Unicode
အပိုင်း၅၀၄- ကျုံထျန်းဈေးရောင်းပွဲတော်
တောင်ပိုင်းတိုက်မကြီး ၊ သွေးစွေးနီကလန်၌.....
ကျန်းလျှို့နဲ့စကားပြောပြီးခဲ့ကတည်းက
ယူကျန်ထျန်းက အခြေအနေကိုစုံစမ်းလေ့လာရန်
လူများစေလွှတ်ခဲ့သည်။ မျိုးနွယ်စုထဲမှာ
ဖြစ်ပျက်ခဲ့တာနဲ့ပြန်ပေါင်းထုပ်လိုက်သည့်အခါ
ကျန်းလျှို့ပြောခဲ့တဲ့ထဲက ကိုးဆယ်ရာခိုင်နှုန်းခန့်က
တော့ မှန်တယ်လို့ သူယုံသွားသည်။
ထိုနှစ်ယောက်က ပထမဦးစွာ ပင်မအိမ်တော်ကို
ဖောက်ဝင်ခဲ့ပြီး တားမြစ်နယ်မြေကိုဖျက်စီး ၊
အကျဉ်းသားတွေကိုလွှတ်ပေး ၊ ပင်မအိမ်တော်ကို
ပျက်စီးမှုကြီးကြီးမားမားဖြစ်စေခဲ့ပြီးနောက်
အကြောင်းအရင်းမရှိကယ်သွားခံခဲ့ရတဲ့ ဖုန်းချီယွင်၊
ပြီးတော့ ယွီရှန်းမြို့နဲ့ရှင်းလော့မြို့.........
တစ်ချက်ကြည့်ရင်တော့ တိုက်ရိုက်ဆက်စပ်မှု
အများကြီးမရှိဘူး ၊ ဒါပေမယ့် သေသေချာချာ
တွေးကြည့်ရင် ဒီအဖြစ်အပျက်တွေအားလုံးဟာ
နတ်ဘုရားဆင့်ကျင့်ကြံသူတစ်ယောက်နဲ့
ပတ်သက်နေပြီး အမြဲတမ်းလူနှစ်ယောက်
ပါနေတယ်ဆိုတာ သဘောပေါက်နိုင်ပေသည်။
ယူထျန်းနန်ဆီကနေရခဲ့တဲ့ လုံရှန်းတိုက်မကြီးက
အချက်အလက်ကို ယူကျန်ထျန်းအမှတ်ရသွားတယ်။
ယူရှောင်းမိုနဲ့လင်းရှောင် ၊ တကယ်ပဲသူတို့
ဆိုရင် နတ်ဘုရားဆင့်တိုက်ခိုက်သူက
နောက်တစ်ယောက်ဖြစ်မယ်။ သူ့အဆင့်တွေက
သတိထားစရာကောင်းတဲ့အမြန်နှုန်းနဲ့
တိုးလာခဲ့တာပဲ ၊ အကယ်၍ သူတို့ကို
လွတ်လွတ်လပ်လပ်ကြီးထွားခွင့်ပေးလိုက်ရင်
သိပ်မကြာတဲ့အနာဂတ်မှာ သွေးစွေးနီကလန်
အတွက် ဆူးငြှောင့်ခလုတ်တစ်ခုဖြစ်လာမှာ
အသေအချာပဲ။
သုတ်သင်ပစ်ရမယ်။
"ယောက်ျား" တည်ငြိမ်အေးဆေးတဲ့အသံတစ်ခု
ရုတ်တရက်ထွက်ပေါ် လာကာ ယူကျန်ထျန်းရဲ့
အတွေးစကိုပြတ်သွားစေသည်။
ယူကျန်ထျန်းလည်း သူ့ဘေးက ယင်ကတော်ကို
လှမ်းကြည့်လိုက်တယ်။ ယင်ကတော်ရော
ယင်ကောရောမှာ လှပတဲ့ငွေရောင်ဆံပင်ရှည်တွေ
ရှိတာတူပေမယ့် ယင်ကောရဲ့ဆံပင်က
ပိုမိုတောက်ပလေသည်။
(ကတော်က အမျိုးသမီး၊ မယားဖြစ်သူကို
ဆိုလိုတာပါနော်)
ယင်ကတော်မှာ လှပနုပျိုသည့်မျက်နှာရှိသည်။
သူမရဲ့ ကြော့ရှင်းရည်မွန်ပြီးမြင့်မြတ်တဲ့
ကိုယ်နှုတ်အမူအရာနဲ့ လိမ္မာပါးနပ်မှုနဲ့
ဘဝအတွေ့အကြုံတွေကိုဖော်ပြနေတဲ့မျက်ဝန်း
တွေကြောင့်သာမဟုတ်ရင် သူမရဲ့အသက်က
နှစ်တစ်သောင်းရှိနေပြီဆိုတာ မည်သူကမှ
ခန့်မှန်းမိမည်မဟုတ်ပေ။
"ကိုယ့်ဇနီးက ဘာပြောချင်လို့လဲ" ယူကျန်းထျန်းမှာ
လွန်ခဲ့သည့်နှစ်တစ်သောင်းခန့်ကနှင့်
တူစွာပင် ယင်ကတော်ကိုလေးစားလေသည်။
ယင်ကတော်က လက်စွပ်များဆင်ယင်ထားသည့်
လက်ချောင်းများကိုဆန့်လိုက်ပြီး
ထိုင်ခုံလက်ရန်းပေါ် တင်လိုက်ကာ
တည်ငြိမ်စွာပြောလိုက်သည်၊
"အစေခံကျွန်မက ယောက်ျားရဲ့အင်အားကို
ယုံကြည်တယ်၊ ရှင်သူတို့နဲ့ဖြေရှင်းလိုက်လို့
ရတယ်။ အဆင်မပြေတာရှိရင် ကျွန်မဝမ်းကွဲကို
ပြောပြီးအကူအညီတောင်းလိုက်မယ်"
ယူကျန်ထျန်းခေါင်းယမ်းလိုက်ပြီး
"အခုက သူတို့နဲ့ဖြေရှင်းဖို့အချိန်မဟုတ်သေးဘူး"
ယင်ကတော်- "ဘာလို့လဲ"
"ကိုယ့်ဇနီး.... မင်းတော့သတိထားမိမှာ
မဟုတ်ဘူး ဒါပေမယ့်......" ယူကျန်ထျန်း
ဖြေးဖြေးချင်းပြောပြလိုက်သည်။
ယင်ကတော်က တံခါးပိတ်ကျင့်ကြံနေခဲ့တာ
ဖြစ်ပြီး ထွက်လာတာလဝက်လောက်ပဲ
ရှိသေးတာကြောင့် လွန်ခဲ့တဲ့နှစ်ထဲမယ်ဘာဖြစ်ခဲ့လဲ
ဆိုတာ သူမမသိပေ။
ယူကျန်ထျန်း အဆုံးသတ်လိုက်တဲ့အခါ
ယင်ကတော်မှာအတွေးနက်နေလေသည်။
ယူကျန်ထျန်း-"သူ့နဲ့ ချီလင်မျိုးနွယ်စုနဲ့
နတ်ဆိုးဖီးနစ်မျိုးနွယ်စုရဲ့ပတ်သက်မှုကို
မသေချာသေးခင် သူတို့ကိုထိလို့မရသေးဘူး"
"ဒီကိစ္စကို ကျွန်မဆီပဲအပ်ထားလိုက်ပါ"
ယင်ကတော်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
ယူကျန်ထျန်းက မကန့်ကွက်ပေ၊
"ဒါဖြင့်ရင် မင်းကိုပဲဒုက္ခပေးရတော့မပေါ့"
အမှန်တွင် အစကတည်းကသူမရဲ့အကူအညီကို
လိုချင်ခဲ့တာဖြစ်သည်၊ သို့ပေမယ့် သူမက
ယခုမတိုင်ခင်ထိ တံခါးပိတ်ကျင့်ကြံနေခဲ့
သည်လေ။
"ဒါတွေမလိုပါဘူး"
ယင်ကတော်က လက်သည်းငါးခုရွှေနဂါးမဟုတ်
သော်ငြား ငွေနဂါးတစ်ကောင်၏ရာထူးအဆင့်
အတန်းမှာ လူတစ်ယောက်အောက်၌သာရှိပြီး
ထောင်ပေါင်းများစွာသောလူများ၏အထက်
၌ ရှိသည်။ သူမက ငွေနဂါးခေါင်းဆောင်၏
သမီးလည်းဖြစ်နေသေးသည်။ သူမရဲ့အဆင့်အတန်း
နှင့် ငယ်စဉ်ကတည်းက
ရှေးဟောင်းသားရဲမျိုးနွယ်လေးခု၏
မျိုးဆက်တူများနှင့် ပတ်သက်ဆက်ဆံဖူးခဲ့သည်။
သူမစကားတစ်ခွန်းပြောလိုက်တာနဲ့
လိုချင်တဲ့အချက်အလက်ကို သိနိုင်၏။
မျက်စိတစ်မှိတ်အတွင်းမှာ လေးရက်တာကုန်
ဆုံးသွားပြီး ယူရှောင်းမိုနဲ့ သံသရာမျှော်စင်က
အကြီးအကဲဖန်းနဲ့တွေ့ဖို့ ချိန်းထားတဲ့အချိန်
နီးကပ်လာလေသည်။
သူတို့သွားမယ့်အကြောင်းကြားတော့
ယန်ဟွေ့က လိုက်ပါမယ်လို့အတင်းလိုက်ကပ်
နေပေမယ့် ယူရှောင်းမိုငြင်းလိုက်သည်။
ကျုံထျန်းဈေးရောင်းပွဲတော်ကိုသွားတာက
သံသယဝင်ဖို့ကောင်းတဲ့အရာမဟုတ်ပေမယ့်
သံသရာဆေးလုံးအတွက် မှော်ဆေးပင်တွေရှာဖို့
လိုအပ်နေတာကိုသိတဲ့သူနည်းလေလေ
ကောင်းလေလေဖြစ်သည်။
ယန်ဟွေ့ကိုခွာထုတ်နိုင်လိုက်တာနဲ့
ယူရှောင်းမိုနဲ့လင်းရှောင် အတူတူထွက်လာခဲ့တယ်။
လမ်းပေါ် မှာလျှောက်နေရင်း သူစေ့စေ့စပ်စပ်
မတွေးကြည့်ရသေးတဲ့မေးခွန်းတစ်ခုကို
ယူရှောင်းမိုအမှတ်ရသွားပြီး လှည့်မေးလိုက်တယ်။
လင်းရှောင်က သာမန်ပဲပြန်ဖြေလိုက်သည်၊
"လက်သည်းငါးခုရွှေနဂါးရဲ့ အမွေကို
ချေဖျက်နေခဲ့တာ"
"အမွေ?"
"လက်သည်းငါးခုရွှေနဂါးရော ချီလင်ရောက
သမိုင်းကြောင်းရှည်တယ် နောက်ပြီး
ရှေးဟောင်းသားရဲမျိုးနွယ်လေးခုထဲက
တစ်ခုဖြစ်တာနဲ့အညီ နဂါးမျိုးနွယ်ကလည်း သူတို့က
အသာဆုံးအကောင်းဆုံးဖြစ်တာသေချာအောင်
ရွှေနဂါးရဲ့အမွေကို အရေးထားကြတယ်"
"ဒါဆို ခင်ဗျား ဘာအမွေရခဲ့လဲ"
"ခြေစွပ်လိုမျိုး ရှည်လျားထွေပြားနံဟောင်နေတဲ့
သမိုင်းတစ်ခုရခဲ့တယ်"
".....ဒါပဲပေါ့"
"နောက်ပြီး လျှို့ဝှက်ချက်တွေရှိသေးပေမယ့်
နားလည်ဖို့အချိန်ယူရဦးမယ်"
အဖြေက မျှော်လင့်ထားသလိုမဟုတ်ပေမယ့်
အခြေအနေကတော့ သူတို့ဘက်တွင်ရှိနေသည်။
အမွေနဲ့ဆိုလျှင် လင်းရှောင်လည်း
ရှီကျင်းကနဂါးမျိုးနွယ်ဆီကို
တမင်သက်သက်သွားကြည့်နေစရာ
မလိုတော့ပေ။
သူတို့နှစ်ယောက် သံသရာမျှော်စင်ကို
ရောက်တော့ အကြီးအကဲဖန်းကအလုပ်တွေ
ပြီးပြီဖြစ်တာကြောင့် သူတို့ကိုစောင့်နေလေသည်။
ဒီလိုနဲ့ ကျုံထျန်းဈေးရောင်းပွဲတော်ဆီ
သုံးယောက်သား ချီတက်လာခဲ့သည်။
ဈေးရောင်းပွဲတော်က မှော်ဆရာအစည်းအရုံနဲ့
သားရဲသဏ္ဍာန်ပြောင်းလဲခြင်းအဖွဲ့အစည်းတို့
ဆက်သွယ်ထားရာနယ်နိမိတ်အစွန်းမှာ
ဖြစ်သည်။ ၎င်းက စပ်တူလုပ်ငန်းဖြစ်
သည်မို့ တစ်ယောက်တစ်နှစ်ဆီအလှည့်ကျ
ထိန်းချုပ်ပြီး ဤနှစ်သည် သားရဲသဏ္ဍာန်
ပြောင်းလဲခြင်းအဖွဲ့အစည်းဖြစ်၏။
အကြီးအကဲဖန်းရဲ့ထောက်ခံပေးမှုနဲ့
ကျုံထျန်းဈေးရောင်းပွဲတော်ရဲ့ အရှေ့ဂိတ်က
အစောင့်တွေက သူတို့ကိုသိပ်ရစ်မနေဘဲ
ဝင်ခွင့်ပေးလိုက်သည်။
ကျုံထျန်းဈေးရောင်းပွဲတော်က
အထပ်နှစ်ထပ်တည်းရှိတဲ့ စေတီသဏ္ဍာန်
အဆောက်အဦကြီးဖြစ်သည်။ သို့သော်ငြား
အထပ်တိုင်းက သံသရာမျှော်စင်၏
အရွယ်အစားထက် အနဲဆုံးဆယ်ဆမျှရှိကာ
ကွင်းပြင်ကျယ်ကြီးတစ်ခုနှင့်တူသည်။
ပထမအထပ်တွင် မျက်စိရှုပ်စရာကောင်းလောက်
အောင် အမျိုးစုံလှသည့်ဈေးဆိုင်များနှင့်
ပြည့်နေ၏။
သူတို့ဦးတည်ချက်က ဒုတိယထပ်ဖြစ်သည်၊
သို့ပေမယ့် အချိန်မကျသေးတာကြောင့်
လောနေစရာမလိုပေ။
အကြီးအကဲဖန်းပြောတာတော့ သူတို့လိုချင်တာ
ရှိလားမရှိလားကြည့်ကြည့်ဖို့ ပထမအထပ်ကို
အရင်ဆုံးစစ်ကြည့်လို့ရပြီး သူကတော့
ဒုတိယထပ်မှာ လုပ်စရာအလုပ်တစ်ချို့
ရှိသေးတယ်တဲ့။
ဈေးရောင်းပွဲတော်ကို ဖိတ်ကြားခံရတဲ့လူတိုင်းက
လက်ရွေးစင်အကျော်အမော်တွေဖြစ်သည်၊
ဘယ်ပစ္စည်းမှ စွမ်းအင်ကျောက်တုံး
ငါးသန်းအောက်မရှိတာကြောင့် ထိုနေရာတွင်
ပစ္စည်းကောင်းတစ်ချို့တွေ့နိုင်တာ အသေအချာ
ပင်ဖြစ်၏။
တစ်ပတ်ပတ်ကြည့်လိုက်တော့ ယူရှောင်းမို
ကောင်းတာတစ်ချို့ရှာတွေ့တယ်။
ဒါပေမယ့်လည်း သူလိုချင်တာတစ်ခုမှ
မပါဘူး၊ သူလိုချင်တာ သက်တန့်ရောင်ဆေးလုံး
တွေအတွက် ဆေးဖော်စပ်နည်းတွေ ၊
အဆင့်ဆယ့်တစ်နဲ့ အဆင့်ဆယ့်နှစ်မှော်ဆေးပင်
မျိုးစေ့တွေဖြစ်သည်။ အဆင့်ဆယ့်တစ်
မှော်ဆေးပင်ရှိတဲ့ ဈေးဆိုင်တော့
သူတွေ့ခဲ့ပါရဲ့ ၊ ဒါပေမယ့် သူ့မှာရှိပြီးသား
ဖြစ်နေတယ်။ အဲ့တာက ဂူထဲကမဟုတ်ဘူး၊
အရင်ကတည်းကရှိနေခဲ့တာ။
သူစိတ်ပျက်နေတုန်း လင်းရှောင်က ရုတ်တရက်
သူ့မေးကိုတစ်ဖက်လှည့်ပေးလိုက်ပြီး
ပြောလာသည်၊ "အဲ့ကိုကြည့်"
ယူရှောင်းမို- "ဘာဖြစ်နေတာလဲ"
သူတော့ လူအုပ်ကြီးတစ်အုပ်ပဲမြင်တယ်၊
သို့ပေမယ့် သူပြောပြီးပြီးချင်းမှာ ထောင့်လေး
တစ်ထောင့်က မျက်စိဖမ်းစားနိုင်စွမ်းမရှိတဲ့
ဈေးဆိုင်လေးကိုမြင်လိုက်သည်။
၎င်းမှာ လူငယ်တစ်ယောက်ဖြစ်သည်၊
သူကငယ်တဲ့ပုံပေါက်နေတာကြောင့်
ကောင်းတာမရှိနိုင်ဘူးလို့ ထင်ကြလို့လားတော့မသိ၊
သူ့နေရာတွင် လူတစ်ယောက်မှရှိမနေချေ။
"စိတ်ဝင်စားဖို့ကောင်းတာတွေ ရောင်းနေတယ်
ထင်တယ်" လင်းရှောင် စိတ်ဝင်စားသွားပြီး
ပြောလိုက်တယ်။
ယူရှောင်းမို သူ့ကို ချက်ချင်းပဲဆွဲခေါ် သွား
လိုက်တော့တယ်။
ဘယ်သူကမှအာရုံမထားတာကို လူငယ်လေးက
စိတ်ပျက်အားငယ်နေပုံမပေါ် ပေ၊ သူတို့
လာနေတာမြင်တာတောင်မှ ဂရုမစိုက်သလိုပုံနဲ့
မျက်ခွံလေးပဲလှန်ကြည့်လေသည်။
ယူရှောင်းမို ဆိုင်ကိုတစ်ချက်ကြည့်လိုက်ပြီး
ဒီဟာက ထူးထူးဆန်းဆန်းဈေးရောင်းသူဆိုတာ
သိလိုက်တယ်။
သူ့ဆိုင်မှာ မှော်ဆေးလုံးမရှိ မှော်ဆေးပင်မရှိ
စွမ်းရည်နဲ့စိတ်ဝိဉာဉ်လေ့ကျင့်တဲ့ကျင့်စဉ်တွေလည်း
မရှိပေ။ လုံးဝန်းတဲ့အသက်သလင်းသာရှိသည်၊
ထိုသလင်းမှ ထုတ်လွှတ်နေသည့်သိပ်သည်းတဲ့
ဝိဉာဉ်စွမ်းအားကို ခံစားကြည့်လို့ရနိုင်ပေသည်။
လူငယ်လေးက အသက်သလင်းတွေအများကြီး
ပြမထားပေ ၊ ဆယ့်ခြောက်ခုသာရှိပြီး
အကုန်လုံးကို အရည်အသွေးကောင်းသည့်
ပုလင်းများထဲတွင် သပ်သပ်စီထည့်ထား၏။
သာမာန်မျက်စိနဲ့ဆိုရင် သူတို့နဲ့ပတ်သက်လို့
ဘာများထူးခြားနေလဲဆိုတာ ပြောရန်ခက်သည်။
"ဟိုအသက်သလင်းတွေက ဘယ်နတ်ဆိုးသားရဲ
တွေဆီကလဲ" ယူရှောင်းမို ဈေးရောင်းသူကို
ကြည့်လိုက်တယ်။
လူငယ်က သူ့ကိုအေးအေးဆေးဆေးပြန်ကြည့်
လိုက်ပြီး ၊ "တကယ်ဝယ်မှာဆိုရင်
ပြောပြမယ် ဒါပေမယ့်စပ်စုချင်ရုံသက်သက်
ဆိုရင်တော့ သွားလိုက်တော့။ လိုက်မပို့တော့ဘူး"
ယူရှောင်းမို နင်သွားတယ်၊ သူလည်းတကယ်ပဲ
စပ်စုကြည့်ရုံတင်၊ ဒါပေမယ့် အဲ့လိုဖြစ်ရတာ
ကလည်း ဒီအသက်သလင်းတွေ
ဘယ်လိုအသုံးဝင်လဲဆိုတာသူမသိသေး
တာကြောင့်ဖြစ်သည်။ မရေမရာဖြစ်ပြီး
ဝယ်ချင်ပါတယ်လို့ပြောလိုက်လို့
အသုံးမဝင်ဘူးဆိုတာ နောက်မှသိလိုက်ရရင်
သူတို့ရှုံးမှာပေါ့။
သူ့ဆိုင်မှာ ဘာလို့လူတစ်ယောက်မှရှိမနေလဲ
ဆိုတာ ယူရှောင်းမိုသဘောပေါက်သလို
ရှိသွားသည်။ အသက်သလင်းများက
နတ်ဆိုးသားရဲတစ်ကောင်၏ အရေးအကြီးဆုံး
အစိတ်အပိုင်းဖြစ်သည်၊ သုခဘုံနယ်မြေက
သူရခဲ့တဲ့ အတောင်ခြောက်ဖက်ပါနတ်ကျားလိုပဲ။
(အသက်သလင်းက သိပ်သည်းနေတဲ့
အစိုင်အခဲအဖြစ်ဖွဲ့တည်နေတဲ့ဝိဉာဉ်ပါ။
အတောင်ခြောက်ဖက်နတ်ကျားက ကျောက်တကျိုး
- ငါးယောက်မြောက်ရှစ်ရှုန်းရဲ့ ဆက်နွယ်သားရဲ
ပါ(ထျန်ရှင်းဂိုဏ်းက) အဲ့ကျားမှာ သူ့အမေရဲ့
အသက်သလင်းရှိပါတယ်)
ထိုအသက်သလင်းမှာ နတ်ကျားရဲ့စိတ်စွမ်းအား
တစ်ဝက်လောက်ပါပြီး ကျင့်ကြံသူကိုဖြစ်ဖြစ်
နတ်ဆိုးသားရဲကိုဖြစ်ဖြစ်ပေးလို့ရသည်။
နတ်ဆိုးသားရဲရဲ့အသက်သလင်းက
အဆင့်မြင့်လေလေ ကောင်းလေလေပင်၊
၎င်း၏စွမ်းအားကိုစုပ်ယူလိုက်လျှင်
ကိုယ့်အဆင့်ကိုယ်မြှင့်လို့ရပေသည်။
အသက်သလင်းရဲ့အာနိသင်က မှော်ဆေးလုံး
တစ်လုံးနဲ့ညီမျှသည်၊ သို့ပေမယ့် ၎င်းက
မှော်ဆေးလုံးထက်သာလွန်တာတစ်ချို့ရှိ၏။
ပထမတစ်ခုက အန္တရာယ်နည်းခြင်းဖြစ်သည်၊
၎င်း၏စွမ်းအားကိုစုပ်ယူနေသည့်အချိန်တွင်
ဂရုတစိုက်ရှိနေသရွေ့ ကိုယ်ပိုင်စွမ်းအားကို
မြင့်တက်စေမည်ဖြစ်သည်၊ သို့ပေမယ့်
သတိပြုစရာတစ်ချက်လည်းရှိနေ၏။
ယူရှောင်းမိုကို ဥပမာပေးရလျှင်
သူက အဆင့်တစ်ဆယ်မှော်ဆရာဖြစ်
တာကြောင့် အဆင့်တစ်ဆယ်နဲ့အထက်ရှိတဲ့
အသက်သလင်းတွေ အသုံးပြုလို့ရသည်၊
အဆင့်ကိုးတစ်ခုသုံးခဲ့လျှင် သက်ရောက်မှုက
အလွန်တရာနည်းပါးမည်ဖြစ်၏။
တစ်ချက်ကြည့်ရုံနဲ့ သူလာစပ်စုနေတယ်ဆိုတာ
လူငယ်လေး သိသွားပြီး သူတို့ကိုအာရုံမထားတော့
ချေ။
"မင်းအတွက် အကျိုးရှိတာငါးခုပဲရှိတယ်"
လင်းရှောင်ရဲ့အသံ ဖြေးဖြေးချင်းပေါ် လာသည်။
"ဘယ်ငါးခုလဲ" ယူရှောင်းမို မျှော်လင့်တကြီး
မေးလိုက်တယ်၊ လင်းရှောင်ပြောနိုင်တယ်ဆိုတာ
သူသိသား။ အသုံးဝင်တယ်ဆိုရင် ဝယ်ဖို့
စဉ်းစားကြည့်ရမယ်။
လင်းရှောင်က သူ့ကိုပြဖို့ ပုလင်းငါးလုံးကို
လက်ညိုးထိုးပြလိုက်သည်၊ အဲ့တာအားလုံးက
လူငယ်လေးနဲ့နီးနေ၏။
လင်းရှောင်ပြလိုက်တဲ့ငါးခုလုံးက
အကောင်းဆုံးတွေဖြစ်နေတာကြောင့်
လူငယ်လေး မျက်လုံးပွင့်သွားတယ်။
ထို့အပြင် ၎င်းတို့အားလုံးက အဆင့်ရှစ်နှင့်ကိုး
ဖြစ်ကြသည်။ တစ်ချက်တည်းနဲ့ ခွဲခြားနိုင်တာပဲ၊
ဒီလူမှာ အံ့ဩဖို့ကောင်းတဲ့
အမြင်ရှိတယ်။
ယူရှောင်းမိုမေးလိုက်တယ်၊
"အဲ့အသက်သလင်းငါးခုက ဘယ်အဆင့်တွေလဲ"
လင်းရှောင် လူငယ်လေးရဲ့အကြည့်ကို
သတိမပြုမိတဲ့ပုံနဲ့ပြန်ဖြေလိုက်တယ်၊
"အဆင့်တစ်ဆယ်သုံးခု ဆယ့်တစ်နှစ်ခု"
ယူရှောင်းမို အသက်ပြင်းပြင်းရှူလိုက်မိတယ်။
အဆင့်တစ်ဆယ်သုံးခု သူနားလည်ပေးလို့
ရတယ်၊ ဒါပေမယ့် နတ်ဒေဝါအဆင့်ကျင့်ကြံသူ
နှစ်ယောက်နဲ့ ညီမျှတဲ့အဆင့်ဆယ့်တစ်နှစ်ခု......
ဈေးရောင်းတဲ့သူက နတ်ဒေဝါအဆင့်နဲ့
မတူဘူး၊ အဆင့်ဆယ့်တစ်နတ်ဆိုးသားရဲ
နှစ်ကောင် ဘယ်လိုများသတ်နိုင်တာပါလိမ့်။
"သူသတ်ခဲ့တာမဟုတ်လောက်ဘူး.....
သူ့မိသားစုဆီက ခိုးလာတာဖြစ်ဖို့များတယ်"
လင်းရှောင် တည်တည်ငြိမ်ငြိမ်နဲ့
ပြန်ပြောလိုက်တယ်။
သူပြောတာမှန်နေတာကြောင့်
လူငယ်လေးမှာ ပိုလို့တောင်မျက်လုံးပြူး
သွားရသည်။ သန်မာလှတဲ့နတ်ဆိုးသားရဲတွေ
အများကြီးသတ်ဖို့ သူ့မှာစွမ်းအားမရှိတာ
အမှန်ပဲ။ သူဘယ်လိုသိလဲဆိုတာ
ယူရှောင်းမိုမေးမနေဘူး၊ လူငယ်လေးကိုပဲ
တလက်လက်တောက်နေတဲ့မျက်လုံးလေး
တွေနဲ့ကြည့်လိုက်တယ်၊
"ဒီအသက်သလင်းတွေကို ဘယ်လိုရောင်းလဲဗျ"
လူငယ်လေးက တုတ်တုတ်မလှုပ်ချေ။
ယူရှောင်းမို ထပ်မေးလိုက်တော့မှ အသိပြန်
ဝင်လာလေသည်။
လူငယ်လေးက အသက်တစ်ချက်ဝအောင်
ရှူလိုက်ကာ ၊ "စွမ်းအင်ကျောက်တုံးမယူဘူး၊
မှော်ဆေးလုံးပဲယူတယ်"
ယူရှောင်းမို ခေါင်းညိတ်လိုက်တယ်၊
"အဆင့်ဆယ့်တစ်အသက်သလင်းနှစ်ခု
ဝယ်ချင်တယ်၊ ဈေးဘယ်လောက်လဲ"
"နှစ်ခုလုံးလား" လူငယ်လေး သူ့ကိုအံ့ဩတကြီး
ကြည့်လိုက်တယ်၊ သူ့ကြည့်ရတာ
အသက်သလင်းနှစ်ခုလုံးကိုတတ်နိုင်မယ့်
အစွမ်းရှိပုံမပေါ် တာကြောင့် သူမယုံဘူး။
တွေးကြည့်လိုက်ပြီး ၊ "အဆင့်ဆယ့်တစ်
အသက်သလင်းက အရမ်းရှားတယ်၊
သက်တန့်ရောင်ဆေးလုံးတွေနဲ့ပဲလဲလို့ရတယ်"
ယူရှောင်းမိုစိတ်ပျက်သွားတယ်၊
"အဆင့်တစ်ဆယ်ဆိုမရဘူးပေါ့"
လူငယ်လေးက ခပ်ရွဲ့ရွဲ့ပြုံးလိုက်ပြီး
ထေ့ငေါ့လိုက်သည်၊ "ငါ့ကိုကစားနေတာလား ၊
အဆင့်ဆယ့်တစ်အသက်သလင်းကို
အဆင့်တစ်ဆယ်မှော်ဆေးလုံးတစ်လုံးနဲ့
လဲချင်တယ်ပေါ့ ၊ အဆင့်ဆယ့်တစ်အသက်သလင်း
က ဘာကိုကိုယ်စားပြုလဲ မင်းသိထားရမယ်"
"အထင်လွဲနေပြီ ၊ ကျွန်တော်ပြောတဲ့သဘောက
အဆင့်ဆယ့်တစ်အသက်သလင်းတစ်ခုအတွက်
အဆင့်တစ်ဆယ်မှော်ဆေးလုံးဘယ်လောက်နဲ့
လဲလို့ရလဲလို့" ယူရှောင်းမို အမြန်ရှင်းပြလိုက်တယ်။
လူငယ်က မျက်ခုံးတွန့်သွားပြီး တွေဝေနေရင်း
အတွေးနက်သွားသည်။
ယူရှောင်းမို စိတ်ရှည်လက်ရှည်နဲ့စောင့်နေလိုက်
တယ်။
နှစ်မိနစ်ကြာပြီးတဲ့နောက် နောက်ဆုံးတော့
လူငယ်လေးပါးစပ်ဟလာတယ်။
စားပွဲခုံကို လက်ချောင်းနဲ့တတောက်တောက်
ခေါက်နေရင်း တွန့်ဆုတ်တွန့်ဆုတ်နဲ့
ပြောလိုက်တယ်၊ "အဆင့်ဆယ့်တစ်အသက်
သလင်းက အရမ်းရှားတယ်၊ ငါ မျိုးနွယ်စုကနေ
ခိုးခဲ့......အဟွတ်... ရခဲ့တုန်းက
သက်တန့်ဆေးလုံးတစ်လုံးနဲ့ လဲချင်ခဲ့တာ၊
ဒါပေမယ့် မင်းကစိတ်ရင်းစိတ်မှန်နဲ့ဆိုမှတော့
ရောင်းပေးပါ့မယ်လေ.... ဒါပေမယ့်
အသက်သလင်းတစ်ခုအတွက် မှော်ဆေးလုံး
ရှစ်လုံးလိုချင်တယ်"
ယူရှောင်းမို မျက်လုံးတွန့်သွားတယ်၊
ဈေးကြီးလိုက်တာ၊ စွမ်းအင်ကျောက်တုံးနဲ့ဆိုရင်
အဆင့်တစ်ဆယ်မှော်ဆေးလုံးရှစ်လုံးက
သန်းနှစ်ရာနီးပါး ဈေးရှိတယ်။ အဆင့်ဆယ့်တစ်
အသက်သလင်းတစ်ခုက အရမ်းကြီး
ဈေးမကြီးတာသူသေချာတယ်၊
သန်းငါးဆယ်လောက်ဆို လုံလောက်နေပြီ။
"ရှစ်လုံးက များလွန်းတယ်၊ အဆင့်ဆယ့်တစ်
အသက်သလင်းတစ်ခုမတန်ဘူး၊
ငါးလုံးပဲပေးနိုင်မယ်"
သူ ဒီအဆင့်ဆယ့်တစ်အသက်သလင်းကို
'ရကိုရရမယ်' လို့မဟုတ်ဘူး၊ နောက်ပြီး
အဆင့်တစ်ဆယ်မှော်ဆေးလုံးက သန့်စင်ရ
ခက်တယ်။ ဒါတင်မကသေးဘူး
သူသုံးတာ အဆင့်မြင့်တဲ့မှော်ဆေးပင်တွေကြည့်
ပဲ ၊ ဒါ့ကြောင့် မှော်ဆေးလုံးအများစုထက်
အရည်အသွေးပိုကောင်းတယ်။
လူငယ်လေးက ချက်ချင်းပဲမျက်မှောင်ကြုံ့
သွားကာ ခေါင်းယမ်းလိုက်သည်၊
"ငါးလုံးကမလောက်ဘူး"
ယူရှောင်းမိုဆက်လိုက်တယ်၊
"အငြင်းမစောသေးပါနဲ့ဦး ၊ ကျွန်တော့်ရဲ့
မှော်ဆေးလုံးတွေက အဆင့်မြင့်ပြီး
အရည်အသွေးလည်းကောင်းတယ်၊
ငါးလုံးက လက်သင့်ခံလောက်ပါတယ်"
ပြောရင်းဆိုရင်း သူ့မှော်ဆေးလုံးလေးတွေ
ထုတ်လိုက်တယ်။
လူငယ်လေးလည်း အနည်းငယ်စိတ်ယိုင်သွားပြီး
မှော်ဆေးလုံးတွေကို ယူလိုက်တယ်။
ကြည့်ကြည့်တော့မှ မှော်ဆေးလုံးတွေက
အရည်အသွေးကောင်းပြီး အဆင့်လည်းမြင့်နေ
သည်။ အစောက ရှစ်လုံးလို့သူပြောခဲ့တုန်းက
အဆင့်မြင့်တွေဖြစ်နေဖို့ မမျှော်လင့်ထားချေ၊
နှစ်လုံးသုံးလုံးလောက်ပဲ ကောင်းမယ်လို့
ထင်ထားခဲ့သည်။
သူ့ရဲ့စိတ်ယိမ်းနေတဲ့အမူအရာကိုမြင်တော့
သူအောင်မြင်သွားပြီဆိုတာ ယူရှောင်းမို
သိလိုက်တယ်၊ "ဘယ်လိုလဲ"
"ယူမယ်!"
______________
Zawgyi
အပိုင္း၅၀၄- က်ဳံထ်န္းေဈးေရာင္းပဲြေတာ္
ေတာင္ပိုင္းတိုက္မႀကီး ၊ ေသြးေစြးနီကလန္၌.....
က်န္းလ်ိႈ႔နဲ႔စကားေျပာၿပီးခဲ့ကတည္းက
ယူက်န္ထ်န္းက အေျခအေနကိုစံုစမ္းေလ့လာရန္
လူမ်ားေစလႊတ္ခဲ့သည္။ မ်ိဳးႏြယ္စုထဲမွာ
ျဖစ္ပ်က္ခဲ့တာနဲ႔ျပန္ေပါင္းထုပ္လိုက္သၫ့္အခါ
က်န္းလ်ိႈ႔ေျပာခဲ့တဲ့ထဲက ကိုးဆယ္ရာခိုင္ႏႈန္းခန႔္က
ေတာ့ မွန္တယ္လို႔ သူယံုသြားသည္။
ထိုႏွစ္ေယာက္က ပထမဦးစြာ ပင္မအိမ္ေတာ္ကို
ေဖာက္ဝင္ခဲ့ၿပီး တားျမစ္နယ္ေျမကိုဖ်က္စီး ၊
အက်ဉ္းသားေတြကိုလႊတ္ေပး ၊ ပင္မအိမ္ေတာ္ကို
ပ်က္စီးမႈႀကီးႀကီးမားမားျဖစ္ေစခဲ့ၿပီးေနာက္
အေၾကာင္းအရင္းမရိွကယ္သြားခံခဲ့ရတဲ့ ဖုန္းခ်ီယြင္၊
ၿပီးေတာ့ ယီြရွန္းၿမိဳ႔နဲ႔ရွင္းေလာ့ၿမိဳ႔.........
တစ္ခ်က္ၾကၫ့္ရင္ေတာ့ တိုက္ရိုက္ဆက္စပ္မႈ
အမ်ားႀကီးမရိွဘူး ၊ ဒါေပမယ့္ ေသေသခ်ာခ်ာ
ေတြးၾကၫ့္ရင္ ဒီအျဖစ္အပ်က္ေတြအားလံုးဟာ
နတ္ဘုရားဆင့္က်င့္ႀကံသူတစ္ေယာက္နဲ႔
ပတ္သက္ေနၿပီး အၿမဲတမ္းလူႏွစ္ေယာက္
ပါေနတယ္ဆိုတာ သေဘာေပါက္ႏိုင္ေပသည္။
ယူထ်န္းနန္ဆီကေနရခဲ့တဲ့ လံုရွန္းတိုက္မႀကီးက
အခ်က္အလက္ကို ယူက်န္ထ်န္းအမွတ္ရသြားတယ္။
ယူေရွာင္းမိုနဲ႔လင္းေရွာင္ ၊ တကယ္ပဲသူတို႔
ဆိုရင္ နတ္ဘုရားဆင့္တိုက္ခိုက္သူက
ေနာက္တစ္ေယာက္ျဖစ္မယ္။ သူ႔အဆင့္ေတြက
သတိထားစရာေကာင္းတဲ့အျမန္ႏႈန္းနဲ႔
တိုးလာခဲ့တာပဲ ၊ အကယ္၍ သူတို႔ကို
လြတ္လြတ္လပ္လပ္ႀကီးထြားခြင့္ေပးလိုက္ရင္
သိပ္မၾကာတဲ့အနာဂတ္မွာ ေသြးေစြးနီကလန္
အတြက္ ဆူးၿငွောင့္ခလုတ္တစ္ခုျဖစ္လာမွာ
အေသအခ်ာပဲ။
သုတ္သင္ပစ္ရမယ္။
"ေယာက္်ား" တည္ၿငိမ္ေအးေဆးတဲ့အသံတစ္ခု
ရုတ္တရက္ထြက္ေပၚ လာကာ ယူက်န္ထ်န္းရဲ့
အေတြးစကိုျပတ္သြားေစသည္။
ယူက်န္ထ်န္းလည္း သူ႔ေဘးက ယင္ကေတာ္ကို
လွမ္းၾကၫ့္လိုက္တယ္။ ယင္ကေတာ္ေရာ
ယင္ေကာေရာမွာ လွပတဲ့ေငြေရာင္ဆံပင္ရွည္ေတြ
ရိွတာတူေပမယ့္ ယင္ေကာရဲ့ဆံပင္က
ပိုမိုေတာက္ပေလသည္။
(ကေတာ္က အမ်ိဳးသမီး၊ မယားျဖစ္သူကို
ဆိုလိုတာပါေနာ္)
ယင္ကေတာ္မွာ လွပႏုပ်ိဳသၫ့္မ်က္ႏွာရိွသည္။
သူမရဲ့ ေၾကာ့ရွင္းရည္မြန္ၿပီးျမင့္ျမတ္တဲ့
ကိုယ္ႏႈတ္အမူအရာနဲ႔ လိမၼာပါးနပ္မႈနဲ႔
ဘဝအေတြ့အႄကံုေတြကိုေဖာ္ျပေနတဲ့မ်က္ဝန္း
ေတြေၾကာင့္သာမဟုတ္ရင္ သူမရဲ့အသက္က
ႏွစ္တစ္ေသာင္းရိွေနၿပီဆိုတာ မည္သူကမွ
ခန႔္မွန္းမိမည္မဟုတ္ေပ။
"ကိုယ့္ဇနီးက ဘာေျပာခ်င္လို႔လဲ" ယူက်န္းထ်န္းမွာ
လြန္ခဲ့သၫ့္ႏွစ္တစ္ေသာင္းခန႔္ကႏွင့္
တူစြာပင္ ယင္ကေတာ္ကိုေလးစားေလသည္။
ယင္ကေတာ္က လက္စြပ္မ်ားဆင္ယင္ထားသည့္
လက္ေခ်ာင္းမ်ားကိုဆန႔္လိုက္ၿပီး
ထိုင္ခံုလက္ရန္းေပၚ တင္လိုက္ကာ
တည္ၿငိမ္စြာေျပာလိုက္သည္၊
"အေစခံကၽြန္မက ေယာက္်ားရဲ့အင္အားကို
ယံုၾကည္တယ္၊ ရွင္သူတို႔နဲ႔ေျဖရွင္းလိုက္လို႔
ရတယ္။ အဆင္မေျပတာရိွရင္ ကၽြန္မဝမ္းကဲြကို
ေျပာၿပီးအကူအညီေတာင္းလိုက္မယ္"
ယူက်န္ထ်န္းေခါင္းယမ္းလိုက္ၿပီး
"အခုက သူတို႔နဲ႔ေျဖရွင္းဖို႔အခ်ိန္မဟုတ္ေသးဘူး"
ယင္ကေတာ္- "ဘာလို႔လဲ"
"ကိုယ့္ဇနီး.... မင္းေတာ့သတိထားမိမွာ
မဟုတ္ဘူး ဒါေပမယ့္......" ယူက်န္ထ်န္း
ေျဖးေျဖးခ်င္းေျပာျပလိုက္သည္။
ယင္ကေတာ္က တံခါးပိတ္က်င့္ႀကံေနခဲ့တာ
ျဖစ္ၿပီး ထြက္လာတာလဝက္ေလာက္ပဲ
ရိွေသးတာေၾကာင့္ လြန္ခဲ့တဲ့ႏွစ္ထဲမယ္ဘာျဖစ္ခဲ့လဲ
ဆိုတာ သူမမသိေပ။
ယူက်န္ထ်န္း အဆံုးသတ္လိုက္တဲ့အခါ
ယင္ကေတာ္မွာအေတြးနက္ေနေလသည္။
ယူက်န္ထ်န္း-"သူ႔နဲ႔ ခ်ီလင္မ်ိဳးႏြယ္စုနဲ႔
နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စုရဲ့ပတ္သက္မႈကို
မေသခ်ာေသးခင္ သူတို႔ကိုထိလို႔မရေသးဘူး"
"ဒီကိစၥကို ကၽြန္မဆီပဲအပ္ထားလိုက္ပါ"
ယင္ကေတာ္က ခပ္ေဖ်ာ့ေဖ်ာ့ႃပံုးလိုက္သည္။
ယူက်န္ထ်န္းက မကန႔္ကြက္ေပ၊
"ဒါျဖင့္ရင္ မင္းကိုပဲဒုကၡေပးရေတာ့မေပါ့"
အမွန္တြင္ အစကတည္းကသူမရဲ့အကူအညီကို
လိုခ်င္ခဲ့တာျဖစ္သည္၊ သို႔ေပမယ့္ သူမက
ယခုမတိုင္ခင္ထိ တံခါးပိတ္က်င့္ႀကံေနခဲ့
သည္ေလ။
"ဒါေတြမလိုပါဘူး"
ယင္ကေတာ္က လက္သည္းငါးခုေရႊနဂါးမဟုတ္
ေသာ္ျငား ေငြနဂါးတစ္ေကာင္၏ရာထူးအဆင့္
အတန္းမွာ လူတစ္ေယာက္ေအာက္၌သာရိွၿပီး
ေထာင္ေပါင္းမ်ားစြာေသာလူမ်ား၏အထက္
၌ ရိွသည္။ သူမက ေငြနဂါးေခါင္းေဆာင္၏
သမီးလည္းျဖစ္ေနေသးသည္။ သူမရဲ့အဆင့္အတန္း
ႏွင့္ ငယ္စဉ္ကတည္းက
ေရွးေဟာင္းသားရဲမ်ိဳးႏြယ္ေလးခု၏
မ်ိဳးဆက္တူမ်ားႏွင့္ ပတ္သက္ဆက္ဆံဖူးခဲ့သည္။
သူမစကားတစ္ခြန္းေျပာလိုက္တာနဲ႔
လိုခ်င္တဲ့အခ်က္အလက္ကို သိႏိုင္၏။
မ်က္စိတစ္မိွတ္အတြင္းမွာ ေလးရက္တာကုန္
ဆံုးသြားၿပီး ယူေရွာင္းမိုနဲ႔ သံသရာေမ်ွာ္စင္က
အႀကီးအကဲဖန္းနဲ႔ေတြ့ဖို႔ ခ်ိန္းထားတဲ့အခ်ိန္
နီးကပ္လာေလသည္။
သူတို႔သြားမယ့္အေၾကာင္းၾကားေတာ့
ယန္ေဟြ့က လိုက္ပါမယ္လို႔အတင္းလိုက္ကပ္
ေနေပမယ့္ ယူေရွာင္းမိုျငင္းလိုက္သည္။
က်ဳံထ်န္းေဈးေရာင္းပဲြေတာ္ကိုသြားတာက
သံသယဝင္ဖို႔ေကာင္းတဲ့အရာမဟုတ္ေပမယ့္
သံသရာေဆးလံုးအတြက္ ေမွာ္ေဆးပင္ေတြရွာဖို႔
လိုအပ္ေနတာကိုသိတဲ့သူနည္းေလေလ
ေကာင္းေလေလျဖစ္သည္။
ယန္ေဟြ့ကိုခြာထုတ္ႏိုင္လိုက္တာနဲ႔
ယူေရွာင္းမိုနဲ႔လင္းေရွာင္ အတူတူထြက္လာခဲ့တယ္။
လမ္းေပၚ မွာေလ်ွာက္ေနရင္း သူေစ့ေစ့စပ္စပ္
မေတြးၾကၫ့္ရေသးတဲ့ေမးခြန္းတစ္ခုကို
ယူေရွာင္းမိုအမွတ္ရသြားၿပီး လွၫ့္ေမးလိုက္တယ္။
လင္းေရွာင္က သာမန္ပဲျပန္ေျဖလိုက္သည္၊
"လက္သည္းငါးခုေရႊနဂါးရဲ့ အေမြကို
ေခ်ဖ်က္ေနခဲ့တာ"
"အေမြ?"
"လက္သည္းငါးခုေရႊနဂါးေရာ ခ်ီလင္ေရာက
သမိုင္းေၾကာင္းရွည္တယ္ ေနာက္ၿပီး
ေရွးေဟာင္းသားရဲမ်ိဳးႏြယ္ေလးခုထဲက
တစ္ခုျဖစ္တာနဲ႔အညီ နဂါးမ်ိဳးႏြယ္ကလည္း သူတို႔က
အသာဆံုးအေကာင္းဆံုးျဖစ္တာေသခ်ာေအာင္
ေရႊနဂါးရဲ့အေမြကို အေရးထားၾကတယ္"
"ဒါဆို ခင္ဗ်ား ဘာအေမြရခဲ့လဲ"
"ေျခစြပ္လိုမ်ိဳး ရွည္လ်ားေထျြပားနံေဟာင္ေနတဲ့
သမိုင္းတစ္ခုရခဲ့တယ္"
".....ဒါပဲေပါ့"
"ေနာက္ၿပီး လ်ိႈ႔ဝွက္ခ်က္ေတြရိွေသးေပမယ့္
နားလည္ဖို႔အခ်ိန္ယူရဦးမယ္"
အေျဖက ေမ်ွာ္လင့္ထားသလိုမဟုတ္ေပမယ့္
အေျခအေနကေတာ့ သူတို႔ဘက္တြင္ရိွေနသည္။
အေမြနဲ႔ဆိုလ်ွင္ လင္းေရွာင္လည္း
ရွီက်င္းကနဂါးမ်ိဳးႏြယ္ဆီကို
တမင္သက္သက္သြားၾကၫ့္ေနစရာ
မလိုေတာ့ေပ။
သူတို႔ႏွစ္ေယာက္ သံသရာေမ်ွာ္စင္ကို
ေရာက္ေတာ့ အႀကီးအကဲဖန္းကအလုပ္ေတြ
ၿပီးၿပီျဖစ္တာေၾကာင့္ သူတို႔ကိုေစာင့္ေနေလသည္။
ဒီလိုနဲ႔ က်ဳံထ်န္းေဈးေရာင္းပဲြေတာ္ဆီ
သံုးေယာက္သား ခ်ီတက္လာခဲ့သည္။
ေဈးေရာင္းပဲြေတာ္က ေမွာ္ဆရာအစည္းအရံုနဲ႔
သားရဲသ႑ာန္ေျပာင္းလဲျခင္းအဖဲြ႔အစည္းတို႔
ဆက္သြယ္ထားရာနယ္နိမိတ္အစြန္းမွာ
ျဖစ္သည္။ ၄က စပ္တူလုပ္ငန္းျဖစ္
သည္မို႔ တစ္ေယာက္တစ္ႏွစ္ဆီအလွၫ့္က်
ထိန္းခ်ဳပ္ၿပီး ဤႏွစ္သည္ သားရဲသ႑ာန္
ေျပာင္းလဲျခင္းအဖဲြ႔အစည္းျဖစ္၏။
အႀကီးအကဲဖန္းရဲ့ေထာက္ခံေပးမႈနဲ႔
က်ဳံထ်န္းေဈးေရာင္းပဲြေတာ္ရဲ့ အေရ႔ွဂိတ္က
အေစာင့္ေတြက သူတို႔ကိုသိပ္ရစ္မေနဘဲ
ဝင္ခြင့္ေပးလိုက္သည္။
က်ဳံထ်န္းေဈးေရာင္းပဲြေတာ္က
အထပ္ႏွစ္ထပ္တည္းရိွတဲ့ ေစတီသ႑ာန္
အေဆာက္အဦႀကီးျဖစ္သည္။ သို႔ေသာ္ျငား
အထပ္တိုင္းက သံသရာေမ်ွာ္စင္၏
အရြယ္အစားထက္ အနဲဆံုးဆယ္ဆမ်ွရိွကာ
ကြင္းျပင္က်ယ္ႀကီးတစ္ခုႏွင့္တူသည္။
ပထမအထပ္တြင္ မ်က္စိရႈပ္စရာေကာင္းေလာက္
ေအာင္ အမ်ိဳးစံုလွသၫ့္ေဈးဆိုင္မ်ားႏွင့္
ျပၫ့္ေန၏။
သူတို႔ဦးတည္ခ်က္က ဒုတိယထပ္ျဖစ္သည္၊
သို႔ေပမယ့္ အခ်ိန္မက်ေသးတာေၾကာင့္
ေလာေနစရာမလိုေပ။
အႀကီးအကဲဖန္းေျပာတာေတာ့ သူတို႔လိုခ်င္တာ
ရိွလားမရိွလားၾကၫ့္ၾကၫ့္ဖို႔ ပထမအထပ္ကို
အရင္ဆံုးစစ္ၾကၫ့္လို႔ရၿပီး သူကေတာ့
ဒုတိယထပ္မွာ လုပ္စရာအလုပ္တစ္ခ်ိဳ႕
ရိွေသးတယ္တဲ့။
ေဈးေရာင္းပဲြေတာ္ကို ဖိတ္ၾကားခံရတဲ့လူတိုင္းက
လက္ေရြးစင္အေက်ာ္အေမာ္ေတျြဖစ္သည္၊
ဘယ္ပစၥည္းမွ စြမ္းအင္ေက်ာက္တံုး
ငါးသန္းေအာက္မရိွတာေၾကာင့္ ထိုေနရာတြင္
ပစၥည္းေကာင္းတစ္ခ်ိဳ႕ေတြ့ႏိုင္တာ အေသအခ်ာ
ပင္ျဖစ္၏။
တစ္ပတ္ပတ္ၾကၫ့္လိုက္ေတာ့ ယူေရွာင္းမို
ေကာင္းတာတစ္ခ်ိဳ႕ရွာေတြ့တယ္။
ဒါေပမယ့္လည္း သူလိုခ်င္တာတစ္ခုမွ
မပါဘူး၊ သူလိုခ်င္တာ သက္တန႔္ေရာင္ေဆးလံုး
ေတြအတြက္ ေဆးေဖာ္စပ္နည္းေတြ ၊
အဆင့္ဆယ့္တစ္နဲ႔ အဆင့္ဆယ့္ႏွစ္ေမွာ္ေဆးပင္
မ်ိဳးေစ့ေတျြဖစ္သည္။ အဆင့္ဆယ့္တစ္
ေမွာ္ေဆးပင္ရိွတဲ့ ေဈးဆိုင္ေတာ့
သူေတြ့ခဲ့ပါရဲ့ ၊ ဒါေပမယ့္ သူ႔မွာရိွၿပီးသား
ျဖစ္ေနတယ္။ အဲ့တာက ဂူထဲကမဟုတ္ဘူး၊
အရင္ကတည္းကရိွေနခဲ့တာ။
သူစိတ္ပ်က္ေနတုန္း လင္းေရွာင္က ရုတ္တရက္
သူ႔ေမးကိုတစ္ဖက္လွၫ့္ေပးလိုက္ၿပီး
ေျပာလာသည္၊ "အဲ့ကိုၾကၫ့္"
ယူေရွာင္းမို- "ဘာျဖစ္ေနတာလဲ"
သူေတာ့ လူအုပ္ႀကီးတစ္အုပ္ပဲျမင္တယ္၊
သို႔ေပမယ့္ သူေျပာၿပီးၿပီးခ်င္းမွာ ေထာင့္ေလး
တစ္ေထာင့္က မ်က္စိဖမ္းစားႏိုင္စြမ္းမရိွတဲ့
ေဈးဆိုင္ေလးကိုျမင္လိုက္သည္။
၄မွာ လူငယ္တစ္ေယာက္ျဖစ္သည္၊
သူကငယ္တဲ့ပံုေပါက္ေနတာေၾကာင့္
ေကာင္းတာမရိွႏိုင္ဘူးလို႔ ထင္ၾကလို႔လားေတာ့မသိ၊
သူ႔ေနရာတြင္ လူတစ္ေယာက္မွရိွမေနေခ်။
"စိတ္ဝင္စားဖို႔ေကာင္းတာေတြ ေရာင္းေနတယ္
ထင္တယ္" လင္းေရွာင္ စိတ္ဝင္စားသြားၿပီး
ေျပာလိုက္တယ္။
ယူေရွာင္းမို သူ႔ကို ခ်က္ခ်င္းပဲဆဲြေခၚ သြား
လိုက္ေတာ့တယ္။
ဘယ္သူကမွအာရံုမထားတာကို လူငယ္ေလးက
စိတ္ပ်က္အားငယ္ေနပံုမေပၚ ေပ၊ သူတို႔
လာေနတာျမင္တာေတာင္မွ ဂရုမစိုက္သလိုပံုနဲ႔
မ်က္ခြံေလးပဲလွန္ၾကၫ့္ေလသည္။
ယူေရွာင္းမို ဆိုင္ကိုတစ္ခ်က္ၾကၫ့္လိုက္ၿပီး
ဒီဟာက ထူးထူးဆန္းဆန္းေဈးေရာင္းသူဆိုတာ
သိလိုက္တယ္။
သူ႔ဆိုင္မွာ ေမွာ္ေဆးလံုးမရိွ ေမွာ္ေဆးပင္မရိွ
စြမ္းရည္နဲ႔စိတ္ဝိဉာဉ္ေလ့က်င့္တဲ့က်င့္စဉ္ေတြလည္း
မရိွေပ။ လံုးဝန္းတဲ့အသက္သလင္းသာရိွသည္၊
ထိုသလင္းမွ ထုတ္လႊတ္ေနသၫ့္သိပ္သည္းတဲ့
ဝိဉာဉ္စြမ္းအားကို ခံစားၾကၫ့္လို႔ရႏိုင္ေပသည္။
လူငယ္ေလးက အသက္သလင္းေတြအမ်ားႀကီး
ျပမထားေပ ၊ ဆယ့္ေျခာက္ခုသာရိွၿပီး
အကုန္လံုးကို အရည္အေသြးေကာင္းသည့္
ပုလင္းမ်ားထဲတြင္ သပ္သပ္စီထၫ့္ထား၏။
သာမာန္မ်က္စိနဲ႔ဆိုရင္ သူတို႔နဲ႔ပတ္သက္လို႔
ဘာမ်ားထူးျခားေနလဲဆိုတာ ေျပာရန္ခက္သည္။
"ဟိုအသက္သလင္းေတြက ဘယ္နတ္ဆိုးသားရဲ
ေတြဆီကလဲ" ယူေရွာင္းမို ေဈးေရာင္းသူကို
ၾကၫ့္လိုက္တယ္။
လူငယ္က သူ႔ကိုေအးေအးေဆးေဆးျပန္ၾကည့္
လိုက္ၿပီး ၊ "တကယ္ဝယ္မွာဆိုရင္
ေျပာျပမယ္ ဒါေပမယ့္စပ္စုခ်င္ရံုသက္သက္
ဆိုရင္ေတာ့ သြားလိုက္ေတာ့။ လိုက္မပို႔ေတာ့ဘူး"
ယူေရွာင္းမို နင္သြားတယ္၊ သူလည္းတကယ္ပဲ
စပ္စုၾကၫ့္ရံုတင္၊ ဒါေပမယ့္ အဲ့လိုျဖစ္ရတာ
ကလည္း ဒီအသက္သလင္းေတြ
ဘယ္လိုအသံုးဝင္လဲဆိုတာသူမသိေသး
တာေၾကာင့္ျဖစ္သည္။ မေရမရာျဖစ္ၿပီး
ဝယ္ခ်င္ပါတယ္လို႔ေျပာလိုက္လို႔
အသံုးမဝင္ဘူးဆိုတာ ေနာက္မွသိလိုက္ရရင္
သူတို႔ရႈံးမွာေပါ့။
သူ႔ဆိုင္မွာ ဘာလို႔လူတစ္ေယာက္မွရိွမေနလဲ
ဆိုတာ ယူေရွာင္းမိုသေဘာေပါက္သလို
ရိွသြားသည္။ အသက္သလင္းမ်ားက
နတ္ဆိုးသားရဲတစ္ေကာင္၏ အေရးအႀကီးဆံုး
အစိတ္အပိုင္းျဖစ္သည္၊ သုခဘံုနယ္ေျမက
သူရခဲ့တဲ့ အေတာင္ေျခာက္ဖက္ပါနတ္က်ားလိုပဲ။
(အသက္သလင္းက သိပ္သည္းေနတဲ့
အစိုင္အခဲအျဖစ္ဖဲြ႔တည္ေနတဲ့ဝိဉာဉ္ပါ။
အေတာင္ေျခာက္ဖက္နတ္က်ားက ေက်ာက္တက်ိဳး
- ငါးေယာက္ေျမာက္ရွစ္ရႈန္းရဲ့ ဆက္ႏြယ္သားရဲ
ပါ(ထ်န္ရွင္းဂိုဏ္းက) အဲ့က်ားမွာ သူ႔အေမရဲ့
အသက္သလင္းရိွပါတယ္)
ထိုအသက္သလင္းမွာ နတ္က်ားရဲ့စိတ္စြမ္းအား
တစ္ဝက္ေလာက္ပါၿပီး က်င့္ႀကံသူကိုျဖစ္ျဖစ္
နတ္ဆိုးသားရဲကိုျဖစ္ျဖစ္ေပးလို႔ရသည္။
နတ္ဆိုးသားရဲရဲ့အသက္သလင္းက
အဆင့္ျမင့္ေလေလ ေကာင္းေလေလပင္၊
၄၏စြမ္းအားကိုစုပ္ယူလိုက္လ်ွင္
ကိုယ့္အဆင့္ကိုယ္ၿမွင့္လို႔ရေပသည္။
အသက္သလင္းရဲ့အာနိသင္က ေမွာ္ေဆးလံုး
တစ္လံုးနဲ႔ညီမ်ွသည္၊ သို႔ေပမယ့္ ၄က
ေမွာ္ေဆးလံုးထက္သာလြန္တာတစ္ခ်ိဳ႕ရိွ၏။
ပထမတစ္ခုက အႏၲရာယ္နည္းျခင္းျဖစ္သည္၊
၄၏စြမ္းအားကိုစုပ္ယူေနသၫ့္အခ်ိန္တြင္
ဂရုတစိုက္ရိွေနသေရြ့ ကိုယ္ပိုင္စြမ္းအားကို
ျမင့္တက္ေစမည္ျဖစ္သည္၊ သို႔ေပမယ့္
သတိျပဳစရာတစ္ခ်က္လည္းရိွေန၏။
ယူေရွာင္းမိုကို ဥပမာေပးရလ်ွင္
သူက အဆင့္တစ္ဆယ္ေမွာ္ဆရာျဖစ္
တာေၾကာင့္ အဆင့္တစ္ဆယ္နဲ႔အထက္ရိွတဲ့
အသက္သလင္းေတြ အသံုးျပဳလို႔ရသည္၊
အဆင့္ကိုးတစ္ခုသံုးခဲ့လ်ွင္ သက္ေရာက္မႈက
အလြန္တရာနည္းပါးမည္ျဖစ္၏။
တစ္ခ်က္ၾကၫ့္ရံုနဲ႔ သူလာစပ္စုေနတယ္ဆိုတာ
လူငယ္ေလး သိသြားၿပီး သူတို႔ကိုအာရံုမထားေတာ့
ေခ်။
"မင္းအတြက္ အက်ိဳးရိွတာငါးခုပဲရိွတယ္"
လင္းေရွာင္ရဲ့အသံ ေျဖးေျဖးခ်င္းေပၚ လာသည္။
"ဘယ္ငါးခုလဲ" ယူေရွာင္းမို ေမ်ွာ္လင့္တႀကီး
ေမးလိုက္တယ္၊ လင္းေရွာင္ေျပာႏိုင္တယ္ဆိုတာ
သူသိသား။ အသံုးဝင္တယ္ဆိုရင္ ဝယ္ဖို႔
စဉ္းစားၾကၫ့္ရမယ္။
လင္းေရွာင္က သူ႔ကိုျပဖို႔ ပုလင္းငါးလံုးကို
လက္ညိုးထိုးျပလိုက္သည္၊ အဲ့တာအားလံုးက
လူငယ္ေလးနဲ႔နီးေန၏။
လင္းေရွာင္ျပလိုက္တဲ့ငါးခုလံုးက
အေကာင္းဆံုးေတျြဖစ္ေနတာေၾကာင့္
လူငယ္ေလး မ်က္လံုးပြင့္သြားတယ္။
ထို႔အျပင္ ၄တို႔အားလံုးက အဆင့္ရွစ္ႏွင့္ကိုး
ျဖစ္ၾကသည္။ တစ္ခ်က္တည္းနဲ႔ ခဲြျခားႏိုင္တာပဲ၊
ဒီလူမွာ အံ့ဩဖို႔ေကာင္းတဲ့
အျမင္ရိွတယ္။
ယူေရွာင္းမိုေမးလိုက္တယ္၊
"အဲ့အသက္သလင္းငါးခုက ဘယ္အဆင့္ေတြလဲ"
လင္းေရွာင္ လူငယ္ေလးရဲ့အၾကၫ့္ကို
သတိမျပဳမိတဲ့ပံုနဲ႔ျပန္ေျဖလိုက္တယ္၊
"အဆင့္တစ္ဆယ္သံုးခု ဆယ့္တစ္ႏွစ္ခု"
ယူေရွာင္းမို အသက္ျပင္းျပင္းရႉလိုက္မိတယ္။
အဆင့္တစ္ဆယ္သံုးခု သူနားလည္ေပးလို႔
ရတယ္၊ ဒါေပမယ့္ နတ္ေဒဝါအဆင့္က်င့္ႀကံသူ
ႏွစ္ေယာက္နဲ႔ ညီမ်ွတဲ့အဆင့္ဆယ့္တစ္ႏွစ္ခု......
ေဈးေရာင္းတဲ့သူက နတ္ေဒဝါအဆင့္နဲ႔
မတူဘူး၊ အဆင့္ဆယ့္တစ္နတ္ဆိုးသားရဲ
ႏွစ္ေကာင္ ဘယ္လိုမ်ားသတ္ႏိုင္တာပါလိမ့္။
"သူသတ္ခဲ့တာမဟုတ္ေလာက္ဘူး.....
သူ႔မိသားစုဆီက ခိုးလာတာျဖစ္ဖို႔မ်ားတယ္"
လင္းေရွာင္ တည္တည္ၿငိမ္ၿငိမ္နဲ႔
ျပန္ေျပာလိုက္တယ္။
သူေျပာတာမွန္ေနတာေၾကာင့္
လူငယ္ေလးမွာ ပိုလို႔ေတာင္မ်က္လံုးျပဴး
သြားရသည္။ သန္မာလွတဲ့နတ္ဆိုးသားရဲေတြ
အမ်ားႀကီးသတ္ဖို႔ သူ႔မွာစြမ္းအားမရိွတာ
အမွန္ပဲ။ သူဘယ္လိုသိလဲဆိုတာ
ယူေရွာင္းမိုေမးမေနဘူး၊ လူငယ္ေလးကိုပဲ
တလက္လက္ေတာက္ေနတဲ့မ်က္လံုးေလး
ေတြနဲ႔ၾကၫ့္လိုက္တယ္၊
"ဒီအသက္သလင္းေတြကို ဘယ္လိုေရာင္းလဲဗ်"
လူငယ္ေလးက တုတ္တုတ္မလႈပ္ေခ်။
ယူေရွာင္းမို ထပ္ေမးလိုက္ေတာ့မွ အသိျပန္
ဝင္လာေလသည္။
လူငယ္ေလးက အသက္တစ္ခ်က္ဝေအာင္
ရႉလိုက္ကာ ၊ "စြမ္းအင္ေက်ာက္တံုးမယူဘူး၊
ေမွာ္ေဆးလံုးပဲယူတယ္"
ယူေရွာင္းမို ေခါင္းညိတ္လိုက္တယ္၊
"အဆင့္ဆယ့္တစ္အသက္သလင္းႏွစ္ခု
ဝယ္ခ်င္တယ္၊ ေဈးဘယ္ေလာက္လဲ"
"ႏွစ္ခုလံုးလား" လူငယ္ေလး သူ႔ကိုအံ့ဩတႀကီး
ၾကၫ့္လိုက္တယ္၊ သူ႔ၾကၫ့္ရတာ
အသက္သလင္းႏွစ္ခုလံုးကိုတတ္ႏိုင္မယ့္
အစြမ္းရိွပံုမေပၚ တာေၾကာင့္ သူမယံုဘူး။
ေတြးၾကၫ့္လိုက္ၿပီး ၊ "အဆင့္ဆယ့္တစ္
အသက္သလင္းက အရမ္းရွားတယ္၊
သက္တန႔္ေရာင္ေဆးလံုးေတြနဲ႔ပဲလဲလို႔ရတယ္"
ယူေရွာင္းမိုစိတ္ပ်က္သြားတယ္၊
"အဆင့္တစ္ဆယ္ဆိုမရဘူးေပါ့"
လူငယ္ေလးက ခပ္ရဲြ႔ရဲြ႔ႃပံုးလိုက္ၿပီး
ေထ့ေငါ့လိုက္သည္၊ "ငါ့ကိုကစားေနတာလား ၊
အဆင့္ဆယ့္တစ္အသက္သလင္းကို
အဆင့္တစ္ဆယ္ေမွာ္ေဆးလံုးတစ္လံုးနဲ႔
လဲခ်င္တယ္ေပါ့ ၊ အဆင့္ဆယ့္တစ္အသက္သလင္း
က ဘာကိုကိုယ္စားျပဳလဲ မင္းသိထားရမယ္"
"အထင္လဲြေနၿပီ ၊ ကၽြန္ေတာ္ေျပာတဲ့သေဘာက
အဆင့္ဆယ့္တစ္အသက္သလင္းတစ္ခုအတြက္
အဆင့္တစ္ဆယ္ေမွာ္ေဆးလံုးဘယ္ေလာက္နဲ႔
လဲလို႔ရလဲလို႔" ယူေရွာင္းမို အျမန္ရွင္းျပလိုက္တယ္။
လူငယ္က မ်က္ခံုးတြန႔္သြားၿပီး ေတြေဝေနရင္း
အေတြးနက္သြားသည္။
ယူေရွာင္းမို စိတ္ရွည္လက္ရွည္နဲ႔ေစာင့္ေနလိုက္
တယ္။
ႏွစ္မိနစ္ၾကာၿပီးတဲ့ေနာက္ ေနာက္ဆံုးေတာ့
လူငယ္ေလးပါးစပ္ဟလာတယ္။
စားပဲြခံုကို လက္ေခ်ာင္းနဲ႔တေတာက္ေတာက္
ေခါက္ေနရင္း တြန႔္ဆုတ္တြန႔္ဆုတ္နဲ႔
ေျပာလိုက္တယ္၊ "အဆင့္ဆယ့္တစ္အသက္
သလင္းက အရမ္းရွားတယ္၊ ငါ မ်ိဳးႏြယ္စုကေန
ခိုးခဲ့......အဟြတ္... ရခဲ့တုန္းက
သက္တန႔္ေဆးလံုးတစ္လံုးနဲ႔ လဲခ်င္ခဲ့တာ၊
ဒါေပမယ့္ မင္းကစိတ္ရင္းစိတ္မွန္နဲ႔ဆိုမွေတာ့
ေရာင္းေပးပါ့မယ္ေလ.... ဒါေပမယ့္
အသက္သလင္းတစ္ခုအတြက္ ေမွာ္ေဆးလံုး
ရွစ္လံုးလိုခ်င္တယ္"
ယူေရွာင္းမို မ်က္လံုးတြန႔္သြားတယ္၊
ေဈးႀကီးလိုက္တာ၊ စြမ္းအင္ေက်ာက္တံုးနဲ႔ဆိုရင္
အဆင့္တစ္ဆယ္ေမွာ္ေဆးလံုးရွစ္လံုးက
သန္းႏွစ္ရာနီးပါး ေဈးရိွတယ္။ အဆင့္ဆယ့္တစ္
အသက္သလင္းတစ္ခုက အရမ္းႀကီး
ေဈးမႀကီးတာသူေသခ်ာတယ္၊
သန္းငါးဆယ္ေလာက္ဆို လံုေလာက္ေနၿပီ။
"ရွစ္လံုးက မ်ားလြန္းတယ္၊ အဆင့္ဆယ့္တစ္
အသက္သလင္းတစ္ခုမတန္ဘူး၊
ငါးလံုးပဲေပးႏိုင္မယ္"
သူ ဒီအဆင့္ဆယ့္တစ္အသက္သလင္းကို
'ရကိုရရမယ္' လို႔မဟုတ္ဘူး၊ ေနာက္ၿပီး
အဆင့္တစ္ဆယ္ေမွာ္ေဆးလံုးက သန႔္စင္ရ
ခက္တယ္။ ဒါတင္မကေသးဘူး
သူသံုးတာ အဆင့္ျမင့္တဲ့ေမွာ္ေဆးပင္ေတြၾကၫ့္
ပဲ ၊ ဒါ့ေၾကာင့္ ေမွာ္ေဆးလံုးအမ်ားစုထက္
အရည္အေသြးပိုေကာင္းတယ္။
လူငယ္ေလးက ခ်က္ခ်င္းပဲမ်က္ေမွာင္ႄကံု႔
သြားကာ ေခါင္းယမ္းလိုက္သည္၊
"ငါးလံုးကမေလာက္ဘူး"
ယူေရွာင္းမိုဆက္လိုက္တယ္၊
"အျငင္းမေစာေသးပါနဲ႔ဦး ၊ ကၽြန္ေတာ့္ရဲ့
ေမွာ္ေဆးလံုးေတြက အဆင့္ျမင့္ၿပီး
အရည္အေသြးလည္းေကာင္းတယ္၊
ငါးလံုးက လက္သင့္ခံေလာက္ပါတယ္"
ေျပာရင္းဆိုရင္း သူ႔ေမွာ္ေဆးလံုးေလးေတြ
ထုတ္လိုက္တယ္။
လူငယ္ေလးလည္း အနည္းငယ္စိတ္ယိုင္သြားၿပီး
ေမွာ္ေဆးလံုးေတြကို ယူလိုက္တယ္။
ၾကၫ့္ၾကၫ့္ေတာ့မွ ေမွာ္ေဆးလံုးေတြက
အရည္အေသြးေကာင္းၿပီး အဆင့္လည္းျမင့္ေန
သည္။ အေစာက ရွစ္လံုးလို႔သူေျပာခဲ့တုန္းက
အဆင့္ျမင့္ေတျြဖစ္ေနဖို႔ မေမ်ွာ္လင့္ထားေခ်၊
ႏွစ္လံုးသံုးလံုးေလာက္ပဲ ေကာင္းမယ္လို႔
ထင္ထားခဲ့သည္။
သူ႔ရဲ့စိတ္ယိမ္းေနတဲ့အမူအရာကိုျမင္ေတာ့
သူေအာင္ျမင္သြားၿပီဆိုတာ ယူေရွာင္းမို
သိလိုက္တယ္၊ "ဘယ္လိုလဲ"
"ယူမယ္!"
______________