//Unicode//
အပိုင်း ၅၁၇- တောင်းဆိုမှု
လောကလိပ်နက်သည် နတ်ဘုရားဧကရာဇ်သားရဲ
လေးမျိုးထဲတွင် တစ်မျိုးအပါအဝင်ဖြစ်ပြီး
ပုံမှန်လိုပင် နတ်ဆိုးသားရဲတွေအကြားမှာ
ရိုသေလေးစားဖွယ်အဆင့်အတန်းတစ်ခုရှိသည်၊
သို့သော် နတ်ဘုရားဧကရာဇ်သားရဲလေးမျိုး
ကဲ့သို့သော ဧကရာဇ်သားရဲတွေက
လူသားတွေနဲ့ဆက်နွယ်စာချုပ် မချုပ်ကြပေ။
သို့ဆိုသော်လည်း သူတို့ကစွမ်းအားကြီးမျိုးနွယ်
ဖြစ်နေလျှင်တောင် လူသားတွေရဲ့
နတ်ဘုရားဧကရာဇ်သားရဲလေးမျိုးအပေါ်
လောဘတပ်ခြင်းကို အပြည့်အဝမတားဆီးနိုင်ကြ
ပါပေ။ လူသားတွေက
အရွယ်ရောက်ပြီးဧကရာဇ်သားရဲနဲ့ ဆက်နွယ်စာချုပ်
ကိုဖိအားပေးချုပ်ဆိုလို့ မရနိုင်ပေမယ့်
ငယ်ရွယ်တဲ့သားရဲလေး ဒါမှမဟုတ်
မွေးကာစသားရဲလေးဆိုရင်တော့
စာချုပ်ချုပ်နိုင်ကြသည်။
လောကလိပ်နက်မျိုးနွယ်စုမှာ မိသားစုအခွဲတွေ
အများကြီးရှိသော်လည်း လိပ်နက်မျိုးနွယ်စုက
ချီလင်၊ နတ်ဆိုးဖီးနစ်ငှက်နှင့် နဂါးမျိုးနွယ်များ
ကဲ့သို့ပင် ရှားပါးလှသည်။ မျိုးနွယ်စုမှာ
စုစုပေါင်းမျိုးနွယ်ဝင် ဆယ်ဂဏန်းဝန်းကျင်သာရှိ
သည်ဖြစ်ရာ သူတို့ရဲ့ဆက်ခံသူများကို
တန်ဖိုးထားကြ၏။ လိပ်ပေါက်ကလေးက
လိပ်နက်မျိုးနွယ်စုကဖြစ်ပြီး ခြောက်လအရွယ်သာ
ရှိသေးသည်။ သူ့ရဲ့အသိဉာဏ်ကိုတောင်
ပြည့်ပြည့်ဝဝမရသေးတာကြောင့်
ဆက်နွယ်စာချုပ်ချုပ်ရန်မှာ လွယ်ကူမည်ဖြစ်သည်။
ဒီအကြောင်းအရင်းတွေကြောင့်ပဲ မော့ကျင်းက
သူ့ရှေ့ကလူနှစ်ယောက်က လိပ်ပေါက်လေးအပေါ်
ဒီလိုစိတ်ကူးမျိုးတွေရှိနေမည်ကို စိုးရိမ်နေခြင်း
ဖြစ်သည်။
ယူရှောင်းမိုကလည်း သူတွေးနေတာကိုခန့်မှန်းမိပြီး
အကူအညီမဲ့စွာနဲ့ ပုခုံးတွန့်လိုက်သည်။
အမှန်တော့ သူ့မှာလောကလိပ်နက်နဲ့ပတ်သက်လို့
အဲ့လိုအတွေးမျိုး မရှိဘူး။ အများဆုံးမှ
သက်ပြင်းချမိရုံလောက်ပဲ-
တစ်ခြားလောကလိပ်နက်တစ်ကောင်ကို
ဒီနေရာမှာတွေ့ရလိမ့်မယ် လို့ သူမမျှော်လင့်ထားတာတင်၊ နောက်ပြီး
မွေးတာသိပ်မကြာသေးတဲ့အကောင်လည်း
ဖြစ်နေတယ်လေ။
"အာ... ရှင်းချီလို့ခေါ် တဲ့သူက ခင်ဗျားဆီက
လိုချင်နေတာ ဒီလိပ်ကလေးလား?"
ယူရှောင်းမို ရုတ်တရက်ပြောလိုက်တယ်။
မော့ကျင်းလည်း သူ့မျက်လုံးထဲမှာလောဘတွေ
မတွေ့ရတာကြောင့် ခေါင်းကိုဖြေးဖြေးညိမ့်ပြ
လိုက်တယ်၊ "ရှင်းချီရဲ့ပစ်မှတ်က သခင်လေးဆိုတာ
မှန်ပါတယ်၊ ဒါပေမယ့်ကျုပ် သခင်လေးနဲ့အတူ
ဒီနေရာကနေ ဖြတ်သွားမယ်ဆိုတာ
သူဘယ်လိုသိနေတာလဲကို ကျုပ်မသိတာ၊
အစကတော့ တိုက်ဆိုင်တာလို့ပဲထင်ခဲ့တာ"
"ဘာလို့လဲ?" ယူရှောင်းမို သိချင်သွားတယ်။
မော့ကျင်းက လိပ်ပေါက်ကလေးရဲ့အခွံကို
သပ်ပေးနေတယ်။ လူအများစုက သခင်လေးက
လောကလိပ်နက်တစ်ကောင်ဆိုတာ
ကြားပြီးကြတဲ့နောက် ချက်ချင်းလုပြေးဖို့
လုပ်တတ်ကြတယ်၊ ဒါ့ကြောင့် သူတို့နားမှာတော့
သူ့သတိကိုနည်းနည်းလောက် လျှော့လိုက်ပြီးပြီ။
သူတို့က ယူရှောင်းမိုလို သိချင်စိတ်အပြည့်ရှိနေတဲ့
အမူအရာနဲ့မေးခွန်းတွေ မမေးကြဘူးလေ။
သူကလည်း ဘယ်လိုပဲဖြစ်ဖြစ်လမ်းဆုံးရောက်
နေပြီဖြစ်တာမို့ ရွေးချယ်စရာမရှိဘဲသူတို့ကိုသာ
ယုံကြည်လိုက်ရပြီး သူမမှားပါစေနဲ့လို့သာ
မျှော်လင့်ရတော့သည်။
"သခင်လေးမွေးတုန်းက သခင်ကသူ့အပေါ် မှာ
ချိတ်တစ်ခုပိတ်ထားခဲ့တယ်၊ အဲ့ဒီလို
ခပ်နှိပ်ထားတာက သခင်လေးရဲ့ကိုယ်က
ပင်ကိုယ်အားဖြင့်ကိုယ်ကစွမ်းအားကြီးနေတဲ့
အစွမ်းကို ပိတ်ပေးထားနိုင်တယ်၊
တစ်ဖက်ကလူက အဆင့်၁၂ကျင့်ကြံသူ
မဟုတ်သရွေ့ သခင်လေးရဲ့ဖြစ်တည်မှုကို
သိနိုင်မှာမဟုတ်ဘူး၊ ဒါပေမယ့် ရှင်းချီက
သခင်လေးကကျုပ်နဲ့ရှိနေတယ်လို့ပြောခဲ့တာကြောင့်
သူကကြိုသတင်းရထားတာဖြစ်နေပြီး
ဒီနေရာမှာ ခြုံခိုတိုက်ခဲ့တာပဲ"
ယူရှောင်းမိုက မေးကိုသပ်လိုက်ရင်း၊
"ဒါဆို တစ်ယောက်ယောက်ကခင်ဗျားကို
သစ္စာဖောက်သွားတာဖြစ်ဖို့များတယ်ပေါ့"
မော့ကျင်းက ခေါင်းညိတ်လိုက်သည်၊
"ဟုတ်တယ်၊ အမှန်တော့ မျိုးနွယ်ဝင်တစ်ယောက်က
လိပ်နက်မျိုးနွယ်စုကိုသစ္စာဖောက်သွားတယ်လို့
ကျုပ်လည်း သံသယမဝင်ချင်ဘူး၊ ဒါပေမယ့်
လက်တွေ့ကစကားလုံးတွေထက် ပိုစကားပြော
တယ်၊ ဘာလို့လဲဆိုတော့ ကျုပ်ကသခင်လေးကို
လိပ်နက်မျိုးနွယ်စုဆီ ပြန်သွားပို့တာကို
သိတဲ့သူကငါးယောက်ထက်မပိုဘူး"
"ဒါဖြင့်ရင် ခင်ဗျားကံကောင်းပါစေဗျာ!
ကျွန်တော်တို့မှာလည်းအရေးကြီးကိစ္စတွေ
ရှိသေးတယ်၊ဒီတစ်ခေါက်တော့တကယ်သွားပြီဗျာ၊
ခင်ဗျားလည်း ဒီနေရာကနေမြန်မြန်ထွက်သွား
သင့်တယ်၊ မဟုတ်ရင် ရှင်းချီလို့ခေါ် တဲ့လူနဲ့
သူ့သူငယ်ချင်းတွေ ထပ်ရောက်လာနိုင်တယ်"
ယူရှောင်းမို မတ်တပ်ထလိုက်တယ်။
သူ့သိချင်စိတ်က ပြည့်ဝသွားပြီလေ။
"ခဏနေပါဦး!" မော့ကျင်းက သူတို့ကို
နောက်တစ်ဖန်ထပ်တားလိုက်သည်။
သူတို့က လိပ်ပေါက်ကလေးအပေါ် မှာ
ဘာရည်ရွယ်ချက်မှမရှိတာကို အတည်ပြုပြီး
တဲ့နောက်မှာသူတို့ကို ဘယ်လိုလုပ်ပြီး
ဒီအတိုင်းသွားခွင့်ပေးနိုင်မှာလဲ။
"တစ်ခြားရှိသေးလို့လား?" ယူရှောင်းမိုက
ပြန်လှည့်ကြည့်လာပြီး အပြုံးလေးနဲ့မေးလိုက်တယ်။
မော့ကျင်းမှာ တစ်ဖက်လူကဒီတစ်ချိန်လုံးဒီစကားကိုပဲ
စောင့်နေခဲ့တယ်လို့ခံစားလိုက်ရကာ
ခါးခါးသီးသီးရယ်မောလိုက်မိ၏။
"ကျေးဇူးရှင်တို့လည်း ကျုပ်ရဲ့အခြေအနေကို
သိပြီးနေပြီပဲ၊ ကျုပ်ရဲ့ဒဏ်ရာတွေကို
မကုသရင် လိပ်နက်မျိုးနွယ်စုဆီသွားနိုင်တော့မှာ
မဟုတ်ဘူး၊ ဒါပေမယ့် ကျုပ်သခင်လေးရဲ့
အခြေအနေက ထူးခြားတယ်၊ ဒါ့ကြောင့်
လူကြီးမင်းတို့နှစ်ယောက်ကို အကူအညီတစ်ခု
ပေးဖို့တောင်းဆိုချင်ပါတယ်"
"ဘယ်လိုအကူအညီလဲ?" ယူရှောင်းမိုက
မေးလိုက်တယ်၊
မော့ကျင်းက သူ့သခင်လေးကိုမြှောက်လိုက်ပြီး၊
"သခင်လေးကို လိပ်နက်မျိုးနွယ်စုဆီ
ပြန်ပို့ပေးဖို့ လူကြီးမင်းတို့နှစ်ယောက်ကို
တောင်းဆိုချင်ပါတယ်"
ယူရှောင်းမို သူ့နှုတ်ခမ်းထောင့်လေးကို
ကွေးညွှတ်လိုက်ပြီးစနောက်လိုက်တယ်၊
"အိုး ခင်ဗျားသခင်လေးကို သူစိမ်းနှစ်ယောက်ဆီ
ထည့်ပေးလိုက်လို့ဖြစ်ပါ့မလား? ကျွန်တော်တို့က
သဘောတူချင်ယောင်ဆောင်၊ ခင်ဗျားရဲ့
သခင်လေးကိုခေါ် သွားပြီး ပြန်မပေးတော့မှာ
မကြောက်ဘူးလား?"
မော့ကျင်းရဲ့မျက်နှာမှာ စိုးရိမ်မှုများပေါ် လာ
တော့သည်၊
"ကျုပ်.....ကျုပ် ကျေးဇူးရှင်ကြီးတို့ကိုယုံပါတယ်"
ယူရှောင်းမိုက လင်းရှောင်ရဲ့မူပိုင်အပြုံးနဲ့
ပြုံးပြီး သူ့ကိုကြည့်နေလိုက်တယ်။
မော့ကျင်း ခေါင်းကုတ်လိုက်တယ်။
သူ့မူလခန္ဓာကိုယ်က တန်ခိုးရှင်လိပ်တစ်ကောင်
ဖြစ်တာကြောင့် စကားကိုဘယ်လိုအဆင်
ချောအောင်ပြောရမလဲသူမသိဘူး၊ အထူးသဖြင့်
သူပိုပြီးစိတ်သောကရောက်လာလေလေ
ရှင်းရှင်းလင်းလင်းရှင်းမပြနိုင်တော့လေဖြစ်သည်။
"ကျေးဇူးရှင်တို့....ကျုပ်ရိုင်းမိသလိုဖြစ်သွားမယ်
ဆိုတာ သိပါတယ်၊ ဒါပေမယ့်အခု
ကျုပ်ကခင်ဗျားတို့ဆီက အကူအညီပဲ
တောင်းနိုင်ပါတယ်၊ ကျုပ်ရှိတဲ့နေရာကို
ဖော်ထုတ်လိုက်တဲ့မျိုးနွယ်ဝင်တစ်ယောက်
ရှိနေမယ်ဆိုရင် တစ်ဖက်ကလည်း
လူတွေအများကြီးပိုလွှတ်လာမှာ။ ကျုပ်ရဲ့
လက်ရှိအခြေအနေနဲ့ သခင်လေးကိုကာကွယ်မပေး
နိုင်တော့ဘူး....."
မော့ကျင်းက ပြောနေရင်းနဲ့ဝတ်ရုံထဲကနေ
ကဒ်တစ်ကဒ်ထုတ်လိုက်တယ်။ အဲ့တာက
မှတ်ပုံတင်ကဒ်လိုလိုပဲ၊ သူကယူရှောင်းမိုဆီ
ကမ်းလိုက်သည်။
"ဒါက လိပ်နက်မျိုးနွယ်စုကပါ၊ သခင်လေးကို
မျိုးနွယ်စုဆီပြန်ပို့ပြီး ဒီကဒ်ကိုပြလိုက်ရင်
ကျုပ်အစား လိပ်နက်မျိုးနွယ်စုက ခင်ဗျားတို့
နှစ်ယောက်ကိုဆုလာဘ်ပေးပါလိမ့်မယ်၊
ကျေးဇူးပြုပြီး လူကြီးမင်းတို့ကျုပ်ကို
ကူညီမှရမယ်၊ မော့ကျင်းကသေချာပေါက်
အမှတ်ရနေမှာပါ"
မော့ကျင်းက လောကလိပ်နက်မျိုးနွယ်စုရဲ့
ဆက်ခံသူကို အခုမှတွေ့ဖူးတဲ့သူစိမ်းတစ်ယောက်
ဆီပေးလိုက်နိုင်ရန်အတွက် ဆုံးဖြတ်ချက်ကြီးတစ်ခု
ချထားရတာဖြစ်သည်။
သခင်လေးက အရေးကြီးသည်။ ဒီတစ်ကြိမ်
သူ ရှီကျင်းရဲ့နယ်စွန်နယ်ဖျားဒေသကို
ရောက်ကာရှိတုန်း ခြုံခိုတိုက်ခိုက်ခံရသည်၊
ဒါ့ကြောင့် လိပ်နက်မျိုးနွယ်စုသို့သွားရာလမ်းတွင်
သူ့အတွက်စောင့်ကြိုနေမည့် ရန်သူများစွာ
ရှိနေပေလိမ့်မည်။
လင်းရှောင်ကရှင်းချီရဲ့လက်မောင်းကို
တစ်ချက်တည်းနဲ့ဆွဲဖြုတ်လိုက်တာကိုလည်း
မော့ကျင်းမြင်ခဲ့ရသည်။
လင်းမော့လို့အမည်ရတဲ့လူက ရှီကျင်းမှာ
ထင်ရာစိုင်းနိုင်တဲ့ကျင့်ကြံသူတစ်ယောက်ဆိုတာ
သံသဖြစ်ဖွယ်မရှိပေ။ သူကသာသခင်လေးကို
ကာကွယ်ပေးပြီး လိပ်နက်မျိုးနွယ်စုဆီပို့ပေးလျှင်
သူစိတ်ချနိုင်ပေမည်။
ယူရှောင်းမို ကဒ်ကိုယူလိုက်တယ်။
အမှန်တော့သူက လိပ်ပေါက်ကလေးကို
အတော်လေးစိတ်ဝင်စားနေတာဖြစ်သည်။
မော့ကျင်းမှာ အလွန်အမင်းပျော်ရွှင်သွား၏။
သူက ကဒ်ကိုယူလိုက်တယ်ဆိုလျှင်
တောင်းဆိုချက်ကိုသဘောတူတယ်လို့
သဘောရောက်ပေသည်။
သို့သော်လည်း မော့ကျင်း လင်းရှောင်ကို
တစ်ချက်ကြည့်လိုက်မိသည်။ သူ့တကယ့်
ရည်ရွယ်ချက်က ဒီလူကသဘောတူလာဖို့
ဖြစ်သည်၊ အမှန်တကယ်စွမ်းအားကြီးတဲ့သူက
သူပဲလေ။
ယူရှောင်းမိုက သူ့အကြည့်ကိုသတိမပြုမိပေ၊
အပြုံးတွေဝေဝေဆာဆာနဲ့၊
"ခင်ဗျားက ဒီလောက်တောင်စိတ်ရင်းနဲ့ပြော
နေမှတော့ ကျွန်တော်လည်းသဘောတူရုံကလွဲလို့
မတတ်နိုင်တော့ဘူးပဲ၊ ဒါပေမယ့်လည်း
အရင်ဆုံးပြောစရာတစ်ခုရှိသေးတယ်"
"ဘာများလဲ" မော့ကျင်း မေးလိုက်တယ်။
"သွားတဲ့လမ်းမှာ ကျွန်တော်တို့လုပ်စရာတစ်ခုခု
ရှိရင် အဲ့တာကဦးစားပေးဖြစ်လိမ့်မယ်၊
ဒါ့ကြောင့် ခင်ဗျားသခင်လေးကို
အိမ်တန်းပို့ပေးမယ်လို့တော့ အရမ်းကြီး
မမျှော်လင့်ထားနဲ့ဦး"
"ဒါ.... ဒါအဆင်ပြေပါတယ်"
မော့ကျင်းလည်း သဘောတူလိုက်တယ်။
"ဒါပေမယ့် မော့ကျင်းကိုအချက်တစ်ခုခုတော့
ပေးခဲ့မှရမယ်၊ မဟုတ်ရင် ကျုပ်ရဲ့ဒဏ်ရာတွေ
ပျောက်ကင်းသွားတဲ့အခါ ခင်ဗျားတို့နှစ်ယောက်ကို
ဘယ်လာရှာရမလဲ မသိနိုင်တော့ဘူးလေ"
ယူရှောင်းမိုလည်း မေးကိုသပ်ပြီးစဉ်းစားခန်း
ဝင်လိုက်တယ်။ သူတို့ကလင်းရှောင်ရဲ့
လူယုံဦးလေးကိုသွားရှာမလို့ဆိုတာကို
ပြောလို့မရဘူး၊ သူကလျှို့ဝှက်အဖွဲ့အစည်းတို့
ဘာတို့ကဖြစ်ရင်ဖြစ်နေမှာပေါ့!!
"ဒီလိုဆိုရင်ရော..... ကျွန်တော်တို့က
လိပ်ပေါက်ကလေးကို နှစ်လအတွင်းပြန်မပို့ပေး
ရသေးဘူးဆိုရင် ကျုံထျန်းကရှောင်ယောင်
တက္ကသိုလ်ကို လာရှာလှည့်၊ ကျွန်တော်တို့
နာမည်ကိုပြောလိုက်ရင် သူတို့သိကြလိမ့်မယ်"
မော့ကျင်းက ဘယ်လောက်ပဲဗဟုသုတမရှိဘူး
ပြောပြော ရှောင်ယောင်တက္ကသိုလ်ကိုတော့
ကြားဖူးပေသည်။ လူငယ်လေးကထိုသူ့ကို
မိတ်ဆက်ပေးတုန်းကပြောခဲ့တာကို
သူပြန်တွေးကြည့်လိုက်တယ်။ လင်းမော့ဆိုတဲ့
ဒီလူက နာမည်ကြီးပုံပေါ် တယ်၊
နောက်ဆုံးမှာတော့ သူ့စိတ်ထဲမှာအနည်းအကျဥ်း
တော့သက်သာရာရသွားသည်။
"နောက်တစ်ခုက....နစ်နာကြေးအကြောင်းလေး
ဆွေးနွေးရအောင်" ယူရှောင်းမိုက သူ့ရှေ့မှာ
ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
"အာ??" မော့ကျင်းမှာ ကြောင်အသွားမိလေသည်။
သူတို့ဆွေးနွေးတာပြီးပြီလို့ ထင်နေတာလေ။
နစ်နာကြေးအကြောင်း ထုတ်ပြောလာတဲ့အခါ
သူ့မှာဘာဆိုဘာမှရှိမနေပေ။
"အခု ကျုပ်ကဘာမှမလုပ်နိုင်ဘူးလေ....."
"ကျွန်တော်သိပါတယ်" ယူရှောင်းမိုက
လက်မြှောက်ပြီး သူ့ကိုဖြတ်ပြောလိုက်တယ်။
"ဒါဖြင့် ဘာကိုပြောတာလဲ?"
"ရှီကျင်းတစ်ခုလုံးကို တောနက်ကြီးတွေဖုံးလွှမ်း
ထားတယ်၊ ဒီနေရာမှာမှော်ဆေးပင်တွေ
အများကြီးပေါက်မှာပဲ ဟုတ်တယ်မလား?"
ယူရှောင်းမိုရဲ့မျက်လုံးလေးတွေက နောက်ဆုံးတော့
တောက်ပလာတော့သည်။
ရှီကျင်းက မှော်ဆေးပင်တွေကြီးထွားရှင်သန်ရန်
သင့်တော်လှသည်။ ၎င်းကိုနှစ်သောင်းချီအောင်
ရှာမတွေ့ကြသေးတဲ့၊မခူးဆွတ်ရသေးတဲ့
မှော်ဆေးပင်တွေအပါအဝင်ကမ္ဘာဦးအပင်မျိုးတွေနဲ့
ဖုံးလွှမ်းထားသည်။ ဒါပေမယ့်နတ်ဆိုးသားရဲတွေက
ဆေးလုံးမသန့်စင်နိုင်တာရယ် နောက်ပြီးရှီကျင်းက
နတ်ဆိုးသားရဲတွေ လှည့်လည်သွားလာနေတဲ့
အန္တရာယ်များတဲ့နေရာတစ်ခုဖြစ်တာရယ်ကြောင့်
ရှီကျင်းမှာ မှော်ဆေးပင်တွေပေါများသည်။
မှော်ဆရာတွေအတွက်တော့ ရှီကျင်းက
ပိုင်ရှင်မရှိတဲ့မှော်ဆေးပင်ရတနာသိုက်ကြီးပင်။
မှော်ဆရာတွေက သူတို့ရှာနေတဲ့အဆင့်မြင့်
မှော်ဆေးပင်တွေကို မတွေ့တဲ့အခါ
ရှီကျင်းကိုတွေးမိကြလေသည်။ ဒါ့ကြောင့်
အချို့သောမှော်ဆရာတွေက ရှီကျင်းက
နတ်ဆိုးသားရဲတွေနဲ့အပေးအယူလုပ်ကြသည်၊
ဒါမှမဟုတ်လည်း စွမ်းအားကြီးကျင့်ကြံသူတွေနဲ့
မှော်ဆေးပင်တွေကို ကိုယ်တိုင်ရှာဖွေကြသည်။
ယူရှောင်းမို ပင်မမြို့တော်မှာတုန်းကဆိုရင်
ဒီအကြောင်းကို လူတွေရံဖန်ရံခါပြောကြတာကို
ကြားခဲ့ဖူးသည်။
ဒီတစ်ခေါက်သူ့ပစ်မှတ်ထဲတွင် ရှီကျင်းရဲ့
မှော်ဆေးပင်တွေလည်းပါဝင်လေသည်။
မှော်ဆေးပင်တွေစုဆောင်းပေးဖို့ ဝူချန်ကို
တောင်းဆိုထားတယ်ဆိုသော်ငြားလည်း
အဆင့်၁၁ နဲ့ ၁၂ မှော်ဆေးပင်တွေက
ပင်မမြို့တော်မှာတောင်မှရှားပါးလှသည်။
ပြိုင်လုနေကြတဲ့လူတွေကလည်း များပြားတာကြောင့်
အဆုံးမှာမှော်ဆေးပင်တွေက သူ့ဟာဖြစ်လာမလား
မသေချာဘူးလေ။
နောက်ပြီး အဆင့်၁၁နဲ့ ၁၂ မှော်ဆေးပင်တွေက
ကြီးထွားဖို့ရန်ကြာလွန်းသည်၊ စိတ်စွမ်းအင်ရေနဲ့
ဆိုလျှင်တောင် အချိန်အတော်ယူရသေးသည်၊
ဒါ့ကြောင့် သက်တမ်းရင့်မှော်ဆေးပင်
အနည်းငယ်လောက်ကြိုပြင်ထားဖို့
ဆုံးဖြတ်ထားသည်။
သက်တန့်အဆင့်ကိုချိုးဖျက်ဖို့ သိပ်မကြာတော့ဘူး
လို့ယူရှောင်းမို ခံစားမိနေတယ်။
မထွက်ခွာခင်မှာ ယူရှောင်းမိုက မော့ကျင်းကို
ဒဏ်ရာကုသဆေးလုံးတစ်လုံးပစ်ပေးခဲ့တယ်။
သူ့ဒဏ်ရာတွေကိုအရှင်းပျောက်ကင်းစေဖို့
တော့မဖြစ်နိုင်ပေမယ့် သူ့အသက်ကိုတော့
ကာကွယ်ပေးနိုင်သေးသည်။
အဲ့ဒီ့နောက်မှာတော့ သူတို့နှစ်ယောက်လည်း
ထွက်လာခဲ့ကြတော့သည်။
မော့ကျင်းက မှော်ဆေးလုံးကိုတင်းတင်းဆုပ်ကိုင်
ထားပြီး သူတို့နှစ်ဦးထွက်သွားရာဘက်သို့
အချိန်အကြာကြီးငေးကြည့်နေခဲ့သည်၊
"အကဲခတ်မမှားဘူးလို့ပဲ မျှော်လင့်ပါတယ်"
သူလိုချင်တဲ့မှော်ဆေးပင်တွေအတွက်ကတော့
ပြဿနာမရှိဘူး။
ရှီကျင်းကနတ်ဆိုးသားရဲတွေက ဆေးလုံးကို
ဘယ်လိုသန့်စင်ရမလဲမသိကြပေမယ့်လို့
လူသားတွေအတွက် မှော်ဆေးပင်တွေရဲ့
အရေးပါပုံကိုတော့ သိကြသည်။ ထို့ကြောင့်
နတ်ဆိုးသားရဲအများစုက မှော်ဆေးပင်အနည်းငယ်
စုဆောင်းပြီးလျှင် လူသားမှော်ဆရာတွေရဲ့
မှော်ဆေးလုံးနဲ့လဲလှယ်ကြလေသည်။
နောက်တော့ မော့ကျင်းလည်းအားယူထလိုက်ပြီး
ထွက်ခွာခဲ့တော့သည်။
ရှင်းချီကပြန်လာလောက်မလား သူမသိပေမယ့်
ဒဏ်ရာတွေကိုကုသဖို့အတွက် ဘေးကင်းလုံခြုံတဲ့
နေရာတစ်နေရာရှာရန်လိုအပ်လေသည်။
မော့ကျင်းထွက်သွားပြီးတစ်နာရီအကြာတွင်
သူရပ်နေခဲ့ရနေရာ၌ ခြေဆုံးခေါင်းဆုံး
အနက်ရောင်ဝတ်ဆင်ထားသည့်လူစိမ်းတစ်ဦး
ပေါ် လာသည်။ သူကရှင်းချီမဟုတ်သလို
သူ့အဖော်လည်းမဟုတ်ပေ။
________________
//Zawgyi//
အပိုင္း ၅၁၇- ေတာင္းဆိုမႈ
ေလာကလိပ္နက္သည္ နတ္ဘုရားဧကရာဇ္သားရဲ
ေလးမ်ိဳးထဲတြင္ တစ္မ်ိဳးအပါအဝင္ျဖစ္ၿပီး
ပံုမွန္လိုပင္ နတ္ဆိုးသားရဲေတြအၾကားမွာ
ရိုေသေလးစားဖြယ္အဆင့္အတန္းတစ္ခုရိွသည္၊
သို႔ေသာ္ နတ္ဘုရားဧကရာဇ္သားရဲေလးမ်ိဳး
ကဲ့သို႔ေသာ ဧကရာဇ္သားရဲေတြက
လူသားေတြနဲ႔ဆက္ႏြယ္စာခ်ဳပ္ မခ်ဳပ္ၾကေပ။
သို႔ဆိုေသာ္လည္း သူတို႔ကစြမ္းအားႀကီးမ်ိဳးႏြယ္
ျဖစ္ေနလ်ွင္ေတာင္ လူသားေတြရဲ့
နတ္ဘုရားဧကရာဇ္သားရဲေလးမ်ိဳးအေပၚ
ေလာဘတပ္ျခင္းကို အျပၫ့္အဝမတားဆီးႏိုင္ၾက
ပါေပ။ လူသားေတြက
အရြယ္ေရာက္ၿပီးဧကရာဇ္သားရဲနဲ႔ ဆက္ႏြယ္စာခ်ဳပ္
ကိုဖိအားေပးခ်ဳပ္ဆိုလို႔ မရႏိုင္ေပမယ့္
ငယ္ရြယ္တဲ့သားရဲေလး ဒါမွမဟုတ္
ေမြးကာစသားရဲေလးဆိုရင္ေတာ့
စာခ်ဳပ္ခ်ဳပ္ႏိုင္ၾကသည္။
ေလာကလိပ္နက္မ်ိဳးႏြယ္စုမွာ မိသားစုအခဲြေတြ
အမ်ားႀကီးရိွေသာ္လည္း လိပ္နက္မ်ိဳးႏြယ္စုက
ခ်ီလင္၊ နတ္ဆိုးဖီးနစ္ငွက္ႏွင့္ နဂါးမ်ိဳးႏြယ္မ်ား
ကဲ့သို႔ပင္ ရွားပါးလွသည္။ မ်ိဳးႏြယ္စုမွာ
စုစုေပါင္းမ်ိဳးႏြယ္ဝင္ ဆယ္ဂဏန္းဝန္းက်င္သာရိွ
သည္ျဖစ္ရာ သူတို႔ရဲ့ဆက္ခံသူမ်ားကို
တန္ဖိုးထားၾက၏။ လိပ္ေပါက္ကေလးက
လိပ္နက္မ်ိဳးႏြယ္စုကျဖစ္ၿပီး ေျခာက္လအရြယ္သာ
ရိွေသးသည္။ သူ႔ရဲ့အသိဉာဏ္ကိုေတာင္
ျပၫ့္ျပၫ့္ဝဝမရေသးတာေၾကာင့္
ဆက္ႏြယ္စာခ်ဳပ္ခ်ဳပ္ရန္မွာ လြယ္ကူမည္ျဖစ္သည္။
ဒီအေၾကာင္းအရင္းေတြေၾကာင့္ပဲ ေမာ့က်င္းက
သူ႔ေရ႔ွကလူႏွစ္ေယာက္က လိပ္ေပါက္ေလးအေပၚ
ဒီလိုစိတ္ကူးမ်ိဳးေတြရိွေနမည္ကို စိုးရိမ္ေနျခင္း
ျဖစ္သည္။
ယူေရွာင္းမိုကလည္း သူေတြးေနတာကိုခန႔္မွန္းမိၿပီး
အကူအညီမဲ့စြာနဲ႔ ပုခံုးတြန႔္လိုက္သည္။
အမွန္ေတာ့ သူ႔မွာေလာကလိပ္နက္နဲ႔ပတ္သက္လို႔
အဲ့လိုအေတြးမ်ိဳး မရိွဘူး။ အမ်ားဆံုးမွ
သက္ျပင္းခ်မိရံုေလာက္ပဲ-
တစ္ျခားေလာကလိပ္နက္တစ္ေကာင္ကို
ဒီေနရာမွာေတြ့ရလိမ့္မယ္ လို႔ သူမေမ်ွာ္လင့္ထားတာတင္၊ ေနာက္ၿပီး
ေမြးတာသိပ္မၾကာေသးတဲ့အေကာင္လည္း
ျဖစ္ေနတယ္ေလ။
"အာ... ရွင္းခ်ီလို႔ေခၚ တဲ့သူက ခင္ဗ်ားဆီက
လိုခ်င္ေနတာ ဒီလိပ္ကေလးလား?"
ယူေရွာင္းမို ရုတ္တရက္ေျပာလိုက္တယ္။
ေမာ့က်င္းလည္း သူ႔မ်က္လံုးထဲမွာေလာဘေတြ
မေတြ့ရတာေၾကာင့္ ေခါင္းကိုေျဖးေျဖးညိမ့္ျပ
လိုက္တယ္၊ "ရွင္းခ်ီရဲ့ပစ္မွတ္က သခင္ေလးဆိုတာ
မွန္ပါတယ္၊ ဒါေပမယ့္က်ဳပ္ သခင္ေလးနဲ႔အတူ
ဒီေနရာကေန ျဖတ္သြားမယ္ဆိုတာ
သူဘယ္လိုသိေနတာလဲကို က်ဳပ္မသိတာ၊
အစကေတာ့ တိုက္ဆိုင္တာလို႔ပဲထင္ခဲ့တာ"
"ဘာလို႔လဲ?" ယူေရွာင္းမို သိခ်င္သြားတယ္။
ေမာ့က်င္းက လိပ္ေပါက္ကေလးရဲ့အခြံကို
သပ္ေပးေနတယ္။ လူအမ်ားစုက သခင္ေလးက
ေလာကလိပ္နက္တစ္ေကာင္ဆိုတာ
ၾကားၿပီးၾကတဲ့ေနာက္ ခ်က္ခ်င္းလုေျပးဖို႔
လုပ္တတ္ၾကတယ္၊ ဒါ့ေၾကာင့္ သူတို႔နားမွာေတာ့
သူ႔သတိကိုနည္းနည္းေလာက္ ေလ်ွာ့လိုက္ၿပီးၿပီ။
သူတို႔က ယူေရွာင္းမိုလို သိခ်င္စိတ္အျပၫ့္ရိွေနတဲ့
အမူအရာနဲ႔ေမးခြန္းေတြ မေမးၾကဘူးေလ။
သူကလည္း ဘယ္လိုပဲျဖစ္ျဖစ္လမ္းဆံုးေရာက္
ေနၿပီျဖစ္တာမို႔ ေရြးခ်ယ္စရာမရိွဘဲသူတို႔ကိုသာ
ယံုၾကည္လိုက္ရၿပီး သူမမွားပါေစနဲ႔လို႔သာ
ေမ်ွာ္လင့္ရေတာ့သည္။
"သခင္ေလးေမြးတုန္းက သခင္ကသူ႔အေပၚ မွာ
ခ်ိတ္တစ္ခုပိတ္ထားခဲ့တယ္၊ အဲ့ဒီလို
ခပ္ႏိွပ္ထားတာက သခင္ေလးရဲ့ကိုယ္က
ပင္ကိုယ္အားျဖင့္ကိုယ္ကစြမ္းအားႀကီးေနတဲ့
အစြမ္းကို ပိတ္ေပးထားႏိုင္တယ္၊
တစ္ဖက္ကလူက အဆင့္၁၂က်င့္ႀကံသူ
မဟုတ္သေရြ့ သခင္ေလးရဲ့ျဖစ္တည္မႈကို
သိႏိုင္မွာမဟုတ္ဘူး၊ ဒါေပမယ့္ ရွင္းခ်ီက
သခင္ေလးကက်ဳပ္နဲ႔ရိွေနတယ္လို႔ေျပာခဲ့တာေၾကာင့္
သူကႀကိဳသတင္းရထားတာျဖစ္ေနၿပီး
ဒီေနရာမွာ ႃခံုခိုတိုက္ခဲ့တာပဲ"
ယူေရွာင္းမိုက ေမးကိုသပ္လိုက္ရင္း၊
"ဒါဆို တစ္ေယာက္ေယာက္ကခင္ဗ်ားကို
သစၥာေဖာက္သြားတာျဖစ္ဖို႔မ်ားတယ္ေပါ့"
ေမာ့က်င္းက ေခါင္းညိတ္လိုက္သည္၊
"ဟုတ္တယ္၊ အမွန္ေတာ့ မ်ိဳးႏြယ္ဝင္တစ္ေယာက္က
လိပ္နက္မ်ိဳးႏြယ္စုကိုသစၥာေဖာက္သြားတယ္လို႔
က်ဳပ္လည္း သံသယမဝင္ခ်င္ဘူး၊ ဒါေပမယ့္
လက္ေတြ့ကစကားလံုးေတြထက္ ပိုစကားေျပာ
တယ္၊ ဘာလို႔လဲဆိုေတာ့ က်ဳပ္ကသခင္ေလးကို
လိပ္နက္မ်ိဳးႏြယ္စုဆီ ျပန္သြားပို႔တာကို
သိတဲ့သူကငါးေယာက္ထက္မပိုဘူး"
"ဒါျဖင့္ရင္ ခင္ဗ်ားကံေကာင္းပါေစဗ်ာ!
ကၽြန္ေတာ္တို႔မွာလည္းအေရးႀကီးကိစၥေတြ
ရိွေသးတယ္၊ဒီတစ္ေခါက္ေတာ့တကယ္သြားၿပီဗ်ာ၊
ခင္ဗ်ားလည္း ဒီေနရာကေနျမန္ျမန္ထြက္သြား
သင့္တယ္၊ မဟုတ္ရင္ ရွင္းခ်ီလို႔ေခၚ တဲ့လူနဲ႔
သူ႔သူငယ္ခ်င္းေတြ ထပ္ေရာက္လာႏိုင္တယ္"
ယူေရွာင္းမို မတ္တပ္ထလိုက္တယ္။
သူ႔သိခ်င္စိတ္က ျပၫ့္ဝသြားၿပီေလ။
"ခဏေနပါဦး!" ေမာ့က်င္းက သူတို႔ကို
ေနာက္တစ္ဖန္ထပ္တားလိုက္သည္။
သူတို႔က လိပ္ေပါက္ကေလးအေပၚ မွာ
ဘာရည္ရြယ္ခ်က္မွမရိွတာကို အတည္ျပဳျပီး
တဲ့ေနာက္မွာသူတို႔ကို ဘယ္လိုလုပ္ၿပီး
ဒီအတိုင္းသြားခြင့္ေပးႏိုင္မွာလဲ။
"တစ္ျခားရိွေသးလို႔လား?" ယူေရွာင္းမိုက
ျပန္လွၫ့္ၾကၫ့္လာၿပီး အႃပံုးေလးနဲ႔ေမးလိုက္တယ္။
ေမာ့က်င္းမွာ တစ္ဖက္လူကဒီတစ္ခ်ိန္လံုးဒီစကားကိုပဲ
ေစာင့္ေနခဲ့တယ္လို႔ခံစားလိုက္ရကာ
ခါးခါးသီးသီးရယ္ေမာလိုက္မိ၏။
"ေက်းဇူးရွင္တို႔လည္း က်ဳပ္ရဲ့အေျခအေနကို
သိၿပီးေနၿပီပဲ၊ က်ဳပ္ရဲ့ဒဏ္ရာေတြကို
မကုသရင္ လိပ္နက္မ်ိဳးႏြယ္စုဆီသြားႏိုင္ေတာ့မွာ
မဟုတ္ဘူး၊ ဒါေပမယ့္ က်ဳပ္သခင္ေလးရဲ့
အေျခအေနက ထူးျခားတယ္၊ ဒါ့ေၾကာင့္
လူႀကီးမင္းတို႔ႏွစ္ေယာက္ကို အကူအညီတစ္ခု
ေပးဖို႔ေတာင္းဆိုခ်င္ပါတယ္"
"ဘယ္လိုအကူအညီလဲ?" ယူေရွာင္းမိုက
ေမးလိုက္တယ္၊
ေမာ့က်င္းက သူ႔သခင္ေလးကိုၿမွောက္လိုက္ၿပီး၊
"သခင္ေလးကို လိပ္နက္မ်ိဳးႏြယ္စုဆီ
ျပန္ပို႔ေပးဖို႔ လူႀကီးမင္းတို႔ႏွစ္ေယာက္ကို
ေတာင္းဆိုခ်င္ပါတယ္"
ယူေရွာင္းမို သူ႔ႏႈတ္ခမ္းေထာင့္ေလးကို
ေကြးၫႊတ္လိုက္ၿပီးစေနာက္လိုက္တယ္၊
"အိုး ခင္ဗ်ားသခင္ေလးကို သူစိမ္းႏွစ္ေယာက္ဆီ
ထၫ့္ေပးလိုက္လို႔ျဖစ္ပါ့မလား? ကၽြန္ေတာ္တို႔က
သေဘာတူခ်င္ေယာင္ေဆာင္၊ ခင္ဗ်ားရဲ့
သခင္ေလးကိုေခၚ သြားၿပီး ျပန္မေပးေတာ့မွာ
မေၾကာက္ဘူးလား?"
ေမာ့က်င္းရဲ့မ်က္ႏွာမွာ စိုးရိမ္မႈမ်ားေပၚ လာ
ေတာ့သည္၊
"က်ဳပ္.....က်ဳပ္ ေက်းဇူးရွင္ႀကီးတို႔ကိုယံုပါတယ္"
ယူေရွာင္းမိုက လင္းေရွာင္ရဲ့မူပိုင္အႃပံုးနဲ႔
ႃပံုးၿပီး သူ႔ကိုၾကၫ့္ေနလိုက္တယ္။
ေမာ့က်င္း ေခါင္းကုတ္လိုက္တယ္။
သူ႔မူလခႏၶာကိုယ္က တန္ခိုးရွင္လိပ္တစ္ေကာင္
ျဖစ္တာေၾကာင့္ စကားကိုဘယ္လိုအဆင္
ေခ်ာေအာင္ေျပာရမလဲသူမသိဘူး၊ အထူးသျဖင့္
သူပိုၿပီးစိတ္ေသာကေရာက္လာေလေလ
ရွင္းရွင္းလင္းလင္းရွင္းမျပႏိုင္ေတာ့ေလျဖစ္သည္။
"ေက်းဇူးရွင္တို႔....က်ဳပ္ရိုင္းမိသလိုျဖစ္သြားမယ္
ဆိုတာ သိပါတယ္၊ ဒါေပမယ့္အခု
က်ဳပ္ကခင္ဗ်ားတို႔ဆီက အကူအညီပဲ
ေတာင္းႏိုင္ပါတယ္၊ က်ဳပ္ရိွတဲ့ေနရာကို
ေဖာ္ထုတ္လိုက္တဲ့မ်ိဳးႏြယ္ဝင္တစ္ေယာက္
ရိွေနမယ္ဆိုရင္ တစ္ဖက္ကလည္း
လူေတြအမ်ားႀကီးပိုလႊတ္လာမွာ။ က်ဳပ္ရဲ့
လက္ရိွအေျခအေနနဲ႔ သခင္ေလးကိုကာကြယ္မေပး
ႏိုင္ေတာ့ဘူး....."
ေမာ့က်င္းက ေျပာေနရင္းနဲ႔ဝတ္ရံုထဲကေန
ကဒ္တစ္ကဒ္ထုတ္လိုက္တယ္။ အဲ့တာက
မွတ္ပံုတင္ကဒ္လိုလိုပဲ၊ သူကယူေရွာင္းမိုဆီ
ကမ္းလိုက္သည္။
"ဒါက လိပ္နက္မ်ိဳးႏြယ္စုကပါ၊ သခင္ေလးကို
မ်ိဳးႏြယ္စုဆီျပန္ပို႔ၿပီး ဒီကဒ္ကိုျပလိုက္ရင္
က်ဳပ္အစား လိပ္နက္မ်ိဳးႏြယ္စုက ခင္ဗ်ားတို႔
ႏွစ္ေယာက္ကိုဆုလာဘ္ေပးပါလိမ့္မယ္၊
ေက်းဇူးျပဳျပီး လူႀကီးမင္းတို႔က်ဳပ္ကို
ကူညီမွရမယ္၊ ေမာ့က်င္းကေသခ်ာေပါက္
အမွတ္ရေနမွာပါ"
ေမာ့က်င္းက ေလာကလိပ္နက္မ်ိဳးႏြယ္စုရဲ့
ဆက္ခံသူကို အခုမွေတြ့ဖူးတဲ့သူစိမ္းတစ္ေယာက္
ဆီေပးလိုက္ႏိုင္ရန္အတြက္ ဆံုးျဖတ္ခ်က္ႀကီးတစ္ခု
ခ်ထားရတာျဖစ္သည္။
သခင္ေလးက အေရးႀကီးသည္။ ဒီတစ္ႀကိမ္
သူ ရွီက်င္းရဲ့နယ္စြန္နယ္ဖ်ားေဒသကို
ေရာက္ကာရိွတုန္း ႃခံုခိုတိုက္ခိုက္ခံရသည္၊
ဒါ့ေၾကာင့္ လိပ္နက္မ်ိဳးႏြယ္စုသို႔သြားရာလမ္းတြင္
သူ႔အတြက္ေစာင့္ႀကိဳေနမၫ့္ ရန္သူမ်ားစြာ
ရိွေနေပလိမ့္မည္။
လင္းေရွာင္ကရွင္းခ်ီရဲ့လက္ေမာင္းကို
တစ္ခ်က္တည္းနဲ႔ဆဲြျဖဳတ္လိုက္တာကိုလည္း
ေမာ့က်င္းျမင္ခဲ့ရသည္။
လင္းေမာ့လို႔အမည္ရတဲ့လူက ရွီက်င္းမွာ
ထင္ရာစိုင္းႏိုင္တဲ့က်င့္ႀကံသူတစ္ေယာက္ဆိုတာ
သံသျဖစ္ဖြယ္မရိွေပ။ သူကသာသခင္ေလးကို
ကာကြယ္ေပးၿပီး လိပ္နက္မ်ိဳးႏြယ္စုဆီပို႔ေပးလ်ွင္
သူစိတ္ခ်ႏိုင္ေပမည္။
ယူေရွာင္းမို ကဒ္ကိုယူလိုက္တယ္။
အမွန္ေတာ့သူက လိပ္ေပါက္ကေလးကို
အေတာ္ေလးစိတ္ဝင္စားေနတာျဖစ္သည္။
ေမာ့က်င္းမွာ အလြန္အမင္းေပ်ာ္ရႊင္သြား၏။
သူက ကဒ္ကိုယူလိုက္တယ္ဆိုလ်ွင္
ေတာင္းဆိုခ်က္ကိုသေဘာတူတယ္လို႔
သေဘာေရာက္ေပသည္။
သို႔ေသာ္လည္း ေမာ့က်င္း လင္းေရွာင္ကို
တစ္ခ်က္ၾကၫ့္လိုက္မိသည္။ သူ႔တကယ့္
ရည္ရြယ္ခ်က္က ဒီလူကသေဘာတူလာဖို႔
ျဖစ္သည္၊ အမွန္တကယ္စြမ္းအားႀကီးတဲ့သူက
သူပဲေလ။
ယူေရွာင္းမိုက သူ႔အၾကၫ့္ကိုသတိမျပဳမိေပ၊
အႃပံုးေတြေဝေဝဆာဆာနဲ႔၊
"ခင္ဗ်ားက ဒီေလာက္ေတာင္စိတ္ရင္းနဲ႔ေျပာ
ေနမွေတာ့ ကၽြန္ေတာ္လည္းသေဘာတူရံုကလဲြလို႔
မတတ္ႏိုင္ေတာ့ဘူးပဲ၊ ဒါေပမယ့္လည္း
အရင္ဆံုးေျပာစရာတစ္ခုရိွေသးတယ္"
"ဘာမ်ားလဲ" ေမာ့က်င္း ေမးလိုက္တယ္။
"သြားတဲ့လမ္းမွာ ကၽြန္ေတာ္တို႔လုပ္စရာတစ္ခုခု
ရိွရင္ အဲ့တာကဦးစားေပးျဖစ္လိမ့္မယ္၊
ဒါ့ေၾကာင့္ ခင္ဗ်ားသခင္ေလးကို
အိမ္တန္းပို႔ေပးမယ္လို႔ေတာ့ အရမ္းႀကီး
မေမ်ွာ္လင့္ထားနဲ႔ဦး"
"ဒါ.... ဒါအဆင္ေျပပါတယ္"
ေမာ့က်င္းလည္း သေဘာတူလိုက္တယ္။
"ဒါေပမယ့္ ေမာ့က်င္းကိုအခ်က္တစ္ခုခုေတာ့
ေပးခဲ့မွရမယ္၊ မဟုတ္ရင္ က်ဳပ္ရဲ့ဒဏ္ရာေတြ
ေပ်ာက္ကင္းသြားတဲ့အခါ ခင္ဗ်ားတို႔ႏွစ္ေယာက္ကို
ဘယ္လာရွာရမလဲ မသိႏိုင္ေတာ့ဘူးေလ"
ယူေရွာင္းမိုလည္း ေမးကိုသပ္ၿပီးစဉ္းစားခန္း
ဝင္လိုက္တယ္။ သူတို႔ကလင္းေရွာင္ရဲ့
လူယံုဦးေလးကိုသြားရွာမလို႔ဆိုတာကို
ေျပာလို႔မရဘူး၊ သူကလ်ိႈ႔ဝွက္အဖဲြ႔အစည္းတို႔
ဘာတို႔ကျဖစ္ရင္ျဖစ္ေနမွာေပါ့!!
"ဒီလိုဆိုရင္ေရာ..... ကၽြန္ေတာ္တို႔က
လိပ္ေပါက္ကေလးကို ႏွစ္လအတြင္းျပန္မပို႔ေပး
ရေသးဘူးဆိုရင္ က်ဳံထ်န္းကေရွာင္ေယာင္
တကၠသိုလ္ကို လာရွာလွၫ့္၊ ကၽြန္ေတာ္တို႔
နာမည္ကိုေျပာလိုက္ရင္ သူတို႔သိၾကလိမ့္မယ္"
ေမာ့က်င္းက ဘယ္ေလာက္ပဲဗဟုသုတမရိွဘူး
ေျပာေျပာ ေရွာင္ေယာင္တကၠသိုလ္ကိုေတာ့
ၾကားဖူးေပသည္။ လူငယ္ေလးကထိုသူ႔ကို
မိတ္ဆက္ေပးတုန္းကေျပာခဲ့တာကို
သူျပန္ေတြးၾကၫ့္လိုက္တယ္။ လင္းေမာ့ဆိုတဲ့
ဒီလူက နာမည္ႀကီးပံုေပၚ တယ္၊
ေနာက္ဆံုးမွာေတာ့ သူ႔စိတ္ထဲမွာအနည္းအက်ဥ္း
ေတာ့သက္သာရာရသြားသည္။
"ေနာက္တစ္ခုက....နစ္နာေၾကးအေၾကာင္းေလး
ေဆြးေနြးရေအာင္" ယူေရွာင္းမိုက သူ႔ေရ႔ွမွာ
ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္သည္။
"အာ??" ေမာ့က်င္းမွာ ေၾကာင္အသြားမိေလသည္။
သူတို႔ေဆြးေနြးတာၿပီးၿပီလို႔ ထင္ေနတာေလ။
နစ္နာေၾကးအေၾကာင္း ထုတ္ေျပာလာတဲ့အခါ
သူ႔မွာဘာဆိုဘာမွရိွမေနေပ။
"အခု က်ဳပ္ကဘာမွမလုပ္ႏိုင္ဘူးေလ....."
"ကၽြန္ေတာ္သိပါတယ္" ယူေရွာင္းမိုက
လက္ၿမွောက္ၿပီး သူ႔ကိုျဖတ္ေျပာလိုက္တယ္။
"ဒါျဖင့္ ဘာကိုေျပာတာလဲ?"
"ရွီက်င္းတစ္ခုလံုးကို ေတာနက္ႀကီးေတြဖံုးလႊမ္း
ထားတယ္၊ ဒီေနရာမွာေမွာ္ေဆးပင္ေတြ
အမ်ားႀကီးေပါက္မွာပဲ ဟုတ္တယ္မလား?"
ယူေရွာင္းမိုရဲ့မ်က္လံုးေလးေတြက ေနာက္ဆံုးေတာ့
ေတာက္ပလာေတာ့သည္။
ရွီက်င္းက ေမွာ္ေဆးပင္ေတြႀကီးထြားရွင္သန္ရန္
သင့္ေတာ္လွသည္။ ၄ကိုႏွစ္ေသာင္းခ်ီေအာင္
ရွာမေတြ့ၾကေသးတဲ့၊မခူးဆြတ္ရေသးတဲ့
ေမွာ္ေဆးပင္ေတြအပါအဝင္ကမ႓ာဦးအပင္မ်ိဳးေတြနဲ႔
ဖံုးလႊမ္းထားသည္။ ဒါေပမယ့္နတ္ဆိုးသားရဲေတြက
ေဆးလံုးမသန႔္စင္ႏိုင္တာရယ္ ေနာက္ၿပီးရွီက်င္းက
နတ္ဆိုးသားရဲေတြ လွၫ့္လည္သြားလာေနတဲ့
အႏၲရာယ္မ်ားတဲ့ေနရာတစ္ခုျဖစ္တာရယ္ေၾကာင့္
ရွီက်င္းမွာ ေမွာ္ေဆးပင္ေတြေပါမ်ားသည္။
ေမွာ္ဆရာေတြအတြက္ေတာ့ ရွီက်င္းက
ပိုင္ရွင္မရိွတဲ့ေမွာ္ေဆးပင္ရတနာသိုက္ႀကီးပင္။
ေမွာ္ဆရာေတြက သူတို႔ရွာေနတဲ့အဆင့္ျမင့္
ေမွာ္ေဆးပင္ေတြကို မေတြ့တဲ့အခါ
ရွီက်င္းကိုေတြးမိၾကေလသည္။ ဒါ့ေၾကာင့္
အခ်ိဳ႕ေသာေမွာ္ဆရာေတြက ရွီက်င္းက
နတ္ဆိုးသားရဲေတြနဲ႔အေပးအယူလုပ္ၾကသည္၊
ဒါမွမဟုတ္လည္း စြမ္းအားႀကီးက်င့္ႀကံသူေတြနဲ႔
ေမွာ္ေဆးပင္ေတြကို ကိုယ္တိုင္ရွာေဖြၾကသည္။
ယူေရွာင္းမို ပင္မၿမိဳ႔ေတာ္မွာတုန္းကဆိုရင္
ဒီအေၾကာင္းကို လူေတြရံဖန္ရံခါေျပာၾကတာကို
ၾကားခဲ့ဖူးသည္။
ဒီတစ္ေခါက္သူ႔ပစ္မွတ္ထဲတြင္ ရွီက်င္းရဲ့
ေမွာ္ေဆးပင္ေတြလည္းပါဝင္ေလသည္။
ေမွာ္ေဆးပင္ေတြစုေဆာင္းေပးဖို႔ ဝူခ်န္ကို
ေတာင္းဆိုထားတယ္ဆိုေသာ္ျငားလည္း
အဆင့္၁၁ နဲ႔ ၁၂ ေမွာ္ေဆးပင္ေတြက
ပင္မၿမိဳ႔ေတာ္မွာေတာင္မွရွားပါးလွသည္။
ၿပိဳင္လုေနၾကတဲ့လူေတြကလည္း မ်ားျပားတာေၾကာင့္
အဆံုးမွာေမွာ္ေဆးပင္ေတြက သူ႔ဟာျဖစ္လာမလား
မေသခ်ာဘူးေလ။
ေနာက္ၿပီး အဆင့္၁၁နဲ႔ ၁၂ ေမွာ္ေဆးပင္ေတြက
ႀကီးထြားဖို႔ရန္ၾကာလြန္းသည္၊ စိတ္စြမ္းအင္ေရနဲ႔
ဆိုလ်ွင္ေတာင္ အခ်ိန္အေတာ္ယူရေသးသည္၊
ဒါ့ေၾကာင့္ သက္တမ္းရင့္ေမွာ္ေဆးပင္
အနည္းငယ္ေလာက္ႀကိဳျပင္ထားဖို႔
ဆံုးျဖတ္ထားသည္။
သက္တန႔္အဆင့္ကိုခ်ိဳးဖ်က္ဖို႔ သိပ္မၾကာေတာ့ဘူး
လို႔ယူေရွာင္းမို ခံစားမိေနတယ္။
မထြက္ခြာခင္မွာ ယူေရွာင္းမိုက ေမာ့က်င္းကို
ဒဏ္ရာကုသေဆးလံုးတစ္လံုးပစ္ေပးခဲ့တယ္။
သူ႔ဒဏ္ရာေတြကိုအရွင္းေပ်ာက္ကင္းေစဖို႔
ေတာ့မျဖစ္ႏိုင္ေပမယ့္ သူ႔အသက္ကိုေတာ့
ကာကြယ္ေပးႏိုင္ေသးသည္။
အဲ့ဒီ့ေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္လည္း
ထြက္လာခဲ့ၾကေတာ့သည္။
ေမာ့က်င္းက ေမွာ္ေဆးလံုးကိုတင္းတင္းဆုပ္ကိုင္
ထားၿပီး သူတို႔ႏွစ္ဦးထြက္သြားရာဘက္သို႔
အခ်ိန္အၾကာႀကီးေငးၾကၫ့္ေနခဲ့သည္၊
"အကဲခတ္မမွားဘူးလို႔ပဲ ေမ်ွာ္လင့္ပါတယ္"
သူလိုခ်င္တဲ့ေမွာ္ေဆးပင္ေတြအတြက္ကေတာ့
ျပႆနာမရိွဘူး။
ရွီက်င္းကနတ္ဆိုးသားရဲေတြက ေဆးလံုးကို
ဘယ္လိုသန႔္စင္ရမလဲမသိၾကေပမယ့္လို႔
လူသားေတြအတြက္ ေမွာ္ေဆးပင္ေတြရဲ့
အေရးပါပံုကိုေတာ့ သိၾကသည္။ ထို႔ေၾကာင့္
နတ္ဆိုးသားရဲအမ်ားစုက ေမွာ္ေဆးပင္အနည္းငယ္
စုေဆာင္းၿပီးလ်ွင္ လူသားေမွာ္ဆရာေတြရဲ့
ေမွာ္ေဆးလံုးနဲ႔လဲလွယ္ၾကေလသည္။
ေနာက္ေတာ့ ေမာ့က်င္းလည္းအားယူထလိုက္ၿပီး
ထြက္ခြာခဲ့ေတာ့သည္။
ရွင္းခ်ီကျပန္လာေလာက္မလား သူမသိေပမယ့္
ဒဏ္ရာေတြကိုကုသဖို႔အတြက္ ေဘးကင္းလံုႃခံုတဲ့
ေနရာတစ္ေနရာရွာရန္လိုအပ္ေလသည္။
ေမာ့က်င္းထြက္သြားၿပီးတစ္နာရီအၾကာတြင္
သူရပ္ေနခဲ့ရေနရာ၌ ေျခဆံုးေခါင္းဆံုး
အနက္ေရာင္ဝတ္ဆင္ထားသၫ့္လူစိမ္းတစ္ဦး
ေပၚ လာသည္။ သူကရွင္းခ်ီမဟုတ္သလို
သူ႔အေဖာ္လည္းမဟုတ္ေပ။
________________