Unicode
အပိုင်း၄၉၂- မြို့အရှင်အိမ်တော်တွင်
ဖောက်ထွင်းခံရခြင်း
ကျန်းလျှို့၏သရုပ်သကန်က ထူးခြားသည်
ဖြစ်ရာ သူ့ကိုမြို့အရှင်အိမ်တော်သို့
တိုက်ရိုက်ခေါ် သွားလိုက်ကြသည်။
မြို့အရှင်က သူ့ဒဏ်ရာများကိုစမ်းသပ်ကြည့်ရှုဖို့
သမားတော်မခေါ် ခဲ့ဘဲ သူ့အိမ်တော်မှ
အစွမ်းထက်ဆုံးမှော်ဆရာကို ခေါ် ခဲ့သည်။
ပြင်းထန်လှသောနာကျင်မှုကြောင့်
ကျန်းလျှို့မှာ အသံတစ်သံပင်မထွက်နိုင်တော့ချေ၊
သူ့ဒဏ်ရာကို မြင်လိုက်ရသူအားလုံးမှာ
သတိကပ်လိုက်ရကြ၏။ ၎င်းမှာ ဝမ်းနည်းစရာပင်၊
မျက်နှာတစ်ခုလုံးသွေးများရွှဲနေကာ
သူမျက်လုံးနှစ်လုံးက အနက်ရောင်တွင်းကြီး
နှစ်ခုဖြစ်သွားပြီး လူတိုင်းကိုကျောရိုး
တစ်လျှောက်စိမ့်တက်သွားစေသည်။
"ကော်-လောင် ၊ ဒဏ်ရာကဘယ်လိုနေလဲ ၊
သူ့ကိုကုသပေးနိုင်လား"
ကျန်းလျှို့မျက်လုံးကို စမ်းကြည့်ပေးနေတဲ့
စီနီယာက အခန်းထဲမှထွက်လာပြီး
ဧည့်ခန်းကိုရောက်ရောက်ချင်းမှာပဲ
ရှင်းလော့မြို့အရှင်က ထမေးလိုက်သည်။
သူ့နောက်တွင် ထန်ဟယ့်နှင့်ထန်ကျုံးဟွာတို့
ရှိနေ၏။
ထန်ကျုံးဟွာသည်လည်း ဒဏ်ရာပြင်းပြင်းထန်ထန်
ရခဲ့သည်၊ သူ့လက်ရှိအရိုးများမှာ
ကွဲကြေသွားလုပင် ၊ သို့သော်ငြား
ကျန်းလျှို့နှင့်ယှဉ်လျှင်တော့ သူ့ဒဏ်ရာက
ပိုသက်သာသေးသည်။ ဖြစ်ကောင်းဖြစ်နိုင်တာက
သူ့စိတ်ထဲမှာ လက်ပဲဖြစ်သွားလို့စိတ်သက်သာရာ
ရစွာ သက်ပြင်းချနေနိုင်သည်။
ကော်-လောင် ခေါင်းယမ်းလိုက်တယ်၊
"သခင်လေးကျန်းရဲ့အခြေအနေနဲ့ပတ်သက်ပြီး
ဒီအဖိုးကြီးလည်း ဘာမှမလုပ်ပေးနိုင်ပါဘူး၊
အရမ်းပြင်းထန်လွန်းတယ်။ ဒါတင်မဟုတ်သေးဘူး၊
သူ့ကိုရှို့ခဲ့တဲ့မီးတောက်ကလည်း
သာမာန်ဟုတ်ပုံမရဘူး ၊ သူ့မျက်လုံးထဲက
သွေးကြောတွေအားလုံးနီးပါး
ပြောင်သလင်းခါသွားတယ်။ ခင်ဗျားဘယ်လောက်ထိ
ကောင်းတဲ့မှော်ဆေးလုံးရှာတွေ့ပါစေ ၊
မပျောက်ကင်းနိုင်ဖို့ ပိုများတယ်"
"တကယ်ပဲ နည်းလမ်းမရှိတော့ဘူးပေါ့"
မြို့အရှင် တည်ကြည်တဲ့အမူအရာနဲ့မေးလိုက်သည်။
သူ့မျက်စိအောက်က ရှင်းလော့မြို့တွင်
သွေးစွေးနီကလန်ကလျှို့လျှို့ဝှက်ဝှက်ရွေးချယ်
ထားတဲ့ တစ်ဦးတည်းသောယှဉ်ပြိုင်သူက
ဒီလိုကပ်ဆိုးနဲ့ ကြုံခဲ့ရသည်၊
ကလန်က နောက်ကြောင်းလိုက်လျှင်
သူလည်းအပြစ်ဒဏ်ခံရမည်ပင်။
ကော်-လောင် ခေါင်းထပ်ယမ်းလိုက်တယ်၊
"ငါလုပ်ပေးနိုင်တာ တကယ်ပဲဘာမှမရှိတာပါ"
ထန်ကျုံးဟွာ စိတ်ပူပူနဲ့မေးလိုက်တယ်၊
"ကော်-လောင် ၊ ကျန်းလျှို့လေ အခုလိုဆိုရင်
သူ့ဆေးလုံးသန့်စင်နိုင်စွမ်းကို သက်ရောက်
မှာလား"
"အချက်ကျကျပြောရရင်တော့ မသက်ရောက်
နိုင်ဘူး" ကော်-လောင် ရှင်းပြလိုက်တယ်၊
"ငါတို့က မျက်လုံးနဲ့ကြည့်ပေမယ့်
မှော်ဆရာတစ်ယောက် ဆေးလုံးသန့်စင်တဲ့အခါ
သူတို့ရဲ့စိတ်ဝိဉာဉ်နဲ့ အာရုံပေါ် မှာ
မှီခိုရတယ်။ ဒါတင်မဟုတ်သေးဘူး
စိတ်ဝိဉာဉ်စွမ်းအားနဲ့လည်း 'မြင်' နိုင်တယ်၊
အာ့ကြောင့် ကိစ္စတော့သိပ်မရှိဘူး။
ဒါပေမယ့်လို့ အဲ့တာအားလုံးက
ဒီကိစ္စကိုကျော်ဖြတ်နိုင်မယ့် သူ့စွမ်းရည်ပေါ် မှာပဲ
မူတည်တယ်"
ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်လုံးတွေဆုံးရှုံး
လိုက်ရတဲ့သူတစ်ယောက်အတွက် အများဆုံးမှ
ဘာမှသိပ်မထူးခြားသွားဘူး။ ကျန်းလျှို့လို
လူမျိုးအတွက်ကျတော့ အဲ့တာကိုလက်ခံနိုင်ဖို့
စိတ်တော်တော်လိုအပ်ပေမည်။
မနက်ဖြန်ရောက်လို့မှ အဲ့တာကိုလက်မခံနိုင်သေးဘဲ
ညှိမယူနိုင်သေးရင် လူရွေးပွဲကိုတက်နိုင်တော့မည်
မဟုတ်ပေ။
ဒါပေါ့လေ၊ အဲ့တာက ထန်ကျုံးဟွာတို့တစ်သိုက်ရဲ့
ရှုထောင့်မှဖြစ်သည်။
အမှန်တွင် သူ့အတွက်မျက်လုံးဆုံးသွားသည်ထက်
ပိုလေသည်၊ အဆင့်တွေ
လျင်လျင်မြန်မြန်တက်လာခဲ့ခြင်းရဲ့
တန်ပြန်သက်ရောက်မှုအားလုံးက
တစ်ခုပြီးတစ်ခုပေါ် လာတော့မည်ဖြစ်၏။
အဲ့တာကသာ လင်းရှောင်ရဲ့တကယ့်ရည်ရွယ်ချက်
ဖြစ်သည်!
ဤသို့ဖြင့် သူ့မျက်လုံးအကြောင်းသတင်းက
ရှင်းလော့တစ်မြို့လုံးကို မြန်မြန်ဆန်ဆန်
ပျံ့နှံ့သွားလေ၏။ သူကဘာကောင်မှ
မဟုတ်ခဲ့ရင် ဘယ်သူကမှဂရုစိုက်နေမှာ
မဟုတ်ပေမယ့် သူကယင်ယန်တောင်ကြား၏
ကိုယ်စားပြုတစ်ဦးဖြစ်ရာ ထိုသတင်းကတစ်စုံတစ်ရာ
ဖြစ်လာသည်။
တစ်စုံတစ်ယောက်က ယင်ယန်တောင်ကြားကို
ပြတ်ပြတ်သားသားမေးခွန်းထုတ်တာမျိုး
ဘယ်သူမှမမြင်ခဲ့ဖူးကြ။
သို့သော်ငြား ယွီရှန်းမြို့မှအဖြစ်အပျက်
ပြီးတဲ့နောက် ကျန်းလျှို့၏မျက်လုံးများက
ထိုမျှလောက်ထိတ်လန့်စရာမကောင်းပေ၊
ဤအဖြစ်များက တစ်ခုပြီးတစ်ခုဖြစ်လာတာကြောင့်
ဘယ်သူကများ ဒီလိုကိစ္စကိုစလုပ်ရဲလဲဆိုတာ
လူတွေစဉ်းစားခန်းဖွင့်လာကြ၏။
ယူရှောင်းမို ကြားလိုက်ရတဲ့အခါမှာတော့
သူက ဆိုင်ထိုင်နေတာဖြစ်ပြီး
ပါးစပ်ထဲကလက်ဖက်ရည်တွေတောင်
တစ်ဖက်စားပွဲဆီ လွင့်ပျံထွက်သွားတော့မတတ်ပင်။
ချောင်းဆိုးပြီး မျက်ရည်တွေတောင်ကျလုနီးနီး
ဖြစ်သွားရ၏။
ကျန်းလျှို့ မျက်လုံးအဖောက်ခံလိုက်ရတယ်ပေါ့။
ဟိုနေ့တုန်းက ဟိုတယ်မှာဆုံခဲ့တဲ့ပုံစံကို
သူမမေ့သေးဘူး၊ ဘယ်လောက်တောင်
အထက်စီးဆန်လိုက်လဲ ၊ ဘယ်လောက်တောင်
ယုံကြည်ချက်တွေလွန်ကဲနေလိုက်သလဲ!
တစ်စက္ကန့်လောက်မျက်နှာလွှဲလိုက်ကာ ရှိသေးတယ်၊
မျက်လုံးတွေ အဖောက်ထုတ်ခံလိုက်ရတယ်ပေါ့။
သူနားကြားမှားမိတာတော့ မဟုတ်ဘူးမလား။
ယူရှောင်းမို နားစွင့်ကြည့်လိုက်သည်၊
သူနားကြားမမှားပါချေ။ လူတိုင်းနီးပါး
ဒီအကြောင်းပြောနေကြပြီး လုပ်ခဲ့တဲ့လက်သည်ကို
တောင် ပြောနေကြသေးသည်။
"ငါပြောပြမယ်၊ အဲ့တာဖြစ်တုန်းက
ငါရှိနေခဲ့တယ်၊ ငါ့ထက်ဘယ်သူမှ
ရှင်းရှင်းလင်းလင်းမြင်လိုက်ရမှာမဟုတ်ဘူး၊
အကုန်လုံးကိုမြင်ခဲ့ရတယ်ကွ။ အဲ့လူက
အရပ်သားနဲ့တူပြီး နူးနူးညံ့ညံ့နဲ့တစ်ချိန်လုံး
ပြုံးနေတာ။ အဲ့လိုလူတစ်ယောက်က
အညှာအတာမရှိဘူးတဲ့ကွာ"
"ပြိုင်ဖက်ကိုအထင်သေးတဲ့ရလဒ်ပဲလေ"
"အဲလူက ဘာလို့ကျန်းလျှို့မျက်လုံးကို
ဖောက်လိုက်တာလဲ ၊ ရန်ငြှိုးရှိကြတာများလား"
အာကျယ်အာကျယ်နဲ့ ဗလတောင့်တောင့်လူကြီးက
စားပွဲကိုရိုက်လိုက်ကာ အော်လိုက်သည်၊
"ဘာရန်ငြှိုးလဲ ၊ အဲ့တာ သခင်လေးကျန်း
အပြစ်မရှိအပြစ်ရှာလို့လေ။ ငါသူတို့ဘေး
ထိုင်နေခဲ့တာ ၊ သူတို့တွေအချင်းချင်း
စကားတစ်ခွန်းတောင်မပြောရသေးဘူး၊
သခင်လေးကျန်းက ရုတ်တရက်ကြီး
သူ့ကိုဖမ်းခိုင်းတာ"
"မဖြစ်နိုင်တာ ၊ သူတို့ အချင်းချင်းသိကြတယ်ပေါ့"
"အစတော့ ငါလည်းအဲ့လိုထင်တာပဲ၊
ဒါပေမယ့်နောက်ကျတော့ မှားသွားပုံရတယ်။
သခင်လေးကျန်းက တစ်ခုခုအော်ပြောလိုက်တာ
ငါမှတ်မိတယ်"
"ဘာပြောလိုက်လဲ"
"သူပြောတာ 'မဟုတ်ဘူး ၊ မင်းကဖန်ချန်းယွဲ့
မဟုတ်ဘူး!' တဲ့" အာပြဲတဲ့လူကြီးက
ကျန်းလျှို့ရဲ့အံ့ဩတကြီးအမူအရာနဲ့
စကားပြောဟန်ကို အတုခိုးပြီးပြောလိုက်သည်။
ကြည့်ရတာ ရယ်စရာကောင်းလှ၏။
ဒီတစ်ခေါက်တော့ ယူရှောင်းမို
သူ့ပါးစပ်ထဲကရေနွေးကြမ်းကို ထိန်းမထားနိုင်တော့။
စားပွဲတစ်ခုလုံး လွင့်စင်ကုန်လေသည်။
ချောင်းတဟွတ်ဟွတ်ဆိုးသွားကာ
သူ့မျက်နှာလည်း နီတွတ်သွား၏။
ထိုတုံ့ပြန်မှုကြီးက လူတော်တော်များအာရုံစိုက်
ခံလိုက်ရသည်၊ စူးစမ်းနေတဲ့အကြည့်တွေ
သူ့အပေါ် ရောက်လာသည်၊ နှစ်စက္ကန့်လောက်
ရပ်ပြီး ပြန်ရုတ်သွားကြကာ ဆက်အတင်းတုပ်
နေကြ၏။ ဤသို့ဖြင့် နောက်တစ်ခေါက်
ရယ်ကြမောကြပြန်ကာ သူ့ရဲ့ထိတ်လန့်အံ့အားသင့်
နေတဲ့အမူအရာကို မည်သူကမျှအာရုံ
မထားကြတော့ချေ။
ဖန်ချန်းယွဲ့
သူသိတဲ့ တရှစ်ရှုန်းတော့မဟုတ်နိုင်ဘူးမလား။
တဖြေးဖြေးနဲ့ ယူရှောင်းမိုရဲ့အထိတ်တလန့်
အမူအရာက လက်တွေ့ဖြင့်အစားထိုး
သွားတော့သည်။ တရှစ်ရှုန်းမဖြစ်နိုင်ပါဘူး၊
နောက်ပြီး ဖန်ချန်းယွဲ့မဟုတ်ဘူးလို့
ကျန်းလျှို့ပြောခဲ့တယ်မလား။ ဒါပေမယ့်
ကျန်းလျှို့လူမှားသွားရအောင်ဆိုရင်
အနဲဆုံးတော့ တရှစ်ရှုန်းနဲ့ရုပ်တူတဲ့တစ်ယောက်
ယောက်ဖြစ်မှာပဲ။
ရုပ်ဆင်တယ်၊ အညှာအတာမရှိရက်စက်တယ်၊
ကျန်းလျှို့ မျက်လုံးကို ထုတ်ပစ်တယ်......
ယူရှောင်းမို -_-
ဘာလို့များ အဲ့ဒီ့တစ်စုံတစ်ယောက်နဲ့
ပိုပိုတူလာတာတုန်း။
အစကတော့ ချိုရန် ၊ အခုတော့ ဖန်ချန်းယွဲ့၊
နောက်ရောဘယ်သူလဲ။ အဲ့လူကြီး
မျက်နှာတွေဘယ်လောက်ထိ ပြောင်းဦးမှာလဲ၊
လုံရှန်းတိုက်မကြီးက မျက်နှာတွေအကုန်လုံး
တစ်ခုပြီးတစ်ခုသုံးဖို့ တွေးနေတာတော့
မဟုတ်ဘူးမလား။
မဟုတ်သေးဘူး ၊ မဟုတ်သေးဘူး ၊
အခုကဒီအကြောင်း ပူနေရမယ့်အချိန်မဟုတ်ဘူး၊
အဓိကအချက်က လင်းရှောင် ရှင်းလော့မြို့ကို
ရောက်နေပြီပေါ့!
သူတော့သွားပါပြီ ၊ အခုလောလောဆယ်အတွက်
နှိမ့်နှိမ့်ချချပဲနေသင့်လား။
ယူရှောင်းမို ဒုတိယထပ်ကိုပြန်ပြေးတက်သွားပြီး
အထုပ်နှစ်ထုပ်ရယ် သတ္တုစားသားရဲလေးနဲ့
ရွှေတောင်ပံပိုးကောင်နှစ်ကောင်ရယ်ကို
မလိုက်ပြီး ဟိုတယ်မှပြေးထွက်လာခဲ့သည်။
သူ ထွက်ပြေးတာမဟုတ်ပါဘူး၊
အရေးတကြီးလုပ်စရာရှိတာ အမှတ်ရသွားလို့ပါ၊
ဟုတ်ပါတယ်။ သေချာပေါက်မှန်တယ်!
ကျန်းလျှို့ရဲ့မတော်တဆပြီးတဲ့နောက်
ယင်ယန်တောင်ကြားကို ဖြေရှင်းချက်ပေးနိုင်ဖို့
မြို့အရှင်က တရားခံဖမ်းရန်လူတိုင်းကို
ညွှန်ကြားထားသည်။ တရားခံ၏အဆင့်က
အလွန်တရာမြင့်ရာ မြို့အရှင်အိမ်တော်၏
ထိပ်တန်းလက်ရွေးစင်များလည်း
ပါဝင်ပေမည်။ ထို့အခါ အိမ်တော်အစောင့်အကြပ်များ
လျော့ပါးသွားမည်ဖြစ်ရာ သူ့အတွက်
ပြည့်စုံလှသည့်အခြေအနေပင်။
သူ့အစီအစဉ်က အရင်နှစ်ရက်ကတည်းက
အပြီးသတ်ပြီးသားဖြစ်သည်။
အစီအစဉ် ချောမွေ့ဖို့သေချာအောင်
စုံစမ်းမှုများပင်လုပ်ထားသည်။
သို့ဖြစ်၍ အိမ်တော်တံခါးစောင့်က
လောင်းကစားလုပ်ရတာနှစ်သက်ပြီး
အဲ့တာကြောင့်ပဲ အကြွေးပိနေတာကို
သူရှာတွေ့ခဲ့သည်။ မနက်ဖြန်က
သူအကြွေးပြန်ဆပ်ရမယ့် နောက်ဆုံးရက်
ဖြစ်သည်။ ပြန်မပေးနိုင်ခဲ့ရင် အိမ်တော်မှ
နှင်ထုတ်ခံရမည်သာမက ကျွန်အဖြစ်လည်း
ရောင်းချခံရမည်ဖြစ်၏။
ယူရှောင်းမိုက သူ့အကြွေးကူဆပ်ပေးမည်ဖြစ်ပြီး
အပြန်အလှန်အနေဖြင့် သူကအစေခံ
အဝတ်အစားနှင့် အိမ်တော်မြေပုံကို
ပြန်ပေးမည်ဖြစ်ကာ သူအလိုရှိလျှင်
ထိုလူက သူ့ကိုတံခါးဖွင့်ပေးမည်ဖြစ်သည်။
တံခါးစောင့်က ရောင်းစားမခံချင်တာကြောင့်
သဘောတူလိုက်သည်။
သူတို့သဘောတူထားတဲ့အချိန်က ဒီညဖြစ်၏။
သို့ပေမယ့် မြို့အရှင်အိမ်တော်သို့
သူမသွားခင် ယူရှောင်းမို လင်းရှောင်ကို
အသံကူးပြောင်းကျောက်တုံးနဲ့
ဟန်ဆောင်ပန်ဆောင်ခေါ် ကြည့်လိုက်သည်။
အံ့ဩစရာတော့မရှိ၊ ဘာတုံ့ပြန်မှုမှမရှိနေဘူး။
အဲ့နောက်တော့ အိမ်တော်ဆီမြန်မြန်သွားလိုက်
တော့သည်။
___________
အစောင့်လဲချိန်ကိုအသုံးချပြီး ယူရှောင်းမို
ကျောက်တိုင်တစ်ခုနောက်ပုန်းနေလိုက်ကာ
တံခါးစောင့်ပေးလိုက်တဲ့ မြေပုံကို
ထုတ်လိုက်သည်။ သူ့ရဲ့သားရဲလေး
သုံးကောင်နဲ့အတူ မြို့အရှင်ရဲ့အိပ်ခန်းရော
ဘဏ္ဍာတိုက်ကိုရော နှစ်ခါပြန်စစ်ကြည့်လိုက်
ပြီးနောက် ပြန်သိမ်းလိုက်သည်။
"ရှောင်ကျင် ၊ ရှောင်ဖင်း ၊ မင်းတို့ကောင်တွေက
ဘဏ္ဍာတိုက်ကိုသွားပြီး နဂါးသွေးရှိလား
ကြည့်ခဲ့ ၊ ငါက မြို့အရှင်ရဲ့အခန်းဆီ
ရှောင်ဖုံနဲ့သွားစစ်ကြည့်မယ်။
မှတ်ထားနော် ၊ မင်းတို့ကိုတွေ့သွားလို့
လွတ်နိုင်တယ်သေချာရင် နဂါးသွေးကိုအရင်
ဆွဲခဲ့ ၊ မလွတ်နိုင်ဘူးဆိုရင် ပြေးသာပြေး။
ကြားလား"
အဲ့ဒီ့နောက် သတ္တုစားသားရဲလေးရဲ့ကိုယ်လုံးပေါ် မှာ
မှော်အိတ်တစ်အိတ်ချိတ်ပေးလိုက်သည်၊ရှောင်ပင်နဲ့ရှောင်ပေါင်က
သေးလွန်းတော့ မှော်အိတ်ချိတ်ထားရင်
ပျံမရပြုမရဖြစ်နေမည်မို့ ရှောင်ဖင်းကိုရှောင်ကျင်နဲ့
တွဲပေးလိုက်ရခြင်းဖြစ်သည်။
ကြည့်ရတာ ကြောင်တောင်တောင်နိုင်ပေမယ့်လို့
ရွေးစရာမရှိချေ၊ မဟုတ်ရင် သူတို့
နဂါးသွေးကိုရှာတွေ့ခဲ့ရင်တောင် ပြန်သယ်လာနိုင်
မည်မဟုတ်ပေ။ မတွေ့ဘူးဆိုရင်လည်း
မှော်အိတ်ကိုလွှင့်ပစ်လိုက်လို့ရတာပဲလေ။
သူတို့တွေ ပျံသွားတာကိုကြည့်နေပြီးနောက်
ယူရှောင်းမို ကျောက်တိုင်အနောက်က
ထွက်လိုက်ပြီး ရှောင်ဖုံနဲ့အတူ
မြို့အရှင်အခန်းဆီ သွားလိုက်တော့သည်။
သူတို့သိရသလောက် နဂါးသွေးက
ဘဏ္ဍာတိုက်ထဲမယ်ဆိုပေမယ့်လည်း
အရေးကြီးတဲ့ဆုဆိုတော့ သူ့အခန်း ဒါမှမဟုတ်
သူ့ကိုယ်ပေါ် မှာလည်း ရှိနေနိုင်ပေသည်။
ညတာက တိတ်ဆိတ်ငြိမ်သက်နေသည့်အချိန်တွင်
မြို့အရှင်အိမ်တော်ထဲမှာ အသံတစ်သံမထွက်ဘဲ
'ကြွက်သေးသေးလေး' တွေ ပေါ် ထွက်လာသည်။
အမှောင်ထဲတွင် အရိပ်လေးနှစ်ခုက
သတိမပြုမိစေဘဲ
ဘဏ္ဍာတိုက်ကို ရှာတွေ့သွားကြသည်။
ခြင်္သေ့၏ခံတပ်ကဲ့သို့ အစောင့်အများအပြားရှိသည့်
ဘဏ္ဍာတိုက်လေးပင်။ တံခါးအပြင်မှာတောင်
တစ်ယောက်အဖြူ ၊ တစ်ယောက်အမည်းနဲ့
အင်ပါယာအထွတ်အထိပ်အဆင့်ကျင့်ကြံသူ
နှစ်ဦးရှိနေ၏။
(t/n; ခြင်္သေ့ရဲ့ခံတပ်လို - ထိုးဖောက်လို့မရနိုင်တဲ့
ခံတပ်)
သတ္တုစားသားရဲလေး ကျောက်တုံးတစ်တုံးနောက်
မှာ ထိုင်နေရင်း သတိမပြုမိနိုင်တဲ့ရှုထောင့်ကနေ
တလက်လက်တောက်ပနေတဲ့ကျောက်ပြာရောင်
မျက်လုံးတွေနဲ့ အန္တရာယ်ကင်းတဲ့နေရာကို
တိတ်တိတ်ဆိတ်ဆိတ်အာရုံစိုက်ထားသည်။
ရှောင်ဖင်းကတော့ သူ့ခေါင်းပေါ် မှာ ရှိနေကာ
ဘယ်လိုဝင်ရမလဲ ခေါင်းစောင်းပြီးတွေးနေပုံ
ပေါက်သည်။
ထိုအခိုက်တွင် သားရဲလေးက ရုတ်တရက်
မတ်တပ်ထရပ်လိုက်ပြီး မိနစ်အနည်းငယ်မျှ
ကြာပြီးနောက်တွင် ဘဏ္ဍာတိုက်အမိုးပေါ်
ရောက်သွားကြ၏။ ထို့ပြင် ဤနေရာက
အစောင့်တစ်ယောက်မှမရှိသည့်
တစ်ခုတည်းသောနေရာဖြစ်သည်။
သတ္တုစားသားရဲလေး ပါးစပ်ဟလိုက်ပြီး
အမိုးကိုအပေါက်ဖြစ်အောင် ကိုက်ဝါး
လိုက်သည်။
ဘဏ္ဍာတိုက်နံရံနှင့် ခေါင်မိုးများကို
အလွန်တရာမာကျောလှသည့်သတ္တုအပိုင်းများဖြင့်
ပြုလုပ်ထားသည်၊ သို့သော်ငြား
သားရဲလေးအတွက် တိုဖူးကဲ့သို့ပင်ဖြစ်ကာ
အစစအနနဖြစ်သွားလေ၏။
ရှောင်ဖင်းက ခုန်ဆင်းလိုက်ပြီး
အကန့်အသတ်အရံအတားကနေ
သားရဲလေးဖြတ်သွားနိုင်လောက်အောင်
ဝင်ဆံ့တဲ့အပေါက်လေးတစ်ပေါက် စားလိုက်သည်။
ဤသို့ဖြင့် သားရဲလေးနှစ်ကောင်က
ပျော်ပျော်ကြီးခုန်ချလိုက်ကြသည်။
__________________
(t/n- ရွှေတောင်ပံပိုးကောင်နှစ်ကောင်ကို
ရှောင်ဖင်းနဲ့ ရှောင်ဖုံလို့ပြင်ရေးသွားပါ့မယ်^^)
______________
Zawgyi
အပိုင္း၄၉၂- ၿမိဳ႔အရွင္အိမ္ေတာ္တြင္
ေဖာက္ထြင္းခံရျခင္း
က်န္းလ်ိႈ႔၏သရုပ္သကန္က ထူးျခားသည္
ျဖစ္ရာ သူ႔ကိုၿမိဳ႔အရွင္အိမ္ေတာ္သို႔
တိုက္ရိုက္ေခၚ သြားလိုက္ၾကသည္။
ၿမိဳ႔အရွင္က သူ႔ဒဏ္ရာမ်ားကိုစမ္းသပ္ၾကၫ့္ရႈဖို႔
သမားေတာ္မေခၚ ခဲ့ဘဲ သူ႔အိမ္ေတာ္မွ
အစြမ္းထက္ဆံုးေမွာ္ဆရာကို ေခၚ ခဲ့သည္။
ျပင္းထန္လွေသာနာက်င္မႈေၾကာင့္
က်န္းလ်ိႈ႔မွာ အသံတစ္သံပင္မထြက္ႏိုင္ေတာ့ေခ်၊
သူ႔ဒဏ္ရာကို ျမင္လိုက္ရသူအားလံုးမွာ
သတိကပ္လိုက္ရၾက၏။ ၄မွာ ဝမ္းနည္းစရာပင္၊
မ်က္ႏွာတစ္ခုလံုးေသြးမ်ားရႊဲေနကာ
သူမ်က္လံုးႏွစ္လံုးက အနက္ေရာင္တြင္းႀကီး
ႏွစ္ခုျဖစ္သြားၿပီး လူတိုင္းကိုေက်ာရိုး
တစ္ေလ်ွာက္စိမ့္တက္သြားေစသည္။
"ေကာ္-ေလာင္ ၊ ဒဏ္ရာကဘယ္လိုေနလဲ ၊
သူ႔ကိုကုသေပးႏိုင္လား"
က်န္းလ်ိႈ႔မ်က္လံုးကို စမ္းၾကၫ့္ေပးေနတဲ့
စီနီယာက အခန္းထဲမွထြက္လာၿပီး
ဧၫ့္ခန္းကိုေရာက္ေရာက္ခ်င္းမွာပဲ
ရွင္းေလာ့ၿမိဳ႔အရွင္က ထေမးလိုက္သည္။
သူ႔ေနာက္တြင္ ထန္ဟယ့္ႏွင့္ထန္က်ဳံးဟြာတို႔
ရိွေန၏။
ထန္က်ဳံးဟြာသည္လည္း ဒဏ္ရာျပင္းျပင္းထန္ထန္
ရခဲ့သည္၊ သူ႔လက္ရိွအရိုးမ်ားမွာ
ကဲြေၾကသြားလုပင္ ၊ သို႔ေသာ္ျငား
က်န္းလ်ိႈ႔ႏွင့္ယွဉ္လ်ွင္ေတာ့ သူ႔ဒဏ္ရာက
ပိုသက္သာေသးသည္။ ျဖစ္ေကာင္းျဖစ္ႏိုင္တာက
သူ႔စိတ္ထဲမွာ လက္ပဲျဖစ္သြားလို႔စိတ္သက္သာရာ
ရစြာ သက္ျပင္းခ်ေနႏိုင္သည္။
ေကာ္-ေလာင္ ေခါင္းယမ္းလိုက္တယ္၊
"သခင္ေလးက်န္းရဲ့အေျခအေနနဲ႔ပတ္သက္ၿပီး
ဒီအဖိုးႀကီးလည္း ဘာမွမလုပ္ေပးႏိုင္ပါဘူး၊
အရမ္းျပင္းထန္လြန္းတယ္။ ဒါတင္မဟုတ္ေသးဘူး၊
သူ႔ကိုရိႈ႔ခဲ့တဲ့မီးေတာက္ကလည္း
သာမာန္ဟုတ္ပံုမရဘူး ၊ သူ႔မ်က္လံုးထဲက
ေသြးေၾကာေတြအားလံုးနီးပါး
ေျပာင္သလင္းခါသြားတယ္။ ခင္ဗ်ားဘယ္ေလာက္ထိ
ေကာင္းတဲ့ေမွာ္ေဆးလံုးရွာေတြ့ပါေစ ၊
မေပ်ာက္ကင္းႏိုင္ဖို႔ ပိုမ်ားတယ္"
"တကယ္ပဲ နည္းလမ္းမရိွေတာ့ဘူးေပါ့"
ၿမိဳ႔အရွင္ တည္ၾကည္တဲ့အမူအရာနဲ႔ေမးလိုက္သည္။
သူ႔မ်က္စိေအာက္က ရွင္းေလာ့ၿမိဳ႔တြင္
ေသြးေစြးနီကလန္ကလ်ိႈ႔လ်ိႈ႔ဝွက္ဝွက္ေရြးခ်ယ္
ထားတဲ့ တစ္ဦးတည္းေသာယွဉ္ၿပိဳင္သူက
ဒီလိုကပ္ဆိုးနဲ႔ ႄကံုခဲ့ရသည္၊
ကလန္က ေနာက္ေၾကာင္းလိုက္လ်ွင္
သူလည္းအျပစ္ဒဏ္ခံရမည္ပင္။
ေကာ္-ေလာင္ ေခါင္းထပ္ယမ္းလိုက္တယ္၊
"ငါလုပ္ေပးႏိုင္တာ တကယ္ပဲဘာမွမရိွတာပါ"
ထန္က်ဳံးဟြာ စိတ္ပူပူနဲ႔ေမးလိုက္တယ္၊
"ေကာ္-ေလာင္ ၊ က်န္းလ်ိႈ႔ေလ အခုလိုဆိုရင္
သူ႔ေဆးလံုးသန႔္စင္ႏိုင္စြမ္းကို သက္ေရာက္
မွာလား"
"အခ်က္က်က်ေျပာရရင္ေတာ့ မသက္ေရာက္
ႏိုင္ဘူး" ေကာ္-ေလာင္ ရွင္းျပလိုက္တယ္၊
"ငါတို႔က မ်က္လံုးနဲ႔ၾကၫ့္ေပမယ့္
ေမွာ္ဆရာတစ္ေယာက္ ေဆးလံုးသန႔္စင္တဲ့အခါ
သူတို႔ရဲ့စိတ္ဝိဉာဉ္နဲ႔ အာရံုေပၚ မွာ
မွီခိုရတယ္။ ဒါတင္မဟုတ္ေသးဘူး
စိတ္ဝိဉာဉ္စြမ္းအားနဲ႔လည္း 'ျမင္' ႏိုင္တယ္၊
အာ့ေၾကာင့္ ကိစၥေတာ့သိပ္မရိွဘူး။
ဒါေပမယ့္လို႔ အဲ့တာအားလံုးက
ဒီကိစၥကိုေက်ာ္ျဖတ္ႏိုင္မယ့္ သူ႔စြမ္းရည္ေပၚ မွာပဲ
မူတည္တယ္"
ငယ္ငယ္ရြယ္ရြယ္နဲ႔ မ်က္လံုးေတြဆံုးရႈံး
လိုက္ရတဲ့သူတစ္ေယာက္အတြက္ အမ်ားဆံုးမွ
ဘာမွသိပ္မထူးျခားသြားဘူး။ က်န္းလ်ိႈ႔လို
လူမ်ိဳးအတြက္က်ေတာ့ အဲ့တာကိုလက္ခံႏိုင္ဖို႔
စိတ္ေတာ္ေတာ္လိုအပ္ေပမည္။
မနက္ျဖန္ေရာက္လို႔မွ အဲ့တာကိုလက္မခံႏိုင္ေသးဘဲ
ၫွိမယူႏိုင္ေသးရင္ လူေရြးပဲြကိုတက္ႏိုင္ေတာ့မည္
မဟုတ္ေပ။
ဒါေပါ့ေလ၊ အဲ့တာက ထန္က်ဳံးဟြာတို႔တစ္သိုက္ရဲ့
ရႈေထာင့္မျွဖစ္သည္။
အမွန္တြင္ သူ႔အတြက္မ်က္လံုးဆံုးသြားသည္ထက္
ပိုေလသည္၊ အဆင့္ေတြ
လ်င္လ်င္ျမန္ျမန္တက္လာခဲ့ျခင္းရဲ့
တန္ျပန္သက္ေရာက္မႈအားလံုးက
တစ္ခုၿပီးတစ္ခုေပၚ လာေတာ့မည္ျဖစ္၏။
အဲ့တာကသာ လင္းေရွာင္ရဲ့တကယ့္ရည္ရြယ္ခ်က္
ျဖစ္သည္!
ဤသို႔ျဖင့္ သူ႔မ်က္လံုးအေၾကာင္းသတင္းက
ရွင္းေလာ့တစ္ၿမိဳ႔လံုးကို ျမန္ျမန္ဆန္ဆန္
ပ်ံ႔ႏွံ႔သြားေလ၏။ သူကဘာေကာင္မွ
မဟုတ္ခဲ့ရင္ ဘယ္သူကမွဂရုစိုက္ေနမွာ
မဟုတ္ေပမယ့္ သူကယင္ယန္ေတာင္ၾကား၏
ကိုယ္စားျပဳတစ္ဦးျဖစ္ရာ ထိုသတင္းကတစ္စံုတစ္ရာ
ျဖစ္လာသည္။
တစ္စံုတစ္ေယာက္က ယင္ယန္ေတာင္ၾကားကို
ျပတ္ျပတ္သားသားေမးခြန္းထုတ္တာမ်ိဳး
ဘယ္သူမွမျမင္ခဲ့ဖူးၾက။
သို႔ေသာ္ျငား ယီြရွန္းၿမိဳ႔မွအျဖစ္အပ်က္
ၿပီးတဲ့ေနာက္ က်န္းလ်ိႈ႔၏မ်က္လံုးမ်ားက
ထိုမ်ွေလာက္ထိတ္လန႔္စရာမေကာင္းေပ၊
ဤအျဖစ္မ်ားက တစ္ခုၿပီးတစ္ခုျဖစ္လာတာေၾကာင့္
ဘယ္သူကမ်ား ဒီလိုကိစၥကိုစလုပ္ရဲလဲဆိုတာ
လူေတြစဉ္းစားခန္းဖြင့္လာၾက၏။
ယူေရွာင္းမို ၾကားလိုက္ရတဲ့အခါမွာေတာ့
သူက ဆိုင္ထိုင္ေနတာျဖစ္ၿပီး
ပါးစပ္ထဲကလက္ဖက္ရည္ေတြေတာင္
တစ္ဖက္စားပဲြဆီ လြင့္ပ်ံထြက္သြားေတာ့မတတ္ပင္။
ေခ်ာင္းဆိုးၿပီး မ်က္ရည္ေတြေတာင္က်လုနီးနီး
ျဖစ္သြားရ၏။
က်န္းလ်ိႈ႔ မ်က္လံုးအေဖာက္ခံလိုက္ရတယ္ေပါ့။
ဟိုေန့တုန္းက ဟိုတယ္မွာဆံုခဲ့တဲ့ပံုစံကို
သူမေမ့ေသးဘူး၊ ဘယ္ေလာက္ေတာင္
အထက္စီးဆန္လိုက္လဲ ၊ ဘယ္ေလာက္ေတာင္
ယံုၾကည္ခ်က္ေတြလြန္ကဲေနလိုက္သလဲ!
တစ္စကၠန႔္ေလာက္မ်က္ႏွာလႊဲလိုက္ကာ ရိွေသးတယ္၊
မ်က္လံုးေတြ အေဖာက္ထုတ္ခံလိုက္ရတယ္ေပါ့။
သူနားၾကားမွားမိတာေတာ့ မဟုတ္ဘူးမလား။
ယူေရွာင္းမို နားစြင့္ၾကၫ့္လိုက္သည္၊
သူနားၾကားမမွားပါေခ်။ လူတိုင္းနီးပါး
ဒီအေၾကာင္းေျပာေနၾကၿပီး လုပ္ခဲ့တဲ့လက္သည္ကို
ေတာင္ ေျပာေနၾကေသးသည္။
"ငါေျပာျပမယ္၊ အဲ့တာျဖစ္တုန္းက
ငါရိွေနခဲ့တယ္၊ ငါ့ထက္ဘယ္သူမွ
ရွင္းရွင္းလင္းလင္းျမင္လိုက္ရမွာမဟုတ္ဘူး၊
အကုန္လံုးကိုျမင္ခဲ့ရတယ္ကြ။ အဲ့လူက
အရပ္သားနဲ႔တူၿပီး ႏူးႏူးညံ့ညံ့နဲ႔တစ္ခ်ိန္လံုး
ႃပံုးေနတာ။ အဲ့လိုလူတစ္ေယာက္က
အၫွာအတာမရိွဘူးတဲ့ကြာ"
"ၿပိဳင္ဖက္ကိုအထင္ေသးတဲ့ရလဒ္ပဲေလ"
"အဲလူက ဘာလို႔က်န္းလ်ိႈ႔မ်က္လံုးကို
ေဖာက္လိုက္တာလဲ ၊ ရန္ႃငွိုးရိွၾကတာမ်ားလား"
အာက်ယ္အာက်ယ္နဲ႔ ဗလေတာင့္ေတာင့္လူႀကီးက
စားပဲြကိုရိုက္လိုက္ကာ ေအာ္လိုက္သည္၊
"ဘာရန္ႃငွိုးလဲ ၊ အဲ့တာ သခင္ေလးက်န္း
အျပစ္မရိွအျပစ္ရွာလို႔ေလ။ ငါသူတို႔ေဘး
ထိုင္ေနခဲ့တာ ၊ သူတို႔ေတြအခ်င္းခ်င္း
စကားတစ္ခြန္းေတာင္မေျပာရေသးဘူး၊
သခင္ေလးက်န္းက ရုတ္တရက္ႀကီး
သူ႔ကိုဖမ္းခိုင္းတာ"
"မျဖစ္ႏိုင္တာ ၊ သူတို႔ အခ်င္းခ်င္းသိၾကတယ္ေပါ့"
"အစေတာ့ ငါလည္းအဲ့လိုထင္တာပဲ၊
ဒါေပမယ့္ေနာက္က်ေတာ့ မွားသြားပံုရတယ္။
သခင္ေလးက်န္းက တစ္ခုခုေအာ္ေျပာလိုက္တာ
ငါမွတ္မိတယ္"
"ဘာေျပာလိုက္လဲ"
"သူေျပာတာ 'မဟုတ္ဘူး ၊ မင္းကဖန္ခ်န္းယဲြ႔
မဟုတ္ဘူး!' တဲ့" အာၿပဲတဲ့လူႀကီးက
က်န္းလ်ိႈ႔ရဲ့အံ့ဩတႀကီးအမူအရာနဲ႔
စကားေျပာဟန္ကို အတုခိုးၿပီးေျပာလိုက္သည္။
ၾကၫ့္ရတာ ရယ္စရာေကာင္းလွ၏။
ဒီတစ္ေခါက္ေတာ့ ယူေရွာင္းမို
သူ႔ပါးစပ္ထဲကေရႏြေးၾကမ္းကို ထိန္းမထားႏိုင္ေတာ့။
စားပဲြတစ္ခုလံုး လြင့္စင္ကုန္ေလသည္။
ေခ်ာင္းတဟြတ္ဟြတ္ဆိုးသြားကာ
သူ႔မ်က္ႏွာလည္း နီတြတ္သြား၏။
ထိုတံု႔ျပန္မႈႀကီးက လူေတာ္ေတာ္မ်ားအာရံုစိုက္
ခံလိုက္ရသည္၊ စူးစမ္းေနတဲ့အၾကၫ့္ေတြ
သူ႔အေပၚ ေရာက္လာသည္၊ ႏွစ္စကၠန႔္ေလာက္
ရပ္ၿပီး ျပန္ရုတ္သြားၾကကာ ဆက္အတင္းတုပ္
ေနၾက၏။ ဤသို႔ျဖင့္ ေနာက္တစ္ေခါက္
ရယ္ၾကေမာၾကျပန္ကာ သူ႔ရဲ့ထိတ္လန႔္အံ့အားသင့္
ေနတဲ့အမူအရာကို မည္သူကမ်ွအာရံု
မထားၾကေတာ့ေခ်။
ဖန္ခ်န္းယဲြ႔
သူသိတဲ့ တရွစ္ရႈန္းေတာ့မဟုတ္ႏိုင္ဘူးမလား။
တေျဖးေျဖးနဲ႔ ယူေရွာင္းမိုရဲ့အထိတ္တလန႔္
အမူအရာက လက္ေတြ့ျဖင့္အစားထိုး
သြားေတာ့သည္။ တရွစ္ရႈန္းမျဖစ္ႏိုင္ပါဘူး၊
ေနာက္ၿပီး ဖန္ခ်န္းယဲြ႔မဟုတ္ဘူးလို႔
က်န္းလ်ိႈ႔ေျပာခဲ့တယ္မလား။ ဒါေပမယ့္
က်န္းလ်ိႈ႔လူမွားသြားရေအာင္ဆိုရင္
အနဲဆံုးေတာ့ တရွစ္ရႈန္းနဲ႔ရုပ္တူတဲ့တစ္ေယာက္
ေယာက္ျဖစ္မွာပဲ။
ရုပ္ဆင္တယ္၊ အၫွာအတာမရိွရက္စက္တယ္၊
က်န္းလ်ိႈ႔ မ်က္လံုးကို ထုတ္ပစ္တယ္......
ယူေရွာင္းမို -_-
ဘာလို႔မ်ား အဲ့ဒီ့တစ္စံုတစ္ေယာက္နဲ႔
ပိုပိုတူလာတာတုန္း။
အစကေတာ့ ခ်ိဳရန္ ၊ အခုေတာ့ ဖန္ခ်န္းယဲြ႔၊
ေနာက္ေရာဘယ္သူလဲ။ အဲ့လူႀကီး
မ်က္ႏွာေတြဘယ္ေလာက္ထိ ေျပာင္းဦးမွာလဲ၊
လံုရွန္းတိုက္မႀကီးက မ်က္ႏွာေတြအကုန္လံုး
တစ္ခုၿပီးတစ္ခုသံုးဖို႔ ေတြးေနတာေတာ့
မဟုတ္ဘူးမလား။
မဟုတ္ေသးဘူး ၊ မဟုတ္ေသးဘူး ၊
အခုကဒီအေၾကာင္း ပူေနရမယ့္အခ်ိန္မဟုတ္ဘူး၊
အဓိကအခ်က္က လင္းေရွာင္ ရွင္းေလာ့ၿမိဳ႔ကို
ေရာက္ေနၿပီေပါ့!
သူေတာ့သြားပါၿပီ ၊ အခုေလာေလာဆယ္အတြက္
ႏိွမ့္ႏိွမ့္ခ်ခ်ပဲေနသင့္လား။
ယူေရွာင္းမို ဒုတိယထပ္ကိုျပန္ေျပးတက္သြားၿပီး
အထုပ္ႏွစ္ထုပ္ရယ္ သတၲုစားသားရဲေလးနဲ႔
ေရႊေတာင္ပံပိုးေကာင္ႏွစ္ေကာင္ရယ္ကို
မလိုက္ၿပီး ဟိုတယ္မွေျပးထြက္လာခဲ့သည္။
သူ ထြက္ေျပးတာမဟုတ္ပါဘူး၊
အေရးတႀကီးလုပ္စရာရိွတာ အမွတ္ရသြားလို႔ပါ၊
ဟုတ္ပါတယ္။ ေသခ်ာေပါက္မွန္တယ္!
က်န္းလ်ိႈ႔ရဲ့မေတာ္တဆၿပီးတဲ့ေနာက္
ယင္ယန္ေတာင္ၾကားကို ေျဖရွင္းခ်က္ေပးႏိုင္ဖို႔
ၿမိဳ႔အရွင္က တရားခံဖမ္းရန္လူတိုင္းကို
ၫႊန္ၾကားထားသည္။ တရားခံ၏အဆင့္က
အလြန္တရာျမင့္ရာ ၿမိဳ႔အရွင္အိမ္ေတာ္၏
ထိပ္တန္းလက္ေရြးစင္မ်ားလည္း
ပါဝင္ေပမည္။ ထို႔အခါ အိမ္ေတာ္အေစာင့္အၾကပ္မ်ား
ေလ်ာ့ပါးသြားမည္ျဖစ္ရာ သူ႔အတြက္
ျပၫ့္စံုလွသၫ့္အေျခအေနပင္။
သူ႔အစီအစဉ္က အရင္ႏွစ္ရက္ကတည္းက
အၿပီးသတ္ၿပီးသားျဖစ္သည္။
အစီအစဉ္ ေခ်ာေမြ့ဖို႔ေသခ်ာေအာင္
စံုစမ္းမႈမ်ားပင္လုပ္ထားသည္။
သို႔ျဖစ္၍ အိမ္ေတာ္တံခါးေစာင့္က
ေလာင္းကစားလုပ္ရတာႏွစ္သက္ၿပီး
အဲ့တာေၾကာင့္ပဲ အႂကြေးပိေနတာကို
သူရွာေတြ့ခဲ့သည္။ မနက္ျဖန္က
သူအႂကြေးျပန္ဆပ္ရမယ့္ ေနာက္ဆံုးရက္
ျဖစ္သည္။ ျပန္မေပးႏိုင္ခဲ့ရင္ အိမ္ေတာ္မွ
ႏွင္ထုတ္ခံရမည္သာမက ကၽြန္အျဖစ္လည္း
ေရာင္းခ်ခံရမည္ျဖစ္၏။
ယူေရွာင္းမိုက သူ႔အႂကြေးကူဆပ္ေပးမည္ျဖစ္ၿပီး
အျပန္အလွန္အေနျဖင့္ သူကအေစခံ
အဝတ္အစားႏွင့္ အိမ္ေတာ္ေျမပံုကို
ျပန္ေပးမည္ျဖစ္ကာ သူအလိုရိွလ်ွင္
ထိုလူက သူ႔ကိုတံခါးဖြင့္ေပးမည္ျဖစ္သည္။
တံခါးေစာင့္က ေရာင္းစားမခံခ်င္တာေၾကာင့္
သေဘာတူလိုက္သည္။
သူတို႔သေဘာတူထားတဲ့အခ်ိန္က ဒီညျဖစ္၏။
သို႔ေပမယ့္ ၿမိဳ႔အရွင္အိမ္ေတာ္သို႔
သူမသြားခင္ ယူေရွာင္းမို လင္းေရွာင္ကို
အသံကူးေျပာင္းေက်ာက္တံုးနဲ႔
ဟန္ေဆာင္ပန္ေဆာင္ေခၚ ၾကၫ့္လိုက္သည္။
အံ့ဩစရာေတာ့မရိွ၊ ဘာတံု႔ျပန္မႈမွမရိွေနဘူး။
အဲ့ေနာက္ေတာ့ အိမ္ေတာ္ဆီျမန္ျမန္သြားလိုက္
ေတာ့သည္။
___________
အေစာင့္လဲခ်ိန္ကိုအသံုးခ်ၿပီး ယူေရွာင္းမို
ေက်ာက္တိုင္တစ္ခုေနာက္ပုန္းေနလိုက္ကာ
တံခါးေစာင့္ေပးလိုက္တဲ့ ေျမပံုကို
ထုတ္လိုက္သည္။ သူ႔ရဲ့သားရဲေလး
သံုးေကာင္နဲ႔အတူ ၿမိဳ႔အရွင္ရဲ့အိပ္ခန္းေရာ
ဘ႑ာတိုက္ကိုေရာ ႏွစ္ခါျပန္စစ္ၾကၫ့္လိုက္
ၿပီးေနာက္ ျပန္သိမ္းလိုက္သည္။
"ေရွာင္က်င္ ၊ ေရွာင္ဖင္း ၊ မင္းတို႔ေကာင္ေတြက
ဘ႑ာတိုက္ကိုသြားၿပီး နဂါးေသြးရိွလား
ၾကၫ့္ခဲ့ ၊ ငါက ၿမိဳ႔အရွင္ရဲ့အခန္းဆီ
ေရွာင္ဖံုနဲ႔သြားစစ္ၾကၫ့္မယ္။
မွတ္ထားေနာ္ ၊ မင္းတို႔ကိုေတြ့သြားလို႔
လြတ္ႏိုင္တယ္ေသခ်ာရင္ နဂါးေသြးကိုအရင္
ဆဲြခဲ့ ၊ မလြတ္ႏိုင္ဘူးဆိုရင္ ေျပးသာေျပး။
ၾကားလား"
အဲ့ဒီ့ေနာက္ သတၲုစားသားရဲေလးရဲ့ကိုယ္လံုးေပၚ မွာ
ေမွာ္အိတ္တစ္အိတ္ခ်ိတ္ေပးလိုက္သည္၊ေရွာင္ပင္နဲ႔ေရွာင္ေပါင္က
ေသးလြန္းေတာ့ ေမွာ္အိတ္ခ်ိတ္ထားရင္
ပ်ံမရျပဳမရျဖစ္ေနမည္မို႔ ေရွာင္ဖင္းကိုေရွာင္က်င္နဲ႔
တဲြေပးလိုက္ရျခင္းျဖစ္သည္။
ၾကၫ့္ရတာ ေၾကာင္ေတာင္ေတာင္ႏိုင္ေပမယ့္လို႔
ေရြးစရာမရိွေခ်၊ မဟုတ္ရင္ သူတို႔
နဂါးေသြးကိုရွာေတြ့ခဲ့ရင္ေတာင္ ျပန္သယ္လာႏိုင္
မည္မဟုတ္ေပ။ မေတြ့ဘူးဆိုရင္လည္း
ေမွာ္အိတ္ကိုလႊင့္ပစ္လိုက္လို႔ရတာပဲေလ။
သူတို႔ေတြ ပ်ံသြားတာကိုၾကၫ့္ေနၿပီးေနာက္
ယူေရွာင္းမို ေက်ာက္တိုင္အေနာက္က
ထြက္လိုက္ၿပီး ေရွာင္ဖံုနဲ႔အတူ
ၿမိဳ႔အရွင္အခန္းဆီ သြားလိုက္ေတာ့သည္။
သူတို႔သိရသေလာက္ နဂါးေသြးက
ဘ႑ာတိုက္ထဲမယ္ဆိုေပမယ့္လည္း
အေရးႀကီးတဲ့ဆုဆိုေတာ့ သူ႔အခန္း ဒါမွမဟုတ္
သူ႔ကိုယ္ေပၚ မွာလည္း ရိွေနႏိုင္ေပသည္။
ညတာက တိတ္ဆိတ္ၿငိမ္သက္ေနသၫ့္အခ်ိန္တြင္
ၿမိဳ႔အရွင္အိမ္ေတာ္ထဲမွာ အသံတစ္သံမထြက္ဘဲ
'ႂကြက္ေသးေသးေလး' ေတြ ေပၚ ထြက္လာသည္။
အေမွာင္ထဲတြင္ အရိပ္ေလးႏွစ္ခုက
သတိမျပဳမိေစဘဲ
ဘ႑ာတိုက္ကို ရွာေတြ့သြားၾကသည္။
ျခေသၤ့၏ခံတပ္ကဲ့သို႔ အေစာင့္အမ်ားအျပားရိွသၫ့္
ဘ႑ာတိုက္ေလးပင္။ တံခါးအျပင္မွာေတာင္
တစ္ေယာက္အျဖဴ ၊ တစ္ေယာက္အမည္းနဲ႔
အင္ပါယာအထြတ္အထိပ္အဆင့္က်င့္ႀကံသူ
ႏွစ္ဦးရိွေန၏။
(t/n; ျခေသၤ့ရဲ့ခံတပ္လို - ထိုးေဖာက္လို႔မရႏိုင္တဲ့
ခံတပ္)
သတၲုစားသားရဲေလး ေက်ာက္တံုးတစ္တံုးေနာက္
မွာ ထိုင္ေနရင္း သတိမျပဳမိႏိုင္တဲ့ရႈေထာင့္ကေန
တလက္လက္ေတာက္ပေနတဲ့ေက်ာက္ျပာေရာင္
မ်က္လံုးေတြနဲ႔ အႏၲရာယ္ကင္းတဲ့ေနရာကို
တိတ္တိတ္ဆိတ္ဆိတ္အာရံုစိုက္ထားသည္။
ေရွာင္ဖင္းကေတာ့ သူ႔ေခါင္းေပၚ မွာ ရိွေနကာ
ဘယ္လိုဝင္ရမလဲ ေခါင္းေစာင္းၿပီးေတြးေနပံု
ေပါက္သည္။
ထိုအခိုက္တြင္ သားရဲေလးက ရုတ္တရက္
မတ္တပ္ထရပ္လိုက္ၿပီး မိနစ္အနည္းငယ္မ်ွ
ၾကာၿပီးေနာက္တြင္ ဘ႑ာတိုက္အမိုးေပၚ
ေရာက္သြားၾက၏။ ထို႔ျပင္ ဤေနရာက
အေစာင့္တစ္ေယာက္မွမရိွသၫ့္
တစ္ခုတည္းေသာေနရာျဖစ္သည္။
သတၲုစားသားရဲေလး ပါးစပ္ဟလိုက္ၿပီး
အမိုးကိုအေပါက္ျဖစ္ေအာင္ ကိုက္ဝါး
လိုက္သည္။
ဘ႑ာတိုက္နံရံႏွင့္ ေခါင္မိုးမ်ားကို
အလြန္တရာမာေက်ာလွသၫ့္သတၲုအပိုင္းမ်ားျဖင့္
ျပဳလုပ္ထားသည္၊ သို႔ေသာ္ျငား
သားရဲေလးအတြက္ တိုဖူးကဲ့သို႔ပင္ျဖစ္ကာ
အစစအနနျဖစ္သြားေလ၏။
ေရွာင္ဖင္းက ခုန္ဆင္းလိုက္ၿပီး
အကန႔္အသတ္အရံအတားကေန
သားရဲေလးျဖတ္သြားႏိုင္ေလာက္ေအာင္
ဝင္ဆံ့တဲ့အေပါက္ေလးတစ္ေပါက္ စားလိုက္သည္။
ဤသို႔ျဖင့္ သားရဲေလးႏွစ္ေကာင္က
ေပ်ာ္ေပ်ာ္ႀကီးခုန္ခ်လိုက္ၾကသည္။
__________________
(t/n- ေရႊေတာင္ပံပိုးေကာင္ႏွစ္ေကာင္ကို
ေရွာင္ဖင္းနဲ႔ ေရွာင္ဖံုလို႔ျပင္ေရးသြားပါ့မယ္^^)
______________