapter-516
Chapter-517
Chapter-518
Chapter-519
Chapter-520
Chapter-521
Chapter-522
Chapter-523
Chapter-524
Chapter-525
Chapter-526
Chapter-527
Chapter-528
Chapter-529
Chapter-530
Chapter-531
Chapter-532
Chapter-533
Chapter-534(part-1)
Chapter-534(part-2)
Chapter-535
Chapter-536
Chapter-537
Chapter-538
Chapter-539
Chapter-540
Chapter-541
Chapter-543
Chapter-544
Chapter-545
Chapter-546
Chapter-547
Chapter-548
Chapter-549
Chapter-550
Chapter-551
Chapter-552
Chapter-553
Chapter-554
Chapter-555
Chapter-556
Chapter-557
Chapter-558
Chapter-559
Chapter-560
Chapter-561
Chapter-562
Chapter-563
Chapter-564
Chapter-565
Chapter-566
Chapter-567
Chapter-568
Chapter-569
Chapter-570
Chapter-571
Chapter-572
Chapter-573
Chapter-574
Chapter-575
Chapter-576
Chapter-577
Chapter-578
Chapter-579
Chapter-580
Chapter-581
Chapter-582
Chapter-583
Chapter-584
Chapter-585
Chapter-586
Chapter-587
Chapter-588
Chapter-589
Chapter-590
Book ခဲြျခင္း / Book ခွဲခြင်း

Chapter-542

6.4K 1.2K 26
Bởi melon_rays

//Unicode//

အပိုင်း(၅၄၂) 'သူခိုး'

ကြီးမားသည့်မြို့တံခါးကြီးများကို မြို့ထဲသို့
ဝင်လိုသည့်လူများအားစေ့စေ့စပ်စပ်စစ်ဆေးမေးမြန်း
နေသည့်အစောင့်အယောက်၂၀က စောင့်ကြပ်နေ
သည်။ သူတို့တစ်ယောက်စီတိုင်းက အင်ပါယာအဆင့်
နှင့်ဧကရာဇ်အဆင့်ကြားတွင်ရှိကြလေသည်။

ကျိရန်မြို့ကို အဝင်သာခွင့်ပြုထားပြီး
ထွက်ခွာခြင်းကိုတားမြစ်ထားသော်လည်း
တစ်သက်လုံးဒီအတိုင်းပဲရှိနေနိုင်မည်မဟုတ်ပေ။

ဤသည်အား လူတစ်ဦးတစ်ယောက်မှတွေးမိလျှင်
အခြားသူတွေကလည်းတွေးမိပေလိမ့်မည်။
ထို့ကြောင့်ပင် မြို့ထဲဝင်ကြသည့်လူများ
အများအပြားရှိနေသည်။ မြို့တံတိုင်းကြီးအပြင်ဘက်
တွင် စောင့်ကြည့်လေ့လာနေသည့်လူအုပ်ကြီးမှလွဲ၍
ကျန်သောလူများကညီညီညာညာတန်းစီ
နေကြသည်။

ယူရှောင်းမိုနဲ့လင်းရှောင်က ထိုစောင့်ကြည့်လေ့လာနေ
သည့်အဖွဲ့ထဲမှာပါလေသည်။

မော့ကျင်းကဘာလို့သူတို့ကိုကျိရန်မြို့ထဲမှာ
ဆုံချင်သလဲသူသိသွားပြီထင်သည်။

မော့ကျင်းကအထဲမှာပိတ်မိနေတာကြောင့် သူ့အတွက်
စကားပါးပေးမယ့်လူတစ်ယောက်လိုပေသည်။
ဒါကြောင့် သူ​ကြိုရောက်နေနှင့်ပြီဖြစ်ပေမယ့်
ပေါ်မလာရခြင်းဖြစ်၏။

"ဝင်မှာလား"

ပြောလိုက်သူမှာ ယူရှောင်းမိုမဟုတ်ဘဲလင်းရှောင်ပင်။

မြင်နေရသည့်အခြေအနေအရ ကျိရန်မြို့အတွင်း၌
ပြဿနာတစ်စုံတစ်ရာဖြစ်နေပုံပြီး
အခုလောလောဆယ်သူတို့အလိုအပ်ဆုံးမှာလည်း
ပြဿနာတက်ခြင်းမှရှောင်ကျဉ်ရန်ဖြစ်နေသည်။
ထို့ကြောင့်လင်းရှောင်က မော့ကျင််းဆီက
မှော်ဆေးပင်တွေသွားယူပြီးပြဿနာအတက်ခံမလား
ဒါမှမဟုတ် ဒီအတိုင်းပဲထွက်သွားကြမလားကို
ယူရှောင်းမိုအားရွေးချယ်ခွင့်ပေးလိုက်တော့၏။

ရှောင်းမို နှစ်စက္ကန့်ခန့်တွေဝေသွားပြီးနောက်
ခေါင်းညိတ်လိုက်သည်။

သူတို့လက်ထဲမှာပြဿနာတွေတစ်ပုံကြီးရှိနေပြီးသား
ဖြစ်သည်။ နောက်တစ်ခုပိုလာရင်လည်း
ဘာမှကွာခြားမသွားပေ။

ထို့ပြင်သူတို့ ဟိုတစ်လောကတင်ကျိရန်မြို့ကထွက်
လာခဲ့တာဖြစ်သည်။ မြို့ရဲ့အသန်မာဆုံးကျင့်ကြံသူက
လင်းရှောင်နိုင်တဲ့ဟယ့်ရှုန်းဖြစ်ရာ ပြန်ထွက်ဖို့က
လွယ်ကူတဲ့ကိစ္စဖြစ်ပေသည်။

"ဒါဆိုလည်းဝင်ကြတာပေါ့"

လင်းရှောင်မှာကန့်ကွက်စရာမရှိပေ။ သူ
ယူရှောင်းမိုတွေးတဲ့ပုံစံကို တော်တော်လေးနားလည်
သည်။ မော့ကျင်းနဲ့အဆက်အသွယ်ရထားသည့်
ဒီတစ်ခေါက်အခွင့်အရေးကိုလွတ်သွားလျှင်
နောက်တစ်ခါဆိုတာဘယ်တော့လာမယ်မှန်း
မသိရချေ။

သူတို့နှစ်ယောက် လူတန်းကြီးအဆုံးနားလျှောက်
သွားပြီးတန်းစီလိုက်ကြသည်။

အစစ်အဆေးကတင်းကြပ်ပေမယ့် မြန်သည်။
မိနစ်သုံးဆယ်မကြာသေးခင်မှာပင် သူတို့အလှည့်
ရောက်လာသည်။ အစောင့်တွေကယူရှောင်းမိုကို
တစ်ချက်စစ်ဆေးကြည့်ပြီးနောက် ဝင်ခွင့်ပေး၏။
၎င်းကရိုးရှင်းလှသည်။

"နာမည်ပြော"

ယူရှောင်းမို လျှောက်ဝင်သွားတဲ့အခိုက်မှာ
အစောင့်ရဲ့အသံကိုကြားလိုက်ရသည်။
သူ့အနောက်ကလင်းရှောင်ဖြစ်သည်။ နောက်ပြန်
လှည့်ကြည့်လိုက်တော့ အစောင့်ကလင်းရှောင်ကို
မေးမြန်းနေတာပင်။ ခုနလေးတုန်းကတော့
ထိုအတိုင်းမဟုတ်ပေ။

"လင်းစစ်"  လင်းရှောင်ကရုပ်တည်နှင့်ပြန်ဖြေ
လိုက်သည်။

ယူရှောင်းမို ပါးစပ်တွန့်သွား၏။

သူတို့က အခုလတ်တလောတအားနာမည်ကြီး​နေပြီး
လူသိများနေတာကြောင့် နာမည်အမှန်ကို
မပြောရန်ဆုံးဖြတ်ထားသည်။ ထို့ကြောင့်
တစ်ယောက်ယောက်ကမေးလာလျှင်
ပါးစပ်ထဲရှိရာလျှောက်ပြောလိုက်မည်သာ။

အစောင့်ကသူ့ကိုသင်္ကာမကင်းကြည့်လိုက်သည်။

"ဘယ်ကလာတာလဲ။ မြို့ထဲမှာဘာလုပ်မလို့လဲ"

လင်းရှောင် ပြန်ဖြေလိုက်သည်။

"ရေရှင်မြစ်နယ်နိမိတ်ကလာတာ။ ဒီမြို့က
မိတ်ဆွေကိုလာရှာတာ"

ယူရှောင်းမို ဒီအစောင့်ကကံကောင်းတယ်လို့
ခံစားလိုက်ရသည်။ လင်းရှောင် သူ့မေးခွန်းတွေကို
ရိုးရိုးသားသားဖြေတာအင်မတန်မှရှားလှသည်။
သူတကယ်ပဲအားကျမိ၏။

အစောင့်က နောက်ထပ်မေးခွန်းအနည်းငယ်
ထပ်မေးပြီး လင်းရှောင်ကဝတ်ကျေတန်းကျေ
ပြန်ဖြေသည်။ အစောင့်ကသံသယဖြစ်ဖွယ်
တစ်စုံတစ်ရာမတွေ့တာကြောင့်လားတော့မသိ
လင်းရှောင်ကိုဝင်ခွင့်ပေးလိုက်တော့သည်။

မော့ကျင်းကသူကျိရန်မြို့မှာရှိနေကြောင်း
ပြောခဲ့ပြီး ဘယ်ချိန်ဘယ်နေရာမှာတွေ့မလဲကိုတော့
မပြောခဲ့ပေ။ သူတို့မြို့ထဲဝင်လာသည်နှင့်
ချက်ချင်းလာတွေ့မည်ဖြစ်ကြောင်းသာ ရွှမ်းမင်ကို
ပြောခဲ့သည်။

နှစ်ယောက်သား လူစည်ကားသည့်စားသောက်ဆိုင်
တစ်ဆိုင်ရှာလိုက်ကြသည်။

စားသောက်ဆိုင်တွင်လူတွေအများကြီးစုရုံးနေပြီး
စားပွဲတစ်ဝိုင်းစီတွင် လူနှစ်ယောက်ကျော်ခန့်စီ
ဝိုင်းထိုင်နေကြ၏။ သူတို့က ဒီနှစ်ရက်အတွင်း
မြို့ကိုပိတ်ထားတဲ့အကြောင်းကိုမရပ်မနား
ပြောဆိုနေကြသည်။ မြို့ကိုပိတ်ချလိုက်သည့်
အကြောင်းအရင်းကိုသိသူရှိပုံမရဘဲ အားလုံးက
သို့လောသို့လောဖြစ်နေကြလေသည်။

မြို့ကိုပိတ်ချဖို့အမိန့်ကိုဟယ့်ရှုန်းကထုတ်ပြန်ခဲ့တာ
ဖြစ်သည်။

အချို့က ဟယ့်ရှုန်းကသူ့ကိုရိုက်နှက်သွားတဲ့လူ​ကို
ရှာနေတာလို့ပြောကြပြီး အခြားသူများက
ဟယ့်ရှုန်းကအရေးကြီးတဲ့တစ်စုံတစ်ခု
ပျောက်သွားတာကြောင့် ခိုးသွားတဲ့သူကိုဖမ်းဖို့
ဟုလည်းပြောဆိုနေကြသည်။ 

အချုပ်အားဖြင့်ဆိုရသော် မတူညီတဲ့အမြင်တွေ
အများကြီးရှိနေပေမယ့် ထိုအမြင်တိုင်းကို
ကန့်ကွက်တဲ့သူတစ်ယောက်မဟုတ်
တစ်ယောက်ကတော့ရှိသည်ပင်။

"ကျွန်တော်တို့ကိုရှာဖို့မြို့ကိုပိတ်လိုက်တာတော့
မဖြစ်နိုင်ဘူး။ တကယ်ပဲသူခိုးကြောင့်လား"

ယူရှောင်းမို လင်းရှောင်အတွက်လက်ဖက်ရည်
တစ်ခွက်ငှဲ့ပေးရင်း တက်တက်ကြွကြွနဲ့
သူ့အမြင်ကိုဝင်ဆွေးနွေးလိုက်သည်။
သူခိုးတွေအကြောင်းပါလာရင်စကားပြောဖို့ စိတ်ပါလာသည်လေ။

လေဟာနယ်လိုဏ်ခေါင်းမှာတုန်းက သောက်ယွင်နှင့်
တွေ့ခဲ့ရပြီး သူကနတ်ဒေဝါဆယ်ပါးမှစောရ
နတ်ဘုရား၏တပည့်ဖြစ်သည်ဟု ပြောခဲ့ပေသည်။
ပေတုန်ကထွက်ခွာလာခဲ့ပြီးနောက်တွင် သူနဲ့
ထပ်မတွေ့ရတော့ချေ။ ထို့အပြင်စောရနတ်ဘုရားနှင့်
ပတ်သက်သည့်သတင်းဟူ၍ တစ်ခုမှမရှိပေ။
သောက်ယွင် သူ့ဆရာကိုရှာတွေ့သွားသလား
ဒါမှမဟုတ် သူ့ဆရာရဲ့စမ်းသပ်ချက်ကို​
အောင်မြင်သွားပြီလား ယူရှောင်းမိုမသိပေ။

လင်းရှောင်ကလက်ဖက်ရည်တစ်ငုံသောက်သည်။

"တစ်ခုခုအခိုးခံလိုက်ရတယ်ဆိုတဲ့ကောလဟလက
သတင်းအမှားပဲ။ သူတစ်ယောက်ယောက်ကို
ရှာနေတာဖြစ်နိုင်တယ်"

ယူရှောင်းမို 'ကျွန်တော်တို့ကိုရှာနေတာတော့
မဟုတ်လောက်ဘူးမလား' ဟုပြောလိုက်မိတော့မယ့်
ဆဲဆဲတွင် သူ့စကားကတော်တော်လေးတုံးအရာ
ရောက်တယ်လို့ ခံစားရတာကြောင့်
အမြန်ပါးစပ်ပြန်ပိတ်လိုက်ရသည်။

"ဒါဆို သူတို့ရှာနေတာဘယ်သူလို့ထင်လဲ"

"ဘယ်သိမှာလဲ"

လင်းရှောင်ရဲ့ရှင်းလင်းလှတဲ့အဖြေကြောင့်
ယူရှောင်းမိုနင်သွားသည်။ လင်းရှောင်က
သဘာဝလွန်စွမ်းအားတွေနဲ့ရှေ့ဖြစ်ဟောတော့မယ်လို့
ထင်ထားသော်လည်း သူကဘာမဟုတ်တာကို
စောင့်နေမိသလိုဖြစ်သွားပုံရသည်။ သူ
စိတ်မပါဘဲမေးကြည့်လိုက်သည်။

"သူတို့ကလူရှာနေတာပါလို့ ခင်ဗျားကဘယ်လိုလုပ်
သေချာနေတာလဲ"

"လူရှာနေတာမှမဟုတ်ရင် အဝင်ပဲခွင့်ပြုပြီး
အထွက်ခွင့်မပြုစရာမရှိဘူး။ ဒါ့အပြင်
မြို့ထဲဝင်ဖို့စစ်ဆေးတာကအရမ်းကြပ်တယ်။
သူတို့ရှာနေတာတစ်ယောက်တည်းမဟုတ်ဘူး။
အဲ့သူကိုကယ်ဖို့ လူရောက်လာမှာကိုစိုးရိမ်နေပုံ
ရတယ်"

"ဉာဏ်ကောင်းလိုက်တာ!"  ယူရှောင်းမိုက
တောက်ပနေတဲ့မျက်လုံးလေးတွေနဲ့ချီးမွမ်းလိုက်
လေသည်။

"မင်းကသာတုံးလွန်းနေတာ"

"........."

စားသောက်ဆိုင်တွင်တစ်နာရီကျော်ကျော်နေပြီး
တဲ့နောက်သိပ်မကြာခင်မှာ နေဝင်စပြုလာ၏။
ကောင်းကင်ကြီးနဲ့တိမ်တိုက်တွေက တိမ်မြိုပ်လုစ
နေလုံးကြီးကြောင့်အနီရောင်သမ်းနေပြီး
ရောင်ပြန်ဟပ်လာတဲ့အရောင်က လူတွေရဲ့မျက်နှာကို
အနီရောင်ခပ်ပါးပါးလေး ခြယ်သထားသည်။

ယူရှောင်းမို ကောင်းကင်အရောင်ကိုမော့ကြည့်
လိုက်ပြီး တစ်ညတော့နေရလောက်မယ်လို့
ခံစားရတာကြောင့်ဆိုင်ပိုင်ရှင်ဆီမှာ အခန်းတစ်ခန်း
သွားတောင်းလိုက်သည်။

တကယ်တော့မော့ကျင်းကသူတို့ကိုရှာတွေ့ပါ့မလား
သူသံသယဖြစ်မိသည်။ ဘယ်လိုပဲနေနေ
ကျိရန်မြို့မှာက လူတွေအများကြီးရှိပြီး
အထူးသဖြင့်မြို့မှပြန်ထွက်ခွင့်မရှိကြောင်း
ကြေညာပြီးနောက်၌နေဝင်သွားပြီဆိုရင်တောင် လမ်းမတွေမှာလူတွေအများကြီးသွားလာနေတတ်
သည်။

ညအချိန်သို့ကျရောက်လာပြီး အပြင်လောကသည်
မှောင်ပိန်းနေ၏။

ဤကာလကသူခိုးများမြူးတူးရာကာလဖြစ်ပေသည်။

ဒါကြောင့် ယူရှောင်းမိုနဲ့လင်းရှောင်တို့အခန်းကို
သူခိုးတစ်ကောင်အလည်ရောက်လာလေသည်။

"ရပ်ရပ် ငါသူခိုးမဟုတ်ဘူး"

ယူရှောင်းမိုရဲ့ကိုယ်အောက်မှာ နာနာကျင်ကျင်
အဖိခံထားရတဲ့ 'သူခိုး'ဆီမှအသံထွက်လာသည်။
သူ ပြတင်းပေါက်မှကျော်ဝင်လာစဉ်
သတိအနေအထားရှိနေတဲ့ယူရှောင်းမိုက ကန်ထုတ်
လိုက်ခြင်းဖြစ်လေသည်။

ယူရှောင်းမိုကြက်သေသေသွား၏။

ဘာလို့အသံကရင်းနှီးသလိုရှိနေတာပါလိမ့်။

ခပ်မှိန်မှိန်လင်းနေတဲ့အခန်းကို လရောင်ပျပျက
အားဖြည့်ပေးနေသည်။ လင်းရှောင်က ကုတင်ပေါ်မှာ
မေးထောက်ထိုင်နေရင်းတိုးတိုးရယ်မောလိုက်၏။

"သူကမော့ကျင်းလေ"

ယူရှောင်းမို လက်တွေခြေထောက်တွေကို
ချက်ချင်းဖြေလျော့လိုက်ပြီး အသေအချာကြည့်
လိုက်တော့တကယ်ပဲမော့ကျင်းဖြစ်နေသည်။
ယူရှောင်းမို သူ့ကိုကို့ယို့ကားယားနဲ့ထူပေးလိုက်ပြီး
ရှက်ကိုးရှက်ကန်းရယ်ရင်း အဝတ်တွေကို
ဖုန်ခါပေးလိုက်သည်။

"အဆင်ပြေရဲ့လား"

မော့ကျင်းက ကန်ခံလိုက်ရတဲ့သူ့ခါးအိုကြီးကို
ပွတ်နေရင်းငြီးတွားလိုက်၏။

"အကန်ခံကြည့်ပါလား။ တစ်သက်လုံးမှတ်မိသွား
စေဖို့အာမခံတယ်"

ယူရှောင်းမိုပိုပြီးရှက်သွားပေမယ့် ပြန်မချေပဘဲ
မနေနိုင်။

"ဘယ်သူကများ တံခါးမကြီးကမဝင်နဲ့
ပြတင်းပေါက်ကကျော်ဝင်လို့ပြောထားလို့လဲ။
ခင်ဗျားကိုသူခိုးဂျပိုးလို့ထင်လိုက်တာပေါ့"

"ပြတင်းပေါက်ကမဝင်လာရင်အဖမ်းခံရပြီး
လောက်ပြီ"

မော့ကျင်းလည်း ဒီလိုမဝင်လာချင်ပါပေ၊ သို့သော်
သူကတစ်မြို့လုံးကအလိုရှိသူဖြစ်နေသည်။
သူ့မှာ မြို့တံခါးကနေလည်းထွက်သွားလို့မရဘဲ
ဂရုတစိုက်နဲ့နေခဲ့လို့သာမဟုတ်ရင် သူတို့ရောက်
လာဖို့စောင့်နေနိုင်မှာမဟုတ်ပေ။

"ဘယ်လိုလုပ်မြို့စောင့်တွေအလိုရှိတဲ့သူဖြစ်
သွားရတာလဲ"

သူ့စကားကိုကြားလိုက်ရသည်နှင့်တစ်ပြိုင်နက်
မော့ကျင်းက ကျိရန်မြို့ကရှာနေတဲ့လူဆိုတာ
ယူရှောင်းမိုသိလိုက်သည်။ သူနည်းနည်း
အံ့ဩသွားမိ၏။ မော့ကျင်းကကြီးလေးတဲ့တာဝန်တွေ
ထမ်းပိုးထားရသူဖြစ်သည်။ ဘာအကြောင်းအရင်း
မှမရှိဘဲ သူကဘယ်လိုလုပ်ပြဿနာသွားရှာပါ့မလဲ။

မော့ကျင်းကလက်ခါလိုက်ကာ စားပွဲမှာ
သွားထိုင်သည်။

"ရှင်းချီနဲ့ကောင်းယွင်ကကျုပ်နောက်လိုက်နေတာ။
သူတို့ကကျိရန်မြို့ကဟယ့်ရှုန်းနဲ့ခင်မင်တဲ့
ဆက်ဆံရေးရှိပုံရတယ်။ ကျုပ်မြို့ကထွက်သွား
တော့မယ့်အချိန်မှာပဲ ဟယ့်ရှုန်းကမြို့တံခါးတွေကို
ချိတ်ပိတ်ခိုင်းလိုက်တယ်၊ အဲ့ဒါနဲ့ကျုပ်လည်း
ဒီမှာပိတ်မိနေတာခုနစ်ရက်လောက်ရှိရော့မယ်"

"ခင်ဗျားအဖြစ်ကလည်းသနားစရာကောင်းလိုက်
တာဗျာ"

ယူရှောင်းမို ကိုယ်ချင်းစာမိသည်။

မော့ကျင်းလည်းရာနှုန်းပြည့်သဘောတူပြီး
သင့်သလိုသံယောင်လိုက်ဖို့ပြင်နေတုန်း
ယူရှောင်းမိုရဲ့နောက်ထပ်စကားတစ်ခုကို
ကြားလိုက်ရသည်။

"ဒါဆိုကျွန်တော့်ရဲ့မှော်ဆေးပင်လေးတွေကရော?"

"......"

မော့ကျင်း ချောင်းဟန့်လိုက်ပြီးအင်္ကျီလက်ထဲကနေ
သိုလှောင်အိတ်တစ်လုံးထုတ်ပြီးပစ်ပေးလိုက်သည်။

"မှော်ဆေးပင်အများကြီးတော့မပါဘူး။ အခုလော
လောဆယ်ကျုပ်စုဆောင်းထားခဲ့တာအကုန်ပဲ။
မင်းပြောတဲ့အတိုင်းပဲ မျိုးစေ့တွေ၊ အပင်ပေါက်တွေနဲ့
သက်တမ်းရင့်အပင်တွေပါတယ်။ ဒါပေမယ့်
သက်တမ်းရင့်အပင်ကနည်းတယ်"

ယူရှောင်းမို ကြည့်ကြည့်လိုက်သည်။ ရှီကျင်းတွင်
မှော်ဆေးပင်တွေပေါတာအမှန်ပင်။ မော့ကျင်း
စုထားတဲ့ထဲကမှော်ဆေးပင်အများစုကို
သူတစ်ခါမှမမြင်ဖူးပေ။ မျိုးစေ့တွေကအများဆုံး
ဖြစ်ပေမယ့် အပင်ပေါက်တွေလည်းအများကြီး
ပါသည်။ သူကောင်းကောင်းစိုက်ပျိုးပေးလျှင်
အပင်ပေါက်လေးတွေရင့်လာဖို့ သိပ်ကြာမှာ
မဟုတ်ပေ။

မော့ကျင်းက အချိန်တိုအတွင်းမှာအများကြီး
စုဆောင်းမိလိမ့်မယ်လို့မထင်ထားပေ။
မမျှော်လင့်ထားတာတွေတစ်သီတစ်တန်းကြီး
ကြုံတွေ့ရပြီးနောက်တွင် ကောင်းမွန်တဲ့အရာတစ်ခု
တွေ့ရတာပင်။

"ညီအစ်ကိုရာ ခင်ဗျားအတွက်ခက်ခဲခဲ့မှာပဲ"

ယူရှောင်းမိုကမှော်အိတ်ကိုလက်ခံလိုက်ပြီး
မော့ကျင်းရဲ့လက်ကိုဆုပ်ကိုင်ကာ လှိုက်လှိုက်လှဲလှဲ
ကျေးဇူးတင်လိုက်သည်။ မော့ကျင်းကိုကြည့်နေတဲ့
အကြည့်ကရွှေတွင်းကြီးကိုကြည့်နေတဲ့ပုံရှိသည်။

မော့ကျင်းမှာ ရှက်သွားလေသည်၊ အမှန်တော့
အဲ့လောက်ကြီးထိပြဿနာမဖြစ်ခဲ့ပေ။

သူ့မှာတိုက်တိုက်ဆိုင်ဆိုင်နဲ့ သက်တမ်းရင့်
မှော်ဆေးပင်တွေဆောင်ထားမိတာဖြစ်သည်။
မျိုးစေ့နဲ့အပင်ပေါက်လေးတွေကို​က လမ်းမှာ
ဝယ်လာခဲ့တာဖြစ်ပြီး သက်တမ်းရင့်မှော်ဆေးပင်
တွေနဲ့စာရင် ဒါတွေကသိပ်အဖိုးမတန်လှပေ။
ဈေးကွက်သိပ်မဝင်ပေမယ့် သူဝယ်လို့ရခဲ့သေးသည်။
အရင်က ယူရှောင်းမိုမကျေမနပ်ဖြစ်မှာကိုတောင်
စိတ်ပူခဲ့ရသေးသည်။

"ဒါကနည်းနည်းပဲရှိသေးတာပါ။ အခြေကျ
သွားရင် များများကူရှာပေးပါ့မယ်"

"ဒါဆိုခင်ဗျားကိုအားကိုးလိုက်ပြီနော်"

ယူရှောင်းမိုစိတ်လှုပ်တရှားနဲ့သူ့ပုခုံးကို
ပုတ်လိုက်သည်။

"ဒါနဲ့ ခင်ဗျားရဲ့သခင်လေးကိုသူ့ဖိုးဖိုးကြီး​က
လာခေါ်သွားပြီ။ ခင်ဗျားစိတ်ပူစရာမလိုတော့ဘူး"

"ကျွန်တော်တို့ကဒါပြီးရင်ကျိရန်မြို့ကနေ
ထွက်သွားမှာ။ ခင်ဗျားကရော?"

ထိုစကားက မော့ကျင်းမျှော်လင့်နေတဲ့စကား
ဖြစ်လေသည်။ သူ့အတွက်ထိုစကားက
ကောင်းကင်ဘုံကတေးသံအလားပင်။

သူဘာလို့ကျိရန်မြို့ထဲမှာပိတ်မိနေခဲ့တာလဲ။
ဘာလို့လဲဆိုတော့ သူ့မှာခွန်အားနည်းပါး၍
ဖြစ်သည်။ ရှင်းချီနဲ့ကောင်းယွင်အသင်းထဲ
ဟယ့်ရှုန်းပါ ပါလာတော့ သူသာမြို့တံခါးကို
ဖြတ်ပြေးမယ်ဆိုရင်အဖမ်းခံရဖို့သေချာသလောက်
ရှိသည်။

ဒါကြောင့်သူကလင်းရှောင်ရောက်လာမှာကို
စောင့်နေခဲ့တာဖြစ်သည်။
_____________________________

//Zawgyi//

အပိုင္း(၅၄၂) 'သူခိုး'

ႀကီးမားသၫ့္ၿမိဳ႔တံခါးႀကီးမ်ားကို ၿမိဳ႔ထဲသို႔
ဝင္လိုသၫ့္လူမ်ားအားေစ့ေစ့စပ္စပ္စစ္ေဆးေမးျမန္း
ေနသၫ့္အေစာင့္အေယာက္၂၀က ေစာင့္ၾကပ္ေန
သည္။ သူတို႔တစ္ေယာက္စီတိုင္းက အင္ပါယာအဆင့္
ႏွင့္ဧကရာဇ္အဆင့္ၾကားတြင္ရိွၾကေလသည္။

က်ိရန္ၿမိဳ႔ကို အဝင္သာခြင့္ျပဳထားၿပီး
ထြက္ခြာျခင္းကိုတားျမစ္ထားေသာ္လည္း
တစ္သက္လံုးဒီအတိုင္းပဲရိွေနႏိုင္မည္မဟုတ္ေပ။

ဤသည္အား လူတစ္ဦးတစ္ေယာက္မွေတြးမိလ်ွင္
အျခားသူေတြကလည္းေတြးမိေပလိမ့္မည္။
ထို႔ေၾကာင့္ပင္ ၿမိဳ႔ထဲဝင္ၾကသၫ့္လူမ်ား
အမ်ားအျပားရိွေနသည္။ ၿမိဳ႔တံတိုင္းႀကီးအျပင္ဘက္
တြင္ ေစာင့္ၾကၫ့္ေလ့လာေနသၫ့္လူအုပ္ႀကီးမွလဲြ၍
က်န္ေသာလူမ်ားကညီညီညာညာတန္းစီ
ေနၾကသည္။

ယူေရွာင္းမိုနဲ႔လင္းေရွာင္က ထိုေစာင့္ၾကၫ့္ေလ့လာေန
သၫ့္အဖဲြ႔ထဲမွာပါေလသည္။

ေမာ့က်င္းကဘာလို႔သူတို႔ကိုက်ိရန္ၿမိဳ႔ထဲမွာ
ဆံုခ်င္သလဲသူသိသြားၿပီထင္သည္။

ေမာ့က်င္းကအထဲမွာပိတ္မိေနတာေၾကာင့္ သူ႔အတြက္
စကားပါးေပးမယ့္လူတစ္ေယာက္လိုေပသည္။
ဒါေၾကာင့္ သူ​ႀကိဳေရာက္ေနႏွင့္ၿပီျဖစ္ေပမယ့္
ေပၚမလာရျခင္းျဖစ္၏။

"ဝင္မွာလား"

ေျပာလိုက္သူမွာ ယူေရွာင္းမိုမဟုတ္ဘဲလင္းေရွာင္ပင္။

ျမင္ေနရသၫ့္အေျခအေနအရ က်ိရန္ၿမိဳ႔အတြင္း၌
ျပႆနာတစ္စံုတစ္ရာျဖစ္ေနပံုၿပီး
အခုေလာေလာဆယ္သူတို႔အလိုအပ္ဆံုးမွာလည္း
ျပႆနာတက္ျခင္းမွေရွာင္က်ဉ္ရန္ျဖစ္ေနသည္။
ထို႔ေၾကာင့္လင္းေရွာင္က ေမာ့က်င္္းဆီက
ေမွာ္ေဆးပင္ေတြသြားယူၿပီးျပႆနာအတက္ခံမလား
ဒါမွမဟုတ္ ဒီအတိုင္းပဲထြက္သြားၾကမလားကို
ယူေရွာင္းမိုအားေရြးခ်ယ္ခြင့္ေပးလိုက္ေတာ့၏။

ေရွာင္းမို ႏွစ္စကၠန႔္ခန႔္ေတြေဝသြားၿပီးေနာက္
ေခါင္းညိတ္လိုက္သည္။

သူတို႔လက္ထဲမွာျပႆနာေတြတစ္ပံုႀကီးရိွေနၿပီးသား
ျဖစ္သည္။ ေနာက္တစ္ခုပိုလာရင္လည္း
ဘာမွကြာျခားမသြားေပ။

ထို႔ျပင္သူတို႔ ဟိုတစ္ေလာကတင္က်ိရန္ၿမိဳ႔ကထြက္
လာခဲ့တာျဖစ္သည္။ ၿမိဳ႔ရဲ့အသန္မာဆံုးက်င့္ႀကံသူက
လင္းေရွာင္ႏိုင္တဲ့ဟယ့္ရႈန္းျဖစ္ရာ ျပန္ထြက္ဖို႔က
လြယ္ကူတဲ့ကိႁစၥဖစ္ေပသည္။

"ဒါဆိုလည္းဝင္ၾကတာေပါ့"

လင္းေရွာင္မွာကန႔္ကြက္စရာမရိွေပ။ သူ
ယူေရွာင္းမိုေတြးတဲ့ပံုစံကို ေတာ္ေတာ္ေလးနားလည္
သည္။ ေမာ့က်င္းနဲ႔အဆက္အသြယ္ရထားသၫ့္
ဒီတစ္ေခါက္အခြင့္အေရးကိုလြတ္သြားလ်ွင္
ေနာက္တစ္ခါဆိုတာဘယ္ေတာ့လာမယ္မွန္း
မသိရေခ်။

သူတို႔ႏွစ္ေယာက္ လူတန္းႀကီးအဆံုးနားေလ်ွာက္
သြားၿပီးတန္းစီလိုက္ၾကသည္။

အစစ္အေဆးကတင္းၾကပ္ေပမယ့္ ျမန္သည္။
မိနစ္သံုးဆယ္မၾကာေသးခင္မွာပင္ သူတို႔အလွၫ့္
ေရာက္လာသည္။ အေစာင့္ေတြကယူေရွာင္းမိုကို
တစ္ခ်က္စစ္ေဆးၾကၫ့္ၿပီးေနာက္ ဝင္ခြင့္ေပး၏။
၄ကရိုးရွင္းလွသည္။

"နာမည္ေျပာ"

ယူေရွာင္းမို ေလ်ွာက္ဝင္သြားတဲ့အခိုက္မွာ
အေစာင့္ရဲ့အသံကိုၾကားလိုက္ရသည္။
သူ႔အေနာက္ကလင္းေရွာင္ျဖစ္သည္။ ေနာက္ျပန္
လွၫ့္ၾကၫ့္လိုက္ေတာ့ အေစာင့္ကလင္းေရွာင္ကို
ေမးျမန္းေနတာပင္။ ခုနေလးတုန္းကေတာ့
ထိုအတိုင္းမဟုတ္ေပ။

"လင္းစစ္"  လင္းေရွာင္ကရုပ္တည္ႏွင့္ျပန္ေျဖ
လိုက္သည္။

ယူေရွာင္းမို ပါးစပ္တြန႔္သြား၏။

သူတို႔က အခုလတ္တေလာတအားနာမည္ႀကီး​ေနၿပီး
လူသိမ်ားေနတာေၾကာင့္ နာမည္အမွန္ကို
မေျပာရန္ဆံုးျဖတ္ထားသည္။ ထို႔ေၾကာင့္
တစ္ေယာက္ေယာက္ကေမးလာလ်ွင္
ပါးစပ္ထဲရိွရာေလ်ွာက္ေျပာလိုက္မည္သာ။

အေစာင့္ကသူ႔ကိုသကၤာမကင္းၾကၫ့္လိုက္သည္။

"ဘယ္ကလာတာလဲ။ ၿမိဳ႔ထဲမွာဘာလုပ္မလို႔လဲ"

လင္းေရွာင္ ျပန္ေျဖလိုက္သည္။

"ေရရွင္ျမစ္နယ္နိမိတ္ကလာတာ။ ဒီၿမိဳ႔က
မိတ္ေဆြကိုလာရွာတာ"

ယူေရွာင္းမို ဒီအေစာင့္ကကံေကာင္းတယ္လို႔
ခံစားလိုက္ရသည္။ လင္းေရွာင္ သူ႔ေမးခြန္းေတြကို
ရိုးရိုးသားသားေျဖတာအင္မတန္မွရွားလွသည္။
သူတကယ္ပဲအားက်မိ၏။

အေစာင့္က ေနာက္ထပ္ေမးခြန္းအနည္းငယ္
ထပ္ေမးၿပီး လင္းေရွာင္ကဝတ္ေက်တန္းေက်
ျပန္ေျဖသည္။ အေစာင့္ကသံသယျဖစ္ဖြယ္
တစ္စံုတစ္ရာမေတြ့တာေၾကာင့္လားေတာ့မသိ
လင္းေရွာင္ကိုဝင္ခြင့္ေပးလိုက္ေတာ့သည္။

ေမာ့က်င္းကသူက်ိရန္ၿမိဳ႔မွာရိွေနေၾကာင္း
ေျပာခဲ့ၿပီး ဘယ္ခ်ိန္ဘယ္ေနရာမွာေတြ့မလဲကိုေတာ့
မေျပာခဲ့ေပ။ သူတို႔ၿမိဳ႔ထဲဝင္လာသည္ႏွင့္
ခ်က္ခ်င္းလာေတြ့မည္ျဖစ္ေၾကာင္းသာ ရႊမ္းမင္ကို
ေျပာခဲ့သည္။

ႏွစ္ေယာက္သား လူစည္ကားသၫ့္စားေသာက္ဆိုင္
တစ္ဆိုင္ရွာလိုက္ၾကသည္။

စားေသာက္ဆိုင္တြင္လူေတြအမ်ားႀကီးစုရံုးေနၿပီး
စားပဲြတစ္ဝိုင္းစီတြင္ လူႏွစ္ေယာက္ေက်ာ္ခန႔္စီ
ဝိုင္းထိုင္ေနၾက၏။ သူတို႔က ဒီႏွစ္ရက္အတြင္း
ၿမိဳ႔ကိုပိတ္ထားတဲ့အေၾကာင္းကိုမရပ္မနား
ေျပာဆိုေနၾကသည္။ ၿမိဳ႔ကိုပိတ္ခ်လိုက္သၫ့္
အေၾကာင္းအရင္းကိုသိသူရိွပံုမရဘဲ အားလံုးက
သို႔ေလာသို႔ေလာျဖစ္ေနၾကေလသည္။

ၿမိဳ႔ကိုပိတ္ခ်ဖို႔အမိန႔္ကိုဟယ့္ရႈန္းကထုတ္ျပန္ခဲ့တာ
ျဖစ္သည္။

အခ်ိဳ႕က ဟယ့္ရႈန္းကသူ႔ကိုရိုက္ႏွက္သြားတဲ့လူ​ကို
ရွာေနတာလို႔ေျပာၾကၿပီး အျခားသူမ်ားက
ဟယ့္ရႈန္းကအေရးႀကီးတဲ့တစ္စံုတစ္ခု
ေပ်ာက္သြားတာေၾကာင့္ ခိုးသြားတဲ့သူကိုဖမ္းဖို႔
ဟုလည္းေျပာဆိုေနၾကသည္။ 

အခ်ဳပ္အားျဖင့္ဆိုရေသာ္ မတူညီတဲ့အျမင္ေတြ
အမ်ားႀကီးရိွေနေပမယ့္ ထိုအျမင္တိုင္းကို
ကန႔္ကြက္တဲ့သူတစ္ေယာက္မဟုတ္
တစ္ေယာက္ကေတာ့ရိွသည္ပင္။

"ကၽြန္ေတာ္တို႔ကိုရွာဖို႔ၿမိဳ႔ကိုပိတ္လိုက္တာေတာ့
မျဖစ္ႏိုင္ဘူး။ တကယ္ပဲသူခိုးေၾကာင့္လား"

ယူေရွာင္းမို လင္းေရွာင္အတြက္လက္ဖက္ရည္
တစ္ခြက္ငွဲ႔ေပးရင္း တက္တက္ႂကြၾကြနဲ႔
သူ႔အျမင္ကိုဝင္ေဆြးေနြးလိုက္သည္။
သူခိုးေတြအေၾကာင္းပါလာရင္စကားေျပာဖို႔ စိတ္ပါလာသည္ေလ။

ေလဟာနယ္လိုဏ္ေခါင္းမွာတုန္းက ေသာက္ယြင္ႏွင့္
ေတြ့ခဲ့ရၿပီး သူကနတ္ေဒဝါဆယ္ပါးမွေစာရ
နတ္ဘုရား၏တပၫ့္ျဖစ္သည္ဟု ေျပာခဲ့ေပသည္။
ေပတုန္ကထြက္ခြာလာခဲ့ၿပီးေနာက္တြင္ သူနဲ႔
ထပ္မေတြ့ရေတာ့ေခ်။ ထို႔အျပင္ေစာရနတ္ဘုရားႏွင့္
ပတ္သက္သၫ့္သတင္းဟူ၍ တစ္ခုမွမရိွေပ။
ေသာက္ယြင္ သူ႔ဆရာကိုရွာေတြ့သြားသလား
ဒါမွမဟုတ္ သူ႔ဆရာရဲ့စမ္းသပ္ခ်က္ကို​
ေအာင္ျမင္သြားၿပီလား ယူေရွာင္းမိုမသိေပ။

လင္းေရွာင္ကလက္ဖက္ရည္တစ္ငံုေသာက္သည္။

"တစ္ခုခုအခိုးခံလိုက္ရတယ္ဆိုတဲ့ေကာလဟလက
သတင္းအမွားပဲ။ သူတစ္ေယာက္ေယာက္ကို
ရွာေနတာျဖစ္ႏိုင္တယ္"

ယူေရွာင္းမို 'ကၽြန္ေတာ္တို႔ကိုရွာေနတာေတာ့
မဟုတ္ေလာက္ဘူးမလား' ဟုေျပာလိုက္မိေတာ့မယ့္
ဆဲဆဲတြင္ သူ႔စကားကေတာ္ေတာ္ေလးတံုးအရာ
ေရာက္တယ္လို႔ ခံစားရတာေၾကာင့္
အျမန္ပါးစပ္ျပန္ပိတ္လိုက္ရသည္။

"ဒါဆို သူတို႔ရွာေနတာဘယ္သူလို႔ထင္လဲ"

"ဘယ္သိမွာလဲ"

လင္းေရွာင္ရဲ့ရွင္းလင္းလွတဲ့အေျဖၾကောင့္
ယူေရွာင္းမိုနင္သြားသည္။ လင္းေရွာင္က
သဘာဝလြန္စြမ္းအားေတြနဲ႔ေရ႔ျွဖစ္ေဟာေတာ့မယ္လို႔
ထင္ထားေသာ္လည္း သူကဘာမဟုတ္တာကို
ေစာင့္ေနမိသလိုျဖစ္သြားပံုရသည္။ သူ
စိတ္မပါဘဲေမးၾကၫ့္လိုက္သည္။

"သူတို႔ကလူရွာေနတာပါလို႔ ခင္ဗ်ားကဘယ္လိုလုပ္
ေသခ်ာေနတာလဲ"

"လူရွာေနတာမွမဟုတ္ရင္ အဝင္ပဲခြင့္ျပဳျပီး
အထြက္ခြင့္မျပဳစရာမရိွဘူး။ ဒါ့အျပင္
ၿမိဳ႔ထဲဝင္ဖို႔စစ္ေဆးတာကအရမ္းၾကပ္တယ္။
သူတို႔ရွာေနတာတစ္ေယာက္တည္းမဟုတ္ဘူး။
အဲ့သူကိုကယ္ဖို႔ လူေရာက္လာမွာကိုစိုးရိမ္ေနပံု
ရတယ္"

"ဉာဏ္ေကာင္းလိုက္တာ!"  ယူေရွာင္းမိုက
ေတာက္ပေနတဲ့မ်က္လံုးေလးေတြနဲ႔ခ်ီးမြမ္းလိုက္
ေလသည္။

"မင္းကသာတံုးလြန္းေနတာ"

"........."

စားေသာက္ဆိုင္တြင္တစ္နာရီေက်ာ္ေက်ာ္ေနၿပီး
တဲ့ေနာက္သိပ္မၾကာခင္မွာ ေနဝင္စျပဳလာ၏။
ေကာင္းကင္ႀကီးနဲ႔တိမ္တိုက္ေတြက တိမ္ၿမိဳပ္လုစ
ေနလံုးႀကီးေၾကာင့္အနီေရာင္သမ္းေနၿပီး
ေရာင္ျပန္ဟပ္လာတဲ့အေရာင္က လူေတြရဲ့မ်က္ႏွာကို
အနီေရာင္ခပ္ပါးပါးေလး ျခယ္သထားသည္။

ယူေရွာင္းမို ေကာင္းကင္အေရာင္ကိုေမာ့ၾကၫ့္
လိုက္ၿပီး တစ္ညေတာ့ေနရေလာက္မယ္လို႔
ခံစားရတာေၾကာင့္ဆိုင္ပိုင္ရွင္ဆီမွာ အခန္းတစ္ခန္း
သြားေတာင္းလိုက္သည္။

တကယ္ေတာ့ေမာ့က်င္းကသူတို႔ကိုရွာေတြ့ပါ့မလား
သူသံသယျဖစ္မိသည္။ ဘယ္လိုပဲေနေန
က်ိရန္ၿမိဳ႔မွာက လူေတြအမ်ားႀကီးရိွၿပီး
အထူးသျဖင့္ၿမိဳ႔မျွပန္ထြက္ခြင့္မရိွေၾကာင္း
ေၾကညာၿပီးေနာက္၌ေနဝင္သြားၿပီဆိုရင္ေတာင္ လမ္းမေတြမွာလူေတြအမ်ားႀကီးသြားလာေနတတ္
သည္။

ညအခ်ိန္သို႔က်ေရာက္လာၿပီး အျပင္ေလာကသည္
ေမွာင္ပိန္းေန၏။

ဤကာလကသူခိုးမ်ားျမဴးတူးရာကာလျဖစ္ေပသည္။

ဒါေၾကာင့္ ယူေရွာင္းမိုနဲ႔လင္းေရွာင္တို႔အခန္းကို
သူခိုးတစ္ေကာင္အလည္ေရာက္လာေလသည္။

"ရပ္ရပ္ ငါသူခိုးမဟုတ္ဘူး"

ယူေရွာင္းမိုရဲ့ကိုယ္ေအာက္မွာ နာနာက်င္က်င္
အဖိခံထားရတဲ့ 'သူခိုး'ဆီမွအသံထြက္လာသည္။
သူ ျပတင္းေပါက္မွေက်ာ္ဝင္လာစဉ္
သတိအေနအထားရိွေနတဲ့ယူေရွာင္းမိုက ကန္ထုတ္
လိုက္ျခင္းျဖစ္ေလသည္။

ယူေရွာင္းမိုၾကက္ေသေသသြား၏။

ဘာလို႔အသံကရင္းႏွီးသလိုရိွေနတာပါလိမ့္။

ခပ္မိွန္မိွန္လင္းေနတဲ့အခန္းကို လေရာင္ပ်ပ်က
အားျဖၫ့္ေပးေနသည္။ လင္းေရွာင္က ကုတင္ေပၚမွာ
ေမးေထာက္ထိုင္ေနရင္းတိုးတိုးရယ္ေမာလိုက္၏။

"သူကေမာ့က်င္းေလ"

ယူေရွာင္းမို လက္ေတြေျခေထာက္ေတြကို
ခ်က္ခ်င္းေျဖေလ်ာ့လိုက္ၿပီး အေသအခ်ာၾကၫ့္
လိုက္ေတာ့တကယ္ပဲေမာ့က်င္းျဖစ္ေနသည္။
ယူေရွာင္းမို သူ႔ကိုကို႔ယို႔ကားယားနဲ႔ထူေပးလိုက္ၿပီး
ရွက္ကိုးရွက္ကန္းရယ္ရင္း အဝတ္ေတြကို
ဖုန္ခါေပးလိုက္သည္။

"အဆင္ေျပရဲ့လား"

ေမာ့က်င္းက ကန္ခံလိုက္ရတဲ့သူ႔ခါးအိုႀကီးကို
ပြတ္ေနရင္းၿငီးတြားလိုက္၏။

"အကန္ခံၾကၫ့္ပါလား။ တစ္သက္လံုးမွတ္မိသြား
ေစဖို႔အာမခံတယ္"

ယူေရွာင္းမိုပိုၿပီးရွက္သြားေပမယ့္ ျပန္မေခ်ပဘဲ
မေနႏိုင္။

"ဘယ္သူကမ်ား တံခါးမႀကီးကမဝင္နဲ႔
ျပတင္းေပါက္ကေက်ာ္ဝင္လို႔ေျပာထားလို႔လဲ။
ခင္ဗ်ားကိုသူခိုးဂ်ပိုးလို႔ထင္လိုက္တာေပါ့"

"ျပတင္းေပါက္ကမဝင္လာရင္အဖမ္းခံရၿပီး
ေလာက္ၿပီ"

ေမာ့က်င္းလည္း ဒီလိုမဝင္လာခ်င္ပါေပ၊ သို႔ေသာ္
သူကတစ္ၿမိဳ႔လံုးကအလိုရိွသူျဖစ္ေနသည္။
သူ႔မွာ ၿမိဳ႔တံခါးကေနလည္းထြက္သြားလို႔မရဘဲ
ဂရုတစိုက္နဲ႔ေနခဲ့လို႔သာမဟုတ္ရင္ သူတို႔ေရာက္
လာဖို႔ေစာင့္ေနႏိုင္မွာမဟုတ္ေပ။

"ဘယ္လိုလုပ္ၿမိဳ႔ေစာင့္ေတြအလိုရိွတဲ့သူျဖစ္
သြားရတာလဲ"

သူ႔စကားကိုၾကားလိုက္ရသည္ႏွင့္တစ္ၿပိဳင္နက္
ေမာ့က်င္းက က်ိရန္ၿမိဳ႔ကရွာေနတဲ့လူဆိုတာ
ယူေရွာင္းမိုသိလိုက္သည္။ သူနည္းနည္း
အံ့ဩသြားမိ၏။ ေမာ့က်င္းကႀကီးေလးတဲ့တာဝန္ေတြ
ထမ္းပိုးထားရသူျဖစ္သည္။ ဘာအေၾကာင္းအရင္း
မွမရိွဘဲ သူကဘယ္လိုလုပ္ျပႆနာသြားရွာပါ့မလဲ။

ေမာ့က်င္းကလက္ခါလိုက္ကာ စားပဲြမွာ
သြားထိုင္သည္။

"ရွင္းခ်ီနဲ႔ေကာင္းယြင္ကက်ဳပ္ေနာက္လိုက္ေနတာ။
သူတို႔ကက်ိရန္ၿမိဳ႔ကဟယ့္ရႈန္းနဲ႔ခင္မင္တဲ့
ဆက္ဆံေရးရိွပံုရတယ္။ က်ဳပ္ၿမိဳ႔ကထြက္သြား
ေတာ့မယ့္အခ်ိန္မွာပဲ ဟယ့္ရႈန္းကၿမိဳ႔တံခါးေတြကို
ခ်ိတ္ပိတ္ခိုင္းလိုက္တယ္၊ အဲ့ဒါနဲ႔က်ဳပ္လည္း
ဒီမွာပိတ္မိေနတာခုနစ္ရက္ေလာက္ရိွေရာ့မယ္"

"ခင္ဗ်ားအျဖစ္ကလည္းသနားစရာေကာင္းလိုက္
တာဗ်ာ"

ယူေရွာင္းမို ကိုယ္ခ်င္းစာမိသည္။

ေမာ့က်င္းလည္းရာႏႈန္းျပၫ့္သေဘာတူၿပီး
သင့္သလိုသံေယာင္လိုက္ဖို႔ျပင္ေနတုန္း
ယူေရွာင္းမိုရဲ့ေနာက္ထပ္စကားတစ္ခုကို
ၾကားလိုက္ရသည္။

"ဒါဆိုကၽြန္ေတာ့္ရဲ့ေမွာ္ေဆးပင္ေလးေတြကေရာ?"

"......"

ေမာ့က်င္း ေခ်ာင္းဟန႔္လိုက္ၿပီးအက်ႌလက္ထဲကေန
သိုေလွာင္အိတ္တစ္လံုးထုတ္ၿပီးပစ္ေပးလိုက္သည္။

"ေမွာ္ေဆးပင္အမ်ားႀကီးေတာ့မပါဘူး။ အခုေလာ
ေလာဆယ္က်ဳပ္စုေဆာင္းထားခဲ့တာအကုန္ပဲ။
မင္းေျပာတဲ့အတိုင္းပဲ မ်ိဳးေစ့ေတြ၊ အပင္ေပါက္ေတြနဲ႔
သက္တမ္းရင့္အပင္ေတြပါတယ္။ ဒါေပမယ့္
သက္တမ္းရင့္အပင္ကနည္းတယ္"

ယူေရွာင္းမို ၾကၫ့္ၾကၫ့္လိုက္သည္။ ရွီက်င္းတြင္
ေမွာ္ေဆးပင္ေတြေပါတာအမွန္ပင္။ ေမာ့က်င္း
စုထားတဲ့ထဲကေမွာ္ေဆးပင္အမ်ားစုကို
သူတစ္ခါမွမျမင္ဖူးေပ။ မ်ိဳးေစ့ေတြကအမ်ားဆံုး
ျဖစ္ေပမယ့္ အပင္ေပါက္ေတြလည္းအမ်ားႀကီး
ပါသည္။ သူေကာင္းေကာင္းစိုက္ပ်ိဳးေပးလ်ွင္
အပင္ေပါက္ေလးေတြရင့္လာဖို႔ သိပ္ၾကာမွာ
မဟုတ္ေပ။

ေမာ့က်င္းက အခ်ိန္တိုအတြင္းမွာအမ်ားႀကီး
စုေဆာင္းမိလိမ့္မယ္လို႔မထင္ထားေပ။
မေမ်ွာ္လင့္ထားတာေတြတစ္သီတစ္တန္းႀကီး
ႄကံုေတြ့ရၿပီးေနာက္တြင္ ေကာင္းမြန္တဲ့အရာတစ္ခု
ေတြ့ရတာပင္။

"ညီအစ္ကိုရာ ခင္ဗ်ားအတြက္ခက္ခဲခဲ့မွာပဲ"

ယူေရွာင္းမိုကေမွာ္အိတ္ကိုလက္ခံလိုက္ၿပီး
ေမာ့က်င္းရဲ့လက္ကိုဆုပ္ကိုင္ကာ လိႈက္လိႈက္လွဲလွဲ
ေက်းဇူးတင္လိုက္သည္။ ေမာ့က်င္းကိုၾကၫ့္ေနတဲ့
အၾကၫ့္ကေရႊတြင္းႀကီးကိုၾကၫ့္ေနတဲ့ပံုရိွသည္။

ေမာ့က်င္းမွာ ရွက္သြားေလသည္၊ အမွန္ေတာ့
အဲ့ေလာက္ႀကီးထိျပႆနာမျဖစ္ခဲ့ေပ။

သူ႔မွာတိုက္တိုက္ဆိုင္ဆိုင္နဲ႔ သက္တမ္းရင့္
ေမွာ္ေဆးပင္ေတြေဆာင္ထားမိတာျဖစ္သည္။
မ်ိဳးေစ့နဲ႔အပင္ေပါက္ေလးေတြကို​က လမ္းမွာ
ဝယ္လာခဲ့တာျဖစ္ၿပီး သက္တမ္းရင့္ေမွာ္ေဆးပင္
ေတြနဲ႔စာရင္ ဒါေတြကသိပ္အဖိုးမတန္လွေပ။
ေဈးကြက္သိပ္မဝင္ေပမယ့္ သူဝယ္လို႔ရခဲ့ေသးသည္။
အရင္က ယူေရွာင္းမိုမေက်မနပ္ျဖစ္မွာကိုေတာင္
စိတ္ပူခဲ့ရေသးသည္။

"ဒါကနည္းနည္းပဲရိွေသးတာပါ။ အေျခက်
သြားရင္ မ်ားမ်ားကူရွာေပးပါ့မယ္"

"ဒါဆိုခင္ဗ်ားကိုအားကိုးလိုက္ၿပီေနာ္"

ယူေရွာင္းမိုစိတ္လႈပ္တရွားနဲ႔သူ႔ပုခံုးကို
ပုတ္လိုက္သည္။

"ဒါနဲ႔ ခင္ဗ်ားရဲ့သခင္ေလးကိုသူ႔ဖိုးဖိုးႀကီး​က
လာေခၚသြားၿပီ။ ခင္ဗ်ားစိတ္ပူစရာမလိုေတာ့ဘူး"

"ကၽြန္ေတာ္တို႔ကဒါၿပီးရင္က်ိရန္ၿမိဳ႔ကေန
ထြက္သြားမွာ။ ခင္ဗ်ားကေရာ?"

ထိုစကားက ေမာ့က်င္းေမ်ွာ္လင့္ေနတဲ့စကား
ျဖစ္ေလသည္။ သူ႔အတြက္ထိုစကားက
ေကာင္းကင္ဘံုကေတးသံအလားပင္။

သူဘာလို႔က်ိရန္ၿမိဳ႔ထဲမွာပိတ္မိေနခဲ့တာလဲ။
ဘာလို႔လဲဆိုေတာ့ သူ႔မွာခြန္အားနည္းပါး၍
ျဖစ္သည္။ ရွင္းခ်ီနဲ႔ေကာင္းယြင္အသင္းထဲ
ဟယ့္ရႈန္းပါ ပါလာေတာ့ သူသာၿမိဳ႔တံခါးကို
ျဖတ္ေျပးမယ္ဆိုရင္အဖမ္းခံရဖို႔ေသခ်ာသေလာက္
ရိွသည္။

ဒါေၾကာင့္သူကလင္းေရွာင္ေရာက္လာမွာကို
ေစာင့္ေနခဲ့တာျဖစ္သည္။
_____________________________



















Đọc tiếp

Bạn Cũng Sẽ Thích

854K 118K 107
I Saved The Disabled Villain by Pretending to Be Pitiful Chapter 97 ချီဟန်ဟာ ညှင်းပန်း နှိပ်စက်ပြီး ​ခွေး​သွေးဆန်တဲ့ ဝတ္ထုကို တစ်ညလုံး ဖတ်ခဲ့သည်။ နာ...
360K 53.2K 122
Myanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are available. Genres : Horror Love Stroy W...
40.2K 3.1K 200
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...
693K 89.9K 91
Title - Accompany by a Fool To Do Farming [种田之傻傻相陪] Author(s) - 锦绣云燃 English Translator - LittleYen Status in COO - 90 chapters (completed) Type - We...