Unicode
အပိုင်း၄၈၉- အနက်ဝတ်လူ
ရွှေတောင်ပံပိုးကောင်တွေက ဘယ်အရာကိုမဆို
ဖျက်စီးနိုင်တယ်လို့ အဆိုရှိသည်၊
ကန့်သတ်အစီအရင်များလည်း အပါအဝင်ပင်။
ရွှေတောင်ပံပိုးကောင်နှစ်ကောင်က
အားပြင်းပြီးခိုင်ခံ့သည့် ကန့်သတ်အစီအရင်ကို
ယူရှောင်းမိုမျက်စိရှေ့တွင်အလွယ်တကူ
ကိုက်ပြီး အပေါက်ဖောက်လိုက်ကြ၏။
ယူရှောင်းမို အံ့ဩနေတာကနေပြန်သတိဝင်လာအောင်
မစောင့်နေတော့ဘဲ ရှောင်ပင်နဲ့ရှောင်ပေါင်
နှစ်ကောင်သားက အထဲထဲကလူတွေ
သတိမပြုမိစေဘဲတွားဝင်သွားသည်။
သူတို့တွေမှာ စားတာသောက်တာအပြင်
အခြားအသုံးဝင်တဲ့နေရာတွေလည်းရှိပါလား
ဆိုတာ ယူရှောင်းမိုအခုမှသဘောပေါက်သွား
တော့သည်။
နှစ်နာရီကြာပြီးတဲ့နောက်မှာ ရှောင်ပင်နဲ့ရှောင်ပေါင်
ပြန်လာတယ်။ သိပ်မကြာခင်မှာပဲ
သက်လတ်ပိုင်းအရွယ်လူကြီးနဲ့ထန်ဟယ့်လည်း
ထွက်လာပြီး သူတို့အခန်းသူပြန်သွားကြတယ်။
သူ့ရဲ့ဆက်နွယ်သားရဲတွေနဲ့ စိတ်ချင်းဆက်သွယ်မှု
ကနေ သူတို့စကားတွေကို ယူရှောင်းမို
သိခဲ့ရသည်။ သူမထင်ထားမိတာကတော့
စကားတစ်စိတ်တစ်ပိုင်းက သူနဲ့သက်ဆိုင်
နေခြင်းပင်။
သူတို့စကားမှာ အခြေအနေကိစ္စရပ်တွေအကြောင်း
အသေးစိတ်မပြောခဲ့ကြပေမယ့်လို့
လိုရင်းကိုတော့ ယူရှောင်းမိုခန့်မှန်းကြည့်နိုင်သည်။
ကျန်းလျှို့ပျောက်သွားတာက
သူ့ကိုယင်ယန်တောင်ကြားက ခေါ် သွားခြင်း
ဖြစ်သည်။ သို့ပေမယ့် သူ့ပါရမီကိုမြင်လို့
ခေါ် သွားခြင်းမဟုတ်၊ သူက အညံ့ခံပြီး
သူတို့ကိုသစ္စာခံခဲ့၍ခေါ် သွားခြင်းပင်။
အဲ့လိုမှမဟုတ်ရင် ယင်ယန်တောင်ကြားက
ကျန်းလျှို့လိုယင်ကောင်လေးတစ်ကောင်ကို
ဘယ်လိုလုပ်သိပါ့မလဲ။
ကျန်းလျှို့ ယင်ယန်တောင်ကြားကသူ့ကို
စိတ်ဝင်စားလာအောင်လုပ်နိုင်ခဲ့တာကတော့
ယူရှောင်းမိုနဲ့ တစ်ခုခုပတ်သက်နေသည်။
အရင်ကအဖြစ်အပျက်တွေကို ယူရှောင်းမို
ပြန်စီကြည့်လိုက်တော့ ကျန်းလျှို့က
ယင်ယန်တောင်ကြားမှာနေရာတစ်ခုရဖို့
သူ့ကိုနောက်ကျောဓားနဲ့ထိုးခဲ့တာကို
လွယ်လွယ်ပဲခန့်မှန်းမိသွားတယ်။
ယူရှောင်းမိုနဲ့အတူ မက်မွန်ပွင့်ရွာကနေထွက်လာ
ခဲ့တဲ့ သူ့လိုတစ်ရွာတည်းသားချင်းကသာ
သူ့ကိစ္စတွေအကြောင်း ရှင်းရှင်းလင်းလင်း
သိနိုင်သည်လေ။
ဒီတစ်ကြိမ်မှာ သူတို့က သွေးစွေးနီကလန်ရဲ့
စမ်းသပ်ပွဲမှာပါဝင်ဖို့ ရောက်နေကြခြင်းဖြစ်၏။
သူတို့က အရင်ဆုံးရောက်လာတဲ့အသုတ်ပင်။
သူတို့နောက်မှာတစ်ခြားအသုတ်အနည်းငယ်
ရှိသေးပေမယ့် အရင်ရက်တွေတုန်းက
ယွီရှန်းမြို့မှာကပ်ဘေးကျနေခဲ့တာကြောင့်
နောက်ကျနေကြခြင်းဖြစ်သည်။
အဲ့တာအပြင် လူအတန်အသင့်အာရုံထားနေကြတဲ့
တစ်ခြားအဖြစ်အပျက်တစ်ခုလည်း
ရှိနေသေးသည်။
ထိုအဖြစ်အပျက်က ပါရမီရှင်တွေစုဆောင်းမယ့်
သွေးစွေးနီကလန်ရဲ့စမ်းသပ်ပွဲဖြစ်သည်။
ဒီပွဲကြီးက ဆယ်နှစ်တစ်ကြိမ်ကျင်းပတဲ့
ယှဉ်ပြိုင်ပွဲဖြစ်သည်။ ယှဉ်ပြိုင်ပွဲအတွက်
စာရင်းသွင်းရန် အနိမ့်ဆုံးသတ်မှတ်ချက်က
စာရင်းပေးသွင်းမယ့်လူက
အနဲဆုံးဧကရာဇ်အဆင့်ဖြစ်ရမည်ဟူ၍ပင်။
သတ်မှတ်ချက်က အလွန်တင်းကြပ်သော်ငြား
အရင်နှစ်များတုန်းက စာရင်းပေးသွင်းသူ
ရာနဲ့ချီ၍ရှိခဲ့သည်။ ထို့ပြင် ပွဲအဆုံးတွင်
လူငါးဦးသာခေါ် ယူမည်ဖြစ်၏။
ဒါကို ယူရှောင်းမိုစိတ်မဝင်စားပေမယ့်
ဒီသတင်းကြားပြီးရင် လင်းရှောင်ဒီကို
လာဖို့များတယ်လို့ သူခံစားမိတယ်၊
ဒီနေရာမှာတော်တော်စည်ကားနေတယ်ဆိုတော့
လူတော်တော်များများစိတ်ဝင်စားဖို့
လုံလောက်တယ်လေ။
အဲ့ဒီ့အခိုက်မှာ သူ့ကိုအဖွဲ့နှစ်ဖွဲ့က လိုက်စုံစမ်း
နေကြတာကို ယူရှောင်းမိုသတိမထားမိသေးဘူး။
တစ်ဖွဲ့က ချင်ဖုန်းဂိုဏ်းဖြစ်သည်။
ချင်ဖုန်းဂိုဏ်းက ရှင်းလော့မြို့ အင်အားစုကြီး
သုံးခုထဲကတစ်ခုဖြစ်လေသည်။ သူတို့ဂိုဏ်းမှာ
ချန်ကျန်းလို့ခေါ် တဲ့ နတ်ဒေဝါအဆင့်ကျင့်ကြံသူ
တစ်ဦးရှိပြီး သူကဂိုဏ်းခေါင်းဆောင်လဲ
ဖြစ်သည်။ ထို့ကြောင့်ပင် ချင်ဖုန်းဂိုဏ်းကို
ဆန့်ကျင်ရဲသူ ရှားပါးခြင်းဖြစ်၏။
သို့ပေမယ့် ဝမ်ကောနဲ့ ကျန်လူလေးယောက်ရဲ့
ချင်ဖုန်းဂိုဏ်းထဲအဆင့်က မမြင့်ကြပေ၊
ချင်ဖုန်းဂိုဏ်းက အဲ့ကိစ္စကိုသိပ်အလေးမထား။
သူတို့က လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက
ဟူရွာဆီစေလွှတ်ခံခဲ့ရပြီး ဝမ်ကုံးရဲ့မိသားစုကို
ဒုက္ခပေးခဲ့တဲ့ ဝမ်ကောရဲ့စီနီယာ
ကောင်းမာယွမ်ကိုပဲ စုံစမ်းဖို့လွှတ်လိုက်သည်။
အရင်က ဝမ်အန်းလို့ခေါ် တဲ့ ဝမ်ကောက
ဝမ်ချန်းယွီရဲ့မောင်ဖြစ်သည်။ ဝမ်ချန်းယွီက
ကောင်းမာယွမ်ရဲ့ကိုယ်လုပ်တော်ဖြစ်ကာ
အလွန်တရာလှပပြီး ကောင်းမာယွင်ရဲ့
အချစ်တော်ဖြစ်၏။
သူမရဲ့တစ်ဦးတည်းသောမောင်ငယ်လေး
အသတ်ခံလိုက်ရတာကို ကြားတဲ့အခါ
ဝမ်ချန်းယွီ ကြေကွဲဝမ်းနည်းသွားရသည်။
သူမကိုပျော်ရွှင်စေချင်၍ ကောင်းမာယွမ်က
သူ့ယောက်ဖအတွက်လက်စားချေဖို့
လူသတ်တရားခံကိုရှာပြီး မြင်းငါးကောင်နဲ့
ဆွဲလို့ သူ့ကိုအပိုင်းပိုင်းဖြတ်ပစ်မယ်လို့
ကတိပေးခဲ့သည်။
သူ့ကတိကိုတည်စေဖို့ သတင်းကြားကြားချင်း
ကောင်းမာယွမ်က ဟူရွာကိုစုံစမ်းစစ်ဆေးဖို့
လူတွေ ချက်ချင်းလွှတ်လိုက်သည်။
ဟူရွာသားတွေ ပြောင်းသွားပြီဆိုပေမယ့်
သေသေချာချာကြည့်ရင် သဲလွန်စများ
တွေ့နိုင်သေး၏။ ရာချီတဲ့လူတွေက
ဒီအတိုင်းပျောက်ကွယ်မသွားနိုင်ပေ။
သူတို့ပြောင်းသွားတုန်းက တစ်ယောက်ယောက်
ကတော့ မြင်ကိုမြင်လိုက်မှာပင်။
နှစ်ရက်အတွင်းမှာပဲ သူတို့ တစ်စုံတစ်ရာ
ရှာတွေ့ခဲ့၏။
ရွာသားတွေ ဟူရွာကနေထွက်သွားတုန်းက
သူတို့ပိုင်ဆိုင်မှုတွေကို ထုတ်မကြွားကြဖို့
ယူရှောင်းမိုသတိပေးခဲ့သည်။ အဲ့လိုမှမဟုတ်ရင်
သူတို့ကိုယ်သူတို့ ဒုက္ခပေးသလိုဖြစ်သွားပေမည်။
သို့ဖြစ်၍ ကောင်းမာယွမ်ရဲ့လူများ
လာရှာကြသည့်အခါ ရွာသားများက
သူတို့ဥစ္စာကိုမှော်အိတ်တွေထဲမှာ
ကောင်းကောင်းဝှက်ထားပြီး ကိုယ်ပေါ် မှာ
သလင်းဒင်္ဂါးအနည်းငယ်သာရှိနေသည်။
ယူရှောင်းမိုရဲ့အချက်အလက်တွေနဲ့ပတ်သက်ပြီး
တော့ ကောင်းမာယွမ်ရဲ့လူတွေ
ပတ်မေးကြည့်တဲ့အခါ စကားတစ်ခွန်းတောင်
မရနိုင်ခဲ့ကြချေ။
ရွာသားတွေက မပြောချင်လို့မဟုတ်ဘဲ
ယူရှောင်းမိုနာမည်ကို မသိကြ၍ဖြစ်သည်။
အဲ့ဒီ့အချိန်တုန်းက ယူရှောင်းမို ဒီအချက်ကို
ထည့်စဉ်းစားမိခဲ့တာကြောင့်
သူ့နာမည်ကို တမင်မပြောပြခဲ့တာဖြစ်သည်။
ရလဒ်ကတော့ ရွာသားတွေက
အသားဖြူဖြူဝင်းဝင်းနဲ့ လူငယ်လေးဆိုတာပဲ
သိကြလေ၏။
လူငယ်လေးက မှော်ဆေးပင်တွေနဲ့လယ်ကွက်တွေ
ဝယ်ယူခဲ့ပြီး သူတို့ကိုဟူရွာကနေ
ထွက်သွားခိုင်းခဲ့သည်။
အဲ့တာကိုကြားတော့ ဟူရွာမှာလျှို့ဝှက်ချက်တစ်ချို့
ရှိမယ်လို့ ကောင်းမာယွမ်သံသယဝင်လာရာ
သူ့လူတွေကို အရှာလွှတ်ခဲ့လေသည်။
အဆုံးမှာတော့ ဘာမှမတွေ့ခဲ့ရဘဲ
သဲလွန်စလည်းပြတ်သွားရ၏။
သူ့ကိုလိုက်စုံစမ်းနေတဲ့ အခြားအဖွဲ့မှာတော့
ဟိုသခင်လေးနဲ့ ဟိုကတုံးပါဝင်သည်။
သူတို့က ယွီရှန်းမြို့မှဖြစ်သည်။ သူတို့တွေ
ဟူရွာကိုရက်နည်းနည်းနောက်ကျမှ
ရောက်ပြီး သူနဲ့ရှေ့ဆင့်နောက်ဆင့်လွဲသွားခဲ့ရခြင်း
မှာ လင်းရှောင်ကြောင့်ဖြစ်၏။
လင်းရှောင်က နာမည်ကြီးလာဖို့ ယွီရှန်းမြို့ကို
သွားပြီး ကသောင်းကနင်းဖြစ်အောင်
လုပ်ခဲ့တယ်လေ။
ဟူရွာသားတွေက ယူရှောင်းမိုအကြောင်း
မသိကြပေမယ့်လည်း ထိုမှော်ဆေးပင်အစုလေးက
မရင့်မှည့်သေးဘူးဆိုရင်တောင်
အလွန်တရာအရေးပါလှသည်။
စုံစမ်းကြည့်ပြီးတဲ့နောက် သူတို့ဟူရွာကနေ
ထွက်လာတုန်းက ယူရှောင်းမိုနဲ့အတူ
ကျန်နေခဲ့တဲ့တစ်ခြားလူတစ်ဦးရှိနေခဲ့တာကို
ရွာသားတွေဆီက ကြားလိုက်ရတယ်။
ထိုလူမှ ဝမ်ကုံးဖြစ်၏။ သူဘယ်မှာလဲဆိုတာကတော့
ရွာသားတွေလည်း မသိရချေ။ သို့ပေမယ့်
တစ်စုံတစ်ဦးက သူ့လိုအဖိုးအိုတစ်ယောက်ကို
အမှတ်ရသွားလေသည်။
သဲလွန်စတွေနောက်လိုက်ရင်း ဝမ်ကုံး
အခြေချနေတဲ့ရွာကို သူတို့ရှာတွေ့သွားကြသည်။
ရွာပတ်လည်တွင် တောင်တန်းများဝန်းရံနေကာ
ကမ္ဘာကြီးနှင့်ခြားနားပေးထားသည်။
လူဦးရေက ဟူရွာထက်နည်းပြီး
သက်ကြီးရွယ်အိုများခေါင်းချရန်
နေရာကောင်းဖြစ်၏။
ယူရှောင်းမိုထွက်မလာခင်တုန်းက
ဝမ်ကုံးအတွက် အိမ်လေးတစ်အိမ်ကို
အထူးတလည်ဆောက်ပေးခဲ့သေးတယ်။
အဲ့တာကြောင့်ပဲ အဲ့ဒီ့နေရာကရွာသားတွေအပေါ်
အမြင်တစ်ခုပေးထားနိုင်ခဲ့တယ်။
လူရွယ်နဲ့ သူ့လက်ပါးစေတွေ
သူ့ကိုလာရှာတဲ့အခါ ဝမ်ကုံးက
တောင်တစ်လုံးပေါ် ကနေ ရှင်းလော့မြို့ရှိရာဘက်ဆီ
ကြည့်နေချိန်ဖြစ်သည်။ ဒီဟာက သူနေ့စဉ်
လုပ်လေ့ရှိသည့်အရာဖြစ်သည်။
ယူရှောင်းမို လမ်းမကြီးပေါ် နောက်တစ်ခေါက်
ပြန်ရောက်လာပြီး လက်စားချေခဲ့ပြီလို့
ပြောမှာကို မျှော်လင့်နေရင်း ဝမ်ကုံးက
မနက်ခင်းအစောတိုင်း တောင်ထိပ်မှာ
လေးနာရီကြာအောင်စောင့်နေတတ်သည်။
ဒီယုံကြည်မှုက အဖော်မဲ့အဖိုးအိုကိုရှေ့ဆက်ရန်
ထိန်းထားပေးခြင်းဖြစ်လေ၏။
လူရွယ်နဲ့သူ့အဖွဲ့တောင်ထိပ်ကိုတက်သွားတော့
ဝမ်ကုံးက ကျောပေးထားသည်။
ခြေသံတွေကြားတော့ ရွာသားတွေလို့ပဲ
ဝမ်ကုံးထင်လိုက်သည်။ သူလှည့်ကြည့်လိုက်မှ
မျက်နှာစိမ်းတွေဖြစ်နေတာ သိလိုက်၏၊
"မင်းတို့ဘယ်သူတွေလဲ"
"ခင်ဗျားက ဝမ်ကုံးပေါ့?" လူရွယ်က
သူ့ကိုအပေါ် အောက်ကြည့်လိုက်သည်။
"မင်းတို့ဘယ်သူတွေလဲ" ဝမ်ကုံးထပ်မေးလိုက်တယ်။
လူရွယ်က ရှေ့တစ်လှမ်းတိုးလိုက်ကာ
သူ့ရဲ့မိုးထိုးနေတဲ့အရပ်ကြီးက
လူတွေကို ဖိနှိပ်ခံရလိုက်သလိုခံစားရစေသည်။
ဝမ်ကုံးက အသက်ကြီးနေပြီဖြစ်ပြီး
သာမာန်လူတစ်ယောက်ပဲဖြစ်တာမို့
တစ်ခဏချင်းမှာပင် မြေကြီးပေါ် လဲကျသွား
တော့သည်။
လူရွယ်က ပုရွက်ဆိတ်တစ်ကောင်ကို
ကြည့်နေသလိုအထင်သေးစွာကြည့်လိုက်ပြီး၊
"ခင်ဗျားကို ကျုပ်မေးမယ်၊
ခင်ဗျားကို ဒီရွာခေါ် လာတဲ့လူငယ်ရဲ့နာမည်
ဘယ်လိုခေါ် လဲ? သူ့ရုပ်ရည်ကဘယ်လိုရှိလဲ?
သူဘယ်သွားတာလဲ ၊ နောက်ပြီးသူ့ရည်ရွယ်ချက်က
ဘာလဲ? ရိုးရိုးသားသားဖြေ"
ဝမ်ကုံး သူ့ကိုတစ်ချက်ကြည့်လိုက်သော်လည်း
စကားတစ်ခွန်းမှမပြောပေ။
လူရွယ်ရဲ့မျက်လုံးထဲမှာ ရက်စက်တဲ့အရိပ်အယောင်
တစ်ခုလက်သွားသည်၊
"သာမာန်သေမျိုးလေးက ဘယ်လိုများငါ့ကို
ဆန့်ကျင်ရဲတာလဲ? နောက်ဆုံးအခွင့်အရေး
တစ်ခုပေးမယ်။ ပြောမှာလား၊ မပြောဘူးလား"
ဝမ်ကုံး သူ့ကိုမထီမဲ့မြင်ကြည့်လိုက်တယ်။
ဒီစကားတွေ၊ ကောင်းမာယွမ်ပြောတာ
သူကြားဖူးပြီးပြီ။ ဒီတစ်ခေါက်ကလည်း
အဲ့ဒီ့တုန်းကနဲ့ အတူတူပဲ။ သူတို့ကိုယ်သူတို့
အထက်မှာပဲထားကြတယ်၊ ဒါပေမယ့်
ဒီတစ်ကြိမ်မှာတော့ သူဂရုစိုက်တဲ့အရာ
တစ်ခုမှမရှိတော့ဘူး။
"မပြောဘူး၊ ငါ့ကိုသတ်မယ်ဆိုရင်တောင်
မပြောဘူး"
လူရွယ်က ရယ်လိုက်တယ်၊
"ခင်ဗျားကို မြန်မြန်သေခိုင်းမယ်ထင်လိုက်တာလား။
ကိုယ့်ဆန္ဒနဲ့ကိုယ် မပြောချင်ဘူးဆိုရင်
ခင်ဗျားထုတ်ပြောအောင်လုပ်လို့ရတဲ့
နည်းတွေမှအများကြီးပဲ"
ဝမ်ကုံးရဲ့ပါးစပ်လှုပ်သွားတယ်။
ကတုံးက ရုတ်ခြည်းရှေ့တိုးလိုက်ပြီး
ဝမ်ကုံးရဲ့မေးကို ဆွဲဆုပ်လိုက်သည်။
အားပြင်းလွန်းတာကြောင့် ဝမ်ကုံးပါးစပ်ပင်
ဟသွားရသည်၊
"လျှာကိုက်ပြီးသေချင်တယ်ပေါ့လေ?"
တံတွေးထွေးလိုက်တယ်။
"သခင်လေး ၊ သူ့ကိုဘယ်လိုကိုင်တွယ်လိုက်ရမလဲ"
"အရင်ဆုံးခေါ် ခဲ့လိုက်"
လူရွယ်က ပြောပြီးတဲ့နောက် တောင်အောက်
ဆင်းသွားသည်။ ကတုံးကဝမ်ကုံးကို
စောင့်ကြပ်ရင်း အနောက်ကနေလိုက်လာသည်၊
သို့သော် သူတို့ချောက်ကမ်းပါးတစ်ခုဆီ
ရောက်သည့်အခါ ဝမ်ကုံးက ရုတ်တရက်ကြီး
အားတွေထွက်လာပြီး ကတုံးကိုတွန်းလိုက်သည်။
ကတုံးက အဖိုးအိုကြီးမှာခုခံဖို့အားရှိသေးလိမ့်မယ်
လို့ မထင်ထားခဲ့ရာ ကြောင်သွားသည့်အခိုက်တွင်
တွန်းဖယ်ခံလိုက်၏။
ဝမ်ကုံး ချောက်ကမ်းပါးကနေခုန်ချသွားတယ်။
ကတုံး ဒေါသထွက်သွားတယ်။ သူသတိပြန်ဝင်
လာတဲ့အခါမှာတော့ သာမာန်လူတစ်ယောက်က
သူ့ကိုပါးရိုက်သွားသလိုပဲဆိုတာ
သူသိသွားသည်။ ချက်ချင်းပဲ ဝမ်ကုံးနောက်
လိုက်ပြီး ခုန်ချလိုက်တော့သည်။
သူက တိုက်ခိုက်သူတစ်ဦးဖြစ်တာကြောင့်
ချောက်ကမ်းပါးအမြင့်ကသူ့အတွက်
ကိစ္စမရှိပေ၊ သို့ပေမယ့် သာမာန်လူသားတစ်ဦး
အတွက်တော့ မတူပါချေ။
သာမာန်လူတစ်ဦး ချောက်ကမ်းပါးမှပြုတ်ကျလျှင်
သေချာပေါက်သေမည်ပင်။
အောက်ကျနေတဲ့ဝမ်ကုံးကို ကတုံးလှမ်းဆွဲဖို့
ပြင်လိုက်တုန်းမှာ အနက်ရောင်အရိပ်တစ်ခု
ပေါ် လာပြီး သူတို့နှစ်ယောက်ကြား
ဖြတ်ဝင်လာကာ ဝမ်ကုံးကိုဦးအောင်မသွား
လေသည်။
"ဘယ်သူလဲ" ကတုံးက ဒေါသတကြီးအော်လိုက်
သည်။
အနက်ရောင်အရိပ်နဲ့ ဝမ်ကုံးက
သူနဲ့မျက်နှာချင်းဆိုင်တောင်ထိပ်တစ်ခုမှာ
ဆင်းလိုက်ကြသည်။
အနက်ရောင်အရိပ်က ပြန်လှည့်လာပြီး
သူ့မျက်နှာကို လူတိုင်းမြင်အောင်ပြလိုက်တဲ့အခါ
လူရွယ်ရဲ့အမူအရာမှာ ချက်ချင်းပြောင်းသွား
တော့၏။ နောက်စကားတစ်ခွန်းထပ်မပြော
တော့ဘဲ ဆန့်ကျင်ဘက်ဆီလှည့်ပြေး
တော့သည်။
သို့သော်ငြား သူက အလွန်အမင်းနှေးကွေး
နေသေး၏။ အနက်ရောင်အရိပ်က
လက်ဖျောက်တီးလိုက်ပြီး လူရွယ်ရဲ့ကျောပြင်ကို
ကြည့်ရင်း မဲ့ပြုံးပြုံးလိုက်တယ်၊
"ရောက်နေပြီဆိုမှတော့ ထွက်မသွားပါနဲ့တော့ ၊
ယွီရှန်းမြို့သခင်လေး"
သူတို့ခြေထောက်အောက်ကနေ
အနီရောင်မီးတောက်တွေထွက်လာပြီး
တစ်ခဏချင်းမှာပင် မီးလောင်တိုက်သွင်းခံ
လိုက်ရသည်။ နာနာကျင်ကျင်အော်ဟစ်သံများက
တောင်တစ်ခုလုံးညံနေကာ ပဲ့တင်သွား၏။
လန့်ဖျန့်သွားတဲ့ငှက်တွေဟာ
ရုတ်ရုတ်သဲသဲ အတောင်ခတ်လိုက်ကာ
ကောင်းကင်ယံဆီပျံသန်းသွားကြသည်။
လူရွယ်ရဲ့ မီးကျွမ်းပြီးရှုံ့တွနေတဲ့မျက်နှာကို
မီးတောက်တွေထဲမှာ မြင်ရနိုင်သည်၊
အနက်ရောင်အရိပ်ကို ကြောက်ရွံ့စွာ
စိုက်ကြည့်နေ၏။ သူ့ကိုဒီနေရာမှာပေါ် လာမယ်လို့
တစ်ခါမှမထင်ခဲ့။
ခဏအကြာတွင် မီးကျွမ်းနေသည့်
အလောင်းတစ်ချို့ တောင်ကြားထဲသို့
ကောင်းကင်ထက်မှ ပြုတ်ကျလာကာ
ပျောက်ကွယ်သွားလေ၏။
ယွီရှန်းမြို့သခင်လေးမှာ ထိုကဲ့သို့သေဆုံးသွားသည်။
သူ့ကိုကယ်ခဲ့တဲ့လူကို ဝမ်ကုံးအထိတ်တလန့်နဲ့
ကြည့်လိုက်တယ်။ သခင်လေးဆိုတာဘယ်သူလဲ
သူမသိဘူး၊ ဒါပေမယ့် ယွီရှန်းမြို့အကြောင်း
သူကြားလိုက်ရပြီး သူတို့အမည်ကို
သူ့နားထဲပြန်ကြားယောင်နေသည်မှာ
ကြာလေပြီ။ ဒီလူက ယွီရှန်းမြို့ကလူတွေကို
တကယ်ပဲသတ်ပစ်ခဲ့တယ်။
သူ့မျက်နှာကို မကြည့်ဘဲ သူ့ပုံသဏ္ဍာန်ကိုပဲ
ကြည့်မယ်ဆိုရင် မိမိုက်ပြီးချောမောတဲ့
လူတစ်ယောက်လို့ ဝမ်ကုံးထင်မိလောက်သည်။
သို့ပေမယ့်လို့ သူ့မှာ အချိန်ရဲ့တိုက်စားခြင်း
ခံထားရတဲ့မျက်နှာရှိနေသည်။ သူ့မျက်နှာသည်လည်း
ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့်
မကိုက်ညီသလိုခံစားချက်ရစေသည်၊
ဒါပေမယ့် တစ်ချိန်တည်းမှာပဲ
ဘယ်အပိုင်းက ပြဿနာဖြစ်နေလဲဆိုတာ
ဝမ်ကုံးမပြောနိုင်ပေ။
___________________
Zawgyi
အပိုင္း၄၈၉- အနက္ဝတ္လူ
ေရႊေတာင္ပံပိုးေကာင္ေတြက ဘယ္အရာကိုမဆို
ဖ်က္စီးႏိုင္တယ္လို႔ အဆိုရိွသည္၊
ကန႔္သတ္အစီအရင္မ်ားလည္း အပါအဝင္ပင္။
ေရႊေတာင္ပံပိုးေကာင္ႏွစ္ေကာင္က
အားျပင္းၿပီးခိုင္ခံ့သၫ့္ ကန႔္သတ္အစီအရင္ကို
ယူေရွာင္းမိုမ်က္စိေရ႔ွတြင္အလြယ္တကူ
ကိုက္ၿပီး အေပါက္ေဖာက္လိုက္ၾက၏။
ယူေရွာင္းမို အံ့ဩေနတာကေနျပန္သတိဝင္လာေအာင္
မေစာင့္ေနေတာ့ဘဲ ေရွာင္ပင္နဲ႔ေရွာင္ေပါင္
ႏွစ္ေကာင္သားက အထဲထဲကလူေတြ
သတိမျပဳမိေစဘဲတြားဝင္သြားသည္။
သူတို႔ေတြမွာ စားတာေသာက္တာအျပင္
အျခားအသံုးဝင္တဲ့ေနရာေတြလည္းရိွပါလား
ဆိုတာ ယူေရွာင္းမိုအခုမွသေဘာေပါက္သြား
ေတာ့သည္။
ႏွစ္နာရီၾကာၿပီးတဲ့ေနာက္မွာ ေရွာင္ပင္နဲ႔ေရွာင္ေပါင္
ျပန္လာတယ္။ သိပ္မၾကာခင္မွာပဲ
သက္လတ္ပိုင္းအရြယ္လူႀကီးနဲ႔ထန္ဟယ့္လည္း
ထြက္လာၿပီး သူတို႔အခန္းသူျပန္သြားၾကတယ္။
သူ႔ရဲ့ဆက္ႏြယ္သားရဲေတြနဲ႔ စိတ္ခ်င္းဆက္သြယ္မႈ
ကေန သူတို႔စကားေတြကို ယူေရွာင္းမို
သိခဲ့ရသည္။ သူမထင္ထားမိတာကေတာ့
စကားတစ္စိတ္တစ္ပိုင္းက သူနဲ႔သက္ဆိုင္
ေနျခင္းပင္။
သူတို႔စကားမွာ အေျခအေနကိစၥရပ္ေတြအေၾကာင္း
အေသးစိတ္မေျပာခဲ့ၾကေပမယ့္လို႔
လိုရင္းကိုေတာ့ ယူေရွာင္းမိုခန႔္မွန္းၾကၫ့္ႏိုင္သည္။
က်န္းလ်ိႈ႔ေပ်ာက္သြားတာက
သူ႔ကိုယင္ယန္ေတာင္ၾကားက ေခၚ သြားျခင္း
ျဖစ္သည္။ သို႔ေပမယ့္ သူ႔ပါရမီကိုျမင္လို႔
ေခၚ သြားျခင္းမဟုတ္၊ သူက အညံ့ခံၿပီး
သူတို႔ကိုသစၥာခံခဲ့၍ေခၚ သြားျခင္းပင္။
အဲ့လိုမွမဟုတ္ရင္ ယင္ယန္ေတာင္ၾကားက
က်န္းလ်ိႈ႔လိုယင္ေကာင္ေလးတစ္ေကာင္ကို
ဘယ္လိုလုပ္သိပါ့မလဲ။
က်န္းလ်ိႈ႔ ယင္ယန္ေတာင္ၾကားကသူ႔ကို
စိတ္ဝင္စားလာေအာင္လုပ္ႏိုင္ခဲ့တာကေတာ့
ယူေရွာင္းမိုနဲ႔ တစ္ခုခုပတ္သက္ေနသည္။
အရင္ကအျဖစ္အပ်က္ေတြကို ယူေရွာင္းမို
ျပန္စီၾကၫ့္လိုက္ေတာ့ က်န္းလ်ိႈ႔က
ယင္ယန္ေတာင္ၾကားမွာေနရာတစ္ခုရဖို႔
သူ႔ကိုေနာက္ေက်ာဓားနဲ႔ထိုးခဲ့တာကို
လြယ္လြယ္ပဲခန႔္မွန္းမိသြားတယ္။
ယူေရွာင္းမိုနဲ႔အတူ မက္မြန္ပြင့္ရြာကေနထြက္လာ
ခဲ့တဲ့ သူ႔လိုတစ္ရြာတည္းသားခ်င္းကသာ
သူ႔ကိစၥေတြအေၾကာင္း ရွင္းရွင္းလင္းလင္း
သိႏိုင္သည္ေလ။
ဒီတစ္ႀကိမ္မွာ သူတို႔က ေသြးေစြးနီကလန္ရဲ့
စမ္းသပ္ပဲြမွာပါဝင္ဖို႔ ေရာက္ေနၾကျခင္းျဖစ္၏။
သူတို႔က အရင္ဆံုးေရာက္လာတဲ့အသုတ္ပင္။
သူတို႔ေနာက္မွာတစ္ျခားအသုတ္အနည္းငယ္
ရိွေသးေပမယ့္ အရင္ရက္ေတြတုန္းက
ယီြရွန္းၿမိဳ႔မွာကပ္ေဘးက်ေနခဲ့တာေၾကာင့္
ေနာက္က်ေနၾကျခင္းျဖစ္သည္။
အဲ့တာအျပင္ လူအတန္အသင့္အာရံုထားေနၾကတဲ့
တစ္ျခားအျဖစ္အပ်က္တစ္ခုလည္း
ရိွေနေသးသည္။
ထိုအျဖစ္အပ်က္က ပါရမီရွင္ေတြစုေဆာင္းမယ့္
ေသြးေစြးနီကလန္ရဲ့စမ္းသပ္ပဲြျဖစ္သည္။
ဒီပဲြႀကီးက ဆယ္ႏွစ္တစ္ႀကိမ္က်င္းပတဲ့
ယွဉ္ၿပိဳင္ပဲြျဖစ္သည္။ ယွဉ္ၿပိဳင္ပဲြအတြက္
စာရင္းသြင္းရန္ အနိမ့္ဆံုးသတ္မွတ္ခ်က္က
စာရင္းေပးသြင္းမယ့္လူက
အနဲဆံုးဧကရာဇ္အဆင့္ျဖစ္ရမည္ဟူ၍ပင္။
သတ္မွတ္ခ်က္က အလြန္တင္းၾကပ္ေသာ္ျငား
အရင္ႏွစ္မ်ားတုန္းက စာရင္းေပးသြင္းသူ
ရာနဲ႔ခ်ီ၍ရိွခဲ့သည္။ ထို႔ျပင္ ပဲြအဆံုးတြင္
လူငါးဦးသာေခၚ ယူမည္ျဖစ္၏။
ဒါကို ယူေရွာင္းမိုစိတ္မဝင္စားေပမယ့္
ဒီသတင္းၾကားၿပီးရင္ လင္းေရွာင္ဒီကို
လာဖို႔မ်ားတယ္လို႔ သူခံစားမိတယ္၊
ဒီေနရာမွာေတာ္ေတာ္စည္ကားေနတယ္ဆိုေတာ့
လူေတာ္ေတာ္မ်ားမ်ားစိတ္ဝင္စားဖို႔
လံုေလာက္တယ္ေလ။
အဲ့ဒီ့အခိုက္မွာ သူ႔ကိုအဖဲြ႔ႏွစ္ဖဲြ႔က လိုက္စံုစမ္း
ေနၾကတာကို ယူေရွာင္းမိုသတိမထားမိေသးဘူး။
တစ္ဖဲြ႔က ခ်င္ဖုန္းဂိုဏ္းျဖစ္သည္။
ခ်င္ဖုန္းဂိုဏ္းက ရွင္းေလာ့ၿမိဳ႔ အင္အားစုႀကီး
သံုးခုထဲကတစ္ခုျဖစ္ေလသည္။ သူတို႔ဂိုဏ္းမွာ
ခ်န္က်န္းလို႔ေခၚ တဲ့ နတ္ေဒဝါအဆင့္က်င့္ႀကံသူ
တစ္ဦးရိွၿပီး သူကဂိုဏ္းေခါင္းေဆာင္လဲ
ျဖစ္သည္။ ထို႔ေၾကာင့္ပင္ ခ်င္ဖုန္းဂိုဏ္းကို
ဆန႔္က်င္ရဲသူ ရွားပါးျခင္းျဖစ္၏။
သို႔ေပမယ့္ ဝမ္ေကာနဲ႔ က်န္လူေလးေယာက္ရဲ့
ခ်င္ဖုန္းဂိုဏ္းထဲအဆင့္က မျမင့္ၾကေပ၊
ခ်င္ဖုန္းဂိုဏ္းက အဲ့ကိစၥကိုသိပ္အေလးမထား။
သူတို႔က လြန္ခဲ့တဲ့ဆယ္ႏွစ္တုန္းက
ဟူရြာဆီေစလႊတ္ခံခဲ့ရၿပီး ဝမ္ကံုးရဲ့မိသားစုကို
ဒုကၡေပးခဲ့တဲ့ ဝမ္ေကာရဲ့စီနီယာ
ေကာင္းမာယြမ္ကိုပဲ စံုစမ္းဖို႔လႊတ္လိုက္သည္။
အရင္က ဝမ္အန္းလို႔ေခၚ တဲ့ ဝမ္ေကာက
ဝမ္ခ်န္းယီြရဲ့ေမာင္ျဖစ္သည္။ ဝမ္ခ်န္းယီြက
ေကာင္းမာယြမ္ရဲ့ကိုယ္လုပ္ေတာ္ျဖစ္ကာ
အလြန္တရာလွပၿပီး ေကာင္းမာယြင္ရဲ့
အခ်စ္ေတာ္ျဖစ္၏။
သူမရဲ့တစ္ဦးတည္းေသာေမာင္ငယ္ေလး
အသတ္ခံလိုက္ရတာကို ၾကားတဲ့အခါ
ဝမ္ခ်န္းယီြ ေၾကကဲြဝမ္းနည္းသြားရသည္။
သူမကိုေပ်ာ္ရႊင္ေစခ်င္၍ ေကာင္းမာယြမ္က
သူ႔ေယာက္ဖအတြက္လက္စားေခ်ဖို႔
လူသတ္တရားခံကိုရွာၿပီး ျမင္းငါးေကာင္နဲ႔
ဆဲြလို႔ သူ႔ကိုအပိုင္းပိုင္းျဖတ္ပစ္မယ္လို႔
ကတိေပးခဲ့သည္။
သူ႔ကတိကိုတည္ေစဖို႔ သတင္းၾကားၾကားခ်င္း
ေကာင္းမာယြမ္က ဟူရြာကိုစံုစမ္းစစ္ေဆးဖို႔
လူေတြ ခ်က္ခ်င္းလႊတ္လိုက္သည္။
ဟူရြာသားေတြ ေျပာင္းသြားၿပီဆိုေပမယ့္
ေသေသခ်ာခ်ာၾကၫ့္ရင္ သဲလြန္စမ်ား
ေတြ့ႏိုင္ေသး၏။ ရာခ်ီတဲ့လူေတြက
ဒီအတိုင္းေပ်ာက္ကြယ္မသြားႏိုင္ေပ။
သူတို႔ေျပာင္းသြားတုန္းက တစ္ေယာက္ေယာက္
ကေတာ့ ျမင္ကိုျမင္လိုက္မွာပင္။
ႏွစ္ရက္အတြင္းမွာပဲ သူတို႔ တစ္စံုတစ္ရာ
ရွာေတြ့ခဲ့၏။
ရြာသားေတြ ဟူရြာကေနထြက္သြားတုန္းက
သူတို႔ပိုင္ဆိုင္မႈေတြကို ထုတ္မႂကြားၾကဖို႔
ယူေရွာင္းမိုသတိေပးခဲ့သည္။ အဲ့လိုမွမဟုတ္ရင္
သူတို႔ကိုယ္သူတို႔ ဒုကၡေပးသလိုျဖစ္သြားေပမည္။
သို႔ျဖစ္၍ ေကာင္းမာယြမ္ရဲ့လူမ်ား
လာရွာၾကသၫ့္အခါ ရြာသားမ်ားက
သူတို႔ဥစၥာကိုေမွာ္အိတ္ေတြထဲမွာ
ေကာင္းေကာင္းဝွက္ထားၿပီး ကိုယ္ေပၚ မွာ
သလင္းဒဂၤါးအနည္းငယ္သာရိွေနသည္။
ယူေရွာင္းမိုရဲ့အခ်က္အလက္ေတြနဲ႔ပတ္သက္ၿပီး
ေတာ့ ေကာင္းမာယြမ္ရဲ့လူေတြ
ပတ္ေမးၾကၫ့္တဲ့အခါ စကားတစ္ခြန္းေတာင္
မရႏိုင္ခဲ့ၾကေခ်။
ရြာသားေတြက မေျပာခ်င္လို႔မဟုတ္ဘဲ
ယူေရွာင္းမိုနာမည္ကို မသိၾက၍ျဖစ္သည္။
အဲ့ဒီ့အခ်ိန္တုန္းက ယူေရွာင္းမို ဒီအခ်က္ကို
ထၫ့္စဉ္းစားမိခဲ့တာေၾကာင့္
သူ႔နာမည္ကို တမင္မေျပာျပခဲ့တာျဖစ္သည္။
ရလဒ္ကေတာ့ ရြာသားေတြက
အသားျဖဴႁဖူဝင္းဝင္းနဲ႔ လူငယ္ေလးဆိုတာပဲ
သိၾကေလ၏။
လူငယ္ေလးက ေမွာ္ေဆးပင္ေတြနဲ႔လယ္ကြက္ေတြ
ဝယ္ယူခဲ့ၿပီး သူတို႔ကိုဟူရြာကေန
ထြက္သြားခိုင္းခဲ့သည္။
အဲ့တာကိုၾကားေတာ့ ဟူရြာမွာလ်ိႈ႔ဝွက္ခ်က္တစ္ခ်ိဳ႕
ရိွမယ္လို႔ ေကာင္းမာယြမ္သံသယဝင္လာရာ
သူ႔လူေတြကို အရွာလႊတ္ခဲ့ေလသည္။
အဆံုးမွာေတာ့ ဘာမွမေတြ့ခဲ့ရဘဲ
သဲလြန္စလည္းျပတ္သြားရ၏။
သူ႔ကိုလိုက္စံုစမ္းေနတဲ့ အျခားအဖဲြ႔မွာေတာ့
ဟိုသခင္ေလးနဲ႔ ဟိုကတံုးပါဝင္သည္။
သူတို႔က ယီြရွန္းၿမိဳ႔မျွဖစ္သည္။ သူတို႔ေတြ
ဟူရြာကိုရက္နည္းနည္းေနာက္က်မွ
ေရာက္ၿပီး သူနဲ႔ေရ႔ွဆင့္ေနာက္ဆင့္လဲြသြားခဲ့ရျခင္း
မွာ လင္းေရွာင္ေၾကာင့္ျဖစ္၏။
လင္းေရွာင္က နာမည္ႀကီးလာဖို႔ ယီြရွန္းၿမိဳ႔ကို
သြားၿပီး ကေသာင္းကနင္းျဖစ္ေအာင္
လုပ္ခဲ့တယ္ေလ။
ဟူရြာသားေတြက ယူေရွာင္းမိုအေၾကာင္း
မသိၾကေပမယ့္လည္း ထိုေမွာ္ေဆးပင္အစုေလးက
မရင့္မွၫ့္ေသးဘူးဆိုရင္ေတာင္
အလြန္တရာအေရးပါလွသည္။
စံုစမ္းၾကၫ့္ၿပီးတဲ့ေနာက္ သူတို႔ဟူရြာကေန
ထြက္လာတုန္းက ယူေရွာင္းမိုနဲ႔အတူ
က်န္ေနခဲ့တဲ့တစ္ျခားလူတစ္ဦးရိွေနခဲ့တာကို
ရြာသားေတြဆီက ၾကားလိုက္ရတယ္။
ထိုလူမွ ဝမ္ကံုးျဖစ္၏။ သူဘယ္မွာလဲဆိုတာကေတာ့
ရြာသားေတြလည္း မသိရေခ်။ သို႔ေပမယ့္
တစ္စံုတစ္ဦးက သူ႔လိုအဖိုးအိုတစ္ေယာက္ကို
အမွတ္ရသြားေလသည္။
သဲလြန္စေတြေနာက္လိုက္ရင္း ဝမ္ကံုး
အေျခခ်ေနတဲ့ရြာကို သူတို႔ရွာေတြ့သြားၾကသည္။
ရြာပတ္လည္တြင္ ေတာင္တန္းမ်ားဝန္းရံေနကာ
ကမ႓ာႀကီးႏွင့္ျခားနားေပးထားသည္။
လူဦးေရက ဟူရြာထက္နည္းၿပီး
သက္ႀကီးရြယ္အိုမ်ားေခါင္းခ်ရန္
ေနရာေကာင္းျဖစ္၏။
ယူေရွာင္းမိုထြက္မလာခင္တုန္းက
ဝမ္ကံုးအတြက္ အိမ္ေလးတစ္အိမ္ကို
အထူးတလည္ေဆာက္ေပးခဲ့ေသးတယ္။
အဲ့တာေၾကာင့္ပဲ အဲ့ဒီ့ေနရာကရြာသားေတြအေပၚ
အျမင္တစ္ခုေပးထားႏိုင္ခဲ့တယ္။
လူရြယ္နဲ႔ သူ႔လက္ပါးေစေတြ
သူ႔ကိုလာရွာတဲ့အခါ ဝမ္ကံုးက
ေတာင္တစ္လံုးေပၚ ကေန ရွင္းေလာ့ၿမိဳ႔ရိွရာဘက္ဆီ
ၾကၫ့္ေနခ်ိန္ျဖစ္သည္။ ဒီဟာက သူေန့စဉ္
လုပ္ေလ့ရိွသၫ့္အရာျဖစ္သည္။
ယူေရွာင္းမို လမ္းမႀကီးေပၚ ေနာက္တစ္ေခါက္
ျပန္ေရာက္လာၿပီး လက္စားေခ်ခဲ့ၿပီလို႔
ေျပာမွာကို ေမ်ွာ္လင့္ေနရင္း ဝမ္ကံုးက
မနက္ခင္းအေစာတိုင္း ေတာင္ထိပ္မွာ
ေလးနာရီၾကာေအာင္ေစာင့္ေနတတ္သည္။
ဒီယံုၾကည္မႈက အေဖာ္မဲ့အဖိုးအိုကိုေရ႔ွဆက္ရန္
ထိန္းထားေပးျခင္းျဖစ္ေလ၏။
လူရြယ္နဲ႔သူ႔အဖဲြ႔ေတာင္ထိပ္ကိုတက္သြားေတာ့
ဝမ္ကံုးက ေက်ာေပးထားသည္။
ေျခသံေတြၾကားေတာ့ ရြာသားေတြလို႔ပဲ
ဝမ္ကံုးထင္လိုက္သည္။ သူလွၫ့္ၾကၫ့္လိုက္မွ
မ်က္ႏွာစိမ္းေတျြဖစ္ေနတာ သိလိုက္၏၊
"မင္းတို႔ဘယ္သူေတြလဲ"
"ခင္ဗ်ားက ဝမ္ကံုးေပါ့?" လူရြယ္က
သူ႔ကိုအေပၚ ေအာက္ၾကၫ့္လိုက္သည္။
"မင္းတို႔ဘယ္သူေတြလဲ" ဝမ္ကံုးထပ္ေမးလိုက္တယ္။
လူရြယ္က ေရ႔ွတစ္လွမ္းတိုးလိုက္ကာ
သူ႔ရဲ့မိုးထိုးေနတဲ့အရပ္ႀကီးက
လူေတြကို ဖိႏိွပ္ခံရလိုက္သလိုခံစားရေစသည္။
ဝမ္ကံုးက အသက္ႀကီးေနၿပီျဖစ္ၿပီး
သာမာန္လူတစ္ေယာက္ပဲျဖစ္တာမို႔
တစ္ခဏခ်င္းမွာပင္ ေျမၾကီးေပၚ လဲက်သြား
ေတာ့သည္။
လူရြယ္က ပုရြက္ဆိတ္တစ္ေကာင္ကို
ၾကၫ့္ေနသလိုအထင္ေသးစြာၾကၫ့္လိုက္ၿပီး၊
"ခင္ဗ်ားကို က်ဳပ္ေမးမယ္၊
ခင္ဗ်ားကို ဒီရြာေခၚ လာတဲ့လူငယ္ရဲ့နာမည္
ဘယ္လိုေခၚ လဲ? သူ႔ရုပ္ရည္ကဘယ္လိုရိွလဲ?
သူဘယ္သြားတာလဲ ၊ ေနာက္ၿပီးသူ႔ရည္ရြယ္ခ်က္က
ဘာလဲ? ရိုးရိုးသားသားေျဖ"
ဝမ္ကံုး သူ႔ကိုတစ္ခ်က္ၾကၫ့္လိုက္ေသာ္လည္း
စကားတစ္ခြန္းမွမေျပာေပ။
လူရြယ္ရဲ့မ်က္လံုးထဲမွာ ရက္စက္တဲ့အရိပ္အေယာင္
တစ္ခုလက္သြားသည္၊
"သာမာန္ေသမ်ိဳးေလးက ဘယ္လိုမ်ားငါ့ကို
ဆန႔္က်င္ရဲတာလဲ? ေနာက္ဆံုးအခြင့္အေရး
တစ္ခုေပးမယ္။ ေျပာမွာလား၊ မေျပာဘူးလား"
ဝမ္ကံုး သူ႔ကိုမထီမဲ့ျမင္ၾကၫ့္လိုက္တယ္။
ဒီစကားေတြ၊ ေကာင္းမာယြမ္ေျပာတာ
သူၾကားဖူးၿပီးၿပီ။ ဒီတစ္ေခါက္ကလည္း
အဲ့ဒီ့တုန္းကနဲ႔ အတူတူပဲ။ သူတို႔ကိုယ္သူတို႔
အထက္မွာပဲထားၾကတယ္၊ ဒါေပမယ့္
ဒီတစ္ႀကိမ္မွာေတာ့ သူဂရုစိုက္တဲ့အရာ
တစ္ခုမွမရိွေတာ့ဘူး။
"မေျပာဘူး၊ ငါ့ကိုသတ္မယ္ဆိုရင္ေတာင္
မေျပာဘူး"
လူရြယ္က ရယ္လိုက္တယ္၊
"ခင္ဗ်ားကို ျမန္ျမန္ေသခိုင္းမယ္ထင္လိုက္တာလား။
ကိုယ့္ဆႏၵနဲ႔ကိုယ္ မေျပာခ်င္ဘူးဆိုရင္
ခင္ဗ်ားထုတ္ေျပာေအာင္လုပ္လို႔ရတဲ့
နည္းေတြမွအမ်ားႀကီးပဲ"
ဝမ္ကံုးရဲ့ပါးစပ္လႈပ္သြားတယ္။
ကတံုးက ရုတ္ျခည္းေရ႔ွတိုးလိုက္ၿပီး
ဝမ္ကံုးရဲ့ေမးကို ဆဲြဆုပ္လိုက္သည္။
အားျပင္းလြန္းတာေၾကာင့္ ဝမ္ကံုးပါးစပ္ပင္
ဟသြားရသည္၊
"လ်ွာကိုက္ၿပီးေသခ်င္တယ္ေပါ့ေလ?"
တံေတြးေထြးလိုက္တယ္။
"သခင္ေလး ၊ သူ႔ကိုဘယ္လိုကိုင္တြယ္လိုက္ရမလဲ"
"အရင္ဆံုးေခၚ ခဲ့လိုက္"
လူရြယ္က ေျပာၿပီးတဲ့ေနာက္ ေတာင္ေအာက္
ဆင္းသြားသည္။ ကတံုးကဝမ္ကံုးကို
ေစာင့္ၾကပ္ရင္း အေနာက္ကေနလိုက္လာသည္၊
သို႔ေသာ္ သူတို႔ေခ်ာက္ကမ္းပါးတစ္ခုဆီ
ေရာက္သၫ့္အခါ ဝမ္ကံုးက ရုတ္တရက္ႀကီး
အားေတြထြက္လာၿပီး ကတံုးကိုတြန္းလိုက္သည္။
ကတံုးက အဖိုးအိုႀကီးမွာခုခံဖို႔အားရိွေသးလိမ့္မယ္
လို႔ မထင္ထားခဲ့ရာ ေၾကာင္သြားသၫ့္အခိုက္တြင္
တြန္းဖယ္ခံလိုက္၏။
ဝမ္ကံုး ေခ်ာက္ကမ္းပါးကေနခုန္ခ်သြားတယ္။
ကတံုး ေဒါသထြက္သြားတယ္။ သူသတိျပန္ဝင္
လာတဲ့အခါမွာေတာ့ သာမာန္လူတစ္ေယာက္က
သူ႔ကိုပါးရိုက္သြားသလိုပဲဆိုတာ
သူသိသြားသည္။ ခ်က္ခ်င္းပဲ ဝမ္ကံုးေနာက္
လိုက္ၿပီး ခုန္ခ်လိုက္ေတာ့သည္။
သူက တိုက္ခိုက္သူတစ္ဦးျဖစ္တာေၾကာင့္
ေခ်ာက္ကမ္းပါးအျမင့္ကသူ႔အတြက္
ကိစၥမရိွေပ၊ သို႔ေပမယ့္ သာမာန္လူသားတစ္ဦး
အတြက္ေတာ့ မတူပါေခ်။
သာမာန္လူတစ္ဦး ေခ်ာက္ကမ္းပါးမျွပဳတ္က်လ်ွင္
ေသခ်ာေပါက္ေသမည္ပင္။
ေအာက္က်ေနတဲ့ဝမ္ကံုးကို ကတံုးလွမ္းဆဲြဖို႔
ျပင္လိုက္တုန္းမွာ အနက္ေရာင္အရိပ္တစ္ခု
ေပၚ လာၿပီး သူတို႔ႏွစ္ေယာက္ၾကား
ျဖတ္ဝင္လာကာ ဝမ္ကံုးကိုဦးေအာင္မသြား
ေလသည္။
"ဘယ္သူလဲ" ကတံုးက ေဒါသတႀကီးေအာ္လိုက္
သည္။
အနက္ေရာင္အရိပ္နဲ႔ ဝမ္ကံုးက
သူနဲ႔မ်က္ႏွာခ်င္းဆိုင္ေတာင္ထိပ္တစ္ခုမွာ
ဆင္းလိုက္ၾကသည္။
အနက္ေရာင္အရိပ္က ျပန္လွၫ့္လာၿပီး
သူ႔မ်က္ႏွာကို လူတိုင္းျမင္ေအာင္ျပလိုက္တဲ့အခါ
လူရြယ္ရဲ့အမူအရာမွာ ခ်က္ခ်င္းေျပာင္းသြား
ေတာ့၏။ ေနာက္စကားတစ္ခြန္းထပ္မေျပာ
ေတာ့ဘဲ ဆန႔္က်င္ဘက္ဆီလွၫ့္ေျပး
ေတာ့သည္။
သို႔ေသာ္ျငား သူက အလြန္အမင္းေနွးေကြး
ေနေသး၏။ အနက္ေရာင္အရိပ္က
လက္ေဖ်ာက္တီးလိုက္ၿပီး လူရြယ္ရဲ့ေက်ာျပင္ကို
ၾကၫ့္ရင္း မဲ့ႃပံုးႃပံုးလိုက္တယ္၊
"ေရာက္ေနၿပီဆိုမွေတာ့ ထြက္မသြားပါနဲ႔ေတာ့ ၊
ယီြရွန္းၿမိဳ႔သခင္ေလး"
သူတို႔ေျခေထာက္ေအာက္ကေန
အနီေရာင္မီးေတာက္ေတြထြက္လာၿပီး
တစ္ခဏခ်င္းမွာပင္ မီးေလာင္တိုက္သြင္းခံ
လိုက္ရသည္။ နာနာက်င္က်င္ေအာ္ဟစ္သံမ်ားက
ေတာင္တစ္ခုလံုးညံေနကာ ပဲ့တင္သြား၏။
လန႔္ဖ်န႔္သြားတဲ့ငွက္ေတြဟာ
ရုတ္ရုတ္သဲသဲ အေတာင္ခတ္လိုက္ကာ
ေကာင္းကင္ယံဆီပ်ံသန္းသြားၾကသည္။
လူရြယ္ရဲ့ မီးကၽြမ္းၿပီးရႈံ႔တြေနတဲ့မ်က္ႏွာကို
မီးေတာက္ေတြထဲမွာ ျမင္ရႏိုင္သည္၊
အနက္ေရာင္အရိပ္ကို ေၾကာက္ရြံ႔စြာ
စိုက္ၾကၫ့္ေန၏။ သူ႔ကိုဒီေနရာမွာေပၚ လာမယ္လို႔
တစ္ခါမွမထင္ခဲ့။
ခဏအၾကာတြင္ မီးကၽြမ္းေနသၫ့္
အေလာင္းတစ္ခ်ိဳ႕ ေတာင္ၾကားထဲသို႔
ေကာင္းကင္ထက္မွ ျပဳတ္က်လာကာ
ေပ်ာက္ကြယ္သြားေလ၏။
ယီြရွန္းၿမိဳ႔သခင္ေလးမွာ ထိုကဲ့သို႔ေသဆံုးသြားသည္။
သူ႔ကိုကယ္ခဲ့တဲ့လူကို ဝမ္ကံုးအထိတ္တလန႔္နဲ႔
ၾကၫ့္လိုက္တယ္။ သခင္ေလးဆိုတာဘယ္သူလဲ
သူမသိဘူး၊ ဒါေပမယ့္ ယီြရွန္းၿမိဳ႔အေၾကာင္း
သူၾကားလိုက္ရၿပီး သူတို႔အမည္ကို
သူ႔နားထဲျပန္ၾကားေယာင္ေနသည္မွာ
ၾကာေလၿပီ။ ဒီလူက ယီြရွန္းၿမိဳ႔ကလူေတြကို
တကယ္ပဲသတ္ပစ္ခဲ့တယ္။
သူ႔မ်က္ႏွာကို မၾကၫ့္ဘဲ သူ႔ပံုသ႑ာန္ကိုပဲ
ၾကၫ့္မယ္ဆိုရင္ မိမိုက္ၿပီးေခ်ာေမာတဲ့
လူတစ္ေယာက္လို႔ ဝမ္ကံုးထင္မိေလာက္သည္။
သို႔ေပမယ့္လို႔ သူ႔မွာ အခ်ိန္ရဲ့တိုက္စားျခင္း
ခံထားရတဲ့မ်က္ႏွာရိွေနသည္။ သူ႔မ်က္ႏွာသည္လည္း
က်န္ခႏၶာကိုယ္အစိတ္အပိုင္းမ်ားႏွင့္
မကိုက္ညီသလိုခံစားခ်က္ရေစသည္၊
ဒါေပမယ့္ တစ္ခ်ိန္တည္းမွာပဲ
ဘယ္အပိုင္းက ျပႆနာျဖစ္ေနလဲဆိုတာ
ဝမ္ကံုးမေျပာႏိုင္ေပ။
___________________