//Unicode//
အပိုင်း(၅၃၉) မီးထဲသို့ခုန်ချခြင်း
ဗလာဖြစ်နေသောနေရာကိုကြည့်ရင်း ရွှမ်းဝေ
ထိတ်လန့်တုန်လှုပ်သွားမိသည်၊ သို့သော်
မကြာမီတွင်အသိပြန်ဝင်လာ၏။ သို့သော်လည်း
သူမည်မျှပင်တုံ့ပြန်တာမြန်ပါစေ
လင်းရှောင်အား မမီနိုင်။
(မနေ့ကတော့ရွှမ်းရှန်တဲ့ အခုကျရွှမ်းဝေဖြစ်နေ
ပါတယ် eng trans မှာကိုကအဲ့လိုဆိုတော့
ကျွန်တော်လည်းဒီတိုင်းပဲပြန်လိုက်ပါတယ်🤧)
"အဖိုးကြီး ဘယ်ကြည့်နေတာလဲ"
လင်းရှောင်၏အသံက အနောက်ဘက်ဆီမှ
ရုတ်တရက်ထွက်ပေါ် လာသည်၊ တစ္ဆေတစ်ကောင်
ကဲ့သို့ တိုးညင်းညင်းသာရှိသော်လည်း
ရက်စက်မည့်ပုံပင်။ နေ့ခင်းဘက်ကြီးတွင်ပင်
အတော်လေးခြောက်ခြားဖွယ်ကောင်း၏။
ရွှမ်းဝေမှာ ထိတ်လန့်သွားကာ ဆံပင်မွှေးများ
ထောင်သွား၏။ သူသရဲမကြောက်၊သို့ပေမယ့်
လင်းရှောင်သည် သူ့နောက်ဘက်၌
အသံတိတ်ပေါ်လာနိုင်သည့်အတွက် သူမည်ကဲ့သို့
မတုန်လှုပ်ပဲရှိမည်နည်း။
သူ အခြားသူ၏အစွမ်းအားလျော့တွက်မိသည်
ထင်သည်။
ရွှမ်းဝေခေါင်းထဲတွင် အတွေးများအစီအရီရှိနေ
သည့်တိုင် တစ်ချိန်နည်းမှာပင်တွေဝေခြင်းအလျဉ်း
မရှိဘဲ ပြန်တုံ့ပြန်ကာ အနောက်ဘက်သို့
တိုက်ခိုက်လိုက်၏။ သို့ပေမယ့် လွဲချော်သွားသည်။
သူ့ပုခုံးပေါ်၌ လက်တစ်ဖက် ရုတ်တရက်
ရောက်လာပြီး ထိုရက်စက်ပုံရှိသည့်အသံက
နားထဲသို့ရောက်လာပြန်သည်။
"heh...လေကိုတိုက်ခိုက်နေတာလား"
ရွှမ်းဝေ၏နှလုံးသားတွင် ကြောက်ရွံ့ခြင်းများ
ညိတွယ်လာ၏၊ ဒေါသနှင့်အတူဟိန်းဟောက်
လိုက်ကာ စိတ်ဝိဉာဉ်စွမ်းအားဖြင့်
ဘေးပတ်ပတ်လည်သို့ တစ်နေရာမကျန်
လွှမ်းခြုံပြီးတိုက်ခိုက်တော့သည်။
သူ့အတွင်းဘက်၌ကျူးကျော်
ဝင်ရောက်ထားသည့်စွမ်းအားတစ်မျိုးသည်
ထိုအချိန်မှပင်ပေါ်လာ၏။
သူ့မျက်နှာတစ်ခုလုံး ထိတ်လန့်မှုကြောင့်တွန့်လိမ်
နေစဉ်မှာ ပုခုံးပေါ် ရှိလက်သည်သူ့အား
အောက်သို့အားဖြင့်ဖိချလိုက်သည်။
နိမ့်သထက်နိမ့်သွားသည်နှင့် ထိုအမျိုးသားက
သူ့ဆီသို့ လက်ဝါးချက်တစ်ချက်ရိုက်ထုတ်လိုက်
သည်ကို ရွှမ်းဝေ့မြင်လိုက်ရ၏။ သူ့မျက်လုံးများ
ပြူးကျယ်သွားသည်။ အတွင်းစွမ်းအားကို
အသုံးပြုချင်သော်လည်း ၎င်းကတုံ့ပြန်မှု
မရှိပေ။
"ငါ့ကိုသတ်လို့မရဘူး!"
ရွှမ်းဝေ ထိတ်လန့်တကြားအော်ဟစ်လိုက်မိ၏။ ဤနေရာတွင်သေရမည်ဟုသူတစ်ခါမှ မထင်ခဲ့ဖူး။
လင်းရှောင်သည်ကား နောက်လူအား
သတ်၍ရမရကိုဂရုမစိုက်၊ သူ့လက်ဝါးသည်
တစ်ဖက်လူ၏ရင်ဘတ်အား တိုက်ရိုက်ထိရိုက်မိ
သွား၏။ မမျှော်လင့်ထားစွာနှင့် ဤတိုက်ခိုက်မှုသည်
ရွှမ်းဝေအား အပိုင်းပိုင်းအစစဖြစ်မသွားစေခဲ့ချေ။
ရွှမ်းဝေမှာ အသက်ရှင်နေသေးသော်လည်း
သူ့ကိုယ်တွင်းရှိကြွက်သားတည်ဆောက်ပုံသည်
တစ်စတစ်စကျိုးပဲ့ပျက်စီးနေပြီး မျက်တောင်
တစ်ခတ်စာအချိန်တွင် အလုံးစုံပျက်စီးသွားတော့မည်
ကိုခံစားမိနေသည်။
ကြွက်သားတည်ဆောက်ပုံတစ်ခုလုံးသာ
ပျက်စီးသွားလျှင် ဒဏ္ဍာရီလာသက်တန့်အဆင့်၇
ဆေးလုံးမရနိုင်ပါက သူအသက်ရှင်နေသေးလျှင်ပင်
မသန်မစွမ်းဘဝရောက်သွားပေလိမ့်မည်။
သို့သော်လည်း ဤအရာများအားလုံးက
လင်းရှောင် သူ့ကိုအခွင့်အရေးပေးပါ့မလား
ဆိုတာပေါ် မူတည်လေသည်။
ရွှမ်းဝေ သွေးအန်လိုက်ရ၏၊ သူ့အမူအရာသည်
စိတ်ပျက်ခြင်းများ ပြည့်နှက်လာသည်။
သေရခြင်းကပင်ပိုကောင်းမည်ဟု သူခံစားရ၏၊
သို့ပေမယ့် မျှော်လင့်ချက်တစ်စွန်းတစ်စ
ကျန်နေသေးသရွေ့ လက်မလျော့ချင်သေးပေ၊
သူဒီအတိုင်း သေမသွားချင်။
ရွှမ်းဝေ၏အကြည့်တွင် အသက်ရှင်လိုသည့်
စိတ်ဆန္ဒများတောက်ပလာ၏။
"မင်းငါ့ကိုသတ်လို့မရဘူး၊ ငါက လိပ်နက်မျိုးနွယ်စု
ရဲ့ဒုတိယမျိုးဆက်အကြီးအကဲပဲ၊ ငါ့ကို
သတ်ရင် ငါတို့မျိုးနွယ်စုတစ်ခုလုံးကို ရန်စလိုက်တာ
နဲ့အတူတူပဲ၊ မင်းဘယ်လောက်ပဲသန်မာပါစေ
မျိုးနွယ်စုခေါင်းဆောင်နဲ့ ယှဉ်ရင်ဘာမှမဟုတ်ဘူး!"
ရွှမ်းဝေသည် လင်းရှောင်အား လိပ်နက်မျိုးနွယ်စုကို
သုံး၍ခြောက်လှန့်ချင်ခဲ့သည်။
သူက သစ္စာဖောက်တစ်ဦးဖြစ်နေလျှင်ပင်
မျိုးနွယ်စုကသာ သူ့အားစီရင်ပိုင်ခွင့်ရှိပေသည်။
ထို့ပြင် သူ လင်းရှောင်၏လက်မှာသေမည့်အစား
လိပ်နက်မျိုးနွယ်စုဆီမှာသာ အဖမ်းခံလိုက်မည်။
အနည်းဆုံးတေယ့ အသတ်ခံရမှာမဟုတ်ပေ။
လိပ်နက်မျိုးနွယ်စုက သူတို့မျိုးနွယ်စုဝင်များအပေါ်
သက်ညှာတတ်သည်။
လင်းရှောင်က သူ့ရင်ဘတ်ပေါ်ခြေထောက်ဖြင့်
နင်းချလိုက်ကာ ဟက်ဟက်ပက်ပက်ရယ်မော
လိုက်သည်။
"ခင်ဗျားကိုသတ်လိုက်ရင် ဘယ်သူကသိတော့မလဲ"
ရွှမ်းဝေ သူငယ်အိမ်များကျုံ့သွားသည်။
သူတို့ ဒီနေရာကိုလာခဲ့တုန်းက
မျိုးနွယ်စုအကြီးအကဲများ သိသွားကြမည်စိုး၍
သိုသိုသိပ်သိပ်လာခဲ့သည်။ သူတို့ကိုယ်သူတို့
ဖုံးကွယ်ရန်ပင် အပတ်တကုတ်ကြိုးစားခဲ့ကြသေး
သည်။
ကိုယ့်အလောင်းကိုယ်လက်စဖျောက်ပေးဖို့
လုပ်ခဲ့သည်ဟု ဘယ်သူထင်မိမှာလဲ။
"အစက လိပ်ကလေးနဲ့လိပ်နက်မျိုးနွယ်စုရဲ့
အသက်သွေးနဲ့ အလဲအလှယ်လုပ်မလို့ပဲ၊
ဒါပေမယ့် ခင်ဗျားက ကျုပ်အိမ်တံခါးဝထိ
ရောက်လာပြီး ပြဿနာကိုဖြေရှင်းပေးလိုက်ပြီလေ"
လင်းရှောင်က သူ့ရည်ရွယ်ချက်အား
တည်ငြိမ်စွာပင်ပြောပြနေသည်။ ပထမက
သူ့တွင် လိပ်နက်မျိုးနွယ်စု၏သွေးမျိုးဆက်
ရှိနေသည်ကို မသိခဲ့သောကြောင့် ဤကဲ့သို့
စိတ်ကူးမျိုးမတွေးမိခဲ့ပေ။ သိပြီးသွားမှ
ဤစိတ်ကူးပေါ် လာခြင်းပင်။
သို့သော်လည်း လောကလိပ်နက်များ၏
သွေးအဆီအနှစ်ကို ရဖို့ရန်မလွယ်ကူပေ။
တိမ်မြိုပ်နေသည့်သွေးကြောများအား
နှိုးဆွချင်လျှင် အဆင့်မြင့်သွေးကိုလိုအပ်လေသည်။
ထိုသွေးမျိုးသည် ပို၍သန့်စင်ပြီး သွေးကြော
များအားနှိုးဆွခြင်းဖြင့် သူလည်းကောင်းကျိုး
များစွာရရှိမည်ဖြစ်သည်။ အရင်က ဒါကိုမသိခဲ့ဘဲ
နဂါးသွေးကြောအားနှိုးဆွရန် ငွေနဂါးသွေးကို
သုံးခဲ့မိသည်။ နောက်ဆုံးအောင်မြင်သွားခဲ့သည်ပင်
ကံကောင်းသည်။
လိပ်နက်များ၏သွေးအဆီအနှစ်အတွက်မူ
သေဆုံးပြီးလိပ်နက်တစ်ကောင်မှ သွေးစက်သုံးစက်
သာဖြစ်တည်သည်။ ပမာဏ
နည်းပါးလွန်းလှပြီး လိပ်နက်မျိုးနွယ်စု
အတွက်လည်း အသုံးဝင်တာကြောင့်
သူတို့က သွေးအဆီအနှစ်ကိုအလွယ်တကူ
ထုတ်မပေးတတ်ကြချေ။
လိပ်နက်တစ်ကောင်ထံမှ သွေးတစ်စက်တောင်
ထုတ်ယူနိုင်ပါ့မလား လင်းရှောင် ရာနှုန်းပြည့်
သေချာမှုမရှိပေ။ အခု သူတို့ခရီးအား
လူမသိစေဘဲရောက်လာသူ နှစ်ဦးရှိနေ၏၊
ညှာတာပေးရန်အကြောင်းတစ်ခုမှ မရှိပေ။
ရွှမ်းဝေ၏မျက်လုံးများ ပြူးကျယ်သွားသည်။
"မင်းတို့ဆီမှာ လိပ်ကလေးရှိနေတာပေါ့?"
သူသာ၍ မယုံကြည်နိုင်တာက မော့ကျင်းက
လိပ်နက်မျိုးနွယ်စု၏ဆက်ခံသူကို သူစိမ်းနှစ်ယောက်
အား အမှန်တကယ် ပေးခဲ့ခြင်းပင်။
ဒီလူစိမ်းနှစ်ယောက်က လိပ်ကလေးကို
အရှင်လတ်လတ်မျိုချလိုက်မှာမစိုးရိမ်ဘူးလား။
ထို့ပြင် သူ့စကားများအရ လိပ်နက်မျိုး၏
အသက်သွေးကိုအမှန်ပင် လိုချင်နေပုံပင်။
ရွှမ်းဝေ တစ်ဖက်လူ၏
'ကျုပ်အိမ်တံခါးဝရောက်လာတာပဲ' ဟူသည့်စကား
အားပြန်အမှတ်ရသွားပြီး အထိတ်တလန့်ကြည့်
လိုက်မိသည်။
သူ့ကိုသန့်စင်ပစ်မလို့လား…။
သူ့မျက်လုံးထဲက အကြောက်တရားကိုကြည့်ရင်း
လင်းရှောင်၏အပြုံးသည် ထက်သန်သော
အန္တရာယ်ရှိသည့်ရည်ရွယ်ချက်များနှင့် ပို၍
တောက်ပလာ၏။ သူ့အကြည့်တွင်
သွေးဆာရက်စက်ခြင်းနှင့် သတ်ဖြတ်လိုစိတ်က
ထင်ရှားနေသည်။ သူ့အသံက သွေးအေးပြီး
ပျင်းရိပျင်းတွဲနိုင်လှသည်။
"နားလည်တယ်ဆိုတော့ ခင်ဗျားကံကြမ္မာကို
လက်ခံလိုက်တဲ့ပုံပဲ၊ ဒါဖြင့်လည်းသေလိုက်တော့"
"မဟုတ်ဘူး!!!" ရွှမ်းဝေ မျက်လုံးများကအစွမ်းကုန်
ပြူးကျယ်လာသည်၊ သူနောက်ဆုံး
မြင်လိုက်ရသည်မှာ ထိုလူက လက်တစ်ဖက်
မြှောက်လိုက်ကာ လက်ဝါးအလယ်မှခရမ်းရောင်
မီးတောက်တစ်ခုပေါ်ထွက်လာပြီး သူ့ခေါင်းပေါ်
ကျလာခြင်းပင်ဖြစ်၏။
ဘုန်း__
လင်းရှောင်လက်၏ ဖျစ်ညှစ်အားကြောင့်
ခေါင်းတစ်ခုလုံး ဖရဲသီးကဲ့သို့ပေါက်ထွက်သွား၏။
လင်းရှောင်ရှိသည့်ဘက်သို့ လွင့်စင်လာသည့်
ဦးနှောက်ကဲ့သို့သောအရာများသည် မီးတောက်များ
ကြောင့်ချက်ချင်း အငွေ့ပျံသွားလေသည်။
ရွှမ်းဝေ၏ခန္ဓာကိုယ်သည် တွန့်လိမ်နေပြီးမှ
ငြိမ်သက်သွားကာ ရှင်သန်မှုများပျောက်ပျယ်သွား၏။
ရွှမ်းဝေ သူ့နဂိုမူလအသွင်သို့မပြောင်းသေးခင်တွင်
လင်းရှောင်က သူ့အားအိတ်ဆောင်နယ်မြေထဲသို့
ပစ်ထည့်လိုက်သည်။
နယ်မြေထဲတွင် ယူကျွင်းချီသည် ကန်နံဘေးမှာ
ထိုင်ရင်းသက်ပြင်းချနေ၏။ ဤအတောအတွင်း
သားဖြစ်သူက သူ့အားသဘောမကျဘဲ
လေကဲ့သို့ဆက်ဆံနေသည်ဖြစ်ရာ သားလေး
လက်ခံလာအောင်ဘယ်လိုလုပ်ရမလဲ စဉ်းစားရင်း
ဒုက္ခရောက်နေလေသည်။
အတိတ်ကမှားခဲ့သည်ကို ယူကျွင်းချီသိသည်။
သူ့မှာ ပြဿနာဒုက္ခများရှိခဲ့လျှင်ပင်
ဇနီးနဲ့သားအား မစွန့်ပစ်ခဲ့သင့်ပေ။ သူက
မကောင်းတဲ့ကောင်ဖြစ်သည်၊ သားက
သူ့အားခွင့်မလွှတ်ချင်တာ အကျိုးကြောင်းသင့်၏။
"ဟင်း....." ယူကျွင်းချီမှာ သက်ပြင်းချရင်းတန်းလန်း
တွင် ရုတ်တရက်ဆိုသလို အကြည့်ကထက်ရှသွားကာ
အနောက်ဘက်သို့ ခြေလှမ်းပေါင်းများစွာ
ဆုတ်လိုက်၏။ သူထိုင်နေခဲ့သည့်နေရာသို့
လေးလံသည့်အရာတစ်ခု အုန်းကနဲပြုတ်ကျ
လာသည်။
အနီးကပ်သွားကြည့်တော့မှသာ ခေါင်းမပါသည့်
အလောင်းတစ်လောင်းမှန်းသိရလေသည်၊
သို့သော် သူဘာမှမလုပ်ရသေးခင် အလောင်းက
၎င်း၏နဂိုမူလအသွင်သို့ ပြောင်းလဲသွား၏။
သူ နောက်သို့မြန်မြန်ဆုတ်နိုင်ခဲ့၍မဟုတ်ပါက
ပိသေနေလောက်ပြီဖြစ်သည်။
ယူကျွင်းချီ ခေါင်းမပါသည့်အလောင်း၏
မူလအသွင်အားကြည့်နေရင်း သက်ပြင်းမရှိုက်မိဘဲ
မနေနိုင်တော့။
"သူတို့ကတအားရဲလွန်းတယ်....."
တစ်ချိန်တည်းမှာပင်...။
လင်းရှောင် ရွှမ်းဝေအားလျှင်မြန်စွာကိုင်တွယ်
ပြီးနောက် လမ်းကြားထဲမှသူတို့အငွေ့အသက်
သဲလွန်စများအား ဖျောက်လိုက်ကာ
ယူရှောင်းမိုကို သွားရှာတော့သည်။
ယူရှောင်းမို၏စွမ်းအားက ရွှမ်းကျဲ့ထက်
အတန်ငယ်မြင့်မားသော်လည်း လိပ်နက်များ၏
အခွံက ထုံထျန်းတိုက်မကြီးတစ်ခုလုံးတွင်
အမာဆုံးပစ္စည်းဖြစ်လေသည်။ အမှန်တကယ်
တိုက်ကြသည့်အခါ ရွှမ်းကျဲ့အားအမြန်
ရှင်းထုတ်လို့မရပေ။
လောကလိပ်နက်မျိုးနွယ်များက ကုန်းမြေပေါ်တွင်
နေထိုင်ကြသော်လည်း ပင်လယ်ကလည်း
သူတို့ကျင်လည်ရာဖြစ်သည်။
ကုန်းမြေပေါ်မှာလိုပင် ပင်လယ်ထဲမှာလည်း
တန်းတူလှုပ်ရှားနိုင်သည်။ သို့ပေမယ့် လူသား
များအတွက်ကတော့ မတူချေ။ ပင်လယ်ပြင်၌
အနည်းငယ်ပို၍ ပြဿနာရှုပ်သည်။
ယူရှောင်းမို အရင်ကပင်လယ်ပြင်မှာမတိုက်ခဲ့ဖူးပေ။
ရေထဲတစ်ခါသွားခဲ့ဖူးပေမယ့် လင်းရှောင်လည်း
အတူတူရှိနေခဲ့သည်။ အခုအောက်ဆင်းရတဲ့အခါ
သိပ်ပြီးသက်တောင့်သက်သာမရှိပေ။
သူ့မှာရေကွဲပုလဲမရှိတာကြောင့်
စိတ်ဝိဉာဉ်စွမ်းအားနှင့်ရေကိုခွဲကာ
အချင်းမီတာဝက်ခန့်ရှိလေပူဖောင်းတစ်ခု
ဖန်တီးထားရသည်။
ရွှမ်းကျဲ့ နဂိုမူလအသွင်သို့ပြောင်းလိုက်ပြီး
နောက်တွင် သူ့အရွယ်အစားကအဆပေါင်းများစွာ
ကြီးလာပြီး ပင်လယ်ရေမျက်နှာပြင်သည်
တစ်မီတာ နှစ်မီတာခန့်မြင့်တက်လာ၏။
ဆိပ်ကမ်းလေးကတော့ ရေလွှမ်းနေလောက်လေပြီ။
အခြားဆိပ်ကမ်းများကတော့ ပင်လယ်ရေမျက်နှာပြင်
ထက်အတော်လေးမြင့်တာကြောင့် သိပ်တော့
အခြေအနေမဆိုးလောက်ပေ။
ထို့ပြင် ရွှမ်းကျဲ့က ဟိုင်ချူးတွေ့သွားမည်ကို
မလိုလားသည့်အတွက် ဝေလငါးကျွန်းမှ
မီတာထောင်ပေါင်းများစွာအကွာသို့
သွားခဲ့သည်။
ယူရှောင်းမိုလည်း မိုင်ပေါင်းများစွာထိ
ပင်လယ်ရေပြင်ကြီးမှလွဲ၍အခြားမရှိနေတဲ့
မြင်ကွင်းအား အားရကျေနပ်နေသည်။
ဤတစ်ဝိုက်ရှိပင်လယ်ရေပြင်နှင့် သူ
မရင်းနှီးသော်ငြားလည်း တစ်ခြားသူက
သူ၏ကြီးမားလှသည့်နဂိုမူလအသွင်ကို
မပြောင်းလျှင် အလကားဖြစ်သွားပေမည်။
ယူရှောင်းမို ပင်လယ်ရေကိုအကာကွယ်ယူပြီး
ရွှမ်းကျဲ့၏မူလအသွင်နား ချဉ်းကပ်သွားသည်။
အခွံက တောင်တစ်လုံးခန့်ကြီးမားပြီး
ထိပ်ပိုင်းနားရောက်ဖို့ တော်တော်လေးကြာသည်။
အခွံက တအားမာတာကြောင့် ခေါင်းကိုပဲ
ဦးတည်ရန်ဆုံးဖြတ်လိုက်၏။
ယူရှောင်းမိုနှင့်လင်းရှောင်မှာ ဆက်နွယ်မှု
ရှိတယ်လို့ ပြောရပေမည်။
နှစ်ယောက်လုံးက လိပ်နက်များ၏ခေါင်းအား
အတော်လေး 'စိတ်ဝင်စား' ကြသည်။
ခြားနားချက်က လင်းရှောင်က ရွှမ်းဝေ၏ဦးခေါင်း
အားခြေမွလိုက်ပြီးတာပင်။
ယူရှောင်းမို ရွှမ်းကျဲ့၏ခေါင်းပေါ်တွားသွားတက်ဖို့
အချိန်သိပ်မယူလိုက်ရပေ။
ရွှမ်းကျဲ့က ချက်ချင်းသတိပြုမိသွားကာ
လူပြုတ်ကျသွားအောင် ခေါင်းကိုခါယမ်းတော့သည်။
ပင်လယ်ရေပြင်ဟာလည်း ကြမ်းတမ်းစွာ
လှုပ်ခတ်လာ၏။
ယူရှောင်းမိုမှာ ခြေထောက်မြဲမြဲမထားနိုင်တော့ဘဲ
အခွံအစွန်းပိုင်းသို့ ပြန်ဆုတ်လိုက်ရသည်။
ရွှမ်းကျဲ့က ခေါင်းခါနေတာရပ်လိုက်ပြီး
အရှေ့သို့လျှင်မြန်စွာကူးခတ်သွားကာ
ရေပြင်ကျယ်ကြီးထဲတွင် လှုပ်ယမ်းနေ၏။
ယူရှောင်းမို အခွံအစွန်းဘက်ကိုအလျင်စလို
ဆွဲထားလိုက်ရပြီး လက်တစ်ဖက်ဖြင့်
တည်ငြိမ်အောင်လုပ်လိုက်ကာ တစ်ခြားတစ်ဖက်ဖြင့်
ရွှေတောင်ပံပိုးကောင်နှစ်ကောင်ကို ခေါ် ထုတ်
လိုက်သည်။ ရွှေတောင်ပံပိုးကောင်တွေက
မည်သည့်အရာကိုမဆို ဖျက်ဆီးဝါးမြိုနိုင်သည်ဟု
အဆိုရှိသည်။ နည်းနည်းတော့လေကြီးလွန်းရာ
ရောက်နေလောက်ပေမယ့် သူတို့ မည်သည့်အစီအရင်
ကိုမဆို ဝါးစားနိုင်တာတော့အမှန်ပင်။
ရွှေတောင်ပံပိုးကောင်နှစ်ကောင်က အခွံဆီ
ပျံသန်းသွားကာ သစ်တောင်ငှက်များလိုထိုးဆိတ်
လိုက်သည်။
ငါးစက္ကန့်ကြာပြီးနောက်....မျက်ရည်လေးစမ်းတမ်း
စမ်းတမ်းနဲ့ ပြန်လာကြလေသည်။
____________________
//Zawgyi//
အပိုင္း(၅၃၉) မီးထဲသို႔ခုန္ခ်ျခင္း
ဗလာျဖစ္ေနေသာေနရာကိုၾကၫ့္ရင္း ရႊမ္းေဝ
ထိတ္လန႔္တုန္လႈပ္သြားမိသည္၊ သို႔ေသာ္
မၾကာမီတြင္အသိျပန္ဝင္လာ၏။ သို႔ေသာ္လည္း
သူမည္မ်ွပင္တံု႔ျပန္တာျမန္ပါေစ
လင္းေရွာင္အား မမီႏိုင္။
(မေန့ကေတာ့ရႊမ္းရွန္တဲ့ အခုက်ရႊမ္းေဝျဖစ္ေန
ပါတယ္ eng trans မွာကိုကအဲ့လိုဆိုေတာ့
ကၽြန္ေတာ္လည္းဒီတိုင္းပဲျပန္လိုက္ပါတယ္🤧)
"အဖိုးႀကီး ဘယ္ၾကၫ့္ေနတာလဲ"
လင္းေရွာင္၏အသံက အေနာက္ဘက္ဆီမွ
ရုတ္တရက္ထြက္ေပၚ လာသည္၊ တစၧေတစ္ေကာင္
ကဲ့သို႔ တိုးညင္းညင္းသာရိွေသာ္လည္း
ရက္စက္မၫ့္ပံုပင္။ ေန့ခင္းဘက္ႀကီးတြင္ပင္
အေတာ္ေလးေျခာက္ျခားဖြယ္ေကာင္း၏။
ရႊမ္းေဝမွာ ထိတ္လန႔္သြားကာ ဆံပင္ေမႊးမ်ား
ေထာင္သြား၏။ သူသရဲမေၾကာက္၊သို႔ေပမယ့္
လင္းေရွာင္သည္ သူ႔ေနာက္ဘက္၌
အသံတိတ္ေပၚလာႏိုင္သၫ့္အတြက္ သူမည္ကဲ့သို႔
မတုန္လႈပ္ပဲရိွမည္နည္း။
သူ အျခားသူ၏အစြမ္းအားေလ်ာ့တြက္မိသည္
ထင္သည္။
ရႊမ္းေဝေခါင္းထဲတြင္ အေတြးမ်ားအစီအရီရိွေန
သၫ့္တိုင္ တစ္ခ်ိန္နည္းမွာပင္ေတြေဝျခင္းအလ်ဉ္း
မရိွဘဲ ျပန္တံု႔ျပန္ကာ အေနာက္ဘက္သို႔
တိုက္ခိုက္လိုက္၏။ သို႔ေပမယ့္ လဲြေခ်ာ္သြားသည္။
သူ႔ပုခံုးေပၚ၌ လက္တစ္ဖက္ ရုတ္တရက္
ေရာက္လာၿပီး ထိုရက္စက္ပံုရိွသၫ့္အသံက
နားထဲသို႔ေရာက္လာျပန္သည္။
"heh...ေလကိုတိုက္ခိုက္ေနတာလား"
ရႊမ္းေဝ၏ႏွလံုးသားတြင္ ေၾကာက္ရြံ႔ျခင္းမ်ား
ညိတြယ္လာ၏၊ ေဒါသႏွင့္အတူဟိန္းေဟာက္
လိုက္ကာ စိတ္ဝိဉာဉ္စြမ္းအားျဖင့္
ေဘးပတ္ပတ္လည္သို႔ တစ္ေနရာမက်န္
လႊမ္းႃခံုၿပီးတိုက္ခိုက္ေတာ့သည္။
သူ႔အတြင္းဘက္၌က်ူးေက်ာ္
ဝင္ေရာက္ထားသၫ့္စြမ္းအားတစ္မ်ိဳးသည္
ထိုအခ်ိန္မွပင္ေပၚလာ၏။
သူ႔မ်က္ႏွာတစ္ခုလံုး ထိတ္လန႔္မႈေၾကာင့္တြန႔္လိမ္
ေနစဉ္မွာ ပုခံုးေပၚ ရိွလက္သည္သူ႔အား
ေအာက္သို႔အားျဖင့္ဖိခ်လိုက္သည္။
နိမ့္သထက္နိမ့္သြားသည္ႏွင့္ ထိုအမ်ိဳးသားက
သူ႔ဆီသို႔ လက္ဝါးခ်က္တစ္ခ်က္ရိုက္ထုတ္လိုက္
သည္ကို ရႊမ္းေဝ့ျမင္လိုက္ရ၏။ သူ႔မ်က္လံုးမ်ား
ျပဴးက်ယ္သြားသည္။ အတြင္းစြမ္းအားကို
အသံုးျပဳခ်င္ေသာ္လည္း ၄ကတံု႔ျပန္မႈ
မရိွေပ။
"ငါ့ကိုသတ္လို႔မရဘူး!"
ရႊမ္းေဝ ထိတ္လန႔္တၾကားေအာ္ဟစ္လိုက္မိ၏။ ဤေနရာတြင္ေသရမည္ဟုသူတစ္ခါမွ မထင္ခဲ့ဖူး။
လင္းေရွာင္သည္ကား ေနာက္လူအား
သတ္၍ရမရကိုဂရုမစိုက္၊ သူ႔လက္ဝါးသည္
တစ္ဖက္လူ၏ရင္ဘတ္အား တိုက္ရိုက္ထိရိုက္မိ
သြား၏။ မေမ်ွာ္လင့္ထားစြာႏွင့္ ဤတိုက္ခိုက္မႈသည္
ရႊမ္းေဝအား အပိုင္းပိုင္းအစစျဖစ္မသြားေစခဲ့ေခ်။
ရႊမ္းေဝမွာ အသက္ရွင္ေနေသးေသာ္လည္း
သူ႔ကိုယ္တြင္းရိွႂကြက္သားတည္ေဆာက္ပံုသည္
တစ္စတစ္စက်ိဳးပဲ့ပ်က္စီးေနၿပီး မ်က္ေတာင္
တစ္ခတ္စာအခ်ိန္တြင္ အလံုးစံုပ်က္စီးသြားေတာ့မည္
ကိုခံစားမိေနသည္။
ႂကြက္သားတည္ေဆာက္ပံုတစ္ခုလံုးသာ
ပ်က္စီးသြားလ်ွင္ ဒ႑ာရီလာသက္တန႔္အဆင့္၇
ေဆးလံုးမရႏိုင္ပါက သူအသက္ရွင္ေနေသးလ်ွင္ပင္
မသန္မစြမ္းဘဝေရာက္သြားေပလိမ့္မည္။
သို႔ေသာ္လည္း ဤအရာမ်ားအားလံုးက
လင္းေရွာင္ သူ႔ကိုအခြင့္အေရးေပးပါ့မလား
ဆိုတာေပၚ မူတည္ေလသည္။
ရႊမ္းေဝ ေသြးအန္လိုက္ရ၏၊ သူ႔အမူအရာသည္
စိတ္ပ်က္ျခင္းမ်ား ျပၫ့္ႏွက္လာသည္။
ေသရျခင္းကပင္ပိုေကာင္းမည္ဟု သူခံစားရ၏၊
သို႔ေပမယ့္ ေမ်ွာ္လင့္ခ်က္တစ္စြန္းတစ္စ
က်န္ေနေသးသေရြ့ လက္မေလ်ာ့ခ်င္ေသးေပ၊
သူဒီအတိုင္း ေသမသြားခ်င္။
ရႊမ္းေဝ၏အၾကၫ့္တြင္ အသက္ရွင္လိုသၫ့္
စိတ္ဆႏၵမ်ားေတာက္ပလာ၏။
"မင္းငါ့ကိုသတ္လို႔မရဘူး၊ ငါက လိပ္နက္မ်ိဳးႏြယ္စု
ရဲ့ဒုတိယမ်ိဳးဆက္အႀကီးအကဲပဲ၊ ငါ့ကို
သတ္ရင္ ငါတို႔မ်ိဳးႏြယ္စုတစ္ခုလံုးကို ရန္စလိုက္တာ
နဲ႔အတူတူပဲ၊ မင္းဘယ္ေလာက္ပဲသန္မာပါေစ
မ်ိဳးႏြယ္စုေခါင္းေဆာင္နဲ႔ ယွဉ္ရင္ဘာမွမဟုတ္ဘူး!"
ရႊမ္းေဝသည္ လင္းေရွာင္အား လိပ္နက္မ်ိဳးႏြယ္စုကို
သံုး၍ေျခာက္လွန႔္ခ်င္ခဲ့သည္။
သူက သစၥာေဖာက္တစ္ဦးျဖစ္ေနလ်ွင္ပင္
မ်ိဳးႏြယ္စုကသာ သူ႔အားစီရင္ပိုင္ခြင့္ရိွေပသည္။
ထို႔ျပင္ သူ လင္းေရွာင္၏လက္မွာေသမၫ့္အစား
လိပ္နက္မ်ိဳးႏြယ္စုဆီမွာသာ အဖမ္းခံလိုက္မည္။
အနည္းဆံုးေတယ့ အသတ္ခံရမွာမဟုတ္ေပ။
လိပ္နက္မ်ိဳးႏြယ္စုက သူတို႔မ်ိဳးႏြယ္စုဝင္မ်ားအေပၚ
သက္ၫွာတတ္သည္။
လင္းေရွာင္က သူ႔ရင္ဘတ္ေပၚေျခေထာက္ျဖင့္
နင္းခ်လိုက္ကာ ဟက္ဟက္ပက္ပက္ရယ္ေမာ
လိုက္သည္။
"ခင္ဗ်ားကိုသတ္လိုက္ရင္ ဘယ္သူကသိေတာ့မလဲ"
ရႊမ္းေဝ သူငယ္အိမ္မ်ားက်ဳံ႔သြားသည္။
သူတို႔ ဒီေနရာကိုလာခဲ့တုန္းက
မ်ိဳးႏြယ္စုအႀကီးအကဲမ်ား သိသြားၾကမည္စိုး၍
သိုသိုသိပ္သိပ္လာခဲ့သည္။ သူတို႔ကိုယ္သူတို႔
ဖံုးကြယ္ရန္ပင္ အပတ္တကုတ္ႀကိဳးစားခဲ့ၾကေသး
သည္။
ကိုယ့္အေလာင္းကိုယ္လက္စေဖ်ာက္ေပးဖို႔
လုပ္ခဲ့သည္ဟု ဘယ္သူထင္မိမွာလဲ။
"အစက လိပ္ကေလးနဲ႔လိပ္နက္မ်ိဳးႏြယ္စုရဲ့
အသက္ေသြးနဲ႔ အလဲအလွယ္လုပ္မလို႔ပဲ၊
ဒါေပမယ့္ ခင္ဗ်ားက က်ဳပ္အိမ္တံခါးဝထိ
ေရာက္လာၿပီး ျပႆနာကိုေျဖရွင္းေပးလိုက္ၿပီေလ"
လင္းေရွာင္က သူ႔ရည္ရြယ္ခ်က္အား
တည္ၿငိမ္စြာပင္ေျပာျပေနသည္။ ပထမက
သူ႔တြင္ လိပ္နက္မ်ိဳးႏြယ္စု၏ေသြးမ်ိဳးဆက္
ရိွေနသည္ကို မသိခဲ့ေသာေၾကာင့္ ဤကဲ့သို႔
စိတ္ကူးမ်ိဳးမေတြးမိခဲ့ေပ။ သိၿပီးသြားမွ
ဤစိတ္ကူးေပၚ လာျခင္းပင္။
သို႔ေသာ္လည္း ေလာကလိပ္နက္မ်ား၏
ေသြးအဆီအႏွစ္ကို ရဖို႔ရန္မလြယ္ကူေပ။
တိမ္ၿမိဳပ္ေနသၫ့္ေသြးေၾကာမ်ားအား
ႏိႈးဆြခ်င္လ်ွင္ အဆင့္ျမင့္ေသြးကိုလိုအပ္ေလသည္။
ထိုေသြးမ်ိဳးသည္ ပို၍သန႔္စင္ၿပီး ေသြးေၾကာ
မ်ားအားႏိႈးဆျြခင္းျဖင့္ သူလည္းေကာင္းက်ိဳး
မ်ားစြာရရိွမည္ျဖစ္သည္။ အရင္က ဒါကိုမသိခဲ့ဘဲ
နဂါးေသြးေၾကာအားႏိႈးဆြရန္ ေငြနဂါးေသြးကို
သံုးခဲ့မိသည္။ ေနာက္ဆံုးေအာင္ျမင္သြားခဲ့သည္ပင္
ကံေကာင္းသည္။
လိပ္နက္မ်ား၏ေသြးအဆီအႏွစ္အတြက္မူ
ေသဆံုးၿပီးလိပ္နက္တစ္ေကာင္မွ ေသြးစက္သံုးစက္
သာျဖစ္တည္သည္။ ပမာဏ
နည္းပါးလြန္းလွၿပီး လိပ္နက္မ်ိဳးႏြယ္စု
အတြက္လည္း အသံုးဝင္တာေၾကာင့္
သူတို႔က ေသြးအဆီအႏွစ္ကိုအလြယ္တကူ
ထုတ္မေပးတတ္ၾကေခ်။
လိပ္နက္တစ္ေကာင္ထံမွ ေသြးတစ္စက္ေတာင္
ထုတ္ယူႏိုင္ပါ့မလား လင္းေရွာင္ ရာႏႈန္းျပၫ့္
ေသခ်ာမႈမရိွေပ။ အခု သူတို႔ခရီးအား
လူမသိေစဘဲေရာက္လာသူ ႏွစ္ဦးရိွေန၏၊
ၫွာတာေပးရန္အေၾကာင္းတစ္ခုမွ မရိွေပ။
ရႊမ္းေဝ၏မ်က္လံုးမ်ား ျပဴးက်ယ္သြားသည္။
"မင္းတို႔ဆီမွာ လိပ္ကေလးရိွေနတာေပါ့?"
သူသာ၍ မယံုၾကည္ႏိုင္တာက ေမာ့က်င္းက
လိပ္နက္မ်ိဳးႏြယ္စု၏ဆက္ခံသူကို သူစိမ္းႏွစ္ေယာက္
အား အမွန္တကယ္ ေပးခဲ့ျခင္းပင္။
ဒီလူစိမ္းႏွစ္ေယာက္က လိပ္ကေလးကို
အရွင္လတ္လတ္မ်ိဳခ်လိုက္မွာမစိုးရိမ္ဘူးလား။
ထို႔ျပင္ သူ႔စကားမ်ားအရ လိပ္နက္မ်ိဳး၏
အသက္ေသြးကိုအမွန္ပင္ လိုခ်င္ေနပံုပင္။
ရႊမ္းေဝ တစ္ဖက္လူ၏
'က်ဳပ္အိမ္တံခါးဝေရာက္လာတာပဲ' ဟူသၫ့္စကား
အားျပန္အမွတ္ရသြားၿပီး အထိတ္တလန႔္ၾကၫ့္
လိုက္မိသည္။
သူ႔ကိုသန႔္စင္ပစ္မလို႔လား…။
သူ႔မ်က္လံုးထဲက အေၾကာက္တရားကိုၾကၫ့္ရင္း
လင္းေရွာင္၏အႃပံုးသည္ ထက္သန္ေသာ
အႏၲရာယ္ရိွသၫ့္ရည္ရြယ္ခ်က္မ်ားႏွင့္ ပို၍
ေတာက္ပလာ၏။ သူ႔အၾကၫ့္တြင္
ေသြးဆာရက္စက္ျခင္းႏွင့္ သတ္ျဖတ္လိုစိတ္က
ထင္ရွားေနသည္။ သူ႔အသံက ေသြးေအးၿပီး
ပ်င္းရိပ်င္းတဲြႏိုင္လွသည္။
"နားလည္တယ္ဆိုေတာ့ ခင္ဗ်ားကံၾကမၼာကို
လက္ခံလိုက္တဲ့ပံုပဲ၊ ဒါျဖင့္လည္းေသလိုက္ေတာ့"
"မဟုတ္ဘူး!!!" ရႊမ္းေဝ မ်က္လံုးမ်ားကအစြမ္းကုန္
ျပဴးက်ယ္လာသည္၊ သူေနာက္ဆံုး
ျမင္လိုက္ရသည္မွာ ထိုလူက လက္တစ္ဖက္
ၿမွောက္လိုက္ကာ လက္ဝါးအလယ္မွခရမ္းေရာင္
မီးေတာက္တစ္ခုေပၚထြက္လာၿပီး သူ႔ေခါင္းေပၚ
က်လာျခင္းပင္ျဖစ္၏။
ဘုန္း__
လင္းေရွာင္လက္၏ ဖ်စ္ၫွစ္အားေၾကာင့္
ေခါင္းတစ္ခုလံုး ဖရဲသီးကဲ့သို႔ေပါက္ထြက္သြား၏။
လင္းေရွာင္ရိွသၫ့္ဘက္သို႔ လြင့္စင္လာသၫ့္
ဦးေနွာက္ကဲ့သို႔ေသာအရာမ်ားသည္ မီးေတာက္မ်ား
ေၾကာင့္ခ်က္ခ်င္း အေငြ့ပ်ံသြားေလသည္။
ရႊမ္းေဝ၏ခႏၶာကိုယ္သည္ တြန႔္လိမ္ေနၿပီးမွ
ၿငိမ္သက္သြားကာ ရွင္သန္မႈမ်ားေပ်ာက္ပ်ယ္သြား၏။
ရႊမ္းေဝ သူ႔နဂိုမူလအသြင္သို႔မေျပာင္းေသးခင္တြင္
လင္းေရွာင္က သူ႔အားအိတ္ေဆာင္နယ္ေျမထဲသို႔
ပစ္ထၫ့္လိုက္သည္။
နယ္ေျမထဲတြင္ ယူကၽြင္းခ်ီသည္ ကန္နံေဘးမွာ
ထိုင္ရင္းသက္ျပင္းခ်ေန၏။ ဤအေတာအတြင္း
သားျဖစ္သူက သူ႔အားသေဘာမက်ဘဲ
ေလကဲ့သို႔ဆက္ဆံေနသည္ျဖစ္ရာ သားေလး
လက္ခံလာေအာင္ဘယ္လိုလုပ္ရမလဲ စဉ္းစားရင္း
ဒုကၡေရာက္ေနေလသည္။
အတိတ္ကမွားခဲ့သည္ကို ယူကၽြင္းခ်ီသိသည္။
သူ႔မွာ ျပႆနာဒုကၡမ်ားရိွခဲ့လ်ွင္ပင္
ဇနီးနဲ႔သားအား မစြန႔္ပစ္ခဲ့သင့္ေပ။ သူက
မေကာင္းတဲ့ေကာင္ျဖစ္သည္၊ သားက
သူ႔အားခြင့္မလႊတ္ခ်င္တာ အက်ိဳးေၾကာင္းသင့္၏။
"ဟင္း....." ယူကၽြင္းခ်ီမွာ သက္ျပင္းခ်ရင္းတန္းလန္း
တြင္ ရုတ္တရက္ဆိုသလို အၾကၫ့္ကထက္ရွသြားကာ
အေနာက္ဘက္သို႔ ေျခလွမ္းေပါင္းမ်ားစြာ
ဆုတ္လိုက္၏။ သူထိုင္ေနခဲ့သၫ့္ေနရာသို႔
ေလးလံသၫ့္အရာတစ္ခု အုန္းကနဲျပဳတ္က်
လာသည္။
အနီးကပ္သြားၾကၫ့္ေတာ့မွသာ ေခါင္းမပါသၫ့္
အေလာင္းတစ္ေလာင္းမွန္းသိရေလသည္၊
သို႔ေသာ္ သူဘာမွမလုပ္ရေသးခင္ အေလာင္းက
၄၏နဂိုမူလအသြင္သို႔ ေျပာင္းလဲသြား၏။
သူ ေနာက္သို႔ျမန္ျမန္ဆုတ္ႏိုင္ခဲ့၍မဟုတ္ပါက
ပိေသေနေလာက္ၿပီျဖစ္သည္။
ယူကၽြင္းခ်ီ ေခါင္းမပါသၫ့္အေလာင္း၏
မူလအသြင္အားၾကၫ့္ေနရင္း သက္ျပင္းမရိႈက္မိဘဲ
မေနႏိုင္ေတာ့။
"သူတို႔ကတအားရဲလြန္းတယ္....."
တစ္ခ်ိန္တည္းမွာပင္...။
လင္းေရွာင္ ရႊမ္းေဝအားလ်ွင္ျမန္စြာကိုင္တြယ္
ၿပီးေနာက္ လမ္းၾကားထဲမွသူတို႔အေငြ့အသက္
သဲလြန္စမ်ားအား ေဖ်ာက္လိုက္ကာ
ယူေရွာင္းမိုကို သြားရွာေတာ့သည္။
ယူေရွာင္းမို၏စြမ္းအားက ရႊမ္းက်ဲ႔ထက္
အတန္ငယ္ျမင့္မားေသာ္လည္း လိပ္နက္မ်ား၏
အခြံက ထံုထ်န္းတိုက္မႀကီးတစ္ခုလံုးတြင္
အမာဆံုးပစၥည္းျဖစ္ေလသည္။ အမွန္တကယ္
တိုက္ၾကသၫ့္အခါ ရႊမ္းက်ဲ႔အားအျမန္
ရွင္းထုတ္လို႔မရေပ။
ေလာကလိပ္နက္မ်ိဳးႏြယ္မ်ားက ကုန္းေျမေပၚတြင္
ေနထိုင္ၾကေသာ္လည္း ပင္လယ္ကလည္း
သူတို႔က်င္လည္ရာျဖစ္သည္။
ကုန္းေျမေပၚမွာလိုပင္ ပင္လယ္ထဲမွာလည္း
တန္းတူလႈပ္ရွားႏိုင္သည္။ သို႔ေပမယ့္ လူသား
မ်ားအတြက္ကေတာ့ မတူေခ်။ ပင္လယ္ျပင္၌
အနည္းငယ္ပို၍ ျပႆနာရႈပ္သည္။
ယူေရွာင္းမို အရင္ကပင္လယ္ျပင္မွာမတိုက္ခဲ့ဖူးေပ။
ေရထဲတစ္ခါသြားခဲ့ဖူးေပမယ့္ လင္းေရွာင္လည္း
အတူတူရိွေနခဲ့သည္။ အခုေအာက္ဆင္းရတဲ့အခါ
သိပ္ၿပီးသက္ေတာင့္သက္သာမရိွေပ။
သူ႔မွာေရကဲြပုလဲမရိွတာေၾကာင့္
စိတ္ဝိဉာဉ္စြမ္းအားႏွင့္ေရကိုခဲြကာ
အခ်င္းမီတာဝက္ခန႔္ရိွေလပူေဖာင္းတစ္ခု
ဖန္တီးထားရသည္။
ရႊမ္းက်ဲ႔ နဂိုမူလအသြင္သို႔ေျပာင္းလိုက္ၿပီး
ေနာက္တြင္ သူ႔အရြယ္အစားကအဆေပါင္းမ်ားစြာ
ႀကီးလာၿပီး ပင္လယ္ေရမ်က္ႏွာျပင္သည္
တစ္မီတာ ႏွစ္မီတာခန႔္ျမင့္တက္လာ၏။
ဆိပ္ကမ္းေလးကေတာ့ ေရလႊမ္းေနေလာက္ေလၿပီ။
အျခားဆိပ္ကမ္းမ်ားကေတာ့ ပင္လယ္ေရမ်က္ႏွာျပင္
ထက္အေတာ္ေလးျမင့္တာေၾကာင့္ သိပ္ေတာ့
အေျခအေနမဆိုးေလာက္ေပ။
ထို႔ျပင္ ရႊမ္းက်ဲ႔က ဟိုင္ခ်ူးေတြ့သြားမည္ကို
မလိုလားသၫ့္အတြက္ ေဝလငါးကၽြန္းမွ
မီတာေထာင္ေပါင္းမ်ားစြာအကြာသို႔
သြားခဲ့သည္။
ယူေရွာင္းမိုလည္း မိုင္ေပါင္းမ်ားစြာထိ
ပင္လယ္ေရျပင္ႀကီးမွလဲြ၍အျခားမရိွေနတဲ့
ျမင္ကြင္းအား အားရေက်နပ္ေနသည္။
ဤတစ္ဝိုက္ရိွပင္လယ္ေရျပင္ႏွင့္ သူ
မရင္းႏွီးေသာ္ျငားလည္း တစ္ျခားသူက
သူ၏ႀကီးမားလွသၫ့္နဂိုမူလအသြင္ကို
မေျပာင္းလ်ွင္ အလကားျဖစ္သြားေပမည္။
ယူေရွာင္းမို ပင္လယ္ေရကိုအကာကြယ္ယူၿပီး
ရႊမ္းက်ဲ႔၏မူလအသြင္နား ခ်ဉ္းကပ္သြားသည္။
အခြံက ေတာင္တစ္လံုးခန႔္ႀကီးမားၿပီး
ထိပ္ပိုင္းနားေရာက္ဖို႔ ေတာ္ေတာ္ေလးၾကာသည္။
အခြံက တအားမာတာေၾကာင့္ ေခါင္းကိုပဲ
ဦးတည္ရန္ဆံုးျဖတ္လိုက္၏။
ယူေရွာင္းမိုႏွင့္လင္းေရွာင္မွာ ဆက္ႏြယ္မႈ
ရိွတယ္လို႔ ေျပာရေပမည္။
ႏွစ္ေယာက္လံုးက လိပ္နက္မ်ား၏ေခါင္းအား
အေတာ္ေလး 'စိတ္ဝင္စား' ၾကသည္။
ျခားနားခ်က္က လင္းေရွာင္က ရႊမ္းေဝ၏ဦးေခါင္း
အားေျခမြလိုက္ၿပီးတာပင္။
ယူေရွာင္းမို ရႊမ္းက်ဲ႔၏ေခါင္းေပၚတြားသြားတက္ဖို႔
အခ်ိန္သိပ္မယူလိုက္ရေပ။
ရႊမ္းက်ဲ႔က ခ်က္ခ်င္းသတိျပဳမိသြားကာ
လူျပဳတ္က်သြားေအာင္ ေခါင္းကိုခါယမ္းေတာ့သည္။
ပင္လယ္ေရျပင္ဟာလည္း ၾကမ္းတမ္းစြာ
လႈပ္ခတ္လာ၏။
ယူေရွာင္းမိုမွာ ေျခေထာက္ၿမဲျမဲမထားႏိုင္ေတာ့ဘဲ
အခြံအစြန္းပိုင္းသို႔ ျပန္ဆုတ္လိုက္ရသည္။
ရႊမ္းက်ဲ႔က ေခါင္းခါေနတာရပ္လိုက္ၿပီး
အေရ႔ွသို႔လ်ွင္ျမန္စြာကူးခတ္သြားကာ
ေရျပင္က်ယ္ႀကီးထဲတြင္ လႈပ္ယမ္းေန၏။
ယူေရွာင္းမို အခြံအစြန္းဘက္ကိုအလ်င္စလို
ဆဲြထားလိုက္ရၿပီး လက္တစ္ဖက္ျဖင့္
တည္ၿငိမ္ေအာင္လုပ္လိုက္ကာ တစ္ျခားတစ္ဖက္ျဖင့္
ေရႊေတာင္ပံပိုးေကာင္ႏွစ္ေကာင္ကို ေခၚ ထုတ္
လိုက္သည္။ ေရႊေတာင္ပံပိုးေကာင္ေတြက
မည္သၫ့္အရာကိုမဆို ဖ်က္ဆီးဝါးၿမိဳႏိုင္သည္ဟု
အဆိုရိွသည္။ နည္းနည္းေတာ့ေလႀကီးလြန္းရာ
ေရာက္ေနေလာက္ေပမယ့္ သူတို႔ မည္သၫ့္အစီအရင္
ကိုမဆို ဝါးစားႏိုင္တာေတာ့အမွန္ပင္။
ေရႊေတာင္ပံပိုးေကာင္ႏွစ္ေကာင္က အခြံဆီ
ပ်ံသန္းသြားကာ သစ္ေတာင္ငွက္မ်ားလိုထိုးဆိတ္
လိုက္သည္။
ငါးစကၠန႔္ၾကာၿပီးေနာက္....မ်က္ရည္ေလးစမ္းတမ္း
စမ္းတမ္းနဲ႔ ျပန္လာၾကေလသည္။
____________________