//Unicode//
အပိုင်း ၅၂၄- ဆေးလုံးသန့်စင်ခြင်းနဲ့
ဆက်သွယ်လာခြင်း
လင်းရှောင်ပြန်လာတဲ့အခါ ယူရှောင်းမိုကို
ဆေးလုံးသန့်စင်တဲ့အခန်းထဲမှာ မတွေ့ရပေ။
သူ စာကြည့်ခန်းဆီအေးအေးလူလူပဲလျှောက်လာ
ခဲ့သည်။ စားပွဲပေါ် မှောက်အိပ်ရင်း စာအုပ်တစ်အုပ်
ကိုသဲကြီးမဲကြီးကြည့်နေသူမှာ ယူရှောင်းမိုပင်။
လင်းရှောင် သူ့နောက်ဘက်ကိုလျှောက်သွား
လိုက်ပေမယ့် လှမ်းတော့မခေါ် လိုက်ပါပေ။
ယူရှောင်းမို ဝါးသမ်းလိုက်ပြီး
သူ့အာရုံကစာအုပ်များဆီမှ ဖယ်သွားသည်။
အချိန်အကြာကြီးစာအုပ်ဖတ်ထားလို့
ညောင်းညာနေတာကို သက်သာစေဖို့အတွက်
ကျောဆန့်ပြီးတင်ပါးကိုလှည့်လိုက်၏။
လင်းရှောင်သည်ကားလှုပ်နေတဲ့
တင်ပါးလုံးလုံးလေးကို
မခွာတမ်းကြည့်နေတော့သည်။
အဲ့နောက် ယူရှောင်းမိုမှာစိုက်ကြည့်ခံနေရတဲ့
ခံစားချက်တစ်ခုကိုရလိုက်သည်၊ သို့ပေမယ့်
ဒီတစ်ခေါက်က နတ်ဆိုးသားရဲသင်္ချိုင်းမြေကို
ဖြတ်တုန်းကနဲ့မတူချေ။ မကောင်းတဲ့
ရည်ရွယ်ချက်ကို မခံစားမိပေမယ့်
ပူလောင်နေတဲ့ခံစားချက်တစ်ခုကို
ရနေသည်။
ယူရှောင်းမို ဖြေးဖြေးခြင်းခေါင်းလှည့်ကြည့်
လိုက်တော့ တစ်စုံတစ်ယောက်ရဲ့ရုတ်တရက်
ပေါ် လာတာက သူ့ကိုလန့်ဖြန့်သွားစေပြီး
စားပွဲပေါ် တောင်ပြုတ်ကျသွားရလေသည်။
နှလုံးက တဒုတ်ဒုတ်ခုန်နေတာကြောင့်
စကားတွေတောင်ထွက်မလာတော့ချေ။
လင်းရှောင်က အခွင့်ကောင်းယူပြီးနောက်တီး
နောက်တောက်နှင့် ရယ်မောလိုက်၏၊
"ဇနီးလေး မင်းယောကျ်ားကိုကောင်းကောင်း
သိတာပဲ"
ယူရှောင်းမို တဒိန်းဒိန်းခုန်နေတဲ့နှလုံးကို
ငြိမ်သွားအောင်လုပ်ပြီးတဲ့အချိန်မှာပဲ
တစ်စုံတစ်ယောက်ရဲ့ ထိန်းမနိုင်သိမ်းမရဖြစ်နေ
သော်ငြားလည်း အချစ်စိတ်ပြင်းပြနေတဲ့လက်တွေက
သူ့အင်္ကျီထဲသို့ ရောက်နေပြီဖြစ်ပြီး
သူ့ကိုလှုံ့ဆော်နေကာ လှိုက်မောလာစေသည်။
"လုပ်ရဲလုပ်ကြည့်နော် !"
ယူရှောင်းမို သူတို့တွေက
တခြားတစ်ယောက်ရဲ့နေရာမှာဆိုတာ
အမှတ်ရသွားသည်နှင့်အလိုမရှိတဲ့အတွေးတွေကို
ချက်ချင်းမောင်းထုတ်လိုက်ပြီး
လင်းရှောင်ရဲ့လက်တွေကို ဆွဲချလိုက်သည်။
လင်းရှောင်သည် စိတ်ပျက်လက်ပျက်မျက်နှာ
ဖြစ်သွား၏။
ယူရှောင်းမိုလည်း သပ်သပ်ရပ်ရပ်ဖြစ်အောင်
လုပ်ရင်း ခေါင်းစဉ်ပြောင်းလိုက်တယ်၊
"ဦးလေးကုကို တွေ့ခဲ့လား?"
"ဟင့်အင်း၊ တစ်ခုခုလုပ်ဖို့အပြင်ထွက်သွားပြီး
ဒီရက်အတွင်းပြန်ရောက်မှာ မဟုတ်ဘူးထင်တယ်၊
သူက ကိုယ့်မေးခွန်းရဲ့အဖြေကိုသိတဲ့
တစ်ဦးတည်းသောသူဖြစ်နိုင်တယ်၊
ဆိုတော့ ဒီရက်နည်းနည်းတော့ဒီမှာပဲ
စောင့်ရလိမ့်ဦးမယ်"
"ဖီချုံးတို့ကရော?"
"သူတို့ကိုလည်းမတွေ့ခဲ့ဘူး၊ တစ္ဆေငိုညည်းတောင်
ကလပ်မှာမဟုတ်ဘဲ တစ္ဆေသင်္ချိုင်းတောင်တန်း
တစ်နေရာရာမှာကျင့်ကြံနေကြတာဖြစ်ဖို့များတယ်"
"ကောင်းပြီလေ ဒါဆိုလည်းခင်ဗျားဦးလေးကု
ပြန်လာတာစောင့်ပြီးမှပဲ မေးကြတာပေါ့"
ကံကောင်းစွာနှင့် ရှို့ရှန်းစံအိမ်သခင်သည်
နောက်တစ်လခန့်ထိပြန်လာဦးမည်မဟုတ်ပေ၊
နောက်ပြီး အခြားအဖွဲ့ဝင်တွေကလည်း
တားမြစ်ထားတဲ့နေရာအတွင်းသို့ ဝင်လို့မရပေ။
အတားအဆီးအစီအရင်ကလည်း သူတို့မျက်မှောက်
ကိုဖုန်းကွယ်ပေးထားနိုင်သည်ဖြစ်ရာ
ဒီနေရာက သူတို့အတွက်လုံခြုံမှုရှိဆုံး
နေရာဖြစ်နေသည်။
ယူရှောင်းမိုလည်း သူ့နေရာသူပြန်သွားလိုက်ပြီး
ရှေ့ကစာအုပ်ကို ပျင်းရိပျင်းတွဲနှင့်လှန်လှော
ကြည့်သည်။
သူဖတ်နေတဲ့စာအုပ်ထဲကနေ ရင်းနှီးတဲ့
မျိုးရိုးနာမည်တစ်ခုကိုသတိပြုမိလိုက်သည်။
ရှေးယခင်ကစစ်ပွဲကြီးတွင် ယူမိသားစုသည်လည်း
ပါဝင်ခဲ့ပြီး စွမ်းအားကြီးပုဂ္ဂိုလ်အချို့
ဆုံးရှုံးခဲ့ရလေသည်။
သို့သော် ယူမိသားစုကိုဒီမတိုင်မီက
သွေးစွေးနီမိသားစုလို့ မခေါ်တွင်ပေ၊ နောက်ပြီး
မိသားစုအခွဲတွေလည်းအများကြီးမရှိခဲ့။
သူတို့ကတရားဝင်ဟုတ်သည်ဖြစ်စေ မဟုတ်သည်
ဖြစ်စေသူတို့အားလုံးကို ယူမိသားစုရဲ့
တစ်စိတ်တစ်ပိုင်းအဖြစ်သတ်မှတ်ခဲ့သည်။
ကံဆိုးစွာနှင့် ထိုတိုက်ပွဲ၌ ယူမိသားစုသည်
စွမ်းအားကြီးကျင့်ကြံသူများစွာဆုံးရှုံးခဲ့ရပြီး
အင်အားဆုတ်ယုတ်သွားခဲ့လေသည်။ ထိုမျှမက
အသက်ရှင်ကျန်သူအားလုံးနီးပါးမှာ
မိသားစုအခွဲတွေကပဲ ဖြစ်ကြ၏။
ယခုလက်ရှိ ယူမိသားစုဝင်တွေကယခင်က
မိသားစုဝင်တွေရဲ့ 'တရားဝင်' နဲ့နည်းနည်းလေးမှ
မနီးစပ်ပေ။ သူတို့အများစုသည် ရှေးက
ယူမိသားစုရဲ့ဘေးမိသားစုအခွဲများမှဖြစ်ကာ
အခြားသောအကြောင်းတစ်ချို့ကြောင့် လက်ရှိ
သွေးစွေးနီမိသားစုရဲ့ ပင်မမိသားစုသည်ပင်
အဲ့လောက်ထိ 'တရားဝင်' မဟုတ်ပေ။
သို့သော်လည်း အကြောင်းအရင်းတိတိကျကျကိုမူ
စာအုပ်ထဲမှာမဖော်ပြထားချေ။
ယူရှောင်းမို တွေ့မြင်ခဲ့ရတာကသူတို့ရဲ့
နောင်လာနောက်သားတွေထားရစ်ခဲ့တဲ့
အသိပေးစာအနည်းငယ်သာဖြစ်သည်။
လင်းရှောင်ကလည်း စာအုပ်စင်ပေါ်ကစာအုပ်တွေကို
စိတ်ဝင်စားပုံရကာ ကြုံရာတစ်အုပ်ဆွဲထုတ်
လေသည်။ ယူရှောင်းမိုလှမ်းကြည့်တဲ့အခါ
ဆွံ့အသွားရတယ်၊ သူကြည့်နေတဲ့စာအုပ်က
ဟာသစာအုပ်လိုဟာမျိုးပဲ။
သူအရင်တွေးမိတာကတော့ ဒီနယ်မြေမှာလည်း
ဟာသစာအုပ်လိုဟာတွေရှိတယ်ပေါ့လေ?
ယူရှောင်းမို လင်းရှောင်ကိုငါးမိနစ်လောက်ကြာ
အောင်လေ့လာကြည့်နေပေမယ့်
သူ့အမူအရာက မပြောင်းမလဲပဲရှိနေတာကိုသာ
တွေ့လိုက်ရသည်။ ခဏကြာတော့ သူလည်း
ပျင်းလာပြီး သမိုင်းစာအုပ်ကိုစင်ပေါ် ပြန်တင်
လိုက်ပြီးတဲ့နောက် ဆေးလုံးသန့်စင်ခန်းထဲသို့
သွားတော့သည်။
နောက်ဆုံးတော့လည်း ဆေးလုံးသန့်စင်ခန်းကသာ
သူ့ရဲ့အချစ်စစ်ပဲ!!
ယူရှောင်းမို မှော်ဆေးပင်ဗီရိုအထက်နားက
လူသားအဆင့်လွန်မှော်ဆေးပင်တွေကြောင့်
လက်တယားယားဖြစ်နေ၏။ ဒါ့ကြောင့်
သူ့မျက်လုံးတွေနီရဲလာတော့မှပဲ အကြည့်ကို
ပြန်ရုတ်ကာ ကြမ်းပြင်ပေါ် ဖင်ထိုင်ချပြီး
ကျောက်စိမ်းပေလွှာအနီလေးကို ဆွဲထုတ်
လိုက်သည်။
ကျောက်စိမ်းပေလွှာမပျောက်သွားအောင်
ဆေးလုံးဖော်စပ်နည်းအကုန်လုံးကို တခြား
ကျောက်စိမ်းပေလွှာပေါ် မှာ ကူးရေးထားသည်။
ပေလွှာ* နှစ်ခုက သိုလှောင်နိုင်တဲ့ပမာဏမတူ
တာကြောင့် အသစ်တစ်ခုက အဆင်မြင့်နဲ့
လူသားအဆင့်လွန်ဆေးလုံးဖော်စပ်နည်းတွေပဲ
ဆန့်သည်။
ပြီးတဲ့အခါ ယူရှောင်းမို အနီရောင်ကျောက်စိမ်းပေလွှာ
ကိုပြန်သိမ်းပြီး လူသားအဆင့်လွန်ဆေးလုံး
ဖော်စပ်နည်းတွေအကုန်လုံးကို ကျေညက်အောင်
လေ့လာတော့သည်။
ဆေးလုံးမသန့်စင်ခင်မှာ ဖော်စပ်နည်းကို
နှလုံးသားထဲထိစွဲအောင်မှတ်ထားရမှာ
ဖြစ်သည်၊ မဟုတ်ရင်ကျရှုံးနိုင်သည်ဖြစ်ရာ
ဒီဟာကလည်း အရေးပါတဲ့အဆင့်တစ်ခု
ဖြစ်လေသည်။
လူသားအဆင့်လွန်ဆေးလုံးဖော်စပ်နည်းများနှင့်
အဆင့်မြင့်ဆေးလုံးဖော်စပ်နည်းများကြားတွင်
ကွဲပြားချက်ကြီးတစ်ခုရှိသည်။
မှော်ဆေးပင်တွေက အရမ်းကြီးပိုများမလာပေမယ့်
အချို့သောဖော်စပ်နည်းတွေမှာ အဆင့်ပေါင်း
လေးဆယ်ကနေ ငါးဆယ်အထိပါရှိသည်။
ဒီလိုဖြစ်ရတဲ့အကြောင်းက မှော်ဆေးပင်တွေကို
အခြားသောမှော်ဆေးပင်တွေနဲ့ မရောစပ်ခင်
အပိုင်းပိုင်းခွဲထုတ်ရတာ၊ အချို့တွေကိုကိုင်တွယ်ဖို့
အတွက် ထူးခြားတဲ့နည်းလမ်းတွေရှိတာ
စတာတွေကြောင့်ပင်။ ထို့ကြောင့်ဖော်စပ်ရတာ
အဆင့်၁၀ မှော်ဆေးလုံးတစ်လုံးထက်
နှစ်ဆသုံးဆခန့်ပိုခက်ခဲသည်။
ယူရှောင်းမို ယုံတယ်၊ အကယ်၍ဒါကကမ္ဘာ
ပေါ် မှာသာဆိုရင် ဓာတ်ပုံရိုက်သလိုမှတ်နိုင်တဲ့
မှတ်ဉာဏ်သာမရှိရင်မဖြစ်နိုင်ပေ။
ကျရှုံးနိုင်နှုန်းသည် ထောင်တက်နေမှာပင်။
ယူရှောင်းမို သက်တန့်အဆင့်၁ဆေးလုံးဖော်စပ်နည်း
အနည်းငယ်ကို ရွေးလိုက်သည်၊ သို့သော်
ကျောက်စိမ်းဗီရိုဆီ အကြည့်မရောက်ဘဲမနေနိုင်ပေ။
သူ့နယ်မြေထဲတွင် လူသားအဆင့်လွန်မှော်ဆေးပင်
တစ်ချို့ရှိတယ်ဆိုသော်လည်း ဘယ်ဖော်စပ်နည်း
အတွက်မှမလောက်ငှပေ။
လဲလှယ်လို့ရနိုင်လောက်လား?
ယူရှောင်းမို စိတ်ကူးပေါက်ရာလျှောက်တွေး
မိတယ်။
ဟူရွာအနောက်ဘက်ကဂူကနေ ရခဲ့တဲ့မှော်ဆေးပင်
တွေက အစေ့တောင်ကြွေနေကြပြီ။
သူ့မှာအစေ့ရပြီဆိုတာနဲ့ ပြတ်လပ်သွားမှာမပူရ
တော့ပေ။
အဆုံးမှာ ယူရှောင်းမို ဆွဲဆောင်နေတာကို
မခုခံနိုင်တော့ဘဲ ခွေးခြေခုံတစ်ခုယူပြီးတက်လိုက်
တော့သည်။
ကျောက်စိမ်းဗီရိုထဲကလူသားအဆင့်လွန်မှော်ဆေးပင်
အားလုံးက အလတ်ဆင့်တွေကြည့်ပဲ၊
အဆင့်မြင့်တာတစ်ခုမှမပါပေ။ အဆင့်မြင့်ဆေးပင်
တွေက အခန်းပိုင်ရှင်ဆီမှာပဲဖြစ်လောက်သည်။
ယူရှောင်းမိုက ဗီရိုထဲမှာတောင်မှမရှိတဲ့
အဆင့်မြင့်မှော်ဆေးပင်အနည်းငယ်မျှ
ထုတ်ယူလိုက်ပြီး သူလိုအပ်တဲ့မှော်ဆေးပင်
ရိုးတံတစ်ချို့ကိုယူလိုက်သည်။ သူက
ခွင့်ပြုချက်မရှိဘဲ ယူနေတာဆိုပေမယ့်လည်း
အဆင့်မြင့်ဆေးပင်တွေနဲ့ အလတ်ဆင့်ဆေးပင်တွေ
လဲလှယ်တာကို ပိုင်ရှင်ဖြစ်သူသိသွားရင်တောင်
ဘာပြောစရာမှရှိမှာမဟုတ်ဘူး ဟုတ်တယ်မလား?
အစေ့တွေမရှိတာတော့ ဆိုးတာပဲ။
ယူရှောင်းမို သက်ပြင်းချပြီးတဲ့အခိုက်မှာပဲ
ပွင့်လျက်ရှိနေတဲ့ဗီရိုတစ်ခုကို သူ့မျက်လုံးထောင့်
ကနေမြင်လိုက်ရသည်။ အောက်ခြေမှာက
အမည်းရောင်အစေ့တစ်ချို့......
မှော်ဆေးပင်အစေ့တွေများ ဖြစ်နေမလား?
အပြစ်ရှိသလိုခံစားနေရရင်း
သူ့လက်ဖဝါးတစ်ဖက်သည် တရွေ့ရွေ့တရွေ့ရွေ့.....
"ဘာလုပ်နေတာလဲ" လင်းရှောင်ရဲ့အသံက
သူ့နားနားမှာ ရုတ်တရက်ပေါ် လာသည်။
ယူရှောင်းမို အံ့အားသင့်သွားပြီးခုံပေါ် က
ပြုတ်ကျလုနီးပါးဖြစ်သွား၏၊ လင်းရှောင်က
အလျင်အမြန်ပဲ ပြန်ဆွဲလိုက်ရသည်။
ယူရှောင်းမိုလည်း မခံ၊
"အဲ့ဒါ ကျွန်တော်မေးရမှာ၊
ခင်ဗျားဘာလုပ်နေတာလဲ? ကျွန်တော့်ကိုတစ်ရက်
ဘယ်နှခါလောက်ခြောက်လှန့်ချင်နေတာလဲ?"
အဲ့ဒါကိုစိတ်ထဲမထားဘဲ လင်းရှောင်က၊
"မင်းသာ လိပ်ပြာမလုံသလိုဖြစ်မနေရင်
ကိုယ့်ကြောင့်လန့်သွားပါ့မလား?"
ယူရှောင်းမိုလည်း ယုံကြည်ချက်အပြည့်နှင့်၊
"လိပ်ပြာမလုံတာတွေဘာတွေမရှိပါဘူး၊
ဆေးပင်တွေကို လဲခဲ့တာတော့မှန်တယ်၊
အဆင့်မြင့်တဲ့ဆေးပင်တွေနော်။ ဒီမှာဆုံးရှုံးရတဲ့သူက
ကျွန်တော်ပါ၊ အဲ့ဒါနဲ့အစေ့နဲ့ယူရင်တောင်
ကိစ္စမရှိသေးဘူး"
လင်းရှောင်က လှောင်သည်၊
"အစောကကျတော့ မင်းပဲငြင်းနေတာ
မဟုတ်ဘူးလား၊ အခုတော့စိတ်ပြောင်းသွားပြီပေါ့?
မင်းကိုမှော်ဆေးပင်တွေကူရှာပေးမယ့်သူ
ရှိပြီးသားဆို?"
"ဘယ်လို… ဘယ်လိုပဲနေနေကျွန်တော်လည်း
ပျင်းတာပေါ့လို့၊ ဆေးဖော်စပ်နည်းတစ်ခုအတွက်
လိုတာလေးစုပြီး သက်တန့်ဆေးလုံးတစ်လုံး
စမ်းလုပ်ကြည့်ရင်ကောင်းမယ်လို့ တွေးမိလို့"
ယူရှောင်းမိုမှာ အပြစ်ရှိသလိုခံစားရသည့်အတွက်
သူ့မျက်လုံးကိုရှောင်လွှဲလိုက်၏။
"ဒါဆို တစ်ခုအတွက်ရပြီလား"
လင်းရှောင် သူ့ကိုမပြီးခုံပေါ် ကချပေးလိုက်တယ်။
ယူရှောင်းမို အစေ့ကိုအမြန်လှမ်းယူလိုက်ပြီး
မှော်ဆေးပင်ရိုးတံအနည်းငယ်ကို
ကိုင်ထားရင်း အူကြောင်ကြား
ခေါင်းညိတ်လိုက်သည်၊
"တစ်ခုစာ လောက်ငှရုံလေးတင်"
ပိုင်ရှင်ဖြစ်သူက မှော်ဆေးပင်တွေအများကြီး
သိမ်းမထားတာကြောင့်ဆေးလုံးဖော်စပ်နည်း
တစ်ခုစာပဲလုပ်နိုင်သည်။
ဆေးလုံးသန့်စင်ခန်းက အပြင်ဘက်နဲ့ပိုနီးတာကြောင့်
တစ်ယောက်ယောက်မတော်တဆရောက်လာရင်
တွေ့သွားနိုင်သည်ဖြစ်ရာ ယူရှောင်းမိုလည်း
မှော်ဆေးပင်တွေကိုသယ်ပြီး လင်းရှောင်နဲ့အတူ
စာကြည့်ခန်းဆီ သွားလိုက်သည်။ စာကြည့်ခန်းက
လုံလုံလောက်လောက်ကျယ်ဝန်းတာမို့
သူတို့နဲနဲလောက်ပဲ ဂရုစိုက်ဖို့လိုလေသည်။
တစ်ခြားလူတွေရဲ့နေရာမှာ ဆေးလုံးသန့်စင်တာက
ပုံဖော်ကြည့်လို့တောင်မရတဲ့အရာတစ်ခုဆိုပေမယ့်
ယူရှောင်းမိုကတော့ လုပ်သည်။
ယူရှောင်းမိုက ဆေးပင်တွေနဲ့ကောင်းကင်
ဆေးပေါင်းအိုးကို ထုတ်လိုက်သည်။
လူသားအဆင့်လွန်မှော်ဆေးပင်တစ်ဒါဇင်ကလွဲလို့
ကျန်တာတွေက အဆင့်၉ သို့မဟုတ် ၁၀
ဆေးပင်တွေပဲဖြစ်သည်။ ကုန်ကျစရိတ်က
အတော်လေးမြင့်ပေမယ့် သူ့နယ်မြေထဲမှာက
အချိန်မရွေးရနိုင်နေပေသည်။
အဲ့ဒီနောက် စိတ်စုစည်းဖို့နှစ်နာရီအချိန်ယူလိုက်သည်၊
ဒါကပုံမှန်ထက် တစ်နာရီခွဲပိုကြာပြီး
နောက်တော့မှဆေးလုံးကို စတင်သန့်စင်တော့သည်။
ဒါကိုကြည့်ခြင်းဖြင့် သူအလေးအနက်ထားတာကို
တွေ့နိုင်ပေသည်။
ထို့နောက် အဆင့်၉မှော်ဆေးပင်တွေအားလုံးကို
ဆေးပေါင်းအိုးထဲ ပစ်ထည့်လိုက်သည်။
အညစ်အကြေးအများစုကို ဖယ်ထုတ်ပြီးတဲ့အခါ
ဖော်စပ်နည်းထဲကအတိုင်း အစိမ်းရောင်
မှော်ဆေးပင်အရည်ကို အပိုင်းပိုင်းခွဲလိုက်သည်။
အဲ့ဒီနောက် အဆင့်၁၀ဆေးပင်တွေအားလုံး
ပစ်ထည့်လိုက်သည်။ ယခုထိတိုင် သူ့လှုပ်ရှားမှု
တွေက အလွန်ချောမွေ့ပြီးသွက်လက်နေသည်။
လူသားအဆင့်လွန်မှော်ဆေးပင်တွေကလွဲလို့
ကျန်တဲ့ဆေးပင်တွေရဲ့ အဆီအနှစ်ကို
ထုတ်ယူလို့ပြီးခါမှ သူ့ကိုယ်သူအနည်းငယ်
စိတ်လျော့သည်။ စိတ်ကိုပြန်တည်ငြိမ်အောင်လုပ်
ပြီးနောက် ယူရှောင်းမိုလည်း
နောက်ဆုံးအဆင့်၁၁ဆေးပင်တွေကို ထုတ်ပြီး
အဆင့်၃ဆင့်နဲ့ သန့်စင်လိုက်တော့သည်။
မှော်ဆေးပင်တွေရဲ့ အမျိုးမျိုးသော
အရည်အသွေးတွေကြောင့် အာနိသင်သက်ရောက်မှု
ဟာလည်း ကြီးကြီးမားမားကွဲပြားနိုင်ပေသည်။
သို့ဖြစ်၍ သာမာန်ထက်ပိုခက်ခဲပေမည်ဖြစ်ရာ
သူလည်း ပိုပြီးဂရုစိုက်ရတော့သည်။
ဒီတစ်ကြိမ် အလတ်ဆင့်မှော်ဆေးပင်
၄ပင်ကိုထုတ်ယူရတာကပင်လျှင် အချိန်
ခြောက်နာရီကြာပြီး သူ့ရဲ့ဝိဉာဉ်စွမ်းအားသည်လည်း
တုန်လှုပ်ဖွယ်ကောင်းသည့်နှုန်းဖြင့် လျော့ကျ
နေ၏။
လင်းရှောင်က ဆေးလုံးသန့်စင်တာအကြောင်း
တစ်လုံးတစ်ပါဒမှမသိပေမယ့် ဒီတစ်ကြိမ်မှာ
ယူရှောင်းမိုခါတိုင်းတွေထက် ပိုချွေးပြန်
နေသည်။ သူ့အဝတ်များပင်လျှင်
စိုရွှဲနေ၏။
တော်တော်လေးတွေဝေနေပြီးတဲ့နောက်မှာတော့
သုတ်မပေးဖို့ပဲ ဆုံးဖြတ်လိုက်တော့သည်၊
သူမအောင်မြင်ရင် အပြစ်ဖို့မခံချင်ဘူးလေ...။
ယူရှောင်းမို ဆေးပင်တွေအားလုံးကိုထုတ်ယူလို့
မပြီးသေးခင်မှာ တစ်ရက်ကုန်ဆုံးသွားပြီဖြစ်သည်။
ဆေးပေါင်းအိုးထဲတွင်မျောလွင့်နေသည့်
မှော်ဆေးပင်အရည်ကို ကြည့်နေရင်း
ယူရှောင်းမို နောက်ဆုံးတော့စိတ်သက်သာစွာ
သက်ပြင်းချလိုက်ကာ နဖူးကချွေးကိုသုတ်
လိုက်သည်။
သက်တန့်ဆေးလုံးတစ်လုံးပြုလုပ်ဖို့
လိုအပ်တဲ့ စိတ်အား ဝိဉာဉ်စွမ်းအားက
သူထင်ထားတာထက်ပိုသည်။ လမ်းတစ်ဝက်တုန်းက
လက်လျှော့လုနီးနီးပင်၊ ထို့ကြောင့်
လင်းရှောင်က သူ့ကိုကူပြီးချွေးမသုတ်ပေးခဲ့တာ
ကောင်းပေသည်၊ မဟုတ်ရင်သူတကယ်ပဲ
အာရုံလွင့်သွားမှာဖြစ်၏။
သို့သော် အမှန်တကယ်နာကျင်ရတာက
ဆေးလုံးသန့်စင်တာတောင်မစရသေးခင်
သူ တစ်ပိုင်းသေနေနှင့်တာပဲ...။
ဆေးလုံးသန့်စင်တာက စိတ်စွမ်းအားကုန်သည်။
သူ ဒုက္ခခံပြီးပထမတစ်ရက်ကိုကျော်ဖြတ်နိုင်ခဲ့
သည်ဖြစ်ရာ ယခုမှတော့မကျရှုံးနိုင်ပေ၊
မဟုတ်ရင် မှော်ဆေးပင်တွေအားလုံးကို
အလကားဖြုန်းတီးသလိုသာမက သူ့အားထုတ်မှု
တွေလည်း အလကားဖြစ်သွားပေမည်။
ယူရှောင်းမို သူ့ကိုယ်သူတစ်ခါပြန်လို့အားတင်း
လိုက်သည်။
သန့်စင်တဲ့လုပ်ငန်းက သူတို့နှစ်ယောက်လုံးထင်
ထားတာထက် ပိုကြာနေသည်။
သက်တန့်ဆေးလုံးသန့်စင်တာပထမဆုံး
ဖြစ်တာကြောင့် ယူရှောင်းမို ခါတိုင်းကဲ့သို့
အလုပ်တွေအများကြီးတစ်ခါတည်းမလုပ်ရဲပါပေ။
သူ တစ်ဆင့်ပြီးတစ်ဆင့်ကိုဂရုတစိုက်နှင့်
လုပ်သည်။ အာရုံစိုက်ထားခြင်းက
အချိန်ပိုကြာစေသည့်တိုင် အောင်မြင်နိုင်ချေက
သေချာပေသည်။
သို့သော် အပြင်ကအခြေအနေတွေကမူ
သူတို့စီစဉ်ထားသလိုသွားမနေပေ၊ အကြောင်းမှာ
ကုလင်းကပြန်ရောက်လာပြီဖြစ်တာကြောင့်ပင်။
ထိုမျှသာမက ဆေးလုံးအခန်းရဲ့ပိုင်ရှင်ဖြစ်သူ
ထျန်းရှို့သည်လည်း စောစီးစွာပြန်ရောက်လာ၏။
သက်တန့်ဆေးလုံးဖော်စပ်နည်းတွေက
ရှာရခက်လှသည်၊ အထူးသဖြင့် အဆင့်ပိုမြင့်
တာတွေပဲ၊ ၎င်းတို့မှာပျောက်ကွယ်လုနီးပါး
ပေ။ ထို့အပြင် သူတို့မှာရှိနေလျှင်ပင်
ပေးပစ်မည်မဟုတ်ဘဲ ပုံမှန်တွင်ပိုင်ဆိုင်ထားသူများက
စွမ်းအားကြီးသူများဖြစ်ကြရာ အားသုံးယူလို့
မရချေ။ ကြည့်ရတာ ထျန်းရှို့တွင်ထိုသို့
အတွေးရှိခဲ့ပုံပေါ် သည်။
ထျန်းကုံအဖွဲ့သားများသည် အပြုံးစံအိမ်မှာ
စုလိုက်ကြ၏။
ထျန်းသောက်က မတ်တပ်ရပ်လိုက်ကာ
ခေါင်းဆောင်နေရာတွင်ထိုင်နေသည့်လူကို၊
"ခေါင်းဆောင်.. တင်ပြစရာရှိပါတယ်၊
'သခင်လေး' အကြောင်းပါ... သူအခုထိ
မရောက်လာသေးပါဘူး"
ထိုလူက မျက်ခုံးပင့်သွားပြီး၊
"ထူးဆန်းတယ်၊ တစ္ဆေငိုညည်းတောင်ကလပ်ကို
ရှာတွေ့ဖို့ အလွန်ဆုံးမှဆယ်ရက်ပဲလိုတယ်လို့
ပြောခဲ့တာပါ၊ အဲ့တာကြောင့်ပဲ ငါဒီနေ့ကို
အလျင်စလိုပြန်လာခဲ့တာ သူနဲ့တွေ့ရအောင်လေ၊
သူ့မှာအရေးကြီးပြောစရာရှိနေတယ်"
"ခေါင်းဆောင် လူတိုင်းကလေကြီးလေကျယ်
ပြောတတ်ကြတာပဲ၊ ခင်ဗျား 'သခင်လေး' ကို
အရမ်းကြီးမြင့်မြင့်မားမားတွေးမိနေတာမဟုတ်
ဘူးလား?" ခေါင်းဆောင်ပြောတာကြားတော့
ထျန်းဟန်က သူ့ဓားမြှောင်သုတ်နေတာကို
ရပ်ပြီးရွှတ်နောက်နောက်ဖြင့် ပြောလာသည်။
"သူကစကားတည်တဲ့လူမျိုးပဲ... သူ့ကို
နှောင့်နှေးအောင်လုပ်နေတဲ့ကိစ္စမှမရှိရင်..."
ထိုသူက သူ့မှတ်ချက်ကြောင့်အံ့အားသင့်သွားတာ
မျိုးမရှိပေ။ သူ့လူတွေက သူတို့အရင်ကတစ်ခါမှ
မတွေ့ဖူးတဲ့တစ်ယောက်ယောက်ကို အသိမှတ်
ပြုလိမ့်မယ်လို့လည်း သူမတွေးထားပေ၊
သို့ပေတည့် သူပျိုးထောင်လာတဲ့တစ်ယောက်ယောက်
ကလည်း စကားတစ်ခွန်းမဆိုဘဲကတိဖျက်
လိမ့်မယ်လို့ မယုံ.....
ထျန်းသောက်က အကြံပြုသည်၊
"ခေါင်းဆောင် ခင်ဗျားသူ့ကိုထပ်ပြီး
ဆက်သွယ်ကြည့်ရင်ရော...ဘယ်လိုပဲနေနေ
ကျုပ်တို့အားလုံးလည်း လူတစ်ယောက်အတွက်နဲ့
တစ္ဆေငိုညည်းတောင်ကလပ်မှာ စောင့်မနေနိုင်
ဘူးလေ"
"ကောင်းပြီ" ထိုသူက တွေဝေမှုမရှိဘဲလက်ခံလိုက်
သည်။ သူလည်းအကြောင်းအရင်းကို
သိချင်ပါ၏။
ချီလင်မျိုးနွယ်စုဝင်တွေ... အထူးသဖြင့်
နီးနီးကပ်ကပ်ဆက်နွယ်မှုရှိသူတွေမှာ သူတို့ကြား
ဆက်သွယ်နိုင်တဲ့အထူးနည်းလမ်းတစ်ခု
ရှိကြသည်။ သူကချီလင်မျိုးနွယ်စုက
မဟုတ်သော်လည်း လင်းရှောင်အဖေကတော့
ဟုတ်သည်လေ။
မိသားစုဝင်တစ်ယောက်ရဲ့သွေးနှင့်
အသက်သွေးတစ်ချို့ကိုအသုံးပြုပြီး
ဆက်သွယ်ရေးအထူးပစ္စည်းတစ်မျိုး
တပ်ဆင်လို့ရသည်။ သူတို့တွေ
နယ်မြေလောကမခြားသရွေ့ ဆက်သွယ်နိုင်သည်။
ထို့အပြင် အကွာအဝေးကနီးလေလေ
အသံပိုပီလေပင်။
သူက သွေးကျောက်စိမ်းကိုထုတ်လိုက်သည်။
သွေးကျောက်စိမ်းသည် အသံကူးပြောင်း
ကျောက်တုံးကဲ့သို့ပင်ဖြစ်သော်လည်း
တိုက်ရိုက်စကားပြောလို့မရပေ။ လုပ်ရမှာက
လက်တစ်ဖက်နဲ့ ကျောက်စိမ်းကိုတင်းတင်း
ကိုင်ထားပြီး စိတ်နဲ့ဆက်သွယ်ရမှာဖြစ်သည်။
လင်းရှောင် ယူရှောင်းမိုဆေးလုံးသန့်စင်တာကို
ကြည့်နေတုန်း သွေးကျောက်စိမ်းရဲ့လှုပ်ရှားမှုကို
ရုတ်တရက်အာရုံခံမိလိုက်သည်။
________________
Note
*ပေလွှာ- driveကို ပြန်ထားတာပါ၊ မှတ်တမ်းတင်
တဲ့ဟာလိုမျိုးပဲပေါ့ သူကကျင့်ကြံခြင်းကမ္ဘာ
ဆိုတော့ဘယ်လိုခေါ် ရမလဲမသိလို့ ပေလွှာလို့ပဲ
ပြန်ခဲ့လိုက်တာပါ
___________________
//Zawgyi//
အပိုင္း ၅၂၄- ေဆးလံုးသန႔္စင္ျခင္းနဲ႔
ဆက္သြယ္လာျခင္း
လင္းေရွာင္ျပန္လာတဲ့အခါ ယူေရွာင္းမိုကို
ေဆးလံုးသန႔္စင္တဲ့အခန္းထဲမွာ မေတြ့ရေပ။
သူ စာၾကၫ့္ခန္းဆီေအးေအးလူလူပဲေလ်ွာက္လာ
ခဲ့သည္။ စားပဲြေပၚ ေမွာက္အိပ္ရင္း စာအုပ္တစ္အုပ္
ကိုသဲႀကီးမဲႀကီးၾကၫ့္ေနသူမွာ ယူေရွာင္းမိုပင္။
လင္းေရွာင္ သူ႔ေနာက္ဘက္ကိုေလ်ွာက္သြား
လိုက္ေပမယ့္ လွမ္းေတာ့မေခၚ လိုက္ပါေပ။
ယူေရွာင္းမို ဝါးသမ္းလိုက္ၿပီး
သူ႔အာရံုကစာအုပ္မ်ားဆီမွ ဖယ္သြားသည္။
အခ်ိန္အၾကာႀကီးစာအုပ္ဖတ္ထားလို႔
ေညာင္းညာေနတာကို သက္သာေစဖို႔အတြက္
ေက်ာဆန႔္ၿပီးတင္ပါးကိုလွၫ့္လိုက္၏။
လင္းေရွာင္သည္ကားလႈပ္ေနတဲ့
တင္ပါးလံုးလံုးေလးကို
မခြာတမ္းၾကၫ့္ေနေတာ့သည္။
အဲ့ေနာက္ ယူေရွာင္းမိုမွာစိုက္ၾကၫ့္ခံေနရတဲ့
ခံစားခ်က္တစ္ခုကိုရလိုက္သည္၊ သို႔ေပမယ့္
ဒီတစ္ေခါက္က နတ္ဆိုးသားရဲသခ်ၤိဳင္းေျမကို
ျဖတ္တုန္းကနဲ႔မတူေခ်။ မေကာင္းတဲ့
ရည္ရြယ္ခ်က္ကို မခံစားမိေပမယ့္
ပူေလာင္ေနတဲ့ခံစားခ်က္တစ္ခုကို
ရေနသည္။
ယူေရွာင္းမို ေျဖးေျဖးျခင္းေခါင္းလွၫ့္ၾကၫ့္
လိုက္ေတာ့ တစ္စံုတစ္ေယာက္ရဲ့ရုတ္တရက္
ေပၚ လာတာက သူ႔ကိုလန႔္ျဖန႔္သြားေစၿပီး
စားပဲြေပၚ ေတာင္ျပဳတ္က်သြားရေလသည္။
ႏွလံုးက တဒုတ္ဒုတ္ခုန္ေနတာေၾကာင့္
စကားေတြေတာင္ထြက္မလာေတာ့ေခ်။
လင္းေရွာင္က အခြင့္ေကာင္းယူၿပီးေနာက္တီး
ေနာက္ေတာက္ႏွင့္ ရယ္ေမာလိုက္၏၊
"ဇနီးေလး မင္းေယာက်္ားကိုေကာင္းေကာင္း
သိတာပဲ"
ယူေရွာင္းမို တဒိန္းဒိန္းခုန္ေနတဲ့ႏွလံုးကို
ၿငိမ္သြားေအာင္လုပ္ၿပီးတဲ့အခ်ိန္မွာပဲ
တစ္စံုတစ္ေယာက္ရဲ့ ထိန္းမႏိုင္သိမ္းမရျဖစ္ေန
ေသာ္ျငားလည္း အခ်စ္စိတ္ျပင္းျပေနတဲ့လက္ေတြက
သူ႔အက်ႌထဲသို႔ ေရာက္ေနၿပီျဖစ္ၿပီး
သူ႔ကိုလႈံ႔ေဆာ္ေနကာ လိႈက္ေမာလာေစသည္။
"လုပ္ရဲလုပ္ၾကၫ့္ေနာ္ !"
ယူေရွာင္းမို သူတို႔ေတြက
တျခားတစ္ေယာက္ရဲ့ေနရာမွာဆိုတာ
အမွတ္ရသြားသည္ႏွင့္အလိုမရိွတဲ့အေတြးေတြကို
ခ်က္ခ်င္းေမာင္းထုတ္လိုက္ၿပီး
လင္းေရွာင္ရဲ့လက္ေတြကို ဆဲြခ်လိုက္သည္။
လင္းေရွာင္သည္ စိတ္ပ်က္လက္ပ်က္မ်က္ႏွာ
ျဖစ္သြား၏။
ယူေရွာင္းမိုလည္း သပ္သပ္ရပ္ရပ္ျဖစ္ေအာင္
လုပ္ရင္း ေခါင္းစဉ္ေျပာင္းလိုက္တယ္၊
"ဦးေလးကုကို ေတြ့ခဲ့လား?"
"ဟင့္အင္း၊ တစ္ခုခုလုပ္ဖို႔အျပင္ထြက္သြားၿပီး
ဒီရက္အတြင္းျပန္ေရာက္မွာ မဟုတ္ဘူးထင္တယ္၊
သူက ကိုယ့္ေမးခြန္းရဲ့အေျဖကိုသိတဲ့
တစ္ဦးတည္းေသာသူျဖစ္ႏိုင္တယ္၊
ဆိုေတာ့ ဒီရက္နည္းနည္းေတာ့ဒီမွာပဲ
ေစာင့္ရလိမ့္ဦးမယ္"
"ဖီခ်ဳံးတို႔ကေရာ?"
"သူတို႔ကိုလည္းမေတြ့ခဲ့ဘူး၊ တစၧေငိုညည္းေတာင္
ကလပ္မွာမဟုတ္ဘဲ တစၧေသခ်ၤိဳင္းေတာင္တန္း
တစ္ေနရာရာမွာက်င့္ႀကံေနၾကတာျဖစ္ဖို႔မ်ားတယ္"
"ေကာင္းၿပီေလ ဒါဆိုလည္းခင္ဗ်ားဦးေလးကု
ျပန္လာတာေစာင့္ၿပီးမွပဲ ေမးၾကတာေပါ့"
ကံေကာင္းစြာႏွင့္ ရိႈ႔ရွန္းစံအိမ္သခင္သည္
ေနာက္တစ္လခန႔္ထိျပန္လာဦးမည္မဟုတ္ေပ၊
ေနာက္ၿပီး အျခားအဖဲြ႔ဝင္ေတြကလည္း
တားျမစ္ထားတဲ့ေနရာအတြင္းသို႔ ဝင္လို႔မရေပ။
အတားအဆီးအစီအရင္ကလည္း သူတို႔မ်က္ေမွာက္
ကိုဖုန္းကြယ္ေပးထားႏိုင္သည္ျဖစ္ရာ
ဒီေနရာက သူတို႔အတြက္လံုႃခံုမႈရိွဆံုး
ေနရာျဖစ္ေနသည္။
ယူေရွာင္းမိုလည္း သူ႔ေနရာသူျပန္သြားလိုက္ၿပီး
ေရ႔ွကစာအုပ္ကို ပ်င္းရိပ်င္းတဲြႏွင့္လွန္ေလွာ
ၾကၫ့္သည္။
သူဖတ္ေနတဲ့စာအုပ္ထဲကေန ရင္းႏွီးတဲ့
မ်ိဳးရိုးနာမည္တစ္ခုကိုသတိျပဳမိလိုက္သည္။
ေရွးယခင္ကစစ္ပဲြႀကီးတြင္ ယူမိသားစုသည္လည္း
ပါဝင္ခဲ့ၿပီး စြမ္းအားႀကီးပုဂၢိုလ္အခ်ိဳ႕
ဆံုးရႈံးခဲ့ရေလသည္။
သို႔ေသာ္ ယူမိသားစုကိုဒီမတိုင္မီက
ေသြးေစြးနီမိသားစုလို႔ မေခၚတြင္ေပ၊ ေနာက္ၿပီး
မိသားစုအခဲြေတြလည္းအမ်ားႀကီးမရိွခဲ့။
သူတို႔ကတရားဝင္ဟုတ္သည္ျဖစ္ေစ မဟုတ္သည္
ျဖစ္ေစသူတို႔အားလံုးကို ယူမိသားစုရဲ့
တစ္စိတ္တစ္ပိုင္းအျဖစ္သတ္မွတ္ခဲ့သည္။
ကံဆိုးစြာႏွင့္ ထိုတိုက္ပဲြ၌ ယူမိသားစုသည္
စြမ္းအားႀကီးက်င့္ႀကံသူမ်ားစြာဆံုးရႈံးခဲ့ရၿပီး
အင္အားဆုတ္ယုတ္သြားခဲ့ေလသည္။ ထိုမ်ွမက
အသက္ရွင္က်န္သူအားလံုးနီးပါးမွာ
မိသားစုအခဲြေတြကပဲ ျဖစ္ၾက၏။
ယခုလက္ရိွ ယူမိသားစုဝင္ေတြကယခင္က
မိသားစုဝင္ေတြရဲ့ 'တရားဝင္' နဲ႔နည္းနည္းေလးမွ
မနီးစပ္ေပ။ သူတို႔အမ်ားစုသည္ ေရွးက
ယူမိသားစုရဲ့ေဘးမိသားစုအခဲြမ်ားမျွဖစ္ကာ
အျခားေသာအေၾကာင္းတစ္ခ်ိဳ႕ေၾကာင့္ လက္ရိွ
ေသြးေစြးနီမိသားစုရဲ့ ပင္မမိသားစုသည္ပင္
အဲ့ေလာက္ထိ 'တရားဝင္' မဟုတ္ေပ။
သို႔ေသာ္လည္း အေၾကာင္းအရင္းတိတိက်က်ကိုမူ
စာအုပ္ထဲမွာမေဖာ္ျပထားေခ်။
ယူေရွာင္းမို ေတြ့ျမင္ခဲ့ရတာကသူတို႔ရဲ့
ေနာင္လာေနာက္သားေတြထားရစ္ခဲ့တဲ့
အသိေပးစာအနည္းငယ္သာျဖစ္သည္။
လင္းေရွာင္ကလည္း စာအုပ္စင္ေပၚကစာအုပ္ေတြကို
စိတ္ဝင္စားပံုရကာ ႄကံုရာတစ္အုပ္ဆဲြထုတ္
ေလသည္။ ယူေရွာင္းမိုလွမ္းၾကၫ့္တဲ့အခါ
ဆြံ႔အသြားရတယ္၊ သူၾကၫ့္ေနတဲ့စာအုပ္က
ဟာသစာအုပ္လိုဟာမ်ိဳးပဲ။
သူအရင္ေတြးမိတာကေတာ့ ဒီနယ္ေျမမွာလည္း
ဟာသစာအုပ္လိုဟာေတြရိွတယ္ေပါ့ေလ?
ယူေရွာင္းမို လင္းေရွာင္ကိုငါးမိနစ္ေလာက္ၾကာ
ေအာင္ေလ့လာၾကၫ့္ေနေပမယ့္
သူ႔အမူအရာက မေျပာင္းမလဲပဲရိွေနတာကိုသာ
ေတြ့လိုက္ရသည္။ ခဏၾကာေတာ့ သူလည္း
ပ်င္းလာၿပီး သမိုင္းစာအုပ္ကိုစင္ေပၚ ျပန္တင္
လိုက္ၿပီးတဲ့ေနာက္ ေဆးလံုးသန႔္စင္ခန္းထဲသို႔
သြားေတာ့သည္။
ေနာက္ဆံုးေတာ့လည္း ေဆးလံုးသန႔္စင္ခန္းကသာ
သူ႔ရဲ့အခ်စ္စစ္ပဲ!!
ယူေရွာင္းမို ေမွာ္ေဆးပင္ဗီရိုအထက္နားက
လူသားအဆင့္လြန္ေမွာ္ေဆးပင္ေတြေၾကာင့္
လက္တယားယားျဖစ္ေန၏။ ဒါ့ေၾကာင့္
သူ႔မ်က္လံုးေတြနီရဲလာေတာ့မွပဲ အၾကၫ့္ကို
ျပန္ရုတ္ကာ ၾကမ္းျပင္ေပၚ ဖင္ထိုင္ခ်ၿပီး
ေက်ာက္စိမ္းေပလႊာအနီေလးကို ဆဲြထုတ္
လိုက္သည္။
ေက်ာက္စိမ္းေပလႊာမေပ်ာက္သြားေအာင္
ေဆးလံုးေဖာ္စပ္နည္းအကုန္လံုးကို တျခား
ေက်ာက္စိမ္းေပလႊာေပၚ မွာ ကူးေရးထားသည္။
ေပလႊာ* ႏွစ္ခုက သိုေလွာင္ႏိုင္တဲ့ပမာဏမတူ
တာေၾကာင့္ အသစ္တစ္ခုက အဆင္ျမင့္နဲ႔
လူသားအဆင့္လြန္ေဆးလံုးေဖာ္စပ္နည္းေတြပဲ
ဆန႔္သည္။
ၿပီးတဲ့အခါ ယူေရွာင္းမို အနီေရာင္ေက်ာက္စိမ္းေပလႊာ
ကိုျပန္သိမ္းၿပီး လူသားအဆင့္လြန္ေဆးလံုး
ေဖာ္စပ္နည္းေတြအကုန္လံုးကို ေက်ညက္ေအာင္
ေလ့လာေတာ့သည္။
ေဆးလံုးမသန႔္စင္ခင္မွာ ေဖာ္စပ္နည္းကို
ႏွလံုးသားထဲထိစဲြေအာင္မွတ္ထားရမွာ
ျဖစ္သည္၊ မဟုတ္ရင္က်ရႈံးႏိုင္သည္ျဖစ္ရာ
ဒီဟာကလည္း အေရးပါတဲ့အဆင့္တစ္ခု
ျဖစ္ေလသည္။
လူသားအဆင့္လြန္ေဆးလံုးေဖာ္စပ္နည္းမ်ားႏွင့္
အဆင့္ျမင့္ေဆးလံုးေဖာ္စပ္နည္းမ်ားၾကားတြင္
ကဲြျပားခ်က္ႀကီးတစ္ခုရိွသည္။
ေမွာ္ေဆးပင္ေတြက အရမ္းႀကီးပိုမ်ားမလာေပမယ့္
အခ်ိဳ႕ေသာေဖာ္စပ္နည္းေတြမွာ အဆင့္ေပါင္း
ေလးဆယ္ကေန ငါးဆယ္အထိပါရိွသည္။
ဒီလိုျဖစ္ရတဲ့အေၾကာင္းက ေမွာ္ေဆးပင္ေတြကို
အျခားေသာေမွာ္ေဆးပင္ေတြနဲ႔ မေရာစပ္ခင္
အပိုင္းပိုင္းခဲြထုတ္ရတာ၊ အခ်ိဳ႕ေတြကိုကိုင္တြယ္ဖို႔
အတြက္ ထူးျခားတဲ့နည္းလမ္းေတြရိွတာ
စတာေတြေၾကာင့္ပင္။ ထို႔ေၾကာင့္ေဖာ္စပ္ရတာ
အဆင့္၁၀ ေမွာ္ေဆးလံုးတစ္လံုးထက္
ႏွစ္ဆသံုးဆခန႔္ပိုခက္ခဲသည္။
ယူေရွာင္းမို ယံုတယ္၊ အကယ္၍ဒါကကမ႓ာ
ေပၚ မွာသာဆိုရင္ ဓာတ္ပံုရိုက္သလိုမွတ္ႏိုင္တဲ့
မွတ္ဉာဏ္သာမရိွရင္မျဖစ္ႏိုင္ေပ။
က်ရႈံးႏိုင္ႏႈန္းသည္ ေထာင္တက္ေနမွာပင္။
ယူေရွာင္းမို သက္တန႔္အဆင့္၁ေဆးလံုးေဖာ္စပ္နည္း
အနည္းငယ္ကို ေရြးလိုက္သည္၊ သို႔ေသာ္
ေက်ာက္စိမ္းဗီရိုဆီ အၾကၫ့္မေရာက္ဘဲမေနႏိုင္ေပ။
သူ႔နယ္ေျမထဲတြင္ လူသားအဆင့္လြန္ေမွာ္ေဆးပင္
တစ္ခ်ိဳ႕ရိွတယ္ဆိုေသာ္လည္း ဘယ္ေဖာ္စပ္နည္း
အတြက္မွမေလာက္ငွေပ။
လဲလွယ္လို႔ရႏိုင္ေလာက္လား?
ယူေရွာင္းမို စိတ္ကူးေပါက္ရာေလ်ွာက္ေတြး
မိတယ္။
ဟူရြာအေနာက္ဘက္ကဂူကေန ရခဲ့တဲ့ေမွာ္ေဆးပင္
ေတြက အေစ့ေတာင္ႂကြေနၾကၿပီ။
သူ႔မွာအေစ့ရၿပီဆိုတာနဲ႔ ျပတ္လပ္သြားမွာမပူရ
ေတာ့ေပ။
အဆံုးမွာ ယူေရွာင္းမို ဆဲြေဆာင္ေနတာကို
မခုခံႏိုင္ေတာ့ဘဲ ေခြးေျခခံုတစ္ခုယူၿပီးတက္လိုက္
ေတာ့သည္။
ေက်ာက္စိမ္းဗီရိုထဲကလူသားအဆင့္လြန္ေမွာ္ေဆးပင္
အားလံုးက အလတ္ဆင့္ေတြၾကၫ့္ပဲ၊
အဆင့္ျမင့္တာတစ္ခုမွမပါေပ။ အဆင့္ျမင့္ေဆးပင္
ေတြက အခန္းပိုင္ရွင္ဆီမွာပဲျဖစ္ေလာက္သည္။
ယူေရွာင္းမိုက ဗီရိုထဲမွာေတာင္မွမရိွတဲ့
အဆင့္ျမင့္ေမွာ္ေဆးပင္အနည္းငယ္မ်ွ
ထုတ္ယူလိုက္ၿပီး သူလိုအပ္တဲ့ေမွာ္ေဆးပင္
ရိုးတံတစ္ခ်ိဳ႕ကိုယူလိုက္သည္။ သူက
ခြင့္ျပဳခ်က္မရိွဘဲ ယူေနတာဆိုေပမယ့္လည္း
အဆင့္ျမင့္ေဆးပင္ေတြနဲ႔ အလတ္ဆင့္ေဆးပင္ေတြ
လဲလွယ္တာကို ပိုင္ရွင္ျဖစ္သူသိသြားရင္ေတာင္
ဘာေျပာစရာမွရိွမွာမဟုတ္ဘူး ဟုတ္တယ္မလား?
အေစ့ေတြမရိွတာေတာ့ ဆိုးတာပဲ။
ယူေရွာင္းမို သက္ျပင္းခ်ၿပီးတဲ့အခိုက္မွာပဲ
ပြင့္လ်က္ရိွေနတဲ့ဗီရိုတစ္ခုကို သူ႔မ်က္လံုးေထာင့္
ကေနျမင္လိုက္ရသည္။ ေအာက္ေျခမွာက
အမည္းေရာင္အေစ့တစ္ခ်ိဳ႕......
ေမွာ္ေဆးပင္အေစ့ေတြမ်ား ျဖစ္ေနမလား?
အျပစ္ရိွသလိုခံစားေနရရင္း
သူ႔လက္ဖဝါးတစ္ဖက္သည္ တေရြ့ေရြ့တေရြ့ေရြ့.....
"ဘာလုပ္ေနတာလဲ" လင္းေရွာင္ရဲ့အသံက
သူ႔နားနားမွာ ရုတ္တရက္ေပၚ လာသည္။
ယူေရွာင္းမို အံ့အားသင့္သြားၿပီးခံုေပၚ က
ျပဳတ္က်လုနီးပါးျဖစ္သြား၏၊ လင္းေရွာင္က
အလ်င္အျမန္ပဲ ျပန္ဆဲြလိုက္ရသည္။
ယူေရွာင္းမိုလည္း မခံ၊
"အဲ့ဒါ ကၽြန္ေတာ္ေမးရမွာ၊
ခင္ဗ်ားဘာလုပ္ေနတာလဲ? ကၽြန္ေတာ့္ကိုတစ္ရက္
ဘယ္ႏွခါေလာက္ေျခာက္လွန႔္ခ်င္ေနတာလဲ?"
အဲ့ဒါကိုစိတ္ထဲမထားဘဲ လင္းေရွာင္က၊
"မင္းသာ လိပ္ျပာမလံုသလိုျဖစ္မေနရင္
ကိုယ့္ေၾကာင့္လန႔္သြားပါ့မလား?"
ယူေရွာင္းမိုလည္း ယံုၾကည္ခ်က္အျပၫ့္ႏွင့္၊
"လိပ္ျပာမလံုတာေတြဘာေတြမရိွပါဘူး၊
ေဆးပင္ေတြကို လဲခဲ့တာေတာ့မွန္တယ္၊
အဆင့္ျမင့္တဲ့ေဆးပင္ေတြေနာ္။ ဒီမွာဆံုးရႈံးရတဲ့သူက
ကၽြန္ေတာ္ပါ၊ အဲ့ဒါနဲ႔အေစ့နဲ႔ယူရင္ေတာင္
ကိစၥမရိွေသးဘူး"
လင္းေရွာင္က ေလွာင္သည္၊
"အေစာကက်ေတာ့ မင္းပဲျငင္းေနတာ
မဟုတ္ဘူးလား၊ အခုေတာ့စိတ္ေျပာင္းသြားၿပီေပါ့?
မင္းကိုေမွာ္ေဆးပင္ေတြကူရွာေပးမယ့္သူ
ရိွၿပီးသားဆို?"
"ဘယ္လို… ဘယ္လိုပဲေနေနကၽြန္ေတာ္လည္း
ပ်င္းတာေပါ့လို႔၊ ေဆးေဖာ္စပ္နည္းတစ္ခုအတြက္
လိုတာေလးစုၿပီး သက္တန႔္ေဆးလံုးတစ္လံုး
စမ္းလုပ္ၾကၫ့္ရင္ေကာင္းမယ္လို႔ ေတြးမိလို႔"
ယူေရွာင္းမိုမွာ အျပစ္ရိွသလိုခံစားရသၫ့္အတြက္
သူ႔မ်က္လံုးကိုေရွာင္လႊဲလိုက္၏။
"ဒါဆို တစ္ခုအတြက္ရၿပီလား"
လင္းေရွာင္ သူ႔ကိုမၿပီးခံုေပၚ ကခ်ေပးလိုက္တယ္။
ယူေရွာင္းမို အေစ့ကိုအျမန္လွမ္းယူလိုက္ၿပီး
ေမွာ္ေဆးပင္ရိုးတံအနည္းငယ္ကို
ကိုင္ထားရင္း အူေၾကာင္ၾကား
ေခါင္းညိတ္လိုက္သည္၊
"တစ္ခုစာ ေလာက္ငွရံုေလးတင္"
ပိုင္ရွင္ျဖစ္သူက ေမွာ္ေဆးပင္ေတြအမ်ားႀကီး
သိမ္းမထားတာေၾကာင့္ေဆးလံုးေဖာ္စပ္နည္း
တစ္ခုစာပဲလုပ္ႏိုင္သည္။
ေဆးလံုးသန႔္စင္ခန္းက အျပင္ဘက္နဲ႔ပိုနီးတာေၾကာင့္
တစ္ေယာက္ေယာက္မေတာ္တဆေရာက္လာရင္
ေတြ့သြားႏိုင္သည္ျဖစ္ရာ ယူေရွာင္းမိုလည္း
ေမွာ္ေဆးပင္ေတြကိုသယ္ၿပီး လင္းေရွာင္နဲ႔အတူ
စာၾကၫ့္ခန္းဆီ သြားလိုက္သည္။ စာၾကၫ့္ခန္းက
လံုလံုေလာက္ေလာက္က်ယ္ဝန္းတာမို႔
သူတို႔နဲနဲေလာက္ပဲ ဂရုစိုက္ဖို႔လိုေလသည္။
တစ္ျခားလူေတြရဲ့ေနရာမွာ ေဆးလံုးသန႔္စင္တာက
ပံုေဖာ္ၾကၫ့္လို႔ေတာင္မရတဲ့အရာတစ္ခုဆိုေပမယ့္
ယူေရွာင္းမိုကေတာ့ လုပ္သည္။
ယူေရွာင္းမိုက ေဆးပင္ေတြနဲ႔ေကာင္းကင္
ေဆးေပါင္းအိုးကို ထုတ္လိုက္သည္။
လူသားအဆင့္လြန္ေမွာ္ေဆးပင္တစ္ဒါဇင္ကလဲြလို႔
က်န္တာေတြက အဆင့္၉ သို႔မဟုတ္ ၁၀
ေဆးပင္ေတြပဲျဖစ္သည္။ ကုန္က်စရိတ္က
အေတာ္ေလးျမင့္ေပမယ့္ သူ႔နယ္ေျမထဲမွာက
အခ်ိန္မေရြးရႏိုင္ေနေပသည္။
အဲ့ဒီေနာက္ စိတ္စုစည္းဖို႔ႏွစ္နာရီအခ်ိန္ယူလိုက္သည္၊
ဒါကပံုမွန္ထက္ တစ္နာရီခဲြပိုၾကာၿပီး
ေနာက္ေတာ့မွေဆးလံုးကို စတင္သန႔္စင္ေတာ့သည္။
ဒါကိုၾကၫ့္ျခင္းျဖင့္ သူအေလးအနက္ထားတာကို
ေတြ့ႏိုင္ေပသည္။
ထို႔ေနာက္ အဆင့္၉ေမွာ္ေဆးပင္ေတြအားလံုးကို
ေဆးေပါင္းအိုးထဲ ပစ္ထၫ့္လိုက္သည္။
အညစ္အေၾကးအမ်ားစုကို ဖယ္ထုတ္ၿပီးတဲ့အခါ
ေဖာ္စပ္နည္းထဲကအတိုင္း အစိမ္းေရာင္
ေမွာ္ေဆးပင္အရည္ကို အပိုင္းပိုင္းခဲြလိုက္သည္။
အဲ့ဒီေနာက္ အဆင့္၁၀ေဆးပင္ေတြအားလံုး
ပစ္ထၫ့္လိုက္သည္။ ယခုထိတိုင္ သူ႔လႈပ္ရွားမႈ
ေတြက အလြန္ေခ်ာေမြ့ၿပီးသြက္လက္ေနသည္။
လူသားအဆင့္လြန္ေမွာ္ေဆးပင္ေတြကလဲြလို႔
က်န္တဲ့ေဆးပင္ေတြရဲ့ အဆီအႏွစ္ကို
ထုတ္ယူလို႔ၿပီးခါမွ သူ႔ကိုယ္သူအနည္းငယ္
စိတ္ေလ်ာ့သည္။ စိတ္ကိုျပန္တည္ၿငိမ္ေအာင္လုပ္
ၿပီးေနာက္ ယူေရွာင္းမိုလည္း
ေနာက္ဆံုးအဆင့္၁၁ေဆးပင္ေတြကို ထုတ္ၿပီး
အဆင့္၃ဆင့္နဲ႔ သန႔္စင္လိုက္ေတာ့သည္။
ေမွာ္ေဆးပင္ေတြရဲ့ အမ်ိဳးမ်ိဳးေသာ
အရည္အေသြးေတြေၾကာင့္ အာနိသင္သက္ေရာက္မႈ
ဟာလည္း ႀကီးႀကီးမားမားကဲြျပားႏိုင္ေပသည္။
သို႔ျဖစ္၍ သာမာန္ထက္ပိုခက္ခဲေပမည္ျဖစ္ရာ
သူလည္း ပိုၿပီးဂရုစိုက္ရေတာ့သည္။
ဒီတစ္ႀကိမ္ အလတ္ဆင့္ေမွာ္ေဆးပင္
၄ပင္ကိုထုတ္ယူရတာကပင္လ်ွင္ အခ်ိန္
ေျခာက္နာရီၾကာၿပီး သူ႔ရဲ့ဝိဉာဉ္စြမ္းအားသည္လည္း
တုန္လႈပ္ဖြယ္ေကာင္းသၫ့္ႏႈန္းျဖင့္ ေလ်ာ့က်
ေန၏။
လင္းေရွာင္က ေဆးလံုးသန႔္စင္တာအေၾကာင္း
တစ္လံုးတစ္ပါဒမွမသိေပမယ့္ ဒီတစ္ႀကိမ္မွာ
ယူေရွာင္းမိုခါတိုင္းေတြထက္ ပိုခၽြေးျပန္
ေနသည္။ သူ႔အဝတ္မ်ားပင္လ်ွင္
စိုရႊဲေန၏။
ေတာ္ေတာ္ေလးေတြေဝေနၿပီးတဲ့ေနာက္မွာေတာ့
သုတ္မေပးဖို႔ပဲ ဆံုးျဖတ္လိုက္ေတာ့သည္၊
သူမေအာင္ျမင္ရင္ အျပစ္ဖို႔မခံခ်င္ဘူးေလ...။
ယူေရွာင္းမို ေဆးပင္ေတြအားလံုးကိုထုတ္ယူလို႔
မၿပီးေသးခင္မွာ တစ္ရက္ကုန္ဆံုးသြားၿပီျဖစ္သည္။
ေဆးေပါင္းအိုးထဲတြင္ေမ်ာလြင့္ေနသၫ့္
ေမွာ္ေဆးပင္အရည္ကို ၾကၫ့္ေနရင္း
ယူေရွာင္းမို ေနာက္ဆံုးေတာ့စိတ္သက္သာစြာ
သက္ျပင္းခ်လိုက္ကာ နဖူးကခၽြေးကိုသုတ္
လိုက္သည္။
သက္တန႔္ေဆးလံုးတစ္လံုးျပဳလုပ္ဖို႔
လိုအပ္တဲ့ စိတ္အား ဝိဉာဉ္စြမ္းအားက
သူထင္ထားတာထက္ပိုသည္။ လမ္းတစ္ဝက္တုန္းက
လက္ေလ်ွာ့လုနီးနီးပင္၊ ထို႔ေၾကာင့္
လင္းေရွာင္က သူ႔ကိုကူၿပီးခၽြေးမသုတ္ေပးခဲ့တာ
ေကာင္းေပသည္၊ မဟုတ္ရင္သူတကယ္ပဲ
အာရံုလြင့္သြားမွာျဖစ္၏။
သို႔ေသာ္ အမွန္တကယ္နာက်င္ရတာက
ေဆးလံုးသန႔္စင္တာေတာင္မစရေသးခင္
သူ တစ္ပိုင္းေသေနႏွင့္တာပဲ...။
ေဆးလံုးသန႔္စင္တာက စိတ္စြမ္းအားကုန္သည္။
သူ ဒုကၡခံၿပီးပထမတစ္ရက္ကိုေက်ာ္ျဖတ္ႏိုင္ခဲ့
သည္ျဖစ္ရာ ယခုမွေတာ့မက်ရႈံးႏိုင္ေပ၊
မဟုတ္ရင္ ေမွာ္ေဆးပင္ေတြအားလံုးကို
အလကားျဖဳန္းတီးသလိုသာမက သူ႔အားထုတ္မႈ
ေတြလည္း အလကားျဖစ္သြားေပမည္။
ယူေရွာင္းမို သူ႔ကိုယ္သူတစ္ခါျပန္လို႔အားတင္း
လိုက္သည္။
သန႔္စင္တဲ့လုပ္ငန္းက သူတို႔ႏွစ္ေယာက္လံုးထင္
ထားတာထက္ ပိုၾကာေနသည္။
သက္တန႔္ေဆးလံုးသန႔္စင္တာပထမဆံုး
ျဖစ္တာေၾကာင့္ ယူေရွာင္းမို ခါတိုင္းကဲ့သို႔
အလုပ္ေတြအမ်ားႀကီးတစ္ခါတည္းမလုပ္ရဲပါေပ။
သူ တစ္ဆင့္ၿပီးတစ္ဆင့္ကိုဂရုတစိုက္ႏွင့္
လုပ္သည္။ အာရံုစိုက္ထားျခင္းက
အခ်ိန္ပိုၾကာေစသၫ့္တိုင္ ေအာင္ျမင္ႏိုင္ေခ်က
ေသခ်ာေပသည္။
သို႔ေသာ္ အျပင္ကအေျခအေနေတြကမူ
သူတို႔စီစဉ္ထားသလိုသြားမေနေပ၊ အေၾကာင္းမွာ
ကုလင္းကျပန္ေရာက္လာၿပီျဖစ္တာေၾကာင့္ပင္။
ထိုမ်ွသာမက ေဆးလံုးအခန္းရဲ့ပိုင္ရွင္ျဖစ္သူ
ထ်န္းရိႈ႔သည္လည္း ေစာစီးစြာျပန္ေရာက္လာ၏။
သက္တန႔္ေဆးလံုးေဖာ္စပ္နည္းေတြက
ရွာရခက္လွသည္၊ အထူးသျဖင့္ အဆင့္ပိုျမင့္
တာေတြပဲ၊ ၄တို႔မွာေပ်ာက္ကြယ္လုနီးပါး
ေပ။ ထို႔အျပင္ သူတို႔မွာရိွေနလ်ွင္ပင္
ေပးပစ္မည္မဟုတ္ဘဲ ပံုမွန္တြင္ပိုင္ဆိုင္ထားသူမ်ားက
စြမ္းအားႀကီးသူမ်ားျဖစ္ၾကရာ အားသံုးယူလို႔
မရေခ်။ ၾကၫ့္ရတာ ထ်န္းရိႈ႔တြင္ထိုသို႔
အေတြးရိွခဲ့ပံုေပၚ သည္။
ထ်န္းကံုအဖဲြ႔သားမ်ားသည္ အႃပံုးစံအိမ္မွာ
စုလိုက္ၾက၏။
ထ်န္းေသာက္က မတ္တပ္ရပ္လိုက္ကာ
ေခါင္းေဆာင္ေနရာတြင္ထိုင္ေနသၫ့္လူကို၊
"ေခါင္းေဆာင္.. တင္ျပစရာရိွပါတယ္၊
'သခင္ေလး' အေၾကာင္းပါ... သူအခုထိ
မေရာက္လာေသးပါဘူး"
ထိုလူက မ်က္ခံုးပင့္သြားၿပီး၊
"ထူးဆန္းတယ္၊ တစၧေငိုညည္းေတာင္ကလပ္ကို
ရွာေတြ့ဖို႔ အလြန္ဆံုးမွဆယ္ရက္ပဲလိုတယ္လို႔
ေျပာခဲ့တာပါ၊ အဲ့တာေၾကာင့္ပဲ ငါဒီေန့ကို
အလ်င္စလိုျပန္လာခဲ့တာ သူနဲ႔ေတြ့ရေအာင္ေလ၊
သူ႔မွာအေရးႀကီးေျပာစရာရိွေနတယ္"
"ေခါင္းေဆာင္ လူတိုင္းကေလႀကီးေလက်ယ္
ေျပာတတ္ၾကတာပဲ၊ ခင္ဗ်ား 'သခင္ေလး' ကို
အရမ္းႀကီးျမင့္ျမင့္မားမားေတြးမိေနတာမဟုတ္
ဘူးလား?" ေခါင္းေဆာင္ေျပာတာၾကားေတာ့
ထ်န္းဟန္က သူ႔ဓားၿမွောင္သုတ္ေနတာကို
ရပ္ၿပီးရႊတ္ေနာက္ေနာက္ျဖင့္ ေျပာလာသည္။
"သူကစကားတည္တဲ့လူမ်ိဳးပဲ... သူ႔ကို
ေနွာင့္ေနွးေအာင္လုပ္ေနတဲ့ကိစၥမွမရိွရင္..."
ထိုသူက သူ႔မွတ္ခ်က္ေၾကာင့္အံ့အားသင့္သြားတာ
မ်ိဳးမရိွေပ။ သူ႔လူေတြက သူတို႔အရင္ကတစ္ခါမွ
မေတြ့ဖူးတဲ့တစ္ေယာက္ေယာက္ကို အသိမွတ္
ျပဳလိမ့္မယ္လို႔လည္း သူမေတြးထားေပ၊
သို႔ေပတၫ့္ သူပ်ိဳးေထာင္လာတဲ့တစ္ေယာက္ေယာက္
ကလည္း စကားတစ္ခြန္းမဆိုဘဲကတိဖ်က္
လိမ့္မယ္လို႔ မယံု.....
ထ်န္းေသာက္က အႀကံျပဳသည္၊
"ေခါင္းေဆာင္ ခင္ဗ်ားသူ႔ကိုထပ္ၿပီး
ဆက္သြယ္ၾကၫ့္ရင္ေရာ...ဘယ္လိုပဲေနေန
က်ဳပ္တို႔အားလံုးလည္း လူတစ္ေယာက္အတြက္နဲ႔
တစၧေငိုညည္းေတာင္ကလပ္မွာ ေစာင့္မေနႏိုင္
ဘူးေလ"
"ေကာင္းၿပီ" ထိုသူက ေတြေဝမႈမရိွဘဲလက္ခံလိုက္
သည္။ သူလည္းအေၾကာင္းအရင္းကို
သိခ်င္ပါ၏။
ခ်ီလင္မ်ိဳးႏြယ္စုဝင္ေတြ... အထူးသျဖင့္
နီးနီးကပ္ကပ္ဆက္ႏြယ္မႈရိွသူေတြမွာ သူတို႔ၾကား
ဆက္သြယ္ႏိုင္တဲ့အထူးနည္းလမ္းတစ္ခု
ရိွၾကသည္။ သူကခ်ီလင္မ်ိဳးႏြယ္စုက
မဟုတ္ေသာ္လည္း လင္းေရွာင္အေဖကေတာ့
ဟုတ္သည္ေလ။
မိသားစုဝင္တစ္ေယာက္ရဲ့ေသြးႏွင့္
အသက္ေသြးတစ္ခ်ိဳ႕ကိုအသံုးျပဳျပီး
ဆက္သြယ္ေရးအထူးပစၥည္းတစ္မ်ိဳး
တပ္ဆင္လို႔ရသည္။ သူတို႔ေတြ
နယ္ေျမေလာကမျခားသေရြ့ ဆက္သြယ္ႏိုင္သည္။
ထို႔အျပင္ အကြာအေဝးကနီးေလေလ
အသံပိုပီေလပင္။
သူက ေသြးေက်ာက္စိမ္းကိုထုတ္လိုက္သည္။
ေသြးေက်ာက္စိမ္းသည္ အသံကူးေျပာင္း
ေက်ာက္တံုးကဲ့သို႔ပင္ျဖစ္ေသာ္လည္း
တိုက္ရိုက္စကားေျပာလို႔မရေပ။ လုပ္ရမွာက
လက္တစ္ဖက္နဲ႔ ေက်ာက္စိမ္းကိုတင္းတင္း
ကိုင္ထားၿပီး စိတ္နဲ႔ဆက္သြယ္ရမွာျဖစ္သည္။
လင္းေရွာင္ ယူေရွာင္းမိုေဆးလံုးသန႔္စင္တာကို
ၾကၫ့္ေနတုန္း ေသြးေက်ာက္စိမ္းရဲ့လႈပ္ရွားမႈကို
ရုတ္တရက္အာရံုခံမိလိုက္သည္။
________________
Note
*ေပလႊာ- driveကို ျပန္ထားတာပါ၊ မွတ္တမ္းတင္
တဲ့ဟာလိုမ်ိဳးပဲေပါ့ သူကက်င့္ႀကံျခင္းကမ႓ာ
ဆိုေတာ့ဘယ္လိုေခၚ ရမလဲမသိလို႔ ေပလႊာလို႔ပဲ
ျပန္ခဲ့လိုက္တာပါ
___________________