Unicode
အပိုင်း၅၀၅- စွမ်းအင်ကျောက်တုံးတစ်ရာ
အကြီးအကဲဖန်း သူတို့နဲ့ပြန်တွေ့တဲ့အချိန်
ယူရှောင်းမိုက လူငယ်လေးနဲ့အရောင်းအဝယ်
ကိစ္စလုပ်ပြီးနှင့်နေပြီဖြစ်သည်။
အဆင့်ဆယ့်တစ်ရှိသည့်အသက်သလင်းတစ်ခု
လဲလှယ်ခြင်းအပြင် သူ့ဆိုင်ကထိပ်ဆုံးသုံးခု
ဖြစ်သည့် အဆင့်တစ်ဆယ်အသက်သလင်း
များကို အဆင့်တစ်ဆယ်မှော်ဆေးလုံးသုံးလုံးနှင့်
လဲခဲ့သေးသည်။ သူသုံးခဲ့တာ
တစ်ကြိမ်တည်းနဲ့ မှော်ဆေးလုံး
ရှစ်လုံးရှိနေပြီဖြစ်၏။
လူငယ်လေးရောင်းနေတဲ့
အသက်သလင်းကျောက်တွေရဲ့အဆင့်နဲ့ဆို
ဒုတိယထပ်ကိုသွားလို့ရနေပြီဖြစ်သည်၊
ဒါပေမယ့် သွားလိုတဲ့ဆန္ဒမရှိတာကြောင့်
ပထမထပ်မှာဆိုင်ခင်းထားခြင်းဖြစ်လေသည်။
ယူရှောင်းမိုမလာခင်တုန်းက သူ့ဆိုင်ကို
မျက်စိကျသူအများအပြားရှိခဲ့ပေမယ့်
အများစုမှာ သူ့ဆက်ဆံပုံနဲ့မြင့်မားလှတဲ့
ဈေးနှုန်းကြောင့် လန့်ပြီးပြေးသွားကြခြင်း
ဖြစ်သည်။
ယူရှောင်းမိုလည်း အဆင့်တစ်ဆယ်အထက်ရှိတဲ့
သလင်းကျောက်တွေများ ရှိခဲ့လို့ရှိရင်
သူ့ဆီရောင်းပေးဖို့စဉ်းစားပေးလို့ရတယ်ဟု
ထွက်မလာခင်ပြောခဲ့သည်။
အဲ့ဒီ့နောက် သူ့လိပ်စာနဲ့နာမည်
ပေးခဲ့လိုက်ပြီး လျှောက်ထွက်လာခဲ့တော့သည်။
လူငယ်လေး သူ့နေရာမှာရပ်ကျန်နေခဲ့တယ်။
ဖောဖောသီသီဈေးဝယ်တဲ့လူမျိုးကို
သူကြုံဖူးတာ ဒါပထမဆုံးပဲ ၊ နောက်ပြီး
ဝယ်တဲ့ဟာက ရှားပါးတဲ့အဆင့်မြင့်မှော်ဆေးလုံး
တွေ။ သူ့ဆီကရတဲ့ခံစားချက်က
သူ့မှာမှော်ဆေးလုံးမပြတ်သလိုမျိုး ၊
သူ့ကိုယ်ပိုင်မှော်ဆေးလုံးတွေလိုမျိုး ဒါမှမဟုတ်
နောက်တစ်ခါ သူနဲ့ထပ်ပြီးအရောင်းအဝယ်
လုပ်လို့ရသေးတဲ့ပုံမျိုးပဲ။
ကျုံထျန်းဈေးရောင်းပွဲတော်ရဲ့ ဒုတိယအထပ်ဟာ
ပိတ်ထားတဲ့နေရာတစ်ခုဖြစ်သည်။
ဝင်ပေါက်ထွက်ပေါက်ကို လျှို့ဝှက်နေရာတစ်ခုမှာ
တပ်ဆင်ထားပြီး အကြီးအကဲဖန်းက
လမ်းပြပေးလို့သာမဟုတ်ရင် ဒီအပေါက်တွေကို
ရှာနေရတာကိုက အချိန်ကုန်လူပင်ပန်းဖြစ်
စေမည်ပင်။
အကြီးအကဲဖန်းက
အထွတ်အထိပ်ဧကရာဇ်ဆင့်
အစောင့်နှစ်ယောက်ကို
နှုတ်ဆက်ပြီးတဲ့နောက်
သူတို့နှစ်ယောက်ကို အထဲခေါ် သွားသည်။
အထူးတလည်ပြုလုပ်ထားတဲ့ သူ့ကတ်ကို
နံရံမှာပွတ်ဆွဲလိုက်ပြီး တစ်ခါဝင်ရင်တစ်ယောက်
ပဲဆံ့တဲ့ အပေါက်တစ်ခု သူ့တို့ရှေ့မှာ
ရုတ်တရက်ပေါ် လာသည်။
အထဲဝင်သွားချင်းချင်းမှာ ဖိနှိပ်ခံရသလို
အာရုံတစ်ခုရိုက်ခတ်လာ၏။
သူတို့လာတာနောက်ကျမနေပေမယ့်
အထဲမှာ လူတွေအများကြီးရောက်နေပြီဖြစ်ပြီး
သူတို့ဆီကနေ အထင်ကြီးဖို့ကောင်းတဲ့ဖိအားတစ်ခု
ယူရှောင်းမိုရနေတယ်။
"ဒီနေရာက ဈေးရောင်းပွဲတော်ကျင်းပတဲ့
နေရာပဲ မင်းတို့နှစ်ယောက်ဝယ်ချင်တာ
များရှိရင် သွားကြည့်ကြည့်လို့ရပါတယ်
ဒီအဖိုးကြီးကတော့ အရင်သွားနှင့်ပါမယ်"
အကြီးအကဲဖန်းက လူတွေစုပြုံနေတဲ့နေရာကို
လက်ညိုးထိုးပြလိုက်တယ်။
ကျုံထျန်းဈေးရောင်းပွဲတော်ရဲ့ အရောင်းအဝယ်
စနစ်က သံသရာမျှော်စင်နဲ့အတူတူပဲ။
အကုန်လုံးက ရောင်းတဲ့လူပြောထားတဲ့အတိုင်းပဲ၊
သူတို့လိုအပ်တာပေါ် အခြေခံပြီး
လူတိုင်းကကိုယ်ကြိုက်သလို ဈေးတပ်နိုင်ပြီး
ဈေးအမြင့်ဆုံးပေးတဲ့သူက အနိုင်ရမှာဖြစ်တယ်။ဂ
အကြီးအကဲဖန်းညွှန်ခဲ့တဲ့နေရာက
ပစ္စည်းတွေအကုန်လုံးကို ခင်းကျင်းထားတဲ့
နေရာဖြစ်၏။ ထိုနေရာအနီးတစ်ဝိုက်မှာ
လူတွေစုပြုံနေတာကြောင့် ပစ္စည်းတွေကို
မမြင်ရခြင်းဖြစ်သည်။
သူတို့နှစ်ယောက် အဲ့နေရာကိုလျှောက်သွား
လိုက်တော့ ပစ္စည်းတွေက အပြင်မှာရှာလို့မရတဲ့
ဟာတွေဖြစ်နေတာတွေ့လိုက်ရတယ်။
ပြထားတဲ့စင်ပေါ် မှာ ပြတဲ့သေတ္တာအရှည်ကြီး
သုံးခုပဲရှိတယ်။ ပစ္စည်းတွေကိုလှလှပပ
တင်ထားပြီး ပြတဲ့သေတ္တာတစ်ခုချင်းစီရဲ့
ဘေးမှာရှိနေတဲ့ ထုတ်မပြသေးတဲ့
ပစ္စည်းတွေကလွဲရင် ကျန်တဲ့ဟာတွေအားလုံးကို
အနိမ့်ဈေးတစ်ခုသတ်မှတ်ထားပေးပြီးသား
ဖြစ်သည်။ ပစ္စည်းတစ်ခုတိုင်းမှာ လေလံဆွဲတဲ့သူ
အနည်းငယ်မျှသာရှိပြီး ပစ္စည်းတွေဘေးက
လျော့နေတဲ့ကတ်အရေအတွက်ကို
ကြည့်ရင်သိနိုင်သည်။
ပထမဆုံးသေတ္တာရဲ့အစွန်နားကို ယူရှောင်းမို
လျှောက်သွားတယ်။ နောက်ဆုံးပစ္စည်းကို
ရိုးရိုးမျက်စိနဲ့ပဲနေနေ တစ်ခြားနည်းတစ်မျိုးနဲ့
နေနေ ခိုးကြည့်လို့မရနိုင်တဲ့ထူးခြားပစ္စည်း
တစ်ခုနဲ့လုပ်ထားတဲ့ အဝတ်နက်တစ်ထည်ဖြင့်
ဖုံးထားသည်။
သူတို့နှစ်ယောက် တစ်ပတ်ပတ်ကြည့်လိုက်ပြီး
ယူရှောင်းမိုသက်ပြင်းချလိုက်ရတယ်။
ဒီကပစ္စည်းတစ်ခုချင်းစီရဲ့ဈေးနှုန်းကို
စွမ်းအင်ကျောက်တုံးနဲ့တိုင်းမယ်ဆိုရင်
အနိမ့်ဆုံးက စွမ်းအင်ကျောက်တုံးသန်းတစ်ရာ
နီးနီးရှိတယ်။ သူတို့ကသာနာမည်ကျော်တွေ
ဖြစ်နေခဲ့ရင် ကျုံထျန်းဈေးရောင်းပွဲတော်ရဲ့
အနိမ့်ဆုံးအကန့်အသတ်က
မြင့်လွန်းနေရတဲ့ အကြောင်းရင်းနဲ့
သူတို့နဲ့မသိတဲ့သူတွေကိုထောက်ခံမပေးတဲ့
အကြောင်းအရင်းက အံ့ဩစရာတော့မရှိဘူး။
"ဘယ်လိုလဲ" လင်းရှောင် မေးလိုက်တယ်။
ယူရှောင်းမို လက်ချောင်းလေးထောင်ပြီး
တွက်ကြည့်လိုက်သည်၊
"တစ္ဆေမှော်ဆေးပင်နဲ့ ယုဇနမှော်ဆေးပင်က
သံသရာဆေးလုံးမှာလိုတဲ့ပစ္စည်းတွေဆိုတာတော့
မှန်တယ် ၊ ဒါပေမယ့် လေလံဆွဲတဲ့သူတွေ
အများကြီးရှိနေတယ် ၊ အောင်မြင်နိုင်မယ့်
အခွင့်အရေးက မမြင့်ဘူး"
သူသာ သက်တန့်ဆင့်မှော်ဆရာဖြစ်နေရင်
အကုန်လုံးအဆင်ပြေနေမှာ။
"အရင်ဆုံး လျှောက်ကြည့်ကြတာပေါ့"
မှော်ဆေးလုံးကိုအကဲဖြတ်တဲ့နေရာမှာ
လူတိုင်းမှာ ကိုယ်ပိုင်အမြင်တွေရှိကြသည်၊
ယူရှောင်းမို တစ္ဆေမှော်ဆေးပင်နဲ့ ယုဇနမှော်ဆေးပင်
ကိုတန်ဖိုးထားသလိုပေါ့။ အကုန်လုံးက
အဆင့်ဆယ့်တစ်အထက်မှာရှိတဲ့
မှော်ဆေးပင်တွေဆိုတော့ အရည်အသွေးက
အလယ်လတ်ကနေ အမြင့်ဆုံးထိရောက်နိုင်သည်။
လူတစ်ချို့က စွမ်းအင်ကျောက်တုံးသန်းနှစ်ဆယ်
တန်တယ်လို့ ယုံကြတယ်၊ တစ်ချို့ကတော့
စွမ်းအင်ကျောက်တုံးသန်းသုံးဆယ်လောက်
တန်နိုင်တယ်လို့ယုံကြတယ်။ ဒါ့ကြောင့်
ဒီမှော်ဆေးပင်တွေကို လိုချင်လို့ရှိရင်
ကပ်စီးကုတ်နေလို့မရဘူး။
သို့ပေမယ့် ကျုံထျန်းဈေးရောင်းပွဲတော်မှာ
ဆင်နွှဲနိုင်တဲ့လူတွေထဲမှာ မချမ်းသာဘူးဆိုတဲ့သူ
တစ်ယောက်မှမပါတာကြောင့်
ငါတတ်နိုင်သလောက်လုပ်မယ်ဆိုလို့မှ မဟုတ်ရင်
အမြင့်ဆုံးဈေးကိုတိုင်းကြည့်နိုင်ဖို့ ခက်သည်။
သူတို့နှစ်ယောက် တစ္ဆေမှော်ဆေးပင်ရှေ့လျှောက်
သွားလိုက်တယ်။ ကတ်ငါးကတ်ပဲကျန်တော့
တာကြောင့် သူတို့ရှေ့မှာဈေးပေးထားတဲ့လူ
ငါးယောက်ရှိနေပြီဟု ဆိုလိုသည်။
ကံဆိုးစွာနဲ့ သူတို့ရောက်လာတာနောက်ကျ
သွားတာကြောင့် ဘယ်သူဘယ်ဝါက
လေလံပြိုင်ဆွဲထားလဲဆိုတာ မသိနိုင်တော့ပေ။
လိုအပ်ချက်အများစုက မှော်ဆေးလုံးတွေနဲ့
သက်ဆိုင်နေတာကြောင့်
တစ္ဆေမှော်ဆေးပင်ပိုင်ရှင်က တိုက်ခိုက်သူတစ်ဦး
ဖြစ်နိုင်ပြီး ဧကရာဇ်အဆင့်မှာပဲရှိနေနိုင်သည်။
အဆင့်ဆယ့်တစ်တစ္ဆေမှော်ဆေးပင်တစ်ပင်ကို
အဆင့်တစ်ဆယ်မှော်ဆေးလုံးတစ်လုံးနဲ့
လဲနိုင်သည်၊ ဒါပေမယ့် ဒါကဈေးကွက်ထဲက
ဈေးမျှသာဖြစ်သည်။ လူအများစုကတော့
ဒီလိုပုံတွေးကြမှာပဲ ၊ ဒါ့ကြောင့် ဈေးကို
ဘယ်လိုမြှင့်မလဲဆိုတာနဲ့
ငွေအလုံးအရင်းနဲ့သုံးမလားဆိုတာ သူတို့နဲ့ပဲ
ဆိုင်တယ်။
ယူရှောင်းမို ဝေခွဲရခက်နေပြီးမျက်ခုံးတွန့်လိုက်
တယ်။ သူ့ဘေးမှာရပ်နေတဲ့လင်းရှောင်ကို
ကြည့်လိုက်ပြီး၊ "ခင်ဗျားအကြံကရော"
လင်းရှောင်- "မှော်ဆေးလုံးနှစ်လုံးနဲ့လေလံဆွဲလိုက်"
မှော်ဆေးလုံးနှစ်လုံးလေလံဆွဲသည်က
တစ္ဆေမှော်ဆေးပင်၏တန်ဖိုးကို ကျော်လွန်နေပြီ
ဖြစ်သော်လည်း အနိုင်ရဖို့သေချာစေရန်
တစ်ခြားရွေးချယ်စရာမရှိပေ။ သို့ပေမယ့်
သူတို့ဒီလိုလုပ်နိုင်ရင် သူတို့လိုလုပ်နိုင်တဲ့
တစ်ခြားတစ်ယောက်လည်းရှိနေနိုင်တာပဲ။
ယူရှောင်းမို နည်းနည်းပါးပါးတွေးကြည့်လိုက်ပြီး
မှော်ဆေးလုံးနှစ်လုံးအပြင် အခြားတစ်ခုလည်း
ထပ်ထည့်လိုက်တယ်။
ယုဇနမှော်ဆေးပင်အတွက်လည်း ဒီနည်းပဲ
သုံးလိုက်တယ်။ ဒီနည်းလမ်းကမှ မလုံလောက်
သေးရင် ဖူချန်ချုံးကိုသတင်းပို့ပြီး
သူ့ဘာသာသူဖြေရှင်းခိုင်းရတော့မှာပဲ။
သူဘာနည်းလမ်းသုံးမလဲဆိုတာကတော့
ယူရှောင်းမိုအပူမပါပေ။
ဒီတာဝန်နှစ်ခုကို ပြီးမြောက်အောင်လုပ်ပြီး
တဲ့နောက် အချိန်သုံးပုံတစ်ပုံလောက်
ကုန်သွားပြီဖြစ်သည်။
ခဏကြာတဲ့အခါ ပန်းရောင်ရဲရဲဂါဝန်ရှည်ဝတ်ထား
တဲ့ မစ္စစ်ချန်လို့အမည်ရတဲ့
ကျုံထျန်းဈေးရောင်းပွဲတော်ရဲ့တာဝန်ခံ
ရောက်လာတော့တယ်။ သူမရဲ့မိတ်ကပ်က
ညက်ညောပြီးလှပကာ အမှုန်လေးတစ်မှုန်ရယ်လို့
တောင်မရှိပေ။ နတ်ဒေဝါဆင့်ကျွမ်းကျင်သူ
တစ်ဦး၏ဖိအားတစ်ခု သူမထံကနေထွက်ပေါ်
နေပြီး အခြားသူများကိုကြည်ညိုလေးစား
စိတ်ဖြစ်ပေါ် စေသည်။
ထိုအခိုက်၌ အဝတ်နက်နဲ့ဖုံးထားဆဲဖြစ်သည့်
ပစ္စည်းသုံးမျိုးမှအပ အခြားပစ္စည်းများမှာ
လေလံဆွဲချိန်ကုန်သွားပြီဖြစ်၏။ နောက်ဆုံး
ကျန်သည့်အလုပ်မှာ လေလံအမြင့်ဆုံးဆွဲခဲ့သည့်
လူများကို ကြေညာရန်ဖြစ်သည်။
မျှမျှတတဖြစ်စေရန်အတွက် ပစ္စည်းတိုင်းကို
မစ္စစ်ချန်ကိုယ်တိုင်ကြေညာပေးမည်
ဖြစ်လေသည်။ ကံကောင်းစွာနဲ့ ပစ္စည်းက
သိပ်မများသည်မို့ မကြာခင်မှာပဲ
ယူရှောင်းမိုရဲ့တစ္ဆေမှော်ဆေးပင်
နဲ့ ယုဇနမှော်ဆေးပင်အတွက် အချိန်ရောက်လို့
လာသည်။
"ဟုန်လောင်က အဆင့်တစ်ဆယ်အဆင့်မြင့်
မှော်ဆေးလုံးတစ်လုံးနဲ့ အဆင့်ကိုးမှော်ဆေးလုံး
တစ်လုံးလေလံဆွဲထားပါတယ် ၊
စီနီယာအရာရှိကျန်းက အဆင့်တစ်ဆယ်အဆင့်မြင့်
မှော်ဆေးလုံးတစ်လုံးနဲ့ စွမ်းအင်ကျောက်တုံး
ငါးသန်းပေးထားပါတယ်.......
ယွင်ရှောင်က အဆင့်တစ်ဆယ်အဆင့်မြင့်
မှော်ဆေးလုံးနှစ်လုံးလေလံဆွဲထားပါတယ်....."
ဒါပြောပြီးတဲ့နောက် မစ္စစ်ချန်ကရုတ်တရက်
ရပ်သွားပြီး ဖြေးဖြေးချင်းပြောလိုက်သည်၊
"အခု တစ္ဆေမှော်ဆေးပင်ရဲ့အနိုင်ရရှိသူကို
ကြေညာပေးပါမယ် ၊ ယူရှောင်းဟာ...."
(t/n; ဒီမှာလေ မှော်ဆေးလုံးတွေမှာ
အဆင့်တစ် ၊ နှစ် ၊ သုံး...... စသဖြင့်
ရှိတယ်မလား၊ အဲ့အဆင့်တွေထဲမှာမှ
အရည်အသွေးကို
အနိမ့်ဆင့်ရယ် အလယ်လတ်ဆင့်ရယ် ၊
အမြင့်ဆင့်ရယ်ဆိုပြီးရှိတာပါ၊ ဥပမာ
အဆင့်တစ်ဆယ်အနိမ့်ဆင့် ၊ အဆင့်တစ်ဆယ်
အလယ်လတ်ဆင့်စသဖြင့်ပေါ့ ၊ နားလည်ကြလား
မသိဘူး 😅)
"နေပါဦး!"
ထိုအခိုက်တွင် ဖျတ်လတ်ပြီးအေးစက်သည့်
အသံတစ်သံထွက်လာ၏။
စကားဖြတ်ပြောခံလိုက်ရတော့ မစ္စစ်ချန်က
မျက်မှောင်ကြုံ့သွားပြီး ပြောလိုက်တဲ့သူကို
လှမ်းကြည့်လိုက်တယ်။
လူတိုင်းလည်း လှမ်းကြည့်လိုက်ပြီး
အဲ့တာက ပထမတန်းစားရုပ်ရည်နဲ့
ဝတ်ရုံအပြာရောင်ဝတ်ထားတဲ့ယောက်ျားတစ်ဦး
ဖြစ်နေတာတွေ့လိုက်ရသည်။ ထိုလူက
လက်ထဲတွင် ခေါက်ယပ်တောင်တစ်ချောင်း
ကိုင်ထားပြီး သူ့နောက်၌တရားထိုင်နေသည့်
ဘုန်းကြီးကဲ့သို့အသွင်ရှိသည့် ဆံပင်ဖြူနဲ့
တစ်ဦး ဆံပင်နက်နဲ့တစ်ဦး အဖိုးကြီးနှစ်ဦး
ရပ်နေကြသည်။ သူတို့ကိုတွေ့တော့
အဖြူနဲ့အနက်နှစ်ယောက်တွဲသူငယ်ချင်းတွေနဲ့
တော်တော်တူတာပဲလို့ ယူရှောင်းမိုခံစားလိုက်
ရတယ်။ ထိုလူ့မျက်နှာက ရလဒ်နဲ့ပတ်သက်ပြီး
မကျေနပ်တဲ့ပုံနဲ့ စိတ်မကြည်သာမှုကို
ထင်ရှားစွာဖော်ပြနေသည်။ လူတိုင်းရဲ့အကြည့်က
သူ့ဆီရောက်နေတာမြင်တော့ လူအုပ်ထဲကနေ
ထွက်လာပြီး အဖိုးကြီးနှစ်ဦးကထပ်ကြပ်မကွာ
လိုက်ပါလာကြ၏။
(အဖြူအနက်အတွဲသူငယ်ချင်းက
ဝတ္ထုတစ်ပုဒ်ထဲကပါ၊ နှစ်ယောက်ရဲ့ပုံပန်း
သွင်ပြင်ကလုံးဝမတူဘူး)
"ဒီကသခင်လေးက ဘာပြဿနာများ
ရှိလို့ပါလဲ" ချန်ဟယ့်က ထူးမခြားနားစွာ
မေးလိုက်သည်။
အပြာဝတ်လူက နွေးထွေးစွာပြုံးလိုက်၏။
ချန်ဟယ့်ကို နူးညံ့စွာကြည့်လိုက်ကာ
"ကျွန်တော်က ယွင်ရှောင်ပါ၊
လေလံအမြင့်ဆုံးသူက အဆင့်တစ်ဆယ်
အဆင့်မြင့်မှော်ဆေးလုံးနှစ်လုံး လေလံဆွဲထား
တဲ့ကျွန်တော်မဟုတ်ဘဲ ဘာလို့တစ်ခြားတစ်ယောက်
ဖြစ်နေတာလဲဆိုတာပဲ သိချင်မိတာပါ"
အဲ့ဒီအချိန် လူတိုင်းက အလင်းရောင်ကို
ရုတ်ခြည်းမြင်လိုက်ရသလိုအမူအရာမျိုး
ဖြစ်သွားသည်။
အဆင့်ဆယ့်တစ်တစ္ဆေမှော်ဆေးပင်တစ်ပင်
အတွက် အဆင့်တစ်ဆယ်အဆင့်မြင့်
မှော်ဆေးလုံးနှစ်လုံးလဲလှယ်တာ ၊
ဒီလူက ချမ်းသာပြီးမာနကြီးတဲ့လူစားမျိုး
ဖြစ်တယ်ဆိုတာ ထင်ရှားနေတယ်၊
ဒါတောင်မှ တစ်ခြားတစ်ယောက်ဆီမှာ
ရှုံးသွားခဲ့တယ်။ သူ့စိတ်ထဲအခဲမကြေ
ဖြစ်နေတာ မဆန်းတော့ဘူး။
"ဘာလို့လဲဆိုတော့ ယူရှောင်းဟာရဲ့ဈေးက
သခင်လေးယွင်ထက် နည်းနည်းပိုမြင့်နေလို့ပါ"
ချန်ဟယ့်က နည်းနည်းလေးမှအံ့အားသင့်
သွားပုံမပေါ် ပေ။
"နည်းနည်းပိုမြင့်တယ်?"
"ဟုတ်ပါတယ် ၊ သူ့ဈေးကအဆင့်တစ်ဆယ်
အဆင့်မြင့်မှော်ဆေးလုံးနှစ်လုံးနဲ့
စွမ်းအင်ကျောက်တုံးတစ်ရာပါ"
'စွမ်းအင်ကျောက်တုံး' ဆိုတာ ပြောပြီးတဲ့အခါ
ချန်ဟယ့်ရဲ့လှပတဲ့မျက်နှာမှာ အပြုံးသဲ့သဲ့
ပေါ် လာသည်။ သူမ ကျုံထျန်းဈေးရောင်းပွဲတော်
မှာတာဝန်ခံလုပ်လာတာ နှစ်ပေါင်းများစွာ
ရှိပြီဖြစ်ပေမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့
လူတစ်ယောက်ကိုကြုံဖူးတာ ဒါပထမဆုံး
ဖြစ်သည်။ သိပ်ကိုအခွင့်ကောင်းမြင်တတ်တာပဲ၊
စွမ်းအင်ကျောက်တုံးတစ်ရာကိုသာ
ထပ်တိုးလေလံမဆွဲခဲ့ရင် သူတို့နှစ်ဖက်
ဆက်ပြီးလေလံပြိုင်ဆွဲနေရလောက်တယ်။
ယွင်ရှောင် ကြောင်အသွားတယ်။
စွမ်းအင်ကျောက်တုံးတစ်ရာမှာ ရှုံးနိမ့်သွားရ
တာပေါ့လေ?
ဒီဗျူဟာက အလုပ်ဖြစ်မယ်လို့ ယူရှောင်းမို
မထင်ထားမိတာကြောင့် အံ့ဩဝမ်းသာ
ဖြစ်သွားရတယ်။ အကယ်လို့အခြေအနေက
ဒီလိုသာဆက်ဖြစ်မယ်ဆိုရင် ယုဇနမှော်ဆေးပင်
လည်း သူ့အပိုင်ဖြစ်လာမှာပဲ။
ဟုတ်တော့နေပြီ ၊ ထိုယွင်ရှောင်လည်း
ယုဇနမှော်ဆေးပင်ကိုလေလံဆွဲထားသေး၏။
သူက အဆင့်မြင့်မှော်ဆေးလုံးနှစ်လုံးပဲ
လေလံဆွဲထားတာဖြစ်သည်၊ ဒါပေမယ့်
ယူရှောင်းမိုကတော့ စွမ်းအင်ကျောက်တုံးတစ်ရာ
အပိုထပ်ထည့်ထားပြန်သည်။ တစ္ဆေမှော်ဆေး
ပင်ရော ယုဇနမှော်ဆေးပင်ရော
သူ့အိပ်ကပ်ထဲ အေးအေးဆေးဆေးဝင်သွား
လေတော့သည်။
ဆက်တိုက်ဆိုသလို ဒုတိယနေရာဆီအတွန်းချ
ခံလိုက်ရပြီးနောက် ယွင်ရှောင်ရဲ့အမူအရာမှာ
အကြည်းတန်နေတော့၏။ ယူရှောင်းမိုကို
မကောင်းတဲ့စိတ်တွေပြည့်နေတဲ့မျက်လုံးတွေနဲ့
ကြည့်နေပြီး သူ့နောက်က အဖိုးကြီးနှစ်ယောက်
ကတောင် အားမရှိတဲ့မျက်လုံးတွေ
ဖွင့်လာကြသည်။ သူတို့မျက်ဆံထဲကနေ
အေးစက်စက်အလင်းတစ်ခုထွက်နေပုံပေါက်ပြီး
တစ်ချက်ကြည့်ရုံနဲ့ အနီးနားကလူတွေကို
ဖိနှိပ်နိုင်လေသည်။
ယူရှောင်းမို သတိမထားမိဘူး။ မှော်ဆေးပင်
နှစ်ပင်ရဖို့ မှော်ဆေးလုံးလေးလုံးသုံးလိုက်ရတဲ့
အပေါ် သူနည်းနည်းလေးမှ မခံစားရဘူး။
ဘယ်လိုပဲနေနေ နောက်ဆုံးကျရင်
ပိုက်ဆံပေးမယ့်လူက သူ့ဒုတိယရှစ်ရှုန်းရဲ့
ဒုတိယဆရာ ဖူချန်ချုံးလေ၊ ဒါ့အပြင်ကို
ထပ်ဆောင်းလျော်ကြေးတောင်ရဦးမှာ။
ဒါပေမယ့် လင်းရှောင်ကတော့ သတိထားမိတယ်၊
သူ့ရဲ့ပျင်းရိပျင်းတွဲအကြည့်က အဖိုးကြီး
နှစ်ယောက်ဆီ ရောက်သွားပုံရသည်။
သူ့မျက်ဝန်းထဲ၌ သတိပေးမှုတစ်ခုသိုဝှက်ထား
ပြီး တစ်ခဏချင်းမှာပင် သူတို့စိတ်ထဲတွင်
ကြောက်ရွံ့မှုတစ်ခုဖြတ်ပြေးသွား၏။
ချက်ချင်းဆိုသလို အကြည့်လွှဲသွားကြ
လေသည်။
အဖိုးကြီးနှစ်ယောက်ထဲက တစ်ယောက်က
ဒေါသပေါက်ကွဲလာတော့မယ့် ယွင်ရှောင်ကို
ချက်ချင်းဘေးနားဆွဲခေါ် လိုက်ကာ
နားနားတိုးတိုးကပ်ပြောလိုက်သည်။
ယွင်ရှောင်ရဲ့ အံ့အားသင့်နေတဲ့အကြည့်က
လင်းရှောင်ဆီရောက်လာ၏၊ ပြိုင်ဖက်က
သူ့ဘေးနားမှာကျွမ်းကျင်သူတစ်ယောက်
ရှိနေမယ်လို့ သူမထင်ထားခဲ့ဘူး၊
အဆုံးမှာတော့ မကျေနပ်တာကိုခဏတာ
ထိန်းချုပ်ထားဖို့ကလွဲ၍ ရွေးစရာမရှိတော့ပေ။
ထိုအခိုက်တွင် ချန်ဟယ့်က နောက်ဆုံးပစ္စည်း
သုံးခုကိုထုတ်လာခိုင်းထားနှင့်ပြီးဖြစ်၏။
ကျုံထျန်းဈေးရောင်းပွဲတော်၏ ပွဲအဆုံးပစ္စည်း
ဖြစ်နိုင်တဲ့တစ်စုံတစ်ရာမှာ တစ္ဆေမှော်ဆေးပင်
လိုအရာမျိုးနှင့် အဆင့်မတူနိုင်ပေ။ ဈေးရောင်း
ပွဲတော်ကို တင်းတင်းကြပ်ကြပ်ဖုံးကွယ်ထား
သည်ဖြစ်ရာ အလျင်သတိထားမိသူဟူ၍
များများစားစားမရှိချေ။
လူတိုင်းလည်ဆန့် သွားပြီး
အဝတ်နက်အောက်ကပစ္စည်းတွေပေါ်
အကြည့်ရောက်သွားကြသည်။
_____________________
Zawgyi
အပိုင္း၅၀၅- စြမ္းအင္ေက်ာက္တံုးတစ္ရာ
အႀကီးအကဲဖန္း သူတို႔နဲ႔ျပန္ေတြ့တဲ့အခ်ိန္
ယူေရွာင္းမိုက လူငယ္ေလးနဲ႔အေရာင္းအဝယ္
ကိစၥလုပ္ၿပီးႏွင့္ေနၿပီျဖစ္သည္။
အဆင့္ဆယ့္တစ္ရိွသၫ့္အသက္သလင္းတစ္ခု
လဲလွယ္ျခင္းအျပင္ သူ႔ဆိုင္ကထိပ္ဆံုးသံုးခု
ျဖစ္သၫ့္ အဆင့္တစ္ဆယ္အသက္သလင္း
မ်ားကို အဆင့္တစ္ဆယ္ေမွာ္ေဆးလံုးသံုးလံုးႏွင့္
လဲခဲ့ေသးသည္။ သူသံုးခဲ့တာ
တစ္ႀကိမ္တည္းနဲ႔ ေမွာ္ေဆးလံုး
ရွစ္လံုးရိွေနၿပီျဖစ္၏။
လူငယ္ေလးေရာင္းေနတဲ့
အသက္သလင္းေက်ာက္ေတြရဲ့အဆင့္နဲ႔ဆို
ဒုတိယထပ္ကိုသြားလို႔ရေနၿပီျဖစ္သည္၊
ဒါေပမယ့္ သြားလိုတဲ့ဆႏၵမရိွတာေၾကာင့္
ပထမထပ္မွာဆိုင္ခင္းထားျခင္းျဖစ္ေလသည္။
ယူေရွာင္းမိုမလာခင္တုန္းက သူ႔ဆိုင္ကို
မ်က္စိက်သူအမ်ားအျပားရိွခဲ့ေပမယ့္
အမ်ားစုမွာ သူ႔ဆက္ဆံပံုနဲ႔ျမင့္မားလွတဲ့
ေဈးႏႈန္းေၾကာင့္ လန႔္ၿပီးေျပးသြားၾကျခင္း
ျဖစ္သည္။
ယူေရွာင္းမိုလည္း အဆင့္တစ္ဆယ္အထက္ရိွတဲ့
သလင္းေက်ာက္ေတြမ်ား ရိွခဲ့လို႔ရိွရင္
သူ႔ဆီေရာင္းေပးဖို႔စဉ္းစားေပးလို႔ရတယ္ဟု
ထြက္မလာခင္ေျပာခဲ့သည္။
အဲ့ဒီ့ေနာက္ သူ႔လိပ္စာနဲ႔နာမည္
ေပးခဲ့လိုက္ၿပီး ေလ်ွာက္ထြက္လာခဲ့ေတာ့သည္။
လူငယ္ေလး သူ႔ေနရာမွာရပ္က်န္ေနခဲ့တယ္။
ေဖာေဖာသီသီေဈးဝယ္တဲ့လူမ်ိဳးကို
သူႄကံုဖူးတာ ဒါပထမဆံုးပဲ ၊ ေနာက္ၿပီး
ဝယ္တဲ့ဟာက ရွားပါးတဲ့အဆင့္ျမင့္ေမွာ္ေဆးလံုး
ေတြ။ သူ႔ဆီကရတဲ့ခံစားခ်က္က
သူ႔မွာေမွာ္ေဆးလံုးမျပတ္သလိုမ်ိဳး ၊
သူ႔ကိုယ္ပိုင္ေမွာ္ေဆးလံုးေတြလိုမ်ိဳး ဒါမွမဟုတ္
ေနာက္တစ္ခါ သူနဲ႔ထပ္ၿပီးအေရာင္းအဝယ္
လုပ္လို႔ရေသးတဲ့ပံုမ်ိဳးပဲ။
က်ဳံထ်န္းေဈးေရာင္းပဲြေတာ္ရဲ့ ဒုတိယအထပ္ဟာ
ပိတ္ထားတဲ့ေနရာတစ္ခုျဖစ္သည္။
ဝင္ေပါက္ထြက္ေပါက္ကို လ်ိႈ႔ဝွက္ေနရာတစ္ခုမွာ
တပ္ဆင္ထားၿပီး အႀကီးအကဲဖန္းက
လမ္းျပေပးလို႔သာမဟုတ္ရင္ ဒီအေပါက္ေတြကို
ရွာေနရတာကိုက အခ်ိန္ကုန္လူပင္ပန္းျဖစ္
ေစမည္ပင္။
အႀကီးအကဲဖန္းက
အထြတ္အထိပ္ဧကရာဇ္ဆင့္
အေစာင့္ႏွစ္ေယာက္ကို
ႏႈတ္ဆက္ၿပီးတဲ့ေနာက္
သူတို႔ႏွစ္ေယာက္ကို အထဲေခၚ သြားသည္။
အထူးတလည္ျပဳလုပ္ထားတဲ့ သူ႔ကတ္ကို
နံရံမွာပြတ္ဆဲြလိုက္ၿပီး တစ္ခါဝင္ရင္တစ္ေယာက္
ပဲဆံ့တဲ့ အေပါက္တစ္ခု သူ႔တို႔ေရ႔ွမွာ
ရုတ္တရက္ေပၚ လာသည္။
အထဲဝင္သြားခ်င္းခ်င္းမွာ ဖိႏိွပ္ခံရသလို
အာရံုတစ္ခုရိုက္ခတ္လာ၏။
သူတို႔လာတာေနာက္က်မေနေပမယ့္
အထဲမွာ လူေတြအမ်ားႀကီးေရာက္ေနၿပီျဖစ္ၿပီး
သူတို႔ဆီကေန အထင္ႀကီးဖို႔ေကာင္းတဲ့ဖိအားတစ္ခု
ယူေရွာင္းမိုရေနတယ္။
"ဒီေနရာက ေဈးေရာင္းပဲြေတာ္က်င္းပတဲ့
ေနရာပဲ မင္းတို႔ႏွစ္ေယာက္ဝယ္ခ်င္တာ
မ်ားရိွရင္ သြားၾကၫ့္ၾကၫ့္လို႔ရပါတယ္
ဒီအဖိုးႀကီးကေတာ့ အရင္သြားႏွင့္ပါမယ္"
အႀကီးအကဲဖန္းက လူေတြစုႃပံုေနတဲ့ေနရာကို
လက္ညိုးထိုးျပလိုက္တယ္။
က်ဳံထ်န္းေဈးေရာင္းပဲြေတာ္ရဲ့ အေရာင္းအဝယ္
စနစ္က သံသရာေမ်ွာ္စင္နဲ႔အတူတူပဲ။
အကုန္လံုးက ေရာင္းတဲ့လူေျပာထားတဲ့အတိုင္းပဲ၊
သူတို႔လိုအပ္တာေပၚ အေျခခံၿပီး
လူတိုင္းကကိုယ္ႀကိဳက္သလို ေဈးတပ္ႏိုင္ၿပီး
ေဈးအျမင့္ဆံုးေပးတဲ့သူက အႏိုင္ရမွာျဖစ္တယ္။ဂ
အႀကီးအကဲဖန္းၫႊန္ခဲ့တဲ့ေနရာက
ပစၥည္းေတြအကုန္လံုးကို ခင္းက်င္းထားတဲ့
ေနရာျဖစ္၏။ ထိုေနရာအနီးတစ္ဝိုက္မွာ
လူေတြစုႃပံုေနတာေၾကာင့္ ပစၥည္းေတြကို
မျမင္ရျခင္းျဖစ္သည္။
သူတို႔ႏွစ္ေယာက္ အဲ့ေနရာကိုေလ်ွာက္သြား
လိုက္ေတာ့ ပစၥည္းေတြက အျပင္မွာရွာလို႔မရတဲ့
ဟာေတျြဖစ္ေနတာေတြ့လိုက္ရတယ္။
ျပထားတဲ့စင္ေပၚ မွာ ျပတဲ့ေသတၲာအရွည္ႀကီး
သံုးခုပဲရိွတယ္။ ပစၥည္းေတြကိုလွလွပပ
တင္ထားၿပီး ျပတဲ့ေသတၲာတစ္ခုခ်င္းစီရဲ့
ေဘးမွာရိွေနတဲ့ ထုတ္မျပေသးတဲ့
ပစၥည္းေတြကလဲြရင္ က်န္တဲ့ဟာေတြအားလံုးကို
အနိမ့္ေဈးတစ္ခုသတ္မွတ္ထားေပးၿပီးသား
ျဖစ္သည္။ ပစၥည္းတစ္ခုတိုင္းမွာ ေလလံဆဲြတဲ့သူ
အနည္းငယ္မ်ွသာရိွၿပီး ပစၥည္းေတြေဘးက
ေလ်ာ့ေနတဲ့ကတ္အေရအတြက္ကို
ၾကၫ့္ရင္သိႏိုင္သည္။
ပထမဆံုးေသတၲာရဲ့အစြန္နားကို ယူေရွာင္းမို
ေလ်ွာက္သြားတယ္။ ေနာက္ဆံုးပစၥည္းကို
ရိုးရိုးမ်က္စိနဲ႔ပဲေနေန တစ္ျခားနည္းတစ္မ်ိဳးနဲ႔
ေနေန ခိုးၾကၫ့္လို႔မရႏိုင္တဲ့ထူးျခားပစၥည္း
တစ္ခုနဲ႔လုပ္ထားတဲ့ အဝတ္နက္တစ္ထည္ျဖင့္
ဖံုးထားသည္။
သူတို႔ႏွစ္ေယာက္ တစ္ပတ္ပတ္ၾကၫ့္လိုက္ၿပီး
ယူေရွာင္းမိုသက္ျပင္းခ်လိုက္ရတယ္။
ဒီကပစၥည္းတစ္ခုခ်င္းစီရဲ့ေဈးႏႈန္းကို
စြမ္းအင္ေက်ာက္တံုးနဲ႔တိုင္းမယ္ဆိုရင္
အနိမ့္ဆံုးက စြမ္းအင္ေက်ာက္တံုးသန္းတစ္ရာ
နီးနီးရိွတယ္။ သူတို႔ကသာနာမည္ေက်ာ္ေတြ
ျဖစ္ေနခဲ့ရင္ က်ဳံထ်န္းေဈးေရာင္းပဲြေတာ္ရဲ့
အနိမ့္ဆံုးအကန႔္အသတ္က
ျမင့္လြန္းေနရတဲ့ အေၾကာင္းရင္းနဲ႔
သူတို႔နဲ႔မသိတဲ့သူေတြကိုေထာက္ခံမေပးတဲ့
အေၾကာင္းအရင္းက အံ့ဩစရာေတာ့မရိွဘူး။
"ဘယ္လိုလဲ" လင္းေရွာင္ ေမးလိုက္တယ္။
ယူေရွာင္းမို လက္ေခ်ာင္းေလးေထာင္ၿပီး
တြက္ၾကၫ့္လိုက္သည္၊
"တစၧေမွာ္ေဆးပင္နဲ႔ ယုဇနေမွာ္ေဆးပင္က
သံသရာေဆးလံုးမွာလိုတဲ့ပစၥည္းေတြဆိုတာေတာ့
မွန္တယ္ ၊ ဒါေပမယ့္ ေလလံဆဲြတဲ့သူေတြ
အမ်ားႀကီးရိွေနတယ္ ၊ ေအာင္ျမင္ႏိုင္မယ့္
အခြင့္အေရးက မျမင့္ဘူး"
သူသာ သက္တန႔္ဆင့္ေမွာ္ဆရာျဖစ္ေနရင္
အကုန္လံုးအဆင္ေျပေနမွာ။
"အရင္ဆံုး ေလ်ွာက္ၾကၫ့္ၾကတာေပါ့"
ေမွာ္ေဆးလံုးကိုအကဲျဖတ္တဲ့ေနရာမွာ
လူတိုင္းမွာ ကိုယ္ပိုင္အျမင္ေတြရိွၾကသည္၊
ယူေရွာင္းမို တစၧေမွာ္ေဆးပင္နဲ႔ ယုဇနေမွာ္ေဆးပင္
ကိုတန္ဖိုးထားသလိုေပါ့။ အကုန္လံုးက
အဆင့္ဆယ့္တစ္အထက္မွာရိွတဲ့
ေမွာ္ေဆးပင္ေတြဆိုေတာ့ အရည္အေသြးက
အလယ္လတ္ကေန အျမင့္ဆံုးထိေရာက္ႏိုင္သည္။
လူတစ္ခ်ိဳ႕က စြမ္းအင္ေက်ာက္တံုးသန္းႏွစ္ဆယ္
တန္တယ္လို႔ ယံုၾကတယ္၊ တစ္ခ်ိဳ႕ကေတာ့
စြမ္းအင္ေက်ာက္တံုးသန္းသံုးဆယ္ေလာက္
တန္ႏိုင္တယ္လို႔ယံုၾကတယ္။ ဒါ့ေၾကာင့္
ဒီေမွာ္ေဆးပင္ေတြကို လိုခ်င္လို႔ရိွရင္
ကပ္စီးကုတ္ေနလို႔မရဘူး။
သို႔ေပမယ့္ က်ဳံထ်န္းေဈးေရာင္းပဲြေတာ္မွာ
ဆင္ႏႊဲႏိုင္တဲ့လူေတြထဲမွာ မခ်မ္းသာဘူးဆိုတဲ့သူ
တစ္ေယာက္မွမပါတာေၾကာင့္
ငါတတ္ႏိုင္သေလာက္လုပ္မယ္ဆိုလို႔မွ မဟုတ္ရင္
အျမင့္ဆံုးေဈးကိုတိုင္းၾကၫ့္ႏိုင္ဖို႔ ခက္သည္။
သူတို႔ႏွစ္ေယာက္ တစၧေမွာ္ေဆးပင္ေရ႔ွေလ်ွာက္
သြားလိုက္တယ္။ ကတ္ငါးကတ္ပဲက်န္ေတာ့
တာေၾကာင့္ သူတို႔ေရ႔ွမွာေဈးေပးထားတဲ့လူ
ငါးေယာက္ရိွေနၿပီဟု ဆိုလိုသည္။
ကံဆိုးစြာနဲ႔ သူတို႔ေရာက္လာတာေနာက္က်
သြားတာေၾကာင့္ ဘယ္သူဘယ္ဝါက
ေလလံၿပိဳင္ဆဲြထားလဲဆိုတာ မသိႏိုင္ေတာ့ေပ။
လိုအပ္ခ်က္အမ်ားစုက ေမွာ္ေဆးလံုးေတြနဲ႔
သက္ဆိုင္ေနတာေၾကာင့္
တစၧေမွာ္ေဆးပင္ပိုင္ရွင္က တိုက္ခိုက္သူတစ္ဦး
ျဖစ္ႏိုင္ၿပီး ဧကရာဇ္အဆင့္မွာပဲရိွေနႏိုင္သည္။
အဆင့္ဆယ့္တစ္တစၧေမွာ္ေဆးပင္တစ္ပင္ကို
အဆင့္တစ္ဆယ္ေမွာ္ေဆးလံုးတစ္လံုးနဲ႔
လဲႏိုင္သည္၊ ဒါေပမယ့္ ဒါကေဈးကြက္ထဲက
ေဈးမ်ွသာျဖစ္သည္။ လူအမ်ားစုကေတာ့
ဒီလိုပံုေတြးၾကမွာပဲ ၊ ဒါ့ေၾကာင့္ ေဈးကို
ဘယ္လိုၿမွင့္မလဲဆိုတာနဲ႔
ေငြအလံုးအရင္းနဲ႔သံုးမလားဆိုတာ သူတို႔နဲ႔ပဲ
ဆိုင္တယ္။
ယူေရွာင္းမို ေဝခဲြရခက္ေနၿပီးမ်က္ခံုးတြန႔္လိုက္
တယ္။ သူ႔ေဘးမွာရပ္ေနတဲ့လင္းေရွာင္ကို
ၾကၫ့္လိုက္ၿပီး၊ "ခင္ဗ်ားအႀကံကေရာ"
လင္းေရွာင္- "ေမွာ္ေဆးလံုးႏွစ္လံုးနဲ႔ေလလံဆဲြလိုက္"
ေမွာ္ေဆးလံုးႏွစ္လံုးေလလံဆဲြသည္က
တစၧေမွာ္ေဆးပင္၏တန္ဖိုးကို ေက်ာ္လြန္ေနၿပီ
ျဖစ္ေသာ္လည္း အႏိုင္ရဖို႔ေသခ်ာေစရန္
တစ္ျခားေရြးခ်ယ္စရာမရိွေပ။ သို႔ေပမယ့္
သူတို႔ဒီလိုလုပ္ႏိုင္ရင္ သူတို႔လိုလုပ္ႏိုင္တဲ့
တစ္ျခားတစ္ေယာက္လည္းရိွေနႏိုင္တာပဲ။
ယူေရွာင္းမို နည္းနည္းပါးပါးေတြးၾကၫ့္လိုက္ၿပီး
ေမွာ္ေဆးလံုးႏွစ္လံုးအျပင္ အျခားတစ္ခုလည္း
ထပ္ထၫ့္လိုက္တယ္။
ယုဇနေမွာ္ေဆးပင္အတြက္လည္း ဒီနည္းပဲ
သံုးလိုက္တယ္။ ဒီနည္းလမ္းကမွ မလံုေလာက္
ေသးရင္ ဖူခ်န္ခ်ဳံးကိုသတင္းပို႔ၿပီး
သူ႔ဘာသာသူေျဖရွင္းခိုင္းရေတာ့မွာပဲ။
သူဘာနည္းလမ္းသံုးမလဲဆိုတာကေတာ့
ယူေရွာင္းမိုအပူမပါေပ။
ဒီတာဝန္ႏွစ္ခုကို ၿပီးေျမာက္ေအာင္လုပ္ၿပီး
တဲ့ေနာက္ အခ်ိန္သံုးပံုတစ္ပံုေလာက္
ကုန္သြားၿပီျဖစ္သည္။
ခဏၾကာတဲ့အခါ ပန္းေရာင္ရဲရဲဂါဝန္ရွည္ဝတ္ထား
တဲ့ မစၥစ္ခ်န္လို႔အမည္ရတဲ့
က်ဳံထ်န္းေဈးေရာင္းပဲြေတာ္ရဲ့တာဝန္ခံ
ေရာက္လာေတာ့တယ္။ သူမရဲ့မိတ္ကပ္က
ညက္ေညာၿပီးလွပကာ အမႈန္ေလးတစ္မႈန္ရယ္လို႔
ေတာင္မရိွေပ။ နတ္ေဒဝါဆင့္ကၽြမ္းက်င္သူ
တစ္ဦး၏ဖိအားတစ္ခု သူမထံကေနထြက္ေပၚ
ေနၿပီး အျခားသူမ်ားကိုၾကည္ညိုေလးစား
စိတ္ျဖစ္ေပၚ ေစသည္။
ထိုအခိုက္၌ အဝတ္နက္နဲ႔ဖံုးထားဆဲျဖစ္သၫ့္
ပစၥည္းသံုးမ်ိဳးမွအပ အျခားပစၥည္းမ်ားမွာ
ေလလံဆဲြခ်ိန္ကုန္သြားၿပီျဖစ္၏။ ေနာက္ဆံုး
က်န္သၫ့္အလုပ္မွာ ေလလံအျမင့္ဆံုးဆဲြခဲ့သၫ့္
လူမ်ားကို ေၾကညာရန္ျဖစ္သည္။
မ်ွမ်ွတတျဖစ္ေစရန္အတြက္ ပစၥည္းတိုင္းကို
မစၥစ္ခ်န္ကိုယ္တိုင္ေၾကညာေပးမည္
ျဖစ္ေလသည္။ ကံေကာင္းစြာနဲ႔ ပစၥည္းက
သိပ္မမ်ားသည္မို႔ မၾကာခင္မွာပဲ
ယူေရွာင္းမိုရဲ့တစၧေမွာ္ေဆးပင္
နဲ႔ ယုဇနေမွာ္ေဆးပင္အတြက္ အခ်ိန္ေရာက္လို႔
လာသည္။
"ဟုန္ေလာင္က အဆင့္တစ္ဆယ္အဆင့္ျမင့္
ေမွာ္ေဆးလံုးတစ္လံုးနဲ႔ အဆင့္ကိုးေမွာ္ေဆးလံုး
တစ္လံုးေလလံဆဲြထားပါတယ္ ၊
စီနီယာအရာရိွက်န္းက အဆင့္တစ္ဆယ္အဆင့္ျမင့္
ေမွာ္ေဆးလံုးတစ္လံုးနဲ႔ စြမ္းအင္ေက်ာက္တံုး
ငါးသန္းေပးထားပါတယ္.......
ယြင္ေရွာင္က အဆင့္တစ္ဆယ္အဆင့္ျမင့္
ေမွာ္ေဆးလံုးႏွစ္လံုးေလလံဆဲြထားပါတယ္....."
ဒါေျပာၿပီးတဲ့ေနာက္ မစၥစ္ခ်န္ကရုတ္တရက္
ရပ္သြားၿပီး ေျဖးေျဖးခ်င္းေျပာလိုက္သည္၊
"အခု တစၧေမွာ္ေဆးပင္ရဲ့အႏိုင္ရရိွသူကို
ေၾကညာေပးပါမယ္ ၊ ယူေရွာင္းဟာ...."
(t/n; ဒီမွာေလ ေမွာ္ေဆးလံုးေတြမွာ
အဆင့္တစ္ ၊ ႏွစ္ ၊ သံုး...... စသျဖင့္
ရိွတယ္မလား၊ အဲ့အဆင့္ေတြထဲမွာမွ
အရည္အေသြးကို
အနိမ့္ဆင့္ရယ္ အလယ္လတ္ဆင့္ရယ္ ၊
အျမင့္ဆင့္ရယ္ဆိုၿပီးရိွတာပါ၊ ဥပမာ
အဆင့္တစ္ဆယ္အနိမ့္ဆင့္ ၊ အဆင့္တစ္ဆယ္
အလယ္လတ္ဆင့္စသျဖင့္ေပါ့ ၊ နားလည္ၾကလား
မသိဘူး 😅)
"ေနပါဦး!"
ထိုအခိုက္တြင္ ဖ်တ္လတ္ၿပီးေအးစက္သၫ့္
အသံတစ္သံထြက္လာ၏။
စကားျဖတ္ေျပာခံလိုက္ရေတာ့ မစၥစ္ခ်န္က
မ်က္ေမွာင္ႄကံု႔သြားၿပီး ေျပာလိုက္တဲ့သူကို
လွမ္းၾကၫ့္လိုက္တယ္။
လူတိုင္းလည္း လွမ္းၾကၫ့္လိုက္ၿပီး
အဲ့တာက ပထမတန္းစားရုပ္ရည္နဲ႔
ဝတ္ရံုအျပာေရာင္ဝတ္ထားတဲ့ေယာက္်ားတစ္ဦး
ျဖစ္ေနတာေတြ့လိုက္ရသည္။ ထိုလူက
လက္ထဲတြင္ ေခါက္ယပ္ေတာင္တစ္ေခ်ာင္း
ကိုင္ထားၿပီး သူ႔ေနာက္၌တရားထိုင္ေနသၫ့္
ဘုန္းႀကီးကဲ့သို႔အသြင္ရိွသၫ့္ ဆံပင္ျဖဴနဲ႔
တစ္ဦး ဆံပင္နက္နဲ႔တစ္ဦး အဖိုးႀကီးႏွစ္ဦး
ရပ္ေနၾကသည္။ သူတို႔ကိုေတြ့ေတာ့
အျဖဴနဲ႔အနက္ႏွစ္ေယာက္တဲြသူငယ္ခ်င္းေတြနဲ႔
ေတာ္ေတာ္တူတာပဲလို႔ ယူေရွာင္းမိုခံစားလိုက္
ရတယ္။ ထိုလူ႔မ်က္ႏွာက ရလဒ္နဲ႔ပတ္သက္ၿပီး
မေက်နပ္တဲ့ပံုနဲ႔ စိတ္မၾကည္သာမႈကို
ထင္ရွားစြာေဖာ္ျပေနသည္။ လူတိုင္းရဲ့အၾကၫ့္က
သူ႔ဆီေရာက္ေနတာျမင္ေတာ့ လူအုပ္ထဲကေန
ထြက္လာၿပီး အဖိုးႀကီးႏွစ္ဦးကထပ္ၾကပ္မကြာ
လိုက္ပါလာၾက၏။
(အျဖဴအနက္အတဲြသူငယ္ခ်င္းက
ဝတၴုတစ္ပုဒ္ထဲကပါ၊ ႏွစ္ေယာက္ရဲ့ပံုပန္း
သြင္ျပင္ကလံုးဝမတူဘူး)
"ဒီကသခင္ေလးက ဘာျပႆနာမ်ား
ရိွလို႔ပါလဲ" ခ်န္ဟယ့္က ထူးမျခားနားစြာ
ေမးလိုက္သည္။
အျပာဝတ္လူက ေနြးေထြးစြာႃပံုးလိုက္၏။
ခ်န္ဟယ့္ကို ႏူးညံ့စြာၾကၫ့္လိုက္ကာ
"ကၽြန္ေတာ္က ယြင္ေရွာင္ပါ၊
ေလလံအျမင့္ဆံုးသူက အဆင့္တစ္ဆယ္
အဆင့္ျမင့္ေမွာ္ေဆးလံုးႏွစ္လံုး ေလလံဆဲြထား
တဲ့ကၽြန္ေတာ္မဟုတ္ဘဲ ဘာလို႔တစ္ျခားတစ္ေယာက္
ျဖစ္ေနတာလဲဆိုတာပဲ သိခ်င္မိတာပါ"
အဲ့ဒီအခ်ိန္ လူတိုင္းက အလင္းေရာင္ကို
ရုတ္ျခည္းျမင္လိုက္ရသလိုအမူအရာမ်ိဳး
ျဖစ္သြားသည္။
အဆင့္ဆယ့္တစ္တစၧေမွာ္ေဆးပင္တစ္ပင္
အတြက္ အဆင့္တစ္ဆယ္အဆင့္ျမင့္
ေမွာ္ေဆးလံုးႏွစ္လံုးလဲလွယ္တာ ၊
ဒီလူက ခ်မ္းသာၿပီးမာနႀကီးတဲ့လူစားမ်ိဳး
ျဖစ္တယ္ဆိုတာ ထင္ရွားေနတယ္၊
ဒါေတာင္မွ တစ္ျခားတစ္ေယာက္ဆီမွာ
ရႈံးသြားခဲ့တယ္။ သူ႔စိတ္ထဲအခဲမေၾက
ျဖစ္ေနတာ မဆန္းေတာ့ဘူး။
"ဘာလို႔လဲဆိုေတာ့ ယူေရွာင္းဟာရဲ့ေဈးက
သခင္ေလးယြင္ထက္ နည္းနည္းပိုျမင့္ေနလို႔ပါ"
ခ်န္ဟယ့္က နည္းနည္းေလးမွအံ့အားသင့္
သြားပံုမေပၚ ေပ။
"နည္းနည္းပိုျမင့္တယ္?"
"ဟုတ္ပါတယ္ ၊ သူ႔ေဈးကအဆင့္တစ္ဆယ္
အဆင့္ျမင့္ေမွာ္ေဆးလံုးႏွစ္လံုးနဲ႔
စြမ္းအင္ေက်ာက္တံုးတစ္ရာပါ"
'စြမ္းအင္ေက်ာက္တံုး' ဆိုတာ ေျပာၿပီးတဲ့အခါ
ခ်န္ဟယ့္ရဲ့လွပတဲ့မ်က္ႏွာမွာ အႃပံုးသဲ့သဲ့
ေပၚ လာသည္။ သူမ က်ဳံထ်န္းေဈးေရာင္းပဲြေတာ္
မွာတာဝန္ခံလုပ္လာတာ ႏွစ္ေပါင္းမ်ားစြာ
ရိွၿပီျဖစ္ေပမယ့္ စိတ္ဝင္စားဖို႔ေကာင္းတဲ့
လူတစ္ေယာက္ကိုႄကံုဖူးတာ ဒါပထမဆံုး
ျဖစ္သည္။ သိပ္ကိုအခြင့္ေကာင္းျမင္တတ္တာပဲ၊
စြမ္းအင္ေက်ာက္တံုးတစ္ရာကိုသာ
ထပ္တိုးေလလံမဆဲြခဲ့ရင္ သူတို႔ႏွစ္ဖက္
ဆက္ၿပီးေလလံၿပိဳင္ဆဲြေနရေလာက္တယ္။
ယြင္ေရွာင္ ေၾကာင္အသြားတယ္။
စြမ္းအင္ေက်ာက္တံုးတစ္ရာမွာ ရႈံးနိမ့္သြားရ
တာေပါ့ေလ?
ဒီဗ်ူဟာက အလုပ္ျဖစ္မယ္လို႔ ယူေရွာင္းမို
မထင္ထားမိတာေၾကာင့္ အံ့ဩဝမ္းသာ
ျဖစ္သြားရတယ္။ အကယ္လို႔အေျခအေနက
ဒီလိုသာဆက္ျဖစ္မယ္ဆိုရင္ ယုဇနေမွာ္ေဆးပင္
လည္း သူ႔အပိုင္ျဖစ္လာမွာပဲ။
ဟုတ္ေတာ့ေနၿပီ ၊ ထိုယြင္ေရွာင္လည္း
ယုဇနေမွာ္ေဆးပင္ကိုေလလံဆဲြထားေသး၏။
သူက အဆင့္ျမင့္ေမွာ္ေဆးလံုးႏွစ္လံုးပဲ
ေလလံဆဲြထားတာျဖစ္သည္၊ ဒါေပမယ့္
ယူေရွာင္းမိုကေတာ့ စြမ္းအင္ေက်ာက္တံုးတစ္ရာ
အပိုထပ္ထၫ့္ထားျပန္သည္။ တစၧေမွာ္ေဆး
ပင္ေရာ ယုဇနေမွာ္ေဆးပင္ေရာ
သူ႔အိပ္ကပ္ထဲ ေအးေအးေဆးေဆးဝင္သြား
ေလေတာ့သည္။
ဆက္တိုက္ဆိုသလို ဒုတိယေနရာဆီအတြန္းခ်
ခံလိုက္ရၿပီးေနာက္ ယြင္ေရွာင္ရဲ့အမူအရာမွာ
အၾကည္းတန္ေနေတာ့၏။ ယူေရွာင္းမိုကို
မေကာင္းတဲ့စိတ္ေတျြပၫ့္ေနတဲ့မ်က္လံုးေတြနဲ႔
ၾကၫ့္ေနၿပီး သူ႔ေနာက္က အဖိုးႀကီးႏွစ္ေယာက္
ကေတာင္ အားမရိွတဲ့မ်က္လံုးေတြ
ဖြင့္လာၾကသည္။ သူတို႔မ်က္ဆံထဲကေန
ေအးစက္စက္အလင္းတစ္ခုထြက္ေနပံုေပါက္ၿပီး
တစ္ခ်က္ၾကၫ့္ရံုနဲ႔ အနီးနားကလူေတြကို
ဖိႏိွပ္ႏိုင္ေလသည္။
ယူေရွာင္းမို သတိမထားမိဘူး။ ေမွာ္ေဆးပင္
ႏွစ္ပင္ရဖို႔ ေမွာ္ေဆးလံုးေလးလံုးသံုးလိုက္ရတဲ့
အေပၚ သူနည္းနည္းေလးမွ မခံစားရဘူး။
ဘယ္လိုပဲေနေန ေနာက္ဆံုးက်ရင္
ပိုက္ဆံေပးမယ့္လူက သူ႔ဒုတိယရွစ္ရႈန္းရဲ့
ဒုတိယဆရာ ဖူခ်န္ခ်ဳံးေလ၊ ဒါ့အျပင္ကို
ထပ္ေဆာင္းေလ်ာ္ေၾကးေတာင္ရဦးမွာ။
ဒါေပမယ့္ လင္းေရွာင္ကေတာ့ သတိထားမိတယ္၊
သူ႔ရဲ့ပ်င္းရိပ်င္းတဲြအၾကၫ့္က အဖိုးႀကီး
ႏွစ္ေယာက္ဆီ ေရာက္သြားပံုရသည္။
သူ႔မ်က္ဝန္းထဲ၌ သတိေပးမႈတစ္ခုသိုဝွက္ထား
ၿပီး တစ္ခဏခ်င္းမွာပင္ သူတို႔စိတ္ထဲတြင္
ေၾကာက္ရြံ႔မႈတစ္ခုျဖတ္ေျပးသြား၏။
ခ်က္ခ်င္းဆိုသလို အၾကၫ့္လႊဲသြားၾက
ေလသည္။
အဖိုးႀကီးႏွစ္ေယာက္ထဲက တစ္ေယာက္က
ေဒါသေပါက္ကဲြလာေတာ့မယ့္ ယြင္ေရွာင္ကို
ခ်က္ခ်င္းေဘးနားဆဲြေခၚ လိုက္ကာ
နားနားတိုးတိုးကပ္ေျပာလိုက္သည္။
ယြင္ေရွာင္ရဲ့ အံ့အားသင့္ေနတဲ့အၾကၫ့္က
လင္းေရွာင္ဆီေရာက္လာ၏၊ ၿပိဳင္ဖက္က
သူ႔ေဘးနားမွာကၽြမ္းက်င္သူတစ္ေယာက္
ရိွေနမယ္လို႔ သူမထင္ထားခဲ့ဘူး၊
အဆံုးမွာေတာ့ မေက်နပ္တာကိုခဏတာ
ထိန္းခ်ဳပ္ထားဖို႔ကလဲြ၍ ေရြးစရာမရိွေတာ့ေပ။
ထိုအခိုက္တြင္ ခ်န္ဟယ့္က ေနာက္ဆံုးပစၥည္း
သံုးခုကိုထုတ္လာခိုင္းထားႏွင့္ၿပီးျဖစ္၏။
က်ဳံထ်န္းေဈးေရာင္းပဲြေတာ္၏ ပဲြအဆံုးပစၥည္း
ျဖစ္ႏိုင္တဲ့တစ္စံုတစ္ရာမွာ တစၧေမွာ္ေဆးပင္
လိုအရာမ်ိဳးႏွင့္ အဆင့္မတူႏိုင္ေပ။ ေဈးေရာင္း
ပဲြေတာ္ကို တင္းတင္းၾကပ္ၾကပ္ဖံုးကြယ္ထား
သည္ျဖစ္ရာ အလ်င္သတိထားမိသူဟူ၍
မ်ားမ်ားစားစားမရိွေခ်။
လူတိုင္းလည္ဆန႔္ သြားၿပီး
အဝတ္နက္ေအာက္ကပစၥည္းေတြေပၚ
အၾကၫ့္ေရာက္သြားၾကသည္။
_____________________