The Legendary Master's Wife [...

Por melon_rays

1.3M 243K 9.6K

Original Author- Yin Ya English Translators- Exiled Rebels Scanlations [Chapter(400)- (590)] (If you want t... Mais

Chapter-400
Chapter-401
Chapter-402
Chapter-403
Chapter-404
Chapter-405
Chapter-406
Chapter-407
Chapter-408
Chapter-409
Chapter-410
Chapter-411
Chapter-412
Chapter-413
Chapter-414
Chapter-415
Chapter-416
Chapter-417
Chapter-418
Chapter-419
Chapter-420
Chapter-421
Chapter-422
Chapter-423
Chapter-424
Chapter-425
Chapter-426
Chapter-427
Chapter-428
Chapter-429
Chapter-430⚠️
Chapter-431
Chapter-432
Chapter-433
Chapter-434
Chapter-435
Chapter-436
Chapter-437
Chapter-438
Chapter-439
Chapter-440
Chapter-441
Chapter-442
Chapter-443
Chapter-444
Chapter-445
Chapter-446
Chapter-447
Chapter-448⚠️
Chapter-449
Chapter-450
Chapter-451
Chapter-452
Chapter-453
Chapter-454
Chapter-455
Chapter-456
Chapter-457
Chapter-458
Chapter-459
Chapter-460
Chapter-461
Chapter-462
Chapter-463
Chapter-464
Chapter-465
Chapter-466
Chapter-467
Chapter-468
Chapter-469
Chapter-470
Chapter-471
Chapter-472
Chapter-473
Chapter-474
Chapter-475
Chapter-476
Chapter-477
Chapter-478
Chapter-479
Chapter-480
Chapter-481
Chapter-482
Chapter-483
Chapter-484
Chapter-485
Chapter-486
Chapter-487
Chapter-488
Chapter-489
Chapter-490
Chapter-491
Chapter-492
Chapter-493
Chapter-494
Chapter-495
Chapter-496
Chapter-497
Chapter-499
Chapter-500
Chapter-501
Chapter-502
Chapter-503
Chapter-504
Chapter-505
Chapter-506
Chapter-507
Chapter-508
Chapter-509
Chapter-510
Chapter-511(Unicode)
Chapter-511(Zawgyi)
Chapter-512
Chapter-513(part-1)
Chapter-513(part-2)
Chapter-514
Chapter-515
Chapter-516
Chapter-517
Chapter-518
Chapter-519
Chapter-520
Chapter-521
Chapter-522
Chapter-523
Chapter-524
Chapter-525
Chapter-526
Chapter-527
Chapter-528
Chapter-529
Chapter-530
Chapter-531
Chapter-532
Chapter-533
Chapter-534(part-1)
Chapter-534(part-2)
Chapter-535
Chapter-536
Chapter-537
Chapter-538
Chapter-539
Chapter-540
Chapter-541
Chapter-542
Chapter-543
Chapter-544
Chapter-545
Chapter-546
Chapter-547
Chapter-548
Chapter-549
Chapter-550
Chapter-551
Chapter-552
Chapter-553
Chapter-554
Chapter-555
Chapter-556
Chapter-557
Chapter-558
Chapter-559
Chapter-560
Chapter-561
Chapter-562
Chapter-563
Chapter-564
Chapter-565
Chapter-566
Chapter-567
Chapter-568
Chapter-569
Chapter-570
Chapter-571
Chapter-572
Chapter-573
Chapter-574
Chapter-575
Chapter-576
Chapter-577
Chapter-578
Chapter-579
Chapter-580
Chapter-581
Chapter-582
Chapter-583
Chapter-584
Chapter-585
Chapter-586
Chapter-587
Chapter-588
Chapter-589
Chapter-590
Book ခဲြျခင္း / Book ခွဲခြင်း

Chapter-498

6.8K 1.2K 30
Por melon_rays

Unicode

အပိုင်း၄၉၈- ဟွားကု

ထိုအချိန်တုန်းက ယူရှောင်းမို
နယ်မြေပြောင်းအဆောင်လက်ဖွဲ့ကို
ချိုးမိခဲ့ပြီးအပို့ခံလိုက်ရတဲ့ မရဏတောအုပ်ထဲ၌
ပစ္စည်းများစွာ မြှုပ်နှံထားသည့်သစ်ပင်
အောက်တွင်...... ယူရှောင်းမိုနဲ့လင်းရှောင် သူတို့လုလာတဲ့ပစ္စည်းတွေ စစ်ကြည့်နေကြသည်။

ယူရှောင်းမိုအတွက် အဖိုးတန်ဆုံးက
နဂါးသွေးမဟုတ်ဘဲ ဟူရွာမှတူးထားသည့်
အဆင့်ဆယ့်တစ်နဲ့အဆင့်ဆယ့်နှစ်မှော်ဆေးပင်
များဖြစ်သည်။ ပမာဏအများကြီးမဟုတ်
သော်ငြား ၎င်းတို့မှာအင်မတန်အဖိုးတန်လှ
လေသည်။

ထိုနေ့တုန်းက မှော်ဆေးပင်တွေအားလုံး
တူးပြီးတဲ့အခါ သူ့နယ်မြေထဲက
မှော်ဆေးပင်စိုက်ခင်းဆီ
မြန်မြန်ပြောင်းစိုက်ခဲ့သည်။ အပင်အများစုက
အမြစ်စထွက်နေပြီဖြစ်ပြီး အညှောင့်လည်း
ပေါက်နေပြီဆိုပေမယ့် ရင့်မှည့်ဖို့ကြာတာမို့
ချက်ချင်းလက်ငင်းပြင်ဆင်မှုတွေလုပ်ဖို့
လိုအပ်သည်။

"ကျွန်တော်တို့တွေ့တဲ့မှော်​ဆေးပင်တွေထဲမှာ
သံသရာဆေးလုံးအတွက်လိုတာတစ်မျိုးမျိုး
ပါလား"

ယူရှောင်းမို စိတ်လှုပ်တရှားနဲ့မေးကြည့်လိုက်တယ်။
ဖူချန်ချုံးပေးခဲ့တဲ့မှော်ဆေးပင်ရှစ်ပင်က
ရင့်မှည့်နေပြီးဖြစ်ကာ ၎င်းတို့ကြီးထွားကြပုံကို
သူဘာမှမသိခဲ့ရပေ။ သူတွေ့ထားတဲ့မှော်ဆေးပင်
အများစုက မရင့်မှည့်သေးတာကြောင့်
သူတို့လိုအပ်တဲ့ဟာတွေပါလား မပါလား
သူမသေချာဘူး။

လင်း​​ရှောင် မေးကိုလက်နဲ့တို့လိုက်တယ်၊
"မရှိလောက်ဘူး"

ယူရှောင်းမို စိတ်ပျက်သွားပြီး သူ့ကို
စိုက်ကြည့်လိုက်တယ်၊ "ခင်ဗျား ဘယ်လိုလုပ်ပြီး
သေချာနေတာလဲ"

လင်းရှောင်က အလေးအနက်ပြန်ဖြေလေသည်၊
"မပါဘူးလို့ပဲမှတ်လိုက်။ အဲ့ကျ တကယ်လို့
ပါနေခဲ့မယ်ဆိုရင် ဝမ်းသာစရာဖြစ်သွားမှာ"

သူ့ကိုအရူးလုပ်ဖို့ အဆိုးမြင်ဝါဒီသုံးသပ်ချက်ကြီး
သုံးနေပြန်ပြီ။ ယူရှောင်းမိုမျက်နှာကို
အမည်းကြောင်းကြီးတွေဖုံးသွားတယ်။ -_-||
ဒါက တော်တော်လေးထိရောက်မှုရှိတယ်
ဆိုတာ သူဝန်ခံရမယ်ဆိုပေမယ့်
သောက်ကျိုးလည်းနည်းလေသည်။
"ဒီအကြောင်းထပ်မပြောနဲ့တော့။ နဂါးသွေးကို
ဘယ်လိုလုပ်သင့်လဲ"

နဂါးသွေးက ယူကျန်ထျန်းဇနီးရဲ့အသက်သွေး
ဖြစ်တာမှန်နေခဲ့လျှင် မြန်နိုင်သမျှမြန်မြန်
သုံးပစ်ရမည်ဖြစ်၏။ နဂါးမျိုးနွယ်စုမှလူများက
သူတို့ကိုယ်ပိုင်အသက်သွေးနှင့်
ပက်သတ်လျှင်အထိမခံဖြစ်တတ်ကြပြီး
နဂါး၏အာရုံခံနိုင်သည့်အကျယ်အဝန်းကို
သူတို့နီးကပ်သွားခဲ့လျှင် လူသိသွားကြပေမည်။
ကျန်းလျှို့က အသက်သွေးကိုမှော်ဆေးလုံး
သန့်စင်ရန် သုံးချင်ခဲ့သော်ငြား
ဘယ်မှော်ဆေးလုံးက နဂါးသွေးသုံးဖို့
လိုအပ်လဲဆိုတာ သူမတွေ့သေးချေ။

လင်း​​ရှောင် မျက်မှောင်ကြုံ့ထားရင်း
နဂါးသွေးပုလင်းလေးကို တိတ်ဆိတ်စွာ
စိုက်ကြည့်နေသည်။

ဘာဖြစ်လို့လဲလို့ ယူရှောင်းမိုမေးမလို့ပြင်နေတုန်း
အလျင်စလိုသွားနေတဲ့ခြေသံများက
အရပ်တစ်ဖက်မှပဲ့တင်ထပ်လာသည်။
အခြေအနေက နည်းနည်းလေးရင်းနှီးနေသလို
ရှိလာ၏။

သူနားစွင့်လိုက်တုန်းမှာ လင်းရှောင်က
သူ့ကိုကောက်မလိုက်ပြီး သစ်ပင်တစ်ပင်ပေါ်
ခုန်တက်လိုက်သည်။

ခြေသံတွေ နီးသထက်နီးလာတယ်။
သူ့မြင်ကွင်းထဲ အဖွဲ့ရောက်လာတဲ့အခါ
ယူရှောင်းမိုပါးစပ်ဟသွားရသည်။ ၎င်းမှာ
မရဏတောအုပ်ဆီသူအပို့ခံလိုက်ရတုန်းက
တွေ့ခဲ့ရတဲ့ ပထမဦးဆုံးသောအဖွဲ့ပါပင်။
အမျိုးသားနှစ်ယောက်က ပုခုံးပေါ် ဝယ်
သဲအိတ်တစ်အိတ်ထမ်းထားဆဲဖြစ်ကာ
အမျိုးသမီးက ရှေ့မှဦးဆောင်သွားနေဆဲ
ဖြစ်လေသည်။

သူတို့ပုန်းအောင်းနေရာသစ်ပင်ဆီ
မကြာခင်မှာ ထိုသုံးယောက်ရောက်လာ၏။

ဒီတစ်ခေါက်တော့ ရှေ့ကနေမြင်နေရခြင်းဖြစ်သည်။
သူတို့တူးလိုက်တဲ့တွင်းထဲမှာ စိတ်ဒုက္ခရောက်ဖွယ်
ဖြူလွလွအရိုးပုံတစ်ပုံရှိနေတာ
ယူရှောင်းမိုထင်းထင်းလင်းလင်းမြင်လိုက်ရသည်၊
လဝက်တုန်းက မြှုပ်ထားခဲ့တဲ့အလောင်းကမူ
ပုပ်သိုးနေပြီဖြစ်သည်။

အနံ့ ပြင်းလွန်းလှသည်။ အပေါ် မှာပုန်းနေတဲ့
ယူရှောင်းမို ရွံပြီးအန်ချမိတော့မလိုဖြစ်သွားတယ်။

အမျိုးသားနှစ်ဦးက တွင်းတူးပြီးတဲ့နောက်
သဲအိတ်ကိုမလိုက်ပြီး ပစ်ထည့်ဖို့
ပြင်လိုက်သည်။ ထိုအခိုက်တွင်
သဲအိတ်က လှုပ်ယမ်းလာ၏။ ၎င်းက
ရူးရူးသွပ်သွပ်ရုန်းကန်စပြုလာကာ
ငိုရှိုက်သံများလည်း ထွက်လာသည်။
ထင်ရှားစွာနှင့် အတွင်းမှလူမှာ
မသေသေးချေ။

အမျိုးသားတစ်ဦးက သူယူလာတဲ့
ဓားမြှောင်ထုတ်လိုက်ပြီး သဲအိတ်ထဲကလူကို
ထိုးမလို့ပြင်လိုက်တုန်း အမျိုးသမီးက
ရုတ်တရက်တားလိုက်သည်၊
"သဲအိတ်ဖွင့်လိုက်"

အမျိုးသားက သဲအိတ်ကိုတုပ်ပြီးပိတ်ထားတဲ့
ကြိုးကိုဖြတ်လိုက်သည့်အခါ ငယ်ရွယ်လှပတဲ့
ခေါင်းတစ်ခေါင်းပေါ် လာ၏။

သဲအိတ်ထဲကလူမှာ လှပငယ်ရွယ်တဲ့မိန်းမလေး
ဖြစ်သည်။ သူမပါးစပ်ကို အဝတ်ပိုင်းတစ်ခုနဲ့
ဆို့ထားပြီး ခေါင်းမှာသွေးထွက်နေပေမယ့်
ခဲနေပြီဖြစ်သည်။

သူမကိုသေပြီလို့ယူဆထားပြီး
အသက်ရှင်နေသေးဦးမယ်လို့မထင်ခဲ့မိကြချေ။

အမျိုးသမီးက သူမပါးစပ်ထဲဆို့ထားတဲ့
အဝတ်ကိုဖယ်လိုက်သည်။

မိန်းမငယ်လေးက ကြောက်ရွံ့နေတဲ့မျက်လုံးတွေ
ကို ဖွင့်ကြည့်လိုက်ကာ ကတုန်ကယင်နဲ့
ခေါင်းယမ်းတော့သည်၊ "ကျွန်မကိုမသတ်ပါနဲ့၊
ကျွန်မကိုမသတ်ပါနဲ့။ ကျွန်မက
သွေးစွေးနီကလန်ရဲ့ အချစ်ခံအလိုလိုက်ခံရဆုံး
ကိုးယောက်မြောက်သခင်မလေးဆိုတာ
အမှန်ပါ။ မယုံရင်စစ်ကြည့်လို့ရပါတယ်"

အမျိုးသမီးရဲ့ရှင်းလင်းတဲ့မျက်နှာမှာ
လှောင်ပြုံးတစ်ခုပေါ် လာ၏၊
"နင်က သွေးစွေးနီကလန်ရဲ့အချစ်ခံအလိုလိုက်
ခံရဆုံး ကိုးယောက်မြောက်သခင်မလေး
ယူယုံလို့ပြောနေတာလား။ ဒါဆိုငါက
ချန်မဟာမိတ်ခေါင်းဆောင်ရဲ့ အချစ်ခံအလိုလိုက်
ခံရဆုံးတပည့်လေးပါပေါ့"

"ရှင့်ကိုမလိမ်ပါဘူး။ အမှန်တိုင်းပြောနေတာပါ!"
ယူယုံမှာ အကြောက်လွန်ပြီး သွားတွေ
တဂတ်ဂတ်ရိုက်နေလေသည်။

သူမ ခဏလောက်ခိုးထွက်လာပြီး
မီးနီအရပ်ရဲ့အနောက်ဘက်က လောင်းကစားအိမ်
တစ်အိမ်ကိုစပ်စပ်စုစု ဝင်ကြည့်ခဲ့ရုံသာ။
အထဲကလောင်းကစားပွဲတွေကိုစိတ်ဝင်စားမိပြီး
ခဏလောက်ပျော်ရွှင်မိကာ လောင်းထားတဲ့
အဖိုးတန်ပစ္စည်းအားလုံးရှုံးသွားခဲ့သည်။
အခု သူမမှာအကြွေးပိနေပြီဖြစ်၏။

လောင်းကြေးတိုင်းရှုံးရလောက်အောင်
ကံဆိုးဖို့မဖြစ်နိုင်ဘူးလို့ သူမခံစားမိခဲ့သည်။
သို့ဖြစ်၍ လောင်းကစားအိမ်မှလူများက
လိမ်လည်နေသည်ဟု သံသယဝင်ခဲ့သည်။
လောင်းကစားခန်းမက ဝန်မခံဘဲ
သူမအကြွေးမပေးလျှင် မီးနီးအရပ်သို့
ရောင်းပစ်မယ်ဟုပင် ခြိမ်းခြောက်ခဲ့သည်။

ယူယုံမှာ အထက်စီးဆန်မောက်မာသည့်
မိန်းမငယ်တစ်ဦးဖြစ်ခဲ့ရာ သူမကို အခြားလူများက
နာခံခြင်းမရှိတာကို သည်းမခံနိုင်ခဲ့ပေ။
ထို့ကြောင့် နှစ်ဖက်သားချကြ၏။
သို့ပေမယ့် သူတို့ကို မနိုင်တာကြောင့်
သူမရဲ့အဆင့်အတန်းကို ထုတ်ပြောခဲ့ရသည်။
အဆုံးကျတော့ သူတို့ကအဲ့တာကို
အရေးပါတဲ့ကိစ္စလိုမသတ်မှတ်ခဲ့ကြဘဲ
သူမနိုးလာတဲ့အခါ ဒီနေရာရောက်နေတာ
ဖြစ်သည်။

"ဟွားကု သူမပြောတာမှန်လောက်မယ်ထင်တယ်"
အမျိုးသားတစ်ဦးက ရုတ်တရက်ဖြတ်ပြောလိုက်
သည်။

ယူယုံ စိတ်အားသန်သန်နဲ့ခေါင်းညိတ်လိုက်တယ်။

အမျိုးသမီးက သူ့ကိုတစ်ချက်ကြည့်လိုက်သည်၊
"အမှန်ဆိုတော့ရော ဘာဖြစ်လဲ။ ဒီမိန်းမရဲ့
'အငြှိုးသေးသေးလေးတိုင်းအတွက်
လက်စားပြန်ချေမယ့်' စိတ်ဓာတ်နဲ့ဆိုရင်
သူ့ကိုလွှတ်ပေးလိုက်ရင် ပြန်လှည့်ပြီး
ငါတို့ကိုလက်စားချေလိမ့်မယ်။
အာ့ကြောင့် သေကိုသေရမယ်"

ယူယုံမှာ ကြောက်ရွံ့ထိတ်လန့်ပြီး
မျက်လုံးပြူးသွားတော့သည်။

ဟွားကုလို့ခေါ်တဲ့အမျိုးသမီးကို
သစ်ပင်ပေါ် ကနေ ယူရှောင်းမိုအံ့ဩတကြီးနဲ့
ကြည့်လိုက်တယ်။

ယူယုံပေါ် လာလို့ သူအံ့ဩသွားခဲ့ပေမယ့်
ဒီဟွားကုကသူ့ကိုအလင်းရောင်အသစ်
တစ်ခုမြင်လိုက်ရစေသည်။ သူမက
ယူယုံရဲ့သရုပ်မှန်ကြောင့် ယိမ်းယိုင်မသွားရုံတင်
မက သူမစကားတွေကတည့်တိုးဆန်ပြီး
ထိရောက်လွန်းလို့ အံ့အားသင့်ဖို့ကောင်း
လှသည်။

သူမမှာ စဉ်းလဲတဲ့မျက်လုံးတစ်စုံရှိသည်ဟု
ပြောလို့ရသည်။ သူတို့သိတာမကြာသေးပေမယ့်
ယူယုံရဲ့စိတ်ဓာတ်ကို မြင်နိုင်လေသည်။

"သတ်လိုက်!" ဟွားကုက တိုက်တွန်းလိုက်၏။

"ဒါပေမယ့် သွေးစွေးနီကလန်က
စုံစမ်းရန်ဘယ်လိုလုပ်ကြမလဲ။ အဲ့တုန်းက
ပြဿနာကြီးအောင်မွှေထားပြီး
မြင်လိုက်တဲ့လူတွေလဲအများကြီးရှိတယ်"
အမျိုးသားမှာ တွေဝေနေသည်။

"ဒါဖြင့်လည်း ရှင်းလော့ကထွက်သွားရုံပဲ။
ထုံထျန်းတိုက်မကြီးက ကျယ်ပါ
တယ်။ ငါတို့နေဖို့နေရာတစ်နေရာမှ
မရှိဘူးလို့ ငါမယုံဘူး၊ သွေးစွေးနီကလန်က
လုံးဝဥဿုံအာဏာရှိတဲ့ဧကရာဇ်ဖြစ်နေဖို့ဆိုတာ
ပိုတောင်မယုံသေးတယ်"

ဤစကားက လူနှစ်ယောက်ကိုယုံကြည်စေသည်။
ဟွားကုနောက် သူတို့လိုက်လာတာ
နှစ်ပေါင်းများစွာရှိပြီဖြစ်ကာ
လောင်းကစားရုံတွင်လည်း လုပ်ခစားရာဇဝတ်သား
များအဖြစ် အတူတကွလုပ်ကိုင်ဖူး၏။
ထို့ပြင် ထိုနေရာကိုလည်း နက်နက်ရှိုင်းရှိုင်း
တွယ်တာမှုများမရှိပေ။

ဒီမိန်းမက အလွန်တရာအညှာအတာမဲ့လိမ့်မယ်လို့
ယူယုံထင်မထားချေ။ သူမက ဂုဏ်သရေရှိပြီး
ကြွယ်ဝချမ်းသာသည့်အမျိုးသမီးဖြစ်သည်၊
ဘာဖြစ်ဖြစ် ဒီလိုပုံမျိုးနဲ့သေရဖို့ သူမလက်မခံ
နိုင်ပေ။ သူမမျက်ဝန်းထဲတွင်
အကြံအစည်ကြီးပြီးရက်စက်တဲ့
အလင်းတစ်ခု လက်သွား၏။ သဲအိတ်ထဲတွင်
ကွယ်ထားသည့်သူမလက်က လက်ချောင်းပေါ် ရှိ
လက်စွပ်ကို တိတ်တဆိတ်ထိလိုက်လေသည်။

ဟွားကုတို့က သူမကိုသေပြီလို့ထင်ထား
တာကြောင့် လက်ကိုမတုပ်ထားခဲ့ပေ။

လက်စွပ်က အိတ်ဆောင်နယ်မြေဖြစ်သည်။
မှော်အိတ်လိုမဟုတ်ဘဲ ၎င်းကပိုင်ရှင်အဖြစ်
သတ်မှတ်ပြီးသွားလျှင် ဖယ်မရတော့ချေ။
ထို့ကြောင့်ပင် သူတို့သုံးယောက်
လက်စွပ်ကိုမဖယ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အိတ်ဆောင်နယ်မြေတစ်ခု
မြင်ဖူးရန်ရှားလှရာ သူတို့မမှတ်မိတာ
ပုံမှန်ဖြစ်၏။

ယူယုံရဲ့အဆင့်တန်းနဲ့ဆိုရင်
သူမမှာ အသက်ကယ်ပစ္စည်း
တစ်မျိုးမျိုးရှိမနေဘူးဆိုတာ မဖြစ်နိုင်ပေ။

သူတို့စကားပြောနေတုန်း နယ်မြေပြောင်း
အဆောင်လက်ဖွဲ့တစ်ခု ယူယုံမြန်မြန်
ထုတ်လိုက်သည်။ သူတို့သုံးယောက်ကို
တစ်ပြိုင်တည်းသတ်ဖို့မဖြစ်နိုင်တာကြောင့်
အရင်ထွက်သွားပြီးမှ တစ်ခြားအစီအစဉ်တစ်ခု
ဆွဲရမည်ဖြစ်သည်။

"ချီး" ဟွားကုက
ယူယုံရဲ့လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကို
အာရုံတစ်ဝက်စိုက်ထားပြီးသားဖြစ်လေသည်။
သူမရဲ့အမူအရာမှာ တစ်ခုခုထူးဆန်းနေတာ
မြင်တော့ ယူယုံမှာထွက်ပြေးဖို့နည်းရှိနေတာ
သူမခန့်မှန်းမိလိုက်သည်။

ယူယုံက နယ်မြေပြောင်းအဆောင်လက်ဖွဲ့ကို
သွက်သွက်လက်လက်ချိုးဖဲ့လိုက်ကာ
ဟွားကုနဲ့ကျန်နှစ်ယောက်ရဲ့ အမူအရာ
ပြောင်းသွားတာကို အထိန်းအကွပ်မဲ့စွာ
ရယ်မောတော့သည်။ သူမက
ယုတ်ယုတ်မာမာနဲ့စူးစူးရှရှရယ်လိုက်၏၊
"နင်တို့ကို ဘယ်တော့မှလွှတ်မပေးဘူး။
ဒီပြဿနာကနေထွက်သွားပြီးရင်
ငါ့နှလုံးသားထဲကအမုန်းတရားကို
ဖြေဖျောက်ဖို့ နင်တို့အရေခွံကိုဆုတ်ပြီး
အရွတ်တွေဆွဲခွာပစ်ဖို့ အဘိုးကိုတောင်းဆိုမယ်"

ယုတ်မာရက်စက်မှုတွေပြည့်နေတဲ့ မျက်နှာနဲ့
ယူယုံကိုကြည့်ရင်း ဟွားကု တဖြေးဖြေးချင်း
တည်ငြိမ်လာတယ်။

ယူယုံရဲ့ရယ်သံ ချက်ချင်းပဲရပ်တန့်သွားပြီး
သူမရှေ့ကလူသုံးယောက်ကို
ကြောင်အမ်းအမ်းစိုက်ကြည့်လိုက်သည်။
သူမလက်ကိုမြှောက်လိုက်ပြီး အထိတ်တလန့်နဲ့၊
"ဘာဖြစ်သွားတာလဲ။ ဘာလို့အဝေးမပို့ခံလိုက်
ရတာလဲ!"

ဟွားကုက အမျိုးသားရဲ့ဓားမြှောင်ကို
ဆွဲယူလိုက်ကာ နည်းနည်းလေးမှတွန့်ဆုတ်
မနေဘဲ ယူယုံရဲ့နှလုံးသားထဲစိုက်ချလိုက်တယ်။
သူမဆုံးဖြတ်ချက်က မျက်ဝန်းထဲကလူသတ်
ချင်စိတ်လိုပဲ ပြတ်သားလှသည်။

ယူယုံခေါင်းငုံ့လိုက်တယ်။ သွေးတွေအဆက်
မပြတ်ထွက်နေတဲ့ ရင်ဘတ်ကိုကြည့်ရင်း
ထာဝရနောင်တတရားများနှင့် သေဆုံးသွားရ
သည်။

ယူရှောင်းမို လေးစားစိတ်တွေတဖွားဖွားနဲ့
သစ်ပင်ပေါ် ကကြည့်နေတယ်။ ဒီဟွားကုက
လူအများစုမရှိကြတဲ့စရိုက်တွေ ပိုင်ထားတယ်။
သူ့စိတ်ဓာတ်က ယောက်ျားတစ်ယောက်ထက်
တောင် အညှာအတာကင်းသေးတယ်၊
နောက်ပြီး ကိစ္စတွေကို ပြတ်ပြတ်သားသား
ကိုင်တွယ်တယ်။ ဒီလိုလူစားမျိုးက
အဓိကရုဏ်းအချိန်တွေထဲရောက်ရင်
ကြမ်းကြုတ်ပြီးစွမ်းအားကြီးတဲ့အရှင်မျိုး
ဖြစ်လာမှာအသေအချာပဲ။

ဟွားကု ဓားမြှောင်ကိုဆွဲထုတ်လိုက်သည်။
ဒါတောင်မှ မျက်မှောင်ကြုံ့လိုက်ရင်း
ကိုင်ထားတာမလျှော့လိုက်ပေ။ သို့သော်
သူမပတ်ပတ်လည်ကို နိုးနိုးကြားကြား
စောင့်ကြည့်နေလေသည်။ သူမအဖော်တွေရဲ့
ကြောင်အနေတဲ့အကြည့်အောက်မှာ
ခေါင်းညွတ်အရိုအသေပေးပြီး
လက်နှစ်ဖက်ယှက်ထားရင်း
ပတ်ပတ်လည်တစ်ဝိုက်ကိုအူယားဖားယား
ပြေးကာ တရိုတသေပြောလိုက်သည်၊
"ဘယ်စီနီယာက အကူငှားပေးခဲ့လဲမသိပေမယ့်
ကျွန်မတို့ကိုကိုယ်ထင်ပြလို့ရနိုင်မလား"

ယူရှောင်းမို သူမအတွက်နောက်ထပ်
စရိုက်လက္ခဏာတစ်ခုပေါင်းထည့်လိုက်တယ်-
ဉာဏ်ကောင်းတယ်!

ယူရှောင်းမို လင်းရှောင်ကိုကြည့်လိုက်ပြီး
အူမြူးစွာနဲ့မေးလိုက်တယ်၊
"ခင်ဗျားကိုယ်ကို ကျွန်တော်တို့
ကိုယ်ထင်ပြသင့်လား"

လင်းရှောင်သူ့ကိုတစ်ချက်ကြည့်ပေးလိုက်တယ်၊
"နောက်တစ်ခေါက် ဒီလိုမေးခွန်းမျိုးမေး
တဲ့အခါ ပါးစပ်နဲ့မပြောဖို့မှတ်ထား။
အဲ့လိုမှမဟုတ်ရင် မင်းတမင်လုပ်နေတာလို့
ကိုယ်ထင်မိလိမ့်မယ်"

ယူရှောင်းမို ချက်ချင်းပါးစပ်ပိတ်လိုက်ပြီး
ခေါင်းငုံ့လိုက်တော့ အောက်ကသုံးယောက်နဲ့
မတော်တဆအကြည့်စုံသွားတယ်။
ကောင်းပါပြီ အမှန်က ဒီသုံးယောက်က
သူတို့နဲ့ပြိုင်ဖက်မဟုတ်ဘူးလို့ သူခံစား
မိလိုက်လို့ သူ့ကိုယ်သူထုတ်ပြဖို့
ဘာမှမစိုးရိမ်ခဲ့တာ။

သူတို့နှစ်ယောက် သစ်ပင်ပေါ် က
ဆင်းလာတဲ့အခါ ဟွားကုကဒူးတစ်ဖက်
ထောက်ချလိုက်လေ၏၊
"ကျေးဇူးရှင်များကို ကူညီပေးတဲ့အတွက်
ဟွားကုကကျေးဇူးတင်ပါတယ်"

ယူရှောင်းမို သူမဆီလျှောက်သွားလိုက်တယ်၊
"ကျွန်တော်တို့ ဘာမှမလှုပ်ရှားခဲ့ပါဘူး။
မင်းတို့ကိုကျွန်တော်တို့ကယ်တယ်ဆိုတာ
ဘယ်လိုသိတာလဲ"

ဟွားကုက ယုံကြည်ချက်အပြည့်နဲ့
ပြန်ဖြေသည်၊ "ယူယုံရဲ့စကားကနေ
ဟွားကုဆုံးဖြတ်ကြည့်တာပါ။ အကယ်၍
သူမကတကယ်ပဲ သွေးစွေးနီကလန်ရဲ့
ကိုးယောက်မြောက်သခင်မလေးဆိုရင်
နယ်မြေပြောင်းအဆောင်လက်ဖွဲ့တစ်ခု
ဆောင်ထားမှာပဲ။ နတ်ဘုရားဆင့်က
လုပ်ထားတဲ့နယ်မြေပြောင်းအဆောင်လက်ဖွဲ့က
ပြင်ပအနှောင့်တွေမရှိဘဲ ပျက်စီးသွားဖို့
မဖြစ်နိုင်ဘူး။ အာ့ကြောင့် အခြားလူတွေလည်း
ရှိနေတယ်လို့ ဟွားကုရဲရဲတင်းတင်း
ခန့်မှန်းမိတာပါ"

ဆိုတော့ သူမကသူတို့ကို
အသံပေးရုံပဲဖြစ်နေတာကိုး။

ယူရှောင်းမို စိတ်ပျက်လက်ပျက်ဖြစ်
သွားရတယ်။ သူ့ဉာဏ်ရည်က အနှုတ်ကိန်း
တစ်လုံး ဒါမှမဟုတ် အနှုတ်ကိန်းနှစ်လုံးတောင်
ရှိနေတယ်ဆိုတာ သက်သေပြလိုက်ပြန်ပြီ။

ဟွားကု လင်းရှောင်ကိုစိတ်လှုပ်ရှားစွာနဲ့
ကြည့်လိုက်တယ်။ သူမခန့်မှန်းတာ
မမှားခဲ့ရင် လှုပ်ရှားလိုက်တဲ့သူကဒီလူပဲ
ဖြစ်သင့်တယ်။ နယ်မြေပြောင်းအဆောင်ကို
ကျရှုံးအောင်လုပ်ဖို့ဆိုရင် သူ့ကျင့်ကြံဆင့်က
သေချာပေါက်ကို နတ်ဒေဝါအဆင့်ရဲ့
အထက်မှာပဲ။

"ကျေးဇူးရှင်ရဲ့အကူအညီကြောင့်သာ
မဟုတ်ရင် ကျွန်မတို့သုံးယောက်
တိုက်မကြီးတစ်ခုလုံးဖြတ်ပြီးထွက်ပြေးနေရမှာ
စိုးမိပါတယ်။ ကျေးဇူးရှင်က ကျွန်မတို့
သုံးယောက်ကိုမငြင်းဘူးဆိုရင်
ကျေးဇူးရှင်နောက်လိုက်ဖို့ ဆန္ဒရှိပါတယ်"

"ထင်ထားတာနဲ့ဆန့်ကျင်ဘက်ပဲ၊
မင်းကတော်တော်လေးဉာဏ်ကောင်းတယ်"
လင်းရှောင် ပြောလိုက်တယ်။

ယူရှောင်းမို သူမကိုနည်းနည်းလောက်
ထပ်မကြည့်ပဲမနေနိုင်တော့ဘူး။
ဒါက ညီငယ်လေးတစ်ယောက်..... အော်
မှားလို့.... ညီမလေးတစ်ယောက်...
လက်ခံဖို့ပြင်နေတဲ့ လင်းရှောင်ရဲ့ခြေလှမ်း
များလား။
______________

Zawgyi

အပိုင္း၄၉၈- ဟြားကု

ထိုအခ်ိန္တုန္းက ယူေရွာင္းမို
နယ္ေျမျပောင္းအေဆာင္လက္ဖဲြ႔ကို
ခ်ိဳးမိခဲ့ၿပီးအပို႔ခံလိုက္ရတဲ့ မရဏေတာအုပ္ထဲ၌
ပစၥည္းမ်ားစြာ ၿမွဳပ္ႏွံထားသၫ့္သစ္ပင္
ေအာက္တြင္...... ယူေရွာင္းမိုနဲ႔လင္းေရွာင္ သူတို႔လုလာတဲ့ပစၥည္းေတြ စစ္ၾကၫ့္ေနၾကသည္။

ယူေရွာင္းမိုအတြက္ အဖိုးတန္ဆံုးက
နဂါးေသြးမဟုတ္ဘဲ ဟူရြာမွတူးထားသၫ့္
အဆင့္ဆယ့္တစ္နဲ႔အဆင့္ဆယ့္ႏွစ္ေမွာ္ေဆးပင္
မ်ားျဖစ္သည္။ ပမာဏအမ်ားႀကီးမဟုတ္
ေသာ္ျငား ၄တို႔မွာအင္မတန္အဖိုးတန္လွ
ေလသည္။

ထိုေန့တုန္းက ေမွာ္ေဆးပင္ေတြအားလံုး
တူးၿပီးတဲ့အခါ သူ႔နယ္ေျမထဲက
ေမွာ္ေဆးပင္စိုက္ခင္းဆီ
ျမန္ျမန္ေျပာင္းစိုက္ခဲ့သည္။ အပင္အမ်ားစုက
အျမစ္စထြက္ေနၿပီျဖစ္ၿပီး အေၫွာင့္လည္း
ေပါက္ေနၿပီဆိုေပမယ့္ ရင့္မွၫ့္ဖို႔ၾကာတာမို႔
ခ်က္ခ်င္းလက္ငင္းျပင္ဆင္မႈေတြလုပ္ဖို႔
လိုအပ္သည္။

"ကၽြန္ေတာ္တို႔ေတြ့တဲ့ေမွာ္​ေဆးပင္ေတြထဲမွာ
သံသရာေဆးလံုးအတြက္လိုတာတစ္မ်ိဳးမ်ိဳး
ပါလား"

ယူေရွာင္းမို စိတ္လႈပ္တရွားနဲ႔ေမးၾကၫ့္လိုက္တယ္။
ဖူခ်န္ခ်ဳံးေပးခဲ့တဲ့ေမွာ္ေဆးပင္ရွစ္ပင္က
ရင့္မွၫ့္ေနၿပီးျဖစ္ကာ ၄တို႔ႀကီးထြားၾကပံုကို
သူဘာမွမသိခဲ့ရေပ။ သူေတြ့ထားတဲ့ေမွာ္ေဆးပင္
အမ်ားစုက မရင့္မွၫ့္ေသးတာေၾကာင့္
သူတို႔လိုအပ္တဲ့ဟာေတြပါလား မပါလား
သူမေသခ်ာဘူး။

လင္း​​ေရွာင္ ေမးကိုလက္နဲ႔တို႔လိုက္တယ္၊
"မရိွေလာက္ဘူး"

ယူေရွာင္းမို စိတ္ပ်က္သြားၿပီး သူ႔ကို
စိုက္ၾကၫ့္လိုက္တယ္၊ "ခင္ဗ်ား ဘယ္လိုလုပ္ၿပီး
ေသခ်ာေနတာလဲ"

လင္းေရွာင္က အေလးအနက္ျပန္ေျဖေလသည္၊
"မပါဘူးလို႔ပဲမွတ္လိုက္။ အဲ့က် တကယ္လို႔
ပါေနခဲ့မယ္ဆိုရင္ ဝမ္းသာစရာျဖစ္သြားမွာ"

သူ႔ကိုအရူးလုပ္ဖို႔ အဆိုးျမင္ဝါဒီသံုးသပ္ခ်က္ႀကီး
သံုးေနျပန္ၿပီ။ ယူေရွာင္းမိုမ်က္ႏွာကို
အမည္းေၾကာင္းႀကီးေတြဖံုးသြားတယ္။ -_-||
ဒါက ေတာ္ေတာ္ေလးထိေရာက္မႈရိွတယ္
ဆိုတာ သူဝန္ခံရမယ္ဆိုေပမယ့္
ေသာက္က်ိဳးလည္းနည္းေလသည္။
"ဒီအေၾကာင္းထပ္မေျပာနဲ႔ေတာ့။ နဂါးေသြးကို
ဘယ္လိုလုပ္သင့္လဲ"

နဂါးေသြးက ယူက်န္ထ်န္းဇနီးရဲ့အသက္ေသြး
ျဖစ္တာမွန္ေနခဲ့လ်ွင္ ျမန္ႏိုင္သမ်ျွမန္ျမန္
သံုးပစ္ရမည္ျဖစ္၏။ နဂါးမ်ိဳးႏြယ္စုမွလူမ်ားက
သူတို႔ကိုယ္ပိုင္အသက္ေသြးႏွင့္
ပက္သတ္လ်ွင္အထိမခံျဖစ္တတ္ၾကၿပီး
နဂါး၏အာရံုခံႏိုင္သၫ့္အက်ယ္အဝန္းကို
သူတို႔နီးကပ္သြားခဲ့လ်ွင္ လူသိသြားၾကေပမည္။
က်န္းလ်ိႈ႔က အသက္ေသြးကိုေမွာ္ေဆးလံုး
သန႔္စင္ရန္ သံုးခ်င္ခဲ့ေသာ္ျငား
ဘယ္ေမွာ္ေဆးလံုးက နဂါးေသြးသံုးဖို႔
လိုအပ္လဲဆိုတာ သူမေတြ့ေသးေခ်။

လင္း​​ေရွာင္ မ်က္ေမွာင္ႄကံု႔ထားရင္း
နဂါးေသြးပုလင္းေလးကို တိတ္ဆိတ္စြာ
စိုက္ၾကၫ့္ေနသည္။

ဘာျဖစ္လို႔လဲလို႔ ယူေရွာင္းမိုေမးမလို႔ျပင္ေနတုန္း
အလ်င္စလိုသြားေနတဲ့ေျခသံမ်ားက
အရပ္တစ္ဖက္မွပဲ့တင္ထပ္လာသည္။
အေျခအေနက နည္းနည္းေလးရင္းႏွီးေနသလို
ရိွလာ၏။

သူနားစြင့္လိုက္တုန္းမွာ လင္းေရွာင္က
သူ႔ကိုေကာက္မလိုက္ၿပီး သစ္ပင္တစ္ပင္ေပၚ
ခုန္တက္လိုက္သည္။

ေျခသံေတြ နီးသထက္နီးလာတယ္။
သူ႔ျမင္ကြင္းထဲ အဖဲြ႔ေရာက္လာတဲ့အခါ
ယူေရွာင္းမိုပါးစပ္ဟသြားရသည္။ ၄မွာ
မရဏေတာအုပ္ဆီသူအပို႔ခံလိုက္ရတုန္းက
ေတြ့ခဲ့ရတဲ့ ပထမဦးဆံုးေသာအဖဲြ႔ပါပင္။
အမ်ိဳးသားႏွစ္ေယာက္က ပုခံုးေပၚ ဝယ္
သဲအိတ္တစ္အိတ္ထမ္းထားဆဲျဖစ္ကာ
အမ်ိဳးသမီးက ေရ႔ွမွဦးေဆာင္သြားေနဆဲ
ျဖစ္ေလသည္။

သူတို႔ပုန္းေအာင္းေနရာသစ္ပင္ဆီ
မၾကာခင္မွာ ထိုသံုးေယာက္ေရာက္လာ၏။

ဒီတစ္ေခါက္ေတာ့ ေရ႔ွကေနျမင္ေနရျခင္းျဖစ္သည္။
သူတို႔တူးလိုက္တဲ့တြင္းထဲမွာ စိတ္ဒုကၡေရာက္ဖြယ္
ျဖဴလြလြအရိုးပံုတစ္ပံုရိွေနတာ
ယူေရွာင္းမိုထင္းထင္းလင္းလင္းျမင္လိုက္ရသည္၊
လဝက္တုန္းက ၿမွဳပ္ထားခဲ့တဲ့အေလာင္းကမူ
ပုပ္သိုးေနၿပီျဖစ္သည္။

အနံ႔ ျပင္းလြန္းလွသည္။ အေပၚ မွာပုန္းေနတဲ့
ယူေရွာင္းမို ရြံၿပီးအန္ခ်မိေတာ့မလိုျဖစ္သြားတယ္။

အမ်ိဳးသားႏွစ္ဦးက တြင္းတူးၿပီးတဲ့ေနာက္
သဲအိတ္ကိုမလိုက္ၿပီး ပစ္ထၫ့္ဖို႔
ျပင္လိုက္သည္။ ထိုအခိုက္တြင္
သဲအိတ္က လႈပ္ယမ္းလာ၏။ ၄က
ရူးရူးသြပ္သြပ္ရုန္းကန္စျပဳလာကာ
ငိုရိႈက္သံမ်ားလည္း ထြက္လာသည္။
ထင္ရွားစြာႏွင့္ အတြင္းမွလူမွာ
မေသေသးေခ်။

အမ်ိဳးသားတစ္ဦးက သူယူလာတဲ့
ဓားၿမွောင္ထုတ္လိုက္ၿပီး သဲအိတ္ထဲကလူကို
ထိုးမလို႔ျပင္လိုက္တုန္း အမ်ိဳးသမီးက
ရုတ္တရက္တားလိုက္သည္၊
"သဲအိတ္ဖြင့္လိုက္"

အမ်ိဳးသားက သဲအိတ္ကိုတုပ္ၿပီးပိတ္ထားတဲ့
ႀကိဳးကိုျဖတ္လိုက္သၫ့္အခါ ငယ္ရြယ္လွပတဲ့
ေခါင္းတစ္ေခါင္းေပၚ လာ၏။

သဲအိတ္ထဲကလူမွာ လွပငယ္ရြယ္တဲ့မိန္းမေလး
ျဖစ္သည္။ သူမပါးစပ္ကို အဝတ္ပိုင္းတစ္ခုနဲ႔
ဆို႔ထားၿပီး ေခါင္းမွာေသြးထြက္ေနေပမယ့္
ခဲေနၿပီျဖစ္သည္။

သူမကိုေသၿပီလို႔ယူဆထားၿပီး
အသက္ရွင္ေနေသးဦးမယ္လို႔မထင္ခဲ့မိၾကေခ်။

အမ်ိဳးသမီးက သူမပါးစပ္ထဲဆို႔ထားတဲ့
အဝတ္ကိုဖယ္လိုက္သည္။

မိန္းမငယ္ေလးက ေၾကာက္ရြံ႔ေနတဲ့မ်က္လံုးေတြ
ကို ဖြင့္ၾကၫ့္လိုက္ကာ ကတုန္ကယင္နဲ႔
ေခါင္းယမ္းေတာ့သည္၊ "ကၽြန္မကိုမသတ္ပါနဲ႔၊
ကၽြန္မကိုမသတ္ပါနဲ႔။ ကၽြန္မက
ေသြးေစြးနီကလန္ရဲ့ အခ်စ္ခံအလိုလိုက္ခံရဆံုး
ကိုးေယာက္ေျမာက္သခင္မေလးဆိုတာ
အမွန္ပါ။ မယံုရင္စစ္ၾကၫ့္လို႔ရပါတယ္"

အမ်ိဳးသမီးရဲ့ရွင္းလင္းတဲ့မ်က္ႏွာမွာ
ေလွာင္ႃပံုးတစ္ခုေပၚ လာ၏၊
"နင္က ေသြးေစြးနီကလန္ရဲ့အခ်စ္ခံအလိုလိုက္
ခံရဆံုး ကိုးေယာက္ေျမာက္သခင္မေလး
ယူယံုလို႔ေျပာေနတာလား။ ဒါဆိုငါက
ခ်န္မဟာမိတ္ေခါင္းေဆာင္ရဲ့ အခ်စ္ခံအလိုလိုက္
ခံရဆံုးတပၫ့္ေလးပါေပါ့"

"ရွင့္ကိုမလိမ္ပါဘူး။ အမွန္တိုင္းေျပာေနတာပါ!"
ယူယံုမွာ အေၾကာက္လြန္ၿပီး သြားေတြ
တဂတ္ဂတ္ရိုက္ေနေလသည္။

သူမ ခဏေလာက္ခိုးထြက္လာၿပီး
မီးနီအရပ္ရဲ့အေနာက္ဘက္က ေလာင္းကစားအိမ္
တစ္အိမ္ကိုစပ္စပ္စုစု ဝင္ၾကၫ့္ခဲ့ရံုသာ။
အထဲကေလာင္းကစားပဲြေတြကိုစိတ္ဝင္စားမိၿပီး
ခဏေလာက္ေပ်ာ္ရႊင္မိကာ ေလာင္းထားတဲ့
အဖိုးတန္ပစၥည္းအားလံုးရႈံးသြားခဲ့သည္။
အခု သူမမွာအႂကြေးပိေနၿပီျဖစ္၏။

ေလာင္းေၾကးတိုင္းရႈံးရေလာက္ေအာင္
ကံဆိုးဖို႔မျဖစ္ႏိုင္ဘူးလို႔ သူမခံစားမိခဲ့သည္။
သို႔ျဖစ္၍ ေလာင္းကစားအိမ္မွလူမ်ားက
လိမ္လည္ေနသည္ဟု သံသယဝင္ခဲ့သည္။
ေလာင္းကစားခန္းမက ဝန္မခံဘဲ
သူမအႂကြေးမေပးလ်ွင္ မီးနီးအရပ္သို႔
ေရာင္းပစ္မယ္ဟုပင္ ၿခိမ္းေျခာက္ခဲ့သည္။

ယူယံုမွာ အထက္စီးဆန္ေမာက္မာသၫ့္
မိန္းမငယ္တစ္ဦးျဖစ္ခဲ့ရာ သူမကို အျခားလူမ်ားက
နာခံျခင္းမရိွတာကို သည္းမခံႏိုင္ခဲ့ေပ။
ထို႔ေၾကာင့္ ႏွစ္ဖက္သားခ်ၾက၏။
သို႔ေပမယ့္ သူတို႔ကို မႏိုင္တာေၾကာင့္
သူမရဲ့အဆင့္အတန္းကို ထုတ္ေျပာခဲ့ရသည္။
အဆံုးက်ေတာ့ သူတို႔ကအဲ့တာကို
အေရးပါတဲ့ကိစၥလိုမသတ္မွတ္ခဲ့ၾကဘဲ
သူမႏိုးလာတဲ့အခါ ဒီေနရာေရာက္ေနတာ
ျဖစ္သည္။

"ဟြားကု သူမေျပာတာမွန္ေလာက္မယ္ထင္တယ္"
အမ်ိဳးသားတစ္ဦးက ရုတ္တရက္ျဖတ္ေျပာလိုက္
သည္။

ယူယံု စိတ္အားသန္သန္နဲ႔ေခါင္းညိတ္လိုက္တယ္။

အမ်ိဳးသမီးက သူ႔ကိုတစ္ခ်က္ၾကၫ့္လိုက္သည္၊
"အမွန္ဆိုေတာ့ေရာ ဘာျဖစ္လဲ။ ဒီမိန္းမရဲ့
'အႃငွိုးေသးေသးေလးတိုင္းအတြက္
လက္စားျပန္ေခ်မယ့္' စိတ္ဓာတ္နဲ႔ဆိုရင္
သူ႔ကိုလႊတ္ေပးလိုက္ရင္ ျပန္လွၫ့္ၿပီး
ငါတို႔ကိုလက္စားေခ်လိမ့္မယ္။
အာ့ေၾကာင့္ ေသကိုေသရမယ္"

ယူယံုမွာ ေၾကာက္ရြံ႔ထိတ္လန႔္ၿပီး
မ်က္လံုးျပဴးသြားေတာ့သည္။

ဟြားကုလို႔ေခၚတဲ့အမ်ိဳးသမီးကို
သစ္ပင္ေပၚ ကေန ယူေရွာင္းမိုအံ့ဩတႀကီးနဲ႔
ၾကၫ့္လိုက္တယ္။

ယူယံုေပၚ လာလို႔ သူအံ့ဩသြားခဲ့ေပမယ့္
ဒီဟြားကုကသူ႔ကိုအလင္းေရာင္အသစ္
တစ္ခုျမင္လိုက္ရေစသည္။ သူမက
ယူယံုရဲ့သရုပ္မွန္ေၾကာင့္ ယိမ္းယိုင္မသြားရံုတင္
မက သူမစကားေတြကတၫ့္တိုးဆန္ၿပီး
ထိေရာက္လြန္းလို႔ အံ့အားသင့္ဖို႔ေကာင္း
လွသည္။

သူမမွာ စဉ္းလဲတဲ့မ်က္လံုးတစ္စံုရိွသည္ဟု
ေျပာလို႔ရသည္။ သူတို႔သိတာမၾကာေသးေပမယ့္
ယူယံုရဲ့စိတ္ဓာတ္ကို ျမင္ႏိုင္ေလသည္။

"သတ္လိုက္!" ဟြားကုက တိုက္တြန္းလိုက္၏။

"ဒါေပမယ့္ ေသြးေစြးနီကလန္က
စံုစမ္းရန္ဘယ္လိုလုပ္ၾကမလဲ။ အဲ့တုန္းက
ျပႆနာႀကီးေအာင္ေမႊထားၿပီး
ျမင္လိုက္တဲ့လူေတြလဲအမ်ားႀကီးရိွတယ္"
အမ်ိဳးသားမွာ ေတြေဝေနသည္။

"ဒါျဖင့္လည္း ရွင္းေလာ့ကထြက္သြားရံုပဲ။
ထံုထ်န္းတိုက္မႀကီးက က်ယ္ပါ
တယ္။ ငါတို႔ေနဖို႔ေနရာတစ္ေနရာမွ
မရိွဘူးလို႔ ငါမယံုဘူး၊ ေသြးေစြးနီကလန္က
လံုးဝဥႆံုအာဏာရိွတဲ့ဧကရာဇ္ျဖစ္ေနဖို႔ဆိုတာ
ပိုေတာင္မယံုေသးတယ္"

ဤစကားက လူႏွစ္ေယာက္ကိုယံုၾကည္ေစသည္။
ဟြားကုေနာက္ သူတို႔လိုက္လာတာ
ႏွစ္ေပါင္းမ်ားစြာရိွၿပီျဖစ္ကာ
ေလာင္းကစားရံုတြင္လည္း လုပ္ခစားရာဇဝတ္သား
မ်ားအျဖစ္ အတူတကြလုပ္ကိုင္ဖူး၏။
ထို႔ျပင္ ထိုေနရာကိုလည္း နက္နက္ရိႈင္းရိႈင္း
တြယ္တာမႈမ်ားမရိွေပ။

ဒီမိန္းမက အလြန္တရာအၫွာအတာမဲ့လိမ့္မယ္လို႔
ယူယံုထင္မထားေခ်။ သူမက ဂုဏ္သေရရိွၿပီး
ႂကြယ္ဝခ်မ္းသာသၫ့္အမ်ိဳးသမီးျဖစ္သည္၊
ဘာျဖစ္ျဖစ္ ဒီလိုပံုမ်ိဳးနဲ႔ေသရဖို႔ သူမလက္မခံ
ႏိုင္ေပ။ သူမမ်က္ဝန္းထဲတြင္
အႀကံအစည္ႀကီးၿပီးရက္စက္တဲ့
အလင္းတစ္ခု လက္သြား၏။ သဲအိတ္ထဲတြင္
ကြယ္ထားသၫ့္သူမလက္က လက္ေခ်ာင္းေပၚ ရိွ
လက္စြပ္ကို တိတ္တဆိတ္ထိလိုက္ေလသည္။

ဟြားကုတို႔က သူမကိုေသၿပီလို႔ထင္ထား
တာေၾကာင့္ လက္ကိုမတုပ္ထားခဲ့ေပ။

လက္စြပ္က အိတ္ေဆာင္နယ္ေျမျဖစ္သည္။
ေမွာ္အိတ္လိုမဟုတ္ဘဲ ၄ကပိုင္ရွင္အျဖစ္
သတ္မွတ္ၿပီးသြားလ်ွင္ ဖယ္မရေတာ့ေခ်။
ထို႔ေၾကာင့္ပင္ သူတို႔သံုးေယာက္
လက္စြပ္ကိုမဖယ္ခဲ့ျခင္းျဖစ္သည္။
ထို႔အျပင္ အိတ္ေဆာင္နယ္ေျမတစ္ခု
ျမင္ဖူးရန္ရွားလွရာ သူတို႔မမွတ္မိတာ
ပံုမွန္ျဖစ္၏။

ယူယံုရဲ့အဆင့္တန္းနဲ႔ဆိုရင္
သူမမွာ အသက္ကယ္ပစၥည္း
တစ္မ်ိဳးမ်ိဳးရိွမေနဘူးဆိုတာ မျဖစ္ႏိုင္ေပ။

သူတို႔စကားေျပာေနတုန္း နယ္ေျမျပောင္း
အေဆာင္လက္ဖဲြ႔တစ္ခု ယူယံုျမန္ျမန္
ထုတ္လိုက္သည္။ သူတို႔သံုးေယာက္ကို
တစ္ၿပိဳင္တည္းသတ္ဖို႔မျဖစ္ႏိုင္တာေၾကာင့္
အရင္ထြက္သြားၿပီးမွ တစ္ျခားအစီအစဉ္တစ္ခု
ဆဲြရမည္ျဖစ္သည္။

"ခ်ီး" ဟြားကုက
ယူယံုရဲ့လႈပ္ရွားမႈတစ္ခုခ်င္းစီတိုင္းကို
အာရံုတစ္ဝက္စိုက္ထားၿပီးသားျဖစ္ေလသည္။
သူမရဲ့အမူအရာမွာ တစ္ခုခုထူးဆန္းေနတာ
ျမင္ေတာ့ ယူယံုမွာထြက္ေျပးဖို႔နည္းရိွေနတာ
သူမခန႔္မွန္းမိလိုက္သည္။

ယူယံုက နယ္ေျမျပောင္းအေဆာင္လက္ဖဲြ႔ကို
သြက္သြက္လက္လက္ခ်ိဳးဖဲ့လိုက္ကာ
ဟြားကုနဲ႔က်န္ႏွစ္ေယာက္ရဲ့ အမူအရာ
ေျပာင္းသြားတာကို အထိန္းအကြပ္မဲ့စြာ
ရယ္ေမာေတာ့သည္။ သူမက
ယုတ္ယုတ္မာမာနဲ႔စူးစူးရွရွရယ္လိုက္၏၊
"နင္တို႔ကို ဘယ္ေတာ့မွလႊတ္မေပးဘူး။
ဒီျပႆနာကေနထြက္သြားၿပီးရင္
ငါ့ႏွလံုးသားထဲကအမုန္းတရားကို
ေျဖေဖ်ာက္ဖို႔ နင္တို႔အေရခြံကိုဆုတ္ၿပီး
အရြတ္ေတြဆဲြခြာပစ္ဖို႔ အဘိုးကိုေတာင္းဆိုမယ္"

ယုတ္မာရက္စက္မႈေတျြပၫ့္ေနတဲ့ မ်က္ႏွာနဲ႔
ယူယံုကိုၾကၫ့္ရင္း ဟြားကု တေျဖးေျဖးခ်င္း
တည္ၿငိမ္လာတယ္။

ယူယံုရဲ့ရယ္သံ ခ်က္ခ်င္းပဲရပ္တန႔္သြားၿပီး
သူမေရ႔ွကလူသံုးေယာက္ကို
ေၾကာင္အမ္းအမ္းစိုက္ၾကၫ့္လိုက္သည္။
သူမလက္ကိုၿမွောက္လိုက္ၿပီး အထိတ္တလန႔္နဲ႔၊
"ဘာျဖစ္သြားတာလဲ။ ဘာလို႔အေဝးမပို႔ခံလိုက္
ရတာလဲ!"

ဟြားကုက အမ်ိဳးသားရဲ့ဓားၿမွောင္ကို
ဆဲြယူလိုက္ကာ နည္းနည္းေလးမွတြန႔္ဆုတ္
မေနဘဲ ယူယံုရဲ့ႏွလံုးသားထဲစိုက္ခ်လိုက္တယ္။
သူမဆံုးျဖတ္ခ်က္က မ်က္ဝန္းထဲကလူသတ္
ခ်င္စိတ္လိုပဲ ျပတ္သားလွသည္။

ယူယံုေခါင္းငံု႔လိုက္တယ္။ ေသြးေတြအဆက္
မျပတ္ထြက္ေနတဲ့ ရင္ဘတ္ကိုၾကၫ့္ရင္း
ထာဝရေနာင္တတရားမ်ားႏွင့္ ေသဆံုးသြားရ
သည္။

ယူေရွာင္းမို ေလးစားစိတ္ေတြတဖြားဖြားနဲ႔
သစ္ပင္ေပၚ ကၾကၫ့္ေနတယ္။ ဒီဟြားကုက
လူအမ်ားစုမရိွၾကတဲ့စရိုက္ေတြ ပိုင္ထားတယ္။
သူ႔စိတ္ဓာတ္က ေယာက္်ားတစ္ေယာက္ထက္
ေတာင္ အၫွာအတာကင္းေသးတယ္၊
ေနာက္ၿပီး ကိစၥေတြကို ျပတ္ျပတ္သားသား
ကိုင္တြယ္တယ္။ ဒီလိုလူစားမ်ိဳးက
အဓိကရုဏ္းအခ်ိန္ေတြထဲေရာက္ရင္
ၾကမ္းၾကဳတ္ၿပီးစြမ္းအားႀကီးတဲ့အရွင္မ်ိဳး
ျဖစ္လာမွာအေသအခ်ာပဲ။

ဟြားကု ဓားၿမွောင္ကိုဆဲြထုတ္လိုက္သည္။
ဒါေတာင္မွ မ်က္ေမွာင္ႄကံု႔လိုက္ရင္း
ကိုင္ထားတာမေလ်ွာ့လိုက္ေပ။ သို႔ေသာ္
သူမပတ္ပတ္လည္ကို ႏိုးႏိုးၾကားၾကား
ေစာင့္ၾကၫ့္ေနေလသည္။ သူမအေဖာ္ေတြရဲ့
ေၾကာင္အေနတဲ့အၾကၫ့္ေအာက္မွာ
ေခါင္းၫြတ္အရိုအေသေပးၿပီး
လက္ႏွစ္ဖက္ယွက္ထားရင္း
ပတ္ပတ္လည္တစ္ဝိုက္ကိုအူယားဖားယား
ေျပးကာ တရိုတေသေျပာလိုက္သည္၊
"ဘယ္စီနီယာက အကူငွားေပးခဲ့လဲမသိေပမယ့္
ကၽြန္မတို႔ကိုကိုယ္ထင္ျပလို႔ရႏိုင္မလား"

ယူေရွာင္းမို သူမအတြက္ေနာက္ထပ္
စရိုက္လကၡဏာတစ္ခုေပါင္းထည့္လိုက္တယ္-
ဉာဏ္ေကာင္းတယ္!

ယူေရွာင္းမို လင္းေရွာင္ကိုၾကၫ့္လိုက္ၿပီး
အူျမဴးစြာနဲ႔ေမးလိုက္တယ္၊
"ခင္ဗ်ားကိုယ္ကို ကၽြန္ေတာ္တို႔
ကိုယ္ထင္ျပသင့္လား"

လင္းေရွာင္သူ႔ကိုတစ္ခ်က္ၾကၫ့္ေပးလိုက္တယ္၊
"ေနာက္တစ္ေခါက္ ဒီလိုေမးခြန္းမ်ိဳးေမး
တဲ့အခါ ပါးစပ္နဲ႔မေျပာဖို႔မွတ္ထား။
အဲ့လိုမွမဟုတ္ရင္ မင္းတမင္လုပ္ေနတာလို႔
ကိုယ္ထင္မိလိမ့္မယ္"

ယူေရွာင္းမို ခ်က္ခ်င္းပါးစပ္ပိတ္လိုက္ၿပီး
ေခါင္းငံု႔လိုက္ေတာ့ ေအာက္ကသံုးေယာက္နဲ႔
မေတာ္တဆအၾကၫ့္စံုသြားတယ္။
ေကာင္းပါၿပီ အမွန္က ဒီသံုးေယာက္က
သူတို႔နဲ႔ၿပိဳင္ဖက္မဟုတ္ဘူးလို႔ သူခံစား
မိလိုက္လို႔ သူ႔ကိုယ္သူထုတ္ျပဖို႔
ဘာမွမစိုးရိမ္ခဲ့တာ။

သူတို႔ႏွစ္ေယာက္ သစ္ပင္ေပၚ က
ဆင္းလာတဲ့အခါ ဟြားကုကဒူးတစ္ဖက္
ေထာက္ခ်လိုက္ေလ၏၊
"ေက်းဇူးရွင္မ်ားကို ကူညီေပးတဲ့အတြက္
ဟြားကုကေက်းဇူးတင္ပါတယ္"

ယူေရွာင္းမို သူမဆီေလ်ွာက္သြားလိုက္တယ္၊
"ကၽြန္ေတာ္တို႔ ဘာမွမလႈပ္ရွားခဲ့ပါဘူး။
မင္းတို႔ကိုကၽြန္ေတာ္တို႔ကယ္တယ္ဆိုတာ
ဘယ္လိုသိတာလဲ"

ဟြားကုက ယံုၾကည္ခ်က္အျပၫ့္နဲ႔
ျပန္ေျဖသည္၊ "ယူယံုရဲ့စကားကေန
ဟြားကုဆံုးျဖတ္ၾကၫ့္တာပါ။ အကယ္၍
သူမကတကယ္ပဲ ေသြးေစြးနီကလန္ရဲ့
ကိုးေယာက္ေျမာက္သခင္မေလးဆိုရင္
နယ္ေျမျပောင္းအေဆာင္လက္ဖဲြ႔တစ္ခု
ေဆာင္ထားမွာပဲ။ နတ္ဘုရားဆင့္က
လုပ္ထားတဲ့နယ္ေျမျပောင္းအေဆာင္လက္ဖဲြ႔က
ျပင္ပအေနွာင့္ေတြမရိွဘဲ ပ်က္စီးသြားဖို႔
မျဖစ္ႏိုင္ဘူး။ အာ့ေၾကာင့္ အျခားလူေတြလည္း
ရိွေနတယ္လို႔ ဟြားကုရဲရဲတင္းတင္း
ခန႔္မွန္းမိတာပါ"

ဆိုေတာ့ သူမကသူတို႔ကို
အသံေပးရံုပဲျဖစ္ေနတာကိုး။

ယူေရွာင္းမို စိတ္ပ်က္လက္ပ်က္ျဖစ္
သြားရတယ္။ သူ႔ဉာဏ္ရည္က အႏႈတ္ကိန္း
တစ္လံုး ဒါမွမဟုတ္ အႏႈတ္ကိန္းႏွစ္လံုးေတာင္
ရိွေနတယ္ဆိုတာ သက္ေသျပလိုက္ျပန္ၿပီ။

ဟြားကု လင္းေရွာင္ကိုစိတ္လႈပ္ရွားစြာနဲ႔
ၾကၫ့္လိုက္တယ္။ သူမခန႔္မွန္းတာ
မမွားခဲ့ရင္ လႈပ္ရွားလိုက္တဲ့သူကဒီလူပဲ
ျဖစ္သင့္တယ္။ နယ္ေျမျပောင္းအေဆာင္ကို
က်ရႈံးေအာင္လုပ္ဖို႔ဆိုရင္ သူ႔က်င့္ႀကံဆင့္က
ေသခ်ာေပါက္ကို နတ္ေဒဝါအဆင့္ရဲ့
အထက္မွာပဲ။

"ေက်းဇူးရွင္ရဲ့အကူအညီေၾကာင့္သာ
မဟုတ္ရင္ ကၽြန္မတို႔သံုးေယာက္
တိုက္မႀကီးတစ္ခုလံုးျဖတ္ၿပီးထြက္ေျပးေနရမွာ
စိုးမိပါတယ္။ ေက်းဇူးရွင္က ကၽြန္မတို႔
သံုးေယာက္ကိုမျငင္းဘူးဆိုရင္
ေက်းဇူးရွင္ေနာက္လိုက္ဖို႔ ဆႏၵရိွပါတယ္"

"ထင္ထားတာနဲ႔ဆန႔္က်င္ဘက္ပဲ၊
မင္းကေတာ္ေတာ္ေလးဉာဏ္ေကာင္းတယ္"
လင္းေရွာင္ ေျပာလိုက္တယ္။

ယူေရွာင္းမို သူမကိုနည္းနည္းေလာက္
ထပ္မၾကၫ့္ပဲမေနႏိုင္ေတာ့ဘူး။
ဒါက ညီငယ္ေလးတစ္ေယာက္..... ေအာ္
မွားလို႔.... ညီမေလးတစ္ေယာက္...
လက္ခံဖို႔ျပင္ေနတဲ့ လင္းေရွာင္ရဲ့ေျခလွမ္း
မ်ားလား။
______________



















Continuar a ler

Também vai Gostar

360K 53.2K 122
Myanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are available. Genres : Horror Love Stroy W...
505K 73.1K 53
I never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်...
160K 26K 44
Title -The Tang Family's Seven Os [汤家七个O] Author - White Clouds [白云朵] Status in COO - Completed (186 chapters + 3 extras) Start date - 1.4.2023 End d...
1.2M 166K 64
传说之主的夫人 by 尹琊 Chuanshuo Zhi Zhu De Furen by Yin Ya Genres: Action, Adventure, Fantasy, Comedy, Historical, Martial Art, Romance, WuxiaWorld, BL (Cha...