//Unicode//
အပိုင်း(၅၃၃) မြစ်မြို့
"ဟယ့်ရှုန်း...သခင်က သူ့ကိုယ်ရေးကိုယ်တာကို
ထုတ်မပြောဖို့မပြောခဲ့ဘူးလား...ဒါကို
မင်းက သူစိမ်းတွေကိုသာမာန်ကာလျှံကာပဲ
ပြောပြလိုက်တယ်ပေါ့... ကိုယ့်အပြစ်ကိုယ်
သိရဲ့လား"
မျက်နှာစိမ်း၏အသံသည် ဒေါသပုန်ထနေသည့်နှယ်
ကြမ်းရှပြီးအက်ကွဲနေသည်။ ခန္ဓာကိုယ်
တစ်ခုလုံးသည် အနက်ရောင်ခြုံထည်အောက်
တွင်နစ်မြုပ်နေကာ အေးတိအေးစက်မျက်ဝန်း
များသာဖော်ထားသည်၊ သူကထိတ်လန့်
တုန်လှုပ်နေသည့်ဟယ့်ရှုန်းအား
အမူအရာကင်းမဲ့စွာကြည့်နေလေသည်။
ဟယ့်ရှုန်းမှာ နောက်ဆုံးတော့တုန့်ပြန်လာပြီး
ကတိုက်ကရိုက် လက်နှစ်ဖက်ယှက်လိုက်၏။
သူက လေးလေးစားစားပြောလိုက်သည်၊
"အထောက်တော်ပါလား... အထောက်တော်က
သူ့ဆုံးဖြတ်မှုမှာ တခွန်းစနှစ်ခွန်းစဝင်ပြောလို့
ရနိုင်တယ်ဆိုရင် ဟယ့်ရှုန်းသိပ်တော့မသိပါဘူး၊
အဲ့ဒီ့လူတွေက သခင်နဲ့ဘာပတ်သက်မှုမှ
မရှိပါဘူး"
အနက်ရောင်ဝတ်နှင့်လူက အေးတိအေးစက်
နှာမှုတ်လိုက်သည်၊ "မင်းမလုပ်ရဲဘူးလို့
ငါယုံတယ်၊ ဒီတစ်ခါလာတာက မင်းအတွက်
အထူးတာဝန်တစ်ခုရှိတယ်လို့ သတင်းလာပို့တာ"
"ကျေးဇူးပြုပြီးပြောပါ အထောက်တော်"
"ရှင်းချီရဲ့တာဝန်က ကျရှုံးသွားတယ်၊ပြီးတော့
ကျိရန်မြို့က ရေရှင်နယ်နိမိတ်ကိုသွားတဲ့
လမ်းမှာ ရှောင်လို့မရတဲ့နေရာတစ်ခုဖြစ်နေတယ်၊
ဒါ့ကြောင့် အခုကစလို့မြို့တံခါးတွေကို
အစောင့်တင်းတင်းကြပ်ကြပ်ချထားရမယ်၊
လိပ်မျိုးနွယ်စုက ဘယ်သူ့ကိုမှဖြတ်သန်းသွား
လာခွင့်မပြုရဘူး" အနက်ရောင်ဝတ်ရုံနှင့်
လူက မှောင်မှိုင်းစွာပြောလာသည်။
ဟယ့်ရှုန်းမှာ တစ်စက္ကန့်ခန့်တွေဝေသွား၏။
"ဒါပေမယ့် ကျုပ်တို့ လိပ်မျိုးနွယ်စုကလူတွေကို
ရှာဖွေနေတယ်လို့သာ လူတွေသိသွားရင်
လိပ်နက်မျိုးနွယ်ကို ရန်စမိသလိုဖြစ်မသွား
ဘူးလား"
ကျိရန်မြို့သည် လောကလိပ်နက်မျိုးနွယ်စု၏
ပိုင်နက်တစ်စိတ်တစ်ပိုင်းမဟုတ်သော်ငြား
လိပ်နက်မျိုးနွယ်စုကဲ့သို့ပင် မြောက်အရပ်မှာ
တည်ရှိတာဖြစ်သည်။ သူတို့တွေ ဒါကြောင့်သာ
ဒေါသပုန်ထသွားရင် သူ့အတွက်ကျိရန်မြို့အား
ဆက်လက်ပြီး အုပ်ချုပ်မင်းလုပ်နိုင်ရန်
မဖြစ်နိုင်တော့ပေ။
"လိပ်မျိုးနွယ်စုကလူတွေကို နေ့ခင်းကြောင်တောင်
မှာလိုက်ရှာခိုင်းနေတာမဟုတ်ဘူး၊
မော့ကျင်းနဲ့တူတဲ့လူတွေကိုရှာပြီး
တိတ်တဆိတ်ကိုင်တွယ်လိုက်ရင် လုံလောက်ပြီ"
"ဟယ့်ရှုန်း နားလည်ပါပြီ" စကားပြောပြီးတဲ့နောက်
ဟယ့်ရှုန်း လမ်းလျှောက်သွားဖို့ပြင်လိုက်
သော်လည်း အနက်ဝတ်နှင့်လူဟာထွက်သွားဖို့
စိတ်ကူးမရှိသေးတာကို
ရုတ်တရက်တွေ့လိုက်ရသည်။ သူလည်း
မတတ်သာဘဲရပ်လိုက်ရ၏။
"ရှစ်ကျဲ့ လူကြီးမင်းမှာ တစ်ခြားအရေးကြီးကိစ္စ
တွေရှိသေးလို့များလား"
အနက်ဝတ်နှင့်လူ- "မင်းကိုအနိုင်ရသွားတဲ့လူက
ဘယ်သူလဲ"
ဟယ့်ရှုန်းမှာ သူဒီအကြောင်းမေးလာတော့
အလွန်အမင်းအံ့ဩသွားရ၏။ သူရိုးရိုးသားသားပဲ
ပြန်ဖြေလိုက်သည်၊
"ဟယ့်ရှုန်း သူ့ကိုမသိပါဘူး၊ ဒါပေမယ့်သူက
အဆင့်၁၂ရှိတဲ့ဆရာသခင်တစ်ဦးပဲ"
အနက်ဝတ်နှင့်လူသည် သူ့လက်အား
တစ်ချက်ကြည့်သည်၊
"မင်းလက်ကသူလုပ်တာလား"
"ဟုတ်ပါတယ် ကျုပ်လက်ကိုအချိန်မီဖယ်ထုတ်
လိုက်နိုင်လို့သာမဟုတ်ရင် အခုအချိန်မှာ
လက်ပဲဖြစ်သွားမှာမဟုတ်တာကို
ကြောက်မိပါတယ်" ဒါကိုတွေးမိတဲ့အခါ
ဟယ့်ရှုန်းမှာ ခါးခါးသီးသီးရယ်လိုက်မိ၏။
အဆင့်၁၂ ဆရာသခင်တစ်ဦးဆိုတာ အမှန်ပင်
သူနဲ့လက်လှမ်းမမီသည့် အဆင့်တစ်ခုမှာ
ဖြစ်သည်၊ ပြီးတော့ သူတို့ရဲ့ခွန်အားကွာခြားချက်
ဟာလည်း များလွန်းသည်။
"ဘာဖြစ်ခဲ့တာလဲငါ့ကိုပြော" အနက်ဝတ်နှင့်လူက
ဖြေးညင်းစွာပြောလာသည်။ အကြောင်းအရင်း
မရှိဘဲ အဆင့်၁၂ ဆရာသခင်တစ်ဦးပေါ် လာ
ခြင်းက သိပ်မူမမှန်ပေ။ ရှင်းချီပြောတဲ့
သူ့လက်ကိုဆွဲဖြဲလိုက်တဲ့လူအကြောင်း
သူပြန်တွေးမိသည်။ သူတို့နှစ်ယောက်စလုံး
လက်တစ်ဖက်ဆုံးရှုံးလိုက်ရတယ်၊
အဲ့ဒီ့နှစ်ယောက်က တစ်နည်းနည်းနဲ့ဆက်နွယ်
နေခြင်းပဲလား။
သူ ဒီကိစ္စကိုဘာလို့သိချင်နေတာလဲ ဟယ့်ရှုန်း
မသိချေ၊ သို့သော်လည်း ဖြစ်ပျက်ခဲ့သမျှ
အကြောင်းစုံကို တိတိကျကျပဲပြန်ပြောပြလိုက်
သည်။
"မီးတောက်အသုံးပြုတဲ့သူ...အဆင့်၁၂
ဆရာသခင်?" အနက်ဝတ်နှင့်လူ၏
ခေါင်းထဲမှာမီးလုံးတစ်လုံးလင်းသွား၏၊
ရုတ်ခြည်း သူခေါင်းမော့လိုက်သည်၊
"အဲ့ဒီ့လူများဖြစ်နေမလား"
"ဘယ်သူလဲ" သူကတစ်စုံတစ်ဦးနှင့်
တွဲဘက်အလုပ်လုပ်နေလိမ့်မယ်လို့
ဟယ့်ရှုန်း မထင်ထားချေ။
အနက်ရောင်ဝတ်နှင့်လူသည်လည်း ယနေ့မှာ
ဤမျှကြီးမားသည့်သတင်းအားကြားရမည်ဟု
မထင်ထားပေ၊ ကောင်းကင်ဘုံက သူ့အား
ကူညီနေပေသည်။ ဟယ့်ရှုန်း၏မရေမရာ
အသံကိုကြားတော့ ရှင်းပြလိုက်သည်၊
"ဒီလူကို မင်းကြားဖူးလောက်မယ်၊ ငါမှန်းတာ
မမှားရင် သူကနတ်ဒေဝါဆယ်ပါးအဆင့်ရဲ့
နံပါတ်တစ် ၊ ယူအန်းထိုက်နဲ့ လင်းယုန်အဖိုးကြီးကို
အနိုင်ယူခဲ့တဲ့လင်းမော့ပဲ၊ အခု အပြင်ဘက်မှာ
တော်တော်လေးဖရိုဖရဲဖြစ်နေတယ်၊ ဒါ့ကြောင့်
မင်းသူ့အကြောင်းမကြားဖူးရင်တောင်
နည်းနည်းပါးပါးစုံစမ်းကြည့်ရင် သိရလိမ့်မယ်"
ဟယ့်ရှုန်း အံ့ဩတုန်လှုပ်သွားသည်။ ဒါပေါ့
သူဒီလူ့အကြောင်းကြားဖူးတယ်၊
"ဒါပေမယ့်သူကအဆင့်၁၁ကြယ်ခုနစ်ပွင့်
မဟုတ်ဘူးလား၊ ဘယ်တုန်းကအဆင့်၁၂
ဆရာသခင်ဖြစ်သွားတာလဲ"
"ငါလည်းမသေချာဘူး၊ ဒါပေမယ့် သခင့်ကို
ဒီအကြောင်းအသိပေးရဦးမယ်၊ ပြီးတော့
တစ်ယောက်ယောက်ကသူတို့နောက်လိုက်သွားဖို့
နည်းလမ်းတစ်ခုရှာထား၊ သူတို့ဘယ်မှာရှိလဲ
ငါတို့သိနေရမယ်၊ သခင့်ဆီကပြန်ကြားရပြီးရင်
နောက်ဆုံးဆုံးဖြတ်ချက်ချမယ်"
ဟယ့်ရှုန်းလည်း လျှောက်လဲချက်များအား
ပြန်မျိုချလိုက်ရုံသာတတ်နိုင်သည်၊
"ဟုတ်ကဲ့ပါ!"
အနက်ဝတ်နှင့်လူ ထွက်ခွာသွားသည့်အခါ
ဟယ့်ရှုန်းသည် ထိုနေရာတွင်ပင် ဖတ်၍မရတဲ့
အမူအရာနှင့်ရပ်နေခဲ့သည်။
အဆင့်၁၂ ဆရာသခင်တစ်ယောက်ကို
သူ့လူတွေကိုနောက်ယောင်ခံခိုင်းရမယ်?
သူ့လူတွေကို သေဖို့လွှတ်လိုက်ပါလို့
ပြောတာနဲ့အတူတူပဲ မဟုတ်ဘူးလား?
ဤသို့သောအရာမျိုးက အပြောကတော့လွယ်လှ
သည်၊ သို့သော် အကောင်ထည်ဖော်ရန်အတွက်တော့
နည်းလမ်းလုံးဝမရှိပေ။
ဟယ့်ရှုန်းမှာ တမေ့တမောစဉ်းစားပြီးတဲ့နောက်မှ
အတော်အတန်အားနည်းတဲ့လူအနည်းငယ်
လွှတ်လိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။
သူတို့သေသွားလည်း အဲ့လောက်ထိရင်နာဖို့
ကောင်းမှာမဟုတ်ပေ။
တစ်ချိန်တည်းမှာပဲ နှစ်နာရီကုန်ဆုံးသွားလေပြီ။
ယူရှောင်းမိုရဲ့ဆက်နွယ်သားရဲတွေဟာ
အချိန်တိကျစွာနဲ့ မြို့ပြင်တံခါးမှာပေါ် လာ
ကြသည်။ လူအုပ်အကြီးကြီးတစ်အုပ်သည်
မျက်စိဖမ်းစားနိုင်သေးကာ မြို့တံခါးအပြင်ဘက်က
အစောင့်များပင် ခဏခဏလှမ်းကြည့်နေကြ၏။
မောင်ချုံးသည် ပိုင်ရှင်အမျိုးသမီးအား
မည်သို့အပြစ်ပေးခဲ့ကြောင်း သူမအားမည်သို့
ဖျက်စီးခဲ့ကြောင်းများအပါအဝင်
တည်းခိုခန်းမှာဖြစ်ပျက်ခဲ့သမျှကို
ဖောက်သည်ချနေလေသည်။
ရုပ်ရည်ပျက်စီးသွားတဲ့အထဲမှာ တစ်ချို့က
မှော်ဆေးလုံးတွေနဲ့ပြန်ကုသလို့ရပေမယ့်
တစ်ချို့ကတော့ မရဘူးဖြစ်သည်။
သူတို့နှစ်ယောက်လုံးက မိန်းမတွေဖြစ်ပေမယ့်လည်း
ဒီတစ်ကြိမ်မှာမောင်ချုံးက သေစေနိုင်လောက်တဲ့
ထိုးနှက်ချက်ကိုပေးခဲ့တာဖြစ်သည်။
သာမာန်မှော်ဆေးလုံးက သူမရဲ့ရုပ်သွင်ကို
ပြန်လည်ကောင်းမွန်စေရန်
ဘယ်နည်းနှင့်မှ မဖြစ်နိုင်ပေ၊ ပြီးတော့
ဒီကိစ္စက မောင်ချုံးကြိုတွက်ချက်ထားသည့်ကိစ္စ
ဖြစ်ပေသည်။
ဟယ့်ရှုန်းက ဉာဏ်ပြေးသည့်လူမျိုးဖြစ်၏။
ပိုင်ရှင်သူဌေးက သူ့ကိုလူအများရှေ့မှာ
အရူးဖြစ်စေခဲ့သလို စွမ်းအင်ကျောက်တုံးပမာဏ
အများကြီးကိုလည်း ပေးရအောင်လုပ်ခဲ့သေးသည်။
ရုပ်ရည်ပျက်စီးသွားသောပိုင်ရှင်သူဌေးကို
မြင်လျှင် မည်သူကမှချစ်မြတ်နိုးစိတ်ရှိတော့မည်
မဟုတ်ပေ၊ ထို့ကြောင့် ပိုင်ရှင်သူဌေး၏
ကျဆုံးခန်းသည် အင်မတန်မှရင်နာဖွယ်ကောင်း
ဖို့များပေသည်။ သူမရုပ်ရည်ကို ပြန်လည်
ကောင်းမွန်စေနိုင်မည့်မှော်ဆေးလုံးတစ်လုံး
ရဖို့ရန် အချိန်ကြာမြင့်စွာစောင့်နိုင်ရဖွယ်ရှိသည်။
မောင်ချုံးရဲ့မောက်မာဝင့်ကြွားတဲ့အပြုံးကို
တွေ့တော့ လူတိုင်းကျောချမ်းသွားကြသည်။
'ငါဟာ မိန်းမတစ်ယောက်ကိုရန်စမယ့်အစား
ယောက်ျားတစ်ယောက်ကိုပဲရန်စလိုက်မယ်'
ဟူသည့်စကားနောက်ကွယ်မှာ တကယ်ပဲ
အမှန်တရားတစ်ချို့ပါဝင်လေသည်။
ထိုအခိုက်တွင် အပြင်လောက၌
အလွန်အမင်းဆူညံနေပြီး ယူရှောင်းမိုနှင့်
လင်းရှောင်က လူအများအာရုံစိုက်ရာဖြစ်နေတာကို
သူတို့မသိပေ။
သွေးစွေးနီမိသားစုသည် လင်းရှောင်က
ချီလင်မျိုးနွယ်စုကမဟုတ်တာကို
အတည်ပြုပြီးတဲ့နောက်တွင် ယူရှောင်းမိုအား
ဖမ်းဆီးပြီးပြန်ခေါ် လာရန်ဆုံးဖြတ်လိုက်ကြ၏။
သို့ဖြစ်ရာ သူတို့သည်ရှောင်ယောင်
တက္ကသိုလ်သို့ လူများအထူးတလည်စေလွှတ်
ခဲ့သည်၊ သို့သော်လည်း သူတို့ကအဲ့ဒီမှာ
မရှိနေဘဲ ဘယ်သွားလဲဆိုတာလည်းဘယ်သူကမှ
မသိကြပေ။
ကိစ္စကမပြီးပြတ်သေးသော်ငြားလည်း
ဟိုဟိုသည်သည်ပျံ့နှံ့နေပြီဖြစ်၏။
သွေးစွေးနီမိသားစုက ယူရှောင်းမိုအားဖမ်းဆီး
ရာတွင်လူကြားကောင်းစေရန် သူ့ကို
သူခိုးဟုစွပ်စွဲကြသည်။ ထို့အပြင် သူ့မျိုးရိုး
နာမည်သည်ယူဖြစ်သည်မို့ ဤကိစ္စကို
သွေးစွေးနီမိသားစု၏ 'မိသားစုအရေး' ဟု
ခေါင်းစဉ်တပ်လိုက်ရာ အပြင်လူများမှာ
နောက်ဆုတ်ပေးလိုက်ရလေသည်။
ယူရှောင်းမိုမှာ ဒီအကြောင်းတွေကိုတစ်ခုမှ
မသိချေ၊ အခုလောလောဆယ်မှာ သူက
ရေရှင်နယ်နိမိတ်သို့ခရီးဆက်နေလေပြီ။
ရေရှင်နယ်နိမိတ်သည် ကွေ့ပတ်စီးဆင်းနေသည့်
မြစ်တစ်စင်းဖြစ်၏။ မြစ်သည်ရှီကျင်း၏
မြောက်ဘက်အရပ်ဆီသို့ စီးဆင်းလာပြီး
မြစ်ရေကလည်း ရေစီးသန်လာသည်။
'မြစ်' ဟုခေါ် သော်လည်း အမှန်မှာ
ပင်လယ်ကြီးလောက်ကျယ်လှသည်။
ရေရှင်နယ်နိမိတ်အတွင်းမှာ တစ်နှစ်ပတ်လုံး
နေထိုင်ကြသည့်လောကလိပ်နက်မျိုးနွယ်အပြင်
လောကလိပ်နက်များအပေါ် မှာ မှီခိုနေထိုင်ကြသည့်
ရေနေနတ်ဆိုးသားရဲမျိုးစိတ်များစွာလည်း
ရှိသေးသည်။
ယူရှောင်းမို ကျိရန်မြို့ကနေထွက်လာပြီးတဲ့နောက်မှာ
တစ်ရက်လုံးခရီသွားခဲ့ရပြီးမှ ရေရှင်နယ်နိမိတ်၏
ဆိပ်ကမ်းမြို့လည်းဖြစ်သည့် မြစ်မြို့ဆီသို့
ဒုတိယမြောက်နေ့ နေ့လည်ပိုင်းမှာရောက်လေ
သည်။
မြစ်မြို့သည် သိပ်မဖွံ့ဖြိုးပါချေ။
တစ်ဦးနှင့်တစ်ဦးအရေး ဝေးဝေးနေကြသည့်
သာမာန်လူသားများနှင့် နတ်ဆိုးသားရဲအငယ်
လေးများရှိကြသည်။ သူတို့က အရှေ့နှင့်
အနောက်ပိုင်းခြားထားကြသည်၊ လူသားတွေက
အရှေ့မှာနေကြပြီး နတ်ဆိုးသားရဲအငယ်လေး
တွေက အနောက်ဘက်တွင်နေကြသည်။
ထို့ပြင် သူတို့အားလုံးက ရေထဲမှာနေထိုင်ကြသည့်
သတ္တဝါတွေဖြစ်ကြသည်။
အရှေ့နှင့်အနောက်နယ်မြေအကြားတွင်မူ
ငြိမ်းချမ်းရေးလမ်းမကြီးရှိလေသည်။
ငြိမ်းချမ်းရေးလမ်းမသည် မြစ်မြို့၏
အစည်ကားဆုံးလမ်းဖြစ်၏။ လူသားဖြစ်စေ
နတ်ဆိုးသားရဲဖြစ်စေ ငြိမ်းချမ်းရေးလမ်းမတွင်
စီးပွားရေးလုပ်နိုင်သည်။ သူတို့မှာ
ပြဿနာရှာခွင့်မရှိပေ၊ မဟုတ်ပါက
ရာဇဝတ်မှုအား မှတ်တမ်းတင်ထားပြီး
မြစ်မြို့ကနေနှင်ထုတ်ခံရနိုင်ခြေပင်ရှိလေသည်။
ငြိမ်းချမ်းရေးလမ်းမအဆုံးသည်
ရေရှင်နယ်နိမိတ်၏ ဆိပ်ကမ်းဖြစ်နေ၏။
နေ့လည်တစ်နာရီတွင် ဆိပ်ကမ်းမှာ
လူစိမ်းတစ်အုပ်ရုတ်တရက်ပေါ်လာပြီး
ဆိပ်ကမ်းနေလူများ၏အာရုံကို ဆွဲဆောင်
သွားလေသည်။ မြစ်မြို့က အပြင်လူတွေအပေါ် မှာ
သတိတထားရှိကြပြီး များသောအားဖြင့်
ကိုယ့်သဘောနှင့်ကိုယ် အပြင်လူတွေနှင့်
စကားစမြည်ပြောလေ့မရှိပေ။
ထိုလူစိမ်းတစ်အုပ်မှာ ယူရှောင်းမိုတို့ပင်။
ယူရှောင်းမို ကမ်းကပ်ထားတဲ့သင်္ဘောများအား
ကြည့်လိုက်သည်။ သူတို့အကုန်လုံးက
ရိုးရှင်းပြီးအကြမ်းထည်ဆန်သည့် လှေငယ်လေး
များဖြစ်ပြီး အနည်းငယ်ပိုကြီးတဲ့ဟာဆိုရင်တောင်
လူသုံးလေးယောက်ပဲ ဆံ့နိုင်သည်။
ထို့ပြင် လှိုင်းလုံးကြီးနဲ့တွေ့ပါက မှောက်သွားမယ့်
သဘောမှာရှိသည်။
"ကြည့်ရတာ ကျွန်တော်တို့အားလုံး
တစ်ပြိုင်နက်တည်းသွားလို့မရဘူးထင်တယ်"
ယူရှောင်းမို အိုးတို့အမ်းတမ်းနဲ့ပြောလိုက်တယ်။
"ဒါဖြင့်လည်း သူတို့ကိုမြစ်မြို့မှာနေခဲ့ခိုင်းလိုက်"
လင်းရှောင်က ဆိပ်ကမ်းကပ်ထားတဲ့သင်္ဘော
တွေဘေးမှာ လျှောက်ကြည့်နေသည်။
ဆိပ်ကမ်းတွင် လှေငယ်လေးတွေအများကြီး
ကျောက်ချထားပြီး ကြီးကြီးငယ်ငယ်
ပုံစံအတူတူပဲဖြစ်လေသည်။
ယူရှောင်းမိုလည်း ခနစဉ်းစားလိုက်ပြီး
ဖီချုံးတို့အားလှည့်ပြောလိုက်သည်။
"ဒါဆို မင်းတို့ကောင်တွေမြစ်မြို့မှာပဲ နေခဲ့ကြ၊
ငါတို့နှစ်ယောက်ပဲ လောကလိပ်နက်မျိုးနွယ်ကို
သွားရှာလိုက်မယ်"
"သခင် ကျွန်တော်လည်းလိုက်ချင်တယ်"
ဖီချုံးက နှုတ်ခမ်းစူပြီးသူ့အားစိတ်အားထက်သန်စွာ
ကြည့်လာသည်။ သူ့အပြင်ဘက်ကပုံပန်း
သွင်ပြင်က ရင့်ကျက်လာသော်ငြားလည်း
အကျင့်စရိုက်ကတော့အရင်ကနဲ့အတူတူပင်။
ယူရှောင်းမိုမှာ ပါးစပ်တွန့်မိသွားပြန်၏။
လူကြီးဖီချုံးနဲ့ အသားကျအောင်လုပ်ရပေဦးမည်၊
ခဏလောက်ကြာတော့ သူလေးလေးနက်နက်
ပြောလိုက်တော့သည်၊
"မရဘူး မင်းတို့ကောင်တွေလည်း လှေက
ဘယ်လောက်သေးလဲမြင်တာပဲ
လူနှစ်ယောက်သုံးယောက်ပဲဆံ့မယ်၊ ပြီးတော့
မင်းတို့တွေသွားရင်တောင် သိပ်အသုံးမဝင်ဘူး။
လူပိုများတာက ခရီးဖင့်စေတာပဲရှိတယ်၊
မင်းတို့ဒီမှာနေရင် မြစ်မြို့မှာဟိုဟိုဒီဒီ
ပတ်မေးကြည့်လို့ရပြီး လိပ်နက်မျိုးနွယ်အကြောင်း
တစ်ခုခုသိရရင် ငါတို့ကိုအသိပေးလို့ရတယ်"
"ဖီချုံးက လိမ္မာတဲ့ကလေးလေးဖြစ်ရမယ်လေ!"
မောင်ချုံးက ဖီချုံးရဲ့ဘေးနားလျှောက်လာကာ
ပြုံးလျက်ဖြင့် ခေါင်းကလေးကိုပုတ်ပေး
လေသည်။
ဖီချုံးမှာ ဇက်ပုသွားပြီး သူမအားအနည်းငယ်
ကြောက်ရွံ့စွာကြည့်လိုက်၏။ မောင်ချုံးရဲ့
လုပ်ဆောင်ချက်ကြီးကိုကြားထားပြီးပြီးချင်းမှာ
သူမကပြုံးပြလာတော့ အနည်းငယ်ကြောက်စိတ်
ဝင်မိလေသည်၊ "ကျွန်တော်လိမ္မာပါ့မယ်"
"ဒါဆို မင်းတို့ကောင်တွေအရင်ပြန်နှင့်ကြ"
သူတို့နောက်မှာ လူတစ်အုပ်ကြီးတို့လို့တွဲလောင်း
လိုက်နေရင် အခြားလူတွေရဲ့အာရုံကိုဆွဲဆောင်
မိဖို့လွယ်ကူတာကြောင့် ယူရှောင်းမိုချက်ချင်း
သူတို့ကိုမောင်းထုတ်လိုက်သည်။
အရမ်းကြီးထင်ရှားလွန်းနေရင်လည်း မကောင်း
ဘူးလေ။
မောင်ချုံးသည် စိတ်မပါလက်မပါဖြစ်နေသည့်
ဖီချုံးအားဆွဲခေါ် သွား၏။ ကျန်တဲ့သူများကလည်း
ကိုယ့်ဟာနဲ့ကိုယ်လိုက်သွားကြတော့သည်။
မြစ်မြို့တွင် တည်းခိုခန်းတစ်ခုရှိသည်။
သိပ်မကြီးသော်လည်း ၎င်းကမြစ်မြို့၏
တစ်ခုတည်းသောတည်းခိုခန်းဖြစ်လေသည်။
ထျန်းသောက်က ယူရှောင်းမိုကိုမြစ်မြို့အကြောင်း
ပြောပြခဲ့ဖူးတာကြောင့် ဒီအကြောင်းကို
မရောက်ခင်ကတင်သိထားပြီးသားဖြစ်သည်။
ဤနေရာက လိပ်နက်မျိုးနွယ်စုပေါ်လာဖို့
အဖြစ်နိုင်ဆုံးနေရာလို့လည်း ပြောခဲ့သေးသည်။
သူတို့ပြန်သွားတော့ ယူရှောင်းမိုလည်း
လင်းရှောင်ဘေးနားပြန်ပြေးသွားသည်။
သူတို့နှစ်ယောက်တည်းပဲ ရှိတာကတကယ်ပဲ
ပိုကောင်းလှသည်၊ လွတ်လပ်ပြီးအထိန်းအချုပ်
မဲ့တယ်.... လေထုကပို၍လတ်ဆတ်လာ
လေသည်။
"ပင်လယ်ထဲကို ဘယ်လှေနဲ့သွားကြမလဲ"
"အရင်ဆုံး တစ်ယောက်ယောက်ကိုမေးကြည့်
ရဦးမယ်၊ မြစ်မြို့ကငါးဖမ်းသမားတွေက
လှေငှားချင်ပါ့မလား မသိရသေးဘူးလေ"
ဆိပ်ကမ်းကငါးဖမ်းသမားတွေက သူတို့နဲ့
မပက်သတ်ချင်တာကို လင်းရှောင်သတိထားမိ
နှင့်ပြီးသားဖြစ်သည်။ သူတို့အဓိကရည်ရွယ်ချက်က
လှေငယ်လေးတစ်စင်းမဟုတ်ဘဲ
လောကလိပ်နက်မျိုးနွယ်စုအကြောင်း
ငါးဖမ်းသမားတွေကိုမေးဖို့ ဖြစ်တာကြောင့်
ကြည့်ရတာ ကိစ္စတွေကသူတို့ဆန္ဒရှိတဲ့အတိုင်း
ဖြစ်လာလောက်မည်မဟုတ်ပေ။
"ကောင်းပြီလေ!"
_________________________
//Zawgyi//
အပိုင္း(၅၃၃) ျမစ္ၿမိဳ႔
"ဟယ့္ရႈန္း...သခင္က သူ႔ကိုယ္ေရးကိုယ္တာကို
ထုတ္မေျပာဖို႔မေျပာခဲ့ဘူးလား...ဒါကို
မင္းက သူစိမ္းေတြကိုသာမာန္ကာလ်ွံကာပဲ
ေျပာျပလိုက္တယ္ေပါ့... ကိုယ့္အျပစ္ကိုယ္
သိရဲ့လား"
မ်က္ႏွာစိမ္း၏အသံသည္ ေဒါသပုန္ထေနသၫ့္ႏွယ္
ၾကမ္းရွၿပီးအက္ကဲြေနသည္။ ခႏၶာကိုယ္
တစ္ခုလံုးသည္ အနက္ေရာင္ႃခံုထည္ေအာက္
တြင္နစ္ျမဳပ္ေနကာ ေအးတိေအးစက္မ်က္ဝန္း
မ်ားသာေဖာ္ထားသည္၊ သူကထိတ္လန႔္
တုန္လႈပ္ေနသၫ့္ဟယ့္ရႈန္းအား
အမူအရာကင္းမဲ့စြာၾကၫ့္ေနေလသည္။
ဟယ့္ရႈန္းမွာ ေနာက္ဆံုးေတာ့တုန႔္ျပန္လာၿပီး
ကတိုက္ကရိုက္ လက္ႏွစ္ဖက္ယွက္လိုက္၏။
သူက ေလးေလးစားစားေျပာလိုက္သည္၊
"အေထာက္ေတာ္ပါလား... အေထာက္ေတာ္က
သူ႔ဆံုးျဖတ္မႈမွာ တခြန္းစႏွစ္ခြန္းစဝင္ေျပာလို႔
ရႏိုင္တယ္ဆိုရင္ ဟယ့္ရႈန္းသိပ္ေတာ့မသိပါဘူး၊
အဲ့ဒီ့လူေတြက သခင္နဲ႔ဘာပတ္သက္မႈမွ
မရိွပါဘူး"
အနက္ေရာင္ဝတ္ႏွင့္လူက ေအးတိေအးစက္
ႏွာမႈတ္လိုက္သည္၊ "မင္းမလုပ္ရဲဘူးလို႔
ငါယံုတယ္၊ ဒီတစ္ခါလာတာက မင္းအတြက္
အထူးတာဝန္တစ္ခုရိွတယ္လို႔ သတင္းလာပို႔တာ"
"ေက်းဇူးျပဳျပီးေျပာပါ အေထာက္ေတာ္"
"ရွင္းခ်ီရဲ့တာဝန္က က်ရႈံးသြားတယ္၊ၿပီးေတာ့
က်ိရန္ၿမိဳ႔က ေရရွင္နယ္နိမိတ္ကိုသြားတဲ့
လမ္းမွာ ေရွာင္လို႔မရတဲ့ေနရာတစ္ခုျဖစ္ေနတယ္၊
ဒါ့ေၾကာင့္ အခုကစလို႔ၿမိဳ႔တံခါးေတြကို
အေစာင့္တင္းတင္းၾကပ္ၾကပ္ခ်ထားရမယ္၊
လိပ္မ်ိဳးႏြယ္စုက ဘယ္သူ႔ကိုမျွဖတ္သန္းသြား
လာခြင့္မျပဳရဘူး" အနက္ေရာင္ဝတ္ရံုႏွင့္
လူက ေမွာင္မိႈင္းစြာေျပာလာသည္။
ဟယ့္ရႈန္းမွာ တစ္စကၠန႔္ခန႔္ေတြေဝသြား၏။
"ဒါေပမယ့္ က်ဳပ္တို႔ လိပ္မ်ိဳးႏြယ္စုကလူေတြကို
ရွာေဖြေနတယ္လို႔သာ လူေတြသိသြားရင္
လိပ္နက္မ်ိဳးႏြယ္ကို ရန္စမိသလိုျဖစ္မသြား
ဘူးလား"
က်ိရန္ၿမိဳ႔သည္ ေလာကလိပ္နက္မ်ိဳးႏြယ္စု၏
ပိုင္နက္တစ္စိတ္တစ္ပိုင္းမဟုတ္ေသာ္ျငား
လိပ္နက္မ်ိဳးႏြယ္စုကဲ့သို႔ပင္ ေျမာက္အရပ္မွာ
တည္ရိွတာျဖစ္သည္။ သူတို႔ေတြ ဒါေၾကာင့္သာ
ေဒါသပုန္ထသြားရင္ သူ႔အတြက္က်ိရန္ၿမိဳ႔အား
ဆက္လက္ၿပီး အုပ္ခ်ဳပ္မင္းလုပ္ႏိုင္ရန္
မျဖစ္ႏိုင္ေတာ့ေပ။
"လိပ္မ်ိဳးႏြယ္စုကလူေတြကို ေန့ခင္းေၾကာင္ေတာင္
မွာလိုက္ရွာခိုင္းေနတာမဟုတ္ဘူး၊
ေမာ့က်င္းနဲ႔တူတဲ့လူေတြကိုရွာၿပီး
တိတ္တဆိတ္ကိုင္တြယ္လိုက္ရင္ လံုေလာက္ၿပီ"
"ဟယ့္ရႈန္း နားလည္ပါၿပီ" စကားေျပာၿပီးတဲ့ေနာက္
ဟယ့္ရႈန္း လမ္းေလ်ွာက္သြားဖို႔ျပင္လိုက္
ေသာ္လည္း အနက္ဝတ္ႏွင့္လူဟာထြက္သြားဖို႔
စိတ္ကူးမရိွေသးတာကို
ရုတ္တရက္ေတြ့လိုက္ရသည္။ သူလည္း
မတတ္သာဘဲရပ္လိုက္ရ၏။
"ရွစ္က်ဲ႔ လူႀကီးမင္းမွာ တစ္ျခားအေရးႀကီးကိစၥ
ေတြရိွေသးလို႔မ်ားလား"
အနက္ဝတ္ႏွင့္လူ- "မင္းကိုအႏိုင္ရသြားတဲ့လူက
ဘယ္သူလဲ"
ဟယ့္ရႈန္းမွာ သူဒီအေၾကာင္းေမးလာေတာ့
အလြန္အမင္းအံ့ဩသြားရ၏။ သူရိုးရိုးသားသားပဲ
ျပန္ေျဖလိုက္သည္၊
"ဟယ့္ရႈန္း သူ႔ကိုမသိပါဘူး၊ ဒါေပမယ့္သူက
အဆင့္၁၂ရိွတဲ့ဆရာသခင္တစ္ဦးပဲ"
အနက္ဝတ္ႏွင့္လူသည္ သူ႔လက္အား
တစ္ခ်က္ၾကၫ့္သည္၊
"မင္းလက္ကသူလုပ္တာလား"
"ဟုတ္ပါတယ္ က်ဳပ္လက္ကိုအခ်ိန္မီဖယ္ထုတ္
လိုက္ႏိုင္လို႔သာမဟုတ္ရင္ အခုအခ်ိန္မွာ
လက္ပဲျဖစ္သြားမွာမဟုတ္တာကို
ေၾကာက္မိပါတယ္" ဒါကိုေတြးမိတဲ့အခါ
ဟယ့္ရႈန္းမွာ ခါးခါးသီးသီးရယ္လိုက္မိ၏။
အဆင့္၁၂ ဆရာသခင္တစ္ဦးဆိုတာ အမွန္ပင္
သူနဲ႔လက္လွမ္းမမီသၫ့္ အဆင့္တစ္ခုမွာ
ျဖစ္သည္၊ ၿပီးေတာ့ သူတို႔ရဲ့ခြန္အားကြာျခားခ်က္
ဟာလည္း မ်ားလြန္းသည္။
"ဘာျဖစ္ခဲ့တာလဲငါ့ကိုေျပာ" အနက္ဝတ္ႏွင့္လူက
ေျဖးညင္းစြာေျပာလာသည္။ အေၾကာင္းအရင္း
မရိွဘဲ အဆင့္၁၂ ဆရာသခင္တစ္ဦးေပၚ လာ
ျခင္းက သိပ္မူမမွန္ေပ။ ရွင္းခ်ီေျပာတဲ့
သူ႔လက္ကိုဆဲြၿဖဲလိုက္တဲ့လူအေၾကာင္း
သူျပန္ေတြးမိသည္။ သူတို႔ႏွစ္ေယာက္စလံုး
လက္တစ္ဖက္ဆံုးရႈံးလိုက္ရတယ္၊
အဲ့ဒီ့ႏွစ္ေယာက္က တစ္နည္းနည္းနဲ႔ဆက္ႏြယ္
ေနျခင္းပဲလား။
သူ ဒီကိစၥကိုဘာလို႔သိခ်င္ေနတာလဲ ဟယ့္ရႈန္း
မသိေခ်၊ သို႔ေသာ္လည္း ျဖစ္ပ်က္ခဲ့သမ်ွ
အေၾကာင္းစံုကို တိတိက်က်ပဲျပန္ေျပာျပလိုက္
သည္။
"မီးေတာက္အသံုးျပဳတဲ့သူ...အဆင့္၁၂
ဆရာသခင္?" အနက္ဝတ္ႏွင့္လူ၏
ေခါင္းထဲမွာမီးလံုးတစ္လံုးလင္းသြား၏၊
ရုတ္ျခည္း သူေခါင္းေမာ့လိုက္သည္၊
"အဲ့ဒီ့လူမ်ားျဖစ္ေနမလား"
"ဘယ္သူလဲ" သူကတစ္စံုတစ္ဦးႏွင့္
တဲြဘက္အလုပ္လုပ္ေနလိမ့္မယ္လို႔
ဟယ့္ရႈန္း မထင္ထားေခ်။
အနက္ေရာင္ဝတ္ႏွင့္လူသည္လည္း ယေန့မွာ
ဤမ်ွႀကီးမားသၫ့္သတင္းအားၾကားရမည္ဟု
မထင္ထားေပ၊ ေကာင္းကင္ဘံုက သူ႔အား
ကူညီေနေပသည္။ ဟယ့္ရႈန္း၏မေရမရာ
အသံကိုၾကားေတာ့ ရွင္းျပလိုက္သည္၊
"ဒီလူကို မင္းၾကားဖူးေလာက္မယ္၊ ငါမွန္းတာ
မမွားရင္ သူကနတ္ေဒဝါဆယ္ပါးအဆင့္ရဲ့
နံပါတ္တစ္ ၊ ယူအန္းထိုက္နဲ႔ လင္းယုန္အဖိုးႀကီးကို
အႏိုင္ယူခဲ့တဲ့လင္းေမာ့ပဲ၊ အခု အျပင္ဘက္မွာ
ေတာ္ေတာ္ေလးဖရိုဖရဲျဖစ္ေနတယ္၊ ဒါ့ေၾကာင့္
မင္းသူ႔အေၾကာင္းမၾကားဖူးရင္ေတာင္
နည္းနည္းပါးပါးစံုစမ္းၾကၫ့္ရင္ သိရလိမ့္မယ္"
ဟယ့္ရႈန္း အံ့ဩတုန္လႈပ္သြားသည္။ ဒါေပါ့
သူဒီလူ႔အေၾကာင္းၾကားဖူးတယ္၊
"ဒါေပမယ့္သူကအဆင့္၁၁ၾကယ္ခုနစ္ပြင့္
မဟုတ္ဘူးလား၊ ဘယ္တုန္းကအဆင့္၁၂
ဆရာသခင္ျဖစ္သြားတာလဲ"
"ငါလည္းမေသခ်ာဘူး၊ ဒါေပမယ့္ သခင့္ကို
ဒီအေၾကာင္းအသိေပးရဦးမယ္၊ ၿပီးေတာ့
တစ္ေယာက္ေယာက္ကသူတို႔ေနာက္လိုက္သြားဖို႔
နည္းလမ္းတစ္ခုရွာထား၊ သူတို႔ဘယ္မွာရိွလဲ
ငါတို႔သိေနရမယ္၊ သခင့္ဆီကျပန္ၾကားရၿပီးရင္
ေနာက္ဆံုးဆံုးျဖတ္ခ်က္ခ်မယ္"
ဟယ့္ရႈန္းလည္း ေလ်ွာက္လဲခ်က္မ်ားအား
ျပန္မ်ိဳခ်လိုက္ရံုသာတတ္ႏိုင္သည္၊
"ဟုတ္ကဲ့ပါ!"
အနက္ဝတ္ႏွင့္လူ ထြက္ခြာသြားသၫ့္အခါ
ဟယ့္ရႈန္းသည္ ထိုေနရာတြင္ပင္ ဖတ္၍မရတဲ့
အမူအရာႏွင့္ရပ္ေနခဲ့သည္။
အဆင့္၁၂ ဆရာသခင္တစ္ေယာက္ကို
သူ႔လူေတြကိုေနာက္ေယာင္ခံခိုင္းရမယ္?
သူ႔လူေတြကို ေသဖို႔လႊတ္လိုက္ပါလို႔
ေျပာတာနဲ႔အတူတူပဲ မဟုတ္ဘူးလား?
ဤသို႔ေသာအရာမ်ိဳးက အေျပာကေတာ့လြယ္လွ
သည္၊ သို႔ေသာ္ အေကာင္ထည္ေဖာ္ရန္အတြက္ေတာ့
နည္းလမ္းလံုးဝမရိွေပ။
ဟယ့္ရႈန္းမွာ တေမ့တေမာစဉ္းစားၿပီးတဲ့ေနာက္မွ
အေတာ္အတန္အားနည္းတဲ့လူအနည္းငယ္
လႊတ္လိုက္ရန္ ဆံုးျဖတ္လိုက္ေတာ့သည္။
သူတို႔ေသသြားလည္း အဲ့ေလာက္ထိရင္နာဖို႔
ေကာင္းမွာမဟုတ္ေပ။
တစ္ခ်ိန္တည္းမွာပဲ ႏွစ္နာရီကုန္ဆံုးသြားေလၿပီ။
ယူေရွာင္းမိုရဲ့ဆက္ႏြယ္သားရဲေတြဟာ
အခ်ိန္တိက်စြာနဲ႔ ၿမိဳ႔ျပင္တံခါးမွာေပၚ လာ
ၾကသည္။ လူအုပ္အႀကီးႀကီးတစ္အုပ္သည္
မ်က္စိဖမ္းစားႏိုင္ေသးကာ ၿမိဳ႔တံခါးအျပင္ဘက္က
အေစာင့္မ်ားပင္ ခဏခဏလွမ္းၾကၫ့္ေနၾက၏။
ေမာင္ခ်ဳံးသည္ ပိုင္ရွင္အမ်ိဳးသမီးအား
မည္သို႔အျပစ္ေပးခဲ့ေၾကာင္း သူမအားမည္သို႔
ဖ်က္စီးခဲ့ေၾကာင္းမ်ားအပါအဝင္
တည္းခိုခန္းမွာျဖစ္ပ်က္ခဲ့သမ်ွကို
ေဖာက္သည္ခ်ေနေလသည္။
ရုပ္ရည္ပ်က္စီးသြားတဲ့အထဲမွာ တစ္ခ်ိဳ႕က
ေမွာ္ေဆးလံုးေတြနဲ႔ျပန္ကုသလို႔ရေပမယ့္
တစ္ခ်ိဳ႕ကေတာ့ မရဘူးျဖစ္သည္။
သူတို႔ႏွစ္ေယာက္လံုးက မိန္းမေတျြဖစ္ေပမယ့္လည္း
ဒီတစ္ႀကိမ္မွာေမာင္ခ်ဳံးက ေသေစႏိုင္ေလာက္တဲ့
ထိုးႏွက္ခ်က္ကိုေပးခဲ့တာျဖစ္သည္။
သာမာန္ေမွာ္ေဆးလံုးက သူမရဲ့ရုပ္သြင္ကို
ျပန္လည္ေကာင္းမြန္ေစရန္
ဘယ္နည္းႏွင့္မွ မျဖစ္ႏိုင္ေပ၊ ၿပီးေတာ့
ဒီကိစၥက ေမာင္ခ်ဳံးႀကိဳတြက္ခ်က္ထားသၫ့္ကိစၥ
ျဖစ္ေပသည္။
ဟယ့္ရႈန္းက ဉာဏ္ေျပးသၫ့္လူမ်ိဳးျဖစ္၏။
ပိုင္ရွင္သူေဌးက သူ႔ကိုလူအမ်ားေရ႔ွမွာ
အရူးျဖစ္ေစခဲ့သလို စြမ္းအင္ေက်ာက္တံုးပမာဏ
အမ်ားႀကီးကိုလည္း ေပးရေအာင္လုပ္ခဲ့ေသးသည္။
ရုပ္ရည္ပ်က္စီးသြားေသာပိုင္ရွင္သူေဌးကို
ျမင္လ်ွင္ မည္သူကမွခ်စ္ျမတ္ႏိုးစိတ္ရိွေတာ့မည္
မဟုတ္ေပ၊ ထို႔ေၾကာင့္ ပိုင္ရွင္သူေဌး၏
က်ဆံုးခန္းသည္ အင္မတန္မွရင္နာဖြယ္ေကာင္း
ဖို႔မ်ားေပသည္။ သူမရုပ္ရည္ကို ျပန္လည္
ေကာင္းမြန္ေစႏိုင္မၫ့္ေမွာ္ေဆးလံုးတစ္လံုး
ရဖို႔ရန္ အခ်ိန္ၾကာျမင့္စြာေစာင့္ႏိုင္ရဖြယ္ရိွသည္။
ေမာင္ခ်ဳံးရဲ့ေမာက္မာဝင့္ႂကြားတဲ့အႃပံုးကို
ေတြ့ေတာ့ လူတိုင္းေက်ာခ်မ္းသြားၾကသည္။
'ငါဟာ မိန္းမတစ္ေယာက္ကိုရန္စမယ့္အစား
ေယာက္်ားတစ္ေယာက္ကိုပဲရန္စလိုက္မယ္'
ဟူသၫ့္စကားေနာက္ကြယ္မွာ တကယ္ပဲ
အမွန္တရားတစ္ခ်ိဳ႕ပါဝင္ေလသည္။
ထိုအခိုက္တြင္ အျပင္ေလာက၌
အလြန္အမင္းဆူညံေနၿပီး ယူေရွာင္းမိုႏွင့္
လင္းေရွာင္က လူအမ်ားအာရံုစိုက္ရာျဖစ္ေနတာကို
သူတို႔မသိေပ။
ေသြးေစြးနီမိသားစုသည္ လင္းေရွာင္က
ခ်ီလင္မ်ိဳးႏြယ္စုကမဟုတ္တာကို
အတည္ျပဳျပီးတဲ့ေနာက္တြင္ ယူေရွာင္းမိုအား
ဖမ္းဆီးၿပီးျပန္ေခၚ လာရန္ဆံုးျဖတ္လိုက္ၾက၏။
သို႔ျဖစ္ရာ သူတို႔သည္ေရွာင္ေယာင္
တကၠသိုလ္သို႔ လူမ်ားအထူးတလည္ေစလႊတ္
ခဲ့သည္၊ သို႔ေသာ္လည္း သူတို႔ကအဲ့ဒီမွာ
မရိွေနဘဲ ဘယ္သြားလဲဆိုတာလည္းဘယ္သူကမွ
မသိၾကေပ။
ကိစၥကမၿပီးျပတ္ေသးေသာ္ျငားလည္း
ဟိုဟိုသည္သည္ပ်ံ႔ႏွံ႔ေနၿပီျဖစ္၏။
ေသြးေစြးနီမိသားစုက ယူေရွာင္းမိုအားဖမ္းဆီး
ရာတြင္လူၾကားေကာင္းေစရန္ သူ႔ကို
သူခိုးဟုစြပ္စဲြၾကသည္။ ထို႔အျပင္ သူ႔မ်ိဳးရိုး
နာမည္သည္ယူျဖစ္သည္မို႔ ဤကိစၥကို
ေသြးေစြးနီမိသားစု၏ 'မိသားစုအေရး' ဟု
ေခါင္းစဉ္တပ္လိုက္ရာ အျပင္လူမ်ားမွာ
ေနာက္ဆုတ္ေပးလိုက္ရေလသည္။
ယူေရွာင္းမိုမွာ ဒီအေၾကာင္းေတြကိုတစ္ခုမွ
မသိေခ်၊ အခုေလာေလာဆယ္မွာ သူက
ေရရွင္နယ္နိမိတ္သို႔ခရီးဆက္ေနေလၿပီ။
ေရရွင္နယ္နိမိတ္သည္ ေကြ့ပတ္စီးဆင္းေနသၫ့္
ျမစ္တစ္စင္းျဖစ္၏။ ျမစ္သည္ရွီက်င္း၏
ေျမာက္ဘက္အရပ္ဆီသို႔ စီးဆင္းလာၿပီး
ျမစ္ေရကလည္း ေရစီးသန္လာသည္။
'ျမစ္' ဟုေခၚ ေသာ္လည္း အမွန္မွာ
ပင္လယ္ႀကီးေလာက္က်ယ္လွသည္။
ေရရွင္နယ္နိမိတ္အတြင္းမွာ တစ္ႏွစ္ပတ္လံုး
ေနထိုင္ၾကသၫ့္ေလာကလိပ္နက္မ်ိဳးႏြယ္အျပင္
ေလာကလိပ္နက္မ်ားအေပၚ မွာ မွီခိုေနထိုင္ၾကသၫ့္
ေရေနနတ္ဆိုးသားရဲမ်ိဳးစိတ္မ်ားစြာလည္း
ရိွေသးသည္။
ယူေရွာင္းမို က်ိရန္ၿမိဳ႔ကေနထြက္လာၿပီးတဲ့ေနာက္မွာ
တစ္ရက္လံုးခရီသြားခဲ့ရၿပီးမွ ေရရွင္နယ္နိမိတ္၏
ဆိပ္ကမ္းၿမိဳ႔လည္းျဖစ္သၫ့္ ျမစ္ၿမိဳ႔ဆီသို႔
ဒုတိယေျမာက္ေန့ ေန့လည္ပိုင္းမွာေရာက္ေလ
သည္။
ျမစ္ၿမိဳ႔သည္ သိပ္မဖြံ႔ၿဖိဳးပါေခ်။
တစ္ဦးႏွင့္တစ္ဦးအေရး ေဝးေဝးေနၾကသၫ့္
သာမာန္လူသားမ်ားႏွင့္ နတ္ဆိုးသားရဲအငယ္
ေလးမ်ားရိွၾကသည္။ သူတို႔က အေရ႔ွႏွင့္
အေနာက္ပိုင္းျခားထားၾကသည္၊ လူသားေတြက
အေရ႔ွမွာေနၾကၿပီး နတ္ဆိုးသားရဲအငယ္ေလး
ေတြက အေနာက္ဘက္တြင္ေနၾကသည္။
ထို႔ျပင္ သူတို႔အားလံုးက ေရထဲမွာေနထိုင္ၾကသၫ့္
သတၲဝါေတျြဖစ္ၾကသည္။
အေရ႔ွႏွင့္အေနာက္နယ္ေျမအၾကားတြင္မူ
ၿငိမ္းခ်မ္းေရးလမ္းမႀကီးရိွေလသည္။
ၿငိမ္းခ်မ္းေရးလမ္းမသည္ ျမစ္ၿမိဳ႔၏
အစည္ကားဆံုးလမ္းျဖစ္၏။ လူသားျဖစ္ေစ
နတ္ဆိုးသားရဲျဖစ္ေစ ၿငိမ္းခ်မ္းေရးလမ္းမတြင္
စီးပြားေရးလုပ္ႏိုင္သည္။ သူတို႔မွာ
ျပႆနာရွာခြင့္မရိွေပ၊ မဟုတ္ပါက
ရာဇဝတ္မႈအား မွတ္တမ္းတင္ထားၿပီး
ျမစ္ၿမိဳ႔ကေနႏွင္ထုတ္ခံရႏိုင္ေျခပင္ရိွေလသည္။
ၿငိမ္းခ်မ္းေရးလမ္းမအဆံုးသည္
ေရရွင္နယ္နိမိတ္၏ ဆိပ္ကမ္းျဖစ္ေန၏။
ေန့လည္တစ္နာရီတြင္ ဆိပ္ကမ္းမွာ
လူစိမ္းတစ္အုပ္ရုတ္တရက္ေပၚလာၿပီး
ဆိပ္ကမ္းေနလူမ်ား၏အာရံုကို ဆဲြေဆာင္
သြားေလသည္။ ျမစ္ၿမိဳ႔က အျပင္လူေတြအေပၚ မွာ
သတိတထားရိွၾကၿပီး မ်ားေသာအားျဖင့္
ကိုယ့္သေဘာႏွင့္ကိုယ္ အျပင္လူေတြႏွင့္
စကားစျမည္ေျပာေလ့မရိွေပ။
ထိုလူစိမ္းတစ္အုပ္မွာ ယူေရွာင္းမိုတို႔ပင္။
ယူေရွာင္းမို ကမ္းကပ္ထားတဲ့သေဘၤာမ်ားအား
ၾကၫ့္လိုက္သည္။ သူတို႔အကုန္လံုးက
ရိုးရွင္းၿပီးအၾကမ္းထည္ဆန္သၫ့္ ေလွငယ္ေလး
မ်ားျဖစ္ၿပီး အနည္းငယ္ပိုႀကီးတဲ့ဟာဆိုရင္ေတာင္
လူသံုးေလးေယာက္ပဲ ဆံ့ႏိုင္သည္။
ထို႔ျပင္ လိႈင္းလံုးႀကီးနဲ႔ေတြ့ပါက ေမွာက္သြားမယ့္
သေဘာမွာရိွသည္။
"ၾကၫ့္ရတာ ကၽြန္ေတာ္တို႔အားလံုး
တစ္ၿပိဳင္နက္တည္းသြားလို႔မရဘူးထင္တယ္"
ယူေရွာင္းမို အိုးတို႔အမ္းတမ္းနဲ႔ေျပာလိုက္တယ္။
"ဒါျဖင့္လည္း သူတို႔ကိုျမစ္ၿမိဳ႔မွာေနခဲ့ခိုင္းလိုက္"
လင္းေရွာင္က ဆိပ္ကမ္းကပ္ထားတဲ့သေဘၤာ
ေတြေဘးမွာ ေလ်ွာက္ၾကၫ့္ေနသည္။
ဆိပ္ကမ္းတြင္ ေလွငယ္ေလးေတြအမ်ားႀကီး
ေက်ာက္ခ်ထားၿပီး ႀကီးႀကီးငယ္ငယ္
ပံုစံအတူတူပဲျဖစ္ေလသည္။
ယူေရွာင္းမိုလည္း ခနစဉ္းစားလိုက္ၿပီး
ဖီခ်ဳံးတို႔အားလွၫ့္ေျပာလိုက္သည္။
"ဒါဆို မင္းတို႔ေကာင္ေတျြမစ္ၿမိဳ႔မွာပဲ ေနခဲ့ၾက၊
ငါတို႔ႏွစ္ေယာက္ပဲ ေလာကလိပ္နက္မ်ိဳးႏြယ္ကို
သြားရွာလိုက္မယ္"
"သခင္ ကၽြန္ေတာ္လည္းလိုက္ခ်င္တယ္"
ဖီခ်ဳံးက ႏႈတ္ခမ္းစူၿပီးသူ႔အားစိတ္အားထက္သန္စြာ
ၾကၫ့္လာသည္။ သူ႔အျပင္ဘက္ကပံုပန္း
သြင္ျပင္က ရင့္က်က္လာေသာ္ျငားလည္း
အက်င့္စရိုက္ကေတာ့အရင္ကနဲ႔အတူတူပင္။
ယူေရွာင္းမိုမွာ ပါးစပ္တြန႔္မိသြားျပန္၏။
လူႀကီးဖီခ်ဳံးနဲ႔ အသားက်ေအာင္လုပ္ရေပဦးမည္၊
ခဏေလာက္ၾကာေတာ့ သူေလးေလးနက္နက္
ေျပာလိုက္ေတာ့သည္၊
"မရဘူး မင္းတို႔ေကာင္ေတြလည္း ေလွက
ဘယ္ေလာက္ေသးလဲျမင္တာပဲ
လူႏွစ္ေယာက္သံုးေယာက္ပဲဆံ့မယ္၊ ၿပီးေတာ့
မင္းတို႔ေတြသြားရင္ေတာင္ သိပ္အသံုးမဝင္ဘူး။
လူပိုမ်ားတာက ခရီးဖင့္ေစတာပဲရိွတယ္၊
မင္းတို႔ဒီမွာေနရင္ ျမစ္ၿမိဳ႔မွာဟိုဟိုဒီဒီ
ပတ္ေမးၾကၫ့္လို႔ရၿပီး လိပ္နက္မ်ိဳးႏြယ္အေၾကာင္း
တစ္ခုခုသိရရင္ ငါတို႔ကိုအသိေပးလို႔ရတယ္"
"ဖီခ်ဳံးက လိမၼာတဲ့ကေလးေလးျဖစ္ရမယ္ေလ!"
ေမာင္ခ်ဳံးက ဖီခ်ဳံးရဲ့ေဘးနားေလ်ွာက္လာကာ
ႃပံုးလ်က္ျဖင့္ ေခါင္းကေလးကိုပုတ္ေပး
ေလသည္။
ဖီခ်ဳံးမွာ ဇက္ပုသြားၿပီး သူမအားအနည္းငယ္
ေၾကာက္ရြံ႔စြာၾကၫ့္လိုက္၏။ ေမာင္ခ်ဳံးရဲ့
လုပ္ေဆာင္ခ်က္ႀကီးကိုၾကားထားၿပီးၿပီးခ်င္းမွာ
သူမကႃပံုးျပလာေတာ့ အနည္းငယ္ေၾကာက္စိတ္
ဝင္မိေလသည္၊ "ကၽြန္ေတာ္လိမၼာပါ့မယ္"
"ဒါဆို မင္းတို႔ေကာင္ေတြအရင္ျပန္ႏွင့္ၾက"
သူတို႔ေနာက္မွာ လူတစ္အုပ္ႀကီးတို႔လို႔တဲြေလာင္း
လိုက္ေနရင္ အျခားလူေတြရဲ့အာရံုကိုဆဲြေဆာင္
မိဖို႔လြယ္ကူတာေၾကာင့္ ယူေရွာင္းမိုခ်က္ခ်င္း
သူတို႔ကိုေမာင္းထုတ္လိုက္သည္။
အရမ္းႀကီးထင္ရွားလြန္းေနရင္လည္း မေကာင္း
ဘူးေလ။
ေမာင္ခ်ဳံးသည္ စိတ္မပါလက္မပါျဖစ္ေနသၫ့္
ဖီခ်ဳံးအားဆဲြေခၚ သြား၏။ က်န္တဲ့သူမ်ားကလည္း
ကိုယ့္ဟာနဲ႔ကိုယ္လိုက္သြားၾကေတာ့သည္။
ျမစ္ၿမိဳ႔တြင္ တည္းခိုခန္းတစ္ခုရိွသည္။
သိပ္မႀကီးေသာ္လည္း ၄ကျမစ္ၿမိဳ႔၏
တစ္ခုတည္းေသာတည္းခိုခန္းျဖစ္ေလသည္။
ထ်န္းေသာက္က ယူေရွာင္းမိုကိုျမစ္ၿမိဳ႔အေၾကာင္း
ေျပာျပခဲ့ဖူးတာေၾကာင့္ ဒီအေၾကာင္းကို
မေရာက္ခင္ကတင္သိထားၿပီးသားျဖစ္သည္။
ဤေနရာက လိပ္နက္မ်ိဳးႏြယ္စုေပၚလာဖို႔
အျဖစ္ႏိုင္ဆံုးေနရာလို႔လည္း ေျပာခဲ့ေသးသည္။
သူတို႔ျပန္သြားေတာ့ ယူေရွာင္းမိုလည္း
လင္းေရွာင္ေဘးနားျပန္ေျပးသြားသည္။
သူတို႔ႏွစ္ေယာက္တည္းပဲ ရိွတာကတကယ္ပဲ
ပိုေကာင္းလွသည္၊ လြတ္လပ္ၿပီးအထိန္းအခ်ဳပ္
မဲ့တယ္.... ေလထုကပို၍လတ္ဆတ္လာ
ေလသည္။
"ပင္လယ္ထဲကို ဘယ္ေလွနဲ႔သြားၾကမလဲ"
"အရင္ဆံုး တစ္ေယာက္ေယာက္ကိုေမးၾကၫ့္
ရဦးမယ္၊ ျမစ္ၿမိဳ႔ကငါးဖမ္းသမားေတြက
ေလွငွားခ်င္ပါ့မလား မသိရေသးဘူးေလ"
ဆိပ္ကမ္းကငါးဖမ္းသမားေတြက သူတို႔နဲ႔
မပက္သတ္ခ်င္တာကို လင္းေရွာင္သတိထားမိ
ႏွင့္ၿပီးသားျဖစ္သည္။ သူတို႔အဓိကရည္ရြယ္ခ်က္က
ေလွငယ္ေလးတစ္စင္းမဟုတ္ဘဲ
ေလာကလိပ္နက္မ်ိဳးႏြယ္စုအေၾကာင္း
ငါးဖမ္းသမားေတြကိုေမးဖို႔ ျဖစ္တာေၾကာင့္
ၾကၫ့္ရတာ ကိစၥေတြကသူတို႔ဆႏၵရိွတဲ့အတိုင္း
ျဖစ္လာေလာက္မည္မဟုတ္ေပ။
"ေကာင္းၿပီေလ!"
_________________________