အခန်း ၅၁၁- ကံအလွန်ကောင်းသော
နေ့လည်ပိုင်း နေရောင်သည်ပြတင်းမှတစ်ဆင့်
ပျင်းရိစွာထွန်းလင်းနေသဖြင့် အခန်းသည်လည်း
လင်းထိန်နေတော့သည်။
လင်းရှောင်သည် အိပ်ယာပေါ် တွင်အသိုက်ဖွဲ့
ထား၏၊ နေရောင်၏သက်ရောက်မှုကြောင့်
သူ့၏ဆဲလ်တစ်ခုချင်းစီက ငိုက်မြည်းပြီး
နွမ်းနယ်နေသည့်အရှိန်အဝါတစ်မျိုး
ထုတ်လွှင့်နေသယောင်ပင်၊ ယူရှောင်းမိုပြောတာ
ကြားတော့ မျက်လုံးသာဖွင့်ကြည့်လာသည်။
"ဒါဆို ဒီကျောက်စိမ်းပေလွှာရဲ့ပိုင်ရှင်
တန့်ချင်းဆိုတဲ့လူက ရှေးတုန်းကသူဖြစ်ပြီး
အဆင့်၆သက်တန့်ဆေးလုံးဖော်စပ်နိုင်တယ်ပေါ့?"
ယူရှောင်းမို အကောင်းမြင်စွာဖြင့်ခေါင်းညိတ်
ပြလိုက်သည်၊ "အဲ့လိုထင်တာပဲ၊
ကျွန်တော် အချိန်နံရံမှာရှိတုန်းက
မှော်ဆေးလုံးဖော်စပ်နည်းလမ်းစဉ်အကြောင်း
ဟောပြောနေခဲ့တဲ့မှော်ဆရာကသူပဲ။ သူက
အဆင့် ၁၂ မှော်ဆရာဆိုလည်းဟုတ်တယ်၊
နောက်ပြီး သူ့ဝိဉာဉ်အဆင့်က သက်တန့်အဆင့် ၆
ထင်တယ်"
လင်းရှောင်သည် လက်တစ်ဖက်ဖြင့်ခေါင်းကို
ထောက်လိုက်၏၊ "ကန့်သတ်အစီအရင်က
ပုံမှန်မဟုတ်ဘဲစွမ်းအားကြီးနေတာ
မဆန်းတော့ဘူး၊ သူကရှေးတုန်းကမှော်ဆရာ
ဖြစ်နေတာကိုး၊ အဲ့လိုသာဆို ဒီကျောက်စိမ်းပေလွှာ
က နှစ်သန်းပေါင်းမြောက်များစွာကြာနေပြီပဲ၊
နောက်ပြီး… ကိုယ့်မိန်းမ!"
လင်းရှောင်က ရုတ်တရက်သူ့ကိုခေါ် သည်။
ယူရှောင်းမို သူ့ကိုမေးခွန်းထုတ်သလိုလှည့်ကြည့်
လိုက်သည်၊ ???
လင်းရှောင်က အိပ်ယာပေါ် ထထိုင်ကာ
သူ့ကိုရုပ်တည်ကြီးဖြင့်စိုက်ကြည့်လာလေသည်၊
"ကိုယ့်မိန်းမ မင်းကအရမ်းကံကောင်းတယ်!"
"ဘာပြောနေတာလဲ?"
လင်းရှောင်က ထရယ်သည်၊
" 'ရှေးခေတ်' ဆိုတဲ့စာလုံးနှစ်လုံးက
ဘာအဓိပ္ပါယ်လဲမင်းသိရဲ့လား?"
ယူရှောင်းမို မျက်ခုံးတွန့်ကာလေးလေးနက်နက်
စဉ်းစားကြည့်လိုက်ပြီးနောက် သူ့ရဲ့အဖြေမှာ-
ဘယ်လိုလုပ်သိမှာလဲလို့?!
လင်းရှောင်သည်လည်း သူ့ဆီကအဖြေကို
မမျှော်လင့်ထားပေ၊ အိပ်ယာပေါ် ကို
ပျင်းရိစွာဖြင့်ပြန်လှဲချလိုက်ကာ၊
"ကိုယ်ပြောဖူးတယ်လေ လက်ဆင့်ကမ်းလာသမျှ
ရှေးဟောင်းပစ္စည်းတွေအားလုံးက
ရှားပါးတာတွေကြည့်ပဲ၊ ဝိဉာဉ်နဲ့ စွမ်းရည်
လေ့ကျင့်ခြင်းစာလိပ်တွေ........"
"မဟုတ်သေးဘူးလေ" ယူရှောင်းမို
သူ့စကားကိုဖြတ်ပြောလိုက်သည်၊
"ထုံထျန်းတိုက်မကြီးမှာ ဝိဉာဉ်နဲ့စွမ်းရည်
လေ့ကျင့်ခြင်းစာလိပ်တွေအများကြီးပဲ
ရှိတယ်မလား?"
"အဲ့တာတွေက နောက်မျိုးဆက်တွေလုပ်ထား
တဲ့ဟာတွေ။ တကယ့်အစစ်အမှန်တွေက
အချိန်နဲ့အတူပျောက်ကွယ်သွားလုနီးပါး
ဖြစ်နေပြီ။ နောက်ပြီး မှော်ဆရာတွေအတွက်
အရေးကြီးဆုံးဖြစ်တဲ့မှော်ဆေးလုံးဖော်စပ်နည်းတွေနဲ့
မှော်ဆေးပင်တွေရဲ့ အခြေအနေကပိုဆိုးတယ်။
ရှေးဟောင်းစာပေတွေထဲမှာ ရှေးခေတ်တုန်းက
တည်ရှိခဲ့တဲ့မှော်ဆေးပင်တွေအကြောင်း
မှတ်တမ်းပြုစုထားတာရှိတယ်။ ဒဏ္ဍာရီအရဆို
အတိတ်တုန်းက မှော်ဆေးပင်တွေဆိုတာ
မှိုလိုပဲပေါမှပေါတဲ့၊ မှော်ဆရာတွေက
ပတ်ရှာစရာမလိုဘူး၊ ဈေးနှုန်းကလည်း
အခုခေတ်လိုမျိုးမမြင့်ခဲ့ဘူးတဲ့"
ယူရှောင်းမို ကျနေတဲ့သွားရည်တွေသုတ်လိုက်ရ
သည်၊ "အဲ့လောက်တောင်ကောင်းတာ
ကျွန်တော်ဘာလို့များ ရှေးခေတ်ဆီမကူးပြောင်း
သွားခဲ့တာပါလိမ့်?"
သူ့စကားထွက်လာသည်နှင့် အခန်းအပူချိန်သည်
၁၀၀ ဒီဂရီမျှလျော့ကျသွားလေ၏။
ယူရှောင်းမို တုန်သွားသည်၊ သူမော့ကြည့်
လိုက်ရာ လင်းရှောင်ရဲ့ခြိမ်းခြောက်နေတဲ့
မှေးစင်းထားသည့်အကြည့်ကို တွေ့လိုက်ရသည်၊
ထိုအေးစက်ထိတ်လန့်ဖွယ်မျက်ဝန်းများက
သူ့ကို ပြန်စိုက်ကြည့်နေ၏။ သူ မသင့်တော်တဲ့
စကားပြောမိသွားတာကို သိလိုက်ပြီး
ခြောက်ကပ်ကပ်ရယ်လိုက်ကာ၊
"ဒါပေမယ့် ခင်ဗျားမှမရှိရင်
ရှေးခေတ်မှာမနေချင်ပါဘူးဗျာ"
လင်းရှောင်က နှာခေါင်းရှုံ့လေသည်၊
"ရှေးခေတ်မှော်ဆေးလုံးဖော်စပ်နည်းတွေက
မှော်ဆေးပင်တွေလောက်တော့ မပေါပေမယ့်
အခုလက်ရှိထက်တော့ အဆတစ်ရာလောက်
သာတယ်၊ တန့်ချင်းလို့ခေါ် တဲ့လူ၊
သူသာ တကယ်ပဲရှေးခေတ်ကမှော်ဆရာဆိုရင်
ကျောက်စိမ်းပေလွှာထဲကဖော်စပ်နည်းတွေ
အများစုက ပျောက်ဆုံးနေတဲ့ဖော်စပ်နည်းတွေ
ဖြစ်မှာပဲ"
ယူရှောင်းမို ကျောက်စိမ်းပေလွှာကိုထုတ်ယူ
လိုက်ကာ လင်းရှောင်ဆီသွားပြီး
မျက်နှာလိုမျက်နှာရလုပ်တော့သည်၊
"ကျွန်တော်မသိတဲ့စာလုံးတွေအများကြီးပဲ၊
ခင်ဗျားကူပြန်ပေးလို့ရမလားဟင်?"
လင်းရှောင်က သူ့ကိုအပြုံးမမည်သည့်အပြုံးဖြင့်
ကြည့်လာသည်။
ယူရှောင်းမို ခေါင်းကြိမ်းလာသည်၊
မကောင်းတဲ့ခံစားချက်တစ်ခုရနေပြီလေ…
လင်းရှောင်က ကျောက်စိမ်းပေလွှာကို
ယူလိုက်ကာ၊ "ကူပြန်ပေးလို့ရပါတယ်၊ ဒါပေမဲ့
ကိုယ့်ကို မှော်ဆေးလုံးမပေးတာနည်းနည်းတောင်
ကြာနေပြီနော်…"
ယူရှောင်းမို နှုတ်ခမ်းတွန့်မိသွားသည်။
ဟိုတနေ့ကပဲပေးခဲ့တာကို…
ကျုံထျန်းဈေးရောင်းပွဲတော်ကနေပြန်လာတဲ့
နေ့က သူ မှော်ဆေးလုံး ၁၀ လုံးနီးပါး
တစ်ခါတည်းထုတ်လိုက်တာကို မြင်ပြီး
လင်းရှောင်ကအကုန်မသွားသည်။
အခု သူ့မှာမကျန်တော့ပေ။ ထို့ပြင်
နှစ်ရက်ပဲ ကြာသေးသည်လေ။
"တစ်ရက်လောက်မစားရရင် ဆောင်းဦးသုံးခါ
လောက်ကုန်သွားသလိုပဲ အာ...
ကိုယ်စောင့်နေတာ နှစ်နှစ်လောက်တောင်
ရှိရောပေါ့"
လင်းရှောင်က သူ့အတွေးကိုသတိပြုမိပုံပေါ် ကာ
တောက်ပဖြာထွက်နေသည့်အပြုံးတစ်ခုပေး
လေသည်။
"ကောင်းပြီ၊ ခင်ဗျားအတွက်ဖော်စပ်ပေးမယ်"
"ကိုယ့်ကို ဘယ်လောက်နဲ့နှင်မလို့လဲ?"
"၁၂ လုံး?"
"သုညတစ်လုံးထပ်ထည့်လိုက်"
".....သွားပဲခိုးလိုက်တော့"
အဆုံး၌ သူ့ရဲ့ပထမဦးဆုံးသက်တန့်ဆေးလုံးကို
ပေးဖို့ကတိပေးလိုက်ပါမှ လင်းရှောင်သည်
'အရူးလုပ်' နေခြင်းကို ရပ်တန့်လိုက်ပြီး
ဆေးလုံးဖော်စပ်နည်းများကို ဘာသာပြန်ကာ
အခြားကျောက်စိမ်းပေလွှာတစ်ခုတွင်
ကူးယူပေးလေသည်။
ယူရှောင်းမို ရေတွက်ကြည့်လိုက်သည်၊
ကျောက်စိမ်းပေလွှာတွင် အဆင့် ၁ မှော်ဆေးလုံး
ဖော်စပ်နည်းမှသည် အဆင့် ၁၂ ထိ အပြည့်အစုံ
ပါသည်ကိုတွေ့လိုက်ရ၏။ အများစုမှာ
သူမကြားဖူးတာများဖြစ်ကာ
အရှင်းဆုံးဆိုရလျှင် ၎င်းသည်ဆေးဖော်စပ်နည်း
ဟင်းစုံအိုးကြီးဖြစ်သည်။ ထို့ပြင်
သူ့ကိုပျော်ရွှင်သွားစေတဲ့ ဖော်စပ်နည်းတစ်ခုလည်း
တွေ့လိုက်ရလေသည်၊ ၎င်းမှာ
ဒုတိယရှစ်ရှုန်းဝေ့ပိုင်အတွက် သံသရာဆေးလုံး
ဖော်စပ်နည်းဖြစ်၏။
ချန်မဟာမိတ်တွင် အစွမ်းအစရှိသော်လည်း
သံသရာဆေးလုံးဖော်စပ်နည်းကို
အချိန်ကြာသည်ထိ
ရှာမတွေ့သေးသည့် အကြောင်းအရင်းကို
နောက်ဆုံးတော့ သူနားလည်သွားသည်၊
သံသရာဆေးလုံးက ရှေးကဖော်စပ်နည်း
ဖြစ်နေခဲ့သည်ပင်။
"လင်းရှောင် ကျွန်တော်တို့သံသရာဆေးလုံးကို
တွေ့ပြီဆိုတဲ့အကြောင်း ဖူချန်ချုံးကိုပြောပြ
ချင်လား?"
ယူရှောင်းမို စိတ်လှုပ်ရှားစွာနဲ့မေးလိုက်သည်။
"အချိန်မကျသေးဘူး" လင်းရှောင်ကပြောလိုက်
သည်။
"ဘာလို့?" ယူရှောင်းမို အကြောင်းအရင်းကို
နားမလည်။
သူ့အချစ်ကလေးက သူ့ရှေ့မှာဆိုဘယ်တော့မှ
ဦးနှောက်သုံးလေ့မရှိတာကို လင်းရှောင်
သိလိုက်ရသည်။ မေးလိုက်တိုင်း
သူပြန်ဖြေတာက 'ဘာလို့?' ဆိုတာက
အရင်ဖြစ်ကာ သူ့အပေါ် ပို၍မှီခိုလာသည်။
ဒါပေမယ့်လည်း ဒါကကောင်းတဲ့အရာပင်။
"ဒီဖော်စပ်နည်းကဘယ်ကလဲ?"
ယူရှောင်းမိုက ပြန်ဖြေရန်ပါးစပ်ဟလိုက်သော်လည်း
ချက်ချင်းပင်ပြန်ပိတ်သွားလေသည်။
သူနားလည်ပြီ၊ ၎င်းကိုတိုက်ရိုက်ထုတ်ပြ
လိုက်လျှင် ဖူချန်ချုံးကတစ်စုံတစ်ရာက
ထူးဆန်းနေတာကိုသေချာပေါက်ခံစားမိသွား
မည်ဖြစ်သည်၊ သို့ဖြစ်၍ သူလုပ်သင့်သည်က
ပြောပြရန်အချိန်ကောင်းတစ်ခုစောင့်ခြင်းပင်။
"ဒါဆို လိုအပ်တဲ့မှော်ဆေးပင်တွေရှာပြီးတဲ့အထိ
စောင့်ပြီးမှ ပြောပြလိုက်မယ်လေ၊ ဘယ်လိုလဲ?"
လင်းရှောင်က ပြန်ပြောလာသည်၊
"ဖူချန်ချုံးလိုချင်တာ ဆေးဖော်စပ်နည်းပဲ၊
ဆေးပင်တွေက သူ့အစွမ်းအစနဲ့ဆို
ကောင်းကောင်းပြင်ဆင်ထားပြီးလောက်ပြီ"
"ဒါဖြင့်ရင် ဘာလို့ကျွန်တော့ကိုမှော်ဆေးပင်တွေ
ကူရှာခိုင်းစေချင်တာလဲ?"
ယူရှောင်းမို အလိမ်ခံရသလိုခံစားနေရ၏။
"ငတုံး မှော်ဆေးပင်တစ်သုတ်တည်းနဲ့
သံသရာဆေးလုံးကိုအောင်အောင်မြင်မြင်
ဖော်စပ်နိုင်ပါ့မယ်လို့ မင်းအာမခံနိုင်လား?"
"......ဟင့်အင်း"
နောက်တစ်ရက်တွင်…
ကျုံးယဲ့က တရားထိုင်ခန်းမှာရှိနေပြီး
အထပ် ၇၀ နှင့်အထက်တွင်နေသည့်
ကျောင်းသားများသာလျှင်ထိုအထပ်ဆီ
သွားလို့ရသည်ဖြစ်ရာ ယူရှောင်းမိုလည်း
ချောင်ဝူရှင်းကိုခေါ် ရန်
တစ်ယောက်ယောက်ဆီအကူအညီတောင်း
ရလေသည်။
ချောင်ဝူရှင်းရောက်လာတဲ့အခါ ယူရှောင်းမို
သူဆုံးဖြတ်ထားတာကို ပြောလိုက်တော့သည်၊
သူ အထူးစည်းမျဉ်းကိုစိန်ခေါ် ချင်သည်။
ချောင်ဝူရှင်းက သူ့ကိုပြင်ဆင်ရန်အချိန်တစ်ချို့
ပေးခဲ့သည်၊ ပြိုင်ပွဲကိုနေ့လည်တွင်
စီစဉ်ပေးနိုင်သည်ဟုဆိုသည်။ ထို့နောက်
သူ့ဆရာဆီသတင်းပို့ရန် ချက်ချင်းပြန်သွား၏။
ယူရှောင်းမိုထင်ခဲ့တာက မနက်ဖြန် ဒါမှမဟုတ်
သန်ဘက်ခါလောက်ပေါ့၊ ဒီလောက်ကြီးမြန်လိမ့်
မယ်လို့ မထင်ခဲ့မိချေ။
သူတတွတ်တွတ်ရွတ်နေတာကိုကြားတော့
လင်းရှောင် ပြုံးလိုက်သည်၊
"ဟိုအဖိုးကြီးနှစ်ယောက်က မင်းရဲ့လက်ရှိအဆင့်ကို
မြင်ပြီးသွားပြီဖြစ်မယ်၊ အဆင့်၁၀အလယ်ဆင့်၊
နောက်တစ်နည်းပြောရရင် မင်းက
အမြင့်ဆုံးအဆင့်ကိုချိုးဖောက်နိုင်ဖို့ တစ်ဆင့်ပဲ
လိုတော့တာ။ နောက်ပြီးမင်းတိုးတက်တဲ့
အမြန်နှုန်းအရ မနက်ဖြန်ကျရင်ချိုးဖျက်နိုင်
သွားလောက်မလားဆိုတာ သူတို့ကြိုတင်ခန့်မှန်း
လို့မရနိုင်ဘူးလေ"
"ဆိုလိုတာကအဲ့လိုသာဖြစ်သွားခဲ့ရင်ကျွန်တော့်မှာ
စိတ်စွမ်းအင်ရေ ထပ်ရှိသေးလား
သူတို့သိနိုင်မှာမဟုတ်တော့ဘူး၊ မှန်တယ်ဟုတ်?"
"မှန်တယ်၊ မင်းသာအဆင့်၁၀ အမြင့်ဆုံးဆိုရင်
မှော်ဆေးလုံးအဆင့်ကိုမြှင့်ဖို့ စိတ်စွမ်းအင်ရေ
သုံးစရာမလိုတော့ဘူး၊ နောက်ပြီး ဆရာတွေက
မမျှမတမဖြစ်စေဖို့အတွက် သက်တန့်ဆေးလုံးကို
ဖော်စပ်မှာမဟုတ်ဘူးဆိုတော့ သူတို့က
လှုပ်ရှားဖို့ မင်းရဲ့လက်ရှိအဆင့်ဖြစ်တဲ့
အဆင့် ၁၀ အလယ်ဆင့်ကိုပဲ အသုံးချနိုင်တယ်"
"ဝိုး ဘယ်လောက်တောင်ကောက်ကျစ်လိုက်လဲ"
ချောင်ဝူရှင်းလုပ်သွားတာ အရမ်မြန်သည်၊
သူ့ဆရာက စိတ်မရှည်တော့သောကြောင့်လည်း
ဖြစ်နိုင်ပေသည်။ သုံးနာရီပင်မကြာသေးခင်တွင်
ပြန်ထွက်လာလေ၏။ သူက
ပြိုင်ပွဲက နေ့လည်၁နာရီမှာစမည်ဖြစ်ကြောင်း ပြောပြသည်။ ပြိုင်ပွဲအတွက်စီစဉ်ထားသည့်
နေရာတစ်ခုရှိသောကြောင့် နေ့လည်ကျရင်
သူ့ကိုပြန်လာခေါ် မည်ဖြစ်သည်။
ယူရှောင်းမိုစိတ်နှလုံးဒုံးဒုံးချပြီးလက်ခံလိုက်သည်။
နေ့လည်တွင်ပြိုင်ရမည်က သူ့အတွက်အနည်းငယ်
လောလွန်းနေသည်၊ အချိန်တိုင်းကို
သူအသုံးချလျှင်ပင် မှော်ဆေးလုံးတစ်လုံး
စားပြီး အဆင့်တက်ဖို့ရန်မဖြစ်နိုင်တော့ပေ။
၁ နာရီထိုးဖို့ နာရီဝက်အလိုမှာ ချောင်ဝူရှင်းက
သူ့ကိုလာခေါ် သည်၊ သူ့နောက်တွင်
ထျန်ရှင်းနှင့်ကျန်သုံးဦးပါလာလေသည်။
အတိုချုပ်ပြောရရင် ယူရှောင်းမိုကအထူးစည်းမျဉ်း
ကို စိန်ခေါ် မယ်လို့ကြားတော့
ရှောင်ယောင်တက္ကသိုလ်မှာ
ကြည့်ရှူသူတွေကိုတားမြစ်ထားတဲ့
စည်းမျဉ်းမျိုးမရှိတာကြောင့် အပျင်းပြေကြည့်ရန်
လာကြခြင်းဖြစ်လေသည်။
ယူရှောင်းမိုကတော့ ပြောင်ပြောင်တင်းတင်းပင်
လင်းရှောင်ကိုဆွဲခေါ် လာသည်။
"ယူရှောင်းဟာ နင့်မှာအထူးစည်းမျဉ်းကို
စိန်ခေါ် ရဲတဲ့သတ္တိရှိနေမယ်လို့မထင်ခဲ့ဘူး"
ထျန်ရှင်းကတော့ ထုံးစံအတိုင်းပေါ့ပေါ့ပါးပါး
ပင်၊ "ငါသိသလောက် ပင်မဆောင်ကို
တည်ထောင်တဲ့နေ့ကတည်းက စိန်ခေါ် ပွဲကို
အောင်တဲ့သူ တစ်ရာမကျော်ဘူး၊ နောက်ပြီး
ပထမဆုံးအကြိမ်မှာအောင်နိုင်တဲ့သူက
ဆယ်ယောက်တောင်မပြည့်ဘူးတဲ့"
"ဆယ်ယောက်မပြည့်ဘူးဆိုတာက
အောင်မြင်သွားတဲ့သူ အချို့ရှိနေသေးတယ်လို့
ဆိုလိုတာပဲလေ၊ ငါ့မှာလည်းအခွင့်အရေးတစ်ခု
ရှိပါသေးတယ်" ယူရှောင်းမို သိပ်မခံစားနေဘဲ
ပြန်ပြောလိုက်သည်။
"နင်က ဝူရှင်းကောထက်ပိုစွမ်းတယ်ဆိုတိုင်း
အောင်လိမ့်မယ်မထင်နဲ့။ အရင်က
အောင်မြင်ခဲ့တဲ့စိန်ခေါ် သူတိုင်းက နင့်ထက်
အဆင့်မြင့်ကြတာသိရဲ့လား?"
ထျန်ရှင်းက တမင်သက်သက်သူ့ကိုထေ့ငေါ့
လေသည်။
"စောင့်ကြည့်နေပါ"
"နင်အရှက်ကွဲတာ စောင့်ကြည့်နေမယ်"
အထူးစည်းမျဉ်းပြိုင်ပွဲကိုကျင်းပရာနေရာသည်
ပင်မဆောင် အထပ် ၇၀ တွင်ဖြစ်၏။
သူတို့ရောက်တဲ့အချိန်တွင် လူတွေစုပြီးနေကြပြီ
ဖြစ်သည်။
အထဲဝင်သွားတဲ့အခါ ယူရှောင်းမို သူ့ပေါ်
ရောက်လာတဲ့အကြည့်တွေကို ခံစားလိုက်မိသည်၊
စူးစမ်းလေ့လာနေသူတွေ၊ ခွဲခြမ်းစိတ်ဖြာနေသူ
တွေ၊ စပ်စုနေတဲ့သူတွေ စသဖြင့်ပေါ့…
သူတို့တစ်ဦးချင်းစီက မျက်နှာစိမ်းလူစိမ်းတွေ
ဖြစ်ကြပေမယ့် အရမ်းသန်မာကြတာကို
သူခံစားမိသည်။
"သူတို့က အထပ် ၈၀ နဲ့အထက်ကပုဂ္ဂိုလ်တွေပဲ၊
တစ်ယောက်ယောက်က အထူးစည်းမျဉ်းကို
စိန်ခေါ် ချင်နေတယ်ဆိုတဲ့ ကောလဟလကြောင့်
လာကြည့်ကြတာ"
ချောင်ဝူရှင်းက ဘေးနားကပ်ပြီးရှင်းပြလာသည်။
ယူရှောင်းမို ဆွံအသွားသည်၊ သန်မာနေတာ
အံ့ဩစရာမရှိတော့ပေ၊ ဆိုတော့ သူတို့က
အထပ်မြင့်တွေဆီကဆင်းလာကြတာပေါ့။
ရှောင်ယောင်တက္ကသိုလ်က တကယ်ပဲ
နာမည်နဲ့ထိုက်တန်ပါပေတယ်၊ ဒီနေရာမှာ
ဝပ်နေတဲ့ကျားတွေ၊ ပုန်းလျှိုးနေတဲ့နဂါးတွေ
အပြည့်ပဲ…
ပြိုင်ပွဲစရန်အချိန်မရောက်သေးသည်မို့
ဆရာရောက်မလာသေးပေ။
ကျုံးယဲ့တို့လည်း ရောက်လာကြသည်၊
ယူရှောင်းမို မတွေ့တာကြာပြီဖြစ်သည့် အန်းချောင်ကိုပင်မြင်လိုက်ရသည်။
ကွာခြားချက်ကတော့ အန်းချောင်ကသူ့ကို
အငြှိုးနဲ့မကြည့်တော့ဘဲတည်တည်ငြိမ်ငြိမ်ပဲ
ကြည့်လာပြီးနောက် ခေါင်းငုံ့သွားလေသည်။
ထျန်ရှင်း သူကြည့်နေတာကိုသတိထားမိလိုက်ကာ
ခပ်ညစ်ညစ်ပြုံးလိုက်၏၊
"နင်သိလား အန်းချောင်ရဲ့ဆရာပြန်ရောက်လာပြီ၊
သူ့ဆရာက အကျိုးကြောင်းဆီလျော်တဲ့လူပဲ၊
အန်းချောင်က သူ့စရိုက်နဲ့ရန်သူတွေအများကြီး
လုပ်ထားတာကိုကြားတော့ သူ့ဆရာက
ချက်ချင်းပဲဆုံးမလိုက်တယ်လေ၊
အခုတော့ မြေးလေးတစ်ယောက်လိုလိမ္မာနေရော"
"ထျန်ရှင်း စကားကိုကြည့်ပြော၊
သူကြားရင် ထပ်အပြစ်ရှာနေဦးမယ်"
ချောင်ဝူရှင်းက လှည့်ကြည့်လာပြီးအပြစ်တင်
လိုက်၏။
ထျန်ရှင်းက လျှာထုတ်ပြလေသည်၊ "သိပါပြီ!"
မှာဝင်ထိုင်ပြီးသည့်
နောက်တွင်ပင် အကြည့်များကမပျောက်ကွယ်
သွားချေ၊ အချို့က တီးတိုးတီးတိုးပင်ပြောလာကြ
၏။
မိနစ်အနည်းငယ်ကြာပြီးနောက်တွင် ဆရာနှင့်
ဒိုင်လူကြီး ရောက်လာတော့သည်။
_________________