Unicode
အပိုင်း၄၉၇- အနုပညာကိုခံစားတတ်တဲ့
ပါးကွက်သား
ယူရှောင်းမို ဝမ်းလျားမှောက်အိပ်နေရင်း
လင်းရှောင်ကို ခိုးကြောင်ခိုးဝှက်လှမ်းကြည့်
လိုက်တယ်။ သူ့စိတ်ထဲကလိကလိဖြစ်နေတဲ့
မေးခွန်းတစ်ခုရှိနေသည်၊
နည်းနည်းပဲ ယားတယ်ဆိုပေမယ့်
လှိမ့်လေလေ ပိုယားလာလေလေဖြစ်နေသည်။
"ကိုယ့်ချစ်ဇနီးလေး"
ယူရှောင်းမို လင်းရှောင်ခေါ် နေတာကြားလိုက်တော့
ခေါင်းမော့ပြီးလှမ်းကြည့်ပေးလိုက်တဲ့အခါ
သူ့ရေနွေးခွက်ကို ချလိုက်ပြီး ရွှတ်နောက်နောက်
အမူအရာနဲ့လာကြည့်နေတာ တွေ့လိုက်ရတယ်။
လင်းရှောင် ပါးစပ်ထောင့်လေးတွေ
ကွေးတက်သွားသည်၊ "မင်းလေး ကြည့်ရတာ
စိတ်ဓာတ်ကျနေသလိုပဲ ၊ နောက်ထပ်
နည်းနည်းလောက်ထပ်လုပ်ချင်လို့များလား"
သူ့အပြုံးကြီးက အင်မတန်မှစဉ်းလဲလှသော်လည်း
ဘယ်လိုပုံပဲဖြစ်နေပါစေ သူ့ကိုတွန်းလှဲပစ်
ချင်စိတ်များ တဖွားဖွားပေါ် လာစေနိုင်သေး၏။
ယူရှောင်းမို တိတ်ဆိတ်စွာနဲ့ခေါင်းလှည့်လိုက်တယ်။
သူ့အောက်ပိုင်းတစ်ခုလုံး ထုံနေတာပဲ၊
သူ့သေလမ်းရှာချင်နေတာမဟုတ်ဘူး။
အစတုန်းက ပြန်ပျောက်ဖို့ စိတ်စွမ်းအင်ရေ
နည်းနည်း သောက်လိုက်ရုံပဲ ၊ ဒါပေမယ့်
ဒီစကားကိုကြားလိုက်ရပြီးတဲ့နောက်တော့
ဒီစိတ်ကူးကို သူစွန့်လွှတ်လိုက်သည်။
သေတွင်းတူးမယ့်အပြုအမူလေးတွေ
လျှော့ထားရင် ပိုကောင်းမယ်။
"ခင်ဗျား..... ကျွန်တော် ရှင်းလော့မြို့မှာ
ဆိုတာရယ်၊ မြို့အရှင်အိမ်တော်ကို
သွားတယ်ဆိုတာရယ် ဘယ်လိုသိလဲ"
ခဏလောက် တွေဝေနေပြီးနောက်
ယူရှောင်းမို စပ်စုချင်စိတ်ကိုထိန်းမထားနိုင်ဘဲ
မေးလိုက်တော့သည်။
လင်းရှောင် ရေနွေးငှဲ့နေတာရပ်သွားသည်။
ခေါင်းစောင်းလိုက်ကာ အပြုံးသဲ့သဲ့နဲ့
ကြည့်လိုက်သည်၊
"တစ်စုံတစ်ယောက်က ကိုယ့်ကိုရှောင်ဖို့
မြို့အရှင်အိမ်တော်ဆီသွားပြီး သေလမ်းသွားရှာ
တာ ကိုယ်ဘယ်လိုသိမလဲ"
ယူရှောင်းမို ပြောစရာစကားပျောက်ရှသွားရတယ်။
သူဘာမှမပြောခဲ့သလိုပဲ နေလိုက်လို့ရမလား။
လင်းရှောင်က တည်တည်ငြိမ်ငြိမ်နဲ့
အပြစ်ဆက်ပြောလေသည်၊
"ဇနီးလေး ၊ ကိုယ်မရှိတဲ့ရက်တွေမှာ
တော်တော်ကြီးပြင်းလာပုံရတယ်။
လူတွေကယ်ပြီး လက်စားချေပေးတယ်၊
နောက်ဆုံးကျ မင်းကိုယ်မင်းတောင်
ခွေးတွင်းထဲ ပြုတ်ကျအောင်လုပ်လိုက်သေးတယ်၊
မင်းမလုပ်မယ့်အရာများ ရှိသေးလား"
ယူရှောင်းမို မျက်နှာကိုခေါင်းအုံးထဲမြှုပ်ထား
လိုက်ပြီး ခဏလောက်နေမှ ရုတ်တရက်
ခေါင်းပြန်မော့လိုက်တယ်၊
"ခင်ဗျားဘယ်လိုသိတာလဲ"
လင်းရှောင် သရော်လိုက်တယ်၊
"ကိုယ့်ရဲ့နှစ်သက်စရာကောင်းလှတဲ့ အမြော်အမြင်
ကြောင့်လေ"
ယူရှောင်းမို ဖားလိုက်တယ်၊ "ခင်ဗျားက
အရမ်းမိုက်တယ်!"
အမှန်တွင် ၊ သူဘယ်လိုသိလဲ ခန့်မှန်းမိသွားပြီ
ဖြစ်သည်။ လက်စားချေတဲ့
အကြောင်းကို သူနဲ့ဝမ်ကုံးနှစ်ယောက်ပဲ
သိကြတာဖြစ်ရာ လင်းရှောင်လည်း
သိနေတဲ့အတွက် ဖြစ်နိုင်ချေတစ်ခုတည်းသာ
ရှိသည်။ သူ ဝမ်ကုံးနဲ့ဆုံမိပြီး ဝမ်ကုံးကိုယ်တိုင်
ဆီကနေ သိလိုက်ရပြီး ရှင်းလော့မြို့ဆီ
လာရှာတာဖြစ်ရမည်။
"လေးနာရီလောက် အရင်နားလိုက်၊
ပြီးရင် ရှင်းလော့ကနေထွက်သွားမယ်"
လင်းရှောင် လေးလေးနက်နက်ပြောလိုက်သည်။
ယူရှောင်းမို ဂရုတစိုက်နဲ့ အရိပ်အကဲကြည့်လိုက်ပြီး
ပြောလိုက်တယ်၊
"ဒီနေ့ထွက်သွားရမှဖြစ်မှာလား။
ဝမ်ကုံးကို လက်စားကူချေပေးမယ်လို့
ကတိပေးထားခဲ့တာ"
လင်းရှောင်က တစ်ခုခုပြောလိုက်ပုံပေါ် သော်လည်း
ယူရှောင်းမို မကြားလိုက်ချေ။
"ဒါဆိုလည်း သူ့ကိုအရင်သတ်ပြီးမှ
သွားကြမယ်"
ဒုတိယနေ့ ၊ ရှင်းလော့မြို့ကို ပတ်ရမ်းထားပြီး
မြို့အရှင်အိမ်တော်ကိုဖောက်ထွင်းကာ
သူ့ဥစ္စာပစ္စည်းများ အပြောင်သိမ်းပြီးနောက်
ထွက်မသွားသေးတဲ့လူနှစ်ယောက်မှာ
ယူရှောင်းမိုနဲ့ လင်းရှောင်သာရှိမည်ထင်သည်။
သို့သော်ငြား ထိုအခိုက်တွင် အိမ်တော်ဘဏ္ဍာတိုက်
ပြောင်သလင်းခါသွားတဲ့သတင်းက
မပျံ့သေးပေ၊ ရှင်းလော့မြို့အရှင်က
သူတို့ထွက်သွားပြီလို့ ယုံကြည်နေပုံရကာ
ကင်းလှည့်သမားများ
အနည်းငယ်သာတိုးမြှင့်ထားလေသည်။
ချင်ဖုန်းဂိုဏ်းချုပ်နေရာမှာ ရှင်းလော့မြို့အတွင်း
တွင် မဟုတ်ပါ။
မြို့အရှင်က ရှင်းလော့မြို့အတွင်း
တရားစီရင်ပိုင်ခွင့်ရှိသည်မို့ ဌာနချုပ်ကို
မြို့ထဲမှာထားတာက လက်များခြေများတုပ်နှောင်
ထားသလိုဖြစ်နေမည်ဖြစ်၏။ သို့ဖြစ်၍
မြို့အတွင်း၌လှုပ်ရှားခဲ့ကြသည့်
အင်အားအများစုမှာ သူတို့ခြေကုပ်ကို
ရှင်းလော့အပြင်သို့ပြောင်းရွှေ့သွားကြလေသည်။
သို့ပေမယ့် ကောင်းမာယွင်က
ချင်ဖုန်းဂိုဏ်းတွင် ပမွှားလေးသာဖြစ်ရာ
ဌာနချုပ်ကိုဝင်ရန် အရည်အသွေးမမှီပေ၊
ထို့ကြောင့် သူက ရှင်းလော့မြို့ထဲရှိ
တုံဖန်းအဆောင်ဟုအမည်ရသည့်နေရာတွင်
နေလေသည်။
ယူရှောင်းမိုနည်းနည်းလောက် ပတ်မေးကြည့်
လိုက်တာနဲ့ တုံဖန်းအဆောင်က ရှင်းလော့မြို့ရဲ့
အကျော်ကြားဆုံး 'ပန်းမာလာအရပ်' ဖြစ်ကြောင်း
သိလိုက်ရ၏။
ဒီ 'ပန်းမာလာအရပ်' ဆိုတာက
မင်္ဂလာအခါတော်အတွက် ပန်းတွေ ၊ သစ်သီးတွေ
ရောင်းတာကို ဆိုလိုတာမဟုတ်ပေ။
ထိုအစား ၎င်းမှာ ကြည်ကြည်နူးနူးဇာတ်လမ်း
မျိုးစုံအတွက်ဖြစ်ကာ
တစ်လမ်းလုံးတွင် ယောက်ျား ၊
မိန်းမပြည့်တန်ဆာအိမ်များ တန်းစီနေသည်။
( t/n; ပန်းမာလာအရပ်ဆိုတာ
မီးနီအရပ်ကိုပြောတဲ့စကားပါ)
ကံကောင်းစွာနဲ့ ၊ ထုံထျန်းတိုက်မကြီးမှာ
ဒီလိုနေရာမျိုးမရှိလောက်ဘူးလို့
ယူရှောင်းမို ထင်ထားတာကြောင့်
အရင်ကအတွေ့အကြုံမရှိခဲ့ဖူးပေ။
မီးနီအရပ်မှပြည့်တန်ဆာအိမ်တွေက
ယူရှောင်းမို တီဗွီထဲမှာမြင်ဖူးသလိုမျိုး
မဟုတ်ပေ။ ပြည့်တန်ဆာအိမ်များကို
ရာသီဥတုမရွေးဖွင့်လှစ်ပြီး လှပစွာတန်ဆာ
ဆင်ထားသည်၊ သို့သော် ဖောက်သည်ရှာရန်
အပြင်မှာရပ်နေသည့် ကောင်လေးချောချော
လေးများ ၊ မိန်းကလေးအလှလေးများ
မရှိပါချေ။
ယူရှောင်းမို အထဲကိုကြည့်ဖို့ လည်ပင်းဆန့်လိုက်
တယ်။ နေ့ခင်းကြောင်တောင်ကြီးပေမယ့်
လှပငယ်ရွယ်တဲ့ကိုယ်လုပ်တော်တွေရှိတဲ့
ပြည့်တန်ဆာအိမ်ထဲမယ် ဧည့်သည့်အချို့
ရှိနေသည်ပင်၊ ညစ်ညမ်းပြီးမကြားဝံ့တဲ့
စကားမျိုးစုံလည်း တစ်ချက်မှမလွတ်ပဲ
အတွင်းဘက်မှပျံ့လွင့်နေသည်။
လင်းရှောင် သူ့ဝတ်ရုံကော်လံကနေ
ကိုင်လိုက်ပြီး လျှောက်ဝင်သွားလိုက်သည်၊
"ကြည့်ချင်လို့လား။ ဒါဆိုလည်း ပေါ် ပေါ် ထင်ထင်
ဝင်ကြည့်ချေ"
သူ့အတွေးပြတ်သွားချင်းချင်း အထဲကလူတိုင်းက
လှမ်းကြည့်လိုက်ကြသည်။
ယူရှောင်းမို ရှက်သွားတယ်။ အစတုန်းကတော့
ခမ်းနားထည်ဝါလွန်းနေတဲ့ ဒီလိုနေရာမျိုးကို
သူတစ်ချက်လောက်ဝင်ကြည့်ခဲ့ချင်ပေမယ့်
အခုကျတော့ သိပ်မသင့်တော်သလို
ခံစားလိုက်ရတော့သည်။
သူတို့ကိုဧည့်ခံသူမှာ ပွင့်လင်းလှတဲ့ဈေးကြီးဝတ်စုံ
ဝတ်ထားသည့် မိတ်ကပ်ထူထူနဲ့မိန်းမကြီး
တစ်ယောက်ဖြစ်သည်။ မိန်းမကြီးက
ခါးသွယ်သွယ်ကိုလိမ်ကောက်ထားပြီး သူတို့ကို
စေ့စေ့စပ်စပ်နဲ့ကြည့်နေသည်။
အခန်းတစ်ခန်းမှာ စောင့်နေလိုက်ပြီး
ယူရှောင်းမို မိန်းမကြီးကို ကောင်းမာယွင်ဆီ
သတင်းသွားပို့ခိုင်းလိုက်တယ်။
တစ်မိနစ်လောက်ကြာပြီးတဲ့နောက်
ကောင်းမာယွင် လူတွေအများကြီးနဲ့
ရောက်လာသည်။ သူ့ကိုယ်လုပ်တော်အား
ယောက်ဖအတွက်လက်စားချေပေးပါမည်ဟု
ကတိကဝတ်ပေးထားသည်မို့ ဟူရွာမှ
အဖြစ်အပျက်အကြောင်း ယခုအချိန်ထိ
သူစုံစမ်းနေဆဲဖြစ်သည်။ သို့သော်လည်း
ဒီတစ်လျှောက်လုံးမှာ သဲလွန်စတစ်ခုမှ
မရခဲ့ဘဲ သူ့ကိုအရှက်ရစေခဲ့ရာ
ဟူရွာရဲ့နာမည်ကိုကြားလိုက်တဲ့အခါ
ချက်ချင်းရောက်လာခဲ့သည်။
"မင်းတို့နှစ်ယောက်ကဘယ်သူလဲ"
အခန်းထဲဝင်လိုက်တဲ့အခါ မရင်းနှီးတဲ့မျက်နှာနှစ်ခု
မြင်လိုက်ရတော့ ကောင်းမာယွင်သတိတထား
ဖြစ်သွားသည်။
လင်းရှောင် သူ့ခွက်ကိုယူလိုက်ပြီး
ရေနွေးကြမ်းတစ်လုပ်သောက်လိုက်ကာ
မျက်ဝန်းများတွင် အပြုံးတစ်ခုလက်သွားသည်၊
"လူကြီးမင်းက ယောက်ဖအသတ်ခံရတဲ့ကိစ္စကို
စုံစမ်းနေတယ်လို့ ကြားပါတယ်၊ အာ့ကြောင့်
လူသတ်သမားအကြောင်းသတင်းပေးချင်လို့ပါ"
ယူရှောင်းမို ရေတွေဖူးခနဲပန်းထွက်သွားရသည်။
"လူသတ်သမားဟုတ်လား။ မင်းဘယ်သူလဲ၊
ဒီအကြောင်း မင်းဘယ်လိုသိနေတာလဲ။
မင်းရည်ရွယ်ချက်ကဘာလဲ" ဒီကိစ္စက
သူဒုက္ခခံပြီးဖုံးကွယ်ထားတဲ့ ကိစ္စမဟုတ်တာကြောင့်
သူဘယ်လိုသိနေလဲဆိုတာ ကောင်းမာယွင်
သံသယမဖြစ်မိပေ၊ သို့ပေမယ့်
ဘယ်ကမှန်းမသိထွက်လာတဲ့ လူစိမ်းတစ်ယောက်
ကိုတော့ သူကြုံသလိုမယုံရဲပေ။
"ငါ့ရည်ရွယ်ချက်ကဘာလဲဆိုတာ
ခဏလေးအတွင်းသိရပါလိမ့်မယ်"
လင်းရှောင် ပြောရင်းဆိုရင်း ယူရှောင်းမိုကို
ရှေ့တွန်းလိုက်ကာ ပြုံးပြုံးလေးပြောလိုက်တယ်၊
"မင်းကို အရင်ကူပေးပါမယ်။ ဒီကလူက
မင်းယောက်ဖကိုသတ်သွားတဲ့ လူသတ်သမားပဲ"
ယူရှောင်းမို ခြောက်ကပ်ကပ်ရယ်လိုက်တယ်။
ဘယ်လိုဟာသလဲ။ဂ
ကောင်းမာယွင်ရဲ့ စစ်စစ်ဆေးဆေးအကြည့်က
ယူရှောင်းမိုရဲ့တောင့်တင်းနေတဲ့မျက်နှာကြီးပေါ်
ရောက်သွားကာ သူ့လက်ထဲကဓားအိမ်နဲ့
ထိုးပြလိုက်သည်၊ "ငါ့ယောက်ဖကို
သတ်တာမင်းပေါ့လေ"
အမူအရာမပြောင်းမလဲရှိနေတဲ့ လင်းရှောင်ကို
ယူရှောင်းမို တစ်ချက်ကြည့်လိုက်တယ်။
မိမစစ်ဖမစစ်ကောင်ကတော့ ၊
ဒီလိုဆိုမှတော့လည်း..... "မှန်တယ်၊
ခင်ဗျားရဲ့ယောက်ဖကို ကျွန်တော်သတ်ခဲ့တာ၊
ဒါပေမယ့် ကျွန်တော်က တစ်ခြားတစ်ယောက်
ခိုင်းတဲ့အတိုင်းပဲလုပ်ခဲ့တာပါ"
"ဘယ်သူခိုင်းတာလဲ" ကောင်းမာယွင်
ဓားကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်တယ်၊
သူ့မျက်နှာပေါ် တွင် ဒေါသရောင်တစ်ခု
ဖြတ်ပြေးသွား၏။
ယူရှောင်းမို ချောင်းဟန့်လိုက်ပြီး
လင်းရှောင်ကိုလက်ညိုးထိုးလိုက်တယ်၊
"ကျွန်တော့်ကို သူခိုင်းတာ"
ကောင်းမာယွင်ရဲ့မျက်နှာ
မှောင်မှိုင်းသွားတော့သည်၊ "မင်းတို့နှစ်ယောက်
ငါနဲ့ကစားနေတာလား"
လင်းရှောင် သူ့ခွက်ထဲကရေနွေးလက်ကျန်ကို
သောက်လိုက်ပြီး ဘေးကိုခုန်ရှောင်သွားတဲ့
ယူရှောင်းမိုကိုပြုံးပြလိုက်တယ်။
နှုတ်ခမ်းကွေးလိုက်ရင်း၊
"သုံးရက်လောက်ခရီးသွားနေခဲ့တဲ့ ပညာတော်သင်
ကျောင်းသားကို အမြင်အသစ်နဲ့ကြည့်ရမယ်။
မင်း ပိုတော်လာတယ်"
(T/n; ဆိုလိုတာက ခဏလောက်မတွေ့လိုက်ရရင်
တောင် လူတွေကပြောင်းလဲသွားတတ်ကြတာမို့
အမြင်အသစ်နဲ့ဆုံးဖြတ်ရမယ်လို့ပြောတာပါ)
ယူရှောင်းမို သူ့ကိုယ်သူကျေနပ်သွားပြီး
မေးပင့်လိုက်သည်၊ "ခင်ဗျားရဲ့ ကံကောင်းလှတဲ့
လွှမ်းမိုးမှုကိုပဲ ကျေးဇူးတင်ရမှာပါ"
သူတို့နှစ်ယောက်က ဘေးမှာဘယ်သူမှရှိမနေတဲ့
အတိုင်း စကားပြောနေကြတာကို
ကောင်းမာယွင်မြင်နေရတယ်။
သူ့ကိုမျောက်တစ်ကောင်လို ကစားရဲတဲ့အတွက်
သူတို့က သူ့ယောက်ဖကိုသတ်တဲ့သူတွေ
မဟုတ်ရင်တောင် လွှတ်မပေးနိုင်တော့ဘူး။
သူ့ဓားကို ဒေါသတကြီးဆွဲထုတ်လိုက်ပြီး
အနီးဆုံးလူဖြစ်တဲ့လင်းရှောင်ဆီ ဝှေ့ယမ်းချ
လိုက်တော့သည်။
လင်းရှောင် သူ့လက်နှစ်ဖက်လုံးကို
ဆုပ်လိုက်ပြီး အသာအယာလက်သီးချက်
တစ်ချက်နဲ့အတူ အရိုးများမှအက်ကွဲသံတစ်ခု
ထွက်လာသည်။ လက်နှစ်ဖက်စလုံး
ကျိုးသွားကာ ပြောင်းပြန်ကြီးလိမ်သွားပြီး
ဓားထိပ်ဖျားက ကောင်းမာယွင်ရဲ့ကိုယ်ထဲကို
ဖောက်ခနဲဝင်သွားလေသည်။
လတ်လတ်ဆတ်ဆတ်သွေးများ စားပွဲပေါ်
ပန်းထွက်လာပြီး နောက်ထပ်ငါးစက္ကန့်ကြာ၌
ကောင်းမာယွင်မှာ နောက်ဆုံးထွက်သက်ကို
ရှူရှိုက်သွားရတော့သည်။ အဖြစ်အပျက်က
မြန်ဆန်လွန်းတာကြောင့် သူ့မျက်နှာမှာ
ရုန်းကန်ခဲ့ရသည့်အရိပ်အယောင်မျိုးရှိမနေပေ။
ယူရှောင်းမို တံတွေးမြိုချလိုက်တယ်။
ကရုဏာစိတ်လုံးဝမရှိဘူးပဲ။
လင်းရှောင် ကောင်းမာယွင်ရဲ့ကိုယ်ထဲကနေ
ဓားဆွဲထုတ်လိုက်ကာ သွေးများပန်းထွက်လာပြီး
သူ့ကိုကမ်းပေးလိုက်၏၊ "ကိုင်ထား"
ယူရှောင်းမို ဓားယူလိုက်တယ်၊ "ဘာလုပ်ဖို့လဲ"
"ခေါင်းဖြတ်ဖို့"
ယူရှောင်းမို လက်တုန်သွားပြီး
နားမလည်စွာ မေးလိုက်တယ်၊ "သူသေသွားပြီ
မဟုတ်ဘူးလား။ ဘာလို့ခေါင်းဖြတ်ရဦးမှာလဲ"
"ဝမ်ကုံးကို ကူပြီးလက်စားချေပေးမယ်လို့
သဘောတူခဲ့တယ်မဟုတ်ဘူးလား။
သူ့ကို ခေါင်းယူသွားမပေးဘဲမင်းဘယ်လို
လုပ်မှာလဲ။ တစ်ကိုယ်လုံးသယ်သွားချင်တာတော့
မဟုတ်ပါဘူးနော်" လင်းရှောင်က
သဘောမကျစွာပြန်မေးလိုက်သည်။
"ဒါပေမယ့် ရွံစရာကြီး။ မနေ့ကမှ ကျွန်တော်
ထမင်းစားထားတာ"
"ပြဿနာမရှိဘူး၊ အစာကြေနေပြီ"
"....ကျွန်တော်တို့ နေရာပြောင်းလို့ရမလား"
"ရတယ်လေ၊ အပေါ် ပိုင်းလား အောက်ပိုင်းလား၊
တစ်ခုရွေး"
"......ဒါဖြင့်လည်း ခေါင်းပဲထားလိုက်တော့"
ခေါင်းဖြတ်ရတာက အာဏာပါးကွက်သားရဲ့
အလုပ်ဖြစ်သည်၊ တစ်နေ့ကျသူတို့အလုပ်ကို
ခိုးရမယ်လို့ ဘယ်သူထင်မိမှာလဲလေ။
ဆိုးဆိုးဝါးဝါးသေသွားတဲ့အလောင်းတွေ
အများကြီးသူမြင်ဖူးပေမယ့်လည်း
သူကိုယ်တိုင် ခေါင်းဖြတ်တာကတော့
ပထမဆုံးအကြိမ်ဖြစ်နေသေးသည်။
သွေးတွေပန်းထွက်လာမယ့်မြင်ကွင်းကို
သူပုံဖော်ကြည့်မိပြီး အန်ချင်လာတယ်.......
လင်းရှောင် ဓားကိုင်ထားတဲ့
သူ့လက်ကိုဆုပ်ကိုင်ပေးလိုက်ကာ
အလောင်းဆီလက်ဟန်ပြလိုက်ပြီး
နားနားကပ်ပြောလိုက်တယ်၊
"ဝက်တစ်ကောင်သတ်နေတယ်လို့
သဘောထားလိုက်၊ မကြောက်နဲ့!"
"မပြောစမ်းပါနဲ့ ၊ ကျွန်တော်ဝက်သားမစား
ချင်တော့ဘဲ နေလိမ့်မယ်" ယူရှောင်းမို
သွေးအန်သွားရတယ်။ ဘာနှစ်သိမ့်တာလဲ၊
သူရွံအောင်လာလုပ်နေတာ ထင်ရှားနေတာပဲ။
လက်တွေ့တွင် တစ်စုံတစ်ဦးကိုသတ်ရတာ
အာ...မဟုတ်ဘူး.... အလောင်းခေါင်းကို
ဖြတ်ရတာက သူပုံဖော်ထားမိတာထက်
ရိုးရှင်းသည်။ လက်မြှောက်သွားပြီး
ဓားက တည့်တည့်ကျသွား။ ခေါင်းက
စားပွဲပေါ် ကတောင် လှိမ့်ကျမသွားဘဲ
ကောင်းမာယွင်ရဲ့လည်ပင်းမှာ
ဆက်နေဆဲဖြစ်သည်၊ နှစ်ပိုင်းကြားထဲတွင်
ဓားတစ်ချောင်းညပ်နေသေးသော်လည်း
ပညာသားပါတဲ့ခံစားချက်တစ်ခု ရနေသေး၏။
စားပွဲထဲညှပ်သွားတဲ့ဓားကို ယူရှောင်းမို
ပြေအောင်လုပ်လိုက်ကာ မကောင်းတဲ့ရယ်သံကြီး
နဲ့ရယ်လိုက်သည်၊ "ပြီးပြီကွ"
လင်းရှောင် ပြုံးရင်းလက်ခုပ်တီးလိုက်ကာ
ချီးမွမ်းလိုက်သည်၊ "မင်းပညာက မဆိုးပါဘူး၊
သဘာဝလက်ဆောင်ပါတယ်ဆိုတာ
ပြောလို့ရတယ်။ အခုကစပြီး ဒီလိုအလုပ်မျိုး
ရှိခဲ့ရင် မင်းလုပ်ဖို့ပဲဖြစ်လိမ့်မယ်"
".........."
သူတို့တွေ ပြည့်တန်ဆာအိမ်ကထွက်သွားတဲ့
အချိန်ကျမှ ကောင်းမာယွင်နဲ့သူ့အစေခံတွေရဲ့
အလောင်းကို တွေ့ကြသည်၊ အစေခံများကတော့
အတော်လေး သန့်သန့်ရှင်းရှင်းသေနေကြသည်။
အဆိုးရွားဆုံးကတော့ ကောင်းမာယွင်ရဲ့
ခေါင်းမဲ့နေတဲ့အလောင်းပင်ဖြစ်လေသည်။
ဘယ်သူမှမသိကြတာကတော့ ယူရှောင်းမို
တစ်ယောက် သွေးစွေးနီကလန်ရဲ့ပိုင်နက်ထဲ
မတော်တဆရောက်သွားတဲ့အချိန်ကစလို့
အနောက်ပိုင်းမှာ ငြိမ်းချမ်းတဲ့နေ့ရယ်လို့
တစ်ရက်မှမရှိခဲ့တာပင်။ အမှန်တွင်တော့
ဤအရာအားလုံးမှာ ထိုအမှားလေးတစ်ခုမှ
စတင်ခဲ့ခြင်းသာဖြစ်သည်။
________________
(t/n; အားလုံးကို တောင်းဆိုစရာရှိပါတယ်။
ကိုယ့်ကိုရည်ရွယ်ပြီး မန့်တာမျိုးတွေမှာ
ဖြစ်နိုင်ရင်unicodeလေးနဲ့ရေးပေးပါ၊
မင်းတို့keyboard မှာတော့ပါလားတော့
မသိပေမယ့်
ကိုယ့်keyboard မှာတော့ zawgyiနဲ့
Unicode Change တဲ့ဟာပါပါတယ်၊
မင်းတို့comment ရေးတာဖြစ်ဖြစ်
Boardမှာလာမေးတာဖြစ်ဖြစ် zawgyi ဆိုရင်
ကိုယ့်မှာပြောင်းပြန်ကြီးပေါ် ပါတယ်၊
အဲ့တော့ ဖတ်ကြည့်ရအောင် reply ပြန်ရအောင်
Setting မှာ zawgyi သွားပြန်ပြောင်းရပါတယ်၊
ပြောင်းရတာအပန်းမကြီးပေမယ့်
ကိုယ့်ဖုန်းကကြောင်သွားတတ်လို့ပါ🤧၊
စာရှည်သွားဖို့မရည်ရွယ်ပါဘူး၊ မန့်လို့လည်း
ရပါတယ် မရပ်ကြပါနဲ့၊ commentတိုင်း
ကိုယ်ဖတ်ပါတယ်) (ကိုယ်က2002 bornပါ
အမတွေရှိရင်လည်း အမပေါ့ မင်းလို့သုံးတာ
ရိုင်းတယ်မထင်ပါနဲ့နော်😚)
____________
Zawgyi
အပိုင္း၄၉၇- အႏုပညာကိုခံစားတတ္တဲ့
ပါးကြက္သား
ယူေရွာင္းမို ဝမ္းလ်ားေမွာက္အိပ္ေနရင္း
လင္းေရွာင္ကို ခိုးေၾကာင္ခိုးဝွက္လွမ္းၾကၫ့္
လိုက္တယ္။ သူ႔စိတ္ထဲကလိကလိျဖစ္ေနတဲ့
ေမးခြန္းတစ္ခုရိွေနသည္၊
နည္းနည္းပဲ ယားတယ္ဆိုေပမယ့္
လိွမ့္ေလေလ ပိုယားလာေလေလျဖစ္ေနသည္။
"ကိုယ့္ခ်စ္ဇနီးေလး"
ယူေရွာင္းမို လင္းေရွာင္ေခၚ ေနတာၾကားလိုက္ေတာ့
ေခါင္းေမာ့ၿပီးလွမ္းၾကၫ့္ေပးလိုက္တဲ့အခါ
သူ႔ေရႏြေးခြက္ကို ခ်လိုက္ၿပီး ရႊတ္ေနာက္ေနာက္
အမူအရာနဲ႔လာၾကၫ့္ေနတာ ေတြ့လိုက္ရတယ္။
လင္းေရွာင္ ပါးစပ္ေထာင့္ေလးေတြ
ေကြးတက္သြားသည္၊ "မင္းေလး ၾကၫ့္ရတာ
စိတ္ဓာတ္က်ေနသလိုပဲ ၊ ေနာက္ထပ္
နည္းနည္းေလာက္ထပ္လုပ္ခ်င္လို႔မ်ားလား"
သူ႔အႃပံုးႀကီးက အင္မတန္မွစဉ္းလဲလွေသာ္လည္း
ဘယ္လိုပံုပဲျဖစ္ေနပါေစ သူ႔ကိုတြန္းလွဲပစ္
ခ်င္စိတ္မ်ား တဖြားဖြားေပၚ လာေစႏိုင္ေသး၏။
ယူေရွာင္းမို တိတ္ဆိတ္စြာနဲ႔ေခါင္းလွၫ့္လိုက္တယ္။
သူ႔ေအာက္ပိုင္းတစ္ခုလံုး ထံုေနတာပဲ၊
သူ႔ေသလမ္းရွာခ်င္ေနတာမဟုတ္ဘူး။
အစတုန္းက ျပန္ေပ်ာက္ဖို႔ စိတ္စြမ္းအင္ေရ
နည္းနည္း ေသာက္လိုက္ရံုပဲ ၊ ဒါေပမယ့္
ဒီစကားကိုၾကားလိုက္ရၿပီးတဲ့ေနာက္ေတာ့
ဒီစိတ္ကူးကို သူစြန႔္လႊတ္လိုက္သည္။
ေသတြင္းတူးမယ့္အျပဳအမူေလးေတြ
ေလ်ွာ့ထားရင္ ပိုေကာင္းမယ္။
"ခင္ဗ်ား..... ကၽြန္ေတာ္ ရွင္းေလာ့ၿမိဳ႔မွာ
ဆိုတာရယ္၊ ၿမိဳ႔အရွင္အိမ္ေတာ္ကို
သြားတယ္ဆိုတာရယ္ ဘယ္လိုသိလဲ"
ခဏေလာက္ ေတြေဝေနၿပီးေနာက္
ယူေရွာင္းမို စပ္စုခ်င္စိတ္ကိုထိန္းမထားႏိုင္ဘဲ
ေမးလိုက္ေတာ့သည္။
လင္းေရွာင္ ေရႏြေးငွဲ႔ေနတာရပ္သြားသည္။
ေခါင္းေစာင္းလိုက္ကာ အႃပံုးသဲ့သဲ့နဲ႔
ၾကၫ့္လိုက္သည္၊
"တစ္စံုတစ္ေယာက္က ကိုယ့္ကိုေရွာင္ဖို႔
ၿမိဳ႔အရွင္အိမ္ေတာ္ဆီသြားၿပီး ေသလမ္းသြားရွာ
တာ ကိုယ္ဘယ္လိုသိမလဲ"
ယူေရွာင္းမို ေျပာစရာစကားေပ်ာက္ရွသြားရတယ္။
သူဘာမွမေျပာခဲ့သလိုပဲ ေနလိုက္လို႔ရမလား။
လင္းေရွာင္က တည္တည္ၿငိမ္ၿငိမ္နဲ႔
အျပစ္ဆက္ေျပာေလသည္၊
"ဇနီးေလး ၊ ကိုယ္မရိွတဲ့ရက္ေတြမွာ
ေတာ္ေတာ္ႀကီးျပင္းလာပံုရတယ္။
လူေတြကယ္ၿပီး လက္စားေခ်ေပးတယ္၊
ေနာက္ဆံုးက် မင္းကိုယ္မင္းေတာင္
ေခြးတြင္းထဲ ျပဳတ္က်ေအာင္လုပ္လိုက္ေသးတယ္၊
မင္းမလုပ္မယ့္အရာမ်ား ရိွေသးလား"
ယူေရွာင္းမို မ်က္ႏွာကိုေခါင္းအံုးထဲၿမွဳပ္ထား
လိုက္ၿပီး ခဏေလာက္ေနမွ ရုတ္တရက္
ေခါင္းျပန္ေမာ့လိုက္တယ္၊
"ခင္ဗ်ားဘယ္လိုသိတာလဲ"
လင္းေရွာင္ သေရာ္လိုက္တယ္၊
"ကိုယ့္ရဲ့ႏွစ္သက္စရာေကာင္းလွတဲ့ အေျမာ္အျမင္
ေၾကာင့္ေလ"
ယူေရွာင္းမို ဖားလိုက္တယ္၊ "ခင္ဗ်ားက
အရမ္းမိုက္တယ္!"
အမွန္တြင္ ၊ သူဘယ္လိုသိလဲ ခန႔္မွန္းမိသြားၿပီ
ျဖစ္သည္။ လက္စားေခ်တဲ့
အေၾကာင္းကို သူနဲ႔ဝမ္ကံုးႏွစ္ေယာက္ပဲ
သိၾကတာျဖစ္ရာ လင္းေရွာင္လည္း
သိေနတဲ့အတြက္ ျဖစ္ႏိုင္ေခ်တစ္ခုတည္းသာ
ရိွသည္။ သူ ဝမ္ကံုးနဲ႔ဆံုမိၿပီး ဝမ္ကံုးကိုယ္တိုင္
ဆီကေန သိလိုက္ရၿပီး ရွင္းေလာ့ၿမိဳ႔ဆီ
လာရွာတာျဖစ္ရမည္။
"ေလးနာရီေလာက္ အရင္နားလိုက္၊
ၿပီးရင္ ရွင္းေလာ့ကေနထြက္သြားမယ္"
လင္းေရွာင္ ေလးေလးနက္နက္ေျပာလိုက္သည္။
ယူေရွာင္းမို ဂရုတစိုက္နဲ႔ အရိပ္အကဲၾကၫ့္လိုက္ၿပီး
ေျပာလိုက္တယ္၊
"ဒီေန့ထြက္သြားရမျွဖစ္မွာလား။
ဝမ္ကံုးကို လက္စားကူေခ်ေပးမယ္လို႔
ကတိေပးထားခဲ့တာ"
လင္းေရွာင္က တစ္ခုခုေျပာလိုက္ပံုေပၚ ေသာ္လည္း
ယူေရွာင္းမို မၾကားလိုက္ေခ်။
"ဒါဆိုလည္း သူ႔ကိုအရင္သတ္ၿပီးမွ
သြားၾကမယ္"
ဒုတိယေန့ ၊ ရွင္းေလာ့ၿမိဳ႔ကို ပတ္ရမ္းထားၿပီး
ၿမိဳ႔အရွင္အိမ္ေတာ္ကိုေဖာက္ထြင္းကာ
သူ႔ဥစၥာပစၥည္းမ်ား အေျပာင္သိမ္းၿပီးေနာက္
ထြက္မသြားေသးတဲ့လူႏွစ္ေယာက္မွာ
ယူေရွာင္းမိုနဲ႔ လင္းေရွာင္သာရိွမည္ထင္သည္။
သို႔ေသာ္ျငား ထိုအခိုက္တြင္ အိမ္ေတာ္ဘ႑ာတိုက္
ေျပာင္သလင္းခါသြားတဲ့သတင္းက
မပ်ံ႔ေသးေပ၊ ရွင္းေလာ့ၿမိဳ႔အရွင္က
သူတို႔ထြက္သြားၿပီလို႔ ယံုၾကည္ေနပံုရကာ
ကင္းလွၫ့္သမားမ်ား
အနည္းငယ္သာတိုးၿမွင့္ထားေလသည္။
ခ်င္ဖုန္းဂိုဏ္းခ်ဳပ္ေနရာမွာ ရွင္းေလာ့ၿမိဳ႔အတြင္း
တြင္ မဟုတ္ပါ။
ၿမိဳ႔အရွင္က ရွင္းေလာ့ၿမိဳ႔အတြင္း
တရားစီရင္ပိုင္ခြင့္ရိွသည္မို႔ ဌာနခ်ဳပ္ကို
ၿမိဳ႔ထဲမွာထားတာက လက္မ်ားေျခမ်ားတုပ္ေနွာင္
ထားသလိုျဖစ္ေနမည္ျဖစ္၏။ သို႔ျဖစ္၍
ၿမိဳ႔အတြင္း၌လႈပ္ရွားခဲ့ၾကသၫ့္
အင္အားအမ်ားစုမွာ သူတို႔ေျခကုပ္ကို
ရွင္းေလာ့အျပင္သို႔ေျပာင္းေရႊ့သြားၾကေလသည္။
သို႔ေပမယ့္ ေကာင္းမာယြင္က
ခ်င္ဖုန္းဂိုဏ္းတြင္ ပမႊားေလးသာျဖစ္ရာ
ဌာနခ်ဳပ္ကိုဝင္ရန္ အရည္အေသြးမမွီေပ၊
ထို႔ေၾကာင့္ သူက ရွင္းေလာ့ၿမိဳ႔ထဲရိွ
တံုဖန္းအေဆာင္ဟုအမည္ရသၫ့္ေနရာတြင္
ေနေလသည္။
ယူေရွာင္းမိုနည္းနည္းေလာက္ ပတ္ေမးၾကၫ့္
လိုက္တာနဲ႔ တံုဖန္းအေဆာင္က ရွင္းေလာ့ၿမိဳ႔ရဲ့
အေက်ာ္ၾကားဆံုး 'ပန္းမာလာအရပ္' ျဖစ္ေၾကာင္း
သိလိုက္ရ၏။
ဒီ 'ပန္းမာလာအရပ္' ဆိုတာက
မဂၤလာအခါေတာ္အတြက္ ပန္းေတြ ၊ သစ္သီးေတြ
ေရာင္းတာကို ဆိုလိုတာမဟုတ္ေပ။
ထိုအစား ၄မွာ ၾကည္ၾကည္ႏူးႏူးဇာတ္လမ္း
မ်ိဳးစံုအတြက္ျဖစ္ကာ
တစ္လမ္းလံုးတြင္ ေယာက္်ား ၊
မိန္းမျပၫ့္တန္ဆာအိမ္မ်ား တန္းစီေနသည္။
( t/n; ပန္းမာလာအရပ္ဆိုတာ
မီးနီအရပ္ကိုေျပာတဲ့စကားပါ)
ကံေကာင္းစြာနဲ႔ ၊ ထံုထ်န္းတိုက္မႀကီးမွာ
ဒီလိုေနရာမ်ိဳးမရိွေလာက္ဘူးလို႔
ယူေရွာင္းမို ထင္ထားတာေၾကာင့္
အရင္ကအေတြ့အႄကံုမရိွခဲ့ဖူးေပ။
မီးနီအရပ္မျွပၫ့္တန္ဆာအိမ္ေတြက
ယူေရွာင္းမို တီဗီြထဲမွာျမင္ဖူးသလိုမ်ိဳး
မဟုတ္ေပ။ ျပၫ့္တန္ဆာအိမ္မ်ားကို
ရာသီဥတုမေရြးဖြင့္လွစ္ၿပီး လွပစြာတန္ဆာ
ဆင္ထားသည္၊ သို႔ေသာ္ ေဖာက္သည္ရွာရန္
အျပင္မွာရပ္ေနသၫ့္ ေကာင္ေလးေခ်ာေခ်ာ
ေလးမ်ား ၊ မိန္းကေလးအလွေလးမ်ား
မရိွပါေခ်။
ယူေရွာင္းမို အထဲကိုၾကၫ့္ဖို႔ လည္ပင္းဆန႔္လိုက္
တယ္။ ေန့ခင္းေၾကာင္ေတာင္ႀကီးေပမယ့္
လွပငယ္ရြယ္တဲ့ကိုယ္လုပ္ေတာ္ေတြရိွတဲ့
ျပၫ့္တန္ဆာအိမ္ထဲမယ္ ဧၫ့္သၫ့္အခ်ိဳ႕
ရိွေနသည္ပင္၊ ညစ္ညမ္းၿပီးမၾကားဝံ့တဲ့
စကားမ်ိဳးစံုလည္း တစ္ခ်က္မွမလြတ္ပဲ
အတြင္းဘက္မွပ်ံ႔လြင့္ေနသည္။
လင္းေရွာင္ သူ႔ဝတ္ရံုေကာ္လံကေန
ကိုင္လိုက္ၿပီး ေလ်ွာက္ဝင္သြားလိုက္သည္၊
"ၾကၫ့္ခ်င္လို႔လား။ ဒါဆိုလည္း ေပၚ ေပၚ ထင္ထင္
ဝင္ၾကၫ့္ေခ်"
သူ႔အေတြးျပတ္သြားခ်င္းခ်င္း အထဲကလူတိုင္းက
လွမ္းၾကၫ့္လိုက္ၾကသည္။
ယူေရွာင္းမို ရွက္သြားတယ္။ အစတုန္းကေတာ့
ခမ္းနားထည္ဝါလြန္းေနတဲ့ ဒီလိုေနရာမ်ိဳးကို
သူတစ္ခ်က္ေလာက္ဝင္ၾကၫ့္ခဲ့ခ်င္ေပမယ့္
အခုက်ေတာ့ သိပ္မသင့္ေတာ္သလို
ခံစားလိုက္ရေတာ့သည္။
သူတို႔ကိုဧၫ့္ခံသူမွာ ပြင့္လင္းလွတဲ့ေဈးႀကီးဝတ္စံု
ဝတ္ထားသၫ့္ မိတ္ကပ္ထူထူနဲ႔မိန္းမႀကီး
တစ္ေယာက္ျဖစ္သည္။ မိန္းမႀကီးက
ခါးသြယ္သြယ္ကိုလိမ္ေကာက္ထားၿပီး သူတို႔ကို
ေစ့ေစ့စပ္စပ္နဲ႔ၾကၫ့္ေနသည္။
အခန္းတစ္ခန္းမွာ ေစာင့္ေနလိုက္ၿပီး
ယူေရွာင္းမို မိန္းမႀကီးကို ေကာင္းမာယြင္ဆီ
သတင္းသြားပို႔ခိုင္းလိုက္တယ္။
တစ္မိနစ္ေလာက္ၾကာၿပီးတဲ့ေနာက္
ေကာင္းမာယြင္ လူေတြအမ်ားႀကီးနဲ႔
ေရာက္လာသည္။ သူ႔ကိုယ္လုပ္ေတာ္အား
ေယာက္ဖအတြက္လက္စားေခ်ေပးပါမည္ဟု
ကတိကဝတ္ေပးထားသည္မို႔ ဟူရြာမွ
အျဖစ္အပ်က္အေၾကာင္း ယခုအခ်ိန္ထိ
သူစံုစမ္းေနဆဲျဖစ္သည္။ သို႔ေသာ္လည္း
ဒီတစ္ေလ်ွာက္လံုးမွာ သဲလြန္စတစ္ခုမွ
မရခဲ့ဘဲ သူ႔ကိုအရွက္ရေစခဲ့ရာ
ဟူရြာရဲ့နာမည္ကိုၾကားလိုက္တဲ့အခါ
ခ်က္ခ်င္းေရာက္လာခဲ့သည္။
"မင္းတို႔ႏွစ္ေယာက္ကဘယ္သူလဲ"
အခန္းထဲဝင္လိုက္တဲ့အခါ မရင္းႏွီးတဲ့မ်က္ႏွာႏွစ္ခု
ျမင္လိုက္ရေတာ့ ေကာင္းမာယြင္သတိတထား
ျဖစ္သြားသည္။
လင္းေရွာင္ သူ႔ခြက္ကိုယူလိုက္ၿပီး
ေရႏြေးၾကမ္းတစ္လုပ္ေသာက္လိုက္ကာ
မ်က္ဝန္းမ်ားတြင္ အႃပံုးတစ္ခုလက္သြားသည္၊
"လူႀကီးမင္းက ေယာက္ဖအသတ္ခံရတဲ့ကိစၥကို
စံုစမ္းေနတယ္လို႔ ၾကားပါတယ္၊ အာ့ေၾကာင့္
လူသတ္သမားအေၾကာင္းသတင္းေပးခ်င္လို႔ပါ"
ယူေရွာင္းမို ေရေတြဖူးခနဲပန္းထြက္သြားရသည္။
"လူသတ္သမားဟုတ္လား။ မင္းဘယ္သူလဲ၊
ဒီအေၾကာင္း မင္းဘယ္လိုသိေနတာလဲ။
မင္းရည္ရြယ္ခ်က္ကဘာလဲ" ဒီကိစၥက
သူဒုကၡခံၿပီးဖံုးကြယ္ထားတဲ့ ကိစၥမဟုတ္တာေၾကာင့္
သူဘယ္လိုသိေနလဲဆိုတာ ေကာင္းမာယြင္
သံသယမျဖစ္မိေပ၊ သို႔ေပမယ့္
ဘယ္ကမွန္းမသိထြက္လာတဲ့ လူစိမ္းတစ္ေယာက္
ကိုေတာ့ သူႄကံုသလိုမယံုရဲေပ။
"ငါ့ရည္ရြယ္ခ်က္ကဘာလဲဆိုတာ
ခဏေလးအတြင္းသိရပါလိမ့္မယ္"
လင္းေရွာင္ ေျပာရင္းဆိုရင္း ယူေရွာင္းမိုကို
ေရ႔ွတြန္းလိုက္ကာ ႃပံုးႃပံုးေလးေျပာလိုက္တယ္၊
"မင္းကို အရင္ကူေပးပါမယ္။ ဒီကလူက
မင္းေယာက္ဖကိုသတ္သြားတဲ့ လူသတ္သမားပဲ"
ယူေရွာင္းမို ေျခာက္ကပ္ကပ္ရယ္လိုက္တယ္။
ဘယ္လိုဟာသလဲ။ဂ
ေကာင္းမာယြင္ရဲ့ စစ္စစ္ေဆးေဆးအၾကၫ့္က
ယူေရွာင္းမိုရဲ့ေတာင့္တင္းေနတဲ့မ်က္ႏွာႀကီးေပၚ
ေရာက္သြားကာ သူ႔လက္ထဲကဓားအိမ္နဲ႔
ထိုးျပလိုက္သည္၊ "ငါ့ေယာက္ဖကို
သတ္တာမင္းေပါ့ေလ"
အမူအရာမေျပာင္းမလဲရိွေနတဲ့ လင္းေရွာင္ကို
ယူေရွာင္းမို တစ္ခ်က္ၾကၫ့္လိုက္တယ္။
မိမစစ္ဖမစစ္ေကာင္ကေတာ့ ၊
ဒီလိုဆိုမွေတာ့လည္း..... "မွန္တယ္၊
ခင္ဗ်ားရဲ့ေယာက္ဖကို ကၽြန္ေတာ္သတ္ခဲ့တာ၊
ဒါေပမယ့္ ကၽြန္ေတာ္က တစ္ျခားတစ္ေယာက္
ခိုင္းတဲ့အတိုင္းပဲလုပ္ခဲ့တာပါ"
"ဘယ္သူခိုင္းတာလဲ" ေကာင္းမာယြင္
ဓားကိုက်စ္က်စ္ပါေအာင္ဆုပ္လိုက္တယ္၊
သူ႔မ်က္ႏွာေပၚ တြင္ ေဒါသေရာင္တစ္ခု
ျဖတ္ေျပးသြား၏။
ယူေရွာင္းမို ေခ်ာင္းဟန႔္လိုက္ၿပီး
လင္းေရွာင္ကိုလက္ညိုးထိုးလိုက္တယ္၊
"ကၽြန္ေတာ့္ကို သူခိုင္းတာ"
ေကာင္းမာယြင္ရဲ့မ်က္ႏွာ
ေမွာင္မိႈင္းသြားေတာ့သည္၊ "မင္းတို႔ႏွစ္ေယာက္
ငါနဲ႔ကစားေနတာလား"
လင္းေရွာင္ သူ႔ခြက္ထဲကေရႏြေးလက္က်န္ကို
ေသာက္လိုက္ၿပီး ေဘးကိုခုန္ေရွာင္သြားတဲ့
ယူေရွာင္းမိုကိုႃပံုးျပလိုက္တယ္။
ႏႈတ္ခမ္းေကြးလိုက္ရင္း၊
"သံုးရက္ေလာက္ခရီးသြားေနခဲ့တဲ့ ပညာေတာ္သင္
ေက်ာင္းသားကို အျမင္အသစ္နဲ႔ၾကၫ့္ရမယ္။
မင္း ပိုေတာ္လာတယ္"
(T/n; ဆိုလိုတာက ခဏေလာက္မေတြ့လိုက္ရရင္
ေတာင္ လူေတြကေျပာင္းလဲသြားတတ္ၾကတာမို႔
အျမင္အသစ္နဲ႔ဆံုးျဖတ္ရမယ္လို႔ေျပာတာပါ)
ယူေရွာင္းမို သူ႔ကိုယ္သူေက်နပ္သြားၿပီး
ေမးပင့္လိုက္သည္၊ "ခင္ဗ်ားရဲ့ ကံေကာင္းလွတဲ့
လႊမ္းမိုးမႈကိုပဲ ေက်းဇူးတင္ရမွာပါ"
သူတို႔ႏွစ္ေယာက္က ေဘးမွာဘယ္သူမွရိွမေနတဲ့
အတိုင္း စကားေျပာေနၾကတာကို
ေကာင္းမာယြင္ျမင္ေနရတယ္။
သူ႔ကိုေမ်ာက္တစ္ေကာင္လို ကစားရဲတဲ့အတြက္
သူတို႔က သူ႔ေယာက္ဖကိုသတ္တဲ့သူေတြ
မဟုတ္ရင္ေတာင္ လႊတ္မေပးႏိုင္ေတာ့ဘူး။
သူ႔ဓားကို ေဒါသတႀကီးဆဲြထုတ္လိုက္ၿပီး
အနီးဆံုးလူျဖစ္တဲ့လင္းေရွာင္ဆီ ေဝ႔ွယမ္းခ်
လိုက္ေတာ့သည္။
လင္းေရွာင္ သူ႔လက္ႏွစ္ဖက္လံုးကို
ဆုပ္လိုက္ၿပီး အသာအယာလက္သီးခ်က္
တစ္ခ်က္နဲ႔အတူ အရိုးမ်ားမွအက္ကဲြသံတစ္ခု
ထြက္လာသည္။ လက္ႏွစ္ဖက္စလံုး
က်ိဳးသြားကာ ေျပာင္းျပန္ႀကီးလိမ္သြားၿပီး
ဓားထိပ္ဖ်ားက ေကာင္းမာယြင္ရဲ့ကိုယ္ထဲကို
ေဖာက္ခနဲဝင္သြားေလသည္။
လတ္လတ္ဆတ္ဆတ္ေသြးမ်ား စားပဲြေပၚ
ပန္းထြက္လာၿပီး ေနာက္ထပ္ငါးစကၠန႔္ၾကာ၌
ေကာင္းမာယြင္မွာ ေနာက္ဆံုးထြက္သက္ကို
ရႉရိႈက္သြားရေတာ့သည္။ အျဖစ္အပ်က္က
ျမန္ဆန္လြန္းတာေၾကာင့္ သူ႔မ်က္ႏွာမွာ
ရုန္းကန္ခဲ့ရသၫ့္အရိပ္အေယာင္မ်ိဳးရိွမေနေပ။
ယူေရွာင္းမို တံေတြးၿမိဳခ်လိုက္တယ္။
ကရုဏာစိတ္လံုးဝမရိွဘူးပဲ။
လင္းေရွာင္ ေကာင္းမာယြင္ရဲ့ကိုယ္ထဲကေန
ဓားဆဲြထုတ္လိုက္ကာ ေသြးမ်ားပန္းထြက္လာၿပီး
သူ႔ကိုကမ္းေပးလိုက္၏၊ "ကိုင္ထား"
ယူေရွာင္းမို ဓားယူလိုက္တယ္၊ "ဘာလုပ္ဖို႔လဲ"
"ေခါင္းျဖတ္ဖို႔"
ယူေရွာင္းမို လက္တုန္သြားၿပီး
နားမလည္စြာ ေမးလိုက္တယ္၊ "သူေသသြားၿပီ
မဟုတ္ဘူးလား။ ဘာလို႔ေခါင္းျဖတ္ရဦးမွာလဲ"
"ဝမ္ကံုးကို ကူၿပီးလက္စားေခ်ေပးမယ္လို႔
သေဘာတူခဲ့တယ္မဟုတ္ဘူးလား။
သူ႔ကို ေခါင္းယူသြားမေပးဘဲမင္းဘယ္လို
လုပ္မွာလဲ။ တစ္ကိုယ္လံုးသယ္သြားခ်င္တာေတာ့
မဟုတ္ပါဘူးေနာ္" လင္းေရွာင္က
သေဘာမက်စြာျပန္ေမးလိုက္သည္။
"ဒါေပမယ့္ ရြံစရာႀကီး။ မေန့ကမွ ကၽြန္ေတာ္
ထမင္းစားထားတာ"
"ျပႆနာမရိွဘူး၊ အစာေၾကေနၿပီ"
"....ကၽြန္ေတာ္တို႔ ေနရာေျပာင္းလို႔ရမလား"
"ရတယ္ေလ၊ အေပၚ ပိုင္းလား ေအာက္ပိုင္းလား၊
တစ္ခုေရြး"
"......ဒါျဖင့္လည္း ေခါင္းပဲထားလိုက္ေတာ့"
ေခါင္းျဖတ္ရတာက အာဏာပါးကြက္သားရဲ့
အလုပ္ျဖစ္သည္၊ တစ္ေန့က်သူတို႔အလုပ္ကို
ခိုးရမယ္လို႔ ဘယ္သူထင္မိမွာလဲေလ။
ဆိုးဆိုးဝါးဝါးေသသြားတဲ့အေလာင္းေတြ
အမ်ားႀကီးသူျမင္ဖူးေပမယ့္လည္း
သူကိုယ္တိုင္ ေခါင္းျဖတ္တာကေတာ့
ပထမဆံုးအႀကိမ္ျဖစ္ေနေသးသည္။
ေသြးေတြပန္းထြက္လာမယ့္ျမင္ကြင္းကို
သူပံုေဖာ္ၾကၫ့္မိၿပီး အန္ခ်င္လာတယ္.......
လင္းေရွာင္ ဓားကိုင္ထားတဲ့
သူ႔လက္ကိုဆုပ္ကိုင္ေပးလိုက္ကာ
အေလာင္းဆီလက္ဟန္ျပလိုက္ၿပီး
နားနားကပ္ေျပာလိုက္တယ္၊
"ဝက္တစ္ေကာင္သတ္ေနတယ္လို႔
သေဘာထားလိုက္၊ မေၾကာက္နဲ႔!"
"မေျပာစမ္းပါနဲ႔ ၊ ကၽြန္ေတာ္ဝက္သားမစား
ခ်င္ေတာ့ဘဲ ေနလိမ့္မယ္" ယူေရွာင္းမို
ေသြးအန္သြားရတယ္။ ဘာႏွစ္သိမ့္တာလဲ၊
သူရြံေအာင္လာလုပ္ေနတာ ထင္ရွားေနတာပဲ။
လက္ေတြ့တြင္ တစ္စံုတစ္ဦးကိုသတ္ရတာ
အာ...မဟုတ္ဘူး.... အေလာင္းေခါင္းကို
ျဖတ္ရတာက သူပံုေဖာ္ထားမိတာထက္
ရိုးရွင္းသည္။ လက္ၿမွောက္သြားၿပီး
ဓားက တၫ့္တၫ့္က်သြား။ ေခါင္းက
စားပဲြေပၚ ကေတာင္ လိွမ့္က်မသြားဘဲ
ေကာင္းမာယြင္ရဲ့လည္ပင္းမွာ
ဆက္ေနဆဲျဖစ္သည္၊ ႏွစ္ပိုင္းၾကားထဲတြင္
ဓားတစ္ေခ်ာင္းညပ္ေနေသးေသာ္လည္း
ပညာသားပါတဲ့ခံစားခ်က္တစ္ခု ရေနေသး၏။
စားပဲြထဲၫွပ္သြားတဲ့ဓားကို ယူေရွာင္းမို
ေျပေအာင္လုပ္လိုက္ကာ မေကာင္းတဲ့ရယ္သံႀကီး
နဲ႔ရယ္လိုက္သည္၊ "ၿပီးၿပီကြ"
လင္းေရွာင္ ႃပံုးရင္းလက္ခုပ္တီးလိုက္ကာ
ခ်ီးမြမ္းလိုက္သည္၊ "မင္းပညာက မဆိုးပါဘူး၊
သဘာဝလက္ေဆာင္ပါတယ္ဆိုတာ
ေျပာလို႔ရတယ္။ အခုကစၿပီး ဒီလိုအလုပ္မ်ိဳး
ရိွခဲ့ရင္ မင္းလုပ္ဖို႔ပဲျဖစ္လိမ့္မယ္"
".........."
သူတို႔ေတြ ျပၫ့္တန္ဆာအိမ္ကထြက္သြားတဲ့
အခ်ိန္က်မွ ေကာင္းမာယြင္နဲ႔သူ႔အေစခံေတြရဲ့
အေလာင္းကို ေတြ့ၾကသည္၊ အေစခံမ်ားကေတာ့
အေတာ္ေလး သန႔္သန႔္ရွင္းရွင္းေသေနၾကသည္။
အဆိုးရြားဆံုးကေတာ့ ေကာင္းမာယြင္ရဲ့
ေခါင္းမဲ့ေနတဲ့အေလာင္းပင္ျဖစ္ေလသည္။
ဘယ္သူမွမသိၾကတာကေတာ့ ယူေရွာင္းမို
တစ္ေယာက္ ေသြးေစြးနီကလန္ရဲ့ပိုင္နက္ထဲ
မေတာ္တဆေရာက္သြားတဲ့အခ်ိန္ကစလို႔
အေနာက္ပိုင္းမွာ ၿငိမ္းခ်မ္းတဲ့ေန့ရယ္လို႔
တစ္ရက္မွမရိွခဲ့တာပင္။ အမွန္တြင္ေတာ့
ဤအရာအားလံုးမွာ ထိုအမွားေလးတစ္ခုမွ
စတင္ခဲ့ျခင္းသာျဖစ္သည္။
________________
(t/n; အားလံုးကို ေတာင္းဆိုစရာရိွပါတယ္။
ကိုယ့္ကိုရည္ရြယ္ၿပီး မန႔္တာမ်ိဳးေတြမွာ
ျဖစ္ႏိုင္ရင္unicodeေလးနဲ႔ေရးေပးပါ၊
မင္းတို႔keyboard မွာေတာ့ပါလားေတာ့
မသိေပမယ့္
ကိုယ့္keyboard မွာေတာ့ zawgyiနဲ႔
Unicode Change တဲ့ဟာပါပါတယ္၊
မင္းတို႔comment ေရးတာျဖစ္ျဖစ္
Boardမွာလာေမးတာျဖစ္ျဖစ္ zawgyi ဆိုရင္
ကိုယ့္မွာေျပာင္းျပန္ႀကီးေပၚ ပါတယ္၊
အဲ့ေတာ့ ဖတ္ၾကၫ့္ရေအာင္ reply ျပန္ရေအာင္
Setting မွာ zawgyi သြားျပန္ေျပာင္းရပါတယ္၊
ေျပာင္းရတာအပန္းမႀကီးေပမယ့္
ကိုယ့္ဖုန္းကေၾကာင္သြားတတ္လို႔ပါ🤧၊
စာရွည္သြားဖို႔မရည္ရြယ္ပါဘူး၊ မန႔္လို႔လည္း
ရပါတယ္ မရပ္ၾကပါနဲ႔၊ commentတိုင္း
ကိုယ္ဖတ္ပါတယ္) (ကိုယ္က2002 bornပါ
အမေတြရိွရင္လည္း အမေပါ့ မင္းလို႔သံုးတာ
ရိုင္းတယ္မထင္ပါနဲ႔ေနာ္😚)
____________