Unicode
အပိုင်း၅၀၁- ကျုံထျန်းသို့အပြန်
ဒဏ္ဍာရီထဲတွင်မူ ဧရာမငှက်ကြီးက နဂါးများကို
အစာအဖြစ်စားသောက်သည်ဟုဆိုလေသည်။
သင်းကွဲနဂါး သို့မှမဟုတ်
သေဆုံးနေတဲ့နဂါးတွေကို ကောင်းကင်မှ
ကြည့်ပြီး နဂါးအနံ့ကိုအာရုံခံနိုင်စွမ်းလည်း
အလွန်တရာမြင့်ကြကာ
ထိုအနံ့ကိုခုခံနိုင်စွမ်းမရှိကြပေ။
နဂါးကိုတွေ့လိုက်သည်နှင့် မစားရမချင်း
လက်လျှော့ကြမည်မဟုတ်ပေ။
ယူရှောင်းမိုရဲ့အတွေးထဲမှာတော့ ဒီအကြောင်းက
သိပ်ပြီးအခြေအမြစ်မရှိလေဘူး။ ဟွာရှား
ဒဏ္ဍာရီထဲကလိုဆိုရင် ဧရာမငှက်ကြီးတွေက
ဖီးနစ်ငှက်ရဲ့ကလေးဖြစ်တယ်၊ ဒါပေမယ့်လည်း
နဂါးနဲ့ဖီးနစ်က သူတို့ခေတ်ရဲ့အစွမ်းထက်ဆုံး
သတ္တဝါတွေဖြစ်ခဲ့တာပဲ။ ဘယ်လိုပဲနေနေ
တစ်ယောက်နဲ့တစ်ယောက်ဗိုက်ဖြည့်ဖို့
အစာတော့ ဖြစ်မလာနိုင်သေးဘူးလေ။
(t/n; ဟွာရှားက တရုတ်ရဲ့နာမည်ဟောင်းပါ)
ဒါပေမယ့်လို့ လင်းရှောင်ကိုကြည့်နေတဲ့
ဧရာမငှက်ကြီးရဲ့လောဘတကြီးအကြည့်ကို
မြင်လိုက်ရပြန်တဲ့အခါ
သူ့အတွေးက- ဒဏ္ဍာရီရဲ့တစ်ဝက်
ကတော့မှန်လောက်မယ် ကျန်တဲ့တစ်ဝက်က
တော့ နည်းနည်းများနေသလိုပဲ။
နဂါးမျိုးနွယ်မှာ နဂါးမျိုးကွဲတွေအများကြီး
ရှိတာကြောင့် နဂါးစစ်သည်တော်တွေအားလုံးက
ဘိုးဘေးတစ်ဆက်တည်းက ဆင်းသက်လာဖို့
မဖြစ်နိုင်ပေ၊ ဂုဏ်သရေအရှိဆုံး
ရွှေနဂါးနဲ့ ရွှေနဂါးနောက်ဒုတိယလိုက်တဲ့
ငွေနဂါးလိုဖြစ်သည်။
ရွှေနဂါးက လက်သည်းငါးခုပါနဂါးဖြစ်ပြီး
နဂါးမျိုးနွယ်ထဲတွင်အဆင့်အတန်း
မြင့်မား၏။ ငွေနဂါးတောင် သူ့ရှေ့မှာ
ဦးညွတ်ရသေးပေသည် ၊ ငွေနဂါးအောက်မှာတော့
ခွန်အားသိပ်မကြီးတဲ့ သွေးမျိုးဆက်နိမ့်တဲ့
နဂါးမျိုးနွယ်အစုံရှိသည်။ ဒါ့ကြောင့်
ကျင့်ကြံဆင့်မြင့်တဲ့ဧရာမငှက်ကြီးလိုအကောင်
အတွက် သွေးမျိုးဆက်မသန့်စင်တဲ့
အဆင့်နိမ့်နဂါးတစ်ကောင်ကို စားရတာက
လက်ကလေးလှန်ပြရသလောက်ပဲရှိပေ၏။
(t/n; လက်သည်းငါးခုပါ ရွှေနဂါးက
တော်ဝင်သင်္ကေတပါ၊ ဧကရာဇ်တွေပဲသုံးလို့
ရပါတယ်။ အခြားသောတော်ဝင်မိသားစုဝင်တွေ
ကတော့ လက်သည်းလေးခုနဲ့အောက်
ပါတဲ့နဂါးပဲသုံးလို့ရပါတယ်)
သို့ပေမယ့် ဧရာမငှက်ကြီးက နဂါးစားတာနဲ့ပဲ
နဂါးမျိုးနွယ်ထက်အဆင့်မြင့်တယ်လို့
မဆိုလိုပေ။ရွှေနဂါးနဲ့ငွေနဂါးလို အစစ်အမှန်နဂါးတွေနဲ့
တွေ့ရင်တော့ ရှုံးပြီးထွက်ပြေးရပေမည်။
လင်းရှောင်ရဲ့ကိုယ်ကနေ နဂါးမျိုးနွယ်အနံ့
ပျံ့နှံ့လာပေမယ့် သူ့သွေးမျိုးဆက်က
နိုးထကာစပဲရှိသေးတာမလို့ အနံ့မပြင်းလှပေ။
သူ့သွေးမျိုးဆက်က မသန့်စင်တာကြောင့်
ဧရာမငှက်ကြီးက သူ့ကိုအဆင့်နိမ့်နဂါး
တစ်ကောင်ပဲလို့ ယုံမိသွားတာဖြစ်သည်။
အလင်းတန်းကြီးက ပြင်းထန်စွာလှုပ်ခါသွားပြီး
နောက် လင်းရှောင်ကိုယ်ထဲကိုတစ်ခဏချင်း
ပြန်လည်ဝင်ရောက်သွားသည်။ ပျံ့ထွက်လာနေ
သည့်ဖိအားကြီးလည်း တစ်ခါမှမပေါ် လာခဲ့ဖူး
သလို တစ်ပြိုင်နက်တည်းပျောက်ကွယ်သွား၏။
လင်းရှောင်ခေါင်းပေါ် က ရွှေနဂါးလေးကလည်း
နောက်တစ်ကြိမ်ဟိန်းဟောက်ပြီး
ပျောက်ကွယ်သွားသည်။
လင်းရှောင် လက်သီးဆုပ်ထားတဲ့လက်ကို
မြှောက်လိုက်တယ်၊ သူ့ရဲ့မျက်ဝန်းနက်နက်
တွေထဲတွင် အနီရောင်အလင်းတစ်ခု
လက်သွားသည်။
သွေးမျိုးဆက်တစ်ခုနိုးထလာသည့်အခါ
ခွန်အားလည်းတိုးလာသည်၊ ထိုအရာက
သူမျှော်လင့်ထားတာကိုတောင် ကျော်လွန်
နေ၏။
သို့သော်ငြားလည်း ငွေနဂါးရဲ့သွေးက
ရွှေနဂါးရဲ့သွေးလောက်မမြင့်မြတ်သည်ဖြစ်၍
နိုးထလာရန်အချိန် အတော်ကြာသွားသည်၊
မဟုတ်ရင် သူ့ကိုယ်ထဲကိုသွေးစက်
စိမ့်ဝင်သွားတဲ့အချိန် သူ့ရဲ့ရွှေနဂါးသွေးမျိုးဆက်
လည်း တစ်ချိန်တည်းလိုလိုနိုးထလာမည်
ဖြစ်သည်။
"အဲ့လက်ကဘာဖြစ်နေလို့လဲဟင်"
လင်းရှောင်က ငေးကြောင်ကြောင်ဖြစ်နေတာ
ယူရှောင်းမိုမြင်တော့ သူမလန့်ဘဲမနေနိုင်တော့။
ဦးနှောက်ချောင်သွားတာတော့မဟုတ်လောက်
ဘူးမလား။
လင်းရှောင် မျက်လုံးပင့်လိုက်ပြီးတစ်ချက်ကြည့်
တယ် ၊ "ပြဿနာနည်းနည်းရှိနေတယ်"
"ဘာလဲ"
"ဒီငှက်ကိုရှင်းပြီးရင်ပြောပြမယ်"
ယူရှောင်းမို ခေါင်းကြိမ်းသွားတယ်။
ဘာလို့ အဲ့စကားထဲမှာ သိပ်မကောင်းတဲ့
တစ်ခြားအဓိပ္ပါယ်တစ်ခုပါနေတယ်လို့
ခံစားနေရတာလဲ။
လင်းရှောင် ခြေထောက်ကိုကွေးလိုက်ပြီး
ထလိုက်သည်။ ထွက်ပြေးဖို့ချောင်းနေတဲ့
ဧရာမငှက်ကြီးကို အနီရင့်ရောင်မျက်လုံးတွေနဲ့
ကြည့်လိုက်ကာ ထိုမျက်ဝန်းများထဲတွင်
အစနောက်သန်တဲ့အရိပ်အယောင်တစ်ခု
လက်သွားလေ၏။ တံခါးရှေ့ရောက်နေတဲ့
အရာကိုလက်မခံစရာအကြောင်းမှ မရှိတာ။
ဧရာမငှက်ကြီးမှာ ရန်ဖြစ်ထားတဲ့ငှက်ပေါက်
လေးလိုပင်။ လင်းရှောင်မတ်တပ်ရပ်လိုက်
တဲ့အချိန် သူကလှည့်ပြေးနေလေပြီ။
သူ့အလျင်က အလွန်တရာမြန်ကာ
ခဏအကြာတွင် မီတာတော်တော်များများ
ပြေးပြီးပြီဖြစ်ကာ လွတ်တော့မယ့်ပုံရှိနေသည်။
ချောက်ကမ်းပါးအစွန်းမှာရပ်နေတဲ့
လင်းရှောင်က ကြီးမားလှတဲ့
ရွှေနဂါးတစ်ကောင်အဖြစ်ရုတ်တရက်
ပြောင်းလဲသွား၏။ သူ့ကိုယ်က မီတာတစ်ရာ
ကျော်ရှည်ကာ ခွေလိုက်သည့်အခါ
တောင်ထွတ်ရှိနေအလင်းရောင်ကို နေရာလပ်မရှိ
ပိတ်ဆို့သွားသည်။ အရွယ်အစားက
ဧရာမငှက်ကြီးထက်
သေးငယ်သော်လည်း သူ့အရှိန်အဝါက
ငှက်ကြီးထက်ပိုသန်မာသည်။
သူ့ဟိန်းဟောက်သံက ကောင်းကင်ထက်တွင်
ပဲ့တင်ထပ်သွားသည်။
ယူရှောင်းမို ပါးစပ်ဟသွားတယ်။
နိမိတ်တစ်ခုကြိုမြင်နေပေမယ့် သူ့မျက်စိနဲ့
ကိုယ်တိုင်မြင်ရတော့ တော်တော်လေး
အံ့ဩဖို့ကောင်းနေတုန်းပဲ။
လင်းရှောင်က ရွှေနဂါးတစ်ကောင်ဖြစ်သွားတယ်။
သူက ချီလင်နဲ့ရှေးဟောင်းနတ်ဆိုးဖီးနစ်ရဲ့
သားဖြစ်ခဲ့တာမဟုတ်ဘူးလား။
ဘယ်လိုလုပ် ဗြုန်းစားကြီး
နဂါးမျိုးနွယ်ရဲ့သွေးမျိုးဆက်ရသွားတာလဲ။
နဂါးသွေးစက်ကို ယူရှောင်းမိုတွေးမိသွားတယ်။
လင်းရှောင်က နဂါးမျိုးဆက်သွေးကို
နဂိုကတည်းကပိုင်ဆိုင်ထားလို့မှမဟုတ်ရင်
နဂါးသွေးလေးတစ်စက်နဲ့ နဂါးမျိုးနွယ်ရဲ့
သွေးမျိုးဆက်ကိုရနိုင်မှာမဟုတ်ဘူး၊
နောက်ပြီး အဲ့နဂါးသွေးစက်က သူ့ကိုယ်ထဲက
နဂါးသွေးမျိုးဆက်ကိုလှုံ့ဆော်ပေးခဲ့တာ
ဖြစ်မယ်။
နဂါးကြီးက ဧရာမငှက်ကြီးထက်အများကြီး
ပိုမြန်ပြီး ခဏလေးနဲ့လိုက်မီသွားသည်။
ယူရှောင်းမို တောင်ထိပ်ပေါ် ရပ်နေရင်း
ဧရာမငှက်ကြီး အောက်ပြုတ်ကျသွားတာကို
မြင်နေရသည်။ သူ့ဧရာမခန္ဓာကိုယ်ကြီးက
အောက်ဘက်ကတောင်နဲ့
ဝင်တိုက်မိသွားပြီး တဂျိန်းဂျိန်းအသံက
အင်မတန်ကျယ်လောင်ပြတ်သားလှသည်။
သူ့နားတစ်ဝိုက်ကမြေကြီးတောင်
ခပ်သိမ့်သိမ့်တုန်သွားတယ်။
လင်းရှောင်ပြန်လာတဲ့အခါ အရွယ်ကျုံ့သွားပုံရတဲ့
ဧရာမငှက်ကြီးကိုမ ထားတယ်။
၎င်းက နွမ်းနယ်နေတဲ့အမူအရာနဲ့
ခေါင်းငုံ့ထားလေသည်။
ဒီအကောင်က နှစ်ယောက်မရှိလောက်အောင်
မောက်မာခဲ့တဲ့ သဖုန်းညန်(ဧရာမငှက်ကြီး)
ဆိုတာ ယူရှောင်းမိုယုံရခက်နေတယ်။
လင်းရှောင်နဲ့ဆုံခဲ့သမျှ နတ်ဆိုးသားရဲတွေ
အကုန်လုံး ချွင်းချက်မရှိဒီကံနဲ့ပဲဆုံရတာပဲ။
လင်းရှောင် သဖုန်းညန်ကို သူ့ခြေရင်းနားပစ်ချ
လိုက်ကာ သာမာန်ကာလျှံကာပြောလိုက်သည်၊
"ပျံသန်းရေးအထောက်အပံ့လိုနေတာမဟုတ်
ဘူးလား။ ဒီကောင်ကိုသုံးရင် ပြည့်စုံတယ်"
ယူရှောင်းမို ပါးစပ်ထောင့်လေးတွေ
မြင့်တက်သွားတယ်။ မှန်လိုက်လေခြင်း။
သူ့တံခါးရှေ့ကိုယ့်ဘာကိုယ်ရောက်လာတဲ့
'ပျံသန်းရေးအထောက်အပံ့' ကို ဖြုန်းတီးလို့
ဘာအကျိုးရှိမှာလဲ။ သို့ဖြစ်၍ သူအတွန့်မတက်
ဘဲ လက်ခံလိုက်တော့သည်။
ဒါကိုကြားတော့ သဖုန်းညန် ချက်ချင်းပဲ
မျက်လုံးပြူးသွားရတယ်။ ဒီလူက သူ့ကို
ဒီမှော်ဆရာပေါက်စလေးရဲ့ဆက်နွယ်သားရဲ
ဖြစ်လာစေချင်နေတယ်ပေါ့လေ။ သူက
ရှေးဟောင်းနတ်ဆိုးဖီးနစ်မျိုးနွယ်ရဲ့
သွေးမျိုးဆက်ကိုပိုင်ဆိုင်ထားတဲ့ငှက်ပါ၊
သာမာန်မှော်ဆရာပေါက်စလေးက
သူ့အဆင့်အတန်းနဲ့ ဘယ်လိုလုပ်ကိုက်ညီ
မှာလဲ။
လင်းရှောင် သူ့ကိုတစ်ချက်စောင်းကြည့်လိုက်
တယ်၊ "ပြဿနာရှိလို့လား"
သဖုန်းညန်ကိုကြည့်ရတာ ကြောက်ရွံ့သွားပုံ
ပေါ် သည်။
ယူရှောင်းမိုက သူ့လက်ကိုပျော်ပျော်ရွှင်ရွှင်နဲ့
ယမ်းလိုက်လေ၏၊ "ပြဿနာမရှိပါဘူး၊
ပြဿနာမရှိပါဘူး"
သဖုန်းညန်-"........"
အဆုံးကျတော့လည်း သဖုန်းညန်က
ယူရှောင်းမိုရဲ့ဆက်နွယ်သားရဲဖြစ်သွားရတာပါပဲ။
ယူရှောင်းမိုမှာ သူအပါအဝင်ဆက်နွယ်သားရဲ
ဆယ့်တစ်ကောင်ရှိကာ ဘောလုံးအသင်း
တစ်သင်းဖွဲ့လို့ရနေလေပြီ။
ဒါပေမယ့်လည်း ငှက်အမျိုးအစား
နတ်ဆိုးသားရဲတွေနဲ့သူနဲ့တော်တော်ရေစက်ပါ
တာကို ယူရှောင်းမိုတွေးမိသွားသည်။
မာနငှက် ၊ ငှက်ပေါက်လေးနဲ့ အခုပဲရောက်လာတဲ့
သဖုန်းညန်တို့အကုန်လုံးမှာ အမွှေးတောင်တွေ
တောင်ပံတွေရှိတယ်။ သူ့ဘေးမှာ
ငှက်ပေါက်လေးနဲ့မာနငှက်တို့မရှိလို့သာ ၊
မဟုတ်ရင် နောက်ထပ်ငှက်အမျိုးအစား
နတ်ဆိုးသားရဲတစ်ကောင်နဲ့စာချုပ် ချုပ်ရတာ
တန်တယ်လို့ သူလည်းမခံစားရဘူး။
သဖုန်းညန်နဲ့ သတ္တုစားသားရဲလေးကို
သူ့နယ်မြေထဲထည့်လိုက်တော့သည်။
ဆန့်ကျင်ဘက်အနေနဲ့ မတရားပျော်ရွှင်ရတာ
က ခေါင်းကိုက်စေတယ်၊ အကြောင်းအရင်း
ကတော့ အဖော်သစ်တစ်ယောက်တိုးလာတာနဲ့
သတ္တုစားသားရဲလေးနဲ့ရွှေတောင်ပံပိုးကောင်
တွေက ဘာကိုမှအရေးမလုပ်တော့ချေ။
ခုနတုန်းက သူတို့ကိုအနိုင်ကျင့်နေခဲ့တဲ့
ရန်သူဖြစ်ခဲ့ပေမယ့် အခုတော့သူတို့အဖော်
ဖြစ်သွားတာမလို့ ပြန်အနိုင်ကျင့်ချင်နေကြ
လေသည်။
ရွှေတောင်ပံပိုးကောင်တွေက
တစ်ယောက်ယောက်ရဲ့ကိုယ်ပေါ် မှာ
နေရတာကြိုက်ကြသည်၊ အထူးသဖြင့်
ခေါင်းပေါ် မှာဖြစ်၏။ သဖုန်းညန်က
သူနဲ့အရွယ်တူဖြစ်သွားတာကို
သတ္တုစားသားရဲလေးကမြင်တော့
ဝဝကစ်ကစ်လက်ဖဝါးတွေနဲ့ ဆက်တိုက်
တွန်းတော့သည်။ သဖုန်းညန်က
ပျောက်ဆုံးသွားတဲ့လွတ်လပ်မှုလေးအတွက်
ပူဆွေးဝမ်းနည်းနေတာကြောင့် သူတို့ကို
အာရုံထားဖို့အားမရှိချေ။
လင်းရှောင် ယူရှောင်းမိုကိုခေါ် လိုက်ပြီး
တောင်နက်ထဲကထွက်လာခဲ့လိုက်တော့သည်။
ထိုအချိန်ကကိစ္စက အလွန်ကြီးမားပြီး
အဆင့်မြင့်နတ်ဆိုးသားရဲအနည်းငယ်နှင့်
ကျင့်ကြံသူအချို့က အာရုံရခဲ့ကြသည်။
နဂါးမျိုးနွယ်စုခေါင်းဆောင်က ရှီကျင်းမှာ
အခြေချနေတာဖြစ်တာကြောင့်
တောင်ပိုင်းတိုက်မကြီး၏တောနက်တောင်နက်
ထဲ၌ နဂါးတစ်ကောင်ပေါ် လာသည်မှာ
ထူးဆန်းလှပေသည်။
အဲ့တာတွေနောက်တော့ သူတို့ကျုံထျန်းကို
အမှန်တကယ်ပြန်လာဖြစ်ခဲ့သည်။
ယူရှောင်းမိုနဲ့ကွဲသွားခဲ့သည့် လဝက်အတွင်း
လင်းရှောင်က နယ်မြေပြောင်းအဆောင်လက်ဖွဲ့
မြောက်မြားစွာသန့်စင်နိုင်ခဲ့သည်၊
သို့ပေမယ့် ကျင့်ကြံဆင့်တွင်အတားအဆီး
ရှိခဲ့ခြင်းကြောင့် သူသန့်စင်နိုင်ခဲ့သည်မှာ
အဆင့်နိမ့်အဆောင်များသာဖြစ်၏။
ဟုတ်တာပေါ့ နယ်မြေပြောင်းအဆောင်တွေ
အကုန်လုံးက မျှော်လင့်ထားသလိုပဲ
ယူရှောင်းမိုရဲ့အိတ်ထဲလမ်းဆုံးသွားတယ်၊
အခု လင်းရှောင်အဆောင်လက်ဖွဲ့တွေ
သန့်စင်တဲ့အခါ မတော်တဆတွေမရှိတော့ဘူး။
သူတို့တွေ ကျုံထျန်းကိုပြန်ရောက်တဲ့အချိန်
ထွက်သွားတဲ့နေ့ကစတွက်ရင် တစ်လကျော်ကျော်
ကုန်သွားခဲ့ပြီဖြစ်သည်။
လမ်းမတွေရဲ့ရင်းနှီးနေတဲ့ရနံ့က သူတို့မျက်နှာပေါ်
ဖြတ်တိုက်သွားတယ်။ ဤနေရာမှာ
ကျုံထျန်းကနေမသွားခင် လည်ပတ်ခဲ့သည့်
ကောင်းကင်ဒေသဖြစ်ကာ မှော်ဆရာအစည်းအရုံး၏
နယ်မြေဖြစ်သည်။
ဒီတစ်ခေါက်သယ်ယူပို့ဆောင်ရေးက
သွားလာစရိတ်နည်းနည်းလောက်
သက်သာစေခဲ့သည်ပင်။
ဒီနေရာရောက်နေမှတော့ လိုရမယ်ရဈေးဝယ်ထွက်ဖို့
ယူရှောင်းမိုဆုံးဖြတ်လိုက်တယ်။
သံသရာဆေးလုံးအတွက် ဘယ်ဆေးပင်တွေ
လိုတယ်ဆိုတာ တစ်ခါတည်းရှာကြည့်လို့
ရတာမလို့ လင်းရှောင်ကို သံသရာမျှော်စင်ဆီ
ဆွဲခေါ် သွားလိုက်တော့သည်။
သံသရာမျှော်စင်မှာ စုစုပေါင်းအထပ်သုံးထပ်
ရှိ၏။ အရင်အခေါက်တုန်းက ပထမထပ်နဲ့
ဒုတိယထပ်ကိုပဲသွားခဲ့ကြကာ
ပိုက်ဆံပြတ်နေတာရယ် အချိန်မလောက်တာရယ်
ကြောင့် တတိယထပ်ကိုမသွားခဲ့ကြပေ။
တတိယထပ်မှာရောင်းတဲ့ပစ္စည်းတွေက
စွမ်းအင်ကျောက်တုံးဆယ်သန်းကျော်တွေ
ကြည့်ပဲလို့ သူကြားခဲ့တယ်။
"စွမ်းအင်ကျောက်တုံးရှိတယ်လား"
လင်းရှောင် ဘေးနားကနေမေးကြည့်လိုက်တယ်။
ယူရှောင်းမို သွားနေတာရပ်သွားတယ်၊
"ရှိတယ် သိပ်တော့မများဘူး"
နောက်ဆုံးတစ်ခေါက် သံသရာမျှော်စင်ကို
လာခဲ့တုန်းက သူ့လက်ထဲမှာစွမ်းအင်ကျောက်တုံး
ဆယ်သန်း ရှိသေးပေမယ့် ဟူရွာမှာအတော်များ
များ ထုတ်သုံးခဲ့ရသေးသည်။ အခုတော့
မှော်ဆေးလုံးဆက်ရောင်းဖို့မှမဟုတ်ရင်
တတိယထပ်ကိုသွားဖို့ သူ့မှာအလုံအလောက်
မရှိနေဘူး။
ကျင့်ကြံဆင့်မြင့်လာတာနဲ့အမျှ
မှော်ဆေးလုံးသန့်စင်နိုင်တဲ့အဆင့်လည်း
မြင့်သထက်မြင့်လာပေသည်။ သူကိုယ်တိုင်
သုံးဖို့အတွက်တောင် မလောက်တာမလို့
ဆေးလုံးတွေမရောင်းပစ်ရရင် အကောင်းဆုံးပဲ။
သံသရာမျှော်စင်၌..........
အရင်ကရောက်ဖူးတာကြောင့် လင်းရှောင်ကို
တတိယထပ်ဆီတစ်ခါတည်းဆွဲခေါ် သွား
လိုက်သည်၊ သို့ပေမယ့် လှေကားအဝရောက်တော့
သံသရာမျှော်စင်မှလူတစ်ဦး၏ဟန့်တားခြင်း
ခံလိုက်ရ၏။
"စိတ်မကောင်းပါဘူး၊ ဧကရာဇ်အဆင့်ပညာရှင်
တွေပဲ တတိယထပ်ကိုဝင်လို့ရပါတယ်"
လှေကားအဝမှာစောင့်ကြပ်နေတဲ့
သက်လတ်ပိုင်းအရွယ်လူကြီးက တောင်းတောင်း
ပန်ပန်ပြောလိုက်သည်။
သူ့ကို ယူရှောင်းမိုကြည့်လိုက်တယ်၊
"ကျွန်တော်တို့က ဧကရာဇ်ဆင့်ကျင့်ကြံဆင့်တွေ
လို့ မထင်ဘူးပေါ့လေ"
သက်လတ်ပိုင်းရွယ်လူကြီးက သူတို့ကို
အထက်အောက်ကြည့်လိုက်သည်၊ သို့ပေမယ့်
သူတို့က တစ်ခေါက်ပဲရောက်ဖူးပြီး
အဲ့တစ်ခေါက်တုန်းက တတိယထပ်ကို
မသွားခဲ့တာကြောင့် ယူရှောင်းမိုမျက်နှာကို
သူမမှတ်မိပေ။
"လူကြီးမင်းက နောက်ဆုံးအခေါက်တုန်းက
ဒုတိယထပ်ကနေ အဆင့်နိမ့်နယ်မြေပြောင်း
အဆောင်လက်ဖွဲ့ဝယ်သွားတဲ့လူပဲ
ဖြစ်နေမလား" အံ့အားသင့်နေတဲ့အသံတစ်သံ
ရုတ်တရက်ရောက်လာသည်။
ယူရှောင်းမိုလှည့်ကြည့်လိုက်ရာ အရင်အခေါက်
တုန်းက မှော်ဆေးလုံးအကဲဖြတ်ပေးခဲ့တဲ့
အဖိုးကြီးဖြစ်နေတာတွေ့လိုက်ရသည်။
ထိုဖြစ်ရပ်က သူ့အပေါ် မှာအတော်အတန်
ထင်မြင်ချက်ကောင်းခဲ့သည်ထင်သည်၊
တစ်လတိတိကြာပြီးတဲ့နောက်မှာတောင်
ယူရှောင်းမိုမျက်နှာကို သူမှတ်မိနေဆဲပင်။
သက်လတ်ပိုင်းအရွယ်လူကြီးက အဖိုးကြီးကို
တရိုတသေနဲ့လက်ယှက်ပြလိုက်ပြီး
နောက်ပြန်ဆုတ်သွားသည်။
အဖိုးကြီးက ယူရှောင်းမိုကိုကြည့်လိုက်တယ်၊
"မင်းတို့နှစ်ယောက် တတိယထပ်ကိုသွားမလို့
လား"
ယူရှောင်းမိုခေါင်းညိတ်ပြလိုက်တယ်၊
"ကျွန်တော်တို့ မှော်ဆေးပင်တစ်ချို့လာရှာ
တာပါ၊ အာ့ကြောင့် ရှိမလားလို့
တက်သွားကြည့်မလို့"
"မင်းတို့ရှာနေတာ ဘယ်လိုမှော်ဆေးပင်မျိုးလဲ။
ဒီအဖိုးကြီးကိုပြောပြလိုက်လို့ရပါတယ်၊
တတိယထပ်ကပစ္စည်းတွေကို ဒီအဖိုးကြီးက
နည်းနည်းပါးပါးသိတယ်၊ အဲ့မှာ
မင်းတို့လိုချင်တာများရှိနေရင် ပြောပြပါမယ်"
ယူရှောင်းမို ဟန်ဆောင်မနေတော့ဘဲ
သံသရာဆေးလုံးအတွက်သူတို့မတွေ့သေးတဲ့
မှော်ဆေးပင်ခုနစ်မျိုးကို တစ်ခါတည်း
ရွတ်ပြလိုက်တယ်။ သူရထားတဲ့
မှော်ဆေးပင်တွေထဲကနေ တစ်မျိုးရှာတွေ့ထား
တာကြောင့် ခုနစ်မျိုးကျန်နေသေးလေသည်။
အဖိုးကြီးက မျက်မှောင်ကြုံ့သွားကာ
ခေါင်းခါလိုက်၏၊ "မင်းတို့ရှာနေတဲ့
မှော်ဆေးပင်တွေက တော်တော်လေးတင်းကြပ်တဲ့
နေရာတွေမှာရှိတာ။ သူတို့အားလုံးက
ပုံမှန်မဟုတ်တဲ့မှော်ဆေးပင်တွေဖြစ်ဖို့
များတယ်"
ယူရှောင်းမို နည်းနည်းလောက်တော့စိတ်ပျက်
မိသွားတယ်။
"သံသရာမျှော်စင်မှာမရှိပေမယ့်လို့
ရှိလောက်မယ့်နေရာတစ်ခုတော့ရှိတယ်"
အဖိုးကြီးက တစ်ခါတည်းပြောပြလိုက်တော့
တယ်။
ယူရှောင်းမို မျက်လုံးလေးတွေလက်သွား
တော့သည်၊ "ဘယ်နေရာလဲ"
အဖိုးကြီးက မုတ်ဆိတ်ကိုသပ်လိုက်ရင်း
"ကျုံထျန်းဈေးရောင်းပွဲတော်ဆိုတဲ့ နေရာတစ်ခု
ကို ကြားဖူးလားမသိဘူး"
ယူရှောင်းမိုခေါင်းယမ်းလိုက်တယ်၊
" 'ဈေးရောင်းပွဲတော်' ဆိုတဲ့နောက်ကနှစ်လုံး
ပဲ ကြားဖူးတာ"
သူများနဲ့မတူတမူထူးတဲ့ပြောပုံဆိုပုံကြောင့်
အံ့ဩသွားတဲ့အလား အဖိုးကြီးက
တစ်စက္ကန့်လောက်မှင်တက်သွားသည်။
ခဏလောက်ကြာမှ "ကျုံထျန်းဈေးရောင်းပွဲတော်
က ကောင်းကင်ဒေသနဲ့ကမ္ဘာမြေဒေသက
ပူးပေါင်းပြီးကျင်းပတဲ့ ဈေးရောင်းပွဲလေ။
ကုန်သွယ်ရေးဒေသနှစ်ခုမှာ ဈေးမြင့်တဲ့ပစ္စည်း
တစ်ခုခုပေါ် လာခဲ့လို့ရှိရင် ကျုံထျန်း
ဈေးရောင်းပွဲတော်ကိုပို့လိုက်တယ်၊
ပြီးရင် လတိုင်းလတိုင်းရဲ့ပထမမြောက်နေ့မှာ
ကုန်သွယ်ရောင်းဝယ်ကြတယ်"
ယူရှောင်းမို အကြမ်းတွက်ကြည့်လိုက်တယ်။
ဒီနေ့က နှစ်ဆယ့်ခြောက်ရက်ဆိုတော့
အခုနဲ့တစ်ရက်နေ့ကြားမှာ လေးရက်ပဲခြားတယ်၊
သိပ်လည်းမကြာသလို သိပ်လည်းမမြန်လွန်းဘူးပဲ။
"ကျုံထျန်းဈေးရောင်းပွဲတော်ကပစ္စည်းတွေက
ဈေးတော်တော်မြင့်တာမလို့ တန်ဖိုးက
စွမ်းအင်ကျောက်တုံးနဲ့တိုင်းဖို့မဖြစ်နိုင်ဘူး၊
အာ့ကြောင့် မကြာခဏဆိုသလို
ကုန်ချင်းဖလှယ်ကြတယ်။ မင်းတို့နှစ်ယောက်
လိုလိုပိုပိုပြင်ထားသရွေ့ လိုချင်တဲ့ဟာ
လဲလို့ရမှာပါ" အဖိုးကြီးက တစ်စက္ကန့်ခန့်
ရပ်သွားသည်၊ "နောက်ပြီးရှိသေးတယ်၊
ကျုံထျန်းဈေးရောင်းပွဲတော်မှာ ဆင်နွှဲချင်ရင်
ထောက်ခံပေးမယ့်လူလိုတယ်"
ဒီလောက်တောင်အလုပ်ရှုပ်တယ်ပေါ့လေ။
ယူရှောင်းမို-"ကျွန်တော်တို့ကို ထောက်ခံပေးဖို့လူ
ဘယ်လိုရှာရမလဲမေးလို့ရမလား"
အဖိုးကြီးက ဘေးမှာတိတ်တိတ်လေးရပ်နေတဲ့
လင်းရှောင်ကို လှမ်းကြည့်လိုက်ပုံ
ပေါ် သည်။ ယူရှောင်းမိုစကားကြားတော့
သူပြောလိုက်တယ်၊ "ပူစရာမလိုပါဘူး၊
မင်းတို့နှစ်ယောက်က သံသရာမျှော်စင်ရဲ့
ဝယ်သူတွေပဲလေ။ ဒီဟာကိုအဖိုးကြီးဆီ
အပ်ထားလိုက်ပါ၊ အချိန်ကျရင်တော့
မင်းတို့နှစ်ယောက် ဒီကိုနောက်တစ်ခေါက်
ထပ်လာဖို့တော့လိုသေးတယ်"
"ကျေးဇူးအများကြီးတင်ပါတယ်!"
ယူရှောင်းမိုလည်း အင်တင်တင်လုပ်မနေတော့ဘူး။
အဖိုးကြီးနဲ့အချိန်ကိုအတည်ပြုပြီးတဲ့နောက်
သူတို့နှစ်ယောက် သံသရာမျှော်စင်ကနေ
အတူတူထွက်လာခဲ့ကြသည်။ သံသရာဆေးလုံးရဲ့
မှော်ဆေးပင်တွေကို လာရှာတာမလို့
တတိယထပ်ကိုသွားဖို့မလိုတော့ပေ။
ဒါ့အပြင် ဈေးရောင်းပွဲတော်ကို ကုန်ချင်းဖလှယ်ပြီး
ကျင်းပတာကြောင့် အချိန်ကိုကောင်းကောင်း
အသုံးချပြီး မှော်ဆေးလုံးသန့်စင်ရန်
ပြန်ရပေမည်။ သူတို့နှစ်ယောက်
ရှောင်ယောင်တက္ကသိုလ်ဆီ တန်းပြန်လာခဲ့၏။
အကြာကြီးခွဲနေခဲ့ရပြီးတဲ့နောက်
ပင်မအဆောက်အအုံကို ယူရှောင်းမို
နည်းနည်းတော့လွမ်းမိသည်။ သို့ပေမယ့်
သုံးလစဉ်စိန်ခေါ် ပွဲကို ဆယ်ရက်လေးနဲ့ကပ်လွဲ
သွားပြီး နှစ်လတောင်ထပ်စောင့်ရမှာကို
တွေးမိတော့ သက်ပြင်းကြီးကြီးချလိုက်တယ်။
အစွမ်းအစရှိတဲ့လူတစ်ယောက်အတွက်
စောင့်ဆိုင်းရတယ်ဆိုတာ သည်းခံဖို့ခက်တယ်။
သူ့ရဲ့ကိုယ့်ကိုယ်ကိုအထင်ကြီးနေတဲ့
အမူအရာကိုမြင်ပြီးတော့ လင်းရှောင်သူ့ကို
အာရုံမထားတော့ပေ။
သို့သော်ငြား ယူရှောင်းမိုမှာခဏသာ
ဘဝင်မြင့်နိုင်သည်။ ချောင်ဝူရှင်းနဲ့
ကျန်တဲ့သူတွေအကုန်လုံး အထပ်ရှစ်ဆယ်ကနေ
ကိုးဆယ့်ငါးထပ်ကို တက်သွားပြီဆိုတာ
သူကြားလိုက်ရတဲ့အခါ ဝမ်းနည်းသွားရပြန်
လေသည်။
လူတိုင်းက သူ့တစ်ယောက်တည်းထားပြီး
ထွက်သွားကြပြီ၊ လင်းရှောင်ကိုတော့
ထည့်မတွက်နဲ့။
ဒီရက်တွေထဲမှာ အပြင်လောကထဲပြေးလွှား
နေခဲ့ရပြီး ကောင်းကောင်းနားဖို့အခွင့်အရေး
မရခဲ့ချေ။ သူ့အခန်းကိုပြန်ရောက်ရောက်ချင်း
ယူရှောင်းမို အိပ်ဖို့ လင်းရှောင်ကိုအိပ်ယာထဲ
ဆွဲသွားပြီး သူ့ကိုခေါင်းအုံးလုပ်လိုက်တယ်။
နောက်နေ့ထိအိပ်ပြီး နေ့လည်မှထမယ်လို့
သူစိတ်ကူးလိုက်သည်။
ဒါပေမယ့် သူ့ရင်ဘတ်ပေါ် ခေါင်းတင်လိုက်
ကာရှိသေးတယ် ယူရှောင်းမို ရုတ်တရက်ကြီး
ထထိုင်လိုက်ပြီး မျက်လုံးပိတ်ပြီးအိပ်တော့ဆဲဆဲ
လင်းရှောင်းကိုဆွဲထူလိုက်လေသည်၊
"မဟုတ်သေးဘူး ၊ ခင်ဗျား ဘာလို့ရွှေနဂါး
ပြောင်းသွားလဲမပြောပြရသေးဘူး"
လင်းရှောင် မျက်လုံးလှန်ပြလိုက်တော့သည်၊
"မင်းတုံ့ပြန်တဲ့အချိန်က အရမ်းနှေးလွန်းနေတယ်"
"ခင်ဗျားနဲ့မကိုက်ဘူးလားပြော"
ယူရှောင်းမိုက တွေဝေမနေဘဲပြန်ပက်လိုက်
လေ၏၊ "မြန်မြန်ဖြေပါဗျာ"
လင်းရှောင် ပက်လက်လှန်လိုက်ပြီး
ထထိုင်လိုက်ရတော့သည်။
_________________
Zawgyi
အပိုင္း၅၀၁- က်ဳံထ်န္းသို႔အျပန္
ဒ႑ာရီထဲတြင္မူ ဧရာမငွက္ႀကီးက နဂါးမ်ားကို
အစာအျဖစ္စားေသာက္သည္ဟုဆိုေလသည္။
သင္းကဲြနဂါး သို႔မွမဟုတ္
ေသဆံုးေနတဲ့နဂါးေတြကို ေကာင္းကင္မွ
ၾကၫ့္ၿပီး နဂါးအနံ႔ကိုအာရံုခံႏိုင္စြမ္းလည္း
အလြန္တရာျမင့္ၾကကာ
ထိုအနံ႔ကိုခုခံႏိုင္စြမ္းမရိွၾကေပ။
နဂါးကိုေတြ့လိုက္သည္ႏွင့္ မစားရမခ်င္း
လက္ေလ်ွာ့ၾကမည္မဟုတ္ေပ။
ယူေရွာင္းမိုရဲ့အေတြးထဲမွာေတာ့ ဒီအေၾကာင္းက
သိပ္ၿပီးအေျခအျမစ္မရိွေလဘူး။ ဟြာရွား
ဒ႑ာရီထဲကလိုဆိုရင္ ဧရာမငွက္ႀကီးေတြက
ဖီးနစ္ငွက္ရဲ့ကေလးျဖစ္တယ္၊ ဒါေပမယ့္လည္း
နဂါးနဲ႔ဖီးနစ္က သူတို႔ေခတ္ရဲ့အစြမ္းထက္ဆံုး
သတၲဝါေတျြဖစ္ခဲ့တာပဲ။ ဘယ္လိုပဲေနေန
တစ္ေယာက္နဲ႔တစ္ေယာက္ဗိုက္ျဖၫ့္ဖို႔
အစာေတာ့ ျဖစ္မလာႏိုင္ေသးဘူးေလ။
(t/n; ဟြာရွားက တရုတ္ရဲ့နာမည္ေဟာင္းပါ)
ဒါေပမယ့္လို႔ လင္းေရွာင္ကိုၾကၫ့္ေနတဲ့
ဧရာမငွက္ႀကီးရဲ့ေလာဘတႀကီးအၾကၫ့္ကို
ျမင္လိုက္ရျပန္တဲ့အခါ
သူ႔အေတြးက- ဒ႑ာရီရဲ့တစ္ဝက္
ကေတာ့မွန္ေလာက္မယ္ က်န္တဲ့တစ္ဝက္က
ေတာ့ နည္းနည္းမ်ားေနသလိုပဲ။
နဂါးမ်ိဳးႏြယ္မွာ နဂါးမ်ိဳးကဲြေတြအမ်ားႀကီး
ရိွတာေၾကာင့္ နဂါးစစ္သည္ေတာ္ေတြအားလံုးက
ဘိုးေဘးတစ္ဆက္တည္းက ဆင္းသက္လာဖို႔
မျဖစ္ႏိုင္ေပ၊ ဂုဏ္သေရအရိွဆံုး
ေရႊနဂါးနဲ႔ ေရႊနဂါးေနာက္ဒုတိယလိုက္တဲ့
ေငြနဂါးလိုျဖစ္သည္။
ေရႊနဂါးက လက္သည္းငါးခုပါနဂါးျဖစ္ၿပီး
နဂါးမ်ိဳးႏြယ္ထဲတြင္အဆင့္အတန္း
ျမင့္မား၏။ ေငြနဂါးေတာင္ သူ႔ေရ႔ွမွာ
ဦးၫြတ္ရေသးေပသည္ ၊ ေငြနဂါးေအာက္မွာေတာ့
ခြန္အားသိပ္မႀကီးတဲ့ ေသြးမ်ိဳးဆက္နိမ့္တဲ့
နဂါးမ်ိဳးႏြယ္အစံုရိွသည္။ ဒါ့ေၾကာင့္
က်င့္ႀကံဆင့္ျမင့္တဲ့ဧရာမငွက္ႀကီးလိုအေကာင္
အတြက္ ေသြးမ်ိဳးဆက္မသန႔္စင္တဲ့
အဆင့္နိမ့္နဂါးတစ္ေကာင္ကို စားရတာက
လက္ကေလးလွန္ျပရသေလာက္ပဲရိွေပ၏။
(t/n; လက္သည္းငါးခုပါ ေရႊနဂါးက
ေတာ္ဝင္သေကၤတပါ၊ ဧကရာဇ္ေတြပဲသံုးလို႔
ရပါတယ္။ အျခားေသာေတာ္ဝင္မိသားစုဝင္ေတြ
ကေတာ့ လက္သည္းေလးခုနဲ႔ေအာက္
ပါတဲ့နဂါးပဲသံုးလို႔ရပါတယ္)
သို႔ေပမယ့္ ဧရာမငွက္ႀကီးက နဂါးစားတာနဲ႔ပဲ
နဂါးမ်ိဳးႏြယ္ထက္အဆင့္ျမင့္တယ္လို႔
မဆိုလိုေပ။ေရႊနဂါးနဲ႔ေငြနဂါးလို အစစ္အမွန္နဂါးေတြနဲ႔
ေတြ့ရင္ေတာ့ ရႈံးၿပီးထြက္ေျပးရေပမည္။
လင္းေရွာင္ရဲ့ကိုယ္ကေန နဂါးမ်ိဳးႏြယ္အနံ႔
ပ်ံ႔ႏွံ႔လာေပမယ့္ သူ႔ေသြးမ်ိဳးဆက္က
ႏိုးထကာစပဲရိွေသးတာမလို႔ အနံ႔မျပင္းလွေပ။
သူ႔ေသြးမ်ိဳးဆက္က မသန႔္စင္တာေၾကာင့္
ဧရာမငွက္ႀကီးက သူ႔ကိုအဆင့္နိမ့္နဂါး
တစ္ေကာင္ပဲလို႔ ယံုမိသြားတာျဖစ္သည္။
အလင္းတန္းႀကီးက ျပင္းထန္စြာလႈပ္ခါသြားၿပီး
ေနာက္ လင္းေရွာင္ကိုယ္ထဲကိုတစ္ခဏခ်င္း
ျပန္လည္ဝင္ေရာက္သြားသည္။ ပ်ံ႔ထြက္လာေန
သၫ့္ဖိအားႀကီးလည္း တစ္ခါမွမေပၚ လာခဲ့ဖူး
သလို တစ္ၿပိဳင္နက္တည္းေပ်ာက္ကြယ္သြား၏။
လင္းေရွာင္ေခါင္းေပၚ က ေရႊနဂါးေလးကလည္း
ေနာက္တစ္ႀကိမ္ဟိန္းေဟာက္ၿပီး
ေပ်ာက္ကြယ္သြားသည္။
လင္းေရွာင္ လက္သီးဆုပ္ထားတဲ့လက္ကို
ၿမွောက္လိုက္တယ္၊ သူ႔ရဲ့မ်က္ဝန္းနက္နက္
ေတြထဲတြင္ အနီေရာင္အလင္းတစ္ခု
လက္သြားသည္။
ေသြးမ်ိဳးဆက္တစ္ခုႏိုးထလာသၫ့္အခါ
ခြန္အားလည္းတိုးလာသည္၊ ထိုအရာက
သူေမ်ွာ္လင့္ထားတာကိုေတာင္ ေက်ာ္လြန္
ေန၏။
သို႔ေသာ္ျငားလည္း ေငြနဂါးရဲ့ေသြးက
ေရႊနဂါးရဲ့ေသြးေလာက္မျမင့္ျမတ္သည္ျဖစ္၍
ႏိုးထလာရန္အခ်ိန္ အေတာ္ၾကာသြားသည္၊
မဟုတ္ရင္ သူ႔ကိုယ္ထဲကိုေသြးစက္
စိမ့္ဝင္သြားတဲ့အခ်ိန္ သူ႔ရဲ့ေရႊနဂါးေသြးမ်ိဳးဆက္
လည္း တစ္ခ်ိန္တည္းလိုလိုႏိုးထလာမည္
ျဖစ္သည္။
"အဲ့လက္ကဘာျဖစ္ေနလို႔လဲဟင္"
လင္းေရွာင္က ေငးေၾကာင္ေၾကာင္ျဖစ္ေနတာ
ယူေရွာင္းမိုျမင္ေတာ့ သူမလန႔္ဘဲမေနႏိုင္ေတာ့။
ဦးေနွာက္ေခ်ာင္သြားတာေတာ့မဟုတ္ေလာက္
ဘူးမလား။
လင္းေရွာင္ မ်က္လံုးပင့္လိုက္ၿပီးတစ္ခ်က္ၾကၫ့္
တယ္ ၊ "ျပႆနာနည္းနည္းရိွေနတယ္"
"ဘာလဲ"
"ဒီငွက္ကိုရွင္းၿပီးရင္ေျပာျပမယ္"
ယူေရွာင္းမို ေခါင္းႀကိမ္းသြားတယ္။
ဘာလို႔ အဲ့စကားထဲမွာ သိပ္မေကာင္းတဲ့
တစ္ျခားအဓိပၸါယ္တစ္ခုပါေနတယ္လို႔
ခံစားေနရတာလဲ။
လင္းေရွာင္ ေျခေထာက္ကိုေကြးလိုက္ၿပီး
ထလိုက္သည္။ ထြက္ေျပးဖို႔ေခ်ာင္းေနတဲ့
ဧရာမငွက္ႀကီးကို အနီရင့္ေရာင္မ်က္လံုးေတြနဲ႔
ၾကၫ့္လိုက္ကာ ထိုမ်က္ဝန္းမ်ားထဲတြင္
အစေနာက္သန္တဲ့အရိပ္အေယာင္တစ္ခု
လက္သြားေလ၏။ တံခါးေရ႔ွေရာက္ေနတဲ့
အရာကိုလက္မခံစရာအေၾကာင္းမွ မရိွတာ။
ဧရာမငွက္ႀကီးမွာ ရန္ျဖစ္ထားတဲ့ငွက္ေပါက္
ေလးလိုပင္။ လင္းေရွာင္မတ္တပ္ရပ္လိုက္
တဲ့အခ်ိန္ သူကလွၫ့္ေျပးေနေလၿပီ။
သူ႔အလ်င္က အလြန္တရာျမန္ကာ
ခဏအၾကာတြင္ မီတာေတာ္ေတာ္မ်ားမ်ား
ေျပးၿပီးၿပီျဖစ္ကာ လြတ္ေတာ့မယ့္ပံုရိွေနသည္။
ေခ်ာက္ကမ္းပါးအစြန္းမွာရပ္ေနတဲ့
လင္းေရွာင္က ႀကီးမားလွတဲ့
ေရႊနဂါးတစ္ေကာင္အျဖစ္ရုတ္တရက္
ေျပာင္းလဲသြား၏။ သူ႔ကိုယ္က မီတာတစ္ရာ
ေက်ာ္ရွည္ကာ ေခြလိုက္သၫ့္အခါ
ေတာင္ထြတ္ရိွေနအလင္းေရာင္ကို ေနရာလပ္မရိွ
ပိတ္ဆို႔သြားသည္။ အရြယ္အစားက
ဧရာမငွက္ႀကီးထက္
ေသးငယ္ေသာ္လည္း သူ႔အရိွန္အဝါက
ငွက္ႀကီးထက္ပိုသန္မာသည္။
သူ႔ဟိန္းေဟာက္သံက ေကာင္းကင္ထက္တြင္
ပဲ့တင္ထပ္သြားသည္။
ယူေရွာင္းမို ပါးစပ္ဟသြားတယ္။
နိမိတ္တစ္ခုႀကိဳျမင္ေနေပမယ့္ သူ႔မ်က္စိနဲ႔
ကိုယ္တိုင္ျမင္ရေတာ့ ေတာ္ေတာ္ေလး
အံ့ဩဖို႔ေကာင္းေနတုန္းပဲ။
လင္းေရွာင္က ေရႊနဂါးတစ္ေကာင္ျဖစ္သြားတယ္။
သူက ခ်ီလင္နဲ႔ေရွးေဟာင္းနတ္ဆိုးဖီးနစ္ရဲ့
သားျဖစ္ခဲ့တာမဟုတ္ဘူးလား။
ဘယ္လိုလုပ္ ျဗဳန္းစားႀကီး
နဂါးမ်ိဳးႏြယ္ရဲ့ေသြးမ်ိဳးဆက္ရသြားတာလဲ။
နဂါးေသြးစက္ကို ယူေရွာင္းမိုေတြးမိသြားတယ္။
လင္းေရွာင္က နဂါးမ်ိဳးဆက္ေသြးကို
နဂိုကတည္းကပိုင္ဆိုင္ထားလို႔မွမဟုတ္ရင္
နဂါးေသြးေလးတစ္စက္နဲ႔ နဂါးမ်ိဳးႏြယ္ရဲ့
ေသြးမ်ိဳးဆက္ကိုရႏိုင္မွာမဟုတ္ဘူး၊
ေနာက္ၿပီး အဲ့နဂါးေသြးစက္က သူ႔ကိုယ္ထဲက
နဂါးေသြးမ်ိဳးဆက္ကိုလႈံ႔ေဆာ္ေပးခဲ့တာ
ျဖစ္မယ္။
နဂါးႀကီးက ဧရာမငွက္ႀကီးထက္အမ်ားႀကီး
ပိုျမန္ၿပီး ခဏေလးနဲ႔လိုက္မီသြားသည္။
ယူေရွာင္းမို ေတာင္ထိပ္ေပၚ ရပ္ေနရင္း
ဧရာမငွက္ႀကီး ေအာက္ျပဳတ္က်သြားတာကို
ျမင္ေနရသည္။ သူ႔ဧရာမခႏၶာကိုယ္ႀကီးက
ေအာက္ဘက္ကေတာင္နဲ႔
ဝင္တိုက္မိသြားၿပီး တဂ်ိန္းဂ်ိန္းအသံက
အင္မတန္က်ယ္ေလာင္ျပတ္သားလွသည္။
သူ႔နားတစ္ဝိုက္ကေျမၾကီးေတာင္
ခပ္သိမ့္သိမ့္တုန္သြားတယ္။
လင္းေရွာင္ျပန္လာတဲ့အခါ အရြယ္က်ဳံ႔သြားပံုရတဲ့
ဧရာမငွက္ႀကီးကိုမ ထားတယ္။
၄က ႏြမ္းနယ္ေနတဲ့အမူအရာနဲ႔
ေခါင္းငံု႔ထားေလသည္။
ဒီအေကာင္က ႏွစ္ေယာက္မရိွေလာက္ေအာင္
ေမာက္မာခဲ့တဲ့ သဖုန္းညန္(ဧရာမငွက္ႀကီး)
ဆိုတာ ယူေရွာင္းမိုယံုရခက္ေနတယ္။
လင္းေရွာင္နဲ႔ဆံုခဲ့သမ်ွ နတ္ဆိုးသားရဲေတြ
အကုန္လံုး ခၽြင္းခ်က္မရိွဒီကံနဲ႔ပဲဆံုရတာပဲ။
လင္းေရွာင္ သဖုန္းညန္ကို သူ႔ေျခရင္းနားပစ္ခ်
လိုက္ကာ သာမာန္ကာလ်ွံကာေျပာလိုက္သည္၊
"ပ်ံသန္းေရးအေထာက္အပံ့လိုေနတာမဟုတ္
ဘူးလား။ ဒီေကာင္ကိုသံုးရင္ ျပၫ့္စံုတယ္"
ယူေရွာင္းမို ပါးစပ္ေထာင့္ေလးေတြ
ျမင့္တက္သြားတယ္။ မွန္လိုက္ေလျခင္း။
သူ႔တံခါးေရ႔ွကိုယ့္ဘာကိုယ္ေရာက္လာတဲ့
'ပ်ံသန္းေရးအေထာက္အပံ့' ကို ျဖဳန္းတီးလို႔
ဘာအက်ိဳးရိွမွာလဲ။ သို႔ျဖစ္၍ သူအတြန႔္မတက္
ဘဲ လက္ခံလိုက္ေတာ့သည္။
ဒါကိုၾကားေတာ့ သဖုန္းညန္ ခ်က္ခ်င္းပဲ
မ်က္လံုးျပဴးသြားရတယ္။ ဒီလူက သူ႔ကို
ဒီေမွာ္ဆရာေပါက္စေလးရဲ့ဆက္ႏြယ္သားရဲ
ျဖစ္လာေစခ်င္ေနတယ္ေပါ့ေလ။ သူက
ေရွးေဟာင္းနတ္ဆိုးဖီးနစ္မ်ိဳးႏြယ္ရဲ့
ေသြးမ်ိဳးဆက္ကိုပိုင္ဆိုင္ထားတဲ့ငွက္ပါ၊
သာမာန္ေမွာ္ဆရာေပါက္စေလးက
သူ႔အဆင့္အတန္းနဲ႔ ဘယ္လိုလုပ္ကိုက္ညီ
မွာလဲ။
လင္းေရွာင္ သူ႔ကိုတစ္ခ်က္ေစာင္းၾကၫ့္လိုက္
တယ္၊ "ျပႆနာရိွလို႔လား"
သဖုန္းညန္ကိုၾကၫ့္ရတာ ေၾကာက္ရြံ႔သြားပံု
ေပၚ သည္။
ယူေရွာင္းမိုက သူ႔လက္ကိုေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔
ယမ္းလိုက္ေလ၏၊ "ျပႆနာမရိွပါဘူး၊
ျပႆနာမရိွပါဘူး"
သဖုန္းညန္-"........"
အဆံုးက်ေတာ့လည္း သဖုန္းညန္က
ယူေရွာင္းမိုရဲ့ဆက္ႏြယ္သားရဲျဖစ္သြားရတာပါပဲ။
ယူေရွာင္းမိုမွာ သူအပါအဝင္ဆက္ႏြယ္သားရဲ
ဆယ့္တစ္ေကာင္ရိွကာ ေဘာလံုးအသင္း
တစ္သင္းဖဲြ႔လို႔ရေနေလၿပီ။
ဒါေပမယ့္လည္း ငွက္အမ်ိဳးအစား
နတ္ဆိုးသားရဲေတြနဲ႔သူနဲ႔ေတာ္ေတာ္ေရစက္ပါ
တာကို ယူေရွာင္းမိုေတြးမိသြားသည္။
မာနငွက္ ၊ ငွက္ေပါက္ေလးနဲ႔ အခုပဲေရာက္လာတဲ့
သဖုန္းညန္တို႔အကုန္လံုးမွာ အေမႊးေတာင္ေတြ
ေတာင္ပံေတြရိွတယ္။ သူ႔ေဘးမွာ
ငွက္ေပါက္ေလးနဲ႔မာနငွက္တို႔မရိွလို႔သာ ၊
မဟုတ္ရင္ ေနာက္ထပ္ငွက္အမ်ိဳးအစား
နတ္ဆိုးသားရဲတစ္ေကာင္နဲ႔စာခ်ဳပ္ ခ်ဳပ္ရတာ
တန္တယ္လို႔ သူလည္းမခံစားရဘူး။
သဖုန္းညန္နဲ႔ သတၲုစားသားရဲေလးကို
သူ႔နယ္ေျမထဲထၫ့္လိုက္ေတာ့သည္။
ဆန႔္က်င္ဘက္အေနနဲ႔ မတရားေပ်ာ္ရႊင္ရတာ
က ေခါင္းကိုက္ေစတယ္၊ အေၾကာင္းအရင္း
ကေတာ့ အေဖာ္သစ္တစ္ေယာက္တိုးလာတာနဲ႔
သတၲုစားသားရဲေလးနဲ႔ေရႊေတာင္ပံပိုးေကာင္
ေတြက ဘာကိုမွအေရးမလုပ္ေတာ့ေခ်။
ခုနတုန္းက သူတို႔ကိုအႏိုင္က်င့္ေနခဲ့တဲ့
ရန္သူျဖစ္ခဲ့ေပမယ့္ အခုေတာ့သူတို႔အေဖာ္
ျဖစ္သြားတာမလို႔ ျပန္အႏိုင္က်င့္ခ်င္ေနၾက
ေလသည္။
ေရႊေတာင္ပံပိုးေကာင္ေတြက
တစ္ေယာက္ေယာက္ရဲ့ကိုယ္ေပၚ မွာ
ေနရတာႀကိဳက္ၾကသည္၊ အထူးသျဖင့္
ေခါင္းေပၚ မွာျဖစ္၏။ သဖုန္းညန္က
သူနဲ႔အရြယ္တူျဖစ္သြားတာကို
သတၲုစားသားရဲေလးကျမင္ေတာ့
ဝဝကစ္ကစ္လက္ဖဝါးေတြနဲ႔ ဆက္တိုက္
တြန္းေတာ့သည္။ သဖုန္းညန္က
ေပ်ာက္ဆံုးသြားတဲ့လြတ္လပ္မႈေလးအတြက္
ပူေဆြးဝမ္းနည္းေနတာေၾကာင့္ သူတို႔ကို
အာရံုထားဖို႔အားမရိွေခ်။
လင္းေရွာင္ ယူေရွာင္းမိုကိုေခၚ လိုက္ၿပီး
ေတာင္နက္ထဲကထြက္လာခဲ့လိုက္ေတာ့သည္။
ထိုအခ်ိန္ကကိစၥက အလြန္ႀကီးမားၿပီး
အဆင့္ျမင့္နတ္ဆိုးသားရဲအနည္းငယ္ႏွင့္
က်င့္ႀကံသူအခ်ိဳ႕က အာရံုရခဲ့ၾကသည္။
နဂါးမ်ိဳးႏြယ္စုေခါင္းေဆာင္က ရွီက်င္းမွာ
အေျခခ်ေနတာျဖစ္တာေၾကာင့္
ေတာင္ပိုင္းတိုက္မႀကီး၏ေတာနက္ေတာင္နက္
ထဲ၌ နဂါးတစ္ေကာင္ေပၚ လာသည္မွာ
ထူးဆန္းလွေပသည္။
အဲ့တာေတြေနာက္ေတာ့ သူတို႔က်ဳံထ်န္းကို
အမွန္တကယ္ျပန္လာျဖစ္ခဲ့သည္။
ယူေရွာင္းမိုနဲ႔ကဲြသြားခဲ့သၫ့္ လဝက္အတြင္း
လင္းေရွာင္က နယ္ေျမျပောင္းအေဆာင္လက္ဖဲြ႔
ေျမာက္ျမားစြာသန႔္စင္ႏိုင္ခဲ့သည္၊
သို႔ေပမယ့္ က်င့္ႀကံဆင့္တြင္အတားအဆီး
ရိွခဲ့ျခင္းေၾကာင့္ သူသန႔္စင္ႏိုင္ခဲ့သည္မွာ
အဆင့္နိမ့္အေဆာင္မ်ားသာျဖစ္၏။
ဟုတ္တာေပါ့ နယ္ေျမျပောင္းအေဆာင္ေတြ
အကုန္လံုးက ေမ်ွာ္လင့္ထားသလိုပဲ
ယူေရွာင္းမိုရဲ့အိတ္ထဲလမ္းဆံုးသြားတယ္၊
အခု လင္းေရွာင္အေဆာင္လက္ဖဲြ႔ေတြ
သန႔္စင္တဲ့အခါ မေတာ္တဆေတြမရိွေတာ့ဘူး။
သူတို႔ေတြ က်ဳံထ်န္းကိုျပန္ေရာက္တဲ့အခ်ိန္
ထြက္သြားတဲ့ေန့ကစတြက္ရင္ တစ္လေက်ာ္ေက်ာ္
ကုန္သြားခဲ့ၿပီျဖစ္သည္။
လမ္းမေတြရဲ့ရင္းႏွီးေနတဲ့ရနံ႔က သူတို႔မ်က္ႏွာေပၚ
ျဖတ္တိုက္သြားတယ္။ ဤေနရာမွာ
က်ဳံထ်န္းကေနမသြားခင္ လည္ပတ္ခဲ့သၫ့္
ေကာင္းကင္ေဒသျဖစ္ကာ ေမွာ္ဆရာအစည္းအရံုး၏
နယ္ေျမျဖစ္သည္။
ဒီတစ္ေခါက္သယ္ယူပို႔ေဆာင္ေရးက
သြားလာစရိတ္နည္းနည္းေလာက္
သက္သာေစခဲ့သည္ပင္။
ဒီေနရာေရာက္ေနမွေတာ့ လိုရမယ္ရေဈးဝယ္ထြက္ဖို႔
ယူေရွာင္းမိုဆံုးျဖတ္လိုက္တယ္။
သံသရာေဆးလံုးအတြက္ ဘယ္ေဆးပင္ေတြ
လိုတယ္ဆိုတာ တစ္ခါတည္းရွာၾကၫ့္လို႔
ရတာမလို႔ လင္းေရွာင္ကို သံသရာေမ်ွာ္စင္ဆီ
ဆဲြေခၚ သြားလိုက္ေတာ့သည္။
သံသရာေမ်ွာ္စင္မွာ စုစုေပါင္းအထပ္သံုးထပ္
ရိွ၏။ အရင္အေခါက္တုန္းက ပထမထပ္နဲ႔
ဒုတိယထပ္ကိုပဲသြားခဲ့ၾကကာ
ပိုက္ဆံျပတ္ေနတာရယ္ အခ်ိန္မေလာက္တာရယ္
ေၾကာင့္ တတိယထပ္ကိုမသြားခဲ့ၾကေပ။
တတိယထပ္မွာေရာင္းတဲ့ပစၥည္းေတြက
စြမ္းအင္ေက်ာက္တံုးဆယ္သန္းေက်ာ္ေတြ
ၾကၫ့္ပဲလို႔ သူၾကားခဲ့တယ္။
"စြမ္းအင္ေက်ာက္တံုးရိွတယ္လား"
လင္းေရွာင္ ေဘးနားကေနေမးၾကၫ့္လိုက္တယ္။
ယူေရွာင္းမို သြားေနတာရပ္သြားတယ္၊
"ရိွတယ္ သိပ္ေတာ့မမ်ားဘူး"
ေနာက္ဆံုးတစ္ေခါက္ သံသရာေမ်ွာ္စင္ကို
လာခဲ့တုန္းက သူ႔လက္ထဲမွာစြမ္းအင္ေက်ာက္တံုး
ဆယ္သန္း ရိွေသးေပမယ့္ ဟူရြာမွာအေတာ္မ်ား
မ်ား ထုတ္သံုးခဲ့ရေသးသည္။ အခုေတာ့
ေမွာ္ေဆးလံုးဆက္ေရာင္းဖို႔မွမဟုတ္ရင္
တတိယထပ္ကိုသြားဖို႔ သူ႔မွာအလံုအေလာက္
မရိွေနဘူး။
က်င့္ႀကံဆင့္ျမင့္လာတာနဲ႔အမ်ွ
ေမွာ္ေဆးလံုးသန႔္စင္ႏိုင္တဲ့အဆင့္လည္း
ျမင့္သထက္ျမင့္လာေပသည္။ သူကိုယ္တိုင္
သံုးဖို႔အတြက္ေတာင္ မေလာက္တာမလို႔
ေဆးလံုးေတြမေရာင္းပစ္ရရင္ အေကာင္းဆံုးပဲ။
သံသရာေမ်ွာ္စင္၌..........
အရင္ကေရာက္ဖူးတာေၾကာင့္ လင္းေရွာင္ကို
တတိယထပ္ဆီတစ္ခါတည္းဆဲြေခၚ သြား
လိုက္သည္၊ သို႔ေပမယ့္ ေလွကားအဝေရာက္ေတာ့
သံသရာေမ်ွာ္စင္မွလူတစ္ဦး၏ဟန႔္တားျခင္း
ခံလိုက္ရ၏။
"စိတ္မေကာင္းပါဘူး၊ ဧကရာဇ္အဆင့္ပညာရွင္
ေတြပဲ တတိယထပ္ကိုဝင္လို႔ရပါတယ္"
ေလွကားအဝမွာေစာင့္ၾကပ္ေနတဲ့
သက္လတ္ပိုင္းအရြယ္လူႀကီးက ေတာင္းေတာင္း
ပန္ပန္ေျပာလိုက္သည္။
သူ႔ကို ယူေရွာင္းမိုၾကၫ့္လိုက္တယ္၊
"ကၽြန္ေတာ္တို႔က ဧကရာဇ္ဆင့္က်င့္ႀကံဆင့္ေတြ
လို႔ မထင္ဘူးေပါ့ေလ"
သက္လတ္ပိုင္းရြယ္လူႀကီးက သူတို႔ကို
အထက္ေအာက္ၾကၫ့္လိုက္သည္၊ သို႔ေပမယ့္
သူတို႔က တစ္ေခါက္ပဲေရာက္ဖူးၿပီး
အဲ့တစ္ေခါက္တုန္းက တတိယထပ္ကို
မသြားခဲ့တာေၾကာင့္ ယူေရွာင္းမိုမ်က္ႏွာကို
သူမမွတ္မိေပ။
"လူႀကီးမင္းက ေနာက္ဆံုးအေခါက္တုန္းက
ဒုတိယထပ္ကေန အဆင့္နိမ့္နယ္ေျမျပောင္း
အေဆာင္လက္ဖဲြ႔ဝယ္သြားတဲ့လူပဲ
ျဖစ္ေနမလား" အံ့အားသင့္ေနတဲ့အသံတစ္သံ
ရုတ္တရက္ေရာက္လာသည္။
ယူေရွာင္းမိုလွၫ့္ၾကၫ့္လိုက္ရာ အရင္အေခါက္
တုန္းက ေမွာ္ေဆးလံုးအကဲျဖတ္ေပးခဲ့တဲ့
အဖိုးႀကီးျဖစ္ေနတာေတြ့လိုက္ရသည္။
ထိုျဖစ္ရပ္က သူ႔အေပၚ မွာအေတာ္အတန္
ထင္ျမင္ခ်က္ေကာင္းခဲ့သည္ထင္သည္၊
တစ္လတိတိၾကာၿပီးတဲ့ေနာက္မွာေတာင္
ယူေရွာင္းမိုမ်က္ႏွာကို သူမွတ္မိေနဆဲပင္။
သက္လတ္ပိုင္းအရြယ္လူႀကီးက အဖိုးႀကီးကို
တရိုတေသနဲ႔လက္ယွက္ျပလိုက္ၿပီး
ေနာက္ျပန္ဆုတ္သြားသည္။
အဖိုးႀကီးက ယူေရွာင္းမိုကိုၾကၫ့္လိုက္တယ္၊
"မင္းတို႔ႏွစ္ေယာက္ တတိယထပ္ကိုသြားမလို႔
လား"
ယူေရွာင္းမိုေခါင္းညိတ္ျပလိုက္တယ္၊
"ကၽြန္ေတာ္တို႔ ေမွာ္ေဆးပင္တစ္ခ်ိဳ႕လာရွာ
တာပါ၊ အာ့ေၾကာင့္ ရိွမလားလို႔
တက္သြားၾကၫ့္မလို႔"
"မင္းတို႔ရွာေနတာ ဘယ္လိုေမွာ္ေဆးပင္မ်ိဳးလဲ။
ဒီအဖိုးႀကီးကိုေျပာျပလိုက္လို႔ရပါတယ္၊
တတိယထပ္ကပစၥည္းေတြကို ဒီအဖိုးႀကီးက
နည္းနည္းပါးပါးသိတယ္၊ အဲ့မွာ
မင္းတို႔လိုခ်င္တာမ်ားရိွေနရင္ ေျပာျပပါမယ္"
ယူေရွာင္းမို ဟန္ေဆာင္မေနေတာ့ဘဲ
သံသရာေဆးလံုးအတြက္သူတို႔မေတြ့ေသးတဲ့
ေမွာ္ေဆးပင္ခုနစ္မ်ိဳးကို တစ္ခါတည္း
ရြတ္ျပလိုက္တယ္။ သူရထားတဲ့
ေမွာ္ေဆးပင္ေတြထဲကေန တစ္မ်ိဳးရွာေတြ့ထား
တာေၾကာင့္ ခုနစ္မ်ိဳးက်န္ေနေသးေလသည္။
အဖိုးႀကီးက မ်က္ေမွာင္ႄကံု႔သြားကာ
ေခါင္းခါလိုက္၏၊ "မင္းတို႔ရွာေနတဲ့
ေမွာ္ေဆးပင္ေတြက ေတာ္ေတာ္ေလးတင္းၾကပ္တဲ့
ေနရာေတြမွာရိွတာ။ သူတို႔အားလံုးက
ပံုမွန္မဟုတ္တဲ့ေမွာ္ေဆးပင္ေတျြဖစ္ဖို႔
မ်ားတယ္"
ယူေရွာင္းမို နည္းနည္းေလာက္ေတာ့စိတ္ပ်က္
မိသြားတယ္။
"သံသရာေမ်ွာ္စင္မွာမရိွေပမယ့္လို႔
ရိွေလာက္မယ့္ေနရာတစ္ခုေတာ့ရိွတယ္"
အဖိုးႀကီးက တစ္ခါတည္းေျပာျပလိုက္ေတာ့
တယ္။
ယူေရွာင္းမို မ်က္လံုးေလးေတြလက္သြား
ေတာ့သည္၊ "ဘယ္ေနရာလဲ"
အဖိုးႀကီးက မုတ္ဆိတ္ကိုသပ္လိုက္ရင္း
"က်ဳံထ်န္းေဈးေရာင္းပဲြေတာ္ဆိုတဲ့ ေနရာတစ္ခု
ကို ၾကားဖူးလားမသိဘူး"
ယူေရွာင္းမိုေခါင္းယမ္းလိုက္တယ္၊
" 'ေဈးေရာင္းပဲြေတာ္' ဆိုတဲ့ေနာက္ကႏွစ္လံုး
ပဲ ၾကားဖူးတာ"
သူမ်ားနဲ႔မတူတမူထူးတဲ့ေျပာပံုဆိုပံုေၾကာင့္
အံ့ဩသြားတဲ့အလား အဖိုးႀကီးက
တစ္စကၠန႔္ေလာက္မွင္တက္သြားသည္။
ခဏေလာက္ၾကာမွ "က်ဳံထ်န္းေဈးေရာင္းပဲြေတာ္
က ေကာင္းကင္ေဒသနဲ႔ကမ႓ာေျမေဒသက
ပူးေပါင္းၿပီးက်င္းပတဲ့ ေဈးေရာင္းပဲြေလ။
ကုန္သြယ္ေရးေဒသႏွစ္ခုမွာ ေဈးျမင့္တဲ့ပစၥည္း
တစ္ခုခုေပၚ လာခဲ့လို႔ရိွရင္ က်ဳံထ်န္း
ေဈးေရာင္းပဲြေတာ္ကိုပို႔လိုက္တယ္၊
ၿပီးရင္ လတိုင္းလတိုင္းရဲ့ပထမေျမာက္ေန့မွာ
ကုန္သြယ္ေရာင္းဝယ္ၾကတယ္"
ယူေရွာင္းမို အၾကမ္းတြက္ၾကၫ့္လိုက္တယ္။
ဒီေန့က ႏွစ္ဆယ့္ေျခာက္ရက္ဆိုေတာ့
အခုနဲ႔တစ္ရက္ေန့ၾကားမွာ ေလးရက္ပဲျခားတယ္၊
သိပ္လည္းမၾကာသလို သိပ္လည္းမျမန္လြန္းဘူးပဲ။
"က်ဳံထ်န္းေဈးေရာင္းပဲြေတာ္ကပစၥည္းေတြက
ေဈးေတာ္ေတာ္ျမင့္တာမလို႔ တန္ဖိုးက
စြမ္းအင္ေက်ာက္တံုးနဲ႔တိုင္းဖို႔မျဖစ္ႏိုင္ဘူး၊
အာ့ေၾကာင့္ မၾကာခဏဆိုသလို
ကုန္ခ်င္းဖလွယ္ၾကတယ္။ မင္းတို႔ႏွစ္ေယာက္
လိုလိုပိုပိုျပင္ထားသေရြ့ လိုခ်င္တဲ့ဟာ
လဲလို႔ရမွာပါ" အဖိုးႀကီးက တစ္စကၠန႔္ခန႔္
ရပ္သြားသည္၊ "ေနာက္ၿပီးရိွေသးတယ္၊
က်ဳံထ်န္းေဈးေရာင္းပဲြေတာ္မွာ ဆင္ႏႊဲခ်င္ရင္
ေထာက္ခံေပးမယ့္လူလိုတယ္"
ဒီေလာက္ေတာင္အလုပ္ရႈပ္တယ္ေပါ့ေလ။
ယူေရွာင္းမို-"ကၽြန္ေတာ္တို႔ကို ေထာက္ခံေပးဖို႔လူ
ဘယ္လိုရွာရမလဲေမးလို႔ရမလား"
အဖိုးႀကီးက ေဘးမွာတိတ္တိတ္ေလးရပ္ေနတဲ့
လင္းေရွာင္ကို လွမ္းၾကၫ့္လိုက္ပံု
ေပၚ သည္။ ယူေရွာင္းမိုစကားၾကားေတာ့
သူေျပာလိုက္တယ္၊ "ပူစရာမလိုပါဘူး၊
မင္းတို႔ႏွစ္ေယာက္က သံသရာေမ်ွာ္စင္ရဲ့
ဝယ္သူေတြပဲေလ။ ဒီဟာကိုအဖိုးႀကီးဆီ
အပ္ထားလိုက္ပါ၊ အခ်ိန္က်ရင္ေတာ့
မင္းတို႔ႏွစ္ေယာက္ ဒီကိုေနာက္တစ္ေခါက္
ထပ္လာဖို႔ေတာ့လိုေသးတယ္"
"ေက်းဇူးအမ်ားႀကီးတင္ပါတယ္!"
ယူေရွာင္းမိုလည္း အင္တင္တင္လုပ္မေနေတာ့ဘူး။
အဖိုးႀကီးနဲ႔အခ်ိန္ကိုအတည္ျပဳျပီးတဲ့ေနာက္
သူတို႔ႏွစ္ေယာက္ သံသရာေမ်ွာ္စင္ကေန
အတူတူထြက္လာခဲ့ၾကသည္။ သံသရာေဆးလံုးရဲ့
ေမွာ္ေဆးပင္ေတြကို လာရွာတာမလို႔
တတိယထပ္ကိုသြားဖို႔မလိုေတာ့ေပ။
ဒါ့အျပင္ ေဈးေရာင္းပဲြေတာ္ကို ကုန္ခ်င္းဖလွယ္ၿပီး
က်င္းပတာေၾကာင့္ အခ်ိန္ကိုေကာင္းေကာင္း
အသံုးခ်ၿပီး ေမွာ္ေဆးလံုးသန႔္စင္ရန္
ျပန္ရေပမည္။ သူတို႔ႏွစ္ေယာက္
ေရွာင္ေယာင္တကၠသိုလ္ဆီ တန္းျပန္လာခဲ့၏။
အၾကာႀကီးခဲြေနခဲ့ရၿပီးတဲ့ေနာက္
ပင္မအေဆာက္အအံုကို ယူေရွာင္းမို
နည္းနည္းေတာ့လြမ္းမိသည္။ သို႔ေပမယ့္
သံုးလစဉ္စိန္ေခၚ ပဲြကို ဆယ္ရက္ေလးနဲ႔ကပ္လဲြ
သြားၿပီး ႏွစ္လေတာင္ထပ္ေစာင့္ရမွာကို
ေတြးမိေတာ့ သက္ျပင္းႀကီးႀကီးခ်လိုက္တယ္။
အစြမ္းအစရိွတဲ့လူတစ္ေယာက္အတြက္
ေစာင့္ဆိုင္းရတယ္ဆိုတာ သည္းခံဖို႔ခက္တယ္။
သူ႔ရဲ့ကိုယ့္ကိုယ္ကိုအထင္ႀကီးေနတဲ့
အမူအရာကိုျမင္ၿပီးေတာ့ လင္းေရွာင္သူ႔ကို
အာရံုမထားေတာ့ေပ။
သို႔ေသာ္ျငား ယူေရွာင္းမိုမွာခဏသာ
ဘဝင္ျမင့္ႏိုင္သည္။ ေခ်ာင္ဝူရွင္းနဲ႔
က်န္တဲ့သူေတြအကုန္လံုး အထပ္ရွစ္ဆယ္ကေန
ကိုးဆယ့္ငါးထပ္ကို တက္သြားၿပီဆိုတာ
သူၾကားလိုက္ရတဲ့အခါ ဝမ္းနည္းသြားရျပန္
ေလသည္။
လူတိုင္းက သူ႔တစ္ေယာက္တည္းထားၿပီး
ထြက္သြားၾကၿပီ၊ လင္းေရွာင္ကိုေတာ့
ထၫ့္မတြက္နဲ႔။
ဒီရက္ေတြထဲမွာ အျပင္ေလာကထဲေျပးလႊား
ေနခဲ့ရၿပီး ေကာင္းေကာင္းနားဖို႔အခြင့္အေရး
မရခဲ့ေခ်။ သူ႔အခန္းကိုျပန္ေရာက္ေရာက္ခ်င္း
ယူေရွာင္းမို အိပ္ဖို႔ လင္းေရွာင္ကိုအိပ္ယာထဲ
ဆဲြသြားၿပီး သူ႔ကိုေခါင္းအံုးလုပ္လိုက္တယ္။
ေနာက္ေန့ထိအိပ္ၿပီး ေန့လည္မွထမယ္လို႔
သူစိတ္ကူးလိုက္သည္။
ဒါေပမယ့္ သူ႔ရင္ဘတ္ေပၚ ေခါင္းတင္လိုက္
ကာရိွေသးတယ္ ယူေရွာင္းမို ရုတ္တရက္ႀကီး
ထထိုင္လိုက္ၿပီး မ်က္လံုးပိတ္ၿပီးအိပ္ေတာ့ဆဲဆဲ
လင္းေရွာင္းကိုဆဲြထူလိုက္ေလသည္၊
"မဟုတ္ေသးဘူး ၊ ခင္ဗ်ား ဘာလို႔ေရႊနဂါး
ေျပာင္းသြားလဲမေျပာျပရေသးဘူး"
လင္းေရွာင္ မ်က္လံုးလွန္ျပလိုက္ေတာ့သည္၊
"မင္းတံု႔ျပန္တဲ့အခ်ိန္က အရမ္းေနွးလြန္းေနတယ္"
"ခင္ဗ်ားနဲ႔မကိုက္ဘူးလားေျပာ"
ယူေရွာင္းမိုက ေတြေဝမေနဘဲျပန္ပက္လိုက္
ေလ၏၊ "ျမန္ျမန္ေျဖပါဗ်ာ"
လင္းေရွာင္ ပက္လက္လွန္လိုက္ၿပီး
ထထိုင္လိုက္ရေတာ့သည္။
_________________