//Unicode//
အခန်း ၅၁၅- ရှီကျင်း
'အမွေအနှစ်ကျောက်ကို နှိုးဆွလို့မရနိုင်ဘူး'
ဆိုတာကို သွေးစွေးနီကလန်ကအသိအမှတ်
ပြုထားသည်။
မူလအစဆီသို့ပြန်လည်စုံစမ်းလေ့လာရန်မှာ
မဖြစ်နိုင်ခဲ့သောကြောင့် ၎င်းကိုမည်ကဲ့သို့
နှိုးဆွရန် အဖြေမရှာနိုင်ခဲ့ပေ၊ သို့ဖြစ်၍
ထိုကိစ္စမှာ မဖြေရှင်းနိုင်ဘဲဖြစ်ခဲ့ရသည်။
သွေးစွေးနီမိသားစုတွင် အမွေအနှစ်ကျောက်ကို
မိသားစုခေါင်းဆောင်ရဲ့သင်္ကေတဟုသာ
မိသားစုခေါင်းဆောင်အစ မိသားစုဝင်များအဆုံး မှတ်ယူထားကြသည်။
အမွေအနှစ်ကျောက်ရဲ့လျှို့ဝှက်ချက်ကို
ယူကျန်ထျန်းတစ်ယောက်သာသိသည်၊
သို့သော် မည်သို့နှိုးဆွရမည်ကိုမူ
ရှေးဟောင်းစာအုပ်တွင် မဖော်ပြထားပေ။
ပထမတုန်းကတော့ သူကအမွေအနှစ်ကျောက်ကို
ပြန်ယူလာပြီး တဖြေးဖြေးလေ့လာသွားရန်
ဖြစ်သည်။ ယူရှောင်းမိုရဲ့အကြောင်းကို
သိလိုက်ရပြီးတဲ့နောက်မှာ သူ့ကိုဘာပဲပေးဆပ်ရ
ပေးဆပ်ရ ဖမ်းဆီးချင်ခဲ့သည်။
သူက အမွေအနှစ်ကျောက်ကိုမရနိုင်ခဲ့လျှင်ပင်
ယူရှောင်းမိုကိုထိန်းချုပ်နိုင်သရွေ့
နတ်ဘုရားလွန်ရတနာတစ်ခု ပိုင်ဆိုင်ရသည်နှင့်
တူပေမည်။
ယူကျန်ထျန်းရဲ့တွက်ချက်မှုသည်
ချောချောမွေ့မွေ့သာသာယာယာဖြင့် ဆက်နေခဲ့၏၊
သို့သော်လည်း လစ်ဟသွားခဲ့တဲ့ကိစ္စမှာ
စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးက
ယူရှောင်းမိုရဲ့အစောင့်အရှောက်အဖြစ်
ထင်မထားစွာပေါ် ထွက်လာခဲ့ခြင်းပင်။
သူတို့က ထုံထျန်းတိုက်မကြီးထိတိုင်
ခြေဆန့်လာခဲ့ပြီး ရုပ်ဖျက်လျက်
သွေးစွေးနီမိသားစုရဲ့
နယ်မြေဆီသို့ပင်ရောက်ရှိလာကြ၏။
နှစ်နှစ်မျှပင်မကြာသေးခင်မှာ
သူတို့က သွေးစွေးနီမိသားစုကို
ကျွမ်းထိုးမှောက်ခုံဖြစ်စေခဲ့သည်။
ယူကျန်ထျန်းကဲ့သို့ ထိန်းချုပ်ရတာကိုနှစ်သက်သူ
အတွက် ဒီလိုဆုံးရှုံးမှုကိုဘယ်တော့မှ
မမျိုသိပ်ထားနိုင်ပါချေ။
"ယောက်ျားအမွေအနှစ်ကျောက်ရဲ့နောက်ကွယ်က
လျှို့ဝှက်ချက်ကိုကျွန်မအခုထိနားမလည်သေးဘူး၊
ဆယ်နှစ်တောင်ကြာသွားပြီ ရှင် ကျွန်မကို
ရှင်းပြချက်တစ်ခုမပေးချင်သေးဘူးပေါ့?"
ယင်ဖူးရန်ရဲ့သံနေသံထားသည် သာမာန်ကဲ့သို့ပင်၊
သို့သော် သူမဘက်ကစမေးတယ်ဆိုကတည်းက သူမဒီကိစ္စကိုအရမ်းအရေးထားတာကို
ပြနေသည်။
ယူကျန်ထျန်းက သူ့မိန်းမဖြစ်သူကအနှေးနဲ့အမြန်
မေးလာတော့မယ်ဆိုတာ သိသည်၊
သူကသက်ပြင်းချလိုက်ပြီး၊
"ရှင်မ.... မင်းကိုဖုံးကွယ်မထားချင်ခဲ့ပါဘူး၊
ဒါပေမယ့် ဒီကိစ္စကသေရေးရှင်ရေးတမျှပဲ၊
မတော်လို့သတင်းတွေထွက်လာရင်
သွေးစွေးနီမိသားစုက ကပ်ဆိုးတစ်ခုနဲ့
ကြုံရနိုင်တယ်"
ယင်ဖူးရန်တုန်ယင်သွားသည်။ ကပ်ဆိုးတဲ့လား?
ထုံထျန်းတိုက်မှာရှိတဲ့ သွေးစွေးနီမိသားစုရဲ့
အဆင့်အတန်းဖြင့် မည်သူကသူတို့ကို
တည့်တည့်ဆန့်ကျင်ရဲမည်လဲ? ဒါပေမယ့်
ကပ်ဆိုးဆိုတာက........
ယင်ဖူးရန်နှင့်သူ့ရဲ့အိမ်ထောင်သက်တမ်းသည်
နှစ်နှစ်သောင်းမျှရှိလေပြီ၊ သူမရဲ့ခင်ပွန်းက
အခြေအမြစ်မရှိပြောတတ်တဲ့လူမျိုး
မဟုတ်တာ သူမသိသည်။
"ကျွန်မနားလည်ပြီ၊ ဒီထက်ပိုပြီးမမေးတော့ဘူး၊
ဒါပေမယ့် ယူရှောင်းမိုကို ရှင်ဘယ်လိုကိုင်တွယ်
ချင်လဲ၊ ဒီလူက ဖူချန်ချုံးနဲ့နီးကပ်တဲ့ပတ်သတ်မှု
ရှိတယ်လို့ကြားထားတယ်"
ယူကျန်ထျန်း မျက်ခုံးတွန့်လိုက်မိသည်၊
သူလည်း ဒီဟာနဲ့ပတ်သက်ပြီးစိတ်ထဲထင့်နေရသည်။
ထိုအချိန်က သူရထားတဲ့သတင်းအရဆိုလျှင်
ယူရှောင်းမိုနဲ့ သူ့အဖော်ဖြစ်သူတွင်
ဖူချန်ချုံးရဲ့တပည့်နှင့်လျှို့ဝှက်ချက်
တစ်ခုရှိသည်။ ဖူချန်ချုံးက သူ့တပည့်ကို
အင်မတန်မှချစ်ခင်ရာ သူ့တပည့်မျက်နှာအတွက်
ထိုနှစ်ဦးဘက်ကိုမရပ်တည်ဘူးလို့
အာမမခံနိုင်ပေ။
"ဖူချန်ချုံးက တကယ့်ပြဿနာပဲ၊ ကျုပ်က
သူ့ကိုတိုက်ရိုက်သွားမေးလို့မရဘူး၊ ဒါ့ပြင်
ရှင်မ မင်းကအဲ့နေ့ကအခြေအနေကို
မမြင်ရသေးလို့ မသိလောက်ဘူးထင်တယ်၊
အဲ့နှစ်ယောက်နဲ့ ခေါင်းကိုးလုံးမြွေဘုရင်ရဲ့သား
ကလည်း တစ်နည်းနည်းပတ်သက်မှုရှိပုံ
ရတယ်"
"ကျွန်မ ဒီအကြောင်းကိုလည်းကြားထားတယ်"
သူမထင်ထားစွာနဲ့ ယင်ဖူးရန်ကဒီအကြောင်းကို
သိနေသည်။
ယူကျန်ထျန်းက အံ့ဩသွားပုံမပေါ် ပေ၊
သူ့အသံကပို၍လေးလံလာ၏၊
"ခေါင်းကိုးလုံးမြွေဘုရင်က ကြယ်သုံးပွင့်
နတ်ဘုရားအဆင့်ပဲဆိုပေမယ့် သူကအရူးကြီး၊
သူ့ကိုပြဿနာသွားရှာရင် ဘာနည်းနဲ့ဖြစ်ဖြစ်
ပြန်ပေးဆပ်ခိုင်းလိမ့်မယ်"
သွေးစွေးနီမိသားစုသည် စီးပွားရေးလုပ်ငန်း
များစွာရှိသည့် မိသားစုကြီးဖြစ်၏၊
နတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့
လက်စားချေမှုကို မခံနိုင်ပေ။ ယူကျန်ထျန်းက
ပိုပြီးစွမ်းအားကြီးတယ်ဆိုရင်တောင်
သူ့မိသားစုဝင်တွေကို အချိန်တိုင်းလိုက်ကာကွယ်
ပေးနေနိုင်စွမ်းမရှိချေ။
ခေါင်းကိုးလုံးမြွေဘုရင်၏သက်တမ်းသည်
နှစ်တစ်သိန်းကျော်ပြီဖြစ်ကာ သူ့ဇနီး
ယင်ဖူးရန်မှာ သူ့အသက်ရဲ့တစ်ဝက်မျှ
သာရှိသေးသည်၊ သူမငယ်စဉ်က
ခေါင်းကိုးလုံးမြွေဘုရင်အကြောင်း
ကြားခဲ့ဖူးပေသည်။
ခေါင်းကိုးလုံးမြွေဘုရင်က အကျိုးအကြောင်း
ဆီလျော်ခြင်းမရှိသူ၊ ခေါင်းမာပြီးတဇောက်ကန်း
လုပ်တတ်သူ၊ အပြောင်းအလဲလွယ်သူဖြစ်သည်။
သူက မင်းကိုအမှားလုပ်ထားတယ်ထင်လျှင်
ပါးစပ်ပေါက်တစ်သောင်းလောက်ရှိရင်တောင်မှပဲ
သူ့စိတ်ကိုပြောင်းလဲနိုင်မှာ မဟုတ်ပေ။
ထို့ပြင် ခေါင်းကိုးလုံးမြွေဘုရင်မျိုးနွယ်တွင်
မျိုးနွယ်ဝင်များနည်းပါးလှသည်၊
မပြောချင်ပြောချင်ပြောရမယ်ဆိုလျှင်ဖြင့်
သူနဲ့ သူ့သားဖြစ်သူနှစ်ဦးတည်းသာ
ရှိလေသည်။
သွေးစွေးနီမိသားစုက သူ့သားကိုပစ်မှတ်
ထားနေတယ်ဆိုတာကို ခေါင်းကိုးလုံးမြွေဘုရင်
သိသွားခဲ့ရင် အဲ့မြေခွေးအိုကြီးက
ဘယ်လိုမျိုးတဇောက်ကန်းကိစ္စတွေလုပ်မလဲ
ဘယ်သူသိနိုင်မှာလဲ။
ယူကျန်ထျန်းက ယင်ကောကိုတစ်ခုခုလုပ်
မယ်ဆိုလျှင် ခေါင်းကိုးလုံးမြွေဘုရင်ကို
ရန်စခြင်းရဲ့အကျိုးဆက်တွေကိုလည်း
ထည့်တွက်ထားဖို့လိုလေသည်။
ထို့ပြင် ယူရှောင်းမိုရဲ့ဘေးကလူကိုလည်း
ထည့်တွက်ရပေဦးမည်၊ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း
ထိုလူနှင့်ပတ်သက်သည့် အချက်အလက်
တစ်ခုမှမရခဲ့သော်လည်း သူ့ရဲ့သရုပ်မှန်တစ်ခုတည်း
ကတင် ရှောင်ရှားရန်လုံလောက်နေလေပြီ။
ယူကျန်ထျန်းမှာ တွေးနေရင်းဒေါသက
ထွက်ထွက်လာသည်၊ သူလှုပ်ရှားချင်တာ
ယူရှောင်းမိုဖြစ်ပေမယ့် ထည့်တွက်ရမှာတွေက
များပြားလွန်းလှသည်။
သူက သွေးစွေးနီမိသားစု၏ခေါင်းဆောင်ဖြစ်နေ
သည့်တိုင် သူ့လက်တွေကိုအတုပ်နှောင်ခံထား
ရသည်။
သူက ဖြေရှင်းမရသေးတဲ့ကိစ္စအပေါ်
အချိန်ဖြုန်းနေမိတာကို ယင်ဖူးရန်ကသိသည်၊
သူမက မတ်တပ်ထရပ်ပြီး ဘေးကို
လျှောက်သွားလိုက်သည်၊ သူ့နောက်ကျောကို
ဖြူဖွေးနေတဲ့လက်နဲ့အသာအယာသပ်လိုက်ရင်း၊
"ယောကျ်ား ယူရှောင်းမိုကိုတစ်ခုခုလုပ်ချင်ရင်
ဖူချန်ချုံးကိုပဲ သတိထားဖို့လိုတယ်"
"ဘာလို့လဲ?"
"ခေါင်းကိုးလုံးမြွေဘုရင်ရဲ့သားကို ရှင်မထိသရွေ့
သူကသွေးစွေးနီမိသားစုကိုရန်သူလို့
မြင်မှာမဟုတ်ဘူး၊ နောက်ပြီးရှင်စိုးရိမ်နေတဲ့လူ၊
ရှင်လည်းသိမှာပါ ချီလင်မျိုးနွယ်နဲ့
နတ်ဆိုးဖီးနစ်မျိုးနွယ်နှစ်ခုလုံးကသူတို့သွေးမျိုးဆက်
ရဲ့သန့်စင်မှုကို တန်ဖိုးထားကြတယ်၊
အဲ့လူက တကယ်ပဲသွေးနှစ်ခုပိုင်ဆိုင်တယ်
ဆိုရင် သူ့ကိုမျိုးနွယ်နှစ်ခုလုံးက
လက်ခံမှာမဟုတ်ဘူး"
"တကယ်လား?" ယူကျန်ထျန်း အတော်လေး
ဝမ်းသာသွားသည်။
"ဒါပေါ့ နောက်ပြီး ဒီလူက မျိုးနွယ်စုနှစ်ခုလုံးရဲ့
အသိအမှတ်ပြုတာမခံရဘူးဆိုရင်
ဒီသဲလွန်စကနေသူဘယ်သူလဲဆိုတာ
စုံစမ်းလို့ရပြီလေ"
ယင်ဖူးရန်က ငွေနဂါးမျိုးနွယ်စုခေါင်းဆောင်၏
သမီးဖြစ်ရာ ဤကိစ္စများကိုရှင်းရှင်းလင်းလင်း
နားလည်လေသည်။
"ကောင်းပြီ အခုချက်ချင်းလူလွှတ်စုံစမ်းခိုင်း
လိုက်မယ်"
"ယောကျ်ား၊ မှတ်ထားပါ၊ ဒီကိစ္စကို
သိုသိိုသိပ်သိပ်ပဲကိုင်တွယ်သင့်တယ်"
"ရှင်မစိတ်ချပါ၊ ကျုပ်နားလည်တယ်"
ပြောပြီးသည့်နောက် ယူကျန်ထျန်းသည်
အလျင်စလိုထွက်ခွာသွား၏။
..........
ရှီကျင်းသည် ထုံထျန်းတိုက်မကြီးပေါ် တွင်
နတ်ဆိုးသားရဲများပေါများလှသည့်
ဒေသဖြစ်၏။ ဤနယ်မြေသည်
အဆုံးမရှိသည့်တောင်တန်းများ၊
တောင်ကုန်းများနှင့်ကုန်းပြင်မြင့်များရှိရာ တစ်ခုတည်းသောဒေသလည်းဖြစ်သည်။ ဤဒေသတွင်မြေပြန့်ဟူသည်က
၁၀ပုံပုံ ၁ပုံပင်မရှိချေ၊ သို့ဖြစ်၍
နတ်ဆိုးသားရဲများနေထိုင်ရန်သာသင့်တော်
လေသည်။
ထို့ကြောင့် ဒီဒေသကိုတစ်ယောက်တည်း
လာသူနည်းနည်းပဲရှိပြီး ပုံမှန်ဆိုလျှင်
အုပ်စုဖွဲ့ကာလာကြသည်။ လူအရေအတွက်
နည်းသော်လည်း သူတို့ကစွမ်းအားကြီး
ကျင့်ကြံသူများသာဖြစ်ကြသည်၊ မဟုတ်လျှင်
ရှီကျင်းတွင် အသက်ရှင်နိုင်မည်မဟုတ်ပေ။
ရှီကျင်းသည် ထုံထျန်းတိုက်မကြီးတစ်ခုလုံး
ပေါ် တွင် အသေအပျောက်အများဆုံးဒေသ
ဖြစ်၏။
ရှီကျင်းရှိနတ်ဆိုးသားရဲများက တောဥပဒေသကို
လိုက်နာကြသည်၊ လူသားတွေရဲ့
'သန်မာအင်အားကြီးသူကိုသာလေးစားသည်'
ဟူသကဲ့သို့ပင်။ မတူတာတစ်ခုက
နတ်ဆိုးသားရဲတွေက များသောအားဖြင့်
ပိုပြီးပွင့်လင်းပြီး အကြံအစည်လှည့်ကွက်များ
ပြည့်နှက်နေသည့်လူသားများနှင့်မတူပေ။
သူတို့က အများအားဖြင့်လက်သီးနှင့်သာ
စကားပြောကြပြီး သူတို့ပုံရိပ်သည်
အလွန်တရာရက်စက်ကြမ်းကြုတ်ပြီး
သွေးဆာနေသည်ဟု ထင်ရသည်။
အခုလိုပေါ့၊ တောင်တန်းပေါ် မှာ
နတ်ဆိုးသားရဲနှစ်ကောင်က တစ်ကောင်နှင့်
တစ်ကောင်သတ်ဖြတ်နေကြသည်၊
သွေးတွေကမိုးစက်မိုးပေါက်တွေလို
ဖိတ်စင်နေပြီး သူတို့အောက်ဘက်မှာ
သွေးနီရောင်များခြယ်ထားသလိုဖြစ်နေသည်။
နတ်ဆိုးသားရဲကြီးနှစ်ကောင်မှာ လက်ရည်တူ
နေပုံပေါ် သည်။ သူတို့နှစ်ဦးစလုံးက
ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသော်လည်း
တစ်ဖက်လူကို အဆုံးမသတ်နိုင်ကြပေ။
ဒီဟာက နှစ်ဖက်လုံးကိုအထိနာစေခြင်းဖြင့်သာ
ပြီးဆုံးသွားမည်ကိုတွေ့သည့်အခါ
ချိုင်းအောက်မှာမျက်လုံးတွေရှိတဲ့
နွားထီးသဏ္ဍာန်အကောင်က
ရုတ်တရက် ခေါင်းမော့လာပြီး အက်ကွဲတဲ့
ဟိန်းသံပြုလိုက်သည်။ ထိုဟိန်းသံသည်
မိုင်တစ်ထောင်ခန့်အကွာထိရောက်ရှိသွား၏။
နွားထီးသဏ္ဍာန်နတ်ဆိုးသားရဲနှင့်
မျက်နှာချင်းဆိုင်ရှိ အခြားနတ်ဆိုးသားရဲကြီး၏
အသားအရောင်မှာ ပြောင်းလဲသွားကာ
ချက်ချင်းလှည့်ပြေးသည်။
သူ့ရောင်းရင်းရဲ့ဆင့်ခေါ် တာကိုခံလိုက်ရတဲ့
နွားထီးသဏ္ဍာန်နတ်ဆိုးသားရဲက
သူ့ပြိုင်ဖက်ဖြစ်သူ ထွက်ပြေးသွားတာကို
မြင်လိုက်ပြီး နောက်ကနေချက်ချင်းလိုက်သွား
တော့သည်။ တစ်ယောက်ပြီးတစ်ယောက်
ပြေးရင်းဖြင့် မိုင်တစ်ထောင်ခန့်အကွာသို့
ရောက်သွား၏။ နောက်ဆုံးတော့
ထွက်ပြေးရတဲ့နတ်ဆိုးသားရဲမှာ
သူ့ပြိုင်ဖက်ရဲ့ရောင်းရင်းဖြစ်သူ ဟန့်တားတာ
ခံလိုက်ရသည်၊ သူ့ဘက်ကအခြေအနေမှာပို၍ပို၍
အားလျော့လာတော့သည်။
"ရှင်းချီ ငါ့ကိုခြုံခိုတိုက်ပြီးလိုက်သတ်ရဲတယ်ပေါ့။
ငါ့မျိုးနွယ်စုဝင်တွေက သိသွားပြီး
မင်းတို့နောက်လိုက်လာမှာမကြောက်ဘူးလား?"
လိပ်သဏ္ဍာန်ရှိသည့်နတ်ဆိုးသားရဲကြီးက
ဒေါသတကြီးပြောလိုက်သည်။
"ခီးခီးခီး" နွားထီးသဏ္ဍာန်နတ်ဆိုးသားရဲသည်
ယုတ်မာကောက်ကျစ်စွာ ရယ်မောလိုက်ပြီး၊
"ငါသာကြောက်နေရင် မင်းကိုသတ်မှာ
မဟုတ်ဘူး၊ မင်းသေသွားတာနဲ့ ငါလုပ်တယ်ဆိုတာ
ဘယ်သူမှသိတော့မှာမဟုတ်ဘူးလေ၊
ဘာကြောက်စရာရှိလို့လဲ? မင်းအင်္ကျီထဲက
တစ်ကောင်ကို ငါ့ဆီနာနာခံခံနဲ့ပေးရင်
မင်းအလောင်းကိုအကောင်းတိုင်းထားပေးဖို့
စဉ်းစားပေးမယ်"
"အိပ်မက်မက်နေလိုက်!" သို့ဆိုသော်ငြား
လိပ်သဏ္ဍာန်နတ်ဆိုးသားရဲသည်
သူ့ကိုယ်ကိုတင်းတင်းကြပ်ကြပ်ဖက်လိုက်လေသည်၊
သူ့မျက်ဝန်းထဲတွင် တစ်ဖက်လူကိုအရှင်လတ်လတ်
ဝါးစားချင်နေသည့်နှယ် ဒေါသယောင်တစ်ခု
လက်သွား၏။
"မင်းက ကိုယ့်သေလမ်းကိုယ်ရှာနေတာပဲ!"
နွားသဏ္ဍာန်နတ်ဆိုးသားရဲက ကျိန်ဆဲလိုက်ပြီး
သူ့ရောင်းရင်းကို မျက်စိနဲ့အချက်ပြလိုက်ကာ
နှစ်ယောက်က ရုတ်တရက်လှုပ်ရှားလိုက်ကြ၏။
လိပ်သဏ္ဍာန်နတ်ဆိုးသားရဲသည် ဒေါသထွက်ပြီး
ကြောက်လည်းကြောက်ရွံ့နေသည်။
အခု သူကပြင်းပြင်းထန်ထန်ဒဏ်ရာရနေပြီး
အားကုန်နေလေပြီ။ နောက်ထပ်ရန်သူတစ်ယောက်
နှင့်ဆိုလျှင် အံ့အားသင့်ဖွယ်များမဖြစ်လျှင်
ယနေ့သူသေရတော့မည်မှာမလွဲဧကန်ပင်။
သူသေရတာကိစ္စမရှိသော်လည်း သူ့အင်္ကျီထဲ
ဝှက်ထားရတဲ့သခင်လေးကိုတော့
ဘာမှအဖြစ်မခံနိုင်ပါချေ။
ပေါင်းစပ်တိုက်ခိုက်မှုအောက်တွင် လိပ်သဏ္ဍာန်
နတ်ဆိုးသားရဲသည် တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ
သူ့ကိုယ်ကယိမ်းယိုင်လာကာ တောင်ခြေသို့
ပြုတ်ကျသွားပြီး အသံအကျယ်ကြီး
ထွက်လာသည်၊ ဖုန်မှုန့်များပျံ့လွင့်လာသည်ကို
သာမာန်မျက်လုံးနှင့်ပင် မြင်ရနိုင်လေသည်။
ခဏအကြာတွင် လိပ်သဏ္ဍာန်နတ်ဆိုးသားရဲက
ရုတ်တရက်လူအသွင်ပြောင်းသွားပြီး
ခရမ်းရောင်အင်္ကျီဝတ်ဆင်ထားသည့်
ယောက်ျားတစ်ဦးဖြစ်သွားသည်။ သူ့ပါးစပ်မှ
သွေးများစီးကျနေပြီး ကိုယ်ကဒယီးဒယိုင်
ဖြစ်နေသည်။ ခဏလောက်ကြာတော့
သူ့အင်္ကျီကိုဟပြီး အထဲကိုကြည့်လိုက်၏၊
အကုန်အဆင်ပြေတာကိုအတည်ပြုပြီးမှ
စိတ်သက်သာရာရစွာသက်ပြင်းချလိုက်လေ
သည်။
နွားသဏ္ဍာန်နတ်ဆိုးသားရဲနှင့် သူ့ရောင်းရင်း
သည်လည်း လူအသွင်ပြောင်းလိုက်ကြသည်။
သူတို့နှစ်ယောက်စလုံးက ထွားကြိုင်းတောင့်တင်း
ကာ ရုပ်ရည်ကကောက်ကျစ်ပြီး
အန္တရာယ်များသည်။ သူတို့ကလူကောင်းတွေနဲ့
မတူပေ။
ခရမ်းရောင်အင်္ကျီနဲ့လူဆီ လျှောက်သွားလိုက်ပြီး
ရှင်းချီကမိုက်ကန်းကန်းရယ်လိုက်ကာ၊
"ပြေးမှာလား? မင်းဘယ်ပြေးနိုင်မလဲကြည့်
တာပေါ့"
"ရှင်းချီ ငါ့ကိုခြုံခိုတိုက်ဖို့တစ်ယောက်ယောက်က
အမိန့်ပေးထားတာလား?"
ခရမ်းရောင်အင်္ကျီနှင့်လူက ဘာလို့ဒီနှစ်ယောက်က
ပြင်ဆင်ထားပုံပေါ် ပြီး သူ့ကိုသတ်ဖို့ဆုံးဖြတ်ချက်
အခိုင်အမာရှိနေရတာလဲကို စဉ်းစားလို့မရနိုင်
ဖြစ်နေသည်။ သို့သော် နောက်ကွယ်တွင် ကြိုးကိုင်တဲ့သူတစ်ယောက်ယောက်သာ
ရှိမနေလျှင် ရှင်းချီနဲ့ရောင်းရင်းက
သူ့ကိုဆန့်ကျင်ဖို့သတ္တိရှိလိမ့်မည်မဟုတ်ပေ။
"သနားစရာပဲ မင်းသေသွားရင်တောင်
ပြောမပြဘူး" ရှင်းချီက ဒေါသထွက်လာလေသည်၊
သူ့အသံကအလွန်တရာရက်စက်ကြမ်းကြုတ်
နေသည်။
ခရမ်းရောင်အင်္ကျီနဲ့လူရဲ့မျက်လုံးတွေက
ရဲရဲနီနေသည်။ ထိုအခိုက်အတံ့၌သူ့စိတ်ထဲတွင်
အကြံတစ်ခုပေါ် လာ၏၊ သူကခေါင်းမော့လိုက်ကာ
ဟင်းလင်းပြင်ဘက်သို့လှမ်းကြည့်ပြီး အော်ဟစ်လိုက်သည်၊
"ဟေး...! ငါက တန်ခိုးရှင်လိပ်မျိုးနွယ်က
မော့ကျင်းပါ၊ ငါ့ကိုကူညီပေးမယ်ဆိုရင်
မျိုးနွယ်စုက မင်းတို့ကိုသေချာပေါက်
ကျေးဇူးဆပ်မှာပါ"
ရှင်းချီသည်အနည်းငယ်ထိတ်လန့်သွားမိလေသည်၊
ထို့နောက်တွင်ရယ်လိုက်၏၊ "ခီးခီး"
"အသုံးမဝင်ဘူး၊ ဒီနေရာမှာငါတို့အပြင်
တစ်ခြားလူမရှိဘူး၊ မင်းထွက်ပြေးလို့ရအောင်
ငါတို့ကိုအာရုံလွှဲချင်နေတာလား?
အဲ့အတွေးကို လက်လျော့လိုက်စမ်းပါ!
ဟား ဟား ဟား!"
ထိုစဉ် ကောင်းကင်ယံမှ
မေးခွန်းတစ်ခုထွက်လာလေ၏၊
"အာ...... တကယ်လား?"
___________________
//Zawgyi//
အခန္း ၅၁၅- ရွီက်င္း
'အေမြအႏွစ္ေက်ာက္ကို ႏိႈးဆြလို႔မရႏိုင္ဘူး'
ဆိုတာကို ေသြးေစြးနီကလန္ကအသိအမွတ္
ျပဳထားသည္။
မူလအစဆီသို႔ျပန္လည္စံုစမ္းေလ့လာရန္မွာ
မျဖစ္ႏိုင္ခဲ့ေသာေၾကာင့္ ၄ကိုမည္ကဲ့သို႔
ႏိႈးဆြရန္ အေျဖမရွာႏိုင္ခဲ့ေပ၊ သို႔ျဖစ္၍
ထိုကိစၥမွာ မေျဖရွင္းႏိုင္ဘဲျဖစ္ခဲ့ရသည္။
ေသြးေစြးနီမိသားစုတြင္ အေမြအႏွစ္ေက်ာက္ကို
မိသားစုေခါင္းေဆာင္ရဲ့သေကၤတဟုသာ
မိသားစုေခါင္းေဆာင္အစ မိသားစုဝင္မ်ားအဆံုး မွတ္ယူထားၾကသည္။
အေမြအႏွစ္ေက်ာက္ရဲ့လ်ိႈ႔ဝွက္ခ်က္ကို
ယူက်န္ထ်န္းတစ္ေယာက္သာသိသည္၊
သို႔ေသာ္ မည္သို႔ႏိႈးဆြရမည္ကိုမူ
ေရွးေဟာင္းစာအုပ္တြင္ မေဖာ္ျပထားေပ။
ပထမတုန္းကေတာ့ သူကအေမြအႏွစ္ေက်ာက္ကို
ျပန္ယူလာၿပီး တေျဖးေျဖးေလ့လာသြားရန္
ျဖစ္သည္။ ယူေရွာင္းမိုရဲ့အေၾကာင္းကို
သိလိုက္ရၿပီးတဲ့ေနာက္မွာ သူ႔ကိုဘာပဲေပးဆပ္ရ
ေပးဆပ္ရ ဖမ္းဆီးခ်င္ခဲ့သည္။
သူက အေမြအႏွစ္ေက်ာက္ကိုမရႏိုင္ခဲ့လ်ွင္ပင္
ယူေရွာင္းမိုကိုထိန္းခ်ဳပ္ႏိုင္သေရြ့
နတ္ဘုရားလြန္ရတနာတစ္ခု ပိုင္ဆိုင္ရသည္ႏွင့္
တူေပမည္။
ယူက်န္ထ်န္းရဲ့တြက္ခ်က္မႈသည္
ေခ်ာေခ်ာေမြ့ေမြ့သာသာယာယာျဖင့္ ဆက္ေနခဲ့၏၊
သို႔ေသာ္လည္း လစ္ဟသြားခဲ့တဲ့ကိစၥမွာ
စြမ္းအားႀကီးပုဂၢိုလ္တစ္ဦးက
ယူေရွာင္းမိုရဲ့အေစာင့္အေရွာက္အျဖစ္
ထင္မထားစြာေပၚ ထြက္လာခဲ့ျခင္းပင္။
သူတို႔က ထံုထ်န္းတိုက္မႀကီးထိတိုင္
ေျခဆန႔္လာခဲ့ၿပီး ရုပ္ဖ်က္လ်က္
ေသြးေစြးနီမိသားစုရဲ့
နယ္ေျမဆီသို႔ပင္ေရာက္ရိွလာၾက၏။
ႏွစ္ႏွစ္မ်ွပင္မၾကာေသးခင္မွာ
သူတို႔က ေသြးေစြးနီမိသားစုကို
ကၽြမ္းထိုးေမွာက္ခံုျဖစ္ေစခဲ့သည္။
ယူက်န္ထ်န္းကဲ့သို႔ ထိန္းခ်ဳပ္ရတာကိုႏွစ္သက္သူ
အတြက္ ဒီလိုဆံုးရႈံးမႈကိုဘယ္ေတာ့မွ
မမ်ိဳသိပ္ထားႏိုင္ပါေခ်။
"ေယာက္်ားအေမြအႏွစ္ေက်ာက္ရဲ့ေနာက္ကြယ္က
လ်ိႈ႔ဝွက္ခ်က္ကိုကၽြန္မအခုထိနားမလည္ေသးဘူး၊
ဆယ္ႏွစ္ေတာင္ၾကာသြားၿပီ ရွင္ ကၽြန္မကို
ရွင္းျပခ်က္တစ္ခုမေပးခ်င္ေသးဘူးေပါ့?"
ယင္ဖူးရန္ရဲ့သံေနသံထားသည္ သာမာန္ကဲ့သို႔ပင္၊
သို႔ေသာ္ သူမဘက္ကစေမးတယ္ဆိုကတည္းက သူမဒီကိစၥကိုအရမ္းအေရးထားတာကို
ျပေနသည္။
ယူက်န္ထ်န္းက သူ႔မိန္းမျဖစ္သူကအေနွးနဲ႔အျမန္
ေမးလာေတာ့မယ္ဆိုတာ သိသည္၊
သူကသက္ျပင္းခ်လိုက္ၿပီး၊
"ရွင္မ.... မင္းကိုဖံုးကြယ္မထားခ်င္ခဲ့ပါဘူး၊
ဒါေပမယ့္ ဒီကိစၥကေသေရးရွင္ေရးတမ်ွပဲ၊
မေတာ္လို႔သတင္းေတြထြက္လာရင္
ေသြးေစြးနီမိသားစုက ကပ္ဆိုးတစ္ခုနဲ႔
ႄကံုရႏိုင္တယ္"
ယင္ဖူးရန္တုန္ယင္သြားသည္။ ကပ္ဆိုးတဲ့လား?
ထံုထ်န္းတိုက္မွာရိွတဲ့ ေသြးေစြးနီမိသားစုရဲ့
အဆင့္အတန္းျဖင့္ မည္သူကသူတို႔ကို
တၫ့္တၫ့္ဆန႔္က်င္ရဲမည္လဲ? ဒါေပမယ့္
ကပ္ဆိုးဆိုတာက........
ယင္ဖူးရန္ႏွင့္သူ႔ရဲ့အိမ္ေထာင္သက္တမ္းသည္
ႏွစ္ႏွစ္ေသာင္းမ်ွရိွေလၿပီ၊ သူမရဲ့ခင္ပြန္းက
အေျခအျမစ္မရိွေျပာတတ္တဲ့လူမ်ိဳး
မဟုတ္တာ သူမသိသည္။
"ကၽြန္မနားလည္ၿပီ၊ ဒီထက္ပိုၿပီးမေမးေတာ့ဘူး၊
ဒါေပမယ့္ ယူေရွာင္းမိုကို ရွင္ဘယ္လိုကိုင္တြယ္
ခ်င္လဲ၊ ဒီလူက ဖူခ်န္ခ်ဳံးနဲ႔နီးကပ္တဲ့ပတ္သတ္မႈ
ရိွတယ္လို႔ၾကားထားတယ္"
ယူက်န္ထ်န္း မ်က္ခံုးတြန႔္လိုက္မိသည္၊
သူလည္း ဒီဟာနဲ႔ပတ္သက္ၿပီးစိတ္ထဲထင့္ေနရသည္။
ထိုအခ်ိန္က သူရထားတဲ့သတင္းအရဆိုလ်ွင္
ယူေရွာင္းမိုနဲ႔ သူ႔အေဖာ္ျဖစ္သူတြင္
ဖူခ်န္ခ်ဳံးရဲ့တပၫ့္ႏွင့္လ်ိႈ႔ဝွက္ခ်က္
တစ္ခုရိွသည္။ ဖူခ်န္ခ်ဳံးက သူ႔တပၫ့္ကို
အင္မတန္မွခ်စ္ခင္ရာ သူ႔တပၫ့္မ်က္ႏွာအတြက္
ထိုႏွစ္ဦးဘက္ကိုမရပ္တည္ဘူးလို႔
အာမမခံႏိုင္ေပ။
"ဖူခ်န္ခ်ဳံးက တကယ့္ျပႆနာပဲ၊ က်ဳပ္က
သူ႔ကိုတိုက္ရိုက္သြားေမးလို႔မရဘူး၊ ဒါ့ျပင္
ရွင္မ မင္းကအဲ့ေန့ကအေျခအေနကို
မျမင္ရေသးလို႔ မသိေလာက္ဘူးထင္တယ္၊
အဲ့ႏွစ္ေယာက္နဲ႔ ေခါင္းကိုးလံုးႁမြေဘုရင္ရဲ့သား
ကလည္း တစ္နည္းနည္းပတ္သက္မႈရိွပံု
ရတယ္"
"ကၽြန္မ ဒီအေၾကာင္းကိုလည္းၾကားထားတယ္"
သူမထင္ထားစြာနဲ႔ ယင္ဖူးရန္ကဒီအေၾကာင္းကို
သိေနသည္။
ယူက်န္ထ်န္းက အံ့ဩသြားပံုမေပၚ ေပ၊
သူ႔အသံကပို၍ေလးလံလာ၏၊
"ေခါင္းကိုးလံုးႁမြေဘုရင္က ၾကယ္သံုးပြင့္
နတ္ဘုရားအဆင့္ပဲဆိုေပမယ့္ သူကအရူးႀကီး၊
သူ႔ကိုျပႆနာသြားရွာရင္ ဘာနည္းနဲ႔ျဖစ္ျဖစ္
ျပန္ေပးဆပ္ခိုင္းလိမ့္မယ္"
ေသြးေစြးနီမိသားစုသည္ စီးပြားေရးလုပ္ငန္း
မ်ားစြာရိွသၫ့္ မိသားစုႀကီးျဖစ္၏၊
နတ္ဘုရားအဆင့္က်င့္ႀကံသူတစ္ေယာက္ရဲ့
လက္စားေခ်မႈကို မခံႏိုင္ေပ။ ယူက်န္ထ်န္းက
ပိုၿပီးစြမ္းအားႀကီးတယ္ဆိုရင္ေတာင္
သူ႔မိသားစုဝင္ေတြကို အခ်ိန္တိုင္းလိုက္ကာကြယ္
ေပးေနႏိုင္စြမ္းမရိွေခ်။
ေခါင္းကိုးလံုးႁမြေဘုရင္၏သက္တမ္းသည္
ႏွစ္တစ္သိန္းေက်ာ္ၿပီျဖစ္ကာ သူ႔ဇနီး
ယင္ဖူးရန္မွာ သူ႔အသက္ရဲ့တစ္ဝက္မ်ွ
သာရိွေသးသည္၊ သူမငယ္စဉ္က
ေခါင္းကိုးလံုးႁမြေဘုရင္အေၾကာင္း
ၾကားခဲ့ဖူးေပသည္။
ေခါင္းကိုးလံုးႁမြေဘုရင္က အက်ိဳးအေၾကာင္း
ဆီေလ်ာ္ျခင္းမရိွသူ၊ ေခါင္းမာၿပီးတေဇာက္ကန္း
လုပ္တတ္သူ၊ အေျပာင္းအလဲလြယ္သူျဖစ္သည္။
သူက မင္းကိုအမွားလုပ္ထားတယ္ထင္လ်ွင္
ပါးစပ္ေပါက္တစ္ေသာင္းေလာက္ရိွရင္ေတာင္မွပဲ
သူ႔စိတ္ကိုေျပာင္းလဲႏိုင္မွာ မဟုတ္ေပ။
ထို႔ျပင္ ေခါင္းကိုးလံုးႁမြေဘုရင္မ်ိဳးႏြယ္တြင္
မ်ိဳးႏြယ္ဝင္မ်ားနည္းပါးလွသည္၊
မေျပာခ်င္ေျပာခ်င္ေျပာရမယ္ဆိုလ်ွင္ျဖင့္
သူနဲ႔ သူ႔သားျဖစ္သူႏွစ္ဦးတည္းသာ
ရိွေလသည္။
ေသြးေစြးနီမိသားစုက သူ႔သားကိုပစ္မွတ္
ထားေနတယ္ဆိုတာကို ေခါင္းကိုးလံုးႁမြေဘုရင္
သိသြားခဲ့ရင္ အဲ့ေျမေခြးအိုႀကီးက
ဘယ္လိုမ်ိဳးတေဇာက္ကန္းကိစၥေတြလုပ္မလဲ
ဘယ္သူသိႏိုင္မွာလဲ။
ယူက်န္ထ်န္းက ယင္ေကာကိုတစ္ခုခုလုပ္
မယ္ဆိုလ်ွင္ ေခါင္းကိုးလံုးႁမြေဘုရင္ကို
ရန္စျခင္းရဲ့အက်ိဳးဆက္ေတြကိုလည္း
ထၫ့္တြက္ထားဖို႔လိုေလသည္။
ထို႔ျပင္ ယူေရွာင္းမိုရဲ့ေဘးကလူကိုလည္း
ထၫ့္တြက္ရေပဦးမည္၊ လြန္ခဲ့တဲ့ႏွစ္ႏွစ္အတြင္း
ထိုလူႏွင့္ပတ္သက္သၫ့္ အခ်က္အလက္
တစ္ခုမွမရခဲ့ေသာ္လည္း သူ႔ရဲ့သရုပ္မွန္တစ္ခုတည္း
ကတင္ ေရွာင္ရွားရန္လံုေလာက္ေနေလၿပီ။
ယူက်န္ထ်န္းမွာ ေတြးေနရင္းေဒါသက
ထြက္ထြက္လာသည္၊ သူလႈပ္ရွားခ်င္တာ
ယူေရွာင္းမိုျဖစ္ေပမယ့္ ထၫ့္တြက္ရမွာေတြက
မ်ားျပားလြန္းလွသည္။
သူက ေသြးေစြးနီမိသားစု၏ေခါင္းေဆာင္ျဖစ္ေန
သၫ့္တိုင္ သူ႔လက္ေတြကိုအတုပ္ေနွာင္ခံထား
ရသည္။
သူက ေျဖရွင္းမရေသးတဲ့ကိစၥအေပၚ
အခ်ိန္ျဖဳန္းေနမိတာကို ယင္ဖူးရန္ကသိသည္၊
သူမက မတ္တပ္ထရပ္ၿပီး ေဘးကို
ေလ်ွာက္သြားလိုက္သည္၊ သူ႔ေနာက္ေက်ာကို
ျဖဴေဖြးေနတဲ့လက္နဲ႔အသာအယာသပ္လိုက္ရင္း၊
"ေယာက်္ား ယူေရွာင္းမိုကိုတစ္ခုခုလုပ္ခ်င္ရင္
ဖူခ်န္ခ်ဳံးကိုပဲ သတိထားဖို႔လိုတယ္"
"ဘာလို႔လဲ?"
"ေခါင္းကိုးလံုးႁမြေဘုရင္ရဲ့သားကို ရွင္မထိသေရြ့
သူကေသြးေစြးနီမိသားစုကိုရန္သူလို႔
ျမင္မွာမဟုတ္ဘူး၊ ေနာက္ၿပီးရွင္စိုးရိမ္ေနတဲ့လူ၊
ရွင္လည္းသိမွာပါ ခ်ီလင္မ်ိဳးႏြယ္နဲ႔
နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္ႏွစ္ခုလံုးကသူတို႔ေသြးမ်ိဳးဆက္
ရဲ့သန႔္စင္မႈကို တန္ဖိုးထားၾကတယ္၊
အဲ့လူက တကယ္ပဲေသြးႏွစ္ခုပိုင္ဆိုင္တယ္
ဆိုရင္ သူ႔ကိုမ်ိဳးႏြယ္ႏွစ္ခုလံုးက
လက္ခံမွာမဟုတ္ဘူး"
"တကယ္လား?" ယူက်န္ထ်န္း အေတာ္ေလး
ဝမ္းသာသြားသည္။
"ဒါေပါ့ ေနာက္ၿပီး ဒီလူက မ်ိဳးႏြယ္စုႏွစ္ခုလံုးရဲ့
အသိအမွတ္ျပဳတာမခံရဘူးဆိုရင္
ဒီသဲလြန္စကေနသူဘယ္သူလဲဆိုတာ
စံုစမ္းလို႔ရၿပီေလ"
ယင္ဖူးရန္က ေငြနဂါးမ်ိဳးႏြယ္စုေခါင္းေဆာင္၏
သမီးျဖစ္ရာ ဤကိစၥမ်ားကိုရွင္းရွင္းလင္းလင္း
နားလည္ေလသည္။
"ေကာင္းၿပီ အခုခ်က္ခ်င္းလူလႊတ္စံုစမ္းခိုင္း
လိုက္မယ္"
"ေယာက်္ား၊ မွတ္ထားပါ၊ ဒီကိစၥကို
သိုသိုသိပ္သိပ္ပဲကိုင္တြယ္သင့္တယ္"
"ရွင္မစိတ္ခ်ပါ၊ က်ဳပ္နားလည္တယ္"
ေျပာၿပီးသၫ့္ေနာက္ ယူက်န္ထ်န္းသည္
အလ်င္စလိုထြက္ခြာသြား၏။
..........
ရွီက်င္းသည္ ထံုထ်န္းတိုက္မႀကီးေပၚ တြင္
နတ္ဆိုးသားရဲမ်ားေပါမ်ားလွသၫ့္
ေဒသျဖစ္၏။ ဤနယ္ေျမသည္
အဆံုးမရိွသၫ့္ေတာင္တန္းမ်ား၊
ေတာင္ကုန္းမ်ားႏွင့္ကုန္းျပင္ျမင့္မ်ားရိွရာ တစ္ခုတည္းေသာေဒသလည္းျဖစ္သည္။ ဤေဒသတြင္ေျမျပန္႔ဟူသည္က
၁၀ပံုပံု ၁ပံုပင္မရိွေခ်၊ သို႔ျဖစ္၍
နတ္ဆိုးသားရဲမ်ားေနထိုင္ရန္သာသင့္ေတာ္
ေလသည္။
ထို႔ေၾကာင့္ ဒီေဒသကိုတစ္ေယာက္တည္း
လာသူနည္းနည္းပဲရိွၿပီး ပံုမွန္ဆိုလ်ွင္
အုပ္စုဖဲြ႔ကာလာၾကသည္။ လူအေရအတြက္
နည္းေသာ္လည္း သူတို႔ကစြမ္းအားႀကီး
က်င့္ႀကံသူမ်ားသာျဖစ္ၾကသည္၊ မဟုတ္လ်ွင္
ရွီက်င္းတြင္ အသက္ရွင္ႏိုင္မည္မဟုတ္ေပ။
ရွီက်င္းသည္ ထံုထ်န္းတိုက္မႀကီးတစ္ခုလံုး
ေပၚ တြင္ အေသအေပ်ာက္အမ်ားဆံုးေဒသ
ျဖစ္၏။
ရွီက်င္းရိွနတ္ဆိုးသားရဲမ်ားက ေတာဥပေဒသကို
လိုက္နာၾကသည္၊ လူသားေတြရဲ့
'သန္မာအင္အားႀကီးသူကိုသာေလးစားသည္'
ဟူသကဲ့သို႔ပင္။ မတူတာတစ္ခုက
နတ္ဆိုးသားရဲေတြက မ်ားေသာအားျဖင့္
ပိုၿပီးပြင့္လင္းၿပီး အႀကံအစည္လွၫ့္ကြက္မ်ား
ျပၫ့္ႏွက္ေနသၫ့္လူသားမ်ားႏွင့္မတူေပ။
သူတို႔က အမ်ားအားျဖင့္လက္သီးႏွင့္သာ
စကားေျပာၾကၿပီး သူတို႔ပံုရိပ္သည္
အလြန္တရာရက္စက္ၾကမ္းၾကဳတ္ၿပီး
ေသြးဆာေနသည္ဟု ထင္ရသည္။
အခုလိုေပါ့၊ ေတာင္တန္းေပၚ မွာ
နတ္ဆိုးသားရဲႏွစ္ေကာင္က တစ္ေကာင္ႏွင့္
တစ္ေကာင္သတ္ျဖတ္ေနၾကသည္၊
ေသြးေတြကမိုးစက္မိုးေပါက္ေတြလို
ဖိတ္စင္ေနၿပီး သူတို႔ေအာက္ဘက္မွာ
ေသြးနီေရာင္မ်ားျခယ္ထားသလိုျဖစ္ေနသည္။
နတ္ဆိုးသားရဲႀကီးႏွစ္ေကာင္မွာ လက္ရည္တူ
ေနပံုေပၚ သည္။ သူတို႔ႏွစ္ဦးစလံုးက
ဒဏ္ရာျပင္းျပင္းထန္ထန္ရထားေသာ္လည္း
တစ္ဖက္လူကို အဆံုးမသတ္ႏိုင္ၾကေပ။
ဒီဟာက ႏွစ္ဖက္လံုးကိုအထိနာေစျခင္းျဖင့္သာ
ၿပီးဆံုးသြားမည္ကိုေတြ့သၫ့္အခါ
ခ်ိဳင္းေအာက္မွာမ်က္လံုးေတြရိွတဲ့
ႏြားထီးသ႑ာန္အေကာင္က
ရုတ္တရက္ ေခါင္းေမာ့လာၿပီး အက္ကဲြတဲ့
ဟိန္းသံျပဳလိုက္သည္။ ထိုဟိန္းသံသည္
မိုင္တစ္ေထာင္ခန႔္အကြာထိေရာက္ရိွသြား၏။
ႏြားထီးသ႑ာန္နတ္ဆိုးသားရဲႏွင့္
မ်က္ႏွာခ်င္းဆိုင္ရိွ အျခားနတ္ဆိုးသားရဲႀကီး၏
အသားအေရာင္မွာ ေျပာင္းလဲသြားကာ
ခ်က္ခ်င္းလွၫ့္ေျပးသည္။
သူ႔ေရာင္းရင္းရဲ့ဆင့္ေခၚ တာကိုခံလိုက္ရတဲ့
ႏြားထီးသ႑ာန္နတ္ဆိုးသားရဲက
သူ႔ၿပိဳင္ဖက္ျဖစ္သူ ထြက္ေျပးသြားတာကို
ျမင္လိုက္ၿပီး ေနာက္ကေနခ်က္ခ်င္းလိုက္သြား
ေတာ့သည္။ တစ္ေယာက္ၿပီးတစ္ေယာက္
ေျပးရင္းျဖင့္ မိုင္တစ္ေထာင္ခန႔္အကြာသို႔
ေရာက္သြား၏။ ေနာက္ဆံုးေတာ့
ထြက္ေျပးရတဲ့နတ္ဆိုးသားရဲမွာ
သူ႔ၿပိဳင္ဖက္ရဲ့ေရာင္းရင္းျဖစ္သူ ဟန႔္တားတာ
ခံလိုက္ရသည္၊ သူ႔ဘက္ကအေျခအေနမွာပို၍ပို၍
အားေလ်ာ့လာေတာ့သည္။
"ရွင္းခ်ီ ငါ့ကိုႃခံုခိုတိုက္ၿပီးလိုက္သတ္ရဲတယ္ေပါ့။
ငါ့မ်ိဳးႏြယ္စုဝင္ေတြက သိသြားၿပီး
မင္းတို႔ေနာက္လိုက္လာမွာမေၾကာက္ဘူးလား?"
လိပ္သ႑ာန္ရိွသၫ့္နတ္ဆိုးသားရဲႀကီးက
ေဒါသတႀကီးေျပာလိုက္သည္။
"ခီးခီးခီး" ႏြားထီးသ႑ာန္နတ္ဆိုးသားရဲသည္
ယုတ္မာေကာက္က်စ္စြာ ရယ္ေမာလိုက္ၿပီး၊
"ငါသာေၾကာက္ေနရင္ မင္းကိုသတ္မွာ
မဟုတ္ဘူး၊ မင္းေသသြားတာနဲ႔ ငါလုပ္တယ္ဆိုတာ
ဘယ္သူမွသိေတာ့မွာမဟုတ္ဘူးေလ၊
ဘာေၾကာက္စရာရိွလို႔လဲ? မင္းအက်ႌထဲက
တစ္ေကာင္ကို ငါ့ဆီနာနာခံခံနဲ႔ေပးရင္
မင္းအေလာင္းကိုအေကာင္းတိုင္းထားေပးဖို႔
စဉ္းစားေပးမယ္"
"အိပ္မက္မက္ေနလိုက္!" သို႔ဆိုေသာ္ျငား
လိပ္သ႑ာန္နတ္ဆိုးသားရဲသည္
သူ႔ကိုယ္ကိုတင္းတင္းၾကပ္ၾကပ္ဖက္လိုက္ေလသည္၊
သူ႔မ်က္ဝန္းထဲတြင္ တစ္ဖက္လူကိုအရွင္လတ္လတ္
ဝါးစားခ်င္ေနသၫ့္ႏွယ္ ေဒါသေယာင္တစ္ခု
လက္သြား၏။
"မင္းက ကိုယ့္ေသလမ္းကိုယ္ရွာေနတာပဲ!"
ႏြားသ႑ာန္နတ္ဆိုးသားရဲက က်ိန္ဆဲလိုက္ၿပီး
သူ႔ေရာင္းရင္းကို မ်က္စိနဲ႔အခ်က္ျပလိုက္ကာ
ႏွစ္ေယာက္က ရုတ္တရက္လႈပ္ရွားလိုက္ၾက၏။
လိပ္သ႑ာန္နတ္ဆိုးသားရဲသည္ ေဒါသထြက္ၿပီး
ေၾကာက္လည္းေၾကာက္ရြံ႔ေနသည္။
အခု သူကျပင္းျပင္းထန္ထန္ဒဏ္ရာရေနၿပီး
အားကုန္ေနေလၿပီ။ ေနာက္ထပ္ရန္သူတစ္ေယာက္
ႏွင့္ဆိုလ်ွင္ အံ့အားသင့္ဖြယ္မ်ားမျဖစ္လ်ွင္
ယေန့သူေသရေတာ့မည္မွာမလဲြဧကန္ပင္။
သူေသရတာကိစၥမရိွေသာ္လည္း သူ႔အက်ႌထဲ
ဝွက္ထားရတဲ့သခင္ေလးကိုေတာ့
ဘာမွအျဖစ္မခံႏိုင္ပါေခ်။
ေပါင္းစပ္တိုက္ခိုက္မႈေအာက္တြင္ လိပ္သ႑ာန္
နတ္ဆိုးသားရဲသည္ ေတာင့္ခံႏိုင္စြမ္းမရိွေတာ့ဘဲ
သူ႔ကိုယ္ကယိမ္းယိုင္လာကာ ေတာင္ေျခသို႔
ျပဳတ္က်သြားၿပီး အသံအက်ယ္ႀကီး
ထြက္လာသည္၊ ဖုန္မႈန႔္မ်ားပ်ံ႔လြင့္လာသည္ကို
သာမာန္မ်က္လံုးႏွင့္ပင္ ျမင္ရႏိုင္ေလသည္။
ခဏအၾကာတြင္ လိပ္သ႑ာန္နတ္ဆိုးသားရဲက
ရုတ္တရက္လူအသြင္ေျပာင္းသြားၿပီး
ခရမ္းေရာင္အက်ႌဝတ္ဆင္ထားသၫ့္
ေယာက္်ားတစ္ဦးျဖစ္သြားသည္။ သူ႔ပါးစပ္မွ
ေသြးမ်ားစီးက်ေနၿပီး ကိုယ္ကဒယီးဒယိုင္
ျဖစ္ေနသည္။ ခဏေလာက္ၾကာေတာ့
သူ႔အက်ႌကိုဟၿပီး အထဲကိုၾကၫ့္လိုက္၏၊
အကုန္အဆင္ေျပတာကိုအတည္ျပဳျပီးမွ
စိတ္သက္သာရာရစြာသက္ျပင္းခ်လိုက္ေလ
သည္။
ႏြားသ႑ာန္နတ္ဆိုးသားရဲႏွင့္ သူ႔ေရာင္းရင္း
သည္လည္း လူအသြင္ေျပာင္းလိုက္ၾကသည္။
သူတို႔ႏွစ္ေယာက္စလံုးက ထြားႀကိဳင္းေတာင့္တင္း
ကာ ရုပ္ရည္ကေကာက္က်စ္ၿပီး
အႏၲရာယ္မ်ားသည္။ သူတို႔ကလူေကာင္းေတြနဲ႔
မတူေပ။
ခရမ္းေရာင္အက်ႌနဲ႔လူဆီ ေလ်ွာက္သြားလိုက္ၿပီး
ရွင္းခ်ီကမိုက္ကန္းကန္းရယ္လိုက္ကာ၊
"ေျပးမွာလား? မင္းဘယ္ေျပးႏိုင္မလဲၾကၫ့္
တာေပါ့"
"ရွင္းခ်ီ ငါ့ကိုႃခံုခိုတိုက္ဖို႔တစ္ေယာက္ေယာက္က
အမိန႔္ေပးထားတာလား?"
ခရမ္းေရာင္အက်ႌႏွင့္လူက ဘာလို႔ဒီႏွစ္ေယာက္က
ျပင္ဆင္ထားပံုေပၚ ၿပီး သူ႔ကိုသတ္ဖို႔ဆံုးျဖတ္ခ်က္
အခိုင္အမာရိွေနရတာလဲကို စဉ္းစားလို႔မရႏိုင္
ျဖစ္ေနသည္။ သို႔ေသာ္ ေနာက္ကြယ္တြင္ ႀကိဳးကိုင္တဲ့သူတစ္ေယာက္ေယာက္သာ
ရိွမေနလ်ွင္ ရွင္းခ်ီနဲ႔ေရာင္းရင္းက
သူ႔ကိုဆန႔္က်င္ဖို႔သတၲိရိွလိမ့္မည္မဟုတ္ေပ။
"သနားစရာပဲ မင္းေသသြားရင္ေတာင္
ေျပာမျပဘူး" ရွင္းခ်ီက ေဒါသထြက္လာေလသည္၊
သူ႔အသံကအလြန္တရာရက္စက္ၾကမ္းၾကဳတ္
ေနသည္။
ခရမ္းေရာင္အက်ႌနဲ႔လူရဲ့မ်က္လံုးေတြက
ရဲရဲနီေနသည္။ ထိုအခိုက္အတံ့၌သူ႔စိတ္ထဲတြင္
အႀကံတစ္ခုေပၚ လာ၏၊ သူကေခါင္းေမာ့လိုက္ကာ
ဟင္းလင္းျပင္ဘက္သို႔လွမ္းၾကၫ့္ၿပီး ေအာ္ဟစ္လိုက္သည္၊
"ေဟး...! ငါက တန္ခိုးရွင္လိပ္မ်ိဳးႏြယ္က
ေမာ့က်င္းပါ၊ ငါ့ကိုကူညီေပးမယ္ဆိုရင္
မ်ိဳးႏြယ္စုက မင္းတို႔ကိုေသခ်ာေပါက္
ေက်းဇူးဆပ္မွာပါ"
ရွင္းခ်ီသည္အနည္းငယ္ထိတ္လန႔္သြားမိေလသည္၊
ထို႔ေနာက္တြင္ရယ္လိုက္၏၊ "ခီးခီး"
"အသံုးမဝင္ဘူး၊ ဒီေနရာမွာငါတို႔အျပင္
တစ္ျခားလူမရိွဘူး၊ မင္းထြက္ေျပးလို႔ရေအာင္
ငါတို႔ကိုအာရံုလႊဲခ်င္ေနတာလား?
အဲ့အေတြးကို လက္ေလ်ာ့လိုက္စမ္းပါ!
ဟား ဟား ဟား!"
ထိုစဉ္ ေကာင္းကင္ယံမွ
ေမးခြန္းတစ္ခုထြက္လာေလ၏၊
"အာ...... တကယ္လား?"
___________________