//Unicode//
အပိုင်း(၅၃၅) ချက်ပြုတ်ခြင်း
နှစ်ဦးသား တစ်ညလုံးကုန်းပတ်ပေါ် မှာပဲ
ရှုခင်းကြည့်နေခဲ့ကြပြီး တစ်ချိန်လုံးလည်း
လေအေးတွေ တိုက်ခတ်ခံရလေသည်။
ရောင်နီလာစပြုချိန်မှာတော့ လင်းရှောင်က
ယူရှောင်းမိုအား အခန်းငယ်လေးဆီပြန်ဆွဲခေါ်
သွားတော့သည်။
ဒီကမ္ဘာကပင်လယ်ကြီးရဲ့ ညမြင်ကွင်းကို
မမြင်ဖူးလို့ဆိုရင်တောင် ရူးကြောင်ကြောင်တွေ
သိပ်မလုပ်သင့်ဘူး-ဉာဏ်ပိုတုံးသွားလိမ့်မယ်။
နေ့လည်ပိုင်းတွင်တော့ နေပြင်းလှသည်။
ယူရှောင်းမို လေညှင်းခံရန် အခန်းငယ်လေးထဲမှ
ထွက်လာခဲ့သည်။ နေ့လည်စာစားချိန်ပင်-
သူ့အိတ်ဆောင်နယ်မြေထဲမှာ စားစရာတွေ
ရှိပေမယ့်လည်း အဲ့ဒါတွေကြည့်ပဲစားနေရတာ
ကြာတော့ငြီးငွေ့လာလေသည်။
ယူရှောင်းမို သင်္ဘောအမှုထမ်းတစ်ယောက်
ရှာလိုက်ပြီး မီးဖိုခန်းရှိတဲ့ဘက်ကိုမေးလိုက်သည်။
သွားနေတုန်းမှာ ဘာဟင်းချက်ရင်ကောင်းမလဲ
တွေးကြည့်နေပြီး ကိုယ့်ဘာကိုယ်ပဲချက်ဖို့
ဆုံးဖြတ်လိုက်သည်။
အချက်အပြုတ်စွမ်းရည်နှင့်ပတ်သက်လို့
ဆိုရလျှင် ဒါကသူငယ်ငယ်ကတည်းက
ကိုယ့်ဘာကိုယ်သင်ယူထားတဲ့စွမ်းရည်ဖြစ်သည်။
သူတို့က သူ့အားသိပ်ဂရုစိုက်ပုံမရတာကြောင့်
ယူရှောင်းမိုအငယ်လေးဟာ သူ့မိဘတွေဆီက
အာရုံစိုက်မှုရရန် တစ်ခုခုလုပ်ပြချင်ခဲ့သည်။
သူက သိပ်ပြီးမတော်လှတာကြောင့်
ချက်ပြုတ်ဖို့ကိုသာ ရွေးချယ်ခဲ့၏၊ သို့ပေမယ့်လို့
နောက်များကျ နောင်တရသွားရသည်၊
အကြောင်းမှာ သူ့မိဘတွေရဲ့အာရုံစိုက်မှုကို
မရဘဲ ထိုအစားယူလုနဲ့ ယူပေါ် ညီအစ်ကို
နှစ်ယောက်ရဲ့အာရုံစိုက်မှုကို ရခဲ့လို့ဖြစ်သည်။
ထိုမှစ၍ သူ့ဘဝလေးဟာသနားစရာကောင်းလှ၏။
သူအားပြီဆို ယူလုနဲ့ယူပေါ် က သူတို့အတွက်
ချက်ပေးခိုင်းတတ်သည်။ သူတို့က
တော်တော့်ကိုအစားကြေးများတဲ့သူတွေဖြစ်ပြီး
ဒါကြောင့်ပဲ သူ့ဟင်းချက်စွမ်းရည်က
ကြယ်ငါးပွင့်စာဖိုမှူးအဆင့်လောက်နီးနီး
တိုးတက်သွားလေသည်။
သို့သော် သူဤကမ္ဘာသို့ရောက်လာခဲ့ပြီးကတည်းက
လင်းရှောင်အတွက် မချက်ပေးဖူးတာကို
သတိရသွားသည်။
ယူရှောင်းမို သေသေချာချာတွေးကြည့်ပြီးတော့
လိုအပ်တဲ့ပစ္စည်းတွေရှိနေတုန်း တစ်ခုခုချက်ဖို့
ဆုံးဖြတ်လိုက်သည်၊ ဒါမှသာ သူပထမဆုံးချက်တဲ့
မြေဝိဉာဉ်တစ်ထောင်သိုးသားလို အလကား
ဖြစ်မသွားမှာဖြစ်သည်။
မီးဖိုခန်းတွင် ဝမ်ဟုအမည်ရသည့်စာဖိုးမှူး
တစ်ယောက်နှင့် သူ့လက်ထောက်သာ
ရှိလေသည်။ သူက ကုန်တင်သင်္ဘော၏ကပ္ပတိန်နှင့်
သင်္ဘောသားများအတွက် တာဝန်ယူချက်ပြုတ်
ပေးသူဖြစ်သည်။ လူ အယောက်နှစ်ဆယ်
သုံးဆယ်စာအတွက် အိုးအကြီးကြီးတွေနဲ့
ချက်ပြုတ်လေသည်။
ဆယ့်တစ်နာရီထိုးတဲ့အချိန်မှာ နေ့လည်စာ
အဆင်သင့်ဖြစ်နေပြီဖြစ်ရာ မီးဖိုခန်းသည်
ရှင်းလင်းနေ၏။ သို့သော်လည်း
စာဖိုးမှူးဝမ်နှင့် သူ့လက်ထောက်ဖြစ်သူတို့မှာ
မီးဖိုခန်းတံခါးဝတွင် စားနေကြသည်။
သူတို့က သင်္ဘောဝန်ထမ်းများနှင့်အတူတူ
မစားပေ။
"စာဖိုမှူးဝမ် မီးဖိုခန်းငှားလို့ရမလား?"
ယူရှောင်းမို စာဖိုမှူးဝမ်ရှေ့လျှောက်သွားလိုက်ပြီး
စွမ်းအင်ကျောက်တုံးငါးတုံးထုတ်ပေးလိုက်သည်။
စွမ်းအင်ကျောက်တုံးငါးတုံးရတော့ စာဖိုမှူးဝမ်က
ခေါင်းညိတ်ပြသည်။ သူတို့ကသာမာန်လူတွေ
ဖြစ်ကာ စွမ်းအင်ကျောက်တုံးငါးတုံးက
မီးဖိုထဲကရှိသမျှပစ္စည်းတွေအားလုံးကို
ဝယ်ဖို့လုံလောက်ပေသည်။ ဟင်းချက်တဲ့
ကျင့်ကြံသူကိုမြင်ဖူးတာတော့ ပထမဆုံးပင်။
ယူရှောင်းမို မီးဖိုခန်းထဲဝင်သွားပြီး
ဘာဟင်းချက်ပစ္စည်းတွေရှိလဲ ပတ်ကြည့်လိုက်သည်။
သင်္ဘောအမှုထမ်းတွေက သက်သတ်လွတ်
သမားတွေမဟုတ်ပေ၊ သူတို့အလုပ်ကစွမ်းအင်
တော်တော်လိုအပ်သည်၊ ထို့ကြောင့်
ဟင်းချက်ပစ္စည်းအများစုက အခြေခံအားဖြင့်
အသားဖြစ်၏။ ကြမ်းပေါ် ကလှောင်အိမ်ထဲတွင်
ကြက်နဲ့ဘဲအရှင်တစ်ချို့ မွေးမြူထားလေသည်။
အတော်ကြာစဉ်းစားသုံးသပ်နေပြီးနောက်တွင်
ယူရှောင်းမို အသားဟင်းသုံးခွက်နဲ့
အရွက်ကြော်နှစ်ခွက်ရယ် စွပ်ပြုတ်တစ်ခွက်နဲ့
အချိုပွဲရယ်လုပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
ကြက်အရှင်ကိုသတ်တာက သူ့အရင်ကသာမာန်လူ
ဘဝတုန်းကလည်း လုပ်ခဲ့ဖူးတဲ့အရာဖြစ်တာကြောင့်
ပထမဟင်းပွဲမှာ ကြက်ချဉ်စပ်ဖြစ်သည်။
ဤဟင်းက လတ်ဆတ်ပြီးအငံများကာ
အချဉ်ဓာတ်နှင့် အစပ်အရသာက
ပါးစပ်ထဲမှာပျော်ဝင်သွားသည်။ အသားကြိုက်
တဲ့လင်းရှောင်အတွက် ကွက်တိပင်။
ဒီနှစ်တွေအတွင်း အလေ့အကျင့်မရှိခဲ့တာက
သူ့အချက်အပြုတ်စွမ်းရည်တွေကို ကျဆင်း
သွားစေလားတော့သူမသိပေ။
သူမီးဖိုခန်းထဲမှာ တောင်လျှောက်မြောက်လျှောက်နဲ့
အလုပ်ရှုပ်နေတုန်း အပြင်ဘက်ရှိစာဖိုမှူးဝမ်နဲ့
လက်ထောက်ဖြစ်သူမှာအစားအသောက်ရနံ့ကြောင့်
အထဲရောက်လာတာကို သတိမပြုမိပေ။
ယူရှောင်းမို လျင်လျင်မြန်မြန်နဲ့ချက်ပြုတ်
နေတာကိုကြည့်ရင်း သူတို့နှစ်ယောက်
အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ယူရှောင်းမို ဟင်းပွဲခြောက်ပွဲနဲ့အချိုပွဲကိုပြင်လို့ပြီးဖို့
တစ်နာရီသာကြာသည်။ ပြီးတော့
သူတစ်ယောက်တည်းလုပ်ခဲ့တာဖြစ်သည်။
မီးဖိုခန်းမှာ သွားရည်ကျချင်စရာရနံ့များ
ပျံ့လွင့်နေ၏။
စားဖိုမှူးဝမ်နှင့် သူ့လက်ထောက်မှာသွားရည်တွေ
တောင်ကျလာတော့သည်။
ပြီးသွားတော့ သေသေချာချာကြည့်နေရင်း
ယူရှောင်းမို စိတ်သက်သာရာရကာသက်ပြင်း
ချလိုက်သည်။ သူ့စွမ်းရည်တွေ မပျက်စီးသေး
ဘူး- ဓားမတုန်းသေးဘူး။
သို့သော်လည်း ဟင်းတွေအားလုံး
သူတစ်ယောက်တည်းပြန်သယ်သွားဖို့ကျ
နည်းနည်းခက်နေသည်။
အဲ့ဒီတော့မှ ယူရှောင်းမို စာဖိုမှူးဝမ်နဲ့
သူ့လက်ထောက်ကိုသတိထားမိလေသည်။
သူလုပ်ထားတဲ့စားစရာတွေကို စိုက်ကြည့်နေတာ
မြင်တော့ အကြံတစ်ခုရသွားသည်။
"ဆရာဝမ် ဒီဟင်းတွေကိုအခန်းဆီကူသယ်
ပေးလို့ရမလား? ကျွန်တော်လုပ်ထားတဲ့ဟာထဲက
နည်းနည်းမြည်းကြည့်ခိုင်းမယ်လေ ဘယ်လိုလဲ?"
"ပြဿနာမရှိဘူး!" စားဖိုမှူးဝမ်ရဲ့လက်ထောက်
သည်သွားရည်သုတ်လိုက်၏။ ယူရှောင်းမိုရဲ့
အိုးထဲမှာ ကျန်သေးတာကိုသူသိသည်။
တစ်ဖက်လူက ထိုသို့မပြောရင်တောင်
သူကအရင်စပြီး ကူညီပေးဦးမှာဖြစ်သည်။
မီးဖိုခန်းမှမထွက်ခင် လက်ထောက်မှာ
ယူရှောင်းမိုချက်ထားတဲ့အကျန်ကို
သူတို့တွေဟင်းသွားပို့နေတုန်း တခြားသူတွေ
စားသွားမှာကြောက်သည့်အတွက် အရင်
ဖွက်ထားလိုက်သေးသည်။ သူများစားသွားရင်
ကုန်ပြီပေါ့..။
ထို့နောက်တွင် နှစ်ယောက်သားတစ်ယောက်ကို
ဟင်းပွဲသုံးခုစီ သွက်သွက်လက်လက်နဲ့
မသွားကြတော့၏။
ယူရှောင်းမိုက နည်းနည်းပိုနှေးသည်၊
လက်ကအဆီတွေကို ဆေးကြောပြီးမှ
အချိုပွဲနဲ့ဇွန်းခက်ရင်းတွေယူပြီး မီးဖိုခန်းက
ထွက်လာခဲ့သည်။ သူအခန်းပြန်ရောက်တဲ့အချိန်
လူသုံးယောက်ထွက်လာပြီး တစ်ခြားတစ်ဘက်သို့
ထွက်သွားကြသည်။ ဤလူများမှာ သူ့လို
အပြင်လူများပင်ဖြစ်ကြသည်။
ယူရှောင်းမို သူတို့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက်
တည်တည်ငြိမ်ငြိမ်ပဲ ဖြတ်လျှောက်လာခဲ့သည်။
စားဖိုမှူးဝမ်နဲ့ သူ့လက်ထောက်ကလည်း
တိုက်တိုက်ဆိုင်ဆိုင်ပဲ အခန်းကပြန်လာတာဖြစ်ပြီး
သူ့အားအလျင်စလိုနှုတ်ဆက်ပြီးနောက်
မီးဖိုခန်းဆီပြန်သွားကြလေသည်။
ယူရှောင်းမို တံခါးတွန်းဖွင့်ပြီးဝင်သွားလိုက်သည်။
လင်းရှောင်က ခုတင်ပေါ် ကဟင်းတွေကို
ထူးထူးဆန်းဆန်းနဲ့ ကြည့်နေသည်။
သူတို့မှာစားပွဲမရှိတာကြောင့် ခုတင်ပေါ် တင်ထား
ရတာဖြစ်၏။
"မင်းလုပ်ထားတာလား" လင်းရှောင်ကမေးသည်။
ယူရှောင်းမို ဂုဏ်ယူဝင့်ကြွားစွာဖြင့်မေးပင့်
လိုက်သည်။ "ဒါပေါ့ ကျွန်တော်လုပ်ထားတာပေါ့၊
ဘယ်သူလုပ်တယ်များထင်နေလဲ?"
လင်းရှောင်က သူ့ကိုမော့ကြည့်လာကာ၊
"စားဖိုမှူးလုပ်ထားတာထင်နေတာ"
ယူရှောင်းမို အချိုပွဲနဲ့ပန်းကန်ခွက်ယောက်တွေကို
ချလိုက်ကာ သူ့လက်ထဲတူတစ်စုံထိုးထည့်ပေး
လိုက်သည်။
"စားဖိုမှူးဝမ်ချက်တဲ့အစားအသောက်က
ကျွန်တော့်ဟာနဲ့ ဘယ်မှာမှမယှဉ်နိုင်ဘူး၊
အကုန်လုံး ကျွန်တော်လုပ်ထားတာ၊
သူတို့ဆိုသွားရည်တွေကျနေရော၊ မယုံရင်
မြည်းကြည့်"
လင်းရှောင်ရဲ့တူများက ကြက်ချဉ်စပ်ဆီသို့
အရှက်မရှိရောက်သွားသည်။ ဟင်းချက်ပစ္စည်း
တွေကသာမာန်ပဲဆိုပေမယ့် အနံ့ကသွားရည်
ကျချင်စရာကောင်းကာ သူ့အကြိုက်နဲ့
ကွက်တိပဲဖြစ်လေသည်။
"ဘယ်လိုလဲ?" ယူရှောင်းမို သူ့အားမျက်လုံး
တောက်တောက်နဲ့ကြည့်လိုက်သည်။
"နောက်ဆုံးတော့ အနည်းဆုံးမင်းအတွက်
သင့်တော်တာရှိသေးတာပေါ့ ၊ကိုယ့်မျှော်လင့်ချက်
တွေ အလကားဖြစ်မသွားဘူးပဲ"
ယူရှောင်းမို ".........."
ကျွန်တော့်အတွက် မျှော်လင့်ချက်ထားပေးလို့
ကျေးဇူးတင်သင့်လားဟင်?
လင်းရှောင်မှာ အပြောဆိုးလှသော်လည်း
ဟင်းတွေအကုန်လုံးပြောင်သွား၏။ ဒီတစ်ကြိမ်
လင်းရှောင်က ခါတိုင်းစားနေကျထက်
အများကြီးပိုစားလေသည်၊ သူ့အပြုအမူတွေက
ယူရှောင်းမိုအား စိတ်ထဲကောင်းသွားစေသည်။
"နောက်ကျရင်ချက်ဖို့ပြုတ်ဖို့ကမင်းတာဝန်ပဲ"
ယူရှောင်းမို ပန်းကန်သယ်ထားရင်းအပြင်ထွက်
ဖို့ပြင်နေတုန်း လင်းရှောင်ကရုတ်တရက်ဆိုသလို
ပြောလာသည်။
ယူရှောင်းမို သူ့ကိုပြန်လှည့်ကြည့်လိုက်ပြီး
ဝင့်ကြွားစွာနှင့်၊ "ကျွန်တော့်စိတ်အခြေအနေပေါ်
မူတည်တယ်"
ထို့နောက် ဒေါင်းတစ်ကောင်လိုဝင့်ကြွားစွာဖြင့်
လျှောက်သွားလေသည်။
လင်းရှောင်က သူထွက်သွားတဲ့အထိကြည့်နေကာ
နှုတ်ခမ်းထက်တွင်အပြုံးတစ်ခု ပေါ်လာ၏။
အငြှိုးကြီးလိုက်တာ!
ယူရှောင်းမို မီးဖိုခန်းထဲလျှောက်ဝင်လာချင်းချင်း
မှာပဲ စာဖိုမှူးဝမ်နဲ့သူ့လက်ထောက်ဟာ
အိုးကလေးကို ညှိုးနွမ်းစွာစိုက်ကြည့်နေသည်ကို
တွေ့လိုက်ရ၏။
၎င်းမှာ လက်ထောက်ဖြစ်သူဖွက်ထားခဲ့တဲ့
အိုးလေးဖြစ်သည်။
"ဘာဖြစ်လို့လဲ" ယူရှောင်းမို ဖြတ်သွားရင်း
မေးကြည့်လိုက်သည်။
လက်ထောက်ကလေးသည် သက်ပြင်းချကာ
ငြီးငြူလိုက်၏၊ "သေသေချာချာဖွက်ထားခဲ့တာ
ကိုသူများစားသွားမယ်လို့ မထင်ခဲ့ဘူး၊
သူများခွင့်ပြုချက်မပါဘဲ စားသွားတာ စိတ်ပျက်ဖို့ကောင်းလိုက်တာ"
တစ်ဖက်က သူတို့အားလျော်ကြေးအနေဖြင့်
စွမ်းအင်ကျောက်တုံးတစ်တုံး ပေးခဲ့ပေမယ့်
ဘယ်သူက အဲ့ဒါကိုဂရုစိုက်လို့လဲ?
စိတ်ကြီးဝင်နေတဲ့ မိမစစ်ဖမစစ်ကောင်တွေ။
"ကောင်းပြီ...ထားလိုက်တော့"
စားဖိုမှူးဝမ်က ထိုအုပ်စု
ကြားသွားမှာမလိုလားသောကြောင့်
ငြီးငြူးနေတာကိုရပ်လိုက်သည်။ သူတို့က
သာမာန်လူတွေပဲလေ။
လက်ထောက်လေးမှာ ရှုံ့တွသွား၏။
ယူရှောင်းမို ဆက်မမေးတော့ပေ၊ ပန်းကန်ခွက်ယောက်
တွေကိုနေရာတကျပြန်ထားလိုက်ပြီးနောက်
ပြန်လာခဲ့သည်။
သူကသူတော်စင်တစ်ပါးမဟုတ်ပေ၊ သူတို့တွေ
တစ်ခြားသူရဲ့အစားအသောက်ကို စားလို့ဆိုပြီး
သင်ခန်းစာသွားပေးလို့မှမရတာ၊ ပြီးတော့
ထိုလူတွေက သူတို့နှစ်ယောက်အား
စွမ်းအင်ကျောက်တုံးတစ်တုံးနဲ့ အလျော်ပေးခဲ့
ပြီးပြီဖြစ်သည်။
လက်ထောက်ကလည်း ဒါမဖြစ်နိုင်မှန်းသိသည်။
သူကဒီတိုင်းငြီးငြူနေတာဖြစ်၏။
အခန်းပြန်ရောက်တော့ ယူရှောင်းမို ပင်လယ်မှာ ရှိနေတဲ့အချိန်ကိုကောင်းကောင်းအသုံးချကာ
သက်တန့်အဆင့်၁ဆေးလုံးလုပ်တာ လေ့ကျင့်
ချင်ခဲ့တာဖြစ်သည်။ အရင်ရက်အနည်းငယ်က
ထျန်းရှို့နဲ့ မှော်ဆေးပင်တစ်ချို့လဲလှယ်ခဲ့ပြီး
ဆေးလုံးတစ်လုံးအတွက် ပါဝင်ပစ္စည်းနှစ်မျိုးထက်
ပိုရှိသည်။ သို့ပေမယ့် သက်တန့်ဆေးလုံး
ဖန်တီးတဲ့အခါဖြစ်လာတတ်တာကို
တွေးမိတော့ ဤစိတ်ကူးအားစွန့်လွှတ်လိုက်
တော့သည်။ ပင်လယ်ပြင်ကအန္တရာယ်များတဲ့
နေရာတစ်ခုဖြစ်ကာ သူကကပ်ဆိုးတစ်ခု
ဆောင်ကြဉ်းလိုက်လျှင် သင်္ဘောမှောက်သွား
နိုင်သည်။ ဒါဆိုရင်မကောင်းပေ။
သူဝေခွဲမရဖြစ်နေတာမြင်တော့ လင်းရှောင်က
ဆိုသည်၊ "ကျင့်ကြံကြမလား"
"ဒါပဲလုပ်စရာရှိတယ်ထင်တာပဲ"
လောလောလတ်လတ်အဆင့်တက်ထားကာစ
ဖြစ်တာကြောင့် နောက်ထပ်အဆင့်တက်ဖို့ကို
သူစိတ်မကူးထားပေ။ သို့ပေမယ့် အဆင့်တက်ပြီး
ကတည်းက စွမ်းအားကိုတည်ငြိမ်အောင်လုပ်ဖို့
အချိန်မရှိခဲ့ဘူးဖြစ်သည်။
ယူရှောင်းမို ခုတင်ဘေးလျှောက်သွားလိုက်သည်။
လင်းရှောင်က သုံးပုံပုံနှစ်ပုံနေရာယူထားတာ
မြင်တော့ သူပြောလိုက်သည်၊
"ဟိုဘက်နည်းနည်းတိုး ကျွန်တော့်လည်းနေရာ
ပေးပါဦး"
လင်းရှောင်က ရုတ်ခြည်းသူ့လက်ကြားထဲ
ဆွဲသွင်းလိုက်၏၊ "ဘာနေရာလဲ၊ ဒီမှာပဲထိုင်"
သူ့ရဲ့ဝဝကစ်ကစ်ဖင်ကလေး တစ်ဖက်အမျိုးသားရဲ့
ခြေထောက်ပေါ် ကျသွားတော့မှ
လင်းရှောင်ပြောတဲ့ ကျင့်ကြံခြင်းကို
ယူရှောင်းမို ချက်ချင်းသဘောပေါက်သွားသည်။
တစ်ဖက်က တရားထိုင်တာကိုပြောနေတယ်ထင်ပြီး
လင်းရှောင်ရဲ့အတွေးကို သူမခန့်မှန်းမိခဲ့ပေ။
ယူရှောင်းမို မြန်မြန်ထလိုက်ပေမယ့်
ပြန်ဆွဲချခံရလိုက်သည်။ သူနောက်လှည့်ပြီး
ကြောင်တောင်တောင်နဲ့ပြုံးပြလိုက်သည်။
"နေ့ခင်းကြောင်တောင်ကြီးပဲရှိသေးတာလေ
ပြီးတော့ သူများအိပ်ယာထဲမှာ၊
လျှောက်မလုပ်ပါနဲ့ ဟုတ်ပြီလား၊ ဒီနေ့ည
ကျွန်တော်ချက်ကျွေးတာမစားချင်တော့ဘူးလား?
ချက်ဖို့ နောက်ကျသွားလိမ့်မယ်"
လင်းရှောင်သည် ခဏလောက်မျက်ခုံးတွန့်သွားကာ
နောင်တရတဲ့အသံဖြင့် ပြောလာသည်။
"ဟုတ်သားပဲ၊ ကြည့်ရတာရွေးချယ်စရာ
မရှိတော့ဘူး.....ညစာကိုလက်လွှတ်ရတော့မယ်၊
ကိုယ် တစ်နပ်လေးမစားတာနဲ့တစ်ခုခုဖြစ်သွားမှာ
မှမဟုတ်တာပဲလေ"
အဆုံးတွင် ယူရှောင်းမိုအားတစ်ခါပြုံးပြလာသည်။
ယူရှောင်းမို "........" ငါ့ဖင်ကြီးကိုပဲမဖြစ်နေ!
ဒါပေါ့ နောက်ဆုံးတော့လည်း သူမလွတ်ခဲ့ပေ။
ကံကောင်းစွာနဲ့ လင်းရှောင်ကသူ့အောက်ခံကိုပဲ
ချွတ်ပြီးတစ်ခါပဲလုပ်ခဲ့သည်။ ပထမတော့
လင်းရှောင်က သူ့အပူစိတ်ကိုအနည်ထိုင်
အောင်လုပ်ချင်တာပဲလို့ ထင်ခဲ့သည်၊ သို့ပေမယ့်
သူ့အသိစိတ်ပင်လယ်ထဲက အရောင်တွေ
စတင်ပြီးလှည့်ပတ်လာတဲ့အခါမှာတော့
လင်းရှောင်ကတကယ်ပဲ ကျင့်ကြံချင်လို့ဆိုတာ
သိလိုက်ရသည်.....အဲ့လိုပဲဖြစ်မှာပါလေ…
သူလောင်းရဲသည်... ကျင့်ကြံတာက သူ့ရဲ့မူလ
အကြံကာမစိတ်နဲ့ယှဉ်ရင် ဒုတိယနေရာမှာပဲ
ရှိတာ။
_____________________
//Zawgyi//
အပိုင္း(၅၃၅) ခ်က္ျပဳတ္ျခင္း
ႏွစ္ဦးသား တစ္ညလံုးကုန္းပတ္ေပၚ မွာပဲ
ရႈခင္းၾကၫ့္ေနခဲ့ၾကၿပီး တစ္ခ်ိန္လံုးလည္း
ေလေအးေတြ တိုက္ခတ္ခံရေလသည္။
ေရာင္နီလာစျပဳခ်ိန္မွာေတာ့ လင္းေရွာင္က
ယူေရွာင္းမိုအား အခန္းငယ္ေလးဆီျပန္ဆဲြေခၚ
သြားေတာ့သည္။
ဒီကမ႓ာကပင္လယ္ႀကီးရဲ့ ညျမင္ကြင္းကို
မျမင္ဖူးလို႔ဆိုရင္ေတာင္ ရူးေၾကာင္ေၾကာင္ေတြ
သိပ္မလုပ္သင့္ဘူး-ဉာဏ္ပိုတံုးသြားလိမ့္မယ္။
ေန့လည္ပိုင္းတြင္ေတာ့ ေနျပင္းလွသည္။
ယူေရွာင္းမို ေလၫွင္းခံရန္ အခန္းငယ္ေလးထဲမွ
ထြက္လာခဲ့သည္။ ေန့လည္စာစားခ်ိန္ပင္-
သူ႔အိတ္ေဆာင္နယ္ေျမထဲမွာ စားစရာေတြ
ရိွေပမယ့္လည္း အဲ့ဒါေတြၾကၫ့္ပဲစားေနရတာ
ၾကာေတာ့ၿငီးေငြ့လာေလသည္။
ယူေရွာင္းမို သေဘၤာအမႈထမ္းတစ္ေယာက္
ရွာလိုက္ၿပီး မီးဖိုခန္းရိွတဲ့ဘက္ကိုေမးလိုက္သည္။
သြားေနတုန္းမွာ ဘာဟင္းခ်က္ရင္ေကာင္းမလဲ
ေတြးၾကၫ့္ေနၿပီး ကိုယ့္ဘာကိုယ္ပဲခ်က္ဖို႔
ဆံုးျဖတ္လိုက္သည္။
အခ်က္အျပဳတ္စြမ္းရည္ႏွင့္ပတ္သက္လို႔
ဆိုရလ်ွင္ ဒါကသူငယ္ငယ္ကတည္းက
ကိုယ့္ဘာကိုယ္သင္ယူထားတဲ့စြမ္းရည္ျဖစ္သည္။
သူတို႔က သူ႔အားသိပ္ဂရုစိုက္ပံုမရတာေၾကာင့္
ယူေရွာင္းမိုအငယ္ေလးဟာ သူ႔မိဘေတြဆီက
အာရံုစိုက္မႈရရန္ တစ္ခုခုလုပ္ျပခ်င္ခဲ့သည္။
သူက သိပ္ၿပီးမေတာ္လွတာေၾကာင့္
ခ်က္ျပဳတ္ဖို႔ကိုသာ ေရြးခ်ယ္ခဲ့၏၊ သို႔ေပမယ့္လို႔
ေနာက္မ်ားက် ေနာင္တရသြားရသည္၊
အေၾကာင္းမွာ သူ႔မိဘေတြရဲ့အာရံုစိုက္မႈကို
မရဘဲ ထိုအစားယူလုနဲ႔ ယူေပၚ ညီအစ္ကို
ႏွစ္ေယာက္ရဲ့အာရံုစိုက္မႈကို ရခဲ့လို႔ျဖစ္သည္။
ထိုမွစ၍ သူ႔ဘဝေလးဟာသနားစရာေကာင္းလွ၏။
သူအားၿပီဆို ယူလုနဲ႔ယူေပၚ က သူတို႔အတြက္
ခ်က္ေပးခိုင္းတတ္သည္။ သူတို႔က
ေတာ္ေတာ့္ကိုအစားေၾကးမ်ားတဲ့သူေတျြဖစ္ၿပီး
ဒါေၾကာင့္ပဲ သူ႔ဟင္းခ်က္စြမ္းရည္က
ၾကယ္ငါးပြင့္စာဖိုမွဴးအဆင့္ေလာက္နီးနီး
တိုးတက္သြားေလသည္။
သို႔ေသာ္ သူဤကမ႓ာသို႔ေရာက္လာခဲ့ၿပီးကတည္းက
လင္းေရွာင္အတြက္ မခ်က္ေပးဖူးတာကို
သတိရသြားသည္။
ယူေရွာင္းမို ေသေသခ်ာခ်ာေတြးၾကၫ့္ၿပီးေတာ့
လိုအပ္တဲ့ပစၥည္းေတြရိွေနတုန္း တစ္ခုခုခ်က္ဖို႔
ဆံုးျဖတ္လိုက္သည္၊ ဒါမွသာ သူပထမဆံုးခ်က္တဲ့
ေျမဝိဉာဉ္တစ္ေထာင္သိုးသားလို အလကား
ျဖစ္မသြားမွာျဖစ္သည္။
မီးဖိုခန္းတြင္ ဝမ္ဟုအမည္ရသၫ့္စာဖိုးမွဴး
တစ္ေယာက္ႏွင့္ သူ႔လက္ေထာက္သာ
ရိွေလသည္။ သူက ကုန္တင္သေဘၤာ၏ကပၸတိန္ႏွင့္
သေဘၤာသားမ်ားအတြက္ တာဝန္ယူခ်က္ျပဳတ္
ေပးသူျဖစ္သည္။ လူ အေယာက္ႏွစ္ဆယ္
သံုးဆယ္စာအတြက္ အိုးအႀကီးႀကီးေတြနဲ႔
ခ်က္ျပဳတ္ေလသည္။
ဆယ့္တစ္နာရီထိုးတဲ့အခ်ိန္မွာ ေန့လည္စာ
အဆင္သင့္ျဖစ္ေနၿပီျဖစ္ရာ မီးဖိုခန္းသည္
ရွင္းလင္းေန၏။ သို႔ေသာ္လည္း
စာဖိုးမွဴးဝမ္ႏွင့္ သူ႔လက္ေထာက္ျဖစ္သူတို႔မွာ
မီးဖိုခန္းတံခါးဝတြင္ စားေနၾကသည္။
သူတို႔က သေဘၤာဝန္ထမ္းမ်ားႏွင့္အတူတူ
မစားေပ။
"စာဖိုမွဴးဝမ္ မီးဖိုခန္းငွားလို႔ရမလား?"
ယူေရွာင္းမို စာဖိုမွဴးဝမ္ေရ႔ွေလ်ွာက္သြားလိုက္ၿပီး
စြမ္းအင္ေက်ာက္တံုးငါးတံုးထုတ္ေပးလိုက္သည္။
စြမ္းအင္ေက်ာက္တံုးငါးတံုးရေတာ့ စာဖိုမွဴးဝမ္က
ေခါင္းညိတ္ျပသည္။ သူတို႔ကသာမာန္လူေတြ
ျဖစ္ကာ စြမ္းအင္ေက်ာက္တံုးငါးတံုးက
မီးဖိုထဲကရိွသမ်ွပစၥည္းေတြအားလံုးကို
ဝယ္ဖို႔လံုေလာက္ေပသည္။ ဟင္းခ်က္တဲ့
က်င့္ႀကံသူကိုျမင္ဖူးတာေတာ့ ပထမဆံုးပင္။
ယူေရွာင္းမို မီးဖိုခန္းထဲဝင္သြားၿပီး
ဘာဟင္းခ်က္ပစၥည္းေတြရိွလဲ ပတ္ၾကၫ့္လိုက္သည္။
သေဘၤာအမႈထမ္းေတြက သက္သတ္လြတ္
သမားေတြမဟုတ္ေပ၊ သူတို႔အလုပ္ကစြမ္းအင္
ေတာ္ေတာ္လိုအပ္သည္၊ ထို႔ေၾကာင့္
ဟင္းခ်က္ပစၥည္းအမ်ားစုက အေျခခံအားျဖင့္
အသားျဖစ္၏။ ၾကမ္းေပၚ ကေလွာင္အိမ္ထဲတြင္
ၾကက္နဲ႔ဘဲအရွင္တစ္ခ်ိဳ႕ ေမြးျမဴထားေလသည္။
အေတာ္ၾကာစဉ္းစားသံုးသပ္ေနၿပီးေနာက္တြင္
ယူေရွာင္းမို အသားဟင္းသံုးခြက္နဲ႔
အရြက္ေၾကာ္ႏွစ္ခြက္ရယ္ စြပ္ျပဳတ္တစ္ခြက္နဲ႔
အခ်ိဳပဲြရယ္လုပ္ဖို႔ ဆံုးျဖတ္လိုက္ေတာ့သည္။
ၾကက္အရွင္ကိုသတ္တာက သူ႔အရင္ကသာမာန္လူ
ဘဝတုန္းကလည္း လုပ္ခဲ့ဖူးတဲ့အရာျဖစ္တာေၾကာင့္
ပထမဟင္းပဲြမွာ ၾကက္ခ်ဉ္စပ္ျဖစ္သည္။
ဤဟင္းက လတ္ဆတ္ၿပီးအငံမ်ားကာ
အခ်ဉ္ဓာတ္ႏွင့္ အစပ္အရသာက
ပါးစပ္ထဲမွာေပ်ာ္ဝင္သြားသည္။ အသားႀကိဳက္
တဲ့လင္းေရွာင္အတြက္ ကြက္တိပင္။
ဒီႏွစ္ေတြအတြင္း အေလ့အက်င့္မရိွခဲ့တာက
သူ႔အခ်က္အျပဳတ္စြမ္းရည္ေတြကို က်ဆင္း
သြားေစလားေတာ့သူမသိေပ။
သူမီးဖိုခန္းထဲမွာ ေတာင္ေလ်ွာက္ေျမာက္ေလ်ွာက္နဲ႔
အလုပ္ရႈပ္ေနတုန္း အျပင္ဘက္ရိွစာဖိုမွဴးဝမ္နဲ႔
လက္ေထာက္ျဖစ္သူမွာအစားအေသာက္ရနံ႔ေၾကာင့္
အထဲေရာက္လာတာကို သတိမျပဳမိေပ။
ယူေရွာင္းမို လ်င္လ်င္ျမန္ျမန္နဲ႔ခ်က္ျပဳတ္
ေနတာကိုၾကၫ့္ရင္း သူတို႔ႏွစ္ေယာက္
အၾကၫ့္ခ်င္းဖလွယ္လိုက္ၾကသည္။
ယူေရွာင္းမို ဟင္းပဲြေျခာက္ပဲြနဲ႔အခ်ိဳပဲြကိုျပင္လို႔ၿပီးဖို႔
တစ္နာရီသာၾကာသည္။ ၿပီးေတာ့
သူတစ္ေယာက္တည္းလုပ္ခဲ့တာျဖစ္သည္။
မီးဖိုခန္းမွာ သြားရည္က်ခ်င္စရာရနံ႔မ်ား
ပ်ံ႔လြင့္ေန၏။
စားဖိုမွဴးဝမ္ႏွင့္ သူ႔လက္ေထာက္မွာသြားရည္ေတြ
ေတာင္က်လာေတာ့သည္။
ၿပီးသြားေတာ့ ေသေသခ်ာခ်ာၾကၫ့္ေနရင္း
ယူေရွာင္းမို စိတ္သက္သာရာရကာသက္ျပင္း
ခ်လိုက္သည္။ သူ႔စြမ္းရည္ေတြ မပ်က္စီးေသး
ဘူး- ဓားမတုန္းေသးဘူး။
သို႔ေသာ္လည္း ဟင္းေတြအားလံုး
သူတစ္ေယာက္တည္းျပန္သယ္သြားဖို႔က်
နည္းနည္းခက္ေနသည္။
အဲ့ဒီေတာ့မွ ယူေရွာင္းမို စာဖိုမွဴးဝမ္နဲ႔
သူ႔လက္ေထာက္ကိုသတိထားမိေလသည္။
သူလုပ္ထားတဲ့စားစရာေတြကို စိုက္ၾကၫ့္ေနတာ
ျမင္ေတာ့ အႀကံတစ္ခုရသြားသည္။
"ဆရာဝမ္ ဒီဟင္းေတြကိုအခန္းဆီကူသယ္
ေပးလို႔ရမလား? ကၽြန္ေတာ္လုပ္ထားတဲ့ဟာထဲက
နည္းနည္းျမည္းၾကၫ့္ခိုင္းမယ္ေလ ဘယ္လိုလဲ?"
"ျပႆနာမရိွဘူး!" စားဖိုမွဴးဝမ္ရဲ့လက္ေထာက္
သည္သြားရည္သုတ္လိုက္၏။ ယူေရွာင္းမိုရဲ့
အိုးထဲမွာ က်န္ေသးတာကိုသူသိသည္။
တစ္ဖက္လူက ထိုသို႔မေျပာရင္ေတာင္
သူကအရင္စၿပီး ကူညီေပးဦးမွာျဖစ္သည္။
မီးဖိုခန္းမွမထြက္ခင္ လက္ေထာက္မွာ
ယူေရွာင္းမိုခ်က္ထားတဲ့အက်န္ကို
သူတို႔ေတြဟင္းသြားပို႔ေနတုန္း တျခားသူေတြ
စားသြားမွာေၾကာက္သၫ့္အတြက္ အရင္
ဖြက္ထားလိုက္ေသးသည္။ သူမ်ားစားသြားရင္
ကုန္ၿပီေပါ့..။
ထို႔ေနာက္တြင္ ႏွစ္ေယာက္သားတစ္ေယာက္ကို
ဟင္းပဲြသံုးခုစီ သြက္သြက္လက္လက္နဲ႔
မသြားၾကေတာ့၏။
ယူေရွာင္းမိုက နည္းနည္းပိုေနွးသည္၊
လက္ကအဆီေတြကို ေဆးေၾကာၿပီးမွ
အခ်ိဳပဲြနဲ႔ဇြန္းခက္ရင္းေတြယူၿပီး မီးဖိုခန္းက
ထြက္လာခဲ့သည္။ သူအခန္းျပန္ေရာက္တဲ့အခ်ိန္
လူသံုးေယာက္ထြက္လာၿပီး တစ္ျခားတစ္ဘက္သို႔
ထြက္သြားၾကသည္။ ဤလူမ်ားမွာ သူ႔လို
အျပင္လူမ်ားပင္ျဖစ္ၾကသည္။
ယူေရွာင္းမို သူတို႔ကိုတစ္ခ်က္ၾကၫ့္လိုက္ၿပီးေနာက္
တည္တည္ၿငိမ္ၿငိမ္ပဲ ျဖတ္ေလ်ွာက္လာခဲ့သည္။
စားဖိုမွဴးဝမ္နဲ႔ သူ႔လက္ေထာက္ကလည္း
တိုက္တိုက္ဆိုင္ဆိုင္ပဲ အခန္းကျပန္လာတာျဖစ္ၿပီး
သူ႔အားအလ်င္စလိုႏႈတ္ဆက္ၿပီးေနာက္
မီးဖိုခန္းဆီျပန္သြားၾကေလသည္။
ယူေရွာင္းမို တံခါးတြန္းဖြင့္ၿပီးဝင္သြားလိုက္သည္။
လင္းေရွာင္က ခုတင္ေပၚ ကဟင္းေတြကို
ထူးထူးဆန္းဆန္းနဲ႔ ၾကၫ့္ေနသည္။
သူတို႔မွာစားပဲြမရိွတာေၾကာင့္ ခုတင္ေပၚ တင္ထား
ရတာျဖစ္၏။
"မင္းလုပ္ထားတာလား" လင္းေရွာင္ကေမးသည္။
ယူေရွာင္းမို ဂုဏ္ယူဝင့္ႂကြားစြာျဖင့္ေမးပင့္
လိုက္သည္။ "ဒါေပါ့ ကၽြန္ေတာ္လုပ္ထားတာေပါ့၊
ဘယ္သူလုပ္တယ္မ်ားထင္ေနလဲ?"
လင္းေရွာင္က သူ႔ကိုေမာ့ၾကၫ့္လာကာ၊
"စားဖိုမွဴးလုပ္ထားတာထင္ေနတာ"
ယူေရွာင္းမို အခ်ိဳပဲြနဲ႔ပန္းကန္ခြက္ေယာက္ေတြကို
ခ်လိုက္ကာ သူ႔လက္ထဲတူတစ္စံုထိုးထၫ့္ေပး
လိုက္သည္။
"စားဖိုမွဴးဝမ္ခ်က္တဲ့အစားအေသာက္က
ကၽြန္ေတာ့္ဟာနဲ႔ ဘယ္မွာမွမယွဉ္ႏိုင္ဘူး၊
အကုန္လံုး ကၽြန္ေတာ္လုပ္ထားတာ၊
သူတို႔ဆိုသြားရည္ေတြက်ေနေရာ၊ မယံုရင္
ျမည္းၾကၫ့္"
လင္းေရွာင္ရဲ့တူမ်ားက ၾကက္ခ်ဉ္စပ္ဆီသို႔
အရွက္မရိွေရာက္သြားသည္။ ဟင္းခ်က္ပစၥည္း
ေတြကသာမာန္ပဲဆိုေပမယ့္ အနံ႔ကသြားရည္
က်ခ်င္စရာေကာင္းကာ သူ႔အႀကိဳက္နဲ႔
ကြက္တိပဲျဖစ္ေလသည္။
"ဘယ္လိုလဲ?" ယူေရွာင္းမို သူ႔အားမ်က္လံုး
ေတာက္ေတာက္နဲ႔ၾကၫ့္လိုက္သည္။
"ေနာက္ဆံုးေတာ့ အနည္းဆံုးမင္းအတြက္
သင့္ေတာ္တာရိွေသးတာေပါ့ ၊ကိုယ့္ေမ်ွာ္လင့္ခ်က္
ေတြ အလကားျဖစ္မသြားဘူးပဲ"
ယူေရွာင္းမို ".........."
ကၽြန္ေတာ့္အတြက္ ေမ်ွာ္လင့္ခ်က္ထားေပးလို႔
ေက်းဇူးတင္သင့္လားဟင္?
လင္းေရွာင္မွာ အေျပာဆိုးလွေသာ္လည္း
ဟင္းေတြအကုန္လံုးေျပာင္သြား၏။ ဒီတစ္ႀကိမ္
လင္းေရွာင္က ခါတိုင္းစားေနက်ထက္
အမ်ားႀကီးပိုစားေလသည္၊ သူ႔အျပဳအမူေတြက
ယူေရွာင္းမိုအား စိတ္ထဲေကာင္းသြားေစသည္။
"ေနာက္က်ရင္ခ်က္ဖို႔ျပဳတ္ဖို႔ကမင္းတာဝန္ပဲ"
ယူေရွာင္းမို ပန္းကန္သယ္ထားရင္းအျပင္ထြက္
ဖို႔ျပင္ေနတုန္း လင္းေရွာင္ကရုတ္တရက္ဆိုသလို
ေျပာလာသည္။
ယူေရွာင္းမို သူ႔ကိုျပန္လွၫ့္ၾကၫ့္လိုက္ၿပီး
ဝင့္ႂကြားစြာႏွင့္၊ "ကၽြန္ေတာ့္စိတ္အေျခအေနေပၚ
မူတည္တယ္"
ထို႔ေနာက္ ေဒါင္းတစ္ေကာင္လိုဝင့္ႂကြားစြာျဖင့္
ေလ်ွာက္သြားေလသည္။
လင္းေရွာင္က သူထြက္သြားတဲ့အထိၾကၫ့္ေနကာ
ႏႈတ္ခမ္းထက္တြင္အႃပံုးတစ္ခု ေပၚလာ၏။
အႃငွိုးႀကီးလိုက္တာ!
ယူေရွာင္းမို မီးဖိုခန္းထဲေလ်ွာက္ဝင္လာခ်င္းခ်င္း
မွာပဲ စာဖိုမွဴးဝမ္နဲ႔သူ႔လက္ေထာက္ဟာ
အိုးကေလးကို ၫွိုးႏြမ္းစြာစိုက္ၾကၫ့္ေနသည္ကို
ေတြ့လိုက္ရ၏။
၄မွာ လက္ေထာက္ျဖစ္သူဖြက္ထားခဲ့တဲ့
အိုးေလးျဖစ္သည္။
"ဘာျဖစ္လို႔လဲ" ယူေရွာင္းမို ျဖတ္သြားရင္း
ေမးၾကၫ့္လိုက္သည္။
လက္ေထာက္ကေလးသည္ သက္ျပင္းခ်ကာ
ၿငီးျငဴလိုက္၏၊ "ေသေသခ်ာခ်ာဖြက္ထားခဲ့တာ
ကိုသူမ်ားစားသြားမယ္လို႔ မထင္ခဲ့ဘူး၊
သူမ်ားခြင့္ျပဳခ်က္မပါဘဲ စားသြားတာ စိတ္ပ်က္ဖို႔ေကာင္းလိုက္တာ"
တစ္ဖက္က သူတို႔အားေလ်ာ္ေၾကးအေနျဖင့္
စြမ္းအင္ေက်ာက္တံုးတစ္တံုး ေပးခဲ့ေပမယ့္
ဘယ္သူက အဲ့ဒါကိုဂရုစိုက္လို႔လဲ?
စိတ္ႀကီးဝင္ေနတဲ့ မိမစစ္ဖမစစ္ေကာင္ေတြ။
"ေကာင္းၿပီ...ထားလိုက္ေတာ့"
စားဖိုမွဴးဝမ္က ထိုအုပ္စု
ၾကားသြားမွာမလိုလားေသာေၾကာင့္
ၿငီးျငဴးေနတာကိုရပ္လိုက္သည္။ သူတို႔က
သာမာန္လူေတြပဲေလ။
လက္ေထာက္ေလးမွာ ရႈံ႔တြသြား၏။
ယူေရွာင္းမို ဆက္မေမးေတာ့ေပ၊ ပန္းကန္ခြက္ေယာက္
ေတြကိုေနရာတက်ျပန္ထားလိုက္ၿပီးေနာက္
ျပန္လာခဲ့သည္။
သူကသူေတာ္စင္တစ္ပါးမဟုတ္ေပ၊ သူတို႔ေတြ
တစ္ျခားသူရဲ့အစားအေသာက္ကို စားလို႔ဆိုၿပီး
သင္ခန္းစာသြားေပးလို႔မွမရတာ၊ ၿပီးေတာ့
ထိုလူေတြက သူတို႔ႏွစ္ေယာက္အား
စြမ္းအင္ေက်ာက္တံုးတစ္တံုးနဲ႔ အေလ်ာ္ေပးခဲ့
ၿပီးၿပီျဖစ္သည္။
လက္ေထာက္ကလည္း ဒါမျဖစ္ႏိုင္မွန္းသိသည္။
သူကဒီတိုင္းၿငီးျငဴေနတာျဖစ္၏။
အခန္းျပန္ေရာက္ေတာ့ ယူေရွာင္းမို ပင္လယ္မွာ ရိွေနတဲ့အခ်ိန္ကိုေကာင္းေကာင္းအသံုးခ်ကာ
သက္တန႔္အဆင့္၁ေဆးလံုးလုပ္တာ ေလ့က်င့္
ခ်င္ခဲ့တာျဖစ္သည္။ အရင္ရက္အနည္းငယ္က
ထ်န္းရိႈ႔နဲ႔ ေမွာ္ေဆးပင္တစ္ခ်ိဳ႕လဲလွယ္ခဲ့ၿပီး
ေဆးလံုးတစ္လံုးအတြက္ ပါဝင္ပစၥည္းႏွစ္မ်ိဳးထက္
ပိုရိွသည္။ သို႔ေပမယ့္ သက္တန႔္ေဆးလံုး
ဖန္တီးတဲ့အခါျဖစ္လာတတ္တာကို
ေတြးမိေတာ့ ဤစိတ္ကူးအားစြန႔္လႊတ္လိုက္
ေတာ့သည္။ ပင္လယ္ျပင္ကအႏၲရာယ္မ်ားတဲ့
ေနရာတစ္ခုျဖစ္ကာ သူကကပ္ဆိုးတစ္ခု
ေဆာင္ၾကဉ္းလိုက္လ်ွင္ သေဘၤာေမွာက္သြား
ႏိုင္သည္။ ဒါဆိုရင္မေကာင္းေပ။
သူေဝခဲြမရျဖစ္ေနတာျမင္ေတာ့ လင္းေရွာင္က
ဆိုသည္၊ "က်င့္ႀကံၾကမလား"
"ဒါပဲလုပ္စရာရိွတယ္ထင္တာပဲ"
ေလာေလာလတ္လတ္အဆင့္တက္ထားကာစ
ျဖစ္တာေၾကာင့္ ေနာက္ထပ္အဆင့္တက္ဖို႔ကို
သူစိတ္မကူးထားေပ။ သို႔ေပမယ့္ အဆင့္တက္ၿပီး
ကတည္းက စြမ္းအားကိုတည္ၿငိမ္ေအာင္လုပ္ဖို႔
အခ်ိန္မရိွခဲ့ဘူးျဖစ္သည္။
ယူေရွာင္းမို ခုတင္ေဘးေလ်ွာက္သြားလိုက္သည္။
လင္းေရွာင္က သံုးပံုပံုႏွစ္ပံုေနရာယူထားတာ
ျမင္ေတာ့ သူေျပာလိုက္သည္၊
"ဟိုဘက္နည္းနည္းတိုး ကၽြန္ေတာ့္လည္းေနရာ
ေပးပါဦး"
လင္းေရွာင္က ရုတ္ျခည္းသူ႔လက္ၾကားထဲ
ဆဲြသြင္းလိုက္၏၊ "ဘာေနရာလဲ၊ ဒီမွာပဲထိုင္"
သူ႔ရဲ့ဝဝကစ္ကစ္ဖင္ကေလး တစ္ဖက္အမ်ိဳးသားရဲ့
ေျခေထာက္ေပၚ က်သြားေတာ့မွ
လင္းေရွာင္ေျပာတဲ့ က်င့္ႀကံျခင္းကို
ယူေရွာင္းမို ခ်က္ခ်င္းသေဘာေပါက္သြားသည္။
တစ္ဖက္က တရားထိုင္တာကိုေျပာေနတယ္ထင္ၿပီး
လင္းေရွာင္ရဲ့အေတြးကို သူမခန႔္မွန္းမိခဲ့ေပ။
ယူေရွာင္းမို ျမန္ျမန္ထလိုက္ေပမယ့္
ျပန္ဆဲြခ်ခံရလိုက္သည္။ သူေနာက္လွၫ့္ၿပီး
ေၾကာင္ေတာင္ေတာင္နဲ႔ႃပံုးျပလိုက္သည္။
"ေန့ခင္းေၾကာင္ေတာင္ႀကီးပဲရိွေသးတာေလ
ၿပီးေတာ့ သူမ်ားအိပ္ယာထဲမွာ၊
ေလ်ွာက္မလုပ္ပါနဲ႔ ဟုတ္ၿပီလား၊ ဒီေန့ည
ကၽြန္ေတာ္ခ်က္ကၽြေးတာမစားခ်င္ေတာ့ဘူးလား?
ခ်က္ဖို႔ ေနာက္က်သြားလိမ့္မယ္"
လင္းေရွာင္သည္ ခဏေလာက္မ်က္ခံုးတြန႔္သြားကာ
ေနာင္တရတဲ့အသံျဖင့္ ေျပာလာသည္။
"ဟုတ္သားပဲ၊ ၾကၫ့္ရတာေရြးခ်ယ္စရာ
မရိွေတာ့ဘူး.....ညစာကိုလက္လႊတ္ရေတာ့မယ္၊
ကိုယ္ တစ္နပ္ေလးမစားတာနဲ႔တစ္ခုခုျဖစ္သြားမွာ
မွမဟုတ္တာပဲေလ"
အဆံုးတြင္ ယူေရွာင္းမိုအားတစ္ခါႃပံုးျပလာသည္။
ယူေရွာင္းမို "........" ငါ့ဖင္ႀကီးကိုပဲမျဖစ္ေန!
ဒါေပါ့ ေနာက္ဆံုးေတာ့လည္း သူမလြတ္ခဲ့ေပ။
ကံေကာင္းစြာနဲ႔ လင္းေရွာင္ကသူ႔ေအာက္ခံကိုပဲ
ခၽြတ္ၿပီးတစ္ခါပဲလုပ္ခဲ့သည္။ ပထမေတာ့
လင္းေရွာင္က သူ႔အပူစိတ္ကိုအနည္ထိုင္
ေအာင္လုပ္ခ်င္တာပဲလို႔ ထင္ခဲ့သည္၊ သို႔ေပမယ့္
သူ႔အသိစိတ္ပင္လယ္ထဲက အေရာင္ေတြ
စတင္ၿပီးလွၫ့္ပတ္လာတဲ့အခါမွာေတာ့
လင္းေရွာင္ကတကယ္ပဲ က်င့္ႀကံခ်င္လို႔ဆိုတာ
သိလိုက္ရသည္.....အဲ့လိုပဲျဖစ္မွာပါေလ…
သူေလာင္းရဲသည္... က်င့္ႀကံတာက သူ႔ရဲ့မူလ
အႀကံကာမစိတ္နဲ႔ယွဉ္ရင္ ဒုတိယေနရာမွာပဲ
ရိွတာ။
_____________________