//Unicode//
အပိုင်း ၅၁၆- လိပ်ပေါက်လေး
ရှင်းချီရဲ့ရယ်မောသံမှာ ချက်ချင်းရပ်တန့်သွားပြီး
အသံလာရာဘက်သို့စိုးရိမ်တကြီး
လှည့်ကြည့်လိုက်သည်။ ဒီနေရာမှာ
လေးယောက်မြောက်လူရှိနေခဲ့လျှင်
သူသတိမပြုမိဘဲနေမှာမဟုတ်ပေ။
သို့သော် မော့ကျင်းကတော့ကျေနပ်သွားမိသည်။
တကယ်ပဲ လူတစ်ယောက်ယောက်ရှိနေမယ်လို့
သူမထင်ထားခဲ့ပေ။ အမှန်တော့
သူအော်လိုက်တုန်းက လွတ်မြောက်ရန်အခွင့်ကောင်း
တစ်ခုရဖို့အတွက် ရှင်းချီနဲ့သူ့မိတ်ဆွေကို
အာရုံလွှဲနိုင်ရန် မျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။
ပြန်ဖြေဖို့တော့ သူမမျှော်လင့်ထားခဲ့သော်လည်း
အမှန်ပင်တစ်စုံတစ်ယောက်ရှိနေလေသည်။
"မိတ်ဆွေတို့ ကျုပ်ကလောကလိပ်နက်မျိုးနွယ်ရဲ့
ဘေးအခွဲမျိုးနွယ်ကပါ၊ အကူအညီပေးနိုင်ခဲ့မယ်
ဆိုရင် လောကလိပ်နက်မျိုးနွယ်စုကလည်း
ကျေးဇူးတင်ကြမှာပါ"
သူတို့က ရန်သူလားမိတ်ဆွေလားကို
မော့ကျင်းမသိပေမယ့် ယခုလောလောဆယ်တွင်
သူတို့ကိုပဲမှီခိုရနိုင်မည်ဖြစ်၏။
သူစကားပြောပြီးသွားတဲ့အချိန် အနည်းငယ်
သွယ်လျပြီးသေးငယ်တဲ့ပုံရိပ်တစ်ခုသည်
လေထဲမှာပေါ် လာသည်။ ထို့နောက်
သူ့မျက်နှာကိုမြင်လိုက်ရ၏။
သူတို့သုံးယောက်လုံး ကြောင်အသွားတော့သည်။
သူတို့ရှေ့ပေါ် လာတာက
ကြင်နာတတ်တဲ့အငွေ့အသက်နဲ့ နူးညံ့ပြီးလှပတဲ့
လူငယ်လေးဖြစ်နေတယ်။ သူကပြုံးလည်းပြုံး
နေသေးတယ်။
သူတို့သုံးယောက်လုံးက စိတ်စွမ်းအားအာရုံခံနိုင်စွမ်း
မြင့်တဲ့ကျင့်ကြံသူတွေဖြစ်တာကြောင့်
လူငယ်လေးရဲ့အဆင့်ကို တစ်ချက်ကြည့်ရုံနှင့်
ပြောနိုင်ပေသည်။
လူငယ်လေးက လူသားဖြစ်ပြီးအဆင့်၁၀
မှော်ဆရာလေးဖြစ်သည်၊ သိပ်မမြင့်သလို
သိပ်လည်းမနိမ့်ပေ။ သူတို့အားလုံးက
အဆင့်၁၁တိုက်ခိုက်သူတွေဖြစ်တာကြောင့်
သူ့ကိုလက်တစ်ဖက်တည်းနှင့် သတ်ပစ်နိုင်လေသည်။
ရှင်းချီမှာ ထိတ်လန့်တုန်လှုပ်နေရာကနေ
ရုတ်တရက်အော်ရယ်လိုက်မိ၏၊
"မော့ကျင်း.... မင်းရဲ့ 'မျှော်လင့်ချက်' က
မှော်ဆရာပေါက်စလေးပဲ၊ လူသားတောင်
ဖြစ်နေသေးတယ်၊ ငါက စွမ်းအားကြီး
နတ်ဆိုးသားရဲတို့ဘာတို့ထင်နေတာ၊
သူကမင်းကိုကယ်လောက်မယ်ဆိုပြီး
မင်းက သိပ်ကိုစိတ်လှုပ်ရှားနေခဲ့တာဆိုတော့
သူ့ကိုမင်းရှေ့မှာသတ်ရလိမ့်မယ်"
ပြောရင်းဖြင့် သူကကောင်းကင်ထက်ရှိ
လူငယ်လေးထံလျှောက်သွားနေသည်။
လူငယ်လေးမှာ 'နေရင်းထိုင်ရင်းအရိုက်ခံရ'ဆိုတဲ့
စကားရဲ့ သာဓကပင်ဖြစ်တော့သည်၊
အမှန်တော့သူကဘာတွေဖြစ်ပျက်နေတာလဲ
ဘာမှမသိပေ။ သူဒီကိုရွှေ့ပြောင်းခံရပြီးပြီးချင်းမှာ
ဒီနေရာမှာတခြားဘယ်သူမှမရှိဘူးဆိုတာပြောရင်း
ထွက်လာတဲ့ခြောက်ခြားဖွယ်ထူးဆန်းတဲ့ရယ်သံကိုပဲ
သူကြားလိုက်တာဖြစ်သည်။
သူကရောလူသားမဟုတ်ပေဘူးလား?
ဒါ့ကြောင့် သူလည်းမနေနိုင်ဘဲပြန်ဖြေလိုက်ရခြင်း
ဖြစ်သည်။ ဒီလူကသူ့ကိုမဆီမဆိုင်သတ်ချင်
နေလိမ့်မယ်လို့ ဘယ်လိုလုပ်သိမှာလဲ?
ထုံထျန်းတိုက်မှာရှီကျင်းက စည်းကမ်းမရှိဆုံးလို့
ပြောကြတာမဆန်းတော့ပေ။ စွမ်းအားမရှိလျှင်
ဒီကိုလာတာက သေချင်လို့ပဲဖြစ်လိမ့်မည်၊
အခုတော့ သူလည်းအဲ့တာကိုမြည်းစမ်းလိုက်ရ
လေပြီ။ ကောလဟလတွေက အလိမ်အညာ
မဟုတ်ဘူးပဲ။
"ဟိုအစ်ကိုကြီး စကားနဲ့ပြောကြရအောင်လေ
ဟုတ်ပြီလား?" လူငယ်လေးကလက်နှစ်ဖက်
ယှက်ပြီး ဝင့်ဝါခြင်းမရှိဘဲပြုံးလိုက်သည်။
ရှင်းချီက သူတို့မသေခင်မှာရုန်းကန်ကြတာကို
ကြည့်ရတာနှစ်သက်လေသည်၊ မှော်ဆရာပေါက်စ
လေးက သူ့လက်ထဲကပြေးလို့လွတ်မှာလည်း
မဟုတ်ဘူးလေ။ သူ့အတွက်သတ်ဖြတ်ရတာက
လွယ်ကူတာကြောင့် စိတ်ထဲရွှင်လန်းစွာနဲ့၊
"ကြီးမြတ်လှတဲ့ငါက မင်းရဲ့နောက်ဆုံးစကား
တွေကိုပြောခွင့်ပြုမယ်"
လူငယ်လေးက သွားဖြူဖြူလေးများပေါ် အောင်
ပြုံးလိုက်သည်၊ "တကယ်တော့ ကျွန်တော့်မှာ
အဖော်တစ်ယောက်ရှိသေးတယ်၊ သူကဒီမှာပဲ၊
ကျွန်တော့်ကိုသတ်ချင်ရင် သူနဲ့အရင်စကား
ပြောရလိမ့်မယ်"
ရှင်းချီက သတိကြီးစွာနဲ့ဘေးပတ်ဝန်းကျင်ကို
ကြည့်လိုက်သည်၊ လူတစ်ယောက်မှ
မတွေ့ရပေ။
သို့သော် မော့ကျင်းကအကူအညီ
တောင်းနေတုန်းကလည်း သူတို့ရဲ့တည်ရှိမှုကို
သူသတိမထားမိခဲ့တာကြောင့် သူ့စကားတွေက
မယုံကြည်ဖို့ကောင်းတာတော့မဟုတ်ပေ။
သို့ဆိုသော်လည်း ရှင်းချီကလူစိမ်းတစ်ယောက်
ရဲ့စကားကို မျက်စိမှိတ်ယုံလိုက်မည်မဟုတ်ပေ၊
သူ့ကို အာရုံလွှဲဖို့ကြိုးစားနေတာလည်း
ဖြစ်နိုင်တာပဲ၊ သူကသံသယနဲ့မေးလိုက်သည်၊
"မင်းရဲ့အဖော်ကဒီမှာဆိုရင် သူကဘယ်မလဲ?"
လူငယ်လေးက အပြုံးလေးနှင့်ပြန်ဖြေသည်၊
"ခင်ဗျားသတိမထားမိဘူးလား? သူက
ခင်ဗျားနောက်မှာရပ်နေတာမဟုတ်ဘူးလား?"
ရှင်းချီမှာ ကြောင်အသွားသည်၊ သူလိမ်နေတာလို့
ထင်လိုက်ပေမယ့် ခဏအကြာတွင်
သူ့ကျောရိုးတစ်လျှောက်ကြောက်မက်ဖွယ်
တသိမ့်သိမ့်တုန်ရီလာကာ ခေါင်းထဲ
အချက်ပေးသံများမြည်သွားသည်။
သို့ပေမယ့် သူလှုပ်လို့မရတာကိုသိလိုက်ရပြီး
ရင်ထဲတုန်သွားရသည်။
အရိပ်အယောင်မရှိ၊ အသံတစိုးတစိမှမထွက်ဘဲ
ဒီလူက သူ့ကိုချုပ်နှောင်ထားနိုင်သည်။
သန်မာတယ်၊ သူ့ထက်ကိုပိုပြီးသန်မာတယ်၊
ရှင်းချီ ပါးစပ်ဟလိုက်သော်လည်း
ဘာအသံမှထွက်မလာတာကို သိလိုက်ရသည်။
အောက်မှာရပ်နေတဲ့ ရှင်းချီရဲ့မိတ်ဆွေ
ကောင်းယန်သည်လည်း ယူရှောင်းမိုရဲ့စကားကို
ကြားလိုက်ပေသည်။ မသိစိတ်ကနေ သူ
ရှင်းချီရဲ့နောက်ဘက်ကိုလှည့်ကြည့်လိုက်ပေမယ့်
ဘယ်သူ့ကိုမှမတွေ့ရပေ။
တစ်ခုခုဖြစ်သွားနိုင်တာကြောင့် ရှင်းချီကို
လှုပ်ရှားဖို့တိုက်တွန်းတော့မယ့်အချိန်မှာ
ရှင်းချီနဲ့ပတ်သက်လို့ တစ်ခုခုထူးဆန်းနေတာကို
တွေ့လိုက်ရသည်။
"ရှင်းချီ မင်းဘာလို့ဘာမှမလုပ်တာလဲ?"
ကောင်းယန် လှမ်းမေးလိုက်တယ်။
ရှင်းချီကပါးစပ်ဟလိုက်သည်၊ သူ့နဖူးမှာ
ချွေးစက်တစ်စက်က မျက်နှာဘေးဘက်တစ်လျှောက်
ကျဆင်းလာသည်။ ချွေးစက်က နေရောင်နှင့်
ထိတွေ့သည့်အခါ တောက်ပစွာအလင်းပြန်
သွား၏။
တစ်ခုခုမှားနေပြီဆိုတာ ကောင်းယန်နောက်ဆုံး
တော့သိလိုက်သည်။
ထိုအခိုက်အတံ့မှာပင် ရှင်းချီရဲ့နောက်ဘက်တွင်
အရိပ်သဏ္ဍာန်တစ်ခုက ဖြေးညင်းစွာထွက်ပေါ်
လာသည်။ သူက အနက်ရောင်ဝတ်ရုံရှည်ကို
ဝတ်ဆင်ထားပြီး ရှင်းချီရဲ့ပုခုံးကို
အေးတိအေးစက်အမူအရာဖြင့်
လက်တစ်ဖက်နှင့်ဆုပ်ကိုင်ထားလေသည်။ ထိုလက်ကသူ့ကိုလှုပ်ရှားမရအောင်
ချုပ်နှောင်ထားခြင်းပင်။
သူပေါ် လာသည်နှင့် ရှင်းချီသည် အဆင့်၁၂
တိုက်ခိုက်သူတစ်ဦး၏ဖိအားကို ခံစားလိုက်ရ၏။
အဲ့တာကမထင်ရှားပေမယ့် သူတို့က
တစ်ယောက်နှင့်တစ်ယောက်နီးကပ်နေတာကြောင့်
သူ ချက်ချင်းပဲခံစားမိလိုက်သည်။
ရှီကျင်းအစွန်အဖျားမှာ ဘယ်လိုလုပ်ပြီး
အဆင့်၁၂တိုက်ခိုက်သူတစ်ယောက်ပေါ် လာတာလဲ?
ရှင်းချီ တံတွေးကိုခက်ခက်ခဲခဲမြိုချလိုက်ရသည်။
ရှီကျင်းမှာ အဆင့်၁၂နတ်ဆိုးသားရဲတွေ
ရှိကြပေမယ့် တစ်ယောက်နဲ့ကြုံသလိုတွေ့ဆုံ
ရအောင်ထိ သူကဘယ်လောက်တောင်ကံကောင်းနေ
တာလဲ? ဒါပေမယ့် ဖိအားကတော့မှားစရာ
မရှိပေ။
"မိတ်ဆွေ...အစောတုန်းက ကျုပ်မှားတာပါ၊
ကျုပ်အဲ့လိုမပြောခဲ့သင့်ဘူး ၊ ဒီကမှော်ဆရာလေးက
ခင်ဗျားရဲ့သူငယ်ချင်းလို့မထင်ခဲ့မိဘူး၊
အစောတုန်းက ပြောမှားဆိုမှားရှိခဲ့ရင်
ခွင့်လွှတ်ပေးပါ၊ အဲ့တာတွေကစိတ်ထဲကမပါပါဘူး"
ရှင်းချီမှာ စက္ကန့်အနည်းငယ်ခန့်ကြာအောင်
တွေဝေနေပြီးနောက်တွင် သူ့ကံကြမ္မာကို
မလွှဲမရှောင်သာလက်ခံလိုက်ရတော့သည်။
"ဟား ဟား" အရွယ်ရောက်ပြီးသားသူက
ပေါ့ပေါ့ပါးပါးရယ်လိုက်သည်။
ရှင်းချီရဲ့နှလုံးမှာ တစ်ချက်တုန်သွားသည်၊
သူ့တုံ့ပြန်မှုအရ မကောင်းတော့ပေ။
ထိုအချိန်မှာပဲ အောက်မှာတိတ်တိတ်ဆိတ်ဆိတ်
ရပ်နေခဲ့တဲ့ ကောင်းယန်ကရုတ်တရက်
လျှပ်စီးလိုအမြန်နှုန်းဖြင့် ဆန့်ကျင်ဘက်သို့
ထွက်ပြေးသွားကာ အပြာရောင်အရိပ်တစ်ခုသာ
ချန်ရစ်ခဲ့လေသည်။ သူက သူ့အဖော်ကို
စွန့်ပစ်ပြီးကိုယ့်ဘာကိုယ်လွတ်မြောက်နိုင်ဖို့သာ
ဆုံးဖြတ်လိုက်၏။
သူတို့က ဒီတိုင်းကြည့်နေခဲ့ကြသည်။
နတ်ဆိုးသားရဲနှင့် လူသားများအကြားတွင်
တူညီတာတစ်ခုတော့ရှိလေသည်၊ ၎င်းမှာ
ဘယ်လိုအထူးတလည်ပတ်သက်မှုမျိုးပဲရှိရှိ၊
သွေးသားရင်းချာပဲဖြစ်ဖြစ် ဒါမှမဟုတ်
စိတ်တူကိုယ်တူတွေပဲဖြစ်ဖြစ်၊
ဘယ်သူကမှ အခြားတစ်ဦးအတွက်
သူတို့အသက်ကိုစတေးရန်ဆန္ဒမရှိကြပေ။
အထူးသဖြင့် အဆင့်မြင့်နတ်ဆိုးသားရဲတွေက
သေရမှာအလွန်အမင်းကြောက်ကြသည်၊
ထို့ကြောင့် ကောင်းယန်ကတွေဝေမှုမရှိဘဲ
ရှင်းချီကိုထားခဲ့ပြီး ထွက်ပြေးသွားခြင်းဖြစ်သည်။
ရှင်းချီမှာ တစ်ခဏမျှကြောင်အသွားပြီးနောက်
သူ့စိတ်ထဲတွင် ကျိန်ဆဲမိလေသည်။
သို့သော်လည်း အခြေအနေကပြောင်းပြန်
ဆိုရင် သူလည်းအဲ့လိုပဲလုပ်မိမှာပင်။
ဒီလူက သူ့နောက်လိုက်သွားပါစေလို့
မျှော်လင့်မိသော်လည်းသူက
မသိတဲ့သူစိမ်းတွေအပေါ်
စိတ်ဝင်စားမှုမရှိလေဘူး၊
သူကမလှုပ်ရှားဘဲပျင်းရိစွာဖြင့်
ကြည့်နေလေသည်။
"မိတ်ဆွေ.. ကျုပ်ကိုလွှတ်ပေးမယ်ဆိုရင်
ခင်ဗျားကို ပြဿနာမရှာတော့ဘဲ
ဒီမှာဖြစ်ခဲ့တာတွေကို ဘယ်သူ့ကိုမှမပြောဘူးလို့
အာမခံနိုင်ပါတယ်" ရှင်းချီက ဆက်၍နှိမ့်ချ
လိုက်သည်၊ သူလည်းသူ့အသက်သူတန်ဖိုး
ထားပေသည်။
"မင်းကို လွှတ်ပေးနိုင်ပါတယ်..ဒါပေမယ့်...."
သူက ရုတ်တရက်ပါးစပ်ဟလာသည်။
မျှော်လင့်ချက်တစ်ချို့တွေ့လိုက်ရတော့
ရှင်းချီက အလျင်စလိုမေးလိုက်တယ်၊
"ဒါပေမယ့် ဘာလဲဟင်?"
သူက ရွှင်မြူးစွာရယ်မောလိုက်ပြီး
ရှင်းချီရဲ့ညာဘက်လက်ကို တစ်ခြားလက်တစ်ဖက်
နှင့်ကိုင်လိုက်သည်။ ယမမင်းက ဝိဉာဉ်ရှာရန်
ထွက်လာသည့်နှယ် နူးညံ့သည့်အသံဖြင့်၊
"ဒါပေမယ့်....တခြားသူတွေ ငါ့မိန်းမကို
တစ်ခုခုလာလုပ်တာ သူ့ကိုသေဖို့ပြောနေတာ
ငါမကြိုက်ဘူး၊ ဆိုတော့ မင်းတစ်ခုခုချန်မထား
ခဲ့ရင် ငါ့စိတ်ထဲကောင်းမှာမဟုတ်ဘူး"
ချက်ချင်းဆိုသလိုပင် ရှင်းချီရဲ့အမူအရာ
ပြောင်းလဲသွားသည်။
သို့ပေမယ့် သူဘာမှမတုံ့ပြန်နိုင်ခင်မှာပဲ
သူ့ပုခုံးသည် 'အက်ကွဲ' သွားပြီး
နှလုံးကိုထိုးဆွနေသည့်နာကျင်မှုတစ်ခု
ရောက်လာသည်။ သူ့ပါးစပ်မှ
ကောင်းကင်ထိတိုင်ပျံ့လွင့်သွားတဲ့
ကြောက်မက်ဖွယ်နာနာကျင်ကျင်
အော်ဟစ်သံတစ်ခုထွက်လာလေသည်။
လတ်ဆတ်တဲ့အနီရောင်သွေးတွေက လေထဲသို့
ပြန့်ကျဲသွားပြီး ထိုသူကလက်ပြတ်တစ်ဖက်ကို
ကိုင်ထားသည်၊ ရှင်းချီကတော့ အဝေးသို့
လွှင့်ပစ်ခံလိုက်ရသည်။
ရှင်းချီက ဒဏ်ရာကိုသူ့ရဲ့အကောင်းအတိုင်းရှိနေတဲ့
လက်တစ်ဖက်နဲ့အုပ်ထားလျက် လေထဲတွင်
ရပ်တန့်သွားသည်။ သူ့ညာဘက်လက်သည်
'ဆွဲဖြဲ' ခံလိုက်ရသည်သာမဟုတ်ဘဲ
ဒဏ်ရာတွင် မီးကျွမ်းနေသည့်အရာများလည်း
ရှိနေသည်၊ သို့သော် သူ့မှာ၎င်းကိုအာရုံမထား
နိုင်ပါချေ။ သူ့ကိုလွှင့်ပစ်လိုက်သည်နှင့်
ပြန်လှည့်မကြည့်ဘဲထွက်ပြေးတော့သည်၊
သူ့ရဲ့မျှော်လင့်ချက်များကုန်ဆုံးနေသည့်
ပုံရိပ်သည် လျင်မြန်စွာဖြင့်ပျောက်ကွယ်သွား၏။
မြေကြီးပေါ်မှာရှိနေတဲ့
မော့ကျင်းမှာနောက်ဆုံးမှာတော့
စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်ကာ
စိတ်အားတစ်ခုတည်းဖြင့်သာ တင်းခံထားသည့်
ခန္ဓာကိုယ်သည် မြေပေါ် သို့လဲကျသွား၏။
သူဝတ်ထားတဲ့ခရမ်းရောင်အင်္ကျီမှာ
သွေးများရွှဲရွှဲစိုနေသည်။
သူ့ဒဏ်ရာတွေကပြင်းထန်လှပြီး သူ့ခရီးကို
ဆက်နိုင်မှာမဟုတ်တော့ပေ။ ထို့ပြင်
အချိန်တိုတွင်း ကုသမှုမပေးလျှင်
ကြာကြာပင်နေရတော့မည်မဟုတ်ပေ။
ယူရှောင်းမိုက အပေါ် ကနေမော့ကျင်းရဲ့ရှေ့ကို
ဆင်းလာခဲ့သည်၊ သူ့နောက်ကျောတွင်
အတောင်နက်တစ်စုံရှိနေသည်။
အတောင်ပံတွေက သဖုန်းညန်ဆီကအသွင်ပြောင်း
ထားတာဖြစ်သည်။ ၎င်းက အဆင့်၁၁ဖြစ်ပြီး
ကောင်းကင်ကိုအုပ်စိုးတဲ့သူဖြစ်တာကြောင့်
အသုံးပြုတဲ့သူက ယူရှောင်းမိုဖြစ်နေတာတောင်မှ
မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ပျံသန်းနိုင်သေး
သည်။
"ဟေး အဆင်ပြေရဲ့လား?" ယူရှောင်းမိုက
သိချင်စိတ်ပြင်းပြစွာနဲ့ မေးကြည့်လိုက်သည်၊
ဒါပေမယ့် သူသိပ်တော့ကရုဏာမသက်မိပေ၊
ဒါက တောဥပဒေသပဲလေ။
မော့ကျင်းက ခေါင်းခါပြသော်လည်း
သူ့အကြည့်ကယူရှောင်းမိုနောက်မှာရပ်နေတဲ့
လင်းရှောင်ထံ ရောက်သွားသည်။
သူတို့က နယ်မြေပြောင်းအဆောင်လက်ဖွဲ့
သုံးခဲ့တာဖြစ်သည်၊ ထို့ကြောင့်ပင် ရှီကျင်းရဲ့
အစွန်အဖျားမှာ ရုတ်တရက်ပေါ် လာရခြင်း
ဖြစ်၏။ သူတို့ ရှီကျင်းထဲထပ်ဝင်ချင်လျှင်
နယ်မြေပြောင်းအဆောင်လက်ဖွဲ့နောက်တစ်ခု
ထပ်သုံးရမည်ဖြစ်သည်၊
"ကျုပ်က မော့ကျင်းပါ၊ ခင်ဗျားတို့အကူအညီအတွက်
အတိုင်းမသိအောင်ကျေးဇူးတင်ပါတယ်၊
ကျုပ်အသက်ကိုကယ်ပေးခဲ့တာကို ဘယ်တော့မှ
မမေ့ပါဘူး" မော့ကျင်းမှာသူ့နှလုံးသားထဲကနေ
ကျေးဇူးတင်လိုက်ရင်း ခေါင်းညွတ်လိုက်သည်။
သူ့ရဲ့ရည်ရွယ်ချက်က သူ့ကိုကယ်ဖို့မဟုတ်
ခဲ့တာတောင် သူကကယ်တင်ခံခဲ့ရတာတော့
မှန်ပေသည်။
ယူရှောင်းမိုလည်း လက်ခါလိုက်တယ်၊
"ကိစ္စသေးသေးလေးပါ ပြောမနေပါနဲ့တော့၊
ခုနကပြောတဲ့အတိုင်းဆို မင်းကတကယ်ပဲ
တန်ခိုးရှင်လိပ်မျိုးနွယ်ကလား?
အာ့ဆို လောကလိပ်နက်မျိုးနွယ်စုနဲ့ကရော
ဘယ်လိုဆိုင်တာလဲ?"
မော့ကျင်းမှာ ခေတ္တမျှရပ်တန့်သွားပြီးနောက်
ပျော်ရွှင်စွာမေးလိုက်သည်၊
"ခင်ဗျားတန်ခိုးရှင်လိပ်မျိုးနွယ်စုကိုသိတယ်လား?"
ယူရှောင်းမို ခေါင်းညိတ်လိုက်တယ်၊
"သိတယ်၊ ဒါပေမယ့် ရွှမ်းမင်လို့ခေါ် တဲ့
တစ်ယောက်နဲ့အခွင့်ကြုံမိတာတင်ပဲ၊
တစ်ခါပဲဆုံဖူးပေမယ့် သူကလူကောင်းနဲ့
တူတယ်"
[reminder- ရွှမ်းမင်က အပိုင်း ၄၇၄
ချန်မဟာမိတ်ရဲ့မွေးနေ့ပွဲအဖြစ်အပျက်မှာပါပါတယ်]
မော့ကျင်းလည်း ရွှမ်းမင်ဆိုတဲ့နာမည်ကို
ကြားလိုက်ရပြီးနောက်မှာ သူ့ကိုနည်းနည်းတော့
ယုံကြည်လာကာ အနည်းငယ်တွေဝေနေပြီးနောက်၊
"အမှန်တိုင်းပြောရရင် တန်ခိုးရှင်လိပ်မျိုးနွယ်စုက
လောကလိပ်နက်မျိုးနွယ်စုရဲ့ အခွဲတစ်ခုလည်း
ဟုတ်တယ်၊ ရှင်းချီရဲ့ခြုံခိုတိုက်တာခံရတုန်းက
ကျုပ်က လိပ်နက်မျိုးနွယ်စုကိုသွားနေတာ၊
အဲ့အချိန်မှာခင်ဗျားတို့နှစ်ယောက်ကကယ်လိုက်တာပဲ၊
လိပ်နက်မျိုးနွယ်စုကိုရောက်တာနဲ့
ဖြစ်ပျက်ခဲ့တာတွေကိုရှင်းပြပြီး ကျေးဇူးပြန်ဆပ်
ပါ့မယ်၊ ပြောမှပဲ ကယ်တင်ရှင်တို့ရဲ့နာမည်ကို
မသိရသေးဘူး"
"ကျွန်တော်က ယူရှောင်းဟာ" ယူရှောင်းမိုက
ကျိတ်မှိတ်ပြုံးရင်းဖြေလိုက်ပြီးနောက်
လင်းရှောင်ကိုပြလိုက်ကာ၊ "သူကလင်းမော့တဲ့၊
သူ့ကိုတော့ကြားဖူးလောက်မယ်ထင်တယ်"
မော့ကျင်းမှာ တစ်ခဏလောက်တန့်သွား၏၊
လင်းမော့?
သူကြိုးကြိုးစားစားပြန်တွေးကြည့်သော်လည်း
ထိုနာမည်နှင့် ပတ်သက်၍ဘာအထင်အမြင်မှ
မရှိဘဲဖြစ်နေကာ စိတ်မအိုက်ဘဲမနေနိုင်တော့ချေ။
သူ့ကယ်တင်ရှင်က ထိုနာမည်ကိုသူကြားဖူးသင့်
သည်ဟု ယူဆထားပုံရသည်။
"အာ? မင်းမကြားဖူးဘူးလား?"
ယူရှောင်းမိုက သူ့ရဲ့ရှုပ်ထွေးနေတဲ့အမူအရာကို
သတိထားမိပြီးအံ့ဩစွာနဲ့ ပြောလိုက်သည်။
မော့ကျင်းက တောင်းပန်တဲ့အပြုံးတစ်ခုဖြင့်၊
"တကယ်ပဲတောင်းပန်ပါတယ်ဗျာ၊ကျုပ်ကိုက
ဗဟုသုတမရှိတာပါ"
သူ့အမူအရာက အတုအယောင်ဖြစ်ပုံမရတာကို
ယူရှောင်းမိုသတိပြုမိလိုက်ကာ အဲ့တာကို
စိတ်ထဲမထားတော့ပေ။ သူမသိရင်ပိုတောင်
ကောင်းသေးတယ်၊ ဒါဆို သူတို့ရဲ့သရုပ်မှန်ကို
ဘယ်သူမှမှတ်မိမှာမဟုတ်တော့ပေ၊ ဒါဆို
သူတို့ကိုလည်း လူသိများစေမှာမဟုတ်တော့ဘူး။
"မကြားဖူးလည်း ကိစ္စမရှိဘူး၊ ကျွန်တော်ကဒီတိုင်း
သိချင်လို့မေးကြည့်တာ။ ဒါဖြင့်ရင်
နှုတ်ဆက်ပါတယ်"
ယူရှောင်းမိုက ပြောပြီးသည်နှင့်ထွက်သွားဖို့
ပြင်လိုက်သည်။
"နေပါဦး....အဟွတ် အဟွတ် အဟွတ်...."
မော့ကျင်းက သူတို့ကိုပြန်ခေါ် ဖို့ထလိုက်ပေမယ့်
အလောတကြီးနိုင်သွားတာကြောင့်
သူ့ကိုယ်က တစ်ဝက်အရောက်မှာပြန်လဲကျ
သွားပြီး သွေးအန်လိုက်ရလေသည်။
ချောင်းဆိုးသံက ပြင်းထန်လွန်းတာကြောင့်
သူ့အူတွေပါထွက်လာတော့မယ်လို့ထင်ရသည်။
ယူရှောင်းမိုက ပြန်လှည့်ပြီးစကားပြောတော့မယ့်
အချိန်မှာ မော့ကျင်းရဲ့လက်မောင်းထဲက
လှုပ်ရှားမှုကြောင့် အာရုံလွဲသွားတော့သည်။
သွေးညှီနံ့ကို မခံနိုင်တော့ဘဲ
အသက်ရှူကြပ်လာတာကြောင့်လားတော့မသိ၊
ယူရှောင်းမိုလက်ဖဝါးအရွယ်လောက်ရှိတဲ့
လိပ်ကလေးတစ်ကောင်က မော့ကျင်းရဲ့ကော်လံ
ထဲကနေ တွားသွားထွက်လာသည်။
မော့ကျင်းက လိပ်ကလေးလေးကိုသူ့အင်္ကျီထဲ
အလျင်အမြန်ပြန်တွန်းလိုက်သော်လည်း
လိပ်ကလေးက သူ့ကိုပုန်ကန်နေသည့်အလား
မဆုတ်မနစ်ပြန်ပြီးတွားထွက်လာလေသည်၊
"သခင်လေး လိမ်လိမ်မာမာနေပါဗျာ"
မော့ကျင်းကလိပ်ကလေးကိုတိုးတိုးပြောလိုက်ကာ
သူ့လက်နဲ့ကာလိုက်သည်။
ယူရှောင်းမိုလည်း စိတ်ဝင်စားသွားပြီး
မေးလိုက်တယ်၊ "အဲ့တာမင်းရဲ့သားလေးလား?"
"ငတုံး" မော့ကျင်းတောင်ဘာတစ်ခုမှမပြောရသေး
ခင်မှာ နောက်ခံပုံရိပ်လိုရပ်နေခဲ့တဲ့လင်းရှောင်က
သူ့လက်သုံးစကားနှင့် ပြောလာသည်။
ယူရှောင်းမိုလည်း ရှက်ကိုးရှက်ကန်းနဲ့ရယ်ပြ
လိုက်တယ်။
"ရှီကျင်းမှာရှိတဲ့နတ်ဆိုးသားရဲတွေရဲ့ သားပေါက်
တွေနဲ့ သူတို့ရဲ့လက္ခဏာတွေကို
ကြည့်ထားဖို့ ကိုယ်မပြောခဲ့ဘူးလား၊
မင်းကနားမှမထောင်တာ။ ဒီလိပ်ပေါက်လေးက
ဘယ်လိုလုပ် သူ့သားဖြစ်နိုင်မှာလဲ၊
လိပ်နက်မျိုးနွယ်စုကနေဆင်းသက်လာတာ
ထင်ရှားနေတာကို"
"အာ?" ယူရှောင်းမို မျက်လုံးပြူးသွားတယ်၊
လိပ်ကလေးလေးတစ်ကောင်ကို သူမြင်ဖူးတာ
ပထမဆုံးပဲ၊ နောက်ပြီးလိပ်နက်မျိုးနွယ်စုကလည်း
ဖြစ်နေသေးတယ်။ သူကြားဖူးတာတော့
လောကလိပ်နက်တွေက အစိမ်းရောင်လိပ်တွေထက်
ပိုကြီးတယ်တဲ့။
[Reminder- အခန်း ၃၉၄ မှာ ရှုန်းရှောင်နဲ့
တခြားတစ်ဦးက လိပ်စိမ်းကြီးတစ်ကောင်
စီးလာတာပါ]
သူက ဗဟုသုတများပုံရတာကိုတွေ့တော့
မော့ကျင်းမှာပို၍သတိရှိလာသည်။
လင်းရှောင်ကမူ ဘာမှမမြင်လိုက်သလိုပဲ
ယူရှောင်းမိုကိုဆက်ရှင်းပြသည်၊
"တန်ခိုးရှင်လိပ်မျိုးနွယ်စုရဲ့ အခွံက
ခရမ်းပြာရောင်ရှိပြီး အပေါ် မှာဘာပုံစံမှ
မပါဘူး၊ ဒါပေမယ့်ဒီလိပ်ပေါက်လေးက
ငယ်သေးပေမယ့် သူ့အခွံပေါ် မှာပုံစံလေးတွေ
ရှိနေတယ်၊ ဒါတင်မဟုတ်သေးဘူး၊
သူ့အခွံကစိမ်းပြာရောင်ဖျော့ဖျော့လေး၊
အဲ့တာက လောကလိပ်နက်တွေရဲ့ဝိသေသ
လက္ခဏာပဲ"
"အိုး" ယူရှောင်းမို ခေါင်းပြန်မော့လိုက်တော့
မော့ကျင်းကသူတို့ကိုသတိတထားကြည့်နေတာ
ကိုတွေ့လိုက်ရသည်။
________________
[tn/ note; နာမည်တွေကလေအဆင်ပြေသလို
ရေးထားတာပါ တော်တယ်ဟုတ် 🤣 တန်ခိုးရှင်လိပ်တို့ဘာတို့😎]
_________________
//Zawgyi//
အပိုင္း ၅၁၆- လိပ္ေပါက္ေလး
ရွင္းခ်ီရဲ့ရယ္ေမာသံမွာ ခ်က္ခ်င္းရပ္တန႔္သြားၿပီး
အသံလာရာဘက္သို႔စိုးရိမ္တႀကီး
လွၫ့္ၾကၫ့္လိုက္သည္။ ဒီေနရာမွာ
ေလးေယာက္ေျမာက္လူရိွေနခဲ့လ်ွင္
သူသတိမျပဳမိဘဲေနမွာမဟုတ္ေပ။
သို႔ေသာ္ ေမာ့က်င္းကေတာ့ေက်နပ္သြားမိသည္။
တကယ္ပဲ လူတစ္ေယာက္ေယာက္ရိွေနမယ္လို႔
သူမထင္ထားခဲ့ေပ။ အမွန္ေတာ့
သူေအာ္လိုက္တုန္းက လြတ္ေျမာက္ရန္အခြင့္ေကာင္း
တစ္ခုရဖို႔အတြက္ ရွင္းခ်ီနဲ႔သူ႔မိတ္ေဆြကို
အာရံုလႊဲႏိုင္ရန္ ေမ်ွာ္လင့္ထားခဲ့ျခင္းျဖစ္သည္။
ျပန္ေျဖဖို႔ေတာ့ သူမေမ်ွာ္လင့္ထားခဲ့ေသာ္လည္း
အမွန္ပင္တစ္စံုတစ္ေယာက္ရိွေနေလသည္။
"မိတ္ေဆြတို႔ က်ဳပ္ကေလာကလိပ္နက္မ်ိဳးႏြယ္ရဲ့
ေဘးအခဲြမ်ိဳးႏြယ္ကပါ၊ အကူအညီေပးႏိုင္ခဲ့မယ္
ဆိုရင္ ေလာကလိပ္နက္မ်ိဳးႏြယ္စုကလည္း
ေက်းဇူးတင္ၾကမွာပါ"
သူတို႔က ရန္သူလားမိတ္ေဆြလားကို
ေမာ့က်င္းမသိေပမယ့္ ယခုေလာေလာဆယ္တြင္
သူတို႔ကိုပဲမွီခိုရႏိုင္မည္ျဖစ္၏။
သူစကားေျပာၿပီးသြားတဲ့အခ်ိန္ အနည္းငယ္
သြယ္လ်ၿပီးေသးငယ္တဲ့ပံုရိပ္တစ္ခုသည္
ေလထဲမွာေပၚ လာသည္။ ထို႔ေနာက္
သူ႔မ်က္ႏွာကိုျမင္လိုက္ရ၏။
သူတို႔သံုးေယာက္လံုး ေၾကာင္အသြားေတာ့သည္။
သူတို႔ေရ႔ွေပၚ လာတာက
ၾကင္နာတတ္တဲ့အေငြ့အသက္နဲ႔ ႏူးညံ့ၿပီးလွပတဲ့
လူငယ္ေလးျဖစ္ေနတယ္။ သူကႃပံုးလည္းႃပံုး
ေနေသးတယ္။
သူတို႔သံုးေယာက္လံုးက စိတ္စြမ္းအားအာရံုခံႏိုင္စြမ္း
ျမင့္တဲ့က်င့္ႀကံသူေတျြဖစ္တာေၾကာင့္
လူငယ္ေလးရဲ့အဆင့္ကို တစ္ခ်က္ၾကၫ့္ရံုႏွင့္
ေျပာႏိုင္ေပသည္။
လူငယ္ေလးက လူသားျဖစ္ၿပီးအဆင့္၁၀
ေမွာ္ဆရာေလးျဖစ္သည္၊ သိပ္မျမင့္သလို
သိပ္လည္းမနိမ့္ေပ။ သူတို႔အားလံုးက
အဆင့္၁၁တိုက္ခိုက္သူေတျြဖစ္တာေၾကာင့္
သူ႔ကိုလက္တစ္ဖက္တည္းႏွင့္ သတ္ပစ္ႏိုင္ေလသည္။
ရွင္းခ်ီမွာ ထိတ္လန႔္တုန္လႈပ္ေနရာကေန
ရုတ္တရက္ေအာ္ရယ္လိုက္မိ၏၊
"ေမာ့က်င္း.... မင္းရဲ့ 'ေမ်ွာ္လင့္ခ်က္' က
ေမွာ္ဆရာေပါက္စေလးပဲ၊ လူသားေတာင္
ျဖစ္ေနေသးတယ္၊ ငါက စြမ္းအားႀကီး
နတ္ဆိုးသားရဲတို႔ဘာတို႔ထင္ေနတာ၊
သူကမင္းကိုကယ္ေလာက္မယ္ဆိုၿပီး
မင္းက သိပ္ကိုစိတ္လႈပ္ရွားေနခဲ့တာဆိုေတာ့
သူ႔ကိုမင္းေရ႔ွမွာသတ္ရလိမ့္မယ္"
ေျပာရင္းျဖင့္ သူကေကာင္းကင္ထက္ရိွ
လူငယ္ေလးထံေလ်ွာက္သြားေနသည္။
လူငယ္ေလးမွာ 'ေနရင္းထိုင္ရင္းအရိုက္ခံရ'ဆိုတဲ့
စကားရဲ့ သာဓကပင္ျဖစ္ေတာ့သည္၊
အမွန္ေတာ့သူကဘာေတျြဖစ္ပ်က္ေနတာလဲ
ဘာမွမသိေပ။ သူဒီကိုေရႊ့ေျပာင္းခံရၿပီးၿပီးခ်င္းမွာ
ဒီေနရာမွာတျခားဘယ္သူမွမရိွဘူးဆိုတာေျပာရင္း
ထြက္လာတဲ့ေျခာက္ျခားဖြယ္ထူးဆန္းတဲ့ရယ္သံကိုပဲ
သူၾကားလိုက္တာျဖစ္သည္။
သူကေရာလူသားမဟုတ္ေပဘူးလား?
ဒါ့ေၾကာင့္ သူလည္းမေနႏိုင္ဘဲျပန္ေျဖလိုက္ရျခင္း
ျဖစ္သည္။ ဒီလူကသူ႔ကိုမဆီမဆိုင္သတ္ခ်င္
ေနလိမ့္မယ္လို႔ ဘယ္လိုလုပ္သိမွာလဲ?
ထံုထ်န္းတိုက္မွာရွီက်င္းက စည္းကမ္းမရိွဆံုးလို႔
ေျပာၾကတာမဆန္းေတာ့ေပ။ စြမ္းအားမရိွလ်ွင္
ဒီကိုလာတာက ေသခ်င္လို႔ပဲျဖစ္လိမ့္မည္၊
အခုေတာ့ သူလည္းအဲ့တာကိုျမည္းစမ္းလိုက္ရ
ေလၿပီ။ ေကာလဟလေတြက အလိမ္အညာ
မဟုတ္ဘူးပဲ။
"ဟိုအစ္ကိုႀကီး စကားနဲ႔ေျပာၾကရေအာင္ေလ
ဟုတ္ၿပီလား?" လူငယ္ေလးကလက္ႏွစ္ဖက္
ယွက္ၿပီး ဝင့္ဝါျခင္းမရိွဘဲႃပံုးလိုက္သည္။
ရွင္းခ်ီက သူတို႔မေသခင္မွာရုန္းကန္ၾကတာကို
ၾကၫ့္ရတာႏွစ္သက္ေလသည္၊ ေမွာ္ဆရာေပါက္စ
ေလးက သူ႔လက္ထဲကေျပးလို႔လြတ္မွာလည္း
မဟုတ္ဘူးေလ။ သူ႔အတြက္သတ္ျဖတ္ရတာက
လြယ္ကူတာေၾကာင့္ စိတ္ထဲရႊင္လန္းစြာနဲ႔၊
"ႀကီးျမတ္လွတဲ့ငါက မင္းရဲ့ေနာက္ဆံုးစကား
ေတြကိုေျပာခြင့္ျပဳမယ္"
လူငယ္ေလးက သြားျဖဴႁဖူေလးမ်ားေပၚ ေအာင္
ႃပံုးလိုက္သည္၊ "တကယ္ေတာ့ ကၽြန္ေတာ့္မွာ
အေဖာ္တစ္ေယာက္ရိွေသးတယ္၊ သူကဒီမွာပဲ၊
ကၽြန္ေတာ့္ကိုသတ္ခ်င္ရင္ သူနဲ႔အရင္စကား
ေျပာရလိမ့္မယ္"
ရွင္းခ်ီက သတိႀကီးစြာနဲ႔ေဘးပတ္ဝန္းက်င္ကို
ၾကၫ့္လိုက္သည္၊ လူတစ္ေယာက္မွ
မေတြ့ရေပ။
သို႔ေသာ္ ေမာ့က်င္းကအကူအညီ
ေတာင္းေနတုန္းကလည္း သူတို႔ရဲ့တည္ရိွမႈကို
သူသတိမထားမိခဲ့တာေၾကာင့္ သူ႔စကားေတြက
မယံုၾကည္ဖို႔ေကာင္းတာေတာ့မဟုတ္ေပ။
သို႔ဆိုေသာ္လည္း ရွင္းခ်ီကလူစိမ္းတစ္ေယာက္
ရဲ့စကားကို မ်က္စိမိွတ္ယံုလိုက္မည္မဟုတ္ေပ၊
သူ႔ကို အာရံုလႊဲဖို႔ႀကိဳးစားေနတာလည္း
ျဖစ္ႏိုင္တာပဲ၊ သူကသံသယနဲ႔ေမးလိုက္သည္၊
"မင္းရဲ့အေဖာ္ကဒီမွာဆိုရင္ သူကဘယ္မလဲ?"
လူငယ္ေလးက အႃပံုးေလးႏွင့္ျပန္ေျဖသည္၊
"ခင္ဗ်ားသတိမထားမိဘူးလား? သူက
ခင္ဗ်ားေနာက္မွာရပ္ေနတာမဟုတ္ဘူးလား?"
ရွင္းခ်ီမွာ ေၾကာင္အသြားသည္၊ သူလိမ္ေနတာလို႔
ထင္လိုက္ေပမယ့္ ခဏအၾကာတြင္
သူ႔ေက်ာရိုးတစ္ေလ်ွာက္ေၾကာက္မက္ဖြယ္
တသိမ့္သိမ့္တုန္ရီလာကာ ေခါင္းထဲ
အခ်က္ေပးသံမ်ားျမည္သြားသည္။
သို႔ေပမယ့္ သူလႈပ္လို႔မရတာကိုသိလိုက္ရၿပီး
ရင္ထဲတုန္သြားရသည္။
အရိပ္အေယာင္မရိွ၊ အသံတစိုးတစိမွမထြက္ဘဲ
ဒီလူက သူ႔ကိုခ်ဳပ္ေနွာင္ထားႏိုင္သည္။
သန္မာတယ္၊ သူ႔ထက္ကိုပိုၿပီးသန္မာတယ္၊
ရွင္းခ်ီ ပါးစပ္ဟလိုက္ေသာ္လည္း
ဘာအသံမွထြက္မလာတာကို သိလိုက္ရသည္။
ေအာက္မွာရပ္ေနတဲ့ ရွင္းခ်ီရဲ့မိတ္ေဆြ
ေကာင္းယန္သည္လည္း ယူေရွာင္းမိုရဲ့စကားကို
ၾကားလိုက္ေပသည္။ မသိစိတ္ကေန သူ
ရွင္းခ်ီရဲ့ေနာက္ဘက္ကိုလွၫ့္ၾကၫ့္လိုက္ေပမယ့္
ဘယ္သူ႔ကိုမွမေတြ့ရေပ။
တစ္ခုခုျဖစ္သြားႏိုင္တာေၾကာင့္ ရွင္းခ်ီကို
လႈပ္ရွားဖို႔တိုက္တြန္းေတာ့မယ့္အခ်ိန္မွာ
ရွင္းခ်ီနဲ႔ပတ္သက္လို႔ တစ္ခုခုထူးဆန္းေနတာကို
ေတြ့လိုက္ရသည္။
"ရွင္းခ်ီ မင္းဘာလို႔ဘာမွမလုပ္တာလဲ?"
ေကာင္းယန္ လွမ္းေမးလိုက္တယ္။
ရွင္းခ်ီကပါးစပ္ဟလိုက္သည္၊ သူ႔နဖူးမွာ
ခၽြေးစက္တစ္စက္က မ်က္ႏွာေဘးဘက္တစ္ေလ်ွာက္
က်ဆင္းလာသည္။ ခၽြေးစက္က ေနေရာင္ႏွင့္
ထိေတြ့သၫ့္အခါ ေတာက္ပစြာအလင္းျပန္
သြား၏။
တစ္ခုခုမွားေနၿပီဆိုတာ ေကာင္းယန္ေနာက္ဆံုး
ေတာ့သိလိုက္သည္။
ထိုအခိုက္အတံ့မွာပင္ ရွင္းခ်ီရဲ့ေနာက္ဘက္တြင္
အရိပ္သ႑ာန္တစ္ခုက ေျဖးညင္းစြာထြက္ေပၚ
လာသည္။ သူက အနက္ေရာင္ဝတ္ရံုရွည္ကို
ဝတ္ဆင္ထားၿပီး ရွင္းခ်ီရဲ့ပုခံုးကို
ေအးတိေအးစက္အမူအရာျဖင့္
လက္တစ္ဖက္ႏွင့္ဆုပ္ကိုင္ထားေလသည္။ ထိုလက္ကသူ႔ကိုလႈပ္ရွားမရေအာင္
ခ်ဳပ္ေနွာင္ထားျခင္းပင္။
သူေပၚ လာသည္ႏွင့္ ရွင္းခ်ီသည္ အဆင့္၁၂
တိုက္ခိုက္သူတစ္ဦး၏ဖိအားကို ခံစားလိုက္ရ၏။
အဲ့တာကမထင္ရွားေပမယ့္ သူတို႔က
တစ္ေယာက္ႏွင့္တစ္ေယာက္နီးကပ္ေနတာေၾကာင့္
သူ ခ်က္ခ်င္းပဲခံစားမိလိုက္သည္။
ရွီက်င္းအစြန္အဖ်ားမွာ ဘယ္လိုလုပ္ၿပီး
အဆင့္၁၂တိုက္ခိုက္သူတစ္ေယာက္ေပၚ လာတာလဲ?
ရွင္းခ်ီ တံေတြးကိုခက္ခက္ခဲခဲၿမိဳခ်လိုက္ရသည္။
ရွီက်င္းမွာ အဆင့္၁၂နတ္ဆိုးသားရဲေတြ
ရိွၾကေပမယ့္ တစ္ေယာက္နဲ႔ႄကံုသလိုေတြ့ဆံု
ရေအာင္ထိ သူကဘယ္ေလာက္ေတာင္ကံေကာင္းေန
တာလဲ? ဒါေပမယ့္ ဖိအားကေတာ့မွားစရာ
မရိွေပ။
"မိတ္ေဆြ...အေစာတုန္းက က်ဳပ္မွားတာပါ၊
က်ဳပ္အဲ့လိုမေျပာခဲ့သင့္ဘူး ၊ ဒီကေမွာ္ဆရာေလးက
ခင္ဗ်ားရဲ့သူငယ္ခ်င္းလို႔မထင္ခဲ့မိဘူး၊
အေစာတုန္းက ေျပာမွားဆိုမွားရိွခဲ့ရင္
ခြင့္လႊတ္ေပးပါ၊ အဲ့တာေတြကစိတ္ထဲကမပါပါဘူး"
ရွင္းခ်ီမွာ စကၠန႔္အနည္းငယ္ခန႔္ၾကာေအာင္
ေတြေဝေနၿပီးေနာက္တြင္ သူ႔ကံၾကမၼာကို
မလႊဲမေရွာင္သာလက္ခံလိုက္ရေတာ့သည္။
"ဟား ဟား" အရြယ္ေရာက္ၿပီးသားသူက
ေပါ့ေပါ့ပါးပါးရယ္လိုက္သည္။
ရွင္းခ်ီရဲ့ႏွလံုးမွာ တစ္ခ်က္တုန္သြားသည္၊
သူ႔တံု႔ျပန္မႈအရ မေကာင္းေတာ့ေပ။
ထိုအခ်ိန္မွာပဲ ေအာက္မွာတိတ္တိတ္ဆိတ္ဆိတ္
ရပ္ေနခဲ့တဲ့ ေကာင္းယန္ကရုတ္တရက္
လ်ွပ္စီးလိုအျမန္ႏႈန္းျဖင့္ ဆန႔္က်င္ဘက္သို႔
ထြက္ေျပးသြားကာ အျပာေရာင္အရိပ္တစ္ခုသာ
ခ်န္ရစ္ခဲ့ေလသည္။ သူက သူ႔အေဖာ္ကို
စြန႔္ပစ္ၿပီးကိုယ့္ဘာကိုယ္လြတ္ေျမာက္ႏိုင္ဖို႔သာ
ဆံုးျဖတ္လိုက္၏။
သူတို႔က ဒီတိုင္းၾကၫ့္ေနခဲ့ၾကသည္။
နတ္ဆိုးသားရဲႏွင့္ လူသားမ်ားအၾကားတြင္
တူညီတာတစ္ခုေတာ့ရိွေလသည္၊ ၄မွာ
ဘယ္လိုအထူးတလည္ပတ္သက္မႈမ်ိဳးပဲရိွရိွ၊
ေသြးသားရင္းခ်ာပဲျဖစ္ျဖစ္ ဒါမွမဟုတ္
စိတ္တူကိုယ္တူေတြပဲျဖစ္ျဖစ္၊
ဘယ္သူကမွ အျခားတစ္ဦးအတြက္
သူတို႔အသက္ကိုစေတးရန္ဆႏၵမရိွၾကေပ။
အထူးသျဖင့္ အဆင့္ျမင့္နတ္ဆိုးသားရဲေတြက
ေသရမွာအလြန္အမင္းေၾကာက္ၾကသည္၊
ထို႔ေၾကာင့္ ေကာင္းယန္ကေတြေဝမႈမရိွဘဲ
ရွင္းခ်ီကိုထားခဲ့ၿပီး ထြက္ေျပးသြားျခင္းျဖစ္သည္။
ရွင္းခ်ီမွာ တစ္ခဏမ်ွေၾကာင္အသြားၿပီးေနာက္
သူ႔စိတ္ထဲတြင္ က်ိန္ဆဲမိေလသည္။
သို႔ေသာ္လည္း အေျခအေနကေျပာင္းျပန္
ဆိုရင္ သူလည္းအဲ့လိုပဲလုပ္မိမွာပင္။
ဒီလူက သူ႔ေနာက္လိုက္သြားပါေစလို႔
ေမ်ွာ္လင့္မိေသာ္လည္းသူက
မသိတဲ့သူစိမ္းေတြအေပၚ
စိတ္ဝင္စားမႈမရိွေလဘူး၊
သူကမလႈပ္ရွားဘဲပ်င္းရိစြာျဖင့္
ၾကၫ့္ေနေလသည္။
"မိတ္ေဆြ.. က်ဳပ္ကိုလႊတ္ေပးမယ္ဆိုရင္
ခင္ဗ်ားကို ျပႆနာမရွာေတာ့ဘဲ
ဒီမွာျဖစ္ခဲ့တာေတြကို ဘယ္သူ႔ကိုမွမေျပာဘူးလို႔
အာမခံႏိုင္ပါတယ္" ရွင္းခ်ီက ဆက္၍ႏိွမ့္ခ်
လိုက္သည္၊ သူလည္းသူ႔အသက္သူတန္ဖိုး
ထားေပသည္။
"မင္းကို လႊတ္ေပးႏိုင္ပါတယ္..ဒါေပမယ့္...."
သူက ရုတ္တရက္ပါးစပ္ဟလာသည္။
ေမ်ွာ္လင့္ခ်က္တစ္ခ်ိဳ႕ေတြ့လိုက္ရေတာ့
ရွင္းခ်ီက အလ်င္စလိုေမးလိုက္တယ္၊
"ဒါေပမယ့္ ဘာလဲဟင္?"
သူက ရႊင္ျမဴးစြာရယ္ေမာလိုက္ၿပီး
ရွင္းခ်ီရဲ့ညာဘက္လက္ကို တစ္ျခားလက္တစ္ဖက္
ႏွင့္ကိုင္လိုက္သည္။ ယမမင္းက ဝိဉာဉ္ရွာရန္
ထြက္လာသၫ့္ႏွယ္ ႏူးညံ့သၫ့္အသံျဖင့္၊
"ဒါေပမယ့္....တျခားသူေတြ ငါ့မိန္းမကို
တစ္ခုခုလာလုပ္တာ သူ႔ကိုေသဖို႔ေျပာေနတာ
ငါမႀကိဳက္ဘူး၊ ဆိုေတာ့ မင္းတစ္ခုခုခ်န္မထား
ခဲ့ရင္ ငါ့စိတ္ထဲေကာင္းမွာမဟုတ္ဘူး"
ခ်က္ခ်င္းဆိုသလိုပင္ ရွင္းခ်ီရဲ့အမူအရာ
ေျပာင္းလဲသြားသည္။
သို႔ေပမယ့္ သူဘာမွမတံု႔ျပန္ႏိုင္ခင္မွာပဲ
သူ႔ပုခံုးသည္ 'အက္ကဲြ' သြားၿပီး
ႏွလံုးကိုထိုးဆြေနသၫ့္နာက်င္မႈတစ္ခု
ေရာက္လာသည္။ သူ႔ပါးစပ္မွ
ေကာင္းကင္ထိတိုင္ပ်ံ႔လြင့္သြားတဲ့
ေၾကာက္မက္ဖြယ္နာနာက်င္က်င္
ေအာ္ဟစ္သံတစ္ခုထြက္လာေလသည္။
လတ္ဆတ္တဲ့အနီေရာင္ေသြးေတြက ေလထဲသို႔
ျပန႔္က်ဲသြားၿပီး ထိုသူကလက္ျပတ္တစ္ဖက္ကို
ကိုင္ထားသည္၊ ရွင္းခ်ီကေတာ့ အေဝးသို႔
လႊင့္ပစ္ခံလိုက္ရသည္။
ရွင္းခ်ီက ဒဏ္ရာကိုသူ႔ရဲ့အေကာင္းအတိုင္းရိွေနတဲ့
လက္တစ္ဖက္နဲ႔အုပ္ထားလ်က္ ေလထဲတြင္
ရပ္တန႔္သြားသည္။ သူ႔ညာဘက္လက္သည္
'ဆဲြၿဖဲ' ခံလိုက္ရသည္သာမဟုတ္ဘဲ
ဒဏ္ရာတြင္ မီးကၽြမ္းေနသၫ့္အရာမ်ားလည္း
ရိွေနသည္၊ သို႔ေသာ္ သူ႔မွာ၄ကိုအာရံုမထား
ႏိုင္ပါေခ်။ သူ႔ကိုလႊင့္ပစ္လိုက္သည္ႏွင့္
ျပန္လွၫ့္မၾကၫ့္ဘဲထြက္ေျပးေတာ့သည္၊
သူ႔ရဲ့ေမ်ွာ္လင့္ခ်က္မ်ားကုန္ဆံုးေနသၫ့္
ပံုရိပ္သည္ လ်င္ျမန္စြာျဖင့္ေပ်ာက္ကြယ္သြား၏။
ေျမၾကီးေပၚမွာရိွေနတဲ့
ေမာ့က်င္းမွာေနာက္ဆံုးမွာေတာ့
စိတ္သက္သာရာရသြားၿပီး သက္ျပင္းခ်လိုက္ကာ
စိတ္အားတစ္ခုတည္းျဖင့္သာ တင္းခံထားသၫ့္
ခႏၶာကိုယ္သည္ ေျမေပၚ သို႔လဲက်သြား၏။
သူဝတ္ထားတဲ့ခရမ္းေရာင္အက်ႌမွာ
ေသြးမ်ားရႊဲရႊဲစိုေနသည္။
သူ႔ဒဏ္ရာေတြကျပင္းထန္လွၿပီး သူ႔ခရီးကို
ဆက္ႏိုင္မွာမဟုတ္ေတာ့ေပ။ ထို႔ျပင္
အခ်ိန္တိုတြင္း ကုသမႈမေပးလ်ွင္
ၾကာၾကာပင္ေနရေတာ့မည္မဟုတ္ေပ။
ယူေရွာင္းမိုက အေပၚ ကေနေမာ့က်င္းရဲ့ေရ႔ွကို
ဆင္းလာခဲ့သည္၊ သူ႔ေနာက္ေက်ာတြင္
အေတာင္နက္တစ္စံုရိွေနသည္။
အေတာင္ပံေတြက သဖုန္းညန္ဆီကအသြင္ေျပာင္း
ထားတာျဖစ္သည္။ ၄က အဆင့္၁၁ျဖစ္ၿပီး
ေကာင္းကင္ကိုအုပ္စိုးတဲ့သူျဖစ္တာေၾကာင့္
အသံုးျပဳတဲ့သူက ယူေရွာင္းမိုျဖစ္ေနတာေတာင္မွ
မယံုၾကည္ႏိုင္ဖြယ္အျမန္ႏႈန္းျဖင့္ ပ်ံသန္းႏိုင္ေသး
သည္။
"ေဟး အဆင္ေျပရဲ့လား?" ယူေရွာင္းမိုက
သိခ်င္စိတ္ျပင္းျပစြာနဲ႔ ေမးၾကၫ့္လိုက္သည္၊
ဒါေပမယ့္ သူသိပ္ေတာ့ကရုဏာမသက္မိေပ၊
ဒါက ေတာဥပေဒသပဲေလ။
ေမာ့က်င္းက ေခါင္းခါျပေသာ္လည္း
သူ႔အၾကၫ့္ကယူေရွာင္းမိုေနာက္မွာရပ္ေနတဲ့
လင္းေရွာင္ထံ ေရာက္သြားသည္။
သူတို႔က နယ္ေျမျပောင္းအေဆာင္လက္ဖဲြ႔
သံုးခဲ့တာျဖစ္သည္၊ ထို႔ေၾကာင့္ပင္ ရွီက်င္းရဲ့
အစြန္အဖ်ားမွာ ရုတ္တရက္ေပၚ လာရျခင္း
ျဖစ္၏။ သူတို႔ ရွီက်င္းထဲထပ္ဝင္ခ်င္လ်ွင္
နယ္ေျမျပောင္းအေဆာင္လက္ဖဲြ႔ေနာက္တစ္ခု
ထပ္သံုးရမည္ျဖစ္သည္၊
"က်ဳပ္က ေမာ့က်င္းပါ၊ ခင္ဗ်ားတို႔အကူအညီအတြက္
အတိုင္းမသိေအာင္ေက်းဇူးတင္ပါတယ္၊
က်ဳပ္အသက္ကိုကယ္ေပးခဲ့တာကို ဘယ္ေတာ့မွ
မေမ့ပါဘူး" ေမာ့က်င္းမွာသူ႔ႏွလံုးသားထဲကေန
ေက်းဇူးတင္လိုက္ရင္း ေခါင္းၫြတ္လိုက္သည္။
သူ႔ရဲ့ရည္ရြယ္ခ်က္က သူ႔ကိုကယ္ဖို႔မဟုတ္
ခဲ့တာေတာင္ သူကကယ္တင္ခံခဲ့ရတာေတာ့
မွန္ေပသည္။
ယူေရွာင္းမိုလည္း လက္ခါလိုက္တယ္၊
"ကိစၥေသးေသးေလးပါ ေျပာမေနပါနဲ႔ေတာ့၊
ခုနကေျပာတဲ့အတိုင္းဆို မင္းကတကယ္ပဲ
တန္ခိုးရွင္လိပ္မ်ိဳးႏြယ္ကလား?
အာ့ဆို ေလာကလိပ္နက္မ်ိဳးႏြယ္စုနဲ႔ကေရာ
ဘယ္လိုဆိုင္တာလဲ?"
ေမာ့က်င္းမွာ ေခတၲမ်ွရပ္တန႔္သြားၿပီးေနာက္
ေပ်ာ္ရႊင္စြာေမးလိုက္သည္၊
"ခင္ဗ်ားတန္ခိုးရွင္လိပ္မ်ိဳးႏြယ္စုကိုသိတယ္လား?"
ယူေရွာင္းမို ေခါင္းညိတ္လိုက္တယ္၊
"သိတယ္၊ ဒါေပမယ့္ ရႊမ္းမင္လို႔ေခၚ တဲ့
တစ္ေယာက္နဲ႔အခြင့္ႄကံုမိတာတင္ပဲ၊
တစ္ခါပဲဆံုဖူးေပမယ့္ သူကလူေကာင္းနဲ႔
တူတယ္"
[reminder- ရႊမ္းမင္က အပိုင္း ၄၇၄
ခ်န္မဟာမိတ္ရဲ့ေမြးေန့ပဲြအျဖစ္အပ်က္မွာပါပါတယ္]
ေမာ့က်င္းလည္း ရႊမ္းမင္ဆိုတဲ့နာမည္ကို
ၾကားလိုက္ရၿပီးေနာက္မွာ သူ႔ကိုနည္းနည္းေတာ့
ယံုၾကည္လာကာ အနည္းငယ္ေတြေဝေနၿပီးေနာက္၊
"အမွန္တိုင္းေျပာရရင္ တန္ခိုးရွင္လိပ္မ်ိဳးႏြယ္စုက
ေလာကလိပ္နက္မ်ိဳးႏြယ္စုရဲ့ အခဲြတစ္ခုလည္း
ဟုတ္တယ္၊ ရွင္းခ်ီရဲ့ႃခံုခိုတိုက္တာခံရတုန္းက
က်ဳပ္က လိပ္နက္မ်ိဳးႏြယ္စုကိုသြားေနတာ၊
အဲ့အခ်ိန္မွာခင္ဗ်ားတို႔ႏွစ္ေယာက္ကကယ္လိုက္တာပဲ၊
လိပ္နက္မ်ိဳးႏြယ္စုကိုေရာက္တာနဲ႔
ျဖစ္ပ်က္ခဲ့တာေတြကိုရွင္းျပၿပီး ေက်းဇူးျပန္ဆပ္
ပါ့မယ္၊ ေျပာမွပဲ ကယ္တင္ရွင္တို႔ရဲ့နာမည္ကို
မသိရေသးဘူး"
"ကၽြန္ေတာ္က ယူေရွာင္းဟာ" ယူေရွာင္းမိုက
က်ိတ္မိွတ္ႃပံုးရင္းေျဖလိုက္ၿပီးေနာက္
လင္းေရွာင္ကိုျပလိုက္ကာ၊ "သူကလင္းေမာ့တဲ့၊
သူ႔ကိုေတာ့ၾကားဖူးေလာက္မယ္ထင္တယ္"
ေမာ့က်င္းမွာ တစ္ခဏေလာက္တန႔္သြား၏၊
လင္းေမာ့?
သူႀကိဳးႀကိဳးစားစားျပန္ေတြးၾကၫ့္ေသာ္လည္း
ထိုနာမည္ႏွင့္ ပတ္သက္၍ဘာအထင္အျမင္မွ
မရိွဘဲျဖစ္ေနကာ စိတ္မအိုက္ဘဲမေနႏိုင္ေတာ့ေခ်။
သူ႔ကယ္တင္ရွင္က ထိုနာမည္ကိုသူၾကားဖူးသင့္
သည္ဟု ယူဆထားပံုရသည္။
"အာ? မင္းမၾကားဖူးဘူးလား?"
ယူေရွာင္းမိုက သူ႔ရဲ့ရႈပ္ေထြးေနတဲ့အမူအရာကို
သတိထားမိၿပီးအံ့ဩစြာနဲ႔ ေျပာလိုက္သည္။
ေမာ့က်င္းက ေတာင္းပန္တဲ့အႃပံုးတစ္ခုျဖင့္၊
"တကယ္ပဲေတာင္းပန္ပါတယ္ဗ်ာ၊က်ဳပ္ကိုက
ဗဟုသုတမရိွတာပါ"
သူ႔အမူအရာက အတုအေယာင္ျဖစ္ပံုမရတာကို
ယူေရွာင္းမိုသတိျပဳမိလိုက္ကာ အဲ့တာကို
စိတ္ထဲမထားေတာ့ေပ။ သူမသိရင္ပိုေတာင္
ေကာင္းေသးတယ္၊ ဒါဆို သူတို႔ရဲ့သရုပ္မွန္ကို
ဘယ္သူမွမွတ္မိမွာမဟုတ္ေတာ့ေပ၊ ဒါဆို
သူတို႔ကိုလည္း လူသိမ်ားေစမွာမဟုတ္ေတာ့ဘူး။
"မၾကားဖူးလည္း ကိစၥမရိွဘူး၊ ကၽြန္ေတာ္ကဒီတိုင္း
သိခ်င္လို႔ေမးၾကၫ့္တာ။ ဒါျဖင့္ရင္
ႏႈတ္ဆက္ပါတယ္"
ယူေရွာင္းမိုက ေျပာၿပီးသည္ႏွင့္ထြက္သြားဖို႔
ျပင္လိုက္သည္။
"ေနပါဦး....အဟြတ္ အဟြတ္ အဟြတ္...."
ေမာ့က်င္းက သူတို႔ကိုျပန္ေခၚ ဖို႔ထလိုက္ေပမယ့္
အေလာတႀကီးႏိုင္သြားတာေၾကာင့္
သူ႔ကိုယ္က တစ္ဝက္အေရာက္မွာျပန္လဲက်
သြားၿပီး ေသြးအန္လိုက္ရေလသည္။
ေခ်ာင္းဆိုးသံက ျပင္းထန္လြန္းတာေၾကာင့္
သူ႔အူေတြပါထြက္လာေတာ့မယ္လို႔ထင္ရသည္။
ယူေရွာင္းမိုက ျပန္လွၫ့္ၿပီးစကားေျပာေတာ့မယ့္
အခ်ိန္မွာ ေမာ့က်င္းရဲ့လက္ေမာင္းထဲက
လႈပ္ရွားမႈေၾကာင့္ အာရံုလဲြသြားေတာ့သည္။
ေသြးၫွီနံ႔ကို မခံႏိုင္ေတာ့ဘဲ
အသက္ရႉၾကပ္လာတာေၾကာင့္လားေတာ့မသိ၊
ယူေရွာင္းမိုလက္ဖဝါးအရြယ္ေလာက္ရိွတဲ့
လိပ္ကေလးတစ္ေကာင္က ေမာ့က်င္းရဲ့ေကာ္လံ
ထဲကေန တြားသြားထြက္လာသည္။
ေမာ့က်င္းက လိပ္ကေလးေလးကိုသူ႔အက်ႌထဲ
အလ်င္အျမန္ျပန္တြန္းလိုက္ေသာ္လည္း
လိပ္ကေလးက သူ႔ကိုပုန္ကန္ေနသၫ့္အလား
မဆုတ္မနစ္ျပန္ၿပီးတြားထြက္လာေလသည္၊
"သခင္ေလး လိမ္လိမ္မာမာေနပါဗ်ာ"
ေမာ့က်င္းကလိပ္ကေလးကိုတိုးတိုးေျပာလိုက္ကာ
သူ႔လက္နဲ႔ကာလိုက္သည္။
ယူေရွာင္းမိုလည္း စိတ္ဝင္စားသြားၿပီး
ေမးလိုက္တယ္၊ "အဲ့တာမင္းရဲ့သားေလးလား?"
"ငတံုး" ေမာ့က်င္းေတာင္ဘာတစ္ခုမွမေျပာရေသး
ခင္မွာ ေနာက္ခံပံုရိပ္လိုရပ္ေနခဲ့တဲ့လင္းေရွာင္က
သူ႔လက္သံုးစကားႏွင့္ ေျပာလာသည္။
ယူေရွာင္းမိုလည္း ရွက္ကိုးရွက္ကန္းနဲ႔ရယ္ျပ
လိုက္တယ္။
"ရွီက်င္းမွာရိွတဲ့နတ္ဆိုးသားရဲေတြရဲ့ သားေပါက္
ေတြနဲ႔ သူတို႔ရဲ့လကၡဏာေတြကို
ၾကၫ့္ထားဖို႔ ကိုယ္မေျပာခဲ့ဘူးလား၊
မင္းကနားမွမေထာင္တာ။ ဒီလိပ္ေပါက္ေလးက
ဘယ္လိုလုပ္ သူ႔သားျဖစ္ႏိုင္မွာလဲ၊
လိပ္နက္မ်ိဳးႏြယ္စုကေနဆင္းသက္လာတာ
ထင္ရွားေနတာကို"
"အာ?" ယူေရွာင္းမို မ်က္လံုးျပဴးသြားတယ္၊
လိပ္ကေလးေလးတစ္ေကာင္ကို သူျမင္ဖူးတာ
ပထမဆံုးပဲ၊ ေနာက္ၿပီးလိပ္နက္မ်ိဳးႏြယ္စုကလည္း
ျဖစ္ေနေသးတယ္။ သူၾကားဖူးတာေတာ့
ေလာကလိပ္နက္ေတြက အစိမ္းေရာင္လိပ္ေတြထက္
ပိုႀကီးတယ္တဲ့။
[Reminder- အခန္း ၃၉၄ မွာ ရႈန္းေရွာင္နဲ႔
တျခားတစ္ဦးက လိပ္စိမ္းႀကီးတစ္ေကာင္
စီးလာတာပါ]
သူက ဗဟုသုတမ်ားပံုရတာကိုေတြ့ေတာ့
ေမာ့က်င္းမွာပို၍သတိရိွလာသည္။
လင္းေရွာင္ကမူ ဘာမွမျမင္လိုက္သလိုပဲ
ယူေရွာင္းမိုကိုဆက္ရွင္းျပသည္၊
"တန္ခိုးရွင္လိပ္မ်ိဳးႏြယ္စုရဲ့ အခြံက
ခရမ္းျပာေရာင္ရိွၿပီး အေပၚ မွာဘာပံုစံမွ
မပါဘူး၊ ဒါေပမယ့္ဒီလိပ္ေပါက္ေလးက
ငယ္ေသးေပမယ့္ သူ႔အခြံေပၚ မွာပံုစံေလးေတြ
ရိွေနတယ္၊ ဒါတင္မဟုတ္ေသးဘူး၊
သူ႔အခြံကစိမ္းျပာေရာင္ေဖ်ာ့ေဖ်ာ့ေလး၊
အဲ့တာက ေလာကလိပ္နက္ေတြရဲ့ဝိေသသ
လကၡဏာပဲ"
"အိုး" ယူေရွာင္းမို ေခါင္းျပန္ေမာ့လိုက္ေတာ့
ေမာ့က်င္းကသူတို႔ကိုသတိတထားၾကၫ့္ေနတာ
ကိုေတြ့လိုက္ရသည္။
________________
[tn/ note; နာမည္ေတြကေလအဆင္ေျပသလို
ေရးထားတာပါ ေတာ္တယ္ဟုတ္ 🤣 တန္ခိုးရွင္လိပ္တို႔ဘာတို႔😎]
_________________