//Unicode//
အပိုင်း(၅၃၆) မီးဖိုခန်းတွင်ကမောက်ကမဖြစ်ခြင်း
ညစာစားချိန်ရောက်သည့်အခါ စားဖိုမှူးဝမ်နှင့်
သူ့လက်ထောက်လေး၏ ယူရှောင်းမို
မီးဖိုခန်းလာငှားမလားဆိုသောမျှော်လင့်ချက်လေး
ကွဲကြေသွားရသည်။ သူ့မှာအိပ်ယာပေါ်မှ
မထနိုင်၍မဟုတ်ဘဲ လင်းရှောင်ကစားတာခံရ
ပြီးတော့ ချက်ချင်ပြုတ်ချင်စိတ်မရှိတော့တာ
ဖြစ်သည်။
ဒုတိယနေ့မနက်ခင်းမှာ အသားဆန်ပြုတ်တစ်ပွဲ
ချက်ရာ များလွန်းသွားတာ
ကြောင့် နောက်ဆုံးတော့စာဖိုမှူးဝမ်နဲ့
လက်ထောက်လေးတို့မှာ သူတို့တောင့်တနေသော
လက်ရာအား မြည်းစမ်းခွင့်ရလေသည်။
နေ့လည်ရောက်သောအခါ ယူရှောင်းမို
မီးဖိုခန်းဆီတစ်ခါပြန်ရောက်လာ၏။
ထိုသို့ရောက်သော် စာဖိုမှူးဝမ်နှင့်
သူ့လက်ထောက်လေးတို့သည် သူ့အား
ပါပီမျက်လုံးလေးများနှင့်နှုတ်ဆက်လာ၏။
မြစ်မြို့ကလူများက အစားကြေးမများကြချေ၊
ဗိုက်ပြည့်သရွေ့ လုံလောက်ပြီဖြစ်သည်။
စားဖိုမှူးဝမ်သည် မြစ်မြို့ကစာဖိုမှူးတစ်ယောက်
ဖြစ်ပြီး တစ်နှစ်ပတ်လုံးလူအုပ်ကြီးတစ်အုပ်
အတွက်ချက်ပြုတ်ပေးရသည်။ သို့ဖြစ်ရာ
သူ့ဟင်းများက တစ်ချိန်တည်းမှာအသေးစိတ်
ကျပြီးကောင်းမနေနိုင်ပေ။
ထို့ကြောင့် စာဖိုမှူးဝမ်၏အချက်ပြုတ်စွမ်းရည်က
သာမာန်အိမ်ချက်လက်ရာမျှသာ ရှိသည်။
မနေ့ကသူတို့စားခဲ့သည့် ကြက်ချဉ်စပ်ဆိုရင်
တစ်ခါမှတောင်မကြားဖူးခဲ့၊ အရသာ
ဘယ်လိုလဲဆိုတာသိဖို့က ဝေလာဝေး။
နှစ်ယောက်သား ယူရှောင်းမို၏စေတနာ့ဝန်ထမ်း
လက်ထောက်လာလုပ်ကြသည်၊ ဒီတစ်ခါတော့
ပိုက်ဆံမတောင်းကြပေ၊ သူတို့လိုချင်တာက
ယူရှောင်းမို သူတို့အတွက်နည်းနည်းပါးပါး
ချန်ထားပေးတာကိုဖြစ်သည်။
ယူရှောင်းမို အများကြီးတွေးမနေဘဲသဘောတူ
လိုက်၏။
သူ့ဘာသာသူချက်ပြုတ်ရတာက အတော်လေး
အချိန်ပုပ်သည်၊ မတိုင်ခင်နေ့ကလိုပင်၊
မီးဖိုပေါ် ကအိုးကို ကြည့်နေရတုန်း
ကြက်ကိုင်ပြီး ဟင်းသီးဟင်းရွက်ဆေးရတာ
သူ့အတွက်သိပ်မလွယ်ကူပေ။ ဒါကြောင့်
ကူဖော်လောင်ဖက်ရှိတာက အနည်းဆုံး
အချိန်သုံးပုံတစ်ပုံခန့်တော့ သက်သာပေသည်။
ယူရှောင်းမို သူတို့နှစ်ယောက်ကိုကြက်တစ်ယောက်
တစ်ကောင်စီ ကိုင်ခိုင်းသည်။
ကြက်ပေါင်နှင့် ကြက်ချဉ်စပ်အတုံးလေးတွေချက်
မှာဖြစ်သည်။ လင်းရှောင်ကဒီဟင်းကို
ကြိုက်တာကြောင့် အထူးတလည်ချက်ခိုင်းထားတာ
ပင်။
ဒုတိယအသားဟင်းက နှမ်းဖြူးထားတဲ့ဘဲကြွပ်
ကြွပ်ဟင်းဖြစ်၏။ ယှဉ်ကြည့်လျှင် ဤဟင်းပွဲက
ပို၍မျက်စိပသာဒရှိသည်။ ၎င်းကကြွပ်ရွရုံသာမက
နူးညံ့ပြီး အသားကလည်းထိပ်တန်းပင်။
မနက်ကသူလာတုန်းက စားဖိုမှူးဝမ်အား
ဤဟင်းပွဲအတွက်ပြင်ဆင်ထားရန် ပြောခဲ့သည်။
သန့်စင်အောင်ဆေးထားတဲ့ဘဲတစ်ကောင်ကို
ဝိုင်၊ စားပွဲတင်ဆား၊ သကြား၊ ငရုတ်ကောင်း၊
ကြက်သွန်ဖြူနှင့် ဂျင်းထဲမှာစိမ်ထားရသည်။
ယူရှောင်းမိုရောက်လာတဲ့အခါ ထုတ်ပြီးပေါင်းလိုက်
ရုံပဲ။
သူနဲ့လင်းရှောင်အတွက်ဝေစုပြီးရင် ကျန်တာက
စားဖိုမှူးဝမ်နဲ့ လက်ထောက်လေးတို့အတွက်
ဖြစ်တာကြောင့် အကုန်လုံးကိုနည်းနည်းစီပိုချက်
လိုက်သည်။
ဟင်းပွဲပိုများသော်လည်း မနေ့က
သူတစ်ယောက်တည်းလုပ်ခဲ့သည့် အချိန်ထက်
အနည်းငယ်ပိုမြန်၏။
ယခုတစ်ခေါက်တွင် လက်ထောက်လေးက
ယူရှောင်းမိုကို သူတို့အခန်းဆီဟင်းပွဲများ
ကူသယ်ပေးကာ စားဖိုမှူးဝမ်ကမီးဖိုအစောင့်အဖြစ်
နေခဲ့သည်။ ဟိုတစ်နေ့ကကဲ့သို့ထပ်ဖြစ်လာပါက
သူတို့ အိပ်ပျော်တဲ့အထိငိုမိပေလိမ့်မည်။
လက်ထောက်ကလေးက ယူရှောင်းမိုတို့အခန်းထဲသို့
စားစရာများလိုက်ပို့ပြီးနောက်တွင်
အလျင်စလိုပြန်ထွက်သွားရာ တံခါးပိတ်ဖို့တောင်
မေ့ခဲ့သည်၊ ယူရှောင်းမိုပဲ လိုက်ပိတ်ပေးလိုက်ရ၏။
သူတို့အခန်းတံခါးပိတ်သွားပြီး များမကြာမီတွင်
ဘေးအခန်းတံခါးပွင့်လာသည်။
အမျိုးသားတစ်ဦး လျှောက်ထွက်လာ၏၊ သူက
ဟိုအရင်တစ်နေ့ကယူရှောင်းမို ဖြတ်သွားရင်း
တွေ့ခဲ့သော အမျိုးသားသုံးဦးအနက်တစ်ဦးဖြစ်သည်။
သူကနှာခေါင်းတရှုံ့ရှုံ့လုပ်ကာ ယူရှောင်းမိုတို့
အခန်းကို သင်္ကာမကင်းကြည့်လိုက်သည်။
ထိုအခိုက်အတံ့တွင် အခြားအခန်းတစ်ခန်းမှ
လူတစ်ယောက်လျှောက်ထွက်လာပြီး
ထိုလူက သူ့မိတ်ဆွေဝမ်ဟွဖြစ်၏။ လေထဲမှာစွဲကျန်နေသည့်
စားသောက်ဖွယ်ရာရနံ့အား ရလိုက်သည့်အခါ
မနေနိုင်တော့ဘဲပြောလိုက်သည်။
"မွှေးလိုက်တာ! မနေ့နေ့လည်ကငါတို့စားခဲ့တဲ့
ဟင်းကလည်း ဒီအနံ့ပဲ"
"ဟုတ်တယ် ငါလည်းမှတ်မိတယ်။ သာမာန်
ဒေသခံတစ်ယောက်ချက်တဲ့ဟင်းက ဒီလောက်ထိ
ကောင်းလိမ့်မယ်လို့ မထင်ခဲ့ဘူး"
ယန်တင်းက သဘောတူစွာခေါင်းညိတ်သည်။
ထိုကဲ့သို့အရသာရှိလှသည့်ရနံ့ကိုရသည့်အခါ
ဗိုက်ဆာလာတော့၏။ မနေ့ကဟင်းက
ဗိုက်ဝဖို့အတွက် နည်းလွန်းသည်၊
သို့ပေမယ့် ထိုနည်းနည်းလေးကပင်သူတို့မှတ်မိ
နေဖို့လုံလောက်လေသည်။
"အဲ့စားဖိုမှူးကို ငါတို့အတွက်ချက်ခိုင်းရင်ရော?"
ဝမ်ဟွက အကြံပြုသည်။
"ကောင်းသားပဲ ကျောက်အာကိုရောခေါ် ရအောင်"
ကျောက်အာလည်း သူ့အခန်းမှနေ၍အနံ့ရနေသည်။
သူတို့ စားဖိုမှူးဆီသွားမယ်လို့ကြားတော့
ချက်ချင်းပဲထလိုက်လာ၏။ သို့သော်
သူတို့ရောက်တာ အနည်းငယ်နောက်ကျသွားရာ
စားဖိုမှူးဝမ်နှင့်လက်ထောက်လေးတို့က
အကုန်လုံးစားလို့ကုန်သွားပြီ ဖြစ်သည်။
စားကောင်းသောက်ဖွယ်နှင့်ပတ်သက်လျှင်
မည်သူကမှ စိတ်ရှိမည်မဟုတ်ပေ၊ သူတို့က
ပါတီရောက်တာ နောက်ကျသွားတာသာဖြစ်
သည်။
စားဖိုမှူးဝမ်နှင့်လက်ထောက်မှာ စားရင်းသောက်ရင်း
အချင်းချင်းထချလုနီးပါးဖြစ်နေ၏။
ဝမ်ဟွတို့ စကားနည်းနည်းပြောလိုက်တော့
စားဖိုမှူးဝမ်က အစားအသောက်လက်စသတ်
လိုက်ပြီးရှင်းလိုက်သည်။
မီးဖိုခန်းမှာ အရသာရှိတဲ့ဟင်းတွေရဲ့ရနံ့က
ကျန်နေဆဲပင်။
ယူရှောင်းမိုချက်တဲ့ဟင်းပွဲတွေက ပြင်းတာကြောင့်
အနံ့ပျယ်သွားဖို့ကြာသည်။
"ဟေး ငါတို့အတွက်ဟင်းအစုံလိုက်ပြင်ပေးစမ်း"
ယန်တင်းက စားဖိုမှူးဝမ်အားအထင်သေးသည့်
အကြည့်ဖြင့် စွမ်းအင်ကျောက်တုံးတစ်တုံး
ပစ်ပေးလိုက်သည်။ သာမာန်လူများနှင့်ဆိုလျှင်
သူတို့က အထက်စီးဆန်ပြီးအမိန့်ပေးစကား
နဲ့ပဲပြောလေ့ရှိသည်။
တစ်ချက်ကြည့်ပြီးတော့ စားဖိုမှူးဝမ်ကသူတို့အား
မှတ်မိသွားသည်။ သူတို့ရဲ့ပြောဆို ဆက်ဆံပုံနှင့်
ပတ်သက်၍ သူမအံ့ဩမိ၊ ဘာလို့လဲဆိုတော့
ကျင့်ကြံလိုက်ရုံနှင့် သာမာန်လူများထက်ပို၍
အဆင့်တန်းမြင့်ပြီဟု ယုံကြည်ကြသည့်
ကျင့်ကြံသူတွေအများကြီးကို သူတွေ့ဖူးသော
ကြောင့်ပင်။ အရှင်းဆုံးပြောရရင် သူတို့က
ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာဖြစ်သည်။
စားဖိုမှူးဝမ်က သူတို့အားအပြင်မှခဏစောင့်ခိုင်း
လိုက်ပြီး လက်ထောက်လေးနှင့်အတူချက်ပြုတ်
တော့သည်။
စားဖိုမှူးဝမ် သူတို့အသားဟင်းကြိုက်လောက်မယ်
လို့ခန့်မှန်းမိတာကြောင့် အသားဟင်းငါးပွဲနှင့်
အရွက်ကြော်သုံးပွဲလုပ်လိုက်သည်။
စားပွဲတစ်ခုအပြည့် စားစရာတွေချက်ပြုတ်ပြီး
တဲ့နောက် သူတို့သုံးယောက်အားခေါ် လိုက်သည်။
သူတို့သုံးယောက် အရင်ကဟာနဲ့ဆင်တဲ့
ချဉ်ချဉ်စပ်စပ်ဟင်းနံ့ကိုရလေသည်။
စားဖိုမှူးဝမ်ကယူရှောင်းမိုဆီကသင်ထားတာ
ဆိုတာသူတို့မသိပေ။
ယူရှောင်းမိုကိုကူချက်ပေးရင်း စားဖိုမှူးဝမ်က
ဟင်းရဲ့နှစ်ဆယ်ရာခိုင်နှုန်းခန့်ကို သင်ယူလေ့လာ
ထားကာ စမ်းချက်ကြည့်သည်။ ရလဒ်သည်
ယူရှောင်းမိုချက်တာနှင့်မယှဉ်နိုင်သော်ငြား
သူ့စံနှုန်းအရတော့ ကျေနပ်ဖွယ်ရှိသည်။
သူမထင်မိတာက မီးဖိုခန်းကထွက်လာ
လာချင်းမှာပဲ အတွင်းကနေဒေါသပုန်ထနေတဲ့
အသံတစ်ခုထွက်လာတာပင်။ သူတို့နှစ်ယောက်
တစ်ယောက်ကိုတစ်ယောက် နားမလည်တဲ့ပုံဖြင့်
ကြည့်လိုက်ကြသည်။
ယန်တင်းက တူကိုကြမ်းပြင်ပေါ် သို့ပစ်ချလိုက်ကာ
တိုက်ဆိုင်စွာနှင့် စားဖိုမှူးဝမ်နှင့်လက်ထောက်လေး
တို့၏ခြေရင်းသို့ ကျသွား၏။ သူကအေးတိအေးစက်
နှာမှုတ်လိုက်ပြီး စားဖိုမှူးဝမ်အားမကျေမချမ်း
ပြော၏၊
"ဒါဘာဟင်းလဲ ဘာလို့အော်ဂလီဆန်ဖို့ကောင်း
နေတာလဲ?"
သူ့သူငယ်ချင်းနှစ်ယောက် ဝမ်ဟွနှင့်ကျောက်အာ
သည်လည်းမကျေမနပ်ဖြစ်နေပုံပေါက်သည်၊
ဟင်းအရသာက သူတို့မျှော်လင့်ထားတာနဲ့
တစ်ခြားစီဖြစ်နေသည်လေ။ စားဖိုမှူးဝမ်
ယူရှောင်းမိုထံမှ လေ့လာပြီးသင်ယူထားတဲ့
ကြက်ချဉ်စပ်ပန်းကန်သည် ကြမ်းပေါ် သို့
ပစ်ပေါက်ခံလိုက်ရပြီး ကြက်သားအတုံး
လေးများကမီးဖိုမှာစင်ကုန်သည်။
အခြားဟင်းပွဲတွေကိုလည်း
မြည်းစမ်းကြည့်ပြီးသားဖြစ်ကာ သူတို့အရသာ
မတွေ့တာထင်ရှားနေသည်။
သူ့ဟင်းကိုမကြိုက်တာတွေ့တော့ စားဖိုမှူးဝမ်
ဒေါသထွက်သွားပေမယ့် သူတို့ကိုအာခံ၍
မရတာကြောင့် ငြိမ်နေလိုက်ရသည်။ သူ့ဒေါသကို
မျိုချပြီး ရှင်းပြလိုက်၏။
"ကျင့်ကြံသူတို့ ဒါကကျုပ်ဟင်းပွဲတွေရဲ့
အရသာပါပဲ"
"ငါတို့ကိုမကျေနပ်လို့ အရူးလုပ်ချင်နေတာမလား?"
ကျောက်အာရဲ့အမူအရာက မည်းမှောင်သွားကာ
သူ့ထံမှ ရှိန်လောက်စရာအားတစ်ခုထွက်ပေါ်
လာသည်။ သို့ပေမယ့်သာမာန်လူတစ်ယောက်
ကိုကိုယ်ထိလက်ရောက်လုပ်သည့်အကြောင်း
ပျံ့သွားပါက ကျင့်ကြံသူများ၏အထင်သေးခြင်းကို
ခံရပေမည်။
စားဖိုမှူးဝမ်နှင့် သူ့လက်ထောက်တို့နှစ်ယောက်လုံး
ပျော့ခွေသွားပြီး ချွေးများရွှဲနစ်နေကာ
ကြမ်းပြင်ပေါ် လဲကျသွားသည်၊ မျက်နှာများလည်း
ဖြူဖျော့နေ၏။
"ကျင့်-ကျင့်ကြံသူများခင်ဗျာ ကျုပ်ကျိန်ရဲပါတယ်
ဘာမှမလိမ်ပါဘူး တကယ်ပဲကျုပ်ဟင်းရဲ့
အရသာပါ" စားဖိုမှူးဝမ်သည် တုန်တုန်ရီရီဖြင့်
ရှင်းပြလိုက်၏။
ယန်တင်းက မျက်လုံးမှေးလိုက်သည်၊
သာမာန်လူက သူ့အားလိမ်ရဲမည်ဟုမထင်ပေ။
"ဒါဖြင့်ရင်ပြောပါဦး ဘာလို့မနေ့ကနဲ့အရသာ
မတူရတာလဲ"
မနေ့ကဟင်းက ယူရှောင်းမိုချက်ထားတာလို့
သူတို့မထင်မိကြ။
ပထမအချက်က ကျင့်ကြံသူတို့က
ဟင်းချက်တာရှားလှသည်၊
ယူရှောင်းမိုက ကိုယ့်ဟင်းကို ကိုယ့်ဘာသာကိုယ်
ချက်စားမယ်လို့ အတွေးမဝင်မိကြပေ။
ဒုတိယအနေဖြင့် စားဖိုမှူးဝမ် ယူရှောင်းမိုတို့အခန်းထဲ
ဟင်းတွေသယ်လာတာကိုသူတို့မြင်ထားသည်၊
နောက်ဆုံးတစ်ခုက ကြက်ချဉ်စပ်ပင်။
မနေ့ကဟင်းပန်းကန်က အတော်လေးသေးတာကြောင့်
ဟင်းတွေအကုန်လုံးမဆန့်လို့ သူတို့က ကျန်တာစားလိုက်ရတာဖြစ်သည်။
စားဖိုမှူးဝမ် ကြက်သေသေနေမိ၏၊ နောက်ဆုံးတော့
သူနားလည်သွားသည်။ သူတို့က သူ့ဟင်းကို
ယူရှောင်းမိုရဲ့ဟာနဲ့ယှဉ်နေခြင်းပင်၊
သူချက်တာကိုမကြိုက်တာ မဆန်းတော့ချေ၊
ယှဉ်တောင်မှမယှဉ်နိုင်ပဲလေ။ သူတို့ မမျှမတ
ဆက်ဆံခံလိုက်ရတာပဲ။
"ကျင့်ကြံသူခင်ဗျ မနေ့ကဟင်းကကျုပ်ချက်ထားတာ
မဟုတ်ပါဘူး"
"မင်းမဟုတ်ရင်ဘယ်သူလဲ?" ယန်တင်းက
မျက်ခုံးတွန့်သွားသည်၊ သူ့စကားက
တစ်ပိုင်းတစ်စပဲ ယုံရသည်။ အကြောင်းအရင်း
ကတော့ ဒီကုန်သင်္ဘောပေါ်မှာ စားဖိုမှူးဆိုလို့
သူတစ်ယောက်တည်းလေ၊ သူသာမဟုတ်ရင်
ဘယ်သူရှိဦးမလဲ?
စားဖိုမှူးဝမ်ပြန်ဖြေမလို့လုပ်တုန်း တံခါးဝတွင်
ပုံရိပ်လေးတစ်ခုပေါ် လာ၏။
ရောက်လာသူမှာ ပန်းကန်အလွတ်များနှင့်
တူများသယ်လာသည့် ယူရှောင်းမိုဖြစ်၏။
ဤမြင်ကွင်းအား တိုက်တိုက်ဆိုင်ဆိုင်မြင်လိုက်ရပြီး
မျက်နှာထက်တွင် အံ့အားသင့်ဟန်တစ်ခု
ဖြတ်ပြေးသွားသည်။
ကယ်တင်ရှင်အားတွေ့လိုက်ရသည့်နှယ်
စားဖိုမှူးဝမ်သည်သူ့အားညွှန်ပြလိုက်ကာ၊
"အဲ့ဒါ ဒီလူငယ်လေးပါ၊ ဒီလူငယ်လေးချက်ထားတာ"
ယူရှောင်းမို မီးဖိုဘေးရှိကြက်သားအတုံးလေးများနှင့်
စားပွဲပေါ် ကမပြီးပြတ်သေးသည့်ဟင်းများကို
ကြည့်လိုက်ကာ စားဖိုမှူးဝမ်ပြောသည်နှင့်စပ်မိပြီး
ဇာတ်လမ်းတစ်ခုလုံး ရုပ်လုံးပေါ် လာသည်။
ကြည့်ရတာ ဤသုံးဦးကမနေ့ကလက်ထောက်ကလေး
ပြောနေသည့်လူများပေလား?
ယန်တင်းက ယူရှောင်းမိုအားသံသယနှင့်
ကြည့်လေသည်။ ပြန်စဉ်းစားကြည့်လျှင်
ဤကောင်လေး သူ့အခန်းထဲဌာပနာမုန့်တစ်ဗန်း
သယ်သွားတာကိုသူတို့တွေ့ခဲ့ကာ နှစ်ခေါက်လုံးတွင်
သူ့အခန်းဆီမှ မွှေးပျံ့သည့်ရနံ့လည်းရခဲ့ပေသည်။
ဒါကြောင့် စားဖိုမှူးဝမ်ပြောတာအမှန်ဖြစ်လောက်
၏။
"ဟေး မင်း မင်းစားတဲ့ဟင်းက မင်းချက်ထားတာ
လား?" ယန်တင်းက ယူရှောင်းမိုအား
ခေါင်းစခြေဆုံးကြည့်ပြီးမကြည်ဖြူစွာ
ပြောလိုက်၏။ သူတို့ ယူရှောင်းမိုရဲ့အဆင့်ကို
မပြောနိုင်ပေမယ့် သူတို့သိသမျှဗဟုသုတနှင့်
ယူရှောင်းမိုအား ခြိမ်းခြောက်နိုင်စွမ်းမရှိသည့်
အမျိုးအစားထဲထည့်လိုက်လေသည်။
ယူရှောင်းမိုက ပန်းကန်ဆေးသည့်စင်ထဲပန်းကန်များ
ထည့်လိုက်ပြီးမှ ပြန်ဖြေသည်။
"ပြဿနာရှိလို့လား?"
ယန်တင်းက စွမ်းအင်ကျောက်တုံးနှစ်တုံးထုတ်ပြီး
စားပွဲပေါ် ပစ်တင်လိုက်၏။ သူကမောက်မာစွာဖြင့်
"ငါတို့အတွက် ကောင်းကောင်းချက်ပေးစမ်း
ဒီစွမ်းအင်ကျောက်တုံးနှစ်တုံးက မင်းဟာပဲ" ဟု
ပြောလာသည်။
ယူရှောင်းမို စားပွဲပေါ် ကစွမ်းအင်ကျောက်တုံး
နှစ်တုံးကို တစ်ချက်ကြည့်လိုက်ပြီး
ဤလူ၏အပြုအမူက သူယုံကြည်နိုင်တာထက်ပင်
ကျော်လွန်နေသည်ဟုခံစားလိုက်ရ၏။
သူတို့အတွက် ချက်ပေးချင်ရဲ့လားကို
မပြောနဲ့ဦး သူတို့ပြောတဲ့ပုံစံကိုကသူ့အား
စိတ်ကုန်စေသည်။ ထို့ပြင် သူတို့က
စွမ်းအင်ကျောက်တုံးနှစ်တုံးနှင့်ခိုင်းစားချင်နေ
သည်လား? အိပ်မက်မက်နေလိုက်လေ!
"စိတ်မကောင်းပါဘူး ငါမလုပ်ချင်ဘူး!"
ယူရှောင်းမို ချက်ချင်းငြင်းပယ်လိုက်သည်။
စွမ်းအင်ကျောက်တုံးနှစ်တုံးက နည်းနေတာကြောင့်
လို့ထင်ပြီး ယန်တင်းကနောက်ထပ်သုံးတုံး
ထပ်ဖြည့်ပေးလိုက်ကာ စိတ်မရှည်တော့ဘဲ
ပြောလိုက်သည်။ "ငါးတုံးပေးမယ်ကွာ
ဒီလောက်ဆို လုံလောက်သင့်ပြီ"
ယူရှောင်းမို ပြုံးလိုက်၏၊
"နားမလည်ဘူးထင်တယ် ငါပြောတာ
ငါမလုပ်ချင်ဘူး။ ငါမလုပ်ချင်တာ နားလည်ပြီလား?"
သူတို့မျက်နှာထားတွေ ပြောင်းသွားသည်။
ကျောက်အာက အေးစက်စက်ရယ်မောလိုက်ကာ၊
"ကောင်စုတ်လေး ငါတို့ကအကောင်းနဲ့မျက်နှာ
သာပေးနေတာကိုငြင်းနေတယ် ဘာလဲ
အကြမ်းနည်းသုံးမှရတာလား မင်းကိုချက်ခိုင်း
တယ်ဆိုတာမင်းကိုလေးစားသမှုပေးနေတာ"
"ငါက မင်းတို့ကောင်တွေလေးစားသမှုပေးတာ
လိုနေလို့လား? ဘာကောင်တွေတုန်းဟ?!"
ယူရှောင်းမိုက အရင်ဘဝကယူရှောင်းမိုမဟုတ်
တော့ပေ၊ ဒေါသကြီးလာသည်။
သို့ပေမယ့် ဤစကားကသွေးနားထင်ရောက်
နေသောလူသုံးယောက်အား ရန်စသလို
ဖြစ်နေသည်။ ကျောက်အာသည် အရင်ဆုံး
လှုပ်ရှားသူဖြစ်ကာ စားပွဲအားညာဘက်လက်နှင့်
ရိုက်ချလိုက်သည်။ သို့သော်ငြား စားပွဲကျိုးမကျ
သွားခင်တွင် သူ့ပုံရိပ်ကပျောက်ကွယ်သွား၏။
သူပြန်ပေါ် လာတဲ့အခါ ယူရှောင်းမိုရှေ့တွင်
ဖြစ်သည်။
ဤသုံးယောက်က ရှိန်ဖို့ကောင်းတာကိုယူရှောင်းမို
ဝန်ခံသည်။ ဥပမာအားဖြင့် ကျောက်အာသည်
လူသားကျင့်ကြံသူဖြစ်ကာ ဧကရာဇ်အဆင့်
ကြယ်တစ်ပွင့်၌ရှိသည်၊ လူသားစံနှုန်းများနှင့်
ဆိုလျှင် မနိမ့်ကျပေ။ နေရာငယ်လေးတွင်
ဘုရင် သို့မဟုတ်အုပ်ချုပ်သူလုပ်ရန်
လုံလောက်ပေသည်။
သူတို့တွေ မောက်မာလွန်းအားကြီးတာမဆန်းတော့၊
သူတို့ရူးသွပ်မှုတွင် အကြောင်းတစ်ခုရှိနေသည်ပင်။
သို့သော်လည်း ဒီတစ်ကြိမ်တွင်တော့သူတို့က
ရှုံးဖို့ကံပါလာသည်။ ကျောက်အာရဲ့ပုံရိပ်
ပေါ် လာသည်နှင့် ယူရှောင်းမို သူ့အလုံးနေရာကို
တွေဝေမှုမရှိပိတ်ကန်လိုက်သည်။ ထိုသူမှာ
ပျံထွက်သွားခြင်းမရှိဘဲ ယူရှောင်းမိုရှေ့၌
ဒုန်းကနဲ ဒူးထောက်ကျသွားလေသည်။
ထောက်တဲ့အားများလွန်းတာကြောင့် ကြမ်းပြင်
ပေါ် မှာအချိုင့်နှစ်ခုဖြစ်သွား၏။
ကျောက်အာသည် နာနာကျင်ကျင်အော်ဟစ်ရင်း
သူ့အလုံးတွေကို ရှုံ့တွနေတဲ့မျက်နှာဖြင့်
ကာထား၏။ ငါ-ိုး! ကြေသွားပြီဟ!
ယန်တင်းနှင့်ဝမ်ဟွမှာ ကြက်သေသေနေကြပြီး
အတော်ကြာမှအသိပြန်ဝင်လာကြသည်။
တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်
လိုက်ကြကာ ဒေါသရောသတ်ဖြတ်လိုစိတ်ရော
ထလာကြတော့၏။ ယူရှောင်းမိုက
ကျောက်အာကို ကြက်ကန်းဆန်အိုးတိုးပြီး
ကန်လိုက်နိုင်သည်ဟု ထင်မိကြသည်။
သူတို့နှစ်ယောက်က အတူတကွနှစ်ဖက်ညှပ်ပြီး
လာကြကာ ယူရှောင်းမိုအားသေစေနိုင်သော
ထိုးနှက်ချက်တစ်ခု ပေးဖို့ဆိုတာထင်ရှားနေသည်။
ကြယ်သုံးပွင့်နှင့် ကြယ်နှစ်ပွင့်ဧကရာဇ်အဆင့်
ကျင့်ကြံသူနှစ်ယောက်...။
နောက်ထပ်ဆယ်ယောက်လောက်ရှိနေရင်တောင်
ယူရှောင်းမို အလွယ်တကူကိုင်တွယ်နိုင်သည်။
စားဖိုမှူးဝမ်နှင့် လက်ထောက်ကလေးတို့မှာ
ကြောက်လန့်ပြီးတစ်ယောက်ကိုတစ်ယောက်
ဖက်ထားကြကာ စိုးရိမ်စိတ်များလည်း
ကြီးထွားလာ၏။ သူတို့သင်္ဘောပေါ် မှာ
ဆရာသခင်များတိုက်ကြလျှင် သင်္ဘောမြုပ်သွား
နိုင်လောက်သည်။
သို့သော်လည်း ယူရှောင်းမိုလှုပ်ရှားလိုက်တဲ့အခါ
သူတို့စိုးရိမ်နေတာက အလကားပဲဆိုတာ
သိလိုက်ရ၏။
ယန်တင်းနဲ့ဝမ်ဟွကိုတောင်မှ
မရိုက်နိုင်လျှင် လင်းရှောင်ကသူ့အား
သေလောက်အောင်လှောင်နေလိမ့်မည် ၊
သူ့အားထိုကဲ့သို့အခွင့်အရေးမျိုး လုံးဝမပေးနိုင်ပေ။
ယူရှောင်းမို၏လက်သီးက ယန်တင်း၏နှာခေါင်းရိုး
ပေါ်ကျသွားကာ လျင်မြန်လွန်းလှသည်မို့
ယန်တင်းမှာ သူ့လှုပ်ရှားမှုများကိုမဖမ်းမိလိုက်ပေ။
နာကျင်မှုကြောင့် သူမတုံ့ပြန်နိုင်ခင်မှာ
ယူရှောင်းမိုကသူ့ကိုအင်္ကျီမှ ဆွဲပြီးနေရာလဲလိုက်
သည်။ ဝမ်ဟွ သတိပြုမိလိုက်တဲ့အချိန်
ဘာမှမလုပ်နိုင်တော့ဘဲ သူ့ရဲ့အားကိုးဆယ်ရာခိုင်နှုန်း
သုံးထားတဲ့ ရက်စက်လှတဲ့ကန်ချက်သည်....
ယန်တင်းရဲ့အောက်ပိုင်းတစ်နေရာပေါ်
တိုက်ရိုက်ကျသွား၏။
"အား!!"
ယန်တင်းရဲ့အော်ဟစ်သံကို အခြားကုန်သင်္ဘောများ
မှပင်ကြားရလေသည်။
____________________________
//Zawgyi//
အပိုင္း(၅၃၆) မီးဖိုခန္းတြင္ကေမာက္ကမျဖစ္ျခင္း
ညစာစားခ်ိန္ေရာက္သၫ့္အခါ စားဖိုမွဴးဝမ္ႏွင့္
သူ႔လက္ေထာက္ေလး၏ ယူေရွာင္းမို
မီးဖိုခန္းလာငွားမလားဆိုေသာေမ်ွာ္လင့္ခ်က္ေလး
ကဲြေၾကသြားရသည္။ သူ႔မွာအိပ္ယာေပၚမွ
မထႏိုင္၍မဟုတ္ဘဲ လင္းေရွာင္ကစားတာခံရ
ၿပီးေတာ့ ခ်က္ခ်င္ျပဳတ္ခ်င္စိတ္မရိွေတာ့တာ
ျဖစ္သည္။
ဒုတိယေန့မနက္ခင္းမွာ အသားဆန္ျပဳတ္တစ္ပဲြ
ခ်က္ရာ မ်ားလြန္းသြားတာ
ေၾကာင့္ ေနာက္ဆံုးေတာ့စာဖိုမွဴးဝမ္နဲ႔
လက္ေထာက္ေလးတို႔မွာ သူတို႔ေတာင့္တေနေသာ
လက္ရာအား ျမည္းစမ္းခြင့္ရေလသည္။
ေန့လည္ေရာက္ေသာအခါ ယူေရွာင္းမို
မီးဖိုခန္းဆီတစ္ခါျပန္ေရာက္လာ၏။
ထိုသို႔ေရာက္ေသာ္ စာဖိုမွဴးဝမ္ႏွင့္
သူ႔လက္ေထာက္ေလးတို႔သည္ သူ႔အား
ပါပီမ်က္လံုးေလးမ်ားႏွင့္ႏႈတ္ဆက္လာ၏။
ျမစ္ၿမိဳ႔ကလူမ်ားက အစားေၾကးမမ်ားၾကေခ်၊
ဗိုက္ျပၫ့္သေရြ့ လံုေလာက္ၿပီျဖစ္သည္။
စားဖိုမွဴးဝမ္သည္ ျမစ္ၿမိဳ႔ကစာဖိုမွဴးတစ္ေယာက္
ျဖစ္ၿပီး တစ္ႏွစ္ပတ္လံုးလူအုပ္ႀကီးတစ္အုပ္
အတြက္ခ်က္ျပဳတ္ေပးရသည္။ သို႔ျဖစ္ရာ
သူ႔ဟင္းမ်ားက တစ္ခ်ိန္တည္းမွာအေသးစိတ္
က်ၿပီးေကာင္းမေနႏိုင္ေပ။
ထို႔ေၾကာင့္ စာဖိုမွဴးဝမ္၏အခ်က္ျပဳတ္စြမ္းရည္က
သာမာန္အိမ္ခ်က္လက္ရာမ်ွသာ ရိွသည္။
မေန့ကသူတို႔စားခဲ့သၫ့္ ၾကက္ခ်ဉ္စပ္ဆိုရင္
တစ္ခါမွေတာင္မၾကားဖူးခဲ့၊ အရသာ
ဘယ္လိုလဲဆိုတာသိဖို႔က ေဝလာေဝး။
ႏွစ္ေယာက္သား ယူေရွာင္းမို၏ေစတနာ့ဝန္ထမ္း
လက္ေထာက္လာလုပ္ၾကသည္၊ ဒီတစ္ခါေတာ့
ပိုက္ဆံမေတာင္းၾကေပ၊ သူတို႔လိုခ်င္တာက
ယူေရွာင္းမို သူတို႔အတြက္နည္းနည္းပါးပါး
ခ်န္ထားေပးတာကိုျဖစ္သည္။
ယူေရွာင္းမို အမ်ားႀကီးေတြးမေနဘဲသေဘာတူ
လိုက္၏။
သူ႔ဘာသာသူခ်က္ျပဳတ္ရတာက အေတာ္ေလး
အခ်ိန္ပုပ္သည္၊ မတိုင္ခင္ေန့ကလိုပင္၊
မီးဖိုေပၚ ကအိုးကို ၾကၫ့္ေနရတုန္း
ၾကက္ကိုင္ၿပီး ဟင္းသီးဟင္းရြက္ေဆးရတာ
သူ႔အတြက္သိပ္မလြယ္ကူေပ။ ဒါေၾကာင့္
ကူေဖာ္ေလာင္ဖက္ရိွတာက အနည္းဆံုး
အခ်ိန္သံုးပံုတစ္ပံုခန႔္ေတာ့ သက္သာေပသည္။
ယူေရွာင္းမို သူတို႔ႏွစ္ေယာက္ကိုၾကက္တစ္ေယာက္
တစ္ေကာင္စီ ကိုင္ခိုင္းသည္။
ၾကက္ေပါင္ႏွင့္ ၾကက္ခ်ဉ္စပ္အတံုးေလးေတြခ်က္
မွာျဖစ္သည္။ လင္းေရွာင္ကဒီဟင္းကို
ႀကိဳက္တာေၾကာင့္ အထူးတလည္ခ်က္ခိုင္းထားတာ
ပင္။
ဒုတိယအသားဟင္းက ႏွမ္းျဖဴးထားတဲ့ဘဲႂကြပ္
ႂကြပ္ဟင္းျဖစ္၏။ ယွဉ္ၾကၫ့္လ်ွင္ ဤဟင္းပဲြက
ပို၍မ်က္စိပသာဒရိွသည္။ ၄ကႂကြပ္ရြရံုသာမက
ႏူးညံ့ၿပီး အသားကလည္းထိပ္တန္းပင္။
မနက္ကသူလာတုန္းက စားဖိုမွဴးဝမ္အား
ဤဟင္းပဲြအတြက္ျပင္ဆင္ထားရန္ ေျပာခဲ့သည္။
သန႔္စင္ေအာင္ေဆးထားတဲ့ဘဲတစ္ေကာင္ကို
ဝိုင္၊ စားပဲြတင္ဆား၊ သၾကား၊ ငရုတ္ေကာင္း၊
ၾကက္သြန္ျဖဴႏွင့္ ဂ်င္းထဲမွာစိမ္ထားရသည္။
ယူေရွာင္းမိုေရာက္လာတဲ့အခါ ထုတ္ၿပီးေပါင္းလိုက္
ရံုပဲ။
သူနဲ႔လင္းေရွာင္အတြက္ေဝစုၿပီးရင္ က်န္တာက
စားဖိုမွဴးဝမ္နဲ႔ လက္ေထာက္ေလးတို႔အတြက္
ျဖစ္တာေၾကာင့္ အကုန္လံုးကိုနည္းနည္းစီပိုခ်က္
လိုက္သည္။
ဟင္းပဲြပိုမ်ားေသာ္လည္း မေန့က
သူတစ္ေယာက္တည္းလုပ္ခဲ့သၫ့္ အခ်ိန္ထက္
အနည္းငယ္ပိုျမန္၏။
ယခုတစ္ေခါက္တြင္ လက္ေထာက္ေလးက
ယူေရွာင္းမိုကို သူတို႔အခန္းဆီဟင္းပဲြမ်ား
ကူသယ္ေပးကာ စားဖိုမွဴးဝမ္ကမီးဖိုအေစာင့္အျဖစ္
ေနခဲ့သည္။ ဟိုတစ္ေန့ကကဲ့သို႔ထပ္ျဖစ္လာပါက
သူတို႔ အိပ္ေပ်ာ္တဲ့အထိငိုမိေပလိမ့္မည္။
လက္ေထာက္ကေလးက ယူေရွာင္းမိုတို႔အခန္းထဲသို႔
စားစရာမ်ားလိုက္ပို႔ၿပီးေနာက္တြင္
အလ်င္စလိုျပန္ထြက္သြားရာ တံခါးပိတ္ဖို႔ေတာင္
ေမ့ခဲ့သည္၊ ယူေရွာင္းမိုပဲ လိုက္ပိတ္ေပးလိုက္ရ၏။
သူတို႔အခန္းတံခါးပိတ္သြားၿပီး မ်ားမၾကာမီတြင္
ေဘးအခန္းတံခါးပြင့္လာသည္။
အမ်ိဳးသားတစ္ဦး ေလ်ွာက္ထြက္လာ၏၊ သူက
ဟိုအရင္တစ္ေန့ကယူေရွာင္းမို ျဖတ္သြားရင္း
ေတြ့ခဲ့ေသာ အမ်ိဳးသားသံုးဦးအနက္တစ္ဦးျဖစ္သည္။
သူကႏွာေခါင္းတရႈံ႔ရႈံ႔လုပ္ကာ ယူေရွာင္းမိုတို႔
အခန္းကို သကၤာမကင္းၾကၫ့္လိုက္သည္။
ထိုအခိုက္အတံ့တြင္ အျခားအခန္းတစ္ခန္းမွ
လူတစ္ေယာက္ေလ်ွာက္ထြက္လာၿပီး
ထိုလူက သူ႔မိတ္ေဆြဝမ္ဟျြဖစ္၏။ ေလထဲမွာစဲြက်န္ေနသၫ့္
စားေသာက္ဖြယ္ရာရနံ႔အား ရလိုက္သၫ့္အခါ
မေနႏိုင္ေတာ့ဘဲေျပာလိုက္သည္။
"ေမႊးလိုက္တာ! မေန့ေန့လည္ကငါတို႔စားခဲ့တဲ့
ဟင္းကလည္း ဒီအနံ႔ပဲ"
"ဟုတ္တယ္ ငါလည္းမွတ္မိတယ္။ သာမာန္
ေဒသခံတစ္ေယာက္ခ်က္တဲ့ဟင္းက ဒီေလာက္ထိ
ေကာင္းလိမ့္မယ္လို႔ မထင္ခဲ့ဘူး"
ယန္တင္းက သေဘာတူစြာေခါင္းညိတ္သည္။
ထိုကဲ့သို႔အရသာရိွလွသၫ့္ရနံ႔ကိုရသၫ့္အခါ
ဗိုက္ဆာလာေတာ့၏။ မေန့ကဟင္းက
ဗိုက္ဝဖို႔အတြက္ နည္းလြန္းသည္၊
သို႔ေပမယ့္ ထိုနည္းနည္းေလးကပင္သူတို႔မွတ္မိ
ေနဖို႔လံုေလာက္ေလသည္။
"အဲ့စားဖိုမွဴးကို ငါတို႔အတြက္ခ်က္ခိုင္းရင္ေရာ?"
ဝမ္ဟြက အႀကံျပဳသည္။
"ေကာင္းသားပဲ ေက်ာက္အာကိုေရာေခၚ ရေအာင္"
ေက်ာက္အာလည္း သူ႔အခန္းမွေန၍အနံ႔ရေနသည္။
သူတို႔ စားဖိုမွဴးဆီသြားမယ္လို႔ၾကားေတာ့
ခ်က္ခ်င္းပဲထလိုက္လာ၏။ သို႔ေသာ္
သူတို႔ေရာက္တာ အနည္းငယ္ေနာက္က်သြားရာ
စားဖိုမွဴးဝမ္ႏွင့္လက္ေထာက္ေလးတို႔က
အကုန္လံုးစားလို႔ကုန္သြားၿပီ ျဖစ္သည္။
စားေကာင္းေသာက္ဖြယ္ႏွင့္ပတ္သက္လ်ွင္
မည္သူကမွ စိတ္ရိွမည္မဟုတ္ေပ၊ သူတို႔က
ပါတီေရာက္တာ ေနာက္က်သြားတာသာျဖစ္
သည္။
စားဖိုမွဴးဝမ္ႏွင့္လက္ေထာက္မွာ စားရင္းေသာက္ရင္း
အခ်င္းခ်င္းထခ်လုနီးပါးျဖစ္ေန၏။
ဝမ္ဟြတို႔ စကားနည္းနည္းေျပာလိုက္ေတာ့
စားဖိုမွဴးဝမ္က အစားအေသာက္လက္စသတ္
လိုက္ၿပီးရွင္းလိုက္သည္။
မီးဖိုခန္းမွာ အရသာရိွတဲ့ဟင္းေတြရဲ့ရနံ႔က
က်န္ေနဆဲပင္။
ယူေရွာင္းမိုခ်က္တဲ့ဟင္းပဲြေတြက ျပင္းတာေၾကာင့္
အနံ႔ပ်ယ္သြားဖို႔ၾကာသည္။
"ေဟး ငါတို႔အတြက္ဟင္းအစံုလိုက္ျပင္ေပးစမ္း"
ယန္တင္းက စားဖိုမွဴးဝမ္အားအထင္ေသးသၫ့္
အၾကၫ့္ျဖင့္ စြမ္းအင္ေက်ာက္တံုးတစ္တံုး
ပစ္ေပးလိုက္သည္။ သာမာန္လူမ်ားႏွင့္ဆိုလ်ွင္
သူတို႔က အထက္စီးဆန္ၿပီးအမိန႔္ေပးစကား
နဲ႔ပဲေျပာေလ့ရိွသည္။
တစ္ခ်က္ၾကၫ့္ၿပီးေတာ့ စားဖိုမွဴးဝမ္ကသူတို႔အား
မွတ္မိသြားသည္။ သူတို႔ရဲ့ေျပာဆို ဆက္ဆံပံုႏွင့္
ပတ္သက္၍ သူမအံ့ဩမိ၊ ဘာလို႔လဲဆိုေတာ့
က်င့္ႀကံလိုက္ရံုႏွင့္ သာမာန္လူမ်ားထက္ပို၍
အဆင့္တန္းျမင့္ၿပီဟု ယံုၾကည္ၾကသၫ့္
က်င့္ႀကံသူေတြအမ်ားႀကီးကို သူေတြ့ဖူးေသာ
ေၾကာင့္ပင္။ အရွင္းဆံုးေျပာရရင္ သူတို႔က
ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းေနတာျဖစ္သည္။
စားဖိုမွဴးဝမ္က သူတို႔အားအျပင္မွခဏေစာင့္ခိုင္း
လိုက္ၿပီး လက္ေထာက္ေလးႏွင့္အတူခ်က္ျပဳတ္
ေတာ့သည္။
စားဖိုမွဴးဝမ္ သူတို႔အသားဟင္းႀကိဳက္ေလာက္မယ္
လို႔ခန႔္မွန္းမိတာေၾကာင့္ အသားဟင္းငါးပဲြႏွင့္
အရြက္ေၾကာ္သံုးပဲြလုပ္လိုက္သည္။
စားပဲြတစ္ခုအျပၫ့္ စားစရာေတြခ်က္ျပဳတ္ၿပီး
တဲ့ေနာက္ သူတို႔သံုးေယာက္အားေခၚ လိုက္သည္။
သူတို႔သံုးေယာက္ အရင္ကဟာနဲ႔ဆင္တဲ့
ခ်ဉ္ခ်ဉ္စပ္စပ္ဟင္းနံ႔ကိုရေလသည္။
စားဖိုမွဴးဝမ္ကယူေရွာင္းမိုဆီကသင္ထားတာ
ဆိုတာသူတို႔မသိေပ။
ယူေရွာင္းမိုကိုကူခ်က္ေပးရင္း စားဖိုမွဴးဝမ္က
ဟင္းရဲ့ႏွစ္ဆယ္ရာခိုင္ႏႈန္းခန႔္ကို သင္ယူေလ့လာ
ထားကာ စမ္းခ်က္ၾကၫ့္သည္။ ရလဒ္သည္
ယူေရွာင္းမိုခ်က္တာႏွင့္မယွဉ္ႏိုင္ေသာ္ျငား
သူ႔စံႏႈန္းအရေတာ့ ေက်နပ္ဖြယ္ရိွသည္။
သူမထင္မိတာက မီးဖိုခန္းကထြက္လာ
လာခ်င္းမွာပဲ အတြင္းကေနေဒါသပုန္ထေနတဲ့
အသံတစ္ခုထြက္လာတာပင္။ သူတို႔ႏွစ္ေယာက္
တစ္ေယာက္ကိုတစ္ေယာက္ နားမလည္တဲ့ပံုျဖင့္
ၾကၫ့္လိုက္ၾကသည္။
ယန္တင္းက တူကိုၾကမ္းျပင္ေပၚ သို႔ပစ္ခ်လိုက္ကာ
တိုက္ဆိုင္စြာႏွင့္ စားဖိုမွဴးဝမ္ႏွင့္လက္ေထာက္ေလး
တို႔၏ေျခရင္းသို႔ က်သြား၏။ သူကေအးတိေအးစက္
ႏွာမႈတ္လိုက္ၿပီး စားဖိုမွဴးဝမ္အားမေက်မခ်မ္း
ေျပာ၏၊
"ဒါဘာဟင္းလဲ ဘာလို႔ေအာ္ဂလီဆန္ဖို႔ေကာင္း
ေနတာလဲ?"
သူ႔သူငယ္ခ်င္းႏွစ္ေယာက္ ဝမ္ဟြႏွင့္ေက်ာက္အာ
သည္လည္းမေက်မနပ္ျဖစ္ေနပံုေပါက္သည္၊
ဟင္းအရသာက သူတို႔ေမ်ွာ္လင့္ထားတာနဲ႔
တစ္ျခားစီျဖစ္ေနသည္ေလ။ စားဖိုမွဴးဝမ္
ယူေရွာင္းမိုထံမွ ေလ့လာၿပီးသင္ယူထားတဲ့
ၾကက္ခ်ဉ္စပ္ပန္းကန္သည္ ၾကမ္းေပၚ သို႔
ပစ္ေပါက္ခံလိုက္ရၿပီး ၾကက္သားအတံုး
ေလးမ်ားကမီးဖိုမွာစင္ကုန္သည္။
အျခားဟင္းပဲြေတြကိုလည္း
ျမည္းစမ္းၾကၫ့္ၿပီးသားျဖစ္ကာ သူတို႔အရသာ
မေတြ့တာထင္ရွားေနသည္။
သူ႔ဟင္းကိုမႀကိဳက္တာေတြ့ေတာ့ စားဖိုမွဴးဝမ္
ေဒါသထြက္သြားေပမယ့္ သူတို႔ကိုအာခံ၍
မရတာေၾကာင့္ ၿငိမ္ေနလိုက္ရသည္။ သူ႔ေဒါသကို
မ်ိဳခ်ၿပီး ရွင္းျပလိုက္၏။
"က်င့္ႀကံသူတို႔ ဒါကက်ဳပ္ဟင္းပဲြေတြရဲ့
အရသာပါပဲ"
"ငါတို႔ကိုမေက်နပ္လို႔ အရူးလုပ္ခ်င္ေနတာမလား?"
ေက်ာက္အာရဲ့အမူအရာက မည္းေမွာင္သြားကာ
သူ႔ထံမွ ရိွန္ေလာက္စရာအားတစ္ခုထြက္ေပၚ
လာသည္။ သို႔ေပမယ့္သာမာန္လူတစ္ေယာက္
ကိုကိုယ္ထိလက္ေရာက္လုပ္သၫ့္အေၾကာင္း
ပ်ံ႔သြားပါက က်င့္ႀကံသူမ်ား၏အထင္ေသးျခင္းကို
ခံရေပမည္။
စားဖိုမွဴးဝမ္ႏွင့္ သူ႔လက္ေထာက္တို႔ႏွစ္ေယာက္လံုး
ေပ်ာ့ေခြသြားၿပီး ခၽြေးမ်ားရႊဲနစ္ေနကာ
ၾကမ္းျပင္ေပၚ လဲက်သြားသည္၊ မ်က္ႏွာမ်ားလည္း
ျဖဴေဖ်ာ့ေန၏။
"က်င့္-က်င့္ႀကံသူမ်ားခင္ဗ်ာ က်ဳပ္က်ိန္ရဲပါတယ္
ဘာမွမလိမ္ပါဘူး တကယ္ပဲက်ဳပ္ဟင္းရဲ့
အရသာပါ" စားဖိုမွဴးဝမ္သည္ တုန္တုန္ရီရီျဖင့္
ရွင္းျပလိုက္၏။
ယန္တင္းက မ်က္လံုးေမွးလိုက္သည္၊
သာမာန္လူက သူ႔အားလိမ္ရဲမည္ဟုမထင္ေပ။
"ဒါျဖင့္ရင္ေျပာပါဦး ဘာလို႔မေန့ကနဲ႔အရသာ
မတူရတာလဲ"
မေန့ကဟင္းက ယူေရွာင္းမိုခ်က္ထားတာလို႔
သူတို႔မထင္မိၾက။
ပထမအခ်က္က က်င့္ႀကံသူတို႔က
ဟင္းခ်က္တာရွားလွသည္၊
ယူေရွာင္းမိုက ကိုယ့္ဟင္းကို ကိုယ့္ဘာသာကိုယ္
ခ်က္စားမယ္လို႔ အေတြးမဝင္မိၾကေပ။
ဒုတိယအေနျဖင့္ စားဖိုမွဴးဝမ္ ယူေရွာင္းမိုတို႔အခန္းထဲ
ဟင္းေတြသယ္လာတာကိုသူတို႔ျမင္ထားသည္၊
ေနာက္ဆံုးတစ္ခုက ၾကက္ခ်ဉ္စပ္ပင္။
မေန့ကဟင္းပန္းကန္က အေတာ္ေလးေသးတာေၾကာင့္
ဟင္းေတြအကုန္လံုးမဆန႔္လို႔ သူတို႔က က်န္တာစားလိုက္ရတာျဖစ္သည္။
စားဖိုမွဴးဝမ္ ၾကက္ေသေသေနမိ၏၊ ေနာက္ဆံုးေတာ့
သူနားလည္သြားသည္။ သူတို႔က သူ႔ဟင္းကို
ယူေရွာင္းမိုရဲ့ဟာနဲ႔ယွဉ္ေနျခင္းပင္၊
သူခ်က္တာကိုမႀကိဳက္တာ မဆန္းေတာ့ေခ်၊
ယွဉ္ေတာင္မွမယွဉ္ႏိုင္ပဲေလ။ သူတို႔ မမ်ွမတ
ဆက္ဆံခံလိုက္ရတာပဲ။
"က်င့္ႀကံသူခင္ဗ် မေန့ကဟင္းကက်ဳပ္ခ်က္ထားတာ
မဟုတ္ပါဘူး"
"မင္းမဟုတ္ရင္ဘယ္သူလဲ?" ယန္တင္းက
မ်က္ခံုးတြန႔္သြားသည္၊ သူ႔စကားက
တစ္ပိုင္းတစ္စပဲ ယံုရသည္။ အေၾကာင္းအရင္း
ကေတာ့ ဒီကုန္သေဘၤာေပၚမွာ စားဖိုမွဴးဆိုလို႔
သူတစ္ေယာက္တည္းေလ၊ သူသာမဟုတ္ရင္
ဘယ္သူရိွဦးမလဲ?
စားဖိုမွဴးဝမ္ျပန္ေျဖမလို႔လုပ္တုန္း တံခါးဝတြင္
ပံုရိပ္ေလးတစ္ခုေပၚ လာ၏။
ေရာက္လာသူမွာ ပန္းကန္အလြတ္မ်ားႏွင့္
တူမ်ားသယ္လာသၫ့္ ယူေရွာင္းမိုျဖစ္၏။
ဤျမင္ကြင္းအား တိုက္တိုက္ဆိုင္ဆိုင္ျမင္လိုက္ရၿပီး
မ်က္ႏွာထက္တြင္ အံ့အားသင့္ဟန္တစ္ခု
ျဖတ္ေျပးသြားသည္။
ကယ္တင္ရွင္အားေတြ့လိုက္ရသၫ့္ႏွယ္
စားဖိုမွဴးဝမ္သည္သူ႔အားၫႊန္ျပလိုက္ကာ၊
"အဲ့ဒါ ဒီလူငယ္ေလးပါ၊ ဒီလူငယ္ေလးခ်က္ထားတာ"
ယူေရွာင္းမို မီးဖိုေဘးရိွၾကက္သားအတံုးေလးမ်ားႏွင့္
စားပဲြေပၚ ကမၿပီးျပတ္ေသးသၫ့္ဟင္းမ်ားကို
ၾကၫ့္လိုက္ကာ စားဖိုမွဴးဝမ္ေျပာသည္ႏွင့္စပ္မိၿပီး
ဇာတ္လမ္းတစ္ခုလံုး ရုပ္လံုးေပၚ လာသည္။
ၾကၫ့္ရတာ ဤသံုးဦးကမေန့ကလက္ေထာက္ကေလး
ေျပာေနသၫ့္လူမ်ားေပလား?
ယန္တင္းက ယူေရွာင္းမိုအားသံသယႏွင့္
ၾကၫ့္ေလသည္။ ျပန္စဉ္းစားၾကၫ့္လ်ွင္
ဤေကာင္ေလး သူ႔အခန္းထဲဌာပနာမုန႔္တစ္ဗန္း
သယ္သြားတာကိုသူတို႔ေတြ့ခဲ့ကာ ႏွစ္ေခါက္လံုးတြင္
သူ႔အခန္းဆီမွ ေမႊးပ်ံ႔သၫ့္ရနံ႔လည္းရခဲ့ေပသည္။
ဒါေၾကာင့္ စားဖိုမွဴးဝမ္ေျပာတာအမွန္ျဖစ္ေလာက္
၏။
"ေဟး မင္း မင္းစားတဲ့ဟင္းက မင္းခ်က္ထားတာ
လား?" ယန္တင္းက ယူေရွာင္းမိုအား
ေခါင္းစေျခဆံုးၾကၫ့္ၿပီးမၾကည္ျဖဴစြာ
ေျပာလိုက္၏။ သူတို႔ ယူေရွာင္းမိုရဲ့အဆင့္ကို
မေျပာႏိုင္ေပမယ့္ သူတို႔သိသမ်ွဗဟုသုတႏွင့္
ယူေရွာင္းမိုအား ၿခိမ္းေျခာက္ႏိုင္စြမ္းမရိွသၫ့္
အမ်ိဳးအစားထဲထၫ့္လိုက္ေလသည္။
ယူေရွာင္းမိုက ပန္းကန္ေဆးသၫ့္စင္ထဲပန္းကန္မ်ား
ထၫ့္လိုက္ၿပီးမွ ျပန္ေျဖသည္။
"ျပႆနာရိွလို႔လား?"
ယန္တင္းက စြမ္းအင္ေက်ာက္တံုးႏွစ္တံုးထုတ္ၿပီး
စားပဲြေပၚ ပစ္တင္လိုက္၏။ သူကေမာက္မာစြာျဖင့္
"ငါတို႔အတြက္ ေကာင္းေကာင္းခ်က္ေပးစမ္း
ဒီစြမ္းအင္ေက်ာက္တံုးႏွစ္တံုးက မင္းဟာပဲ" ဟု
ေျပာလာသည္။
ယူေရွာင္းမို စားပဲြေပၚ ကစြမ္းအင္ေက်ာက္တံုး
ႏွစ္တံုးကို တစ္ခ်က္ၾကၫ့္လိုက္ၿပီး
ဤလူ၏အျပဳအမူက သူယံုၾကည္ႏိုင္တာထက္ပင္
ေက်ာ္လြန္ေနသည္ဟုခံစားလိုက္ရ၏။
သူတို႔အတြက္ ခ်က္ေပးခ်င္ရဲ့လားကို
မေျပာနဲ႔ဦး သူတို႔ေျပာတဲ့ပံုစံကိုကသူ႔အား
စိတ္ကုန္ေစသည္။ ထို႔ျပင္ သူတို႔က
စြမ္းအင္ေက်ာက္တံုးႏွစ္တံုးႏွင့္ခိုင္းစားခ်င္ေန
သည္လား? အိပ္မက္မက္ေနလိုက္ေလ!
"စိတ္မေကာင္းပါဘူး ငါမလုပ္ခ်င္ဘူး!"
ယူေရွာင္းမို ခ်က္ခ်င္းျငင္းပယ္လိုက္သည္။
စြမ္းအင္ေက်ာက္တံုးႏွစ္တံုးက နည္းေနတာေၾကာင့္
လို႔ထင္ၿပီး ယန္တင္းကေနာက္ထပ္သံုးတံုး
ထပ္ျဖၫ့္ေပးလိုက္ကာ စိတ္မရွည္ေတာ့ဘဲ
ေျပာလိုက္သည္။ "ငါးတံုးေပးမယ္ကြာ
ဒီေလာက္ဆို လံုေလာက္သင့္ၿပီ"
ယူေရွာင္းမို ႃပံုးလိုက္၏၊
"နားမလည္ဘူးထင္တယ္ ငါေျပာတာ
ငါမလုပ္ခ်င္ဘူး။ ငါမလုပ္ခ်င္တာ နားလည္ၿပီလား?"
သူတို႔မ်က္ႏွာထားေတြ ေျပာင္းသြားသည္။
ေက်ာက္အာက ေအးစက္စက္ရယ္ေမာလိုက္ကာ၊
"ေကာင္စုတ္ေလး ငါတို႔ကအေကာင္းနဲ႔မ်က္ႏွာ
သာေပးေနတာကိုျငင္းေနတယ္ ဘာလဲ
အၾကမ္းနည္းသံုးမွရတာလား မင္းကိုခ်က္ခိုင္း
တယ္ဆိုတာမင္းကိုေလးစားသမႈေပးေနတာ"
"ငါက မင္းတို႔ေကာင္ေတြေလးစားသမႈေပးတာ
လိုေနလို႔လား? ဘာေကာင္ေတြတုန္းဟ?!"
ယူေရွာင္းမိုက အရင္ဘဝကယူေရွာင္းမိုမဟုတ္
ေတာ့ေပ၊ ေဒါသႀကီးလာသည္။
သို႔ေပမယ့္ ဤစကားကေသြးနားထင္ေရာက္
ေနေသာလူသံုးေယာက္အား ရန္စသလို
ျဖစ္ေနသည္။ ေက်ာက္အာသည္ အရင္ဆံုး
လႈပ္ရွားသူျဖစ္ကာ စားပဲြအားညာဘက္လက္ႏွင့္
ရိုက္ခ်လိုက္သည္။ သို႔ေသာ္ျငား စားပဲြက်ိဳးမက်
သြားခင္တြင္ သူ႔ပံုရိပ္ကေပ်ာက္ကြယ္သြား၏။
သူျပန္ေပၚ လာတဲ့အခါ ယူေရွာင္းမိုေရ႔ွတြင္
ျဖစ္သည္။
ဤသံုးေယာက္က ရိွန္ဖို႔ေကာင္းတာကိုယူေရွာင္းမို
ဝန္ခံသည္။ ဥပမာအားျဖင့္ ေက်ာက္အာသည္
လူသားက်င့္ႀကံသူျဖစ္ကာ ဧကရာဇ္အဆင့္
ၾကယ္တစ္ပြင့္၌ရိွသည္၊ လူသားစံႏႈန္းမ်ားႏွင့္
ဆိုလ်ွင္ မနိမ့္က်ေပ။ ေနရာငယ္ေလးတြင္
ဘုရင္ သို႔မဟုတ္အုပ္ခ်ဳပ္သူလုပ္ရန္
လံုေလာက္ေပသည္။
သူတို႔ေတြ ေမာက္မာလြန္းအားႀကီးတာမဆန္းေတာ့၊
သူတို႔ရူးသြပ္မႈတြင္ အေၾကာင္းတစ္ခုရိွေနသည္ပင္။
သို႔ေသာ္လည္း ဒီတစ္ႀကိမ္တြင္ေတာ့သူတို႔က
ရႈံးဖို႔ကံပါလာသည္။ ေက်ာက္အာရဲ့ပံုရိပ္
ေပၚ လာသည္ႏွင့္ ယူေရွာင္းမို သူ႔အလံုးေနရာကို
ေတြေဝမႈမရိွပိတ္ကန္လိုက္သည္။ ထိုသူမွာ
ပ်ံထြက္သြားျခင္းမရိွဘဲ ယူေရွာင္းမိုေရ႔ွ၌
ဒုန္းကနဲ ဒူးေထာက္က်သြားေလသည္။
ေထာက္တဲ့အားမ်ားလြန္းတာေၾကာင့္ ၾကမ္းျပင္
ေပၚ မွာအခ်ိဳင့္ႏွစ္ခုျဖစ္သြား၏။
ေက်ာက္အာသည္ နာနာက်င္က်င္ေအာ္ဟစ္ရင္း
သူ႔အလံုးေတြကို ရႈံ႔တြေနတဲ့မ်က္ႏွာျဖင့္
ကာထား၏။ ငါ-ိုး! ေၾကသြားၿပီဟ!
ယန္တင္းႏွင့္ဝမ္ဟြမွာ ၾကက္ေသေသေနၾကၿပီး
အေတာ္ၾကာမွအသိျပန္ဝင္လာၾကသည္။
တစ္ေယာက္ႏွင့္တစ္ေယာက္ အၾကၫ့္ခ်င္းဖလွယ္
လိုက္ၾကကာ ေဒါသေရာသတ္ျဖတ္လိုစိတ္ေရာ
ထလာၾကေတာ့၏။ ယူေရွာင္းမိုက
ေက်ာက္အာကို ၾကက္ကန္းဆန္အိုးတိုးၿပီး
ကန္လိုက္ႏိုင္သည္ဟု ထင္မိၾကသည္။
သူတို႔ႏွစ္ေယာက္က အတူတကြႏွစ္ဖက္ၫွပ္ၿပီး
လာၾကကာ ယူေရွာင္းမိုအားေသေစႏိုင္ေသာ
ထိုးႏွက္ခ်က္တစ္ခု ေပးဖို႔ဆိုတာထင္ရွားေနသည္။
ၾကယ္သံုးပြင့္ႏွင့္ ၾကယ္ႏွစ္ပြင့္ဧကရာဇ္အဆင့္
က်င့္ႀကံသူႏွစ္ေယာက္...။
ေနာက္ထပ္ဆယ္ေယာက္ေလာက္ရိွေနရင္ေတာင္
ယူေရွာင္းမို အလြယ္တကူကိုင္တြယ္ႏိုင္သည္။
စားဖိုမွဴးဝမ္ႏွင့္ လက္ေထာက္ကေလးတို႔မွာ
ေၾကာက္လန႔္ၿပီးတစ္ေယာက္ကိုတစ္ေယာက္
ဖက္ထားၾကကာ စိုးရိမ္စိတ္မ်ားလည္း
ႀကီးထြားလာ၏။ သူတို႔သေဘၤာေပၚ မွာ
ဆရာသခင္မ်ားတိုက္ၾကလ်ွင္ သေဘၤာျမဳပ္သြား
ႏိုင္ေလာက္သည္။
သို႔ေသာ္လည္း ယူေရွာင္းမိုလႈပ္ရွားလိုက္တဲ့အခါ
သူတို႔စိုးရိမ္ေနတာက အလကားပဲဆိုတာ
သိလိုက္ရ၏။
ယန္တင္းနဲ႔ဝမ္ဟြကိုေတာင္မွ
မရိုက္ႏိုင္လ်ွင္ လင္းေရွာင္ကသူ႔အား
ေသေလာက္ေအာင္ေလွာင္ေနလိမ့္မည္ ၊
သူ႔အားထိုကဲ့သို႔အခြင့္အေရးမ်ိဳး လံုးဝမေပးႏိုင္ေပ။
ယူေရွာင္းမို၏လက္သီးက ယန္တင္း၏ႏွာေခါင္းရိုး
ေပၚက်သြားကာ လ်င္ျမန္လြန္းလွသည္မို႔
ယန္တင္းမွာ သူ႔လႈပ္ရွားမႈမ်ားကိုမဖမ္းမိလိုက္ေပ။
နာက်င္မႈေၾကာင့္ သူမတံု႔ျပန္ႏိုင္ခင္မွာ
ယူေရွာင္းမိုကသူ႔ကိုအက်ႌမွ ဆဲြၿပီးေနရာလဲလိုက္
သည္။ ဝမ္ဟြ သတိျပဳမိလိုက္တဲ့အခ်ိန္
ဘာမွမလုပ္ႏိုင္ေတာ့ဘဲ သူ႔ရဲ့အားကိုးဆယ္ရာခိုင္ႏႈန္း
သံုးထားတဲ့ ရက္စက္လွတဲ့ကန္ခ်က္သည္....
ယန္တင္းရဲ့ေအာက္ပိုင္းတစ္ေနရာေပၚ
တိုက္ရိုက္က်သြား၏။
"အား!!"
ယန္တင္းရဲ့ေအာ္ဟစ္သံကို အျခားကုန္သေဘၤာမ်ား
မွပင္ၾကားရေလသည္။
____________________________