ပွဲကြည့်ခုံတွေပြည့်လာတာနဲ့ စိန်ခေါ်ပြိုင်ပွဲစတင်
မယ့်အချိန်ကလဲလက်တစ်ကမ်းပဲလိုတော့တယ်။

ပရိသတ်တွေရဲ့အလယ်မှာက တိုက်ပွဲစင်မြင့်
အခုတစ်ရာရှိနေသည်။ တိုက်ပွဲစင်မြင့်အစွန်းမှာတော့
တည်ကြည်တဲ့အမူအရာရှိနေတဲ့ ဒိုင်လူကြီး
တစ်ယောက်စီက ခွဲရပ်နေကြ၏။
ထိုအခိုက်တွင် လူတိုင်းက နံရံပေါ်ရှိကျောက်စိမ်းပြား
ကို ဂနာမငြိမ်ကြည့်နေကြသည်။
ပထမပွဲစဉ်တွင်ယှဉ်ပြိုင်ရမည့်လူများ၏
နာမည်က ထိုနေရာတွင်ပေါ်လာမည်ဖြစ်၏။

စိန်ခေါ်ပြိုင်ပွဲများအတွက် အစီအစဉ်ကြေညာသူ
မရှိပေ။ စတင်ရမယ့်အချိန်ရောက်လာတာနဲ့
ကျောက်စိမ်းပြားကအလင်းတန်းများကို
ထုတ်လွှတ်လိုက်ပြီး ခဏကြာတဲ့အခါ
ပြိုင်ပွဲဝင်နာမည်တွေက စပေါ်လာတော့သည်။
သူတို့ပြိုင်ပွဲရဲ့အချိန်အတိအကျကို သူတို့သိပေမယ့်
လည်း ပရိတ်သတ်တွေကတော့မသိတာကြောင့်
ပြိုင်ပွဲဝင်နာမည်စာရင်းတွေကို ကြေညာပေးခြင်း
ဖြစ်၏။

ယူရှောင်းမိုက ရင်းနှီးတဲ့နာမည်နှစ်ခုကို
တွေ့လိုက်ရတယ်။ ၎င်းက ချောင်ဝူရှင်းနှင့်
ကျုံးယဲ့ဖြစ်ကာ သူတို့နှစ်ယောက်စလုံးက
ပထမပွဲစဉ်တွင်ပါဝင်ယှဉ်ပြိုင်ကြရမည်
ဖြစ်သည်။

ချောင်ဝူရှင်းက မတ်တပ်ရပ်လိုက်ပြီး
သူတို့ဖက်သို့ ပြုံးရင်းခေါင်းညိမ့်ပြကာ
အောက်ဆင်းသွား၏။ ကျုံးယဲ့ရဲ့ခုံကလဲ
သူနောက်မှာဖြစ်ရာ သူတို့နှစ်ယောက်ရဲ့
လှုပ်ရှားမှုများကတစ်ပြိုင်နက်ထဲပင်ဖြစ်နေသည်။

ပထမပွဲစဉ်တွင် ပြိုင်ပွဲတစ်ရာရှိသည်။
လူတိုင်းမှာ မျက်လုံးတစ်ရာရှိနေဖို့ကမဖြစ်နိုင်တာ
ကြောင့် သူတို့စိတ်အဝင်စားဆုံးပြိုင်ပွဲကို
ရွေးကြည့်ရသည်။ လူအများစုက
ကျောင်းသားသစ်တွေရဲ့ခွန်အားကို
သိချင်ကြတာကြောင့် သူတို့အကြည့်ချင်ဆုံးက
ချောင်ဝူရှင်းနဲ့ကျုံးယဲ့ရဲ့ပြိုင်ပွဲများဖြစ်သည်။

"အကိုကြီးဝူရှင်းက သေချာပေါက်နိုင်မှာ"
ထျန်ရှင်းက လက်သီးဆုပ်လိုက်တယ်။

"ဟဟ..ဝူတကောရဲ့စွမ်းရည်နဲ့ သူမနိုင်ခဲ့ရင်
တစ်ခြားလူတွေကသွားတွေပေါ်တဲ့အထိ
ရယ်ကြလိမ့်မယ်။ အထပ်နှစ်ဆယ်အတွင်းမှာ
တော်တော်လေးသန်မာတဲ့လူအများကြီးရှိပေမယ့်
သိပ်အထင်ကြီးစရာမကောင်းသေးပါဘူး"

The Legendary Master's Wife [မြန်မာဘာသာပြန်] Waar verhalen tot leven komen. Ontdek het nu