The Legendary Master's Wife [...

By melon_rays

1.3M 243K 9.6K

Original Author- Yin Ya English Translators- Exiled Rebels Scanlations [Chapter(400)- (590)] (If you want t... More

Chapter-400
Chapter-401
Chapter-402
Chapter-403
Chapter-404
Chapter-405
Chapter-406
Chapter-407
Chapter-408
Chapter-409
Chapter-410
Chapter-411
Chapter-412
Chapter-413
Chapter-414
Chapter-415
Chapter-416
Chapter-417
Chapter-418
Chapter-419
Chapter-420
Chapter-421
Chapter-422
Chapter-423
Chapter-424
Chapter-425
Chapter-426
Chapter-427
Chapter-428
Chapter-429
Chapter-430⚠️
Chapter-431
Chapter-432
Chapter-433
Chapter-434
Chapter-435
Chapter-436
Chapter-437
Chapter-438
Chapter-439
Chapter-440
Chapter-441
Chapter-442
Chapter-443
Chapter-444
Chapter-445
Chapter-446
Chapter-447
Chapter-448⚠️
Chapter-449
Chapter-450
Chapter-451
Chapter-452
Chapter-453
Chapter-454
Chapter-455
Chapter-456
Chapter-457
Chapter-458
Chapter-459
Chapter-460
Chapter-461
Chapter-462
Chapter-463
Chapter-464
Chapter-465
Chapter-466
Chapter-467
Chapter-468
Chapter-469
Chapter-470
Chapter-471
Chapter-472
Chapter-473
Chapter-474
Chapter-475
Chapter-476
Chapter-477
Chapter-478
Chapter-479
Chapter-480
Chapter-481
Chapter-482
Chapter-483
Chapter-484
Chapter-485
Chapter-486
Chapter-487
Chapter-488
Chapter-489
Chapter-490
Chapter-491
Chapter-492
Chapter-493
Chapter-494
Chapter-495
Chapter-496
Chapter-497
Chapter-498
Chapter-499
Chapter-500
Chapter-501
Chapter-502
Chapter-503
Chapter-504
Chapter-505
Chapter-506
Chapter-507
Chapter-508
Chapter-509
Chapter-510
Chapter-511(Unicode)
Chapter-511(Zawgyi)
Chapter-512
Chapter-513(part-1)
Chapter-513(part-2)
Chapter-514
Chapter-515
Chapter-516
Chapter-517
Chapter-518
Chapter-519
Chapter-520
Chapter-521
Chapter-522
Chapter-523
Chapter-524
Chapter-525
Chapter-526
Chapter-527
Chapter-528
Chapter-529
Chapter-530
Chapter-532
Chapter-533
Chapter-534(part-1)
Chapter-534(part-2)
Chapter-535
Chapter-536
Chapter-537
Chapter-538
Chapter-539
Chapter-540
Chapter-541
Chapter-542
Chapter-543
Chapter-544
Chapter-545
Chapter-546
Chapter-547
Chapter-548
Chapter-549
Chapter-550
Chapter-551
Chapter-552
Chapter-553
Chapter-554
Chapter-555
Chapter-556
Chapter-557
Chapter-558
Chapter-559
Chapter-560
Chapter-561
Chapter-562
Chapter-563
Chapter-564
Chapter-565
Chapter-566
Chapter-567
Chapter-568
Chapter-569
Chapter-570
Chapter-571
Chapter-572
Chapter-573
Chapter-574
Chapter-575
Chapter-576
Chapter-577
Chapter-578
Chapter-579
Chapter-580
Chapter-581
Chapter-582
Chapter-583
Chapter-584
Chapter-585
Chapter-586
Chapter-587
Chapter-588
Chapter-589
Chapter-590
Book ခဲြျခင္း / Book ခွဲခြင်း

Chapter-531

6K 1.1K 129
By melon_rays

//Unicode//

[စကားများအားတိုက်ရိုက်ဘာသာပြန်ထားပါသည်]

အပိုင်း ၅၃၁- အံ့ဩဖွယ်ကောင်းသောမောင်ချုံး

မတန်မရာဈေးတင်ထားတာပဲ!!

ယူရှောင်းမိုမှာ စွမ်းအင်ကျောက်တုံးရှိသည်၊
လူသားအဆင့်လွန်မှော်ဆရာတစ်ယောက်က
ဘယ်လိုလုပ်မွဲတေနေပါ့မလဲ။ စွမ်းအင်ကျောက်တုံး
နှစ်သောင်းတစ်ထောင်မပြောနဲ့ သန်းနှစ်ဆယ်
ဆိုရင်တောင် သူ့အတွက်မပြောပလောက်ဘူး။
သို့သော်လည်း ဒီလိုတော့အလိမ်မခံနိုင်ဘူး
ဖြစ်သည်။

"မင်းတို့သူဌေးဘယ်မလဲ!?"
ယူရှောင်းမိုရဲ့အမူအရာသည်အေးစက်နေ၏။

ထိုလူကြီး၏အမူအရာက
နောက်ဆုံးမှာတော့အတုအယောင်ကြင်နာတတ်ဟန်
များကွာကျသွားပြီး ထေ့ငေါ့လှောင်ပြောင်ဟန်များ
ထင်ဟပ်လာတော့သည်၊
"ငါ့သူဌေးကိုသွားခေါ် ပေးရင်တောင်မှ
ရိုးရိုးသားသားပြောရရင် သူမကလုပ်ခိုင်းတာပဲ...
ကိုယ့်စကားကိုယ်ကြည့်ပြောတာကောင်းမယ်"

အဲ့ခွေးမ!

ယူ​ရှောင်းမို တကယ်ပဲနားမလည်တော့။
ဒီမိန်းမကိုသူဘယ်တုန်းက ရန်စမိလို့လဲ?
သူတို့ဆုံဖူးတာ ပထမဆုံးအကြိမ်ပဲရှိသေးတာ၊
ဒီ့အရင်ကဆုံဖူးဖို့ဆိုတာ မဖြစ်နိုင်ဘူး။

"လေသံပြင်လိုက်စမ်း၊ ရှင့်သူဌေးက
အရက်ဆိုင်ပိုင်ရှင်လေးဖြစ်တာနဲ့ပဲ လူတွေကို
သူကြိုက်သလိုလိမ်စားလို့ရတယ်လို့ထင်နေတာ
တော့မဟုတ်ပါဘူးနော်?"
မောင်ချုံး၏နှုတ်ခမ်းထောင့်များက ကွေးညွတ်သွား
သည်၊ သူမရဲ့ညှို့ဓါတ်ပါတဲ့မျက်ဝန်းများသည်
ထက်ရှသွားကာ အန္တရာယ်များတဲ့အလှကို
ပို၍ဆွဲဆောင်မှုပြင်းသွားစေ၏။

ယောက်ျားကြီးက ခနမျှတောင့်ခဲသွားပြီး
အာရုံများသွားပြီးမှအသိပြန်ဝင်လာကာ
စူးစူးဝါးဝါးအော်ဟစ်လေသည်၊
"အဲ့လိုဆိုတော့ရောဘာဖြစ်လဲ? ဒါက
ငါတို့ပိုင်နက်ပဲ ငါတို့ပြောသမျှဖြစ်တယ်၊
ပိုက်ဆံမပေးရင် ကျိရန်မြို့ထဲကနေထွက်သွားဖို့
စဉ်းတောင်မစဉ်းစားနဲ့"

လင်းရှောင်က ခွက်ထဲကလက်ဖက်ရည်ပူပူကို
မှုတ်ပြီးတစ်ငုံသောက်လိုက်ကာ စားပွဲထိုးကို
အေးစက်စွာကြည့်လိုက်သည်၊
"ဒါဖြင့် စမ်းကြည့်လေ... ငါတို့တွေကျိရန်မြို့ထဲက
ထွက်သွားနိုင်မှာလားကြည့်ကြတာပေါ့"

စားပွဲထိုးသည် အလတ်ဆင့်နတ်ဆိုးသားရဲ
တစ်ကောင်သည်ဖြစ်၏။ လင်းရှောင်ရဲ့
အရှိန်အဝါပါးပါးလေးနဲ့တင် တစ်ဖက်လူက
တောင့်မခံနိုင်ဘဲ ခြေထောက်များပျော့ခွေလာကာ
လဲကျသွားလေသည်။

"ပြောရဲလှချည်လား!"

အဲ့ဒီ့အချိန်မှာပဲဖြစ်သည်၊ ဂုဏ်သရေရှိသီးသန့်ခန်း
၏တံခါးသည် အပြင်ဘက်မှတွန်းဖွင့်ခံလိုက်ရပြီး
အဖြူရောင်သဏ္ဍာန်တစ်ခုဝင်လာလေသည်။
၎င်းမှာ အရက်ဆိုင်၏သူဌေးပင်။
သူမ အဲ့အပြင်မှာဘယ်လောက်ကြာအောင်
စောင့်နေခဲ့လဲမှမသိတာ?

သူဌေးမ၏ ကိုယ်နှုတ်အမူအရာသည်အရင်ကလို
ကြည်လင်မြင့်မြတ်မှုမရှိတော့ပေ၊
လူတိုင်းရဲ့အထက်တွင် ရပ်နေသည့်အောင်နိုင်သူ
နတ်ဘုရားမတစ်ပါးကဲ့သို့ ယုံကြည်ချက်နှင့်
မာန်မာနများပြည့်လျှမ်းနေ၏။

လင်းရှောင်ကသူမကိုအေးစက်စွာကြည့်လိုက်သည်။
နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး၊
"ငါဘယ်လောက်ရဲရဲ မင်းရဲ့လိမ်စားနေတဲ့
ဆိုင်နဲ့ယှဉ်ရင်ဘာမှမဟုတ်သေးပါဘူး....
ထမင်းတစ်နပ်ကို စွမ်းအင်ကျောက်တုံး
နှစ်သောင်းတစ်ထောင်တဲ့လား...လူတွေကြားရင်
မင်းရဲ့စီးပွားရေးထိခိုက်မှာမကြောက်ဘူးလား?"

ပိုင်ရှင်က နူးညံ့စွာဖြင့်တခစ်ခစ်ရယ်ကာ
နားသယ်စပ်ကဆံပင်အခွေများအား လက်ဖြင့်
ဆော့ကစားနေသည်။ လင်းရှောင်အား
စိတ်ဝင်စားတဲ့အပြုံးနှင့်ကြည့်နေရင်း
သိက္ခာကင်းမဲ့တဲ့အမူအရာသို့ပြောင်းလဲသွားသည်။
မြေခွေးဖြစ်တဲ့မောင်ချုံးနှင့် မယှဉ်နိုင်သော်လည်း
ရုတ်တရက်ထွက်ပေါ်လာတဲ့ညှို့ဓါတ်သည်
လူများအားအကြည့်မလွှဲနိုင်အောင် ဖြစ်စေ၏။
ဥပမာဆိုရရင် သူတို့စားပွဲထိုးမှာ
သူမဆီကအကြည့်မလွှဲနိုင်တော့ပေ။

"ကျွန်မငြင်းပယ်လိုက်သရွေ့....ဒီကအကို...
သူတို့ကကျွန်မကိုယုံမယ်ထင်လား ဒါမှမဟုတ်
ရှင့်လိုအပြင်လူတွေကို ယုံမယ်ထင်လား?"
ပိုင်ရှင်က ယုံကြည်ချက်အပြည့်နှင့်ပြုံးလိုက်သည်။

သူမက သူတို့ကိုငွေညစ်ရန်အခိုင်အမာဆုံးဖြတ်
ထားကြောင်းဖော်ပြနေပေသည်။

ယူရှောင်းမို ဘယ်လောက်ပဲအအ ဘာဖြစ်နေလဲ
ဆိုတာတော့သူသိပါသေးတယ်။ အပြစ်ကင်းပြီး
ဣဒြေနဲ့သိက္ခာနဲ့နေတယ်လို့ထင်ရတဲ့
ဒီအရက်ဆိုင်သူဌေးက တကယ်တော့အရမ်း
နန့်တယ်၊ သူမကလင်းရှောင်ကို
မျက်စိကျနေတယ်။ ဒါကြောင့်ပဲသူတို့ကို
အခက်တွေ့အောင်လုပ်နေတာဖြစ်သည်။
ယူရှောင်းမို လင်းရှောင်ကိုစိန်းစိန်းဝါးဝါးကြည့်
လိုက်တယ်။ တအားရုပ်ဖြောင့်နေတာကိုး!!

"ဟေ့ သူဌေး.. ရှင့်ရဲ့အဲ့ဒီ့အော်ဂလီဆန်စရာ
ကောင်းတဲ့မျက်နှာထားကိုပြင်ဖို့ အကြံပေးချင်တယ်၊
မဟုတ်ရင် နောင်တရလိမ့်မယ်"
မောင်ချုံးက အပြုံးလေးနှင့်ပြောလိုက်သည်။
ဒီလိုစိတ်ရှုပ်ဖို့ကောင်းတဲ့လူမျိုးကို သူမ
ကောင်းကောင်းဆက်ဆံပေးပြီး သတိတောင်
ပေးလိုက်သေးတာ သူမကအရမ်းသဘောထား
ကြီးတာပဲ။

"နောင်တ?" ပိုင်ရှင်သည် မယုံကြည်နိုင်ဖွယ်
အကြောင်းတစ်စုံတစ်ရာကိုကြားလိုက်ရသည့်နှယ်
ရုတ်တရက်ထရယ်ကာ သူမရယ်သံက
နားမခံသာစရာရှိသည်။ စားပွဲထိုးကလည်း
ထရယ်၏။

သူမက ချက်ချင်းအရယ်ရပ်သွားပြီးနောက်
မောင်ချုံးကို ကြောချမ်းဖွယ်အကြည့်နှင့်
ကြည့်လေသည်၊ "ငါ့ကိုဒီလိုမျိုးပြောရဲတဲ့သူက
ပထမဆုံးပဲ၊ စိတ်ဝင်စားဖို့ကောင်းလိုက်တာ၊
အဲ့စကားက ငါ့အဘိဓာန်မှာမရှိဘူး၊
နောင်တရရမယ့်သူက နင်တို့ပဲ ငါမဟုတ်ဘူး"

"စောင့်ကြည့်နေလိုက်၊ မင်းတို့ဘယ်သူနဲ့
လာရှုပ်နေတာလဲမသိဘူးပဲ"
ပိုင်ရှင်က ကျောထောက်ပေးထားတဲ့အခါ
စားပွဲထိုးသည်တစ်ခါတစ်ရံတွင် သူ့အဆင့်ထက်
သာ၍ပြောဆိုတတ်ပြီး ဉာဏ်မဲ့ကာအကြောက်တရား
ကင်းမဲ့နေလေသည်။

"ကောင်းပြီလေ ငါတို့နောင်တရအောင်
လုပ်မယ့်အချိန်ကိုပဲစောင့်နေတော့မယ်၊
ဒါဖြင့်ရင် ငါတို့ပေးစရာမလိုတော့ဘူးထင်တယ်"
ယူရှောင်းမိုက အပြင်ဘက်လျှောက်သွားရင်း
ပြောလိုက်သည်။ ဒီတစ်ကြိမ်ကစားသောက်ပြီး
ငွေမရှင်းဘဲထွက်သွားဖူးတဲ့ ပထမဆုံးအကြိမ်
ဖြစ်ကာ အတွေ့အကြုံကတော့အတော်ပင်
စိတ်ပျက်ဖို့ကောင်းလေသည်။

"ထွက်သွားဖို့မစဉ်းစားနဲ့!"

လူထွားကြီးလေးယောက်က အထဲဝင်လာကာ
ထွက်ပေါက်ကိုပိတ်ထားလိုက်ကြသည်။

ဒီယင်ကောင်လေးတွေလောက်ကတော့
ယူရှောင်းမို သူတို့ကိုတစ်ချက်တည်းနှင့်
ကန်ထုတ်နိုင်သည်။ အခုလောလောဆယ်
သူစိတ်ညစ်နေတာကြောင့် သဘာဝအားဖြင့်
ညှာတာပေးမည်မဟုတ်ပေ။

ယူရှောင်းမို သူ့ဆီလာနေတဲ့လူထွားကြီးကို
ခြေထောက်တစ်ဖက်မြှောက်ပြီးကန်ထုတ်လိုက်
သည်။ တစ်ဖက်လူက ရှောင်ချိန်တောင်မရလိုက်ဘဲ
နောက်သို့လွင့်သွားကာ သူ့နောက်ကသုံးဦးနဲ့
တိုက်မိသွားတော့သည်။ သူတို့အုပ်စုဟာ
ချက်ချင်းလိမ့်သွားပြီး အရိုးကျိုးသံများနှင့်
အော်ဟစ်သံများထွက်လာလေသည်။
သူက တစ်ချက်တည်းနဲ့လေးယောက်စလုံးကို
ပွဲသိမ်းပေးလိုက်တာပါပင်။

ပိုင်ရှင်ရဲ့အမူအရာက အေးစက်သွားသည်၊
သို့သော်သူမ ထိတ်ထိတ်ပျာပျာဖြစ်မသွားပေ၊
"နင်တို့မလွတ်နိုင်ဘူး ဟယ့်ရှုန်းရောက်လာတော့မှာ
သူကနင်တို့ကိုလွယ်လွယ်လွှတ်ပေးမှာ
မဟုတ်ဘူး"

"ဟယ့်ရှုန်းက ဘယ်သူတုန်း"
ယူရှောင်းမို မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
ဒီပုဂ္ဂိုလ်က အကောင်ကြီးကြီးတစ်ကောင်ဖြစ်မယ်။

ပိုင်ရှင်ဖြစ်သူရဲ့နောက်မှာ အမြီးကုပ်နေသည့်
စားပွဲထိုးသည်ခေါင်းထွက်လာပြီး
ဝင့်ကြွားမှုအပြည့်ဖြင့်ပြောလေသည်၊
"ဟယ့်ရှုန်းက ကျိရန်မြို့သခင်ပဲ၊ သူကကျိရန်မှာ
အသန်မာဆုံးဖြစ်ပြီး ပိုင်ရှင်ရဲ့ထောက်ပံ့သူ၊
မင်းတို့တွေဘယ်သူမှလွတ်မှာမဟုတ်ဘူး"

ပိုင်ရှင်က ခါးကော့လိုက်ကာသူမနှုတ်ခမ်းတွေက
အနည်းငယ်တွန့်ကွေးသွား၏။

ဟယ့်ရှုန်းက ရုပ်ဆိုးပေမယ့်လို့တကယ်ပဲ
သန်မာလှသည်၊ နောက်ပြီးဟယ့်ရှုန်းကသူမကို
နှစ်သက်သည်။ သူမကစားသောက်ဆိုင်
ဖွင်ရတာနှစ်သက်လို့ ဟယ့်ရှုန်းကဒီတစ်ခုကို
ဖွင့်ပေးထားတာဖြစ်သည်။

သူမ အခုဖြစ်သွားတာတွေကိုဟယ့်ရှုန်းဆီ
သတင်းပို့ဖို့ရန် လူလွှတ်စရာမလိုပေ။
သူကအခုဆိုလမ်းမှာတောင်ရောက်နေလောက်ပြီ။

လင်းရှောင်က လက်ဖက်ရည်ကိုလက်စသတ်ပြီး
ထရပ်လိုက်သည်။ သူ့ပုံစံသည် အရပ်ရှည်ပြီး
ကျစ်လျစ်ကာ သူတို့နှစ်ဦးကိုအံ့ဩသွားစေပုံ
ပေါ်သည်။ ပိုင်ရှင်သူဌေး၏မျက်ဝန်းများသည်
တောက်ပသွားပုံပင်။

"အကို ရှင်သိပါတယ်...ဒီလိုတွေလုပ်စရာ
မလိုပါဘူး... ရှင်သာကျွန်မပြောတာတွေကို
လိုက်လျောပေးမယ်ဆိုရင် ကျွန်မကတိပေးတယ်၊
ရှင့်အဖော်တွေကို အန္တရာယ်မပြုဖို့ဟယ့်ရှုန်းကို
ပြောပေးမယ်" သူမမျက်လုံးတွေက
လင်းရှောင်ဆီကမခွာပေ၊ သူမရဲ့တပ်မက်မှုတွေက
အမူအရာအတိုင်းပဲ ထင်ရှားလှသည်။
ဒီလောက်ချောမောတဲ့ယောကျ်ားကို
သူမမမြင်ဖူးပေ။ သူနှင့်ယှဉ်ရင်
ဟယ့်ရှုန်းက လမ်းပေါ် ကနွားချေးသာသာပင်။

ယူရှောင်းမို လောကကြီးရဲ့အမှန်တရားတစ်ခုကို
သိလိုက်ရသည်။

တဏှာရာဂလောဘတွေကိုစွန့်လွှတ်ဖို့က
ခက်လှသည်၊ သို့ပေမယ့်
ဆန့်ကျင်ဘက်အားဖြင့် စွန့်လွှတ်ခြင်းကနေ
ရာဂလမ်းကိုသွားရသည်ကတော့ လွယ်လှသည်။
တကယ်ပဲ စာအုပ်တစ်အုပ်ကိုအဖုံးကိုကြည့်ပြီး
ဆုံးဖြတ်လို့မရပေ။ သူဒီဆိုင်ကိုရွေးမိတာ
နောင်တရလာ၏။

"စဉ်းတောင်မစဉ်းစားနဲ့!" ယူရှောင်းမို
မနေနိုင်ဘဲအော်ဟစ်မိသည်။ သူမမှာဒီဟယ့်ရှုန်း
ဆိုတဲ့ကောင်ရှိနေတာတောင် အခြားယောက်ျားတွေ
လိုချင်နေသေးတယ်။ သူမအာသာမပြေနိုင်လို့
ဆိုရင်တောင် သူ့လူကိုတော့လာမကြည့်သင့်ဘူး။
ကျိရန်မြို့မှာယောကျ်ားတွေမှအများကြီး ရှိသေးတာပဲ!

ပိုင်ရှင်ဖြစ်သူ၏အမူအရာသည် ရှုံ့တွသွားကာ
သူ့ကိုမက်မွန်ပွင့်သဏ္ဍာန်မျက်လုံးများနှင့်
စိုက်ကြည့်လာ၏၊
"သူတောင်ဘာမှမပြောရသေးဘူး နင်ကဘာတွေ
လာပြောနေတာလဲ? သွားစမ်းပါ"

ယူရှောင်းမို ဒေါသထွက်လာသည်၊
"သူကငါ့လူ ဘာလို့မပြောရမလဲ? မင်းသာ
သွားစမ်းပါ ဘာတွေသောက်ကျိုးလာနည်း
နေတာလဲ!?"

ပိုင်ရှင်သည်အံ့ဩသွား၏။

သူမအထင်မှာ ထိုအန္တရာယ်များတဲ့အလှနှင့်
မိန်းမကသူနဲ့အတူရှိနေတဲ့တစ်ယောက်ဖြစ်သည်။
လူငယ်လေးဖြစ်နေမယ်လို့ မတွေးထားချေ။
လိင်တူခြင်းနှစ်သက်တာက ကျိရန်မြို့မှာလည်း
မရှားတာကြောင့် အဲ့ဒါနဲ့ပက်သတ်လို့
ထိတ်လန့်သွားစရာမရှိပေ။

"သခင် စိတ်လျော့ပါ!" မောင်ချုံးကသူ့ကို
နှစ်သိမ့်ပေးလိုက်သည်၊ "မိန်းမပျက်သာသာပဲရှိတဲ့
ဒီလိုအမှိုက်အတွက် ဒေါသထွက်ရတာမတန်ပါဘူး..
သူမကြောင့်သခင့်ကျန်းမာရေးကို
အထိခိုက်မခံပါနဲ့"

အခန်းတစ်ခုလုံးတိတ်ဆိတ်သွားသည်။

ယူရှောင်းမို စိုက်ကြည့်လိုက်မိသည်။
ဒါကမောင်ချုံးလား? သူ့အမြင်ထဲကမောင်ချုံးက
ဣဒြေကြီးတဲ့အလှလေးဖြစ်သည်။
သူမဆဲတာကိုကြားဖူးသည်မှာ ဒီနေ့ကပထမဆုံးပင်။
တကယ်ကို နေ့တိုင်းနေ့တိုင်းအသစ်တွေ
သင်ယူနေရတာပဲ။

မောင်ချုံးက စိတ်ထဲမထားပုံပေါ် ကာဆက်သည်၊
"သခင်...စိတ်တိုနေသေးတယ်ဆိုရင်
ကျွန်မ သူ့ကိုသင်ခန်းစာပေးလိုက်မယ်လေ...
အကြီးအကဲရဲ့အလှကိုတပ်မက်ရဲသေးလား
ကြည့်ကြတာပေါ့"

ယူရှောင်းမို မေးရိုးပြုတ်ကျသွားရသည်။

မောင်ချုံးက သူသဘောတူတယ်လို့မှတ်ယူ
လိုက်ကာ ပိုင်ရှင်မိန်းမကိုရက်စက်သည့်
အငွေ့အသက်များဖြင့်ကြည့်လိုက်သည်။

ပိုင်ရှင်မှာ ဒေါသထွက်နေကာသူမရဲ့မျက်နှာတစ်ခုလုံး
ရှုံ့တွနေလေသည်၊
"ခွေးမ! ပြောရဲရင်ထပ်ပြောကြည့်စမ်း!
ပါးစပ်ကိုဆွဲဆုတ်ပစ်မယ်!"

အတုအယောင်စင်ကြယ်မှုနဲ့ ဣဒြေသိက္ခာဆိုတာ
အမြဲလိုလိုကွာကျတာမြန်တယ်။
သူမရဲ့ရည်မွန်တဲ့အလှက အခုတော့ဘယ်မလဲ?

သို့ပေမယ့် သူမရဲ့စရိုက်ကဘယ်လိုလုပ်
ဒီလိုဖြစ်လာရတာလဲခန့်မှန်းဖို့မခက်ပေ။

ကြောင်နတ်ဆိုးတွေက အသက်ရှင်ရပ်တည်နိုင်ဖို့
စွမ်းအားကြီးပုဂ္ဂိုလ်တွေကို မှီခိုရသည်၊
သို့ပေမယ့် သူတို့အားလုံးကယောက်ျားဖြစ်စေ
မိန်းမဖြစ်စေ ညှို့ဓါတ်ပြင်းတဲ့အလှကို
ပိုင်ဆိုင်ထားကြပြီး ရုပ်ရည်ချောမောကြသည်။
သူတို့ကိုယှဉ်လုနေတဲ့ လက်ရွေးစင်တွေမှ
အများကြီးပဲဖြစ်သည်။ ဤပိုင်ရှင်အမျိုးသမီး
ကဲ့သို့ပင်။

သူမသည် ကြောင်နတ်ဆိုးမျိုးနွယ်စုတွင်
နံပါတ်တစ်အလှလေးဖြစ်လေသည်။
အရင်က ကျိရန်မြို့ကလက်ရွေးစင်သုံးဦးက
သူမကိုယှဉ်လုခဲ့ကြပေသည်။ အဆုံးတွင်
ဟယ့်ရှုန်းကအနိုင်ရခဲ့ကာ တစ်ခုသော
စားသောက်ဆိုင်၏တစ်ဦးသောပိုင်ရှင်သည်
ဟယ့်ရှုန်းရဲ့အမျိုးသမီးဆိုတာကို ကျိရန်
တစ်မြို့လုံးသိကြလေသည်။ ဟယ့်ရှုန်းက
ဤမိန်းမအားအမှန်ပင်တန်ဖိုးထားကာ
တောင်းဆိုသမျှ လိုက်လျောပေးတာချည်းသာ
ဖြစ်သည်။ ထို့ကြောင့် ဘယ်သူကမှသူမကို
မဆန့်ကျင်ရဲကြတော့ပေ။

စွမ်းအားကြီးတဲ့လူတစ်ယောက်ရဲ့နောက်ခံနဲ့
ပိုင်ရှင်သူဌေးကမှ ယုံကြည်ချက်မရှိရင်
ဘယ်သူကရှိတော့မလဲ?

မောင်ချုံးရဲ့အရိပ်က ဖြတ်ကနဲဖြင့်ကြောင်နတ်ဆိုး
၏အရှေ့တွင် ပေါ် လာကာလက်မြှောက်ပြီး
သူမရဲ့လှပတဲ့မျက်နှာကို ကြမ်းတမ်းစွာ
ရိုက်ချလိုက်သည်။ ပါးရိုက်လိုက်တဲ့အသံက
ကျယ်လောင်ပြီးပီသကာ ကြမ်းချက်က
ပိုင်ရှင်ရဲ့မျက်နှာကို တစ်ဖက်သို့လည်ထွက်
သွားစေသည်။

ပိုင်ရှင်က သူမရဲ့ရောင်ကိုင်းနေတဲ့မျက်နှာကို
ထိလိုက်ကာ လက်ဖက်ရည်ပန်းကန်ပြားလောက်
ပြူးကျယ်သည့်မျက်လုံးများဖြင့် မောင်ချုံးကို
မယုံကြည်နိုင်စွာကြည့်နေလေသည်။
သူမ ဒေါသထွက်လာပြီးနှုတ်ခမ်းများပင်
တုန်ရီလာ၏၊ "ခွေးမ ဘယ်လိုလုပ်ရဲ..."

ဖြန်း!

သူမစကားမဆုံးခင်မှာပဲ မောင်ချုံးက
ကျန်ပါးတစ်ဖက်ကိုရိုက်ချလိုက်ကာ
သူမမျက်နှာတစ်ခုလုံး ပေါက်စီတစ်လုံးလို
ရောင်ကိုင်းမလာခင်အထိ ဟိုဘက်သည်ဘက်
ဆယ်ချက်ထက်မနည်းရိုက်လေတော့သည်။

ပိုင်ရှင်သည် မူးဝေသွားကာကြမ်းပြင်ပေါ်
လဲကျသွားပြီး ရောက်ကိုင်းနေတဲ့မျက်နှာကို
လက်နှစ်ဖက်ဖြင့်အုပ်ထား၏။ သူမမျက်လုံးတွေက
မောင်ချုံးကိုကြည့်နေရင်း မီးပွားတွေထွက်လာပြီး
စူးနေအောင်အော်ဟစ်လေသည်၊
"ခွေးမ..."

မောင်ချုံးက သူမကိုကန်လိုက်သည်။

ပိုင်ရှင်ကမရှောင်နိုင်ပေ၊ ကြမ်းပြင်နဲ့နဖူးနဲ့
တိုက်မိသွားကာနီရဲလာတော့သည်။

မောင်ချုံးက ခပ်သဲ့သဲ့ရယ်လိုက်ကာ၊
"ခွေးမလို့ထပ်ပြောရင် အရေခွံဆုတ်ပစ်မယ်၊
ဘယ်လိုပဲနေနေ ငါလည်းအရေခွံတစ်စုံလို
နေတာပဲလေ"

ပိုင်ရှင်သည် ဟောဟဲလိုက်နေရင်းကြမ်းပြင်ပေါ် မှာ
ဒူးထောက်နေ၏။ သူမဒီလိုတစ်ခါမှ
အရှက်ခွဲမခံခဲ့ရဖူးပေ၊ ဒေါသကြောင့်တုန်ယင်
နေတော့သည်။ ဆဲပြီးဒေါသဖြေချင်ပါသော်လည်း
တစ်ဖက်က သူမကိုသတ်မှာကြောက်မိလေသည်။
သူမရဲ့လှပတဲ့မျက်လုံးများက မောင်ချုံးဆီသို့
ဓားများပစ်လွှတ်နေသည်။

"ဘာကြည့်တာလဲ? မျက်လုံးတွေရောဖောက်ထုတ်
ပေးရမလား?" မောင်ချုံးသည်မျက်ခုံးတစ်ဖက်
ပင့်လိုက်၏။

ပိုင်ရှင်က နောက်တစ်ခါထပ်မကြည့်ရဲတော့ပေ။

ယူရှောင်းမို အံ့ဩတကြီးကြည့်နေသည်။
တကယ့်နတ်ဘုရားပဲ!!

ဒီနေ့ တကယ်ပဲအသစ်တစ်ခုကိုသင်ယူလိုက်ရ
လေသည်။ ဆိုတော့ မောင်ချုံးကလည်း
အရမ်းမိမိုက်နိုင်တာပဲပေါ့! ပိုင်ရှင်သူဌေးလို
မောက်မာတဲ့မိန်းမမျိုးကို ထပ်တူညီတဲ့အဆိပ်နဲ့ပဲ
ရင်ဆိုင်လို့ရနိုင်မယ်။

မောင်ချုံးက အသာပြုံးနေရင်းသူတို့ဆီ
ပြန်ရောက်လာသည်။

စားပွဲထိုးမှာ ကြောက်စိတ်ကြောင့်ထုံအနေပြီ
ဖြစ်၏။ ပုံမှန်ဆိုလျှင် ဟယ့်ရှုန်းနာမည်ကို
ကြားတဲ့အခါ လူတွေကကြောက်လန့်တကြား
ဖြစ်သွားကြသည်။ သို့တိုင် ဒီလူများကတော့
သူဌေးကိုတိုက်ခိုက်ရဲကြသည်။ သူလည်း
ထပ်မပြောရဲတော့ချေ။

"သွားကြစို့" လင်းရှောင်က ထပြီးဝတ်ရုံကို
ဖုန်ခါသည်။ သူကပိုင်ရှင်သူဌေးကို တစ်ချက်ပင်
မကြည့်ပေ။ သူမမှာဦးနှောက်ရှိခဲ့ရင်တော့
သူကြည့်ကောင်းကြည့်ခဲ့ပေလိမ့်မည်၊
ဒါပေမယ့် သူမမှာဦးနှောက်မပါခဲ့ပေ။

ယူရှောင်းမို ခေါင်းညိတ်လိုက်သည်။
ဒီသောက်သုံးမကျတဲ့မိန်းမအပေါ် မှာ
အချိန်မဖြုန်းချင်ပေ။ ကျိရန်မြို့ကနေ
မြန်မြန်ပဲထွက်သွားရင် ပိုကောင်းပေလိမ့်မည်။
သူချက်ချင်း လင်းရှောင်အားငွေရောင်မျက်နှာဖုံး
ဝတ်ခိုင်းလိုက်သည်၊ တော်ကြာ
သူ့မျက်နှာကရူးကြောင်ကြောင်တွေကို
ဆွဲဆောင်လာပြန်အုံးမယ်။

ထိုအချိန်မှာပင် တံခါးပွင့်လာပြန်၏။

အတော်လေးရုပ်ဆိုးသည့်မျက်နှာနှင့်
လူထွားကြီးတစ်ဦး ဝင်လာပြီးတံခါးကို
သူ့ရဲ့ကြီးမားတဲ့ကိုယ်လုံးကြီးနဲ့ အလွယ်တကူပင်
ကာထားလိုက်သည်။ သူကဝင်လာချင်းချင်း
ဟောက်လေသည်၊
"ဟယ့်ရှုန်းရဲ့အချစ်လေးကို ဘယ်သူအနိုင်ကျင့်
ရဲတာလဲ?"

"အားးး....." သူမရဲ့ထောက်ပံ့သူရောက်လာတော့
ပိုင်ရှင်သည်နှိမ့်ချမနေတော့ဘဲ
အော်ဟစ်ငိုကြွေးလေပြီး သူမရဲ့ရောင်ကိုင်းနေတဲ့
မျက်နှာမှာရှုံ့တွလာတော့သည်။

"အချစ် ဘယ်သူလုပ်တာလဲ?" ပိုင်ရှင်အား
ကြမ်းပြင်ပေါ် မှာရှိနေသည်ကိုမြင်သောအခါ
ဟယ့်ရှုန်းရဲ့အမူအရာသည် ဆိုးရွားလာပြီး
မြန်မြန်သွားကာ နှလုံးနာနာဖြင့်
သူမကျိုးပဲ့သွားမှာစိုးသည့်အလား
ညင်ညင်သာသာထူမပေးလိုက်သည်။

ပိုင်ရှင်ရဲ့မျက်နှာက ကြောက်မက်ဖွယ်ကောင်းလှ
သည်၊ ယူရှောင်းမိုတို့အဖွဲ့ကို အဆိပ်ပြင်းစွာ
စိုက်ကြည့်လာ၏။ လင်းရှောင်နဲ့ပက်သတ်လို့
သူမဘယ်လောက်ပဲ သဘောကျခဲ့ပါ​စေ
ယခုတွင်တော့အမုန်းတရားကလွဲလို့
ဘာမှမဟုတ်တော့ပေ။ သူမဒီရန်ငြှိုးကို
ဘယ်သောအခါမှ လွှတ်ပေးမည်မဟုတ်ပေ။

"ဟယ့်ရှုန်းကော သူတို့ကိုသတ်ပေး"

ဟယ့်ရှုန်းသည် ယူရှောင်းမိုတို့တစ်ယောက်ချင်းစီကို
အေးစက်စက်ကြည့်လိုက်ပြီး ချောမောလှသည့်
လင်းရှောင်ဆီမှာတန့်သွား၏။ သူ့အကြည့်မှာ
သတ်ဖြတ်လိုစိတ်များလက်သွားပြီး
ရေခဲတမျှအေးစက်သောအသံဖြင့်၊
"ကိုယ့်ဘာကိုယ်ပဲ အဆုံးသတ်မလား
ငါကိုယ်တိုင်လုပ်ပေးရမလား?"
__________________________

//Zawgyi//

[စကားမ်ားအားတိုက္ရိုက္ဘာသာျပန္ထားပါသည္]

အပိုင္း ၅၃၁- အံ့ဩဖြယ္ေကာင္းေသာေမာင္ခ်ဳံး

မတန္မရာေဈးတင္ထားတာပဲ!!

ယူေရွာင္းမိုမွာ စြမ္းအင္ေက်ာက္တံုးရိွသည္၊
လူသားအဆင့္လြန္ေမွာ္ဆရာတစ္ေယာက္က
ဘယ္လိုလုပ္မဲြေတေနပါ့မလဲ။ စြမ္းအင္ေက်ာက္တံုး
ႏွစ္ေသာင္းတစ္ေထာင္မေျပာနဲ႔ သန္းႏွစ္ဆယ္
ဆိုရင္ေတာင္ သူ႔အတြက္မေျပာပေလာက္ဘူး။
သို႔ေသာ္လည္း ဒီလိုေတာ့အလိမ္မခံႏိုင္ဘူး
ျဖစ္သည္။

"မင္းတို႔သူေဌးဘယ္မလဲ!?"
ယူေရွာင္းမိုရဲ့အမူအရာသည္ေအးစက္ေန၏။

ထိုလူႀကီး၏အမူအရာက
ေနာက္ဆံုးမွာေတာ့အတုအေယာင္ၾကင္နာတတ္ဟန္
မ်ားကြာက်သြားၿပီး ေထ့ေငါ့ေလွာင္ေျပာင္ဟန္မ်ား
ထင္ဟပ္လာေတာ့သည္၊
"ငါ့သူေဌးကိုသြားေခၚ ေပးရင္ေတာင္မွ
ရိုးရိုးသားသားေျပာရရင္ သူမကလုပ္ခိုင္းတာပဲ...
ကိုယ့္စကားကိုယ္ၾကၫ့္ေျပာတာေကာင္းမယ္"

အဲ့ေခြးမ!

ယူ​ေရွာင္းမို တကယ္ပဲနားမလည္ေတာ့။
ဒီမိန္းမကိုသူဘယ္တုန္းက ရန္စမိလို႔လဲ?
သူတို႔ဆံုဖူးတာ ပထမဆံုးအႀကိမ္ပဲရိွေသးတာ၊
ဒီ့အရင္ကဆံုဖူးဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။

"ေလသံျပင္လိုက္စမ္း၊ ရွင့္သူေဌးက
အရက္ဆိုင္ပိုင္ရွင္ေလးျဖစ္တာနဲ႔ပဲ လူေတြကို
သူႀကိဳက္သလိုလိမ္စားလို႔ရတယ္လို႔ထင္ေနတာ
ေတာ့မဟုတ္ပါဘူးေနာ္?"
ေမာင္ခ်ဳံး၏ႏႈတ္ခမ္းေထာင့္မ်ားက ေကြးၫြတ္သြား
သည္၊ သူမရဲ့ၫွို႔ဓါတ္ပါတဲ့မ်က္ဝန္းမ်ားသည္
ထက္ရွသြားကာ အႏၲရာယ္မ်ားတဲ့အလွကို
ပို၍ဆဲြေဆာင္မႈျပင္းသြားေစ၏။

ေယာက္်ားႀကီးက ခနမ်ွေတာင့္ခဲသြားၿပီး
အာရံုမ်ားသြားၿပီးမွအသိျပန္ဝင္လာကာ
စူးစူးဝါးဝါးေအာ္ဟစ္ေလသည္၊
"အဲ့လိုဆိုေတာ့ေရာဘာျဖစ္လဲ? ဒါက
ငါတို႔ပိုင္နက္ပဲ ငါတို႔ေျပာသမ်ျွဖစ္တယ္၊
ပိုက္ဆံမေပးရင္ က်ိရန္ၿမိဳ႔ထဲကေနထြက္သြားဖို႔
စဉ္းေတာင္မစဉ္းစားနဲ႔"

လင္းေရွာင္က ခြက္ထဲကလက္ဖက္ရည္ပူပူကို
မႈတ္ၿပီးတစ္ငံုေသာက္လိုက္ကာ စားပဲြထိုးကို
ေအးစက္စြာၾကၫ့္လိုက္သည္၊
"ဒါျဖင့္ စမ္းၾကၫ့္ေလ... ငါတို႔ေတြက်ိရန္ၿမိဳ႔ထဲက
ထြက္သြားႏိုင္မွာလားၾကၫ့္ၾကတာေပါ့"

စားပဲြထိုးသည္ အလတ္ဆင့္နတ္ဆိုးသားရဲ
တစ္ေကာင္သည္ျဖစ္၏။ လင္းေရွာင္ရဲ့
အရိွန္အဝါပါးပါးေလးနဲ႔တင္ တစ္ဖက္လူက
ေတာင့္မခံႏိုင္ဘဲ ေျခေထာက္မ်ားေပ်ာ့ေခြလာကာ
လဲက်သြားေလသည္။

"ေျပာရဲလွခ်ည္လား!"

အဲ့ဒီ့အခ်ိန္မွာပဲျဖစ္သည္၊ ဂုဏ္သေရရိွသီးသန႔္ခန္း
၏တံခါးသည္ အျပင္ဘက္မွတြန္းဖြင့္ခံလိုက္ရၿပီး
အျဖဴေရာင္သ႑ာန္တစ္ခုဝင္လာေလသည္။
၄မွာ အရက္ဆိုင္၏သူေဌးပင္။
သူမ အဲ့အျပင္မွာဘယ္ေလာက္ၾကာေအာင္
ေစာင့္ေနခဲ့လဲမွမသိတာ?

သူေဌးမ၏ ကိုယ္ႏႈတ္အမူအရာသည္အရင္ကလို
ၾကည္လင္ျမင့္ျမတ္မႈမရိွေတာ့ေပ၊
လူတိုင္းရဲ့အထက္တြင္ ရပ္ေနသၫ့္ေအာင္ႏိုင္သူ
နတ္ဘုရားမတစ္ပါးကဲ့သို႔ ယံုၾကည္ခ်က္ႏွင့္
မာန္မာနမ်ားျပၫ့္လ်ွမ္းေန၏။

လင္းေရွာင္ကသူမကိုေအးစက္စြာၾကၫ့္လိုက္သည္။
ႏႈတ္ခမ္းေထာင့္မ်ား ေကြးၫြတ္သြားၿပီး၊
"ငါဘယ္ေလာက္ရဲရဲ မင္းရဲ့လိမ္စားေနတဲ့
ဆိုင္နဲ႔ယွဉ္ရင္ဘာမွမဟုတ္ေသးပါဘူး....
ထမင္းတစ္နပ္ကို စြမ္းအင္ေက်ာက္တံုး
ႏွစ္ေသာင္းတစ္ေထာင္တဲ့လား...လူေတြၾကားရင္
မင္းရဲ့စီးပြားေရးထိခိုက္မွာမေၾကာက္ဘူးလား?"

ပိုင္ရွင္က ႏူးညံ့စြာျဖင့္တခစ္ခစ္ရယ္ကာ
နားသယ္စပ္ကဆံပင္အေခြမ်ားအား လက္ျဖင့္
ေဆာ့ကစားေနသည္။ လင္းေရွာင္အား
စိတ္ဝင္စားတဲ့အႃပံုးႏွင့္ၾကၫ့္ေနရင္း
သိကၡာကင္းမဲ့တဲ့အမူအရာသို႔ေျပာင္းလဲသြားသည္။
ေျမေခြးျဖစ္တဲ့ေမာင္ခ်ဳံးႏွင့္ မယွဉ္ႏိုင္ေသာ္လည္း
ရုတ္တရက္ထြက္ေပၚလာတဲ့ၫွို႔ဓါတ္သည္
လူမ်ားအားအၾကၫ့္မလႊဲႏိုင္ေအာင္ ျဖစ္ေစ၏။
ဥပမာဆိုရရင္ သူတို႔စားပဲြထိုးမွာ
သူမဆီကအၾကၫ့္မလႊဲႏိုင္ေတာ့ေပ။

"ကၽြန္မျငင္းပယ္လိုက္သေရြ့....ဒီကအကို...
သူတို႔ကကၽြန္မကိုယံုမယ္ထင္လား ဒါမွမဟုတ္
ရွင့္လိုအျပင္လူေတြကို ယံုမယ္ထင္လား?"
ပိုင္ရွင္က ယံုၾကည္ခ်က္အျပၫ့္ႏွင့္ႃပံုးလိုက္သည္။

သူမက သူတို႔ကိုေငြညစ္ရန္အခိုင္အမာဆံုးျဖတ္
ထားေၾကာင္းေဖာ္ျပေနေပသည္။

ယူေရွာင္းမို ဘယ္ေလာက္ပဲအအ ဘာျဖစ္ေနလဲ
ဆိုတာေတာ့သူသိပါေသးတယ္။ အျပစ္ကင္းၿပီး
ဣေျဒနဲ႔သိကၡာနဲ႔ေနတယ္လို႔ထင္ရတဲ့
ဒီအရက္ဆိုင္သူေဌးက တကယ္ေတာ့အရမ္း
နန႔္တယ္၊ သူမကလင္းေရွာင္ကို
မ်က္စိက်ေနတယ္။ ဒါေၾကာင့္ပဲသူတို႔ကို
အခက္ေတြ့ေအာင္လုပ္ေနတာျဖစ္သည္။
ယူေရွာင္းမို လင္းေရွာင္ကိုစိန္းစိန္းဝါးဝါးၾကၫ့္
လိုက္တယ္။ တအားရုပ္ေျဖာင့္ေနတာကိုး!!

"ေဟ့ သူေဌး.. ရွင့္ရဲ့အဲ့ဒီ့ေအာ္ဂလီဆန္စရာ
ေကာင္းတဲ့မ်က္ႏွာထားကိုျပင္ဖို႔ အႀကံေပးခ်င္တယ္၊
မဟုတ္ရင္ ေနာင္တရလိမ့္မယ္"
ေမာင္ခ်ဳံးက အႃပံုးေလးႏွင့္ေျပာလိုက္သည္။
ဒီလိုစိတ္ရႈပ္ဖို႔ေကာင္းတဲ့လူမ်ိဳးကို သူမ
ေကာင္းေကာင္းဆက္ဆံေပးၿပီး သတိေတာင္
ေပးလိုက္ေသးတာ သူမကအရမ္းသေဘာထား
ႀကီးတာပဲ။

"ေနာင္တ?" ပိုင္ရွင္သည္ မယံုၾကည္ႏိုင္ဖြယ္
အေၾကာင္းတစ္စံုတစ္ရာကိုၾကားလိုက္ရသၫ့္ႏွယ္
ရုတ္တရက္ထရယ္ကာ သူမရယ္သံက
နားမခံသာစရာရိွသည္။ စားပဲြထိုးကလည္း
ထရယ္၏။

သူမက ခ်က္ခ်င္းအရယ္ရပ္သြားၿပီးေနာက္
ေမာင္ခ်ဳံးကို ေၾကာခ်မ္းဖြယ္အၾကၫ့္ႏွင့္
ၾကၫ့္ေလသည္၊ "ငါ့ကိုဒီလိုမ်ိဳးေျပာရဲတဲ့သူက
ပထမဆံုးပဲ၊ စိတ္ဝင္စားဖို႔ေကာင္းလိုက္တာ၊
အဲ့စကားက ငါ့အဘိဓာန္မွာမရိွဘူး၊
ေနာင္တရရမယ့္သူက နင္တို႔ပဲ ငါမဟုတ္ဘူး"

"ေစာင့္ၾကၫ့္ေနလိုက္၊ မင္းတို႔ဘယ္သူနဲ႔
လာရႈပ္ေနတာလဲမသိဘူးပဲ"
ပိုင္ရွင္က ေက်ာေထာက္ေပးထားတဲ့အခါ
စားပဲြထိုးသည္တစ္ခါတစ္ရံတြင္ သူ႔အဆင့္ထက္
သာ၍ေျပာဆိုတတ္ၿပီး ဉာဏ္မဲ့ကာအေၾကာက္တရား
ကင္းမဲ့ေနေလသည္။

"ေကာင္းၿပီေလ ငါတို႔ေနာင္တရေအာင္
လုပ္မယ့္အခ်ိန္ကိုပဲေစာင့္ေနေတာ့မယ္၊
ဒါျဖင့္ရင္ ငါတို႔ေပးစရာမလိုေတာ့ဘူးထင္တယ္"
ယူေရွာင္းမိုက အျပင္ဘက္ေလ်ွာက္သြားရင္း
ေျပာလိုက္သည္။ ဒီတစ္ႀကိမ္ကစားေသာက္ၿပီး
ေငြမရွင္းဘဲထြက္သြားဖူးတဲ့ ပထမဆံုးအႀကိမ္
ျဖစ္ကာ အေတြ့အႄကံုကေတာ့အေတာ္ပင္
စိတ္ပ်က္ဖို႔ေကာင္းေလသည္။

"ထြက္သြားဖို႔မစဉ္းစားနဲ႔!"

လူထြားႀကီးေလးေယာက္က အထဲဝင္လာကာ
ထြက္ေပါက္ကိုပိတ္ထားလိုက္ၾကသည္။

ဒီယင္ေကာင္ေလးေတြေလာက္ကေတာ့
ယူေရွာင္းမို သူတို႔ကိုတစ္ခ်က္တည္းႏွင့္
ကန္ထုတ္ႏိုင္သည္။ အခုေလာေလာဆယ္
သူစိတ္ညစ္ေနတာေၾကာင့္ သဘာဝအားျဖင့္
ၫွာတာေပးမည္မဟုတ္ေပ။

ယူေရွာင္းမို သူ႔ဆီလာေနတဲ့လူထြားႀကီးကို
ေျခေထာက္တစ္ဖက္ၿမွောက္ၿပီးကန္ထုတ္လိုက္
သည္။ တစ္ဖက္လူက ေရွာင္ခ်ိန္ေတာင္မရလိုက္ဘဲ
ေနာက္သို႔လြင့္သြားကာ သူ႔ေနာက္ကသံုးဦးနဲ႔
တိုက္မိသြားေတာ့သည္။ သူတို႔အုပ္စုဟာ
ခ်က္ခ်င္းလိမ့္သြားၿပီး အရိုးက်ိဳးသံမ်ားႏွင့္
ေအာ္ဟစ္သံမ်ားထြက္လာေလသည္။
သူက တစ္ခ်က္တည္းနဲ႔ေလးေယာက္စလံုးကို
ပဲြသိမ္းေပးလိုက္တာပါပင္။

ပိုင္ရွင္ရဲ့အမူအရာက ေအးစက္သြားသည္၊
သို႔ေသာ္သူမ ထိတ္ထိတ္ပ်ာပ်ာျဖစ္မသြားေပ၊
"နင္တို႔မလြတ္ႏိုင္ဘူး ဟယ့္ရႈန္းေရာက္လာေတာ့မွာ
သူကနင္တို႔ကိုလြယ္လြယ္လႊတ္ေပးမွာ
မဟုတ္ဘူး"

"ဟယ့္ရႈန္းက ဘယ္သူတုန္း"
ယူေရွာင္းမို မ်က္ခံုးတစ္ဖက္ပင့္လိုက္သည္။
ဒီပုဂၢိုလ္က အေကာင္ႀကီးႀကီးတစ္ေကာင္ျဖစ္မယ္။

ပိုင္ရွင္ျဖစ္သူရဲ့ေနာက္မွာ အၿမီးကုပ္ေနသၫ့္
စားပဲြထိုးသည္ေခါင္းထြက္လာၿပီး
ဝင့္ႂကြားမႈအျပၫ့္ျဖင့္ေျပာေလသည္၊
"ဟယ့္ရႈန္းက က်ိရန္ၿမိဳ႔သခင္ပဲ၊ သူကက်ိရန္မွာ
အသန္မာဆံုးျဖစ္ၿပီး ပိုင္ရွင္ရဲ့ေထာက္ပံ့သူ၊
မင္းတို႔ေတြဘယ္သူမွလြတ္မွာမဟုတ္ဘူး"

ပိုင္ရွင္က ခါးေကာ့လိုက္ကာသူမႏႈတ္ခမ္းေတြက
အနည္းငယ္တြန႔္ေကြးသြား၏။

ဟယ့္ရႈန္းက ရုပ္ဆိုးေပမယ့္လို႔တကယ္ပဲ
သန္မာလွသည္၊ ေနာက္ၿပီးဟယ့္ရႈန္းကသူမကို
ႏွစ္သက္သည္။ သူမကစားေသာက္ဆိုင္
ဖြင္ရတာႏွစ္သက္လို႔ ဟယ့္ရႈန္းကဒီတစ္ခုကို
ဖြင့္ေပးထားတာျဖစ္သည္။

သူမ အခုျဖစ္သြားတာေတြကိုဟယ့္ရႈန္းဆီ
သတင္းပို႔ဖို႔ရန္ လူလႊတ္စရာမလိုေပ။
သူကအခုဆိုလမ္းမွာေတာင္ေရာက္ေနေလာက္ၿပီ။

လင္းေရွာင္က လက္ဖက္ရည္ကိုလက္စသတ္ၿပီး
ထရပ္လိုက္သည္။ သူ႔ပံုစံသည္ အရပ္ရွည္ၿပီး
က်စ္လ်စ္ကာ သူတို႔ႏွစ္ဦးကိုအံ့ဩသြားေစပံု
ေပၚသည္။ ပိုင္ရွင္သူေဌး၏မ်က္ဝန္းမ်ားသည္
ေတာက္ပသြားပံုပင္။

"အကို ရွင္သိပါတယ္...ဒီလိုေတြလုပ္စရာ
မလိုပါဘူး... ရွင္သာကၽြန္မေျပာတာေတြကို
လိုက္ေလ်ာေပးမယ္ဆိုရင္ ကၽြန္မကတိေပးတယ္၊
ရွင့္အေဖာ္ေတြကို အႏၲရာယ္မျပဳဖို႔ဟယ့္ရႈန္းကို
ေျပာေပးမယ္" သူမမ်က္လံုးေတြက
လင္းေရွာင္ဆီကမခြာေပ၊ သူမရဲ့တပ္မက္မႈေတြက
အမူအရာအတိုင္းပဲ ထင္ရွားလွသည္။
ဒီေလာက္ေခ်ာေမာတဲ့ေယာက်္ားကို
သူမမျမင္ဖူးေပ။ သူႏွင့္ယွဉ္ရင္
ဟယ့္ရႈန္းက လမ္းေပၚ ကႏြားေခ်းသာသာပင္။

ယူေရွာင္းမို ေလာကႀကီးရဲ့အမွန္တရားတစ္ခုကို
သိလိုက္ရသည္။

တဏွာရာဂေလာဘေတြကိုစြန႔္လႊတ္ဖို႔က
ခက္လွသည္၊ သို႔ေပမယ့္
ဆန႔္က်င္ဘက္အားျဖင့္ စြန႔္လႊတ္ျခင္းကေန
ရာဂလမ္းကိုသြားရသည္ကေတာ့ လြယ္လွသည္။
တကယ္ပဲ စာအုပ္တစ္အုပ္ကိုအဖံုးကိုၾကၫ့္ၿပီး
ဆံုးျဖတ္လို႔မရေပ။ သူဒီဆိုင္ကိုေရြးမိတာ
ေနာင္တရလာ၏။

"စဉ္းေတာင္မစဉ္းစားနဲ႔!" ယူေရွာင္းမို
မေနႏိုင္ဘဲေအာ္ဟစ္မိသည္။ သူမမွာဒီဟယ့္ရႈန္း
ဆိုတဲ့ေကာင္ရိွေနတာေတာင္ အျခားေယာက္်ားေတြ
လိုခ်င္ေနေသးတယ္။ သူမအာသာမေျပႏိုင္လို႔
ဆိုရင္ေတာင္ သူ႔လူကိုေတာ့လာမၾကၫ့္သင့္ဘူး။
က်ိရန္ၿမိဳ႔မွာေယာက်္ားေတြမွအမ်ားႀကီး ရိွေသးတာပဲ!

ပိုင္ရွင္ျဖစ္သူ၏အမူအရာသည္ ရႈံ႔တြသြားကာ
သူ႔ကိုမက္မြန္ပြင့္သ႑ာန္မ်က္လံုးမ်ားႏွင့္
စိုက္ၾကၫ့္လာ၏၊
"သူေတာင္ဘာမွမေျပာရေသးဘူး နင္ကဘာေတြ
လာေျပာေနတာလဲ? သြားစမ္းပါ"

ယူေရွာင္းမို ေဒါသထြက္လာသည္၊
"သူကငါ့လူ ဘာလို႔မေျပာရမလဲ? မင္းသာ
သြားစမ္းပါ ဘာေတြေသာက္က်ိဳးလာနည္း
ေနတာလဲ!?"

ပိုင္ရွင္သည္အံ့ဩသြား၏။

သူမအထင္မွာ ထိုအႏၲရာယ္မ်ားတဲ့အလွႏွင့္
မိန္းမကသူနဲ႔အတူရိွေနတဲ့တစ္ေယာက္ျဖစ္သည္။
လူငယ္ေလးျဖစ္ေနမယ္လို႔ မေတြးထားေခ်။
လိင္တူျခင္းႏွစ္သက္တာက က်ိရန္ၿမိဳ႔မွာလည္း
မရွားတာေၾကာင့္ အဲ့ဒါနဲ႔ပက္သတ္လို႔
ထိတ္လန႔္သြားစရာမရိွေပ။

"သခင္ စိတ္ေလ်ာ့ပါ!" ေမာင္ခ်ဳံးကသူ႔ကို
ႏွစ္သိမ့္ေပးလိုက္သည္၊ "မိန္းမပ်က္သာသာပဲရိွတဲ့
ဒီလိုအမိႈက္အတြက္ ေဒါသထြက္ရတာမတန္ပါဘူး..
သူမေၾကာင့္သခင့္က်န္းမာေရးကို
အထိခိုက္မခံပါနဲ႔"

အခန္းတစ္ခုလံုးတိတ္ဆိတ္သြားသည္။

ယူေရွာင္းမို စိုက္ၾကၫ့္လိုက္မိသည္။
ဒါကေမာင္ခ်ဳံးလား? သူ႔အျမင္ထဲကေမာင္ခ်ဳံးက
ဣေျဒၾကီးတဲ့အလွေလးျဖစ္သည္။
သူမဆဲတာကိုၾကားဖူးသည္မွာ ဒီေန့ကပထမဆံုးပင္။
တကယ္ကို ေန့တိုင္းေန့တိုင္းအသစ္ေတြ
သင္ယူေနရတာပဲ။

ေမာင္ခ်ဳံးက စိတ္ထဲမထားပံုေပၚ ကာဆက္သည္၊
"သခင္...စိတ္တိုေနေသးတယ္ဆိုရင္
ကၽြန္မ သူ႔ကိုသင္ခန္းစာေပးလိုက္မယ္ေလ...
အႀကီးအကဲရဲ့အလွကိုတပ္မက္ရဲေသးလား
ၾကၫ့္ၾကတာေပါ့"

ယူေရွာင္းမို ေမးရိုးျပဳတ္က်သြားရသည္။

ေမာင္ခ်ဳံးက သူသေဘာတူတယ္လို႔မွတ္ယူ
လိုက္ကာ ပိုင္ရွင္မိန္းမကိုရက္စက္သၫ့္
အေငြ့အသက္မ်ားျဖင့္ၾကၫ့္လိုက္သည္။

ပိုင္ရွင္မွာ ေဒါသထြက္ေနကာသူမရဲ့မ်က္ႏွာတစ္ခုလံုး
ရႈံ႔တြေနေလသည္၊
"ေခြးမ! ေျပာရဲရင္ထပ္ေျပာၾကၫ့္စမ္း!
ပါးစပ္ကိုဆဲြဆုတ္ပစ္မယ္!"

အတုအေယာင္စင္ၾကယ္မႈနဲ႔ ဣေျဒသိကၡာဆိုတာ
အၿမဲလိုလိုကြာက်တာျမန္တယ္။
သူမရဲ့ရည္မြန္တဲ့အလွက အခုေတာ့ဘယ္မလဲ?

သို႔ေပမယ့္ သူမရဲ့စရိုက္ကဘယ္လိုလုပ္
ဒီလိုျဖစ္လာရတာလဲခန႔္မွန္းဖို႔မခက္ေပ။

ေၾကာင္နတ္ဆိုးေတြက အသက္ရွင္ရပ္တည္ႏိုင္ဖို႔
စြမ္းအားႀကီးပုဂၢိုလ္ေတြကို မွီခိုရသည္၊
သို႔ေပမယ့္ သူတို႔အားလံုးကေယာက္်ားျဖစ္ေစ
မိန္းမျဖစ္ေစ ၫွို႔ဓါတ္ျပင္းတဲ့အလွကို
ပိုင္ဆိုင္ထားၾကၿပီး ရုပ္ရည္ေခ်ာေမာၾကသည္။
သူတို႔ကိုယွဉ္လုေနတဲ့ လက္ေရြးစင္ေတြမွ
အမ်ားႀကီးပဲျဖစ္သည္။ ဤပိုင္ရွင္အမ်ိဳးသမီး
ကဲ့သို႔ပင္။

သူမသည္ ေၾကာင္နတ္ဆိုးမ်ိဳးႏြယ္စုတြင္
နံပါတ္တစ္အလွေလးျဖစ္ေလသည္။
အရင္က က်ိရန္ၿမိဳ႔ကလက္ေရြးစင္သံုးဦးက
သူမကိုယွဉ္လုခဲ့ၾကေပသည္။ အဆံုးတြင္
ဟယ့္ရႈန္းကအႏိုင္ရခဲ့ကာ တစ္ခုေသာ
စားေသာက္ဆိုင္၏တစ္ဦးေသာပိုင္ရွင္သည္
ဟယ့္ရႈန္းရဲ့အမ်ိဳးသမီးဆိုတာကို က်ိရန္
တစ္ၿမိဳ႔လံုးသိၾကေလသည္။ ဟယ့္ရႈန္းက
ဤမိန္းမအားအမွန္ပင္တန္ဖိုးထားကာ
ေတာင္းဆိုသမ်ွ လိုက္ေလ်ာေပးတာခ်ည္းသာ
ျဖစ္သည္။ ထို႔ေၾကာင့္ ဘယ္သူကမွသူမကို
မဆန႔္က်င္ရဲၾကေတာ့ေပ။

စြမ္းအားႀကီးတဲ့လူတစ္ေယာက္ရဲ့ေနာက္ခံနဲ႔
ပိုင္ရွင္သူေဌးကမွ ယံုၾကည္ခ်က္မရိွရင္
ဘယ္သူကရိွေတာ့မလဲ?

ေမာင္ခ်ဳံးရဲ့အရိပ္က ျဖတ္ကနဲျဖင့္ေၾကာင္နတ္ဆိုး
၏အေရ႔ွတြင္ ေပၚ လာကာလက္ၿမွောက္ၿပီး
သူမရဲ့လွပတဲ့မ်က္ႏွာကို ၾကမ္းတမ္းစြာ
ရိုက္ခ်လိုက္သည္။ ပါးရိုက္လိုက္တဲ့အသံက
က်ယ္ေလာင္ၿပီးပီသကာ ၾကမ္းခ်က္က
ပိုင္ရွင္ရဲ့မ်က္ႏွာကို တစ္ဖက္သို႔လည္ထြက္
သြားေစသည္။

ပိုင္ရွင္က သူမရဲ့ေရာင္ကိုင္းေနတဲ့မ်က္ႏွာကို
ထိလိုက္ကာ လက္ဖက္ရည္ပန္းကန္ျပားေလာက္
ျပဴးက်ယ္သၫ့္မ်က္လံုးမ်ားျဖင့္ ေမာင္ခ်ဳံးကို
မယံုၾကည္ႏိုင္စြာၾကၫ့္ေနေလသည္။
သူမ ေဒါသထြက္လာၿပီးႏႈတ္ခမ္းမ်ားပင္
တုန္ရီလာ၏၊ "ေခြးမ ဘယ္လိုလုပ္ရဲ..."

ျဖန္း!

သူမစကားမဆံုးခင္မွာပဲ ေမာင္ခ်ဳံးက
က်န္ပါးတစ္ဖက္ကိုရိုက္ခ်လိုက္ကာ
သူမမ်က္ႏွာတစ္ခုလံုး ေပါက္စီတစ္လံုးလို
ေရာင္ကိုင္းမလာခင္အထိ ဟိုဘက္သည္ဘက္
ဆယ္ခ်က္ထက္မနည္းရိုက္ေလေတာ့သည္။

ပိုင္ရွင္သည္ မူးေဝသြားကာၾကမ္းျပင္ေပၚ
လဲက်သြားၿပီး ေရာက္ကိုင္းေနတဲ့မ်က္ႏွာကို
လက္ႏွစ္ဖက္ျဖင့္အုပ္ထား၏။ သူမမ်က္လံုးေတြက
ေမာင္ခ်ဳံးကိုၾကၫ့္ေနရင္း မီးပြားေတြထြက္လာၿပီး
စူးေနေအာင္ေအာ္ဟစ္ေလသည္၊
"ေခြးမ..."

ေမာင္ခ်ဳံးက သူမကိုကန္လိုက္သည္။

ပိုင္ရွင္ကမေရွာင္ႏိုင္ေပ၊ ၾကမ္းျပင္နဲ႔နဖူးနဲ႔
တိုက္မိသြားကာနီရဲလာေတာ့သည္။

ေမာင္ခ်ဳံးက ခပ္သဲ့သဲ့ရယ္လိုက္ကာ၊
"ေခြးမလို႔ထပ္ေျပာရင္ အေရခြံဆုတ္ပစ္မယ္၊
ဘယ္လိုပဲေနေန ငါလည္းအေရခြံတစ္စံုလို
ေနတာပဲေလ"

ပိုင္ရွင္သည္ ေဟာဟဲလိုက္ေနရင္းၾကမ္းျပင္ေပၚ မွာ
ဒူးေထာက္ေန၏။ သူမဒီလိုတစ္ခါမွ
အရွက္ခဲြမခံခဲ့ရဖူးေပ၊ ေဒါသေၾကာင့္တုန္ယင္
ေနေတာ့သည္။ ဆဲၿပီးေဒါသေျဖခ်င္ပါေသာ္လည္း
တစ္ဖက္က သူမကိုသတ္မွာေၾကာက္မိေလသည္။
သူမရဲ့လွပတဲ့မ်က္လံုးမ်ားက ေမာင္ခ်ဳံးဆီသို႔
ဓားမ်ားပစ္လႊတ္ေနသည္။

"ဘာၾကၫ့္တာလဲ? မ်က္လံုးေတြေရာေဖာက္ထုတ္
ေပးရမလား?" ေမာင္ခ်ဳံးသည္မ်က္ခံုးတစ္ဖက္
ပင့္လိုက္၏။

ပိုင္ရွင္က ေနာက္တစ္ခါထပ္မၾကၫ့္ရဲေတာ့ေပ။

ယူေရွာင္းမို အံ့ဩတႀကီးၾကၫ့္ေနသည္။
တကယ့္နတ္ဘုရားပဲ!!

ဒီေန့ တကယ္ပဲအသစ္တစ္ခုကိုသင္ယူလိုက္ရ
ေလသည္။ ဆိုေတာ့ ေမာင္ခ်ဳံးကလည္း
အရမ္းမိမိုက္ႏိုင္တာပဲေပါ့! ပိုင္ရွင္သူေဌးလို
ေမာက္မာတဲ့မိန္းမမ်ိဳးကို ထပ္တူညီတဲ့အဆိပ္နဲ႔ပဲ
ရင္ဆိုင္လို႔ရႏိုင္မယ္။

ေမာင္ခ်ဳံးက အသာႃပံုးေနရင္းသူတို႔ဆီ
ျပန္ေရာက္လာသည္။

စားပဲြထိုးမွာ ေၾကာက္စိတ္ေၾကာင့္ထံုအေနၿပီ
ျဖစ္၏။ ပံုမွန္ဆိုလ်ွင္ ဟယ့္ရႈန္းနာမည္ကို
ၾကားတဲ့အခါ လူေတြကေၾကာက္လန႔္တၾကား
ျဖစ္သြားၾကသည္။ သို႔တိုင္ ဒီလူမ်ားကေတာ့
သူေဌးကိုတိုက္ခိုက္ရဲၾကသည္။ သူလည္း
ထပ္မေျပာရဲေတာ့ေခ်။

"သြားၾကစို႔" လင္းေရွာင္က ထၿပီးဝတ္ရံုကို
ဖုန္ခါသည္။ သူကပိုင္ရွင္သူေဌးကို တစ္ခ်က္ပင္
မၾကၫ့္ေပ။ သူမမွာဦးေနွာက္ရိွခဲ့ရင္ေတာ့
သူၾကၫ့္ေကာင္းၾကၫ့္ခဲ့ေပလိမ့္မည္၊
ဒါေပမယ့္ သူမမွာဦးေနွာက္မပါခဲ့ေပ။

ယူေရွာင္းမို ေခါင္းညိတ္လိုက္သည္။
ဒီေသာက္သံုးမက်တဲ့မိန္းမအေပၚ မွာ
အခ်ိန္မျဖဳန္းခ်င္ေပ။ က်ိရန္ၿမိဳ႔ကေန
ျမန္ျမန္ပဲထြက္သြားရင္ ပိုေကာင္းေပလိမ့္မည္။
သူခ်က္ခ်င္း လင္းေရွာင္အားေငြေရာင္မ်က္ႏွာဖံုး
ဝတ္ခိုင္းလိုက္သည္၊ ေတာ္ၾကာ
သူ႔မ်က္ႏွာကရူးေၾကာင္ေၾကာင္ေတြကို
ဆဲြေဆာင္လာျပန္အံုးမယ္။

ထိုအခ်ိန္မွာပင္ တံခါးပြင့္လာျပန္၏။

အေတာ္ေလးရုပ္ဆိုးသၫ့္မ်က္ႏွာႏွင့္
လူထြားႀကီးတစ္ဦး ဝင္လာၿပီးတံခါးကို
သူ႔ရဲ့ႀကီးမားတဲ့ကိုယ္လံုးႀကီးနဲ႔ အလြယ္တကူပင္
ကာထားလိုက္သည္။ သူကဝင္လာခ်င္းခ်င္း
ေဟာက္ေလသည္၊
"ဟယ့္ရႈန္းရဲ့အခ်စ္ေလးကို ဘယ္သူအႏိုင္က်င့္
ရဲတာလဲ?"

"အားးး....." သူမရဲ့ေထာက္ပံ့သူေရာက္လာေတာ့
ပိုင္ရွင္သည္ႏိွမ့္ခ်မေနေတာ့ဘဲ
ေအာ္ဟစ္ငိုႂကြေးေလၿပီး သူမရဲ့ေရာင္ကိုင္းေနတဲ့
မ်က္ႏွာမွာရႈံ႔တြလာေတာ့သည္။

"အခ်စ္ ဘယ္သူလုပ္တာလဲ?" ပိုင္ရွင္အား
ၾကမ္းျပင္ေပၚ မွာရိွေနသည္ကိုျမင္ေသာအခါ
ဟယ့္ရႈန္းရဲ့အမူအရာသည္ ဆိုးရြားလာၿပီး
ျမန္ျမန္သြားကာ ႏွလံုးနာနာျဖင့္
သူမက်ိဳးပဲ့သြားမွာစိုးသၫ့္အလား
ညင္ညင္သာသာထူမေပးလိုက္သည္။

ပိုင္ရွင္ရဲ့မ်က္ႏွာက ေၾကာက္မက္ဖြယ္ေကာင္းလွ
သည္၊ ယူေရွာင္းမိုတို႔အဖဲြ႔ကို အဆိပ္ျပင္းစြာ
စိုက္ၾကၫ့္လာ၏။ လင္းေရွာင္နဲ႔ပက္သတ္လို႔
သူမဘယ္ေလာက္ပဲ သေဘာက်ခဲ့ပါ​ေစ
ယခုတြင္ေတာ့အမုန္းတရားကလဲြလို႔
ဘာမွမဟုတ္ေတာ့ေပ။ သူမဒီရန္ႃငွိုးကို
ဘယ္ေသာအခါမွ လႊတ္ေပးမည္မဟုတ္ေပ။

"ဟယ့္ရႈန္းေကာ သူတို႔ကိုသတ္ေပး"

ဟယ့္ရႈန္းသည္ ယူေရွာင္းမိုတို႔တစ္ေယာက္ခ်င္းစီကို
ေအးစက္စက္ၾကၫ့္လိုက္ၿပီး ေခ်ာေမာလွသၫ့္
လင္းေရွာင္ဆီမွာတန႔္သြား၏။ သူ႔အၾကၫ့္မွာ
သတ္ျဖတ္လိုစိတ္မ်ားလက္သြားၿပီး
ေရခဲတမ်ွေအးစက္ေသာအသံျဖင့္၊
"ကိုယ့္ဘာကိုယ္ပဲ အဆံုးသတ္မလား
ငါကိုယ္တိုင္လုပ္ေပးရမလား?"
__________________________















Continue Reading

You'll Also Like

853K 118K 107
I Saved The Disabled Villain by Pretending to Be Pitiful Chapter 97 ချီဟန်ဟာ ညှင်းပန်း နှိပ်စက်ပြီး ​ခွေး​သွေးဆန်တဲ့ ဝတ္ထုကို တစ်ညလုံး ဖတ်ခဲ့သည်။ နာ...
170K 22.4K 41
♥Complete♥ system bl All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနောက...
108K 10.4K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
141K 22.4K 31
ငါဘယ်သူ့ကိုမှ ထပ်မချစ်တော့မှာမို့လို့ ဒီစောက်ကလေးကိုလည်း ရအောင်ခွာချရမယ် Completed